(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《179》

5.9K 1K 56
By Xiao_Yiii

Unicode

အခန်း(၁၇၉) - မင်းဘယ်လိုများ ဒီလောက် အရှက်မဲ့နိုင်ရတာလဲ?

ယန်ရန်က မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက်ကြားမှာ ဘာဖြစ်ထားလဲ ကျုပ်သိတယ်, ခင်ဗျားက သူ့မှာ ခံစားချက်နဲ့ ပတ်သတ်ရင် အတွေ့အကြုံ မရှိတာကို အခွင့်ကောင်းယူပြီး သူ့ကို နှစ်ပေါင်းများစွာ အရူးလုပ်ခဲ့တယ်, ယိုရန်က အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်မခံချင်တော့တာမို့လို့ ကျုပ်ကလည်း ဒီအတိုင်း လွှတ်ထားလိုက်မလို့ပဲ, အဲ့ဒါကို ခင်ဗျားက ကျုပ်မရှိတုန်း လာရှုပ်ရဲမယ်လို့ မထင်ထားမိဘူး, ခင်ဗျားက သူ့ကို နာကျင်အောင်တောင် လုပ်လိုက်သေးတယ်, ဟဲယွမ်, ဒါက အဆုံးသတ်တော့ မဟုတ်တော့ဘူး"

ဟဲယွမ်ရဲ့ နှလုံးသားက ဒိတ်ခနဲ ဖြစ်သွားသည်။

ယန်ရန်သိနေတယ်! အဲ့ဒါကို သူက ယန်ရန်သိသွားမှာစိုးလို့ အရမ်း ဂရုစိုက်နေခဲ့တာ, ဟုတ်သားပဲ, ယိုရန်က ဒီလူရဲ့ ပေါင်ကို ဖက်လိုက်ပြီလေ သူသေချာပေါက် ယန်ရန်ကို ဒီကိစ္စအကြောင်း ပြောပြထားမှာပဲ, တစ်အချက်က အဲ့ဒီလိုဆို သူ့မှာ အပြစ်မရှိတော့ဘူး နှစ်အချက်ကတော့ အဲ့ဒီလိုဆို ယိုရန်အပေါ် ပိုပြီးတော့တောင် သနားစိတ် ဝင်သွားစေမှာ။ ဖြစ်နေတဲ့ ပုံစံအရဆိုရင် ဒီကိစ္စက သူ့အတွက် အဆုံးသတ်ကောင်းမယ့် ပုံမပေါ်ဘူး

"သူက မင်းကို အဲ့ဒီလို ပြောထားတာလား?"

ဟဲယွမ်က ပြင်းပြင်းထန်ထန် ပြောမိခြင်းအား မထိန်းနိုင်တော့ပေ။

"ချစ်မိသွားတဲ့လူတွေက တကယ့်ကို စိတ်ဓာတ်တွေပါ အောက်ထိုးကျသွားတာပဲ, ငါက သူ့ကို အရူးလုပ်တယ်လို့ မင်းတကယ်ပဲ ထင်နေတာလား? ငါ့အဆင့်အတန်းနဲ့ဆိုရင် ငါလိုချင်တဲ့ ဘယ်လိုချစ်သူမျိုးမဆို ရနိုငတယ်, ဘာလို့ငါက လိမ်ညာနေဖို့ လိုမှာလဲ? ငါဘယ်သူမှန်း သူသိနေလို့ သူ့ကိုယ်သူ ဆက်သလာတာကွ! မင်းလို မိုက်မဲတဲ့ ကောင်ကလေးကသာ သူ့လို စုတ်ပြတ်သတ်နေတဲ့ အရာတစ်ခုကို တန်ဖိုးထားလိမ့်မယ်"

ယိုရန်၏ မျက်နှာသည် နောက်ဆုံးမှာ ကျန်းမာသည့် နီမြန်းမြန်း အသွင်လေး ပြန်ရလာခဲ့သော်လည်း ဟဲယွမ်၏ စကားများကြောင့် လုံးဝ လွင့်စင်သွားခဲ့ရသည်။ ယိုရန်က ဒေါသအရမ်းထွက်သွားတာကြောင့် သူ့တစ်ကိုယ်လုံးပင် တုန်ယင်နေပြီး ထစ်ထစ်အအ ပြောလာလေသည်။

"မင်းလိမ်နေတာ.....! မင်းဘယ်လိုများ ဒီလောက် အရှက်မဲ့နိုင်ရတာလဲ......?"

ယန်ရန်က ယိုရန်၏ ရင်ဘက်ကို ကမန်းကတန်း ပုတ်ပေးလိုက်ပြီး အသက်မှန်မှန် ပြန်ရှုနိုင်အောင် ကူညီပေးလိုက်သည်။ ထိုသို့ လုပ်ပေးနေရင်းဖြင့်ပင် သူက အေးစက်စက် ရယ်မောလိုက်ကာ ဟဲယွမ်ကို ပြန်ပက်၏။

"ချစ်သူ? ခင်ဗျားအတွက် ချစ်သူတစ်ယောက် ရှာဖို့ မခက်ခဲပါဘူး ဒါပေမဲ့ ခင်ဗျားက တစ်ရက်ကို နှစ်ဆယ့်လေးနာရီလုံး အကောင်းဆုံး ခင်ပွန်းကောင်းတစ်ယောက်လို ဟန်ဆောင်နေရတာလေ,ချစ်သူတစ်ယောက် ရှာဖို့လား? သူမက ခင်ဗျားအိမ်ခေါင်မိုးကို ဖောက်ခွဲပစ်လိုက်မှာ မကြောက်ဘူးလား? လူတိုင်း ခင်ဗျားကို ယုံကောင်းယုံလိမ့်မယ် ဒါပေမဲ့ ကျုပ်ကတော့လား?ကျုပ်က ခင်ဗျားအကြောင်းတွေအားလုံးနဲ့ ခင်ဗျားရဲ့ လုပ်နိုင်စွမ်းရည်တွေကို မသိဘူးများ ထင်နေလား? ဘယ်လိုလဲ? လန့်နေတယ် ဟုတ်တယ်မှတ်လား? ခင်ဗျားက ကျုပ်တို့ကြားမှာ အကွဲအပြဲ ဖြစ်စေချင်နေတာလား? ဒါတွေအားလုံး သူက ကျုပ်ကို ပြောထားတယ်လို့ ထင်တယ်ပေါ့လေ? ခင်ဗျားကို ပြောပြဖို့အတွက် ကျုပ်စိတ်ထဲ မထားပါဘူး, ဒါပေမဲ့ ကျုပ် ကသာ အရာအားလုံးကို လိုက်ရှာဖွေထားတာ, သူက တစ်ခွန်းလေးတောင် ပြောခဲ့တာ မဟုတ်ဘူး, ရိဟန်ရဲ့ စေ့စပ်ပွဲ မတိုင်ခင်တုန်းက သူက ခင်ဗျားနာမည်ရင်းကိုတောင် မသိရှာဘူး "

ယန်ရန်က ငုံ့ကြည့်လိုက်သောအခါ စိတ်မကောင်း ဖြစ်နေပုံရသည့် ယိုရန်ကို မြင်လိုက်ရသည်။

"ကျွန်တော်ခင်ဗျားကို စုံစမ်းစစ်ဆေးဖို့ မရည်ရွယ်ပါဘူး" သူက ကမန်းကတန်း ရှင်းပြသည်။

"အဲ့ဒါကဒီအတိုင်း.....ကျွန်တော် ခင်ဗျားရဲ့ အိမ်နီးနားချင်း ဖြစ်လာပြီးနောက်မှာ....သိတယ်မှတ်လား ကျွန်တော်က ပရိသတ်လေ, ခင်ဗျားနဲ့ ပတ်သတ်ပြီး နည်းနည်းပိုသိချင်မိယုံလေးပါ, နောက်တော့ ဒီအကြောင်းကို သိသွားခဲ့ရတယ်, စိတ်မဆိုးပါနဲ့နော်, ပြီးမှ ကျွန်တော်အားလုံး ရှင်းပြပေးပါ့မယ့် ဟုတ်ပြီလား? ကျွန်တော် တကယ့်ကို တစ်ခြား ရည်ရွယ်ချက် မရှိပါဘူး"

ဟဲယွမ်သည် ယိုရန်၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် ပတ်သက်၍ မကောင်းမှုတစ်စုံတစ်ရာရှိမည်ဟု မထင်ခဲ့ပေ။ သူက ကောင်းတယ်ဟုတောင် ထင်ခဲ့သည်။ ဒီလူက တစ်နေကုန် အိမ်မှာပဲ စာရိုက်နေလိမ့်မည်လေ။ သူက တိုက်ခန်းကနေလည်း ထွက်ခဲသည်။ ဒါက သူလိမ်ညာထားတာတွေကို ဒီလူသိသွားနိုင်တဲ့ အခွင့်အရေးလည်း နည်းပါးသွားမည်ဟုသာ။ ဟဲယွမ်ကို အံ့အားသင့်သွားစေတာကတော့ သူ့စာအုပ်တွေကနေ တစ်ဆင့် ဒီလို အဆင့်အတန်းနဲ့ တန်ခိုးအာဏာ ကြီးမားသည့် ပရိသတ်တစ်ဦးကို တွေ့ရှိခဲ့တယ် ဆိုတာကိုပင်။

ဒီနှစ်ယောက်က ထူးဆန်းတဲ့ ကံနဲ့ အိမ်နီးနားချင်းတွေ လာဖြစ်နေတယ်! နတ်ဘုရားတွေက သူ့ကို ကစားနေတာလား?

တစ်ခြားတစ်ဖက်မှာတော့ ယန်ရန်က သူဟဲယွမ်ကို ရန်စတာ မလုံလောက်သေးဘူးဟု ခံစားနေရသည်။

"ရိဟန်နဲ့ တစ်ခြားသူတွေက သူနဲ့ ဘာလို့ ဒီလောက် နီးနီးကပ်ကပ် ရှိနေကြတယ် ထင်လဲ?" ယန်ရန်က မီးထဲ လောင်စာဆီ ထပ်ထည့်သည်။

"အဲ့ဒါ ရိဟန်ကလည်း သူ့ပရိသတ် ဖြစ်နေလို့ပဲ, အိုး ဟုတ်သား ဖေးဖေးလည်း ရှိသေးတယ်, ကျုပ်က ယိုရန်ရဲ့ အိမ်နီးနားချင်း ဖြစ်နေမှန်း သိသွားတုန်းကဆိုရင် သူတို့မှာ ပျော်လွန်းလို့ ရူးမတတ်ပဲ, သူတို့မှာ အချိန်ရတာနဲ့ ဒီနားမှာပဲ ဝေ့လည် ဝေ့လည် လုပ်နေပြီး လုံးဝ ထွက်မသွားချင်ကြဘူး, ဟုတ်တယ်, အဲ့ဒါက ကျုပ်နဲ့ ယိုရန်ရဲ့ တွေ့ချိန်တွေကိုတော့ တော်တော်လေး သက်ရောက်မှု ရှိတာပေါ့"

ဟဲယွမ်က ပါးစပ် ဖွင့်လိုက်သော်လည်း သူစကားတစ်ခွန်းမှ ထွက်မလာခင်မှာ ယန်ရန်က ကြားဖြတ်ပြော၏။

"ခင်ဗျား သူနဲ့ ပတ်သတ်ပြီး ကျုပ်ကိုသူ့မကောင်းကြောင်း ပြောဖို့ ကြိုးစားနေစရာ မလိုဘူး," ယန်ရန်က စကားဆက်သည်။

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျုပ်အားလုံး သိတယ်, သူသိတာထက်တောင် ပိုပြီးသိသေးတယ်"

ဟဲယွမ်၏ နှုတ်ခမ်းများက တုန်ယင်နေရင်းဖြင့် အံကိုကြိတ်ရင်း မေးလာသည်။

"ဒါဆို မင်းအဒေါ်ကို ဒီအကြောင်းပြောပြဖို့ စိတ်ကူးရှိလား"

"သူမကို မပြောရဘူးလား?"

ယန်ရန်က မျက်ခုံးပင့်လိုက်ကာ

"ယန် မိသားစုက လိင်တူစုံမက်သူဆီက လှည့်စားခံရပြီး လက်ထပ်ခဲ့ရမယ်လို့ ဘယ်သူက ထင်မှာလဲ? ကျုပ်တော့ သူမ ဒီကိစ္စကို သိပိုင်ခွင့်ရှိတယ်လို့ ထင်တယ်"

ဟဲယွမ်က ယိုရန်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ယန်ရန်အား တုံ့ပြန်လာ၏။

"ယန်မြောင်သာ သူ့တည်ရှိမှုကို သိသွားရင် သူသေတဲ့အထိ သူမဘက်က ရပ်တန့်မှာ မဟုတ်ဘူးဆိုတာ မင်းသိပါတယ်, အဲ့ဒါဆို သူစာ ဆက်ရေးနိုင်မှာ မဟုတ်တော့ဘူး"

ယိုရန်ကို ဖက်ထားသည့် ယန်ရန်၏ လက်မောင်းများ တင်းကြပ်သွားသည်။

"ဒါက ခင်ဗျား အပူ တစ်စက်မှ မပါဘူး" သူကတည်ငြိမ်စွာသာ ပြန်ပြောသည်။

"ကိုယ့်ချစ်သူကိုယ်တောင် မကာကွယ်နိုင်ဘူးဆိုရင် ကျုပ်က ယန်မိသားစုဝင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်မှာ မဟုတ်ဘူး"

ဟဲယွမ်က လှောင်ပြောင်ဟန် ပြုံးလာသည်။

"ယန်မြောင်ကလည်း ယန်မိသားစုဝင်ပဲနော်, သူမက အကြီးအကဲ တစ်ယောက်လည်း ဖြစ်နေသေးတယ်, အကယ်၍ သူမက အသက်သိပ်မကြီးသေးဘူး ဆိုရင်တောင် အသက်ကြီးပိုင်း မျိုးဆက်နဲ့ သက်ဆိုင်နေတုန်းပဲ, သူမက လူကြီးမင်းယန်ရဲ့ အငယ်ဆုံး သမီးလေ, ဒါ့အပြင် သူမက သူနှစ်ပေါင်းများစွာ ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားတဲ့ တစ်ဦးတည်းသော သမီးလည်း ဖြစ်နေသေးတယ်, အကယ်၍ သူမသာ ပြဿနာတွေ ရှာလာမယ်ဆိုရင် သူတောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

ယန်ရန်၏ နှုတ်ခမ်းက အပြုံးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

"အကယ်၍ ကျုပ်အဆင့်အတန်းက မလုံလောက်ဘူးဆိုရင် ပိုင်နဲ့မုမိသားစုတွေ ပါဝင်ပတ်သတ်လာရင်ရော? ရိဟန်ကလည်း ယိုရန်ရဲ့ အမာခံ ပရိသတ်နော်, သူလည်း ဒီကိစ္စကို သိတယ်, သူ့ကို ပိုင်မိသားစုက ဘယ်လောက်တောင် တန်ဖိုးထားလဲ ဆိုတာ ခင်ဗျားလည်းသိပါတယ်, ဒါက လူတစ်ယောက်ကို ကာကွယ်ပေးရမယ့် တောင်းဆိုမှုလေး တစ်ခုပဲလေ, အန်ကယ်ပိုင်က ဟင့်အင်းလို့ မပြောဘူးဆိုတာ ကျုပ်ယုံတယ်, ပြီးတော့လည်း သူက Mr မုနဲ့ စေ့စပ်ထားတာ, ဒီမြို့ထဲကလူတိုင်း Mr မုက သူ့ကို ဘယ်လို တွေးလဲ သိကြတယ်, ရိဟန်တွေးတာက Mr မုတွေးတာနဲ့ အတူတူပဲ, Mr မုက အမာခံပရိသတ်တစ်ယောက်ရဲ့ မိသားစု ဖြစ်နေရခြင်း အကြောင်းကိုတောင် ဟာသ လုပ်နေခဲ့သေးတာ"

"သေချာပေါက် ဖေးဖေးလည်း ရှိသေးတယ်, ကျုပ်တို့ထဲက တော်တော်များများက ယိုရန်ကို အန္တရာယ်ကနေ အကာအကွယ် မပေးနိုင်ဘူးလို့ ထင်နေတာလား?"

ဟဲယွမ်က တံတွေးမျိုချလိုက်သော်လည်း သူက တောင့်ခံနေဆဲပင်။

"သူ့ကို ဂုဏ်တင်ဖို့ မကြိုးစားနဲ့တော့။ သူက မင်းကြိုက်တဲ့ စာရေးဆရာပဲလေ။ ပိုင်နဲ့ မုမိသားစုတွေက ယန် မိသားစုကို ရန်သူဖြစ်အောင် လုပ်မှာတဲ့လား? ဒါက ကစားစရာမဟုတ်ဘူး။"

ယန်ရန်က အေးစက်စက် နှာမှုတ်လိုက်သည်။

"ကျုပ်ကို မယုံဘူးပေါ့လေ? ယိုရန်က ရိဟန်အတွက် ဘယ်လောက် အရေးပါလဲ ကြည့်လိုက်ရအောင်"

ထိုသို့ ပြောရင်းဖြင့် သူက ဖုန်းအား ဆွဲထုတ်ပြီး ရိဟန်ကို ခေါ်လိုက်သည်။ သူက ဖုန်းစပီကာကိုပင် ဖွင့်လိုက်သေး။

ဟဲယွမ်၏ မျက်နှာက ဖြုစုတ်သွားသည်။

ယန်ရန်က တကယ်ကြီး ပိုင်ရိဟန်ကို ဖုန်းခေါ်ရဲတယ်? ဒီလူက လှည့်စားနေတာ မဟုတ်ဘူးပဲ။

ဟဲယွမ်က ဒီကိစ္စကို ကောင်းကောင်း လျှို့ဝှက်ထားတယ်ဟု ထင်ခဲ့ပေမယ့် လူတော်တော်များများက သိနေတယ်!

ဖုန်းက မကြာခင် ပြန်ဖြေလာသည်။

"ယန်ရန်?" ပိုင်ရိဟန်၏ အသံက တစ်ဖက်မှ ထွက်ပေါ်လာ၏။

"ဘာဖြစ်လို့လဲ?"

ယန်ရန်က ချက်ချင်းပြန်ဖြေသည်

"ငါတို့ အနားမရှိတုန်း ဟဲယွမ်က ယိုရန်ရဲ့ အိမ်ထဲ အတင်းဝင်လာပြီး သူ့ကို ဒဏ်ရာ ရအောင် လုပ်လိုက်တယ်, သူအခု ဒီမှာ ရှိနေတုန်းပဲ, ယိုရန်က တော်တော်ဆိုးဆိုးဝါးဝါး ထိသွားတာ, ခုနကဆို မေ့ပါလဲသွားတာ, ယိုရန်ကို ဆေးရုံပို့ရအောင် ငါ့ကိုမြန်မြန်လာကူစမ်းပါ"

ရိဟန်၏ အသံက ချက်ချင်းပင် စူးရှစွာ ထွက်ပေါ်လာသည်။

"မင်းဘာပြောလိုက်တာ?အားးး! ဒါက ငါ့ကို တော်တော်လေး စိတ်တိုစေတယ်! စိတ်မပူနဲ့! ငါမကြာခင် ရောက်လာမယ်!"

ရိဟန်၏ စကားများနောက်တွင် ကျယ်လောင်သော ဝုန်းဒိုင်းကြဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ တစ်စုံတစ်ခု မြေပြင်ပေါ်သို့ ကျသွားပုံပင်။

"ဘာဖြစ်တာလဲ?"

မုကျင်းယွမ်၏ နက်ရှိုင်းသည့် အသံပါ ထွက်လာ၏။

"ဟဲယွမ်က နန့်ရှန်ရဲ့ အိမ်ထဲ အတင်းဝင်ပြီး သူ့ကိုရိုက်တယ်တဲ့" ရိဟန်က ထိတ်လန့်တကြား ပြောလာသည်။

"ယန်ရန်ပြောတာတော့ သူတော်တော်လေး ထိသွားပုံပဲ, ငါအဲ့ဒီကို အခုပဲ သွားမှဖြစ်မယ်!"

"စိတ်မပူပါနဲ့" ကျင်းယွမ်က ပိုကျယ်လောင်တဲ့ အသံနဲ့ ပြန်ဖြေတယ်။

"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်။ ယန်ရန် ရောက်နေပြီဆိုတော့ အဆင်ပြေသွားကြမှာပါ"

ထိုအချိန်မှာ ရိဟန်က ဖုန်းမချရသေးတာကို သတိရသွားတာကြောင့် ဖုန်းထဲကို လှမ်းမေးလိုက်သည်။

"ယန်ရန်, အခု အခြေအနေ ဘယ်လိုလဲ? နန့်ရှန်ရဲ့ ဒဏ်ရာက တော်တော်ပြင်းလား? ဟဲယွမ်ရော ထွက်ပြေးသွားပြီလား?"

သူ့အသံက ခပ်သွက်သွက် လမ်းလျှောက်နေသလိုမျိုး ရှတတလေး ဖြစ်နေသည်။

ယန်ရန်၏ မျက်နှာပေါ်က အမူအယာက နူးညံ့သွားလေသည်။ သူက သေလောက်အောင် ဖြူဖျော့နေသည့် ဟဲယွမ်ဖက် လှည့်လိုက်ပြီး ပြုံးလိုက်ကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"အလျင်လိုစရာ မလိုဘူး, ဟဲယွမ်က ဒီမှာ ရှိနေသေးတယ်, ယိုရန်ပြောတာတော့ သူဒီအတိုင်း အသက်ရှု ကြပ်သွားတာတဲ့, အခု အဆင်ပြေသွားပါပြီ ဒါပေမဲ့ ဆေးရုံမှာတော့ အသေးစိတ် သွားစစ်ဆေးဖို့ လိုသေးတယ်, မေးရိုးမှာ ရောင်ကိုင်းနေတာပဲ, သူ့ကိုယ်ပေါ်မှာ တစ်ခြား ဒဏ်ရာ ရှိမရှိတော့ မသိသေးဘူး"

တစ်ဖက်ဖုန်းထဲကနေ ရိဟန် ပြေးနေသလိုမျိုး လျင်မြန်သည့် ခြေသံများ ကြားရနိုင်သည်။

"ဘာကြီး?" ရိဟန်က ထိတ်လန့်သွားမိ၏။

"အသက်ရှုကြပ်လုနီးပါး ဖြစ်သွားတာလား? အဲ့ဒါက ကိစ္စ ကြီးကြီးမားမား မဟုတ်ဘူးလား? ဘုရားရေ? ဒါက လူသတ်မှုပဲ! ငါတို့သူ့ကို အခုပဲ ဆေးရုံပို့မှဖြစ်မယ်! စိတ်မပူနဲ့ ကျင်းယွမ်နဲ့ ငါ မကြာခင် ရောက်လာခဲ့မယ်, ဟုတ်ပြီလား, နန့်ရှန် ဘယ်လိုနေသေးလဲ? ဟဲယွမ်က သူ့ကို နှောင့်ယှက်တာလား?"

"သူသေချာပေါက် ဒေါသထွက်နေတာပေါ့ ဒါပေမဲ့ ငါရှိတယ်" ယန်ရန်က တည်ငြိမ်စွာသာ တုန့်ပြန်သည်။

"သူအခု လုံခြုံသွားပါပြီ, သူ့ကိုကြည့်ရတာ အဆင်ပြေပုံ ပေါ်ပါတယ်, မင်းတို့တွေ အလောတကြီး ပြေးလာစရာ မလိုဘူး, ဂရုတစိုက် မောင်းဦး"

ရိဟန်ဘက်မှ တံခါးပိတ်လိုက်သလိုမျိုး ကျယ်လောင်သည့် အသံတစ်ခု ထွက်လာပြန်သည်။

"ယားးးးး! "

ရိဟန်က အက်ရှစွာ အော်ဟစ်လာသည်။

"ငါတော်တော် တင်းနေပြီ! ငါတို့ဒီလောက် ဂရုစိုက်ထားတာတောင် သူက ခိုးဝင်ဖို့ နည်းလမ်း ရှာတွေ့သွားသေးတယ်! အဲ့ဒီလူကို သေအောင်ကို ညှစ်သတ်ပစ်ဦးမယ်! အဲ့ဒီမှာပဲစောင့်နေ, သူ့ကို ထွက်မပြေးစေနဲ့! ငါတို့ ချက်ချင်း ရောက်လာခဲ့မယ်!"

ပြီးတာနဲ့ ဖုန်းက အဆုံးသတ်သွားသည်။ ယန်ရန်က သူ့ဖုန်းကို ဝှေ့ယမ်းပြလိုက်ကာ

"စစ်မှန်ကြောင်းအာမခံလိုက်ပြီနော်, ပိုင်ရိဟန်နဲ့ မုကျင်းယွမ်တို့ရဲ့အသံကိုတော့ ခင်ဗျား မှတ်မိမှာပေါ့ ဟုတ်တယ်မှတ်လား? သူတို့ မကြာခင် ရောက်လာလိမ့်မယ်, ဘယ်လိုလဲ? ကျုပ်တို့က ဒီအတိုင်း လျှောက်ကစားနေတယ်လို့ ထင်နေတုန်းလား?"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဟဲယွမ်က ရေရွတ်သည်။

"ဒါက...."

ယန်ရန်၏ အကြည့်က အေးခဲသွား၏။

"သေချာပေါက် ခင်ဗျားလိုလူမျိုးက ဘယ်နားလည်မလဲ,လိုအပ်နေတဲ့ ကြုံရာကျပန်း သူစိမ်းတစ်ယောက်ကို တွေ့ရင်တောင် သူတို့ကို ကူညီမယ့် စေတနာရှင်တွေ ရှိမှာပဲ, နောက်ပြီး ယိုရန်က ကျုပ်တို့ကြိုက်တဲ့ စာရေးဆရာ တစ်ယောက်တင် မကဘူး, သူက ကျုပ်တို့ရဲ့ သူငယ်ချင်းဖြစ်တဲ့အပြင် ကျူပ်ရဲ့ ချစ်သူလည်း ဖြစ်နေသေးတယ်, ခင်ဗျားက သူ့အိမ်ထဲကို ကျူးကျော်ဝင်ပြီး စော်ကားမော်ကား လုပ်တဲ့အပြင် သူ့ကိုသတ်လုနီးပါးတောင် ဖြစ်သွားတာ သူတို့အနေနဲ့ စိတ်ပူပြီး ဒေါသထွက်ကြတာ ပုံမှန်ပဲ မဟုတ်ဘူးလား?"

"ဟဲယွမ်, ကျုပ်က ဘယ်လောက်ပဲ သူရဲဘောကြောင်နေပါစေ ဒါကိုတော့ ဒိတိုင်း လွှတ်ထားမှာ မဟုတ်ဘူး, ကျုပ် ပြောခဲ့သလိုပဲ ဒါက အဆုံးသတ် မဟုတ်ဘူး"

ဟဲယွမ်က တုန်လှုပ်သွားသည်။

"မင်းဘယ်လိုလုပ် ကိုယ့်အဒေါ်ကိုတောင် ဂရုမစိုက်တာလဲ...."

"ဟက်! ခင်ဗျားကအရူးလား?" ယန်ရန်က ပြောလာသည်။

"ခင်ဗျားရဲ့ အရုပ်ဆိုးလွန်းတဲ့ မျက်နှာနှစ်ဖက်အကြောင်းသာ သိသွားရင် သူမက ခင်ဗျားကို လိုချင်ဦးမလား မလိုချင်ပဲ နေမလား ဆိုတာကသာ မေးခွန်းဖြစ်သွားပြီ, ကျုပ်က ဘာကို စိုးရိမ်နေမှာလဲ?"

တစ်ဖက်လူရဲ့ လက်များက ကြမ်းခင်းအား ကုတ်ခြစ်လေသည်။

"အကယ်၍ သူမက ငါ့ကို မလိုချင်ဘူး ဆိုရင်တောင် ဒေါသထွက်ဦးမှာပဲ, အကယ်၍ ဒီကိစ္စကိုသာ လူတိုင်း သိသွားကြတဲ့အထိ ပေါက်ကွဲထွက်သွားရင် ယိုရန်အတွက် ဆိုးဝါးလိမ့်မယ် ဟုတ်တယ်မှတ်လား? အဲ့ဒီအချိန်မှာ သူစာရေးနိုင်ပါဦးမလား?"

ယန်ရန်က တုန့်ဆိုင်းသွားပေမယ့် ဆက်လက် တင်းခံနေဆဲ

"သူက ကျုပ်အပိုင်, တစ်ခြားဘာမှ လုပ်စရာ မလိုဘူး, သူ့တစ်ယောက်ကို မကျွေးမွေးနိုင် မဆင်နိုင်ဘူးလို့များ ခင်ဗျား ထင်နေတာလား?"

"အကယ်၍ မင်းအဆင်ပြေရင်တောင် သူပြေမှာ မဟုတ်ဘူးလေ" ဟဲယွမ်က ကမန်းကတန်း ပြန်ပြောသည်။

သူယန်ရန်ရဲ့ ဆုံးဖြတ်ချက် တုန်လှုပ်သွားတာကိုမြင်လိုက်ရတယ်။

"အရင်တုန်းက ငါသူ့ကို ပိုက်ဆံပေးတုန်းကတောင် သူက ကြေးတစ်ပြားမှ လက်ခံတာ မဟုတ်ဘူး, သူက စာရေးတာကလွဲရင် တစ်ခြားဘာကိုမှ စိတ်မဝင်စားတဲ့သူ, အကယ်၍သူသာ သူ့လမ်းကြောင်းကို ဆက်မသွားနိုင်ဘူးဆိုရင် အဲ့ဒါက သူ့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်သွားလိမ့်မယ်, မင်းတကယ်ပဲ စိတ်ထဲ မထားဘူးလား?"

ယန်ရန်က ယိုရန်အား ငုံ့ကြည့်လိုက်သည်။ သူကသူ့လက်မောင်းကြားထဲကလူအား တိတ်တိတ်လေး ခိုးကာ မျက်စိမှိတ်ပြလိုက်ပြီးမှ မှုန်ကုပ်ကုပ်ဖြင့် ပြန်မော့လိုက်၏။

"ကျုပ်တို့ရဲ့ ကာကွယ်မှုနဲ့ဆိုရင် ကျုပ်အဒေါ်လည်း ပြဿနာ ရှာနိုင်မှာ မဟုတ်ဘူး"

သူ့အမူအယာထဲက ပြောင်းလဲမှုကို မြင်ရတာကြောင့် ဟဲယွမ်က အလျင်စလို ပြန်ပြောလာ၏။

"ဒါပေမယ့် ဖြစ်နိုင်ခြေက အများကြီးရှိသေးတာပဲ မဟုတ်လား? ဒီလိုဆိုရင်ရော? အကယ်၍ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရနဲ့ သတင်းတွေ ပျံ့သွားရင်တော့ ယိုရန်ရဲ့ ဂုဏ်သတင်းက ကျိန်းသေပေါက် ထိခိုက်မှာပဲ"

ယန်ရန်က ယိုရန်အား တစ်ချက် ငုံ့ကြည့်ပြီးမှ လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။

"ခင်ဗျားအနေနဲ့ ကိုယ့်ဂုဏ်သတင်းကို စိတ်ပူသင့်တယ်"

"သူ့မှာဖြစ်မယ့် အရာတွေက ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး" ဟဲယွမ်က ပြန်ပြောလာသည်။

"ငါက ယန်မြောင် ဒီအကြောင်း သိသွားမှာကိုပဲ ဂရုစိုက်တာ, ငါ့မှာ တစ်ခြား ရည်းစား မရှိတော့ဘူးဆိုတာ ကျိန်ရဲပါတယ်, အခုချိန်ကစပြီး ငါမြောင်မြောင်ပေါ်မှာ နှစ်ဆကောင်းပေးမှာပါ, ငါတို့မှာ ကလေးနှစ်ယောက်တောင် ရှိနေပြီ, ဘယ်လိုလုပ် လမ်းခွဲနိုင်မှာလဲ? သူမဒါကို သိသွားလို့လည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အကျိုးပြုနိုင်မှာ မဟုတ်ဘူး! လူတိုင်း နာကျင် ခံစားစရာ လိုလို့လား?"

"ဒါပေမဲ့ မင်းဘာမှ မပြောဘူးဆိုရင်တော့ ယန်မြောင်ရယ် ငါရယ် ငါတို့ ကလေးနှစ်ယောက်ရယ်က လူတိုင်း မနာလို အားကျရတဲ့ ပျော်ရွှင်စရာ မိသားစုလေးအဖြစ် ဆက်ရှိနေနိုင်မှာ, မင်းအဒေါ်က ပျော်ရွှင်တဲ့ ဘဝနဲ့ နေရမှာပါ, အကယ်၍ ဒီလျှို့ဝှက်ချက်သာ ဆက်ပြီး ပိတ်သိမ်းတည်ရှိနေမယ်ဆိုရင် ငါတို့အားလုံး ဒါကို ဘယ်တုန်းကမှ မရှိခဲ့သလို သဘောထားလို့ ရတယ်! ပြီးတော့ ငါကျိန်ဆိုပါတယ် အခုချိန်ကစပြီး ယိုရန်ဆီ ဘယ်တော့မှ ထပ်မလာတော့ပါဘူး, အကယ်၍ မတော်တဆ တွေ့ခဲ့ရင်တောင် သူ့ကို ရှောင်ဖို့ ဝေးဝေး သွားပါ့မယ် အဲ့ဒီလို ဆိုရင်ရော?"

===============

Translator' Note

ယန်ရန်က လျှို့ဝှက်ချက်ကို ဆက်ထိန်းထားပေးမှာလား? ရှင်လေးတို့ ဆိုရင်ရော

===============
Zawgyi

အခန္း(၁၇၉) - မင္းဘယ္လိုမ်ား ဒီေလာက္ အရွက္မဲ့နုိင္ရတာလဲ?

ယန္ရန္က မ်က္လံုးမ်ားအား က်ဥ္းေျမာင္းလုိက္ကာ ေျပာလုိက္သည္။

"ခင္ဗ်ားတို႔ နွစ္ေယာက္ၾကားမွာ ဘာျဖစ္ထားလဲ က်ဳပ္သိတယ္, ခင္ဗ်ားက သူ႔မွာ ခံစားခ်က္နဲ႔ ပတ္သတ္ရင္ အေတြ႔အၾကံဳ မရွိတာကို အခြင့္ေကာင္းယူျပီး သူ႔ကို နွစ္ေပါင္းမ်ားစြာ အရူးလုပ္ခဲ့တယ္, ယိုရန္က အဲ့ဒီကိစၥနဲ႔ ပတ္သတ္ျပီး စိတ္ရွုပ္မခံခ်င္ေတာ့တာမို႔လို႔ က်ဳပ္ကလည္း ဒီအတိုင္း လႊတ္ထားလုိက္မလို႔ပဲ, အဲ့ဒါကို ခင္ဗ်ားက က်ဳပ္မရွိတုန္း လာရွဳပ္ရဲမယ္လို႔ မထင္ထားမိဘူး, ခင္ဗ်ားက သူ႔ကို နာက်င္ေအာင္ေတာင္ လုပ္လုိက္ေသးတယ္, ဟဲယြမ္, ဒါက အဆံုးသတ္ေတာ့ မဟုတ္ေတာ့ဘူး"

ဟဲယြမ္ရဲ႔ နွလံုးသားက ဒိတ္ခနဲ ျဖစ္သြားသည္။

ယန္ရန္သိေနတယ္! အဲ့ဒါကို သူက ယန္ရန္သိသြားမွာစိုးလို႔ အရမ္း ဂရုစိုက္ေနခဲ့တာ, ဟုတ္သားပဲ, ယိုရန္က ဒီလူရဲ႔ ေပါင္ကို ဖက္လုိက္ျပီေလ သူေသခ်ာေပါက္ ယန္ရန္ကို ဒီကိစၥအေၾကာင္း ေျပာျပထားမွာပဲ, တစ္အခ်က္က အဲ့ဒီလိုဆို သူ႔မွာ အျပစ္မရွိေတာ့ဘူး နွစ္အခ်က္ကေတာ့ အဲ့ဒီလိုဆို ယိုရန္အေပၚ ပိုျပီးေတာ့ေတာင္ သနားစိတ္ ဝင္သြားေစမွာ။ ျဖစ္ေနတဲ့ ပံုစံအရဆိုရင္ ဒီကိစၥက သူ႔အတြက္ အဆံုးသတ္ေကာင္းမယ့္ ပံုမေပၚဘူး

"သူက မင္းကို အဲ့ဒီလို ေျပာထားတာလား?"

ဟဲယြမ္က ျပင္းျပင္းထန္ထန္ ေျပာမိျခင္းအား မထိန္းနုိင္ေတာ့ေပ။

"ခ်စ္မိသြားတဲ့လူေတြက တကယ့္ကို စိတ္ဓာတ္ေတြပါ ေအာက္ထိုးက်သြားတာပဲ, ငါက သူ႔ကို အရူးလုပ္တယ္လို႔ မင္းတကယ္ပဲ ထင္ေနတာလား? ငါ့အဆင့္အတန္းနဲ႔ဆိုရင္ ငါလိုခ်င္တဲ့ ဘယ္လိုခ်စ္သူမ်ိဳးမဆို ရနုိ္ငတယ္, ဘာလို႔ငါက လိမ္ညာေနဖို႔ လိုမွာလဲ? ငါဘယ္သူမွန္း သူသိေနလို႔ သူ႔ကိုယ္သူ ဆက္သလာတာကြ! မင္းလို မိုက္မဲတဲ့ ေကာင္ကေလးကသာ သူ႔လို စုတ္ျပတ္သတ္ေနတဲ့ အရာတစ္ခုကို တန္ဖိုးထားလိမ့္မယ္"

ယိုရန္၏ မ်က္နွာသည္ ေနာက္ဆံုးမွာ က်န္းမာသည့္ နီျမန္းျမန္း အသြင္ေလး ျပန္ရလာခဲ့ေသာ္လည္း ဟဲယြမ္၏ စကားမ်ားေၾကာင့္ လံုးဝ လြင့္စင္သြားခဲ့ရသည္။ ယိုရန္က ေဒါသအရမ္းထြက္သြားတာေၾကာင့္ သူ႔တစ္ကိုယ္လံုးပင္ တုန္ယင္ေနျပီး ထစ္ထစ္အအ ေျပာလာေလသည္။

"မင္းလိမ္ေနတာ.....! မင္းဘယ္လိုမ်ား ဒီေလာက္ အရွက္မဲ့နုိင္ရတာလဲ......?"

ယန္ရန္က ယိုရန္၏ ရင္ဘက္ကို ကမန္းကတန္း ပုတ္ေပးလိုက္ျပီး အသက္မွန္မွန္ ျပန္ရွဳနိုင္ေအာင္ ကူညီေပးလိုက္သည္။ ထိုသို႔ လုပ္ေပးေနရင္းျဖင့္ပင္ သူက ေအးစက္စက္ ရယ္ေမာလုိက္ကာ ဟဲယြမ္ကို ျပန္ပက္၏။

"ခ်စ္သူ? ခင္ဗ်ားအတြက္ ခ်စ္သူတစ္ေယာက္ ရွာဖို႔ မခက္ခဲပါဘူး ဒါေပမဲ့ ခင္ဗ်ားက တစ္ရက္ကို ႏွစ္ဆယ့္ေလးနာရီလံုး အေကာင္းဆံုး ခင္ပြန္းေကာင္းတစ္ေယာက္လုိ ဟန္ေဆာင္ေနရတာေလ,ခ်စ္သူတစ္ေယာက္ ရွာဖို႔လား? သူမက ခင္ဗ်ားအိမ္ေခါင္မိုးကို ေဖာက္ခြဲပစ္လုိက္မွာ မေၾကာက္ဘူးလား? လူတိုင္း ခင္ဗ်ားကို ယံုေကာင္းယံုလိမ့္မယ္ ဒါေပမဲ့ က်ဳပ္ကေတာ့လား?က်ဳပ္က ခင္ဗ်ားအေၾကာင္းေတြအားလံုးနဲ႔ ခင္ဗ်ားရဲ႔ လုပ္နုိင္စြမ္းရည္ေတြကို မသိဘူးမ်ား ထင္ေနလား? ဘယ္လုိလဲ? လန္႔ေနတယ္ ဟုတ္တယ္မွတ္လား? ခင္ဗ်ားက က်ဳပ္တို႔ၾကားမွာ အကြဲအျပဲ ျဖစ္ေစခ်င္ေနတာလား? ဒါေတြအားလံုး သူက က်ဳပ္ကို ေျပာထားတယ္လို႔ ထင္တယ္ေပါ့ေလ? ခင္ဗ်ားကို ေျပာျပဖို႔အတြက္ က်ဳပ္စိတ္ထဲ မထားပါဘူး, ဒါေပမဲ့ က်ဳပ္ ကသာ အရာအားလံုးကို လိုက္ရွာေဖြထားတာ, သူက တစ္ခြန္းေလးေတာင္ ေျပာခဲ့တာ မဟုတ္ဘူး, ရိဟန္ရဲ႔ ေစ့စပ္ပြဲ မတိုင္ခင္တုန္းက သူက ခင္ဗ်ားနာမည္ရင္းကိုေတာင္ မသိရွာဘူး "

ယန္ရန္က ငံု႔ၾကည့္လိုက္ေသာအခါ စိတ္မေကာင္း ျဖစ္ေနပံုရသည့္ ယိုရန္ကို ျမင္လုိက္ရသည္။

"က်ြန္ေတာ္ခင္ဗ်ားကို စံုစမ္းစစ္ေဆးဖို႔ မရည္ရြယ္ပါဘူး" သူက ကမန္းကတန္း ရွင္းျပသည္။

"အဲ့ဒါကဒီအတုိင္း.....က်ြန္ေတာ္ ခင္ဗ်ားရဲ႔ အိမ္နီးနားခ်င္း ျဖစ္လာျပီးေနာက္မွာ....သိတယ္မွတ္လား က်ြန္ေတာ္က ပရိသတ္ေလ, ခင္ဗ်ားနဲ႔ ပတ္သတ္ျပီး နည္းနည္းပိုသိခ်င္မိယံုေလးပါ, ေနာက္ေတာ့ ဒီအေၾကာင္းကို သိသြားခဲ့ရတယ္, စိတ္မဆိုးပါနဲ႔ေနာ္, ျပီးမွ က်ြန္ေတာ္အားလံုး ရွင္းျပေပးပါ့မယ့္ ဟုတ္ျပီလား? က်ြန္ေတာ္ တကယ့္ကို တစ္ျခား ရည္ရြယ္ခ်က္ မရွိပါဘူး"

ဟဲယြမ္သည္ ယိုရန္၏ အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းႏွင့္ ပတ္သက္၍ မေကာင္းမႈတစ္စုံတစ္ရာရွိမည္ဟု မထင္ခဲ့ေပ။ သူက ေကာင္းတယ္ဟုေတာင္ ထင္ခဲ့သည္။ ဒီလူက တစ္ေနကုန္ အိမ္မွာပဲ စာရိုက္ေနလိမ့္မည္ေလ။ သူက တိုက္ခန္းကေနလည္း ထြက္ခဲသည္။ ဒါက သူလိမ္ညာထားတာေတြကို ဒီလူသိသြားနုိင္တဲ့ အခြင့္အေရးလည္း နည္းပါးသြားမည္ဟုသာ။ ဟဲယြမ္ကို အံ့အားသင့္သြားေစတာကေတာ့ သူ႔စာအုပ္ေတြကေန တစ္ဆင့္ ဒီလို အဆင့္အတန္းနဲ႔ တန္ခိုးအာဏာ ၾကီးမားသည့္ ပရိသတ္တစ္ဦးကို ေတြ႔ရွိခဲ့တယ္ ဆိုတာကိုပင္။

ဒီနွစ္ေယာက္က ထူးဆန္းတဲ့ ကံနဲ႔ အိမ္နီးနားခ်င္းေတြ လာျဖစ္ေနတယ္! နတ္ဘုရားေတြက သူ႔ကို ကစားေနတာလား?

တစ္ျခားတစ္ဖက္မွာေတာ့ ယန္ရန္က သူဟဲယြမ္ကို ရန္စတာ မလံုေလာက္ေသးဘူးဟု ခံစားေနရသည္။

"ရိဟန္နဲ႔ တစ္ျခားသူေတြက သူနဲ႔ ဘာလို႔ ဒီေလာက္ နီးနီးကပ္ကပ္ ရွိေနၾကတယ္ ထင္လဲ?" ယန္ရန္က မီးထဲ ေလာင္စာဆီ ထပ္ထည့္သည္။

"အဲ့ဒါ ရိဟန္ကလည္း သူ႔ပရိသတ္ ျဖစ္ေနလို႔ပဲ, အိုး ဟုတ္သား ေဖးေဖးလည္း ရွိေသးတယ္, က်ဳပ္က ယိုရန္ရဲ႔ အိမ္နီးနားခ်င္း ျဖစ္ေနမွန္း သိသြားတုန္းကဆိုရင္ သူတို႔မွာ ေပ်ာ္လြန္းလို႔ ရူးမတတ္ပဲ, သူတို႔မွာ အခ်ိန္ရတာနဲ႔ ဒီနားမွာပဲ ေဝ့လည္ ေဝ့လည္ လုပ္ေနျပီး လံုးဝ ထြက္မသြားခ်င္ၾကဘူး, ဟုတ္တယ္, အဲ့ဒါက က်ဳပ္နဲ႔ ယိုရန္ရဲ႔ ေတြ႔ခ်ိန္ေတြကိုေတာ့ ေတာ္ေတာ္ေလး သက္ေရာက္မွု ရွိတာေပါ့"

ဟဲယြမ္က ပါးစပ္ ဖြင့္လိုက္ေသာ္လည္း သူစကားတစ္ခြန္းမွ ထြက္မလာခင္မွာ ယန္ရန္က ၾကားျဖတ္ေျပာ၏။

"ခင္ဗ်ား သူနဲ႔ ပတ္သတ္ျပီး က်ဳပ္ကိုသူ႔မေကာင္းေၾကာင္း ေျပာဖို႔ ၾကိဳးစားေနစရာ မလိုဘူး," ယန္ရန္က စကားဆက္သည္။

"ဒီကိစၥနဲ႔ ပတ္သတ္ျပီး က်ဳပ္အားလံုး သိတယ္, သူသိတာထက္ေတာင္ ပိုျပီးသိေသးတယ္"

ဟဲယြမ္၏ နွုတ္ခမ္းမ်ားက တုန္ယင္ေနရင္းျဖင့္ အံကိုၾကိတ္ရင္း ေမးလာသည္။

"ဒါဆို မင္းအေဒၚကို ဒီအေၾကာင္းေျပာျပဖို႔ စိတ္ကူးရွိလား"

"သူမကို မေျပာရဘူးလား?"

ယန္ရန္က မ်က္ခုံးပင့္လိုက္ကာ

"ယန္ မိသားစုက လိင္တူစုံမက္သူဆီက လွည့္စားခံရျပီး လက္ထပ္ခဲ့ရမယ္လို႔ ဘယ္သူက ထင္မွာလဲ? က်ဳပ္ေတာ့ သူမ ဒီကိစၥကို သိပိုင္ခြင့္ရွိတယ္လို႔ ထင္တယ္"

ဟဲယြမ္က ယိုရန္အား တစ္ခ်က္ ၾကည့္လုိက္ျပီးေနာက္ ယန္ရန္အား တုံ႔ျပန္လာ၏။

"ယန္ေျမာင္သာ သူ႔တည္ရွိမွုကို သိသြားရင္ သူေသတဲ့အထိ သူမဘက္က ရပ္တန္႔မွာ မဟုတ္ဘူးဆိုတာ မင္းသိပါတယ္, အဲ့ဒါဆို သူစာ ဆက္ေရးနုိင္မွာ မဟုတ္ေတာ့ဘူး"

ယိုရန္ကို ဖက္ထားသည့္ ယန္ရန္၏ လက္ေမာင္းမ်ား တင္းၾကပ္သြားသည္။

"ဒါက ခင္ဗ်ား အပူ တစ္စက္မွ မပါဘူး" သူကတည္ျငိမ္စြာသာ ျပန္ေျပာသည္။

"ကိုယ့္ခ်စ္သူကိုယ္ေတာင္ မကာကြယ္နုိင္ဘူးဆိုရင္ က်ဳပ္က ယန္မိသားစုဝင္တစ္ေယာက္ျဖစ္ဖို႔ ထိုက္တန္မွာ မဟုတ္ဘူး"

ဟဲယြမ္က ေလွာင္ေျပာင္ဟန္ ျပံဳးလာသည္။

"ယန္ေျမာင္ကလည္း ယန္မိသားစုဝင္ပဲေနာ္, သူမက အၾကီးအကဲ တစ္ေယာက္လည္း ျဖစ္ေနေသးတယ္, အကယ္၍ သူမက အသက္သိပ္မၾကီးေသးဘူး ဆိုရင္ေတာင္ အသက္ၾကီးပိုင္း မ်ိဳးဆက္နဲ႔ သက္ဆိုင္ေနတုန္းပဲ, သူမက လူၾကီးမင္းယန္ရဲ႔ အငယ္ဆံုး သမီးေလ, ဒါ့အျပင္ သူမက သူနွစ္ေပါင္းမ်ားစြာ ခ်စ္ခင္ျမတ္နိုးျပီး အလိုလုိက္ထားတဲ့ တစ္ဦးတည္းေသာ သမီးလည္း ျဖစ္ေနေသးတယ္, အကယ္၍ သူမသာ ျပႆနာေတြ ရွာလာမယ္ဆိုရင္ သူေတာင္ ဘာမွလုပ္နုိင္မွာ မဟုတ္ဘူး"

ယန္ရန္၏ နွုတ္ခမ္းက အျပံဳးတစ္ခု အျဖစ္ ေျပာင္းလဲသြားသည္။

"အကယ္၍ က်ဳပ္အဆင့္အတန္းက မလံုေလာက္ဘူးဆိုရင္ ပိုင္နဲ႔မုမိသားစုေတြ ပါဝင္ပတ္သတ္လာရင္ေရာ? ရိဟန္ကလည္း ယိုရန္ရဲ႔ အမာခံ ပရိသတ္ေနာ္, သူလည္း ဒီကိစၥကို သိတယ္, သူ႔ကို ပိုင္မိသားစုက ဘယ္ေလာက္ေတာင္ တန္ဖိုးထားလဲ ဆိုတာ ခင္္ဗ်ားလည္းသိပါတယ္, ဒါက လူတစ္ေယာက္ကို ကာကြယ္ေပးရမယ့္ ေတာင္းဆိုမွုေလး တစ္ခုပဲေလ, အန္ကယ္ပိုင္က ဟင့္အင္းလို႔ မေျပာဘူးဆိုတာ က်ဳပ္ယံုတယ္, ျပီးေတာ့လည္း သူက Mr မုနဲ႔ ေစ့စပ္ထားတာ, ဒီျမိဳ႔ထဲကလူတိုင္း Mr မုက သူ႔ကို ဘယ္လို ေတြးလဲ သိၾကတယ္, ရိဟန္ေတြးတာက Mr မုေတြးတာနဲ႔ အတူတူပဲ, Mr မုက အမာခံပရိသတ္တစ္ေယာက္ရဲ႔ မိသားစု ျဖစ္ေနရျခင္း အေၾကာင္းကိုေတာင္ ဟာသ လုပ္ေနခဲ့ေသးတာ"

"ေသခ်ာေပါက္ ေဖးေဖးလည္း ရွိေသးတယ္, က်ဳပ္တို႔ထဲက ေတာ္ေတာ္မ်ားမ်ားက ယိုရန္ကို အႏၲရာယ္ကေန အကာအကြယ္ မေပးႏိုင္ဘူးလို႔ ထင္ေနတာလား?"

ဟဲယြမ္က တံေတြးမ်ိဳခ်လိုက္ေသာ္လည္း သူက ေတာင့္ခံေနဆဲပင္။

"သူ႔ကို ဂုဏ္တင္ဖို႔ မႀကိဳးစားနဲ႔ေတာ့။ သူက မင္းႀကိဳက္တဲ့ စာေရးဆရာပဲေလ။ ပိုင္နဲ႔ မုမိသားစုေတြက ယန္ မိသားစုကို ရန္သူျဖစ္ေအာင္ လုပ္မွာတဲ့လား? ဒါက ကစားစရာမဟုတ္ဘူး။"

ယန္ရန္က ေအးစက္စက္ နွာမွုတ္လုိက္သည္။

"က်ဳပ္ကို မယံုဘူးေပါ့ေလ? ယုိရန္က ရိဟန္အတြက္ ဘယ္ေလာက္ အေရးပါလဲ ၾကည့္လုိက္ရေအာင္"

ထိုသို႔ ေျပာရင္းျဖင့္ သူက ဖုန္းအား ဆြဲထုတ္ျပီး ရိဟန္ကို ေခၚလုိက္သည္။ သူက ဖုန္းစပီကာကိုပင္ ဖြင့္လိုက္ေသး။

ဟဲယြမ္၏ မ်က္နွာက ျဖဳစုတ္သြားသည္။

ယန္္ရန္က တကယ္ၾကီး ပိုင္ရိဟန္ကို ဖုန္းေခၚရဲတယ္? ဒီလူက လွည့္စားေနတာ မဟုတ္ဘူးပဲ။

ဟဲယြမ္က ဒီကိစၥကို ေကာင္းေကာင္း လွ်ိဳ႕ဝွက္ထားတယ္ဟု ထင္ခဲ့ေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက သိေနတယ္!

ဖုန္းက မၾကာခင္ ျပန္ေျဖလာသည္။

"ယန္ရန္?" ပိုင္ရိဟန္၏ အသံက တစ္ဖက္မွ ထြက္ေပၚလာ၏။

"ဘာျဖစ္လို႔လဲ?"

ယန္၇န္က ခ်က္ခ်င္းျပန္ေျဖသည္

"ငါတို႔ အနားမရွိတုန္း ဟဲယြမ္က ယိုရန္ရဲ႔ အိမ္ထဲ အတင္းဝင္လာျပီး သူ႔ကို ဒဏ္ရာ ရေအာင္ လုပ္လုိက္တယ္, သူအခု ဒီမွာ ရွိေနတုန္းပဲ, ယိုရန္က ေတာ္ေတာ္ဆိုးဆိုးဝါးဝါး ထိသြားတာ, ခုနကဆို ေမ့ပါလဲသြားတာ, ယိုရန္ကို ေဆးရံုပို႔ရေအာင္ ငါ့ကိုျမန္ျမန္လာကူစမ္းပါ"

ရိဟန္၏ အသံက ခ်က္ခ်င္းပင္ စူးရွစြာ ထြက္ေပၚလာသည္။

"မင္းဘာေျပာလုိက္တာ?အားးး! ဒါက ငါ့ကို ေတာ္ေတာ္ေလး စိတ္တိုေစတယ္! စိတ္မပူနဲ႔! ငါမၾကာခင္ ေရာက္လာမယ္!"

ရိဟန္၏ စကားမ်ားေနာက္တြင္ က်ယ္ေလာင္ေသာ ဝုန္းဒိုင္းၾကဲသံမ်ား ဆက္တိုက္ထြက္ေပၚလာသည္။ တစ္စုံတစ္ခု ေျမျပင္ေပၚသို႔ က်သြားပံုပင္။

"ဘာျဖစ္တာလဲ?"

မုက်င္းယြမ္၏ နက္ရွိုင္းသည့္ အသံပါ ထြက္လာ၏။

"ဟဲယြမ္က နန္႔ရွန္ရဲ႔ အိမ္ထဲ အတင္းဝင္ျပီး သူ႔ကိုရိုက္တယ္တဲ့" ရိဟန္က ထိတ္လန္႔တၾကား ေျပာလာသည္။

"ယန္ရန္ေျပာတာေတာ့ သူေတာ္ေတာ္ေလး ထိသြားပံုပဲ, ငါအဲ့ဒီကို အခုပဲ သြားမွျဖစ္မယ္!"

"စိတ္မပူပါနဲ႔" က်င္းယြမ္က ပိုက်ယ္ေလာင္တဲ့ အသံနဲ႔ ျပန္ေျဖတယ္။

"ကိုယ္ မင္းနဲ႔လိုက္ခဲ့မယ္။ ယန္ရန္ ေရာက္ေနၿပီဆိုေတာ့ အဆင္ေျပသြားၾကမွာပါ"

ထိုအခ်ိန္မွာ ရိဟန္က ဖုန္းမခ်ရေသးတာကို သတိရသြားတာေၾကာင့္ ဖုန္းထဲကို လွမ္းေမးလုိက္သည္။

"ယန္ရန္, အခု အေျခအေန ဘယ္လိုလဲ? နန္႔ရွန္ရဲ႔ ဒဏ္ရာက ေတာ္ေတာ္ျပင္းလား? ဟဲယြမ္ေရာ ထြက္ေျပးသြားျပီလား?"

သူ႔အသံက ခပ္သြက္သြက္ လမ္းေလ်ွာက္ေနသလိုမ်ိဳး ရွတတေလး ျဖစ္ေနသည္။

ယန္ရန္၏ မ်က္နွာေပၚက အမူအယာက ႏူးည့ံသြားေလသည္။ သူက ေသေလာက္ေအာင္ ျဖဴေဖ်ာ့ေနသည့္ ဟဲယြမ္ဖက္ လွည့္လုိက္ျပီး ျပံဳးလုိက္ကာ တည္တည္ျငိမ္ျငိမ္ ျပန္ေျဖလိုက္သည္။

"အလ်င္လိုစရာ မလိုဘူး, ဟဲယြမ္က ဒီမွာ ရွိေနေသးတယ္, ယိုရန္ေျပာတာေတာ့ သူဒီအတုိင္း အသက္ရွဳ ၾကပ္သြားတာတဲ့, အခု အဆင္ေျပသြားပါျပီ ဒါေပမဲ့ ေဆးရံုမွာေတာ့ အေသးစိတ္ သြားစစ္ေဆးဖို႔ လိုေသးတယ္, ေမးရိုးမွာ ေရာင္ကိုင္းေနတာပဲ, သူ႔ကိုယ္ေပၚမွာ တစ္ျခား ဒဏ္ရာ ရွိမရွိေတာ့ မသိေသးဘူး"

တစ္ဖက္ဖုန္းထဲကေန ရိဟန္ ေျပးေနသလိုမ်ိဳး လ်င္ျမန္သည့္ ေျခသံမ်ား ၾကားရနုိင္သည္။

"ဘာၾကီး?" ရိဟန္က ထိတ္လန္႔သြားမိ၏။

"အသက္ရွဳၾကပ္လုနီးပါး ျဖစ္သြားတာလား? အဲ့ဒါက ကိစၥ ၾကီးၾကီးမားမား မဟုတ္ဘူးလား? ဘုရားေရ? ဒါက လူသတ္မွုပဲ! ငါတို႔သူ႔ကို အခုပဲ ေဆးရံုပို႔မွျဖစ္မယ္! စိတ္မပူနဲ႔ က်င္းယြမ္နဲ႔ ငါ မၾကာခင္ ေရာက္လာခဲ့မယ္, ဟုတ္ျပီလား, နန္႔ရွန္ ဘယ္လိုေနေသးလဲ? ဟဲယြမ္က သူ႔ကို ေနွာင့္ယွက္တာလား?"

"သူေသခ်ာေပါက္ ေဒါသထြက္ေနတာေပါ့ ဒါေပမဲ့ ငါရွိတယ္" ယန္ရန္က တည္ျငိမ္စြာသာ တုန္႔ျပန္သည္။

"သူအခု လံုျခံဳသြားပါျပီ, သူ႔ကိုၾကည့္ရတာ အဆင္ေျပပံု ေပၚပါတယ္, မင္းတို႔ေတြ အေလာတၾကီး ေျပးလာစရာ မလိုဘူး, ဂရုတစိုက္ ေမာင္းဦး"

ရိဟန္ဘက္မွ တံခါးပိတ္လုိက္သလိုမ်ိဳး က်ယ္ေလာင္သည့္ အသံတစ္ခု ထြက္လာျပန္သည္။

"ယားးးးး! "

ရိဟန္က အက္ရွစြာ ေအာ္ဟစ္လာသည္။

"ငါေတာ္ေတာ္ တင္းေနျပီ! ငါတို႔ဒီေလာက္ ဂရုစိုက္ထားတာေတာင္ သူက ခိုးဝင္ဖို႔ နည္းလမ္း ရွာေတြ႔သြားေသးတယ္! အဲ့ဒီလူကို ေသေအာင္ကို ညွစ္သတ္ပစ္ဦးမယ္! အဲ့ဒီမွာပဲေစာင့္ေန, သူ႔ကို ထြက္မေျပးေစနဲ႔! ငါတို႔ ခ်က္ခ်င္း ေရာက္လာခဲ့မယ္!"

ျပီးတာနဲ႔ ဖုန္းက အဆံုးသတ္သြားသည္။ ယန္ရန္က သူ႔ဖုန္းကို ေဝွ႔ယမ္းျပလုိက္ကာ

"စစ္မွန္ေၾကာင္းအာမခံလုိက္ျပီေနာ္, ပိုင္ရိဟန္နဲ႔ မုက်င္းယြမ္တို႔ရဲ႔အသံကိုေတာ့ ခင္ဗ်ား မွတ္မိမွာေပါ့ ဟုတ္တယ္မွတ္လား? သူတို႔ မၾကာခင္ ေရာက္လာလိမ့္မယ္, ဘယ္လိုလဲ? က်ဳပ္တို႔က ဒီအတုိင္း ေလ်ွာက္ကစားေနတယ္လို႔ ထင္ေနတုန္းလား?"

"ဘယ္လိုလုပ္ ျဖစ္နုိင္မွာလဲ?" ဟဲယြမ္က ေရရြတ္သည္။

"ဒါက...."

ယန္ရန္၏ အၾကည့္က ေအးခဲသြား၏။

"ေသခ်ာေပါက္ ခင္ဗ်ားလိုလူမ်ိဳးက ဘယ္နားလည္မလဲ,လိုအပ္ေနတဲ့ ႀကဳံရာက်ပန္း သူစိမ္းတစ္ေယာက္ကို ေတြ႕ရင္ေတာင္ သူတို႔ကို ကူညီမယ့္ ​​ေစတနာရွင္ေတြ ရွိမွာပဲ, ေနာက္ျပီး ယိုရန္က က်ဳပ္တို႔ၾကိဳက္တဲ့ စာေရးဆရာ တစ္ေယာက္တင္ မကဘူး, သူက က်ဳပ္တို႔ရဲ႔ သူငယ္ခ်င္းျဖစ္တဲ့အျပင္ က်ဴပ္ရဲ႔ ခ်စ္သူလည္း ျဖစ္ေနေသးတယ္, ခင္ဗ်ားက သူ႔အိမ္ထဲကို က်ဴးေက်ာ္ဝင္ျပီး ေစာ္ကားေမာ္ကား လုပ္တဲ့အျပင္ သူ႔ကိုသတ္လုနီးပါးေတာင္ ျဖစ္သြားတာ သူတို႔အေနနဲ႔ စိတ္ပူျပီး ေဒါသထြက္ၾကတာ ပံုမွန္ပဲ မဟုတ္ဘူးလား?"

"ဟဲယြမ္, က်ဳပ္က ဘယ္ေလာက္ပဲ သူရဲေဘာေၾကာင္ေနပါေစ ဒါကိုေတာ့ ဒိတုိင္း လႊတ္ထားမွာ မဟုတ္ဘူး, က်ဳပ္ ေျပာခဲ့သလိုပဲ ဒါက အဆံုးသတ္ မဟုတ္ဘူး"

ဟဲယြမ္က တုန္လွုပ္သြားသည္။

"မင္းဘယ္လိုလုပ္ ကိုယ့္အေဒၚကိုေတာင္ ဂရုမစိုက္တာလဲ...."

"ဟက္! ခင္ဗ်ားကအရူးလား?" ယန္ရန္က ေျပာလာသည္။

"ခင္ဗ်ားရဲ႔ အရုပ္ဆိုးလြန္းတဲ့ မ်က္နွာနွစ္ဖက္အေၾကာင္းသာ သိသြားရင္ သူမက ခင္ဗ်ားကို လိုခ်င္ဦးမလား မလိုခ်င္ပဲ ေနမလား ဆုိတာကသာ ေမးခြန္းျဖစ္သြားျပီ, က်ဳပ္က ဘာကို စိုးရိမ္ေနမွာလဲ?"

တစ္ဖက္လူရဲ႔ လက္မ်ားက ၾကမ္းခင္းအား ကုတ္ျခစ္ေလသည္။

"အကယ္၍ သူမက ငါ့ကို မလိုခ်င္ဘူး ဆိုရင္ေတာင္ ေဒါသထြက္ဦးမွာပဲ, အကယ္၍ ဒီကိစၥကိုသာ လူတိုင္း သိသြားၾကတဲ့အထိ ေပါက္ကြဲထြက္သြားရင္ ယိုရန္အတြက္ ဆိုးဝါးလိမ့္မယ္ ဟုတ္တယ္မွတ္လား? အဲ့ဒီအခ်ိန္မွာ သူစာေရးနုိင္ပါဦးမလား?"

ယန္ရန္က တုန္႔ဆုိင္းသြားေပမယ့္ ဆက္လက္ တင္းခံေနဆဲ

"သူက က်ဳပ္အပိုင္, တစ္ျခားဘာမွ လုပ္စရာ မလိုဘူး, သူ႔တစ္ေယာက္ကို မေက်ြးေမြးနုိင္ မဆင္နုိင္ဘူးလို႔မ်ား ခင္ဗ်ား ထင္ေနတာလား?"

"အကယ္၍ မင္းအဆင္ေျပရင္ေတာင္ သူေျပမွာ မဟုတ္ဘူးေလ" ဟဲယြမ္က ကမန္းကတန္း ျပန္ေျပာသည္။

သူယန္ရန္ရဲ႔ ဆံုးျဖတ္ခ်က္ တုန္လွုပ္သြားတာကိုျမင္လုိက္ရတယ္။

"အရင္တုန္းက ငါသူ႔ကို ပိုက္ဆံေပးတုနး္ကေတာင္ သူက ေၾကးတစ္ျပားမွ လက္ခံတာ မဟုတ္ဘူး, သူက စာေ၇းတာကလြဲရင္ တစ္ျခားဘာကိုမွ စိတ္မဝင္စားတဲ့သူ, အကယ္၍သူသာ သူ႔လမ္းေၾကာင္းကို ဆက္မသြားနုိင္ဘူးဆိုရင္ အဲ့ဒါက သူ႔အတြက္ ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ ျဖစ္သြားလိမ့္မယ္, မင္းတကယ္ပဲ စိတ္ထဲ မထားဘူးလား?"

ယန္ရန္က ယို၇န္အား ငံု႔ၾကည့္လုိက္သည္။ သူကသူ႔လက္ေမာင္းၾကားထဲကလူအား တိတ္တိတ္ေလး ခိုးကာ မ်က္စိမွိတ္ျပလုိက္ျပီးမွ မွုန္ကုပ္ကုပ္ျဖင့္ ျပန္ေမာ့လိုက္၏။

"က်ဳပ္တို႔ရဲ႔ ကာကြယ္မွုနဲ႔ဆိုရင္ က်ဳပ္အေဒၚလည္း ျပႆနာ ရွာနုိင္မွာ မဟုတ္ဘူး"

သူ႔အမူအယာထဲက ေျပာင္းလဲမွုကို ျမင္ရတာေၾကာင့္ ဟဲယြမ္က အလ်င္စလို ျပန္ေျပာလာ၏။

"ဒါေပမယ့္ ျဖစ္ႏိုင္ေျခက အမ်ားႀကီးရွိေသးတာပဲ မဟုတ္လား? ဒီလိုဆိုရင္ေရာ? အကယ္၍ အေျခအေနေတြက ထိန္းမႏိုင္သိမ္းမရနဲ႔ သတင္းေတြ ပ်ံ႕သြားရင္ေတာ့ ယိုရန္ရဲ႕ ဂုဏ္သတင္းက က်ိန္းေသေပါက္ ထိခိုက္မွာပဲ"

ယန္ရန္က ယိုရန္အား တစ္ခ်က္ ငံု႔ၾကည့္ျပီးမွ ေလွာင္ျပံဳးတစ္ခု ျပံဳးလုိက္သည္။

"ခင္ဗ်ားအေနနဲ႔ ကိုယ့္ဂုဏ္သတင္းကို စိတ္ပူသင့္တယ္"

"သူ႔မွာျဖစ္မယ့္ အ၇ာေတြက ငါနဲ႔ ဘာမွ မသက္ဆုိင္ဘူး" ဟဲယြမ္က ျပန္ေျပာလာသည္။

"ငါက ယန္ေျမာင္ ဒီအေၾကာင္း သိသြားမွာကိုပဲ ဂရုစိုက္တာ, ငါ့မွာ တစ္ျခား ရည္းစား မရွိေတာ့ဘူးဆိုတာ က်ိန္ရဲပါတယ္, အခုခ်ိန္ကစျပီး ငါေျမာင္ေျမာင္ေပၚမွာ နွစ္ဆေကာင္းေပးမွာပါ, ငါတို႔မွာ ကေလးနွစ္ေယာက္ေတာင္ ရွိေနျပီ, ဘယ္လိုလုပ္ လမ္းခြဲနုိင္မွာလဲ? သူမဒါကို သိသြားလို႔လည္း ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ အက်ိဳးျပဳနုိင္မွာ မဟုတ္ဘူး! လူတိုင္း နာက်င္ ခံစားစရာ လိုလို႔လား?"

"ဒါေပမဲ့ မင္းဘာမွ မေျပာဘူးဆိုရင္ေတာ့ ယန္ေျမာင္ရယ္ ငါရယ္ ငါတို႔ ကေလးနွစ္ေယာက္ရယ္က လူတုိင္း မနာလို အားက်ရတဲ့ ေပ်ာ္ရႊင္စရာ မိသားစုေလးအျဖစ္ ဆက္ရွိေနနုိင္မွာ, မင္းအေဒၚက ေပ်ာ္ရႊင္တဲ့ ဘဝနဲ႔ ေနရမွာပါ, အကယ္၍ ဒီလွ်ိဳ႔ဝွက္ခ်က္သာ ဆက္ျပီး ပိတ္သိမ္းတည္ရွိေနမယ္ဆိုရင္ ငါတို႔အားလံုး ဒါကို ဘယ္တုန္းကမွ မရွိခဲ့သလို သေဘာထားလို႔ ရတယ္! ျပီးေတာ့ ငါက်ိန္ဆိုပါတယ္ အခုခ်ိန္ကစျပီး ယိုရန္ဆီ ဘယ္ေတာ့မွ ထပ္မလာေတာ့ပါဘူး, အကယ္၍ မေတာ္တဆ ေတြ႔ခဲ့ရင္ေတာင္ သူ႔ကို ေရွာင္ဖို႔ ေဝးေဝး သြားပါ့မယ္ အဲ့ဒီလို ဆိုရင္ေရာ?"

===============

Translator' Note

ယန္ရန္က လွ်ိဳ႔ဝွက္ခ်က္ကို ဆက္ထိန္းထားေပးမွာလား? ရွင္ေလးတို႔ ဆိုရင္ေရာ

===============

Continue Reading

You'll Also Like

60.8K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
223K 5.5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
939K 138K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...
80.3K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...