(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《191》

5.9K 973 8
By Xiao_Yiii

Unicode

အခန်း(၁၉၁) - နန့်ရှန်ရဲ့ စေ့စပ်ပွဲ

ရိဟန်က အအေးဒဏ်ကို အသေကြောက်တဲ့ လူမျိုးဖြစ်သည်။ ဆောင်းရာသီ ရောက်တာနဲ့ တတ်နိုင်ရင် အိမ်ကနေ လုံးဝမခွာပေ။ ကျင်းယွမ်ကလည်း သူ့အကျင့်ကို နားလည်သည်။ ရာသီဥတုက ပိုပြီးအေးလာတာနဲ့ ကျင်းယွမ်က ရိဟန်အား သူနဲ့အတူ ရုံးကိုလိုက်ပြီး အဖော်ပြုပေးခိုင်းတာအား ရပ်တန့်လိုက်သည်။ ဒါပေမဲ့ လူသားအားလုံးက အတူတူပါပဲ။ ဆင်းရဲနွမ်းပါးမှုကနေ ဇိမ်ခံဘဝကို ပြောင်းလဲတာက လွယ်ကူပေမယ့် ဇိမ်ခံဘဝကနေ ဆင်းရဲနွမ်းပါးမှုကို ပြောင်းလဲဖို့တော့ ခက်ခဲတယ်

ကျင်းယွမ်အတွက်က သူ့ရုံးကို သူ့ချစ်သူလိုက်ပါပေးတဲ့အပေါ် အသားကျနေတာကြောင့် အထီးကျန်မှုက အဆပေါင်းများစွာ တိုးမြှင့်သွားတာကိုတော့ မရှောင်နိုင်ရှာဘူး။ ရိဟန်က သူဘယ်လို ခံစားရလဲ ဆိုတာကို မေးတဲ့အချိန်မှာ အဆင်ပြေပါတယ်လို့ပဲ ပြောလိုက်တာ။ ဒါပေမဲ့ သူတစ်ဖက်ကို လှည့်လိုက်တာနဲ့ သူ့လူက သူ့နောက်ကနေ လိုက်မလာတော့ဘူးဆိုတာကို သိလိုက်ရတော့ ကျင်းယွမ်ရဲ့ ရင်ဘက်တစ်ခုလုံး ဗလာဖြစ်သွားသလိုပဲ ခံစားလိုက်ရတယ်။

ကျင်းယွမ်က ရိဟန်တစ်ယောက် သေလောက်အောင် အေးစက်တဲ့ အအေးဒဏ်ကို မျက်နှာခြင်းဆိုင်ရမှာကို စဉ်းစားမိတာနဲ့တင် သူ့ရင်တွေ နာကျင်ရတာ ရိဟန်ကရော ဘယ်လိုများ ဒီလူရဲ့ အထီးကျန်မှုကို မြင်တဲ့အချိန် ရင်မနာပဲ နေမှာလဲ?

ဆောင်းရာသီရဲ့ ပထမဆုံးနေ့ကစပြီး သူတို့ရဲ့ အိမ်အဝင်ဝမှာ မနက်တိုင်း တူညီတဲ့ မြင်ကွင်းကို မြင်တွေ့နိုင်တယ်။

"မသွားနဲ့တော့ အပြင်မှာကအေးတယ်" ကျင်းယွမ်က ပြောသည်။

"ဟင့်အင်း, အိမ်မှာ တစ်ယောက်တည်းနေရတာ အဓိပ္ပါယ်မရှိဘူး။ ငါမင်းနဲ့အတူ လိုက်ပြီးကစားတာကမှ ဟုတ်သေးတယ်" ရိဟန်က ပြန်ပြောသည်။

"အေးခဲနေတာပဲကို, ဆော့စရာလည်း ဘာမှမရှိဘူး" ကျင်းယွမ်က ပြောပြန်သည်။

"ရုံးခန်းထဲမှာဆို အေးမှာမဟုတ်ဘူး ပြီးတော့ တစ်လျှောက်လုံးလည်း ကားပေါ်မှာပဲ ရှိနေမယ့်ဟာကို။ ကားထဲက ထွက်တဲ့အချိန်လေးပဲ အေးမှာ။ အဲ့ဒါက ဘာများအရေးကြီးလို့လဲ?" ရိဟန်က ပြန်ဖြေ၏။

"အဲ့ဒီလိုဆိုရင်တောင် အေးမှာပဲလေ။ ပြန်ပြီးအိပ်တော့။ နိုးပြီးတဲ့အချိန် ပြန်နှပ်တာက အကောင်းဆုံးပဲလို့ မင်းပဲ ပြောတာ မဟုတ်ဘူးလား?" ကျင်းယွမ်ကလည်း လက်မခံ။

"မအိပ်တော့ဘူး အခု အရမ်းနိုးကြားနေပြီ, အိမ်မှာ မနေခဲ့ချင်ဘူးလို့" ရိဟန်က ဆက်ပြောသည်.

"အကယ်၍ ပျင်းတယ်ဆိုရင် မင်းအတွက် ဖျော်ဖြေရေးအခန်းတစ်ခန်း လုပ်ပေးထားမယ်လေ"

"ဖျော်ဖြေရေးအခန်း? ငါက အခု လူကြီးဖြစ်နေပြီ။ ဘာလို့ ကစားနေရဦးမှာလဲ? ငါက မင်းနဲ့အတူတူ ရှိနေချင်တာ။ အခုတော့ ငါကို စိတ်ရှုပ်စရာကောင်းတယ်လို့ ထင်နေပြီလား?"

"သေချာပေါက် မဟုတ်ဘူးပေါ့ ဘာလို့အဲ့ဒီလို ထင်ရတာလဲ?"

"ဒါဆို ဘာလို့ ငါမင်းနဲ့ အတူလိုက်မှာကို စိတ်ဆိုးရတာလဲ?"

"ကိုယ်ဘယ်လိုလုပ် စိတ်ဆိုးမှာလဲ?ကိုယ်က မင်းအအေးမိမှာကို စိုးရိမ်လို့လေ!"

"ငါအအေးမကြောက်ဘူး! သွားရအောင် မဟုတ်ရင် မင်းနောက်ကျတော့မယ်"

"အပြင်မှာအေးတယ်–" ကျင်းယွမ်က ပြောပြန်သည်။

"အား, ပွစိပွစိပြောနေတာ ရပ်လိုက်တော့ မြန်မြန်သွားကြမယ်!"

"နေဦး! အကယ်၍ ကိုယ်နဲ့အတူ လိုက်မယ်ဆိုရင် အနည်းဆုံးတော့ အပေါ်ကုတ်ဝတ်!" ကျင်းယွမ်က ပြန်အော်သည်။

အနောက်မှာ ရှိနေတဲ့ ဖန်းဝန်နဲ့ ဝေဝု: "..."

မျက်လုံးကနေ နှာခေါင်း၊ နှာခေါင်းကနေ နှလုံးသားကို.....စကားမပြောနဲ့၊ မလှုပ်နဲ့။ အဆုံးမှာ သူတို့အိမ်ကနေ အတူတူ ထွက်လာလိမ့်မယ်။ အကယ်၍ သူတို့စကားကိုသာ အလေးအနက် ယူနေရင် မင်းရှုံးမှာပဲ။

***

ချူဖုန်းမင်ကတော့ ထိုးနှက်ချက်များကို ဖြေရှင်းရင်း အလုပ်ရှုပ်နေတာကြောင့် ကိစ္စတွေကို ဆက်လိုက်နေဖို့ အချိန်မရှိပေ။ ဟဲယွမ်က ယန်မြောင်အား အကြိမ်အနည်းငယ် ဖုန်းထပ်ခေါ်ရန် တွန်းအားပေးနေသည်။ ထိုဖုန်းခေါ်မှုတွေက ဘာမှမဖြစ်လာဘူးဆိုတာအား သဘောပေါက်သွားတဲ့ အချိန်မှာတော့ ရပ်လိုက်တော့လေသည်။ နောက်ဆုံးမှာတော့ သူဘည်း အပြစ်ရှိသလို ခံစားနေရတာပဲလေ။ သူအလွန်အကျွံ မလုပ်ရဲဘူး

ရှားပါးလှသည့် အေးချမ်းမှုများဖြင့် နေ့ရက်များကို တစ်ဖြည်းဖြည်း ဖြတ်သန်းလာခဲ့ကြသည်။ နေ့တိုင်း ရိဟန်နဲ့ ကျင်းယွမ်တို့က အိမ်ကနေ အတူတူ ထွက်ကြမှာပင်။ ညနေစောင်းရင် အတူတူ အိမ်ပြန်ကြမည်။ အကယ်၍ ရိဟန်က နေ့ခင်းဘက် ပျင်းတယ် ဆိုရင် group chat ကိုဖွင့်ပြီး update တွေအကြောင်း မေးမြန်းလိမ့်မည်သာ။

ယန်ဖေးရဲ့ အပြောအရဆိုရင် ယန်မြောင်က သူတို့ကို အကြိမ်အနည်းငယ် ဖုန်းထပ်ခေါ်လာခဲ့သည်တဲ့။ သူမရဲ့ မိသားစုက 'ခေါင်းမာ' နေဆဲဆိုတာအား နားလည်လိုက်ရတော့ "အရမ်းစိတ်ပျက်စရာကောင်းလွန်းတယ်' ဆိုတဲ့စကားနဲ့သာ ကြိမ်းမောင်းပြီး ထပ်မံဖုန်းခေါ်လာခြင်း မရှိတော့။ ကြည့်ရတာသူမက ယိုရန်နဲ့ ယန်ရန်ကို ဆက်ပြီးမနှောင့်ယှက်ဖို့ ဆုံးဖြတ်လိုက်ပုံပင်။

ယန်ဖေးပြောသလိုဆိုရင် "ဘယ်သူကမှ သူတို့နဲ့ သူမ လာရှုပ်မှာကို မလိုချင်ဘူး" တဲ့။ ယန်မြောင်ပါးစပ် ပိတ်သွားတာနဲ့ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားတော့သည်လေ။

***

အချိန်က ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပေ။ သာယာအေးဆေးတဲ့ နေ့ရက်တွေက တစ်ဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ထို့နောက်မှာတော့ ယန်ရန်ရဲ့ စေ့စပ်ပွဲ ပါတီနေ့ကို ရောက်ရှိလာပြီ။ ဆင်တူဖြစ်ပေမယ့် အရောင်မတူတဲ့ ဝတ်စုံကို ဝတ်ဆင်ထားသည့် ရိဟန်နဲ့ကျင်းယွမ်တို့က ညနေခင်း စောစောအချိန်မှာ ယန်မိသားစုအိမ်ကို ရောက်လာကြသည်။

စုံတွဲက အရင်ဆုံး ဖိုးဖိုးယန်အား နှုတ်ဆက်ပြီးမှ ယန်ရန်နဲ့ တစ်ခြားသူများအား တွေ့ဆုံရန် အပေါ်ထပ်တက်သွားလေသည်။ ရိဟန် မျှော်လင့်ထားတဲ့အတိုင်းပဲ ယိုရန်က သိသိသာသာ စိတ်လှုပ်ရှားနေသည်။ ယိုရန်က အဖြူစွတ်စွတ် ဝတ်စုံအား ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ့ကိုကြည့်ရတာ ပုံမှန်ထက် ချောမောခန့်ညားပြီး ကြော့ရှင်းနေ၏။ သူ့ကိုကြည့်ရတာ ပန်းချီကားတစ်ချပ်လိုပင်။

နှစ်ယောက်သား ယိုရန်ကို တွေ့တဲ့အချိန်မှာ ထိုလူက ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေပြီး လက်များကို အတူတကွ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူက မျက်မှောင်ကြုတ်နေပြီး အောက်နှုတ်ခမ်းအား ဖိကိုက်ထားသည်။ သူ့ကိုကြည့်ရတာ မသက်မသာ ဖြစ်နေပုံပင်။ ယန်ရန်က သူ့ဘေးမှာ ထိုင်နေပြီး သူ့အား တစ်စုံတစ်ရာကို တီးတိုးပြောနေပုံရသည်။ ရိဟန်က သက်ပြင်းချမိသည်။ ယိုရန်က လူတွေနဲ့သိပ်ပြီး အဆက်အဆံ မရှီဘူးလေ။ ဒီလိုအခြေအနေမျိုးမှာ အဓိကလူတစ်ယောက် ဖြစ်နေရတာက သူ့အတွက် အဆင်ပြေဖို့ ခက်ခဲလိမ့်မယ်

ရိဟန်က အနားကို လျှောက်သွားပြီး ယိုရန်ရဲ့ ဆန့်ကျင်ဘက် ဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ သတို့သားလေး? ရှက်နေတာလား?"

ယိုရန်က ရိဟန်အား အသနားခံသလိုလေး လှမ်းကြည့်သည်။

"ငါ့ရဲ့စွမ်းဆောင်ရည်က အရမ်း ဆိုးဝါးနေမှာကြောက်လို့ ရိဟန်။ ငါ ရန်ကို အရှက်ရအောင် လုပ်မိမှာစိုးတယ်"

"ဘာတွေပြောနေတာလဲ?" ယန်ရန်က နူးနူးညံ့ညံ့ ဆူလေသည်။

ရိဟန်ကပြုံးသည်။

"ယိုရန် မင်းက ဂရုစိုက်နေလို့ ထိတ်လန့်နေတာ။ ငါအကြံပေးတာ နားထောင်။ ခဏနေရင် ဘာမှ လုပ်နေစရာ မလိုဘူး။ ဒီအတိုင်း ယန်ရန်ဘေးမှာ လမ်းလျှောက်ရုံပဲ။ သူက မင်းကို လူတွေနဲ့ မိတ်ဆက်ပေးလိမ့်မယ်။ အကယ်၍ အကြီးအကဲတွေရှေ့ ရောက်သွားရင် ယန်ရန် ခေါ်သလို လိုက်ခေါ်လိုက်။ အကယ်၍ အငယ်လေးတွေ ရှေ့ရောက်သွားရင်တော့ မင်းကြိုက်သလိုသာ ပြောလိုက် အကယ်၍ စကားမပြောချင်ဘူး ဆိုရင်လည်း ဒီအတိုင်း ခေါင်းညိတ်ပြပြီး ပြုံးပြုံးလေးသာနေ။ အကုန်လုံး ယန်ရန်ကို လက်လွှဲထားလိုက်။ သူ့ကို အရှက်ရစေမယ့်အရာ ဘာမှမရှိဘူး"

ယန်ရန်က ခေါင်းညိတ်သည်။

"ဟုတ်တယ် ကျွန်တော့်ကို အရာအားလုံး လွှဲထားလိုက်"

"မင်းက ဆူညံတဲ့ အခြေအနေမျိုးကို အသားမကျဘူးဆိုတာ ငါသိတယ် ဒါပေမဲ့ အနည်းဆုံးတော့ မင်းရဲ့ စေ့စပ်ပွဲနဲ့ မင်းရဲ့ လက်ထပ်ပွဲမှာတော့ ကျော်ဖြတ်ရမှာပဲလေ" ရိဟန်က စကားဆက်သည်။

"မင်းက မျက်နှာပြရုံလေးပဲ။ ဒီအတိုင်း အခန်းထဲမှာ လျှောက်သွားနေလိုက်။ အချိန်အများစုမှာ တိတ်တိတ်လေးပဲ နေလည်းရတယ်။ အဓိကက အပြုံးကိုသာ ဆက်ထိန်းထား ဘယ်သူမှ ဘာမှပြောလို့ မရဘူး။ ငါမင်းကို လျှို့ဝှက်ချက် တစ်ခုပြောပြမယ်။ ငါလည်း အဲ့ဒီလိုမျိုး လူတွေရောနှောပြီး စကားတွေပြောဆိုနေကြတာကို မုန်းတာပဲ။ ပါတီပွဲတွေနဲ့ ပတ်သတ်ရင် တတ်နိုင်သမျှ ရှောင်တယ်။ ငါက ဒီအတိုင်း နောက်ကလိုက်ပြီး အခန်းထဲမှာ ပတ်လျှောက်နေတာပဲ လုပ်တာ။ အပြုံးသေးသေးလေးသာ ပြုံးထား အရာအားလုံး အဆင်ပြေသွားရော! ရိုးရိုးသားသား ပြောရရင် ဒီအတိုင်း မင်းရဲ့ ပုံမှန်ပုံစံနဲ့သာ လူတိုင်းကို မျက်နှာခြင်းဆိုင်လိုက်။ ကိုယ့်ကိုကိုယ် စိတ်ဖိစီးအောင် မနေနဲ့"

ယိုရန်က ခေါင်းညိတ်သည်။

"မင်းရဲ့ စေ့စပ်ပွဲ ပါတီမှာတုန်းက မင်းကိုကြည့်ရတာ အရမ်း ကြော့ရှင်းပြီး အေးဆေး တည်ငြိမ်တယ်။အဲ့ဒါမျိုး ငါသေချာပေါက် မလုပ်နိုင်ဘူး"

"အဲ့လို မတွေးပါနဲ့" ရိဟန်က ဆက်ပြောသည်။

"မင်းကိုယ်မင်း မမြင်ရပေမယ့် မင်းက အရမ်းကို အံ့အားသင့်ဖို့ ကောင်းတာပါ။ မင်းဘက်က ဘာမှပြောနေစရာ မလိုဘူး ဒီအတိုင်း နေရာမှာ ရပ်နေလိုက်တာနဲ့တင် မင်းက ပွဲတစ်ခုလုံးရဲ့ star ဖြစ်သွားပြီ။ဒီကမ္ဘာက လူတွေက သတင်းကောင်းနဲ့ ပတ်သတ်ရင် အမြဲတမ်း ခွင့်လွှတ်တတ်တယ်ဆိုတာ မင်းသိတာပဲဟာ။ လှပတဲ့လူတွေကလည်း ခြားနားမှုမရှိဘူး။ ဟုတ်ပြီလား ...ကဲ စိတ်ကိုလျှော့ထား။ ဒီလိုတွေးကြည့်လိုက်။ ဒီညပြီးတာနဲ့ မင်းနဲ့ယန်ရန်နဲ့ သေသေချာချာ စေ့စပ်ပြီးသွားပြီ"

ရိဟန်က ယိုရန်ရဲ့ နားရွက်နားကို မှီလိုက်ပြီး ဆက်ပြောသည်။

"မင်းမှာ ချစ်သူတစ်ယောက်ရဲ့ စွမ်းအားရှိရမယ်လေ ယိုရန်, တုန်လှုပ်နေလို့ မရဘူး"

ယိုရန်က ချက်ချင်း တက်ကြွသွားသည်။ သူ့အကြည်က ပိုပြီး ဆုံးဖြတ်ချက် ချနိုင်သွားပုံပင်။

ဟုတ်တယ်။ အကယ်၍ သူသာ စိတ်မသက်မသာ ခံစားနေရရင် ယန်ရန်ကိုပါ ခံစားချက် ဆိုးဝါးသွားစေလိမ့်မယ်။ သူဘယ်လိုလုပ် အဲ့ဒီလို လုပ်လို့ဖြစ်မှာလဲ? သူက ယန်ရန်ရဲ့ ပုခုံးနောက်က ခွန်အားဖြစ်ရမှာ။ ဒီလို ပျော့ညံ့ပြီး အားနည်းနေလို့ မဖြစ်ဘူး

ယိုရန်က ယန်ရန်အား တောင်းပန်ဟန် ကြည့်လိုက်ပြီး သူ့ချစ်သူရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။

"စိတ်မပူနဲ့"

ယန်ရန်: "..."

ပိုင်ရိဟန် မင်းဘာများ သွားပြောလိုက်တာလဲ? ဘာလို့ တစ်ခုခု ထူးဆန်းနေသလို ခံစားရတာလဲ?

ရိဟန် ဘာပဲပြောလိုက်ပါစေ အဲ့ဒါက ယိုရန်အတွက် ကောင်းတဲ့ဘက်ကို သက်ရောက်မှု ရှိသွားသည်။ နောက်ပိုင်းမှာ ထိုလူက အေးဆေး တည်ငြိမ်သွားလေသည်။ တစ်ညလုံးသူက အရမ်းကို သဘာဝကျကျ လုပ်ဆောင်ပြီး သူ့ရဲ့ အသွင်အပြင်နှင့် ဆွဲဆောင်မှုရှိသော အရှိန်အဝါတို့ကို ပေါင်းစပ်လိုက်သောအခါ သူ့ပုံစံက ကြည့်လို့ပဲ ရပြီး ထိလို့မရတဲ့ နတ်ဘုရားတစ်ပါး အသွင်ဖြစ်သွားသည်။

ယိုရန် ပြုံးလိုက်တဲ့အချိန်မှာ ၎င်းသည် ပထမဆုံး နှင်းပွင့်များ အရေပျော်သွားသလိုမျိုး နွေးထွေးလှသည်။ သို့သော် သူမပြုံးတဲ့ အချိန်မှာဆိုရင် ရေခဲတောင်ပေါ်မှာ ဖူးပွင့်နေသည့် ပန်းလေးတစ်ပွင့်လိုမျိုး မြင့်မားပြီး ခွန်အား ကြီးမားလှပေသည်။ လူတိုင်း ချီးကျူးထောပနာ ပြုမိကြရသည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ တကယ့်ကို ဒုတိယသခင်လေးယန်နဲ့ တန်းတူညီမျှ ဖြစ်တယ်။ ဒီလူက ဘယ်လိုပုံစံနဲ့အတူ ပြီးပြည့်စုံလွန်းနေတာပဲ။

လက်ထဲမှာ ဝိုင်နီတစ်ခွက်အား ကိုင်ထားပြီး ရိဟန်က လူအုပ်ကြားမှာ မတ်တပ်ရပ်နေသည့် ယိုရန်အား လှမ်းကြည့်နေသည်။

"လူသားတွေဟာ တကယ့်ကို အကန့်အသတ်မဲ့ အလားအလာတွေ ရှိတယ်။ ယန်ရန်ကြောင့် ယိုရန်က သူ့ကိုယ်သူ ခက်ခက်ခဲခဲ တွန်းအားပေးနေတယ်။ ကံကောင်းစွာပဲ ယန်ရန် က ယိုရန်ကို ကောင်းကောင်းနားလည်လို့သာပေါ့။ အနာဂတ်မှာ မလိုအပ်ရင် ယန်ရန်ကသူ့ကို ဒီလို လူစည်ကားတဲ့ နေရာမျိုး လာခိုင်းမှာ မဟုတ်ဘူး"

ကျင်းယွမ်က ရိဟန်ရဲ့ လက်ထဲက ဝိုင်ခွက်အား လှမ်းယူလိုက်ပြီး စပျစ်သီးဖျော်ရည် တစ်ခွက်နဲ့ အစားထိုးလိုက်သည်။

"သူက ယန်ရန်နဲ့ အတူ ရှိနေတာလေ။ ဒီလို ပါတီမျိုးကို ရှောင်ရှားဖို့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ လူတွေရဲ့ လူမှုဆက်ဆံရေးက အကုန်လုံး လေ့ကျင့်ယူရတာပဲလေ။ သူက တစ်ယောက်တည်းနေတာ အသားကျနေလို့ပါ။ ဒီလို စိတ်မသက်မသာ ခံစားရတာ ပုံမှန်ပဲ။ တစ်ဖြည်းဖြည်းနဲ့တော့ ပိုကောင်းလာလိမ့်မယ်။ ဒီည မင်းမြင်တဲ့အတိုင်းပဲလေ သူကောင်းကောင်း လုပ်နိုင်နေပြီး အမှားအယွင်းလည်း မရှိဘူး"

ရိဟန်က သူ့လက်ထဲက စပျစ်ဖျော်ရည်ကို သောက်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ တုန့်ပြန်သည်။

"သေချာတာပေါ့ ငါ့နန့်ရှန်က အကောင်းဆုံးပဲ"

ကျင်းယွမ်က ရိဟန်အား အပြုံးလေးနဲ့သာ ကြည့်နေသည်။ သူက ရိဟန်ရဲ့ နှုတ်ခမ်းမှာ ပေသွားသည့် စပျစ်ဖျော်ရည်အား လက်မနဲ့ သုတ်ပေးလိုက်ပြီး နွေးထွေးစွာ တုန့်ပြန်သည်။

"မင်းနှစ်သက်တဲ့လူက လူကောင်းတွေပဲ ဖြစ်မှာ သေချာတာပေါ့"

ရိဟန်က သွားလေးဖြီးပြသည်။ ထို့နောက် သူက အခန်းအား လှည့်ပတ်ကြည့်ပြီး မေးလာသည်။

"ချူဖုန်းမင် မလာဘူးလား?"

"သူက နန့်ရှန်နဲ့ ပတ်သတ်ပြီး စကားကြမ်းကြမ်းတွေပဲ ပြောခဲ့တာလေ"ကျင်းယွမ်က ပြန်ဖြေသည်။

"လူကြီးမင်းယန်က အရမ်းစိတ်ဆိုးသွားလို့ ကိုယ်တိုင် ထွက်ပြောခဲ့တာ။ အခုဆို မိသားစု နှစ်ခုကြားမှာ ရန်ငြှိုးတွေ ရှိနေပြီ။ ယန်မိသားစုက သူတို့ကို ဖိတ်ဖို့ဘယ်လိုမှ မဖြစ်နိုင်တာပဲ"

"ငါသိတယ်" ရိဟန်က ပြောသည်။

"ဒါပေမဲ့ ငါထင်တာက သူဒီအခွင့်အရေးကို သုံးပြီး ဖိတ်ကြားမှု မရှိတာတောင် ယိုရန်ကို တွေ့ဖို့ လာမယ်ထင်တာ"

"သူမလာနိုင်ဘူးလေ" ကျင်းယွမ်က ပြန်ဖြေသည်။

"သူအခု နန့်ရှန်ကို မတွေ့ရဲဘူး"

"ဘာဖြစ်လို့လဲ?" ရိဟန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။

"ကိုယ်မင်းကို ပြောပြဖို့ အချိန်မရှိလိုက်တာ မနေ့ မနက်က ချူဖုန်းမင်က ချီမိသားစုအိမ်ကို ထပ်သွားခဲ့တယ်" ကျင်းယွမ်က ပြန်ဖြေပေးသည်။

"သူက တံခါးရှေ့မှာ ဒူးထောက်ပြီး သူ့ကိုယ်သူ ဒါဇင်ကျော်လောက် ရိုက်နှက်တယ် ပြီးတော့ သူ့အမှားတွေနဲ့ မရိုးသားမှုတွေအတွက် ငိုယိုတောင်းပန်ခဲ့တယ်။ နောက်ဆုံးတော့ သူ့လုပ်ရပ်တွေက ချီကျဲကို ဆွဲဆောင်နိုင်သွားခဲ့တာပဲ။ သူမက သူ့ကို တစ်ကြိမ်လောက် ထပ်ပြီး ခွင့်လွှတ်ဖို့ သဘောတူလိုက်တယ်လေ။ အဲ့ဒီနေ့ မွန်းလွဲပိုင်းလောက်မှာပဲ ချူဖုန်းမင်က ချီကျဲနဲ့သူ့သမီးနှစ်ယောက်ကို ချူမိသားစုအိမ်ဆီ ပြန်ခေါ်သွားခဲ့တာ။နန့်ရှန်ကို သူ့သားအဖြစ် ဘယ်တော့မှ အသိအမှတ်မပြုဘူးလို့ ချီမိသားစုတစ်ခုလုံးရှေ့မှာ ကျိန်ဆိုခဲ့တယ်။ နန့်ရှန်ကို ချူမိသားစုအိမ်တံခါးထဲကို ခြေတစ်လှမ်းမှ လှမ်းခွင့်မပေးပါဘူး ဆိုပြီးတော့ပေါ့"

"သူ့အိမ်ကို ငါတို့ကရော ဝင်ချင်နေတာကျလို့" ရိဟန်က ရယ်သည်။

"သူ့ဘက်က ယိုရန်ကို ဝေါယျာဉ်နဲ့ လာဖိတ်ပြီး တီးမှုတ်သံတွေနဲ့ ဖိတ်ကြားရင်တောင် ယိုရန်က ဘယ်တော့မှ သွားမှာ မဟုတ်ဘူး"

"သေချာတာပေါ့" ကျင်းယွမ်က ပြောသည်။

"သူက ဒီအတိုင်းပဲ ပြောခဲ့တာမို့လို့သာ သူ့အပေါ် ဒိလောက် ဆိုးဆိုးဝါးဝါး မဖြစ်တာ။ အခု လူတိုင်းက အမှန်တရားကို သိနေကြပြီပဲ။ အခုဆို ချီကျဲကလည်း သူ့ကို ကြီးကြပ်နေပြီ။ နန့်ရှန်ကို နှောင့်ယှက်နေတာ ရပ်သွားပါလိမ့်မယ်"

"ဒီတစ်ခါတော့ သူ သင်ခန်းစာကို တတ်မြောက်သွားပြီဆိုတာ လောင်းရဲတယ်" ရိဟန်က ပြောသည်။

"အမှန်ပဲ" ကျင်းယွမ်က ထောက်ခံလေသည်။

"အခုဆို ချူမိသားစုရဲ့ ပိုင်ဆိုင်မှုက ထက်ဝက်ကျော်လောက် ကျဆင်းသွားပြီ။ သူတို့က အထက်တန်းလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းလောက်ပဲ ယူဆလို့ ရတော့တာ။ ချူဖုန်းမင်က မိသားစုခေါင်းဆောင် ရာထူးကနေတောင် ဖြုတ်ချခံရလုနီးပါး ဖြစ်ခဲ့တာဆိုတော့ သူအရမ်းကြောက်နေပြီလေ"

"ဟမ့်" ရိဟန်က နှုတ်ခမ်းဆူသည်။

"သူက ဒီလိုမျိုး ငကြောက် ကြောင်တစ်ကောင်ပဲ ဖြစ်နေတာတောင် ငါတို့နဲ့ ရန်ဖြစ်ချင်နေသေးတာလား?"

"သူက ကိုယ်တို့နဲ့ မတိုက်ခိုက်ရဲပါဘူး" ကျင်းယွမ်က ပြောသည်။

"အများဆုံးမှာ နန့်ရှန်ကို နည်းဗျူဟာ တစ်ချို့နဲ့ စမ်းသပ်ကြည့်ရုံလောက်ပဲ။ သူ့အတွက် ကံမကောင်းတာက နန့်ရှန်က သူထိလို့ရတဲ့တစ်စုံတစ်ယောက် မဟုတ်ဘူးလေ။" သူက ယန်ရန်အား မေးဖြင့် လှမ်းညွှန်ပြသည်။

"ယန်ရန်က အရမ်း ကာကွယ်ပေးထားတာ"

ရိဟန်က ရယ်သည်။

"ဟဲယွမ်နဲ့ ယန်မြောင်တို့လည်း မရောက်သေးဘူးနော်?"

"မလာသေးဘူးထင်တယ်" ကျင်းယွမ်က အခန်းကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ပြန်ဖြေသည်။

"သူမက သူမကိုယ်သူမ မင်းသမီးလေး တစ်ယောက်လို့ တကယ်ကြီး ထင်နေတာပဲ" ရိဟန်က ပြောလာ၏။

"သူ့ကိုယ်သူ ပြချင်လို့ တမင်သက်သက် နောက်ကျပြီးမှ လာမှာလား? သူမက ငါတို့ စေ့စပ်တုန်းကတောင် ဒီလိုမျိုး မဟုတ်ပဲနဲ့ ဘယ်လိုဖြစ်လို့ သူမရဲ့ မိသားစုကျမှ ဒီလိုမျိုး အငြှိုးထားနေရတာလဲ?"

"အဲ့ဒါက ဒီအတိုင်း အငြှိုးထားတာ မဟုတ်ဘူး" ကျင်းယွမ်က ပြောသည်။

"သူမက ဒါကို အရှက်ရတယ်လို့ပဲ တွေးတာ။ အကယ်၍ ဖြစ်နိုင်မယ် ဆိုရင် ဒီပါတီကိုတောင် တက်ချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒါက လူကြီးမင်းယန်ကို လုံးလုံးလျားလျား ဖယ်ထုတ်လိုက်သလို လုပ်မိမှာ စိုးနေတာ။ သူမက မကျေနပ်မှုကို ပြချင်လို့ကို တမင်သက်သက် နောက်ကျမှ ပေါ်လာမှာ"

"သူမက အရမ်းပြဿနာ များတာပဲ" ရိဟန်က ပြန်ပြောသည်။

"သူမ မလာရင် အကောင်းဆုံးပဲ။ အဲ့ဒါဆိုရင် ဟဲယွမ်လည်း ယိုရန်ကို မြင်တဲ့အချိန်မှာ ပေါက်ကရ အရှုပ်အထွေးတွေ မလုပ်တော့ဘူးပေါ့"

"မလာပဲတော့ မနေလောက်ဘူး" ကျင်းယွမ်က ဖြေသည်။

"သူမသာ ငတုံးမဟုတ်သ၍ သူမက ယန်မိသားစုအပေါ် မှီခိုနေရတယ် ဆိုတာကို နားလည်လိမ့်မယ်"

"သူမက မိသားစုအပေါ် မှီခိုနေရတယ် ဆိုတာကိုတော့သိတယ် ဒါပေမဲ့ မိသားစုအတွက်တော့ ဘာမှ မစဉ်းစားဘူး" ရိဟန်က သူ့အချိုရည်ကို တစ်ငုံအပြည့် သောက်လိုက်ပြီး ပြောသည်။

"ဒါက ဘယ်လို ယုတ္တိဗေဒမျိုးကြီးလဲ?"

=====================
Zaw Gyi

အခန္း(၁၉၁) - နန္႔ရွန္ရဲ႔ ေစ့စပ္ပြဲ

ရိဟန္က အေအးဒဏ္ကို အေသေၾကာက္တဲ့ လူမ်ိဳးျဖစ္သည္။ ေဆာင္းရာသီ ေရာက္တာနဲ႔ တတ္နုိင္ရင္ အိမ္ကေန လံုးဝမခြာေပ။ က်င္းယြမ္ကလည္း သူ႔အက်င့္ကို နားလည္သည္။ ရာသီဥတုက ပိုျပီးေအးလာတာနဲ႔ က်င္းယြမ္က ရိဟန္အား သူနဲ႔အတူ ရံုးကိုလုိက္ျပီး အေဖာ္ျပဳေပးခိုင္းတာအား ရပ္တန္႔လိုက္သည္။ ဒါေပမဲ့ လူသားအားလံုးက အတူတူပါပဲ။ ဆင္းရဲႏြမ္းပါးမွုကေန ဇိမ္ခံဘဝကို ေျပာင္းလဲတာက လြယ္ကူေပမယ့္ ဇိမ္ခံဘဝကေန ဆင္းရဲႏြမ္းပါးမွုကို ေျပာင္းလဲဖို႔ေတာ့ ခက္ခဲတယ္

က်င္းယြမ္အတြက္က သူ႔ရံုးကို သူ႔ခ်စ္သူလုိက္ပါေပးတဲ့အေပၚ အသားက်ေနတာေၾကာင့္ အထီးက်န္မွုက အဆေပါင္းမ်ားစြာ တိုးျမွင့္သြားတာကိုေတာ့ မေရွာင္နုိင္ရွာဘူး။ ရိဟန္က သူဘယ္လို ခံစားရလဲ ဆုိတာကို ေမးတဲ့အခ်ိန္မွာ အဆင္ေျပပါတယ္လို႔ပဲ ေျပာလိုက္တာ။ ဒါေပမဲ့ သူတစ္ဖက္ကို လွည့္လုိက္တာနဲ႔ သူ႔လူက သူ႔ေနာက္ကေန လိုက္မလာေတာ့ဘူးဆုိတာကို သိလုိက္ရေတာ့ က်င္းယြမ္ရဲ႔ ရင္ဘက္တစ္ခုလံုး ဗလာျဖစ္သြားသလိုပဲ ခံစားလုိက္ရတယ္။

က်င္းယြမ္က ရိဟန္တစ္ေယာက္ ေသေလာက္ေအာင္ ေအးစက္တဲ့ အေအးဒဏ္ကို မ်က္နွာျခင္းဆုိင္ရမွာကို စဥ္းစားမိတာနဲ႔တင္ သူ႔ရင္ေတြ နာက်င္ရတာ ရိဟန္ကေရာ ဘယ္လိုမ်ား ဒီလူရဲ႔ အထီးက်န္မွုကို ျမင္တဲ့အခ်ိန္ ရင္မနာပဲ ေနမွာလဲ?

ေဆာင္းရာသီရဲ႕ ပထမဆုံးေန႔ကစၿပီး သူတို႔ရဲ႕ အိမ္အဝင္ဝမွာ မနက္တိုင္း တူညီတဲ့ ျမင္ကြင္းကို ျမင္ေတြ႕ႏိုင္တယ္။

"မသြားနဲ႔ေတာ့ အျပင္မွာကေအးတယ္" က်င္းယြမ္က ေျပာသည္။

"ဟင့္အင္း, အိမ္မွာ တစ္ေယာက္တည္းေနရတာ အဓိပၸါယ္မရွိဘူး။ ငါမင္းနဲ႔အတူ လိုက္ျပီးကစားတာကမွ ဟုတ္ေသးတယ္" ရိဟန္က ျပန္ေျပာသည္။

"ေအးခဲေနတာပဲကို, ေဆာ့စရာလည္း ဘာမွမရွိဘူး" က်င္းယြမ္က ေျပာျပန္သည္။

"ရံုးခန္းထဲမွာဆို ေအးမွာမဟုတ္ဘူး ျပီးေတာ့ တစ္ေလ်ွာက္လံုးလည္း ကားေပၚမွာပဲ ရွိေနမယ့္ဟာကို။ ကားထဲက ထြက္တဲ့အခ်ိန္ေလးပဲ ေအးမွာ။ အဲ့ဒါက ဘာမ်ားအေရးၾကီးလို႔လဲ?" ရိဟန္က ျပန္ေျဖ၏။

"အဲ့ဒီလိုဆိုရင္ေတာင္ ေအးမွာပဲေလ။ ျပန္ျပီးအိပ္ေတာ့။ နိုးျပီးတဲ့အခ်ိန္ ျပန္နွပ္တာက အေကာင္းဆံုးပဲလို႔ မင္းပဲ ေျပာတာ မဟုတ္ဘူးလား?" က်င္းယြမ္ကလည္း လက္မခံ။

"မအိပ္ေတာ့ဘူး အခု အရမ္းနိုးၾကားေနျပီ, အိမ္မွာ မေနခဲ့ခ်င္ဘူးလို႔" ရိဟန္က ဆက္ေျပာသည္.

"အကယ္၍ ပ်င္းတယ္ဆိုရင္ မင္းအတြက္ ေဖ်ာ္ေျဖေရးအခန္းတစ္ခန္း လုပ္ေပးထားမယ္ေလ"

"ေဖ်ာ္ေျဖေရးအခန္း? ငါက အခု လူၾကီးျဖစ္ေနျပီ။ ဘာလို႔ ကစားေနရဦးမွာလဲ? ငါက မင္းနဲ႔အတူတူ ရွိေနခ်င္တာ။ အခုေတာ့ ငါကို စိတ္ရွုပ္စရာေကာင္းတယ္လို႔ ထင္ေနျပီလား?"

"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့ ဘာလို႔အဲ့ဒီလို ထင္ရတာလဲ?"

"ဒါဆို ဘာလုိ႔ ငါမင္းနဲ႔ အတူလုိက္မွာကို စိတ္ဆိုးရတာလဲ?"

"ကိုယ္ဘယ္လိုလုပ္ စိတ္ဆိုးမွာလဲ?ကိုယ္က မင္းအေအးမိမွာကို စိုးရိမ္လို႔ေလ!"

"ငါအေအးမေၾကာက္ဘူး! သြားရေအာင္ မဟုတ္ရင္ မင္းေနာက္က်ေတာ့မယ္"

"အျပင္မွာေအးတယ္–" က်င္းယြမ္က ေျပာျပန္သည္။

"အား, ပြစိပြစိေျပာေနတာ ရပ္လုိက္ေတာ့ ျမန္ျမန္သြားၾကမယ္!"

"ေနဦး! အကယ္၍ ကိုယ္နဲ႔အတူ လိုက္မယ္ဆိုရင္ အနည္းဆံုးေတာ့ အေပၚကုတ္ဝတ္!" က်င္းယြမ္က ျပန္ေအာ္သည္။

အေနာက္မွာ ရွိေနတဲ့ ဖန္းဝန္နဲ႔ ေဝဝု: "..."

မ်က္လံုးကေန နွာေခါင္း၊ နွာေခါင္းကေန နွလံုးသားကို.....စကားမေျပာနဲ႔၊ မလွုပ္နဲ႔။ အဆံုးမွာ သူတို႔အိမ္ကေန အတူတူ ထြက္လာလိမ့္မယ္။ အကယ္၍ သူတို႔စကားကိုသာ အေလးအနက္ ယူေနရင္ မင္းရွံဳးမွာပဲ။

***

ခ်ဴဖုန္းမင္ကေတာ့ ထိုးနွက္ခ်က္မ်ားကို ေျဖရွင္းရင္း အလုပ္ရွဳပ္ေနတာေၾကာင့္ ကိစၥေတြကို ဆက္လုိက္ေနဖို႔ အခ်ိန္မရွိေပ။ ဟဲယြမ္က ယန္ေျမာင္အား အၾကိမ္အနည္းငယ္ ဖုန္းထပ္ေခၚရန္ တြန္းအားေပးေနသည္။ ထိုဖုန္းေခၚမွုေတြက ဘာမွမျဖစ္လာဘူးဆုိတာအား သေဘာေပါက္သြားတဲ့ အခ်ိန္မွာေတာ့ ရပ္လုိက္ေတာ့ေလသည္။ ေနာက္ဆံုးမွာေတာ့ သူဘည္း အျပစ္ရွိသလို ခံစားေနရတာပဲေလ။ သူအလြန္အက်ြံ မလုပ္ရဲဘူး

ရွားပါးလွသည့္ ေအးခ်မ္းမွုမ်ားျဖင့္ ေန႔ရက္မ်ားကို တစ္ျဖည္းျဖည္း ျဖတ္သန္းလာခဲ့ၾကသည္။ ေန႔တိုင္း ရိဟန္နဲ႔ က်င္းယြမ္တို႔က အိမ္ကေန အတူတူ ထြက္ၾကမွာပင္။ ညေနေစာင္းရင္ အတူတူ အိမ္ျပန္ၾကမည္။ အကယ္၍ ရိဟန္က ေန႔ခင္းဘက္ ပ်င္းတယ္ ဆိုရင္ group chat ကိုဖြင့္ျပီး update ေတြအေၾကာင္း ေမးျမန္းလိမ့္မည္သာ။

ယန္ေဖးရဲ႔ အေျပာအရဆိုရင္ ယန္ေျမာင္က သူတို႔ကို အၾကိမ္အနည္းငယ္ ဖုန္းထပ္ေခၚလာခဲ့သည္တဲ့။ သူမရဲ႔ မိသားစုက 'ေခါင္းမာ' ေနဆဲဆုိတာအား နားလည္လုိက္ရေတာ့ "အရမ္းစိတ္ပ်က္စရာေကာင္းလြန္းတယ္' ဆိုတဲ့စကားနဲ႔သာ ၾကိမ္းေမာင္းျပီး ထပ္မံဖုန္းေခၚလာျခင္း မရွိေတာ့။ ၾကည့္ရတာသူမက ယိုရန္နဲ႔ ယန္ရန္ကို ဆက္ျပီးမေနွာင့္ယွက္ဖို႔ ဆံုးျဖတ္လုိက္ပံုပင္။

ယန္ေဖးေျပာသလုိဆိုရင္ "ဘယ္သူကမွ သူတို႔နဲ႔ သူမ လာရွဳပ္မွာကို မလိုခ်င္ဘူး" တဲ့။ ယန္ေျမာင္ပါးစပ္ ပိတ္သြားတာနဲ႔ တစ္ကမာၻလံုး ျငိမ္းခ်မ္းသြားေတာ့သည္ေလ။

***

အခ်ိန္က ဘယ္ေတာ့မွ ရပ္တန္႔မွာ မဟုတ္ေပ။ သာယာေအးေဆးတဲ့ ေန႔ရက္ေတြက တစ္ျဖည္းျဖည္း ကုန္ဆံုးသြားသည္။ ထို႔ေနာက္မွာေတာ့ ယန္ရန္ရဲ႔ ေစ့စပ္ပြဲ ပါတီေန႔ကို ေရာက္ရွိလာျပီ။ ဆင္တူျဖစ္ေပမယ့္ အေရာင္မတူတဲ့ ဝတ္စံုကို ဝတ္ဆင္ထားသည့္ ရိဟန္နဲ႔က်င္းယြမ္တို႔က ညေနခင္း ေစာေစာအခ်ိန္မွာ ယန္မိသားစုအိမ္ကို ေရာက္လာၾကသည္။

စံုတြဲက အရင္ဆံုး ဖိုးဖိုးယန္အား နွုတ္ဆက္ျပီးမွ ယန္ရန္နဲ႔ တစ္ျခားသူမ်ားအား ေတြ႔ဆံုရန္ အေပၚထပ္တက္သြားေလသည္။ ရိဟန္ ေမ်ွာ္လင့္ထားတဲ့အတိုင္းပဲ ယိုရန္က သိသိသာသာ စိတ္လွဳပ္ရွားေနသည္။ ယို၇န္က အျဖဴစြတ္စြတ္ ဝတ္စံုအား ဝတ္ဆင္ထားျခင္းျဖစ္သည္။ သူ႔ကိုၾကည့္ရတာ ပံုမွန္ထက္ ေခ်ာေမာခန္႔ညားျပီး ေၾကာ့ရွင္းေန၏။ သူ႔ကိုၾကည့္ရတာ ပန္းခ်ီကားတစ္ခ်ပ္လုိပင္။

နွစ္ေယာက္သား ယိုရန္ကို ေတြ႔တဲ့အခ်ိန္မွာ ထိုလူက ဆိုဖာတစ္ခုေပၚတြင္ ထုိင္ေနျပီး လက္မ်ားကို အတူတကြ က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္။ သူက မ်က္ေမွာင္ၾကဳတ္ေနျပီး ေအာက္နွုတ္ခမ္းအား ဖိကိုက္ထားသည္။ သူ႔ကိုၾကည့္ရတာ မသက္မသာ ျဖစ္ေနပံုပင္။ ယန္ရန္က သူ႔ေဘးမွာ ထုိင္ေနျပီး သူ႔အား တစ္စံုတစ္ရာကို တီးတိုးေျပာေနပံုရသည္။ ရိဟန္က သက္ျပင္းခ်မိသည္။ ယိုရန္က လူေတြနဲ႔သိပ္ျပီး အဆက္အဆံ မရွီဘူးေလ။ ဒီလိုအေျခအေနမ်ိဳးမွာ အဓိကလူတစ္ေယာက္ ျဖစ္ေနရတာက သူ႔အတြက္ အဆင္ေျပဖို႔ ခက္ခဲလိမ့္မယ္

ရိဟန္က အနားကို ေလ်ွာက္သြားျပီး ယိုရန္ရဲ႔ ဆန္႔က်င္ဘက္ ဆိုဖာေပၚမွာဝင္ထုိင္လုိက္သည္။

"ဘာေတြျဖစ္ေနတာလဲ သတို႔သားေလး? ရွက္ေနတာလား?"

ယို၇န္က ရိဟန္အား အသနားခံသလိုေလး လွမ္းၾကည့္သည္။

"ငါ့ရဲ႔စြမ္းေဆာင္ရည္က အရမ္း ဆိုးဝါးေနမွာေၾကာက္လုိ႔ ရိဟန္။ ငါ ရန္ကို အရွက္ရေအာင္ လုပ္မိမွာစိုးတယ္"

"ဘာေတြေျပာေနတာလဲ?" ယန္ရန္က ႏူးႏူးညံ့ည့ံ ဆူေလသည္။

ရိဟန္ကျပံဳးသည္။

"ယိုရန္ မင္းက ဂရုစိုက္ေနလို႔ ထိတ္လန္႔ေနတာ။ ငါအၾကံေပးတာ နားေထာင္။ ခဏေနရင္ ဘာမွ လုပ္ေနစရာ မလိုဘူး။ ဒီအတိုင္း ယန္ရန္ေဘးမွာ လမ္းေလ်ွာက္ရံုပဲ။ သူက မင္းကို လူေတြနဲ႔ မိတ္ဆက္ေပးလိမ့္မယ္။ အကယ္၍ အၾကီးအကဲေတြေရွ႔ ေရာက္သြားရင္ ယန္ရန္ ေခၚသလို လုိက္ေခၚလုိက္။ အကယ္၍ အငယ္ေလးေတြ ေရွ႔ေရာက္သြားရင္ေတာ့ မင္းၾကိဳက္သလိုသာ ေျပာလိုက္ အကယ္၍ စကားမေျပာခ်င္ဘူး ဆိုရင္လည္း ဒီအတိုင္း ေခါင္းညိတ္ျပျပီး ျပံဳးျပံဳးေလးသာေန။ အကုန္လံုး ယန္ရန္ကို လက္လႊဲထားလုိက္။ သူ႔ကို အရွက္ရေစမယ့္အရာ ဘာမွမရွိဘူး"

ယန္ရန္က ေခါင္းညိတ္သည္။

"ဟုတ္တယ္ က်ြန္ေတာ့္ကို အရာအားလံုး လႊဲထားလုိက္"

"မင္းက ဆူညံတဲ့ အေျခအေနမ်ိဳးကို အသားမက်ဘူးဆုိတာ ငါသိတယ္ ဒါေပမဲ့ အနည္းဆံုးေတာ့ မင္းရဲ႔ ေစ့စပ္ပြဲနဲ႔ မင္းရဲ႔ လက္ထပ္ပြဲမွာေတာ့ ေက်ာ္ျဖတ္ရမွာပဲေလ" ရိဟန္က စကားဆက္သည္။

"မင္းက မ်က္နွာျပရံုေလးပဲ။ ဒီအတိုင္း အခန္းထဲမွာ ေလ်ွာက္သြားေနလိုက္။ အခ်ိန္အမ်ားစုမွာ တိတ္တိတ္ေလးပဲ ေနလည္းရတယ္။ အဓိကက အျပံဳးကိုသာ ဆက္ထိန္းထား ဘယ္သူမွ ဘာမွေျပာလို႔ မရဘူး။ ငါမင္းကို လွ်ိဳ႔ဝွက္ခ်က္ တစ္ခုေျပာျပမယ္။ ငါလည္း အဲ့ဒီလိုမ်ိဳး လူေတြေရာေနွာျပီး စကားေတြေျပာဆိုေနၾကတာကို မုန္းတာပဲ။ ပါတီပြဲေတြနဲ႔ ပတ္သတ္ရင္ တတ္နုိင္သမ်ွ ေရွာင္တယ္။ ငါက ဒီအတိုင္း ေနာက္ကလိုက္ျပီး အခန္းထဲမွာ ပတ္ေလ်ွာက္ေနတာပဲ လုပ္တာ။ အျပံဳးေသးေသးေလးသာ ျပံုးထား အရာအားလံုး အဆင္ေျပသြားေရာ! ရိုးရိုးသားသား ေျပာရရင္ ဒီအတို္င္း မင္းရဲ႔ ပံုမွန္ပံုစံနဲ႔သာ လူတုိင္းကို မ်က္နွာျခင္းဆိုင္လုိက္။ ကိုယ့္ကိုကိုယ္ စိတ္ဖိစီးေအာင္ မေနနဲ႔"

ယိုရန္က ေခါင္းညိတ္သည္။

"မင္းရဲ႔ ေစ့စပ္ပြဲ ပါတီမွာတုန္းက မင္းကိုၾကည့္ရတာ အရမ္း ေၾကာ့ရွင္းျပီး ေအးေဆး တည္ျငိမ္တယ္။အဲ့ဒါမ်ိဳး ငါေသခ်ာေပါက္ မလုပ္နုိင္ဘူး"

"အဲ့လို မေတြးပါနဲ႔" ရိဟန္က ဆက္ေျပာသည္။

"မင္းကိုယ္မင္း မျမင္ရေပမယ့္ မင္းက အရမ္းကို အ့ံအားသင့္ဖို႔ ေကာင္းတာပါ။ မင္းဘက္က ဘာမွေျပာေနစရာ မလိုဘူး ဒီအတိုင္း ေနရာမွာ ရပ္ေနလုိက္တာနဲ႔တင္ မင္းက ပြဲတစ္ခုလံုးရဲ႔ star ျဖစ္သြားျပီ။ဒီကမာၻက လူေတြက သတင္းေကာင္းနဲ႔ ပတ္သတ္ရင္ အၿမဲတမ္း ခြင့္လႊတ္တတ္တယ္ဆိုတာ မင္းသိတာပဲဟာ။ လွပတဲ့လူေတြကလည္း ျခားနားမွုမရိွဘူး။ ဟုတ္ျပီလား ...ကဲ စိတ္ကိုေလ်ွာ့ထား။ ဒီလိုေတြးၾကည့္လုိက္။ ဒီညျပီးတာနဲ႔ မင္းနဲ႔ယန္ရန္နဲ႔ ေသေသခ်ာခ်ာ ေစ့စပ္ျပီးသြားျပီ"

ရိဟန္က ယိုရန္ရဲ႔ နားရြက္နားကို မွီလိုက္ျပီး ဆက္ေျပာသည္။

"မင္းမွာ ခ်စ္သူတစ္ေယာက္ရဲ႔ စြမ္းအားရွိရမယ္ေလ ယိုရန္, တုန္လွုပ္ေနလို႔ မရဘူး"

ယိုရန္က ခ်က္ခ်င္း တက္ၾကြသြားသည္။ သူ႔အၾကည္က ပိုျပီး ဆံုးျဖတ္ခ်က္ ခ်နုိင္သြားပံုပင္။

ဟုတ္တယ္။ အကယ္၍ သူသာ စိတ္မသက္မသာ ခံစားေနရရင္ ယန္ရန္ကိုပါ ခံစားခ်က္ ဆိုးဝါးသြားေစလိမ့္မယ္။ သူဘယ္လိုလုပ္ အဲ့ဒီလို လုပ္လို႔ျဖစ္မွာလဲ? သူက ယန္ရန္ရဲ႔ ပုခံုးေနာက္က ခြန္အားျဖစ္ရမွာ။ ဒီလို ေပ်ာ့ည့ံျပီး အားနည္းေနလို႔ မျဖစ္ဘူး

ယိုရန္က ယန္ရန္အား ေတာင္းပန္ဟန္ ၾကည့္လုိက္ျပီး သူ႔ခ်စ္သူရဲ႔ လက္ကို ဆုပ္ကိုင္လုိက္သည္။

"စိတ္မပူနဲ႔"

ယန္ရန္: "..."

ပိုင္ရိဟန္ မင္းဘာမ်ား သြားေျပာလိုက္တာလဲ? ဘာလို႔ တစ္ခုခု ထူးဆန္းေနသလို ခံစားရတာလဲ?

ရိဟန္ ဘာပဲေျပာလုိက္ပါေစ အဲ့ဒါက ယိုရန္အတြက္ ေကာင္းတဲ့ဘက္ကို သက္ေရာက္မွု ရွိသြားသည္။ ေနာက္ပိုင္းမွာ ထိုလူက ေအးေဆး တည္ျငိမ္သြားေလသည္။ တစ္ညလံုးသူက အရမ္းကို သဘာဝက်က် လုပ္ေဆာင္ျပီး သူ႔ရဲ႔ အသြင္အျပင္ႏွင့္ ဆြဲေဆာင္မႈရွိေသာ အရွိန္အဝါတို႔ကို ေပါင္းစပ္လုိက္ေသာအခါ သူ႔ပံုစံက ၾကည့္လို႔ပဲ ရျပီး ထိလို႔မရတဲ့ နတ္ဘုရားတစ္ပါး အသြင္ျဖစ္သြားသည္။

ယိုရန္ ျပံဳးလုိက္တဲ့အခ်ိန္မွာ ၎သည္ ပထမဆံုး နွင္းပြင့္မ်ား အေရေပ်ာ္သြားသလိုမ်ိဳး ေႏြးေထြးလွသည္။ သို႔ေသာ္ သူမျပံဳးတဲ့ အခ်ိန္မွာဆိုရင္ ေရခဲေတာင္ေပၚမွာ ဖူးပြင့္ေနသည့္ ပန္းေလးတစ္ပြင့္လိုမ်ိဳး ျမင့္မားျပီး ခြန္အား ၾကီးမားလွေပသည္။ လူတိုင္း ခ်ီးက်ဴးေထာပနာ ျပဳမိၾကရသည္။

ေမ်ွာ္လင့္ထားတဲ့အတုိင္းပဲ တကယ့္ကို ဒုတိယသခင္ေလးယန္နဲ႔ တန္းတူညီမ်ွ ျဖစ္တယ္။ ဒီလူက ဘယ္လိုပံုစံနဲ႔အတူ ျပီးျပည့္စံုလြန္းေနတာပဲ။

လက္ထဲမွာ ဝိုင္နီတစ္ခြက္အား ကိုင္ထားျပီး ရိဟန္က လူအုပ္ၾကားမွာ မတ္တပ္ရပ္ေနသည့္ ယိုရန္အား လွမ္းၾကည့္ေနသည္။

"လူသားေတြဟာ တကယ့္ကို အကန႔္အသတ္မဲ့ အလားအလာေတြ ရွိတယ္။ ယန္ရန္ေၾကာင့္ ယိုရန္က သူ႔ကိုယ္သူ ခက္ခက္ခဲခဲ တြန္းအားေပးေနတယ္။ ကံေကာင္းစြာပဲ ယန္ရန္ က ယိုရန္ကို ေကာင္းေကာင္းနားလည္လို႔သာေပါ့။ အနာဂတ္မွာ မလိုအပ္ရင္ ယန္ရန္ကသူ႔ကို ဒီလို လူစည္ကားတဲ့ ေနရာမ်ိဳး လာခိုင္းမွာ မဟုတ္ဘူး"

က်င္းယြမ္က ရိဟန္ရဲ႔ လက္ထဲက ဝိုင္ခြက္အား လွမ္းယူလိုက္ျပီး စပ်စ္သီးေဖ်ာ္ရည္ တစ္ခြက္နဲ႔ အစားထိုးလိုက္သည္။

"သူက ယန္ရန္နဲ႔ အတူ ရွိေနတာေလ။ ဒီလို ပါတီမ်ိဳးကို ေရွာင္ရွားဖို႔ ခက္ခဲလိမ့္မယ္။ ဒါေပမဲ့ စိတ္မပူပါနဲ႔။ လူေတြရဲ႔ လူမွုဆက္ဆံေရးက အကုန္လံုး ေလ့က်င့္ယူရတာပဲေလ။ သူက တစ္ေယာက္တည္းေနတာ အသားက်ေနလုိ႔ပါ။ ဒီလို စိတ္မသက္မသာ ခံစားရတာ ပံုမွန္ပဲ။ တစ္ျဖည္းျဖည္းနဲ႔ေတာ့ ပိုေကာင္းလာလိမ့္မယ္။ ဒီည မင္းျမင္တဲ့အတိုင္းပဲေလ သူေကာင္းေကာင္း လုပ္နုိင္ေနျပီး အမွားအယြင္းလည္း မရွိဘူး"

ရိဟန္က သူ႔လက္ထဲက စပ်စ္ေဖ်ာ္ရည္ကို ေသာက္လုိက္ျပီး ဂုဏ္ယူဝ့ံၾကြားစြာ တုန္႔ျပန္သည္။

"ေသခ်ာတာေပါ့ ငါ့နန္႔ရွန္က အေကာင္းဆံုးပဲ"

က်င္းယြမ္က ရိဟန္အား အျပံဳးေလးနဲ႔သာ ၾကည့္ေနသည္။ သူက ရိဟန္ရဲ႔ နွုတ္ခမ္းမွာ ေပသြားသည့္ စပ်စ္ေဖ်ာ္ရည္အား လက္မနဲ႔ သုတ္ေပးလိုက္ျပီး ေႏြးေထြးစြာ တုန္႔ျပန္သည္။

"မင္းနွစ္သက္တဲ့လူက လူေကာင္းေတြပဲ ျဖစ္မွာ ေသခ်ာတာေပါ့"

ရိဟန္က သြားေလးျဖီးျပသည္။ ထို႔ေနာက္ သူက အခန္းအား လွည့္ပတ္ၾကည့္ျပီး ေမးလာသည္။

"ခ်ဴဖုန္းမင္ မလာဘူးလား?"

"သူက နန္႔ရွန္နဲ႔ ပတ္သတ္ျပီး စကားၾကမ္းၾကမ္းေတြပဲ ေျပာခဲ့တာေလ"က်င္းယြမ္က ျပန္ေျဖသည္။

"လူၾကီးမင္းယန္က အရမ္းစိတ္ဆိုးသြားလို႔ ကိုယ္တိုင္ ထြက္ေျပာခဲ့တာ။ အခုဆို မိသားစု နွစ္ခုၾကားမွာ ရန္ျငွိဳးေတြ ရွိေနျပီ။ ယန္မိသားစုက သူတို႔ကို ဖိတ္ဖို႔ဘယ္လိုမွ မျဖစ္နုိင္တာပဲ"

"ငါသိတယ္" ရိဟန္က ေျပာသည္။

"ဒါေပမဲ့ ငါထင္တာက သူဒီအခြင့္အေရးကို သံုးျပီး ဖိတ္ၾကားမွု မရွိတာေတာင္ ယိုရန္ကို ေတြ႔ဖို႔ လာမယ္ထင္တာ"

"သူမလာနုိင္ဘူးေလ" က်င္းယြမ္က ျပန္ေျဖသည္။

"သူအခု နန္႔ရွန္ကို မေတြ႔ရဲဘူး"

"ဘာျဖစ္လို႔လဲ?" ရိဟန္က စိတ္ရွုပ္ေထြးစြာျဖင့္ ေမးသည္။

"ကိုယ္မင္းကို ေျပာျပဖို႔ အခ်ိန္မရွိလိုက္တာ မေန႔ မနက္က ခ်ဴဖုန္းမင္က ခ်ီမိသားစုအိမ္ကို ထပ္သြားခဲ့တယ္" က်င္းယြမ္က ျပန္ေျဖေပးသည္။

"သူက တံခါးေရွ႔မွာ ဒူးေထာက္ျပီး သူ႔ကိုယ္သူ ဒါဇင္ေက်ာ္ေလာက္ ရိုက္နွက္တယ္ ျပီးေတာ့ သူ႔အမွားေတြနဲ႔ မရိုးသားမွုေတြအတြက္ ငိုယိုေတာင္းပန္ခဲ့တယ္။ ေနာက္ဆံုးေတာ့ သူ႔လုပ္ရပ္ေတြက ခ်ီက်ဲကို ဆြဲေဆာင္နုိင္သြားခဲ့တာပဲ။ သူမက သူ႔ကို တစ္ၾကိမ္ေလာက္ ထပ္ျပီး ခြင့္လႊတ္ဖို႔ သေဘာတူလုိက္တယ္ေလ။ အဲ့ဒီေန႔ မြန္းလြဲပို္င္းေလာက္မွာပဲ ခ်ဴဖုန္းမင္က ခ်ီက်ဲနဲ႔သူ႔သမီးနွစ္ေယာက္ကို ခ်ဴမိသားစုအိမ္ဆီ ျပန္ေခၚသြားခဲ့တာ။နန္႔ရွန္ကို သူ႔သားအျဖစ္ ဘယ္ေတာ့မွ အသိအမွတ္မျပဳဘူးလို႔ ခ်ီမိသားစုတစ္ခုလုံးေရွ႕မွာ က်ိန္ဆိုခဲ့တယ္။ နန္႔ရွန္ကို ခ်ဴမိသားစုအိမ္တံခါးထဲကို ေျခတစ္လွမ္းမွ လွမ္းခြင့္မေပးပါဘူး ဆိုျပီးေတာ့ေပါ့"

"သူ႔အိမ္ကို ငါတို႔ကေရာ ဝင္ခ်င္ေနတာက်လို႔" ရိဟန္က ရယ္သည္။

"သူ႔ဘက္က ယိုရန္ကို ေဝါယ်ာဥ္နဲ႔ လာဖိတ္ျပီး တီးမွုတ္သံေတြနဲ႔ ဖိတ္ၾကားရင္ေတာင္ ယိုရန္က ဘယ္ေတာ့မွ သြားမွာ မဟုတ္ဘူး"

"ေသခ်ာတာေပါ့" က်င္းယြမ္က ေျပာသည္။

"သူက ဒီအတုိင္းပဲ ေျပာခဲ့တာမို႔လို႔သာ သူ႔အေပၚ ဒိေလာက္ ဆိုးဆိုးဝါးဝါး မျဖစ္တာ။ အခု လူတိုင္းက အမွန္တရားကို သိေနၾကျပီပဲ။ အခုဆို ခ်ီက်ဲကလည္း သူ႔ကို ၾကီးၾကပ္ေနျပီ။ နန္႔ရွန္ကို ေနွာင့္ယွက္ေနတာ ရပ္သြားပါလိမ့္မယ္"

"ဒီတစ္ခါေတာ့ သူ သင္ခန္းစာကို တတ္ေျမာက္သြားၿပီဆုိတာ ေလာင္းရဲတယ္" ရိဟန္က ေျပာသည္။

"အမွန္ပဲ" က်င္းယြမ္က ေထာက္ခံေလသည္။

"အခုဆို ခ်ဴမိသားစုရဲ႔ ပိုင္ဆုိင္မွုက ထက္ဝက္ေက်ာ္ေလာက္ က်ဆင္းသြားျပီ။ သူတို႔က အထက္တန္းလူ႔အဖြဲ႔အစည္းရဲ႔ အစိတ္အပိုင္းေလာက္ပဲ ယူဆလို႔ ရေတာ့တာ။ ခ်ဴဖုန္းမင္က မိသားစုေခါင္းေဆာင္ ရာထူးကေနေတာင္ ျဖဳတ္ခ်ခံရလုနီးပါး ျဖစ္ခဲ့တာဆိုေတာ့ သူအရမ္းေၾကာက္ေနျပီေလ"

"ဟမ့္" ရိဟန္က နွုတ္ခမ္းဆူသည္။

"သူက ဒီလိုမ်ိဳး ငေၾကာက္ ေၾကာင္တစ္ေကာင္ပဲ ျဖစ္ေနတာေတာင္ ငါတို႔နဲ႔ ရန္ျဖစ္ခ်င္ေနေသးတာလား?"

"သူက ကိုယ္တို႔နဲ႔ မတိုက္ခိုက္ရဲပါဘူး" က်င္းယြမ္က ေျပာသည္။

"အမ်ားဆံုးမွာ နန္႔ရွန္ကို နည္းဗ်ဴဟာ တစ္ခ်ိဳ႔နဲ႔ စမ္းသပ္ၾကည့္ရံုေလာက္ပဲ။ သူ႔အတြက္ ကံမေကာင္းတာက နန္႔ရွန္က သူထိလို႔ရတဲ့တစ္စံုတစ္ေယာက္ မဟုတ္ဘူးေလ။" သူက ယန္ရန္အား ေမးျဖင့္ လွမ္းညႊန္ျပသည္။

"ယန္ရန္က အရမ္း ကာကြယ္ေပးထားတာ"

ရိဟန္က ရယ္သည္။

"ဟဲယြမ္နဲ႔ ယန္ေျမာင္တို႔လည္း မေရာက္ေသးဘူးေနာ္?"

"မလာေသးဘူးထင္တယ္" က်င္းယြမ္က အခန္းကို တစ္ခ်က္ေဝ့ၾကည့္ျပီးေနာက္ ျပန္ေျဖသည္။

"သူမက သူမကိုယ္သူမ မင္းသမီးေလး တစ္ေယာက္လို႔ တကယ္ၾကီး ထင္ေနတာပဲ" ရိဟန္က ေျပာလာ၏။

"သူ႔ကိုယ္သူ ျပခ်င္လို႔ တမင္သက္သက္ ေနာက္က်ျပီးမွ လာမွာလား? သူမက ငါတို႔ ေစ့စပ္တုန္းကေတာင္ ဒီလိုမ်ိဳး မဟုတ္ပဲနဲ႔ ဘယ္လိုျဖစ္လို႔ သူမရဲ႔ မိသားစုက်မွ ဒီလိုမ်ိဳး အျငွိဳးထားေနရတာလဲ?"

"အဲ့ဒါက ဒီအတိုင္း အျငွိုးထားတာ မဟုတ္ဘူး" က်င္းယြမ္က ေျပာသည္။

"သူမက ဒါကို အရွက္ရတယ္လုိ႔ပဲ ေတြးတာ။ အကယ္၍ ျဖစ္နုိင္မယ္ ဆိုရင္ ဒီပါတီကိုေတာင္ တက္ခ်င္မွာ မဟုတ္ဘူး။ ဒါေပမဲ့ အဲ့ဒါက လူၾကီးမင္းယန္ကို လံုးလံုးလ်ားလ်ား ဖယ္ထုတ္လုိက္သလို လုပ္မိမွာ စိုးေနတာ။ သူမက မေက်နပ္မွုကို ျပခ်င္လို႔ကို တမင္သက္သက္ ေနာက္က်မွ ေပၚလာမွာ"

"သူမက အရမ္းျပႆနာ မ်ားတာပဲ" ရိဟန္က ျပန္ေျပာသည္။

"သူမ မလာရင္ အေကာင္းဆံုးပဲ။ အဲ့ဒါဆိုရင္ ဟဲယြမ္လည္း ယိုရန္ကို ျမင္တဲ့အခ်ိန္မွာ ေပါက္ကရ အရွုပ္အေထြးေတြ မလုပ္ေတာ့ဘူးေပါ့"

"မလာပဲေတာ့ မေနေလာက္ဘူး" က်င္းယြမ္က ေျဖသည္။

"သူမသာ ငတံုးမဟုတ္သ၍ သူမက ယန္မိသားစုအေပၚ မွီခိုေနရတယ္ ဆုိတာကို နားလည္လိမ့္မယ္"

"သူမက မိသားစုအေပၚ မွီခိုေနရတယ္ ဆုိတာကိုေတာ့သိတယ္ ဒါေပမဲ့ မိသားစုအတြက္ေတာ့ ဘာမွ မစဥ္းစားဘူး" ရိဟန္က သူ႔အခ်ိဳရည္ကို တစ္ငံုအျပည့္ ေသာက္လုိက္ျပီး ေျပာသည္။

"ဒါက ဘယ္လို ယုတၱိေဗဒမ်ိဳးၾကီးလဲ?"

=====================

Continue Reading

You'll Also Like

215K 5.3K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
80.1K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...
938K 138K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...
1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...