(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသုံးမကျပဲဆိုးသွမ်းသည့်ကလေးတစ်ယောက်အနေဖြင့်နောက်ဆုံးတွင်ပိုင်ရိဟန်ကသူ့မိသားစုကိုအဆုံးသတ်စေခဲ့သည်။ ပြန်လည်မွေး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《162》

6.5K 1.1K 15
By Xiao_Yiii

Unicode

အခန်း(၁၆၂) - အထူးတလှယ်ကို တွယ်ကပ်လွန်းတယ်

ကျင်းယွမ်က ရိဟန်ရဲ့ လက်အား သူ့လက်ဖဝါးထဲ ဆွဲယူလိုက်သည်။ သူက ရိဟန်ရဲ့ အာမေဋိတ် သံလေးကို တုန့်ပြန်တဲ့အနေနဲ့ ချစ်မြတ်နိုးလွန်းနေသည့် လေသံတစ်ခုပြုလိုက်ပြီး ရိဟန်အား ဓာတ်လှေကားထဲကနေ ဆွဲခေါ်သားတော့၏။ နှစ်ယောက်သား ကျင်းယွမ်ရဲ့ ရုံးခန်းထဲ ဝင်သွားကြလေသည်။

ရိဟန်ရဲ့ အထူးတလှယ် ဆိုဖာလေးပေါ်မှာတော့ စားပွဲအပြည့် မုန့်များ၊ သူ့ကိုယ်သူ ဖျော်ဖြေပေးနိုင်မည့် ဒစ်ဂျစ်တယ် ကိရိယာများဖြစ်သော tablet ၊laptopနဲ့ စာအုပ်လို အရာမျိုးများ ပြည့်နှက်နေသည်။ ကျင်းယွမ်က သူ့စားပွဲခုံမှာ ဝင်ထိုင်လိုက်မှသာ ရိဟန်က ရှက်ကိုးရှက်ကန်းနဲ့ သူ့နေရာလေးသို့ ဝင်ပြီး အခြေချလေ၏။

သူတို့နောက်က လိုက်လာတဲ့ ချန်းဟုန်ကတော့ ချက်ချင်းပင် တစ်နေ့တာ အလုပ်ဇယားအား အစီရင်ခံတော့လေသည်။

"နောက်တစ်ခုက-" သူက စာရင်းရဲ့ အဆုံးသတ်မှာ ဆက်ပြောလာသည်။

"ဆရာ့အမိန့်နဲ့ ပတ်သတ်လို့ မနေ့ညက ဘာမှ ပုံမှန်မဟုတ်တာ မဖြစ်သေးပါဘူး, အဲ့ဒီလူက လုံးဝမပေါ်လာသေးဘူး"

"အင်း" ကျင်းယွမ်က ပြန်ပြောသည်။

"ဒါက ငါတို့ အလျင်စလို လုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူးလေ, စောင့်နေရုံပဲ ရှိတာပေါ့, ရပြီ ထွက်သွားလို့ရပြီ"

အတည်ပြုချက်ကို အမြန်တုံ့ပြန်ပြီးနောက် ချန်းဟုန်က လှည့်ထွက်သွားတော့၏။

ရိဟန်က သူ့ဘေးက ဆိုဖာပေါ်သို့ ဖြည်းညှင်းစွာ အကြောဆန့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ စာအုပ်ပုံအား လှန်လှောရင်း ပြောလာလေသည်။

"ပြောကြည့်, အဲ့ဒီလူယုတ်မာက ဘယ်အချိန်လောက် ပေါ်လာမယ်ထင်လဲ?"

"စိတ်ပူနေစရာ မလိုဘူး" ကျင်းယွမ်က ပြန်ဖြေသည်.

"သူသာ ပုံမှန်မဟုတ်တာ တစ်ခုခုကို သတိမပြုမိသ၍ မကြာခင် ပေါ်လာလိမ့်မယ်, ကိုယ်တို့ရဲ့ အရင်တစ်ခေါက် စုံစမ်းစစ်ဆေးမှု အရဆိုရင် သူက နန့်ရှန်ဆီကို တစ်ပတ်မှာ အနည်းဆုံး နှစ်ရက်လာတယ်, အဲ့ဒီမှာ နေတာ ရှားပေမယ့်လည်း တော်တော်လေးကို မကြာခဏတော့ လာနေတာပဲလေ"

ရိဟန်က စာအုပ်အား စားပွဲပေါ် ပြန်တင်လိုက်ရင်းဖြင့်

"ကြည့်၇သလောက်ကတော့-" ရိဟန်က ခေါင်းလေးစောင်းကာ စဉ်းစားလိုက်သေးသည်။

"သူက နန့်ရှန်ကို တော်တော်လေး စွဲလန်းနေပုံပဲ"

ကျင်းယွမ်က ခပ်ဖျော့ဖျော့ ရယ်လိုက်ကာ

"အဲ့ဒါကြောင့်လည်း အဲ့ဒီလူက homosexual ဖြစ်နိုင်တာပေါ့, အကယ်၍ သူက bisexual ဖြစ်နေရင်တောင် ယောကျာ်းလေးတွေကို ပိုပြီး ကြိုက်တာဖြစ်လိမ့်မယ်, ဒါ့အပြင် အတော်လေးလည်း စွမ်းအား ရှိလိမ့်မယ်, အဲ့ဒါကြောင့်လည်း သူ့ဇနီးနဲ့ နန့်ရှန်ကို ကောင်းကောင်း ဖုန်းကွယ်ထားနိုင်တာပေါ့, နန့်ရှန်အတွက်ကတော့......" သူက ခဏရပ်လိုက်သည်။

"လိုအပ်တဲ့အချိန်မှာ, သဘာဝကျကျပဲ သူတစ်ယောက်တည်း အနစ်နာခံသွားရမှာပေါ့လေ"

"လူမှုအဆင့်အတန်းမြင့်တာ သူ့မိန်းမများ ဖြစ်နေမလား?" ရိဟန်က ပြောလိုက်ပြီး သူ့နှုတ်ခမ်းပေါ်မှာ အေးစက်စက် မဲ့ပြုံးတစ်ခု တွဲခိုနေသည်။

"ဘယ်သူက ပိုအသုံးဝင်လဲ ဆိုတဲ့အကြောင်းအရာပေါ်မှာဆို နန့်ရှန်က သူမကို မယှဉ်နိုင်ဘူးလေ, သူ့လို ယောက်ျားမျိုးက တခြားလူကို ဘယ်လောက်ချစ်သလဲ ဆိုတာ အမြဲတမ်း ကန့်သတ်ချက်ရှိတယ်။ ချူဖန်းမင်လိုလူမျိုးက သူတို့ကိုယ်သူတို့ပဲ ချစ်တာ"

"မင်းပြောတာမှန်တယ်" ကျင်းယွမ်က ပြန်ဖြေသည်။

"အကယ်၍ နန့်ရှန်သာ အဲ့ဒီလူကို နစ်နစ်နဲနဲ ချစ်နေတယ်ဆိုရင်တော့ ကိစ္စတွေက ဒုက္ခများသွားပြီပဲ, နန့်ရှန်သာ အဖြစ်မှန်သိသွားတာနဲ့ အရမ်းနာကျင်ရလိမ့်မယ်"

ရိဟန်က သူ့ဖုန်းကို ဒေါသတကြီး ထုတ်ယူလိုက်သည်။

"ဒီလိုယောက်ျားတွေက စက်ဆုပ်ရွံရှာစရာကောင်းလွန်းတယ်,တခြားလူတွေကို လိမ်လည်လှည့်ဖြားပြီး အိမ်ထောင်ပြုရံတင်မကပဲ တခြားလူတွေရဲ့ ချစ်ခြင်းတရားကိုပါ လိမ်လည်လှည့်ဖြားပြီး နာကျင်စေခဲ့တယ်,အဲ့ဒီ လူယုတ်မာကောင်က တကယ်ကို ယောက်ျားတိုင်းရဲ့ အရှက်ရစရာပဲ""

"တကယ်တော့ အဲ့ဒီလိုလူမျိုးတွေ အများကြီးရှိတယ်" ကျင်းယွမ်က ပြန်ပြောလာသည်။

"သူတို့က ထူးထူးဆန်းဆန်း ရှုမြင်ခံရတာကို မခံနိုင်လို့ ဖြစ်ကောင်းဖြစ်နိုင်သလို တခြားအကြောင်းတွေကြောင့်လည်း လိင်တူကြိုက်တဲ့သူ အများစုက မိန်းကလေးတွေနဲ့ လက်ထပ်ဖို့ ရွေးချယ်ကြလိမ့်မယ်"

"အင်း, ငါသိတယ်" ရိဟန်က ပြောသည်။

"တစ်ချို့က သူတို့မိသားစုအတွက်၊ သူတို့ရဲ့ ဆွေမျိုးတွေအတွက် လုပ်ကြတယ်, တစ်ချို့ကတော့ ထိန်းချုပ်မရတော့လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လုပ်ကြတယ်, သူတို့အနေနဲ့ ရွေးချယ်စရာမရှိပဲ အမျိုးသမီးတွေကိုပဲ လက်ထပ်ကြရတယ်လေ, ဒါပေမဲ့ အကြောင်းအရင်းက ဘာပဲဖြစ်နေပါစေ အိမ်ထောင်ပြုလိုက်ပြီ ဆိုတာနဲ့ တစ်ဖက်လူကို တာဝန်ယူစိတ် ရှိရမှာပေါ့! အဲ့ဒီလူကို ကြည့်စမ်းပါဦး! လက်ထပ်ပြီးသား ဖြစ်တာတောင် နန့်ရှန်ကို ပေါင်းသင်းဖို့ လိမ်လည်လှည့်ဖြားနေတုန်းပဲ, သူက သူ့ဇနီးသည်နဲ့ နန့်ရှန်ရဲ့ ချစ်ခင်မြတ်နိုးခြင်းတွေကို သစ္စာဖောက်ယုံတင်မကပဲ ကိစ္စတွေ ပေါ်လာတဲ့အချိန်မှာလည်း နန့်ရှန်ကို စွန့်ပစ်ခဲ့သေးတယ်, အဲ့ဒါအပြင် သူက သူ့ဇနီးသည်က နန့်ရှန်ကို အရှက်တကွဲဖြစ်အောင် တွန်းပို့တာကို ခွင့်ပေးလိုက်တဲ့အပြင် ကိစ္စကြီးတစ်ခုလုံးက သူနဲ့မဆိုင်သလိုမျိုး မိန်းမနောက်မှာ ပုန်းနေလိုက်သေးတာ, သူ့ထက်ပိုပြီး ဆိုးတဲ့သူမျိုး မရှိတော့ဘူး"

"မင်းပြောတာ လုံးဝမှန်တယ်" ကျင်းယွမ်က ချော့မော့သည့် လေသံနဲ့ ပြောလာသည်။

"အဲ့ဒါကြောင့်လည်း ကိုယ်တို့တွေ သူ့အကြောင်းကို ဆွဲထုတ်ရမှာပေါ့ အဲ့ဒါမှ သူဆက်ပြီး ပုန်းမနေနိုင်တော့မှာ, ကိုယ်တို့ နန့်ရှန် ခံစားရမှာကနေ ကယ်တင်ပေးကြမယ်, အကယ်၍ သူ့တစ်ဘဝလုံး တစ်ယောက်တည်းပဲနေပြီး အဆုံးသတ်သွားမယ် ဆိုရင်တောင် အမှိုက်တစ်ကောင်အတွက် သူ့ကိုယ်သူ အနစ်နာခံပေးရတာထက်တော့ အများကြီး သာပါသေးတယ်"

"မင်းမှန်တယ် မု-မု" ရိဟန်က ပြောသည်

"သူ့ပရိတ်သတ် တစ်ယောက်အနေနဲ့ ငါ့အိုင်ဒေါကို အကောင်းဆုံး ကာကွယ်ပေးရမယ်! မိသားစုဝင်ပရိသတ်တစ်ယောက်အနေနဲ့ ဒီအတိုင်း ရပ်မနေနိုင်ဘူး!လိုအပ်မယ်ဆိုရင် ငါဖေးဖေးကိုပါ ဆက်သွယ်လို့ရတယ်, သူမကလည်း နန့်ရှန်ရဲ့ ပရိသတ်တစ်ယောက်ပဲ,နေဦး, ပြောကြည့်, အိမ်မက်ထဲမှာတုန်းက ဘာလို့ ဖေးဖေးက နန့်ရှန်အတွက် ဘာမှမလုပ်နိုင်ခဲ့တာလဲ? သူမကလည်း ပရိသတ်တစ်ယောက်ပဲဟာ, အဲ့ဒီတုန်းက ငါ့မှာ ခွန်အား မရှိဘူးဆိုပေမယ့် သူမကတော့ ယန်မိသားစု သခင်မလေးပဲလေ! အကယ်၍ သူမသာ ဝင်ပါခဲ့မယ်ဆိုရင် နန့်ရှန်က ဒီလို ကြောက်စရာကောင်းတဲ့ သေဆုံးခြင်းမျိုးနဲ့ ဘယ်တော့မှ သေသွားခဲ့မှာမဟုတ်ဘူး! အဲ့ဒီတုန်းက မြို့မှာ မရှိလို့များ သူမ မသိလိုက်တာများလား? အော် သနားစရာ နန့်ရှန်ပဲ "

ကျင်းယွမ်က ထိုမေးခွန်းအား ခဏစဉ်းစားလိုက်ပြီးမှ ပြန်ပြောလာသည်။

"ကိုယ်တို့အဲ့ဒီအချက်နဲ့ ပတ်သတ်လို့ ဘာမှမသိပေမယ့် လောလောဆယ်တော့ ယန်ဖေးကို မပြောပဲ ရှောင်နေတာ အကောင်းဆုံးပဲ"

ရိဟန်က အတွေးထဲနစ်သွားသည်။ ရုတ်တရက် သူက ရေရွတ်လာ၏။

"ယန်ဖေးက အဲ့ဒီအမှိုက်နဲ့ တစ်နည်းနည်း ပတ်သတ်နေတယ်လို့ သံသယဝင်မိလို့လား?"

"သေတော့ မသေချာဘူး" ကျင်းယွမ်က ပြန်ဖြေသည်။

"အများကြီး မစဉ်းစားနဲ့, ကိုယ်တို့သူမကို မပြောဘူးဆိုတာက အကယ်၍များဆိုတဲ့ တစ်စုံတစ်ရာအတွက် အစောင့်အကြပ် ထားချင်ရုံပဲ, အဲ့ဒီကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းလို့ရတာပဲ, တစ်ခြားသူတွေကိုပါ ဆွဲထည့်စရာမလိုပါဘူး ဟုတ်တယ်မှတ်လား?"

"ဟုတ်တယ်, မင်းပြောတာ မမှားဘူး" ရိဟန်က ခေါင်းတစ်ညိတ်ညိတ်နဲ့ တုန့်ပြန်သည်။

"ဒါပေမဲ့ ဖေးဖေးက မသိခဲ့တာဖြစ်နိုင်တယ်, သူမမှာ သူရဲကောင်းဆန်ပြီး တရားမျှတတဲ့ နှလုံးသားရှိတယ်, အကယ်၍ သူမသာ သိခဲ့မယ်ဆိုရင် သေချာပေါက် နန့်ရှန်ကို ကယ်တင်ဖို့ လုပ်မှာပဲ"

ထိုသို့ပြောရင်းဖြင့် နန့်ရှန်နဲ့ စကားပြောထားသည့် QQ chat သို့ ဝင်လိုက်ပြီး သူ့လက်ချောင်းများက ဖန်သားပြင်ပေါ် ဖြတ်ကျော်ကာ စာတစ်တောက်တောက် ရိုက်လိုက်သည်။

[မုမုရဲ့ ဟန်ဟန် : ဘာတွေလုပ်နေလဲ? ငါပျင်းလို့ စကားပြောပေးပါလား]

မကြာခင် တစ်ဖက်က စကားပြန်လာ၏။

[ယိုရန် : ဘာမှမလုပ်ပါဘူး, ဘာအကြောင်းပြောကြမှာလဲ?]

"နန့်ရှန်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ" ရိဟန်က နူးညံ့စွာ တစ်ခစ်ခစ် ရယ်လေသည်။

"သူက ဘယ်လိုစကားပြောရမလဲဆိုတာ လုံးဝကို မသိဘူး, သူက စကားစမည်ပြောတာကို ဘယ်လိုအဆုံးသတ်ပစ်ရမယ် ဆိုတာပဲသိတယ်"

"ကိုယ့်ရှေ့မှာ တခြားလူတွေကို မချီးမွမ်းနဲ့!" ကျင်းယွမ်က မှောက်မိုက်နေသည့် မျက်နှာနဲ့ ကျယ်လောင်စွာ ပြောလာသည်။

"ငါသူ့ကို မချီးကျူးမိပါဘူး" ရိဟန်က အံ့အားသင့်စွာပြောသည်။

"သူက စိတ်ဝင်စားဖို့ကောင်းတယ်လို့ မင်းပဲပြောလိုက်တာလေ" ကျင်းယွမ်က ပြန်ဖြေသည်။

"မင်းဒီထက်ပိုပြီး အဓိပ္ပါယ်မရှိလို့ ရဦးမလား?" ရိဟန်က စိတ်အနှောင့်အယှက်ဖြစ်စွာ သက်ပြင်းချသည်။

"ဒါက ချီးကျူးတာလား? ဘယ်လိုပဲဖြစ်ဖြစ် ဒီကမ္ဘာပေါ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ယောကျာ်းတွေ အများကြီးရှိနေတာပဲဟာ ဒါပေမဲ့ ငါက မင်းတစ်ယောက်တည်းကိုပဲ စိတ်ဝင်စားတာလေ"

ကျင်းယွမ်က ကျယ်လောင်စွာဖြင့် 'ဟမ့်' ဟုရေရွတ်လိုက်ပြီးနောက် တိတ်ဆိတ်သွားကာ သူ့ရှေ့က စာရွက်စာတမ်းများကိုသာ လှန်လှောနေသည်။

သူ့ရဲ့ စူးရှလွန်းလှသည့် မျက်လုံးများကို အသုံးပြုလိုက်သောအခါ ရိဟန်သည် တစ်ဖက်လူရဲ့ နားရွက်များ နီရဲနေသည်ကို မြင်လိုက်ရသည်။ သူ့နှလုံးသားထဲမှာတော့ ရိဟန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေလေပြီ။

ဟက်! ဘာမှမဟုတ်တာနဲ့ မနာလိုဖြစ်နေပေမယ့် အရေပြားတော့ ပါးသားပဲ, ကျင်းယွမ်က သူ့ကို အနိုင်ရဖို့ အရမ်းကို နုံအလွန်းတယ်! အား, ဘာလို့ ကျင်းယွမ်က ဒီလို ဂုဏ်ယူဝံ့ကြွားပြီး ရှက်ရွံ့နေတဲ့အချိန်မှာ အရမ်းချစ်ဖို့ ကောင်းနေရတာလဲ?

သူက ကိုက်ထားသည့် နှုတ်ခမ်းအောက်မှာ သူ့အပြုံးကို ဖုံးကွယ်ထားရင်း ဖုန်းကို ပြန်ကြည့်လိုက်သည်။

[မုမုရဲ့ဟန်ဟန် : ပြောကြည့်, နန့်ရှန် စာအုပ်အသစ် မထုတ်သေးတာ ဘာကြောင့်လို့ထင်လဲ? သူက အွန်လိုင်းမှာလဲ အလုပ်နဲ့ ပတ်သတ်လို့ ဘာမှ မတင်ထားဘူး, ငါက သူ့ရဲ့ အရေးအသားအသစ်ကို အမှီလိုက်ချင်ပေမယ့် ဖတ်စရာဘာမှ မရှိတော့ဘူး, ပင်ပန်းတကြီး စောင့်နေရုံပဲရှိတော့တယ်, "The Blue Mountain" ဆိုရင် အခုဆို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနေပြီ]

[ယိုရန် : စာအုပ်အသစ်ရေးတယ်ဆိုတာ မြန်မြန်လုပ်လို့ရတာမျိုး မဟုတ်ဘူးလေ, သူက တစ်ခြားတစ်ခုခုနဲ့ အလုပ်ရှုပ်နေတာဖြစ်မှာပေါ့, ဒါဆို သူ့နေ့ရက်တွေရဲ့တစ်နေ့တာ အချိန်တိုင်းကို စာရေးဖို့ အသုံးမချနိုင်တော့ဘူးပေါ့]

[မုမုရဲ့ဟန်ဟန် : အမှန်ပဲ, သူက လက်ထပ်ထားတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ရည်စားရနေတာ ဖြစ်လိမ့်မယ် ပြီးတော့ သူ့ချစ်သူကို အချိန်ပိုပေးဖို့ လိုအပ်နေတာများလား?]

[ယိုရန် : ဒါက....ဖြစ်နိုင်ပါတယ်, ငါလည်းမသိဘူးလေ]

[မုမုရဲ့ဟန်ဟန် : ဟမ်း, အဲ့ဒီလိုဆိုရင်တော့ ငါနားလည်ပေးနိုင်ပါတယ်, ငါနဲ့ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်းလိုပေါ့, ငါတို့က အမြဲတမ်းလိုလို အတူတူ ရှိနေကြတာ, အကယ်၍ သူအလုပ်လုပ်နေရင် ငါက သူနဲ့အတူလိုက်သွားရတယ်, သူက အရမ်းကပ်တွယ်တတ်တာ ]

[ယိုရန် : မင်းရဲ့......အနာဂတ်ခင်ပွန်းလောင်း? မင်းက ယောကျာ်းလေး မဟုတ်ဘူးလား?]

[မုမုရဲ့ဟန်ဟန် : Yup, ယောကျာ်းလေးကရော ခင်ပွန်းရှိလို့ မရဘူးလား? ငါတို့က မကြာခင် လက်ထပ်တော့မှာ, မင်းက gay တွေကိုမုန်းလို့လား?]

[ယိုရန် : မဟုတ်တာ မဟုတ်တာ, ငါအဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး, ဂုဏ်ယူပါတယ်နော်]

[မုမုရဲ့ဟန်ဟန် : ကျေးဇူးတင်ပါတယ်, ငါလည်း မင်းလက်မခံမှာကို အရမ်းကြောက်နေခဲ့တာ, ငါတို့က အရမ်း အဆင်ပြေကြတာလေ, ငါမင်းကို သူငယ်ချင်းတစ်ယောက်လို အရမ်းတန်ဖိုးထားတယ်, အဲ့ဒါကြောင့် ကြောက်အောင် လုပ်မိမှာ စိုးရိမ်တာ ]

[ယိုရန် : ဘယ်လိုဖြစ်နိုင်မှာလဲ? ငါလည်းအတူတူပါပဲ]

[ယိုရန် : ငါပြောချင်တာက ငါလည်းမင်းကို သူငယ်ချင်းတစ်ယောက်လို အရမ်းတန်ဖိုးထားပါတယ်လို့, ငါ့မှာက သူငယ်ချင်း အရမ်းနည်းတယ်]

[မုမုရဲ့ဟန်ဟန် : ဒါဆိုကောင်းတာပေါ့? ပိုက်ဆံက ဝင်ဖို့လွယ်ပေမယ့် သူငယ်ချင်းကောင်းကတော့ မဟုတ်ဘူးတဲ့! (လက်ဆွဲနှုတ်ဆက်)]

[ယိုရန် : (လက်ဆွဲနှုတ်ဆက်)]

[ယိုရန် : ငါမင်းကို တစ်ခု မေးလို့ရမလား?]

[မုမုရဲ့ဟန်ဟန် : မေးစေဗျား]

[ယိုရန် : မင်းနဲ့ မင်းရဲ့ချစ်သူ.....တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆက်ဆံလေ့ရှိလဲ? မင်းတို့က အမြဲတမ်း အတူတူ ရှိနေကြတာလား? သူက အိမ်မပြန်ဘူးလား ဒါမှမဟုတ် တစ်ခုခု သွားလုပ်ဖို့ရှိမနေဘူလား?]

[မုမုရဲ့ဟန်ဟန် : ငါတို့က အတူတူနေကြတာ,ငါတို့က ချစ်သူတွေလေ သေချာပေါက် အတူတူရှိနေရမှာပေါ့, သူပြောတာတော့ ငါရှိတဲ့ နေရာတိုင်းက သူ့အိမ်ပဲတဲ့, သူ့မိသားစုကလည်း မရှိတော့ဘူးလေ, ငါက အိမ်ကနေ ထွက်လာပြီး သူနဲ့အတူတူ နေနေတာ, ငါအိမ်ပြန်သွားတဲ့အခါကျရင်လည်း သူက ငါ့မိသားစုနဲ့ အတူတူ လိုက်နေတာပဲ, ဘယ်လိုပဲဖြစ်ဖြစ် သူက ငါနဲ့ တစ်ရက်လေးတောင် ဝေးမနေချင်ဘူး, ငါလည်း သူ့ကို အိမ်ထဲမှာပဲ အထီးကျန်ပြီး တစ်ယောက်တည်း မနေခိုင်းရက်ဘူးရယ်, တစ်ခြားကိစ္စတွေကတော့.....သူ့မှာလည်း အလုပ်တွေရှိတာပေါ့, ဒါပေမဲ့ သူက ငါ့ကိုပါ အတူတူခေါ်သွားတာ, ငါ့ကို ခေါ်မသွားနိုင်တဲ့ အခါမျိုးဆိုရင်လည်း ဖုန်းပြောဖြစ်ကြတယ်, ဖုန်းခေါ်တာဖြစ်ဖြစ် စာတိုလေးပို့တာဖြစ်ဖြစ်ပေါ့; ငါတို့က အတူတူရှိနေတယ်လို့ ခံစားရစေနိုင်မယ့် ဘယ်အရာကို မဆို ဘာကိုမဆို လုပ်ဖြစ်ကြတယ်]

[ယိုရန် : သိပြီ, အဲ့ဒါက.....တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ရင် ဘယ်လိုလဲ ဆိုတာပေါ့နော်?]

[မုမုရဲ့ဟန်ဟန် : ဘယ်လိုပြောရမလဲ? အဲ့ဒါက အခြေအနေပေါ်တော့ မူတည်တာပေါ့, စုံတွဲတော်တော်များများက တစ်နေကုန်တော့ အတူတူ မနေနိုင်ကြဘူးလေ, ငါ့လူက ဒီအတိုင်း အရမ်းတွယ်ကပ်နေလွန်းတာ, ဒါပေမဲ့ ပုံမှန်စုံတွဲတွေကတော့ နေ့တိုင်းတွေ့ကြတာပါပဲ, နေ့ဘက်မှာ အလုပ်ကြောင့် ခွဲနေရတယ်ဆိုရင်တောင် ညနေခင်းမှာတော့ အတူတူ ရှိနိုင်ကြတာပဲလေ, အကယ်၍ LDRS ဖြစ်နေတာတို့ ကြိုမသိနိုင်တဲ့ အထူးအကြောင်းပြချက်တွေရှိလို့ မဟုတ်ရင်ပေါ့, ဒါပေမဲ့လည်း အဲ့ဒီလိုဆက်ဆံရေးမျိုးကတော့ သိပ်ပြီး ရေရှည်မခံတာကြောင့် လူအများစုက တတ်နိုင်သမျှ အတူတူနေနိုင်ဖို့ ကြိုးစားကြတယ် ]

[ယိုရန် : ဒါဆိုသူက....သူ့ကိုယ်ပိုင်အိမ်မှာ ပုံမှန်နေနေတာ ဒါမှမဟုတ် တစ်ခြားကိစ္စတွေ တက်ရောက်စရာ ရှိနေလို့ ရက်အနည်းငယ်ကြာမှ တစ်ခါလောက် လာလည်တာ ဆိုရင်ရော?

[မုမုရဲ့ဟန်ဟန် : ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဘယ်လိုပဲဖြစ်နေပါစေ ငါတို့တော့ သေချာပေါက် အဲ့ဒီလို မလုပ်နိုင်ပါဘူး, ထိန်းချုပ်လို့ မရတဲ့ အခြေအနေမျိုး မဟုတ်သ၍သူက ငါနဲ့ တစ်ရက်လေးတောင် ခွဲနေချင်တာ မဟုတ်ဘူး , ပွင့်ပွင့်လင်းလင်း ပြောရရင် အကယ်၍ သူ့ဘက်က အဆင်ပြေတယ် ဆိုရင်တောင် ငါကတော့ မပြေဘူး]

[မုမုရဲ့ဟန်ဟန် : စကားမစပ်, ဒါက လျှို့ဝှက်တဲ့ အကြံပေးချက် သေးသေးလေးပါ, အကယ်၍ မင်းမှာ အဲ့ဒီလို ချစ်သူမျိုးရှိတဲ့ သူငယ်ချင်း ရှိမယ်ဆိုရင် သူ့ကို ဂရုစိုက်နေဖို့ သတိပေးလိုက်တာ အကောင်းဆုံးပဲ, ဘယ်သူသိမှာလဲ? အဲ့ဒီလူက လက်ထပ်ပြီးသားလည်း ဖြစ်နိုင်တာပဲ

[မုမုရဲ့ဟန်ဟန် : ယိုရန်? မင်းရှိနေသေးလား?]

[မုမုရဲ့ဟန်ဟန် : တစ်ခုခုဖြစ်နေလို့လား?]

ရိဟန်ရဲ့ခေါင်းလေးက ဆတ်ခနဲမော့လာပြီး ထအော်သည်။

"မု-မုရေ, ငါတော့ ပြဿနာရှာမိပြီထင်တယ်"

"ဘာဖြစ်လို့လဲ?" ကျင်းယွမ်က အလုပ်လုပ်နေရာမှ ခေါင်းမော့ပြီး သူ့ကို ညင်သာစွာမေးလာသည်။

"ငါခုနက နန့်ရှန်နဲ့ စကားပြောနေတာ" ရိဟန်က သက်ပြင်းချသည်။

"လူတစ်ယောက်က ချစ်သူရှိလာပြီ ဒါမှမဟုတ် ချိန်းတွေ့နေပြီဆိုရင် ဘယ်လိုလုပ်ကြလဲ ဆိုတဲ့အကြောင်းကို စကားစပြီး ပြောမိကြတယ်လေ, ငါအရမ်းကို စိတ်လှုပ်ရှားသွားလို့ တစ်ခုခု မှားပြောမိလိုက်တယ်ထင်တယ်, သူစကားပြန်မပြောလာတော့ဘူး"

"ဘာပြောလိုက်တာမို့လို့လဲ?" ကျင်းယွမ်ကမေးသည်။

ရိဟန်က သူ့နားက မုန့်များကို ဘေးဖယ်ထုတ်လိုက်ပြီး မတ်တပ်ထရပ်ကာ ကျင်းယွမ်အား သူတို့ရဲ့ စကားပြောထားသည့် chatlog ကိုပြလိုက်သည်။

ခဏတာ ဖတ်ပြီးနောက် ကျင်းယွမ်မှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ

"မင်းက ကိုယ့်ကို ဘယ်လိုလူစားမျိုးဖြစ်အောင် ဖန်တီးထားတာလဲ? ကိုယ်က အရမ်းကို တွယ်ကပ်တတ်တယ်လို့ ထင်နေတာလား?"

"ငါကဒီအတိုင်း အချစ်စစ်ဆိုရင် ဘယ်လိုဘယ်ပုံ ပြုမူတယ် ဆိုတာကို သူမြင်အောင် လုပ်လိုက်ရုံပါ" ရိဟန်က ကမန်းကတန်း ပြန်ဖြေသည်။

"ငါက သူ့ကို အဲ့ဒီ လူယုတ်မာတွေရဲ့ စကားလုံးနဲ့ သိမ်းသွင်းမခံစေချင်လို့ ပြီးတော့ အချစ်ဆိုတာ ဒီအတိုင်း ဖြစ်သင့်တယ်လို့ ထင်နေမှာကို တားဆီးချင်တာ"

ကျင်းယွမ်က ဖုန်းကိုပြန်ကြည့်ပြီး ပြောလာသည်။

"သူရေးထားတဲ့ပုံရဆိုရင် သေချာပေါက် အဲ့ဒီလိုပုံစံ ဖြစ်နေတာပဲ,သူ့မှာ အချစ်ရေးမှာ အတွေ့အကြုံအများကြီးမရှိဘူး, အဲ့ဒီလူပြောသမျှက သူ့အတွက် မှန်ကန်နေလိမ့်မယ်, အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကိုလည်း မသိဘူး, အဲ့ဒီလူက သူ့ကို အချစ်ဆိုတဲ့အရာအပေါ် လမ်းလွှဲထားပြီး နန့်ရှန်ကို သူ့ချစ်သူအဖြစ် အရူးလုပ်ထားတာပဲ"

"အဲ့ဒီလူက ရွံဖို့ကိုကောင်းတာပါ!" ရိဟန်က ဒေါသတကြီးပြောသည်။

"ဒါပေမဲ့ အခု အရေးကြီးတာ နန့်ရှန်က ငါ့ကိုလစ်လျူရှုသွားပြီ, ဘယ်လိုလုပ်ရမလဲ?"

"မင်းက အရမ်းမြန်မြန်ကြီး လှုပ်ရှားလိုက်တာကိုး" ကျင်းယွမ်က သက်ပြင်းချသည်.

"ကိုယ်တို့စီစဉ်ထားတဲ့ အစီအစဉ်က ယူဆချက်တွေပေါ်မှာပဲ အခြေခံနေသေးတာလေ, ဒီလိုမျိုး ကိုယ်တို့ရဲ့ အမြင်ကို ထုတ်ပြောဖို့အတွက် အရမ်းစောလွန်းနေသေးတယ်"

"ဒါပေမဲ့ အဲ့ဒီလူ လက်ထပ်ထားတာကို ခန့်မှန်းထားတာမရှိဘူးလေ" ရိဟန်ကပြောသည်။

"ပြီးတော့လည်း နန့်ရှန်ရဲ့ စကားအရဆိုရင် ငါတို့ရဲ့ယူဆချက်က အနည်းဆုံး ၈၀ ကနေ ၉၀ % လောက်ထိ မှန်တယ်!"

"ဒါတော့ သေချာလောက်တယ်" ကျင်းယွမ်က ခေါင်းညိတ်သည်။

"မလန့်နဲ့, သူ့ကို အချိန်ပေးလိုက်ပါဦး, တစ်ဖြည်းဖြည်းနဲ့ သူ့ကိုယ်သူ နားလည်လာအောင်သာ လမ်းညွှန်ပေးလိုက်, အရမ်းကြီး တိုက်ရိုက်မသွားနဲ့ဦး"

ရိဟန်ရဲ့ မျက်နှာလေး အိုကျသွားသည်။

"ဒါပေမဲ့ ငါက သူ့မျက်နှာတည့်တည့်မှာ ပြောထွက်မိပြီးနေပြီ"

=============
Zawgyi







































"အများကြီး မစဉ်းစားနဲ့, ကိုယ်တို့သူမကို မပြောဘူးဆိုတာက အကယ်၍များဆိုတဲ့ တစ်စုံတစ်၇ာအတွက် အစောင့်အကြပ် ထားချင်ရုံပဲ, အဲ့ဒီကိစ္စကို ကိုယ့်ဘာသာ ဖြေရှင်းလို့ရတာပဲ, တစ်ခြားသူတွေကိုပါ ဆွဲထည့်စရာမလိုပါဘူး ဟုတ်တယ်မှတ်လား?"

































































=============

Continue Reading

You'll Also Like

601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
67.5K 9.5K 72
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
572K 56.8K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
219K 5.4K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်