(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《181》

6.2K 1K 20
By Xiao_Yiii

Unicode

အခန်း(၁၈၁) - မကောင်းတဲ့ စတင်ခြင်းတော့ မဟုတ်ဘူး

ရိဟန်က ဟဲယွမ်ကို ယန်ရန်  ပြောခဲ့သည့် 'သူ့ချစ်သူက သူ့အစား လုပ်ပေးဖို့ ဆန္ဒရှီတယ်' ဆိုတဲ့စကားအား ပြန်အမှတ်ရသွားတာကြောင့် မျက်နှာပေါ်မှာ လျှို့ဝှက်အပြုံးလေးနဲ့ ယိုရန်အား လှည့်မေးလေသည်။

"ငါမမေးရသေးဘူး, မင်းတို့နှစ်ယောက်ကြားမှာ ဘာဖြစ်ထားတာလဲ? တိုးတက်မှုက မြန်လှချေလား"

"ဘာမှမဟုတ်ပါဘူး" ယိုရန်က အနေခက်နေသည့် အပြုံးလေးနဲ့ ပြန်ဖြေသည်။

"ယန်ရန်က ငါ့ကို ကာကွယ်ပေးဖို့အတွက်နဲ့ ဟဲယွမ်ကို အဲ့ဒီလို ပြောလိုက်တာပါ"

"မဟုတ်ပါဘူး!" ယန်ရန်က ထအော်သည်။

ယိုရန်က ယန်ရန်အား လှည့်ကြည့်လာပြီး သူ့မျက်လုံးများကတော့ တောက်ပလာသည်။

ယန်ရန်က လည်ချောင်းတစ်ချက် ရှင်းသည်။ သူ့ရဲ့ ဖွေးနုလှတဲ့ မျက်နှာပေါ်မှာ အနီဖျော့ဖျော့လေး သန်းနေ၏။

"ကျွန်တော်က လက်ရှိမှာ ခင်ဗျားကို ကျွန်တော့ ရည်စားဖြစ်လာစေဖို့ ကြိုးစားနေတာ" သူက ဆက်ပြောသည်။

"ခင်ဗျားသာ Yes လို့ ပြောတာနဲ့ ကျွန်တော်တို့ ချစ်သူ ဖြစ်နိုင်ပြီ ဟုတ်တယ်မှတ်လား? ကျွန်တော် မှားပြောတာ မဟုတ်ဘူး အဲ့ဒါက နည်းနည်း စောလွန်းသွားတာ တစ်ခုပဲ"

ယိုရန်၏ တောက်ပသော မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မေးရိုးက ပြုတ်ကျကာ အနည်းငယ် ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။

ရိဟန်က မျက်တောင်ခတ်လိုက်သည်။ ထို့နောက်မှာတော့ ကျင်းယွမ်အား လက်ဆွဲကာ တိုက်ခန်းထဲမှ တိတ်တဆိတ် ပြန်ထွက်လာလိုက်တော့လေသည်။

သူတို့နောက်က တံခါးအား ဖြည်းညှင်းစွာ ပိတ်ပြီးနောက်မှာ ရိဟန်က ရှည်လျားစွာ သက်ပြင်းချမိသည်။ နှစ်ယောက်သားက ယိုရန်၏ တိုက်ခန်းရှိရာသို့ ပြန်လာလိုက်ကြပြီး ဆိုဖာပေါ်မှာ ဝင်ထိုင်၏

"အဲ့ဒီနှစ်ယောက်က အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ" ရိဟန်က ပေစောင်းစောင်းလေးဖြင့် ပြောလာသည်။

"ငါမင်းကို ပြောသားပဲ, ယန်ရန်က ပုံမှန်ဆို သစ်သားပိုင်းကြီးလို ပျင်းစရာကောင်းတယ် ဒါပေမဲ့ နန့်ရှန်နဲ့ ဆိုရင်တော့ သူက အရမ်းသက်ဝင်တာ, သူက အရမ်းကို ခံစားချက်တွေ ထုတ်ပြလွန်းလို့ လုံးဝ မတူတဲ့ လူနှစ်ယောက်လိုပဲ, ငါထင်တာ အဲ့ဒါက သူ့အိုင်ဒေါနဲ့ အတူတူ ရှိရလို့ပေါ့, အခုမှပဲ အဲ့ဒါက အချစ်စွမ်းအားကြောင့်ဆိုတာ သိတော့တယ်

"မင်းနားလည်တဲ့ အချိန်ဆို သူတို့က မင်္ဂလာတောင် ဆောင်ခါနီးတော့မယ်" ကျင်းယွမ်က ပြုံးပြီး ပြောလာသည်။

"သူတို့အချစ်က တစ်ညတည်းနဲ့ ပေါက်ဖွားလာတာ မဟုတ်ဘူး, ဖေးဖေးတောင် အဲ့ဒါကို ပြောနိုင်တယ်, ယန်ရန်တင် မဟုတ်ဘူး နန့်ရှန်ကလည်း ယန်ရန်နဲ့ ပတ်သတ်ရင် ဘယ်သူနဲ့မှ မတူတာ, မင်းတစ်ယောက်ပဲ အဲ့ဒါကို သတိမပြုမိတာရယ်"

ရိဟန်ရဲ့ မျက်လုံးလေးများက တစ်ဖြတ်ဖြတ် ခတ်ရင်း တိုက်ခန်းတံခါးဝဆီ လှမ်းကြည့်လေသည်။

"တကယ်ကြီးလား?" သူက အသက်ကို ပြင်းပြင်း ရှုမိ၏။

"ဒါ သတင်းကောင်းပဲ, ယန်ရန်က ပျင်းဖို့ကောင်းပေမယ့် တော်တော်လေးတော့ အားကိုးလို့ရတယ်"

"အကယ်၍ သူက ပျင်းစရာ ကောင်းတယ် ဆိုရင်တောင် အဲ့ဒါက တစ်ခြားသူတွေနဲ့ ဆိုရင်ပဲ အဲ့ဒီလိုဖြစ်တာ" ကျင်းယွမ်က ထပ်ပေါင်းပြောလာသည်။

"နန့်ရှန်နဲ့ ပတ်သတ်ရင်တော့ သူက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့လူပဲ, " ကျင်းယွမ်က ထိုသို့ပြောရင်းဖြင့် သူ့ဖုန်းအား ထုတ်ယူလိုက်သည်။ သူက ချန်ဟုန်အား ဖုန်းခေါ်လိုက်ကာ ယိုရန်၏ အိမ်ကိုပြန်ပြင်ဖို့အတွက် လူတစ်ချို့ ငှားခိုင်းလိုက်၏။ ပြောလို့ဆိုလို့ ပြီးသွားသောအခါ ရိဟန်ဘက် ပြန်လှည့်ပြီး စကားဆက်သည်။

"ဒီကို ဟဲယွမ် ဝင်လာနိုင်အောင် လွှတ်ပေးလိုက်မိတာ ကိုယ်တို့အပြစ်ပဲ, ဒါပေမဲ့ ဒီနေ့ ထိတ်လန့်သွားခဲ့တော့ နန့်ရှန်ကို ထပ်ပြီး အနှောင့်အယှက် ပေးရဲမှာ မဟုတ်လောက်တော့ဘူး, အဲ့ဒီလို ဆိုရင်တောင် ကိုယ်တို့ ဒီလျှို့ဝှက်ချက်ကိုလည်း ယန်မြောင်ကို တစ်သက်တာလုံး ဖုံးကွယ်ထားလို့ မရနိုင်ဘူးလေ, နောက်ဆုံးတော့လည်း သူမက လူကြီးမင်းယန်ရဲ့ သမီးဖြစ်နေတဲ့အပြင် ယန်ရန်နဲ့ ယန်ဖေးရဲ့ အဒေါ်လည်း ဖြစ်နေသေးတယ်, သူတို့ သိနေမှတော့ သူမကို တစ်သက်လုံး အလိမ်အညာခံပြီး နေခိုင်းမှာတော့ မဟုတ်လောက်ဘူး, ကိုယ်တို့ရဲ့ ရှေ့ဆက်လျှောက်ရမယ့် လမ်းမှာ ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ရှိနေသေးတယ်, ဘဝကို ဆယ်စုနှစ်ချီပြီး ချောချောမွေ့မွေ့ ဖြတ်သန်းလာခဲ့ရတဲ့ အမျိုးသမီးတစ်ယောက် ရူးသွပ်သွားတဲ့အချိန်က ကြောက်ဖို့အကောင်းဆုံးပဲ, သူမက သူမရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်လာမယ့် ကောင်းကျိုးဆိုးကျိုးတွေကို ချိန်ဆနေမှာ မဟုတ်ဘူး"

"ဒါပေမဲ့ ယန်ရန်နဲ့ ယန်ဖေးကို မြင်ရသလောက်ကတော့ သူတို့က သူတို့အဒေါ်နဲ့ သိပ်ရင်းနှီးပုံ မပေါ်ဘူးလားလို့" ရိဟန်က ပြန်ပြောလာသည်။

"ဆက်ဆံရေးနဲ့ ခံစားချက်တွေဆိုတာက မတူညီတဲ့ လမ်းနှစ်ဖက်ပဲ" ကျင်းယွမ်ကပြန်ဖြေ၏။ သူ့လက်ချောင်းများက ရိဟန်၏ ပတ်ပတ်လည်မှာ ဝေ့ဝဲနေသည်။

"ယန်မြောင်က သူမရဲ့ တူတွေတူမတွေအပေါ်မှာ ဘယ်တုန်းကမှ အထင်မကြီးခဲ့ဘူး, သူတို့ ကလေးဘဝတုန်းကဆိုရင် မကြာခဏတောင် အနိုင်ကျင့်သေးတယ်, မင်္ဂလာဆောင်ပြီးနောက်မှာ ပိုပြီးတော့တောင် ဝေးကွာသွားခဲ့သေးတာ, ဒါပေမဲ့ သူတို့က မိသားစုတွေ ဖြစ်နေတဲ့အတွက် ကိုယ်တို့က သူမကို သူမဘာသာ ဆုံးဖြတ်ခွင့်ပေးရမှာပဲ"

ရိဟန်က မျက်မှောင်ကြုတ်မိသွားသည်။

"သူမရဲ့ ဆုံးဖြတ်ချက်က ငါတို့မျှော်လင့်ထားတဲ့အတိုင်း မဟုတ်လောက်ဘူးလို့ ထင်တာပဲ"

ကျင်းယွမ်က ရိဟန်ရဲ့ မျက်မှောင်ကို ပြန်ချောမွေ့စေလိုက်ပြီး နူးညံ့စွာ ပြောလာ၏။

"မင်းဒါကို စိတ်ပူစရာမလိုဘူး ကိုယ်နဲ့သာ လွှတ်ထားလိုက်"

ရိဟန်က ကျင်းယွမ်အား ဖက်ထားလိုက်တော့လေသည်။ သူက စကားမပြောတော့။ ကျင်းယွမ်က ရိဟန်ရဲ့ ပါးလေးကို ဖွဖွလေးနမ်းကာ သူ့လက်ကတော့ တစ်ဖက်လူရဲ့ ကျောလေးကို ဖြည်းညှင်းစွာ ပုတ်ပေးနေလိုက်သည်။ နှစ်ယောက်သား စကားထပ်မပြောတော့ပေမယ့် နွေးထွေးမှုလေးကတော့ လေထဲမှာ ဝေ့ဝဲနေ၏။

***

နောက်တစ်နေ့မှာတော့ chat group အသေးလေးက အလွန်တက်ကြွနေလေရဲ့

[တတိယသခင်မလေးဖေး : အားး! ကိစ္စအကြီးကြီး ဖြစ်သွားတာတောင် နင်တို့ငါ့ကို မခေါ်ကြဘူး! ဘာလို့လဲ? နန့်ရှန်ရော အဆင်ပြေရဲ့လား?]

[ယန်ရန် : သူအဆင်ပြေတယ်, စိတ်ခံစားချက်လည်း ကောင်းနေတယ်]

[မုမုရဲ့ဟန်ဟန် : မင်းရှိနေမှတော့ သေချာပေါက် သူ့စိတ်ခံစားချက်တွေ ကောင်းနေမှာပေါ့]

[မုမုရဲ့ဟန်ဟန် : မနေ့က မင်းရဲ့ ဝန်ခံမှုက အောင်မြင်သွားလား?]

[ယန်ရန်  : အင်း]

[တတိယသခင်မလေးဖေး : ဝါးးး! ညီမကို ရိုးရိုးသားသားပြောပြစမ်းပါ! နန့်ရှန်ကို ဘယ်လိုများ အရယူနိုင်သွားတာလဲ?]

[ယန်ရန် : ...]

[တတိယသခင်မလေးဖေး : အကယ်၍ အစ်ကိုသာ ယောကျာ်းဆိုရင် တုန်တုန်ယင်ယင် ဖြစ်နေတာကို ရပ်ပစ်လိုက်! အကယ်၍ ညီမကို မပြောဘူးဆိုရင် နန့်ရှန်ကို တိုက်ရိုက်သွားမေးမှာနော်, အစ်ကို့အကြောင်း မကောင်းပြောပစ်လိုက်မှာ, လီ.. ဘာဆိုလား လူတစ်ယောက်က အစ်ကို့ကို ခေါင်းမာမာနဲ့ ဘယ်လိုလိုက်ခဲ့လဲဆိုတာတွေပါ အားလုံးပြောပြပစ်မှာ, သူက အစ်ကို့ကို အတင်းအကြပ် နမ်းဖို့ပါ လုပ်ခဲ့တာ!]

[ယန်ရန် : အဲ့ဒါက လိမ်တာပဲ, သူငါ့ကို မနမ်းနိုင်သေးခင်မှာပဲ ကန်ထုတ်ပစ်ခဲ့တာလေ!]

[တတိယသခင်မလေးဖေး : သူလုပ်ခဲ့တာ ဖြစ်ဖြစ် မလုပ်ခဲ့တာဖြစ်ဖြစ် ဂရုမစိုက်ပါဘူးနော်, ဘယ်လိုပဲဖြစ်ဖြစ် ညီမကတော့ သူအစ်ကို့ကို နမ်းခဲ့တယ်လို့ပဲ ပြောပြမှာ]

[တတိယသခင်မလေးဖေး : အစ်ကို ကလေးဘဝတုန်းက ထမင်းစားရင် ပါးစပ်ထဲက ပြန်ပြန်ထွက်ကျတာကိုပါ ပြောပြဦးမှာ!]

[ယန်ရန် :  Σ(°△°|||)︴နင်ငါ့ ညီမရော ဟုတ်သေးရဲ့လား?]

[တတိယသခင်မလေးဖေး :ရိုးသားစမ်းပါ ညီမတို့က မောင်နှမတွေ ဖြစ်နေဆဲပါပဲ]

[ယန်ရန် : ...ကောင်းပြီလေ, သူ-သူက ငါနဲ့သူနဲ့ sex လုပ်ခဲ့တယ်လို့ ထင်နေပြီး သူက top တဲ့.....]

[မုမုရဲ့ဟန်ဟန် : ...]

[တတိယသခင်မလေးဖေး : Pfft...]

[မုမုရဲ့ဟန်ဟန် : မင်းတို့ကောင်တွေ......ဘယ်တုန်းက ဖြစ်သွားခဲ့တာလဲ?]

[ယန်ရန် : ..မင်းတို့ စေ့စပ်ပွဲ ပါတီညတုန်းက]

[တတိယသခင်မလေးဖေး : အစ်ကိုတကယ်ပဲ sex လုပ်ခဲ့ပြီး အစ်ကိုက  bottom လား? Σ(°△°|||)︴]

[ယန်ရန် : မဟုတ်ဘူး, အဲ့ဒီည သူအရမ်းသောက်ထားတော့ ငါ့တစ်ကိုယ်လုံးပေါ် အန်ချပစ်လိုက်တာ, အဲ့ဒါ သူ့ကို သန့်ရှင်းရေး လုပ်ပေးတဲ့အချိန် မတော်တဆ ခြေသလုံးကြွက်သား နာသွားခဲ့တယ်, နောက်တစ်နေ့ကျတော့ ငါလမ်းလျှောက်တာ ပုံမှန်မဖြစ်တာနဲ့ သူက ထင်လိုက်တာ.....]

[တတိယသခင်မလေးဖေး : အဲ့ဒါကြောင့် သူက အစ်ကိုနဲ့ sex လုပ်ခဲ့တယ်လို့ ထင်သွားတယ်ပေါ့လေ?]

[ယန်ရန် : ဟုတ်တယ်, သူပြောတာတော့ အဲ့ဒီချိန်ကစပြီး သူ.....]

[တတိယသခင်မလေးဖေး : သူက အစ်ကို့ကို ချစ်သွားတယ်လို့လား? သောက်ကျိုးနည်း အဲ့ဒီလိုလည်း ဖြစ်တာပဲလား?]

[မုမုရဲ့ဟန်ဟန် : ဟားဟား အဲ့ဒါကောင်းတာပေါ့]

[ယန်ရန် : ငါက ငါ့ရှေ့မှာ လျှောက်ရမယ့်လမ်း အရှည်ကြီး ရှိသေးတယ်လို့ ထင်နေတာ, ဒါပေမဲ့ ဒါကလည်း မကောင်းတဲ့ စတင်ခြင်းတော့ မဟုတ်ပါဘူး]

[တတိယသခင်မလေးဖေး : အစ်ကိုရေ, သတိမမူမိတာမျိုး မလုပ်နဲ့ ပြီးတော့ တောင်းဆိုမှုတွေ မလုပ်နဲ့နော်! နောက်ပြန်ဆုတ်လို့ မဖြစ်ဘူး!]

[ယန်ရန် : အင်း]

[မုမုရဲ့ဟန်ဟန် : ဟုတ်သား ဖေးဖေး, နင့်ရဲ့ mission ဘယ်လိုဖြစ်နေပြီလဲ?]

[တတိယသခင်မလေးဖေး : ငါပြောတော့ ပြောပြထားတယ်, ကြည့်ရတာတော့ အဆင်ပြေပုံပါပဲ, ဖိုးဖိုးကို နန့်ရှန်ရဲ့ ဇာတ်လမ်းအကြောင်း ပြောပြလိုက်တယ်လေ, သေချာပေါက် နာမည်တော့ ပြောင်းထားလိုက်တာပေါ့, သူက အရမ်းစိတ်ဆိုးနေတာ, သူပြောတာတော့ ဒီနေ့ခေတ်မှာ စိတ်ထား ပုတ်သိုးနေတာတွေ အများကြီး ရှိလာတယ်တဲ့, သူတို့က အိမ်ထောင်ရေးအပေါ် သစ္စာမရှိသလို အချစ်အပေါ်လည်း သစ္စာမရှိဘူးလို့ ပြောခဲ့တာ, သူတို့ရဲ့လောဘက အဆုံးမရှိသလို သူတို့က ဒီအတိုင်းအမှိုက်တွေတဲ့]

[မုမုရဲ့ဟန်ဟန် : ဖိုးဖိုးပြောတာမှန်တယ် အိုးဟုတ်သား, ငါမနက်ဖြန် သူ့ဆီလာလည်မယ်သိလား]

[တတိယသခင်မလေးဖေး : ဒါဆိုကောင်းတာပေါ့, ငါသူ့ကို ပြောပြထားလိုက်မယ်, သူအရမ်းပျော်နေမှာ, အခုသူက အသက်ကြီးနေပြီဆိုတော့ အသက်ဝင်တဲ့ လေထုအခြေအနေမျိုးကို အရမ်းသဘောကျတာရယ်]

***

ယန်မိသားစုအိမ်...

လူကြီးမင်းယန်နဲ့ ရိဟန်တို့က Go board ဆော့နေကြသည်။ နှစ်ယောက်လုံးက နိုင်တစ်လှည့် ရှုံးတစ်လှည့်ပင်။ Mr ယန်ရဲ့ မျက်လုံးများက တစ်ဖိတ်ဖိတ်တောက်နေ၏။ သူ့ခန္တာကိုယ်က တောင့်တင်းနေပြီး သူ့မျက်လုံးများက board ကိုသာ အာရုံစူးစိုက်နေသည်။ မသိတဲ့သူသာဆို ဒါက နိုင်ငံတကာ ချန်ပီယံနှစ်သင်းကြား ဉာဏ်ရည်စမ်းနေသည့် ပွဲတစ်ပွဲဟုပင် ထင်မြင်နိုင်သည်။ တကယ်တော့ ဒီနှစ်ယောက်က Gomoku ကစားပွဲအား တော်တော်လေးကို ညံ့ကြတဲ့ အပျော်တမ်းကစားသမားလေးများသာ။

မိနစ်အနည်းငယ် ကြာသည်အထိ Mr ယန်က ခက်ခက်ခဲခဲ စဉ်းစားနေသည်။ ထို့နောက် သူ့မျက်လုံးများက လက်ခနဲဖြစ်သွား၏။ သူက နောက်ထပ် အဖြူတစ်ခုကို ထပ်ထည့်လိုက်ပြီး အခုဆို သူ့မှာ အပိုင်း သုံးခုနဲ့ ပိတ်ဆို့ထားသည့် လမ်းကြောင်းနှစ်ခု ရှိနေပြီပင်။ ရိဟန်က ဘုတ်ပြားတစ်ဝိုက်အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲက အမည်းစိလေးကို ပန်းကန်လုံးထဲ ပြန်ချလိုက်သည်။

"ကျွန်တော်ရှုံးသွားပြီ" ရိဟန်က အပြုံးလေးနဲ့ ပြောလိုက်သည်။

"မင်းတော်တော်လေး တော်လာတာပဲ ရိဟန်လေးရဲ့" လူကြီးမင်းယန်က ရယ်မောပြီး ပြောလာ၏။

"ငါခက်ခက်ခဲခဲ လေ့ကျင့်ထားတာ, မင်းက ကျင်းယွမ်နဲ့ အရမ်းအလုပ်များနေတာမို့လို့ လေ့ကျင့်ချိန် မရှိတာ ဟုတ်တယ်မှတ်လား?"

ရိဟန်က ရှက်သွေးဖြာသွားရသည်။

"ကျွန်တော်..အဟမ်း, ကျွန်တော်ဒီနေ့ ဝယ်လာတဲ့ လက်ဖက်ရည်ကြမ်းလေး စမ်းသောက်ကြည့်ပါလား? ကျွန်တော့ဖိုးဖိုးကို တစ်ဘူးပေးခဲ့တာတော့ မဆိုးဘူးပြောတာပဲ"

"ဟားဟား ကောင်းပြီ ငါစမ်းသောက်ကြည့်မယ်" လူကြီးမင်းယန်ရဲ့ အပြုံးက အရမ်းကို ကျယ်ပြန့်နေတာကြောင့် သူ့မျက်လုံးများပင် မှေးကျဉ်းနေလေပြီ။

ရိဟန်က Mr ယန် အတွက် လက်ဖက်ရည်ကို ကိုယ်တိုင်ပြင်ဆင်လို့ ရစေရန် အိမ်စေလေး တစ်ဦးအား tea set တစ်ခု ယူခိုင်းလိုက်သည်။ Mr ယန် ပြုံးပြလိုက်တဲ့အချိန်မှာ ဗူးအဖုံးလေး ပွင့်သွား၏။

"*Junshan Yinzhen ရွက်ပဲ" Mr ယန်က ပြောလာသည်။

"မဆိုးဘူး"

ရိဟန်က ပြုံးပြလိုက်ပြီး လက်ဖက်ရည်ကို ပြင်ဆင်ပေးလေသည်။ သူက ရေနွေးသွန်ခြင်း၊ လောင်းထည့်ခြင်း၊ ဆက်သခြင်း : အားလုံးက တုံ့ဆိုင်းမှုမရှိ၊ တွေးတောနေခြင်း မရှိ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက စီးဆင်းနေသည့် မြစ်တစ်စင်းလိုမျိုး ချောမွေ့နေသည်။ ကြည့်ရတာ ကြည်နူးစရာ မြင်ကွင်းလေးတစ်ခုပင်။

လူကြီးမင်းယန်က လက်ဖက်ရွက်များ မြှုပ်လိုက် ပေါ်လာလိုက်နဲ့ ဆက်တိုက်ဖြစ်နေသည်အား ကြည့်နေသည်။

"အင်း, မဆိုးဘူးပဲ" သူက မှတ်ချက်ချသည်။

"မင်းက တော်တော်လေးကို မှန်ကန်စွာ လုပ်ခဲ့တာပဲ"

"တစ်ခါတစ်လေဆို ကျွန်တော့်ဖိုးဖိုးအတွက် လက်ဖက်ရည် ပြင်ဆင်ပေးရလို့ပါ" ရိဟန်က ရှက်ရွံ့ဟန်လေးဖြင့် ပြန်ဖြေသည်။

"မင်းအဖိုးက ကံကောင်းတာပေါ့" လူကြီးမင်းယန်က လက်ဖက်ရည်ခွက်အား လက်ခံလိုက်ပြီး ပြောလာသည်။

သူက လက်ဖက်ရည်ရဲ့ မွှေးရနံ့အား ရှုသွင်းလိုက်ပြီးနောက် သက်ပြင်းချ၏။

"သူ့ရဲ့ရနံ့က အရမ်းထူးခြားတယ်။ ကောင်းတယ်"

"ဖိုးဖိုးယန် သဘောကျရင် တော်ပါပြီ" ရိဟန်က ပြန်ပြောသည်။

လူကြီးမင်းယန်က လက်ဖက်ရည်ကြမ်း တစ်ငုံသောက်လိုက်ကာ

"ငါကြားတာတော့ မင်းနဲ့ မုမိသားစုအိမ်က ကောင်စုတ်လေးနဲ့က လက်ထပ်မှတ်ပုံတင်ပြီး သွားပြီဆို"

ရိဟန်က ခေါင်းညိတ်ပြသည်။

"မင်းတို့နှစ်ယောက်က တော်တော်လေး အလျင်လိုနေကြတာပဲ" လူကြီးမင်းယန်က ပြောလာ၏။ သူ့နှုတ်ခမ်းပေါ်မှာတော့ အပြုံးဖျော့ဖျောလေး ရှိနေသည်။

ရိဟန်က သူ့နှာခေါင်းလေးကို ကုတ်လိုက်သည်။

""ဟုတ်တယ်, ဘယ်လိုပဲဖြစ်ဖြစ် သူပဲဖြစ်မှာဆိုတော့ ကျွန်တော်တို့ စာရင်းသွင်းထားလိုက်တာလည်း ဘာမှ ခြားနားမှု မရှိပါဘူး, ကျေးဇူးပြုပြီး မရယ်လိုက်ပါနဲ့ ဒါပေမဲ့ ကျွန်တော်တို့ စာရင်းမသွင်းခင်မှာတော့ ရိုးရိုးသားသားကို စိတ်ပူပန်ခဲ့မိတာ, တစ်ခုခု ဖြစ်သွားခဲ့မှာကို အမြဲတမ်း ကြောက်နေခဲ့မိတယ်, ကျွန်တော့်ရဲ့ အာရုံကြောတွေက လက်ထပ်မှတ်ပုံ တင်ပြီးမှသာ တည်ငြိမ်သွားခဲ့တာ"

လူကြီးမင်းယန်က ရိဟန်ရဲ့ ခေါင်းလေးကို ပုတ်ပေးသည်။

"အင်း ဒါက မင်းတို့နှစ်ယောက်ကြားက ကြည့်ဖြူတဲ့ ဆက်ဆံမှုတစ်ခုလေ, မင်းတို့မိသားစုကလည်း မင်းတို့တွေရဲ့ ဆက်ဆံရေးကို အားပေးကြတယ် ဘာများဖြစ်နိုင်မှာမို့လို့လဲ? ဒါပေမဲ့ ငါနားလည်ပါတယ်, မင်းက သူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်နေတာမို့လို့ ပေါက်ကရတွေ အကုန်လုံးကို စဉ်းစားနေမိတာ, ကံကောင်းစွာနဲ့ အဲ့ဒီကောင်လေးက မင်းကို တကယ် စစ်မှန်လို့သာပေါ့, မဟုတ်ရင် မင်းနာကျင်ရမှာကို စိုးတယ်"

"ကျွန်တော် မဖြစ်ပါဘူး" ရိဟန်က လေးလေးနက်နက် ပြောလာ၏။

"သူကျွန်တော့်ကို တကယ်ဂရုစိုက်ပါတယ်"

"မင်းကိုကြည့်စမ်းပါဦး" လူကြီးမင်းယန်က တစ်ခစ်ခစ် ရယ်လေသည်။

"မင်း သူ့ကို ခုခံကာကွယ်ဖို့ အရမ်းတွေ စိတ်အားထက်သန်နေတာပဲ, ငါသိပါတယ်, မင်းကအခု အရွယ်ရောက်နေပြီ ပြီးတော့ အသိတရားရှိတဲ့ လူငယ်လေးတစ်ယောက်လည်း ဟုတ်တယ်, မင်းအကုန် နားလည်နေပြီ, ဒါတွေအားလုံးကို မင်းရဲ့ လူကြီးတွေဆီကလည်း အများကြီး ကြားဖူးမှာပါ, ဒါပေမဲ့ လူတွေက အသက်ကြီးလာတဲ့အခါမှာ နည်းနည်းပိုပြီး ပွစိပွစိ ပြောတတ်တယ်ကွ"

"ဆက်ပြောပါ" ရိဟန်က ခေါင်းလေး ညိတ်ပြသည်။

လူကြီးမင်းယန်က ရိဟန်က ပြုံးပြလာလေသည်။

"အိမ်ထောင်ရေးဆိုတာ ခံစားချက်သက်သက်မဟုတ်ဘူး။ တာဝန်လည်း ရှိတယ်။ မင်းနဲ့ မုကျင်းယွမ် တို့က အခု အိမ်ထောင်သစ်တစ်ခုကို ထူထောင်ကြပြီမို့ မင်း အနေနဲ့ မိသားစုတာဝန်ကို ထမ်းရမှာ။ နှစ်ယောက်စလုံးက စိတ်ရှည်သည်းခံပြီး နားလည်မှုနဲ့ သစ္စာရှိရမယ်။ သေချာပေါက် အိမ်ထောင်ရေးမှာ မရှိမဖြစ်လိုအပ်တာက သစ္စာရှိမှု ဆိုပေမယ့် အဲ့ဒါကိုတော့ ပြောပြဖို့ မလိုလောက်ပါဘူး။မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာကို လူတိုင်းတွေ့နိုင်နေတာပဲ "

"အချစ်ဆိုတာ လက်ခုပ်တီးသလိုပဲ။ လက်နှစ်ဖက်လိုအပ်တယ်။ မင်းသူ့ကိုချစ်တယ်။ ဒါကြောင့် ရှက်ရွံ့စိတ်တွေနဲ့ မနစ်မွန်းစေနဲ့။အကြောင်းပြချက်တွေကို ကျယ်ကျယ်လောင်လောင် ထုတ်ပြောရမယ်, အဲ့ဒါမှပဲ မင်းဘဝက ပိုချိုမြိန်လာမှာ။ နောက်ပြီး ဘဝကမင်းတို့နှစ်ယောက်အပေါ် ဖိနှိပ်လာတဲ့အခါဆိုရင် မင်းစိတ်မကောင်းဖြစ်တာတွေကို ဘယ်တော့မှ မမျိုသိပ်ထားနဲ့, အဲ့ဒီလို ထိန်းချုပ်ထိန်ချန် ထားမှုတွေက မင်းတို့ရဲ့ အိမ်ထောင်ရေးမှာ ခြိမ်းခြောက်မှုတစ်ခု အဖြစ် ပြောင်းလဲသွားမှာ, စိတ်ဆိုးရင် ငြင်းခုံပစ်လိုက်, မင်းတို့နှစ်ယောက်လုံး ပွင့်ပွင့်လင်းလင်းသာ ရန်ဖြစ်ပစ်လိုက်, ရန်ဖြစ်လို့ ပြီးသွားရင် အတိတ်မှာပဲ ချန်ထားလိုက်တော့, ပြီးတော့ နှစ်ယောက်လုံးကလည်း ရိုးသားနေရမယ်, လိမ်ညာမှုတစ်ခုက ပြီးပြည့်စုံနေအောင် လုပ်ဖို့နောက်ထပ် လိမ်ညာမှု တစ်ရာ လိုအပ်တယ်ဆိုတာ သိထားရမယ်, တစ်ဘဝလုံး လျှို့ဝှက်ထားလို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ အများကြီးမရှိဘူး, အမှန်တရားက အနှေးနဲ့အမြန်တော့ ပေါ်လာမှာပဲ, အဲ့ဒါက လုံးဝ လက်တွေ့မကျဘူးလေ"

ရိဟန်က ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့ပါ ဖိုးဖိုးယန်, ကျွန်တော် မှတ်ထားပါ့မယ်, စိတ်မပူပါနဲ့ ကျွန်တော်တို့ အဆင်ပြေပါတယ်"

"ဒါပေါ့" လူကြီးမင်းယန်က ဆက်ပြောသည်။

"ငါတို့ ရိဟန်လေးက အကောင်းဆုံးနဲ့ ထိုက်တန်တယ်, အဲ့ဒီ မုကောင်စုတ်လေးကလည်း သိပ်မဆိုးပါဘူး, သူက ရင့်ကျက်တယ်, စိတ်ခံစားချက်တွေလည်း သိပ်မဖော်ပြဘူး မင်းအပေါ်လည်းကောင်းတယ်, မင်းတို့က အတူတူကြီးပြင်းလာကြပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း ချစ်ကြတယ်, အချင်းချင်းလည်း ကောင်းကောင်းသိတယ်"

"မနေ့က" လူကြီးမင်းယန်က စကားဆက်၏၊

"ငါ့ဆီ ဖေးဖေး လာလည်တယ်, သူမက တကယ့်ဘဝ ဇာတ်ကြောင်းတစ်ခုကို ပြောပြလာတယ်, သူမပြောတာတော့ ကုမ္ဗဏီရဲ့ အနာဂတ်အတွက် အာဏာရှိ မိသားစုတစ်ခုက သမီးကို လက်ထပ်လိုက်တဲ့ gay တစ်ယောက် ရှိတယ်တဲ့, အမှန်တော့ လိင်တူလက်ထပ်တာကို လက်မခံတဲ့သူတွေ အများကြီး ရှိနေသေးတယ်, လိင်တူချစ်သူ အများစုက မိသားစု ဒါမှမဟုတ် တစ်ခြားအကြောင်းအရာတွေကြောင့် မဆန့်ကျင်နိုင်ပဲ လိင်မတူတဲ့သူကို လပ်ထပ်ကြတာ, ဒီအပေါ်မှာ လူ့အဖွဲ့အစည်းက ဘာမှလုပ်လို့ မရဘူး, ဒါပေမဲ့ အဲ့ဒိလူကတော့ ကိစ္စ ရှိသွားပြီ, အဲ့ဒါက အချစ်ရေးဆိုရင်တောင် အနည်းဆုံးတော့ သဘောတူ လက်ခံမယ့်သူကို ရှာလေ, အဲ့ဒါကိုသူက သူ့ကိုယ်သူ လူလွတ်ပါလို့ လိမ်လည်ပြီး တစ်ခြားယောကျာ်းသားတစ်ယောက်ကို သူ့ချစ်သူအဖြစ် ထားထားတယ်တဲ့, ဒါက လုံးဝကို ခွင့်လွှတ်လို့ မရတဲ့ ကိစ္စပဲ, အဲ့ဒီလို လူမျိုးက ဘယ်လောက်ထိ နိမ့်ကျတာမျိုးတွေတောင် လုပ်နိုင်လဲ ဘယ်သူမှ မသိနိုင်ဘူး, ငါ့မှာ ဇာတ်လမ်းကို နားထောင်ရုံနဲ့တင် ဒေါသတွေ ထွက်လာတာ"

================

Translator's Note:

လက်ဖက်ရွက်တွေက မြုပ်လိုက် ပေါ်လိုက်ဖြစ်နေတယ် : ဒါက ငွေအပ်လက်ဖက်ရည်ကြမ်းမျိုး အထူးသဖြင့် Junshan Yinzhen လက်ဖက်မှာသာ ဖြစ်နိုင်တာပါ။ အဲ့ဒီ လက်ဖက်ရွက်က အခေါင်းပေါက် ပါပြီး ဒီအတိုင်း လက်ဖက်ရွက် မဟုတ်ပဲ အာဟာရ၊ ရေနဲ့ တစ်ခြားဟာတွေကို သိုလှောင်သိမ်းဆည်းထားနိုင်တယ်။ အဲ့ဒါကြောင့်လည်း ရေပေါ်မှာ ပေါ်နိုင်တာ။ ဒါပေမဲ့ လက်ဖက်ရွက်တွေကို ရေနွေးနဲ့ တည်တဲ့အခါမှာ ရေတွေက အရွက်ထဲကို ဖြည်းဖြည်းခြင်း စိမ့်ဝင်သွားပြီး အောက်ခြေကို နစ်မြှုပ်သွားစေတယ်။ ဒါပေမဲ့ အောက်ခြေမှာကလည်း အရွက်တွေထဲက လေပူဖောင်းတွေ ရှိနေပြန်ရော။ အဲ့ဒီ ပူဖောင်းလေးတွေက တစ်ဖြည်းဖြည်းခြင်းဆီ ပြန်တွန်းတင်တဲ့အတွက် လက်ဖက်ရွက်တွေက ရေပေါ် နောက်တစ်ခေါက် ပြန်တက်လာရတာ။ အရည်အသွေး မြင့်လေလေ အဲ့ဒိလိုမျိုး ဖြစ်တာကပိုပြီး ကြာလေလေပဲ။ အဲ့ဒီ သံသရာက သုံးမိနစ်ကနေ ငါးမိနစ်အတွင်း သူ့အလိုလို ပြန်ဖြစ်နေမှာပါ။

နောက်တစ်ချက်... ဒါကတော့ ဗဟုသုတ အနေနဲ့ပါ လက်ဖက်ရည်ကြမ်း ပြင်တဲ့အခါမှာ ပထမဆုံး တည်တဲ့ ရေနွေးကို သွန်ပစ်ရပါတယ်တဲ့။ ပထမဆုံး တည်တဲ့ရေနွေးကို တိုက်တာက တစ်ဖက်သားကို စော်ကားတဲ့ အဓိပ္ပါယ်မျိုးပါ။ ပထမဆုံး တည်တဲ့ ရေနွေးက ခွက်ဆေးဖို့ တစ်ခုပဲ သုံးတာပါ။ တရုတ် ရေနွေးအိုး ပြင်တဲ့ Video ကို media မှာ တင်ပေးထားပါတယ်နော်။

ဒီအပေါ်မှာ လူ့အဖွဲ့အစည်းက ဘာမှလုပ်လို့ မရဘူး : ဒါက လူကြီးတစ်ယောက် ပြောတဲ့ စကားဖြစ်တာကို သတိထားပေးပါ။ လူ့အဖွဲ့အစည်းက အဲ့ဒါနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ခုကို လုပ်နိုင်ပါတယ် ဒါပေမဲ့ ဘယ်လောက်မြန်မြန် တိုးတက်နိုင်မလဲ ဆိုတဲ့ ကန့်သတ်ချက်ပဲ ရှိနေတာပါ။ ပြီးတော့လည်း အာဃာတ တရားဆိုတာက စိတ်ဥပါဒါန် စွဲလမ်းနေခြင်းကိုမှ ပျော့ပြောင်းတဲ့ ပုံစံပါ။ အဲ့ဒီစိတ်ခံစားချက်တွေက အများပြည်သူရှှေ့မှာ ဘယ်လိုမျိုး ဖော်ပြမလဲ ဆိုတာကိုသာ သတိထားရမှာပါ။

30.7.2022

=================

Junshan Yinzhen tea

=================
Zaw Gyi

အခန္း(၁၈၁) - မေကာင္းတဲ့ စတင္ျခင္းေတာ့ မဟုတ္ဘူး

ရိဟန္က ဟဲယြမ္ကို ယန္ရန္ ေျပာခဲ့သည့္ 'သူ႔ခ်စ္သူက သူ႔အစား လုပ္ေပးဖို႔ ဆႏၵရွီတယ္' ဆိုတဲ့စကားအား ျပန္အမွတ္ရသြားတာေၾကာင့္ မ်က္နွာေပၚမွာ လွ်ိဳ႔ဝွက္အျပံဳးေလးနဲ႔ ယိုရန္အား လွည့္ေမးေလသည္။

"ငါမေမးရေသးဘူး, မင္းတို႔နွစ္ေယာက္ၾကားမွာ ဘာျဖစ္ထားတာလဲ? တိုးတက္မွုက ျမန္လွေခ်လား"

"ဘာမွမဟုတ္ပါဘူး" ယိုရန္က အေနခက္ေနသည့္ အျပံဳးေလးနဲ႔ ျပန္ေျဖသည္။

"ယန္ရန္က ငါ့ကို ကာကြယ္ေပးဖို႔အတြက္နဲ႔ ဟဲယြမ္ကို အဲ့ဒီလို ေျပာလိုက္တာပါ"

"မဟုတ္ပါဘူး!" ယန္ရန္က ထေအာ္သည္။

ယိုရန္က ယန္ရန္အား လွည့္ၾကည့္လာျပီး သူ႔မ်က္လံုးမ်ားကေတာ့ ေတာက္ပလာသည္။

ယန္ရန္က လည္ေခ်ာင္းတစ္ခ်က္ ရွင္းသည္။ သူ႔ရဲ႔ ေဖြးႏုလွတဲ့ မ်က္နွာေပၚမွာ အနီေဖ်ာ့ေဖ်ာ့ေလး သန္းေန၏။

"က်ြန္ေတာ္က လက္ရွိမွာ ခင္ဗ်ားကို က်ြန္ေတာ့ ရည္စားျဖစ္လာေစဖို႔ ၾကိဳးစားေနတာ" သူက ဆက္ေျပာသည္။

"ခင္ဗ်ားသာ Yes လို႔ ေျပာတာနဲ႔ က်ြန္ေတာ္တို႔ ခ်စ္သူ ျဖစ္နိုင္ျပီ ဟုတ္တယ္မွတ္လား? က်ြန္ေတာ္ မွားေျပာတာ မဟုတ္ဘူး အဲ့ဒါက နည္းနည္း ေစာလြန္းသြားတာ တစ္ခုပဲ"

ယိုရန္၏ ေတာက္ပေသာ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ သူ႔ေမး႐ိုးက ျပဳတ္က်ကာ အနည္းငယ္ ပါးစပ္ အေဟာင္းသား ျဖစ္သြားရေလသည္။

ရိဟန္က မ်က္ေတာင္ခတ္လိုက္သည္။ ထို႔ေနာက္မွာေတာ့ က်င္းယြမ္အား လက္ဆြဲကာ တိုက္ခန္းထဲမွ တိတ္တဆိတ္ ျပန္ထြက္လာလိုက္ေတာ့ေလသည္။

သူတုိ႔ေနာက္က တံခါးအား ျဖည္းညွင္းစြာ ပိတ္ျပီးေနာက္မွာ ရိဟန္က ရွည္လ်ားစြာ သက္ျပင္းခ်မိသည္။ နွစ္ေယာက္သားက ယိုရန္၏ တိုက္ခန္းရွိရာသို႔ ျပန္လာလိုက္ၾကျပီး ဆိုဖာေပၚမွာ ဝင္ထိုင္၏

"အဲ့ဒီနွစ္ေယာက္က အရမ္းစိတ္ဝင္စားဖို႔ ေကာင္းတာပဲ" ရိဟန္က ေပေစာင္းေစာင္းေလးျဖင့္ ေျပာလာသည္။

"ငါမင္းကို ေျပာသားပဲ, ယန္ရန္က ပံုမွန္ဆို သစ္သားပိုင္းၾကီးလို ပ်င္းစရာေကာင္းတယ္ ဒါေပမဲ့ နန္႔ရွန္နဲ႔ ဆိုရင္ေတာ့ သူက အရမ္းသက္ဝင္တာ, သူက အရမ္းကို ခံစားခ်က္ေတြ ထုတ္ျပလြန္းလို႔ လံုးဝ မတူတဲ့ လူနွစ္ေယာက္လိုပဲ, ငါထင္တာ အဲ့ဒါက သူ႔အုိင္ေဒါနဲ႔ အတူတူ ရွိရလုိ႔ေပါ့, အခုမွပဲ အဲ့ဒါက အခ်စ္စြမ္းအားေၾကာင့္ဆိုတာ သိေတာ့တယ္

"မင္းနားလည္တဲ့ အခ်ိန္ဆို သူတို႔က မဂၤလာေတာင္ ေဆာင္ခါနီးေတာ့မယ္" က်င္းယြမ္က ျပံဳးျပီး ေျပာလာသည္။

"သူတို႔အခ်စ္က တစ္ညတည္းနဲ႔ ေပါက္ဖြားလာတာ မဟုတ္ဘူး, ေဖးေဖးေတာင္ အဲ့ဒါကို ေျပာနုိင္တယ္, ယန္ရန္တင္ မဟုတ္ဘူး နန္႔ရွန္ကလည္း ယန္ရန္နဲ႔ ပတ္သတ္ရင္ ဘယ္သူနဲ႔မွ မတူတာ, မင္းတစ္ေယာက္ပဲ အဲ့ဒါကို သတိမျပဳမိတာရယ္"

ရိဟန္ရဲ႔ မ်က္လံုးေလးမ်ားက တစ္ျဖတ္ျဖတ္ ခတ္ရင္း တိုက္ခန္းတံခါးဝဆီ လွမ္းၾကည့္ေလသည္။

"တကယ္ၾကီးလား?" သူက အသက္ကို ျပင္းျပင္း ရွဳမိ၏။

"ဒါ သတင္းေကာင္းပဲ, ယန္ရန္က ပ်င္းဖို႔ေကာင္းေပမယ့္ ေတာ္ေတာ္ေလးေတာ့ အားကိုးလို႔ရတယ္"

"အကယ္၍ သူက ပ်င္းစရာ ေကာင္းတယ္ ဆိုရင္ေတာင္ အဲ့ဒါက တစ္ျခားသူေတြနဲ႔ ဆိုရင္ပဲ အဲ့ဒီလိုျဖစ္တာ" က်င္းယြမ္က ထပ္ေပါင္းေျပာလာသည္။

"နန္႔ရွန္နဲ႔ ပတ္သတ္ရင္ေတာ့ သူက တကယ့္ကို စိတ္ဝင္စားစရာ ေကာင္းတဲ့လူပဲ, " က်င္းယြမ္က ထိုသို႔ေျပာရင္းျဖင့္ သူ႔ဖုန္းအား ထုတ္ယူလိုက္သည္။ သူက ခ်န္ဟုန္အား ဖုန္းေခၚလိုက္ကာ ယိုရန္၏ အိမ္ကိုျပန္ျပင္ဖို႔အတြက္ လူတစ္ခ်ိဳ႔ ငွားခိုင္းလုိက္၏။ ေျပာလို႔ဆိုလို႔ ျပီးသြားေသာအခါ ရိဟန္ဘက္ ျပန္လွည့္ျပီး စကားဆက္သည္။

"ဒီကို ဟဲယြမ္ ဝင္လာနုိင္ေအာင္ လႊတ္ေပးလိုက္မိတာ ကိုယ္တို႔အျပစ္ပဲ, ဒါေပမဲ့ ဒီေန႔ ထိတ္လန္႔သြားခဲ့ေတာ့ နန္႔ရွန္ကို ထပ္ျပီး အေနွာင့္အယွက္ ေပးရဲမွာ မဟုတ္ေလာက္ေတာ့ဘူး, အဲ့ဒီလို ဆိုရင္ေတာင္ ကိုယ္တို႔ ဒီလ်ွိဳ႔ဝွက္ခ်က္ကိုလည္း ယန္ေျမာင္ကို တစ္သက္တာလံုး ဖံုးကြယ္ထားလို႔ မရနုိင္ဘူးေလ, ေနာက္ဆံုးေတာ့လည္း သူမက လူၾကီးမင္းယန္ရဲ႔ သမီးျဖစ္ေနတဲ့အျပင္ ယန္ရန္နဲ႔ ယန္ေဖးရဲ႔ အေဒၚလည္း ျဖစ္ေနေသးတယ္, သူတို႔ သိေနမွေတာ့ သူမကို တစ္သက္လံုး အလိမ္အညာခံျပီး ေနခုိင္းမွာေတာ့ မဟုတ္ေလာက္ဘူး, ကိုယ္တို႔ရဲ႔ ေရွ႔ဆက္ေလ်ွာက္ရမယ့္ လမ္းမွာ ခက္ခဲတဲ့ တိုက္ပြဲတစ္ခု ရွိေနေသးတယ္, ဘဝကို ဆယ္စုႏွစ္ခ်ီျပီး ေခ်ာေခ်ာေမြ႔ေမြ႔ ျဖတ္သန္းလာခဲ့ရတဲ့ အမ်ိဳးသမီးတစ္ေယာက္ ရူးသြပ္သြားတဲ့အခ်ိန္က ေၾကာက္ဖို႔အေကာင္းဆံုးပဲ, သူမက သူမရဲ႔ လုပ္ရပ္ေတြေၾကာင့္ ျဖစ္လာမယ့္ ေကာင္းက်ိဳးဆိုးက်ိဳးေတြကို ခ်ိန္ဆေနမွာ မဟုတ္ဘူး"

"ဒါေပမဲ့ ယန္ရန္နဲ႔ ယန္ေဖးကို ျမင္ရသေလာက္ကေတာ့ သူတို႔က သူတို႔အေဒၚနဲ႔ သိပ္ရင္းနွီးပံု မေပၚဘူးလားလို႔" ရိဟန္က ျပန္ေျပာလာသည္။

"ဆက္ဆံေရးနဲ႔ ခံစားခ်က္ေတြဆိုတာက မတူညီတဲ့ လမ္းနွစ္ဖက္ပဲ" က်င္းယြမ္ကျပန္ေျဖ၏။ သူ႔လက္ေခ်ာင္းမ်ားက ရိဟန္၏ ပတ္ပတ္လည္မွာ ေဝ့ဝဲေနသည္။

"ယန္ေျမာင္က သူမရဲ႔ တူေတြတူမေတြအေပၚမွာ ဘယ္တုန္းကမွ အထင္မၾကီးခဲ့ဘူး, သူတို႔ ကေလးဘဝတုန္းကဆိုရင္ မၾကာခဏေတာင္ အနုိင္က်င့္ေသးတယ္, မဂၤလာေဆာင္ျပီးေနာက္မွာ ပိုျပီးေတာ့ေတာင္ ေဝးကြာသြားခဲ့ေသးတာ, ဒါေပမဲ့ သူတို႔က မိသားစုေတြ ျဖစ္ေနတဲ့အတြက္ ကိုယ္တို႔က သူမကို သူမဘာသာ ဆံုးျဖတ္ခြင့္ေပးရမွာပဲ"

ရိဟန္က မ်က္ေမွာင္ၾကဳတ္မိသြားသည္။

"သူမရဲ႔ ဆံုးျဖတ္ခ်က္က ငါတို႔ေမ်ွာ္လင့္ထားတဲ့အတုိင္း မဟုတ္ေလာက္ဘူးလို႔ ထင္တာပဲ"

က်င္းယြမ္က ရိဟန္ရဲ႔ မ်က္ေမွာင္ကို ျပန္ေခ်ာေမြ႔ေစလုိက္ျပီး ႏူးည့ံစြာ ေျပာလာ၏။

"မင္းဒါကို စိတ္ပူစရာမလိုဘူး ကိုယ္နဲ႔သာ လႊတ္ထားလုိက္"

ရိဟန္က က်င္းယြမ္အား ဖက္ထားလိုက္ေတာ့ေလသည္။ သူက စကားမေျပာေတာ့။ က်င္းယြမ္က ရိဟန္ရဲ႔ ပါးေလးကို ဖြဖြေလးနမ္းကာ သူ႔လက္ကေတာ့ တစ္ဖက္လူရဲ႔ ေက်ာေလးကို ျဖည္းညွင္းစြာ ပုတ္ေပးေနလုိက္သည္။ နွစ္ေယာက္သား စကားထပ္မေျပာေတာ့ေပမယ့္ ေႏြးေထြးမွုေလးကေတာ့ ေလထဲမွာ ေဝ့ဝဲေန၏။

***

ေနာက္တစ္ေန႔မွာေတာ့ chat group အေသးေလးက အလြန္တက္ၾကြေနေလရဲ႔

[တတိယသခင္မေလးေဖး : အားး! ကိစၥအၾကီးၾကီး ျဖစ္သြားတာေတာင္ နင္တို႔ငါ့ကို မေခၚၾကဘူး! ဘာလို႔လဲ? နန္႔ရွန္ေရာ အဆင္ေျပရဲ႔လား?]

[ယန္ရန္ : သူအဆင္ေျပတယ္, စိတ္ခံစားခ်က္လည္း ေကာင္းေနတယ္]

[မုမုရဲ႔ဟန္ဟန္ : မင္းရွိေနမွေတာ့ ေသခ်ာေပါက္ သူ႔စိတ္ခံစားခ်က္ေတြ ေကာင္းေနမွာေပါ့]

[မုမုရဲ႔ဟန္ဟန္ : မေန႔က မင္းရဲ႔ ဝန္ခံမွုက ေအာင္ျမင္သြားလား?]

[ယန္ရန္  : အင္း]

[တတိယသခင္မေလးေဖး : ဝါးးး! ညီမကို ရိုးရိုးသားသားေျပာျပစမ္းပါ! နန္႔ရွန္ကို ဘယ္လိုမ်ား အရယူနုိင္သြားတာလဲ?]

[ယန္ရန္ : ...]

[တတိယသခင္မေလးေဖး : အကယ္၍ အစ္ကိုသာ ေယာက်ာ္းဆိုရင္ တုန္တုန္ယင္ယင္ ျဖစ္ေနတာကို ရပ္ပစ္လုိက္! အကယ္၍ ညီမကို မေျပာဘူးဆိုရင္ နန္႔ရွန္ကို တိုက္ရိုက္သြားေမးမွာေနာ္, အစ္ကို႔အေၾကာင္း မေကာင္းေျပာပစ္လုိက္မွာ, လီ.. ဘာဆိုလား လူတစ္ေယာက္က အစ္ကို႔ကို ေခါင္းမာမာနဲ႔ ဘယ္လိုလိုက္ခဲ့လဲဆိုတာေတြပါ အားလံုးေျပာျပပစ္မွာ, သူက အစ္ကို႔ကို အတင္းအၾကပ္ နမ္းဖို႔ပါ လုပ္ခဲ့တာ!]

[ယန္ရန္ : အဲ့ဒါက လိမ္တာပဲ, သူငါ့ကို မနမ္းနုိ္င္ေသးခင္မွာပဲ ကန္ထုတ္ပစ္ခဲ့တာေလ!]

[တတိယသခင္မေလးေဖး : သူလုပ္ခဲ့တာ ျဖစ္ျဖစ္ မလုပ္ခဲ့တာျဖစ္ျဖစ္ ဂရုမစိုက္ပါဘူးေနာ္, ဘယ္လိုပဲျဖစ္ျဖစ္ ညီမကေတာ့ သူအစ္ကို႔ကို နမ္းခဲ့တယ္လို႔ပဲ ေျပာျပမွာ]

[တတိယသခင္မေလးေဖး : အစ္ကို ကေလးဘဝတုန္းက ထမင္းစားရင္ ပါးစပ္ထဲက ျပန္ျပန္ထြက္က်တာကိုပါ ေျပာျပဦးမွာ!]

[ယန္ရန္ :  Σ(°△°|||)︴နင္ငါ့ ညီမေရာ ဟုတ္ေသးရဲ႔လား?]

[တတိယသခင္မေလးေဖး :ရိုးသားစမ္းပါ ညီမတို႔က ေမာင္နွမေတြ ျဖစ္ေနဆဲပါပဲ]

[ယန္ရန္ : ...ေကာင္းျပီေလ, သူ-သူက ငါနဲ႔သူနဲ႔ sex လုပ္ခဲ့တယ္လို႔ ထင္ေနျပီး သူက top တဲ့.....]

[မုုမုရဲ႔ဟန္ဟန္ : ...]

[တတိယသခင္မေလးေဖး : Pfft...]

[မုုမုရဲ႔ဟန္ဟန္ : မင္းတို႔ေကာင္ေတြ......ဘယ္တုန္းက ျဖစ္သြားခဲ့တာလဲ?]

[ယန္ရန္ : ..မင္းတို႔ ေစ့စပ္ပြဲ ပါတီညတုန္းက]

[တတိယသခင္မေလးေဖး : အစ္ကိုတကယ္ပဲ sex လုပ္ခဲ့ျပီး အစ္ကိုက  bottom လား? Σ(°△°|||)︴]

[ယန္ရန္ : မဟုတ္ဘူး, အဲ့ဒီည သူအရမ္းေသာက္ထားေတာ့ ငါ့တစ္ကိုယ္လံုးေပၚ အန္ခ်ပစ္လိုက္တာ, အဲ့ဒါ သူ႔ကိို သန္႔ရွင္းေရး လုပ္ေပးတဲ့အခ်ိန္ မေတာ္တဆ ေျခသလံုးၾကြက္သား နာသြားခဲ့တယ္, ေနာက္တစ္ေန႔က်ေတာ့ ငါလမ္းေလ်ွာက္တာ ပံုမွန္မျဖစ္တာနဲ႔ သူက ထင္လိုက္တာ.....]

[တတိယသခင္မေလးေဖး : အဲ့ဒါေၾကာင့္ သူက အစ္ကိုနဲ႔ sex လုပ္ခဲ့တယ္လို႔ ထင္သြားတယ္ေပါ့ေလ?]

[ယန္ရန္ : ဟုတ္တယ္, သူေျပာတာေတာ့ အဲ့ဒီခ်ိန္ကစျပီး သူ.....]

[တတိယသခင္မေလးေဖး : သူက အစ္ကို႔ကို ခ်စ္သြားတယ္လုိ႔လား? ေသာက္က်ိဳးနည္း အဲ့ဒီလိုလည္း ျဖစ္တာပဲလား?]

[မုုမုရဲ႔ဟန္ဟန္ : ဟားဟား အဲ့ဒါေကာင္းတာေပါ့]

[ယန္ရန္ : ငါက ငါ့ေရွ႔မွာ ေလ်ွာက္ရမယ့္လမ္း အရွည္ၾကီး ရွိေသးတယ္လို႔ ထင္ေနတာ, ဒါေပမဲ့ ဒါကလည္း မေကာင္းတဲ့ စတင္ျခင္းေတာ့ မဟုတ္ပါဘူး]

[တတိယသခင္မေလးေဖး : အစ္ကိုေရ, သတိမမူမိတာမ်ိဳး မလုပ္နဲ႔ ျပီးေတာ့ ေတာင္းဆိုမွုေတြ မလုပ္နဲ႔ေနာ္! ေနာက္ျပန္ဆုတ္လို႔ မျဖစ္ဘူး!]

[ယန္ရန္ : အင္း]

[မုုမုရဲ႔ဟန္ဟန္ : ဟုတ္သား ေဖးေဖး, နင့္ရဲ႔ mission ဘယ္လိုျဖစ္ေနျပီလဲ?]

[တတိယသခင္မေလးေဖး : ငါေျပာေတာ့ ေျပာျပထားတယ္, ၾကည့္ရတာေတာ့ အဆင္ေျပပံုပါပဲ, ဖိုးဖိုးကို နန္႔ရွန္ရဲ႔ ဇာတ္လမ္းအေၾကာင္း ေျပာျပလိုက္တယ္ေလ, ေသခ်ာေပါက္ နာမည္ေတာ့ ေျပာင္းထားလုိက္တာေပါ့, သူက အရမ္းစိတ္ဆိုးေနတာ, သူေျပာတာေတာ့ ဒီေန႔ေခတ္မွာ စိတ္ထား ပုတ္သိုးေနတာေတြ အမ်ားၾကီး ရွိလာတယ္တဲ့, သူတို႔က အိမ္ေထာင္ေရးအေပၚ သစၥာမရွိသလို အခ်စ္အေပၚလည္း သစၥာမရွိဘူးလုိ႔ ေျပာခဲ့တာ, သူတို႔ရဲ႔ေလာဘက အဆံုးမရွိသလို သူတို႔က ဒီအတုိင္းအမွိုက္ေတြတဲ့]

[မုုမုရဲ႔ဟန္ဟန္ : ဖိုးဖိုးေျပာတာမွန္တယ္ အိုးဟုတ္သား, ငါမနက္ျဖန္ သူ႔ဆီလာလည္မယ္သိလား]

[တတိယသခင္မေလးေဖး : ဒါဆိုေကာင္းတာေပါ့, ငါသူ႔ကို ေျပာျပထားလုိက္မယ္, သူအရမ္းေပ်ာ္ေနမွာ, အခုသူက အသက္ၾကီးေနျပီဆိုေတာ့ အသက္ဝင္တဲ့ ေလထုအေျခအေနမ်ိဳးကို အရမ္းသေဘာက်တာရယ္]

***

ယန္မိသားစုအိမ္...

လူၾကီးမင္းယန္နဲ႔ ရိဟန္တို႔က Go board ေဆာ့ေနၾကသည္။ နွစ္ေယာက္လံုးက နုိင္တစ္လွည့္ ရွံဳးတစ္လွည့္ပင္။ Mr ယန္ရဲ႔ မ်က္လံုးမ်ားက တစ္ဖိတ္ဖိတ္ေတာက္ေန၏။ သူ႔ခႏာၱကုိယ္က ေတာင့္တင္းေနျပီး သူ႔မ်က္လံုးမ်ားက board ကိုသာ အာရံုစူးစိုက္ေနသည္။ မသိတဲ့သူသာဆို ဒါက ႏိုင္ငံတကာ ခ်န္ပီယံႏွစ္သင္းၾကား ဉာဏ္ရည္စမ္းေနသည့္ ပြဲတစ္ပြဲဟုပင္ ထင္ျမင္နုိင္သည္။ တကယ္ေတာ့ ဒီနွစ္ေယာက္က Gomoku ကစားပြဲအား ေတာ္ေတာ္ေလးကို ည့ံၾကတဲ့ အေပ်ာ္တမ္းကစားသမားေလးမ်ားသာ။

မိနစ္အနည္းငယ္ ၾကာသည္အထိ Mr ယန္က ခက္ခက္ခဲခဲ စဥ္းစားေနသည္။ ထို႔ေနာက္ သူ႔မ်က္လံုးမ်ားက လက္ခနဲျဖစ္သြား၏။ သူက ေနာက္ထပ္ အျဖဴတစ္ခုကို ထပ္ထည့္လုိက္ျပီး အခုဆို သူ႔မွာ အပိုင္း သံုးခုနဲ႔ ပိတ္ဆို႔ထားသည့္ လမ္းေၾကာင္းနွစ္ခု ရွိေနျပီပင္။ ရိဟန္က ဘုတ္ျပားတစ္ဝုိက္အား တစ္ခ်က္ၾကည့္လုိက္ျပီးေနာက္ သူ႔လက္ထဲက အမည္းစိေလးကို ပန္းကန္လံုးထဲ ျပန္ခ်လိုက္သည္။

"က်ြန္ေတာ္ရွံဳးသြားျပီ" ရိဟန္က အျပံဳးေလးနဲ႔ ေျပာလိုက္သည္။

"မင္းေတာ္ေတာ္ေလး ေတာ္လာတာပဲ ရိဟန္ေလးရဲ႔" လူၾကီးမင္းယန္က ရယ္ေမာျပီး ေျပာလာ၏။

"ငါခက္ခက္ခဲခဲ ေလ့က်င့္ထားတာ, မင္းက က်င္းယြမ္နဲ႔ အရမ္းအလုပ္မ်ားေနတာမို႔လို႔ ေလ့က်င့္ခ်ိန္ မရွိတာ ဟုတ္တယ္မွတ္လား?"

ရိဟန္က ရွက္ေသြးျဖာသြားရသည္။

"က်ြန္ေတာ္..အဟမ္း, က်ြန္ေတာ္ဒီေန႔ ဝယ္လာတဲ့ လက္ဖက္ရည္ၾကမ္းေလး စမ္းေသာက္ၾကည့္ပါလား? က်ြန္ေတာ့ဖိုးဖိုးကို တစ္ဘူးေပးခဲ့တာေတာ့ မဆိုးဘူးေျပာတာပဲ"

"ဟားဟား ေကာင္းျပီ ငါစမ္းေသာက္ၾကည့္မယ္" လူၾကီးမင္းယန္ရဲ႔ အျပံဳးက အရမ္းကို က်ယ္ျပန္႔ေနတာေၾကာင့္ သူ႔မ်က္လံုးမ်ားပင္ ေမွးက်ဥ္းေနေလျပီ။

ရိဟန္က Mr ယန္ အတြက္ လက္ဖက္ရည္ကို ကိုယ္တိုင္ျပင္ဆင္လို႔ ရေစရန္ အိမ္ေစေလး တစ္ဦးအား tea set တစ္ခု ယူခိုင္းလိုက္သည္။ Mr ယန္ ျပံဳးျပလိုက္တဲ့အခ်ိန္မွာ ဗူးအဖံုးေလး ပြင့္သြား၏။

"*Junshan Yinzhen ရြက္ပဲ" Mr ယန္က ေျပာလာသည္။

"မဆိုးဘူး"

ရိဟန္က ျပံဳးျပလုိက္ျပီး လက္ဖက္ရည္ကို ျပင္ဆင္ေပးေလသည္။ သူက ေရေႏြးသြန္ျခင္း၊ ေလာင္းထည့္ျခင္း၊ ဆက္သျခင္း : အားလံုးက တံု႔ဆိုင္းမွုမရွိ၊ ေတြးေတာေနျခင္း မရွိ။ သူ႔ရဲ႔ လွုပ္ရွားမွုတိုင္းက စီးဆင္းေနသည့္ ျမစ္တစ္စင္းလိုမ်ိဳး ေခ်ာေမြ႔ေနသည္။ ၾကည့္ရတာ ၾကည္ႏူးစရာ ျမင္ကြင္းေလးတစ္ခုပင္။

လူၾကီးမင္းယန္က လက္ဖက္ရြက္မ်ား ျမွုပ္လုိက္ ေပၚလာလိုက္နဲ႔ ဆက္တိုက္ျဖစ္ေနသည္အား ၾကည့္ေနသည္။

"အင္း, မဆိုးဘူးပဲ" သူက မွတ္ခ်က္ခ်သည္။

"မင္းက ေတာ္ေတာ္ေလးကို မွန္ကန္စြာ လုပ္ခဲ့တာပဲ"

"တစ္ခါတစ္ေလဆို က်ြန္ေတာ့္ဖိုးဖိုးအတြက္ လက္ဖက္ရည္ ျပင္ဆင္ေပးရလို႔ပါ" ရိဟန္က ရွက္ရြံ႔ဟန္ေလးျဖင့္ ျပန္ေျဖသည္။

"မင္းအဖိုးက ကံေကာင္းတာေပါ့" လူၾကီးမင္းယန္က လက္ဖက္ရည္ခြက္အား လက္ခံလုိက္ျပီး ေျပာလာသည္။

သူက လက္ဖက္ရည္ရဲ႔ ေမႊးရနံ႔အား ရွဳသြင္းလုိက္ျပီးေနာက္ သက္ျပင္းခ်၏။

"သူ႔ရဲ႕ရနံ႔က အရမ္းထူးျခားတယ္။ ေကာင္းတယ္"

"ဖိုးဖိုးယန္ သေဘာက်ရင္ ေတာ္ပါျပီ" ရိဟန္က ျပန္ေျပာသည္။

လူၾကီးမင္းယန္က လက္ဖက္ရည္ၾကမ္း တစ္ငံုေသာက္လိုက္ကာ

"ငါၾကားတာေတာ့ မင္းနဲ႔ မုမိသားစုအိမ္က ေကာင္စုတ္ေလးနဲ႔က လက္ထပ္မွတ္ပံုတင္ျပီး သြားျပီဆို"

ရိဟန္က ေခါင္းညိတ္ျပသည္။

"မင္းတို႔နွစ္ေယာက္က ေတာ္ေတာ္ေလး အလ်င္လိုေနၾကတာပဲ" လူၾကီးမင္းယန္က ေျပာလာ၏။ သူ႔နွုတ္ခမ္းေပၚမွာေတာ့ အျပံဳးေဖ်ာ့ေဖ်ာေလး ရွိေနသည္။

ရိဟန္က သူ႔နွာေခါင္းေလးကို ကုတ္လုိက္သည္။

""ဟုတ္တယ္, ဘယ္လိုပဲျဖစ္ျဖစ္ သူပဲျဖစ္မွာဆိုေတာ့ က်ြန္ေတာ္တို႔ စာရင္းသြင္းထားလုိက္တာလည္း ဘာမွ ျခားနားမွု မရွိပါဘူး, ေက်းဇူးျပဳျပီး မရယ္လုိက္ပါနဲ႔ ဒါေပမဲ့ က်ြန္ေတာ္တို႔ စာရင္းမသြင္းခင္မွာေတာ့ ရိုးရိုးသားသားကို စိတ္ပူပန္ခဲ့မိတာ, တစ္ခုခု ျဖစ္သြားခဲ့မွာကို အျမဲတမ္း ေၾကာက္ေနခဲ့မိတယ္, က်ြန္ေတာ့္ရဲ႔ အာရံုေၾကာေတြက လက္ထပ္မွတ္ပံု တင္ျပီးမွသာ တည္ျငိမ္သြားခဲ့တာ"

လူၾကီးမင္းယန္က ရိဟန္ရဲ႔ ေခါင္းေလးကို ပုတ္ေပးသည္။

"အင္း ဒါက မင္းတို႔နွစ္ေယာက္ၾကားက ၾကည့္ျဖဴတဲ့ ဆက္ဆံမွုတစ္ခုေလ, မင္းတုိ႔မိသားစုကလည္း မင္းတို႔ေတြရဲ႔ ဆက္ဆံေရးကို အားေပးၾကတယ္ ဘာမ်ားျဖစ္နုိင္မွာမို႔လို႔လဲ? ဒါေပမဲ့ ငါနားလည္ပါတယ္, မင္းက သူ႔ကို နက္နက္ရွိုင္းရွိုင္း ခ်စ္ေနတာမို႔လို႔ ေပါက္ကရေတြ အကုန္လံုးကို စဥ္းစားေနမိတာ, ကံေကာင္းစြာနဲ႔ အဲ့ဒီေကာင္ေလးက မင္းကို တကယ္ စစ္မွန္လို႔သာေပါ့, မဟုတ္ရင္ မင္းနာက်င္ရမွာကို စုိးတယ္"

"က်ြန္ေတာ္ မျဖစ္ပါဘူး" ရိဟန္က ေလးေလးနက္နက္ ေျပာလာ၏။

"သူက်ြန္ေတာ့္ကို တကယ္ဂရုစိုက္ပါတယ္"

"မင္းကိုၾကည့္စမ္းပါဦး" လူၾကီးမင္းယန္က တစ္ခစ္ခစ္ ရယ္ေလသည္။

"မင္း သူ႔ကို ခုခံကာကြယ္ဖို႔ အရမ္းေတြ စိတ္အားထက္သန္ေနတာပဲ, ငါသိပါတယ္, မင္းကအခု အရြယ္ေရာက္ေနျပီ ျပီးေတာ့ အသိတရားရွိတဲ့ လူငယ္ေလးတစ္ေယာက္လည္း ဟုတ္တယ္, မင္းအကုန္ နားလည္ေနျပီ, ဒါေတြအားလံုးကို မင္းရဲ႔ လူၾကီးေတြဆီကလည္း အမ်ားၾကီး ၾကားဖူးမွာပါ, ဒါေပမဲ့ လူေတြက အသက္ၾကီးလာတဲ့အခါမွာ နည္းနည္းပိုျပီး ပြစိပြစိ ေျပာတတ္တယ္ကြ"

"ဆက္ေျပာပါ" ရိဟန္က ေခါင္းေလး ညိတ္ျပသည္။

လူၾကီးမင္းယန္က ရိဟန္က ျပံဳးျပလာေလသည္။

"အိမ္ေထာင္ေရးဆိုတာ ခံစားခ်က္သက္သက္မဟုတ္ဘူး။ တာဝန္လည္း ရွိတယ္။ မင္းနဲ႔ မုက်င္းယြမ္ တို႔က အခု အိမ္ေထာင္သစ္တစ္ခုကို ထူေထာင္ၾကၿပီမို႔ မင္း အေနနဲ႔ မိသားစုတာဝန္ကို ထမ္းရမွာ။ ႏွစ္ေယာက္စလုံးက စိတ္ရွည္သည္းခံၿပီး နားလည္မႈနဲ႔ သစၥာရွိရမယ္။ ေသခ်ာေပါက္ အိမ္ေထာင္ေရးမွာ မရွိမျဖစ္လိုအပ္တာက သစၥာရွိမွု ဆိုေပမယ့္ အဲ့ဒါကိုေတာ့ ေျပာျပဖို႔ မလိုေလာက္ပါဘူး။မင္းတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကတာကို လူတိုင္းေတြ႕ႏိုင္ေနတာပဲ "

"အခ်စ္ဆိုတာ လက္ခုပ္တီးသလိုပဲ။ လက္ႏွစ္ဖက္လိုအပ္တယ္။ မင္းသူ႔ကိုခ်စ္တယ္။ ဒါေၾကာင့္ ရွက္႐ြံ႕စိတ္ေတြနဲ႔ မနစ္မြန္းေစနဲ႔။အေၾကာင္းျပခ်က္ေတြကို က်ယ္က်ယ္ေလာင္ေလာင္ ထုတ္ေျပာရမယ္, အဲ့ဒါမွပဲ မင္းဘဝက ပိုခ်ိဳၿမိန္လာမွာ။ ေနာက္ၿပီး ဘဝကမင္းတို႔နွစ္ေယာက္အေပၚ ဖိနွိပ္လာတဲ့အခါဆိုရင္ မင္းစိတ္မေကာင္းျဖစ္တာေတြကို ဘယ္ေတာ့မွ မမ်ိဳသိပ္ထားနဲ႔, အဲ့ဒီလို ထိန္းခ်ဳပ္ထိန္ခ်န္ ထားမွုေတြက မင္းတို႔ရဲ႔ အိမ္ေထာင္ေရးမွာ ျခိမ္းေျခာက္မွုတစ္ခု အျဖစ္ ေျပာင္းလဲသြားမွာ, စိ္တ္ဆိုးရင္ ျငင္းခံုပစ္လုိက္, မင္းတုိ႔နွစ္ေယာက္လံုး ပြင့္ပြင့္လင္းလင္းသာ ရန္ျဖစ္ပစ္လုိက္, ရန္ျဖစ္လို႔ ျပီးသြားရင္ အတိတ္မွာပဲ ခ်န္ထားလုိက္ေတာ့, ျပီးေတာ့ နွစ္ေယာက္လံုးကလည္း ရိုးသားေနရမယ္, လိမ္ညာမွုတစ္ခုက ျပီးျပည့္စံုေနေအာင္ လုပ္ဖို႔ေနာက္ထပ္ လိမ္ညာမွု တစ္ရာ လိုအပ္တယ္ဆိုတာ သိထားရမယ္, တစ္ဘဝလံုး လွ်ိဳ႔ဝွက္ထားလုိ႔ရတဲ့ လွ်ိဳ႔ဝွက္ခ်က္ဆိုတာ အမ်ားၾကီးမရွိဘူး, အမွန္တရားက အေနွးနဲ႔အျမန္ေတာ့ ေပၚလာမွာပဲ, အဲ့ဒါက လံုးဝ လက္ေတြ႔မက်ဘူးေလ"

ရိဟန္က ေခါင္းညိတ္ျပသည္။

"ဟုတ္ကဲ့ပါ ဖိုးဖိုးယန္, က်ြန္ေတာ္ မွတ္ထားပါ့မယ္, စိတ္မပူပါနဲ႔ က်ြန္ေတာ္တို႔ အဆင္ေျပပါတယ္"

"ဒါေပါ့" လူၾကီးမင္းယန္က ဆက္ေျပာသည္။

"ငါတို႔ ရိဟန္ေလးက အေကာင္းဆံုးနဲ႔ ထိုက္တန္တယ္, အဲ့ဒီ မုေကာင္စုတ္ေလးကလည္း သိပ္မဆိုးပါဘူး, သူက ရင့္က်က္တယ္, စိတ္ခံစားခ်က္ေတြလည္း သိပ္မေဖာ္ျပဘူး မင္းအေပၚလည္းေကာင္းတယ္, မင္းတို႔က အတူတူၾကီးျပင္းလာၾကျပီး တစ္ေယာက္နဲ႔ တစ္ေယာက္လည္း ခ်စ္ၾကတယ္, အခ်င္းခ်င္းလည္း ေကာင္းေကာင္းသိတယ္"

"မေန႔က" လူၾကီးမင္းယန္က စကားဆက္၏၊

"ငါ့ဆီ ေဖးေဖး လာလည္တယ္, သူမက တကယ့္ဘဝ ဇာတ္ေၾကာင္းတစ္ခုကို ေျပာျပလာတယ္, သူမေျပာတာေတာ့ ကုမၺဏီရဲ႔ အနာဂတ္အတြက္ အာဏာရွိ မိသားစုတစ္ခုက သမီးကို လက္ထပ္လိုက္တဲ့ gay တစ္ေယာက္ ရွိတယ္တဲ့, အမွန္ေတာ့ လိင္တူလက္ထပ္တာကို လက္မခံတဲ့သူေတြ အမ်ားၾကီး ရွိေနေသးတယ္, လိင္တူခ်စ္သူ အမ်ားစုက မိသားစု ဒါမွမဟုတ္ တစ္ျခားအေၾကာင္းအရာေတြေၾကာင့္ မဆန္႔က်င္နုိင္ပဲ လိင္မတူတဲ့သူကို လပ္ထပ္ၾကတာ, ဒီအေပၚမွာ လူ႔အဖြဲ႕အစည္းက ဘာမွလုပ္လို႔ မရဘူး, ဒါေပမဲ့ အဲ့ဒိလူကေတာ့ ကိစၥ ရွိသြားျပီ, အဲ့ဒါက အခ်စ္ေရးဆိုရင္ေတာင္ အနည္းဆံုးေတာ့ သေဘာတူ လက္ခံမယ့္သူကို ရွာေလ, အဲ့ဒါကိုသူက သူ႔ကိုယ္သူ လူလြတ္ပါလို႔ လိမ္လည္ျပီး တစ္ျခားေယာက်ာ္းသားတစ္ေယာက္ကို သူ႔ခ်စ္သူအျဖစ္ ထားထားတယ္တဲ့, ဒါက လံုးဝကို ခြင့္လႊတ္လို႔ မရတဲ့ ကိစၥပဲ, အဲ့ဒီလို လူမ်ိဳးက ဘယ္ေလာက္ထိ နိမ့္က်တာမ်ိဳးေတြေတာင္ လုပ္နုိင္လဲ ဘယ္သူမွ မသိနုိင္ဘူး, ငါ့မွာ ဇာတ္လမ္းကို နားေထာင္ရံုနဲ႔တင္ ေဒါသေတြ ထြက္လာတာ"

30.7.2022

================

Translator's Note:

လက္ဖက္ရြက္ေတြက ျမဳပ္လုိက္ ေပၚလုိက္ျဖစ္ေနတယ္ : ဒါက ေငြအပ္လက္ဖက္ရည္ၾကမ္းမ်ိဳး အထူးသျဖင့္ Junshan Yinzhen လက္ဖက္မွာသာ ျဖစ္နုိင္တာပါ။ အဲ့ဒီ လက္ဖက္ရြက္က အေခါင္းေပါက္ ပါျပီး ဒီအတုိင္း လက္ဖက္ရြက္ မဟုတ္ပဲ အာဟာရ၊ ေရနဲ႔ တစ္ျခားဟာေတြကို သုိေလွာင္သိမ္းဆည္းထားနုိင္တယ္။ အဲ့ဒါေၾကာင့္လည္း ေရေပၚမွာ ေပၚနုိင္တာ။ ဒါေပမဲ့ လက္ဖက္ရြက္ေတြကို ေရေႏြးနဲ႔ တည္တဲ့အခါမွာ ေရေတြက အရြက္ထဲကို ျဖည္းျဖည္းျခင္း စိမ့္ဝင္သြားျပီး ေအာက္ေျခကို နစ္ျမွဳပ္သြားေစတယ္။ ဒါေပမဲ့ ေအာက္ေျခမွာကလည္း အရြက္ေတြထဲက ေလပူေဖာင္းေတြ ရွိေနျပန္ေရာ။ အဲ့ဒီ ပူေဖာင္းေလးေတြက တစ္ျဖည္းျဖည္းျခင္းဆီ ျပန္တြန္းတင္တဲ့အတြက္ လက္ဖက္ရြက္ေတြက ေရေပၚ ေနာက္တစ္ေခါက္ ျပန္တက္လာရတာ။ အရည္အေသြး ျမင့္ေလေလ အဲ့ဒိလိုမ်ိဳး ျဖစ္တာကပိုျပီး ၾကာေလေလပဲ။ အဲ့ဒီ သံသရာက သံုးမိနစ္ကေန ငါးမိနစ္အတြင္း သူ႔အလိုလို ျပန္ျဖစ္ေနမွာပါ။

ေနာက္တစ္ခ်က္... ဒါကေတာ့ ဗဟုသုတ အေနနဲ႔ပါ လက္ဖက္ရည္ၾကမ္း ျပင္တဲ့အခါမွာ ပထမဆံုး တည္တဲ့ ေရေႏြးကို သြန္ပစ္ရပါတယ္တဲ့။ ပထမဆံုး တည္တဲ့ေရေႏြးကို တိုက္တာက တစ္ဖက္သားကို ေစာ္ကားတဲ့ အဓိပၸါယ္မ်ိဳးပါ။ ပထမဆံုး တည္တဲ့ ေရေႏြးက ခြက္ေဆးဖို႔ တစ္ခုပဲ သံုးတာပါ။ တရုတ္ ေရေႏြးအိုး ျပင္တဲ့ Video ကို media မွာ တင္ေပးထားပါတယ္ေနာ္။

ဒီအေပၚမွာ လူ႔အဖြဲ႕အစည္းက ဘာမွလုပ္လို႔ မရဘူး : ဒါက လူၾကီးတစ္ေယာက္ ေျပာတဲ့ စကားျဖစ္တာကို သတိထားေပးပါ။ လူ႔အဖြဲ႔အစည္းက အဲ့ဒါနဲ႔ ပတ္သတ္ျပီး တစ္စံုတစ္ခုကို လုပ္နုိင္ပါတယ္ ဒါေပမဲ့ ဘယ္ေလာက္ျမန္ျမန္ တိုးတက္နုိင္မလဲ ဆိုတဲ့ ကန္႔သတ္ခ်က္ပဲ ရွိေနတာပါ။ ျပီးေတာ့လည္း အာဃာတ တရားဆိုတာက စိတ္ဥပါဒါန္ စြဲလမ္းေနျခင္းကိုမွ ေပ်ာ့ေျပာင္းတဲ့ ပံုစံပါ။ အဲ့ဒီစိတ္ခံစားခ်က္ေတြက အမ်ားျပည္သူေရွ႔ွမွာ ဘယ္လိုမ်ိဳး ေဖာ္ျပမလဲ ဆိုတာကိုသာ သတိထားရမွာပါ။

=================

Junshan Yinzhen tea

=================


Continue Reading

You'll Also Like

66.7K 9.4K 71
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
338K 26.8K 29
Mini Story Uni Life Style Sweet Romance
212K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
938K 138K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...