(Completed) Reborn as a good...

By Xiao_Yiii

1.9M 301K 9.2K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《190》

6.1K 949 21
By Xiao_Yiii

Unicode

အခန်း(၁၉၀) - ယန်မြောင်ရဲ့ ဖုန်းခေါ်မှု

ချူမိသားစုရဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေက ချူမိသားစုကို ကျောခိုင်းသွားကြပြီး ချီမိသားစုရဲ့ တိုက်ခိုက်မှုကို စုတ်ပြတ်နေအောင် ခံရသည့်အဖြစ်သည် *ကုလားအုတ်ကျောရိုးအား ကျိုးစေသည့် ကောက်ရိုးပင်ဖြစ်သည်။ ချူမိသားစုထဲက လူတိုင်းက ချူဖုန်းမင်အား မထီမဲ့မြင် ပြုလာကြသည်။ သူတို့က သူ့ကို တော်လှန်ပုန်ကန်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ ရာထူးမှဖယ်ရှားပေးရန် တောင်းဆိုလာခဲ့သည်။

ပြင်ပကမ္ဘာရဲ့ ပေါက်ကွဲမှုများက ထိုကိစ္စမှာ ပါဝင်ပတ်သတ်နေသည့် ရွှီးယိုရန်၏ နားထဲသို့ မရောက်ခဲ့ပေ။ အခုတစ်လောမှာ သူ့စိတ်တစ်ခုလုံးက စာအုပ်အသစ်ထဲမှာသာ ဈာန်ဝင်စားနေခဲ့၏။ သဘာဝကျကျပဲ ယန်ရန်ကလည်း ဒီလို ပေါက်ကရ ကိစ္စတွေနဲ့ သူ့အာရုံကို မဖျတ်ဆီးဘူးလေ။ ဖိုးဖိုးယန်ဘက်ကနေ သူတို့ဆက်ဆံရေးကို ကိုယ်တိုင်ကြေညာချက် ထုတ်ပေးလိုက်ပြီဟုသာ ယိုရန်ကို ပြောထားသည်။

ယိုရန်က အရမ်းကို စိတ်ထဲ ထိသွားရတာကြောင့် ဖိုးဖိုးယန်အား သူ့ကျေးဇူးတင်မှုကို ဖော်ပြပေးနိုင်ရန် အပြင်ထွက်ပြီး လက်ဆောင်များစွာ ဝယ်ယူလိုက်သည်။ သူဝယ်ပေးတဲ့ လက်ဆောင်တွေက ယန်မိသားစုလို မိသားစုတစ်ခုရဲ့ အမြင်မှာ ဈေးလည်းမကြီးသလို အဖိုးလည်းမတန်ပေ။ ဒါတွေကို ဈေးပေါတယ်ဟုပင် ပြောနိုင်သည်။ သို့သော်လည်း ဖိုးဖိုးယန်ကတော့ ပျော်ရွှင်မြူးတူးနေ၏။

သူက ယိုရန်အား Go board ဆီ ဆွဲခေါ်သွားပြီး ပွဲနည်းနည်းလောက် ဆော့တော့သည်။ ကစားနေစဉ် တစ်လျှောက်လုံးမှာလည်း ယိုရန်အား တစ်ချိန်လုံး ချီးမွမ်းကာ လိမ္မာတဲ့ ကလေးလေးဟု ခေါ်နေသည်ပင်။ အခုဆို ဖိုးဖိုးယန်က ယိုရန်အား သူ့မိသားစုဝင်တစ်ခုအဖြစ် သတ်မှတ်ထားပြီးနေလေပြီ။ ဘယ်သူမှ မရှိတဲ့အချိန်ဆိုရင် ယန်ရန်က ယိုရန်နဲ့ လက်ထပ်လိုက်ခြင်းဟာ ကံကောင်းပြီး ကြီးပွားချမ်းသာတဲ့ ဖြစ်ရပ်ဖြစ်ကြောင်းပင် ယန်ဟွေအား ပြောပြနေသေးသည်။

***

ရိဟန်နဲ့ ကျန်တဲ့သူတွေရဲ့ group chat က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အဆက်မပြတ် တစ်တောင်တောင် အသံထွက်နေသည်။ လူတိုင်းက အဆက်အသွယ် ရှိနေကြပြီး သူတို့ကြားသိထားသမျှ အချက်အလက်အားလုံးကို ဝေမျှနေကြ၏။

[တတိယသခင်မလေးဖေး : အရေးပေါ်သတင်း။ မနေ့က ငါ့အဒေါ်က ငါ့ကို ဖုန်းခေါ်ပြီး နန့်ရှန်အကြောင်း မေးနေတယ်]

[မုမုရဲ့ဟန်ဟန် : ဒီကိစ္စက ပေါက်ကွဲပြီး အချိန်အတော်ကြာအောင် ဖြစ်ပွားနေတဲ့ဟာ နင့်အဒေါ်က အခုမှ သိတယ်တဲ့လား?]

[တတိယသခင်မလေးဖေး : ကျွစ်, အခုမှ သိတာတောင် တော်တော်လေး ကောင်းနေပြီဟ။ ယန်ဟွေနဲ့ ကျန်းကောတို့ လက်ထပ်တုန်းကဆိုရင် 'ရွံစရာကောင်းတယ်၊ အရှက်တရား ကင်းမဲ့လိုက်တာ' ဆိုတဲ့ စကားတွေပဲ ပြန်ပြောခဲ့တာ]

[မုမုရဲ့ဟန်ဟန် :အင်းလေ ဟုတ်ပါတယ် ဒီတစ်ခေါက်တော့ စောစော အာရုံစိုက်လာတာပေါ့။ အဲ့ဒိတော့ ဘာပြောလဲ၊]

[တတိယသခင်မလေးဖေး : ဆန့်ကျင်စကားကလွဲရင် ဘာပြောမှာလဲ? ယန်ဟွေနဲ့ ကျန်းကောတို့ကြားက လက်ထပ်ပွဲကတင် မိသားစုတစ်ခုလုံးကို အရှက်ရစရာ ဖြစ်နေပြီးသားတဲ့။ အခု ယန်ရန်က တစ်ပုံစံတည်း လုပ်လာပြန်ပြီ ဆိုပဲ။ သူ့ကြောင့်နဲ့တော့ အရှက်ခွဲ မခံနိုင်ဘူးတဲ့။ အဲ့ဒါက ရွံစရာကောင်းလွန်းလို့ အခုဆို အပြင်မှာ ဘယ်လိုမှ မျက်နှာတောင် မပြရဲတော့ဘူးဆိုပြိးတော့လေ။ ဖိုးဖိုးက အရမ်းကို ဒေါသထွက်နေတာ။ တစ်ညလုံး မအိပ်ပဲ စိတ်တွေတိုနေပြီး ညစာလည်း သိပ်မစားဘူး။ ငါ့ဦးလေးက သူ့ကိုစကားပြောဖို့ ကြိုးစားပေမယ့်လည်း အသုံးမဝင်ဘူးရယ်။ သူတို့နှစ်ဖက်လုံး ကြည့်ရတာ မပျော်မရွှင်နဲ့]

[မုမုရဲ့ဟန်ဟန် : ဘယ်လိုများ သူမက ဒီလိုပုံစံ ဖြစ်ရတာလဲ? ယန်ဟွေနဲ့ ယန်ရန်ရဲ့ မင်္ဂလာပွဲက ဘာများ ရှက်စရာ ရှိလို့လဲ? သူမက အရမ်းထူးဆန်းတာပဲ]

[တတိယသခင်မလေးဖေး : ဟုတ်တယ်မှတ်လား? ဖိုးဖိုးက သူမ စကားကို နားယောင်သွားမှာကို ငါအရမ်းကြောက်နေတာ။ ကံကောင်းလို့ သူက မပါသွားဘူး။ မပါသွားတဲ့အပြင် သူမကို အရမ်းစိတ်ပျက်သွားပြီလို့တောင် ပြောတယ်။နန့်ရှန်က ဘယ်လိုလူလဲ ဒါမှမဟုတ် ယန်ဟွေတစ်ယောက် ပျော်ရွှင်နေလား မပျော်ဘူးလား ဆိုတာတောင် သူမက ဂရုမစိုက်ဘူးတဲ့။ သူမပြောတဲ့ ပထမဆုံးအရာက အရှက်ရတယ် ဆိုတာပဲ ဖြစ်နေခဲ့တာ]

[တတိယသခင်မလေးဖေး : သူပြောတာတော့ ဒေါ်လေးကို ငယ်ငယ်က အရမ်းအလိုလိုက်ခဲ့မိတာ နောင်တရတယ်တဲ့။ အဲ့ဒါကြောင့် သူမက ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး နှလုံးသားအေးစက်သွားခဲ့တာ]

[ဟန်ဟန်ရဲ့ မုမု : တစ်ချို့လူတွေက ဒီအတိုင်း မွေးဖွားလာကြတာ။ အဲ့ဒါက အလိုလိုက်တာ မလိုက်တာနဲ့ မဆိုင်ဘူး]

[တတိယသခင်မလေးဖေး : Mr မုပြောတာမှန်တယ်။ ရိုးရိုးသားသား ပြောရရင် ငါလည်း အဲ့ဒီလိုပဲထင်တယ်။ ငါ့မိဘတွေလည်း ငါ့ကို လိုချင်သမျှ အရာအားလုံး ပေးနေတာပဲ ဒါပေမဲ့ သူမလိုတော့ မဖြစ်သွားပါဘူး။ တစ်ချိန်လုံး ကိုယ့်အတွက်ကိုယ်ပဲ တွေးမနေဘူး]

[ယန်ရန် : ဟဲယွမ်က အိမ်ပြန်လာပြီ]

[မုမုရဲ့ဟန်ဟန် : သူက လုံးဝကောင်းသွားပြီလား?]

[ယန်ရန် : အင်း, အရမ်းကို အဆင်ပြေနေတာ။ အိမ်ပြန်ရောက်လာတဲ့ပုံစံက ယန်မြောင်ကို သူပြောထားတဲ့အတိုင်း အလုပ်ခရီးကနေ ပြန်လာသလိုပဲ သန့်ရှင်း သပ်ရပ်နေရော]

[တတိယသခင်မလေးဖေး : သူက တော်တော်လေးကိုတော့ အလိမ်တော်တာပဲ]

[မုမုရဲ့ဟန်ဟန် : ဟေး, မင်းတို့အဒေါ်က ရုတ်တရက် ယန်ရန်ရဲ့ လက်ထပ်ပွဲကို ဆန့်ကျင်လာတာ ဟဲယွမ်နဲ့များ ပတ်သတ်နေမလား? သူက အခုလေးတင် အိမ်ပြန်ရောက်တယ် ဆိုတော့လေ]

[မုမုရဲ့ဟန်ဟန် : ဘယ်လိုလုပ် အချိန်က ဒီလောက် တိုက်ဆိုင်နေရတာလဲ? သူပြန်လာတာနဲ့ ချက်ချင်းပဲ နင်တို့အဒေါ်လည်း ဖုန်းခေါ်လာတာပဲ]

[ယန်ရန် : ငါလည်း အဲ့ဒီလိုပဲထင်တယ်။ သူက အရိုက်ခံရတဲ့အတွက် လက်တုန့်ပြန်ချင်ပေမယ့် လုပ်ရဲတဲ့ သတ္တိမရှီဘူးဖြစ်နေတယ် ဒါပေမဲ့ ယိုရန် ကောင်းကောင်း နေတာကိုလည်း မမြင်ချင်ပြန်ဘူး]

[တတိယသခင်မလေးဖေး : ငါ့အစ်ကိုပြောတာ မှန်တယ်။ သူ့ကို ရိုက်လိုက်တုန်းက အရမ်း သနားညှာတာမိသွားတယ်ဆိုတာ ရှင်းနေပြီ။ ငါတို့သူ့ကို မလှန်ရဲအောင် မလုပ်ပစ်လိုက်မိဘူး]

[မုမုရဲ့ဟန်ဟန် : အဲ့ဒီတုန်းကတော့ သူက နာခံနေတာကိုး ဒါပေမဲ့တစ်ချို့လူတွေက ဒီလိုပါပဲ။ သူတို့က အပြစ်ဒဏ်ပေးခံရတာကို မမှတ်ထားကြဘူး။ ဒဏ်ရာပျောက်သွားတာနဲ့ နာကျင်မှုတွေအားလုံးကို မေ့သွားရော]

[ယန်ရန် : ဒါဆို ငါတို့က သူ့ဘက်က နှလုံးသားတစ်ခုလုံးနဲ့ အလျော့မပေးမခြင်း ဆက်ရိုက်နှက်ကြတာပေါ့]

[မုမုရဲ့ဟန်ဟန် : အမှန်ပဲ။ အိုး, ဟုတ်သား...လူတွေက နန့်ရှန်က ယိုရန်ဆိုတာ မသိကြသေးဘူး ဟုတ်တယ်မှတ်လား? ဘယ်သူကမှ စကားမပေါက်ကြားတာ အကောင်းဆုံးပဲ]

[ယန်ရန် : စိတ်ချလက်ချနေ အခုချိန်မှာ ငါတို့ရယ် ဖိုးဖိုးရယ် ငါတို့မိဘတွေကလွဲရင် တစ်ခြားဘယ်သူမှ မသိဘူး။ လူတိုင်း သူက ချူဖုန်းမင်နဲ့ သွေးရင်းဆက်ဆံရေး ရှိတယ် ဆိုတာပဲ သိထားကြတာ။ ငါတို့အဒေါ်တောင် သူက နန့်ရှန်ဆိုတာ မသိဘူး]

[တတိယသခင်မလေးဖေး : အင်း, ငါတို့အဒေါ်ဖုန်းခေါ်တုန်းကလည်း ဖိုးဖိုးက အဲ့ဒီအကြောင်း မပြောလိုက်ဘူး။ သူမေ့သွားတာလား ဘာလားတော့ မသိဘူးရယ်]

[ဟန်ဟန်ရဲ့ မုမု : သူမေ့တာ မဖြစ်နိုင်ဘူး။ မင်းအဖိုးက နန့်ရှန်ကို ကာကွယ်ပေးနေတာ]

[တတိယသခင်မလေးဖေး : ဟုတ်တယ် အဲ့ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဖိုးဖိုးက နန့်ရှန်အပေါ် အမြင်ကောင်းရှိတယ်။ သူနန့်ရှန်အကြောင်း ထုတ်ပြောတိုင်း အမြဲပြုံးနေတာပဲ

[ယန်ရန် : ယိုရန်နဲ့ ရိဟန်တို့က ဆင်တူတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်လေ။ ဖိုးဖိုးက ဘာလို့ ယိုရန်အပေါ် အရမ်းအကောင်းမြင်နေလဲ ဆိုတာ နားလည်ဖို့ မခက်ခဲပါဘူး။ တကယ်တော့လည်း သူက ရိဟန်ကို အရမ်းချစ်တာပဲဟာ။ သေချာတာတော့ ဒါက တော်တော်လေး အံ့အားသင့်ဖို့ကောင်းတဲ့ အရာပဲ]

[တတိယသခင်မလေးဖေး : အထူးဆန်းဆုံး အရာကတော့ ဖိုးဖိုးက နန့်ရှန် သူနဲ့ကစားလို့ နိုင်သွားရင် လုံးဝ စိတ်မဆိုးတာပဲ! သူက ရယ်တောင် ရယ်နေသေးတယ်! အဲ့ဒါက မထူးဆန်းဘူးလား? ငါ့ဦးလေးဆို အရမ်းကို မနာလိုလွန်းလို့ မျက်လုံးတွေတောင် စိမ်းနေပြီ! ဟားဟားဟား! ဖိုးဖိုးနဲ့ ငါ့ဦးလေး ကစားတုန်းကဆိုရင် တစ်ခေါက်လောက် နိုင်သွားရင်တောင် ဖိုးဖိုးကို ချဉ်စူးသွားစေဖို့ လုံလောက်နေတာလေ!]

[မုမုရဲ့ဟန်ဟန် : ဟားဟား! ဒါတော့ အံ့သြဖို့ကောင်းတယ်။မင်းအဖိုးကို ယိုရန်အပေါ် နည်းနည်းလောက် ပိုနားလည်အောင် ကြိုးစားကြည့်လိုက်, အဲ့ဒါဆို နောင်ကျရင် ဟဲယွမ်ဆီက အရူးလုပ်ခံရမှာ မဟုတ်တော့ဘူး]

[ယန်ရန် : ငါတို့ရဲ့ လက်ရှိအခြေအနေက ငါထင်ထားတာထက် ပိုကောင်းနေတယ်]

[မုမုရဲ့ဟန်ဟန် : ဒါဆို မင်းအဒေါ်ကရော?]

[တတိယသခင်မလေးဖေး : ရပါတယ် ဖိုးဖိုးက သူမကို လစ်လျူရှုထားလိုက်လို့ပြောတယ်]

[ယန်ရန် : ငါ့အဒေါ်က ဟဲယွမ်ရဲ့ ရုပ်သေးရုပ် ဖြစ်လုနီးပါး ဖြစ်နေတာ။ အဲ့ဒီလူပြောသမျှ အမှန်ပဲလေ]

[တတိယသခင်မလေးဖေး : အဲ့ဒီလူက လူတွေကို ဘယ်လို စိတ်ကျေနပ်အောင် လုပ်ပေးရမလဲ သိတယ်လေ။ သူက သူမကို လက်ညှိုးလေးတစ်ချောင်းတည်းနဲ့ လှည့်ပတ်နေတာ။ အဲ့ဒီပါးစပ်က ဖွင့်လိုက်ဖို့ပဲလိုတာ ပြီးရင် ပန်းတွေပွင့်လာလိမ့်မယ်]

[မုမုရဲ့ဟန်ဟန် : ဒါဆို, ငါတို့ သူမကို ဟဲယွမ်က bisexual ဆိုတာ ပြောပြလိုက်ကြမလား?]

[တတိယသခင်မလေးဖေး : အဲ့ဒါကိုတော့ ယန်ရန်နဲ့ နန့်ရှန်တို့ လက်ထပ်ပြီးမှ ပြောကြတာပေါ့။ ဘယ်လိုမတော်တဆမှ မဖြစ်စေချင်ဘူး]

[ယန်ရန် : ပွင့်ပွင့်လင်းလင်း ပြောရရင် အကယ်၍ ငါတို့သူမကို ပြောလိုက်ရင်တောင် ငါတို့အဒေါ်က ယုံမှာ မဟုတ်ဘူး။ သူမက ငါတို့ကိုတောင် မုန်းသွားဦးမယ်]

[တတိယသခင်မလေးဖေး : ညီမလည်း အဲ့ဒီလိုပဲထင်တယ်။ ဒါပေမဲ့ သူမက ညီမတို့ အဒေါ်လေ။ ဖိုးဖိုးကလည်း သူမကို ဂရုစိုက်နေသေးတယ်။ သူမကို အမှောင်ထဲမှာ ထားပြီး တစ်သက်လုံး ညစ်ပတ်တဲ့ လူယုတ်မာကောင်နဲ့ နေထိုင်ခွင့်ပေးတာက ညီမတို့အတွက် မကောင်းပါဘူး]

[ယန်ရန် : ဟုတ်တယ်။ သူမက ယန်ဟွေနဲ့ ကျန်းစုကိုတောင် ရွံစရာကောင်းတယ်လို့ ထင်နေတာ။ ယိုရန်နဲ့ ငါကလည်း ရွံစရာ ကောင်းတာပဲတဲ့။ ဒါပေမဲ့ ဟဲယွမ်ရဲ့ အချစ်ကကျတော့ အလိမ်အညာတွေနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒါက ပိုပြီး တုန်လှုပ်စရာ မကောင်းဘူးလား?]

[တတိယသခင်မလေးဖေး : ဟုတ်ပ, ရွံစရာကောင်းတဲ့ ပုံစံဆိုတာ လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာတို့ ကျားမတို့နဲ့ ခွဲခြားတာမှ မဟုတ်တာ... ယုံကြည်မှုကို သစ္စာဖောက်တာကမှ ရွံစရာလေ! ကံမကောင်းစွာနဲ့ သူမက အဲ့ဒါကို နားမလည်ဘူး]

[မုမုရဲ့ဟန်ဟန် : အကယ်၍ နင်သူမကို ပြောလိုက်မယ်ဆိုရင် သူမရဲ့ ပြီးပြည့်စုံနေတဲ့ ဘဝကို ဖျတ်ဆီးတယ် ဆိုပြီးတော့ပဲ နင့်ကို မုန်းတီးသွားမှာ။ ကျေးဇူးတော့ တင်မှာ မဟုတ်ဘူး]

[တတိယသခင်မလေးဖေး : ဟမ့်! ဘယ်သူက ကျေးဇူးတင်တာ လိုချင်နေလို့လဲ? ဒါပေမယ့် မှန်ကန်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်လို့မရတဲ့အရာတွေရှိတယ်။ သူမက ယန်မိသားစုကလေ။ သူမကိုပြောပြပြီး စိတ်ကြိုက်ရွေးချယ်ခွင့်ပေးလိုက်တာကမှ ငါလုပ်နိုင်တဲ့ထဲက အကောင်းဆုံးပဲ။ ]

[တတိယသခင်မလေးဖေး : ငါ့အစ်ကိုတွေရဲ့ အိမ်ထောင်ရေးက တစ်မိသားစုလုံးကို အရှက်ရစေတယ်လို့တောင် သူမက ပြောသေးတယ်။ တကယ်တမ်း သူမက ဟဲယွမ်ရဲ့ အလိမ်အညာတွေနဲ့ လှည့်ပတ်သမျှ ခံနေရတာကမှ တကယ် ရှက်ဖို့ကောင်းတာ။ ယန်ဟွေနဲ့ ကျန်းစု၊ ယန်ရန်နဲ့ နန့်ရှန် ; သူတို့အားလုံးက အချင်းချင်း ရိုးသားပြီး သစ္စာရှိပြီးသား။ သူတို့က ဘာများ ရှက်စရာကောင်းနေလို့လဲ?]

[မုမုရဲ့ဟန်ဟန် : ကောင်းပြီ, ဖေးဖေး, လူတိုင်းမှာ သူတို့ကိုယ်ပိုင် အမြင်တွေ ရှိကြတယ် ဘာလို့ ဒီလောက် ဒေါသကြီးနေတာလဲ?]

[တတိယသခင်မလေးဖေး : ငါကဒီအတိုင်း ဒေါသထွက်တာပါ။ အပြင်လူတွေ နားမလည်ဘူး ဆိုတာက အဆင်ပြေတယ်။ ဒါပေမဲ့ သူမက မိသားစု ဖြစ်နေရဲ့သားနဲ့ စကားလုံးတွေကတော့ ကြမ်းတမ်းပြီး လွန်လွန်းတယ်။ သူမက သူတို့တွေ ပျော်ရွှင်နေရဲ့လား ဆိုတာကိုတောင် လုံးဝ ဂရုမစိုက်ဘူး။ သူမဂရုစိုက်တာက သူမရဲ့ ဂုဏ်သတင်းကိုထိခိုက်လာမလား ဆိုတာကိုပဲ။ သူမက ငါတို့ကိုဘယ်တုန်းကမှ မိသားစုတစ်ခု အနေနဲ့ မတွေးဖူးဘူး]

[တတိယသခင်မလေးဖေး : သူမ အိမ်ထောင်မပြုခင်ကတည်းက အဲ့ဒီလိုပဲ။ ငါတို့အားလုံးက သူ့ထက်ငယ်ပေမယ့် ကောင်းတာပဲဖြစ်ဖြစ် အဆင်ပြေတာပဲဖြစ်ဖြစ် သူမပိုင်တာပဲ ဖြစ်ရမယ်။ ငါ့အဒေါ်က အစ်ကိုကြီးဟွေကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တဲ့ သလင်း ကျောက်ရုပ်လေး တစ်ရုပ်ကို မှတ်မိသေးတယ်။ သူမက အဲ့ဒါကို သဘောကျသွားတယ်လေ ။ အစ်ကိုကြီးဟွေလည်း မပေးရော အဲ့ဒါကို လုယူဖို့ ကြိုးစားတော့တာပဲ။ အစ်ကိုကြီးကလည်း အဒေါ်ဆီက လက်ဆောင်မိုလို့ ဘယ်လိုပဲဖြစ်နေပါစေ မပေးခဲ့ဘူး။ သူက အဲ့ဒါကို သေသေချာချာ ထိန်းသိမ်းပြီး ကာကွယ်ထားတာ။ အဲ့ဒီတုန်းက ငါက အနားက ဖြတ်သွားတာ။ အဲ့ဒါကြောင့် ငါ့အစ်ကို့ကို ကူညီဖို့ သွားခဲ့ပေမယ့် သူမက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး အရုပ်လေးကို ချိုးပြီး ဖျတ်ဆီးပစ်လိုက်တာပဲ!]

[မုမုရဲ့ဟန်ဟန် : ဘယ်လိုတောင်.....လွန်လွန်းတာလဲ]

[တတိယသခင်မလေးဖေး : အခုချိန်ထိတောင် အဲ့ဒီတုန်းက ခံစားခဲ့ရတဲ့ ဒေါသနဲ့ ဝမ်းနည်းကြေကွဲမှုကို မှတ်မိနေသေးတယ်။ အစ်ကိုဟွေရဲ့ တရုတ် zodiac sign က မြင်းလေ။ အဲ့ဒီလက်ဆောင်က အရမ်းလှတဲ့ မြင်းရုပ်လေး။ အစ်ကိုဟွေက အရမ်းသဘောကျနေခဲ့တာ။ သူက အဲ့ဒါကို ကိုင်ရင်တောင် သတိတကြီးနဲ့ ဂရုတစိုက် ကိုင်တာ။ အဆုံးကျတော့ ငါတို့ဒေါ်လေးက ခွဲပစ်လိုက်ရော။ အကွဲစတွေက ကြမ်းပြင်အနှံ့ ပျံ့ကျဲနေခဲ့တာ။ အဲ့ဒါကိုတောင် သူက စိတ်ဆိုးရဲသေးပြီး တက်နင်းပစ်တယ်။ ငါတို့မှာ မျက်ရည်စက်လက်နဲ့ ဒူးထောက်ပြီး အကွဲစတွေကို လိုက်ကောက်ရတာ။ အိုး...အဲ့ဒီတုန်းက ခံစားချက်တွေ...ငါပြန်တောင် မစဉ်းစားချင်တော့ဘူး။ အခုချိန်ထိတောင် အဲ့ဒီရုပ်ထုလေးကို ပြန်စဉ်းစားမိရင် ရင်နာတယ်။ ငါ့အဒေါ်က အဲ့ဒီအကြောင်း ကြားတော့ အစ်ကိုဟွေအတွက် အသစ်ထပ်ဝယ်လာပေးပေမယ့် ခံစားချက်ကတော့ မတူတော့ဘူးလေဟာ။ ပိုဆိုးတာက ငါတို့အဒေါ်က အဖိုးဆီပြေးပြီး တိုင်တာပဲ။ သူမပြောတာ ငါနဲ့ အစ်ကိုဟွေ့ အတူတူပေါင်းပြီး သူ့ကို တိုက်ခိုက်ပါတယ်တဲ့!]

[ယန်ရန် : ပြီးခဲ့တာတွေ ပြန်ပြောမနေနဲ့တော့]

[တတိယသခင်မလေးဖေး : ဘာလို့မပြောရမှာလဲ? အခု စဉ်းစားရုံနဲ့တင် ဒေါသတွေထက်လာပြီ!]

[မုမုရဲ့ဟန်ဟန် : သူမက ငါ့ထက်ဆိုးတာပဲ]

[ဟန်ဟန်ရဲ့ မုမု : ဘာတွေပြောနေတာလဲ? မင်းက သူမနဲ့ မတူပါဘူး။ မင်းနဲ့သူမကြားမှာ ဆင်တူတာ သေးသေးလေးတောင် မရှိဘူး ]

[တတိယသခင်မလေးဖေး : နောက်ပိုင်းမှာ သူမ လက်ထပ်သွားတယ်။ အဲ့ဒီကတည်းက ပြန်လာတာ ရှားပါးသွားတာပဲ။ ရိုးရိုးသားသား ပြောရရင် အဲ့ဒီတုန်းက ငါတို့အားလုံး စိတ်သက်သာရာ ရသွားကြတာ။ သူမမရှိတော့ အိမ်က ပိုပြီး နွေးထွေးလာတယ်!]

[ယန်ရန် : တော်လောက်ပြီ ဖေးဖေး။ ပျော်စရာမကောင်းတဲ့ အရာတွေကို ဆက်မပြောနဲ့တော့။ ငါနဲ့ယိုရန်ရဲ့ စေ့စပ်ပွဲ ကိစ္စကိုပဲ ပြောကြမယ်]

[မုမုရဲ့ဟန်ဟန် : !!!]

[မုမုရဲ့ဟန်ဟန်: မြန်လှချေလား! မင်းတို့ဘယ်တော့ စေ့စပ်ဖို့ စီစဉ်ထားလဲ?]

[ယန်ရန် : စေ့စပ်ပွဲကို ဒီဇင်ဘာလ အစောပိုင်းမှာလုပ်မယ်။ ယိုရန်နဲ့ ငါနဲ့ပြောပြီးသွားပြီ။ ငါတို့ မင်းရဲ့ နည်းလမ်းကိုပဲ သုံးမှာ။ စေ့စပ်ပွဲ ပြီးတာနဲ့ အရင်ဆုံး လက်ထပ်မှတ်ပုံတင်မယ်။ ငါကတော့ ခရစ်စမတ်မှာ စာရင်းသွားသွင်းဖို့ စီစဉ်ထားတယ်]

[မုမုရဲ့ဟန်ဟန် : အိုး, ဂုဏ်ပြုပါတယ်! အဲ့ဒီနေ့ကကောင်းတယ်။ မင်္ဂလာရှိတဲ့နေ့ပဲ]

[ယန်ရန် : အင်း ကျေးဇူးတင်ပါတယ် ရိဟန်။ ယိုရန်က သူ့စာအုပ်အသစ်နဲ့ အလုပ်ရှုပ်နေတော့ အဲ့ဒီကိစ္စတွေ ငါပဲတာဝန်ယူထားတယ်]

[ဟန်ဟန်ရဲ့ မုမု : ဂုဏ်ပြုပါတယ်! ]

[ယန်ရန် :  ကျေးဇူးတင်ပါတယ်]

[မုမုရဲ့ဟန်ဟန် : မင်္ဂလာဆောင်ကရော? အဲ့ဒါက နောက်နှစ်နွေဦးပဲလား?]

[ယန်ရန် : နွေရာသီဖြစ်သွားပြီ။ ငါ့မိဘတွေနဲ့ ဖိုးဖိုးကလည်း နွေဦးက အရမ်းစောလွန်းတယ်လို့ပြောတယ်။ ငါတို့ ကောင်းကောင်း ပြင်ဆင်နိုင်မှာ မဟုတ်ဘူးတဲ့။ ဒါက တစ်သက်မှာ တစ်ခါပဲ လုပ်ရမယ့်ပွဲတဲ့လေ။ ငါလည်း အရမ်းအလျင်လိုပြီး နောင်တ မရချင်တာမို့လို့ လက်ခံလိုက်တယ်]

[မုမုရဲ့ဟန်ဟန် : ဟုတ်တယ်။ ဒါက ယုတ္တိကျတယ်]

[တတိယသခင်မလေးဖေး : ဘာလဲ? ရိဟန် နင်သူ့ကို တကယ်ကြီး ယုံနေတာလား? ဒီနှစ်ထဲ စာရင်းသွင်းလို့ရလို့သာ နောက်ကျမှ မင်္ဂလာဆောင်တာကို လက်ခံလိုက်တဲ့ဟာကြီးကို]

[တတိယသခင်မလေးဖေး : မင်္ဂလာပွဲက ဒီအတိုင်း အခမ်းအနား သက်သက်ပဲ။ certificate ကသာ ဘုရင်လေ!]

[ယန်ရန် : နင်ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ?]

[မုမုရဲ့ဟန်ဟန် : ဟားဟားဟား! ဖေးဖေး နင်အမှန်တရားကို ထုတ်ပြောလို့ မရဘူးလေ။ နင့်အစ်ကိုတော့ ရှက်ပြီး ဒေါသတွေ ထွက်နေတော့မှာပဲ]

[တတိယသခင်မလေးဖေး : မကြောက်ပါဘူး! လာရိုက်လေ! အစ်ကို ညီမကို မရိုက်နိုင်ပါဘူး။ ညီမက စိတ်ဆိုးလိုက်မှာပေါ့!]

[တတိယသခင်မလေးဖေး : အကယ်၍ ထိရဲရင် ထိကြည့်ပါလား နန့်ရှန်ကို ပြောပြစ်လိုက်မှာ! အစ်ကိုက ကောင်းမွန်တဲ့ လူတစ်ယောက်နဲ့ တူပေမယ့် တကယ်တမ်း တစ်ခြားသူတွေကို အနိုင်ကျင့်ရတာ ကြိုက်တယ် ဆိုပြီးတော့!]

[ယန်ရန် : နင့်စိတ်ထဲ ငါနင့်ကို ဘာမှ လုပ်လို့မရဘူးလို့ ထင်နေတာလား?]

[တတိယသခင်မလေးဖေး : ဟားဟား! ညီမ ဆင်းပြီ!]

==================

Translator' Note

*ကုလားအုတ်ကျောရိုးအား ကျိုးစေသည့် ကောက်ရိုး = အဲ့ဒါက အင်္ဂလိပ် idiom တစ်ခုဖြစ်ပြီးတော့ ကိစ္စသေးသေးလေးတွေ စုလာတာက မျှော်မှန်းမရလောက်အောင် ကြီးမားတဲ့ ရုတ်တရက် တုန့်ပြန်မှုကို ဖြစ်ပေါ်စေတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

ရှင်လေးတို့တော့ မသိဘူး ကျွန်မတော့ မုမုရဲ့ ဟန်ဟန်နဲ့ ဟန်ဟန်ရဲ့မုမုက တော်တော်လေး ကြည့်ယူရတယ်😅

==================
Zaw Gyi

အခန္း(၁၉၀) - ယန္ေျမာင္ရဲ႔ ဖုန္းေခၚမွု

ခ်ဴမိသားစုရဲ႔ စီးပြားေရး လုပ္ေဖာ္ကိုင္ဖက္ေတြက ခ်ဴမိသားစုကို ေက်ာခိုင္းသြားၾကျပီး ခ်ီမိသားစုရဲ႔ တိုက္ခိုက္မွုကို စုတ္ျပတ္ေနေအာင္ ခံရသည့္အျဖစ္သည္ *ကုလားအုတ္ေက်ာရိုးအား က်ိဳးေစသည့္ ေကာက္ရိုးပင္ျဖစ္သည္။ ခ်ဴမိသားစုထဲက လူတိုင္းက ခ်ဴဖုန္းမင္အား မထီမဲ့ျမင္ ျပဳလာၾကသည္။ သူတို႔က သူ႔ကို ေတာ္လွန္ပုန္ကန္ၿပီး ဒါ႐ိုက္တာဘုတ္အဖြဲ႕ဥကၠ႒ ရာထူးမွဖယ္ရွားေပးရန္ ေတာင္းဆိုလာခဲ့သည္။

ျပင္ပကမာၻရဲ႔ ေပါက္ကြဲမွုမ်ားက ထိုကိစၥမွာ ပါဝင္ပတ္သတ္ေနသည့္ ရႊီးယိုရန္၏ နားထဲသို႔ မေရာက္ခဲ့ေပ။ အခုတစ္ေလာမွာ သူ႔စိတ္တစ္ခုလံုးက စာအုပ္အသစ္ထဲမွာသာ စ်ာန္ဝင္စားေနခဲ့၏။ သဘာဝက်က်ပဲ ယန္ရန္ကလည္း ဒီိလုို ေပါက္ကရ ကိစၥေတြနဲ႔ သူ႔အာရံုကို မဖ်တ္ဆီးဘူးေလ။ ဖိုးဖိုးယန္ဘက္ကေန သူတို႔ဆက္ဆံေရးကို ကိုယ္တိုင္ေၾကညာခ်က္ ထုတ္ေပးလုိက္ျပီဟုသာ ယိုရန္ကို ေျပာထားသည္။

ယိုရန္က အရမ္းကို စိတ္ထဲ ထိသြားရတာေၾကာင့္ ဖိုးဖိုးယန္အား သူ႔ေက်းဇူးတင္မွုကို ေဖာ္ျပေပးနုိင္ရန္ အျပင္ထြက္ျပီး လက္ေဆာင္မ်ားစြာ ဝယ္ယူလိုက္သည္။ သူဝယ္ေပးတဲ့ လက္ေဆာင္ေတြက ယန္မိသားစုလို မိသားစုတစ္ခုရဲ႔ အျမင္မွာ ေစ်းလည္းမၾကီးသလို အဖိုးလည္းမတန္ေပ။ ဒါေတြကို ေစ်းေပါတယ္ဟုပင္ ေျပာနုိင္သည္။ သို႔ေသာ္လည္း ဖိုးဖိုးယန္ကေတာ့ ေပ်ာ္ရႊင္ျမဴးတူးေန၏။

သူက ယိုရန္အား Go board ဆီ ဆြဲေခၚသြားျပီး ပြဲနည္းနည္းေလာက္ ေဆာ့ေတာ့သည္။ ကစားေနစဥ္ တစ္ေလ်ွာက္လံုးမွာလည္း ယိုရန္အား တစ္ခ်ိန္လံုး ခ်ီးမြမ္းကာ လိမၼာတဲ့ ကေလးေလးဟု ေခၚေနသည္ပင္။ အခုဆို ဖိုးဖိုးယန္က ယိုရန္အား သူ႔မိသားစုဝင္တစ္ခုအျဖစ္ သတ္မွတ္ထားျပီးေနေလျပီ။ ဘယ္သူမွ မရွိတဲ့အခ်ိန္ဆိုရင္ ယန္ရန္က ယိုရန္နဲ႔ လက္ထပ္လုိက္ျခင္းဟာ ကံေကာင္းျပီး ၾကီးပြားခ်မ္းသာတဲ့ ျဖစ္ရပ္ျဖစ္ေၾကာင္းပင္ ယန္ေဟြအား ေျပာျပေနေသးသည္။

***

ရိဟန္နဲ႔ က်န္တဲ့သူေတြရဲ႔ group chat က လြန္ခဲ့တဲ့ ရက္အနည္းငယ္ကတည္းက အဆက္မျပတ္ တစ္ေတာင္ေတာင္ အသံထြက္ေနသည္။ လူတိုင္းက အဆက္အသြယ္ ရွိေနၾကျပီး သူတို႔ၾကားသိထားသမ်ွ အခ်က္အလက္အားလံုးကို ေဝမ်ွေနၾက၏။

[တတိယသခင္မေလးေဖး : အေရးေပၚသတင္း။ မေန႔က ငါ့အေဒၚက ငါ့ကို ဖုန္းေခၚျပီး နန္႔ရွန္အေၾကာင္း ေမးေနတယ္]

[မုမုရဲ႔ဟန္ဟန္ : ဒီကိစၥက ေပါက္ကြဲျပီး အခ်ိန္အေတာ္ၾကာေအာင္ ျဖစ္ပြားေနတဲ့ဟာ နင့္အေဒၚက အခုမွ သိတယ္တဲ့လား?]

[တတိယသခင္မေလးေဖး : က်ြစ္, အခုမွ သိတာေတာင္ ေတာ္ေတာ္ေလး ေကာင္းေနျပီဟ။ ယန္ေဟြနဲ႔ က်န္းေကာတို႔ လက္ထပ္တုန္းကဆိုရင္ 'ရြံစရာေကာင္းတယ္၊ အရွက္တရား ကင္းမဲ့လိုက္တာ' ဆိုတဲ့ စကားေတြပဲ ျပန္ေျပာခဲ့တာ]

[မုမုရဲ႔ဟန္ဟန္ :အင္းေလ ဟုတ္ပါတယ္ ဒီတစ္ေခါက္ေတာ့ ေစာေစာ အာရံုစိုက္လာတာေပါ့။ အဲ့ဒိေတာ့ ဘာေျပာလဲ၊]

[တတိယသခင္မေလးေဖး : ဆန္႔က်င္စကားကလြဲရင္ ဘာေျပာမွာလဲ? ယန္ေဟြနဲ႔ က်န္းေကာတို႔ၾကားက လက္ထပ္ပြဲကတင္ မိသားစုတစ္ခုလံုးကို အရွက္ရစရာ ျဖစ္ေနျပီးသားတဲ့။ အခု ယန္ရန္က တစ္ပံုစံတည္း လုပ္လာျပန္ျပီ ဆိုပဲ။ သူ႔ေၾကာင့္နဲ႔ေတာ့ အရွက္ခြဲ မခံနုိင္ဘူးတဲ့။ အဲ့ဒါက ရြံစရာေကာင္းလြန္းလို႔ အခုဆို အျပင္မွာ ဘယ္လိုမွ မ်က္နွာေတာင္ မျပရဲေတာ့ဘူးဆိုျပိးေတာ့ေလ။ ဖိုးဖိုးက အရမ္းကို ေဒါသထြက္ေနတာ။ တစ္ညလံုး မအိပ္ပဲ စိတ္ေတြတိုေနျပီး ညစာလည္း သိပ္မစားဘူး။ ငါ့ဦးေလးက သူ႔ကိုစကားေျပာဖို႔ ၾကိဳးစားေပမယ့္လည္း အသံုးမဝင္ဘူးရယ္။ သူတို႔နွစ္ဖက္လံုး ၾကည့္ရတာ မေပ်ာ္မရႊင္နဲ႔]

[မုမုရဲ႔ဟန္ဟန္ : ဘယ္လိုမ်ား သူမက ဒီလုိပံုစံ ျဖစ္ရတာလဲ? ယန္ေဟြနဲ႔ ယန္ရန္ရဲ႔ မဂၤလာပြဲက ဘာမ်ား ရွက္စရာ ရွိလို႔လဲ? သူမက အရမ္းထူးဆန္းတာပဲ]

[တတိယသခင္မေလးေဖး : ဟုတ္တယ္မွတ္လား? ဖိုးဖိုးက သူမ စကားကို နားေယာင္သြားမွာကို ငါအရမ္းေၾကာက္ေနတာ။ ကံေကာင္းလို႔ သူက မပါသြားဘူး။ မပါသြားတဲ့အျပင္ သူမကို အရမ္းစိတ္ပ်က္သြားျပီလို႔ေတာင္ ေျပာတယ္။နန္႔ရွန္က ဘယ္လိုလူလဲ ဒါမွမဟုတ္ ယန္ေဟြတစ္ေယာက္ ေပ်ာ္ရႊင္ေနလား မေပ်ာ္ဘူးလား ဆုိတာေတာင္ သူမက ဂရုမစိုက္ဘူးတဲ့။ သူမေျပာတဲ့ ပထမဆံုးအရာက အရွက္ရတယ္ ဆိုတာပဲ ျဖစ္ေနခဲ့တာ]

[တတိယသခင္မေလးေဖး : သူေျပာတာေတာ့ ေဒၚေလးကို ငယ္ငယ္က အရမ္းအလိုလိုက္ခဲ့မိတာ ေနာင္တရတယ္တဲ့။ အဲ့ဒါေၾကာင့္ သူမက ဒီလိုမ်ိဳး တစ္ကိုယ္ေကာင္းဆန္ျပီး နွလံုးသားေအးစက္သြားခဲ့တာ]

[ဟန္ဟန္ရဲ႔ မုမု : တစ္ခ်ိဳ႔လူေတြက ဒီအတိုင္း ေမြးဖြားလာၾကတာ။ အဲ့ဒါက အလိုလိုက္တာ မလုိက္တာနဲ႔ မဆိုင္ဘူး]

[တတိယသခင္မေလးေဖး : Mr မုေျပာတာမွန္တယ္။ ရိုးရိုးသားသား ေျပာရရင္ ငါလည္း အဲ့ဒီလိုပဲထင္တယ္။ ငါ့မိဘေတြလည္း ငါ့ကို လိုခ်င္သမ်ွ အရာအားလံုး ေပးေနတာပဲ ဒါေပမဲ့ သူမလိုေတာ့ မျဖစ္သြားပါဘူး။ တစ္ခ်ိန္လံုး ကိုယ့္အတြက္ကိုယ္ပဲ ေတြးမေနဘူး]

[ယန္ရန္ : ဟဲယြမ္က အိမ္ျပန္လာျပီ]

[မုမုရဲ႔ဟန္ဟန္ : သူက လံုးဝေကာင္းသြားျပီလား?]

[ယန္ရန္ : အင္း, အရမ္းကို အဆင္ေျပေနတာ။ အိမ္ျပန္ေရာက္လာတဲ့ပံုစံက ယန္ေျမာင္ကို သူေျပာထားတဲ့အတုိင္း အလုပ္ခရီးကေန ျပန္လာသလိုပဲ သန္႔ရွင္း သပ္ရပ္ေနေရာ]

[တတိယသခင္မေလးေဖး : သူက ေတာ္ေတာ္ေလးကိုေတာ့ အလိမ္ေတာ္တာပဲ]

[မုမုရဲ႔ဟန္ဟန္ : ေဟး, မင္းတို႔အေဒၚက ရုတ္တရက္ ယန္ရန္ရဲ႔ လက္ထပ္ပြဲကို ဆန္႔က်င္လာတာ ဟဲယြမ္နဲ႔မ်ား ပတ္သတ္ေနမလား? သူက အခုေလးတင္ အိမ္ျပန္ေရာက္တယ္ ဆိုေတာ့ေလ]

[မုမုရဲ႔ဟန္ဟန္ : ဘယ္လိုလုပ္ အခ်ိန္က ဒီေလာက္ တုိက္ဆုိင္ေနရတာလဲ? သူျပန္လာတာနဲ႔ ခ်က္ခ်င္းပဲ နင္တို႔အေဒၚလည္း ဖုန္းေခၚလာတာပဲ]

[ယန္ရန္ : ငါလည္း အဲ့ဒီလိုပဲထင္တယ္။ သူက အရိုက္ခံရတဲ့အတြက္ လက္တုန္႔ျပန္ခ်င္ေပမယ့္ လုပ္ရဲတဲ့ သတၱိမရွီဘူးျဖစ္ေနတယ္ ဒါေပမဲ့ ယိုရန္ ေကာင္းေကာင္း ေနတာကိုလည္း မျမင္ခ်င္ျပန္ဘူး]

[တတိယသခင္မေလးေဖး : ငါ့အစ္ကိုေျပာတာ မွန္တယ္။ သူ႔ကို ရိုက္လုိက္တုန္းက အရမ္း သနားညွာတာမိသြားတယ္ဆိုတာ ရွင္းေနျပီ။ ငါတို႔သူ႔ကို မလွန္ရဲေအာင္ မလုပ္ပစ္လုိက္မိဘူး]

[မုမုရဲ႔ဟန္ဟန္ : အဲ့ဒီတုန္းကေတာ့ သူက နာခံေနတာကိုး ဒါေပမဲ့တစ္ခ်ိဳ႔လူေတြက ဒီလိုပါပဲ။ သူတို႔က အျပစ္ဒဏ္ေပးခံရတာကို မမွတ္ထားၾကဘူး။ ဒဏ္ရာေပ်ာက္သြားတာနဲ႔ နာက်င္မွုေတြအားလံုးကို ေမ့သြားေရာ]

[ယန္ရန္ : ဒါဆို ငါတို႔က သူ႔ဘက္က နွလံုးသားတစ္ခုလံုးနဲ႔ အေလ်ာ့မေပးမျခင္း ဆက္ရိုက္နွက္ၾကတာေပါ့]

[မုမုရဲ႔ဟန္ဟန္ : အမွန္ပဲ။ အိုး, ဟုတ္သား...လူေတြက နန္႔ရွန္က ယိုရန္ဆိုတာ မသိၾကေသးဘူး ဟုတ္တယ္မွတ္လား? ဘယ္သူကမွ စကားမေပါက္ၾကားတာ အေကာင္းဆုံးပဲ]

[ယန္ရန္ : စိတ္ခ်လက္ခ်ေန အခုခ်ိန္မွာ ငါတို႔ရယ္ ဖိုးဖိုးရယ္ ငါတို႔မိဘေတြကလြဲရင္ တစ္ျခားဘယ္သူမွ မသိဘူး။ လူတိုင္း သူက ခ်ဴဖုန္းမင္နဲ႔ ေသြးရင္းဆက္ဆံေရး ရွိတယ္ ဆုိတာပဲ သိထားၾကတာ။ ငါတို႔အေဒၚေတာင္ သူက နန္႔ရွန္ဆိုတာ မသိဘူး]

[တတိယသခင္မေလးေဖး : အင္း, ငါတို႔အေဒၚဖုန္းေခၚတုန္းကလည္း ဖိုးဖိုးက အဲ့ဒီအေၾကာင္း မေျပာလုိက္ဘူး။ သူေမ့သြားတာလား ဘာလားေတာ့ မသိဘူးရယ္]

[ဟန္ဟန္ရဲ႔ မုမု : သူေမ့တာ မျဖစ္နုိင္ဘူး။ မင္းအဖိုးက နန္႔ရွန္ကို ကာကြယ္ေပးေနတာ]

[တတိယသခင္မေလးေဖး : ဟုတ္တယ္ အဲ့ဒီလိုပဲ ျဖစ္လိမ့္မယ္။ ဖိုးဖိုးက နန္႔ရွန္အေပၚ အျမင္ေကာင္းရွိတယ္။ သူနန္႔ရွန္အေၾကာင္း ထုတ္ေျပာတိုင္း အျမဲျပံဳးေနတာပဲ

[ယန္ရန္ : ယိုရန္နဲ႔ ရိဟန္တို႔က ဆင္တူတဲ့ ကိုယ္ရည္ကိုယ္ေသြး ရွိတယ္ေလ။ ဖိုးဖိုးက ဘာလို႔ ယိုရန္အေပၚ အရမ္းအေကာင္းျမင္ေနလဲ ဆုိတာ နားလည္ဖို႔ မခက္ခဲပါဘူး။ တကယ္ေတာ့လည္း သူက ရိဟန္ကို အရမ္းခ်စ္တာပဲဟာ။ ေသခ်ာတာေတာ့ ဒါက ေတာ္ေတာ္ေလး အ့ံအားသင့္ဖို႔ေကာင္းတဲ့ အရာပဲ]

[တတိယသခင္မေလးေဖး : အထူးဆန္းဆံုး အရာကေတာ့ ဖိုးဖိုးက နန္႔ရွန္ သူနဲ႔ကစားလို႔ နုိင္သြားရင္ လံုးဝ စိတ္မဆိုးတာပဲ! သူက ရယ္ေတာင္ ရယ္ေနေသးတယ္! အဲ့ဒါက မထူးဆန္းဘူးလား? ငါ့ဦးေလးဆို အရမ္းကို မနာလိုလြန္းလို႔ မ်က္လံုးေတြေတာင္ စိမ္းေနျပီ! ဟားဟားဟား! ဖိုးဖိုးနဲ႔ ငါ့ဦးေလး ကစားတုန္းကဆိုရင္ တစ္ေခါက္ေလာက္ နုိင္သြားရင္ေတာင္ ဖိုးဖိုးကို ခ်ဥ္စူးသြားေစဖို႔ လံုေလာက္ေနတာေလ!]

[မုမုရဲ႔ဟန္ဟန္ : ဟားဟား! ဒါေတာ့ အ့ံၾသဖို႔ေကာင္းတယ္။မင္းအဖိုးကို ယိုရန္အေပၚ နည္းနည္းေလာက္ ပိုနားလည္ေအာင္ ၾကိဳးစားၾကည့္လုိက္, အဲ့ဒါဆို ေနာင္က်ရင္ ဟဲယြမ္ဆီက အရူးလုပ္ခံရမွာ မဟုတ္ေတာ့ဘူး]

[ယန္ရန္ : ငါတို႔ရဲ႔ လက္ရွိအေျခအေနက ငါထင္ထားတာထက္ ပိုေကာင္းေနတယ္]

[မုမုရဲ႔ဟန္ဟန္ : ဒါဆို မင္းအေဒၚကေရာ?]

[တတိယသခင္မေလးေဖး : ရပါတယ္ ဖိုးဖိုးက သူမကို လစ္လ်ဴရွဳထားလုိက္လို႔ေျပာတယ္]

[ယန္ရန္ : ငါ့အေဒၚက ဟဲယြမ္ရဲ႔ ရုပ္ေသးရုပ္ ျဖစ္လုနီးပါး ျဖစ္ေနတာ။ အဲ့ဒီလူေျပာသမ်ွ အမွန္ပဲေလ]

[တတိယသခင္မေလးေဖး : အဲ့ဒီလူက လူေတြကို ဘယ္လို စိတ္ေက်နပ္ေအာင္ လုပ္ေပးရမလဲ သိတယ္ေလ။ သူက သူမကို လက္ညွိဳးေလးတစ္ေခ်ာင္းတည္းနဲ႔ လွည့္ပတ္ေနတာ။ အဲ့ဒီပါးစပ္က ဖြင့္လိုက္ဖို႔ပဲလိုတာ ျပီးရင္ ပန္းေတြပြင့္လာလိမ့္မယ္]

[မုမုရဲ႔ဟန္ဟန္ : ဒါဆို, ငါတို႔ သူမကို ဟဲယြမ္က bisexual ဆိုတာ ေျပာျပလိုက္ၾကမလား?]

[တတိယသခင္မေလးေဖး : အဲ့ဒါကိုေတာ့ ယန္ရန္နဲ႔ နန္႔ရွန္တို႔ လက္ထပ္ျပီးမွ ေျပာၾကတာေပါ့။ ဘယ္လိုမေတာ္တဆမွ မျဖစ္ေစခ်င္ဘူး]

[ယန္ရန္ : ပြင့္ပြင့္လင္းလင္း ေျပာရရင္ အကယ္၍ ငါတို႔သူမကို ေျပာလိုက္ရင္ေတာင္ ငါတို႔အေဒၚက ယံုမွာ မဟုတ္ဘူး။ သူမက ငါတုိ႔ကိုေတာင္ မုန္းသြားဦးမယ္]

[တတိယသခင္မေလးေဖး : ညီမလည္း အဲ့ဒီလိုပဲထင္တယ္။ ဒါေပမဲ့ သူမက ညီမတို႔ အေဒၚေလ။ ဖိုးဖိုးကလည္း သူမကို ဂရုစိုက္ေနေသးတယ္။ သူမကို အေမွာင္ထဲမွာ ထားၿပီး တစ္သက္လုံး ညစ္ပတ္တဲ့ လူယုတ္မာေကာင္နဲ႔႔ ေနထိုင္ခြင့္ေပးတာက ညီမတို႔အတြက္ မေကာင္းပါဘူး]

[ယန္ရန္ : ဟုတ္တယ္။ သူမက ယန္ေဟြနဲ႔ က်န္းစုကိုေတာင္ ရြံစရာေကာင္းတယ္လို႔ ထင္ေနတာ။ ယိုရန္နဲ႔ ငါကလည္း ရြံစရာ ေကာင္းတာပဲတဲ့။ ဒါေပမဲ့ ဟဲယြမ္ရဲ႔ အခ်စ္ကက်ေတာ့ အလိမ္အညာေတြနဲ႔ ျပည့္နွက္ေနတယ္။ အဲ့ဒါက ပိုျပီး တုန္လွုပ္စရာ မေကာင္းဘူးလား?]

[တတိယသခင္မေလးေဖး : ဟုတ္ပ, ရြံစရာေကာင္းတဲ့ ပံုစံဆိုတာ လူတစ္ေယာက္ရဲ႔ လိင္ပိုင္းဆုိင္ရာတို႔ က်ားမတို႔နဲ႔ ခြဲျခားတာမွ မဟုတ္တာ... ယံုၾကည္မွုကို သစၥာေဖာက္တာကမွ ရြံစရာေလ! ကံမေကာင္းစြာနဲ႔ သူမက အဲ့ဒါကို နားမလည္ဘူး]

[မုမုရဲ႔ဟန္ဟန္ : အကယ္၍ နင္သူမကို ေျပာလိုက္မယ္ဆိုရင္ သူမရဲ႔ ျပီးျပည့္စံုေနတဲ့ ဘဝကို ဖ်တ္ဆီးတယ္ ဆိုျပီးေတာ့ပဲ နင့္ကို မုန္းတီးသြားမွာ။ ေက်းဇူးေတာ့ တင္မွာ မဟုတ္ဘူး]

[တတိယသခင္မေလးေဖး : ဟမ့္! ဘယ္သူက ေက်းဇူးတင္တာ လိုခ်င္ေနလို႔လဲ? ဒါေပမယ့္ မွန္ကန္တဲ့ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ လုပ္လို႔မရတဲ့အရာေတြရွိတယ္။ သူမက ယန္မိသားစုကေလ။ သူမကိုေျပာျပၿပီး စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ေပးလိုက္တာကမွ ငါလုပ္ႏိုင္တဲ့ထဲက အေကာင္းဆုံးပဲ။ ]

[တတိယသခင္မေလးေဖး : ငါ့အစ္ကိုေတြရဲ႕ အိမ္ေထာင္ေရးက တစ္မိသားစုလုံးကို အရွက္ရေစတယ္လို႔ေတာင္ သူမက ေျပာေသးတယ္။ တကယ္တမ္း သူမက ဟဲယြမ္ရဲ႔ အလိမ္အညာေတြနဲ႔ လွည့္ပတ္သမ်ွ ခံေနရတာကမွ တကယ္ ရွက္ဖို႔ေကာင္းတာ။ ယန္ေဟြနဲ႔ က်န္းစု၊ ယန္ရန္နဲ႔ နန္႔ရွန္ ; သူတို႔အားလံုးက အခ်င္းခ်င္း ရိုးသားျပီး သစၥာရွိျပီးသား။ သူတို႔က ဘာမ်ား ရွက္စရာေကာင္းေနလို႔လဲ?]

[မုမုရဲ႔ဟန္ဟန္ : ေကာင္းျပီ, ေဖးေဖး, လူတုိင္းမွာ သူတို႔ကိုယ္ပိုင္ အျမင္ေတြ ရွိၾကတယ္ ဘာလို႔ ဒီေလာက္ ေဒါသၾကီးေနတာလဲ?]

[တတိယသခင္မေလးေဖး : ငါကဒီအတိုင္း ေဒါသထြက္တာပါ။ အျပင္လူေတြ နားမလည္ဘူး ဆုိတာက အဆင္ေျပတယ္။ ဒါေပမဲ့ သူမက မိသားစု ျဖစ္ေနရဲ႔သားနဲ႔ စကားလံုးေတြကေတာ့ ၾကမ္းတမ္းျပီး လြန္လြန္းတယ္။ သူမက သူတို႔ေတြ ေပ်ာ္ရႊင္ေနရဲ႔လား ဆိုတာကိုေတာင္ လံုးဝ ဂရုမစိုက္ဘူး။ သူမဂရုစိုက္တာက သူမရဲ႔ ဂုဏ္သတင္းကိုထိခိုက္လာမလား ဆိုတာကိုပဲ။ သူမက ငါတို႔ကိုဘယ္တုန္းကမွ မိသားစုတစ္ခု အေနနဲ႔ မေတြးဖူးဘူး]

[တတိယသခင္မေလးေဖး : သူမ အိမ္ေထာင္မျပဳခင္ကတည္းက အဲ့ဒီလိုပဲ။ ငါတို႔အားလုံးက သူ႔ထက္ငယ္ေပမယ့္ ေကာင္းတာပဲျဖစ္ျဖစ္ အဆင္ေျပတာပဲျဖစ္ျဖစ္ သူမပိုင္တာပဲ ျဖစ္ရမယ္။ ငါ့အေဒၚက အစ္ကိုၾကီးေဟြကို ေမြးေန႔လက္ေဆာင္အျဖစ္ ေပးခဲ့တဲ့ သလင္း ေက်ာက္႐ုပ္ေလး တစ္႐ုပ္ကို မွတ္မိေသးတယ္။ သူမက အဲ့ဒါကို သေဘာက်သြားတယ္ေလ ။ အစ္ကိုၾကီးေဟြလည္း မေပးေရာ အဲ့ဒါကို လုယူဖို႔ ႀကိဳးစားေတာ့တာပဲ။ အစ္ကိုၾကီးကလည္း အေဒၚဆီက လက္ေဆာင္မိုလို႔ ဘယ္လိုပဲျဖစ္ေနပါေစ မေပးခဲ့ဘူး။ သူက အဲ့ဒါကို ေသေသခ်ာခ်ာ ထိန္းသိမ္းျပီး ကာကြယ္ထားတာ။ အဲ့ဒီတုန္းက ငါက အနားက ျဖတ္သြားတာ။ အဲ့ဒါေၾကာင့္ ငါ့အစ္ကို႔ကို ကူညီဖို႔ သြားခဲ့ေပမယ့္ သူမက စိတ္ဆိုးမာန္ဆိုးျဖစ္ျပီး အရုပ္ေလးကို ခ်ိဳးျပီး ဖ်တ္ဆီးပစ္လုိက္တာပဲ!]

[မုမုရဲ႔ဟန္ဟန္ : ဘယ္လိုေတာင္.....လြန္လြန္းတာလဲ]

[တတိယသခင္မေလးေဖး : အခုခ်ိန္ထိေတာင္ အဲ့ဒီတုန္းက ခံစားခဲ့ရတဲ့ ေဒါသနဲ႔ ဝမ္းနည္းေၾကကြဲမွုကို မွတ္မိေနေသးတယ္။ အစ္ကိုေဟြရဲ႔ တရုတ္ zodiac sign က ျမင္းေလ။ အဲ့ဒီလက္ေဆာင္က အရမ္းလွတဲ့ ျမင္းရုပ္ေလး။ အစ္ကိုေဟြက အရမ္းသေဘာက်ေနခဲ့တာ။ သူက အဲ့ဒါကို ကိုင္ရင္ေတာင္ သတိတၾကီးနဲ႔ ဂရုတစိုက္ ကိုင္တာ။ အဆံုးက်ေတာ့ ငါတို႔ေဒၚေလးက ခြဲပစ္လုိက္ေရာ။ အကြဲစေတြက ၾကမ္းျပင္အနွံ႔ ပ်ံ႔က်ဲေနခဲ့တာ။ အဲ့ဒါကိုေတာင္ သူက စိတ္ဆိုးရဲေသးျပီး တက္နင္းပစ္တယ္။ ငါတို႔မွာ မ်က္ရည္စက္လက္နဲ႔ ဒူးေထာက္ျပီး အကြဲစေတြကို လုိက္ေကာက္ရတာ။ အိုး...အဲ့ဒီတုန္းက ခံစားခ်က္ေတြ...ငါျပန္ေတာင္ မစဥ္းစားခ်င္ေတာ့ဘူး။ အခုခ်ိန္ထိေတာင္ အဲ့ဒီရုပ္ထုေလးကို ျပန္စဥ္းစားမိရင္ ရင္နာတယ္။ ငါ့အေဒၚက အဲ့ဒီအေၾကာင္း ၾကားေတာ့ အစ္ကိုေဟြအတြက္ အသစ္ထပ္ဝယ္လာေပးေပမယ့္ ခံစားခ်က္ကေတာ့ မတူေတာ့ဘူးေလဟာ။ ပိုဆိုးတာက ငါတို႔အေဒၚက အဖိုးဆီေျပးျပီး တိုင္တာပဲ။ သူမေျပာတာ ငါနဲ႔ အစ္ကိုေဟြ႕ အတူတူေပါင္းျပီး သူ႔ကို တိုက္ခိုက္ပါတယ္တဲ့!]

[ယန္ရန္ : ျပီးခဲ့တာေတြ ျပန္ေျပာမေနနဲ႔ေတာ့]

[တတိယသခင္မေလးေဖး : ဘာလို႔မေျပာရမွာလဲ? အခု စဥ္းစားရံုနဲ႔တင္ ေဒါသေတြထက္လာျပီ!]

[မုမုရဲ႔ဟန္ဟန္ : သူမက ငါ့ထက္ဆိုးတာပဲ]

[ဟန္ဟန္ရဲ႔ မုမု : ဘာေတြေျပာေနတာလဲ? မင္းက သူမနဲ႔ မတူပါဘူး။ မင္းနဲ႔သူမၾကားမွာ ဆင္တူတာ ေသးေသးေလးေတာင္ မရွိဘူး ]

[တတိယသခင္မေလးေဖး : ေနာက္ပိုင္းမွာ သူမ လက္ထပ္သြားတယ္။ အဲ့ဒီကတည္းက ျပန္လာတာ ရွားပါးသြားတာပဲ။ ရိုးရိုးသားသား ေျပာရရင္ အဲ့ဒီတုန္းက ငါတို႔အားလံုး စိတ္သက္သာရာ ရသြားၾကတာ။ သူမမရွိေတာ့ အိမ္က ပိုျပီး ေႏြးေထြးလာတယ္!]

[ယန္ရန္ : ေတာ္ေလာက္ျပီ ေဖးေဖး။ ေပ်ာ္စရာမေကာင္းတဲ့ အရာေတြကို ဆက္မေျပာနဲ႔ေတာ့။ ငါနဲ႔ယိုရန္ရဲ႔ ေစ့စပ္ပြဲ ကိစၥကိုပဲ ေျပာၾကမယ္]

[မုမုရဲ႔ဟန္ဟန္ : !!!]

[မုမုရဲ႔ဟန္ဟန္: ျမန္လွေခ်လား! မင္းတို႔ဘယ္ေတာ့ ေစ့စပ္ဖို႔ စီစဥ္ထားလဲ?]

[ယန္ရန္ : ေစ့စပ္ပြဲကို ဒီဇင္ဘာလ အေစာပိုင္းမွာလုပ္မယ္။ ယိုရန္နဲ႔ ငါနဲ႔ေျပာျပီးသြားျပီ။ ငါတို႔ မင္းရဲ႔ နည္းလမ္းကိုပဲ သံုးမွာ။ ေစ့စပ္ပြဲ ျပီးတာနဲ႔ အရင္ဆံုး လက္ထပ္မွတ္ပံုတင္မယ္။ ငါကေတာ့ ခရစ္စမတ္မွာ စာရင္းသြားသြင္းဖို႔ စီစဥ္ထားတယ္]

[မုမုရဲ႔ဟန္ဟန္ : အိုး, ဂုဏ္ျပဳပါတယ္! အဲ့ဒီေန႔ကေကာင္းတယ္။ မဂၤလာရွိတဲ့ေန႔ပဲ]

[ယန္ရန္ : အင္း ေက်းဇူးတင္ပါတယ္ ရိဟန္။ ယိုရန္က သူ႔စာအုပ္အသစ္နဲ႔ အလုပ္ရွဳပ္ေနေတာ့ အဲ့ဒီကိစၥေတြ ငါပဲတာဝန္ယူထားတယ္]

[ဟန္ဟန္ရဲ႔ မုမု : ဂုဏ္ျပဳပါတယ္! ]

[ယန္ရန္ : ေက်းဇူးတင္ပါတယ္]

[မုမုရဲ႔ဟန္ဟန္ : မဂၤလာေဆာင္ကေရာ? အဲ့ဒါက ေနာက္နွစ္ေႏြဦးပဲလား?]

[ယန္ရန္ : ေႏြရာသီျဖစ္သြားျပီ။ ငါ့မိဘေတြနဲ႔ ဖိုးဖိုးကလည္း ေႏြဦးက အရမ္းေစာလြန္းတယ္လို႔ေျပာတယ္။ ငါတို႔ ေကာင္းေကာင္း ျပင္ဆင္နုိင္မွာ မဟုတ္ဘူးတဲ့။ ဒါက တစ္သက္မွာ တစ္ခါပဲ လုပ္ရမယ့္ပြဲတဲ့ေလ။ ငါလည္း အရမ္းအလ်င္လိုျပီး ေနာင္တ မရခ်င္တာမို႔လို႔ လက္ခံလိုက္တယ္]

[မုမုရဲ႔ဟန္ဟန္ : ဟုတ္တယ္။ ဒါက ယုတၱိက်တယ္]

[တတိယသခင္မေလးေဖး : ဘာလဲ? ရိဟန္ နင္သူ႔ကို တကယ္ၾကီး ယံုေနတာလား? ဒီနွစ္ထဲ စာရင္းသြင္းလို႔ရလို႔သာ ေနာက္က်မွ မဂၤလာေဆာင္တာကို လက္ခံလုိက္တဲ့ဟာၾကီးကို]

[တတိယသခင္မေလးေဖး : မဂၤလာပြဲက ဒီအတိုင္း အခမ္းအနား သက္သက္ပဲ။ certificate ကသာ ဘုရင္ေလ!]

[ယန္ရန္ : နင္ဘာေတြ ေပါက္ကရ ေလ်ွာက္ေျပာေနတာလဲ?]

[မုမုရဲ႔ဟန္ဟန္ : ဟားဟားဟား! ေဖးေဖး နင္အမွန္တရားကို ထုတ္ေျပာလို႔ မရဘူးေလ။ နင့္အစ္ကိုေတာ့ ရွက္ျပီး ေဒါသေတြ ထြက္ေနေတာ့မွာပဲ]

[တတိယသခင္မေလးေဖး : မေၾကာက္ပါဘူး! လာရိုက္ေလ! အစ္ကို ညီမကို မရိုက္နုိင္ပါဘူး။ ညီမက စိတ္ဆိုးလိုက္မွာေပါ့!]

[တတိယသခင္မေလးေဖး : အကယ္၍ ထိရဲရင္ ထိၾကည့္ပါလား နန္႔ရွန္ကို ေျပာျပစ္လုိက္မွာ! အစ္ကိုက ေကာင္းမြန္တဲ့ လူတစ္ေယာက္နဲ႔ တူေပမယ့္ တကယ္တမ္း တစ္ျခားသူေတြကို အနုိင္က်င့္ရတာ ၾကိဳက္တယ္ ဆိုျပီးေတာ့!]

[ယန္ရန္ : နင့္စိတ္ထဲ ငါနင့္ကို ဘာမွ လုပ္လုိ႔မရဘူးလို႔ ထင္ေနတာလား?]

[တတိယသခင္မေလးေဖး : ဟားဟား! ညီမ ဆင္းျပီ!]

==================

Translator' Note

*ကုလားအုတ္ေက်ာရိုးအား က်ိဳးေစသည့္ ေကာက္ရိုး = အဲ့ဒါက အဂၤလိပ္ idiom တစ္ခုျဖစ္ျပီးေတာ့ ကိစၥေသးေသးေလးေတြ စုလာတာက ေမ်ွာ္မွန္းမရေလာက္ေအာင္ ၾကီးမားတဲ့ ရုတ္တရက္ တုန္႔ျပန္မွုကို ျဖစ္ေပၚေစတယ္ ဆိုတဲ့ အဓိပၸါယ္ပါ။

ရွင္ေလးတို႔ေတာ့ မသိဘူး ကြၽန္မေတာ့ မုမုရဲ႕ ဟန္ဟန္နဲ႔ ဟန္ဟန္ရဲ႕မုမုက ေတာ္ေတာ္ေလး ၾကည့္ယူရတယ္😅

==================

Continue Reading

You'll Also Like

1.5M 64K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
120K 19.4K 27
Title - Sweet, Although Short Author - 龙柒(Lóng Qī) Total Chapter - 26 Translators: Elestrea, potats, Raine. Editors: Amaris All credit to Original Au...
1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...