(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《160》

7.5K 1K 6
By Xiao_Yiii

Unicode

အခန်း(၁၆၀) - စိတ်အားထက်သန်တယ်

မုကျင်းယွမ်ရဲ့ လက်က သူ့ကျောလေးကို သံစဉ်ကျကျ ပုတ်ပေးလာသည်။

"ဒါပေါ့, သေချာပေါက် ကိုယ်ဆန္ဒရှိတာပေါ့, ကိုယ်က မင်းကို သူငယ်ချင်းတောင် မဖွဲ့ခိုင်းရလောက်တဲ့အထိ မချုပ်ကိုင်ထားပါဘူး, မင်းက သူ့စာအုပ်တွေကို နှစ်သက်တဲ့အတွက် သူနဲ့ ရင်းနှီးချင်တယ်ဆိုတာ ပုံမှန်ပဲလေ, ကိုယ်က အာဏာရှင်မှ မဟုတ်တာ, မင်းရဲ့ အနာဂတ် ခင်ပွန်းလောင်း တစ်ယောက်အနေနဲ့ မင်းအပေါ် ယုံကြည်ရမှာပေါ့, ဟန်ဟန်, မင်းက လွတ်လပ်တဲ့ ငှက်ကလေးပါကွာ"

ရိဟန်က သူ့မျက်နှာလေးအား ကျင်းယွမ်၏ ဝမ်းဗိုက်မှာ မြှုပ်နှံလိုက်သည်။ ထို့နောက် ဗလုံးဗထွေးအသံလေးနဲ့ ပြောလာ၏။

"ဟင့်အင်း, ငါမလွတ်လပ်ချင်ဘူး, ငါက မင်းအပိုင်, ငါက ပိဋကတ်သုံးပုံ( အနောက်ဘက်သို့ ခရီးသွားခြင်း)လိုမျိုးဖြစ်ပြီး မင်းက စွန်းဝူခုန်းဆွဲတဲ့ စက်ဝိုင်းပဲ, မင်းကငါ့ကို ထိန်းသိမ်းထားတာ မဟုတ်ဘူး, မင်းဆီက ထွက်မသွားချင်တာက ငါပါ"

ကျင်းယွမ်မှာ ခပ်လွင်လွင်လေး ရယ်မောမိတော့သည်။

"အသေးလေး, မင်းဘယ်တုန်းက စကားလုံးချိုချိုလေးတွေ ပြောတတ်ဖို့ သင်ယူလိုက်တာလဲ? မင်းက ကိုယ့်ကို ချုပ်နှောင်ခြင်း စက်ဝိုင်းအဖြစ် ပြောင်းလဲလိုက်တာပဲ, ကောင်းပြီလေ, မင်းရဲ့ စက်ဝိုင်းလေးဖြစ်ရတာက ကိုယ့်အတွက်တော့ အသက်ရှင်ရတာ ထိုက်တန်သွားတာပေါ့,လာတော့, သွားစားကြမယ်, ဗိုက်ဆာနေပြီမှတ်လား?"

ရိဟန်က ကျင်းယွမ်ကိုယ်ပေါ်သို့ ပိုမိုတွယ်တက်လိုက်ပြီး အောက်ဆင်းချင်စိတ်မရှိပေ။ သူက ကျင်းယွမ်ရဲ့ လှုပ်ရှားမှုအတိုင်း ဖြည်းညှင်းစွာ လိုက်ပါရင်းဖြင့် ပြောလာ၏။

"အဲ့ဒါက တကယ့်ကို စကားချိုချိုပြောတာ မဟုတ်ဘူး, အဲဒါက အမှန်တရား, ငါ့ကိုပြောပြဦး, နန့်ရှန်နဲ့ ပတ်သတ်ပြီး ဘာလုပ်သင့်လဲဆိုတာ? မင်းရှိနေရင် ငါ့ဦးနှောက်ကို လုံးဝကို မသုံးချင်တော့ဘူး"

"အကယ်၍ မင်းဦးနှောက်ကို အသုံးချင်ဘူးဆိုရင်လည်း မသုံးနဲ့လေ" ကျင်းယွမ်က ရိဟန်အား အခန်းထဲက ချီသယ်လာရင်း ပြန်ပြောသည်။

"ဒီတစ်ယောက်က အရှင်မင်းကြီးအစား အလုပ်လုပ်ပေးရဖို့ အရမ်းကို ဆန္ဒရှိမိပါတယ်"

ရိဟန်က အသံလေးပေးပြီး ပြန်ပြောသည်။

"ငါ့ကိုသင်ပေးလေ"

"အခုလောလောဆယ်မှာ သူ့အကျင့်စရိုက်၊ သူ့အကြောင်းနဲ့ တကယ့်အကြောင်းအရာအစစ်အမှန် နဲ့ ပတ်သတ်ပြီး ကိုယ်တို့မှာ အချက်အလက် နည်းနည်းပဲရှိတယ်," ကျင်းယွမ်က ပြန်ဖြေလာ၏။

"'*Sun Tzu' ရေးထားခဲ့သလိုမျိုး 'ရန်သူအကြောင်းနဲ့ ကိုယ့်ကိုကိုယ်သာ ကောင်းကောင်းသိမယ်ဆိုရင် တိုက်ပွဲတစ်ရာဆိုလည်း ကြောက်စရာ မလိုဘူး'တဲ့ မင်းပြောသလိုဆိုရင် လောလောဆယ် သူလုံခြုံသေးတယ်, ချက်ချင်းကြီး အစောတလျှင် မလှုပ်ရှားနဲ့ဦး, ကိုယ်သူနဲ့ ပတ်သတ်လို့ ရှာလို့ရသမျှ ရှာကြည့်ပြီးမှ နောက်လုပ်မယ့် အစီအစဉ်ကို ဆုံးဖြတ်ကြတာပေါ့"

"အင်း, အင်းကောင်းပြီ, ငါမင်းပြောတဲ့အတိုင်း လုပ်မယ်," ရိဟန်က ခေါင်းလေး တစ်ညိတ်ညိတ်နဲ့ ပြောလာသည်။

"မင်းပြောတော့ ဒီနေ့ မင်းသူနဲ့ တွေ့ခဲ့တယ်ဆို?"

ကျင်းယွမ်က မေး၏။

"နှစ်ယောက်စကားပြောခဲ့သေးလား? ဘယ်လိုခံစားရလဲ?"

"ငါတို့ စကားနည်းနည်းလောက်တော့ ပြောခဲ့ကြတယ်" ရိဟန်ကရှင်းပြသည်။

"ငါက ဒီ'The Blue Night'ကို ကိုင်ထားတာလေ, ဒါက သူ့ရဲ့ နာမည်အကြီးဆုံး စာအုပ်ဖြစ်သလို သူဂုဏ်အယူရဆုံး စာအုပ်လည်းဟုတ်တယ်, အနားက ဖြတ်သွားတုန်း ငါဒီစာအုပ်ကိုကိုင်ထားတာမြင်လို့ ရပ်ပြီး ငါနဲ့စကားလာပြောတာ, ဒါပေမဲ့ သူဘယ်သူလဲ ငါသိနေတာကို သူမသိဘူး, သူက ငါ့ကို သူလည်းဒီစာအုပ်ရဲ့ ပရိသတ်လို့ပဲပြောခဲ့တာ, အဲ့ဒါနဲ့ မတော်တဆ လိုအပ်များ လိုအပ်လာမလားလို့ သူ့ကို ဆက်သွယ်ဖို့ နံပါတ်တောင်းခဲ့လိုက်တယ်, သူနဲ့ ပတ်သတ်လို့ ပထမဆုံးအမြင်အရတော့ တော်တော်လေးကောင်းတယ်, သူ့အသားအရည်က ဖြူဖျော့ဖျောလေးနဲ့ နေသိပ်မထိတဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ, သူအိမ်က ထွက်တာရှားတယ်ဆိုတာ ငါပြောနိုင်တယ်, သူ့ဆီမှာ လန်းဆန်းတဲ့ လေထုပုံစံရှိနေပြီး တည်ငြိမ်မှုနဲ့ ဝမ်းနည်းမှု ရှိနေပေမယ့်လည်း ပြည့်စုံသာလွန်နေသလိုမျိုး ခံစားချက်ကို တောက်လျှောက်ရနေတာ, သူက တောက်လျှောက် မျက်မှောင်ကြုတ်နေတယ်, သူ့ပုံစံက အဲ့ဒီ မှောင်မိုက်မိုက် ကဗျာတွေထဲက အတိုင်းပဲ"

"မင်းအရမ်းကို ကောင်းကောင်းလုပ်ခဲ့ပြီး မင်းရဲ့ စူးစမ်းလေ့လာမှုကလည်း အသေးစိတ်ကျတယ်" ကျင်းယွမ်က ပြောလာသည်။

"ဒါက သူ့အကျင့်စရိုက်ကို စာရင်းပြုစုတဲ့နေရာမှာ အရမ်းအရေးပါတယ်, ဒီလိုဆိုရင်ရော? လောလောဆယ် သူနဲ့ ဆက်ပြီး အဆက်အသွယ် လုပ်နေလိုက်ဦး, အရမ်းကြီး မကြာခဏလည်း မလုပ်နဲ့ ပြီးတော့ တမင်သက်သက်ပုံစံကြီးလည်း မလုပ်နဲ့ ဒါပေမဲ့ မင်းရဲ့ ဖြစ်တည်မှုကိုတော့ သူ့ကို မကြာခဏ သတိပေးရမယ်, သူ့ဘဝထဲမှာ မင်းကို အသားကျနေပါစေ, သူနဲ့ ပတ်သတ်ပြီး အချက်အလက်တွေ ထပ်ရလာတာနဲ့ ကိုယ်တို့ ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးလို့ရပြီ"

ရိဟန်ရဲ့ ခေါင်းလေးက ခေါင်းတစ်ဆတ်ဆတ် ဖြစ်နေသည်မှာ ကျဲပြန့်နေသည့် ဆန်များကို ကောက်နေသည့် ကြက်ကလေးလိုပင်။

"ငါ့ရဲ့ အံ့အားသင့်စရာကောင်းပြီး စွမ်းအားကြီးတဲ့ ခွန်ပွန်းသည်ဖြစ်မယ့်သူကြီး" ရိဟန်က မျက်လုံးများ မှေးကျဉ်းသည်အထိ ပြုံးရင်း ပြောသည်။

"မင်းဒီလိုမျိုး ဗျူဟာတွေချပြီး စီစဉ်နေတာကိုမြင်ရတာကိုပဲ ငါအရမ်းတွေ ချစ်နေမိပြီ"

ကျင်းယွမ်က ရိဟန်အား ထမင်းစား စားပွဲဆီ ဆွဲခေါ်သွားပြီး ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။

"ကိုယ့်ရဲ့ ဉာဏ်ကောင်းပြီး လိမ်မာပါးနပ်လှတဲ့ ခင်ပွန်းသည် ဖြစ်မယ့်သူလေးလဲ မြန်မြန်စားတော့, ကိုယ်တို့ ပြီးရင် လုပ်စရာရှိသေးတယ်"

ရိဟန်က ခဏရပ်ကာ စဉ်းစားလိုက်သည်။

"ဘာမှမရှိပါဘူး" သူက စိတ်ရှုပ်ထွေးစွာ ပြောလာ၏။

"မင်းမှာ စီစဉ်ထားတာ တစ်ခုခု ရှိလို့လား?"

ကျင်းယွမ်က သူ့ရဲ့ စေ့စပ်ထားသူလေးကို မျက်တောင်ပြန်ခတ်ပြလိုက်ပြီး ပြုံးလေသည်။

"မု-မုကြီးရဲ့ လေ့ကျင့်ခန်းလေ, စားတော့, များများလေးစားနော်"

ရိဟန်: "..."

မင်းက ငါ့ကို နာမည်ပြောင်တစ်ခုတောင် စိတ်ဖြောင့်ဖြောင့်နဲ့ ကြည့်လို့မရအောင် လုပ်နေတာပဲ ဟုတ်ပြီလား?

ညစာ စားပြီးနောက် ထိုစုံတွဲက အခန်းဆီ ပြန်သွားကြသည်။ ရေမျိုးချိုးပြီး မု-မုကြီးရဲ့ လေ့ကျင့်ခန်းဖြစ်စဉ်မစခင်မှာပဲ ချင်ဖုန်းထံက အဆက်အသွယ်ရလေသည်။

တစ်ဖက်လူက အချိန်နည်းနည်းတောင် မဖြုန်းပေ။ သူက အဓိကအချက်ကို တိုက်ရိုက်သွားလိုက်သည်။

"ရိဟန်, မင်း ဖန်းလေးကို စကားပြောခဲ့သေးလား? ငါနဲ့ ပတ်သတ်တဲ့ စကားကောင်းတစ်ချို့လောက်ပေါ့?"

"အဲ့ဒါတွေက စကားကောင်းတွေ မဟုတ်ဘူး" ရိဟန်က သူ့ဆံပင်အား ခြောက်အောင် သုတ်နေရင်း ပြန်ပြောသည်။

"ကျွန်တော်က စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ ပြောပြလိုက်တာ, ဘယ်လိုလဲ? အားရီက နည်းနည်းလောက် နူးညံ့သွားပြီလား?"

"အင်း' ချင်ဖုန်းက တိုးတိုးလေးပြောလာပြီး သူ့အသံထဲမှ စိတ်လှုပ်ရှားမှုကို ကြားရနိုင်သည်။

"ခုနက ခေါက်ဆွဲချက်တဲ့အချိန်မှာ ငါ့အတွက်ပါ တစ်ပန်းကန် လုပ်ပေးလာတယ်" သူက ခဏလောက် ရပ်တန့်ပြီးမှ ထပ်ပေါင်းပြောလာ၏။

"ငါကို ကြက်ဥပါ ထည့်ပေးတာ"

ကျင်းယွမ်က ရိဟန်ဆီ လျှောက်လာပြီး လူငယ်လေးဆီက သဘက်အားယူကာ ရိဟန်ရဲ့ ဆံပင်များကို ကူညီပြီး ခြောက်အောင် သုတ်ပေးလာလေသည်။ လူငယ်လေးက ကျင်းယွမ်အား အပြုံးလေးနဲ့ ဖြတ်ခနဲ ကြည့်လိုက်ပြီးမှ သူ့အာရုံအား ဖုန်းဆီ ပြန်ပို့လိုက်သည်။

"ကျွန်တော်သိပြီ, ဒါဆို ကောင်းတာပေါ့" ရိဟန်က စကားဆက်သည်။

"အားရီက ချဉ်းကပ်ဖို့ နည်းနည်းခက်ခဲပေမယ့် နှလုံးသား နူးညံ့ပါတယ်, သူ့နှလုံးသားလက်လျှော့လာဖို့က အချိန်ပဲလိုတာ, အဲ့ဒီ ခေါက်ဆွဲတစ်ပန်းကန်က အောင်မြင်မှုနဲ့ သိပ်မဝေးတော့ဘူးဆိုတာကို ပြနေတာပဲ"

ချင်းဖုန်းရဲ့ အသံက ခပ်တိုးတိုး ရယ်မောရင်းဖြင့် ခပ်နိမ့်နိမ့်ဖြစ်သွားသည်။

"ငါမြင်နိုင်ပါတယ်, အခုချိန်မှာ ဖန်းလေးရဲ့ နှလုံးသားက သူ့မျက်နှာလောက် မအေးစက်တော့ဘူး, ငါစိတ်ထဲ တစ်ခုခုဖြစ်လာဖို့က အချိန်တစ်ချို့လောက် လိုဦးမယ်လို့ ထင်ခဲ့ပေမယ့် မင်းနဲ့ တွေ့ပြီးတဲ့နောက်မှာ သူက သိသိသာသာကို နူးညံ့လာခဲ့တာ, မင်းငါ့အစား တောင်းဆိုပေးလိုက်တာလို့ ခန့်မှန်းလိုက်မိလို့, ဒီလိုမျိုး ကြီးကြီးမားမား ကူညီပေးခဲ့တာက ကျေးဇူးတင်စကားလောက်နဲ့ မလုံလောက်တော့ဘူး, အကယ်၍ တစ်ခုခု လိုအပ်တာရှိရင် ငါ့ကိုပြောလို့ရတယ်"

"အဲလောက်မပြင်းထန်ပါဘူး"

ရိဟန်ကရယ်သည်

"ကြီးကြီးမားမား ကူညီပေးတာတဲ့လား? ဒါကဒီအတိုင်း အမှန်တရား အနည်းငယ်လောက်ပါပဲ, ဘာပဲဖြစ်ဖြစ် ခင်ဗျားလည်း ကျွန်တော့်ကိုကယ်ခဲ့လို့ ဒီလိုမျိုး အားရီဆီမှာ ပေါ်သွားခဲ့တာလေ, ဒီတချိန်လုံး အဲ့ဒါကြီးက ကျွန်တော့်ကို နှောက်ယှက်နေတာရယ်"

"အဲ့ဒီ အဖြစ်အပျက်က ဒီအတိုင်း မီးပွားလေး တစ်ခုပါ" တစ်ဖက်လူက တီးတိုးပြောနေသည့် အသံဖြင့်သာ ဆက်ပြောသည်။

"ဖန်းလေးနဲ့ ငါက ရက်ပေါင်းများစွာ အတူတူ ဖြတ်သန်းကြရမှာ, အဲ့ဒီနေ့က မပေါ်သွားခဲ့ဘူးဆိုရင်တောင် အနှေးနဲ့အမြန်တော့ သိသွားမှာပဲ, အချိန်တစ်ခုပဲ လိုခဲ့တာ, ငါက သူစိတ်ကောင်းဝင်လောက်မယ့်အချိန်မှာ ဝန်ခံဖို့ သင့်တော်တဲ့ အချိန်ကို ရှာဖို့ စဉ်းစားနေခဲ့မိလို့သာ"

"ခင်ဗျား စကားပြောလို့ အဆင်မပြေဘူးလား?" ရိဟန်က သိချင်စိတ်ဖြင့် မေးမိသည်။

"ဘယ်လိုဖြစ်လို့ တိုးတိုးလေးပြောနေတာလဲ? အကယ်၍ အဆင်မပြေဘူးဆိုရင် ဒီအတိုင်း နောက်နေ့မှ ပြောကြမယ်လေ"

"ငါအခု လောလောဆယ် ဖန်းလေးရဲ့ ရေချိုးခန်းထဲမှာ ပုန်းနေတာ" ချင်ဖုန်းက ခပ်တိုးတိုးရယ်သည်။

"ငါတို့ ဖုန်းပြောနေတာသာ ကြားသွားရင် နှစ်ယောက်သား ပေါင်းကြံတယ်ဆိုပြီး အထင်လွဲသွားမှာစိုးလို့, အဲ့ဒါဆိုရင်တော့ သွားပြီပဲ, ငါမင်းကို ဘယ်တုန်းကမှ ငါ့အတွက် မပြောခိုင်းပါဘူးဆိုတာ သူ့ကို ရှင်းပြပေးရမယ်, ငါက သူနဲ့ ပတ်သတ်ရင် တကယ်စစ်မှန်တာပါ"

"နားလည်ပြီ" ရိဟန်က ခပ်တိုးတိုး ပြန်ရယ်မောမိသည်။

"စိတ်မပူနဲ့, ကျွန်တော်ဖုန်းချလိုက်မယ်, သူကြားသွားအောင် လုပ်လို့မဖြစ်ဘူးလေ"

"ကောင်းပြီ" ချင်ဖုန်းက တုန့်ပြန်သည်။

ရိဟန်က ဖုန်းမချခင်လေးမှာ ထပ်ပေါင်းပြောလိုက်သေးသည်။

"ချင်ဖုန်း, ဖန်းရီက နုံအတဲ့သူတစ်ယောက်နော်, သူ့ကို နာကျင်အောင် မလုပ်ပါနဲ့ မဟုတ်ရင် ကျွန်တော်ခင်ဗျားကို ခွင့်လွှတ်မှာမဟုတ်ဘူး"

"စိတ်မပူနဲ့,"

ချင်ဖုန်းက သူ့အတွက် အလွန်မှ ရှားပါးလွန်းလှသော လေးနက်လှသည့် ပုံစံဖြင့် ပြန်ဖြေလာသည်။ သူက ခဏလောက် စဉ်းစားပြီးနောက်မှာ စကားဆက်၏။

"ဖန်းလေးက မင်းလိုသူငယ်ချင်းမျိုးရှိတာ အရမ်းကံကောင်းတာပဲ, ဒါဆို တာ့တာနော်"

ရိဟန်က ဖုန်းချပြီးသောအခါ ကျင်းယွမ်ဘက် လှည့်သွားသည်။

"ချင်ဖုန်းပြောတာတော့ သူ့အပေါ်မှာရှိတဲ့ ဖန်းရီရဲ့ သဘောထားက မြင်သာတဲ့အထိ နူးညံ့သွားပြီတဲ့, အဲ့ဒီလူက သူ့အတွက် ခေါက်ဆွဲတစ်ပန်းကန်တောင် ချက်ပေးတယ်ဆိုပဲ, ချင်ဖုန်းက အရမ်းဝမ်းသာလွန်းလို့တဲ့ ရေချိုးခန်းထဲပုန်းပြီး ငါ့ကို ကျေးဇူးတင်စကား လှမ်းပြောတာ"

ကျင်းယွမ်က ရိဟန်ရဲ့ ခေါင်းအား ညင်သာစွာ နှိပ်နယ်ပေးရင်း ပြန်ပြောလာသည်။

"ဒါဆိုကောင်းတာပေါ့, ချင်ဖုန်းရဲ့ ကာကွယ်ပေးမှုနဲ့ဆိုရင် ဖန်းရီရဲ့ ရှေ့လျှောက်ရမယ့် လမ်းကြောင်းက ပိုပြီးချောမွေ့သွားပြီပဲ, အခုဆို မလိုအပ်တဲ့ ကျောက်တုန်းတွေကြောင့် ချော်ကျစရာ အကြောင်း မရှိတော့ဘူး"

"ချင်ဖုန်းက ဖန်းရီအပေါ် နက်နက်ရှိုင်းရှိုင်း ခံစားချက်ရှိတယ်ဆိုတာ မြင်နိုင်တယ်" ရိဟန်က သူ့မေးလေးအား လက်ဖြင့်ထောက်ရင်းပြောသည်။

"အကယ်၍ ဖန်းရီသာ သူနဲ့အတူတူ ရှိနိုင်မယ်ဆိုရင် ကောင်းတာပဲ, ဒါပေမဲ့ အကယ်၍ ဖန်းရီသာမဖြစ်ချင်ဘူး ဆိုရင်တော့ အထူးသဖြင့် ချင်ဖုန်းရဲ့ အကျင့်စရိုက်နဲ့ဆိုရင် အချိန်တစ်ချို့လောက်ထိပဲ ခံလိမ့်မယ် အဲ့ဒါဆို ဖန်းရီလည်း အန္တရယ်ရှိလာမှာ"

"စိတ်ပူနေစရာမလိုဘူး" ကျင်းယွမ်က ပြောလာသည်။

"ချင်ဖုန်းက ဒေါသကြီးပြီး စိတ်မြန်တဲ့ လူမိုက်မျိုးတော့ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်။ ဖန်းရီလည်း သူ့အပေါ် ခံစားချက် တစ်ခုခု ရှိနေလိမ့်မယ်။ ကြည့်ရသလောက်ကတော့ သူတို့နှစ်ယောက် ပေါင်းစည်းဖို့ ဖြစ်နိုင်ချေများပါတယ်"

ရိဟန်က ခေါင်းညိတ်သည်။

"မင်းရဲ့ အတည်ပြုမှုနဲ့ဆိုတော့ ငါပိုပြီး စိတ်သက်တောင့်သက်သာ ဖြစ်သွားပြီ, ချင်ဖုန်းက လုံးဝကို ပြင်းထန်တဲ့ သားရဲတစ်ကောင်ပဲ, အကယ်၍ ဖန်းရီသာသူနဲ့ အတူတူ ရှိနိုင်မယ်ဆိုရင် အားနည်းတဲ့ဘက်ခြမ်းဖြစ်မှာ သေချာတယ်, သူဒုက္ခရောက်မှာကို ငါတကယ်စိုးရိမ်တယ်"

"ပိုအားနည်းတဲ့ ဘက်ခြင်း?" ကျင်းယွမ်က ရယ်မောရင်းမေးသည်။

"ကိုယ်တော့ မထင်ဘူး, စကားတစ်ခွန်းရှိတယ်လေ; အရင်ချစ်တဲ့သူက အရှုံးပဲတဲ့, ချင်ဖုန်းက အစောကတည်းက ရှုံးနေခဲ့တာ, သူတို့နှစ်ယောက်ကြားမှာဆိုရင် ဖန်းရီကတောင် ပိုပြီး အခွင့်သာဦးမယ်"

"အမှန်ပဲ" ရိဟန်ကပြောသည်။

"ချင်ဖုန်းက တော်တော်လေး နှီမ့်ချပြီး နေတတ်တယ်, အင်း, ဒါလည်းကောင်းပါတယ်"

"အသေးလေး" ကျင်းယွမ်က ခပ်လွင်လွင်လေး ရယ်မောလာသည်။

"မင်းက အရမ်းသတ္တိကောင်းတယ် ဒီတစ်မြို့လုံးမှာ Mr ယန်တောင်မှ Hidden Dragon ရဲ့ ခေါင်းဆောင်ကို အတိအလင်း မခြိမ်းခြောက်ရဲဘူး, မင်းကတော့ သူ့မျက်နှာတည့်တည့်ကိုတောင် ပြောလိုက်သေးတယ်, သူမင်းကို မကောင်းတာ လုပ်လာမှာ မကြောက်ဘူးလား?"

"သူမလုပ်ပါဘူး" ရိဟန်က ပြန်ဖြေသည်။

" ငါတို့က သူငယ်ချင်းတွေလို့တောင် သူပြောတဲ့ဟာ, အဲ့ဒီတော့ ငါသူ့ကိုခြိမ်းခြောက်တော့ရော ဘာဖြစ်လဲ? အကယ်၍ သူသာ တကယ်ပဲ ဖန်းရီကို နာကျင်အောင် လုပ်မယ်ဆိုရင် ငါသူနဲ့ ရန်သွားဖြစ်မှာပဲ!"

"သူငယ်ချင်းအတွက် ရန်ဖြစ်ပေးတယ်ဆိုတာ အရမ်းကောင်းပါတယ်" ကျင်းယွမ်က ရယ်ချင်စိတ်ကို ကြိုးစားဖိနှိပ်ရင်း ပြောလေသည်။

"ဒါပေမဲ့ မင်းပုံစံက တော်တော်လေး သေးနေတယ်, မင်းက ချင်ဖုန်းနဲ့ ရန်ဖြစ်ချင်တယ်ပေါ့လေ? လက်တစ်ချောင်းတည်းနဲ့တင် မင်းကို သူလှဲချလို့ရတယ်နော်, ကလေးဘဝကတည်းက သူဘယ်လို လေ့ကျင့်ရေးမျိုးဆင်းခဲ့ရလဲ သိရဲ့လား? သူ့ရဲ့ ပိန်ပါးတဲ့ အသွင်အပြင်ကြောင့် အရူးလုပ်မခံနဲ့, ဒီတစ်မြို့လုံးမှာ ဘယ်သူကမှ သူ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုယ်ပြောရဲတယ်, သူတို့သာလူအုပ်လိုက်ကြီး မလာခဲ့ရင်ပေါ့"

"ငါက သူ့ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မယ်လို့ ဘယ်သူပြောလဲ?" ရိဟန်ကပြင်းထန်စွာ ဝေဖန်သည်။

"ဦးနှောက်သုံးတယ်ဆိုတာတာ ကြားဖူးလား?ကျင်းယွမ် ,ငါတို့နှစ်ယောက်ကြားမှာ ချင်ဖုန်းရဲ့အဖေအကြောင်း ကြားတိုင်းငါ ဒေါသအရမ်းထွက်တယ်။ ကျားတစ်ကောင်က ရက်စက်ပေမယ့် သူ့သားပေါက်တွေကိုတော့ ဘယ်တော့မှ မစားဘူး၊ ဒါပေမယ့် အဲဒီလူကတော့ သူ့သားကို ဆိုးဆိုးဝါးဝါး ဆက်ဆံရဲတယ်, သူက လူကိုမဆန်တာ"

ကျင်းယွမ်သည် မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး ရိဟန်အနားသို့ ရွှေ့လိုက်သည်။

"လူတစ်ယောက်ရဲ့ ရတနာက တခြားရတနာတွေနဲ့ မတူဘူး, ကိုယ်တို့က ခံစားချက်တွေနဲ့ စိတ်အခြေအနေတွေက ပိုအရေးကြီးတယ်လို့ ထင်တယ်, ချင်ဟိုင်ထျန်းကတော့ အာဏာနဲ့ စည်းစိမ်ကို ပိုပြီးလိုချင်တယ်, အကယ်၍ ချင်ဖုန်းသာ သူ့ရဲ့ တစ်ဦးတည်းသော သားမဟုတ်ဘူးဆိုရင် အရွယ်ရောက်လာမယ့် အခွင့်အရေးတောင် ရခဲ့မှာမဟုတ်ဘူး, သူ့အမေအတွက် လက်စားချေနိုင်မယ့် အခွင့်အရေးလည်း ဘယ်တော့မှ ရမှာမဟုတ်ဘူး, ဖြစ်မယ့်ဟာက ဖြစ်သွားမှာပဲ, ချင်ဟိုင်ထျန်းက စိတ်ခံစားချက်တွေကို ပြက်ရယ်ပြုခဲ့တယ်,  နောက်ဆုံးတော့ သူ့သားလက်ထဲမှာပဲ သေဆုံးသွားရတာပဲလေ, အဲဒါကို ကံတရားလို့ မှတ်ယူနိုင်တယ်"

ရိဟန်က သက်ပြင်းချသည်။

"ချင်ဖုန်းကလည်းသနားဖို့ကောင်းတဲ့သူပါပဲ, မုန်းတီးမှုတွေသာ အရမ်းမများခဲ့ဘူးဆိုရင် ဘယ်သူက ကိုယ့်အဖေကိုယ်သတ်ချင်မှာလဲ? ချင်ဟိုင်ထျန်းက မိဘဖြစ်ဖို့ မသင့်တော်ဘူး! သူသေသင့်တယ်"

ကျင်းယွမ်က မတ်တပ်ထရပ်ပြီး နေရာက ဆံပင်မှုတ်စက်အား လှမ်းယူလိုက်သည်။ ထို့နောက် ရိဟန်ရဲ့ ဆံပင်များအား ခြောက်သွေ့စေရန် ဂရုတစိုက် မှုတ်ပေးလေသည်။

"အကယ်၍ ချင်ဖုန်းသာ ချင်ဟိုင်ထျန်းကို အဖေအဖြစ် မသတ်မှတ်ခဲ့ရဘူးဆိုရင် အခုချိန်မှာ ကွဲပြားတဲ့ ဘဝတစ်ခုကို ရရှိနေနိုင်လိမ့်မယ်, တကယ်တော့ အဲ့ဒါက မြင်နိုင်ဖို့ လွယ်ကူပါတယ်, ခံစားချက်တွေနဲ့ ဆက်ဆံရေးတွေက သူ့အတွက်လည်းအရေးကြီးတာပဲ ဒါပေမဲ့ သူက Hidden Dragon. ရဲ့ ခေါင်းဆောင်ဖြစ်နေတယ်လေ, ကြောက်စရာကောင်းတဲ့ နာမည်ဂုဏ်သတင်းလည်းရှိနေသေးတာ, ဘယ်သူမှ သူ့ကို မချဉ်းကပ်ရဲတဲ့အတွက် ဘယ်သူမှ သတိမပြုမိခဲ့ရုံပါပဲ"

"အဲဒါတော့ မဟုတ်တာလည်း ဖြစ်နိုင်တယ်" ရိဟန်က ပြောသည် ။ "ဘာကြောင့် လူအများကြီးက သူ့နောက်ကို လိုက်ပြီးသူ့အဖေကို ဖြုတ်ချဖို့ ဆန္ဒရှိနေကြတာလဲ?"

ကျင်းယွမ်က အေးခဲသွားမိပြီးမှ ရယ်မောမိတော့သည်။

"အမှန်ပဲ, ဟန်ဟန်, မင်းက ကိုယ်တို့နှစ်ယောက်ထဲမှာ ပိုပြီးဉာဏ်ကောင်းတဲ့သူ ဖြစ်နေတုန်းပဲ"

ရိဟန်က ပြုံးသည်။

"ငါဒီလို စကားချိုချိုလေးတွေကို လက်မခံနိုင်ပါဘူး, ငါ့ဆံပင်ကို ခြောက်အောင်မှုတ်ပေးပြီးရင် အိပ်ကြရအောင်"

"ကောင်းပြီ" ကျင်းယွမ်က ပါးနပ်သည့် အပြုံးတစ်ခုဖြင့် ပြန်ပြောသည်။

"မင်းဒီလောက်ထိ စိတ်အားထက်သန်နေမယ်လို့ မထင်ခဲ့မိဘူး,စိတ်မပူပါနဲ့, ကိုယ်မကြာခင် ပြီးပါပြီ"

ကျင်းယွမ်ရဲ့ မျက်နှာကို ကြည့်တာနဲ့တင် ရိဟန်သည် တစ်ဖက်လူရဲ့ စိတ်ထဲမှာ နှာဘူးအတွေးများနဲ့ ပြည့်နှက်နေတယ် ဆိုတာအား သိလိုက်သည်။

"ငါစိတ်အားထက်သန်မနေပါဘူးနော်" ရိဟန်က ကူကယ်ရာမဲ့စွာနဲ့ ပြောရှာ၏။

"ကျေးဇူးပြုပြီး ဖြည်းဖြည်း အချိန်ယူပါ"

ကျင်းယွမ်က အနားကို တိုးကပ်သွားပြီး ပြန်ပြောသည်။

"ကိုယ်ကတော့ စိတ်အားထက်သန်နေတယ်" သူ့ရဲ့ ခပ်သြသြ အသံက ရိဟန်ရဲ့ နားစည်ထဲသို့ တုန်ခါကာဝင်သွားခဲ့ပြီး အရိုးထဲသို့ နက်ရှိုင်းစွာ ရောက်သွားတော့သည်။.

ရိဟန်: "...!!"

(*/w\*) ဒါကြီးက စည်းမျဉ်းကို ချိုးဖောက်နေတယ်နော်!

***

ရိဟန်က ရွှီးယိုရန်အား နန့်ရှန်ရဲ့ စာအုပ်များ fan group တွင် ထည့်လိုက်သည်။ နှစ်ယောက်သားက ရံဖန်ရံခါ စကားပြောမိကြသည်။ အင်တာနက်ကတစ်ဆင့် ပြောတာဖြစ်သော်လည်း ရိဟန်သည် တစ်ဖက်လူက အတော်လေး စိတ်ဓာတ်ကျေနေတယ်ဆိုတာ ပြောနိုင်၏။ ရွှီးယိုရန်က သူ့စာအုပ်ရဲ့ ဇာတ်ကြောင်းတွေကို ဆွေးနွေးတဲ့ အချိန်မျိုးမှာသာ စိတ်အားထက်သန်ပုံရသည်။ တစ်ခြားအရာများနဲ့ ပတ်သတ်ရင်တော့ အတော်လေးကို စိတ်မဝင်စားခြင်းပင်။

သူ့စာအုပ်များသည်လည်း ပုံမှန်အားဖြင့် ဇာတ်ကြောင်းကိုသာ အာရုံစိုက်ထားခြင်း။ အချစ်ရေးနဲ့ ပတ်သတ်ရင်လည်း ရေးခဲလှသည်။ ရိဟန်က သူတို့စကားစမြည်ပြောသည့်အကြောင်းအရာကို အချစ်ဇာတ်လမ်းဘက် မထင်မှတ်ဘဲ လမ်းညွှန်လိုက်သည့် အခါမျိုးမှာ တစ်ဖက်လူရဲ့ အမြင်က အတော်လေး အဆိုးဘက်သွားနေသည်။ ထိုလူက relationships တစ်ခုခုကို မမျှော်လင့်ထားတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် သူ့အတိတ်က relationshipက သူ့ကို မပျော်မရွှင် ဖြစ်စေခဲ့တာကြောင့်သာ ဖြစ်နိုင်ပေသည်.

============

E-Translator's Note:

1. အားရီ : အားရီဆိုတာ ဖန်းရီရဲ့ ရီဆိုတဲ့နာမည်ကို ချစ်စနိုးခေါ်တာပါ

2. ကျားတစ်ကောင်က ရက်စက်ပေမယ့် သူ့သားပေါက်ကိုတော့ ဘယ်တော့မှ မစကားဘူး : လူသားတွေ ဘယ်လောက်တောင် ရက်စက်လဲဆိုတာကို သရုပ်ဖော်တဲ့နေရာမှာ သုံးတဲ့ တရုတ် idiom တစ်ခုပါ။

3.Sun Tzu : Sun Tzu ဆိုတာတရုတ်စစ်ဗိုလ်ချုပ်၊ စစ်ရေးဗျူဟာရှင်၊ စာရေးဆရာနဲ့ တွေးခေါ်ပညာရှင်ဖြစ်ပြီး ရှေးခေတ်တရုတ်ပြည်အရှေ့ပိုင်း Zhou ခေတ်မှာ နေထိုင်ခဲ့တာပါ။Sun Tzuက  အနောက်တိုင်းနဲ့ အရှေ့အာရှက အတွေးအခေါ်နေဲ့ စစ်ရေးစစ်ရာ နှစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိတဲ့ ' The Art of War ' ကို ရေးသားခဲ့တဲ့သူလည်းဖြစ်ပါတယ်။

============
Zawgyi

အခန္း(၁၆၀) - စိတ္အားထက္သန္တယ္

မုက်င္းယြမ္ရဲ႔ လက္က သူ႔ေက်ာေလးကို သံစဥ္က်က် ပုတ္ေပးလာသည္။

"ဒါေပါ့, ေသခ်ာေပါက္ ကိုယ္ဆႏၵရွိတာေပါ့, ကိုယ္က မင္းကို သူငယ္ခ်င္းေတာင္ မဖြဲ႔ခိုင္းရေလာက္တဲ့အထိ မခ်ဳပ္ကိုင္ထားပါဘူး, မင္းက သူ႔စာအုပ္ေတြကို နွစ္သက္တဲ့အတြက္ သူနဲ႔ ရင္းနွီးခ်င္တယ္ဆိုတာ ပံုမွန္ပဲေလ, ကိုယ္က အာဏာရွင္မွ မဟုတ္တာ, မင္းရဲ႔ အနာဂတ္ ခင္ပြန္းေလာင္း တစ္ေယာက္အေနနဲ႔ မင္းအေပၚ ယံုၾကည္ရမွာေပါ့, ဟန္ဟန္, မင္းက လြတ္လပ္တဲ့ ငွက္ကေလးပါကြာ"

ရိဟန္က သူ႔မ်က္နွာေလးအား က်င္းယြမ္၏ ဝမ္းဗိုက္မွာ ျမွဳပ္နွံလိုက္သည္။ ထို႔ေနာက္ ဗလံုးဗေထြးအသံေလးနဲ႔ ေျပာလာ၏။

"ဟင့္အင္း, ငါမလြတ္လပ္ခ်င္ဘူး, ငါက မင္းအပိုင္, ငါက ပိဋကတ္သုံးပုံ( အေနာက္ဘက္သို႔ ခရီးသြားျခင္း)လိုမ်ိဳးျဖစ္ျပီး မင္းက စြန္းဝူခုန္းဆြဲတဲ့ စက္ဝိုင္းပဲ, မင္းကငါ့ကို ထိန္းသိမ္းထားတာ မဟုတ္ဘူး, မင္းဆီက ထြက္မသြားခ်င္တာက ငါပါ"

က်င္းယြမ္မွာ ခပ္လြင္လြင္ေလး ရယ္ေမာမိေတာ့သည္။

"အေသးေလး, မင္းဘယ္တုန္းက စကားလံုးခ်ိဳခ်ိဳေလးေတြ ေျပာတတ္ဖို႔ သင္ယူလိုက္တာလဲ? မင္းက ကိုယ့္ကို ခ်ဳပ္ေနွာင္ျခင္း စက္ဝိုင္းအျဖစ္ ေျပာင္းလဲလိုက္တာပဲ, ေကာင္းျပီေလ, မင္းရဲ႔ စက္ဝိုင္းေလးျဖစ္ရတာက ကိုယ့္အတြက္ေတာ့ အသက္ရွင္ရတာ ထိုက္တန္သြားတာေပါ့,လာေတာ့, သြားစားၾကမယ္, ဗိုက္ဆာေနျပီမွတ္လား?"

ရိဟန္က က်င္းယြမ္ကိုယ္ေပၚသို႔ ပိုမိုတြယ္တက္လိုက္ျပီး ေအာက္ဆင္းခ်င္စိတ္မရွိေပ။ သူက က်င္းယြမ္ရဲ႔ လွုပ္ရွားမွုအတိုင္း ျဖည္းညွင္းစြာ လိုက္ပါရင္းျဖင့္ ေျပာလာ၏။

"အဲ့ဒါက တကယ့္ကို စကားခ်ိဳခ်ိဳေျပာတာ မဟုတ္ဘူး, အဲဒါက အမွန္တရား, ငါ့ကိုေျပာျပဦး, နန္႔ရွန္နဲ႔ ပတ္သတ္ျပီး ဘာလုပ္သင့္လဲဆိုတာ? မင္းရွိေနရင္ ငါ့ဦးေနွာက္ကို လံုးဝကို မသံုးခ်င္ေတာ့ဘူး"

"အကယ္၍ မင္းဦးေနွာက္ကို အသံုးခ်င္ဘူးဆိုရင္လည္း မသံုးနဲ႔ေလ" က်င္းယြမ္က ရိဟန္အား အခန္းထဲက ခ်ီသယ္လာရင္း ျပန္ေျပာသည္။

"ဒီတစ္ေယာက္က အရွင္မင္းၾကီးအစား အလုပ္လုပ္ေပးရဖို႔ အရမ္းကို ဆႏၵရွိမိပါတယ္"

ရိဟန္က အသံေလးေပးျပီး ျပန္ေျပာသည္။

"ငါ့ကိုသင္ေပးေလ"

"အခုေလာေလာဆယ္မွာ သူ႔အက်င့္စရိုက္၊ သူ႔အေၾကာင္းနဲ႔ တကယ့္အေၾကာင္းအရာအစစ္အမွန္ နဲ႔ ပတ္သတ္ျပီး ကိုယ္တို႔မွာ အခ်က္အလက္ နည္းနည္းပဲရွိတယ္," က်င္းယြမ္က ျပန္ေျဖလာ၏။

"'*Sun Tzu' ေရးထားခဲ့သလိုမ်ိဳး 'ရန္သူအေၾကာင္းနဲ႔ ကိုယ့္ကိုကိုယ္သာ ေကာင္းေကာင္းသိမယ္ဆိုရင္ တိုက္ပြဲတစ္ရာဆိုလည္း ေၾကာက္စရာ မလိုဘူး'တဲ့ မင္းေျပာသလိုဆိုရင္ ေလာေလာဆယ္ သူလံုျခံဳေသးတယ္, ခ်က္ခ်င္းၾကီး အေစာတလွ်င္ မလွုပ္ရွားနဲ႔ဦး, ကိုယ္သူနဲ႔ ပတ္သတ္လို႔ ရွာလို႔ရသမ်ွ ရွာၾကည့္ျပီးမွ ေနာက္လုပ္မယ့္ အစီအစဥ္ကို ဆံုးျဖတ္ၾကတာေပါ့"

"အင္း, အင္းေကာင္းျပီ, ငါမင္းေျပာတဲ့အတုိင္း လုပ္မယ္," ရိဟန္က ေခါင္းေလး တစ္ညိတ္ညိတ္နဲ႔ ေျပာလာသည္။

"မင္းေျပာေတာ့ ဒီေန႔ မင္းသူနဲ႔ ေတြ႔ခဲ့တယ္ဆို?"

က်င္းယြမ္က ေမး၏။

"နွစ္ေယာက္စကားေျပာခဲ့ေသးလား? ဘယ္လုိခံစားရလဲ?"

"ငါတို႔ စကားနည္းနည္းေလာက္ေတာ့ ေျပာခဲ့ၾကတယ္" ရိဟန္ကရွင္းျပသည္။

"ငါက ဒီ'The Blue Night'ကို ကိုင္ထားတာေလ, ဒါက သူ႔ရဲ႔ နာမည္အၾကီးဆံုး စာအုပ္ျဖစ္သလို သူဂုဏ္အယူရဆံုး စာအုပ္လည္းဟုတ္တယ္, အနားက ျဖတ္သြားတုန္း ငါဒီစာအုပ္ကိုကိုင္ထားတာျမင္လို႔ ရပ္ျပီး ငါနဲ႔စကားလာေျပာတာ, ဒါေပမဲ့ သူဘယ္သူလဲ ငါသိေနတာကို သူမသိဘူး, သူက ငါ့ကို သူလည္းဒီစာအုပ္ရဲ႔ ပရိသတ္လို႔ပဲေျပာခဲ့တာ, အဲ့ဒါနဲ႔ မေတာ္တဆ လိုအပ္မ်ား လိုအပ္လာမလားလို႔ သူ႔ကို ဆက္သြယ္ဖို႔ နံပါတ္ေတာင္းခဲ့လိုက္တယ္, သူနဲ႔ ပတ္သတ္လို႔ ပထမဆံုးအျမင္အရေတာ့ ေတာ္ေတာ္ေလးေကာင္းတယ္, သူ႔အသားအရည္က ျဖဴေဖ်ာ့ေဖ်ာေလးနဲ႔ ေနသိပ္မထိတဲ့သူေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့အတိုင္းပဲ, သူအိမ္က ထြက္တာရွားတယ္ဆိုတာ ငါေျပာနုိင္တယ္, သူ႔ဆီမွာ လန္းဆန္းတဲ့ ေလထုပံုစံရွိေနျပီး တည္ျငိမ္မွုနဲ႔ ဝမ္းနည္းမွု ရွိေနေပမယ့္လည္း ျပည့္စံုသာလြန္ေနသလိုမ်ိဳး ခံစားခ်က္ကို ေတာက္ေလ်ွာက္ရေနတာ, သူက ေတာက္ေလ်ွာက္ မ်က္ေမွာင္ၾကဳတ္ေနတယ္, သူ႔ပံုစံက အဲ့ဒီ ေမွာင္မုိက္မုိက္ ကဗ်ာေတြထဲက အတိုင္းပဲ"

"မင္းအရမ္းကို ေကာင္းေကာင္းလုပ္ခဲ့ျပီး မင္းရဲ႔ စူးစမ္းေလ့လာမွုကလည္း အေသးစိတ္က်တယ္" က်င္းယြမ္က ေျပာလာသည္။

"ဒါက သူ႔အက်င့္စရိုက္ကို စာရင္းျပဳစုတဲ့ေနရာမွာ အရမ္းအေရးပါတယ္, ဒီလိုဆိုရင္ေရာ? ေလာေလာဆယ္ သူနဲ႔ ဆက္ျပီး အဆက္အသြယ္ လုပ္ေနလိုက္ဦး, အရမ္းၾကီး မၾကာခဏလည္း မလုပ္နဲ႔ ျပီးေတာ့ တမင္သက္သက္ပံုစံၾကီးလည္း မလုပ္နဲ႔ ဒါေပမဲ့ မင္းရဲ႔ ျဖစ္တည္မွုကိုေတာ့ သူ႔ကို မၾကာခဏ သတိေပးရမယ္, သူ႔ဘဝထဲမွာ မင္းကို အသားက်ေနပါေစ, သူနဲ႔ ပတ္သတ္ျပီး အခ်က္အလက္ေတြ ထပ္ရလာတာနဲ႔ ကိုယ္တို႔ ဘာဆက္လုပ္ရမလဲဆုိတာ ေဆြးေႏြးလို႔ရျပီ"

ရိဟန္ရဲ႔ ေခါင္းေလးက ေခါင္းတစ္ဆတ္ဆတ္ ျဖစ္ေနသည္မွာ က်ဲျပန္႔ေနသည့္ ဆန္မ်ားကို ေကာက္ေနသည့္ ၾကက္ကေလးလိုပင္။

"ငါ့ရဲ႔ အ့ံအားသင့္စရာေကာင္းျပီး စြမ္းအားၾကီးတဲ့ ခြန္ပြန္းသည္ျဖစ္မယ့္သူၾကီး" ရိဟန္က မ်က္လံုးမ်ား ေမွးက်ဥ္းသည္အထိ ျပံဳးရင္း ေျပာသည္။

"မင္းဒီလိုမ်ိဳး ဗ်ဴဟာေတြခ်ျပီး စီစဥ္ေနတာကိုျမင္ရတာကိုပဲ ငါအရမ္းေတြ ခ်စ္ေနမိျပီ"

က်င္းယြမ္က ရိဟန္အား ထမင္းစား စားပြဲဆီ ဆြဲေခၚသြားျပီး ထုိင္ခံုမွာ ထိုင္ခိုင္းလိုက္သည္။

"ကိုယ့္ရဲ႔ ဉာဏ္ေကာင္းျပီး လိမ္မာပါးနပ္လွတဲ့ ခင္ပြန္းသည္ ျဖစ္မယ့္သူေလးလဲ ျမန္ျမန္စားေတာ့, ကိုယ္တို႔ ျပီးရင္ လုပ္စရာရွိေသးတယ္"

ရိဟန္က ခဏရပ္ကာ စဥ္းစားလုိက္သည္။

"ဘာမွမရွိပါဘူး" သူက စိတ္ရွုပ္ေထြးစြာ ေျပာလာ၏။

"မင္းမွာ စီစဥ္ထားတာ တစ္ခုခု ရွိလို႔လား?"

က်င္းယြမ္က သူ႔ရဲ႔ ေစ့စပ္ထားသူေလးကို မ်က္ေတာင္ျပန္ခတ္ျပလိုက္ျပီး ျပံဳးေလသည္။

"မု-မုၾကီးရဲ႔ ေလ့က်င့္ခန္းေလ, စားေတာ့, မ်ားမ်ားေလးစားေနာ္"

ရိဟန္: "..."

မင္းက ငါ့ကို နာမည္ေျပာင္တစ္ခုေတာင္ စိတ္ေျဖာင့္ေျဖာင့္နဲ႔ ၾကည့္လို႔မရေအာင္ လုပ္ေနတာပဲ ဟုတ္ျပီလား?

ညစာ စားျပီးေနာက္ ထိုစံုတြဲက အခန္းဆီ ျပန္သြားၾကသည္။ ေရမ်ိဳးခ်ိဳးျပီး မု-မုၾကီးရဲ႔ ေလ့က်င့္ခန္းျဖစ္စဥ္မစခင္မွာပဲ ခ်င္ဖုန္းထံက အဆက္အသြယ္ရေလသည္။

တစ္ဖက္လူက အခ်ိန္နည္းနည္းေတာင္ မျဖဳန္းေပ။ သူက အဓိကအခ်က္ကို တိုက္ရိုက္သြားလိုက္သည္။

"ရိဟန္, မင္း ဖန္းေလးကို စကားေျပာခဲ့ေသးလား? ငါနဲ႔ ပတ္သတ္တဲ့ စကားေကာင္းတစ္ခ်ိဳ႔ေလာက္ေပါ့?"

"အဲ့ဒါေတြက စကားေကာင္းေတြ မဟုတ္ဘူး" ရိဟန္က သူ႔ဆံပင္အား ေျခာက္ေအာင္ သုတ္ေနရင္း ျပန္ေျပာသည္။

"က်ြန္ေတာ္က စိတ္ထဲမွာ ရွိတဲ့အတိုင္းပဲ ေျပာျပလိုက္တာ, ဘယ္လိုလဲ? အားရီက နည္းနည္းေလာက္ ႏူးည့ံသြားျပီလား?"

"အင္း' ခ်င္ဖုန္းက တိုးတိုးေလးေျပာလာျပီး သူ႔အသံထဲမွ စိတ္လွဳပ္ရွားမွုကို ၾကားရနုိင္သည္။

"ခုနက ေခါက္ဆြဲခ်က္တဲ့အခ်ိန္မွာ ငါ့အတြက္ပါ တစ္ပန္းကန္ လုပ္ေပးလာတယ္" သူက ခဏေလာက္ ရပ္တန္႔ျပီးမွ ထပ္ေပါင္းေျပာလာ၏။

"ငါကို ၾကက္ဥပါ ထည့္ေပးတာ"

က်င္းယြမ္က ရိဟန္ဆီ ေလ်ွာက္လာျပီး လူငယ္ေလးဆီက သဘက္အားယူကာ ရိဟန္ရဲ႔ ဆံပင္မ်ားကို ကူညီျပီး ေျခာက္ေအာင္ သုတ္ေပးလာေလသည္။ လူငယ္ေလးက က်င္းယြမ္အား အျပံဳးေလးနဲ႔ ျဖတ္ခနဲ ၾကည့္လုိက္ျပီးမွ သူ႔အာရံုအား ဖုန္းဆီ ျပန္ပို႔လိုက္သည္။

"က်ြန္ေတာ္သိျပီ, ဒါဆို ေကာင္းတာေပါ့" ရိဟန္က စကားဆက္သည္။

"အားရီက ခ်ဥ္းကပ္ဖို႔ နည္းနည္းခက္ခဲေပမယ့္ ႏွလံုးသား ႏူးည့ံပါတယ္, သူ႔နွလံုးသားလက္ေလ်ွာ့လာဖို႔က အခ်ိန္ပဲလိုတာ, အဲ့ဒီ ေခါက္ဆြဲတစ္ပန္းကန္က ေအာင္ျမင္မွုနဲ႔ သိပ္မေဝးေတာ့ဘူးဆိုတာကို ျပေနတာပဲ"

ခ်င္းဖုန္းရဲ႔ အသံက ခပ္တိုးတိုး ရယ္ေမာရင္းျဖင့္ ခပ္နိမ့္နိမ့္ျဖစ္သြားသည္။

"ငါျမင္နုိင္ပါတယ္, အခုခ်ိန္မွာ ဖန္းေလးရဲ႔ နွလံုးသားက သူ႔မ်က္နွာေလာက္ မေအးစက္ေတာ့ဘူး, ငါစိတ္ထဲ တစ္ခုခုျဖစ္လာဖို႔က အခ်ိန္တစ္ခ်ိဳ႔ေလာက္ လိုဦးမယ္လို႔ ထင္ခဲ့ေပမယ့္ မင္းနဲ႔ ေတြ႔ျပီးတဲ့ေနာက္မွာ သူက သိသိသာသာကို ႏူးည့ံလာခဲ့တာ, မင္းငါ့အစား ေတာင္းဆိုေပးလိုက္တာလို႔ ခန္႔မွန္းလိုက္မိလို႔, ဒီလိုမ်ိဳး ၾကီးၾကီးမားမား ကူညီေပးခဲ့တာက ေက်းဇူးတင္စကားေလာက္နဲ႔ မလံုေလာက္ေတာ့ဘူး, အကယ္၍ တစ္ခုခု လိုအပ္တာရွိရင္ ငါ့ကိုေျပာလို႔ရတယ္"

"အဲေလာက္မျပင္းထန္ပါဘူး"

ရိဟန္ကရယ္သည္

"ၾကီးၾကီးမားမား ကူညီေပးတာတဲ့လား? ဒါကဒီအတိုင္း အမွန္တရား အနည္းငယ္ေလာက္ပါပဲ, ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားလည္း က်ြန္ေတာ့္ကိုကယ္ခဲ့လို႔ ဒီလိုမ်ိဳး အားရီဆီမွာ ေပၚသြားခဲ့တာေလ, ဒီတခ်ိန္လုံး အဲ့ဒါၾကီးက က်ြန္ေတာ့္ကို ေႏွာက္ယွက္ေနတာရယ္"

"အဲ့ဒီ အျဖစ္အပ်က္က ဒီအတိုင္း မီးပြားေလး တစ္ခုပါ" တစ္ဖက္လူက တီးတိုးေျပာေနသည့္ အသံျဖင့္သာ ဆက္ေျပာသည္။

"ဖန္းေလးနဲ႔ ငါက ရက္ေပါင္းမ်ားစြာ အတူတူ ျဖတ္သန္းၾကရမွာ, အဲ့ဒီေန႔က မေပၚသြားခဲ့ဘူးဆိုရင္ေတာင္ အေနွးနဲ႔အျမန္ေတာ့ သိသြားမွာပဲ, အခ်ိန္တစ္ခုပဲ လိုခဲ့တာ, ငါက သူစိတ္ေကာင္းဝင္ေလာက္မယ့္အခ်ိန္မွာ ဝန္ခံဖို႔ သင့္ေတာ္တဲ့ အခ်ိန္ကို ရွာဖို႔ စဥ္းစားေနခဲ့မိလို႔သာ"

"ခင္ဗ်ား စကားေျပာလို႔ အဆင္မေျပဘူးလား?" ရိဟန္က သိခ်င္စိတ္ျဖင့္ ေမးမိသည္။

"ဘယ္လိုျဖစ္လို႔ တိုးတိုးေလးေျပာေနတာလဲ? အကယ္၍ အဆင္မေျပဘူးဆိုရင္ ဒီအတိုင္း ေနာက္ေန႔မွ ေျပာၾကမယ္ေလ"

"ငါအခု ေလာေလာဆယ္ ဖန္းေလးရဲ႔ ေရခ်ိဳးခန္းထဲမွာ ပုန္းေနတာ" ခ်င္ဖုန္းက ခပ္တိုးတိုးရယ္သည္။

"ငါတို႔ ဖုန္းေျပာေနတာသာ ၾကားသြားရင္ နွစ္ေယာက္သား ေပါင္းၾကံတယ္ဆိုျပီး အထင္လြဲသြားမွာစိုးလို႔, အဲ့ဒါဆိုရင္ေတာ့ သြားျပီပဲ, ငါမင္းကို ဘယ္တုန္းကမွ ငါ့အတြက္ မေျပာခိုင္းပါဘူးဆိုတာ သူ႔ကို ရွင္းျပေပးရမယ္, ငါက သူနဲ႔ ပတ္သတ္ရင္ တကယ္စစ္မွန္တာပါ"

"နားလည္ျပီ" ရိဟန္က ခပ္တိုးတိုး ျပန္ရယ္ေမာမိသည္။

"စိတ္မပူနဲ႔, က်ြန္ေတာ္ဖုန္းခ်လိုက္မယ္, သူၾကားသြားေအာင္ လုပ္လို႔မျဖစ္ဘူးေလ"

"ေကာင္းျပီ" ခ်င္ဖုန္းက တုန္႔ျပန္သည္။

ရိဟန္က ဖုန္းမခ်ခင္ေလးမွာ ထပ္ေပါင္းေျပာလိုက္ေသးသည္။

"ခ်င္ဖုန္း, ဖန္းရီက နံုအတဲ့သူတစ္ေယာက္ေနာ္, သူ႔ကို နာက်င္ေအာင္ မလုပ္ပါနဲ႔ မဟုတ္ရင္ က်ြန္ေတာ္ခင္ဗ်ားကို ခြင့္လႊတ္မွာမဟုတ္ဘူး"

"စိတ္မပူနဲ႔,"

ခ်င္ဖုန္းက သူ႔အတြက္ အလြန္မွ ရွားပါးလြန္းလွေသာ ေလးနက္လွသည့္ ပံုစံျဖင့္ ျပန္ေျဖလာသည္။ သူက ခဏေလာက္ စဥ္းစားျပီးေနာက္မွာ စကားဆက္၏။

"ဖန္းေလးက မင္းလိုသူငယ္ခ်င္းမ်ိဳးရွိတာ အရမ္းကံေကာင္းတာပဲ, ဒါဆုိ တာ့တာေနာ္"

ရိဟန္က ဖုန္းခ်ျပီးေသာအခါ က်င္းယြမ္ဘက္ လွည့္သြားသည္။

"ခ်င္ဖုန္းေျပာတာေတာ့ သူ႔အေပၚမွာရွိတဲ့ ဖန္းရီရဲ႔ သေဘာထားက ျမင္သာတဲ့အထိ ႏူးည့ံသြားျပီတဲ့, အဲ့ဒီလူက သူ႔အတြက္ ေခါက္ဆြဲတစ္ပန္းကန္ေတာင္ ခ်က္ေပးတယ္ဆိုပဲ, ခ်င္ဖုန္းက အရမ္းဝမ္းသာလြန္းလို႔တဲ့ ေရခ်ိဳးခန္းထဲပုန္းျပီး ငါ့ကို ေက်းဇူးတင္စကား လွမ္းေျပာတာ"

က်င္းယြမ္က ရိဟန္ရဲ႔ ေခါင္းအား ညင္သာစြာ နွိပ္နယ္ေပးရင္း ျပန္ေျပာလာသည္။

"ဒါဆိုေကာင္းတာေပါ့, ခ်င္ဖုန္းရဲ႔ ကာကြယ္ေပးမွုနဲ႔ဆိုရင္ ဖန္းရီရဲ႔ ေရွ႔ေလ်ွာက္ရမယ့္ လမ္းေၾကာင္းက ပိုျပီးေခ်ာေမြ႔သြားျပီပဲ, အခုဆို မလိုအပ္တဲ့ ေက်ာက္တုန္းေတြေၾကာင့္ ေခ်ာ္က်စရာ အေၾကာင္း မရွိေတာ့ဘူး"

"ခ်င္ဖုန္းက ဖန္းရီအေပၚ နက္နက္ရွိုင္းရွိုင္း ခံစားခ်က္ရွိတယ္ဆိုတာ ျမင္နုိင္တယ္" ရိဟန္က သူ႔ေမးေလးအား လက္ျဖင့္ေထာက္ရင္းေျပာသည္။

"အကယ္၍ ဖန္းရီသာ သူနဲ႔အတူတူ ရွိနုိင္မယ္ဆိုရင္ ေကာင္းတာပဲ, ဒါေပမဲ့ အကယ္၍ ဖန္းရီသာမျဖစ္ခ်င္ဘူး ဆိုရင္ေတာ့ အထူးသျဖင့္ ခ်င္ဖုန္းရဲ႔ အက်င့္စရိုက္နဲ႔ဆိုရင္ အခ်ိန္တစ္ခ်ိဳ႔ေလာက္ထိပဲ ခံလိမ့္မယ္ အဲ့ဒါဆို ဖန္းရီလည္း အႏၱရယ္ရွိလာမွာ"

"စိတ္ပူေနစရာမလိုဘူး" က်င္းယြမ္က ေျပာလာသည္။

"ခ်င္ဖုန္းက ​​ေဒါသႀကီးၿပီး စိတ္ျမန္တဲ့ လူမိုက္မ်ိဳးေတာ့ မဟုတ္ဘူးလို႔ ကိုယ္ထင္တယ္။ ဖန္းရီလည္း သူ႔အေပၚ ခံစားခ်က္ တစ္ခုခု ရွိေနလိမ့္မယ္။ ၾကည့္ရသေလာက္ကေတာ့ သူတို႔ႏွစ္ေယာက္ ေပါင္းစည္းဖို႔ ျဖစ္ႏိုင္ေခ်မ်ားပါတယ္"

ရိဟန္က ေခါင္းညိတ္သည္။

"မင္းရဲ႔ အတည္ျပဳမွုနဲ႔ဆိုေတာ့ ငါပိုျပီး စိတ္သက္ေတာင့္သက္သာ ျဖစ္သြားျပီ, ခ်င္ဖုန္းက လံုးဝကို ျပင္းထန္တဲ့ သားရဲတစ္ေကာင္ပဲ, အကယ္၍ ဖန္းရီသာသူနဲ႔ အတူတူ ရွိနုိ္င္မယ္ဆိုရင္ အားနည္းတဲ့ဘက္ျခမ္းျဖစ္မွာ ေသခ်ာတယ္, သူဒုကၡေရာက္မွာကို ငါတကယ္စိုးရိမ္တယ္"

"ပိုအားနည္းတဲ့ ဘက္ျခင္း?" က်င္းယြမ္က ရယ္ေမာရင္းေမးသည္။

"ကိုယ္ေတာ့ မထင္ဘူး, စကားတစ္ခြန္းရွိတယ္ေလ; အရင္ခ်စ္တဲ့သူက အရွံုးပဲတဲ့, ခ်င္ဖုန္းက အေစာကတည္းက ရွံဳးေနခဲ့တာ, သူတို႔နွစ္ေယာက္ၾကားမွာဆိုရင္ ဖန္းရီကေတာင္ ပိုျပီး အခြင့္သာဦးမယ္"

"အမွန္ပဲ" ရိဟန္ကေျပာသည္။

"ခ်င္ဖုန္းက ေတာ္ေတာ္ေလး နွီမ့္ခ်ျပီး ေနတတ္တယ္, အင္း, ဒါလည္းေကာင္းပါတယ္"

"အေသးေလး" က်င္းယြမ္က ခပ္လြင္လြင္ေလး ရယ္ေမာလာသည္။

"မင္းက အရမ္းသတၱိေကာင္းတယ္ ဒီတစ္ၿမိဳ႕လုံးမွာ Mr ယန္ေတာင္မွ Hidden Dragon ရဲ႔ ေခါင္းေဆာင္ကို အတိအလင္း မျခိမ္းေျခာက္ရဲဘူး, မင္းကေတာ့ သူ႔မ်က္နွာတည့္တည့္ကိုေတာင္ ေျပာလိုက္ေသးတယ္, သူမင္းကို မေကာင္းတာ လုပ္လာမွာ မေၾကာက္ဘူးလား?"

"သူမလုပ္ပါဘူး" ရိဟန္က ျပန္ေျဖသည္။

" ငါတုိ႔က သူငယ္ခ်င္းေတြလို႔ေတာင္ သူေျပာတဲ့ဟာ, အဲ့ဒီေတာ့ ငါသူ႔ကိုျခိမ္းေျခာက္ေတာ့ေရာ ဘာျဖစ္လဲ? အကယ္၍ သူသာ တကယ္ပဲ ဖန္းရီကို နာက်င္ေအာင္ လုပ္မယ္ဆိုရင္ ငါသူနဲ႔ ရန္သြားျဖစ္မွာပဲ!"

"သူငယ္ခ်င္းအတြက္ ရန္ျဖစ္ေပးတယ္ဆိုတာ အရမ္းေကာင္းပါတယ္" က်င္းယြမ္က ရယ္ခ်င္စိတ္ကို ၾကိဳးစားဖိနွိပ္ရင္း ေျပာေလသည္။

"ဒါေပမဲ့ မင္းပံုစံက ေတာ္ေတာ္ေလး ေသးေနတယ္, မင္းက ခ်င္ဖုန္းနဲ႔ ရန္ျဖစ္ခ်င္တယ္ေပါ့ေလ? လက္တစ္ေခ်ာင္းတည္းနဲ႔တင္ မင္းကို သူလွဲခ်လို႔ရတယ္ေနာ္, ကေလးဘဝကတည္းက သူဘယ္လို ေလ့က်င့္ေရးမ်ိဳးဆင္းခဲ့ရလဲ သိရဲ႔လား? သူ႔ရဲ႔ ပိန္ပါးတဲ့ အသြင္အျပင္ေၾကာင့္ အရူးလုပ္မခံနဲ႔, ဒီတစ္ျမိဳ႔လံုးမွာ ဘယ္သူကမွ သူ႔ျပိဳင္ဘက္မဟုတ္ဘူးဆိုတာကိုယ္ေျပာရဲတယ္, သူတို႔သာလူအုပ္လုိက္ၾကီး မလာခဲ့ရင္ေပါ့"

"ငါက သူ႔ကို ကိုယ္ထိလက္ေရာက္ တိုက္ခိုက္မယ္လို႔ ဘယ္သူေျပာလဲ?" ရိဟန္ကျပင္းထန္စြာ ေဝဖန္သည္။

"ဦးေႏွာက္သုံးတယ္ဆိုတာတာ ၾကားဖူးလား?က်င္းယြမ္ ,ငါတို႔ႏွစ္ေယာက္ၾကားမွာ ခ်င္ဖုန္းရဲ႕အေဖအေၾကာင္း ၾကားတိုင္းငါ ေဒါသအရမ္းထြက္တယ္။ က်ားတစ္ေကာင္က ရက္စက္ေပမယ့္ သူ႔သားေပါက္ေတြကိုေတာ့ ဘယ္ေတာ့မွ မစားဘူး၊ ဒါေပမယ့္ အဲဒီလူကေတာ့ သူ႔သားကို ဆိုးဆိုးဝါးဝါး ဆက္ဆံရဲတယ္, သူက လူကိုမဆန္တာ"

က်င္းယြမ္သည္ မ်က္ႏွာသုတ္ပုဝါကို ခ်လိုက္ၿပီး ရိဟန္အနားသို႔ ေ႐ႊ႕လိုက္သည္။

"လူတစ္ေယာက္ရဲ႕ ရတနာက တျခားရတနာေတြနဲ႔ မတူဘူး, ကိုယ္တို႔က ခံစားခ်က္ေတြနဲ႔ စိတ္အေျခအေနေတြက ပိုအေရးၾကီးတယ္လို႔ ထင္တယ္, ခ်င္ဟိုင္ထ်န္းကေတာ့ အာဏာနဲ႔ စည္းစိမ္ကို ပိုျပီးလိုခ်င္တယ္, အကယ္၍ ခ်င္ဖုန္းသာ သူ႔ရဲ႔ တစ္ဦးတည္းေသာ သားမဟုတ္ဘူးဆိုရင္ အရြယ္ေရာက္လာမယ့္ အခြင့္အေရးေတာင္ ရခဲ့မွာမဟုတ္ဘူး, သူ႔အေမအတြက္ လက္စားေခ်နုိင္မယ့္ အခြင့္အေရးလည္း ဘယ္ေတာ့မွ ရမွာမဟုတ္ဘူး, ျဖစ္မယ့္ဟာက ျဖစ္သြားမွာပဲ, ခ်င္ဟိုင္ထ်န္းက စိတ္ခံစားခ်က္ေတြကို ျပက္ရယ္ျပဳခဲ့တယ္, ေနာက္ဆုံးေတာ့ သူ႔သားလက္ထဲမွာပဲ ေသဆုံးသြားရတာပဲေလ, အဲဒါကို ကံတရားလို႔ မွတ္ယူနုိင္တယ္"

ရိဟန္က သက္ျပင္းခ်သည္။

"ခ်င္ဖုန္းကလည္းသနားဖို႔ေကာင္းတဲ့သူပါပဲ, မုန္းတီးမွုေတြသာ အရမ္းမမ်ားခဲ့ဘူးဆိုရင္ ဘယ္သူက ကိုယ့္အေဖကိုယ္သတ္ခ်င္မွာလဲ? ခ်င္ဟိုင္ထ်န္းက မိဘျဖစ္ဖို႔ မသင့္ေတာ္ဘူး! သူေသသင့္တယ္"

က်င္းယြမ္က မတ္တပ္ထရပ္ျပီး ေနရာက ဆံပင္မွုတ္စက္အား လွမ္းယူလိုက္သည္။ ထို႔ေနာက္ ရိဟန္ရဲ႔ ဆံပင္မ်ားအား ေျခာက္ေသြ႔ေစရန္ ဂရုတစိုက္ မွုတ္ေပးေလသည္။

"အကယ္၍ ခ်င္ဖုန္းသာ ခ်င္ဟိုင္ထ်န္းကို အေဖအျဖစ္ မသတ္မွတ္ခဲ့ရဘူးဆိုရင္ အခုခ်ိန္မွာ ကြဲျပားတဲ့ ဘဝတစ္ခုကို ရရွိေနနုိင္လိမ့္မယ္, တကယ္ေတာ့ အဲ့ဒါက ျမင္နုိင္ဖို႔ လြယ္ကူပါတယ္, ခံစားခ်က္ေတြနဲ႔ ဆက္ဆံေရးေတြက သူ႔အတြက္လည္းအေရးၾကီးတာပဲ ဒါေပမဲ့ သူက Hidden Dragon. ရဲ႔ ေခါင္းေဆာင္ျဖစ္ေနတယ္ေလ, ေၾကာက္စရာေကာင္းတဲ့ နာမည္ဂုဏ္သတင္းလည္းရွိေနေသးတာ, ဘယ္သူမွ သူ႔ကို မခ်ဥ္းကပ္ရဲတဲ့အတြက္ ဘယ္သူမွ သတိမျပဳမိခဲ့ရံုပါပဲ"

"အဲဒါေတာ့ မဟုတ္တာလည္း ျဖစ္နုိင္တယ္" ရိဟန္က ေျပာသည္ ။ "ဘာေၾကာင့္ လူအမ်ားၾကီးက သူ႔ေနာက္ကို လိုက္ျပီးသူ႔အေဖကို ျဖဳတ္ခ်ဖို႔ ဆႏၵရွိေနၾကတာလဲ?"

က်င္းယြမ္က ေအးခဲသြားမိျပီးမွ ရယ္ေမာမိေတာ့သည္။

"အမွန္ပဲ, ဟန္ဟန္, မင္းက ကိုယ္တို႔နွစ္ေယာက္ထဲမွာ ပိုျပီးဉာဏ္ေကာင္းတဲ့သူ ျဖစ္ေနတုန္းပဲ"

ရိဟန္က ျပံဳးသည္။

"ငါဒီလို စကားခ်ိဳခ်ိဳေလးေတြကို လက္မခံနုိင္ပါဘူး, ငါ့ဆံပင္ကို ေျခာက္ေအာင္မွဳတ္ေပးျပီးရင္ အိပ္ၾကရေအာင္"

"ေကာင္းျပီ" က်င္းယြမ္က ပါးနပ္သည့္ အျပံဳးတစ္ခုျဖင့္ ျပန္ေျပာသည္။

"မင္းဒီေလာက္ထိ စိတ္အားထက္သန္ေနမယ္လို႔ မထင္ခဲ့မိဘူး,စိတ္မပူပါနဲ႔, ကိုယ္မၾကာခင္ ျပီးပါျပီ"

က်င္းယြမ္ရဲ႔ မ်က္နွာကို ၾကည့္တာနဲ႔တင္ ရိဟန္သည္ တစ္ဖက္လူရဲ႔ စိတ္ထဲမွာ နွာဘူးအေတြးမ်ားနဲ႔ ျပည့္နွက္ေနတယ္ ဆိုတာအား သိလုိက္သည္။

"ငါစိတ္အားထက္သန္မေနပါဘူးေနာ္" ရိဟန္က ကူကယ္ရာမဲ့စြာနဲ႔ ေျပာရွာ၏။

"ေက်းဇူးျပဳျပီး ျဖည္းျဖည္း အခ်ိန္ယူပါ"

က်င္းယြမ္က အနားကို တိုးကပ္သြားျပီး ျပန္ေျပာသည္။

"ကိုယ္ကေတာ့ စိတ္အားထက္သန္ေနတယ္" သူ႔ရဲ႔ ခပ္ၾသၾသ အသံက ရိဟန္ရဲ႔ နားစည္ထဲသို႔ တုန္ခါကာဝင္သြားခဲ့ျပီး အရိုးထဲသို႔ နက္ရွိုင္းစြာ ေရာက္သြားေတာ့သည္။.

ရိဟန္: "...!!"

(*/w\*) ဒါၾကီးက စည္းမ်ဥ္းကို ခ်ိဳးေဖာက္ေနတယ္ေနာ္!

***

ရိဟန္က ရႊီးယိုရန္အား နန္႔ရွန္ရဲ႔ စာအုပ္မ်ား fan group တြင္ ထည့္လုိက္သည္။ နွစ္ေယာက္သားက ရံဖန္ရံခါ စကားေျပာမိၾကသည္။ အင္တာနက္ကတစ္ဆင့္ ေျပာတာျဖစ္ေသာ္လည္း ရိဟန္သည္ တစ္ဖက္လူက အေတာ္ေလး စိတ္ဓာတ္က်ေေနတယ္ဆိုတာ ေျပာနုိင္၏။ ရႊီးယိုရန္က သူ႔စာအုပ္ရဲ႔ ဇာတ္ေၾကာင္းေတြကို ေဆြးေႏြးတဲ့ အခ်ိန္မ်ိဳးမွာသာ စိတ္အားထက္သန္ပံုရသည္။ တစ္ျခားအရာမ်ားနဲ႔ ပတ္သတ္ရင္ေတာ့ အေတာ္ေလးကို စိတ္မဝင္စားျခင္းပင္။

သူ႔စာအုပ္မ်ားသည္လည္း ပံုမွန္အားျဖင့္ ဇာတ္ေၾကာင္းကိုသာ အာရံုစိုက္ထားျခင္း။ အခ်စ္ေရးနဲ႔ ပတ္သတ္ရင္လည္း ေရးခဲလွသည္။ ရိဟန္က သူတို႔စကားစျမည္ေျပာသည့္အေၾကာင္းအရာကို အခ်စ္ဇာတ္လမ္းဘက္ မထင္မွတ္ဘဲ လမ္းၫႊန္လိုက္သည့္ အခါမ်ိဳးမွာ တစ္ဖက္လူရဲ႔ အျမင္က အေတာ္ေလး အဆိုးဘက္သြားေနသည္။ ထိုလူက relationships တစ္ခုခုကို မေမ်ွာ္လင့္ထားတာ ျဖစ္ရင္ျဖစ္ မဟုတ္ရင္ သူ႔အတိတ္က relationshipက သူ႔ကို မေပ်ာ္မရႊင္ ျဖစ္ေစခဲ့တာေၾကာင့္သာ ျဖစ္နုိင္ေပသည္.

============

E-Translator's Note:

1. အားရီ : အားရီဆိုတာ ဖန္းရီရဲ႔ ရီဆုိတဲ့နာမည္ကို ခ်စ္စနိုးေခၚတာပါ

2. က်ားတစ္ေကာင္က ရက္စက္ေပမယ့္ သူ႔သားေပါက္ကိုေတာ့ ဘယ္ေတာ့မွ မစကားဘူး : လူသားေတြ ဘယ္ေလာက္ေတာင္ ရက္စက္လဲဆုိတာကို သရုပ္ေဖာ္တဲ့ေနရာမွာ သံုးတဲ့ တရုတ္ idiom တစ္ခုပါ။

3.Sun Tzu : Sun Tzu ဆုိတာတ႐ုတ္စစ္ဗိုလ္ခ်ဳပ္၊ စစ္ေရးဗ်ဴဟာရွင္၊ စာေရးဆရာနဲ႔ ေတြးေခၚပညာရွင္ျဖစ္ၿပီး ေရွးေခတ္တ႐ုတ္ျပည္အေရွ႕ပိုင္း Zhou ေခတ္မွာ ေနထုိင္ခဲ့တာပါ။Sun Tzuက  အေနာက္တိုင္းနဲ႔ အေရွ႕အာရွက အေတြးအေခၚေနဲ႔ စစ္ေရးစစ္ရာ နွစ္ရပ္လံုးအေပၚ သက္ေရာက္မွဳရွိတဲ့ ' The Art of War ' ကို ေရးသားခဲ့တဲ့သူလည္းျဖစ္ပါတယ္။

============

Continue Reading

You'll Also Like

948K 172K 123
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist (IG Acc) - AeriCM_sknrm7s ✨ Novel name နဲ့ information အပြည့်အစုံကို...
601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
180K 31.4K 62
Original Title - Jubo (巨擘) (The Dominant Boss) Author - Yin Ya (尹琊) Status in COO - 341 chapters + 23 special chapters (Completed) Genre - Comedy , R...
67.5K 9.5K 72
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...