Unicode
အခန်း(၁၇၂) - ဘယ်လောက်တောင် 'တိုက်ဆိုင်' လိုက်လဲ
ကျင်းယွမ်လည်း မီးဖိုချောင်ထဲ လျှောက်ဝင်လာကာ ရေဇကာအား တစ်ချက်ကြည့်လိုက်သည်။
"ကိုယ်အပြင်မှာ နည်းနည်းလောက် သွားဝယ်လိုက်မယ်"
ယန်ရန်က သူ့လက်မှ ရေများအား ခါရင်းပြောလာ၏။
"ရပါတယ်, ငါဒီနေ့ပဲ နေရာတစ်ဝိုက်ကို သွားထားတယ်, စူပါမားကတ်ဘယ်မှာလဲ ငါသိတယ် ငါပဲသွားလိုက်တော့မယ်, မင်းတို့သွားရင် ရှာနေရဦးမယ်"
"ကောင်းပြီလေ" ကျင်းယွမ်က စဉ်းစားပြီးနောက် လက်ခံလိုက်သည်။
"ရိဟန်နဲ့ငါက ဟင်းရည်နွေးထားလိုက်မယ်, မင်းပြန်လာတာနဲ့ စားလို့ရတာပေါ့"
"အင်း"
ယန်ရန်က ပြန်ဖြေပြီး အေပရွန်အားချွတ်ကာ တံခါးမှ ကုတ်ကို ကောက်ဝတ်လိုက်သည်။ ထို့နောက် ပိုက်ဆံအိတ်နဲ့သော့ကို ယူကာ အိမ်မှ ထွက်သွားတော့၏။
ယန်ရန်တစ်ယောက် တံခါးပိတ်ပြီး လှည့်ထွက်လိုက်တဲ့အချိန်မှာ သူ့နောက်မှ တစ်ခုခု နှိပ်လိုက်သံကို ကြားလိုက်ရသည်။ သူပြန်လှည့်ကြည့်တော့ နန့်ရှန်ရဲ့ တိုက်ခန်းတံခါး ပွင့်လာပြီး ယိုရန်က လက်ထဲမှာ အမှိုက်အိတ်ကိုင်ကာ ထွက်လာသည်ကို မြင်လိုက်ရ၏။ တစ်ဖက်လူက ယန်ရန်ကို မြင်သောအခါ ခဏရပ်သွားလေသည်။
"တိုက်ဆိုင်လိုက်တာ" ယိုရန်က အပြုံးလေးနဲ့ နှုတ်ဆက်လာသည်.
ယန်ရန်က သူ့ကိုယ်သူ ငုံ့ကြည့်ပြီး တစ်ကိုယ်လုံး စစ်ဆေးမိလေသည်။ သူ့ပုံပန်းသွင်ပြင်နဲ့ ပတ်သတ်လို့ ဘာမှ ပြဿနာမရှိဘူးဆိုတာ သေချာမှသာ စိတ်သက်သာရာရစွာဖြင့် ပြန်ပြုံးပြသည်။
"နန့်ရှန်, အမှိုက်သွားပစ်မလို့လား?" ယန်ရန်က ပြန်ပြော၏။
ယိုရန်က ခေါင်းညိတ်ပြလာလေသည်။
"ဒါဆိုကောင်းတာပေါ့" ယန်ရန်က ဓာတ်လှေကား ခလုတ်အားနှိပ်လိုက်ရင်းဖြင့် ဆက်ပြောသည်။
"အောက်ကို အတူတူဆင်းလို့ရတယ်"
"ခင်ဗျားလည်း အပြင်သွားမလို့လား?" ယိုရန်က ထပ်မေးမိသည်။ "သူငယ်ချင်းတွေနဲ့ ညစာ စားမလို့ မဟုတ်ဘူးလား?"
"ဟုတ်တယ် ဒါပေမဲ့ ကျွန်တော်က အရွက်တွေ ဘယ်လိုဆေးရမလဲ မသိတော့ ဆေးနေရင်း အပိုင်းပိုင်းပြတ်အောင် လုပ်လိုက်မိတယ် အဲ့ဒါကြောင့် ထပ်သွားဝယ်မလို့" ယန်ရန်က အနေခက်ဟန်လေးဖြင့် ရှင်းပြသည်။
"ဘယ်လိုများ လုပ်လိုက်လို့လဲ?" ယိုရန်က သိချင်စိတ်ဖြင့် မေးမိ၏။
"ရိဟန်ပြောတာတော့ ကျွန်တော်က သတ္တုတွေကို ဆေးသလို ဆေးပစ်လိုက်တယ်တဲ့" ယန်ရန်က ပြန်ဖြေသည်။
"ရိဟန်? ပိုင်ရိဟန်?" ယိုရန်က ယန်ရန်အား ပြန်လှည့်ကြည့်ကာ မေးမိသည်။
"ဟုတ်တယ် သူ့ကိုသိလို့လား?" ယန်ရန်က လန့်သွားချင်ယောင် ဆောင်သည်။
"တကယ်သူလား?" ယိုရန်က ခပ်လွင်လွင်လေး ရယ်မောလိုက်၍
"ကမ္ဘာကြီးက ကျဉ်းလိုက်တာ, ခင်ဗျားတို့က သူငယ်ချင်းလား?"
"ဟုတ်တယ် ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေ, သူနဲ့သူ့ ချစ်သူနဲ့ အိမ်တက်ပွဲ ညစာ လာစားကြတာ, ခင်ဗျားရော ရိဟန်နဲ့သူငယ်ချင်းတွေလား?" ယန်ရန်က ပြောသည်။ "အံ့သြစရာကောင်းလိုက်တာ"
"အင်း" ယိုရန်က ခဏ စဉ်းစားလိုက်ပြီးနောက်
"ဟုတ်တယ်, သူပြောတာတော့ သူက ကျွန်တော့ စာအုပ်တွေကို ကြိုက်တယ်တဲ့"
ဓာတ်လှေကားက ရောက်လာပြီး နှစ်ယောက်သား အထဲဝင်လိုက်ကြသည်။
"ဟုတ်တယ်" ယန်ရန်က စကားဆက်သည်။
"ကျွန်တော်တို့နှစ်ယောက် ခင်သွားတာလည်း ခင်ဗျားစာအုပ်ကြောင့်ပဲ, ကျွန်တော့ ညီမလေးလည်း ရှိသေးတယ် သူလည်း အမာခံ ပရိသတ်ပဲ"
"တကယ်လား? ကျွန်တော်က ပျော်တာပေါ့"
ယိုရန်၏ အသံထဲတွင် နွေးထွေးမှုကို ကြားရနိုင်သည်။
"ခင်ဗျားက သူ့သူငယ်ချင်း ဆိုမှတော့ ကျွန်တော်တို့အတူတူ ညစာစားကြရင်ရော?"
ယန်ရန်က ရလာတဲ့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
"နောက်နေ့မှ ကျွန်တော့်ညီမလေးကိုပါ လာလည်ခိုင်းလိုက်မယ်, သူက ခင်ဗျားနဲ့တွေ့ရင် အရမ်းကို ပျော်ရွှင်နေမှာ"
"ကျွန်တော်......" ယိုရန်က ချီတုံချတုံ ဖြစ်နေမိသည်။
ယန်ရန်သည် တစ်ဖက်လူ ယိမ်းယိုင်နေပြီ ဆိုတာကို မြင်တာကြောင့် ကမန်းကတန်း ဆက်ပြော၏။
"ဒါဆို အတည်ဖြစ်သွားပြီ, ကျွန်တော်တို့ အသီးအရက်တစ်ချို့ သွားဝယ်လိုက်ကြတာပေါ, ရိဟန်ရယ် ပြီးတော့......အဟမ်း....ကျင်းယွမ်တို့က ဟင်းရည်ကို တည်ထားကြလိမ့်မယ်, ပြန်ရောက်တာနဲ့ စားလို့ရပြီ, ခင်ဗျားလည်း ညစာ မစားရသေးဘူး ဟုတ်တယ်မှတ်လား?"
ထိုအချိန်မှာပဲ ဓာတ်လှေကား တံခါးပွင့်လာသည်။ ယန်ရန်က ပြန်အဖြေကို စောင့်မနေတော့ပဲ ယိုရန်ဆီက အမှိုက်အိတ်ကို ဆွဲယူ၍ တစ်ဖက်လူအား ဓာတ်လှေကားထဲမှ ဆွဲထုတ်သွားတော့၏။
အမှိုက်အိတ်အား စူပါမားကတ်သို့ သွားတဲ့လမ်းမှာ ပစ်ထုတ်ခဲ့လိုက်လေသည်။ သူတို့ရောက်တဲ့အချိန်မှာတော့ ယန်ရန်က ဆလတ်ရွတ်နေရာဆီ တန်းသွားသည်။
"ခင်ဗျားဘာကြိုက်လဲ? နည်းနည်းထပ်ယူကြရအောင်" ယန်ရန်က မြင်သာလောက်သည်အထိ စိတ်လှုပ်ရှားစွာ ပြောလာသည်။
ဒီလို စိတ်လှုပ်ရှားမှုမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ယိုရန်က တစ်ဖက်လူရဲ့ *ချီတက်ပွဲအား မိုးမရွာချချင်တော့ပေ။
(T/N - ချီတက်ပွဲကို မိုးရွာအောင်လုပ်တယ် - တစ်စုံတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို လုယူတယ်)
"ကျွန်တော်က အစားမရွေးပါဘူး, ထပ်ယူစရာ မလိုတော့ဘူး"
"ဟင့်အင်း, ဟင့်အင်း, ဟင့်အင်း" ယန်ရန်က လက်မခံပေ
"ကျွန်တော်တို့ ထပ်ဝယ်ဖို့လိုတယ်, ကျွန်တော့်စိတ်ထဲ အသီးအရွက် လုံးဝမလုံလောက်ဘူးလို့ တောက်လျှောက် ခံစားနေရတာ, ဘယ်တော့မှ မလုံလောက်တာနော်, အခုကျွန်တော်တို့လည်း ဒီရောက်နေပြီဆိုတော့ နည်းနည်းပိုဝယ်ကြရအောင်"
ယိုရန်သည် ယန်ရန်တစ်ယောက် ဗလာမျက်နှာဖြင့်(စိတ်လှုပ်ရှားပြီး ခွန်အားပြည့်ဝစွာဖြင့်)လှည်းကို တွန်းသွားနေသည်ကိုသာ ကူကယ်ရာမဲ့စွာ နောက်ကလိုက်ပါသွားရသည်။ ယန်ရန်က ပစ္စည်းတစ်ခုပြီးတစ်ခု လှည်းထဲ ကောက်ထည့်နေ၏။
နောက်ဆုံးမှာ ယိုရန်ကသာ တားရပြန်သည်။
"လုံလောက်နေပြီ, အကယ်၍ ရေခဲသတ္တာထဲမှာ ဘာမှမရှိဘူးဆိုရင်တောင် ဒါတွေနဲ့တင် လုံလောက်နေပြီ"
အိုင်ဒေါရဲ့ စကားက နားထောင်မှဖြစ်မယ်။ ယန်ရန်က ဝမ်းနည်းစွာ ရပ်လိုက်ရတော့သည်လေ။ သူ့စိတ်ကတော့ နန့်ရှန်က သူဝယ်ထားတဲ့ အသီးအရွက်တွေကို စားလိမ့်မယ်ဆိုတဲ့ အတွေးနဲ့တင် နှလုံးပီတီ ဂွမ်းဆီထိနေလေရဲ့။
နှစ်ယောက်သား ယန်ရန်၏ တိုက်ခန်းထဲ ပြန်ရောက်တဲ့အချိန်မှာ နှစ်ယောက်လုံး လက်ထဲမှာ ကြီးမားသည့် ဈေးဝယ်အိတ်များ သယ်ဆောင်ထားကြရ၏။ ရိဟန်ကတော့ ယိုရန်ကိုမြင်တာနဲ့တင် အံ့သြမှုကြောင့် မေးရိုးက အောက်ပြုတ်ကျသွားရလေသည်။
"ကမ္ဘာလေးက ကျဉ်းကျဉ်းလေးပဲနော်" ယိုရန်က အပြုံးလေးနဲ့ နှုတ်ဆက်လာသည်.
"ငါတို့ထပ်တွေ့လိမ့်မယ်လို့ မထင်ထားမိဘူး ရိဟန်"
ရိဟန် ခံစားရသည့် အံ့အားသင့်မှုက အစစ်အမှန်ပင်။ ဒီနေ့သူ ယိုရန်ကို တွေ့ခွင့်ရမယ့် နည်းလမ်း မရှိတော့ဘူးဟု ထင်ထားတာဖြစ်သည်။ ယန်ရန်က ဒီလောက် ခက်ခက်ခဲခဲ ကြိုးစားမယ်လို့ မထင်ထားလိုက်မိဘူး။ ဒီလူက ဂေါ်ဖီလေး သွားဝယ်ရုံပဲကိုတောင် ယိုရန်ကိုပါ အပါခေါ်ပြီး ပြန်လာနိုင်တယ်
ရိဟန်က ယိုရန်ဆီက အသီးအရွက်အိတ်ကို အပြေးအလွှားသွားယူသည်။
"ဟုတ်ပ, ယိုရန်, မင်း ယန်ရန်ကို သိနေတာလား? တိုက်ဆိုင်လိုက်တာ"
"ရိဟန် မင်းမသိသေးဘူး ,ဟုတ်တယ်မှတ်လား?" ယန်ရန်က အပြုံးလေးနဲ့ မေးသည်။
"သူက နန့်ရှန် ပြီးတော့ ဘေးအိမ်မှာနေတာ, ဒီနေ့ မင်းငါ့ကို ဖုန်းခေါ်ဖုန်းက ပြောခဲ့တဲ့ အိမ်နီးနားချင်ဆိုတာလေ မှတ်မိလား? အဲ့ဒါသူပဲ"
ရိဟန်က 'အလန့်တကြား+အံ့အားသင့်စွာ' ဖြင့်ပြန်ပြော၏။
"ဘာကြီး? ဘုရားရေ! ဘယ်လောက်တောင် ကံကောင်းလိုက်လဲ, နန့်ရှန်, ငါအရမ်းဝမ်းနည်းသွားပြီ, မင်းငါ့ကို တောက်လျှောက် လျှို့ဝှက်ထားတာပဲ" ထို့နောက် ရိဟန်က သူ့ခေါင်းသူရိုက်လိုက်ပြီးယန်ရန်အား လှည့်ပြော၏။
"ငါ့ကို နန့်ရှန့်ရဲ့ စာအုပ်တစ်အုပ်လောက် သွားယူပေးပါလား"
နန့်ရှန်ရဲ့ အမာခံ ပရိသတ်တစ်ယောက်အနေနဲ့ သူ့အိမ်မှာ အမြဲတမ်း နန့်ရှန်ရဲ့ စာအုပ်တွေ ရှိတယ်လေ။ ရိဟန်ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်တာကြောင့် ယန်ရန်က အိတ်များအား ချလိုက်ကာ သူ့စာကြည့်ခန်းထဲ ဝင်သွားလိုက်သည်။ မကြာခင်မှာပဲ တောင်လောက်ထူသည့် စာအုပ်များနဲ့ ပြန်ရောက်လာ၏။ သူ့မျက်လုံးများကတော့ ယိုရန်အား တောက်ပစွာ ကြည့်နေလေရဲ့။
"ငါ့မှာ ဘောပင်မရှိဘူး" ယိုရန်က သက်ပြင်းချရှာသည်။
ယန်ရန်က တည်ငြိမ်စွာ တုန့်ပြန်၍ သူ့အိတ်ကပ်ထဲက ဘောပင်အားထုတ်ပေးသည်။ ယိုရန်သည် တံခါးဝတွင်ရပ်ပြီး ထိုစာအုပ်များထဲမှ တစ်ခုစီကို လက်မှတ်ထိုးရန်မှတပါး ရွေးချယ်စရာမရှိပေ။
ရိဟန်နဲ့ ယန်ရန်တို့က မျက်လုံးတိုက်ပွဲများစွာကို ပြင်းထန်စွာ ဆင်နွဲပြီးနောက်မှာ နောက်ဆုံးတော့ ထိုစာအုပ်ပုံအား တစ်ဝက်ခွဲဖို့ ဆုံးဖြတ်လိုက်ကြ၏.
ကျင်းယွမ်ကတော့ ယိုရန်ကို မြင်ဘူးတာ ပထမဆုံးအကြိမ်ပင်။ထိုလူ၏အသွင်အပြင်ကို အသေးစိတ်စစ်ဆေးပြီးနောက် ဤလူသည် ကြီးမားသောခြိမ်းခြောက်မှုဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ သူ့စောင့်ကြပ်နေမှ ဖြစ်တော့မယ်
ယိုရန်တစ်ယောက် သူ့ရဲ့ လက်မှတ်ရေးထိုးတဲ့ တာဝန်တွေကနေ လွတ်မြောက်သွားမှသာ ကျင်းယွမ်က အပြင်းထန်ဆုံး မျက်နှာဖြင့် သူ့ဆီသွားရန် ဆုံးဖြတ်လိုက်သည်။
"မင်္ဂလာပါ" ကျင်းယွမ်က စကားစလိုက်၏။
"ကျွန်တော့်နာမည်က မုကျင်းယွမ်, ရိဟန်နဲ့ စေ့စပ်ထားတဲ့သူပါ"
ယိုရန်သည် လက်ဆွဲနှုတ်ဆက်ဖို့လာတဲ့သူရဲ့ နှုတ်ဆက်သံအောက်မှာ ကြီးမားတဲ့ ဖိအားတစ်ခု တိုးလာသည်ကို ခံစားရနိုင်သည်။ ရိဟန်၏ အနာဂတ် အိမ်ထောင်ဖက်က ဒီလောက် အားကောင်းတဲ့ တည်ရှိုသူတစ်ယောက ်ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။ တစ်ချက်ကြည့်တာနဲ့တင် ဒီလူက အာဏာရတာ ကြာနေခဲ့ပြီဆိုတာ သူသိသည်လေ။ မုကျင်းယွမ်က သာမာန်လူတစ်ယောက်တော့ လုံးဝမဟုတ်ဘူး
"ဝမ်းမြောက်မိပါတယ်" ယိုရန်က တစ်ဖက်လူနဲ့ အနေခက်စွာ လက်ဆွဲနှုတ်ဆက်ရင်း ပြောသည်။ သူက အပြန်အလှန် ဆက်ဆံရေးမျိုးမှာ အသားမကျသေးပေ။
"ကျွန်တော် ခင်ဗျားအကြောင်းကို ရိဟန်ဆီက အမြဲကြားနေခဲ့တာ" ကျင်းယွမ်က ပြုံးပြီး ဆက်ပြောသည်။
"သူက ခင်ဗျားစာအုပ်တွေရဲ့ ပရိသတ်လေ, သူ့စာကြည့်ခန်းထဲမှာဆို ခင်ဗျားစာအုပ်တွေနဲ့ ပတ်သတ်ပြီး အစုံအလင်ရှိတယ်, ခင်ဗျားကို ဒီလိုတွေ့ခွင့်ရတာက သူ့အတွက်တော့ အိမ်မက်တွေ ဖြစ်လာတာပဲ"
ယိုရန်က သက်တောင့်သက်သာ ပြန်ဖြစ်သွားသည်။
"သူလိုလူမျိုး စာဖတ်သူတစ်ယောက်ဆီက အသိအမှတ်ပြုမှု ခံရလို့ ဝမ်းသာမိပါတယ်"
ရိဟန်က လူနှစ်ယောက်ကို ကြည့်ပြီး ရယ်မောလိုက်သည်။
"ကောင်းပြီ၊ ငါတို့အားလုံးက သူငယ်ချင်းတွေပဲ သိပ်တရားဝင်နေစရာ မလိုပါဘူး။ လာ, အသီးအရွက်တွေကို ရေဆေးပြီး စားကြရအောင်။ ငါ ဗိုက်ဆာနေပြီ"
ကျင်းယွမ်က သူ့ရဲ့ ပြင်းထန်တဲ့ မျက်နှာကို ချက်ချင်းလျှော့ချလိုက်ပြီး မီးဖိုချောင်ထဲသို့ ဈေးဝယ်အိတ်နှစ်အိတ်အား ဆွဲယူသွားတော့သည်။
အာဏာရှင် CEO အဖြစ်ကနေ အိမ်ထောင်ရှင် တစ်ယောက် အဖြစ် ပြောင်းလဲသွားသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ယိုရန်"..."
ခုန ဖြစ်သွားတာက ထင်ယောင်ထင်မှားလား ဒါမှမဟုတ် လက်ရှိလူကမှ ထင်ယောင်ထင်မှားလား?
"နန့်ရှန် ထိုင်လေ" ယန်ရန်က သူ့ရဲ လက်မှတ်ထိုးပြီးသား စာအုပ်တစ်ဝက်အား စာကြည့်ခန်းထဲ သွားထည့်ပြီး ပြန်ထွက်လာရင်း ပြောသည်။
"ကျွန်တော်တို့ မကြာခင် စားလို့ရပြီ, ရိဟန်, ငါတို့မှာ စားဖို့လောက်တယ်ထင်လား?"
"လောက်တယ်" ကျင်းယွမ်က မီးဖိုချောင်ထဲက လှမ်းအော်သည်။
အိုးထဲက ဟင်းရည်များက ပွက်ပွက်ဆူနေလေပြီ။ တိုက်ခန်းက သိပ်မကြီးပေ။ သိပ်မကြာခင်မှာ အခန်းက အငွေ့များနဲ့ ပြည့်နှက်နေ၏။ ရိဟန်က မှိုများ၊ ငါးအသားလုံးများနဲ့ တစ်ခြားပါဝင်ပစ္စည်းတွေကို စားပွဲပေါ်တင်လိုက်သည်။
"ငါတို့လေးယောက်ပဲ ရှိတာကို ဘယ်လောက်တောင် ဝယ်လာတာလဲ, ငါထင်တာတော့ နောက်ထပ် လေးယောက် ငါးယောက်လောက် ထပ်စားရင်တောင် ရလောက်တယ်" ရိဟန်က ပြုံးရင်း ပြောလာသည်။
"လောက်နေပါပြီလို့ ငါပြောသားပဲ" ယိုရန်က ဝင်ပြောသည်။ ဒီလို သက်ဝင်လှတဲ့ လေထုအခြေအနေကြားမှာ မထိန်းချုပ်နိုင်စွာပဲ သူစိတ်သက်တောင့်သက်သာ ဖြစ်နေမိသည်လေ.
"ယန်ရန်က လှည်းထဲကို ပစ္စည်းတစ်ခုပြီးတစ်ခုကို ကောက်ထည့်နေတာ"
"ငါတော့ အဆင်ပြေတယ် ထင်တာပဲကို" ယန်ရန်က အပြစ်ကင်းစွာ ပြောသည်။
"အများကြီး ဖြစ်နေလို့လား? ငါတို့အားလုံး လူကြီးတွေလေ, သေချာပေါက် အများကြီးလိုတာပေါ့"
"လောဘကြီးတဲ့မျက်လုံးနဲ့ ဗိုက်သေးသေးလေးရှိတဲ့သူတစ်ယောက်ရဲ့ ဂန္တဝင်ဥပမာပဲ" ရိဟန်က ရယ်သည်။
"ဒါဆို လက်ကျန် စားစရာတွေ အကုန်ကုန်အောင် မင်းတာဝန်ယူရမယ်!"
ယန်ရန်: ...
ယိုရန်က ရယ်ချင်စိတ်အား နှုတ်ခမ်းကိုက်ကာ ထိန်းရင်း ဆော့များ ကူထည့်ပေးနေလိုက်သည်။
နောက်ဆုံးတော့ အစားအစာများ အဆင်သင့်ဖြစ်လေပြီ။ ရိဟန်က အိုးထဲမှ အသားတစ်ချို့ကို ဆယ်ယူလိုက်ပြီး အကြိမ်အနည်းငယ် မှုတ်ပြီးနောက် ပါးစပ်ထဲ ကောက်ထည့်လိုက်၏။
"မဆိုးဘူးပဲ" ရိဟန်က ခေါင်းလေး တစ်ဆတ်ဆတ်ညိတ်သည်.
"အရသာရှိတယ်, စားသောက်ဆိုင်တွေကထက် ပိုကောင်းတယ်"
ကျင်းယွမ်က ယောက်ချိုဇွန်းအသေးလေးတစ်ခုဖြင့် ငါးအသားလုံးများကို ဆယ်ယူလိုက်ပြီး ပန်းကန်ပြား အသေးတစ်ချပ်ထဲထည့်ကာ အအေးခံပေးထားသည်။ ရိဟန်က အစားအသောက်အပူတွေ စားလို့ မရတာကြောင့် ကျင်းယွမ်က သူ့ဘေးမှာ ပန်းကန်အလွတ်တစ်ခု အဆင်သင့် ပြင်ပေးထား၏။ အစားအသောက်တွေ ကျက်တာနဲ့ ရိဟန်ကြိုက်တာများကို ခပ်ပြီး ပန်းကန်ပြားထဲ ထည့်ပေးကာ စားလို့ရမယ့် အစဉ်လိုက်တိုင်းလေး ထားပေးထားသည်။
ရိဟန်ထပ်လိုချင်တဲ့ အချိန်ဆိုရင် ထိုနေရာက ယူယူပေးလိုက်သည်လေ။ လူငယ်လေးကတော့ တစ်ခေါက်လေးပင် ရပ်မသွားပဲ ပထမဆုံး တစ်ခေါက်ကလွဲရင် အိုးထဲက ယူစရာ လုံးဝမလိုတော့။ သူက ပျော်ပျော်ရွှင်ရွှင် စားနေရင်းနဲ့ ရံဖန်ရံခါဆို ပျော်ရွှင်အူမြူးစွာ ကျင်းယွမ်ကို ပြုံးပြနေသည်။
ကျင်းယွမ်ကလည်း ရိဟန်ကို သူ့မူပိုင်အပြုံးလေး ပြန်ပြုံးပြသည်။ သူ့တူကတော့တစ်ချိန်လုံး လှည့်ပတ်နေရင်း ရိဟန်ရဲ့ ပန်းကန်ထဲ အစားအသောက်တွေ ဆက်တိုက်ဖြည့်ပေးနေသည်ပင်။ ဆိုလိုတာကတော့ ရိဟန်ဘေးက ပန်းကန်က အမြဲတမ်း ပြည့်နေတယ်ဆိုတဲ့ သဘောပဲ
အထီးကျန်နေတဲ့ single dog လေး ယန်ရန်: "..."
စီးပွားရေးလောက က Mr မုက ရက်စက်ကြမ်းကြုတ်တယ် ဆိုတဲ့ ဂုဏ်သတင်းကိုပဲ သူသိထားတာ။ အဲ့ဒီလူက အခုညစာ စားပွဲကလူနဲ့တစ်ယောက်တည်းလို့ သူလုံးဝ မထင်မိဘူး။
ထိုစုံတွဲကို ကြည့်ပြီး ယန်ရန်က သူ့ချစ်သူကို ရှာတွေ့ဖို့ စိတ်အားထက်သန်လာတော့သည်။
ယန်ရန်က မသိစိတ်မှ သူ့ဘေးက ယိုရန်အား တစ်ချက်ကြည့်မိသည်။ထိန်းမနိုင်သိမ်းမရသော တုန်လှုပ်မှုတစ်ခု သူ့နှလုံးသားထဲသို့ ပြေးဝင်လာလေ၏။
မကြာသေးခင်ကမှ လမ်းခွဲထားတဲ့ ယိုရန်: "..."
အခုလေးတင် လမ်းခွဲထားရတဲ့ သူတစ်ယောက်ရှေ့မှာ ဒီလိုမျိုး ချစ်ခင်ကြင်နာပြပြီး ကြွားဝါနေတာ တကယ်ပဲ အဆင်ပြေတယ်ပေါ့လေ?
ရိဟန်ကတော့ သူကြွားနေမိတယ် ဆိုတာတွေဘာတွေကို သိမနေ။ သူက ရှေ့က အရသာရှိတဲ့ အစားအသောက်များကိုသာ အာရုံစိုက်နေခြင်းပင်။
Oh my, ဒီစားစရာတွေရဲ့ အပူချိန်က အနေတော်ပဲ! မု-မုက ငါ့စိတ်ကို တကယ် ကောင်းကောင်းသိတာပဲ!
သူ့နယ်မြေကို အောင်မြင်စွာ အမှတ်အသားပြုလိုက်တဲ့ ကျင်းယွမ်
ဟုတ်တယ်, ခြိမ်းခြောက်မှုအားလုံးကို ပျိုးစေ့ဘဝမှာပဲ ချုပ်နှောင်ထားပစ်ရမယ်။ ငါတို့ဘယ်လောက်တောင် ထပ်တူကြလဲ၊ ဘယ်လောက်တောင် အချင်းချင်း လိုက်လျောညီထွေရှိလဲဆိုတာ ကြည့်လိုက်စမ်း။ ဒီချောလွန်းပြီး သပ်ရပ်နေတဲ့ စာရေးဆရာက သေချာပေါက် ဟန်ဟန်ကို ကြိုးစားတော့မှာ မဟုတ်ဘူး။ ငါက အရမ်းဉာဏ်ကောင်းတာပဲ!
ယန်ရန်သည် ကျင်းယွမ်ရဲ့ တူများက တည်ငြိမ်ပြတ်သားစွာနဲ့ အိုးတစ်ခုလုံးကို ပျံသန်းနေသည်အား ကြည့်ရင်း ယိုရန်ကို စိတ်ပူပန်စွာ လှမ်းကြည့်မိသည်။ သူသည်လည်း သွေးဆောင်မှုကို တောင့်မခံနိုင်တော့တာကြောင့် သူ့တူများကို သုံးကာ အိုးထဲက စားစရာတစ်ချို့အား ဆွဲထုတ်ရင်း ယိုရန်ရဲ့ ပန်းကန်ထဲ ထည့်ပေးလိုက်တော့သည်။
သူပြန်မော့လိုက်တဲ့ အချိန်မှာတော့ သူ့မျက်လုံးများက ကျင်းယွမ်နဲ့ တွေ့ဆုံသွားသည်။ နှစ်ယောက်သား စကားတစ်ခွန်းပင် မပြောပဲ သူတို့ရဲ့ တိတ်တဆိတ် ပြိုင်ဆိုင်ကြတော့၏။ သနားစရာ ယိုရန်က စားစရာနဲ့ ပတ်သတ်ရင် ဘယ်တုန်းကမှ 'တိုက်ခိုက်ခြင်း' ကို မတွေ့ကြုံဘူးပေ။ နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်နေသည်ကို ကြည့်ရင်း သူ့မျက်လုံးများ ထွက်ကျတော့မတတ် ဖြစ်လာရရှာသည်။
သူက စားဖို့ပင် မေ့လုနီးပါး ဖြစ်သွားရသော်လည်း ယန်ရန်ကတော့ သူ့နန့်ရှန်က ကြောင်ငေးငေး ဖြစ်နေစဉ်မှာ ရိဟန်ကတော့ ဟမ်းစတား အသေးလေးလို မရပ်မနား စားနေသည်ကို မြင်လိုက်ရသည်လေ။
"စားလေ" ယန်ရန်က တိုးတိုးလေး သတိလှမ်းပေးလိုက်သည်။
ယိုရန်: "..."
သူမေးချင်တာက စားစရာတွေ အများကြီးကျန်သေးတယ်လေ။ အစားအစာကို နောက်ထပ် နှစ်နပ်လောက် ဆွဲဆန့်ထားရင်တောင် ပြီးအောင် မစားနိုင်ဘူး။ ဒီလူနှစ်ယောက်က ဘာကိုတိုက်နေကြတာလဲ?
သို့သော်လည်း ထိုတိုက်ပွဲကြောင့် သူ့ရဲ့ ကျဆင်းနေသည့် စိတ်ခံစားချက်များ တစ်ဝက်တစ်ပျက်လောက် ပျောက်ကွယ်သွားရသည်။ သူတို့ရဲ့ ခံစားချက်ကြောင့်လား ဒါမှမဟုတ် ရိဟန်က အစားအသောက်ကို အရမ်းနှစ်သက်တာမို့ သူ့ကိုကြည့်တဲ့သူတိုင်း စားချင်စိတ် တိုးလာစေလို့လား ဘာကြောင့်မှန်း မသိပေမယ့်လည်း စားလို့ပြီးတဲ့အချိန်မှာ သူအတော်လေး ပြည့်အင့်နေခဲ့သည်။ ဒီတစ်ခေါက် သူစားတဲ့ အစားအသောက် ပမာဏက ပုံမှန်သူစားတာထက် သာလွန်နေခဲ့ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က အစားအသောက် ပျက်နေခဲ့တဲ့သူတစ်ယောက်အတွက် ဆိုရင်တော့ ပြောမနေနဲ့တော့ပဲ၊
ညစာစားပြီးနောက် လူလေးယောက်က ထမင်းစားပွဲနှင့် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်သည်။ ယန်ရန်၏ ရေခဲသေတ္တာကတော့ စားကြွင်းစားကျန်များဖြင့် ပြည့်နှက်နေ၏။
"အများကြီးကျန်နေတယ်" ရိဟန်ကပြောသည်။ သူ့နှလုံးသားက ရေခဲသေတ္တာကို မြင်တာနဲ့တင် နာကျင်ရလေသည်။
"မင်းတစ်ယောက်တည်းစားရင် ဘယ်လောက်ကြာမှ ကုန်မှာလဲ? အစားအသောက်တစ်ဝက်လောက်က ပစ်ထုတ်ရလောက်တယ်, နှမြောဖို့ကောင်းလိုက်တာ"
ယန်ရန်က အံ့အားသင့်သွားမိသည်။ ယိုရန်က ရိဟန်ဘယ်သူလဲ မသိပေမယ့်လည်း ယန်ရန်ကတော့ သိနေသည်လေ။ ပိုင်သခင်ငယ်လေးက ရွှေဇွန်းကိုက်ပြီး မွေးလာတာလို့သာ သူအမြဲတမ်း ထင်ထားခဲ့တာ။ အမြဲတမ်း သက်တောင့်သက်သာ ရှိလွန်းတဲ့ ဘဝကိုပဲ ရခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘဝဆိုတာ ဘာမှန်းလုံးဝသိမှာမဟုတ်လောက်ဘူးလို့ပေါ့။ ရိဟန်က ဒီလို အသီးအရွက် တစ်ချို့လောက် ဖြုန်းတီးမိသွားတဲ့အတွက် အရမ်းစိတ်မကောင်း ဖြစ်နေမယ်လို့ လုံးဝ မထင်ထားမိဘူး။ ဒါက ယန်ရန်ကို သူသိထားတဲ့ ရိဟန်အကြောင်း ပြန်စဉ်းစားမိစေတယ်လေ။
ယန်ရန်သည် ယိုရန်က နားလည်ဟန် ခေါင်းညိတ်ပြနေသည်ကို မြင်တော့ ခပ်ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
"ငါကိုယ်တိုင်တော့ ဘယ်ကုန်အောင် စားနိုင်မလဲ, အစားအသောက် အများစုက ပျက်စီးကုန်မှာ သေချာတယ်, ဒါဆို တော်တော်လေး နှမြောဖို့ကောင်းမှာ, ဒီလိုဆိုရင်ရော? မနက်ဖြန်လည်း ငါနဲ့ အတူတူ ညစာ လာစားလေ, ဒါဆို ကုန်အောင် စားလို့ရပြီ"
===============
Zawgyi
အခန္း(၁၇၂) - ဘယ္ေလာက္ေတာင္ 'တိုက္ဆုိင္' လိုက္လဲ
က်င္းယြမ္လည္း မီးဖိုေခ်ာင္ထဲ ေလ်ွာက္ဝင္လာကာ ေရဇကာအား တစ္ခ်က္ၾကည့္လိုက္သည္။
"ကိုယ္အျပင္မွာ နည္းနည္းေလာက္ သြားဝယ္လုိက္မယ္"
ယန္ရန္က သူ႔လက္မွ ေရမ်ားအား ခါရင္းေျပာလာ၏။
"ရပါတယ္, ငါဒီေန႔ပဲ ေနရာတစ္ဝိုက္ကို သြားထားတယ္, စူပါမားကတ္ဘယ္မွာလဲ ငါသိတယ္ ငါပဲသြားလိုက္ေတာ့မယ္, မင္းတို႔သြားရင္ ရွာေနရဦးမယ္"
"ေကာင္းျပီေလ" က်င္းယြမ္က စဥ္းစားျပီးေနာက္ လက္ခံလုိက္သည္။
"ရိဟန္နဲ႔ငါက ဟင္းရည္ေႏြးထားလုိက္မယ္, မင္းျပန္လာတာနဲ႔ စားလို႔ရတာေပါ့"
"အင္း"
ယန္ရန္က ျပန္ေျဖျပီး ေအပရြန္အားခ်ြတ္ကာ တံခါးမွ ကုတ္ကို ေကာက္ဝတ္လုိက္သည္။ ထို႔ေနာက္ ပိုက္ဆံအိတ္နဲ႔ေသာ့ကို ယူကာ အိမ္မွ ထြက္သြားေတာ့၏။
ယန္ရန္တစ္ေယာက္ တံခါးပိတ္ျပီး လွည့္ထြက္လိုက္တဲ့အခ်ိန္မွာ သူ႔ေနာက္မွ တစ္ခုခု နွိပ္လုိက္သံကို ၾကားလုိက္ရသည္။ သူျပန္လွည့္ၾကည့္ေတာ့ နန္႔ရွန္ရဲ႔ တိုက္ခန္းတံခါး ပြင့္လာျပီး ယိုရန္က လက္ထဲမွာ အမွိုက္အိတ္ကိုင္ကာ ထြက္လာသည္ကို ျမင္လုိက္ရ၏။ တစ္ဖက္လူက ယန္ရန္ကို ျမင္ေသာအခါ ခဏရပ္သြားေလသည္။
"တိုက္ဆုိင္လုိက္တာ" ယိုရန္က အျပံဳးေလးနဲ႔ နွုတ္ဆက္လာသည္.
ယန္ရန္က သူ႔ကိုယ္သူ ငံု႔ၾကည့္ျပီး တစ္ကိုယ္လံုး စစ္ေဆးမိေလသည္။ သူ႔ပံုပန္းသြင္ျပင္နဲ႔ ပတ္သတ္လုိ႔ ဘာမွ ျပႆနာမရွိဘူးဆိုတာ ေသခ်ာမွသာ စိတ္သက္သာရာရစြာျဖင့္ ျပန္ျပံဳးျပသည္။
"နန္႔ရွန္, အမွိုက္သြားပစ္မလို႔လား?" ယန္ရန္က ျပန္ေျပာ၏။
ယိုရန္က ေခါင္းညိတ္ျပလာေလသည္။
"ဒါဆိုေကာင္းတာေပါ့" ယန္ရန္က ဓာတ္ေလွကား ခလုတ္အားနွိပ္လုိက္ရင္းျဖင့္ ဆက္ေျပာသည္။
"ေအာက္ကို အတူတူဆင္းလုိ႔ရတယ္"
"ခင္ဗ်ားလည္း အျပင္သြားမလို႔လား?" ယိုရန္က ထပ္ေမးမိသည္။ "သူငယ္ခ်င္းေတြနဲ႔ ညစာ စားမလို႔ မဟုတ္ဘူးလား?"
"ဟုတ္တယ္ ဒါေပမဲ့ က်ြန္ေတာ္က အရြက္ေတြ ဘယ္လိုေဆးရမလဲ မသိေတာ့ ေဆးေနရင္း အပိုင္းပိုင္းျပတ္ေအာင္ လုပ္လုိက္မိတယ္ အဲ့ဒါေၾကာင့္ ထပ္သြားဝယ္မလို႔" ယန္ရန္က အေနခက္ဟန္ေလးျဖင့္ ရွင္းျပသည္။
"ဘယ္လိုမ်ား လုပ္လုိက္လို႔လဲ?" ယိုရန္က သိခ်င္စိတ္ျဖင့္ ေမးမိ၏။
"ရိဟန္ေျပာတာေတာ့ က်ြန္ေတာ္က သတၱဳေတြကို ေဆးသလို ေဆးပစ္လုိက္တယ္တဲ့" ယန္ရန္က ျပန္ေျဖသည္။
"ရိဟန္? ပိုင္ရိဟန္?" ယိုရန္က ယန္ရန္အား ျပန္လွည့္ၾကည့္ကာ ေမးမိသည္။
"ဟုတ္တယ္ သူ႔ကိုသိလို႔လား?" ယန္ရန္က လန္႔သြားခ်င္ေယာင္ ေဆာင္သည္။
"တကယ္သူလား?" ယိုရန္က ခပ္လြင္လြင္ေလး ရယ္ေမာလုိက္၍
"ကမာၻၾကီးက က်ဥ္းလုိက္တာ, ခင္ဗ်ားတို႔က သူငယ္ခ်င္းလား?"
"ဟုတ္တယ္ က်ြန္ေတာ္တို႔က သူငယ္ခ်င္းေကာင္းေတြ, သူနဲ႔သူ႔ ခ်စ္သူနဲ႔ အိမ္တက္ပြဲ ညစာ လာစားၾကတာ, ခင္ဗ်ားေရာ ရိဟန္နဲ႔သူငယ္ခ်င္းေတြလား?" ယန္ရန္က ေျပာသည္။ "အံ့ၾသစရာေကာင္းလုိက္တာ"
"အင္း" ယိုရန္က ခဏ စဥ္းစားလုိက္ျပီးေနာက္
"ဟုတ္တယ္, သူေျပာတာေတာ့ သူက က်ြန္ေတာ့ စာအုပ္ေတြကို ၾကိဳက္တယ္တဲ့"
ဓာတ္ေလွကားက ေရာက္လာျပီး နွစ္ေယာက္သား အထဲဝင္လုိက္ၾကသည္။
"ဟုတ္တယ္" ယန္ရန္က စကားဆက္သည္။
"က်ြန္ေတာ္တို႔နွစ္ေယာက္ ခင္သြားတာလည္း ခင္ဗ်ားစာအုပ္ေၾကာင့္ပဲ, က်ြန္ေတာ့ ညီမေလးလည္း ရွိေသးတယ္ သူလည္း အမာခံ ပရိသတ္ပဲ"
"တကယ္လား? က်ြန္ေတာ္က ေပ်ာ္တာေပါ့"
ယိုရန္၏ အသံထဲတြင္ ေႏြးေထြးမႈကို ၾကားရႏိုင္သည္။
"ခင္ဗ်ားက သူ႔သူငယ္ခ်င္း ဆိုမွေတာ့ က်ြန္ေတာ္တို႔အတူတူ ညစာစားၾကရင္ေရာ?"
ယန္ရန္က ရလာတဲ့ အခြင့္အေရးကို ဆုပ္ကိုင္လိုက္သည္။
"ေနာက္ေန႔မွ က်ြန္ေတာ့္ညီမေလးကိုပါ လာလည္ခုိင္းလုိက္မယ္, သူက ခင္ဗ်ားနဲ႔ေတြ႔ရင္ အရမ္းကို ေပ်ာ္ရႊင္ေနမွာ"
"က်ြန္ေတာ္......" ယိုရန္က ခ်ီတံုခ်တံု ျဖစ္ေနမိသည္။
ယန္ရန္သည္ တစ္ဖက္လူ ယိမ္းယိုင္ေနျပီ ဆိုတာကို ျမင္တာေၾကာင့္ ကမန္းကတန္း ဆက္ေျပာ၏။
"ဒါဆို အတည္ျဖစ္သြားျပီ, က်ြန္ေတာ္တို႔ အသီးအရက္တစ္ခ်ိဳ႔ သြားဝယ္လုိက္ၾကတာေပါ, ရိဟန္ရယ္ ျပီးေတာ့......အဟမ္း....က်င္းယြမ္တို႔က ဟင္းရည္ကို တည္ထားၾကလိမ့္မယ္, ျပန္ေရာက္တာနဲ႔ စားလို႔ရျပီ, ခင္ဗ်ားလည္း ညစာ မစားရေသးဘူး ဟုတ္တယ္မွတ္လား?"
ထိုအခ်ိန္မွာပဲ ဓာတ္ေလွကား တံခါးပြင့္လာသည္။ ယန္ရန္က ျပန္အေျဖကို ေစာင့္မေနေတာ့ပဲ ယိုရန္ဆီက အမွိုက္အိတ္ကို ဆြဲယူ၍ တစ္ဖက္လူအား ဓာတ္ေလွကားထဲမွ ဆြဲထုတ္သြားေတာ့၏။
အမွိုက္အိတ္အား စူပါမားကတ္သို႔ သြားတဲ့လမ္းမွာ ပစ္ထုတ္ခဲ့လုိက္ေလသည္။ သူတို႔ေရာက္တဲ့အခ်ိန္မွာေတာ့ ယန္ရန္က ဆလတ္ရြတ္ေနရာဆီ တန္းသြားသည္။
"ခင္ဗ်ားဘာၾကိဳက္လဲ? နည္းနည္းထပ္ယူၾကရေအာင္" ယန္ရန္က ျမင္သာေလာက္သည္အထိ စိတ္လွုပ္ရွားစြာ ေျပာလာသည္။
ဒီလို စိတ္လွုပ္ရွားမွုမ်ိဳးနဲ႔ ရင္ဆုိင္ရတဲ့အခါမွာေတာ့ ယိုရန္က တစ္ဖက္လူရဲ႔ *ခ်ီတက္ပြဲအား မိုးမရြာခ်ခ်င္ေတာ့ေပ။
(T/N - ခ်ီတက္ပြဲကို မိုးရြာေအာင္လုပ္တယ္ - တစ္စံုတစ္ေယာက္ရဲ႔ ေပ်ာ္ရႊင္မွုကို လုယူတယ္)
"က်ြန္ေတာ္က အစားမေရြးပါဘူး, ထပ္ယူစရာ မလိုေတာ့ဘူး"
"ဟင့္အင္း, ဟင့္အင္း, ဟင့္အင္း" ယန္ရန္က လက္မခံေပ
"က်ြန္ေတာ္တို႔ ထပ္ဝယ္ဖို႔လိုတယ္, က်ြန္ေတာ့္စိတ္ထဲ အသီးအရြက္ လံုးဝမလံုေလာက္ဘူးလို႔ ေတာက္ေလွ်ာက္ ခံစားေနရတာ, ဘယ္ေတာ့မွ မလံုေလာက္တာေနာ္, အခုက်ြန္ေတာ္တို႔လည္း ဒီေရာက္ေနျပီဆိုေတာ့ နည္းနည္းပိုဝယ္ၾကရေအာင္"
ယိုရန္သည္ ယန္ရန္တစ္ေယာက္ ဗလာမ်က္နွာျဖင့္(စိတ္လွုပ္ရွားျပီး ခြန္အားျပည့္ဝစြာျဖင့္)လွည္းကို တြန္းသြားေနသည္ကိုသာ ကူကယ္ရာမဲ့စြာ ေနာက္ကလိုက္ပါသြားရသည္။ ယန္ရန္က ပစၥည္းတစ္ခုျပီးတစ္ခု လွည္းထဲ ေကာက္ထည့္ေန၏။
ေနာက္ဆံုးမွာ ယိုရန္ကသာ တားရျပန္သည္။
"လံုေလာက္ေနျပီ, အကယ္၍ ေရခဲသတၱာထဲမွာ ဘာမွမရွိဘူးဆိုရင္ေတာင္ ဒါေတြနဲ႔တင္ လံုေလာက္ေနျပီ"
အိုင္ေဒါရဲ႔ စကားက နားေထာင္မွျဖစ္မယ္။ ယန္ရန္က ဝမ္းနည္းစြာ ရပ္လိုက္ရေတာ့သည္ေလ။ သူ႔စိတ္ကေတာ့ နန္႔ရွန္က သူဝယ္ထားတဲ့ အသီးအရြက္ေတြကို စားလိမ့္မယ္ဆုိတဲ့ အေတြးနဲ႔တင္ နွလံုးပီတီ ဂြမ္းဆီထိေနေလရဲ႔။
နွစ္ေယာက္သား ယန္ရန္၏ တိုက္ခန္းထဲ ျပန္ေရာက္တဲ့အခ်ိန္မွာ နွစ္ေယာက္လံုး လက္ထဲမွာ ၾကီးမားသည့္ ေစ်းဝယ္အိတ္မ်ား သယ္ေဆာင္ထားၾကရ၏။ ရိဟန္ကေတာ့ ယိုရန္ကိုျမင္တာနဲ႔တင္ အံ့ၾသမွုေၾကာင့္ ေမးရိုးက ေအာက္ျပဳတ္က်သြားရေလသည္။
"ကမာၻေလးက က်ဥ္းက်ဥ္းေလးပဲေနာ္" ယိုရန္က အျပံဳးေလးနဲ႔ နွုတ္ဆက္လာသည္.
"ငါတို႔ထပ္ေတြ႔လိမ့္မယ္လို႔ မထင္ထားမိဘူး ရိဟန္"
ရိဟန္ ခံစားရသည့္ အံ့အားသင့္မွဳက အစစ္အမွန္ပင္။ ဒီေန႔သူ ယိုရန္ကို ေတြ႔ခြင့္ရမယ့္ နည္းလမ္း မရွိေတာ့ဘူးဟု ထင္ထားတာျဖစ္သည္။ ယန္ရန္က ဒီေလာက္ ခက္ခက္ခဲခဲ ၾကိဳးစားမယ္လို႔ မထင္ထားလုိက္မိဘူး။ ဒီလူက ေဂၚဖီေလး သြားဝယ္ရံုပဲကိုေတာင္ ယိုရန္ကိုပါ အပါေခၚျပီး ျပန္လာနုိင္တယ္
ရိဟန္က ယိုရန္ဆီက အသီးအရြက္အိတ္ကို အေျပးအလႊားသြားယူသည္။
"ဟုတ္ပ, ယုိရန္, မင္း ယန္ရန္ကို သိေနတာလား? တိုက္ဆိုင္လိုက္တာ"
"ရိဟန္ မင္းမသိေသးဘူး ,ဟုတ္တယ္မွတ္လား?" ယန္ရန္က အျပံဳးေလးနဲ႔ ေမးသည္။
"သူက နန္႔ရွန္ ျပီးေတာ့ ေဘးအိမ္မွာေနတာ, ဒီေန႔ မင္းငါ့ကို ဖုန္းေခၚဖုန္းက ေျပာခဲ့တဲ့ အိမ္နီးနားခ်င္ဆိုတာေလ မွတ္မိလား? အဲ့ဒါသူပဲ"
ရိဟန္က 'အလန္႔တၾကား+အ့ံအားသင့္စြာ' ျဖင့္ျပန္ေျပာ၏။
"ဘာၾကီး? ဘုရားေရ! ဘယ္ေလာက္ေတာင္ ကံေကာင္းလုိက္လဲ, နန္႔ရွန္, ငါအရမ္းဝမ္းနည္းသြားျပီ, မင္းငါ့ကို ေတာက္ေလွ်ာက္ လွ်ိဳ႔ဝွက္ထားတာပဲ" ထို႔ေနာက္ ရိဟန္က သူ႔ေခါင္းသူရိုက္လုိက္ျပီးယန္ရန္အား လွည့္ေျပာ၏။
"ငါ့ကို နန္႔ရွန္႔ရဲ႔ စာအုပ္တစ္အုပ္ေလာက္ သြားယူေပးပါလား"
နန္႔ရွန္ရဲ႔ အမာခံ ပရိသတ္တစ္ေယာက္အေနနဲ႔ သူ႔အိမ္မွာ အျမဲတမ္း နန္႔ရွန္ရဲ႔ စာအုပ္ေတြ ရွိတယ္ေလ။ ရိဟန္ဆိုလိုတဲ့ အဓိပၸါယ္ကို နားလည္တာေၾကာင့္ ယန္ရန္က အိတ္မ်ားအား ခ်လိုက္ကာ သူ႔စာၾကည့္ခန္းထဲ ဝင္သြားလိုက္သည္။ မၾကာခင္မွာပဲ ေတာင္ေလာက္ထူသည့္ စာအုပ္မ်ားနဲ႔ ျပန္ေရာက္လာ၏။ သူ႔မ်က္လံုးမ်ားကေတာ့ ယိုရန္အား ေတာက္ပစြာ ၾကည့္ေနေလရဲ႔။
"ငါ့မွာ ေဘာပင္မရွိဘူး" ယိုရန္က သက္ျပင္းခ်ရွာသည္။
ယန္ရန္က တည္ျငိမ္စြာ တုန္႔ျပန္၍ သူ႔အိတ္ကပ္ထဲက ေဘာပင္အားထုတ္ေပးသည္။ ယိုရန္သည္ တံခါးဝတြင္ရပ္ၿပီး ထိုစာအုပ္မ်ားထဲမွ တစ္ခုစီကို လက္မွတ္ထိုးရန္မွတပါး ေ႐ြးခ်ယ္စရာမရွိေပ။
ရိဟန္နဲ႔ ယန္ရန္တို႔က မ်က္လံုးတိုက္ပြဲမ်ားစြာကို ျပင္းထန္စြာ ဆင္ႏြဲျပီးေနာက္မွာ ေနာက္ဆံုးေတာ့ ထိုစာအုပ္ပံုအား တစ္ဝက္ခြဲဖို႔ ဆံုးျဖတ္လုိက္ၾက၏.
က်င္းယြမ္ကေတာ့ ယိုရန္ကို ျမင္ဘူးတာ ပထမဆံုးအၾကိမ္ပင္။ထိုလူ၏အသြင္အျပင္ကို အေသးစိတ္စစ္ေဆးၿပီးေနာက္ ဤလူသည္ ႀကီးမားေသာၿခိမ္းေျခာက္မႈျဖစ္သည္ဟု ဆုံးျဖတ္လိုက္သည္။ သူ႔ေစာင့္ၾကပ္ေနမွ ျဖစ္ေတာ့မယ္
ယိုရန္တစ္ေယာက္ သူ႔ရဲ႔ လက္မွတ္ေရးထုိုးတဲ့ တာဝန္ေတြကေန လြတ္ေျမာက္သြားမွသာ က်င္းယြမ္က အျပင္းထန္ဆံုး မ်က္နွာျဖင့္ သူ႔ဆီသြားရန္ ဆံုးျဖတ္လုိက္သည္။
"မဂၤလာပါ" က်င္းယြမ္က စကားစလိုက္၏။
"က်ြန္ေတာ့္နာမည္က မုက်င္းယြမ္, ရိဟန္နဲ႔ ေစ့စပ္ထားတဲ့သူပါ"
ယိုရန္သည္ လက္ဆြဲနွုတ္ဆက္ဖို႔လာတဲ့သူရဲ႔ နွုတ္ဆက္သံေအာက္မွာ ၾကီးမားတဲ့ ဖိအားတစ္ခု တိုးလာသည္ကုိ ခံစားရနုိင္သည္။ ရိဟန္၏ အနာဂတ္ အိမ္ေထာင္ဖက္က ဒီေလာက္ အားေကာင္းတဲ့ တည္ရွိုသူတစ္ေယာက ္ျဖစ္ေနမယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့မိေပ။ တစ္ခ်က္ၾကည့္တာနဲ႔တင္ ဒီလူက အာဏာရတာ ၾကာေနခဲ့ျပီဆုိတာ သူသိသည္ေလ။ မုက်င္းယြမ္က သာမာန္လူတစ္ေယာက္ေတာ့ လံုးဝမဟုတ္ဘူး
"ဝမ္းေျမာက္မိပါတယ္" ယိုရန္က တစ္ဖက္လူနဲ႔ အေနခက္စြာ လက္ဆြဲနွုတ္ဆက္ရင္း ေျပာသည္။ သူက အျပန္အလွန္ ဆက္ဆံေရးမ်ိဳးမွာ အသားမက်ေသးေပ။
"က်ြန္ေတာ္ ခင္ဗ်ားအေၾကာင္းကို ရိဟန္ဆီက အျမဲၾကားေနခဲ့တာ" က်င္းယြမ္က ျပံဳးျပီး ဆက္ေျပာသည္။
"သူက ခင္ဗ်ားစာအုပ္ေတြရဲ႔ ပရိသတ္ေလ, သူ႔စာၾကည့္ခန္းထဲမွာဆို ခင္ဗ်ားစာအုပ္ေတြနဲ႔ ပတ္သတ္ျပီး အစံုအလင္ရွိတယ္, ခင္ဗ်ားကို ဒီိလုိေတြ႔ခြင့္ရတာက သူ႔အတြက္ေတာ့ အိမ္မက္ေတြ ျဖစ္လာတာပဲ"
ယိုရန္က သက္ေတာင့္သက္သာ ျပန္ျဖစ္သြားသည္။
"သူလိုလူမ်ိဳး စာဖတ္သူတစ္ေယာက္ဆီက အသိအမွတ္ျပဳမွု ခံရလို႔ ဝမ္းသာမိပါတယ္"
ရိဟန္က လူႏွစ္ေယာက္ကို ၾကည့္ၿပီး ရယ္ေမာလိုက္သည္။
"ေကာင္းၿပီ၊ ငါတို႔အားလုံးက သူငယ္ခ်င္းေတြပဲ သိပ္တရားဝင္ေနစရာ မလိုပါဘူး။ လာ, အသီးအ႐ြက္ေတြကို ေရေဆးၿပီး စားၾကရေအာင္။ ငါ ဗိုက္ဆာေနျပီ"
က်င္းယြမ္က သူ႔ရဲ႔ ျပင္းထန္တဲ့ မ်က္နွာကို ခ်က္ခ်င္းေလ်ွာ့ခ်လိုက္ျပီး မီးဖိုေခ်ာင္ထဲသို႔ ေစ်းဝယ္အိတ္နွစ္အိတ္အား ဆြဲယူသြားေတာ့သည္။
အာဏာရွင္ CEO အျဖစ္ကေန အိမ္ေထာင္ရွင္ တစ္ေယာက္ အျဖစ္ ေျပာင္းလဲသြားသည္ကို မ်က္ဝါးထင္ထင္ ျမင္လုိက္ရတဲ့ ယိုရန္"..."
ခုန ျဖစ္သြားတာက ထင္ေယာင္ထင္မွားလား ဒါမွမဟုတ္ လက္ရွိလူကမွ ထင္ေယာင္ထင္မွားလား?
"နန္႔ရွန္ ထိုင္ေလ" ယန္ရန္က သူ႔ရဲ လက္မွတ္ထိုးျပီးသား စာအုပ္တစ္ဝက္အား စာၾကည့္ခန္းထဲ သြားထည့္ျပီး ျပန္ထြက္လာရင္း ေျပာသည္။
"က်ြန္ေတာ္တို႔ မၾကာခင္ စားလို႔ရျပီ, ရိဟန္, ငါတို႔မွာ စားဖို႔ေလာက္တယ္ထင္လား?"
"ေလာက္တယ္" က်င္းယြမ္က မီးဖိုေခ်ာင္ထဲက လွမ္းေအာ္သည္။
အိုးထဲက ဟင္းရည္မ်ားက ပြက္ပြက္ဆူေနေလျပီ။ တိုက္ခန္းက သိပ္မၾကီးေပ။ သိပ္မၾကာခင္မွာ အခန္းက အေငြ႔မ်ားနဲ႔ ျပည့္နွက္ေန၏။ ရိဟန္က မွိုမ်ား၊ ငါးအသားလံုးမ်ားနဲ႔ တစ္ျခားပါဝင္ပစၥည္းေတြကို စားပြဲေပၚတင္လိုက္သည္။
"ငါတို႔ေလးေယာက္ပဲ ရွိတာကို ဘယ္ေလာက္ေတာင္ ဝယ္လာတာလဲ, ငါထင္တာေတာ့ ေနာက္ထပ္ ေလးေယာက္ ငါးေယာက္ေလာက္ ထပ္စားရင္ေတာင္ ရေလာက္တယ္" ရိဟန္က ျပံဳးရင္း ေျပာလာသည္။
"ေလာက္ေနပါျပီလို႔ ငါေျပာသားပဲ" ယိုရန္က ဝင္ေျပာသည္။ ဒီလို သက္ဝင္လွတဲ့ ေလထုအေျခအေနၾကားမွာ မထိန္းခ်ဳပ္နုိင္စြာပဲ သူစိတ္သက္ေတာင့္သက္သာ ျဖစ္ေနမိသည္ေလ.
"ယန္ရန္က လွည္းထဲကို ပစၥည္းတစ္ခုျပီးတစ္ခုကို ေကာက္ထည့္ေနတာ"
"ငါေတာ့ အဆင္ေျပတယ္ ထင္တာပဲကို" ယန္ရန္က အျပစ္ကင္းစြာ ေျပာသည္။
"အမ်ားၾကီး ျဖစ္ေနလို႔လား? ငါတို႔အားလံုး လူၾကီးေတြေလ, ေသခ်ာေပါက္ အမ်ားၾကီးလိုတာေပါ့"
"ေလာဘႀကီးတဲ့မ်က္လုံးနဲ႔ ဗိုက္ေသးေသးေလးရွိတဲ့သူတစ္ေယာက္ရဲ႕ ဂႏၲဝင္ဥပမာပဲ" ရိဟန္က ရယ္သည္။
"ဒါဆို လက္က်န္ စားစရာေတြ အကုန္ကုန္ေအာင္ မင္းတာဝန္ယူရမယ္!"
ယန္ရန္: ...
ယိုရန္က ရယ္ခ်င္စိတ္အား နွုတ္ခမ္းကိုက္ကာ ထိန္းရင္း ေဆာ့မ်ား ကူထည့္ေပးေနလုိက္သည္။
ေနာက္ဆံုးေတာ့ အစားအစာမ်ား အဆင္သင့္ျဖစ္ေလျပီ။ ရိဟန္က အိုးထဲမွ အသားတစ္ခ်ိဳ႔ကို ဆယ္ယူလိုက္ျပီး အၾကိမ္အနည္းငယ္ မွဳတ္ျပီးေနာက္ ပါးစပ္ထဲ ေကာက္ထည့္လုိက္၏။
"မဆိုးဘူးပဲ" ရိဟန္က ေခါင္းေလး တစ္ဆတ္ဆတ္ညိတ္သည္.
"အရသာရွိတယ္, စားေသာက္ဆုိင္ေတြကထက္ ပိုေကာင္းတယ္"
က်င္းယြမ္က ေယာက္ခ်ိဳဇြန္းအေသးေလးတစ္ခုျဖင့္ ငါးအသားလံုးမ်ားကို ဆယ္ယူလုိက္ျပီး ပန္းကန္ျပား အေသးတစ္ခ်ပ္ထဲထည့္ကာ အေအးခံေပးထားသည္။ ရိဟန္က အစားအေသာက္အပူေတြ စားလုိ႔ မရတာေၾကာင့္ က်င္းယြမ္က သူ႔ေဘးမွာ ပန္းကန္အလြတ္တစ္ခု အဆင္သင့္ ျပင္ေပးထား၏။ အစားအေသာက္ေတြ က်က္တာနဲ႔ ရိဟန္ၾကိဳက္တာမ်ားကို ခပ္ျပီး ပန္းကန္ျပားထဲ ထည့္ေပးကာ စားလို႔ရမယ့္ အစဥ္လုိက္တုိင္းေလး ထားေပးထားသည္။
ရိဟန္ထပ္လိုခ်င္တဲ့ အခ်ိန္ဆိုရင္ ထိုေနရာက ယူယူေပးလိုက္သည္ေလ။ လူငယ္ေလးကေတာ့ တစ္ေခါက္ေလးပင္ ရပ္မသြားပဲ ပထမဆံုး တစ္ေခါက္ကလြဲရင္ အိုးထဲက ယူစရာ လံုးဝမလိုေတာ့။ သူက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စားေနရင္းနဲ႔ ရံဖန္ရံခါဆို ေပ်ာ္ရႊင္အူျမဴးစြာ က်င္းယြမ္ကို ျပံဳးျပေနသည္။
က်င္းယြမ္ကလည္း ရိဟန္ကို သူ႔မူပိုင္အျပံုးေလး ျပန္ျပံဳးျပသည္။ သူ႔တူကေတာ့တစ္ခ်ိန္လံုး လွည့္ပတ္ေနရင္း ရိဟန္ရဲ႔ ပန္းကန္ထဲ အစားအေသာက္ေတြ ဆက္တိုက္ျဖည့္ေပးေနသည္ပင္။ ဆိုလိုတာကေတာ့ ရိဟန္ေဘးက ပန္းကန္က အျမဲတမ္း ျပည့္ေနတယ္ဆိုတဲ့ သေဘာပဲ
အထီးက်န္ေနတဲ့ single dog ေလး ယန္ရန္: "..."
စီးပြားေရးေလာက က Mr မုက ရက္စက္ၾကမ္းၾကဳတ္တယ္ ဆိုတဲ့ ဂုဏ္သတင္းကိုပဲ သူသိထားတာ။ အဲ့ဒီလူက အခုညစာ စားပြဲကလူနဲ႔တစ္ေယာက္တည္းလုိ႔ သူလံုးဝ မထင္မိဘူး။
ထိုစံုတြဲကို ၾကည့္ျပီး ယန္ရန္က သူ႔ခ်စ္သူကို ရွာေတြ႔ဖို႔ စိတ္အားထက္သန္လာေတာ့သည္။
ယန္ရန္က မသိစိတ္မွ သူ႔ေဘးက ယိုရန္အား တစ္ခ်က္ၾကည့္မိသည္။ထိန္းမႏိုင္သိမ္းမရေသာ တုန္လႈပ္မႈတစ္ခု သူ႔ႏွလုံးသားထဲသို႔ ေျပးဝင္လာေလ၏။
မၾကာေသးခင္ကမွ လမ္းခြဲထားတဲ့ ယိုရန္: "..."
အခုေလးတင္ လမ္းခြဲထားရတဲ့ သူတစ္ေယာက္ေရွ႔မွာ ဒီလိုမ်ိဳး ခ်စ္ခင္ၾကင္နာျပျပီး ၾကြားဝါေနတာ တကယ္ပဲ အဆင္ေျပတယ္ေပါ့ေလ?
ရိဟန္ကေတာ့ သူၾကြားေနမိတယ္ ဆုိတာေတြဘာေတြကို သိမေန။ သူက ေရွ႔က အရသာရွိတဲ့ အစားအေသာက္မ်ားကိုသာ အာရံုစိုက္ေနျခင္းပင္။
Oh my, ဒီစားစရာေတြရဲ႔ အပူခ်ိန္က အေနေတာ္ပဲ! မု-မုက ငါ့စိတ္ကို တကယ္ ေကာင္းေကာင္းသိတာပဲ!
သူ႔နယ္ေျမကို ေအာင္ျမင္စြာ အမွတ္အသားျပဳလုိက္တဲ့ က်င္းယြမ္
ဟုတ္တယ္, ျခိမ္းေျခာက္မွုအားလံုးကို ပ်ိဳးေစ့ဘဝမွာပဲ ခ်ဳပ္ေနွာင္ထားပစ္ရမယ္။ ငါတို႔ဘယ္ေလာက္ေတာင္ ထပ္တူၾကလဲ၊ ဘယ္ေလာက္ေတာင္ အခ်င္းခ်င္း လိုက္ေလ်ာညီေထြရွိလဲဆိုတာ ၾကည့္လိုက္စမ္း။ ဒီေခ်ာလြန္းျပီး သပ္ရပ္ေနတဲ့ စာေရးဆရာက ေသခ်ာေပါက္ ဟန္ဟန္ကို ၾကိဳးစားေတာ့မွာ မဟုတ္ဘူး။ ငါက အရမ္းဉာဏ္ေကာင္းတာပဲ!
ယန္ရန္သည္ က်င္းယြမ္ရဲ႔ တူမ်ားက တည္ျငိမ္ျပတ္သားစြာနဲ႔ အိုးတစ္ခုလံုးကို ပ်ံသန္းေနသည္အား ၾကည့္ရင္း ယိုရန္ကို စိတ္ပူပန္စြာ လွမ္းၾကည့္မိသည္။ သူသည္လည္း ေသြးေဆာင္မွုကို ေတာင့္မခံနုိင္ေတာ့တာေၾကာင့္ သူ႔တူမ်ားကို သံုးကာ အိုးထဲက စားစရာတစ္ခ်ိဳ႔အား ဆြဲထုတ္ရင္း ယိုရန္ရဲ႔ ပန္းကန္ထဲ ထည့္ေပးလုိက္ေတာ့သည္။
သူျပန္ေမာ့လိုက္တဲ့ အခ်ိန္မွာေတာ့ သူ႔မ်က္လံုးမ်ားက က်င္းယြမ္နဲ႔ ေတြ႔ဆံုသြားသည္။ နွစ္ေယာက္သား စကားတစ္ခြန္းပင္ မေျပာပဲ သူတို႔ရဲ႔ တိတ္တဆိတ္ ျပိဳင္ဆုိင္ၾကေတာ့၏။ သနားစရာ ယိုရန္က စားစရာနဲ႔ ပတ္သတ္ရင္ ဘယ္တုန္းကမွ 'တိုက္ခိုက္ျခင္း' ကို မေတြ႔ၾကံဳဘူးေပ။ နွစ္ေယာက္သား အျပန္အလွန္ တိုက္ခိုက္ေနသည္ကို ၾကည့္ရင္း သူ႔မ်က္လံုးမ်ား ထြက္က်ေတာ့မတတ္ ျဖစ္လာရရွာသည္။
သူက စားဖုိ႔ပင္ ေမ့လုနီးပါး ျဖစ္သြားရေသာ္လည္း ယန္ရန္ကေတာ့ သူ႔နန္႔ရွန္က ေၾကာင္ေငးေငး ျဖစ္ေနစဥ္မွာ ရိဟန္ကေတာ့ ဟမ္းစတား အေသးေလးလုိ မရပ္မနား စားေနသည္ကို ျမင္လုိက္ရသည္ေလ။
"စားေလ" ယန္ရန္က တိုးတိုးေလး သတိလွမ္းေပးလိုက္သည္။
ယိုရန္: "..."
သူေမးခ်င္တာက စားစရာေတြ အမ်ားႀကီးက်န္ေသးတယ္ေလ။ အစားအစာကို ေနာက္ထပ္ ႏွစ္နပ္ေလာက္ ဆြဲဆန႔္ထားရင္ေတာင္ ၿပီးေအာင္ မစားႏိုင္ဘူး။ ဒီလူႏွစ္ေယာက္က ဘာကိုတိုက္ေနၾကတာလဲ?
သို႔ေသာ္လည္း ထိုတို္က္ပြဲေၾကာင့္ သူ႔ရဲ႔ က်ဆင္းေနသည့္ စိတ္ခံစားခ်က္မ်ား တစ္ဝက္တစ္ပ်က္ေလာက္ ေပ်ာက္ကြယ္သြားရသည္။ သူတို႔ရဲ႔ ခံစားခ်က္ေၾကာင့္လား ဒါမွမဟုတ္ ရိဟန္က အစားအေသာက္ကို အရမ္းနွစ္သက္တာမို႔ သူ႔ကိုၾကည့့္တဲ့သူတိုင္း စားခ်င္စိတ္ တိုးလာေစလို႔လား ဘာေၾကာင့္မွန္း မသိေပမယ့္လည္း စားလို႔ျပီးတဲ့အခ်ိန္မွာ သူအေတာ္ေလး ျပည့္အင့္ေနခဲ့သည္။ ဒီတစ္ေခါက္ သူစားတဲ့ အစားအေသာက္ ပမာဏက ပံုမွန္သူစားတာထက္ သာလြန္ေနခဲ့ျပီး လြန္ခဲ့တဲ့ ရက္အနည္းငယ္က အစားအေသာက္ ပ်က္ေနခဲ့တဲ့သူတစ္ေယာက္အတြက္ ဆိုရင္ေတာ့ ေျပာမေနနဲ႔ေတာ့ပဲ၊
ညစာစားၿပီးေနာက္ လူေလးေယာက္က ထမင္းစားပြဲႏွင့္ မီးဖိုေခ်ာင္ကို သန႔္ရွင္းေရးလုပ္သည္။ ယန္ရန္၏ ေရခဲေသတၱာကေတာ့ စားႂကြင္းစားက်န္မ်ားျဖင့္ ျပည့္ႏွက္ေန၏။
"အမ်ားၾကီးက်န္ေနတယ္" ရိဟန္ကေျပာသည္။ သူ႔နွလံုးသားက ေရခဲေသတၱာကို ျမင္တာနဲ႔တင္ နာက်င္ရေလသည္။
"မင္းတစ္ေယာက္တည္းစားရင္ ဘယ္ေလာက္ၾကာမွ ကုန္မွာလဲ? အစားအေသာက္တစ္ဝက္ေလာက္က ပစ္ထုတ္ရေလာက္တယ္, နွေျမာဖို႔ေကာင္းလိုက္တာ"
ယန္ရန္က အ့ံအားသင့္သြားမိသည္။ ယိုရန္က ရိဟန္ဘယ္သူလဲ မသိေပမယ့္လည္း ယန္ရန္ကေတာ့ သိေနသည္ေလ။ ပိုင္သခင္ငယ္ေလးက ေရႊဇြန္းကိုက္ျပီး ေမြးလာတာလို႔သာ သူအျမဲတမ္း ထင္ထားခဲ့တာ။ အျမဲတမ္း သက္ေတာင့္သက္သာ ရွိလြန္းတဲ့ ဘဝကိုပဲ ရခဲ့ျပီး ခက္ခဲၾကမ္းတမ္းတဲ့ ဘဝဆိုတာ ဘာမွန္းလံုးဝသိမွာမဟုတ္ေလာက္ဘူးလို႔ေပါ့။ ရိဟန္က ဒီလို အသီးအရြက္ တစ္ခ်ိဳ႔ေလာက္ ျဖဳန္းတီးမိသြားတဲ့အတြက္ အရမ္းစိတ္မေကာင္း ျဖစ္ေနမယ္လို႔ လံုးဝ မထင္ထားမိဘူး။ ဒါက ယန္ရန္ကို သူသိထားတဲ့ ရိဟန္အေၾကာင္း ျပန္စဥ္းစားမိေစတယ္ေလ။
ယန္ရန္သည္ ယိုရန္က နားလည္ဟန္ ေခါင္းညိတ္ျပေနသည္ကို ျမင္ေတာ့ ခပ္ျပံဳးျပံဳးေလးနဲ႔ ေျပာလုိက္သည္။
"ငါကိုယ္တိုင္ေတာ့ ဘယ္ကုန္ေအာင္ စားနုိင္မလဲ, အစားအေသာက္ အမ်ားစုက ပ်က္စီးကုန္မွာ ေသခ်ာတယ္, ဒါဆို ေတာ္ေတာ္ေလး နွေျမာဖို႔ေကာင္းမွာ, ဒီလိုဆိုရင္ေရာ? မနက္ျဖန္လည္း ငါနဲ႔ အတူတူ ညစာ လာစားေလ, ဒါဆို ကုန္ေအာင္ စားလို႔ရျပီ"
===============