(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《176》

6.1K 1K 47
By Xiao_Yiii

Unicode

အခန်း(၁၇၆) - လှပတဲ့ နားလည်မှု လွဲမှားခြင်း

ယိုရန်က ထိတ်လန့်သွားပြီး ဘာဆက်လုပ်ရမှန်းလည်း မသိတော့။ သူက တစ်ဖက်လူအပေါ် တင်ထားသည့် သူ့ခြေလက်များအား အလိုလို ရုတ်လိုက်မိတာကြောင့် ၎င်းသည် ယန်ရန်အား နိုးသွားစေသည်။

ယန်ရန်၏ နှဖူးက ခပ်ဖျော့ဖျော့လေး မျက်မှောင်ကြုတ်လာပြီး သူ့မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ ယိုရန်ကတော့ မထိန်းချုပ်နိုင်စွာပင် အသက်ရှုအောင့်မိလေသည်။  သူဘာပြောရမလဲ ဆိုတာကိုလည်း မသိသလို ဒီမြင်ကွင်းကို ဘယ်လိုရှင်းပြသင့်လဲ ဆိုတာကိုလည်း မသိဘူး။

ယန်ရန်မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ကိုမျက်လုံးပြုးလေးများနဲ့ ကြည့်နေသည့် ယိုရန်အား မြင်လိုက်ရသည်။

"နိုးလာပြီလား ယိုရန်?" ယန်ရန်က အက်ရှရှအသံနဲ့ မေးလာသည်။

ယိုရန်က တောင့်တင်းစွာ ခေါင်းညိတ်ပြလေသည်။

ယန်ရန်က ကိုက်ရာများ ဖုန်းလွှမ်းနေသည့် သူ့လက်မောင်းများကို မြှောက်လိုက်ပြီး နှဖူးပေါ် တင်လိုက်သည်။

"ငါဘယ်လို အိပ်ပျော်သွားပါလိမ့်?" သူက တိုးတိုးလေး ရေရွတ်သည်။

ယန်ရန်သည် သူ့လက်မောင်းများကို ဖုံးလွှမ်းနေသည့်သွားရာများအား မြင်လိုက်ရလေသည်။ ထို့ကြောင့် သူ့ခန္တာကိုယ်အခြေအနေအား အမှတ်ရသွားရသည်။ ရှက်ရွံ့အနေခက်စွာဖြင့် ယန်ရန်က ထထိုင်မိ၏။ 

သူ့ကိုယ်ပေါ်က တစ်ခုတည်းသော သဘက်လည်း မရှိတော့ဘူး! သူ့အိုင်ဒေါကို ဒိလိုကြီး မီးမောင်းထိုးပြ မိသွားတာလား? ဘုရားရေ! ဒါက သေချာပေါက် မဖြစ်သင့်ဘူးလေ! နတ်ဘုရားတွေက သူ့ကိုသတ်ဖို့ ကြိုးစားနေတာလား?

ယန်ရန်က တတ်နိုင်သမျှ မသိသာအောင် အိပ်ယာဘေးပတ်ဝန်းကျင်ကို လိုက်ရှာမိလေသည်။ နောက်ဆုံးတော့ သဘက်က အိပ်ယာထောင့်စွန်းနားလေးမှာ ပုန်းနေသည်အား မြင်လိုက်ရ၏။ ထိုအချိန်မှသာ သူထိန်းထားမိသည့် အသက်ကို ရှုထုတ်မိသည်။ သူက သဘက်အား သူ့ခါးမှာ ပြန်ပတ်လိုက်ပြီး အိပ်ယာပေါ်က ထလိုက်သည်။

သူဘယ်လိုလုပ် အိပ်ပျော်သွားတာလဲ?

ယန်ရန်က အတော်လေး စိတ်ရှုပ်ထွေးနေမိသည်။

သူအခု ဘာလုပ်လိုက်မိလဲ ကြည့်ပါဦး, နန့်ရှန်ရဲ့ အိပ်ယာပေါ်မှာ ကိုယ်လုံးတီးကြီး အိပ်ပျော်သွားမိတာ။ အခု သူ့ကို သူ့အိုင်ဒေါက ဘယ်လိုများ ထင်မလဲ? ယိုရန်က သူ့ကို နှာဘူးလို့များ ထင်နေမလား မသိဘူး?

ယန်ရန်တစ်ယောက် သဘက်လိုက်ရှာနေတုန်း ယိုရန်သည် ယန်ရန်၏ ကျောကုန်းမှ ယောင်ကိုင်းဒဏ်ရာများကိုပါ မြင်သွားလေသည် (ချိတ်နဲ့ တိုက်မိတုန်းက ဖြစ်သွားခဲ့တဲ့ ဒဏ်ရာ)

ယိုရန်က သူ့မျက်နှာအား လက်ဖြင့်အုပ်မိခြင်းကို မတားဆီးနိုင်တော့။ သူမနေ့ညက တော်တော်လေး ကြမ်းလိုက်မိတာပဲ။ ယန်ရန်ကို ကိုက်မိယုံ မကဘူး တစ်ဖက်လူကို ယောင်ကိုင်းနေအောင်ပါ လုပ်လိုက်မိတာ

ယိုရန်တစ်ယောက် သူ့မျက်နှာကို အုပ်လိုက်သည်အား မြင်သောအခါ ယန်ရန်က သူ့မှာ အဝတ်အစား မရှိတာကြောင့်ဟု ထင်လိုက်မိသည်။

သူရှက်လွန်းလို့ သူ့ကိုယ်သူ မြေကြီးထဲပဲ မြှုပ်ပစ်လိုက်ချင်တော့တယ်

"မနေ့ညက ခင်ဗျားမူးနေလို့လေ" ယန်ရန်က ရှင်းပြဖို့ ကြိုးစားလိုက်သည်။

"ကျွန်တော် ခင်ဗျားကို အိမ်ပြန်လိုက်ပို့ပေးတာ, နောက်တော့ ခင်ဗျား အန်ချတယ်, ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ အဝတ်တွေ ညစ်ပတ်သွားတာနဲ့ ခင်ဗျားကို ကူပြီး ရေချိုးပေးလိုက်တာ ပြီးတော့ ကျွန်တော်.....ကျွန်တော်လည်း ရေမြန်မြန် ချိုးလိုက်တယ်, ဒီမှာက ကျွန်တော့ အဝတ်အစားတွေ မရှိတာနဲ့ တိုက်ခန်းကို ပြန်မလို့ စဉ်းစားလိုက်ပါသေးတယ် ဒါပေမဲ့ အဲ့ဒီအချိန်မှာ......."

သူက သူ့အိုင်ဒေါရဲ့ မျက်နှာကို ဆယ်ပေးနိုင်ရန် သူ့အိုင်ဒေါက အိပ်နေတဲ့အချိန် တစ်ခြားသူတွေကို လိုက်ကိုက်ရတာ ကြိုက်တဲ့ ခွေးလေးတစ်ကောင်လို ဖြစ်သွားတယ်ဆိုတဲ့ အဖြစ်မှန်အား ချန်ရစ်ထားလိုက်လေသည်။

"ရပြီ ငါနားလည်ပြီ" ယန်ရန်က သူ့မျက်နှာကို လက်နဲ့ အုပ်ထားရင်းဖြင့် တီးတိုးရေရွတ်သည်။

ယန်ရန်က စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ သူ့အိုင်ဒေါက နားလည်တယ် ဆိုတော့ တော်သေးတာပေါ့။ ကျေးဇူးပြုပြီး သူ့ကို နံစော်နေတဲ့ ကိုယ်တုံးလုံး နှာဘူးကောင်လို့တောင် မထင်လိုက်ပါနဲ့

သူတို့နှစ်ယောက်လုံးက ယောကျာ်းလေး ဖြစ်နေရင်တောင် တစ်ဖက်လူရဲ့ အခန်းထဲမှာ ကိုယ်လုံး တီးဖြစ်နေတာက တော်တော်လေးကို ထူးဆန်းပြီး မသက်မသာ အခြေအနေပဲ။ ထူးဆန်းတဲ့ အကြောင်းအရင်းတစ်ချို့ကြောင့် ယိုရန်နဲ့ မျက်နှာခြင်းဆိုင်ရတိုင်း အနေခက်မှုက အဆအများကြီး ထိုးတက်လာသလို ခံစားရတယ်။

အခု ယိုရန်က ဖြစ်သွားတဲ့ အခြေအနေကို နားလည်သွားပြီဆိုတော့ (သူနားမလည်သေးပါဘူး) ယန်ရန်က အမြန်ထရပ်လိုက်သည်။ သူအိမ်ပြန်ပြီး အဝတ်အစား လဲမှဖြစ်မည်လေ။

ဒါပေမဲ့လည်း မနေ့ညက ကြွက်သားထိခိုက်မှု ရှိထားပြီး အခုလေးတင် နိုးလာတာဖြစ်သောကြောင့် သတိမထားမိလိုက်ပေ။ သူခြေလှမ်း လှမ်းလိုက်သည့် ခဏမှာပင် ကြေကွဲစရာလေး ဖြစ်သွားရသည်။ ပြင်းထန်သည့် နာကျင်မှုတစ်ခုက သူ့ခြေသလုံးကို ထိုးတက်လာခဲ့သည်လေ။ သတိမထားမိလိုက်တာကြောင့် ယန်ရန်မှာ ကျယ်လောင်လှသည့် ဘန်းဆိုတဲ့ အသံနဲ့အတူ ဒူးတစ်ဖက် ထောက်ကျသွားရသည်။

ယိုရန်: "..."

ငါမနေ့ညက တကယ်ပဲ သားရဲတစ်ကောင် ဖြစ်ခဲ့တာပဲ!

ယန်ရန်: "..."

သေပါတော့ ငါ့ကိုယ်ငါ အိုင်ဒေါရှေ့မှာ အရှက်ခွဲမိပြန်ပြီ!

ယိုရန်က အိပ်ယာပေါ်က အလျင်အမြန် ထလိုက်သည်။ ဇာတ်လမ်းတစ်ခုလုံး ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာ အရေးမကြီးဘူး။ ဒါက သူ့အမှားပဲ။

ယန်ရန်ရဲ့ မျက်နှာက နိုင်သလောက်ကို နီရဲတွတ်နေသည်။ ကြမ်းပြင်ပေါ်သို့ ယိုရန်၏ ခြေထောက်များ မချရသေးခင်မှာပဲ ယန်ရန်က ထရပ်ပြီးနေလေပြီ။

"ရပါတယ်" သူက သူ့လက်ကို အကြိမ်ကြိမ်အဖန်ဖန် ခါယမ်းပြရင်း တိုက်ခန်းထဲကနေ ထော့နဲ့ထော့နဲ့ နှင့် ထွက်သွားတော့လေသည်။

အိပ်ယာပေါ်မှာ ထိုင်နေရင်းဖြင့်ပင် ယိုရန်က မလှုပ်မရှားနိုင်လောက်အောင် ထိတ်လန့်နေမိသည်။ 

သူက မူးလာတဲ့အချိန်မှာ အရမ်းကို လိင်စိတ်ကြွတတ်တဲ့သူမျိုး ဖြစ်နေမယ်လို့ မထင်ထားမိဘူး။ သူတကယ်ကြီး ယန်မိသားစုရဲ့ ဒုတိယသခင်လေးနဲ့ လိင်ဆက်ဆံလိုက်မိပြီ။ ခြေထောက်လက်ထောက်တွေ အဖြတ်ခံရပြီးတော့များ သေမိန့်ချခံရမလား မသိ? ဖြစ်နိုင်လောက်တယ်နော် ဟုတ်တယ်မှတ်လား?

ယန်ရန်က အဝတ်အစားလဲလှယ်ပြီး အမှိုက်တွေ ပစ်ပြီးလို့ ပြန်လာတဲ့လမ်းမှာ မနက်စာ ဝယ်လာခဲ့ပြီးသည်အထိ ယိုရန်က ထိုနေရာမှသာ ရှိနေသေးသည်။ တံခါးခေါက်သံ ကြားမှသာ အဝတ်အစားကို အလျင်စလို ပြင်ဆင်လိုက်ပြီး တံခါးဆီ ပြေးထွက်မိ၏။

၎င်းသည် မနက်စာကို လက်မှာ ကိုင်ထားသည့် ယန်ရန်ပင်။ ယိုရန်က အံ့အာသင့်သွားလေသည်။ တစ်ဖက်လူက သူ့ကိုမြင်ချင်နေသေးတာလား? ဒါက ယုတ္တိမကျဘူး။ သူက ယန်ရန်တစ်ယောက် ထော့နဲ့ ထော့နဲ့ ဖြင့် ထမင်းစားပွဲ ရှိရာကို လျှောက်သွားပြီး သူဝယ်လာတာများအား ခင်းကျင်းနေသည်ကို ဗလာဖြစ်စွာ ကြည့်နေမိသည်။

"အနီးအနားမှာ ဘာမှမရှိဘူး" ယန်ရန်က အပြုံးလေးနဲ့ ပြောလာသည်။

"ဒါပေမဲ့ နည်းနည်းလောက်တော့ စားလိုက်နော်, ခင်ဗျား မနေ့ညက တော်တော်လေး မူးသွားတာ, အခုချိန်မှာ သိပ်နေလို့ ကောင်းမှာမဟုတ်ဘူး, မနက်စာကို အလုပ်ရှုပ်ခံပြီး လုပ်မနေနဲ့တော့, ဒါနည်းနည်းလောက် စားလိုက်ပြီး ခဏ ပြန်အိပ်လိုက်ဦး"

ယန်ရန်က အရမ်းကို သဘာဝကျကျနဲ့ သက်တောင့်သက်သာ ပြောနေသော်လည်း မျက်နှာကတော့ ရဲနေဆဲပင်။

သူ့အိုင်ဒေါရှေ့မှာ ကိုယ့်ကိုကိုယ် အရှက်ခွဲထားမိတာလေ ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ

ယိုရန်ကတော့ သူ့ကိုယ်သူအရမ်းရက်စက်ပြီး လူသားမဆန်တဲ့ ခွေးကောင်စုတ်ကြီးဟု ခံစားလိုက်ရသည်။ ယန်ရန်က bottom ဖြစ်တာတောင် အရမ်းတည်ငြိမ်နေတယ်။ အဲ့ဒီလူက ဒီအကြောင်းကို မပြောချင်ဘူးဆိုတာ ရှင်းနေတာတောင် ဒီအတိုင်းပဲ ရှိနေတဲ့အချိန် သူ-ယိုရန်ကတော့ ပေါကြောင်ကြောင် အရူးတစ်ယောက်လိုမျိုး လုပ်နေတာက ယောကျာ်း မဟုတ်တဲ့ အတိုင်းပဲ။

ဒါပေမဲ့ အခုက တကယ်ပဲ ဘာတွေ ဖြစ်သင့်တာလဲ? ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရမလား? ဒါကတော့ ရိုင်းလွန်းသွားပြီ

တာဝန်ယူလိုက်ရင်ရော? ဘယ်လိုမျိုးလဲ? ယန်ရန်က ယန်မိသားစုရဲ့ ဒုတိယသခင်လေးလေ။ အကယ်၍ သူတာဝန်ယူချင်ပါတယ် ဆိုရင်တောင် သူ့ဂုဏ်သိက္ခာနဲ့ မထိုက်တန်ဘူး။ အဲ့ဒါဆို သူဘာလုပ်ရမလဲ?

ယန်ရန်ကတော့ ယိုရန်တစ်ယောက် မနေ့ညက မူးခဲ့တာရဲ့ အကျိုးဆက်ကို ခံစားနေရဆဲမို့လို့ ငေးကြောင်ကြောင် ဖြစ်နေသည်ဟု တွေးလိုက်မိသည်။

"နန့်ရှန်? ယိုရန်?" ယန်ရန်က ညင်ညင်သာသာ ခေါ်လိုက်သည်

"ဘာဖြစ်လို့လဲ? နေလို့ မကောင်ဖြစ်နေတာလား? မူးပြီးနောက်တစ်နေ့က အမြဲတမ်း ဒီလိုပါပဲ, အစားအစာတွေကို နွေးတုန်းလေး စားလိုက် ပြီးမှပြန်အိပ်နော်, ကျွန်တော်က အလုပ်သွားဖို့ လိုသေးလို့"

ယိုရန်ရဲ့ ပါးစပ်က ကျယ်လောင်စွာ ပွင့်ဟသွားရသည်။ သူ့မျက်လုံးများက တစ်ဖက်လူရဲ့ အောက်ပိုင်းတစ်ဝက်အား ကြည့်လိုက်ကာ ခြောက်ကပ်ကပ် မေးလေသည်။

"မင်းဒီအတိုင်း......အလုပ်သွားလို့ ဖြစ်လို့လား?"

သူ့ရဲ့ အရှက်ရစရာကောင်းတဲ့ မတော်တဆမှုအကြောင်း ထုတ်ပြောခြင်းက ယန်ရန်အား တွင်းထဲ ဝင်ပုန်းချင်စိတ် ဖြစ်စေသည်။ သူ့မျက်နှာက ရှက်သွေးဖြင့် နီမြန်းသွားသည့် အနေအထားကို ချက်ချင်းပြောင်းလဲသွားပြီး အနေခက်နေသလို အပြုံးတစ်ပွင့် ပေါ်လာသည်။

"အာ, ရပါတယ်" သူက အနေခက်ခက်နဲ့ပဲ စကားဆက်သည်။

"ဟားဟား, ကျွန်တော် အဆင်ပြေတယ်, ကျွန်တော် သေချာပေါက် လုပ်နိုင်ပါတယ်, သွားပြီနော်"

ယန်ရန်က တစ်ခုခုကနေ ထွက်ပြေးလွတ်မြောက်အောင် လုပ်နေသကဲ့သို့ အလျင်စလို လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်၍ ထွက်သွားတော့လေသည်။

ထော့နဲ့ ထော့နဲ့ဖြင့် ထွက်သွားသည့် ယန်ရန်အား ကြည့်ပြီး ယိုရန်မှာ သူ့နှလုံးသားကို နာကျင်စွာ ဆွဲဆုပ်လိုက်သလို ခံစားလိုက်ရသည်။

ယန်ရန်က သူ့လက်ချက်နဲ့ ဒီလို စည်းမျဉ်းကျော်တဲ့အထိ ခံစားလိုက်ရတာတောင် သူ့ကို လုံးဝ စိတ်မဆိုးဘူး။ သူက ယိုရန်ကိုတောင် ဂရုစိုက်နေသေးတယ်

သူနေလို့မကောင်း ဖြစ်နေမလား? မနက်စာ စားပြီးရဲ့လား? ဆိုပြီး

ယိုရန်အတွက်က သူ့အမေ ကွယ်လွန်သွားပြီးကတည်းက သူ့ကို ဒီလိုမျိုး ရိုးသားပြီး စိတ်ရင်းမှန်နဲ့ ဂရုစိုက်ပေးတဲ့သူမျိုး တစ်ယောက်တောင် မရှိခဲ့ဘူး

ယန်ရန်က ဒီမနက်မှာ ဘာမှမပြောခဲ့ဘူး။ သူခံစားနေရတဲ့ ရှက်ရွံ့မှုတွေနဲ့ အနေခက်တဲ့ ခံစားချက်တွေကို တတ်နိုင်သမျှ သဘာဝကျအောင် အစွမ်းကုန် ကြိုးစားနေခဲ့ရတယ်။ ယန်ရန်က သူ့ကို ခက်ခဲတဲ့ အခြေအနေဆီ တွန်းပို့လိုက်မိမှာ ကြောက်နေတာပဲ ဖြစ်မယ်။ ဟုတ်တယ်မှတ်လား? သူက ဒီကိစ္စကို မေ့ပစ်လိုက်ပြီး အတိတ်မှာပဲ ချန်ရစ်ထားခဲ့ချင်တာ ဟုတ်တယ်မှတ်လား? ဒါပေမဲ့ သူ့ဘက်က တကယ်ပဲ ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုမူနိုင်ပါမလား? အဲ့ဒီလိုဆိုရင် သူနဲ့ ဟိုအမှိုက် ဟဲယောက် မဟုတ်ပါဘူး ဟဲယွမ်နဲ့ ဘာများ ခြားနားနေဦးမှာလဲ?

အငွေ့ တစ်ထောင်းထောင်း ထနေသည့် မနက်စာ စားပွဲဝိုင်းမှာ ထိုင်နေရင်း ယိုရန်သည် သူ့နှလုံးသားထဲကို နွေးထွေးမှုလေးတစ်ခု စီးဝင်လာသလို ခံစားလိုက်ရသည်။ ယန်ရန်တစ်ယောက် လမ်းလျှောက်နေရင်း ထော့နဲ့ထော့နဲ့ ဖြစ်နေသည့် ပုံရိပ်များနဲ့ သူ့ခန္တာကိုယ်ပေါ်မှာ ဖုံးလွှမ်းနေသော ကိုက်ရာများ အချစ်မှတ်များကို ပြန်အမှတ်ရမိသောအခါ သူ့နှလုံးသားအား ဖြစ်ညှစ်လိုက်သလို ခံစားလိုက်ရလေသည်။ 

ကြည့်ရတာ လူသားတိုင်းမှာ နယ်မြေပိုင်စိုးချင်တဲ့ ဗီဇတစ်ခုခု ရှိတယ်နဲ့တူပါတယ်။ မနေ့ညက သူယန်ရန်ကို သူ့အပိုင်ဖြစ်အောင် လုပ်လိုက်မိကြောင်း နားလည်လိုက်ရတဲ့အချိန်မှာ သူ့စိတ်ထဲတွင် ကျေနပ်အားရမှုတစ်ခု ပွင့်လန်းလာခဲ့ရသည်။ နည်းနည်း ရှက်နေပြီး အနည်းငယ် အနေခက်နေသလို ခံစားရပေမယ့်လည်း  အဲ့ဒီထဲမှာ.....ပျော်ရွှင်မှု အရိပ်အယောင်လေးပါ ရှိနေတယ်

ဒီခံစားချက်က သူ့အတွက် စိမ်းသက်နေတယ်။ ယိုရန်က ဒါမျိုး တစ်ခါမှ မကြုံဖူးပေမယ့် အဲ့ဒါက ကောင်းတယ်လေ။ တကယ့်ကို ခံစားလို့ကောင်းတယ်။

***

ကျင်းယွမ်နှင့် ရိဟန်တို့က လက်ချင်းတွဲ၍ လက်ထပ်မှတ်ပုံတင်ရုံးမှ ထွက်လာခဲ့သည်။ ကျင်းယွမ်၏ လက်တစ်ဖက်တွင်  အနီရောင် းစာအုပ်နှစ်အုပ်ရှိသည်။ အခြားတစ်ဖက်တွင်တော့ ရိဟန်၏လက်ကို ကိုင်ထား၏။ ရိဟန်အား ဆုပ်ကိုင်ထားသည့် သူ့လက်များက တင်းကျပ်လွန်းလှသည်။ တင်းကျပ်လွန်းသဖြင့် ရိဟန်က အနည်းငယ်ပင် နာကျင်မိသည်။ သို့တိုင်အောင် ရိဟန်က ထိုလူကြီးအား ပြုံးပြလိုက်ပြီး ကျင်းယွမ်နဲ့ ထပ်တူထပ်မျှ တင်းကျပ်စွာ ပြန်လည် ဆုပ်ကိုင်ထားလေသည်။

"ကောင်းပြီ" ရိဟန်က နူးနူးညံ့ညံ့ပြောလိုက်သည်။

"လက်ထပ် မှတ်ပုံတင်ကို ဖယ်ထားလိုက်တော့"

ကျင်းယွမ်က စာရွက်စာတမ်းများအား ပိုမြင့်မြင့်ဆီ မြှောက်လိုက်ပြီး တစ်ချက်ကြည့်လိုက်ပြီးမှ တောက်ပတဲ့ မျက်လုံးများဖြင့် ရိဟန်ကို ပြန်ကြည့်လိုက်သည်။ စကားတစ်ခွန်းမှ မဆိုလာပေ။

ရိဟန်က တစ်ခစ်ခစ် ရယ်မောရင်းဖြင့် ထိုလူကြီးကို ဖက်လိုက်လေသည်။

"ငါတို့အခု အများပြည်သူအတွက် အခမဲ့ ဆက်ကပ်ကပြသလို ဖြစ်နေပြီ, အိမ်အရင် ပြန်ကြရအောင်"

ကျင်းယွမ်ရဲ့ တောက်ပတဲ့ မျက်လုံးများက ရိဟန်အား စိုက်ကြည့်နေပြီးနောက် သူဆုပ်ကိုင်ထားသည့်လက်အား နှုတ်ခမ်းနားဆီ မြှောက်လိုက်၍ မြတ်မြတ်နိုးနိုး နမ်းလိုက်သည်။

"ကောင်းပြီ" သူက သူ့ရဲ့ သင်္ကေတ ဖြစ်သည့် နက်ရှိုင်းသော အသံဖြင့်သာ ပြောလာသည်။

"အိမ်ပြန်ကြရအောင်"

ကားထဲ ရောက်တဲ့အချိန်မှာ ကျင်းယွမ်က အကျပ်ရိုက်သွားသည်။ သူကားမောင်းရမယ် ဆိုပေမယ့် လက်မှတ်တွေကိုလည်း လက်မလွှတ်ချင်ဘူး

"ငါ့ကိုပေးထားလေ ကိုင်ထားပေးမယ် ဟုတ်ပြီလား? အိမ်ပြန်ရောက်မှ ပြန်ကြည့်လို့၇တယ်" ရိဟန်က ကျင်းယွမ်ဆီကလက်ထပ် မှတ်ပုံတင်များအား လှမ်းယူလိုက်သည်။ သူအခု တကယ့်ကို ငိုရမလား ရယ်ရမလား မသိတော့။

ကျင်းယွမ်က ရိဟန်ရဲ့ ပေါင်ပေါ် တင်ထားသည့် လက်ထပ်မှတ်ပုံတင်များအား တစ်ချက် ထပ်ကြည့်လိုက်ပြီးမှ ကားကို စက်နှိုးတော့သည်။

မုအိမ်ကို ပြန်ရောက်တဲ့အချိန် ကျင်းယွမ်က လက်ထပ်မှတ်ပုံတင်များအား ထပ်ကိုင်ထားပြန်သည်။ သူ့တစ်ခြားလက်တစ်ဖက်ကတော့ ရိဟန်ရဲ့ လက်ကို ဆုပ်ကိုင်ထားသည်။ လူနှစ်ယောက်က စကားတစ်ခွန်းမှ မပြောကြ။ သူတို့က အိပ်ခန်းထဲကိုသာ တိတ်တဆိတ် လျှောက်ဝင်သွားကြသည်။

တံခါးပိတ်သွားတဲ့ အချိန်မှာ ကျင်းယွမ်က ရိဟန်အား ဆိုဖာပေါ် ဆွဲချလိုက်ပြီး သူ့လက်ထဲက စာရွက်စာတမ်းများအား ဖွင့်ဖောက်လိုက်သည်။ အထဲက သူနဲ့ရိဟန်ရဲ့ ဓာတ်ပုံနှစ်ပုံအား စိုက်ကြည့်နေမိရင်း ကျင်းယွမ်ရဲ့ လက်ချောင်းများကတော့ သူတို့နာမည် ရေးထွင်းထားသည့် နေရာလေးအား ပွတ်သပ်နမိ၏။ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့လေသည်။

"ဟန်ဟန်" ကျင်းယွမ်က နောက်ဆုံးတော့ စကားစလာသည်။

"ကိုယ်တို့အခု လက်ထပ်လိုက်ကြပြီ, ကိုယ်တို့က တစ်မိသားစုတည်း ဖြစ်သွားပြီ, ကြည့်, ဒီမှာ ကိုယ်တို့နာမည်တွေကို သံမဏိနဲ့ ဖောင်းကြွစာလုံးတွေနဲ့ ပုံဖော်ထားတယ်, ကိုယ်တို့ အသိအမှတ် ပြုခံရပြီး ကာကွယ်ထားပြီ, ဘယ်သူမှ ကိုယ်တို့ကို ခွဲခွာလို့ မရတော့ဘူး"

ရိဟန်က ကျင်းယွမ်ရဲ့လက်အား သူ့လက်နဲ့ အုပ်ကိုင်လိုက်၍

"ငါ ပိုင်ရိဟန်က မုကျင်းယွမ်ကို ခင်ပွန်းသည်အဖြစ် ထာဝရ လက်တွဲခေါ်သွားမယ်, ငါတို့နှလုံးသားတွေက ထာဝရ စည်းလုံးကြမှာ, ကောင်းတဲ့အချိန်ပဲဖြစ်ဖြစ် ဆိုးတဲ့အချိန်ပဲဖြစ်ဖြစ် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဖျားချိန်ရော ကျန်းမာတဲ့အချိန်မှာပါ ငါမင်းကို ဘယ်တော့မှ ထားမသွားဘူး, သေခြင်းတရားက ခွဲတဲ့အထိ မင်းကို ချစ်မြတ်နိုးသွားမယ်"

ကျင်းယွမ်ရဲ့ လက်များက သူ့ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။

"သေခြင်းတရားကတောင် ကိုယ်တို့ကို ခွဲခြားလို့ မရစေရဘူး, ကိုယ်တို့တွေ အိမ်တစ်လုံးထဲမှာပဲ အတူတူနေပြီး အုတ်ဂူတစ်ခုထဲမှာ အတူတူ မြှုပ်နှံခံကြမယ်"

ရိဟန်က ခပ်ပြင်းပြင်း ခေါင်းညိတ်ပြ၍ ကျင်းယွမ်ရဲ့ လည်တိုင်အားသိုင်းဖက်လိုက်လေသည်။

ကျင်းယွမ်က ရိဟန်အား ခွန်အားရှိသမျှဖြင့် တင်းကြပ်စွာ  ပြန်လည်ပွေ့ဖက်လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် နီရဲနေ၏။ အနီရောင် လက်ထပ် မှတ်ပုံတင်ဆိုတာ စုံတွဲရဲ့ ခန္တာကိုယ်တွေကို ပေါင်းစည်းပေးလိုက်တာပဲ။ အဲ့ဒီထဲမှာ သူနဲ့ ရိဟန်ရဲ့ ဓာတ်ပုံကို ထည့်ထားလိုက်ပြီ။

သူတို့နှစ်ယောက်လုံးက တူညီစွာ ရင်တုန်နေကြသော်လည်း သူတို့မျက်နှာပေါ်က အပြုံးများကတော့ တောက်ပပြီး နွေးထွေးနေလေသည်။

***

မုအုပ်စု ရုံးခန်းတွင်,

ရိဟန်က သူ့ကိုယ်ပိုင် ဆိုဖာလေးပေါ်မှာ ထိုင်နေရင်း သူ့လက်ချောင်းများကတော့ ယန်ဖေးနဲ့ ယန်ရန်တို့ဖြင့် chat နေသည်။

[မုမုရဲ့ဟန်ဟန် : အခြေအနေ? နန့်ရှန်က အခု ဟဲယွမ်ကို ကျော်ဖြတ်နိုင်သွားလောက်ပြီ ဟုတ်တယ်မှတ်လား? နောက်ဆုံးတစ်ခေါက် ငါသူ့ဆီ သွားလည်တုန်းက သူ့ကိုကြည့်ရတာ အဆင်ပြေနေပုံပေါ်တယ်

[တတိယသခင်မလေးဖေး : အမ်း, ငါလည်း အဲ့ဒီလိုပဲထင်တယ်, နန့်ရှန်က အခု သူ့ကို မေ့သွားလောက်ပြီ, တကယ်တော့လည်း ဟဲယွမ်နဲ့ ဒေါ်လေးက သူ့ရှေ့မှာ စုံတွဲအဖြစ် ပေါ်လာတာကို သူကိုယ်တိုင် မြင်ပြီးသွားပြီပဲလေ, လက်မလျှော့ဖို့က သူ့အတွက် ခက်ခဲမှာပဲ,ကိုယ်တိုင်မြင်ရတာက အဲ့ဒီအကြောင်းကို ကြားထားတာနဲ့ တူမှာမဟုတ်ဘူး, ဆေးက ပြင်းထန်ပေမယ့်လည်း အရမ်းအကျိုးသက်ရောက်မှု ရှိတယ်]

[ယန်ရန် : သေချာတာပေါ့ ယိုရန်က အခု ဟဲယွမ်နဲ့ ပတ်သတ်ပြီး ဘာမှမခံစားရတော့ဘူး, သူအခုတစ်လော တော်တော်လေး ပြန်ကောင်းလာတယ်, မနေ့ကဆို ဇာတ်လမ်းအသစ်နဲ့ ပတ်သတ်တဲ့ ဇာတ်ကြောင်းတွေကိုတောင် ပြန်စဉ်းစားနေပြီ, ငါထင်တာတော့ သိပ်မကြာခင် ငါတို့မှာ ဇာတ်လမ်းအသစ် ရှိလာလိမ့်မယ်]

[မုမုရဲ့ဟန်ဟန် : တကယ်ကြီးလား? ဒါဆို မိုက်တာပေါ့! ကြည့်ရတာ သူစိတ်ဒဏ်ရာက တစ်ဖြည်းဖြည်းနဲ့ နောက်မှာ ကျန်ရစ်ခဲ့ပုံပဲ, ဒါက သူ့အတွက်တော့ မအောင်မြင်တဲ့ အချစ်တစ်ခုပဲလေ တကယ်တော့လည်း လူသားတွေက ဒီလောက် အကြာကြီး အသက်ရှင်ရတာ ယုတ်မာတဲ့သူ တစ်ယောက်နှစ်ယောက်လောက်ကို ဘယ်တော့မှ မကြုံရဘူးလို့ ဘယ်သူက သေချာ ပြောနိုင်မှာလဲ?]

[တတိယသခင်မလေးဖေး : နန့်ရှန်က စာအုပ်အသစ် ရေးနေပြီ! ဂုဏ်ယူပါတယ်! ဟာလေလုယာ!] 

[တတိယသခင်မလေးဖေး : ရိဟန်ပြောတာမှန်တယ်, နန့်ရှန်က ရွံစရာကောင်းတဲ့ သူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရရုံပဲ အခု အဲ့ဒီလူကို အောင်အောင်မြင်မြင်နဲ့ ပစ်ထုတ်နိုင်သွားပြီဆိုတော့ သူ့အနာဂတ် ဘဝက ပိုပြီးကောင်းလာလိမ့်မယ်!]

[မုမုရဲ့ဟန်ဟန် : ငါတို့အခု လုပ်ဖို့လိုတာက ဟဲယွမ်ကို ပြတ်ပြတ်သာသား ရှင်းထုတ်ပစ်ဖို့ပဲ အဲ့ဒါမှသူ နန့်ရှန်ကိုဘယ်တော့မှ ထပ်ပြီး နှောင့်ယှက်လို့ မရတော့မှာ,အနီးအနားမှာ ယန်ရန်နေပေးတာကလည်း ရေရှည်အတွက် အစီအစဉ်ကောင်းတစ်ခု မဟုတ်ဘူး, နောက်ဆုံးမှာ သူလည်း ပြန်ပြောင်းလာရမှာပဲလေ, သူထွက်သွားတာနဲ့ နန့်ရှန်က အကာအကွယ် မရှိပဲကျန်ရစ်ခဲ့မှာ မဟုတ်ဘူးလား?]

[ယန်ရန် : ငါဒီမှာနေတာ အဆင်ပြေတယ်, ထွက်သွားဖို့ လုံးဝမစဉ်းစားဖူးဘူး]

[တတိယသခင်မလေးဖေး : အစ်ကို၊ အဲဒီနေရာကို အပြီးအပိုင်ပြောင်းဖို့ တကယ်စီစဉ်နေတာလား?]

=============
Zawgyi

အခန္း(၁၇၆) - လွပတဲ့ နားလည္မွု လြဲမွားျခင္း

ယိုရန္က ထိတ္လန္႔သြားျပီး ဘာဆက္လုပ္ရမွန္းလည္း မသိေတာ့။ သူက တစ္ဖက္လူအေပၚ တင္ထားသည့္ သူ႔ေျခလက္မ်ားအား အလိုလို ရုတ္လိုက္မိတာေၾကာင့္ ၎သည္ ယန္ရန္အား နိုးသြားေစသည္။

ယန္ရန္၏ နွဖူးက ခပ္ေဖ်ာ့ေဖ်ာ့ေလး မ်က္ေမွာင္ၾကဳတ္လာျပီး သူ႔မ်က္လံုးမ်ားက ျဖည္းညွင္းစြာ ပြင့္လာခဲ့သည္။ ယိုရန္ကေတာ့ မထိန္းခ်ဳပ္နုိင္စြာပင္ အသက္ရွဳေအာင့္မိေလသည္။  သူဘာေျပာရမလဲ ဆုိတာကိုလည္း မသိသလို ဒီျမင္ကြင္းကို ဘယ္လိုရွင္းျပသင့္လဲ ဆုိတာကိုလည္း မသိဘူး။

ယန္ရန္မ်က္လံုး ဖြင့္ၾကည့္လုိက္တဲ့အခ်ိန္မွာ သူ႔ကိုမ်က္လံုးျပဳးေလးမ်ားနဲ႔ ၾကည့္ေနသည့္ ယိုရန္အား ျမင္လုိက္ရသည္။

"နိုးလာျပီလား ယိုရန္?" ယန္ရန္က အက္ရွရွအသံနဲ႔ ေမးလာသည္။

ယိုရန္က ေတာင့္တင္းစြာ ေခါင္းညိတ္ျပေလသည္။

ယန္ရန္က ကိုက္ရာမ်ား ဖုန္းလႊမ္းေနသည့္ သူ႔လက္ေမာင္းမ်ားကို ေျမွာက္လုိက္ျပီး နွဖူးေပၚ တင္လုိက္သည္။

"ငါဘယ္လို အိပ္ေပ်ာ္သြားပါလိမ့္?" သူက တိုးတိုးေလး ေရရြတ္သည္။

ယန္ရန္သည္ သူ႔လက္ေမာင္းမ်ားကို ဖံုးလႊမ္းေနသည့္သြားရာမ်ားအား ျမင္လုိက္ရေလသည္။ ထို႔ေၾကာင့္ သူ႔ခႏာၱကိုယ္အေျခအေနအား အမွတ္ရသြားရသည္။ ရွက္ရြံ႔အေနခက္စြာျဖင့္ ယန္ရန္က ထထိုင္မိ၏။ 

သူ႔ကိုယ္ေပၚက တစ္ခုတည္းေသာ သဘက္လည္း မရွိေတာ့ဘူး! သူ႔အုိင္ေဒါကို ဒိလိုၾကီး မီးေမာင္းထိုးျပ မိသြားတာလား? ဘုရားေရ! ဒါက ေသခ်ာေပါက္ မျဖစ္သင့္ဘူးေလ! နတ္ဘုရားေတြက သူ႔ကိုသတ္ဖို႔ ႀကိဳးစားေနတာလား?

ယန္ရန္က တတ္နိုင္သမွ် မသိသာေအာင္ အိပ္ယာေဘးပတ္္ဝန္းက်င္ကို လုိက္ရွာမိေလသည္။ ေနာက္ဆံုးေတာ့ သဘက္က အိပ္ယာေထာင့္စြန္းနားေလးမွာ ပုန္းေနသည္အား ျမင္လုိက္ရ၏။ ထိုအခ်ိန္မွသာ သူထိန္းထားမိသည့္ အသက္ကို ရွဳထုတ္မိသည္။ သူက သဘက္အား သူ႔ခါးမွာ ျပန္ပတ္လိုက္ျပီး အိပ္ယာေပၚက ထလုိက္သည္။

သူဘယ္လိုလုပ္ အိပ္ပေ်ာ္သြားတာလဲ?

ယန္ရန္က အေတာ္ေလး စိတ္ရွုပ္ေထြးေနမိသည္။

သူအခု ဘာလုပ္လုိက္မိလဲ ၾကည့္ပါဦး, နန္႔ရွန္ရဲ႔ အိပ္ယာေပၚမွာ ကိုယ္လံုးတီးၾကီး အိပ္ေပ်ာ္သြားမိတာ။ အခု သူ႔ကို သူ႔အိုင္ေဒါက ဘယ္လုိမ်ား ထင္မလဲ? ယိုရန္က သူ႔ကို နွာဘူးလို႔မ်ား ထင္ေနမလား မသိဘူး?

ယန္ရန္တစ္ေယာက္ သဘက္လုိက္ရွာေနတုန္း ယိုရန္သည္ ယန္ရန္၏ ေက်ာကုန္းမွ ေယာင္ကိုင္းဒဏ္ရာမ်ားကိုပါ ျမင္သြားေလသည္ (ခ်ိတ္နဲ႔ တိုက္မိတုန္းက ျဖစ္သြားခဲ့တဲ့ ဒဏ္ရာ)

ယိုရန္က သူ႔မ်က္နွာအား လက္ျဖင့္အုပ္မိျခင္းကို မတားဆီးနုိင္ေတာ့။ သူမေန႔ညက ေတာ္ေတာ္ေလး ၾကမ္းလိုက္မိတာပဲ။ ယန္ရန္ကို ကိုက္မိယံု မကဘူး တစ္ဖက္လူကို ေယာင္ကိုင္းေနေအာင္ပါ လုပ္လိုက္မိတာ

ယိုရန္တစ္ေယာက္ သူ႔မ်က္နွာကို အုပ္လုိက္သည္အား ျမင္ေသာအခါ ယန္ရန္က သူ႔မွာ အဝတ္အစား မရွိတာေၾကာင့္ဟု ထင္လုိက္မိသည္။

သူရွက္လြန္းလို႔ သူ႔ကုိယ္သူ ေျမၾကီးထဲပဲ ျမွုပ္ပစ္လုိက္ခ်င္ေတာ့တယ္

"မေန႔ညက ခင္ဗ်ားမူးေနလို႔ေလ" ယန္ရန္က ရွင္းျပဖို႔ ၾကိဳးစားလုိက္သည္။

"က်ြန္ေတာ္ ခင္ဗ်ားကို အိမ္ျပန္လုိက္ပို႔ေပးတာ, ေနာက္ေတာ့ ခင္ဗ်ား အန္ခ်တယ္, က်ြန္ေတာ္တို႔ နွစ္ေယာက္လံုးရဲ႔ အဝတ္ေတြ ညစ္ပတ္သြားတာနဲ႔ ခင္ဗ်ားကို ကူျပီး ေရခ်ိဳးေပးလုိက္တာ ျပီးေတာ့ က်ြန္ေတာ္.....က်ြန္ေတာ္လည္း ေရျမန္ျမန္ ခ်ိဳးလိုက္တယ္, ဒီမွာက က်ြန္ေတာ့ အဝတ္အစားေတြ မရွိတာနဲ႔ တိုက္ခန္းကို ျပန္မလို႔ စဥ္းစားလိုက္ပါေသးတယ္ ဒါေပမဲ့ အဲ့ဒီအခ်ိန္မွာ......."

သူက သူ႔အုိင္ေဒါရဲ႔ မ်က္နွာကို ဆယ္ေပးနိုင္ရန္ သူ႔အို္င္ေဒါက အိပ္ေနတဲ့အခ်ိန္ တစ္ျခားသူေတြကို လိုက္ကိုက္ရတာ ၾကိဳက္တဲ့ ေခြးေလးတစ္ေကာင္လို ျဖစ္သြားတယ္ဆုိတဲ့ အျဖစ္မွန္အား ခ်န္ရစ္ထားလုိက္ေလသည္။

"ရျပီ ငါနားလည္ျပီ" ယန္ရန္က သူ႔မ်က္နွာကို လက္နဲ႔ အုပ္ထားရင္းျဖင့္ တီးတိုးေရရြတ္သည္။

ယန္ရန္က စိတ္သက္သာရာရစြာ သက္ျပင္းခ်မိသည္။ သူ႔အုိင္ေဒါက နားလည္တယ္ ဆိုေတာ့ ေတာ္ေသးတာေပါ့။ ေက်းဇူးျပဳျပီး သူ႔ကို နံေစာ္ေနတဲ့ ကိုယ္တံုးလံုး နွာဘူးေကာင္လို႔ေတာင္ မထင္လိုက္ပါနဲ႔

သူတို႔နွစ္ေယာက္လံုးက ေယာက်ာ္းေလး ျဖစ္ေနရင္ေတာင္ တစ္ဖက္လူရဲ႔ အခန္းထဲမွာ ကိုယ္လံုး တီးျဖစ္ေနတာက ေတာ္ေတာ္ေလးကို ထူးဆန္းျပီး မသက္မသာ အေျခအေနပဲ။ ထူးဆန္းတဲ့ အေၾကာင္းအရင္းတစ္ခ်ိဳ႔ေၾကာင့္ ယိုရန္နဲ႔ မ်က္နွာျခင္းဆုိင္ရတိုင္း အေနခက္မွုက အဆအမ်ားၾကီး ထိုးတက္လာသလို ခံစားရတယ္။

အခု ယိုရန္က ျဖစ္သြားတဲ့ အေျခအေနကို နားလည္သြားျပီဆုိေတာ့ (သူနားမလည္ေသးပါဘူး) ယန္ရန္က အျမန္ထရပ္လိုက္သည္။ သူအိမ္ျပန္ျပီး အဝတ္အစား လဲမွျဖစ္မည္ေလ။

ဒါေပမဲ့လည္း မေန႔ညက ၾကြက္သားထိခိုက္မွု ရွိထားျပီး အခုေလးတင္ နိုးလာတာျဖစ္ေသာေၾကာင့္ သတိမထားမိလိုက္ေပ။ သူေျခလွမ္း လွမ္းလုိက္သည့္ ခဏမွာပင္ ေၾကကြဲစရာေလး ျဖစ္သြားရသည္။ ျပင္းထန္သည့္ နာက်င္မွုတစ္ခုက သူ႔ေျခသလံုးကို ထိုးတက္လာခဲ့သည္ေလ။ သတိမထားမိလိုက္တာေၾကာင့္ ယန္ရန္မွာ က်ယ္ေလာင္လွသည့္ ဘန္းဆိုတဲ့ အသံနဲ႔အတူ ဒူးတစ္ဖက္ ေထာက္က်သြားရသည္။

ယိုရန္: "..."

ငါမေန႔ညက တကယ္ပဲ သားရဲတစ္ေကာင္ ျဖစ္ခဲ့တာပဲ!

ယန္ရန္: "..."

ေသပါေတာ့ ငါ့ကိုယ္ငါ အိုင္ေဒါေရွ႔မွာ အရွက္ခြဲမိျပန္ျပီ!

ယိုရန္က အိပ္ယာေပၚက အလ်င္အျမန္ ထလုိက္သည္။ ဇာတ္လမ္းတစ္ခုလံုး ဘယ္လိုျဖစ္သြားခဲ့လဲဆိုတာ အေရးမၾကီးဘူး။ ဒါက သူ႔အမွားပဲ။

ယန္ရန္ရဲ႔ မ်က္နွာက နိုင္သေလာက္ကို နီရဲတြတ္ေနသည္။ ၾကမ္းျပင္ေပၚသို႔ ယိုရန္၏ ေျခေထာက္မ်ား မခ်ရေသးခင္မွာပဲ ယန္ရန္က ထရပ္ျပီးေနေလျပီ။

"ရပါတယ္" သူက သူ႔လက္ကို အၾကိမ္ၾကိမ္အဖန္ဖန္ ခါယမ္းျပရင္း တိုက္ခန္းထဲကေန ေထာ့နဲ႔ေထာ့နဲ႔ နွင့္ ထြက္သြားေတာ့ေလသည္။

အိပ္ယာေပၚမွာ ထိုင္ေနရင္းျဖင့္ပင္ ယိုရန္က မလွဳပ္မရွားနုိင္ေလာက္ေအာင္ ထိတ္လန္႔ေနမိသည္။ 

သူက မူးလာတဲ့အခ်ိန္မွာ အရမ္းကို လိင္စိတ္ၾကြတတ္တဲ့သူမ်ိဳး ျဖစ္ေနမယ္လို႔ မထင္ထားမိဘူး။ သူတကယ္ၾကီး ယန္မိသားစုရဲ႔ ဒုတိယသခင္ေလးနဲ႔ လိင္ဆက္ဆံလိုက္မိျပီ။ ေျခေထာက္လက္ေထာက္ေတြ အျဖတ္ခံရျပီးေတာ့မ်ား ေသမိန္႔ခ်ခံရမလား မသိ? ျဖစ္နုိင္ေလာက္တယ္ေနာ္ ဟုတ္တယ္မွတ္လား?

ယန္ရန္က အဝတ္အစားလဲလွယ္ျပီး အမွိုက္ေတြ ပစ္ျပီးလို႔ ျပန္လာတဲ့လမ္းမွာ မနက္စာ ဝယ္လာခဲ့ျပီးသည္အထိ ယိုရန္က ထိုေနရာမွသာ ရွိေနေသးသည္။ တံခါးေခါက္သံ ၾကားမွသာ အဝတ္အစားကို အလ်င္စလို ျပင္ဆင္လုိက္ျပီး တံခါးဆီ ေျပးထြက္မိ၏။

၎သည္ မနက္စာကို လက္မွာ ကိုင္ထားသည့္ ယန္ရန္ပင္။ ယိုရန္က အ့ံအာသင့္သြားေလသည္။ တစ္ဖက္လူက သူ႔ကိုျမင္ခ်င္ေနေသးတာလား? ဒါက ယုတၱိမက်ဘူး။ သူက ယန္ရန္တစ္ေယာက္ ေထာ့နဲ႔ ေထာ့နဲ႔ ျဖင့္ ထမင္းစားပြဲ ရွိရာကို ေလွ်ာက္သြားျပီး သူဝယ္လာတာမ်ားအား ခင္းက်င္းေနသည္ကို ဗလာျဖစ္စြာ ၾကည့္ေနမိသည္။

"အနီးအနားမွာ ဘာမွမရွိဘူး" ယန္ရန္က အျပံဳးေလးနဲ႔ ေျပာလာသည္။

"ဒါေပမဲ့ နည္းနည္းေလာက္ေတာ့ စားလိုက္ေနာ္, ခင္ဗ်ား မေန႔ညက ေတာ္ေတာ္ေလး မူးသြားတာ, အခုခ်ိန္မွာ သိပ္ေနလို႔ ေကာင္းမွာမဟုတ္ဘူး, မနက္စာကို အလုပ္ရွဳပ္ခံျပီး လုပ္မေနနဲ႔ေတာ့, ဒါနည္းနည္းေလာက္ စားလိုက္ျပီး ခဏ ျပန္အိပ္လိုက္ဦး"

ယန္ရန္က အရမ္းကို သဘာဝက်က်နဲ႔ သက္ေတာင့္သက္သာ ေျပာေနေသာ္လည္း မ်က္နွာကေတာ့ ရဲေနဆဲပင္။

သူ႔အိုင္ေဒါေရွ႔မွာ ကိုယ့္ကိုကိုယ္ အရွက္ခြဲထားမိတာေလ ဘယ္ေလာက္ေတာင္ ရွက္ဖို႔ ေကာင္းလုိက္လဲ

ယိုရန္ကေတာ့ သူ႔ကိုယ္သူအရမ္းရက္စက္ျပီး လူသားမဆန္တဲ့ ေခြးေကာင္စုတ္ၾကီးဟု ခံစားလုိက္ရသည္။ ယန္ရန္က bottom ျဖစ္တာေတာင္ အရမ္းတည္ျငိမ္ေနတယ္။ အဲ့ဒီလူက ဒီအေၾကာင္းကို မေျပာခ်င္ဘူးဆိုတာ ရွင္းေနတာေတာင္ ဒီအတိုင္းပဲ ရွိေနတဲ့အခ်ိန္ သူ-ယိုရန္ကေတာ့ ေပါေၾကာင္ေၾကာင္ အရူးတစ္ေယာက္လုိမ်ိဳး လုပ္ေနတာက ေယာက်ာ္း မဟုတ္တဲ့ အတိုင္းပဲ။

ဒါေပမဲ့ အခုက တကယ္ပဲ ဘာေတြ ျဖစ္သင့္တာလဲ? ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ရမလား? ဒါကေတာ့ ရိုင္းလြန္းသြားျပီ

တာဝန္ယူလိုက္ရင္ေရာ? ဘယ္လိုမ်ိဳးလဲ? ယန္ရန္က ယန္မိသားစုရဲ႔ ဒုတိယသခင္ေလးေလ။ အကယ္၍ သူတာဝန္ယူခ်င္ပါတယ္ ဆိုရင္ေတာင္ သူ႔ဂုဏ္သိကၡာနဲ႔ မထိုက္တန္ဘူး။ အဲ့ဒါဆို သူဘာလုပ္ရမလဲ?

ယန္ရန္ကေတာ့ ယိုရန္တစ္ေယာက္ မေန႔ညက မူးခဲ့တာရဲ႔ အက်ိဳးဆက္ကို ခံစားေနရဆဲမို႔လို႔ ေငးေၾကာင္ေၾကာင္ ျဖစ္ေနသည္ဟု ေတြးလိုက္မိသည္။

"နန္႔ရွန္? ယိုရန္?" ယန္ရန္က ညင္ညင္သာသာ ေခၚလိုက္သည္

"ဘာျဖစ္လို႔လဲ? ေနလို႔ မေကာင္ျဖစ္ေနတာလား? မူးျပီးေနာက္တစ္ေန႔က အျမဲတမ္း ဒီလိုပါပဲ, အစားအစာေတြကို ေႏြးတုန္းေလး စားလုိက္ ျပီးမွျပန္အိပ္ေနာ္, က်ြန္ေတာ္က အလုပ္သြားဖို႔ လိုေသးလို႔"

ယိုရန္ရဲ႔ ပါးစပ္က က်ယ္ေလာင္စြာ ပြင့္ဟသြားရသည္။ သူ႔မ်က္လံုးမ်ားက တစ္ဖက္လူရဲ႔ ေအာက္ပိုင္းတစ္ဝက္အား ၾကည့္လုိက္ကာ ေျခာက္ကပ္ကပ္ ေမးေလသည္။

"မင္းဒီအတိုင္း......အလုပ္သြားလို႔ ျဖစ္လို႔လား?"

သူ႔ရဲ႔ အရွက္ရစရာေကာင္းတဲ့ မေတာ္တဆမွုအေၾကာင္း ထုတ္ေျပာျခင္းက ယန္ရန္အား တြင္းထဲ ဝင္ပုန္းခ်င္စိတ္ ျဖစ္ေစသည္။ သူ႔မ်က္နွာက ရွက္ေသြးျဖင့္ နီျမန္းသြားသည့္ အေနအထားကို ခ်က္ခ်င္းေျပာင္းလဲသြားျပီး အေနခက္ေနသလို အျပံဳးတစ္ပြင့္ ေပၚလာသည္။

"အာ, ရပါတယ္" သူက အေနခက္ခက္နဲ႔ပဲ စကားဆက္သည္။

"ဟားဟား, က်ြန္ေတာ္ အဆင္ေျပတယ္, က်ြန္ေတာ္ ေသခ်ာေပါက္ လုပ္နုိင္ပါတယ္, သြားျပီေနာ္"

ယန္ရန္က တစ္ခုခုကေန ထြက္ေျပးလြတ္ေျမာက္ေအာင္ လုပ္ေနသကဲ့သို႔ အလ်င္စလို လက္ေဝွ႔ယမ္းျပကာ နွုတ္ဆက္၍ ထြက္သြားေတာ့ေလသည္။

ေထာ့နဲ႔ ေထာ့နဲ႔ျဖင့္ ထြက္သြားသည့္ ယန္ရန္အား ၾကည့္ျပီး ယိုရန္မွာ သူ႔နွလံုးသားကို နာက်င္စြာ ဆြဲဆုပ္လုိက္သလို ခံစားလုိက္ရသည္။

ယန္ရန္က သူ႔လက္ခ်က္နဲ႔ ဒီလို စည္းမ်ဥ္းေက်ာ္တဲ့အထိ ခံစားလိုက္ရတာေတာင္ သူ႔ကို လံုးဝ စိတ္မဆိုးဘူး။ သူက ယိုရန္ကိုေတာင္ ဂရုစိုက္ေနေသးတယ္

သူေနလို႔မေကာင္း ျဖစ္ေနမလား? မနက္စာ စားျပီးရဲ႔လား? ဆိုျပီး

ယိုရန္အတြက္က သူ႔အေမ ကြယ္လြန္သြားျပီးကတည္းက သူ႔ကုိ ဒီလိုမ်ိဳး ရိုးသားျပီး စိတ္ရင္းမွန္နဲ႔ ဂရုစိုက္ေပးတဲ့သူမ်ိဳး တစ္ေယာက္ေတာင္ မရွိခဲ့ဘူး

ယန္ရန္က ဒီမနက္မွာ ဘာမွမေျပာခဲ့ဘူး။ သူခံစားေနရတဲ့ ရွက္ရြံ႔မွုေတြနဲ႔ အေနခက္တဲ့ ခံစားခ်က္ေတြကို တတ္နုိင္သမွ် သဘာဝက်ေအာင္ အစြမ္းကုန္ ၾကိဳးစားေနခဲ့ရတယ္။ ယန္ရန္က သူ႔ကို ခက္ခဲတဲ့ အေျခအေနဆီ တြန္းပို႔လုိက္မိမွာ ေၾကာက္ေနတာပဲ ျဖစ္မယ္။ ဟုတ္တယ္မွတ္လား? သူက ဒီကိစၥကို ေမ့ပစ္လုိက္ျပီး အတိတ္မွာပဲ ခ်န္ရစ္ထားခဲ့ခ်င္တာ ဟုတ္တယ္မွတ္လား? ဒါေပမဲ့ သူ႔ဘက္က တကယ္ပဲ ဘာမွမျဖစ္ခဲ့သလုိမ်ိဳး ျပဳမူနုိင္ပါမလား? အဲ့ဒီလိုဆိုရင္ သူနဲ႔ ဟိုအမွိုက္ ဟဲေယာက္ မဟုတ္ပါဘူး ဟဲယြမ္နဲ႔ ဘာမ်ား ျခားနားေနဦးမွာလဲ?

အေငြ႔ တစ္ေထာင္းေထာင္း ထေနသည့္ မနက္စာ စားပြဲဝုိင္းမွာ ထုိင္ေနရင္း ယိုရန္သည္ သူ႔နွလံုးသားထဲကို ေႏြးေထြးမွဳေလးတစ္ခု စီးဝင္လာသလို ခံစားလိုက္ရသည္။ ယန္ရန္တစ္ေယာက္ လမ္းေလ်ွာက္ေနရင္း ေထာ့နဲ႔ေထာ့နဲ႔ ျဖစ္ေနသည့္ ပံုရိပ္မ်ားနဲ႔ သူ႔ခႏာၱကိုယ္ေပၚမွာ ဖံုးလႊမ္းေနေသာ ကိုက္ရာမ်ား အခ်စ္မွတ္မ်ားကို ျပန္အမွတ္ရမိေသာအခါ သူ႔နွလံုးသားအား ျဖစ္ညွစ္လုိက္သလုိ ခံစားလုိက္ရေလသည္။ 

ၾကည့္ရတာ လူသားတိုင္းမွာ နယ္ေျမပိုင္စိုးခ်င္တဲ့ ဗီဇတစ္ခုခု ရွိတယ္နဲ႔တူပါတယ္။ မေန႔ညက သူယန္ရန္ကို သူ႔အပိုင္ျဖစ္ေအာင္ လုပ္လုိက္မိေၾကာင္း နားလည္လုိက္ရတဲ့အခ်ိန္မွာ သူ႔စိတ္ထဲတြင္ ေက်နပ္အားရမွုတစ္ခု ပြင့္လန္းလာခဲ့ရသည္။ နည္းနည္း ရွက္ေနျပီး အနည္းငယ္ အေနခက္ေနသလို ခံစားရေပမယ့္လည္း  အဲ့ဒီထဲမွာ.....ေပ်ာ္ရႊင္မွု အရိပ္အေယာင္ေလးပါ ရွိေနတယ္

ဒီခံစားခ်က္က သူ႔အတြက္ စိမ္းသက္ေနတယ္။ ယိုရန္က ဒါမ်ိဳး တစ္ခါမွ မႀကဳံဖူးေပမယ့္ အဲ့ဒါက ေကာင္းတယ္ေလ။ တကယ့္ကို ခံစားလို႔ေကာင္းတယ္။

***

က်င္းယြမ္ႏွင့္ ရိဟန္တို႔က လက္ခ်င္းတြဲ၍ လက္ထပ္မွတ္ပုံတင္႐ုံးမွ ထြက္လာခဲ့သည္။ က်င္းယြမ္၏ လက္တစ္ဖက္တြင္  အနီေရာင္ းစာအုပ္ႏွစ္အုပ္ရွိသည္။ အျခားတစ္ဖက္တြင္ေတာ့ ရိဟန္၏လက္ကို ကိုင္ထား၏။ ရိဟန္အား ဆုပ္ကိုင္ထားသည့္ သူ႔လက္မ်ားက တင္းက်ပ္လြန္းလွသည္။ တင္းက်ပ္လြန္းသျဖင့္ ရိဟန္က အနည္းငယ္ပင္ နာက်င္မိသည္။ သို႔တိုင္ေအာင္ ရိဟန္က ထိုလူၾကီးအား ျပံဳးျပလုိက္ျပီး က်င္းယြမ္နဲ႔ ထပ္တူထပ္မ်ွ တင္းက်ပ္စြာ ျပန္လည္ ဆုပ္ကိုင္ထားေလသည္။

"ေကာင္းျပီ" ရိဟန္က ႏူးႏူးညံ့ည့ံေျပာလိုက္သည္။

"လက္ထပ္ မွတ္ပံုတင္ကို ဖယ္ထားလုိက္ေတာ့"

က်င္းယြမ္က စာရြက္စာတမ္းမ်ားအား ပိုျမင့္ျမင့္ဆီ ေျမွာက္လုိက္ျပီး တစ္ခ်က္ၾကည့္လုိက္ျပီးမွ ေတာက္ပတဲ့ မ်က္လံုးမ်ားျဖင့္ ရိဟန္ကို ျပန္ၾကည့္လုိက္သည္။ စကားတစ္ခြန္းမွ မဆိုလာေပ။

ရိဟန္က တစ္ခစ္ခစ္ ရယ္ေမာရင္းျဖင့္ ထိုလူၾကီးကို ဖက္လုိက္ေလသည္။

"ငါတို႔အခု အမ်ားျပည္သူအတြက္ အခမဲ့ ဆက္ကပ္ကျပသလို ျဖစ္ေနျပီ, အိမ္အရင္ ျပန္ၾကရေအာင္"

က်င္းယြမ္ရဲ႔ ေတာက္ပတဲ့ မ်က္လံုးမ်ားက ရိဟန္အား စိုက္ၾကည့္ေနျပီးေနာက္ သူဆုပ္ကိုင္ထားသည့္လက္အား နွုတ္ခမ္းနားဆီ ေျမွာက္လုိက္၍ ျမတ္ျမတ္နိုးနိုး နမ္းလိုက္သည္။

"ေကာင္းျပီ" သူက သူ႔ရဲ႔ သေကၤတ ျဖစ္သည့္ နက္ရွိုင္းေသာ အသံျဖင့္သာ ေျပာလာသည္။

"အိမ္ျပန္ၾကရေအာင္"

ကားထဲ ေရာက္တဲ့အခ်ိန္မွာ က်င္းယြမ္က အက်ပ္ရိုက္သြားသည္။ သူကားေမာင္းရမယ္ ဆိုေပမယ့္ လက္မွတ္ေတြကိုလည္း လက္မလႊတ္ခ်င္ဘူး

"ငါ့ကိုေပးထားေလ ကိုင္ထားေပးမယ္ ဟုတ္ျပီလား? အိမ္ျပန္ေရာက္မွ ျပန္ၾကည့္လို႔၇တယ္" ရိဟန္က က်င္းယြမ္ဆီကလက္ထပ္ မွတ္ပံုတင္မ်ားအား လွမ္းယူလိုက္သည္။ သူအခု တကယ့္ကို ငိုရမလား ရယ္ရမလား မသိေတာ့။

က်င္းယြမ္က ရိဟန္ရဲ႔ ေပါင္ေပၚ တင္ထားသည့္ လက္ထပ္မွတ္ပံုတင္မ်ားအား တစ္ခ်က္ ထပ္ၾကည့္လုိက္ျပီးမွ ကားကို စက္နွိုးေတာ့သည္။

မုအိမ္ကို ျပန္ေရာက္တဲ့အခ်ိန္ က်င္းယြမ္က လက္ထပ္မွတ္ပံုတင္မ်ားအား ထပ္ကိုင္ထားျပန္သည္။ သူ႔တစ္ျခားလက္တစ္ဖက္ကေတာ့ ရိဟန္ရဲ႔ လက္ကို ဆုပ္ကိုင္ထားသည္။ လူနွစ္ေယာက္က စကားတစ္ခြန္းမွ မေျပာၾက။ သူတို႔က အိပ္ခန္းထဲကိုသာ တိတ္တဆိတ္ ေလ်ွာက္ဝင္သြားၾကသည္။

တံခါးပိတ္သြားတဲ့ အခ်ိန္မွာ က်င္းယြမ္က ရိဟန္အား ဆိုဖာေပၚ ဆြဲခ်လုိက္ျပီး သူ႔လက္ထဲက စာရြက္စာတမ္းမ်ားအား ဖြင့္ေဖာက္လိုက္သည္။ အထဲက သူနဲ႔ရိဟန္ရဲ႔ ဓာတ္ပံုနွစ္ပံုအား စိုက္ၾကည့္ေနမိရင္း က်င္းယြမ္ရဲ႔ လက္ေခ်ာင္းမ်ားကေတာ့ သူတို႔နာမည္ ေရးထြင္းထားသည့္ ေနရာေလးအား ပြတ္သပ္နမိ၏။ အခ်ိန္အေတာ္ၾကာသည္အထိ တိတ္ဆိတ္ေနခဲ့ေလသည္။

"ဟန္ဟန္" က်င္းယြမ္က ေနာက္ဆံုးေတာ့ စကားစလာသည္။

"ကိုယ္တို႔အခု လက္ထပ္လုိက္ၾကျပီ, ကိုယ္တို႔က တစ္မိသားစုတည္း ျဖစ္သြားျပီ, ၾကည့္, ဒီမွာ ကိုယ္တို႔နာမည္ေတြကို သံမဏိနဲ႔ ေဖာင္းၾကြစာလံုးေတြနဲ႔ ပံုေဖာ္ထားတယ္, ကိုယ္တို႔ အသိအမွတ္ ျပဳခံရျပီး ကာကြယ္ထားျပီ, ဘယ္သူမွ ကိုယ္တို႔ကို ခြဲခြာလို႔ မရေတာ့ဘူး"

ရိဟန္က က်င္းယြမ္ရဲ႔လက္အား သူ႔လက္နဲ႔ အုပ္ကိုင္လုိက္၍

"ငါ ပိုင္ရိဟန္က မုက်င္းယြမ္ကို ခင္ပြန္းသည္အျဖစ္ ထာဝရ လက္တြဲေခၚသြားမယ္, ငါတို႔နွလံုးသားေတြက ထာဝရ စည္းလံုးၾကမွာ, ေကာင္းတဲ့အခ်ိန္ပဲျဖစ္ျဖစ္ ဆိုးတဲ့အခ်ိန္ပဲျဖစ္ျဖစ္ ခ်မ္းသာသည္ျဖစ္ေစ ဆင္းရဲသည္ျဖစ္ေစ ဖ်ားခ်ိန္ေရာ က်န္းမာတဲ့အခ်ိန္မွာပါ ငါမင္းကို ဘယ္ေတာ့မွ ထားမသြားဘူး, ေသျခင္းတရားက ခြဲတဲ့အထိ မင္းကို ခ်စ္ျမတ္နိုးသြားမယ္"

က်င္းယြမ္ရဲ႔ လက္မ်ားက သူ႔ကို ျပန္လည္ဆုပ္ကိုင္လုိက္သည္။

"ေသျခင္းတရားကေတာင္ ကိုယ္တို႔ကို ခြဲျခားလို႔ မရေစရဘူး, ကိုယ္တို႔ေတြ အိမ္တစ္လံုးထဲမွာပဲ အတူတူေနျပီး အုတ္ဂူတစ္ခုထဲမွာ အတူတူ ျမွုပ္နွံခံၾကမယ္"

ရိဟန္က ခပ္ျပင္းျပင္း ေခါင္းညိတ္ျပ၍ က်င္းယြမ္ရဲ႔ လည္တုိင္အားသိုင္းဖက္လုိက္ေလသည္။

က်င္းယြမ္က ရိဟန္အား ခြန္အားရွိသမွ်ျဖင့္ တင္းၾကပ္စြာ  ျပန္လည္ေပြ႔ဖက္လိုက္သည္။ သူ႔မ်က္လံုးမ်ားက အနည္းငယ္ နီရဲေန၏။ အနီေရာင္ လက္ထပ္ မွတ္ပံုတင္ဆိုတာ စံုတြဲရဲ႔ ခႏာၱကိုယ္ေတြကို ေပါင္းစည္းေပးလိုက္တာပဲ။ အဲ့ဒီထဲမွာ သူနဲ႔ ရိဟန္ရဲ႔ ဓာတ္ပံုကို ထည့္ထားလုိက္ျပီ။

သူတို႔နွစ္ေယာက္လံုးက တူညီစြာ ရင္တုန္ေနၾကေသာ္လည္း သူတို႔မ်က္နွာေပၚက အျပံဳးမ်ားကေတာ့ ေတာက္ပျပီး ေႏြးေထြးေနေလသည္။

***

မုအုပ္စု ရံုးခန္းတြင္,

ရိဟန္က သူ႔ကိုယ္ပိုင္ ဆိုဖာေလးေပၚမွာ ထုိင္ေနရင္း သူ႔လက္ေခ်ာင္းမ်ားကေတာ့့ ယန္ေဖးနဲ႔ ယန္ရန္တို႔ျဖင့္ chat ေနသည္။

[မုမုရဲ႔ဟန္ဟန္ : အေျခအေန? နန္႔ရွန္က အခု ဟဲယြမ္ကို ေက်ာ္ျဖတ္နုိင္သြားေလာက္ျပီ ဟုတ္တယ္မွတ္လား? ေနာက္ဆံုးတစ္ေခါက္ ငါသူ႔ဆီ သြားလည္တုန္းက သူ႔ကိုၾကည့္ရတာ အဆင္ေျပေနပံုေပၚတယ္

[တတိယသခင္မေလးေဖး : အမ္း, ငါလည္း အဲ့ဒီလိုပဲထင္တယ္, နန္႔ရွန္က အခု သူ႔ကို ေမ့သြားေလာက္ျပီ, တကယ္ေတာ့လည္း ဟဲယြမ္နဲ႔ ေဒၚေလးက သူ႔ေရွ႔မွာ စံုတြဲအျဖစ္ ေပၚလာတာကို သူကိုယ္တိုင္ ျမင္ျပီးသြားျပီပဲေလ, လက္မေလ်ွာ့ဖို႔က သူ႔အတြက္ ခက္ခဲမွာပဲ,ကိုယ္တုိင္ျမင္ရတာက အဲ့ဒီအေၾကာင္းကို ၾကားထားတာနဲ႔ တူမွာမဟုတ္ဘူး, ေဆးက ျပင္းထန္ေပမယ့္လည္း အရမ္းအက်ိဳးသက္ေရာက္မွဳ ရွိတယ္]

[ယန္ရန္ : ေသခ်ာတာေပါ့ ယိုရန္က အခု ဟဲယြမ္နဲ႔ ပတ္သတ္ျပီး ဘာမွမခံစားရေတာ့ဘူး, သူအခုတစ္ေလာ ေတာ္ေတာ္ေလး ျပန္ေကာင္းလာတယ္, မေန႔ကဆို ဇာတ္လမ္းအသစ္နဲ႔ ပတ္သတ္တဲ့ ဇာတ္ေၾကာင္းေတြကိုေတာင္ ျပန္စဥ္းစားေနျပီ, ငါထင္တာေတာ့ သိပ္မၾကာခင္ ငါတို႔မွာ ဇာတ္လမ္းအသစ္ ရွိလာလိမ့္မယ္]

[မုမုရဲ႔ဟန္ဟန္ : တကယ္ၾကီးလား? ဒါဆို မိုက္တာေပါ့! ၾကည့္ရတာ သူစိတ္ဒဏ္ရာက တစ္ျဖည္းျဖည္းနဲ႔ ေနာက္မွာ က်န္ရစ္ခဲ့ပံုပဲ, ဒါက သူ႔အတြက္ေတာ့ မေအာင္ျမင္တဲ့ အခ်စ္တစ္ခုပဲေလ တကယ္ေတာ့လည္း လူသားေတြက ဒီေလာက္ အၾကာၾကီး အသက္ရွင္ရတာ ယုတ္မာတဲ့သူ တစ္ေယာက္နွစ္ေယာက္ေလာက္ကို ဘယ္ေတာ့မွ မၾကံဳရဘူးလို႔ ဘယ္သူက ေသခ်ာ ေျပာနုိင္မွာလဲ?]

[တတိယသခင္မေလးေဖး : နန္႔ရွန္က စာအုပ္အသစ္ ေရးေနျပီ! ဂုဏ္ယူပါတယ္! ဟာေလလုယာ!] 

[တတိယသခင္မေလးေဖး : ရိဟန္ေျပာတာမွန္တယ္, နန္႔ရွန္က ရြံစရာေကာင္းတဲ့ သူတစ္ေယာက္နဲ႔ ဆံုေတြ႔လုိက္ရရံုပဲ အခု အဲ့ဒီလူကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ပစ္ထုတ္နုိင္သြားျပီဆိုေတာ့ သူ႔အနာဂတ္ ဘဝက ပိုျပီးေကာင္းလာလိမ့္မယ္!]

[မုမုရဲ႔ဟန္ဟန္ : ငါတို႔အခု လုပ္ဖို႔လိုတာက ဟဲယြမ္ကို ျပတ္ျပတ္သာသား ရွင္းထုတ္ပစ္ဖို႔ပဲ အဲ့ဒါမွသူ နန္႔ရွန္ကိုဘယ္ေတာ့မွ ထပ္ျပီး ေနွာင့္ယွက္လို႔ မရေတာ့မွာ,အနီးအနားမွာ ယန္ရန္ေနေပးတာကလည္း ေရရွည္အတြက္ အစီအစဥ္ေကာင္းတစ္ခု မဟုတ္ဘူး, ေနာက္ဆံုးမွာ သူလည္း ျပန္ေျပာင္းလာရမွာပဲေလ, သူထြက္သြားတာနဲ႔ နန္႔ရွန္က အကာအကြယ္ မရွိပဲက်န္ရစ္ခဲ့မွာ မဟုတ္ဘူးလား?]

[ယန္ရန္ : ငါဒီမွာေနတာ အဆင္ေျပတယ္, ထြက္သြားဖို႔ လံုးဝမစဥ္းစားဖူးဘူး]

[တတိယသခင္မေလးေဖး : အစ္ကို၊ အဲဒီေနရာကို အၿပီးအပိုင္ေျပာင္းဖို႔ တကယ္စီစဥ္ေနတာလား?]

=============



Continue Reading

You'll Also Like

2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
60.8K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
572K 56.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...