(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《213》

4.9K 899 23
By Xiao_Yiii

Unicode

အခန်း(၂၁၃) - ကျွေးတဲ့လက်ကို ပြန်ကိုက်

"တစ်ယောက်ယောက် ထွက်ပြေးရဲတာနဲ့ သူ့လည်ပင်းကို ဓားနဲလှီးမယ်!"

ယန်မြောင် အော်ဟစ်လိုက်သည်။ သူမ၏ လက်ကို အောက်သို့ ပွတ်ဆွဲလိုက်ရာ ခုန်းဝန်၏ နူးညံ့ဖြူဖွေးပြီး ကောင်းစွာ ဂရုစိုက်ထားသော လည်ပင်းပေါ်မှာ ပါးလွှာသည့် သွေးလိုင်းများဖြင့် စွန်းထင်းသွားသည်။

ယန်ချုံးက ကြောက်လန့်မှုကြောင့် မေ့လဲလုနီးပါးပင် ဖြစ်သွားရသည်။

"ယန်မြောင်" သူက ဝမ်းခေါင်းသံဖြင့် အော်ဟစ်မိသည်။

"မင်းလုပ်ရဲ့လား!"

"ငါ့မှာ ဘာမှ မရှိတော့ဘူး" ယန်မြောင်က ကြီးမားလှသည့် အပြုံးကြီးဖြင့် ပြန်ဖြေ၏။

"မိသားစုလို့ ခေါ်တဲ့ နင်တို့တွေကြောင့် ပိတ်လှောင်ထားတာလည်း ခံရတယ်။ ငါမလုပ်ရဲတာ ဘာများ ရှိတော့မှာလဲ ချစ်ရတဲ့ အစ်ကိုကြီးရဲ့?"

ယန်ချုံးနဲ့ နှိုင်းယှဉ်ရရင် လူကြီးမင်းယန်ရဲ့ အသွင်အပြင်က များစွာ တည်ငြိမ်နေသည်။ သူက ဧည့်ခန်းထိုင်ခုံကနေ ဖြည်းညှင်းစွာ ထရပ်လိုက်၏။

"ယန်မြောင်" သူက မေးလာသည်။

"နင်ဘာလုပ်နေတာလဲ ဆိုတာကို သိရဲ့လား?"

"ဒါပေ့ါ သိတာပေါ့" ယန်မြောင်က ပြန်ဖြေသည်။

"ဒီနေ့အတွက် ငါအချိန်အကြာကြီး ပြင်ဆင်ခဲ့ရတာ။ ဒီသွားတိုက်တံကို ချွန်ထက်အောင် လုပ်ဖို့အတွက် ငါ့အရေပြားတွေကိုပါ ဖြဲဆုတ်ခဲ့ရတယ်။ အဖေ, အဖေက ကျွန်မကို အချစ်ဆုံး မဟုတ်ဘူးလား? ကျွန်မ လက်တွေကို ကြည့်စမ်းပါဦး။ အဖေ့ နှလုံးသားက ကျွန်မအတွက် မနာကျင်မိဘူးလား?"

လူကြီးမင်းယန်က ရှေ့သို့ တိုးလာကာ ယန်ချုံးရဲ့ ခန္ဓာကိုယ်ကို ယန်မြောင်၏ မြင်ကွင်းမှ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ထားလိုက်သည်။ သူ့လက်တစ်ဖက်ကတော့ သူ့နောက်ကျောမှာ ဖုန်းပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး ပြန်ဖြေ၏။

"မြောင်မြောင်၊ မင်းဘက်က ဟဲယွမ်တစ်ယောက်တည်းကိုပဲ ဂရုစိုက်တဲ့ အချိန်မှာတောင်၊ ငါနာမကျန်းဖြစ်လို့ သေခါနီး ဖြစ်နေတဲ့အချိန်မှာ လာလည်ဖို့ အမြဲ ငြင်းဆန်ခဲ့တာတောင်၊ ငါ့ဘက်က မင်းကို တစ်ချိန်လုံး စိတ်ပျက်နေခဲ့ရတာတောင် ငါ့ဘဝတစ်ဝက်လောက် ချစ်ခဲ့တယ်၊။ ဒါပေမဲ့ မင်းအနိုင်ကျင့် ခံရတဲ့ အချိန်မှာ မင်းအတွက် တရားမျှတမှု ရှာပေးဖို့ လုပ်ပေးတုန်းပဲ။ မင်းပျော်ရွှင်စေဖို့ ငါ့ရှယ်ယာတွေကို ပေးချင်နေတုန်းပဲ။ အဲ့ဒါတောင် မင်းကငါ့ကို ဒီလိုပုံစံနဲ့ ပြန်ပေးဆပ်တာလား?"

ယန်ချုံးက သူ့အဖေရဲ့ လက်အမူအယာကို မြင်တဲ့အချိန်မှာ သူ့စိတ်က နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့သည်။ သူက အိတ်ကပ်ထဲက သူ့ဖုန်းအား တိတ်တဆိတ် ထုတ်ယူလိုက်၏။ သို့သော်လည်း touch screen တစ်ခုတည်း လုပ်ဆောင်နိုင်တဲ့ ဖုန်းထဲက တစ်ယောက်ယောက်ကို ငုံ့မကြည့်ပဲ အတိအကျ ဖုန်းခေါ်ဖို့က မဖြစ်နိုင်ပေ။ ယန်ချုံး လုပ်နိုင်သမျှက သူ့ကြွက်သား မှတ်ဉာဏ်မှတစ်ဆင့် နောက်ဆုံး ဆက်သွယ်ထားတဲ့လူကို ခေါ်ဆိုနိုင်တာ တစ်ခုတည်းသော။ ဖုန်းခေါ်တဲ့ ခလုတ်ကို သေချာ မနှိပ်ရသေးခင်မှာပင် ယန်မြောင်ရဲ့ အော်သံကို ကြားလိုက်ရသည်။

"အပေါက်ကိုပိတ်ထား" ယန်မြောင်က ပြောသည်.

"နှစ်ယောက်လုံး ဖုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ပြီးရင် နံရံဘက်ကို အကုန်လုံးသွားကြ! အမှတ်တရတွေကို နောက်မှဆက်ပြီး ဆွေးနွေးကြတာပေါ့ မြန်မြန်လုပ်!"

ယန်ချုံးက ဒီအတိုင်း ဆက်နေနေဆဲ အချိန်မှာ ယန်မြောင်က ခုန်းဝန်ရဲ့ လည်ပင်းအား သူမရဲ့ ချွန်ထက်နေသည့် သွားတိုက်တံနဲ့ နောက်တစ်ဖန် ဖိချလိုက်ပြန်သည်။

"နင်တစ်ယောက်ယောက်ကို ခေါ်နေတာလား?" သူမက အော်ဟစ်လာသည်။

"ဖုန်းကို လွှင့်ပစ်လိုက်စမ်း! အခု!"

ယန်ချုံးက ကူကယ်ရာ မဲ့သွားမိသည်။ သူက သူ့ဖုန်းအား ထုတ်ယူလိုက်ပြီး အဝေးကို လွှင့်ပစ်ထုတ်လိုက်၏။ ယန်မြောင်ရဲ့ စူးရှတဲ့ မျက်လုံးများက ဖုန်းပေါ့် လင်းနေသည့် ဖန်သားပြင်အား ချက်ချင်းသတိပြုမိလေသည်။

"နင်တကယ်ပဲ တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်တယ်ပေါ့လေ? " သူမက စူးရှစွာ ပြောလာသည်။

"နင့်မိန်းမကို အသက်မရှင်စေချင်ဘူးလား?"

ယန်ချုံးက မျက်လုံးများ မှိတ်လိုက်သည်။ သူ့အနေနဲ့ဖုန်းကို ပိတ်ပြီး ဘေးဘက် လွှင့်ပစ်လိုက်ရုံသာ တတ်နိုင်တော့သည်ပင်။ လူကြီးမင်းယန်သည်လည်း သက်ပြင်းချလုက်ကာ သူ့ဖုန်းကိုပါ ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

"ကဲ အခု လူတိုင်း နံရံဘက် သွားပြီး လက်တွေမြှောက်ထားပါ!" ယန်မြောင်က အော်ဟစ်ပြန်သည်။

"ယန်ချုံး!" ခုန်းဝန်က လှမ်းပြောသည်။

"အဖေ့ကိုခေါ်ပြီး ဒီကထွက်သွားပါလား? သူရှင့်ကို မတားနိုင်ပါဘူး!"

"နင်တို့ ထွက်ပြေးသွားရဲရင် ငါသူမကို သတ်ပစ်မှာ!" ယန်မြောင်က အေးစက်စက် ပြောသည်။

"အစ်ကို, နင်အခု ထွက်ပြေးရင် ငါနင့်ကို သေချာပေါက် မတားနိုင်ဘူး။ အခုတော့နင့်ရဲ့ ရွေးချယ်မှုပဲပေါ့။ နင့်အဖေလား နင့်မိန်းမလား?"

ယန်ချုံးက အံကို တင်းတင်းကြိတ်နေသည်။

"ယန်ချုံး, ရှင်ရူးနေလား?"

ခုန်းဝန်က ကျယ်လောင်စွာ ဖြတ်ပြောလာ၏။

"သူမက ရူးနေပြီ! ရှင်နေခဲ့ရင်တောင် ကျွန်မကို လွှတ်ပေးမှာ မဟုတ်ဘူး! ရှင်နဲ့အဖေပါ ဒီမှာပဲ သေသွားလိမ့်မယ်!"

ယန်ချုံးက သူ့ဇနီးရဲ့ လည်ပင်းပေါ်မှ ရဲရဲနီနေသည့် သွေးစီးကြောင်း နှစ်ကြောင်းအား ကြည့်မိသည်။ သူ့မျက်လုံးများက နီရဲတက်လာ၏။ လူကြီးမင်းယန်ကတော့ နံရံဘက်ကို လျှောက်သွားနေလေပြီ။

"အဖေ!" ခုန်းဝန်က လှမ်းအော်သည်။

လူကြီးမင်းယန်က သူ့သားရဲ့ ပုခုံးကို ပုတ်ပေးလိုက်ကာ

"မင်းက အရူးလား? နံရံမှာ ဘာဓားမှ မရှိဘူး။ ငါတို့ အဲ့ဒီနားရပ်လို့ ဘာဖြစ်မှာ မို့လို့လဲ? အကယ်၍ မင်းသာ ဒီတံခါးကနေ ဖြတ်ထွက်သွားတာနဲ့ မင်းမိန်းမကတော့ သေပြီပဲ။ ခုန်းဝန်ပြောတာ မှန်တယ်။ ယန်ြမောင်က စိတ်ဖောက်သွားပြီ။ သူမက အစောကတည်းက ခုန်းဝန်အပေါ် မကျေမနပ် ဖြစ်နေတဲ့ဟာ။ တကယ်လုပ်လိမ့်မယ် ဆိုတာ ငါအာမခံနိုင်တယ်"

"အဖေ ပြောတာ အရမ်းမှန်တာပဲ" ယန်မြောင်က ရယ်သည်။

ခုန်းဝန်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာရင်း တိုးတိုးလေးသာ ရေရွတ်နိုင်တော့လေသည်။

"အဖေ...."

"သမီးက လိမ်မာတဲ့ ကလေးပါ" လူကြီးမင်းယန်က နွေးထွေးစွာ ပြောသည်။

"ငါက အိုနေပြီ။ ငါ့ဘဝနဲ့ မင်းအသက်ကို လဲလှယ်ပေးရမယ် ဆိုရင်တောင် တန်ပါတယ်။ မကြောက်နဲ့။ ယန်ချုံးနဲ့ အဖေနဲ့ သမီးကို ကယ်ပေးမယ်"

ယန်မြောင်က ဘာစကားမှ ပြန်မပြောပေ။ သူမက လှောင်ပြုံးသာ ပြုံးလိုက်သည်။

လူတိုင်း နံရံဘက်မှာ မတ်တပ်ရပ်နေတဲ့ အချိန်မှာပဲ ယန်မြောင်က စကားပြန်စသည်။

"Mrs လျှို...ကြိုးသွားရှာပြီး သူတို့ကို အခုပဲ ချည်ထားလိုက်"

Mrs လျှို က တစ်ချိန်လုံး ခပ်တိုးတိုး ရှိုက်ငိုနေတာဖြစ်သည်။ သူမက လူကြီးမင်းယန်အား လှမ်းကြည့်ကာ လှုပ်ရှားရန် ကြောက်လန့်နေ၏။

"သွား" လူကြီးမင်းယန်က ပြောလိုက်သည်။ ထိုအချိန်မှသာ Mrs လျှိုက လမ်းတစ်လျှောက်လုံး တုန်ယင်နေသည့် ခြေထောက်များနဲ့ သိုလှောင်ခန်းထဲ လမ်းလျှောက်ဝင်သွားဖို့ သတ္တိရှိရာသည်။

ယန်ချုံးမှာ ဇနီးအတွက် စိုးရိမ်နေရင်းနဲ့ သူ့အဖေ ဒေါသအလွန်အကျူး ထွက်သွားမှာလည်း ကြောက်နေတာကြောင့် သူ့မျက်နှာ အမူအယာက ဒီအတိုင်း 'စိတ်မသက်မသာ' လို့ ရိုးရိုးရှင်းရှင်း ဖော်ပြလို့မရတဲ့ အမူအရာမဟုတ်တော့

ယန်ချုံး ဘာတွေ စဉ်းစားနေလဲ ဆိုတာ သိဟန်ဖြင့် လူကြီးမင်းယန်က သူ့သားအား တည်ငြိမ်စွာ ပြောလာသည်။

"ငါ့ကို စိတ်မပူနဲ့။ သူမက ငါ့သမီး မဟုတ်တော့ဘူး။ ဘာကို စိတ်ဆိုးစရာ ရှိလို့လဲ?"

"ရှင် ကျွန်မကို သမီးတစ်ယောက်လိုရော တွေးဖူးလို့လား?" ယန်မြောင်က လှောင်ပြောင်သည်။

"ကိုယ့်သမီးကို ဘယ်သူက သော့ခတ်ထားမှာလဲ"

ယန်ချုံးက သူ့ကို ပြန်စကားနာထိုးရန် ပြင်လိုက်တဲ့ အချိန်မှာပဲ လူကြီးမင်းယန်ကသူ့ပုခုံးကို ခိုင်မြဲစွာ ဖိချထားသည်။

"သူမကို ဘာမှ ထပ်ပြောနေဖို့ မလိုတော့ဘူး" လူကြီးမင်းယန်က စကားစလာသည်။

"မင်း သူမကို နိုင်အောင် မပြောနိုင်ဘူး"ထို့နောက် သူသည် ယန်ချုံး ဆွဲယူပေးထားသော ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး ယန်မြောင်ကို မော့ကြည့်လိုက်သည်။ "

"ငါတို့ကြားမှာ အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာတွေဆိုတာကို ပြောစရာ မလိုတော့ဘူး။ အခုပြောပြပေးစမ်းပါဦး။ ဘာလုပ်ဖို့ စိတ်ကူးထားလဲ?ဒါပြီးရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲနေထိုင်လို့ မရတော့ဘူးဆိုတာ ကိုတော့ သိထားသင့်တယ်နော်"

"အခုတော့ အချစ်ကတ်ကို မကစားတော့ဘူးပေါ့?" ယန်မြောင်က အေးစက်စွာ မေးသည်။

"အရမ်းကောင်းတယ်။ ကျွန်မလည်း ရှင့်ရဲ့ အမိုက်စား အကြောင်းပြချက်တွေကို မကြားချင်တော့ဘူး။ ဒီနေ့ ကျွန်မလုပ်မယ့်ပန်းတိုင်ကိုတော့ မကြာခင် သိရမှာပါ"

နှစ်ယောက်သား စကားပြောနေတဲ့ အချိန်မှာပဲ Mrs လျှိုက နိုင်လွန်ကြိုးတစ်ထုပ်အား ပိုက်ပြီး ပြန်ရောက်လာသည်။

"ကောင်းတယ်" ယန်မြောင်က လှမ်းပြော၏။

"သူတို့အားလုံးကို ချည်ထားလိုက်"

Mrs လျှိုက လူကြီးမင်းယန်အား နောက်တစ်ဖန် လှမ်းကြည့်ပြန်သည်။

"ငါတို့ကို ချည်လိုက်" လူကြီးမင်းယန်က ခေါင်းညိတ်ပြရင်း ပြောသည်။

Mrs လျှိုသည် ဖြည်းညှင်းစွာ လျှောက်လို့လာသည်။ သူမရဲ့ မျက်လုံးထဲမှာတော့ ရှုပ်ထွေးမှုများ ရှင်းလင်းစွာ ပေါ်နေ၏။

"အားဝန်က သူ့လက်ထဲမှာ ရှိနေတုန်းပဲ" လူကြီးမင်းယန်က နူးညံ့စွာ ပြောလာသည်

"သူမက ရူးသွားပြီ။ သူမကို မဆန့်ကျင်နဲ့"

Mrs လျှိုရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်များ နောက်တစ်ဖန် စီးကျလာသည်။ ငိုယိုနေရင်းဖြင့်ပင် ကြိုးကို စတင်ဖြည်ချနေသည်။

"အဲ့ဒီ လျှိုဆိုတဲ့ အစောင့်ကို အရင်ချည်လိုက်" ယန်မြောင်က ပြောသည်။

"ပြီးရင် ယန်ချုံးကို ချည်၊ အကုန်လုံးကို တစ်ဆက်တည်းချည်လိုက်။ တင်းတင်းလေးနော် မြန်မြန်လုပ်"

လူကြီးမင်းယန်ရဲ့ စကားများကို နားထောင်ပြီးနောက်မှာ Mrs လျှိုက ယန်မြောင်အား ဒေါသထွက်အောင် မုလပ်ရဲတော့ပေ။ သူမအနေနဲ့ လျှိုယွီကို ချည်ရမှာ ဖြစ်သော်လည်း တစ်စုံတစ်ယောက်ကို ချည်နှောင်တယ် ဆိုတာက ဘယ်လိုလဲ ဆိုတာကို သူမ မသိဘူးလေ။

သူမ လုပ်နိုင်သမျှက ထိုလူရဲ့ လက်ကို ကျောနောက်မှာ ထား၍ ချည်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို အကြိမ်ကြိမ် ပတ်လိုက်ပြီးမှ အထုံးလုပ်ဖို့ ကြိုးစားခြင်းသာ။ သူမရဲ့ လက်မောင်းက ထိုလူရဲ့ နောက်ကျောဘက်ကို ရောက်သွားတဲ့ အချိန်မှာတော့ လျှိုယွီရဲ့ လက်ထဲသို့ သေးငယ်သည့် တစ်စုံတစ်ခုအား တိတ်တဆိတ် ထည့်ပေးလိုက်၏။ ထိုလူက လက်ကို လှန်လိုက်ပြီး ပစ္စည်းအား သူ့လက်သီးဆုပ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကာ သူ့မျက်နှာကတော့ ယခင်အတိုင်းပင်။

၎င်းသည် အိပ်ဆောင်ဓားငယ်လေးဖြစ်ပြီး ထိုကဲ့သို့ ဓားမျိုးက အရမ်းကြီး မထက်ရှပဲ တကယ်တော့ ကလေးကစားစရာ မျှလောက်သာ ရှိတာဖြစ်သည်။ ဒါသည် ယန်ဟွေ ငယ်ငယ်တုန်းက အဆော့မက်တဲ့ ကလေးဆိုးလေးလိုမျိုး ကစားခဲ့တဲ့ အရုပ်ကလေးသာ ဖြစ်သည်ပင်။ ခုန်းဝန်သည် သူမရဲ့သားက ဒီလို အန္တာရယ်များတဲ့ အရာမျိုးနဲ့ ကစားနေတာကို မြင်တဲ့အချိန်မှာ ကောင်လေးအား ပြင်းပြင်းထန်ထန် ဆုံးမပြီး Mrs လျှိုရဲ့ လက်ထဲထည့်၍ လွှင့်ပစ်စေခဲ့သည်။

သို့သော်လည်း Mrs လျှို က မပစ်ရက်ခဲ့ပေ။ ၎င်းက ယန်ဟွေ အလွန်နှစ်သက်တဲ့ အိပ်ဆောင်ဓားငယ်လေး ဖြစ်သည်လေ။ အဆုံးမှာတော့ သူမက ထိုဓားအား သိုလှောင်ခန်းထောင့်ရှိ စင်ပေါ်တွင် တင်ထားခဲ့လိုက်သည်။ Mrs လျှိုက ကြိုးသွားရှာတဲ့ အချိန်မှာပဲ ထို အိပ်ဆောင်ဓားလေးအား ရုတ်တရက် အမှတ်ရသွားတာကြောင့် တိတ်တဆိတ် ပြန်ယူလာခြင်းပင်။ ကျေးဇူးတင်စရာ ကောင်းစွာနဲ့ ဓားက အလွန်သေးငယ်တာကြောင့် လူကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်ထဲမှာ ဆုပ်ကိုင်ထားတဲ့အချိန် နည်းနည်းလေးတောင်ထွက်မနေခဲ့။

မျက်ရည်ဝဲနေသည့် မျက်လုံးများ ကြားကနေပဲ Mrs လျှိုက လူကြီးမင်းယန်နဲ့ ယန်ချုံးတို့အား ယန်မြောင်ရဲ့ အမိန့်အတိုင်း ချည်လိုက်သည်။ သို့သော်လည်း သူတို့လက်တွေကိုတော့ ရှေ့ဘက်မှာ ချည်နှောင်လိုက်၏။

"ရှင့်လက်ကိုပါ ပြန်ချည်" ယန်မြောင်က ပြောလာသည်။

ဒီတစ်ခေါက်တော့ Mrs လျှို က လုံးဝ တွန့်ဆုတ်မနေပေ။ ကြိုးအား သူမရဲ့ လက်ပေါ်မှာ အကြိမ်ကြိမ် ပတ်ချည်လိုက်ပြီး သူမရဲ့ ရှေ့သွားကို သုံး၍ နှစ်ကြိုးထုံးပုံစံ ချည်လိုက်သည်။

"မဆိုးဘူး" ယန်မြောင်က ကျေနပ်သွားသည်။

"ငါ့ကိုအခုပဲ ကြိုးအစွန်းကို ပစ်ပေးလိုက်"

Mrs လျှိုက သူမရဲ့ အမိန့်အတိုင်း လိုက်နာသည်။ ယန်မြောင်က ခုန်းဝန်နဲ့အတူ ထိုအုပ်စုဆီ လျှောက်လာပြီး ခုန်းဝန်အား ထိုင်ခုံပေါ် ဖိချလိုက်၏။ ထို့နောက် ခုန်းဝန်ကိုပါ ကြိုးချည်လိုက်သည်။ စိတ်သက်သာရာရစွာ သက်ပြင်းချပြီး နောက်မှာတော့ မီးဖိုချောင်ထဲ ဝင်သွားခဲ့ပြီး သစ်သီးလှီးဓား တစ်ချောင်းနဲ့ ဆီပုလင်း တစ်လုံးအား ကိုင်ကာ ပြန်ရောက်လာ၏။

ယန်မြောင်က ပုလင်းဖုံအား ဖွင့်လိုက်ပြီး ကြမ်းခင်းပေါ် သွန်ချလိုက်သည်။ ထို့နောက် ခုန်းဝန်ဆီ ပြန်လျှောက်သွားလေသည်။

"အခုတော့ ငါဘာလုပ်မလဲ ဆိုတာ သိပြီမှတ်လား?" ယန်မြောင်က ခုန်းဝန်ရဲ့ မျက်နှာနဲ့ လည်ပင်းအား ဓားသွားနဲ့ အကြိမ်ကြိမ် ပွတ်သပ်နေရင်း ပြုံးနေသည်။

လျှိုယွီသည် သူ့လက်ထဲကို အိတ်ဆောင်ဓား ရောက်လာကတည်းက ကြိုးကိုဖြတ်ဖို့ ကြိုးစားနေတာပင်။ သို့သော်လည်း ယန်မြောင်က အလွန်သတိကြီးသည့် အမျိုးသမီး တစ်ယောက်ဖြစ်သည်။ သူ့လှုပ်ရှားမှုကို အရမ်းကြီး သိသိသာသာ မလှုပ်ရှားရဲပေ။ ဒါတင်မကပဲ သူ့ဓားသည်လည်း အလွန်သေးငယ်ပြီး အလွန်တုံးနေသည်။

၎င်းသည် အစွန်းမရှိသည့် ဓားမျိုးဖြစ်သည်။ ဒါသည် ခက်ခဲတဲ့ တာဝန်တစ်ခုပင်။ ယန်မြောင်က ခုန်းဝန်မပါပဲ မီးဖိုချောင်ထဲ ဝင်သွားတာကို မြင်တဲ့အခါမှာ ဒါက ပြီးပြည့်စုံတဲ့ အခွင့်အရေး တစ်ခုဆိုတာကို လျှိုယွီ သိလိုက်သည်။ သူက အကြောများ ထောင်ထလာတဲ့အထိ ပင်ပင်ပန်းပန်း ကြိုးစားတော့၏။ သို့ဆိုရင်တောင် အိတ်ဆောင်ဓားကတော့ အလွန်အားနည်းနေဆဲသာ။ ယန်မြောင် ပြန်ရောက်လာတဲ့အထိ ထိုတာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့။

ကြိုးများကို နောက်ဆုံး ဖြတ်တောက်နိုင်သွားတဲ့ အချိန်မှာတော့ ယန်မြောင်က ခုန်းဝန်ဆီ ပြန်ရောက်သွားလေပြီ။ လျှိုယွီက ဒေါသတကြီးနဲ့ အံကိုတင်းတင်း ကြိတ်ထားသော်လည်း ထုတ်ဖော်ပြီးတော့ မပြဝံပေ။ ကံကောင်းထောက်မစွာနဲ့ သူအခု လွတ်သွားပြီဖြစ်သည်။ ကြိုးများကို ဆက်လက်ပြီး တင်းတင်း ဆုပ်ထားသောကြောင့်သာ ကြိုးက လျော့ရဲကျလာခြင်း မရှိခြင်းဖြစ်သည်။ နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေါ်လာဖို့သာ စောင့်နေရုံရှိသည်။

"အစ်ကိုကြီး, နင် ငှားထားတဲ့လူကိုလည်း ကြည့်ပါဦး" ယန်မြောင်က လျှိုယွီရဲ့ မျက်နှာက ချွေးပါးပါးကို မြင်သောအခါ လှောင်ပြောင်ပြီး ရယ်မောလာသည်။

"လူအိုကြီးတောင် ဘာမှ မတုံ့ပြန်သေးဘူး နင့်လူကတော့ ချွေးအေးတွေ ထွက်နေပြီ။ ဒီလို ပုံစံမျိုးနဲ့ ဘယ်လိုလုပ် ယုံကြည်လို့ ရမှာလဲ?"

ယန်ချုံးက လျှိုယွီကို လှည့်ကြည့်လိုက်သည်။ သူတို့က ဘေးချင်းယှဉ် ထိုင်နေတာ ဖြစ်သော်လည်း ယန်ချုံးရဲ့ ထိုင်ခုံက အနည်းငယ် ဝေးကွာနေသည်။ သူ့ထောင့်ကနေ ကြည့်မယ်ဆိုရင် လျှိုယွီရဲ့ လက်များက ပြတ်နေသည့် ကြိုးအား လျော့ကျမှာ စိုးလို့ တင်းတင်း ဆုပ်ကိုင်ထားသည်ကို မြင်နေရ၏။ ထိုလက်သီးဆုပ်များကြားထဲမှာတော့ သေးငယ်ပြီး သေးငယ်ပြီး အနုစိတ်သော အရုပ်ဓားတစ်ခုရှိနေသည်။ ဓားနဲ့ ကြိုးစွန်းမှာ သွေးတွေပင် စွန်းထင်းနေတာပင်။ တစ်ဖက်လူက အရှိန်ပြင်းပြင်းနဲ့ သူ့လက်ကောက်ဝတ်တွေကိုပါ နာကျင်စေခဲ့ပုံ ပေါ်သည်။

ယန်ချုံးက ယန်မြောင်ဘက် ပြန်လှည့်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေသည်။

"အနည်းဆုံးတော့ သူကမှ ကျေးဇူးတရားကို သိသေးတယ်။ ငါ့အတွက် အလုပ်လုပ်ပေးတဲ့ အချိန်မှာ ဘယ်တုန်းကမှ အမှားမလုပ်ခဲ့ဘူး"

ယန်မြောင်ရဲ့ နှုတ်ခမ်းဆီမှ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"အဲ့ဒါက သူ့ကို ငွေပေးထားလို့လေ။ အကယ်၍သာ ငွေမပေးထား ကြည့်ပါလား သူက နင့်စကားကို နားထောင်ပါဦးမလား?"

ယန်ချုံးက ခုန်းဝန်ရဲ့ လည်ပင်းမှာ ထပ်မံထောက်ထားသည့် ဓားသွားအား တစ်ချက်ကြည့်လိုက်ပြီး မှောင်မိုက်စွာ ဆက်ပြောလာသည်။

"အဖေက မင်းမွေးလာကတည်းက ပျိုးထောင်လာခဲ့တာ။ သူက မင်းကို ပိုက်ဆံတင် ပေးတာ မဟုတ်ဘူး လူသားတစ်ယောက်ရဲ့ အခြေခံ ကျင့်ဝတ်တွေကိုလည်း သင်ကြားပေးခဲ့သေးတယ်။ မင်းလိုချင်တဲ့ ဘယ်အရာကိုမဆို သူလုပ်နိုင်တဲ့အတိုင်းအတာထဲမှာ ရှိနေသ၍ လုပ်ပေးခဲ့တာချည်းပဲ။ မင်းဒုက္ခရောက်တဲ့ အခါဆိုလည်း မင်းလုပ်ထားတဲ့ အရှုပ်တွေကို ရှင်းလင်းပေးတယ်။ ငါကတော့ မင်းသူ့အပေါ် နာခံမှု ရှိတာ တစ်ခါမှ မမြင်ဖူးပါဘူး။ အဲ့ဒီအစား မင်းက ကျွေးတဲ့လက်ကိုပဲ ပြန်ကိုက်ခဲ့တယ်လေ။ အကယ်၍သာ သူပြောတဲ့ စကားတွေက မင်းနှလုံးသားထဲ တစ်လုံးလောက် ဝင်ခဲ့ရင်တောင် ဒီလောက် ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့မှာ မဟုတ်ဘူး"

"သူက ငါ့အဖေလေ" ယန်မြောင်က အေးစက်စက်ရယ်သည်။

"နင်က ငါ့အစ်ကို။ ငါ့အတွက် အဲ့ဒါတွေ လုပ်ပေးရမှာ နင်တို့တာဝန်ပဲ မဟုတ်ဘူးလား? အကယ်၍ ငါ့ကို မပျိုးထောင်ချင်ဘူးဆိုရင် ငါ့အပေါ် မကောင်းပေးချင်ဘူးဆိုရင် မမွေးခဲ့နဲ့လေ"

"ကလေးတစ်ယောက်ကို အရင်မပြုစုကြည့်ဘဲနဲ့ မိဘတွေအပေါ်ကို တန်ဖိုးထားဖို့ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူးလို့ လူတွေက ပြောကြတယ်" ယန်ချုံးက ပြန်ပြောလာသည်။

"မင်းကတော့ သားသမီးတွေ မွေးထားတာတောင် မိဘအပေါ် တန်ဖိုးမထားတတ်သေးဘူး။ ရင်းရင်းနဲ့ ဟဲရုန်ကိုရော အဖေက မင်းကို ဆက်ဆံသလိုမျိုး ဆက်ဆံခဲ့လို့လား? သူတို့ကို မွေးပြီးတာနဲ့ နို့ထိန်းဆီပဲ ပစ်ထုတ်ပေးလိုက်တာ မဟုတ်ဘူးလား။ မင်းပျော်တဲ့ အချိန်ဆိုရင် သူတို့ကို မိနစ်ပိုင်းလောက် ချီထားတယ်။ အကယ်၍ မင်းစိတ်ဆိုးနေရင်တော့ သူတို့ကို တစ်ဖက်ပစ်ထုတ်လိုက်ပြီး မင်းလုပ်ချင်တာတွေပဲ လုပ်နေတာပဲ။ ကလေးနှစ်ယောက်ရဲ့ တည်ရှိမှုက မင်းရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ အပေါ်ကို သက်ရောက်မှု မရှိခဲ့ဘူး။ နင့်အတွက်တော့ သူတို့က အရုပ်သစ်လေး နှစ်ရုပ်လိုပဲ မဟုတ်ဘူးလား? မင်း သူတို့ကို မွေးထားတာလေ။ သူတို့အပေါ် ကောင်းကောင်း မဆက်ဆံသင့်ဘူးလား? "

"ငါတို့ မိသားစုက ဘယ်လိုမိသားစုမျိုးမို့လဲ?" ယန်မြောင်က ကျယ်လောင်စွာ ခွန်းတုန့်ပြန်သည်။

"ငါတို့မှာ ကလေးထိန်းတွေနဲ့ အစေခံတွေမှ အောတိုက်နေတာ။ ကလေးကိုပါ ငါ့ဘာသာ ဂရုစိုက်နေရဦးမှာလား? သူတို့က ဘာမှ လိုအပ်နေတာ မရှိဘူးလေ။ ငါကဘယ်လိုလုပ် ဆိုးမှာလဲ?"

"ဟုတ်တယ်" ယန်ချုံးက ပြန်ပြောသည်။

"သူတို့ ဘာမှ မလိုအပ်ဘူး။ ဒါပေမဲ့ မင်းသူတို့ဘေးမှာ အချိန်ဘယ်လောက်များ ကုန်ဆုံးပေးခဲ့လဲ? ဒီနှစ်ဆို ရင်းရင်းက ဆယ်နှစ်ဖြစ်နေပြီ။ သူမ ဘယ်လိုမျိုး ကြီးပြင်းလာလဲ ဆိုတာကို မင်းဘက်က အာရုံလေးများ စိုက်ပေးခဲ့ဘူးလို့လား? မင်းရဲ့ ကလေးဘဝကိုကျတော့ ဘာလို့ တစ်ခါတောင် မစဉ်းစားကြည့်ရတာလဲ? မင်းက အဖေ့ကို တစ်ချိန်လုံး တွယ်ကပ်နေခဲ့တာပဲလေ။ သူအလုပ်သွားတဲ့ အခါဆိုရင် မင်းက ငိုယိုပြီး အော်ဟစ်တယ်။ သူ့ရဲ့ စာရင်းဆောင်တာတွေကို ဖွပစ်ပြီး သူ့ရဲ့ စာရွက်စာတမ်းတွေ အားလုံးကို အရုပ်တွေ လျှောက်ရေးပစ်တယ်။ အလုပ်လုပ်နေလို့ မင်းရုတ်တရက် တောင်းဆိုလာတဲ့ ပန်းခြံကို ပို့ပေးရမယ့် တာဝန်လေး ပျက်ကွက်မိတာနဲ့ပဲ သူအနှစ်သက်ဆုံး အပြာရောင်နဲ့ အဖြူရောင်အိုးလေးကို တမင်သက်သက် ခွဲပစ်တယ်။ အဲ့ဒီလို အဖြစ်မျိုးနဲ့ ဆင်ဆင်တူတာတွေ မရေမတွက်နိုင်အောင် ဖြစ်ခဲ့တာ။ သူမင်းကို တစ်ခါလေးတောင် ဆူပူခဲ့လို့လား မင်းကို အပြစ်တင်ခဲ့ဘူးလား?အကယ်၍ အဲ့ဒီနေရာမှာသာ ရင်းရင်းဖြစ်ကြည့်ပါလား မင်းဒေါသကို ထိန်းထားမှာ မို့လို့လား? အဆုံးသတ်လိုက်ရင်တော့ မင်းက တစ်ကိုယ်ကောင်းဆန်ပြီး အူတိုင်ထိ ပုတ်သိုးနေတဲ့ နှလုံးသား အေးစက်သူ တစ်ယောက်ဖြစ်နေတာပါပဲ။ တစ်ခြားသူတွေအပေါ် ဆက်ဆံတာနဲ့မင်းအပေါ် ဆက်ဆံရမှာနဲ့ ပတ်သတ်လာရင် စံနှုန်းနှစ်ခုကို ကိုင်ဆွဲထားတာ။ လူတိုင်းကို မင်းဘယ်လို ဆက်ဆံလဲ ဆိုတာက အရေးမကြီးဘူး ဒါပေမဲ့ တစ်ဖက်လူက မင်းအပေါ် ဘယ်လိုပဲ ကောင်းပေးခဲ့ပါစေ မင်းဖြစ်ချင်တာကို တစ်ခေါက်လေးလောက် မလိုက်လျောပေးလိုက်တာနဲ့ သူတို့ကို ထာဝရ မုန်းသွားတော့တာပဲ။ မင်းကမှ ဘယ်တော့မှ ယဉ်ပါးအောင် လုပ်လို့မရတဲ့ မျက်ခုံးဖြူဝံပုလွေရဲ့ သက်ရှိဥပမာပဲ။ လူတိုင်းက မင်းကို ပြစ်မှားထားသလိုမျိုး လာမပြောနဲ့။ မင်းအခု ဒီလိုဖြစ်နေတာ မင်းရဲ့ ကိုယ်တိုင် လုပ်ရပ်တွေကြောင်ပဲ။ အဲ့ဒါများ အဖေ့အပေါ် အငြှိုးထားနေစရာ ဘာအခွင့်အရေးရှိလဲ?"

12.9.2022

=================
Zawgyi

အခန္း(၂၁၃) - ေက်ြးတဲ့လက္ကို ျပန္ကိုက္

"တစ္ေယာက္ေယာက္ ထြက္ေျပးရဲတာနဲ႔ သူ႔လည္ပင္းကို ဓားနဲလွီးမယ္!"

ယန္ေျမာင္ ေအာ္ဟစ္လိုက္သည္။ သူမ၏ လက္ကို ေအာက္သို႔ ပြတ္ဆြဲလိုက္ရာ ခုန္းဝန္၏ ႏူးည့ံျဖဴေဖြးျပီး ေကာင္းစြာ ဂ႐ုစိုက္ထားေသာ လည္ပင္းေပၚမွာ ပါးလႊာသည့္ ေသြးလိုင္းမ်ားျဖင့္ စြန္းထင္းသြားသည္။

ယန္ခ်ံဳးက ေၾကာက္လန္႔မွုေၾကာင့္ ေမ့လဲလုနီးပါးပင္ ျဖစ္သြားရသည္။

"ယန္ေျမာင္" သူက ဝမ္းေခါင္းသံျဖင့္ ေအာ္ဟစ္မိသည္။

"မင္းလုပ္ရဲ႔လား!"

"ငါ့မွာ ဘာမွ မရွိေတာ့ဘူး" ယန္ေျမာင္က ၾကီးမားလွသည့္ အျပံဳးၾကီးျဖင့္ ျပန္ေျဖ၏။

"မိသားစုလို႔ ေခၚတဲ့ နင္တို႔ေတြေၾကာင့္ ပိတ္ေလွာင္ထားတာလည္း ခံရတယ္။ ငါမလုပ္ရဲတာ ဘာမ်ား ရွိေတာ့မွာလဲ ခ်စ္ရတဲ့ အစ္ကိုၾကီးရဲ႔?"

ယန္ခ်ံဳးနဲ႔ နွိဳင္းယွဥ္ရရင္ လူၾကီးမင္းယန္ရဲ႔ အသြင္အျပင္က မ်ားစြာ တည္ျငိမ္ေနသည္။ သူက ဧည့္ခန္းထိုင္ခုံကေန ျဖည္းညႇင္းစြာ ထရပ္လိုက္၏။

"ယန္ေျမာင္" သူက ေမးလာသည္။

"နင္ဘာလုပ္ေနတာလဲ ဆုိတာကို သိရဲ႔လား?"

"ဒါေပ့ါ သိတာေပါ့" ယန္ေျမာင္က ျပန္ေျဖသည္။

"ဒီေန႔အတြက္ ငါအခ်ိန္အၾကာၾကီး ျပင္ဆင္ခဲ့ရတာ။ ဒီသြားတုိက္တံကို ခ်ြန္ထက္ေအာင္ လုပ္ဖို႔အတြက္ ငါ့အေရျပားေတြကိုပါ ျဖဲဆုတ္ခဲ့ရတယ္။ အေဖ, အေဖက က်ြန္မကို အခ်စ္ဆံုး မဟုတ္ဘူးလား? က်ြန္မ လက္ေတြကို ၾကည့္စမ္းပါဦး။ အေဖ့ နွလံုးသားက က်ြန္မအတြက္ မနာက်င္မိဘူးလား?"

လူၾကီးမင္းယန္က ေရွ႕သို႔ တိုးလာကာ ယန္ခ်ံဳးရဲ႔ ခႏၶာကိုယ္ကို ယန္ေျမာင္၏ ျမင္ကြင္းမွ တစ္စိတ္တစ္ပိုင္း ပိတ္ဆို႔ထားလိုက္သည္။ သူ႔လက္တစ္ဖက္ကေတာ့ သူ႔ေနာက္ေက်ာမွာ ဖုန္းပုံသ႑ာန္ ျဖစ္ေပၚလာၿပီး ျပန္ေျဖ၏။

"ေျမာင္ေျမာင္၊ မင္းဘက္က ဟဲယြမ္တစ္ေယာက္တည္းကိုပဲ ဂရုစိုက္တဲ့ အခ်ိန္မွာေတာင္၊ ငါနာမက်န္းျဖစ္လို႔ ေသခါနီး ျဖစ္ေနတဲ့အခ်ိန္မွာ လာလည္ဖို႔ အျမဲ ျငင္းဆန္ခဲ့တာေတာင္၊ ငါ့ဘက္က မင္းကို တစ္ခ်ိန္လံုး စိတ္ပ်က္ေနခဲ့ရတာေတာင္ ငါ့ဘဝတစ္ဝက္ေလာက္ ခ်စ္ခဲ့တယ္၊။ ဒါေပမဲ့ မင္းအနိုင္က်င့္ ခံရတဲ့ အခ်ိန္မွာ မင္းအတြက္ တရားမ်ွတမွု ရွာေပးဖို႔ လုပ္ေပးတုန္းပဲ။ မင္းေပ်ာ္ရႊင္ေစဖို႔ ငါ့ရွယ္ယာေတြကို ေပးခ်င္ေနတုန္းပဲ။ အဲ့ဒါေတာင္ မင္းကငါ့ကို ဒီလိုပံုစံနဲ႔ ျပန္ေပးဆပ္တာလား?"

ယန္ခ်ံဳးက သူ႔အေဖရဲ႔ လက္အမူအယာကို ျမင္တဲ့အခ်ိန္မွာ သူ႔စိတ္က ေနာက္ဆံုးေတာ့ တည္ျငိမ္သြားခဲ့သည္။ သူက အိတ္ကပ္ထဲက သူ႔ဖုန္းအား တိတ္တဆိတ္ ထုတ္ယူလိုက္၏။ သို႔ေသာ္လည္း touch screen တစ္ခုတည္း လုပ္ေဆာင္နုိင္တဲ့ ဖုန္းထဲက တစ္ေယာက္ေယာက္ကို ငံု႔မၾကည့္ပဲ အတိအက် ဖုန္းေခၚဖို႔က မျဖစ္နုိင္ေပ။ ယန္ခ်ံဳး လုပ္နုိင္သမွ်က သူ႔ၾကြက္သား မွတ္ဉာဏ္မွတစ္ဆင့္ ေနာက္ဆံုး ဆက္သြယ္ထားတဲ့လူကို ေခၚဆုိနိုင္တာ တစ္ခုတည္းေသာ။ ဖုန္းေခၚတဲ့ ခလုတ္ကို ေသခ်ာ မနွိပ္ရေသးခင္မွာပင္ ယန္ေျမာင္ရဲ႔ ေအာ္သံကို ၾကားလုိက္ရသည္။

"အေပါက္ကိုပိတ္ထား" ယန္ေျမာင္က ေျပာသည္.

"နွစ္ေယာက္လံုး ဖုန္းေတြကို လႊင့္ပစ္လုိက္ပါ။ ျပီးရင္ နံရံဘက္ကို အကုန္လံုးသြားၾက! အမွတ္တရေတြကို ေနာက္မွဆက္ျပီး ေဆြးေႏြးၾကတာေပါ့ ျမန္ျမန္လုပ္!"

ယန္ခ်ံဳးက ဒီအတုိင္း ဆက္ေနေနဆဲ အခ်ိန္မွာ ယန္ေျမာင္က ခုန္းဝန္ရဲ႔ လည္ပင္းအား သူမရဲ႔ ခ်ြန္ထက္ေနသည့္ သြားတုိက္တံနဲ႔ ေနာက္တစ္ဖန္ ဖိခ်လုိက္ျပန္သည္။

"နင္တစ္ေယာက္ေယာက္ကို ေခၚေနတာလား?" သူမက ေအာ္ဟစ္လာသည္။

"ဖုန္းကို လႊင့္ပစ္လုိက္စမ္း! အခု!"

ယန္ခ်ံဳးက ကူကယ္ရာ မဲ့သြားမိသည္။ သူက သူ႔ဖုန္းအား ထုတ္ယူလုိက္ျပီး အေဝးကို လႊင့္ပစ္ထုတ္လုိက္၏။ ယန္ေျမာင္ရဲ႔ စူးရွတဲ့ မ်က္လံုးမ်ားက ဖုန္းေပၚ႕ လင္းေနသည့္ ဖန္သားျပင္အား ခ်က္ခ်င္းသတိျပဳမိေလသည္။

"နင္တကယ္ပဲ တစ္ေယာက္ေယာက္ကို ဖုန္းေခၚလုိက္တယ္ေပါ့ေလ? " သူမက စူးရွစြာ ေျပာလာသည္။

"နင့္မိန္းမကို အသက္မရွင္ေစခ်င္ဘူးလား?"

ယန္ခ်ံဳးက မ်က္လံုးမ်ား မွိတ္လုိက္သည္။ သူ႔အေနနဲ႔ဖုန္းကို ပိတ္ျပီး ေဘးဘက္ လႊင့္ပစ္လုိက္ရံုသာ တတ္္နုိင္ေတာ့သည္ပင္။ လူၾကီးမင္းယန္သည္လည္း သက္ျပင္းခ်လုက္ကာ သူ႔ဖုန္းကိုပါ ၾကမ္းျပင္ေပၚ ပစ္ခ်လို္က္သည္။

"ကဲ အခု လူတုိင္း နံရံဘက္ သြားျပီး လက္ေတြေျမွာက္ထားပါ!" ယန္ေျမာင္က ေအာ္ဟစ္ျပန္သည္။

"ယန္ခ်ံဳး!" ခုန္းဝန္က လွမ္းေျပာသည္။

"အေဖ့ကိုေခၚျပီး ဒီကထြက္သြားပါလား? သူရွင့္ကို မတားနိုင္ပါဘူး!"

"နင္တို႔ ထြက္ေျပးသြားရဲရင္ ငါသူမကို သတ္ပစ္မွာ!" ယန္ေျမာင္က ေအးစက္စက္ ေျပာသည္။

"အစ္ကို, နင္အခု ထြက္ေျပးရင္ ငါနင့္ကို ေသခ်ာေပါက္ မတားနုိင္ဘူး။ အခုေတာ့နင့္ရဲ႔ ေရြးခ်ယ္မွုပဲေပါ့။ နင့္အေဖလား နင့္မိန္းမလား?"

ယန္ခ်ံဳးက အံကို တင္းတင္းၾကိတ္ေနသည္။

"ယန္ခ်ံဳး, ရွင္ရူးေနလား?"

ခုန္းဝန္က က်ယ္ေလာင္စြာ ျဖတ္ေျပာလာ၏။

"သူမက ရူးေနျပီ! ရွင္ေနခဲ့ရင္ေတာင္ က်ြန္မကို လႊတ္ေပးမွာ မဟုတ္ဘူး! ရွင္နဲ႔အေဖပါ ဒီမွာပဲ ေသသြားလိမ့္မယ္!"

ယန္ခ်ံဳးက သူ႔ဇနီးရဲ႔ လည္ပင္းေပၚမွ ရဲရဲနီေနသည့္ ေသြးစီးေၾကာင္း နွစ္ေၾကာင္းအား ၾကည့္မိသည္။ သူ႔မ်က္လံုးမ်ားက နီရဲတက္လာ၏။ လူၾကီးမင္းယန္ကေတာ့ နံရံဘက္ကို ေလွ်ာက္သြားေနေလျပီ။

"အေဖ!" ခုန္းဝန္က လွမ္းေအာ္သည္။

လူၾကီးမင္းယန္က သူ႔သားရဲ႔ ပုခံုးကို ပုတ္ေပးလုိက္ကာ

"မင္းက အရူးလား? နံရံမွာ ဘာဓားမွ မရွိဘူး။ ငါတို႔ အဲ့ဒီနားရပ္လို႔ ဘာျဖစ္မွာ မို႔လို႔လဲ? အကယ္၍ မင္းသာ ဒီတံခါးကေန ျဖတ္ထြက္သြားတာနဲ႔ မင္းမိန္းမကေတာ့ ေသျပီပဲ။ ခုန္းဝန္ေျပာတာ မွန္တယ္။ ယန္ျေမာင္က စိတ္ေဖာက္သြားျပီ။ သူမက အေစာကတည္းက ခုန္းဝန္အေပၚ မေက်မနပ္ ျဖစ္ေနတဲ့ဟာ။ တကယ္လုပ္လိမ့္မယ္ ဆိုတာ ငါအာမခံနုိင္တယ္"

"အေဖ ေျပာတာ အရမ္းမွန္တာပဲ" ယန္ေျမာင္က ရယ္သည္။

ခုန္းဝန္ရဲ႔ ပါးျပင္ေပၚမွာ မ်က္ရည္မ်ား စီးက်လာရင္း တိုးတိုးေလးသာ ေရရြတ္နုိင္ေတာ့ေလသည္။

"အေဖ...."

"သမီးက လိမ္မာတဲ့ ကေလးပါ" လူၾကီးမင္းယန္က ေႏြးေထြးစြာ ေျပာသည္။

"ငါက အိုေနျပီ။ ငါ့ဘဝနဲ႔ မင္းအသက္ကို လဲလွယ္ေပးရမယ္ ဆိုရင္ေတာင္ တန္ပါတယ္။ မေၾကာက္နဲ႔။ ယန္ခ်ံဳးနဲ႔ အေဖနဲ႔ သမီးကို ကယ္ေပးမယ္"

ယန္ေျမာင္က ဘာစကားမွ ျပန္မေျပာေပ။ သူမက ေလွာင္ျပံဳးသာ ျပံဳးလိုက္သည္။

လူတုိင္း နံရံဘက္မွာ မတ္တပ္ရပ္ေနတဲ့ အခ်ိန္မွာပဲ ယန္ေျမာင္က စကားျပန္စသည္။

"Mrs လ်ွိဳ...ၾကိဳးသြားရွာျပီး သူတို႔ကို အခုပဲ ခ်ည္ထားလိုက္"

Mrs လ်ွိဳ က တစ္ခ်ိန္လံုး ခပ္တိုးတိုး ရွိဳက္ငိုေနတာျဖစ္သည္။ သူမက လူၾကီးမင္းယန္အား လွမ္းၾကည့္ကာ လွဳပ္ရွားရန္ ေၾကာက္လန္႔ေန၏။

"သြား" လူၾကီးမင္းယန္က ေျပာလုိက္သည္။ ထိုအခ်ိန္မွသာ Mrs လ်ွိဳက လမ္းတစ္ေလ်ွာက္လံုး တုန္ယင္ေနသည့္ ေျခေထာက္မ်ားနဲ႔ သိုေလွာင္ခန္းထဲ လမ္းေလွ်ာက္ဝင္သြားဖုို႔ သတၱိရွိရာသည္။

ယန္ခ်ံဳးမွာ ဇနီးအတြက္ စိုးရိမ္ေနရင္းနဲ႔ သူ႔အေဖ ေဒါသအလြန္အက်ဴး ထြက္သြားမွာလည္း ေၾကာက္ေနတာေၾကာင့္ သူ႔မ်က္နွာ အမူအယာက ဒီအတိုင္း 'စိတ္မသက္မသာ' လို႔ ႐ိုး႐ိုးရွင္းရွင္း ေဖာ္ျပလို႔မရတဲ့ အမူအရာမဟုတ္ေတာ့

ယန္ခ်ံဳး ဘာေတြ စဥ္းစားေနလဲ ဆုိတာ သိဟန္ျဖင့္ လူၾကီးမင္းယန္က သူ႔သားအား တည္ျငိမ္စြာ ေျပာလာသည္။

"ငါ့ကို စိတ္မပူနဲ႔။ သူမက ငါ့သမီး မဟုတ္ေတာ့ဘူး။ ဘာကို စိတ္ဆိုးစရာ ရွိလို႔လဲ?"

"ရွင္ က်ြန္မကို သမီးတစ္ေယာက္လိုေရာ ေတြးဖူးလို႔လား?" ယန္ေျမာင္က ေလွာင္ေျပာင္သည္။

"ကိုယ့္သမီးကို ဘယ္သူက ေသာ့ခတ္ထားမွာလဲ"

ယန္ခ်ံဳးက သူ႔ကို ျပန္စကားနာထိုးရန္ ျပင္လုိက္တဲ့ အခ်ိန္မွာပဲ လူၾကီးမင္းယန္ကသူ႔ပုခံုးကို ခိုင္ျမဲစြာ ဖိခ်ထားသည္။

"သူမကို ဘာမွ ထပ္ေျပာေနဖို႔ မလိုေတာ့ဘူး" လူၾကီးမင္းယန္က စကားစလာသည္။

"မင္း သူမကို နုိင္ေအာင္ မေျပာနုိင္ဘူး"ထို႔ေနာက္ သူသည္ ယန္ခ်ံဳး ဆြဲယူေပးထားေသာ ထိုင္ခုံေပၚတြင္ ထိုင္ခ်လိုက္ၿပီး ယန္ေျမာင္ကို ေမာ့ၾကည့္လိုက္သည္။ "

"ငါတို႔ၾကားမွာ အေဖနဲ႔သမီးၾကားက ခ်စ္ျခင္းေမတၱာေတြဆိုတာကို ေျပာစရာ မလိုေတာ့ဘူး။ အခုေျပာျပေပးစမ္းပါဦး။ ဘာလုပ္ဖို႔ စိတ္ကူးထားလဲ?ဒါျပီးရင္ေတာ့ ၿငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ အတူယွဥ္တြဲေနထိုင္လို႔ မရေတာ့ဘူးဆိုတာ ကိုေတာ့ သိထားသင့္တယ္ေနာ္"

"အခုေတာ့ အခ်စ္ကတ္ကို မကစားေတာ့ဘူးေပါ့?" ယန္ေျမာင္က ေအးစက္စြာ ေမးသည္။

"အရမ္းေကာင္းတယ္။ က်ြန္မလည္း ရွင့္ရဲ႔ အမိုက္စား အေၾကာင္းျပခ်က္ေတြကို မၾကားခ်င္ေတာ့ဘူး။ ဒီေန႔ က်ြန္မလုပ္မယ့္ပန္းတိုင္ကိုေတာ့ မၾကာခင္ သိရမွာပါ"

နွစ္ေယာက္သား စကားေျပာေနတဲ့ အခ်ိန္မွာပဲ Mrs လ်ွိဳက နုိင္လြန္ၾကိဳးတစ္ထုပ္အား ပိုက္ျပီး ျပန္ေရာက္လာသည္။

"ေကာင္းတယ္" ယန္ေျမာင္က လွမ္းေျပာ၏။

"သူတို႔အားလံုးကို ခ်ည္ထားလုိက္"

Mrs လ်ွိဳက လူၾကီးမင္းယန္အား ေနာက္တစ္ဖန္ လွမ္းၾကည့္ျပန္သည္။

"ငါတို႔ကို ခ်ည္လုိက္" လူၾကီးမင္းယန္က ေခါင္းညိတ္ျပရင္း ေျပာသည္။

Mrs လ်ွိဳသည္ ျဖည္းညွင္းစြာ ေလွ်ာက္လို႔လာသည္။ သူမရဲ႔ မ်က္လံုးထဲမွာေတာ့ ရွဳပ္ေထြးမွုမ်ား ရွင္းလင္းစြာ ေပၚေန၏။

"အားဝန္က သူ႔လက္ထဲမွာ ရွိေနတုန္းပဲ" လူၾကီးမင္းယန္က ႏူးည့ံစြာ ေျပာလာသည္

"သူမက ရူးသြားျပီ။ သူမကို မဆန္႔က်င္နဲ႔"

Mrs လ်ွိဳရဲ႔ ပါးျပင္ေပၚမွာ မ်က္ရည္မ်ား ေနာက္တစ္ဖန္ စီးက်လာသည္။ ငိုယိုေနရင္းျဖင့္ပင္ ၾကိဳးကို စတင္ျဖည္ခ်ေနသည္။

"အဲ့ဒီ လွ်ိဳဆိုတဲ့ အေစာင့္ကို အရင္ခ်ည္လုိက္" ယန္ေျမာင္က ေျပာသည္။

"ျပီးရင္ ယန္ခ်ံဳးကို ခ်ည္၊ အကုန္လံုးကို တစ္ဆက္တည္းခ်ည္လုိက္။ တင္းတင္းေလးေနာ္ ျမန္ျမန္လုပ္"

လူၾကီးမင္းယန္ရဲ႔ စကားမ်ားကို နားေထာင္ျပီးေနာက္မွာ Mrs လ်ွိဳက ယန္ေျမာင္အား ေဒါသထြက္ေအာင္ မုလပ္ရဲေတာ့ေပ။ သူမအေနနဲ႔ လွ်ိဳယြီကို ခ်ည္ရမွာ ျဖစ္ေသာ္လည္း တစ္စံုတစ္ေယာက္ကို ခ်ည္ေနွာင္တယ္ ဆုိတာက ဘယ္လိုလဲ ဆိုတာကို သူမ မသိဘူးေလ။

သူမ လုပ္နုိင္သမွ်က ထိုလူရဲ႔ လက္ကို ေက်ာေနာက္မွာ ထား၍ ခ်ည္လုိက္ျပီး သူ႔တစ္ကိုယ္လံုးကို အၾကိမ္ၾကိမ္ ပတ္လိုက္ျပီးမွ အထံုးလုပ္ဖုိ႔ ၾကိဳးစားျခင္းသာ။ သူမရဲ႔ လက္ေမာင္းက ထိုလူရဲ႔ ေနာက္ကေ်ာဘက္ကို ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ လွ်ိဳယြီရဲ႔ လက္ထဲသို႔ ေသးငယ္သည့္ တစ္စံုတစ္ခုအား တိတ္တဆိတ္ ထည့္ေပးလိုက္၏။ ထိုလူက လက္ကို လွန္လိုက္ျပီး ပစၥည္းအား သူ႔လက္သီးဆုပ္ထဲမွာ က်စ္က်စ္ပါေအာင္ ဆုပ္ထားလုိက္ကာ သူ႔မ်က္နွာကေတာ့ ယခင္အတိုင္းပင္။

၎သည္ အိပ္ေဆာင္ဓားငယ္ေလးျဖစ္ျပီး ထိုကဲ့သို႔ ဓားမ်ိဳးက အရမ္းၾကီး မထက္ရွပဲ တကယ္ေတာ့ ကေလးကစားစရာ မ်ွေလာက္သာ ရွိတာျဖစ္သည္။ ဒါသည္ ယန္ေဟြ ငယ္ငယ္တုန္းက အေဆာ့မက္တဲ့ ကေလးဆိုးေလးလိုမ်ိဳး ကစားခဲ့တဲ့ အရုပ္ကေလးသာ ျဖစ္သည္ပင္။ ခုန္းဝန္သည္ သူမရဲ႔သားက ဒီလို အႏာၱရယ္မ်ားတဲ့ အရာမ်ိဳးနဲ႔ ကစားေနတာကို ျမင္တဲ့အခ်ိန္မွာ ေကာင္ေလးအား ျပင္းျပင္းထန္ထန္ ဆံုးမျပီး Mrs လ်ွိဳရဲ႔ လက္ထဲထည့္၍ လႊင့္ပစ္ေစခဲ့သည္။

သို႔ေသာ္လည္း Mrs လ်ွိဳ က မပစ္ရက္ခဲ့ေပ။ ၎က ယန္ေဟြ အလြန္နွစ္သက္တဲ့ အိပ္ေဆာင္ဓားငယ္ေလး ျဖစ္သည္ေလ။ အဆံုးမွာေတာ့ သူမက ထိုဓားအား သိုေလွာင္ခန္းေထာင့္ရွိ စင္ေပၚတြင္ တင္ထားခဲ့လိုက္သည္။ Mrs လ်ွိဳက ၾကိဳးသြားရွာတဲ့ အခ်ိန္မွာပဲ ထို အိပ္ေဆာင္ဓားေလးအား ရုတ္တရက္ အမွတ္ရသြားတာေၾကာင့္ တိတ္တဆိတ္ ျပန္ယူလာျခင္းပင္။ ေက်းဇူးတင္စရာ ေကာင္းစြာနဲ႔ ဓားက အလြန္ေသးငယ္တာေၾကာင့္ လူၾကီးတစ္ေယာက္ရဲ႔ လက္သီးဆုပ္ထဲမွာ ဆုပ္ကိုင္ထားတဲ့အခ်ိန္ နည္းနည္းေလးေတာင္ထြက္မေနခဲ့။

မ်က္ရည္ဝဲေနသည့္ မ်က္လံုးမ်ား ၾကားကေနပဲ Mrs လွ်ိဳက လူၾကီးမင္းယန္နဲ႔ ယန္ခ်ံဳးတို႔အား ယန္ေျမာင္ရဲ႔ အမိန္႔အတိုင္း ခ်ည္လုိက္သည္။ သို႔ေသာ္လည္း သူတို႔လက္ေတြကိုေတာ့ ေရွ႔ဘက္မွာ ခ်ည္ေနွာင္လုိက္၏။

"ရွင့္လက္ကိုပါ ျပန္ခ်ည္" ယန္ေျမာင္က ေျပာလာသည္။

ဒီတစ္ေခါက္ေတာ့ Mrs လွ်ိဳ က လံုးဝ တြန္႔ဆုတ္မေနေပ။ ၾကိဳးအား သူမရဲ႔ လက္ေပၚမွာ အၾကိမ္ၾကိမ္ ပတ္ခ်ည္လုိက္ျပီး သူမရဲ႔ ေရွ႔သြားကို သံုး၍ နွစ္ၾကိဳးထံုးပံုစံ ခ်ည္လုိက္သည္။

"မဆိုးဘူး" ယန္ေျမာင္က ေက်နပ္သြားသည္။

"ငါ့ကိုအခုပဲ ၾကိဳးအစြန္းကို ပစ္ေပးလိုက္"

Mrs လွ်ိဳက သူမရဲ႔ အမိန္႔အတုိင္း လိုက္နာသည္။ ယန္ေျမာင္က ခုန္းဝန္နဲ႔အတူ ထိုအုပ္စုဆီ ေလွ်ာက္လာျပီး ခုန္းဝန္အား ထိုင္ခံုေပၚ ဖိခ်လုိက္၏။ ထို႔ေနာက္ ခုန္းဝန္ကိုပါ ၾကိဳးခ်ည္လုိက္သည္။ စိတ္သက္သာရာရစြာ သက္ျပင္းခ်ျပီး ေနာက္မွာေတာ့ မီးဖိုေခ်ာင္ထဲ ဝင္သြားခဲ့ျပီး သစ္သီးလွီးဓား တစ္ေခ်ာင္းနဲ႔ ဆီပုလင္း တစ္လံုးအား ကိုင္ကာ ျပန္ေရာက္လာ၏။

ယန္ေျမာင္က ပုလင္းဖံုအား ဖြင့္လုိက္ျပီး ၾကမ္းခင္းေပၚ သြန္ခ်လိုက္သည္။ ထို႔ေနာက္ ခုန္းဝန္ဆီ ျပန္ေလွ်ာက္သြားေလသည္။

"အခုေတာ့ ငါဘာလုပ္မလဲ ဆိုတာ သိျပီမွတ္လား?" ယန္ေျမာင္က ခုန္းဝန္ရဲ႔ မ်က္နွာနဲ႔ လည္ပင္းအား ဓားသြားနဲ႔ အၾကိမ္ၾကိမ္ ပြတ္သပ္ေနရင္း ျပံဳးေနသည္။

လွ်ိဳယြီသည္ သူ႔လက္ထဲကို အိတ္ေဆာင္ဓား ေရာက္လာကတည္းက ၾကိဳးကိုျဖတ္ဖို႔ ၾကိဳးစားေနတာပင္။ သို႔ေသာ္လည္း ယန္ေျမာင္က အလြန္သတိၾကီးသည့္ အမ်ိဳးသမီး တစ္ေယာက္ျဖစ္သည္။ သူ႔လွုပ္ရွားမွုကို အရမ္းၾကီး သိသိသာသာ မလွဳပ္ရွားရဲေပ။ ဒါတင္မကပဲ သူ႔ဓားသည္လည္း အလြန္ေသးငယ္ျပီး အလြန္တံုးေနသည္။

၎သည္ အစြန္းမရွိသည့္ ဓားမ်ိဳးျဖစ္သည္။ ဒါသည္ ခက္ခဲတဲ့ တာဝန္တစ္ခုပင္။ ယန္ေျမာင္က ခုန္းဝန္မပါပဲ မီးဖိုေခ်ာင္ထဲ ဝင္သြားတာကို ျမင္တဲ့အခါမွာ ဒါက ျပီးျပည့္စံုတဲ့ အခြင့္အေရး တစ္ခုဆိုတာကို လွ်ိဳယြီ သိလုိက္သည္။ သူက အေၾကာမ်ား ေထာင္ထလာတဲ့အထိ ပင္ပင္ပန္းပန္း ၾကိဳးစားေတာ့၏။ သို႔ဆုိရင္ေတာင္ အိတ္ေဆာင္ဓားကေတာ့ အလြန္အားနည္းေနဆဲသာ။ ယန္ေျမာင္ ျပန္ေရာက္လာတဲ့အထိ ထိုတာဝန္ကို ျပီးေျမာက္ေအာင္ မလုပ္နုိင္ခဲ့။

ၾကိဳးမ်ားကို ေနာက္ဆံုး ျဖတ္ေတာက္နုိင္သြားတဲ့ အခ်ိန္မွာေတာ့ ယန္ေျမာင္က ခုန္းဝန္ဆီ ျပန္ေရာက္သြားေလျပီ။ လွ်ိဳယြီက ေဒါသတၾကီးနဲ႔ အံကိုတင္းတင္း ၾကိတ္ထားေသာ္လည္း ထုတ္ေဖာ္ျပီးေတာ့ မျပဝံေပ။ ကံေကာင္းေထာက္မစြာနဲ႔ သူအခု လြတ္သြားျပီျဖစ္သည္။ ၾကိဳးမ်ားကို ဆက္လက္ျပီး တင္းတင္း ဆုပ္ထားေသာေၾကာင့္သာ ၾကိဳးက ေလ်ာ့ရဲက်လာျခင္း မရွိျခင္းျဖစ္သည္။ ေနာက္ထပ္ အခြင့္အေရး တစ္ခု ထပ္ေပၚလာဖို႔သာ ေစာင့္ေနရံုရွိသည္။

"အစ္ကိုၾကီး, နင္ ငွားထားတဲ့လူကိုလည္း ၾကည့္ပါဦး" ယန္ေျမာင္က လွ်ိဳယြီရဲ႔ မ်က္နွာက ေခ်ြးပါးပါးကို ျမင္ေသာအခါ ေလွာင္ေျပာင္ျပီး ရယ္ေမာလာသည္။

"လူအိုၾကီးေတာင္ ဘာမွ မတံု႔ျပန္ေသးဘူး နင့္လူကေတာ့ ေခ်ြးေအးေတြ ထြက္ေနျပီ။ ဒီလို ပံုစံမ်ိဳးနဲ႔ ဘယ္လိုလုပ္ ယံုၾကည္လို႔ ရမွာလဲ?"

ယန္ခ်ံဳးက လွ်ိဳယြီကို လွည့္ၾကည့္လုိက္သည္။ သူတို႔က ေဘးခ်င္းယွဥ္ ထိုင္ေနတာ ျဖစ္ေသာ္လည္း ယန္ခ်ံဳးရဲ႔ ထိုင္ခံုက အနည္းငယ္ ေဝးကြာေနသည္။ သူ႔ေထာင့္ကေန ၾကည့္မယ္ဆိုရင္ လွ်ိဳယြီရဲ႔ လက္မ်ားက ျပတ္ေနသည့္ ၾကိဳးအား ေလ်ာ့က်မွာ စိုးလို႔ တင္းတင္း ဆုပ္ကိုင္ထားသည္ကို ျမင္ေနရ၏။ ထိုလက္သီးဆုပ္မ်ားၾကားထဲမွာေတာ့ ေသးငယ္ျပီး ေသးငယ္ၿပီး အႏုစိတ္ေသာ အ႐ုပ္ဓားတစ္ခုရွိေနသည္။ ဓားနဲ႔ ႀကိဳးစြန္းမွာ ေသြးေတြပင္ စြန္းထင္းေနတာပင္။ တစ္ဖက္လူက အရွိန္ျပင္းျပင္းနဲ႔ သူ႔လက္ေကာက္ဝတ္ေတြကိုပါ နာက်င္ေစခဲ့ပံု ေပၚသည္။

ယန္ခ်ံဳးက ယန္ေျမာင္ဘက္ ျပန္လွည့္လုိက္ျပီး တည္ျငိမ္စြာ ျပန္ေျဖသည္။

"အနည္းဆံုးေတာ့ သူကမွ ေက်းဇူးတရားကို သိေသးတယ္။ ငါ့အတြက္ အလုပ္လုပ္ေပးတဲ့ အခ်ိန္မွာ ဘယ္တုန္းကမွ အမွားမလုပ္ခဲ့ဘူး"

ယန္ေျမာင္ရဲ႔ နွုတ္ခမ္းဆီမွ ရယ္သံတစ္ခု ထြက္ေပၚလာသည္။

"အဲ့ဒါက သူ႔ကို ေငြေပးထားလို႔ေလ။ အကယ္၍သာ ေငြမေပးထား ၾကည့္ပါလား သူက နင့္စကားကို နားေထာင္ပါဦးမလား?"

ယန္ခ်ံဳးက ခုန္းဝန္ရဲ႔ လည္ပင္းမွာ ထပ္မံေထာက္ထားသည့္ ဓားသြားအား တစ္ခ်က္ၾကည့္လုိက္ျပီး ေမွာင္မုိက္စြာ ဆက္ေျပာလာသည္။

"အေဖက မင္းေမြးလာကတည္းက ပ်ိဳးေထာင္လာခဲ့တာ။ သူက မင္းကို ပိုက္ဆံတင္ ေပးတာ မဟုတ္ဘူး လူသားတစ္ေယာက္ရဲ႔ အေျခခံ က်င့္ဝတ္ေတြကိုလည္း သင္ၾကားေပးခဲ့ေသးတယ္။ မင္းလိုခ်င္တဲ့ ဘယ္အရာကိုမဆို သူလုပ္နုိင္တဲ့အတိုင္းအတာထဲမွာ ရွိေနသ၍ လုပ္ေပးခဲ့တာခ်ည္းပဲ။ မင္းဒုကၡေရာက္တဲ့ အခါဆိုလည္း မင္းလုပ္ထားတဲ့ အရွဳပ္ေတြကို ရွင္းလင္းေပးတယ္။ ငါကေတာ့ မင္းသူ႔အေပၚ နာခံမွု ရွိတာ တစ္ခါမွ မျမင္ဖူးပါဘူး။ အဲ့ဒီအစား မင္းက ေက်ြးတဲ့လက္ကိုပဲ ျပန္ကိုက္ခဲ့တယ္ေလ။ အကယ္၍သာ သူေျပာတဲ့ စကားေတြက မင္းနွလံုးသားထဲ တစ္လံုးေလာက္ ဝင္ခဲ့ရင္ေတာင္ ဒီေလာက္ ဆိုးဆိုးဝါးဝါး ပ်က္စီးသြားခဲ့မွာ မဟုတ္ဘူး"

"သူက ငါ့အေဖေလ" ယန္ေျမာင္က ေအးစက္စက္ရယ္သည္။

"နင္က ငါ့အစ္ကို။ ငါ့အတြက္ အဲ့ဒါေတြ လုပ္ေပးရမွာ နင္တုိ႔တာဝန္ပဲ မဟုတ္ဘူးလား? အကယ္၍ ငါ့ကို မပ်ိဳးေထာင္ခ်င္ဘူးဆိုရင္ ငါ့အေပၚ မေကာင္းေပးခ်င္ဘူးဆိုရင္ မေမြးခဲ့နဲ႔ေလ"

"ကေလးတစ္ေယာက္ကို အရင္မျပဳစုၾကည့္ဘဲနဲ႔ မိဘေတြအေပၚကို တန္ဖိုးထားဖို႔ ဘယ္ေတာ့မွ ေတြးမိမွာ မဟုတ္ဘူးလို႔ လူေတြက ေျပာၾကတယ္" ယန္ခ်ံဳးက ျပန္ေျပာလာသည္။

"မင္းကေတာ့ သားသမီးေတြ ေမြးထားတာေတာင္ မိဘအေပၚ တန္ဖိုးမထားတတ္ေသးဘူး။ ရင္းရင္းနဲ႔ ဟဲရုန္ကိုေရာ အေဖက မင္းကို ဆက္ဆံသလိုမ်ိဳး ဆက္ဆံခဲ့လို႔လား? သူတို႔ကို ေမြးျပီးတာနဲ႔ နို႔ထိန္းဆီပဲ ပစ္ထုတ္ေပးလိုက္တာ မဟုတ္ဘူးလား။ မင္းေပ်ာ္တဲ့ အခ်ိန္ဆိုရင္ သူတို႔ကို မိနစ္ပိုင္းေလာက္ ခ်ီထားတယ္။ အကယ္၍ မင္းစိတ္ဆိုးေနရင္ေတာ့ သူတို႔ကို တစ္ဖက္ပစ္ထုတ္လုိက္ျပီး မင္းလုပ္ခ်င္တာေတြပဲ လုပ္ေနတာပဲ။ ကေလးနွစ္ေယာက္ရဲ႔ တည္ရွိမွုက မင္းရဲ႔ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြ အေပၚကို သက္ေ၇ာက္မွဳ မရွိခဲ့ဘူး။ နင့္အတြက္ေတာ့ သူတို႔က အရုပ္သစ္ေလး နွစ္ရုပ္လုိပဲ မဟုတ္ဘူးလား? မင္း သူတို႔ကို ေမြးထားတာေလ။ သူတို႔အေပၚ ေကာင္းေကာင္း မဆက္ဆံသင့္ဘူးလား? "

"ငါတို႔ မိသားစုက ဘယ္လိုမိသားစုမ်ိဳးမို႔လဲ?" ယန္ေျမာင္က က်ယ္ေလာင္စြာ ခြန္းတုန္႔ျပန္သည္။

"ငါတို႔မွာ ကေလးထိန္းေတြနဲ႔ အေစခံေတြမွ ေအာတိုက္ေနတာ။ ကေလးကိုပါ ငါ့ဘာသာ ဂရုစိုက္ေနရဦးမွာလား? သူတို႔က ဘာမွ လိုအပ္ေနတာ မရွိဘူးေလ။ ငါကဘယ္လိုလုပ္ ဆိုးမွာလဲ?"

"ဟုတ္တယ္" ယန္ခ်ံဳးက ျပန္ေျပာသည္။

"သူတို႔ ဘာမွ မလိုအပ္ဘူး။ ဒါေပမဲ့ မင္းသူတို႔ေဘးမွာ အခ်ိန္ဘယ္ေလာက္မ်ား ကုန္ဆံုးေပးခဲ့လဲ? ဒီနွစ္ဆို ရင္းရင္းက ဆယ္နွစ္ျဖစ္ေနျပီ။ သူမ ဘယ္လိုမ်ိဳး ၾကီးျပင္းလာလဲ ဆိုတာကို မင္းဘက္က အာရံုေလးမ်ား စိုက္ေပးခဲ့ဘူးလို႔လား? မင္းရဲ႔ ကေလးဘဝကိုက်ေတာ့ ဘာလို႔ တစ္ခါေတာင္ မစဥ္းစားၾကည့္ရတာလဲ? မင္းက အေဖ့ကို တစ္ခ်ိန္လံုး တြယ္ကပ္ေနခဲ့တာပဲေလ။ သူအလုပ္သြားတဲ့ အခါဆိုရင္ မင္းက ငိုယိုျပီး ေအာ္ဟစ္တယ္။ သူ႔ရဲ႔ စာရင္းေဆာင္တာေတြကို ဖြပစ္ျပီး သူ႔ရဲ႔ စာရြက္စာတမ္းေတြ အားလံုးကို အရုပ္ေတြ ေလ်ွာက္ေရးပစ္တယ္။ အလုပ္လုပ္ေနလို႔ မင္းရုတ္တရက္ ေတာင္းဆိုလာတဲ့ ပန္းျခံကို ပို႔ေပးရမယ့္ တာဝန္ေလး ပ်က္ကြက္မိတာနဲ႔ပဲ သူအနွစ္သက္ဆံုး အျပာေရာင္နဲ႔ အျဖဴေရာင္အိုးေလးကို တမင္သက္သက္ ခြဲပစ္တယ္။ အဲ့ဒီလို အျဖစ္မ်ိဳးနဲ႔ ဆင္ဆင္တူတာေတြ မေရမတြက္နိုင္ေအာင္ ျဖစ္ခဲ့တာ။ သူမင္းကို တစ္ခါေလးေတာင္ ဆူပူခဲ့လို႔လား မင္းကို အျပစ္တင္ခဲ့ဘူးလား?အကယ္၍ အဲ့ဒီေနရာမွာသာ ရင္းရင္းျဖစ္ၾကည့္ပါလား မင္းေဒါသကို ထိန္းထားမွာ မို႔လို႔လား? အဆံုးသတ္လိုက္ရင္ေတာ့ မင္းက တစ္ကိုယ္ေကာင္းဆန္ျပီး အူတိုင္ထိ ပုတ္သိုးေနတဲ့ နွလံုးသား ေအးစက္သူ တစ္ေယာက္ျဖစ္ေနတာပါပဲ။ တစ္ျခားသူေတြအေပၚ ဆက္ဆံတာနဲ႔မင္းအေပၚ ဆက္ဆံရမွာနဲ႔ ပတ္သတ္လာရင္ စံနွုန္းနွစ္ခုကို ကိုင္ဆြဲထားတာ။ လူတိုင္းကို မင္းဘယ္လို ဆက္ဆံလဲ ဆိုတာက အေရးမၾကီးဘူး ဒါေပမဲ့ တစ္ဖက္လူက မင္းအေပၚ ဘယ္လိုပဲ ေကာင္းေပးခဲ့ပါေစ မင္းျဖစ္ခ်င္တာကို တစ္ေခါက္ေလးေလာက္ မလိုက္ေလ်ာေပးလိုက္တာနဲ႔ သူတို႔ကို ထာဝရ မုန္းသြားေတာ့တာပဲ။ မင္းကမွ ဘယ္ေတာ့မွ ယဥ္ပါးေအာင္ လုပ္လို႔မရတဲ့ မ်က္ခံုးျဖဴဝံပုေလြရဲ႔ သက္ရွိဥပမာပဲ။ လူတိုင္းက မင္းကို ျပစ္မွားထားသလိုမ်ိဳး လာမေျပာနဲ႔။ မင္းအခု ဒီလိုျဖစ္ေနတာ မင္းရဲ႔ ကိုယ္တိုင္ လုပ္ရပ္ေတြေၾကာင္ပဲ။ အဲ့ဒါမ်ား အေဖ့အေပၚ အျငွိုးထားေနစရာ ဘာအခြင့္အေရးရွိလဲ?"

=================

Continue Reading

You'll Also Like

1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
567K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
80.1K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...