(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《174》

6K 1K 14
By Xiao_Yiii

Unicode

အခန်း(၁၇၄) - မင်းနာမည်ကတောင် အလိမ်အညာပဲ

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ယိုရန်က ကျင်းယွမ်ကို ပထမဆုံးတွေ့တုန်းကတည်းက တစ်ဖက်လူက သာမာန်လူတစ်ယောက် မဖြစ်နိုင်တာအား သူခံစားလို့ ရနိုင်ခဲ့သည်။ တစ်ဖက်လူနဲ့ ပိုပြီးရင်းနှီးလာတာကြောင့်သာ နောက်ပိုင်းမှာ သူသိပ် မစဉ်းစားခဲ့ခြင်းပင်။ ဒါ့အပြင် ကျင်းယွမ်က ရံဖန်ရံခါ အိမ်မှုကိစ္စများလည်း လုပ်တတ်သည်လေ။

ဥပမာအားဖြင့် ရိဟန်က သစ်သီးစားရတာ နှစ်သက်တာကြောင့် ကျင်းယွမ်က ခွာဖို့လိုအပ်တာကို ခွာပြီး ခွာဖို့ မလိုအပ်ဘူးဆိုရင် အရင်ဆုံးဆေးကြောပြီး လှီးချွတ်ပေးလိမ့်မည်။ အလုပ်တွေအားလုံးက ကျင်းယွမ်ရဲ့ လက်နှစ်ဖက်နဲ့တင် ပြီးမြောက်ကုန်သည်ချည်းသာ။ တစ်ခါတစ်လေဆိုရင် သူက ရိဟန်ရဲ့ အမိန့်များအတိုင်း လှည်ပတ်သွားလာနေတတ်ပြန်သည်။ သူတို့က ကမ္ဘာပေါ်က ချစ်ခင်ကြင်နာကြတဲ့ စုံတွဲတိုင်းလိုမျိုးသာ လုပ်ဆောင်ကြသည်။ ဒါပေမဲ့ ကျင်းယွမ်က ပိုင်မိသားစုက အငယ်ဆုံးသားရဲ့ အိမ်ထောင်ဖက် ဆိုမှတော့ ထိုလူက မုမိသားစုရဲ့ ခေါင်းဆောင် ဖြစ်လိမ့်မည်လေ။

သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ကြေညာတုန်းက တစ်မြို့လုံးနီးပါး ငလျှင်လှုပ်သလိုမျိုး လှုပ်ခတ်သွားခဲ့တာ။ အင်တာနက်ပေါ်က လူတိုင်းလည်း အဲ့ဒီအကြောင်းကို ပြောဆိုခဲ့ကြသည်ပဲ။ ယိုရန်က ဒီလိုကိစ္စမျိုးကို သိပ်ပြီး စိတ်မဝင်စားတတ်ပဲ တစ်ခဏလောက်သာ အကြမ်းဖျင်း ကြည့်ခဲ့တာပင်။ သူသိတာက ဒီလက်ထပ်ပွဲဟာ ပိုင်နဲ့မုမိသားစုတွေ အတူတကွ ပေါင်းစည်းခြင်းဆိုတာကိုသာ။

ဒါက စီးပွားရေးအရ လုပ်တဲ့ သာမာန်လက်ထပ်ခြင်း တစ်ခုပဲလို့သာ သူတွေးခဲ့သည်။ ဒါပေမဲ့ ဒီလင်လင် နှစ်ယောက်က သူ့ဘေးမှာ ပေါ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ဒီလောက် စိတ်အားထက်သန်စွာနဲ့ ပြုမူဆက်ဆံကြလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး

ရိဟန်နဲ့ ကျင်းယွမ်တို့က အချင်းချင်း နွေးထွေးပြီး သဘာဝကျကျ ဆက်ဆံကြသည်။ သူတို့အချစ်တွေက တောက်လောင်နေခဲ့သည်လေ။ နှစ်ယောက်သားက သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲမှာ သူတို့တွေ ဖြတ်ချင်ရင်တောင် ဖြတ်လို့ မရနိုင်တဲ့ မမြင်နိုင်သော ကြိုးတစ်ချောင်းနဲ့ ဆက်သွယ်ထားကြသည်။

လိမ္မောသီးတွေ အပြည့်သွပ်ထားတာကြောင့် ရိဟန်က စကားမပြောနိုင်သေးပေ။ သူလုပ်နိုင်သမျှက ခေါင်းညိတ်ပြလိုက်ခြင်းတစ်ခုတည်းသာ။

ယိုရန်က ယန်ရန်အား လှည့်ကြည့်လိုက်သည်။

"မင်းရဲ့ မျိုးရိုးနာမည်က ယန်ဖြစ်ပြီး ရိဟန်ကိုလည်း သိတာကြာပြီဆိုတော့ မင်းရော မိသားစုကြီး ငါးခုထဲကပဲလား?"

"အာ, ဟုတ်တယ်" ယန်ရန်က ရင်တုန်ပန်းတုန် ပြန်ဖြေသည်။

"ကျွန်တော်က ယန်မိသားစုရဲ့ ဒုတိယသားပါ"

ယိုရန်က ခေါင်းညိတ်၏။

"ဒုတိယသား....., ဘယ်လိုဖြစ်လို့ ဒီလိုနေရာမျိုးမှာ လာနေဖြစ်သွားတာလဲ?"

ယန်ရန်၏ ခေါင်းနောက်မှာ ချွေးအေးများ စီးကျလာရသည်။

"ဒီနေရာကို သဘောကျလို့လေ" ယန်ရန်က တည်ငြိမ်စွာ ဖြေလာ၏။

"ဒါက မုန်တိုင်းရဲ့မျက်လုံးနဲ့တူတယ်။ လုံးဝစိတ်အနှောက်အယှက် မဖြစ်တဲ့အပြင် ဒီနေရာက ကျွန်တော့အတွက် အရမ်းအဆင်ပြေတဲ့နေရာပဲ"

ယိုရန်က ထိုအဖြေနဲ့ ပတ်သတ်လို့ သံသယဝင်စရာ တစ်ခုမှ ရှာမတွေ့ပေ။

"ဒါက ပုန်းနေတယ်လို့ တွက်လို့ရလား? *ကြီးကျယ်မြင့်မြတ်တဲ့ စိတ်တွေက မြို့ထဲမှာ ပုန်းအောင်းနေကြတာပေါ့နော်?"

ယန်ရန်က ထင်ရှားလှသည့် အနေခက်မှုဖြင့် ခေါင်းညိတ်ပြသည်။

ခဏတာ ရပ်တန့်ပြီးနောက်မှာ ယိုရန်က ရိဟန်အား ပြန်မေးပြန်သည်။

"မင်းလို သခင်လေးတစ်ယောက်က ဒီနေရာကို တစ်ချိန်လုံး လာနေတာ အံ့သြစရာ မဟုတ်တော့ဘူး, ဒီနေရာကို သူ့အတွက် စုံစမ်းပေးနေတာလား?"

ရိဟန်က အေးခဲသွားသည်။ သူက ယိုရန်နဲ့ တွေ့ဆုံခဲ့သော ပထမဆုံး တွေ့ဆုံမှုအားသတိရသွားတာကြောင့် အလျင်စလိုဖြင့် တံတွေးမျိုချလိုက်ပြီး ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြကာ ပြန်ဖြေ၏။

"ဟုတ်တယ် ဟုတ်တယ် ယန်ရန်က သူ့ဘာသာသူနေဖို့ တိတ်ဆိတ်တဲ့ နေရာတစ်ခု လိုက်ရှာနေတာမို့လို့လေ, အဲ့ဒီနေ့က ကျန်းကောရဲ့ စာအုပ်ဆိုင် ပြန်ဖွင့်တာ, ငါပြန်လာတော့ အရမ်းစောနေသေးတာနဲ့ မြို့ထဲမှာ လှည်ပတ်သွားပြီး ယန်ရန်အတွက် နေလို့ရမယ့် နေရာတွေလိုက်ရှာနေလိုက်တာ, နောက်တော့ ဒီနေရာကို တွေ့ပြီး အရမ်းကောင်းတာတွေ့လို့ အိမ်ပြန်ရောက်တော့ သူ့ကိုပြောလိုက်တာပဲ, အဲ့ဒါကြောင့်လည်း သူက ဒီက အဆောက်အဦးတွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို အာရုံစိုက်လိုက်တယ်လေ" ရိဟန်ကအနည်းငယ် ချောင်းဟန့်လိုက်၍ လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။

ကျင်းယွမ်က ရိဟန်ရဲ့ ကျောကုန်းလေးကို ပုတ်ပေးလိုက်ကာ

"ဖြည်းဖြည်းပြော အလောမကြီးနဲ့"

"တကယ့်ကို ကမ္ဘာက ကျဉ်းကျဉ်းလေးပဲ" ယိုရန်က ခေါင်းညိတ်ပြလာသည်။

"အဲ့ဒါက ကံကြမ္မာလည်း ဟုတ်တယ်" ရိဟန်က အပြုံးလေးနဲ့ ပြန်ပြော၏။

"ယန်ရန်က မိသားစုအိမ်ကနေ ပြောင်းလာတာ, သူဘယ်ကိုပဲ သွားပါစေ အိမ်နီးနားချင်း ရှိလာမှာပဲ" ကျင်းယွမ်က တည်ငြိမ်စွာ ဝင်ပြောသည်။

"ဒါပေမဲ့သူက တိုက်တိုက်ဆိုင်ဆိုင် ဒီကိုပြောင်းလာခဲ့ပြီး သူအနှစ်သက်ဆုံး စာရေးဆရာရဲ့ အိမ်နီးနားချင်းဖြစ်လာခဲ့တယ်, ဒါက ဂုဏ်ပြုစရာကောင်းပြီး ကျေးဇူးတင်စရာတစ်ခုပဲ"

ကျင်းယွမ်ရဲ့ ခပ်နိမ့်နိမ့်အသံက တစ်ခြားသူများ သူ့အပေါ် ယုံကြည်လာနိုင်စေသည့် ခွန်အားတစ်ချို့ ရှိနေသည်။ မရည်ရွယ်ပါပဲနဲ့ ယိုရန်က တစ်ဖက်လူရဲ့ စကားအား ခေါင်းညိတ်ထောက်ခံမိတော့လေသည်။

တစ်ချိန်တည်းမှာပဲ ယန်ရန်နဲ့ ရိဟန်တို့်က အဝေးကို တစ်ပြိုင်နက်တည်း လှည့်သွားကြပြီး စိတ်သက်သာရာရစွာ သက်ပြင်းချမိကြတော့သည်။

***

စေ့စပ်ပွဲအား ပိုင်မိသားစု နေအိမ်မှာ ကျင်းပခြင်းပင်။ ကောင်းကင်ကြီး မှောင်မဲလာတဲ့ အချိန်မှာ အိမ်တွင်းမှ အလင်းရောင်များ တောက်ပလာသည်။ မြေညီထပ်ရှိ ဧည့်ခန်းမဆောင်မှာ လူအများက အော်ဟစ်ပြောဆိုနေကြကာ အရက်နဲ့ ရှန်ပိန်ရနံ့များက လေထုထဲတွင် ရွှန်းဆိုဝေ့ဝဲနေပြီး မျောလွင့်နေ၏။ မြို့ထဲမှာရှိတဲ့သူတိုင်း ဒီနေရာကို ရောက်နေကြခြင်း။ ဒီအထဲမှာ ဖိတ်စာမပါပဲနဲ့ အရေထူထူ ရောက်လာကြသည့် ဧည့်သည်များလည်း အများအပြား ရှိနေမှာ အသေအချာပင်။

ထိုညမှာ မြို့ထဲက ကြီးမြတ်သည့် အမျိုးသားများ အမျိုးသမီးများအားလုံး အခန်းတစ်ခုထဲမှာ စုဝေးမိကြ၏။ သူတို့တွေက ချောမောခန့်ညားတဲ့ အမျိုးသားများ သို့မဟုတ် လှပသည့် အမျိုးသမီးများနဲ့ အတူတူ အဖော်ပြုနေကြလေသည်။ သူတို့ထဲက အများစုဟာ လူသိများတဲ့ ပုဂ္ဂိုလ်များ၊ နာမည်ကြီးများကြီးပင်။ ဆောင်းရာသီ ဝင်နေပြီ ဖြစ်တာကြောင့် လေထုက အေးခဲနေသော်လည်း တင့်တယ်ကြော့ရှင်းလှသည့် တွဲဖက်များကတော့ ဖက်ရှင်ကျသည့် အဝတ်ပါးပါးလေးများကို ဝတ်ဆင်ထားကြဆဲသာ။ ပခုံးဗြောင်နဲ့ ခြေတံသွယ်သွယ်လေးများက လူတစ်ယောက်ရဲ့ နှလုံးသားအား ခုန်ပေါက်သွားစေနိုင်သည်။ ကျေးဇူးတင်စရာ ကောင်းတာကတော့ ခန်းမက အပူပေးစက်တွေ ဖွင့်ထားတာကြောင့် ထိုအလှလေးများက အအေးဒဏ်ကြောင့် မပင်ပန်းကြတော့ဘူးလေ။

ယိုရန်က ယန်ရန်နဲ့အတူ ရောက်လာသည်။ ရိဟန်သည် ထိုလူက လက်ရှိ ပါတီလိုမျိုးလူများတဲ့ အခြေအနေကို မကြိုက်နှစ်သက်မှန်း သိထားတာကြောင့် ယိုရန်ပုန်းနေဖို့အတွက် တိတ်ဆိတ်တဲ့ ထောင့်တစ်ခုအားအထူးတလှယ် စီစဉ်ပေးထား၏။ သူက ဖန်းဝန်နဲ့ ဝေဝုတို့ကိုပါ အနီးအနားမှာ စောင့်ကြပ်ခိုင်းထားလိုက်ပြီး ယိုရန်ကို တစ်ယောက်ယောက် မနှောင့်ယှက်လာအောင် ကာကွယ်ပေးထားလေသည်။

ခန်းမထဲမှာ လူများက နှစ်ယောက်တွဲ သုံးယောက်တွဲ စုဝေးနေကြသည်။ သူတို့က သူတို့ရဲ့ သောက်စရာများအား သောက်ရင်း စကားတစ်ပြောပြော နေနေကြသည်။ တစ်ခါတစ်ရံမှာ ရယ်မောနေကြသည်ပင်။ ကြယ်ပွင့်စုံတွဲ ရိဟန်နဲ့ ကျင်းယွမ်တို့ လှေကားထိပ်သို့ ရောက်လာသည့် အခါမှာတော့ လူအုပ်ထံမှ လက်ခုပ်သံများ သောင်းသောင်းဖြဖြ ထွက်ပေါ်လာတော့သည်။

အားလုံးက သူတို့နှစ်ယောက် ဘယ်လောက်တောင် ပြီးပြည့်စုံကြောင်း အော်ဟစ်နေကြကာ လှေကားအောက်ခြေသို့ ထိုနှစ်ယောက် ရောက်လာသည့် ခဏမှာပင် သူတို့အားလုံး ဝန်းရံလာကြ၏။ အမေနဲ့ အဖေတို့ကတောင် လူစုလူဝေးကြားကနေ မလွတ်မြောက်နိုင်ပေ။ သူတို့ဆီလာပြီး ပေါက်ပေါက်ဖောက်ကာ ဂုဏ်ပြုပေးသူ တစ်စုံတစ်ယောက်ကတော့ ရှိနေလိမ့်မည်သာ။

ဖုရဲန်သည် ရိဟန်နှင့် ကျင်းယွမ်တို့ကို စေ့စပ်ကြောင်းလမ်းကြောင်း ကြေငြာရန်အတွက် ခန်းမဆောင်ရှိ စင်မြင့်ပေါ်သို့ ပို့ဆောင်လိုက်ပြီး လူစုလူဝေးအား ကျေးဇူးတင်စကားအနည်းငယ်ပြောလိုက်သည်။

ယိုရန်၏ နေရာက အဝေးနားလေးမှာ ဖြစ်နေပေမယ့်လည်း စင်မြင့်ကိုတော့ ကောင်းကောင်း မြင်ရနိုင်သည့် နေရာကောင်းတစ်ခုပင်။

"သူတို့က အရမ်းလိုက်ဖက်တာပဲ" သူက ထိုတောက်ပနေသည့် စုံတွဲအားကြည့်ရင်းအပြုံးလေးနဲ့ ပြောလာသည်။

သူ့ဘေးမှာတော့ ယန်ဖေးရှိသည်။ သူမက အချိုရည်အား တစ်ငုံသောက်လိုက်ပြီး ပြုံးလိုက်၏။

"အမှန်ပဲ, သူတို့က အရမ်းချစ်နေကြတာ, ဟားဟား! နန့်ရှန်, ရှင်သိရဲ့လား? Mr မုရဲ့ အပြောင်းအလဲ မြန်လွန်းတဲ့ မျက်နှာပြောင်းလဲပုံကိုမြင်တိုင်း ရယ်ချင်နေတာ, တစ်ခြားသူတွေနဲ့ စကားပြောတဲ့ ပုံစံကို နှိုင်းယှဉ်ရရင် သူက ရိဟန်နဲ့ ပတ်သတ်ရင် အရမ်းကို ခြားနားတယ် ဟားဟား, သူတို့က တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကောင်းကြတယ်, အရမ်းလည်း နက်နက်နဲနဲ ချစ်နေကြတာလေ,အကယ်၍ သူတို့ လမ်းခွဲဖြစ်ရင်တောင် ဘယ်တော့မှ ထပ်ချစ်မိကြမယ် မထင်ဘူး"

"ဒါက သူတို့စေ့စပ်ပွဲနော်" ယန်ရန်က ဝင်ပြောလာသည်။

"ဒီလို ကြီးကျယ်ခန်းနားတဲ့ နေ့ရက်ကောင်းလေးမှာ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့"

ယန်ဖေးက သူမရဲ့ အစ်ကိုအား လျှာထုတ်ပြောင်ပြသည်။ ပျော်ရွှင်နေကြသည့် လူအုပ်အားကြည့်ရင်း သူမနှုတ်ခမ်းပေါ်က အပြုံးက ပိုလို့ပင် ကျယ်ပြန့်လာ၏။

"အခုခေတ်လူတွေက လက်တွေ့ဆန်တယ်။ စည်းကမ်းနဲ့ကျင့်ဝတ်တွေက ငွေကြေးနဲ့ အာဏာတွေ ရှေ့မှာ ဘာမှမဟုတ်ဘူး။ လိင်တူချင်းလက်ထပ်တာကို တရားဝင်ခွင့်ပြုခဲ့တာ နှစ်အတော်ကြာပေမယ့် ပင်မရေစီးကြောင်းရဲ့ အစိတ်အပိုင်းတော့မဟုတ်ဘူးလေ။ အထူးသဖြင့် မျိုးဆက်ဟောင်းတွေက လက်မခံနိုင်သေးဘူး။ ဒီခန်းမထဲမှာ အနည်းဆုံး လူတစ်ဝက်လောက်က လိင်တူချစ်သူတွေကို ဂြိုလ်သားတွေလို့ ထင်နေကြပေမယ့် သူတို့ကို ကြည့်လိုက်ပါဦး နန့်ရှန်ရယ်။ သူတို့အားလုံးက ပန်းလေးတွေ ပွင့်အာနေသလိုမျိုး တောက်ပတဲ့ အပြုံးလေးတွေနဲ့ ကျင်းယွမ် နဲ့ ရိဟန်ကို ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲအဖြစ် တောက်လျှောက် ချီးကျူးနေကြတယ်။ သူတို့ပြောနေတာတွေက တကယ်ပဲ စိတ်ရင်းမှန်နေသလိုမျိုးပဲ။ ဖိအားလေးတောင် ရှိမနေဘူး အဆုံးမှာတော့ အကုန်လုံးက အာဏာကြောင့်ပါပဲ။ ကျင်းယွမ်က မုမိသားစုရဲ့ အကြီးအကဲ။ ရိဟန်က ပိုင်မိသားစုရဲ့ အငယ်ဆုံးသား ဒီမြို့မှာဆို သူတိုက ပိရမစ်ထိပ်မှာ ရပ်နေတဲ့ လူအုပ်ကြီးထဲက အစိတ်အပိုင်းလေးပဲ။ သူတို့ရဲ့ အနေအထားအရ ဘယ်သူက ဘာပြောရဲမှာလဲ? တစ်ယောက်ယောက်က စိတ်ဆိုးစရာကောင်းတယ်လို့ ခံစားရရင်တောင် ပြုံးပြနေရမှာပဲ"

"ဒါက သဘာဝပဲလေ" ယန်ရန်က တုန့်ပြန်သည်။

"ဘယ်သူက ဒီလို မသက်မသာ ဖြစ်မှု နည်းနည်းလောက်နဲ့ မုနဲ့ပိုင်မိသားစုကို ရန်သူဖွဲ့ချင်မှာလဲ? သူတို့က အရူးမဟုတ်နေရင်ပေါ့, ရိုးရိုးသားသားပြောရရင် ကျင်းယွမ်နဲ့ ရိဟန်တို့က ကလေးဘဝကတည်းက ရင်းနှီးလာကြတာ, တော်တော်များများက သူတို့အကြောင်း သိပြီးသား ဆိုပေမယ့် ပွဲရဲ့ အဓိကကြယ်ပွင့်တွေက ဘာမှမပြောကြတော့ ဘယ်သူမှလည်း သူတို့အကြောင်း အတင်းအဖျင်း မပြောရဲကြတော့ဘူး, ဒါကြောင့် သူတို့ရဲ့ စေ့စပ်ပွဲကို ကြေညာပြီးပြီးခြင်းပဲ လူတိုင်းက သူတို့ဆီ အပြေးအလွှား လာပြီး ဂုဏ်ပြုပေးကြတာပေါ့, သူတို့ တကယ်စိတ်ထဲ ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ ကိစ္စမရှိဘူး, အနည်းဆုံးတော့ အပေါ်ယံမှာ သူတို့အားလုံး ပျော်နေကြတယ်လေ, ဒါကမှ လက်တွေ့ပဲ"

"လူတွေက ချမ်းသာကြွယ်ဝမှုအတွက် သေဆုံးကြပြီး ငှက်တွေက အစားအတွက် သေဆုံးကြလိမ့်မယ်" ယိုရန်က အေးဆေးစွာပြောသည်။

"လက်တွေ့ဘဝမှာ အမြတ်အစွန်းက အရေးကြီးဆုံးပဲ။ ဒါက ချို့ယွင်းချက်ဖြစ်နေပေမယ့်လည်း နားလည်နိုင်ပါတယ်"

ယိုရန်၏ အကြည့်များက လူအုပ်အား ဖြည်းညှင်းစွာ လိုက်ကြည့်နေသည်။ ရုတ်တရက် သူက အေးခဲသွားပြီး သူ့မျက်စံများ ကျုံ့သွားလေသည်။

ယန်ရန်က သူ့အား တစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေတာပင်။ ယိုရန်ရဲ့ အနေအထား တစ်ခုခု မှားယွင်းနေတာကို သတိပြုမိလိုက်တာနဲ့ သူ့အကြည့်က တစ်ဖက်လူရဲ့ မျက်လုံးအတိုင်း လိုက်ပါသွားလိုက်သည်။ သူ့မျက်လုံးများက အေးစက်သွားခဲ့ပြီး ချက်ချင်းပင် သူ့မျက်နှာပေါ်သို့ မှောင်မိုက်မှုတစ်ခု နေရာယူသွားတော့လေသည်။

လေထုထဲက တစ်ခုခုကို သတိပြုမိတာကြောင့် ယန်ဖေးသည်လည်း လှမ်းကြည့်လိုက်၏။ ၎င်းက ဟဲယွမ်နဲ့ ယန်မြောင်တို့ပင်။ ဟဲယွမ်က မီးခိုးရောင် custom suit ကို ဝတ်ဆင်ထားသည်။ သူ့လက်တစ်ဖက်ကတော့ သူ့ဇနီး၏ သေးသွယ်သော လက်အား ကိုင်ထား၏။ ထိုလူဆီမှာ ချစ်ခင်မြတ်နိုးလှသည့် အကြည့်တစ်ခု ရှိနေပြီး သူ့ဘေးကအမျိုးသမီးအား စကားပြောနေလေသည်။

ယန်မြောင်က အသက်သုံးဆယ်ကျော်ပြီ ဖြစ်သော်လည်း သူမရဲ့ အသားအရည်ကို သေသေချာချာ ဂရုစိုက်ထားတာကြောင့် သူမကို ကြည့်ရတာ နှစ်ဆယ်ဝန်းကျင် အမျိုးသမီး ငယ်လေးတစ်ယောက်လိုသာ ထင်ရစေသည်။

သူမက နီလာပြာရောင် ကြိုးမဲ့ဂါဝန်အား ဝတ်ဆင်ထားကာ သူမရဲ့ ဖြူဖွေးနေသည့် ပုလဲရောင် ပုခုံးသားများအား ဖော်ပြထားပြီး သူမခန္တာကိုယ်၏ ကောက်ကြောင်းများအား ပေါ်လွင်နေစေသည်။ သူမရဲ့ မေးက အနည်းငယ် ပင့်တက်နေကာ ထိုရင်သပ်ရှုမောဖွယ် မျက်နှာတွင် မောက်မာသော အရိပ်အယောင်များ ရှိနေသည်။

နီလာပြာရောင်က ဝတ်ရခက်သည့် အရောင်တစ်ခုဖြစ်သည်။ သေးငယ်သည့် ချို့ယွင်းချက်လေးသည်ပင် အလွယ်တကူနဲ့ အလှတရားကို ပျက်ပျယ်စေနိုင်လိမ့်မည်။ ယန်မြောင်ကတော့ ထိုဝတ်စုံနဲ့ အလွန်ကို လှပနေပေသည်။ ၎င်းက သူမရဲ့ ပုံပန်းသွင်ပြင်အား နှင်းကဲ့သို့ ဖြူဖွေးနေစေပြီး တင့်တယ်ကြော့ရှင်း၍ အရည်အသွေး ပြည့်ဝနေစေသည်။

ယန်ဖေးက သူတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဖြူဖျော့နေသည့် ယိုရန်အား ပြန်လှည့်ကြည့်လိုက်၏။ ထို့နောက် ယန်ရန်အား တိတ်တဆိတ် ထိလိုက်လေသည်။

သူမ အစ်ကိုက ဘာလုပ်နေတာလဲ? အဲ့ဒီ ချဉ်စူးစူး မျက်နှာက ဘာကြီးလဲ? သူက ယိုရန်ကို သူတို့ ဒီကိစ္စကို သိပြီးသား ဆိုတဲ့အကြောင်း နားလည်သွားစေချင်လို့လား? ကံကောင်းလို့ ယိုရန်ရဲ့ အာရုံက အဲ့ဒီ ရွံစရာလူ ဟဲယွမ်ဆီမှာ ရှိနေပြီး သူတို့ဆီမှာ ရှိမနေလို့သာပေါ့

ယန်ဖေး၏ထိတွေ့မှုကြောင့် ယန်ရန်က အတွေးထဲက လွတ်မြောက်လာရသည်။ သူက သူ့လက်အား ဆုပ်ချည်ဖြန့်ခြည်ဖြင့် အကြိမ်အနည်းငယ် လုပ်ပြီးမှ အပြုံးလေးနဲ့ ပြောလိုက်လေသည်။

"နန့်ရှန်, သူတို့ကို သိလို့လား?"

ယိုရန်က ထိတ်လန့်တကြားဖြင့် ထိုလူဆီက အကြည့်လွှဲဖယ်လိုက်ပြီး အပြုံးတုတစ်ခု ပြုံးပြလာ၏။

"ဒီလောက် အင်အားကြီးတဲ့ သူတစ်ယောက်ကို ငါက ဘယ်လိုလုပ် သိမှာလဲ? ဒီအတိုင်းပဲ ကြည့်နေတာပါ"

"အဲ့ဒီလူက ဟဲမိသားစုရဲ့ ခေါင်းဆောင်လေ" ယန်ရန်က အပြုံးနဲ့သာ ဆက်ပြောသည်။

"သူက တော်တော်လေး အာဏာရှိတယ်, ယန်မိသားစုနဲ့လည်း လက်ထပ်မှုနဲ့ ဆက်နွယ်ထားသေးတာ"

ယိုရန်၏ မျက်လုံးများ အနည်းငယ် မှေးမှိတ်သွား၏။

"ဟဲမိသားစုခေါင်းဆောင်လား? သူ့နာမည်ကဘာလဲ?"

"ဟဲယွမ်" ယန်ရန်က ပြန်ဖြေသည်။

ယိုရန်က ခြောက်ကပ်ကပ် ရယ်လာသည်။

"ဟဲ......ယွမ်လား? သူ့ဇနီးက လှတယ်နော်"

ယန်ရန်က ထိုစုံတွဲအား တစ်ချက်ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေသည်။

"အင်း, သူ့ဇနီးက ကျွန်တော့အဒေါ်လေ, အဲ့ဒီလူက သူ့မိန်းမရဲ့ အစေခံပဲ, ကျွန်တော့အဒေါ် ပြောသမျှ သူအကုန် နာခံတယ်, လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယန်မိသားစုဘက်က ကျွန်တော့်အဒေါ်နဲ့ သူ့ရဲ့လက်ထက်မှုကြေင့် သူ့ကို အများကြီး ကူညီပေးခဲ့တာ, မြို့ထဲမှာဆို ဟဲမိသားစုက မိသားစုကြီး ငါးခုအောက်က ထိပ်တန်းမိသားစုကြီးတွေထဲက တစ်ခုလို့ သတ်မှတ်လို့ရတယ်"

ယိုရန်၏ မျက်နှာက နှင်းပွင့်လို ဖြုဆုတ်လာတော့သည်။

ဟဲယွမ်?

ထိုအလိမ်အညာကြောင့် ခါးသက်မှုက သူ့စိတ်ထဲ တိုးဝင်လာ၏။

သူ့နာမည်ကတောင် အတုပဲ, ဟဲယောက်ဆိုတာက ဒီကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မတည်ရှိခဲ့ဘူး, ဒါလည်းကောင်းတာပါပဲ, သူချစ်တဲ့သူက ဟဲယောက်လေ အဲ့ဒီလူက ဒီလို တစ်လက်လက် တောက်ပပြီး ချောမောခန့်ညားတဲ့ ဟဲမိသားစု ခေါင်းဆောင်နဲ့ ဘာမှ မသက်ဆိုင်ဘူး, ဟဲယောက်ကတော့ ဒီအချိန်ကစပြီး သေသွားပြီပဲ

ယိုရန်၏ မျက်လုံးထဲက ခံစားချက်များ တစ်ဖြတ်ဖြတ် ပြေးနေသည်ကို ကြည့်ရင်း ယန်ဖေး၏ နှလုံးသားက နာကျင်မိလေသည်။ သူမက ဟဲယွမ်အား မုန်းတီးစွာ စိုက်ကြည့်မိခြင်းကို မရပ်တန့်နိုင်ခဲ့။

ဒါပေမဲ့ ကျင်းယွမ်ပြောတာ မှန်တယ်။ လူအများက ဒီကိစ္စကို မသိနိုင်ဘူး။ ဒါပေမဲ့လည်း ချိတ်ဆက်မှုတွေကြားထဲကနေ အနှေးနဲ့ အမြန်တော့ သိလာမှာပဲ။ ဒီသွေးစွန်းနေတဲ့ အဖြစ်မှန်ကို ယိုရန်တစ်ယောက် မပြင်မဆင်ပဲ မျက်နှာခြင်း ဆိုင်လိုက်ရတာထက် သူ့ဘာသာသူ စောစောသိသွားတာက ပိုကောင်းတယ်။ အဲ့ဒါမှ သူ့ကိုယ်သူ ပြင်ဆင်ပြီး ဒီကိစ္စနဲ့ ပတ်သတ်လို့ စဉ်းစားချိန် ပိုရသွားလိမ့်မယ်။ ဒါကလည်း သူဟဲယွမ်နဲ့ ပတ်သတ်ပြီး ဘယ်တော့မှ လွဲမှားနေမှာ မဟုတ်တော့ဘူးဆိုတဲ့ သဘောပဲလေ။

ဒဏ်ရာတစ်ဝိုက်မှာ ကပ်နေတဲ့ အသားတွေကို လှီးဖြတ်လိုက်ရင် နာကျင်မှုကို အများကြီး ခံစားရမှာက အမှန်တရားပဲ။ ဒါပေမဲ့ အသားပုပ်တွေကို ဆက်ထားတာက ဒဏ်ရာကိုပဲ ပိုဆိုးသွားစေမှာ

ယိုရန်က မျက်လုံးများကို ငုံ့လိုက်ရင်း ရယ်သံခပ်တိုးတိုးလေးဖြင့် သူ့ကိုယ်သူ လှောင်ရယ်လေသည်။

တစ်ဖက်လူကို ဆက်တိုက်စောင့်ကြည့်နေသည့် ယန်ရန်ကတော့ အမည်မသိ အကြောင်းပြချက်တစ်ခုခုကြောင့် သူ့နှလုံးသား နာကျင်ခံစားရပြီး စိတ်မကောင်းဖြစ်မိသည်။

မောင်နှမနှစ်ယောက်က အချင်းချင်း အကြည့်ဖလှယ် လိုက်ကြပြီးနောက် ခေါင်းစဉ်ကို ပိုမိုပေါ့ပါးသည့်ဘက်ကို ဆွဲယူဖို့ အကောင်းဆုံးကြိုးစားလိုက်ကြလေသည်။ ဒါကလည်း အနည်းငယ်သာ ထိရောက်သည်။ ယိုရန်၏ ခွန်အားတစ်ခုလုံး ဆုတ်ယုတ်သွားပုံရသည်။ အပြုံးတိုင်းက သိသိသာသာကို အားတင်းပြုံးနေခြင်းပင်။ မောင်နှမနှစ်ယောက်က သူတို့ဦးနှောက်ကို ဖြိုဖျက်ပြီး တတ်နိုင်သမျှ လုပ်ခဲ့ကြသော်လည်း မည်သည့်အရာကမျှ ယိုရန်အား ရွှင်လန်းအောင် မစွမ်းဆောင်နိုင်။ အဲ့ဒီအစား အဲ့ဒါက ယိုရန်အား နောက်ထပ် အနည်းငယ် ပိုသောက်မိသွားစေသည်။

ပုံမှန်ဆိုရင် ယိုရန်က အရက်သောက်ရတာ မကြိုက်ပေ။ ခွက်အနည်းငယ် သောက်ပြီးတာနဲ့ သူ့မျက်နှာတစ်ခုလုံး စတင်နီရဲလာ၏။ သူ့မျက်လုံးများက ဝေးလွင့်လာခဲ့ပြီး မူးသွားတော့လေသည်။

================

E-Translator's Note:

*ကြီးကျယ်မြင့်မြတ်တဲ့ စိတ်တွေက မြို့ထဲမှာ ပုန်းအောင်းနေကြတယ် - ဒါက တရုတ်စကားပုံ/ဆိုရိုးစကားတစ်ခုပါ- စိတ်ကောင်းနှလုံးကောင်းက ပတ်ဝန်းကျင်ပေါ် မူတည်နေတာမို့လို့ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို မေ့ပျောက်နိုင်စေဖို့ ကျေးလက်ဒေသတွေမှာ သွားနေကြခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ။ အကောင်းတကာ့ အကောင်းဆုံးတွေကသာ အင်ပါယာနန်းတွင်းထဲမှာပုန်းအောင်းနေတာတောင် သူတို့ရဲ့ ရှုပ်ထွေးနေတဲ့ ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းမှုနဲ့ အသိဉာဏ်ကို ရရှိနိုင်ပါတယ်တဲ့။

==============
Zawgyi

အခန္း(၁၇၄) - မင္းနာမည္ကေတာင္ အလိမ္အညာပဲ

ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ယိုရန္က က်င္းယြမ္ကို ပထမဆံုးေတြ႔တုန္းကတည္းက တစ္ဖက္လူက သာမာန္လူတစ္ေယာက္ မျဖစ္နုိင္တာအား သူခံစားလို႔ ရနုိင္ခဲ့သည္။ တစ္ဖက္လူနဲ႔ ပိုျပီးရင္းနွီးလာတာေၾကာင့္သာ ေနာက္ပိုင္းမွာ သူသိပ္ မစဥ္းစားခဲ့ျခင္းပင္။ ဒါ့အျပင္ က်င္းယြမ္က ရံဖန္ရံခါ အိမ္မွုကိစၥမ်ားလည္း လုပ္တတ္သည္ေလ။

ဥပမာအားျဖင့္ ရိဟန္က သစ္သီးစားရတာ နွစ္သက္တာေၾကာင့္ က်င္းယြမ္က ခြာဖို႔လိုအပ္တာကို ခြာျပီး ခြာဖို႔ မလိုအပ္ဘူးဆိုရင္ အရင္ဆံုးေဆးေၾကာျပီး လွီးခ်ြတ္ေပးလိမ့္မည္။ အလုပ္ေတြအားလံုးက က်င္းယြမ္ရဲ႔ လက္နွစ္ဖက္နဲ႔တင္ ျပီးေျမာက္ကုန္သည္ခ်ည္းသာ။ တစ္ခါတစ္ေလဆိုရင္ သူက ရိဟန္ရဲ႔ အမိန္႔မ်ားအတုိင္း လွည္ပတ္သြားလာေနတတ္ျပန္သည္။ သူတို႔က ကမာၻေပၚက ခ်စ္ခင္ၾကင္နာၾကတဲ့ စံုတြဲတုိင္းလိုမ်ိဳးသာ လုပ္ေဆာင္ၾကသည္။ ဒါေပမဲ့ က်င္းယြမ္က ပိုင္မိသားစုက အငယ္ဆံုးသားရဲ႔ အိမ္ေထာင္ဖက္ ဆိုမွေတာ့ ထိုလူက မုမိသားစုရဲ႔ ေခါင္းေဆာင္ ျဖစ္လိမ့္မည္ေလ။

သူတို႔ရဲ႔ ေစ့စပ္ေၾကာင္းလမ္းမွုကို ေၾကညာတုန္းက တစ္ျမိဳ႔လံုးနီးပါး ငလွ်င္လွုပ္သလိုမ်ိဳး လွုပ္ခတ္သြားခဲ့တာ။ အင္တာနက္ေပၚက လူတိုင္းလည္း အဲ့ဒီအေၾကာင္းကို ေျပာဆိုခဲ့ၾကသည္ပဲ။ ယိုရန္က ဒီလိုကိစၥမ်ိဳးကို သိပ္ျပီး စိတ္မဝင္စားတတ္ပဲ တစ္ခဏေလာက္သာ အၾကမ္းဖ်င္း ၾကည့္ခဲ့တာပင္။ သူသိတာက ဒီလက္ထပ္ပြဲဟာ ပိုင္နဲ႔မုမိသားစုေတြ အတူတကြ ေပါင္းစည္းျခင္းဆိုတာကိုသာ။

ဒါက စီးပြားေရးအရ လုပ္တဲ့ သာမာန္လက္ထပ္ျခင္း တစ္ခုပဲလုိ႔သာ သူေတြးခဲ့သည္။ ဒါေပမဲ့ ဒီလင္လင္ နွစ္ေယာက္က သူ႔ေဘးမွာ ေပၚလာျပီး တစ္ေယာက္နဲ႔တစ္ေယာက္ ဒီေလာက္ စိတ္အားထက္သန္စြာနဲ႔ ျပဳမူဆက္ဆံၾကလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့မိဘူး

ရိဟန္နဲ႔ က်င္းယြမ္တို႔က အခ်င္းခ်င္း ေႏြးေထြးျပီး သဘာဝက်က် ဆက္ဆံၾကသည္။ သူတို႔အခ်စ္ေတြက ေတာက္ေလာင္ေနခဲ့သည္ေလ။ နွစ္ေယာက္သားက သူတို႔ရဲ႔ ကိုယ္ပိုင္ကမာၻငယ္ေလးထဲမွာ သူတို႔ေတြ ျဖတ္ခ်င္ရင္ေတာင္ ျဖတ္လို႔ မရနုိ္င္တဲ့ မျမင္နုိင္ေသာ ၾကိဳးတစ္ေခ်ာင္းနဲ႔ ဆက္သြယ္ထားၾကသည္။

လိေမၼာသီးေတြ အျပည့္သြပ္ထားတာေၾကာင့္ ရိဟန္က စကားမေျပာနုိင္ေသးေပ။ သူလုပ္နုိင္သမွ်က ေခါင္းညိတ္ျပလိုက္ျခင္းတစ္ခုတည္းသာ။

ယိုရန္က ယန္ရန္အား လွည့္ၾကည့္လုိက္သည္။

"မင္းရဲ႔ မ်ိဳးရိုးနာမည္က ယန္ျဖစ္ျပီး ရိဟန္ကိုလည္း သိတာၾကာျပီဆိုေတာ့ မင္းေရာ မိသားစုၾကီး ငါးခုထဲကပဲလား?"

"အာ, ဟုတ္တယ္" ယန္ရန္က ရင္တုန္ပန္းတုန္ ျပန္ေျဖသည္။

"က်ြန္ေတာ္က ယန္မိသားစုရဲ႔ ဒုတိယသားပါ"

ယိုရန္က ေခါင္းညိတ္၏။

"ဒုတိယသား....., ဘယ္လိုျဖစ္လို႔ ဒီလိုေနရာမ်ိဳးမွာ လာေနျဖစ္သြားတာလဲ?"

ယန္ရန္၏ ေခါင္းေနာက္မွာ ေခ်ြးေအးမ်ား စီးက်လာရသည္။

"ဒီေနရာကို သေဘာက်လို႔ေလ" ယန္ရန္က တည္ျငိမ္စြာ ေျဖလာ၏။

"ဒါက မုန္တိုင္းရဲ႕မ်က္လုံးနဲ႔တူတယ္။ လုံးဝစိတ္အေႏွာက္အယွက္ မျဖစ္တဲ့အျပင္ ဒီေနရာက က်ြန္ေတာ့အတြက္ အရမ္းအဆင္ေျပတဲ့ေနရာပဲ"

ယိုရန္က ထိုအေျဖနဲ႔ ပတ္သတ္လို႔ သံသယဝင္စရာ တစ္ခုမွ ရွာမေတြ႔ေပ။

"ဒါက ပုန္းေနတယ္လို႔ တြက္လို႔ရလား? *ၾကီးက်ယ္ျမင့္ျမတ္တဲ့ စိတ္ေတြက ျမိဳ႔ထဲမွာ ပုန္းေအာင္းေနၾကတာေပါ့ေနာ္?"

ယန္ရန္က ထင္ရွားလွသည့္ အေနခက္မွဳျဖင့္ ေခါင္းညိတ္ျပသည္။

ခဏတာ ရပ္တန္႔ျပီးေနာက္မွာ ယိုရန္က ရိဟန္အား ျပန္ေမးျပန္သည္။

"မင္းလို သခင္ေလးတစ္ေယာက္က ဒီေနရာကို တစ္ခ်ိန္လံုး လာေနတာ အ့ံၾသစရာ မဟုတ္ေတာ့ဘူး, ဒီေနရာကို သူ႔အတြက္ စံုစမ္းေပးေနတာလား?"

ရိဟန္က ေအးခဲသြားသည္။ သူက ယိုရန္နဲ႔ ေတြ႔ဆံုခဲ့ေသာ ပထမဆံုး ေတြ႔ဆံုမွုအားသတိရသြားတာေၾကာင့္ အလ်င္စလိုျဖင့္ တံေတြးမ်ိဳခ်လုိက္ျပီး ေခါင္းတစ္ဆတ္ဆတ္ ညိတ္ျပကာ ျပန္ေျဖ၏။

"ဟုတ္တယ္ ဟုတ္တယ္ ယန္ရန္က သူ႔ဘာသာသူေနဖို႔ တိတ္ဆိတ္တဲ့ ေနရာတစ္ခု လုိက္ရွာေနတာမို႔လို႔ေလ, အဲ့ဒီေန႔က က်န္းေကာရဲ႔ စာအုပ္ဆုိင္ ျပန္ဖြင့္တာ, ငါျပန္လာေတာ့ အရမ္းေစာေနေသးတာနဲ႔ ျမိဳ႔ထဲမွာ လွည္ပတ္သြားျပီး ယန္ရန္အတြက္ ေနလို႔ရမယ့္ ေနရာေတြလုိက္ရွာေနလုိက္တာ, ေနာက္ေတာ့ ဒီေနရာကို ေတြ႔ျပီး အရမ္းေကာင္းတာေတြ႔လို႔ အိမ္ျပန္ေရာက္ေတာ့ သူ႔ကိုေျပာလုိက္တာပဲ, အဲ့ဒါေၾကာင့္လည္း သူက ဒီက အေဆာက္အဦးေတြနဲ႔ ပတ္သတ္တဲ့ သတင္းအခ်က္အလက္ေတြကို အာရံုစိုက္လုိက္တယ္ေလ" ရိဟန္ကအနည္းငယ္ ေခ်ာင္းဟန္႔လုိက္၍ လည္ေခ်ာင္းတစ္ခ်က္ ရွင္းလိုက္သည္။

က်င္းယြမ္က ရိဟန္ရဲ႔ ေက်ာကုန္းေလးကို ပုတ္ေပးလုိက္ကာ

"ျဖည္းျဖည္းေျပာ အေလာမၾကီးနဲ႔"

"တကယ့္ကို ကမာၻက က်ဥ္းက်ဥ္းေလးပဲ" ယိုရန္က ေခါင္းညိတ္ျပလာသည္။

"အဲ့ဒါက ကံၾကမၼာလည္း ဟုတ္တယ္" ရိဟန္က အျပံဳးေလးနဲ႔ ျပန္ေျပာ၏။

"ယန္ရန္က မိသားစုအိမ္ကေန ေျပာင္းလာတာ, သူဘယ္ကိုပဲ သြားပါေစ အိမ္နီးနားခ်င္း ရွိလာမွာပဲ" က်င္းယြမ္က တည္ျငိမ္စြာ ဝင္ေျပာသည္။

"ဒါေပမဲ့သူက တိုက္တိုက္ဆုိင္ဆုိင္ ဒီကိုေျပာင္းလာခဲ့ျပီး သူအနွစ္သက္ဆံုး စာေရးဆရာရဲ႔ အိမ္နီးနားခ်င္းျဖစ္လာခဲ့တယ္, ဒါက ဂုဏ္ျပဳစရာေကာင္းၿပီး ေက်းဇူးတင္စရာတစ္ခုပဲ"

က်င္းယြမ္ရဲ႔ ခပ္နိမ့္နိမ့္အသံက တစ္ျခားသူမ်ား သူ႔အေပၚ ယံုၾကည္လာနုိင္ေစသည့္ ခြန္အားတစ္ခ်ိဳ႔ ရွိေနသည္။ မရည္ရြယ္ပါပဲနဲ႔ ယိုရန္က တစ္ဖက္လူရဲ႔ စကားအား ေခါင္းညိတ္ေထာက္ခံမိေတာ့ေလသည္။

တစ္ခ်ိန္တည္းမွာပဲ ယန္ရန္နဲ႔ ရိဟန္တုိ္႔က အေဝးကို တစ္ျပိဳင္နက္တည္း လွည့္သြားၾကျပီး စိတ္သက္သာရာရစြာ သက္ျပင္းခ်မိၾကေတာ့သည္။

***

ေစ့စပ္ပြဲအား ပိုင္မိသားစု ေနအိမ္မွာ က်င္းပျခင္းပင္။ ေကာင္းကင္ၾကီး ေမွာင္မဲလာတဲ့ အခ်ိန္မွာ အိမ္တြင္းမွ အလင္းေရာင္မ်ား ေတာက္ပလာသည္။ ေျမညီထပ္ရွိ ဧည့္ခန္းမေဆာင္မွာ လူအမ်ားက ေအာ္ဟစ္ေျပာဆိုေနၾကကာ အရက္နဲ႔ ရွန္ပိန္ရနံ႔မ်ားက ေလထုထဲတြင္ ရႊန္းဆိုေဝ့ဝဲေနျပီး ေမ်ာလြင့္ေန၏။ ျမိဳ႔ထဲမွာရွိတဲ့သူတုိင္း ဒီေနရာကို ေရာက္ေနၾကျခင္း။ ဒီအထဲမွာ ဖိတ္စာမပါပဲနဲ႔ အေရထူထူ ေရာက္လာၾကသည့္ ဧည့္သည္မ်ားလည္း အမ်ားအျပား ရွိေနမွာ အေသအခ်ာပင္။

ထိုညမွာ ျမိဳ႔ထဲက ၾကီးျမတ္သည့္ အမ်ိဳးသားမ်ား အမ်ိဳးသမီးမ်ားအားလံုး အခန္းတစ္ခုထဲမွာ စုေဝးမိၾက၏။ သူတို႔ေတြက ေခ်ာေမာခန္႔ညားတဲ့ အမ်ိဳးသားမ်ား သို႔မဟုတ္ လွပသည့္ အမ်ိဳးသမီးမ်ားနဲ႔ အတူတူ အေဖာ္ျပဳေနၾကေလသည္။ သူတို႔ထဲက အမ်ားစုဟာ လူသိမ်ားတဲ့ ပုဂၢိဳလ္မ်ား၊ နာမည္ၾကီးမ်ားၾကီးပင္။ ေဆာင္းရာသီ ဝင္ေနျပီ ျဖစ္တာေၾကာင့္ ေလထုက ေအးခဲေနေသာ္လည္း တင့္တယ္ေၾကာ့ရွင္းလွသည့္ တြဲဖက္မ်ားကေတာ့ ဖက္ရွင္က်သည့္ အဝတ္ပါးပါးေလးမ်ားကို ဝတ္ဆင္ထားၾကဆဲသာ။ ပခံုးေျဗာင္နဲ႔ ေျခတံသြယ္သြယ္ေလးမ်ားက လူတစ္ေယာက္ရဲ႔ နွလံုးသားအား ခုန္ေပါက္သြားေစနုိင္သည္။ ေက်းဇူးတင္စရာ ေကာင္းတာကေတာ့ ခန္းမက အပူေပးစက္ေတြ ဖြင့္ထားတာေၾကာင့္ ထိုအလွေလးမ်ားက အေအးဒဏ္ေၾကာင့္ မပင္ပန္းၾကေတာ့ဘူးေလ။

ယိုရန္က ယန္ရန္နဲ႔အတူ ေရာက္လာသည္။ ရိဟန္သည္ ထိုလူက လက္ရွိ ပါတီလိုမ်ိဳးလူမ်ားတဲ့ အေျခအေနကို မၾကိဳက္နွစ္သက္မွန္း သိထားတာေၾကာင့္ ယိုရန္ပုန္းေနဖို႔အတြက္ တိတ္ဆိတ္တဲ့ ေထာင့္တစ္ခုအားအထူးတလွယ္ စီစဥ္ေပးထား၏။ သူက ဖန္းဝန္နဲ႔ ေဝဝုတို႔ကိုပါ အနီးအနားမွာ ေစာင့္ၾကပ္ခုိင္းထားလုိက္ျပီး ယိုရန္ကို တစ္ေယာက္ေယာက္ မေနွာင့္ယွက္လာေအာင္ ကာကြယ္ေပးထားေလသည္။

ခန္းမထဲမွာ လူမ်ားက နွစ္ေယာက္တြဲ သံုးေယာက္တြဲ စုေဝးေနၾကသည္။ သူတို႔က သူတို႔ရဲ႔ ေသာက္စရာမ်ားအား ေသာက္ရင္း စကားတစ္ေျပာေျပာ ေနေနၾကသည္။ တစ္ခါတစ္ရံမွာ ရယ္ေမာေနၾကသည္ပင္။ ၾကယ္ပြင့္စံုတြဲ ရိဟန္နဲ႔ က်င္းယြမ္တို႔ ေလွကားထိပ္သို႔ ေရာက္လာသည့္ အခါမွာေတာ့ လူအုပ္ထံမွ လက္ခုပ္သံမ်ား ေသာင္းေသာင္းျဖျဖ ထြက္ေပၚလာေတာ့သည္။

အားလံုးက သူတို႔နွစ္ေယာက္ ဘယ္ေလာက္ေတာင္ ျပီးျပည့္စံုေၾကာင္း ေအာ္ဟစ္ေနၾကကာ ေလွကားေအာက္ေျခသို႔ ထိုနွစ္ေယာက္ ေရာက္လာသည့္ ခဏမွာပင္ သူတို႔အားလံုး ဝန္းရံလာၾက၏။ အေမနဲ႔ အေဖတို႔ကေတာင္ လူစုလူေဝးၾကားကေန မလြတ္ေျမာက္နုိ္င္ေပ။ သူတုိ႔ဆီလာျပီး ေပါက္ေပါက္ေဖာက္ကာ ဂုဏ္ျပဳေပးသူ တစ္စံုတစ္ေယာက္ကေတာ့ ရွိေနလိမ့္မည္သာ။

ဖုရဲန္သည္ ရိဟန္ႏွင့္ က်င္းယြမ္တို႔ကို ေစ့စပ္ေၾကာင္းလမ္းေၾကာင္း ေၾကျငာရန္အတြက္ ခန္းမေဆာင္ရွိ စင္ျမင့္ေပၚသို႔ ပို႔ေဆာင္လိုက္ၿပီး လူစုလူေဝးအား ေက်းဇူးတင္စကားအနည္းငယ္ေျပာလိုက္သည္။

ယိုရန္၏ ေနရာက အေဝးနားေလးမွာ ျဖစ္ေနေပမယ့္လည္း စင္ျမင့္ကိုေတာ့ ေကာင္းေကာင္း ျမင္ရနိုင္သည့္ ေနရာေကာင္းတစ္ခုပင္။

"သူတို႔က အရမ္းလိုက္ဖက္တာပဲ" သူက ထိုေတာက္ပေနသည့္ စံုတြဲအားၾကည့္ရင္းအျပံဳးေလးနဲ႔ ေျပာလာသည္။

သူ႔ေဘးမွာေတာ့ ယန္ေဖးရွိသည္။ သူမက အခ်ိဳရည္အား တစ္ငံုေသာက္လုိက္ျပီး ျပံဳးလိုက္၏။

"အမွန္ပဲ, သူတို႔က အရမ္းခ်စ္ေနၾကတာ, ဟားဟား! နန္႔ရွန္, ရွင္သိရဲ႔လား? Mr မုရဲ႔ အေျပာင္းအလဲ ျမန္လြန္းတဲ့ မ်က္နွာေျပာင္းလဲပံုကိုျမင္တုိင္း ရယ္ခ်င္ေနတာ, တစ္ျခားသူေတြနဲ႔ စကားေျပာတဲ့ ပံုစံကို နွိုင္းယွဥ္ရရင္ သူက ရိဟန္နဲ႔ ပတ္သတ္ရင္ အရမ္းကို ျခားနားတယ္ ဟားဟား, သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္လည္း အရမ္းေကာင္းၾကတယ္, အရမ္းလည္း နက္နက္နဲနဲ ခ်စ္ေနၾကတာေလ,အကယ္၍ သူတို႔ လမ္းခြဲျဖစ္ရင္ေတာင္ ဘယ္ေတာ့မွ ထပ္ခ်စ္မိၾကမယ္ မထင္ဘူး"

"ဒါက သူတို႔ေစ့စပ္ပြဲေနာ္" ယန္ရန္က ဝင္ေျပာလာသည္။

"ဒီလုိ ၾကီးက်ယ္ခန္းနားတဲ့ ေန႔ရက္ေကာင္းေလးမွာ ေပါက္ကရေတြ ေလွ်ာက္ေျပာမေနနဲ႔"

ယန္ေဖးက သူမရဲ႔ အစ္ကိုအား လွ်ာထုတ္ေျပာင္ျပသည္။ ေပ်ာ္ရႊင္ေနၾကသည့္ လူအုပ္အားၾကည့္ရင္း သူမနွုတ္ခမ္းေပၚက အျပံုးက ပိုလုိ႔ပင္ က်ယ္ျပန္႔လာ၏။

"အခုေခတ္လူေတြက လက္ေတြ႕ဆန္တယ္။ စည္းကမ္းနဲ႔က်င့္ဝတ္ေတြက ေငြေၾကးနဲ႔ အာဏာေတြ ေရွ႕မွာ ဘာမွမဟုတ္ဘူး။ လိင္တူခ်င္းလက္ထပ္တာကို တရားဝင္ခြင့္ျပဳခဲ့တာ ႏွစ္အေတာ္ၾကာေပမယ့္ ပင္မေရစီးေၾကာင္းရဲ႕ အစိတ္အပိုင္းေတာ့မဟုတ္ဘူးေလ။ အထူးသျဖင့္ မ်ိဳးဆက္ေဟာင္းေတြက လက္မခံႏိုင္ေသးဘူး။ ဒီခန္းမထဲမွာ အနည္းဆုံး လူတစ္ဝက္ေလာက္က လိင္တူခ်စ္သူေတြကို ၿဂိဳလ္သားေတြလို႔ ထင္ေနၾကေပမယ့္ သူတို႔ကို ၾကည့္လိုက္ပါဦး နန္႔ရွန္ရယ္။ သူတို႔အားလုံးက ပန္းေလးေတြ ပြင့္အာေနသလိုမ်ိဳး ေတာက္ပတဲ့ အၿပဳံးေလးေတြနဲ႔ က်င္းယြမ္ နဲ႔ ရိဟန္ကို ၿပီးျပည့္စုံတဲ့ စုံတြဲတစ္တြဲအျဖစ္ ေတာက္ေလွ်ာက္ ခ်ီးက်ဴးေနၾကတယ္။ သူတို႔ေျပာေနတာေတြက တကယ္ပဲ စိတ္ရင္းမွန္ေနသလိုမ်ိဳးပဲ။ ဖိအားေလးေတာင္ ရွိမေနဘူး အဆုံးမွာေတာ့ အကုန္လံုးက အာဏာေၾကာင့္ပါပဲ။ က်င္းယြမ္က မုမိသားစုရဲ႕ အႀကီးအကဲ။ ရိဟန္က ပိုင္မိသားစုရဲ႕ အငယ္ဆုံးသား ဒီၿမိဳ႕မွာဆို သူတိုက ပိရမစ္ထိပ္မွာ ရပ္ေနတဲ့ လူအုပ္ႀကီးထဲက အစိတ္အပိုင္းေလးပဲ။ သူတို႔ရဲ႕ အေနအထားအရ ဘယ္သူက ဘာေျပာရဲမွာလဲ? တစ္ေယာက္ေယာက္က စိတ္ဆိုးစရာေကာင္းတယ္လို႔ ခံစားရရင္ေတာင္ ၿပဳံးျပေနရမွာပဲ"

"ဒါက သဘာဝပဲေလ" ယန္ရန္က တုန္႔ျပန္သည္။

"ဘယ္သူက ဒီလို မသက္မသာ ျဖစ္မွု နည္းနည္းေလာက္နဲ႔ မုနဲ႔ပုိင္မိသားစုကို ရန္သူဖြဲ႔ခ်င္မွာလဲ? သူတုိ႔က အရူးမဟုတ္ေနရင္ေပါ့, ရိုးရိုးသားသားေျပာရရင္ က်င္းယြမ္နဲ႔ ရိဟန္တို႔က ကေလးဘဝကတည္းက ရင္းနွီးလာၾကတာ, ေတာ္ေတာ္မ်ားမ်ားက သူတို႔အေၾကာင္း သိျပီးသား ဆိုေပမယ့္ ပြဲရဲ႔ အဓိကၾကယ္ပြင့္ေတြက ဘာမွမေျပာၾကေတာ့ ဘယ္သူမွလည္း သူတို႔အေၾကာင္း အတင္းအဖ်င္း မေျပာရဲၾကေတာ့ဘူး, ဒါေၾကာင့္ သူတို႔ရဲ႔ ေစ့စပ္ပြဲကို ေၾကညာျပီးျပီးျခင္းပဲ လူတုိင္းက သူတို႔ဆီ အေျပးအလႊား လာျပီး ဂုဏ္ျပဳေပးၾကတာေပါ့, သူတုိ႔ တကယ္စိတ္ထဲ ရွိသည္ျဖစ္ေစ မရွိဘူးျဖစ္ေစ ကိစၥမရွိဘူး, အနည္းဆံုးေတာ့ အေပၚယံမွာ သူတို႔အားလံုး ေပ်ာ္ေနၾကတယ္ေလ, ဒါကမွ လက္ေတြ႔ပဲ"

"လူေတြက ခ်မ္းသာၾကြယ္ဝမွုအတြက္ ေသဆံုးၾကျပီး ငွက္ေတြက အစားအတြက္ ေသဆံုးၾကလိမ့္မယ္" ယိုရန္က ေအးေဆးစြာေျပာသည္။

"လက္ေတြ႕ဘဝမွာ အျမတ္အစြန္းက အေရးႀကီးဆုံးပဲ။ ဒါက ခ်ိဳ႕ယြင္းခ်က္ျဖစ္ေနေပမယ့္လည္း နားလည္ႏိုင္ပါတယ္"

ယိုရန္၏ အၾကည့္မ်ားက လူအုပ္အား ျဖည္းညွင္းစြာ လိုက္ၾကည့္ေနသည္။ ရုတ္တရက္ သူက ေအးခဲသြားျပီး သူ႔မ်က္စံမ်ား က်ံဳ႔သြားေလသည္။

ယန္ရန္က သူ႔အား တစ္ခ်ိန္လံုး မ်က္စိေဒါက္ေထာက္ ၾကည့္ေနတာပင္။ ယိုရန္ရဲ႔ အေနအထား တစ္ခုခု မွားယြင္းေနတာကို သတိျပဳမိလုိက္တာနဲ႔ သူ႔အၾကည့္က တစ္ဖက္လူရဲ႔ မ်က္လံုးအတုိင္း လိုက္ပါသြားလိုက္သည္။ သူ႔မ်က္လံုးမ်ားက ေအးစက္သြားခဲ့ျပီး ခ်က္ခ်င္းပင္ သူ႔မ်က္နွာေပၚသို႔ ေမွာင္မိုက္မွဳတစ္ခု ေနရာယူသြားေတာ့ေလသည္။

ေလထုထဲက တစ္ခုခုကို သတိျပဳမိတာေၾကာင့္ ယန္ေဖးသည္လည္း လွမ္းၾကည့္လုိက္၏။ ၎က ဟဲယြမ္နဲ႔ ယန္ေျမာင္တို႔ပင္။ ဟဲယြမ္က မီးခိုးေရာင္ custom suit ကို ဝတ္ဆင္ထားသည္။ သူ႔လက္တစ္ဖက္ကေတာ့ သူ႔ဇနီး၏ ေသးသြယ္ေသာ လက္အား ကိုင္ထား၏။ ထိုလူဆီမွာ ခ်စ္ခင္ျမတ္နိုးလွသည့္ အၾကည့္တစ္ခု ရွိေနျပီး သူ႔ေဘးကအမ်ိဳးသမီးအား စကားေျပာေနေလသည္။

ယန္ေျမာင္က အသက္သံုးဆယ္ေက်ာ္ျပီ ျဖစ္ေသာ္လည္း သူမရဲ႔ အသားအရည္ကို ေသေသခ်ာခ်ာ ဂရုစိုက္ထားတာေၾကာင့္ သူမကို ၾကည့္ရတာ နွစ္ဆယ္ဝန္းက်င္ အမ်ိဳးသမီး ငယ္ေလးတစ္ေယာက္လိုသာ ထင္ရေစသည္။

သူမက နီလာျပာေရာင္ ၾကိဳးမဲ့ဂါဝန္အား ဝတ္ဆင္ထားကာ သူမရဲ႔ ျဖဴေဖြးေနသည့္ ပုလဲေရာင္ ပုခံုးသားမ်ားအား ေဖာ္ျပထားျပီး သူမခႏာၱကိုယ္၏ ေကာက္ေၾကာင္းမ်ားအား ေပၚလြင္ေနေစသည္။ သူမရဲ႔ ေမးက အနည္းငယ္ ပင့္တက္ေနကာ ထိုရင္သပ္ရႈေမာဖြယ္ မ်က္ႏွာတြင္ ေမာက္မာေသာ အရိပ္အေယာင္မ်ား ရွိေနသည္။

နီလာျပာေရာင္က ဝတ္ရခက္သည့္ အေရာင္တစ္ခုျဖစ္သည္။ ေသးငယ္သည့္ ခ်ိဳ႔ယြင္းခ်က္ေလးသည္ပင္ အလြယ္တကူနဲ႔ အလွတရားကို ပ်က္ပ်ယ္ေစနုိင္လိမ့္မည္။ ယန္ေျမာင္ကေတာ့ ထိုဝတ္စံုနဲ႔ အလြန္ကို လွပေနေပသည္။ ၎က သူမရဲ႔ ပံုပန္းသြင္ျပင္အား နွင္းကဲ့သို႔ ျဖဴေဖြးေနေစျပီး တင့္တယ္ေၾကာ့ရွင္း၍ အရည္အေသြး ျပည့္ဝေနေစသည္။

ယန္ေဖးက သူတို႔ကို တစ္ခ်က္ ၾကည့္လုိက္ျပီးေနာက္ ျဖဴေဖ်ာ့ေနသည့္ ယိုရန္အား ျပန္လွည့္ၾကည့္လုိက္၏။ ထို႔ေနာက္ ယန္ရန္အား တိတ္တဆိတ္ ထိလုိက္ေလသည္။

သူမ အစ္ကိုက ဘာလုပ္ေနတာလဲ? အဲ့ဒီ ခ်ဥ္စူးစူး မ်က္နွာက ဘာၾကီးလဲ? သူက ယိုရန္ကို သူတို႔ ဒီကိစၥကို သိျပီးသား ဆိုတဲ့အေၾကာင္း နားလည္သြားေစခ်င္လို႔လား? ကံေကာင္းလို႔ ယိုရန္ရဲ႔ အာရံုက အဲ့ဒီ ရြံစရာလူ ဟဲယြမ္ဆီမွာ ရွိေနျပီး သူတို႔ဆီမွာ ရွိမေနလို႔သာေပါ့

ယန္ေဖး၏ထိေတြ႔မွုေၾကာင့္ ယန္ရန္က အေတြးထဲက လြတ္ေျမာက္လာရသည္။ သူက သူ႔လက္အား ဆုပ္ခ်ည္ျဖန္႔ျခည္ျဖင့္ အၾကိမ္အနည္းငယ္ လုပ္ျပီးမွ အျပံဳးေလးနဲ႔ ေျပာလိုက္ေလသည္။

"နန္႔ရွန္, သူတို႔ကို သိလို႔လား?"

ယိုရန္က ထိတ္လန္႔တၾကားျဖင့္ ထိုလူဆီက အၾကည့္လႊဲဖယ္လုိက္ျပီး အျပံဳးတုတစ္ခု ျပံဳးျပလာ၏။

"ဒီေလာက္ အင္အားၾကီးတဲ့ သူတစ္ေယာက္ကို ငါက ဘယ္လိုလုပ္ သိမွာလဲ? ဒီအတုိင္းပဲ ၾကည့္ေနတာပါ"

"အဲ့ဒီလူက ဟဲမိသားစုရဲ႔ ေခါင္းေဆာင္ေလ" ယန္ရန္က အျပံဳးနဲ႔သာ ဆက္ေျပာသည္။

"သူက ေတာ္ေတာ္ေလး အာဏာရွိတယ္, ယန္မိသားစုနဲ႔လည္း လက္ထပ္မွုနဲ႔ ဆက္ႏြယ္ထားေသးတာ"

ယိုရန္၏ မ်က္လံုးမ်ား အနည္းငယ္ ေမွးမွိတ္သြား၏။

"ဟဲမိသားစုေခါင္းေဆာင္လား? သူ႔နာမည္ကဘာလဲ?"

"ဟဲယြမ္" ယန္ရန္က ျပန္ေျဖသည္။

ယို၇န္က ေျခာက္ကပ္ကပ္ ရယ္လာသည္။

"ဟဲ......ယြမ္လား? သူ႔ဇနီးက လွတယ္ေနာ္"

ယန္ရန္က ထိုစံုတြဲအား တစ္ခ်က္ၾကည့္ျပီး လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လုိက္ျပီးေနာက္ တည္ျငိမ္စြာ ျပန္ေျဖသည္။

"အင္း, သူ႔ဇနီးက က်ြန္ေတာ့အေဒၚေလ, အဲ့ဒီလူက သူ႔မိန္းမရဲ႔ အေစခံပဲ, က်ြန္ေတာ့အေဒၚ ေျပာသမ်ွ သူအကုန္ နာခံတယ္, လြန္ခဲ့တဲ့ နွစ္ေတြတုန္းက ယန္မိသားစုဘက္က က်ြန္ေတာ့္အေဒၚနဲ႔ သူ႔ရဲ႔လက္ထက္မွုေၾကင့္ သူ႔ကို အမ်ားၾကီး ကူညီေပးခဲ့တာ, ျမိဳ႔ထဲမွာဆို ဟဲမိသားစုက မိသားစုၾကီး ငါးခုေအာက္က ထိပ္တန္းမိသားစုၾကီးေတြထဲက တစ္ခုလို႔ သတ္မွတ္လို႔ရတယ္"

ယိုရန္၏ မ်က္နွာက နွင္းပြင့္လို ျဖဳဆုတ္လာေတာ့သည္။

ဟဲယြမ္?

ထိုအလိမ္အညာေၾကာင့္ ခါးသက္မွုက သူ႔စိတ္ထဲ တိုးဝင္လာ၏။

သူ႔နာမည္ကေတာင္ အတုပဲ, ဟဲေယာက္ဆိုတာက ဒီကမာၻေပၚမွာ ဘယ္တုန္းကမွ မတည္ရွိခဲ့ဘူး, ဒါလည္းေကာင္းတာပါပဲ, သူခ်စ္တဲ့သူက ဟဲေယာက္ေလ အဲ့ဒီလူက ဒီလို တစ္လက္လက္ ေတာက္ပျပီး ေခ်ာေမာခန္႔ညားတဲ့ ဟဲမိသားစု ေခါင္းေဆာင္နဲ႔ ဘာမွ မသက္ဆုိင္ဘူး, ဟဲေယာက္ကေတာ့ ဒီအခ်ိန္ကစျပီး ေသသြားျပီပဲ

ယိုရန္၏ မ်က္လံုးထဲက ခံစားခ်က္မ်ား တစ္ျဖတ္ျဖတ္ ေျပးေနသည္ကို ၾကည့္ရင္း ယန္ေဖး၏ နွလံုးသားက နာက်င္မိေလသည္။ သူမက ဟဲယြမ္အား မုန္းတီးစြာ စိုက္ၾကည့္မိျခင္းကို မရပ္တန္႔နုိင္ခဲ့။

ဒါေပမဲ့ က်င္းယြမ္ေျပာတာ မွန္တယ္။ လူအမ်ားက ဒီကိစၥကို မသိနုိင္ဘူး။ ဒါေပမဲ့လည္း ခ်ိတ္ဆက္မွုေတြၾကားထဲကေန အေနွးနဲ႔ အျမန္ေတာ့ သိလာမွာပဲ။ ဒီေသြးစြန္းေနတဲ့ အျဖစ္မွန္ကို ယိုရန္တစ္ေယာက္ မျပင္မဆင္ပဲ မ်က္နွာျခင္း ဆိုင္လုိက္ရတာထက္ သူ႔ဘာသာသူ ေစာေစာသိသြားတာက ပိုေကာင္းတယ္။ အဲ့ဒါမွ သူ႔ကိုယ္သူ ျပင္ဆင္ျပီး ဒီကိစၥနဲ႔ ပတ္သတ္လို႔ စဥ္းစားခ်ိန္ ပိုရသြားလိမ့္မယ္။ ဒါကလည္း သူဟဲယြမ္နဲ႔ ပတ္သတ္ျပီး ဘယ္ေတာ့မွ လြဲမွားေနမွာ မဟုတ္ေတာ့ဘူးဆိုတဲ့ သေဘာပဲေလ။

ဒဏ္ရာတစ္ဝိုက္မွာ ကပ္ေနတဲ့ အသားေတြကို လွီးျဖတ္လုိက္ရင္ နာက်င္မွုကို အမ်ားၾကီး ခံစားရမွာက အမွန္တရားပဲ။ ဒါေပမဲ့ အသားပုပ္ေတြကို ဆက္ထားတာက ဒဏ္ရာကိုပဲ ပိုဆိုးသြားေစမွာ

ယိုရန္က မ်က္လံုးမ်ားကို ငံု႔လုိက္ရင္း ရယ္သံခပ္တိုးတိုးေလးျဖင့္ သူ႔ကိုယ္သူ ေလွာင္ရယ္ေလသည္။

တစ္ဖက္လူကို ဆက္တိုက္ေစာင့္ၾကည့္ေနသည့္ ယန္ရန္ကေတာ့ အမည္မသိ အေၾကာင္းျပခ်က္တစ္ခုခုေၾကာင့္ သူ႔နွလံုးသား နာက်င္ခံစားရၿပီး စိတ္မေကာင္းျဖစ္မိသည္။

ေမာင္နွမနွစ္ေယာက္က အခ်င္းခ်င္း အၾကည့္ဖလွယ္ လိုက္ၾကျပီးေနာက္ ေခါင္းစဥ္ကို ပိုမိုေပါ့ပါးသည့္ဘက္ကို ဆြဲယူဖို႔ အေကာင္းဆံုးၾကိဳးစားလိုက္ၾကေလသည္။ ဒါကလည္း အနည္းငယ္သာ ထိေရာက္သည္။ ယိုရန္၏ ခြန္အားတစ္ခုလံုး ဆုတ္ယုတ္သြားပံုရသည္။ အျပံဳးတိုင္းက သိသိသာသာကို အားတင္းျပံဳးေနျခင္းပင္။ ေမာင္နွမနွစ္ေယာက္က သူတို႔ဦးေနွာက္ကို ျဖိဳဖ်က္ျပီး တတ္နုိင္သမ်ွ လုပ္ခဲ့ၾကေသာ္လည္း မည္သည့္အရာကမွ် ယိုရန္အား ႐ႊင္လန္းေအာင္ မစြမ္းေဆာင္ႏိုင္။ အဲ့ဒီအစား အဲ့ဒါက ယိုရန္အား ေနာက္ထပ္ အနည္းငယ္ ပိုေသာက္မိသြားေစသည္။

ပံုမွန္ဆိုရင္ ယိုရန္က အရက္ေသာက္ရတာ မၾကိဳက္ေပ။ ခြက္အနည္းငယ္ ေသာက္ျပီးတာနဲ႔ သူ႔မ်က္နွာတစ္ခုလံုး စတင္နီရဲလာ၏။ သူ႔မ်က္လံုးမ်ားက ေဝးလြင့္လာခဲ့ျပီး မူးသြားေတာ့ေလသည္။

================

E-Translator's Note:

*ၾကီးက်ယ္ျမင့္ျမတ္တဲ့ စိတ္ေတြက ျမိဳ႔ထဲမွာ ပုန္းေအာင္းေနၾကတယ္ - ဒါက တ႐ုတ္စကားပုံ/ဆို႐ိုးစကားတစ္ခုပါ- စိတ္ေကာင္းနွလံုးေကာင္းက ပတ္ဝန္းက်င္ေပၚ မူတည္ေနတာမို႔လို႔ သူတုိ႔ရဲ႔ စိုးရိမ္ပူပန္မွုေတြကို ေမ့ေပ်ာက္နုိင္ေစဖို႔ ေက်းလက္ေဒသေတြမွာ သြားေနၾကျခင္းကို ဆိုလိုျခင္း ျဖစ္ပါတယ္။ ။ အေကာင္းတကာ့ အေကာင္းဆံုးေတြကသာ အင္ပါယာနန္းတြင္းထဲမွာပုန္းေအာင္းေနတာေတာင္ သူတို႔ရဲ႔ ရွုပ္ေထြးေနတဲ့ ပတ္ဝန္းက်င္မွာ ျငိမ္းခ်မ္းမွုနဲ႔ အသိဉာဏ္ကို ရရွိနုိင္ပါတယ္တဲ့။

==============

Continue Reading

You'll Also Like

80.2K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...
948K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...
342K 27.2K 29
Mini Story Uni Life Style Sweet Romance
570K 56.7K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...