(Completed) Reborn as a good...

By Xiao_Yiii

1.9M 298K 9K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《206》

5.6K 1K 43
By Xiao_Yiii

Unicode

အခန်း(၂၀၆) - နံရံကိုတိုက်

"ဟဲယွမ် နင် လူယုတ်မာကောင်!" ယန်မြောင်က ဒေါသကြောင့် မတ်တပ်ထရပ်ဖို့ မေ့သွားကာ မြေပြင်ပေါ်မှာ ရှိနေရင်းဖြင့်ပင် စူးရှစွာ အော်ဟစ်လိုက်သည်။

"ငါတို့ ဆက်ဆံရေး တစ်ခု မစခင်တုန်းက ငါ့ကိုပြောခဲ့တဲ့ စကားတွေက တေးသံသာတစ်ခုလို ချိုမြိန်တယ် ဒါပေမဲ့ နင်က ငါ့အဆင့်အတန်း တစ်ခုတည်းကြောင့် လက်ထပ်ခဲ့တာပဲ! နင့်ကို ကလေးနှစ်ယောက် မွေးပေးခဲ့တာကို စဉ်းစားကြည့်လိုက်၊ ငါ့မိသားစုဆီ ပြန်ပြီး ငါ့အဖေကို တောင်းတောင်းပန်ပန်နဲ့ ဟဲမိသားစုကို ကူညီပေးဖို့ ပြောပေးခဲ့တာတွေကို စဉ်းစားကြည့်လိုက်စမ်း။ ငါနားလည်သွားပြီ။ လတ်စသတ်တော့ ငါ့ပေးခဲ့တဲ့ အချစ်တွေနဲ့ အင်အားစိုက်ထုတ်မှုတွေ အားလုံးက ခွေးကျွေးပစ်မိတာပဲ! ရိုင်းစိုင်းတဲ့ ခွေးတောင်မှာ နင့်ထက်ပို သာဦးမယ်! အကယ်၍ ခွေးတစ်ကောင်ကို အရိုးပေးကိုက်ရင်တောင် အနည်းဆုံးတော့ ခွေးက အမြှီးနှံ့ပြသေးတယ်။ နင်ကတော့ လုံးဝ ကျေးဇူးကန်းတဲ့ လူယုတ်မာပဲ!""

"ငါက လူယုတ်မာလား?" ဟဲယွမ်က အေးစက်စက် လှောင်ပြောင်ပြီး ရယ်သည်။

"ဒါဆို မင်းကရော ဘယ်လောက်များ ကောင်းနေလို့လဲ? မင်းရဲ့ ဆိုးဝါးတဲ့ အကျင့်စရိုက်တွေနဲ့ဆိုရင် မင်းကို ဘယ်သူမှ သဘောကျမှာ မဟုတ်ဘူး! ငါက မင်းကို ချိုချိုမြိန်မြိန်နဲ့ ချော့မော့ဖို မင်းကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားခဲ့တာ။မင်းကို နှစ်ပေါင်းများစွာ သက်တောင့်သက်သာရှိတဲ့ ဘဝတစ်ခုပေးခဲ့တဲ့ ငါ့လုပ်ရပ်တွေနဲ့တင် မင်းကို ပြန်ဆပ်ဖို့ လုံလောက်တယ်!။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းအဖေနဲ့ အစ်ကိုတွေကိုတော့ ငါတကယ်လေးစားတယ် သိလား။ သူတို့က မင်းကို အခုမှသာ စွန့်ပစ်ခဲ့တာ။ ငါသာ ဆိုရင်တော့ မင်းလို သမီးတစ်ယောက်ရှိရင် အိမ်သာအိုးထဲကို တည့်တည့်ပစ်ပြီး ရေနှစ်သတ်ပစ်လိုက်မှာ!""

ယန်မြောင်က ထိုလူရဲ့ ခြေရင်းသို့ တွားသွားလိုက်ပြီး ထိုလူ့ဆီ ခုန်ဝင်သွားကာ တိုက်ခိုက်ရန်အတွက် လက်များကို ဆန့်တန်းလိုက်သည်။

"နင်ကများ ငါ့အဖေကို ထုတ်ပြောရဲသေးတယ်! နင့်ရဲ့ ရည်ရွယ်ချက်တွေက အစကတည်းက ကြင်နာခဲ့တာ မဟုတ်ဘူးပဲ! အခုတော့ နင်က ငါ့ကိုတောင် ရိုက်နေပြီ။ အကယ်၍ ငါ့အဖေသာ သိသွားရင် နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး!"

ဟဲယွမ်က သူမဆီက နောက်တစ်ကြိမ် တိုက်ခိုက်ခံစရာ အကြောင်း မရှိတော့ပေ။ သူက ယန်မြောင်ရဲ့ လက်များကို ဖန်းကိုင်လိုက်ပြီး လိမ်ချိုးပစ်လိုက်သ်။ နာကျင်မှုက ကြီးမားလွန်းတာကြောင့် ယန်မြောင်က အော်ဟစ်သွားရ၏။

"ဟဲယွမ်, နင်ကြောက်စရာ ကောင်းလောက်အောင် သေလိမ့်မယ်!" သူမက အော်ဟစ်နေရင်း ပါးပြင်ပေါ် မျက်ရည်များ စီးကျလာသည်။

ဟဲယွမ်က သူမအား စားပွဲပေါ် ဖိချလိုက်သည်။

"ဘာတွေဖြစ်နေမှန်း တကယ်ပဲ မသိသေးဘူးလား? မင်းအစ်ကိုက အာဏာက နှုတ်ထွက်သွားပြီ။ ယန်အုပ်စုက ယန်ဟွေရဲ့ လက်ထဲ လုံးဝ ကျရောက်သွားပြီ။ မင်းကတော့ ကိုယ့်ယောက်မကို နှစ်ပေါင်းများစွာ ရူးကြောင်ကြောင်နဲ့ နှိပ်ကွပ်ခဲ့တာတောင် အမြဲတမ်း ဂုဏ်ယူနေခဲ့သေးတယ်။ သူမက ယန်ဟွေရဲ့ အမေဆိုတာကို ဘာလို့များ မစဉ်းစားရတာလဲ? အဲ့ဒီလူက အခုဆို မင်းကို ကြည့်တောင် မကြည့်ချင်တော့ဘူး။ မင်းရဲ့လုပ်ရပ်တွေကို သူက လက်ခံပေးမယ်များ ထင်နေတာလား?"

"သူမလုပ်ရဲပါဘူး!" ယန်မြောင်က အော်ဟစ်သည်။

"ငါက သူ့အဒေါ်!"

"ဟက်" ဟဲယွမ်က လှောင်ရယ်သည်။

"မင်းက တကယ်ပဲ အဲ့ဒါပဲ တွေးမိတာလား အဒေါ်? စီးပွားရေး လောကဆိုတာ ရက်စက်တယ်။ အဖေတောင် ရန်သူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်တာ အဒေါ်ဆိုရင်တော့ ပြောမနေနဲ့တော့! ပြီးတော့ မင်းအပေါ် ယန်ဟွေရဲ့ အမုန်းတရားက အရိုးထဲထိ ထွင်းထုပြီးနေပြီ။ အကယ်၍ သူ့ဘက်က မင်းကို ဘာမှ လုပ်မလာဘူး ဆိုရင်တောင် မင်းကံကောင်းလို့ပဲ"

"ဟဲယွမ်, လူယုတ်မာကောင်!"

ယန်မြောင်က ကျယ်လောင်စွာ ငိုကြွေးသည်။ သူမရဲ့ လက်မောင်းက အတော်လေး နာကျင်နေလေပြီ။

"နင်ငါ့ကို ဘယ်လိုလုပ် ဒီလို လုပ်ရဲရတာလဲ! ငါ့အဖေက နင့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး!"

ဟဲယွမ်က သူမကို လွှတ်ပေးလိုက်သည်။

"အခုတော့ မင်းအဖေက ဘယ်လောက် ကြီးကျယ်မြင့်မြတ်လဲ သိသွားပြီလား?" သူက ရွံရှာဟန်ဖြင့် ဆက်ပြောသည်။

"ငါက သူ့ဆီ သွားလည်ပြီး သူ့ကို စိတ်ကျေနပ်အောင် လုပ်ခိုင်းတော့ ဆေးရုံတက်ရတဲ့အထိ ဒေါသထွက်အောင် လုပ်ပစ်လိုက်တယ်။ သူ့ဆီသွားပြီး တောင်းပန်ပါလို့ ပြောတော့လည်း အချိန်တိုင်း ငြင်းတယ်။ အခုမှ ကြောက်ရကောင်းမှန်း သိတယ်ပေါ့? အရမ်းနောက်ကျသွားပြီ! မင်းအစ်ကိုက သူ့ရဲ့ အငြိမ်းစားယူမှုကို ကြေညာလိုက်ပြီး မင်းအဖေကလည်း မငြင်းဆန်ဘူး။ တကယ်တော့ ယန်ဟွေအပေါ် သူ့ရဲ့ ထောက်ခံမှုကိုတောင် ဖော်ပြလိုက်သေးတယ်။ ဒါဘာကို ဆိုလိုတာလဲ ဆိုတာ မသိဘူးလား? အဓိပ္ပါယ်က သူမင်းကို ထပ်ပြီး မလိုချင်တော့ဘူး ဆိုတာပဲ! မင်းက ငတုံးလား? မင်းက တုံးတာ မဟုတ်ဘူး မင်းကိုယ်မင်း နတ်ဘုရားလို့ ထင်နေတာ!"

ယန်မြောင်က မြေပြင်ပေါ် လဲကျသွားသည်။ သူမရဲ့ လက်မောင်းများက တစ်ဆစ်ဆစ် နာကျင်နေဆဲပင်။ ဟဲယွမ်က သူမရဲ့ အော်ဟစ်မှုတွေ ရိုက်နှက်မှုတွေအား နောက်တစ်ဖန် ခံတော့မည် မဟုတ်မှန်း သိလိုက်သည်။ အကယ်၍ သူနဲ့ နောက်တစ်ခေါက် ရန်ဖက်ပြီး သတ်ရင်လည်း သူမ နိုင်ဖို့ မသေချာ။ သူနဲ့ နောက်တစ်ခေါက် ထပ်ပြီး ငြင်းခုံဖို့လည်း သူမ မဝံ့ရဲတော့။ သူမ လုပ်နိုင်သမျှက အကြိမ်ကြိမ် အဖန်ဖန် ခေါင်းခါနေခြင်းသာ။

"မဖြစ်နိုင်ဘူး!" သူမက ပြောလာသည်။

"ငါမယုံဘူး။ ငါက ငါ့အဖေရဲ့ သမီး ငါ့အစ်ကိုရဲ့ ညီမလေ။ သူတို့က ငါ့ကို မကူညီဖို့ ဘာအခွင့်အရေး ရှိလို့လဲ? ဘယ်လိုဖြစ်နိုင်မှာလဲ? သူတို့ ငါ့ကို ဘယ်လိုများ ဒီလို ဆက်ဆံရဲရတာလဲ? နောင်တရလိမ့်မယ်။ ငါအားလုံးကို နောင်တရအောင် လုပ်ပစ်မယ်!"

"မင်းကိုယ်မင်းတကယ်ပဲ နတ်ဘုရားလို့ ထင်နေတာလား?" ဟဲယွမ်က လှောင်ပြန်သည်။

"ဘာက အမှန်လဲ? ဒီလောကမှာ ဘယ်သူကမှ တခြားသူအပေါ် အမြဲတမ်း စေတနာထားနေဖို့ တာဝန်မရှိဘူး။ အဲ့ဒီလူက ဆန္ဒရှိလား မရှိဘူးလား ဆိုတာပေါ်ပဲ မူတည်တာ။မင်းအဖေက မင်းကို ဒီလောကထဲကို ခေါ်လာခဲ့တာ။ သူက မင်းအပေါ် ဘာအကြွေးမှ မတင်နေဘူး။ မင်းက သူ့ကို ဒေါသထွက်ပြီး အသက်ပါလုနီးပါး ဖြစ်အောင် လုပ်ခဲ့ပေမယ့် သူ့ဆီတော့ တစ်ခါလေးတောင် သွားမလည်ခဲ့ဘူး။ မင်းကို ကူညီဖို့ ရပ်လိုက်တာလေးပဲ လုပ်လိုက်တာကတင် အတော်လေး ကြင်နာနေပြီ။ အကယ်၍ ငါသာဆိုရင် ဟိုးတုန်းကတည်းက မင်း သေသေရှင်ရှင် ဂရုစိုက်မနေတော့ဘူး! မိသားစုကြီး သုံးခုက ဘာလို့ ရပ်ပစ်လိုက်ကြတာလဲ သိရဲ့လား? အဲ့ဒါ မင်းအဖေ ဆေးရုံတက်လိုက်ရလို့ကွ။ ပိုင်ရိဟန်က အရမ်း အပြစ်ရှိသလို ခံစားရလို့ သူ့မိသားစုနဲ့ မုကျင်းယွမ်ကို တောင်းပန်ပေးခဲ့တာ။ အဲ့ဒါကြောင့်လည်း သူတို့ ငါ့ကို လွှတ်ပေးလိုက်ကြတာပေါ့။ မင်းအဖေက မင်းကို ဒီတစ်ခေါက် နောက်ဆုံး ကူညီလိုက်တာပဲ"

ပိုင်ရိဟန်ရဲ့ နာမည်ကို ကြားသောအခါ ယန်မြောင်က ကျယ်လောင်သည့် အသံဖြင့် ကမန်းကတန်း ထပြောသည်။

"ဟုတ်တယ်, ဒီဖြစ်ရပ်တစ်ခုလုံးက ပိုင်ရိဟန်ကြောင့် အစပြုလာခဲ့တာ။ သူက ငါ့ကို တိုက်ခိုက်ဖို့ မိသားစုကြီး သုံးခုလုံးကို တွန်းအားပေးလိုက်တာပဲ။ ဘာလို့ နင်တို့အားလုံး သူ့ကို မမုန်းကြတာလဲ? ဘာလို့ ငါ့ကိုပဲ အပြစ်တင်ကြတာလဲ? သူ့ဆီက ကြင်နာတဲ့ စကားလေး တစ်ခွန်းနှစ်ခွန်းလောက်အတွက်နဲ့ သူက နင်တို့ရဲ့ ကယ်တင်ရှင်ဖြစ်သွားတာလား? ဟဲယွမ်, နင်က တော်တော်လေး ရယ်စရာကောင်းတာပဲ!"

"ငါ မင်းကို တကယ် ဘာမှမတတ်နိုင်တော့ဘူး" ဟဲယွမ်က စကားဆက်သည်။

"မင်းက မင်းကိုယ်မင်း ဘယ်မှ ာမှားသွားမှန်းတောင်မသိဘူး။ ကိစ္စတွေ ဘာလို့ အခုအခြေအနေထိ ဖြစ်လာလဲ ဆိုတာကိုတောင် မင်းမသိဘူး။ ယန်မြောင်, ငါမင်းကို သတိပေးလိုက်မယ်။ အိမ်ကို လိမ်လိမ်မာမာနဲ့ ပြန်သွားတာ အကောင်းဆုံးပဲနော်။ မဒမ်ဟဲ အနေနဲ့ ကောင်းကောင်းနေပြီး နောက်တစ်ခေါက် ပြဿနာရှာပြီး ငါ့ကို အရှက်ရအောင် မလုပ်နဲ့။ မင်းအမှားကို ဝန်ခံချင်တာ ဝန်မခံချင်တာက မင်းအပေါ်ပဲ မူတည်ပေမယ့် သိရမှာက ယန်မိသားစု မင်းကို ထပ်ပြီး ဂရုမစိုက်တော့ဘူး ဆိုတာပဲ။ မင်းက အခု ခွန်အားကြီးပြီး မြင့်မြတ်မော်ကြွားရတဲ့ တတိယသခင်မလေးယန် မဟုတ်တော့ဘူး။ မင်းရဲ့ ပုတ်သိုးနေတဲ့ ဒေါသကို ထိန်းသိမ်းပြီး နှိမ့်နှိမ့်ချချနေ။ မင်းကအခု ဟဲမိသားစုအတွက် အသုံးမဝင်တော့ရုံတင် မကဘူး မင်းက ငါဖယ်ရှားလို့ မရတဲ့ အာလူးပူတစ်လုံး ဖြစ်နေပြီ။ ငါမင်းကို ဆက်ပြီး သည်းခံနေစရာလည်း မလိုတော့ဘူး။ အကယ်၍ မင်းငါ့ကို ထပ်ပြီး စိတ်တိုအောင် လုပ်မယ်ဆိုရင် ငါ့မှာ မင်းကို ဂရုစိုက်ပေးလို့ ရတဲ့ နည်းလမ်းတွေ အများကြီးရှိသေးတယ်! အခုပြန်သွားလိုက်တော့! မင်းကို ကြည့်တာနဲ့တင် စိတ်ရှုပ်တယ်!

ယန်မြောင်က မတ်တပ်ထရပ်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်က မျက်ရည်များအား သုတ်လိုက်သည်။

"ဟဲယွမ်, နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ?" သူမက အေးစက်စက် ရယ်လိုက်၏။

"မင်းက ငါ့ကိုများ ဘယ်လိုလုပ် အမိန့်ပေးရဲနေတာလဲ။ ငါနင့်ကို ပြောလိုက်မယ် ဒီနေ့လုပ်ခဲ့သမျှ လုပ်ရပ်တွေအတွက် နောင်တရစေရမယ်!"

ထို့နောက် ယန်မြောင်က သူမရဲ့ ခေါင်းကို မြင့်မြင့်မော့ကာ ရုံးခန်းထဲမှ ထွက်သွားတော့သည်။

ရုံးခန်းအပြင်ဘက်တွင် ခိုးနားထောင်နေသော ဝန်ထမ်းများသည် ၎င်းတို့၏ ထိုင်ခုံဆီသို့ လျင်မြန်စွာ ပြန်လာပြီး အလုပ်လုပ်ချင်ယောင် ဆောင်နေကြသည်။ ဘယ်သူမှ မော့ မကြည့်ရဲကြ။

အဲ့ဒီလို ဆိုရင်တောင် ယန်မြောင်ကတော့ သူမရဲ့ နောက်ကျောကို ဓါးတွေနဲ့ ထိုးနေသလို ခံစားနေရသည်။ အားလုံးက သူမကို ရယ်မောနေတာကို ကြားလိုက်ရသလိုပင်။ သူမခေါင်းကို မြင့်မြင့်မြှောက်ထားသော်လည်း အလွန်အမင်း အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

သူမက ဘယ်လိုလုပ် အဲ့ဒီ လူယုတ်မာ ဟဲယွမ်ရဲ့ စကားကို နားထောင်ပြီး လိမ်မာငြိမ်းချမ်းတဲ့ ဇနီးတစ်ယောက်လိုမျိုး အိမ်ပြန်သွားပါ့မလဲ? သူမအဖေနဲ့ အစ်ကိုက သူမကို စွန့်ပစ်စရာ ဘာအကြောင်းမှ မရှိဘူး

ဟဲယွမ်သည် ထွက်သွားသည့် ယန်မြောင်ရဲ့ နောက်ကျောအား မျက်လုံးများ မှေးကျဉ်း၍ စူးစိုက်ကြည့်နေသည်။ ဒီမိန်းမက လိမ်လိမ်မာမာနဲ့ အိမ်ပြန်သွားမှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ သူမက သေချာပေါက် ယန်မိသားစုဆီ ပြန်ပြီး ဖြေရှင်းချက် သွားတောင်းမှာပဲ။ အဲ့ဒါလည်း ကောင်းပါတယ်။ အဲ့ဒါဆို သူမရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်း ဆုံးရှုံးသွားတာပေါ့။ အဲ့ဒါက သူမကို ရိုကျိုးသွားစေလိမ့်မယ်။

ယန်မြောင်ရေ ယန်မြောင်ရဲ့ ဒီနှစ်တွေအတွင်း မင်းငါ့ကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်ပြီး ချုပ်ကိုင်ခဲ့တာ။ အခုတော့ ငါခံစားခဲ့ရသမျှ အရှက်ခွဲခံရမှုတွေ အားလုံးကို တန်ပြန်ခံစားစေမယ့် အချိန်ရောက်ပြီ။ အချိန်ကောင်းလေးတွေက အနီးအနားမှာပါပဲ။ စိတ်မပူနဲ့

ယန်မြောင်က သူမကိုယ်သူမ သပ်ရပ်အောင် ပြင်ဆင်ပြီး နီရဲနေသည့် မျက်နှာအား ပေါင်ဒါများဖြင့် ဖုံးအုပ်လိုက်သည်။ ဒီလို အရှက်ကွဲစရာ အခြေအနေကို သူမရဲ့ အဖေအရင်းကိုတောင် မြင်ခွင့် မပေးနိုင်ဘူး။

သူမက ယန်မိသားစုအိမ်ကို မောင်းသွားပေမယ့်လည်း ဂိတ်ပေါက်ဝမှာ တားမြစ်ခံလိုက်ရသည်။ သူမက အိမ်တော်ထဲတောင် ဝင်ခွင့် မရလိုက်။ တာဝန်ကျ အစောင့်များက သူမအား မိသားစုအမိန့်အရ လုပ်ရတာ ဖြစ်ကြောင်းကိုသာ တူညီစွာ ပြောနေကြသည်။ သူ့အလုပ်ရှင်ရဲ့ ကြိုတင် ခွင့်ပြုချက် အမိန့်မရပဲ သူမကို ဝင်ခွင့်မပေးနိင်ပါဘူးဟု။

သို့သော်လည်း အစောင့်ဖြစ်သူက ပင်မအိမ်တော်ကို ခဏတာ ဖုန်းခေါ်ပြီးနောက်မှာတော့ အမိန့်သည် အမှန်တကယ်ကို လူကြီးမင်းယန် ကိုယ်တိုင်ထံမှ လာခြင်းဖြစ်ကြောင်း ပြောလာခဲ့သည်။ ယန်မြောင်က အခု အရွယ်ရောက်နေပြီဖြစ်ပြီး သူကတော့ အသက်ကြီးနေတဲ့ လူအိုကြီးတစ်ယောက်သာ ဖြစ်ကြောင်း ပြောလာခဲ့သည်လေ။ အနာဂတ်မှာ သူမကို အများကြီး မကူညီနိုင်တော့တာကြောင့် အိမ်ပြန်ပြီးတော့သာ ကိုယ့်ဘာသာ ဂရုစိုက်ပါဟု ပြောလာခဲ့သည်ပင်။

ယန်မြောင်က မယုံကြည်နိုင်ဘူး။ သူမက အတန်ကြာသည်အထိ ဂိတ်ပေါက်ဝမှာ ဝုန်းဒိုင်းကြဲနေသည်။ သူမကို အကြည့်တစ်ချက်တောင် မပေးရဲခဲ့တဲ့ အစောင့်တွေက သူမကို ရပ်တန့်အောင် တားမြစ်မယ့် သတ္တိရှိနေမယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ သူမက ဒေါသတကြီးနဲ့ ဆူပွက်နေပေမယ့်လည်း အရင်က သူမဘက်က တစ်ခါလေးတောင် လှည့်မကြည့်ခဲ့ဘူးတဲ့ ထိုလူတွေက လာဘ်ထိုးလို့လည်း မရသလို ခြိမ်းခြောက်လို့လည်း မရနိုင်ဖြစ်နေသည်။ အဲ့ဒီလူတွေက လုံးဝကို ဂရုမစိုက်တာ။

ယန်မြောင်က ဒေါသတကြီးနဲ့ ယန်အုပ်စုရဲ့ ရုံခန်းဆီ ကမူးရှုးထိုး ပြေးသွားပေမယ့်လည်း တံခါးဝမှာတင် တားမြစ်ခံရပြန်သည်။ ယန်ဟွေက သူမအား သူ့အမိန့်မရပဲ အဆောက်အဦးထဲ ခြေတစ်လှမ်းတောင် ဝင်ခွင့်မပေးရန် အမိန့်ထုတ်ထားသည်လေ။ ယန်မြောင်သည် ယန်ဟွေက သူမကို ဂရုမစိုက်ဘူးဆိုတာ သိလိုက်ပြီး အနာဂတ်မှာ ယန်ဟွေနဲ့ သူမရဲ့ ဆက်ဆံရေးကို တိုးတက်အောင် လုပ်ရမယ်ဆိုတာ နားလည်လိုက်သည်။

တကယ်တော့လည်း အတိတ်က ဘုရင်ခံက လက်ရှိဘုရင်ခံလောက် အစွမ်းမထက်ဘူးလေ။ သူမက ဒေါသများကို ဖိနှိပ်လိုက်ပြီး ယန်ဟွေဆီသို့ သူမရောက်ရှိလာကြောင်း သတင်းပို့နိုင်ရန် စောင့်ဆိုင်းနေလိုက်၏။ သူမကို အံ့အားသင့်သွားစေတာကတော့ ယန်ဟွေက - ဟင့်အင်း ဆိုတဲ့ စကားတစ်ခွန်းတည်းသာ တုန့်ပြန်လာခဲ့တယ်

ယန်မြောင်က ဧည့်ကြိုရဲ့ တုန့်ပြန်မှုကိုကြားတဲ့အခါမှာ ဒီရက်အတွင်း သူမ ရိုက်မိနေသည့် နံရံများနဲ့ ပေါင်းစပ်လိုက်တော့ ဟဲယွမ်ပြောတာ အမှန်တွေ ဆိုတာ သူမနောက်ဆုံးတော့ နားလည်သွားသည်။ ယန်မိသားစုက သူမကို တကယ်ပဲ စွန့်ပစ်လိုက်ပြီ။

ယန်မြောင်က ခေါင်းငုံ့ထားတဲ့ ဧည့်ကြိုနဲ့ သူမကို မကြည့်ပဲ အာရုံစိုက်နေကြသည့် ဧည့်ခန်းမှ တစ်ခြားသူများအား တစ်ချက်ကြည့်လိုက်သည်။ လုံခြုံရေး အစောင့်ကတောင် သူမကို မျက်လုံးထောင့်ကနေ အထက်အောင် ကြည့်နေခဲ့၏။

ယန်မြောင်သည် သူမရဲ့ ဂုဏ်သိက္ခာ၊ သူမရဲ့ မျက်နှာက အပိုင်းပိုင်း ခွာထုတ်ခံရပြီး နေရာအနှံ့ သွေးများ ရွှဲနေသလိုမျိုး ခံစားလိုက်ရသည်။ ဒေါသတကြီး အော်ဟစ်ချင်ပေမယ့်လည်း သူမကအခု ကာကွယ်မှု ခံရတဲ့ ယန်မိသားစု တတိယသခင်မလေး မဟုတ်တော့ဘူးလေ။ ဟဲယွမ်တောင်မှ သူမကို မထီမဲ့မြင်ပြုနေပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အခုဆို သူမက သာမာန် အမျိုးသမီး တစ်ယောက်သာ။ သူမက ဘယ်သူ့ကိုများ ဘာများ လုပ်နိုင်တော့မှာလဲ?

ယန်မြောင် လုပ်နိုင်သမျှက တတ်နိုင်သမျှ ခေါင်းကို မြင့်မြင့်ထားကာ လူအုပ်ကြီး၏ အကြည့်အောက်မှာပဲ အဆောက်အဦးမှ ထွက်လာခဲ့ခြင်းပင်။ သူမရဲ့ ပါးပြင်များက ပူလောင်နေပြီး အမြဲတမ်း အထင်သေးနေခဲ့တဲ့ ဘယ်သူမှ မဟုတ်တဲ့သူများရဲ့ မျက်လုံးအကြည့်များက သူမရဲ့ နောက်ကျောကို ထိုးဖောက်နေကြသည်။ ထိုအခိုက်အတန့်တွင် သူမသည် ကမ္ဘာပေါ်ရှိလူတိုင်း မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသလို ခံစားရသည်။ လူတိုင်းက သူမကို ရယ်မောနေကြသည်။ လူတိုင်းက သူမရဲ့ နာကျင်ခံစားရမှုကို ပျော်ရွှင်နေကြသည်။

ယန်မြောင်ရဲ့ ဘဝမှာ ဒီလို အရှက်ကွဲမျိုး မကြုံတွေ့ဖူးခဲ့။ သူမရဲ့ မာနာကြီးတဲ့ ပုံသဏ္ဍာန်ရဲ့ အရိပ်ထဲမှာ နှလုံးသားအတွင်းပိုင်းက နက်ရှိုင်းတဲ့ အမုန်းတရားများ ဖြစ်ပေါ်လာသည်။

အဲ့ဒါက ဟဲယွမ်၊ ပိုင်မိသားစု၊ ချန်မိသားစုနဲ့ မုမိသားစုတွေကို တိုက်ရိုက်ရည်ညွှန်းနေတယ်။ အများဆုံးကတော့ သူမရဲ့ အဖေနဲ့ အစ်ကိုကို မုန်းတီးတာပဲ။ သူတို့က သူမကို ချစ်တယ်လို့ အမြဲပြောနေကြပေမယ့် အခုတော့ သတိပေးချက် မရှိပဲ စွန့်ပစ်လိုက်ကြပြီး လက်ရှိအခြေအနေမှာ ချန်ထားရစ်ခဲ့တယ်။

သူတို့အားလုံးကို သူမ မုန်းတယ်။ လူတိုင်း ဒီအတွက် တန်ဖိုးပေးချေစေရမယ်လို့ သူမ ကျိန်ဆိုတယ်!

ယန်မြောင်သည် လက်ရှိ သူမ ခံစားခဲ့ရသည့်အရာသည် သူမ ခံနိုင်ရည် အရှိဆုံး ဖြစ်ရပ်ဟု ထင်ခဲ့သည်။ သူမကို ရူးသွပ်သွားစေလောက်သည်အထိ ဖြစ်စေနိုင်လောက်တဲ့ သူမကို စောင့်မျှော်နေတဲ့ ဒီထက်ဆိုးတဲ့ အရာတစ်ခု ရှိလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိ။ ယန်အုပ်စုရဲ့ ရုံးကထွက်လာပြီးတဲ့ အချိန်မှာ သူမအတွက် အိမ်ကလွဲလို့ သွားစရာနေရာ မရှိတော့ဘူး။ အိမ်တော်ကြီး တစ်ခုလုံးမှာ သူမကို ကျားတစ်ကောင်လို ကြည့်နေကြတဲ့ လက်တစ်ဆုပ်စာ အစေခံလေးတွေကလွဲလို့ ရှင်းလင်းနေခဲ့တယ်။

သူမက ပေါက်ကွဲထွက်မတတ် အခြေအနေကို ရောက်နေခဲ့ပြီးပြီလေ။ အစေခံတွေရဲ့ အကြည့်က သူမကို ဆက်ပြီး သည်းမခံနိုင် ဖြစ်သွားစေတယ်။ ယန်မြောင်က အစေခံတွေကို အော်ဟစ်ဆဲဆိုပြီး လက်လှမ်းမှီရာနဲ့ အကုန်ကောက်ပေါက်တော့တာပဲ။ ယန်မြောင်တစ်ယောက် ရူးသွပ်သွားပြီလို့ ထင်မိတာကြောင့် အိမ်စေလေးများကလည်း အော်ဟစ် ထွက်ပြေးကြတော့သည်။

ယန်မြောင်က သူတို့နောက်က ပြေးလိုက်သွားပြီး တံခါးကို ဝုန်းခနဲမြည်အောင် ပိတ်ပစ်လိုက်သည်။ နောက်ဆုံးတော့ အိမ်ထဲမှာ သူမ တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။ ကြမ်းခင်းပေါ်မှာ ထိုင်ချရင်းဖြင့် မငိုပဲ မနေနိုင်တော့ပေ။

သူမက သည်းသည်းထန်ထန် ရှိုက်ငိုတယ်။ ငိုနေရင်းနဲ့ ဒေါသထွက်တယ်။ သူမရဲ့ အဖေနဲ့ အစ်ကိုတို့ရဲ့ အေးစက်တဲ့ နှလုံးသားအတွက် ဒေါသထွက်တယ်။ ယန်ဟွေက အရမ်းလွန်လွန်းလို့ ဒေါသထွက်တယ်။ ခုန်းဝန်ရဲ့ ဆိုးယုတ်မှုတွေအတွက် ဒေါသထွက်တယ်။ တောင်ပို့ အသေးလေးကို တောင်ကြီးတစ်လုံးထိ ဖြစ်အောင်လုပ်ပစ်တဲ့ မုကျင်းယွမ်ကို ဒေါသထွက်တယ်။ ဟဲယွမ်ရဲ့ သားရဲသဘာဝကြောင့် ဒေါသထွက်တယ်

ငိုယို အမျက်ထွက်ပြီးလို့ ဗိုက်ဆာလာပေမယ့်လည်း သူမက အစေခံလေးတွေ အကုန်လုံးကို မောင်းထုတ်ပစ်လိုက်ပြီလေ။ သူမ မကြည့်လိုက်တဲ့ အချိန်မှာ သူမဘေးနားက လူတွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီ။ သူမအတွက် ဘယ်သူက ထမင်း ပြင်ပေးမှာလဲ? အိမ်မှာ ဟင်းသီးဟင်းရွက်တွေ အသားတွေ အများကြီး ရှိနေပေမယ့်လည်း သူမက တတိယသခင်မလေး ယန်ဖြစ်နေတာနဲ့တော့ အလိုအလျောက် စားရန်အသင့် ပြောင်းသွားမှာမှ မဟုတ်တာ။ချက်ပြုတ်ဖို့လား? ဘယ်လို ဟာသလဲ? သူမဘဝမှာ အဲ့ဒီလို နေရာမျိုးကို သွားစရာ ဘာအကြောင်းမှ မရှိဘူး။ အဆုံးမှာတော့ သူမက ဟော်တယ်ကနေပဲ takeaway မှာလိုက်တော့သည်။ သူမက အစားအသောက်များကို တစ်ကိုက်လောက် ကိုက်ဖို့ သူမကိုယ်သူမ တွန်းအားပေးပေမယ့်လည်း နောက်ဆုံးတော့ ဘေးဖက်ကိုသာ ပစ်ထုတ်မိတော့၏

ဒါက ပထမနေ့ပဲ ရှိသေးတယ်။ ဒုတိယနေ့လည်း အတူတူပဲ။ နေရာကို သန့်ရှင်းရေး လုပ်မယ့်သူမရှိတော့ သူမ ပစ်ပေါက် ဖျတ်ဆီးထားတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ အိမ်တော် တစ်ခုလုံးက ပရမ်းပတာ ရှုပ်ပွ သလောင်းလန်နေတော့တာပဲ။ သူမ ဘာသာလည်း အိမ်ကို ရှင်းလင်းဖို့ နည်းလမ်း မရှိတော့ အစေခံတွေ ပြန်လာတဲ့အထိ စောင့်ရုံပဲ ရှိတော့တယ်လေ။ ဒါပေမဲ့ သူတို့က masochists တွေမှ မဟုတ်တာ။ ဘယ်သူက ပြန်လာချင်မှာလဲ?

(masochists - နာကျင်မှုကို သာယာသောသူ)

ယန်မြောင်က သူမရဲ့ ကလေးနှစ်ယောက်ကို စဉ်းစားမိသည်။ သူတို့က ဟဲယွမ်ကို သူ့လုပ်ရပ်တွေအတွက် နောင်တရအောင် လုပ်လို့ ရနိုင်မယ့် နည်းလမ်းကောင်းပဲ။ ဒါပေမဲ့ သူတို့က အစောကတည်းက ဟဲယွမ်ရဲ့ မိဘတွေဆီကို ထွက်ပြေးသွားခဲ့ပြီ။ အရင်တုန်းက ယန်မြောင်က သူမရဲ့ ယောက်ခမတွေအပေါ် ဘာတုန်းကမှ မတွေးခဲ့ဖူးဘူး။ သူမက သူတို့ကို 'အဖေ' 'အမေ' လို့ခေါ်ပြီး နှုတ်ဆက်တာမျိုးတောင် ရှားပါးတယ်။

သူတို့ တွေ့တဲ့ အချိန်တိုင်းမှာလည်း လူအိုစုံတွဲက သူမနားမှာဆို အရမ်း သတိတကြီး ရှိနေတတ်ကြတာ။ သူမရဲ့ ကလေးတွေကို သွားရှာတဲ့ အခါမှာတော့ ဂိတ်ပေါက်ဝမှာတင် အစေခံတွေဆီက မောင်းထုတ်ခံရမယ်လို့ မထင်ခဲ့မိဘူး။ သူမက သူမရဲ့ ကလေးတွေကိုတောင် တွေ့ခွင့် မရဘူး။ သူမက အရမ်းကို ဒေါသထွက်တာကြောင့် စတင် အော်ဟစ်လာခဲ့တယ်လေ။ ဒါပေမဲ့ ဟဲမိသားစုထဲက ဘယ်သူကမှ သူမကို မမြင်ချင်ကြဘူး။ နောက်ဆုံးတော့ အော်ရတာ မောသွားပြီး သူမ လုပ်နိုင်သမျှက ထွက်သွားတာ တစ်ခုထဲပဲ။

====================
Zawgyi

အခန္း(၂၀၆) - နံရံကိုတိုက္

"ဟဲယြမ္ နင္ လူယုတ္မာေကာင္!" ယန္ေျမာင္က ေဒါသေၾကာင့္ မတ္တပ္ထရပ္ဖို႔ ေမ့သြားကာ ေျမျပင္ေပၚမွာ ရွိေနရင္းျဖင့္ပင္ စူးရွစြာ ေအာ္ဟစ္လုိက္သည္။

"ငါတို႔ ဆက္ဆံေရး တစ္ခု မစခင္တုန္းက ငါ့ကိုေျပာခဲ့တဲ့ စကားေတြက ေတးသံသာတစ္ခုလို ခ်ိဳျမိန္တယ္ ဒါေပမဲ့ နင္က ငါ့အဆင့္အတန္း တစ္ခုတည္းေၾကာင့္ လက္ထပ္ခဲ့တာပဲ! နင့္ကို ကေလးနွစ္ေယာက္ ေမြးေပးခဲ့တာကို စဥ္းစားၾကည့္လိုက္၊ ငါ့မိသားစုဆီ ျပန္ျပီး ငါ့အေဖကို ေတာင္းေတာင္းပန္ပန္နဲ႔ ဟဲမိသားစုကို ကူညီေပးဖို႔ ေျပာေပးခဲ့တာေတြကို စဥ္းစားၾကည့္လုိက္စမ္း။ ငါနားလည္သြားျပီ။ လတ္စသတ္ေတာ့ ငါ့ေပးခဲ့တဲ့ အခ်စ္ေတြနဲ႔ အင္အားစုိက္ထုတ္မွုေတြ အားလံုးက ေခြးေက်ြးပစ္မိတာပဲ! ရိုင္းစိုင္းတဲ့ ေခြးေတာင္မွာ နင့္ထက္ပို သာဦးမယ္! အကယ္၍ ေခြးတစ္ေကာင္ကို အရိုးေပးကိုက္ရင္ေတာင္ အနည္းဆံုးေတာ့ ေခြးက အျမွီးနွံ႔ျပေသးတယ္။ နင္ကေတာ့ လုံးဝ ေက်းဇူးကန္းတဲ့ လူယုတ္မာပဲ!""

"ငါက လူယုတ္မာလား?" ဟဲယြမ္က ေအးစက္စက္ ေလွာင္ေျပာင္ျပီး ရယ္သည္။

"ဒါဆို မင္းကေရာ ဘယ္ေလာက္မ်ား ေကာင္းေနလို႔လဲ? မင္းရဲ႔ ဆိုးဝါးတဲ့ အက်င့္စရိုက္ေတြနဲ႔ဆိုရင္ မင္းကို ဘယ္သူမွ သေဘာက်မွာ မဟုတ္ဘူး! ငါက မင္းကို ခ်ိဳခ်ိဳျမိန္ျမိန္နဲ႔ ေခ်ာ့ေမာ့ဖို မင္းကို ျဖည့္ဆည္းေပးဖို႔ အေကာင္းဆံုး ၾကိဳးစားခဲ့တာ။မင္းကို ႏွစ္ေပါင္းမ်ားစြာ သက္ေတာင့္သက္သာရွိတဲ့ ဘဝတစ္ခုေပးခဲ့တဲ့ ငါ့လုပ္ရပ္ေတြနဲ႔တင္ မင္းကို ျပန္ဆပ္ဖို႔ လုံေလာက္တယ္!။ ပြင့္ပြင့္လင္းလင္းေျပာရရင္ မင္းအေဖနဲ႔ အစ္ကိုေတြကိုေတာ့ ငါတကယ္ေလးစားတယ္ သိလား။ သူတို႔က မင္းကို အခုမွသာ စြန္႔ပစ္ခဲ့တာ။ ငါသာ ဆိုရင္ေတာ့ မင္းလို သမီးတစ္ေယာက္ရွိရင္ အိမ္သာအိုးထဲကို တည့္တည့္ပစ္ၿပီး ေရနွစ္သတ္ပစ္လိုက္မွာ!""

ယန္ေျမာင္က ထိုလူရဲ႔ ေျခရင္းသို႔ တြားသြားလိုက္ျပီး ထိုလူ႔ဆီ ခုန္ဝင္သြားကာ တုိက္ခိုက္ရန္အတြက္ လက္မ်ားကို ဆန္႔တန္းလုိက္သည္။

"နင္ကမ်ား ငါ့အေဖကို ထုတ္ေျပာရဲေသးတယ္! နင့္ရဲ႔ ရည္ရြယ္ခ်က္ေတြက အစကတည္းက ၾကင္နာခဲ့တာ မဟုတ္ဘူးပဲ! အခုေတာ့ နင္က ငါ့ကိုေတာင္ ရိုက္ေနျပီ။ အကယ္၍ ငါ့အေဖသာ သိသြားရင္ နင့္ကို ဘယ္ေတာ့မွ ခြင့္လႊတ္မွာ မဟုတ္ဘူး!"

ဟဲယြမ္က သူမဆီက ေနာက္တစ္ၾကိမ္ တိုက္ခိုက္ခံစရာ အေၾကာင္း မရွိေတာ့ေပ။ သူက ယန္ေျမာင္ရဲ႔ လက္မ်ားကို ဖန္းကိုင္လုိက္ျပီး လိမ္ခ်ိဳးပစ္လုိက္သ္။ နာက်င္မွုက ၾကီးမားလြန္းတာေၾကာင့္ ယန္ေျမာင္က ေအာ္ဟစ္သြားရ၏။

"ဟဲယြမ္, နင္ေၾကာက္စရာ ေကာင္းေလာက္ေအာင္ ေသလိမ့္မယ္!" သူမက ေအာ္ဟစ္ေနရင္း ပါးျပင္ေပၚ မ်က္ရည္မ်ား စီးက်လာသည္။

ဟဲယြမ္က သူမအား စားပြဲေပၚ ဖိခ်လုိက္သည္။

"ဘာေတြျဖစ္ေနမွန္း တကယ္ပဲ မသိေသးဘူးလား? မင္းအစ္ကိုက အာဏာက နွုတ္ထြက္သြားျပီ။ ယန္အုပ္စုက ယန္ေဟြရဲ႔ လက္ထဲ လံုးဝ က်ေရာက္သြားျပီ။ မင္းကေတာ့ ကိုယ့္ေယာက္မကို နွစ္ေပါင္းမ်ားစြာ ရူးေၾကာင္ေၾကာင္နဲ႔ နွိပ္ကြပ္ခဲ့တာေတာင္ အျမဲတမ္း ဂုဏ္ယူေနခဲ့ေသးတယ္။ သူမက ယန္ေဟြရဲ႔ အေမဆိုတာကို ဘာလို႔မ်ား မစဥ္းစားရတာလဲ? အဲ့ဒီလူက အခုဆို မင္းကို ၾကည့္ေတာင္ မၾကည့္ခ်င္ေတာ့ဘူး။ မင္းရဲ႔လုပ္ရပ္ေတြကို သူက လက္ခံေပးမယ္မ်ား ထင္ေနတာလား?"

"သူမလုပ္ရဲပါဘူး!" ယန္ေျမာင္က ေအာ္ဟစ္သည္။

"ငါက သူ႔အေဒၚ!"

"ဟက္" ဟဲယြမ္က ေလွာင္ရယ္သည္။

"မင္းက တကယ္ပဲ အဲ့ဒါပဲ ေတြးမိတာလား အေဒၚ? စီးပြားေရး ေလာကဆိုတာ ရက္စက္တယ္။ အေဖေတာင္ ရန္သူတစ္ေယာက္အျဖစ္ ေျပာင္းလဲနုိင္တာ အေဒၚဆိုရင္ေတာ့ ေျပာမေနနဲ႔ေတာ့! ျပီးေတာ့ မင္းအေပၚ ယန္ေဟြရဲ႔ အမုန္းတရားက အရိုးထဲထိ ထြင္းထုျပီးေနျပီ။ အကယ္၍ သူ႔ဘက္က မင္းကို ဘာမွ လုပ္မလာဘူး ဆိုရင္ေတာင္ မင္းကံေကာင္းလို႔ပဲ"

"ဟဲယြမ္, လူယုတ္မာေကာင္!"

ယန္ေျမာင္က က်ယ္ေလာင္စြာ ငိုေၾကြးသည္။ သူမရဲ႔ လက္ေမာင္းက အေတာ္ေလး နာက်င္ေနေလျပီ။

"နင္ငါ့ကို ဘယ္လိုလုပ္ ဒီလို လုပ္ရဲရတာလဲ! ငါ့အေဖက နင့္ကို ဘယ္ေတာ့မွ ခြင့္လႊတ္မွာ မဟုတ္ဘူး!"

ဟဲယြမ္က သူမကို လႊတ္ေပးလုိက္သည္။

"အခုေတာ့ မင္းအေဖက ဘယ္ေလာက္ ၾကီးက်ယ္ျမင့္ျမတ္လဲ သိသြားျပီလား?" သူက ရြံရွာဟန္ျဖင့္ ဆက္ေျပာသည္။

"ငါက သူ႔ဆီ သြားလည္ျပီး သူ႔ကို စိတ္ေက်နပ္ေအာင္ လုပ္ခုိင္းေတာ့ ေဆးရံုတက္ရတဲ့အထိ ေဒါသထြက္ေအာင္ လုပ္ပစ္လုိက္တယ္။ သူ႔ဆီသြားျပီး ေတာင္းပန္ပါလို႔ ေျပာေတာ့လည္း အခ်ိန္တိုင္း ျငင္းတယ္။ အခုမွ ေၾကာက္ရေကာင္းမွန္း သိတယ္ေပါ့? အရမ္းေနာက္က်သြားျပီ! မင္းအစ္ကိုက သူ႔ရဲ႔ အျငိမ္းစားယူမွုကို ေၾကညာလိုက္ျပီး မင္းအေဖကလည္း မျငင္းဆန္ဘူး။ တကယ္ေတာ့ ယန္ေဟြအေပၚ သူ႔ရဲ႔ ေထာက္ခံမွုကုိေတာင္ ေဖာ္ျပလိုက္ေသးတယ္။ ဒါဘာကို ဆိုလုိတာလဲ ဆိုတာ မသိဘူးလား? အဓိပၸါယ္က သူမင္းကို ထပ္ျပီး မလိုခ်င္ေတာ့ဘူး ဆိုတာပဲ! မင္းက ငတံုးလား? မင္းက တံုးတာ မဟုတ္ဘူး မင္းကိုယ္မင္း နတ္ဘုရားလို႔ ထင္ေနတာ!"

ယန္ေျမာင္က ေျမျပင္ေပၚ လဲက်သြားသည္။ သူမရဲ႔ လက္ေမာင္းမ်ားက တစ္ဆစ္ဆစ္ နာက်င္ေနဆဲပင္။ ဟဲယြမ္က သူမရဲ႔ ေအာ္ဟစ္မွဳေတြ ရိုက္နွက္မွုေတြအား ေနာက္တစ္ဖန္ ခံေတာ့မည္ မဟုတ္မွန္း သိလိုက္သည္။ အကယ္၍ သူနဲ႔ ေနာက္တစ္ေခါက္ ရန္ဖက္ျပီး သတ္ရင္လည္း သူမ နုိင္ဖို႔ မေသခ်ာ။ သူနဲ႔ ေနာက္တစ္ေခါက္ ထပ္ျပီး ျငင္းခံုဖို႔လည္း သူမ မဝံ့ရဲေတာ့။ သူမ လုပ္နုိင္သမွ်က အၾကိမ္ၾကိမ္ အဖန္ဖန္ ေခါင္းခါေနျခင္းသာ။

"မျဖစ္နုိင္ဘူး!" သူမက ေျပာလာသည္။

"ငါမယံုဘူး။ ငါက ငါ့အေဖရဲ႔ သမီး ငါ့အစ္ကိုရဲ႔ ညီမေလ။ သူတို႔က ငါ့ကို မကူညီဖို႔ ဘာအခြင့္အေရး ရွိလို႔လဲ? ဘယ္လိုျဖစ္နုိင္မွာလဲ? သူတို႔ ငါ့ကို ဘယ္လိုမ်ား ဒီလို ဆက္ဆံရဲရတာလဲ? ေနာင္တရလိမ့္မယ္။ ငါအားလံုးကို ေနာင္တရေအာင္ လုပ္ပစ္မယ္!"

"မင္းကိုယ္မင္းတကယ္ပဲ နတ္ဘုရားလို႔ ထင္ေနတာလား?" ဟဲယြမ္က ေလွာင္ျပန္သည္။

"ဘာက အမွန္လဲ? ဒီေလာကမွာ ဘယ္သူကမွ တျခားသူအေပၚ အျမဲတမ္း ေစတနာထားေနဖို႔ တာဝန္မရွိဘူး။ အဲ့ဒီလူက ဆႏၵရွိလား မရွိဘူးလား ဆုိတာေပၚပဲ မူတည္တာ။မင္းအေဖက မင္းကို ဒီေလာကထဲကို ေခၚလာခဲ့တာ။ သူက မင္းအေပၚ ဘာအေၾကြးမွ မတင္ေနဘူး။ မင္းက သူ႔ကို ေဒါသထြက္ျပီး အသက္ပါလုနီးပါး ျဖစ္ေအာင္ လုပ္ခဲ့ေပမယ့္ သူ႔ဆီေတာ့ တစ္ခါေလးေတာင္ သြားမလည္ခဲ့ဘူး။ မင္းကို ကူညီဖို႔ ရပ္လုိက္တာေလးပဲ လုပ္လုိက္တာကတင္ အေတာ္ေလး ၾကင္နာေနျပီ။ အကယ္၍ ငါသာဆိုရင္ ဟိုးတုန္းကတည္းက မင္း ေသေသရွင္ရွင္ ဂရုစိုက္မေနေတာ့ဘူး! မိသားစုၾကီး သံုးခုက ဘာလို႔ ရပ္ပစ္လုိက္ၾကတာလဲ သိရဲ႔လား? အဲ့ဒါ မင္းအေဖ ေဆးရံုတက္လိုက္ရလို႔ကြ။ ပိုင္ရိဟန္က အရမ္း အျပစ္ရွိသလို ခံစားရလို႔ သူ႔မိသားစုနဲ႔ မုက်င္းယြမ္ကို ေတာင္းပန္ေပးခဲ့တာ။ အဲ့ဒါေၾကာင့္လည္း သူတို႔ ငါ့ကို လႊတ္ေပးလိုက္ၾကတာေပါ့။ မင္းအေဖက မင္းကို ဒီတစ္ေခါက္ ေနာက္ဆံုး ကူညီလိုက္တာပဲ"

ပိုင္ရိဟန္ရဲ႔ နာမည္ကို ၾကားေသာအခါ ယန္ေျမာင္က က်ယ္ေလာင္သည့္ အသံျဖင့္ ကမန္းကတန္း ထေျပာသည္။

"ဟုတ္တယ္, ဒီျဖစ္ရပ္တစ္ခုလံုးက ပိုင္ရိဟန္ေၾကာင့္ အစျပဳလာခဲ့တာ။ သူက ငါ့ကို တိုက္ခိုက္ဖို႔ မိသားစုၾကီး သံုးခုလံုးကို တြန္းအားေပးလိုက္တာပဲ။ ဘာလို႔ နင္တို႔အားလံုး သူ႔ကို မမုန္းၾကတာလဲ? ဘာလို႔ ငါ့ကိုပဲ အျပစ္တင္ၾကတာလဲ? သူ႔ဆီက ၾကင္နာတဲ့ စကားေလး တစ္ခြန္းနွစ္ခြန္းေလာက္အတြက္နဲ႔ သူက နင္တို႔ရဲ႔ ကယ္တင္ရွင္ျဖစ္သြားတာလား? ဟဲယြမ္, နင္က ေတာ္ေတာ္ေလး ရယ္စရာေကာင္းတာပဲ!"

"ငါ မင္းကို တကယ္ ဘာမွမတတ္ႏိုင္ေတာ့ဘူး" ဟဲယြမ္က စကားဆက္သည္။

"မင္းက မင္းကိုယ္မင္း ဘယ္မွ ာမွားသြားမွန္းေတာင္မသိဘူး။ ကိစၥေတြ ဘာလို႔ အခုအေျခအေနထိ ျဖစ္လာလဲ ဆိုတာကိုေတာင္ မင္းမသိဘူး။ ယန္ေျမာင္, ငါမင္းကို သတိေပးလိုက္မယ္။ အိမ္ကို လိမ္လိမ္မာမာနဲ႔ ျပန္သြားတာ အေကာင္းဆံုးပဲေနာ္။ မဒမ္ဟဲ အေနနဲ႔ ေကာင္းေကာင္းေနျပီး ေနာက္တစ္ေခါက္ ျပႆနာရွာျပီး ငါ့ကို အရွက္ရေအာင္ မလုပ္နဲ႔။ မင္းအမွားကို ဝန္ခံခ်င္တာ ဝန္မခံခ်င္တာက မင္းအေပၚပဲ မူတည္ေပမယ့္ သိရမွာက ယန္မိသားစု မင္းကို ထပ္ျပီး ဂရုမစိုက္ေတာ့ဘူး ဆိုတာပဲ။ မင္းက အခု ခြန္အားၾကီးျပီး ျမင့္ျမတ္ေမာ္ၾကြားရတဲ့ တတိယသခင္မေလးယန္ မဟုတ္ေတာ့ဘူး။ မင္းရဲ႔ ပုတ္သိုးေနတဲ့ ေဒါသကို ထိန္းသိမ္းျပီး နွိမ့္နွိမ့္ခ်ခ်ေန။ မင္းကအခု ဟဲမိသားစုအတြက္ အသံုးမဝင္ေတာ့ရံုတင္ မကဘူး မင္းက ငါဖယ္ရွားလို႔ မရတဲ့ အာလူးပူတစ္လံုး ျဖစ္ေနျပီ။ ငါမင္းကို ဆက္ျပီး သည္းခံေနစရာလည္း မလိုေတာ့ဘူး။ အကယ္၍ မင္းငါ့ကုိ ထပ္ျပီး စိတ္တိုေအာင္ လုပ္မယ္ဆိုရင္ ငါ့မွာ မင္းကို ဂရုစိုက္ေပးလို႔ ရတဲ့ နည္းလမ္းေတြ အမ်ားၾကီးရွိေသးတယ္! အခုျပန္သြားလိုက္ေတာ့! မင္းကို ၾကည့္တာနဲ႔တင္ စိတ္ရွုပ္တယ္!

ယန္ေျမာင္က မတ္တပ္ထရပ္လုိက္ျပီး သူမရဲ႔ မ်က္နွာေပၚက မ်က္ရည္မ်ားအား သုတ္လုိက္သည္။

"ဟဲယြမ္, နင့္ကိုယ္နင္ ဘယ္သူလို႔ ထင္ေနတာလဲ?" သူမက ေအးစက္စက္ ရယ္လုိက္၏။

"မင္းက ငါ့ကိုမ်ား ဘယ္လိုလုပ္ အမိန္႔ေပးရဲေနတာလဲ။ ငါနင့္ကို ေျပာလုိက္မယ္ ဒီေန႔လုပ္ခဲ့သမွ် လုပ္ရပ္ေတြအတြက္ ေနာင္တရေစရမယ္!"

ထို႔ေနာက္ ယန္ေျမာင္က သူမရဲ႔ ေခါင္းကို ျမင့္ျမင့္ေမာ့ကာ ႐ုံးခန္းထဲမွ ထြက္သြားေတာ့သည္။

႐ုံးခန္းအျပင္ဘက္တြင္ ခိုးနားေထာင္ေနေသာ ဝန္ထမ္းမ်ားသည္ ၎တို႔၏ ထိုင္ခုံဆီသို႔ လ်င္ျမန္စြာ ျပန္လာၿပီး အလုပ္လုပ္ခ်င္ေယာင္ ေဆာင္ေနၾကသည္။ ဘယ္သူမွ ေမာ့ မၾကည့္ရဲၾက။

အဲ့ဒီလို ဆိုရင္ေတာင္ ယန္ေျမာင္ကေတာ့ သူမရဲ႔ ေနာက္ေက်ာကို ဓါးေတြနဲ႔ ထိုးေနသလို ခံစားေနရသည္။ အားလုံးက သူမကို ရယ္ေမာေနတာကို ၾကားလိုက္ရသလိုပင္။ သူမေခါင္းကို ျမင့္ျမင့္ေျမွာက္ထားေသာ္လည္း အလြန္အမင္း အရွက္ကြဲသြားသလို ခံစားလိုက္ရသည္။

သူမက ဘယ္လိုလုပ္ အဲ့ဒီ လူယုတ္မာ ဟဲယြမ္ရဲ႔ စကားကို နားေထာင္ျပီး လိမ္မာျငိမ္းခ်မ္းတဲ့ ဇနီးတစ္ေယာက္လိုမ်ိဳး အိမ္ျပန္သြားပါ့မလဲ? သူမအေဖနဲ႔ အစ္ကိုက သူမကို စြန္႔ပစ္စရာ ဘာအေၾကာင္းမွ မရွိဘူး

ဟဲယြမ္သည္ ထြက္သြားသည့္ ယန္ေျမာင္ရဲ႔ ေနာက္ေက်ာအား မ်က္လံုးမ်ား ေမွးက်ဥ္း၍ စူးစိုက္ၾကည့္ေနသည္။ ဒီမိန္းမက လိမ္လိမ္မာမာနဲ႔ အိမ္ျပန္သြားမွာ မဟုတ္ဘူးဆိုတာ သူသိတယ္။ သူမက ေသခ်ာေပါက္ ယန္မိသားစုဆီ ျပန္ျပီး ေျဖရွင္းခ်က္ သြားေတာင္းမွာပဲ။ အဲ့ဒါလည္း ေကာင္းပါတယ္။ အဲ့ဒါဆို သူမရဲ႔ ေနာက္ဆံုးေမွ်ာ္လင့္ခ်က္လည္း ဆံုးရွံဳးသြားတာေပါ့။ အဲ့ဒါက သူမကို ရိုက်ိဳးသြားေစလိမ့္မယ္။

ယန္ေျမာင္ေရ ယန္ေျမာင္ရဲ႔ ဒီနွစ္ေတြအတြင္း မင္းငါ့ကို နွစ္ေပါင္းမ်ားစြာ ျခိမ္းေျခာက္ျပီး ခ်ဳပ္ကိုင္ခဲ့တာ။ အခုေတာ့ ငါခံစားခဲ့ရသမွ် အရွက္ခြဲခံရမွုေတြ အားလံုးကို တန္ျပန္ခံစားေစမယ့္ အခ်ိန္ေရာက္ျပီ။ အခ်ိန္ေကာင္းေလးေတြက အနီးအနားမွာပါပဲ။ စိတ္မပူနဲ႔

ယန္ေျမာင္က သူမကိုယ္သူမ သပ္ရပ္ေအာင္ ျပင္ဆင္ျပီး နီရဲေနသည့္ မ်က္နွာအား ေပါင္ဒါမ်ားျဖင့္ ဖံုးအုပ္လိုက္သည္။ ဒီလို အရွက္ကြဲစရာ အေျခအေနကို သူမရဲ႔ အေဖအရင္းကိုေတာင္ ျမင္ခြင့္ မေပးနုိင္ဘူး။

သူမက ယန္မိသားစုအိမ္ကို ေမာင္းသြားေပမယ့္လည္း ဂိတ္ေပါက္ဝမွာ တားျမစ္ခံလုိက္ရသည္။ သူမက အိမ္ေတာ္ထဲေတာင္ ဝင္ခြင့္ မရလိုက္။ တာဝန္က် အေစာင့္မ်ားက သူမအား မိသားစုအမိန္႔အရ လုပ္ရတာ ျဖစ္ေၾကာင္းကိုသာ တူညီစြာ ေျပာေနၾကသည္။ သူ႔အလုပ္ရွင္ရဲ႔ ၾကိဳတင္ ခြင့္ျပဳခ်က္ အမိန္႔မရပဲ သူမကို ဝင္ခြင့္မေပးနိင္ပါဘူးဟု။

သို႔ေသာ္လည္း အေစာင့္ျဖစ္သူက ပင္မအိမ္ေတာ္ကို ခဏတာ ဖုန္းေခၚျပီးေနာက္မွာေတာ့ အမိန္႔သည္ အမွန္တကယ္ကို လူၾကီးမင္းယန္ ကိုယ္တိုင္ထံမွ လာျခင္းျဖစ္ေၾကာင္း ေျပာလာခဲ့သည္။ ယန္ေျမာင္က အခု အရြယ္ေရာက္ေနျပီျဖစ္ျပီး သူကေတာ့ အသက္ၾကီးေနတဲ့ လူအုိၾကီးတစ္ေယာက္သာ ျဖစ္ေၾကာင္း ေျပာလာခဲ့သည္ေလ။ အနာဂတ္မွာ သူမကို အမ်ားၾကီး မကူညီနုိင္ေတာ့တာေၾကာင့္ အိမ္ျပန္ျပီးေတာ့သာ ကုိယ့္ဘာသာ ဂရုစိုက္ပါဟု ေျပာလာခဲ့သည္ပင္။

ယန္ေျမာင္က မယံုၾကည္နိုင္ဘူး။ သူမက အတန္ၾကာသည္အထိ ဂိတ္ေပါက္ဝမွာ ဝုန္းဒုိင္းၾကဲေနသည္။ သူမကို အၾကည့္တစ္ခ်က္ေတာင္ မေပးရဲခဲ့တဲ့ အေစာင့္ေတြက သူမကို ရပ္တန္႔ေအာင္ တားျမစ္မယ့္ သတၱိရွိေနမယ္လို႔ တစ္ခါမွ မေတြးဖူးခဲ့ဘူး။ သူမက ေဒါသတၾကီးနဲ႔ ဆူပြက္ေနေပမယ့္လည္း အရင္က သူမဘက္က တစ္ခါေလးေတာင္ လွည့္မၾကည့္ခဲ့ဘူးတဲ့ ထိုလူေတြက လာဘ္ထိုးလို႔လည္း မရသလို ျခိမ္းေျခာက္လို႔လည္း မရနုိင္ျဖစ္ေနသည္။ အဲ့ဒီလူေတြက လံုးဝကို ဂရုမစိုက္တာ။

ယန္ေျမာင္က ေဒါသတၾကီးနဲ႔ ယန္အုပ္စုရဲ႔ ရံုခန္းဆီ ကမူးရွဳးထိုး ေျပးသြားေပမယ့္လည္း တံခါးဝမွာတင္ တားျမစ္ခံရျပန္သည္။ ယန္ေဟြက သူမအား သူ႔အမိန္႔မရပဲ အေဆာက္အဦးထဲ ေျခတစ္လွမ္းေတာင္ ဝင္ခြင့္မေပးရန္ အမိန္႔ထုတ္ထားသည္ေလ။ ယန္ေျမာင္သည္ ယန္ေဟြက သူမကို ဂရုမစိုက္ဘူးဆိုတာ သိလိုက္ျပီး အနာဂတ္မွာ ယန္ေဟြနဲ႔ သူမရဲ႔ ဆက္ဆံေရးကို တိုးတက္ေအာင္ လုပ္ရမယ္ဆိုတာ နားလည္လိုက္သည္။

တကယ္ေတာ့လည္း အတိတ္က ဘုရင္ခံက လက္ရွိဘုရင္ခံေလာက္ အစြမ္းမထက္ဘူးေလ။ သူမက ေဒါသမ်ားကို ဖိနွိပ္လိုက္ျပီး ယန္ေဟြဆီသို႔ သူမေရာက္ရွိလာေၾကာင္း သတင္းပို႔နုိင္ရန္ ေစာင့္ဆိုင္းေနလိုက္၏။ သူမကို အ့ံအားသင့္သြားေစတာကေတာ့ ယန္ေဟြက - ဟင့္အင္း ဆိုတဲ့ စကားတစ္ခြန္းတည္းသာ တုန္႔ျပန္လာခဲ့တယ္

ယန္ေျမာင္က ဧည့္ၾကိဳရဲ႔ တုန္႔ျပန္မွဳကိုၾကားတဲ့အခါမွာ ဒီရက္အတြင္း သူမ ရိုက္မိေနသည့္ နံရံမ်ားနဲ႔ ေပါင္းစပ္လုိက္ေတာ့ ဟဲယြမ္ေျပာတာ အမွန္ေတြ ဆိုတာ သူမေနာက္ဆံုးေတာ့ နားလည္သြားသည္။ ယန္မိသားစုက သူမကို တကယ္ပဲ စြန္႔ပစ္လိုက္ျပီ။

ယန္ေျမာင္က ေခါင္းငံု႔ထားတဲ့ ဧည့္ၾကိဳနဲ႔ သူမကို မၾကည့္ပဲ အာရံုစိုက္ေနၾကသည့္ ဧည့္ခန္းမွ တစ္ျခားသူမ်ားအား တစ္ခ်က္ၾကည့္လိုက္သည္။ လံုျခံဳေရး အေစာင့္ကေတာင္ သူမကို မ်က္လံုးေထာင့္ကေန အထက္ေအာင္ ၾကည့္ေနခဲ့၏။

ယန္ေျမာင္သည္ သူမရဲ႔ ဂုဏ္သိကၡာ၊ သူမရဲ႔ မ်က္နွာက အပိုင္းပိုင္း ခြာထုတ္ခံရျပီး ေနရာအနွံ႔ ေသြးမ်ား ရႊဲေနသလိုမ်ိဳး ခံစားလိုက္ရသည္။ ေဒါသတၾကီး ေအာ္ဟစ္ခ်င္ေပမယ့္လည္း သူမကအခု ကာကြယ္မွု ခံရတဲ့ ယန္မိသားစု တတိယသခင္မေလး မဟုတ္ေတာ့ဘူးေလ။ ဟဲယြမ္ေတာင္မွ သူမကို မထီမဲ့ျမင္ျပဳေနျပီ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ အခုဆို သူမက သာမာန္ အမ်ိဳးသမီး တစ္ေယာက္သာ။ သူမက ဘယ္သူ႔ကုိမ်ား ဘာမ်ား လုပ္နုိင္ေတာ့မွာလဲ?

ယန္ေျမာင္ လုပ္နုိင္သမ်ွက တတ္ႏိုင္သမွ် ေခါင္းကို ျမင့္ျမင့္ထားကာ လူအုပ္ႀကီး၏ အၾကည့္ေအာက္မွာပဲ အေဆာက္အဦးမွ ထြက္လာခဲ့ျခင္းပင္။ သူမရဲ႔ ပါးျပင္မ်ားက ပူေလာင္ေနျပီး အျမဲတမ္း အထင္ေသးေနခဲ့တဲ့ ဘယ္သူမွ မဟုတ္တဲ့သူမ်ားရဲ႔ မ်က္လံုးအၾကည့္မ်ားက သူမရဲ႔ ေနာက္ေက်ာကို ထိုးေဖာက္ေနၾကသည္။ ထိုအခိုက္အတန႔္တြင္ သူမသည္ ကမာၻေပၚရွိလူတိုင္း မေကာင္းေသာ ရည္႐ြယ္ခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနသလို ခံစားရသည္။ လူတိုင္းက သူမကို ရယ္ေမာေနၾကသည္။ လူတိုင္းက သူမရဲ႔ နာက်င္ခံစားရမွုကို ေပ်ာ္ရႊင္ေနၾကသည္။

ယန္ေျမာင္ရဲ႔ ဘဝမွာ ဒီလို အရွက္ကြဲမ်ိဳး မၾကံဳေတြ႔ဖူးခဲ့။ သူမရဲ႔ မာနာၾကီးတဲ့ ပံုသ႑ာန္ရဲ႔ အရိပ္ထဲမွာ နွလံုးသားအတြင္းပိုင္းက နက္ရွိုင္းတဲ့ အမုန္းတရားမ်ား ျဖစ္ေပၚလာသည္။

အဲ့ဒါက ဟဲယြမ္၊ ပိုင္မိသားစု၊ ခ်န္မိသားစုနဲ႔ မုမိသားစုေတြကို တိုက္ရိုက္ရည္ညႊန္းေနတယ္။ အမ်ားဆံုးကေတာ့ သူမရဲ႔ အေဖနဲ႔ အစ္ကိုကို မုန္းတီးတာပဲ။ သူတို႔က သူမကို ခ်စ္တယ္လို႔ အၿမဲေျပာေနၾကေပမယ့္ အခုေတာ့ သတိေပးခ်က္ မရွိပဲ စြန္႔ပစ္လိုက္ၾကျပီး လက္ရွိအေျခအေနမွာ ခ်န္ထားရစ္ခဲ့တယ္။

သူတို႔အားလံုးကို သူမ မုန္းတယ္။ လူတိုင္း ဒီအတြက္ တန္ဖိုးေပးေခ်ေစရမယ္လို႔ သူမ က်ိန္ဆိုတယ္!

ယန္ေျမာင္သည္ လက္ရွိ သူမ ခံစားခဲ့ရသည့္အရာသည္ သူမ ခံႏိုင္ရည္ အရွိဆံုး ျဖစ္ရပ္ဟု ထင္ခဲ့သည္။ သူမကို ႐ူးသြပ္သြားေစေလာက္သည္အထိ ျဖစ္ေစနုိင္ေလာက္တဲ့ သူမကို ေစာင့္ေမွ်ာ္ေနတဲ့ ဒီထက္ဆိုးတဲ့ အရာတစ္ခု ရွိလိမ့္မယ္လို႔ သူမ မထင္ထားခဲ့မိ။ ယန္အုပ္စုရဲ႔ ႐ုံးကထြက္လာျပီးတဲ့ အခ်ိန္မွာ သူမအတြက္ အိမ္ကလြဲလို႔ သြားစရာေနရာ မရွိေတာ့ဘူး။ အိမ္ေတာ္ၾကီး တစ္ခုလံုးမွာ သူမကို က်ားတစ္ေကာင္လုိ ၾကည့္ေနၾကတဲ့ လက္တစ္ဆုပ္စာ အေစခံေလးေတြကလြဲလို႔ ရွင္းလင္းေနခဲ့တယ္။

သူမက ေပါက္ကြဲထြက္မတတ္ အေျခအေနကို ေရာက္ေနခဲ့ျပီးျပီေလ။ အေစခံေတြရဲ႔ အၾကည့္က သူမကို ဆက္ျပီး သည္းမခံနုိင္ ျဖစ္သြားေစတယ္။ ယန္ေျမာင္က အေစခံေတြကို ေအာ္ဟစ္ဆဲဆိုျပီး လက္လွမ္းမွီရာနဲ႔ အကုန္ေကာက္ေပါက္ေတာ့တာပဲ။ ယန္ေျမာင္တစ္ေယာက္ ရူးသြပ္သြားျပီလို႔ ထင္မိတာေၾကာင့္ အိမ္ေစေလးမ်ားကလည္း ေအာ္ဟစ္ ထြက္ေျပးၾကေတာ့သည္။

ယန္ေျမာင္က သူတို႔ေနာက္က ေျပးလုိက္သြားျပီး တံခါးကို ဝုန္းခနဲျမည္ေအာင္ ပိတ္ပစ္လိုက္သည္။ ေနာက္ဆံုးေတာ့ အိမ္ထဲမွာ သူမ တစ္ေယာက္တည္းသာ က်န္ရစ္ေတာ့၏။ ၾကမ္းခင္းေပၚမွာ ထိုင္ခ်ရင္းျဖင့္ မငိုပဲ မေနနိုင္ေတာ့ေပ။

သူမက သည္းသည္းထန္ထန္ ရွိဳက္ငိုတယ္။ ငိုေနရင္းနဲ႔ ေဒါသထြက္တယ္။ သူမရဲ႔ အေဖနဲ႔ အစ္ကိုတို႔ရဲ႔ ေအးစက္တဲ့ နွလံုးသားအတြက္ ေဒါသထြက္တယ္။ ယန္ေဟြက အရမ္းလြန္လြန္းလို႔ ေဒါသထြက္တယ္။ ခုန္းဝန္ရဲ႔ ဆိုးယုတ္မွဳေတြအတြက္ ေဒါသထြက္တယ္။ ေတာင္ပို႔ အေသးေလးကို ေတာင္ၾကီးတစ္လံုးထိ ျဖစ္ေအာင္လုပ္ပစ္တဲ့ မုက်င္းယြမ္ကို ေဒါသထြက္တယ္။ ဟဲယြမ္ရဲ႔ သားရဲသဘာဝေၾကာင့္ ေဒါသထြက္တယ္

ငိုယို အမ်က္ထြက္ျပီးလို႔ ဗိုက္ဆာလာေပမယ့္လည္း သူမက အေစခံေလးေတြ အကုန္လံုးကို ေမာင္းထုတ္ပစ္လုိက္ျပီေလ။ သူမ မၾကည့္လိုက္တဲ့ အခ်ိန္မွာ သူမေဘးနားက လူေတြအားလံုး ေပ်ာက္ကြယ္သြားခဲ့ျပီ။ သူမအတြက္ ဘယ္သူက ထမင္း ျပင္ေပးမွာလဲ? အိမ္မွာ ဟင္းသီးဟင္းရြက္ေတြ အသားေတြ အမ်ားၾကီး ရွိေနေပမယ့္လည္း သူမက တတိယသခင္မေလး ယန္ျဖစ္ေနတာနဲ႔ေတာ့ အလိုအေလ်ာက္ စားရန္အသင့္ ေျပာင္းသြားမွာမွ မဟုတ္တာ။ခ်က္ျပဳတ္ဖို႔လား? ဘယ္လို ဟာသလဲ? သူမဘဝမွာ အဲ့ဒီလို ေနရာမ်ိဳးကို သြားစရာ ဘာအေၾကာင္းမွ မရွိဘူး။ အဆံုးမွာေတာ့ သူမက ေဟာ္တယ္ကေနပဲ takeaway မွာလုိက္ေတာ့သည္။ သူမက အစားအေသာက္မ်ားကို တစ္ကိုက္ေလာက္ ကိုက္ဖို႔ သူမကိုယ္သူမ တြန္းအားေပးေပမယ့္လည္း ေနာက္ဆံုးေတာ့ ေဘးဖက္ကိုသာ ပစ္ထုတ္မိေတာ့၏

ဒါက ပထမေန႔ပဲ ရွိေသးတယ္။ ဒုတိယေန႔လည္း အတူတူပဲ။ ေနရာကို သန္႔ရွင္းေရး လုပ္မယ့္သူမရွိေတာ့ သူမ ပစ္ေပါက္ ဖ်တ္ဆီးထားတာေတြနဲ႔ ေပါင္းစပ္လုိက္တဲ့ အခါမွာ အိမ္ေတာ္ တစ္ခုလံုးက ပရမ္းပတာ ရွုပ္ပြ သေလာင္းလန္ေနေတာ့တာပဲ။ သူမ ဘာသာလည္း အိမ္ကို ရွင္းလင္းဖို႔ နည္းလမ္း မရွိေတာ့ အေစခံေတြ ျပန္လာတဲ့အထိ ေစာင့္ရံုပဲ ရွိေတာ့တယ္ေလ။ ဒါေပမဲ့ သူတို႔က masochists ေတြမွ မဟုတ္တာ။ ဘယ္သူက ျပန္လာခ်င္မွာလဲ?

(masochists - နာက်င္မွုကို သာယာေသာသူ)

ယန္ေျမာင္က သူမရဲ႔ ကေလးနွစ္ေယာက္ကို စဥ္းစားမိသည္။ သူတို႔က ဟဲယြမ္ကို သူ႔လုပ္ရပ္ေတြအတြက္ ေနာင္တရေအာင္ လုပ္လို႔ ရနုိင္မယ့္ နည္းလမ္းေကာင္းပဲ။ ဒါေပမဲ့ သူတို႔က အေစာကတည္းက ဟဲယြမ္ရဲ႔ မိဘေတြဆီကို ထြက္ေျပးသြားခဲ့ျပီ။ အရင္တုန္းက ယန္ေျမာင္က သူမရဲ႔ ေယာက္ခမေတြအေပၚ ဘာတုန္းကမွ မေတြးခဲ့ဖူးဘူး။ သူမက သူတို႔ကို 'အေဖ' 'အေမ' လို႔ေခၚျပီး နွုတ္ဆက္တာမ်ိဳးေတာင္ ရွားပါးတယ္။

သူတို႔ ေတြ႔တဲ့ အခ်ိန္တိုင္းမွာလည္း လူအိုစံုတြဲက သူမနားမွာဆို အရမ္း သတိတၾကီး ရွိေနတတ္ၾကတာ။ သူမရဲ႔ ကေလးေတြကို သြားရွာတဲ့ အခါမွာေတာ့ ဂိတ္ေပါက္ဝမွာတင္ အေစခံေတြဆီက ေမာင္းထုတ္ခံရမယ္လို႔ မထင္ခဲ့မိဘူး။ သူမက သူမရဲ႔ ကေလးေတြကိုေတာင္ ေတြ႔ခြင့္ မရဘူး။ သူမက အရမ္းကို ေဒါသထြက္တာေၾကာင့္ စတင္ ေအာ္ဟစ္လာခဲ့တယ္ေလ။ ဒါေပမဲ့ ဟဲမိသားစုထဲက ဘယ္သူကမွ သူမကို မျမင္ခ်င္ၾကဘူး။ ေနာက္ဆံုးေတာ့ ေအာ္ရတာ ေမာသြားျပီး သူမ လုပ္နုိင္သမ်ွက ထြက္သြားတာ တစ္ခုထဲပဲ။

====================

Continue Reading

You'll Also Like

58.9K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
1.1M 32.3K 48
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
22.7K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
337K 26.7K 29
Mini Story Uni Life Style Sweet Romance