VNITY : The First Step

By yingyingbabyy

12.3K 1.8K 570

[DISCONTINUED] The original light novel of VNITY, first virtual Idol Group of Myanmar [By KAOS Studio] This i... More

Preface
Step 0.1
Step 0.2
Step 0.4
Step 0.5
Step 0.6
Step 0.7
Step 0.8
Step 0.9
Step 1.0
Step 1.1
SPECIAL CHAPTER
(PIT-A-PAT)š
Step 1.2
Step 1.3
Step 1.4
Step 1.5
Step 1.6

Step 0.3

488 122 49
By yingyingbabyy

Step 0.3 : Mr. Hologram

သီခ ကုမ္ပဏီသို့ရောက်လာချိန်တွင် အချိန်အားဖြင့်က ၁နာရီခွဲခန့်ရှိနေပြီဖြစ်၏။ တစ်ပတ်လျင် ၂-၃ရက်ခန့် ကျောင်းကို နေ့တစ်ဝက်လစ်ကာ ကုမ္ပဏီကိုလာနေရသည်ဖြစ်ရာ ထိုနေ့များတိုင်း မြို့အ‌ရှေ့ခြမ်း၊  တောင်ခြမ်းနှင့် မြောက်ခြမ်းတွင် ရှိကြကုန်သော အိမ်၊ ကျောင်းနှင့် ကုမ္ပဏီကို အပတ်ပတ်လည်အောင် ကူးနေရတာကြောင့် သွားလာရသည်မှာ မနိပ်လှ။ ဤ အတိုင်းဆက်သွားနေလျင် idolအဖြစ် debut မလုပ်နိုင်ခင်တွင် လုံးပါးပါးတော့မည်ဟု သူခံစားနေရသည်။ အနည်းဆုံးတော့ အရှေ့ခြမ်းက သူ့အိမ်ကို ကူးနေရသည့် ဒုက္ခကို အနည်းငယ် လျှော့နိုင်ရန် အဆောင်နေနိုင်လျင်တော့ ကောင်းမည်ထင်သည်။

သို့ပေသိ ပြဿနာက သူ့မိသားစု။ စင်စစ်တော့ သီခမှာ K Limited တွင် အလုပ်လုပ်နေသည်မှာ ၂ပတ်ကျော်ခန့်ရှိနေပြီ ဖြစ်သော်ငြား အိမ်ကို အသိမပေးရသေးပေ။ သီခတို့ မိသားစုမှာ အ‌ပျော်တမ်း‌စောင်းတီးသည်ကို အားပေးခဲ့သော်ငြား သည်လိုidolလုပ်ရန် ကြံနေသည့်အပေါ်ကိုတော့ မည်သို့တုံ့ပြန်မည်မသိတာမို့ သီခမှာ ပြောပြရကောင်းနိုးနိုး မပြောရကောင်းနိုးနိုးနှင့် ကျဉ်းထဲကြပ်ထဲရောက်နေရတာ ဖြစ်၏။ အားပေးကြရန်မဆိုထားနှင့် အတိုက်အခံမလုပ်လျင်တောင် တော်လှနေပြီထင်သည်။

ရှိစေတော့။ ကိစ္စက နက်နဲသည်မို့ နောက်မှဆက်၍ စဉ်းစားဦးတော့မည်။ ဥတုပူပူတွင် အတွေးပူပူများကို ဆက်၍ မတွေးနိုင်တော့သည်ဖြစ်သဖြင့် အအေးတစ်ခွက်သောက်ကာ အဲယားကွန်းခန်းထဲ ပက်လက်လှန်ဖို့ လိုနေသည်က ဦးစားပေးဖြစ်သည်။

သီခ အခုတလော လေ့ကျင့်သည့်အခန်းထဲဝင်လိုက်သည်နှင့်တပြိုင်နက် ပထမဆုံးလုပ်မိသည့်အရာမှာ လူရှိမရှိ စစ်ဆေးတာပင်ဖြစ်၏။ အခန်းကို ၃-၄ပြန်ခန့် အစုန်အဆန်ကြည့်လိုက်သည့်အခါ ထင်သည့်အတိုင်းပင် အခန်းထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာထိုင်ကာ ပေါင်မုန့်ကို မြုံ့နေသည့် Mistကို တွေ့ရလေသည်။

သူ့ကို အရင်ရှာရသည့်အကြောင်းရင်းမှာ တခြားတော့မဟုတ်။ ရုတ်တရက် မြင်လိုက်ရလျင် လန့်ရလွန်းတာကြောင့်ဖြစ်၏။ ထိုကောင်လေးမှာ လူသာမန်တော့ မဟုတ်တန်ရာဟုပင် ထင်ရလောက်အောင် ကိုယ်ယောင်ဖျောက်နိုင်စွမ်း ကောင်းလွန်းလှသူဖြစ်၏။ တော်ရုံတန်ရုံလူသည် သူအသံမ‌ပေးမချင်း သူရှိနေသည်ကို သိနိုင်ရန်ပင် ခက်လှသည်။

"အာ Mist ရောက်နေပြီလား?"

Mistက ခေါင်းညိတ်သည်။ Mistသည် ဂျပန်လူမျိုးစစ်စစ်ဖြစ်သော်ငြား မြန်မာစကားကို ရေရေလည်လည် နားလည်သည်။ သို့သော် စကားတော့ သိပ်မပြော။

မဟုတ်သေး အတော့်ကို မပြောဟုပင် သတ်မှတ်ရမည်ထင်သည်။

Mist သည် ကုမ္ပဏီတွင် အဆောင်တွင်နေနေသူဖြစ်တာကြောင့် ကုမ္ပဏီတွင် အမြဲလိုလို ရှိနေတတ်တာဖြစ်၏။ သူတို့ အဖွဲ့တွင် ပထမဆုံး scoutခံရသည့် အဖွဲ့ဝင်ဖြစ်သော်ငြား သူ မည်သို့မည်ပုံ ရောက်လာသည်ကို ဘယ်သူမှမသိ။ မန်နေဂျာပင် သေချာမသိ။ နာမည်အရင်းလဲ ဘယ်သူမှ မသိ။ Mist ဟု ခေါ်သည်ကိုသာ သိရသည်။ သူ့ပုဂ္ဂိုလ်‌ရေးဆိုလျင် သာ၍ပင် ဝေးပေစွ။ ယုတ်စွအဆုံး အသံပင် ကြားရရန် ခက်လှ၏။

တစ်ခါတစ်ရံ လေ့ကျင့်ခန်းထဲ ရုတ်တရက်ဝင်လာမိလျင်တော့ သူသီချင်းဆိုနေသည်နှင့် ကြုံရတတ်သော်လည်း လူရောက်လာသည်ကို သိသည်နှင့် သီချင်းကို ရပ်လိုက်စမြဲ ဖြစ်သည်။ စက္ကန့်ပိုင်း၏ စက္ကန့်ပိုင်းမျှသာ ကြားရတာဖြစ်သော်ငြား အတော့်ကို ထူးခြားသည့် အသံဟုတော့ သီခ ကောက်ချက်ချမိသည်။

သို့ပေသိ ခက်‌နေသည်က သူ့အကျင့်စရိုက်ဖြစ်သည်။ idol အလုပ်ဆိုလျင် လူအများနှင့် အတော့်ကို ဆက်ဆံရမည့်အလုပ်မို့ သူ့အနေနှင့် ဖြစ်ပါ့မလားဟု သူစိတ်ပူနေမိသည်။ ပြောရလျင် အစကတည်းကိုက Mistလိုလူက ဘာကြောင့်များ idol ဖြစ်ရန်ရောက်လာခဲ့သလဲကို သူနားမလည်ပါပေ။

သီခသည် အမောပြေသွားသည်နှင့် တပြိုင်နက် ယခင်နေ့များက သင်ထားခဲ့ရသော ကကွက်များကို ပြန်လေ့ကျင့်နေဖြစ်၏။ အဆိုစွမ်းရည်တွင် အဓိက အခန်းကဏ္ဍက မွေးရာပါ ပါရမီ ဟုဆိုမည်ဆိုလျင် အကစွမ်းရည်အတွက် ပဓာနမှာတော့ လေ့ကျင့်မှုသာဖြစ်လေသည်။ သီခမှာ ဤပိုင်းတွင် အတော် သိသိသာသာ အားနည်းသည်မို့ ပိုတိုး၍ လေ့ကျင့်ဖြစ်ရ၏။ Mist ကတော့ ဘယ်ကထပ်ထုတ်လာသည်မသိသော ပေါင်မုန့်နောက်တစ်ထုပ်ကို ဆက်ကာ ဝါးနေဆဲ။

ကြားရသလောက်တော့ သူတို့အဖွဲ့ကို ၅ယောက်အဖွဲ့အဖြစ် debut ရန်သတ်မှတ်ထားတာဖြစ်တာကြောင့် နောက်ထပ်၃ယောက် ထပ်ကာ ရှာကြရဦးမည်ဟု သိရသည်။ သို့ပေသိ မန်နေဂျာကအစ ဤကုမ္ပဏီတွင် ရှိသမျှလူအားလုံး၏ လုပ်ထုံးလုပ်နည်းများက ထူးဆန်းလွန်းလှတာကြောင့် နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ကို ဘယ်ပုံဘယ်နည်း ဆွဲခေါ်လာပါမည်မှန်း မျှော်လဲမျှော်နေမိသလို ဘုရားလည်း တ,နေမိ၏။

"ဟေး သီခ... လေ့တောင်လေ့ကျင့်နေပြီလား လိမ္မာချက်ကွာ တို့ညီက"

အထုပ်အပိုးများ မနိုင်မနင်းနှင့် အာကျယ် အာကျယ် ဝင်ရောက်လာသူက သူတို့၏ မန်နေဂျာကိုဂျင်မီပင်ဖြစ်၏။ သူ ဤ‌ နေရာကို စရောက်သည့် နှစ်ပတ်အတွင်းတွင် ထိုသူအငြိမ်နေနေသည်ကို တစ်ခါမှ မတွေ့ရဖူးပေ။ အလုပ်ကြိုးစားသည့်အချက်ကတော့ လေးစားစရာဖြစ်၏။

"ကိုဂျင်မီ ရောက်ပြီလားဗျ ... လက်ထဲက ဘာအထုပ်တွေ..."

"အား အား သေပြီ သေပြီ ....  အရုပ်တွေ အောက်ထပ်မှာ ချခဲ့ရမှာကို မေ့ပြီးသယ်လာပြီ အား"

သံ‌သေးသံကြောင်နှင့် အော်ဟစ်နေသော အနှီလူသည် အော်ရင်းဟစ်ရင်းပင် အထုပ်များကို ပိုက်ကာ ဝုန်းကနဲ နေအောင် ပြန်ပြေးထွက်သွားတော့သည်။

သီခမှာ ချက်ချင်းပင် အစောတုန်းက သူ့မှတ်ချက်ကို ပြန်ရုတ်သိမ်းချင်စိတ်များပေါ်သွားရ၏။

10မိနစ်ခန့်ကြာသည့်အခါတွင်တော့ ဂျင်မီက ဟောဟဲဆိုက်ကာ တစ်ဖန်ပြန်ရောက်လာသည်။

"မောလိုက်တာ သေတော့မယ် ... Mist .... ကိုကြီးကို ကိုလာလေး ဘာလေး တိုက်ချင်စိတ်မရှိဘူးလား"

ရင်ခွင်ထဲတွင် သွားရည်စာထုပ်များကိုပွေ့ကာ လက်တစ်ဖက်က ကိုလာဘူးကို ကိုင်လျက်  အခန်းထဲမှ လစ်ထွက်ရန်ပြင်နေသော Mist သည် လူစိမ်းမြင်လိုက်သည့် ကြောင်တစ်ကောင်နှယ် တစ်ချက်တုန်သွားပြီးနောက် အားမနာလျာမကျိုးပင် အရိုးခံပွင့်လင်းစွာ ခေါင်းခါ၏။

"အု.... စတာဆိုပေမဲ့ emotional damageတော့ နည်းနည်းရတယ်ကွာ"

ဂျင်မီက ရင်ဘတ်ကို ဖိရင်း နာကျင်နေသော မျက်နှာပေးဖြင့် ရွှတ်နောက်နောက်ဆိုသည်။

"ကိုင်း... အချိန်ဇယားကြည့်ရအောင် ...  ဒီနေ့က vocal  .... ဟင်း ... အား မေ့ဝောာ့မလို့ သီခကို ဆရာဝီလီက ဒါလေးပေးခိုင်းလိုက်တယ်"

သီခသည် ဂျင်မီလှမ်းပေးသော စီဒီခွေကို လှမ်းယူကာကြည့်လိုက်သည်။ ဘာcover မှ အုပ်မထားသလိုစာလဲ ရေးမထား။

"လေ့ကျင့်ရင် အထောက်အကူရအောင်လို့ ပြောတာပဲ ... ဘာလဲတော့ အစ်ကိုလဲ မသိရာ"

"ဟုတ် ကျွန်တော် အိမ်ရောက်မှ ဖွင့်ကြည့်လိုက်မယ်"

ဂျင်မီက ပါးစပ်မှ ပွစိပွစိရေရွတ်ရင်း အချိန်ဇယားစာရွက်များကို တဖျတ်ဖျတ်လှန်ကာကြည့်နေသည်။ သီခမှာ အကဆက်လေ့ကျင့်ရန်လည်း စိတ်မပါတော့တာကြောင့် စကားစမြည်ပြောကြည့်ရန်ကြိုးစားလိုက်၏။

"ဒါနဲ့လေ "

"အင်း ညီ...ပြော"

"အစ်ကိုတစ်ခါပြောတာ နောက် member 3ယောက် ထပ်လာဖို့ရှိသေးတယ်ပြောတယ်မလား"

"အင်း ဘာလဲ ၂ယောက်ထဲ ပျင်းနေပြီလား သူငယ်ချင်းတွေမျှော်နေပြီပေါ့"

"အဟားဟား အဲ့တာထက် scout တာ အဆင်ပြေရဲ့လား မေးချင်တာပါ။ ကျွန်တော်ကူပေးဖို့လိုတာ ရှိဦးမလား"

"အာ ရပါတယ် ရပါတယ် ... ကိုယ်တို့ အခုပရောဂျက်က ကုမ္ပဏီက ပုံမှန်လုပ်နေကြနဲ့လဲမတူတာအပြင် ဒီအပိုင်းမှာ အတွေ့အကြုံလဲ သိပ်မရှိကြလို့ နည်းနည်း တိုင်ပတ်နေတာ။ အချုတာ့ အဆင်ပြေလာပါပြီ တဖြည်းဖြည်း...."

ဂျင်မီက ပြောရင်းဆိုရင်း အခန်းထောင့်တစ်နေရာတွင်ရှိနေသည့် ရေခဲသေတ္တာအသေးလေးထဲမှ အအေးနှစ်ဘူးကို သွားကာ ထုတ်ယူလာသည်။ ထို့နောက် သီခနံဘေးတွင် ပြန်လာထိုင်ရင်း သူ့ကို အအေးတစ်ဘူးကမ်းပေး၏။

"Auditionကို publicမခေါ်ဖြစ်တာကကျ ဒါရိုက်တာတွေရဲ့ ဆုံးဖြတ်ချက်ပါ။ ကိုယ်တို့ကုမ္ပဏီက ဘယ်လိုပြောရမလဲ .... ၁၆ လွှာကို အဲ့နေ့ကရောက်ခဲ့တယ်ဟုတ်? အဲ့လိုနေရာနဲ့ အဆင်ပြေမဲ့ ၁၆လွှာ materialမှ ဖြစ်မှာမို့ကွာ သိလား အဲ့တာကြောင့် ကပ်တိုးလေးပဲ scoutနေရတာ.... Mist ဆိုရင် ဒါရိုက်တာထဲက တစ်ယောက်ခေါ်လာတာလေ .... ပြောသာပြောတာ တကယ်က အစ်ကိုတောင် Mist ဘယ်လို‌ ရောက်လာလဲ သေချာမမှတ်မိဘူး။ ဟ .... နေပါဦး"

ဂျင်မီက အတည်ပေါက်စဉ်းစားဟန်ဖြင့် မျက်မှောင်ကျုံ့ကာ အအေးကို အားရပါးရမော့သည်။

"ထင်တဲ့အတိုင်းပဲ မမှတ်မိဘူး ...."

သီခက ရယ်လျက် မေးလိုက်သည်။

"ဒါဆို ကျွန်တော်ကရော?"

"သီခကျ ၁၆လွှာ materialတော့ မဟုတ်ပေမဲ့ လူလိမ္မာလေးမို့လေ"

ဂျင်မီက သီခပုခုံးကို ဖွဖွပုတ်ကာ ပြုံးရင်းဆိုသည်။

"ဒါပေမဲ့ ထားပါ အခုလဲ သိသမျှလူအားလုံးကို လည်ပင်းပတ်ညှစ်ပြီး လူရှာ ..... အိုး...."

ဂျင်မီက ရုတ်တရက် ရပ်တန့်သွားလျက် သီခကို ပေကလပ် ပေကလပ်ကြည့်၏။

"ကိုဂျင်မီ ဘာဖြစ်လို့တုန်း"

သီခမှာ ထူးဆန်းသော သူ့အမူအယာကြောင့် ရုတ်တရက် လန့်ဖျပ်သွားကာ မေးစမ်းမိတော့သည်။ ဂျင်မီက သူ့အမေးကို ချက်ချင်းမဖြေ။ လက်ပတ်နာရီကို စောင်းငဲ့ကြည့်ကာ အအေးကို စင်နေအောင် မော့ပြီးမှ အခန်းဝဆီသိူ့ လျှောက်သွားရင်း သူ့ကို လှမ်းပြော၏။

"တကယ်က ဒီနေ့ ကလေးတစ်ယောက်ကို အင်တာဗျူးကြည့်ဖို့ ချိန်းထားတာရယ် ... ခဏနေ ရောက်တော့မှာ ... မေ့တော့မလို့ ကံကောင်း ဟိ"

သူကတော့ ရယ်မောလျက်ပင် ထွက်သွားသော်ငြား သီခကတော့ ဘုရားသိကြားတွေ တ,သွားရသည်။ သူ့ကို သီခမန်နေဂျာအဖြစ်ထားမည့်အစား သီခကပဲ သူ့မန်နေဂျာလုပ်ပေးလိုက်ရလျင် ကောင်းမည်ထင်ရ၏။

သူတို့အပြင်ထွက်မိချိန်တွင်က နေကျက်ကျက်ပူနေသော နေ့လည်ခင်းခေါင်ခေါင်ဖြစ်သည်။ ထိုအပူရှိန်အောက်တွင် ကျွတ်ကျွတ်ထနေသော ကတ္တရာလမ်းပေါ်ထက် လမ်းလျှောက်ကာ လူရှာနေရသည်ကတော့ သူတို့ဘဝပေးကံပင်ဖြစ်မည်ထင်သည်။

"ဆိုတော့ ဒီကလေးကိုက အစ်ကို့ရဲ့ အဖေဖက်က အဒေါ်တစ်ဝမ်းကွဲရဲ့ ယောင်းမရဲ့ သမီးရဲ့ သူငယ်ချင်းရဲ့ အစ်ကိုရဲ့ အတန်းဖော်ကနေ တစ်ဆင့် သိလာတာပေါ့နော်"

"အမျိုးစပ်မပြလဲ နားလည်တာမို့ ရပါတယ်။ ကျေးဇူး"

သီခသည် လာမည့်ဘေးကြိုတွေးကာ ကာကွယ်ရင်း အဆိုပါ အစ်ကိုတော်နှင့် တူသူကို လမ်းတစ်နေရာတွင် တွေ့လို‌ တွေ့ငြား ရှာဖွေလိုက်၏။

အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ဆံပင် အဖြူရောင်၊  နိုင်ငံခြားသား မျက်နှာပေါက်ရှိသော အသက်၂၃နှစ်အရွယ် ယေက်ျားလေးတဲ့။ ပုံဖော်ကြည့်ရသလောက်တော့ အများကြားထဲ ၌ပင် အတော်ထင်ပေါ် နေလောက်မည့် လက္ခဏာများဖြစ်သော်ငြား လောလောဆယ် ကြည့်ရသလောက်တော့ မတွေ့ရသေး။

ကိုဂျင်မီပြောသလိုဆိုလျင်တော့ ထိုအစ်ကိုမှာ အမေရိကန်-မြန်မာကပြားဖြစ်သည့်အပြင် မြန်မာပြည်ရောက်တာလည်း သိပ်မကြာလှသေးတာကြောင့် လမ်းသိပ်မသိဟုဆို၏။ အစောတုန်းက ဖုန်းဆက်ရသလောက်တော့ ဤအနီးအနားတစ်နေရာရာတွင် လမ်းပျောက်နေပုံရသည့်အတွက် ကိုဂျင်မီက စိတ်မချစွာနှင့် လူရှာရန်ထွက်လာခြင်းဖြစ်ကာ သီခကတော့ ကိုဂျင်မီကို စိတ်မချသည့်အတွက် စေတနာ့ဝန်ထမ်းလုပ်ကာ ပါလာရခြင်းဖြစ်လေသည်။

များမကြာမီမှာပင် လမ်းထောင့်တစ်နေရာတွင် လွန်စွာတောက်ပသော အရာတစ်ခုကိုတွေ့လိုက်ရ၏။ ဖြူဖြူတွေရော ဝါဝါတွေရောနှင့် ရောင်ပြန်တွေပါဟပ်နေသည့် ထိုမျက်စိကျိန်း‌ လောက်စရာ ဧရာမ hologram တိုင်လုံးကြီးလို အရာကြီးမှာ တကယ်ပဲ ဘယ်လိုအရာပါနည်း။

သီခရုတ်တရက် တွေဝေသွားခိုက်တွင်ပင် ဘေးမှ လှစ်ကနဲပျောက်သွားသော ကိုဂျင်မီ့ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည်။

"ညီလေး ... လင်း ဟုတ်တယ်နော်"

သီခမှာ ထိုအခါမှာ လက်တွေ့ဘဝနှင့် အဆက်အသွယ်ပြန်ရကာ ထို hologramလူသားကို သေချာပြန်ကြည့်မိတော့သည်။

သူ့ရှေ့တွင်ရှိနေသည်က အရပ်၆ပေနီးပါးရှိသော ဆံပင်အဖြူရောင်ရှိ နိုင်ငံခြားသားတစ်ဦးဖြစ်၏။ သေချာကြည့်လျင်တော့ မြန်မာမျက်လုံး၊မျက်ခုံးမျိုး အနည်းငယ်ဖမ်းမိနိုင်မည်ဖြစ်သော်ငြား ဆံပင်အရောင်နှင့်အတူ ဖြူဆွတ်သောအသားအရည်ကြောင့် နိုင်ငံခြားသားရုပ်သာ ပိုပေါက်နေခဲ့၏။ မူလအရောင်အသွေးက ဖြူရသည့်အထဲ လင်းမှာ နီယွန်ရောင် စွပ်ကျယ်ကို ဝတ်ကာ အနီရောင်ရှူးဖိနပ်ကို စီးထားသေးတာကြောင့် နေပူကျဲကျဲအောက်တွင်တော့ တကယ်ကို မျက်စိကျိန်းလောက်စရာဖြစ်နေခဲ့၏။

ကိုဂျင်မီရှာမတွေ့မည်စိုးကာ သူ့ကိုယ်သူစတေးခံခဲ့သည်လော မပြောတတ်ပါပေ။

ထို့ပြင် သူ့ဘေးတွင် အိတ်ကြီးအိတ်ငယ်ပေါင်းများစွာလဲ ရှိနေသေးသည်ထင်သည်။ သီခထင်ထားမမှားလျင်တော့ သူ့ခြေထောက်နားချထားသည့် ခြင်းတောင်းတစ်ခုထဲက ‌ထိုးထွက်နေသည့်အရာမှာ .....

ပြောင်းဖူးထိပ်ပိုင်းကြီး ဖြစ်မည်ထင်သည်။

ဤပုံစံ၊ ဤအနေအထားနှင့် ဈေးပတ်ခဲ့တာတော့ မဖြစ်ပါစေရန် သူကြိတ်ဆုတောင်းနေဖြစ်၏။

"အာ ဟုတ်ကဲ့။ ကိုဂျင်မီဖြစ်မယ်ထင်တယ်နော် .... လင်းနိုအာပါဗျ"

ဂျင်မီမှာတော့ သီခထက် အနည်းငယ်ပု‌တာမို့ ရောင်ပြန်ဟပ်မှုဒဏ်ကို သိပ်မခံရ။ လင်းကို လက်ဆွဲနှုတ်ဆက်လိုက်ချိန်တွင် သူတန်းကနဲ အကြည့်ရောက်သွားသည်က ခြေထောက်ဘေးတွင်ချထားသော ဈေးခြင်းတောင်းများနှင့် အထုပ်ကြီးငယ်တို့ ဖြစ်သည်။

"ဒါနဲ့ လင်းက ဈေး....ဝယ်လာတာလားဟင်"

"အဲ မဟုတ်ဘူးဗျ။ ကျွန်တော် ဒီမှာစောင့်နေတုန်း အဘွားတစ်ယောက်လာတယ် ..."

နိုင်ငံခြားတွင် အနေကြာ၍ထင်သည် ... လင်းမှာ မြန်မာစကားကို ကောင်းစွာပြောနိုင်သော်ငြား လေသံက အနည်းငယ်ဝဲကာ စကားလုံးအထားအသိုကလည်း အတန်ငယ်ထူးဆန်း၏။ သို့ပေသော်ငြား အသံကတော့ လရောင်အောက်တွင် တသွင်သွင်စီးနေသော စမ်းချောင်းငယ်လိုပင် အေးမြချိုလွင်လှသည်။ သီချင်းကိုသာ ဤအသံနှင့်ဆိုနိုင်လျင် ကျိန်းသေပေါက် main vocal အဖြစ် ထည့်နိုင်လောက်၏။  

"သူက တနေကုန် ဈေးရောင်းနေတာ ကုန်ကာနီးပြီတဲ့.....ဒါပေမဲ့ ဒီစားစရာ‌တွေက နည်းနည်းကျန်နေတာ.... ဒါကုန်မှ သူအိမ်ပြန်ရမှာတဲ့ ... အဲ့တာနဲ့ .... "

လင်းက ပြုံးလျက်ဆိုသည်။ ကောင်လေးမှာ ပြုံးလိုက်လျင်လည်း တကယ်ကို ဖြူစင်လွန်းလှကာ နတ်သားကလေးနှင့်ပင် တူ၏။ ထူးခြားလှသော အဝတ်အစားအရောင်ရွေးချယ်မှုကလွဲလျင် အရာအားလုံးက အေးချမ်းလှပနေသော လူ့နတ်သားစင်စစ်ပါပေ။

ဂျင်မီနှင့် သီခသည် တစ်ဝက်နားထောင်လိုက်ရုံနှင့်ပင် သူ့စကား၏ ဦးတည်ရာကို တန်းကနဲ သိလိုက်၏။ လင်းမှာ နိုင်ငံခြားသားလည်းဖြစ်ပုံလဲပေါ် ချမ်းသာပုံလည်းရသည့်အပြင် သဘောကလည်းကောင်းပုံရတာကြောင့် ဈေးသိမ်း၍ ပြန်ကာနီး ဈေးသည်တွေထံ အခွင့်ကောင်းယူကာ ရှိသမျှပစ္စည်းတွေ အကုန်ထိုးရောင်းခံလိုက်ရတာပင်ဖြစ်မည်ထင်သည်။

ဂျင်မီသည် သနားသလိုလို ရယ်ချင်သလိုလို ခံစားလိုက်ရ၏။

"ကဲ ဒါဆိုရင် သွားကြည့်ကြမလား .... အစ်ကို ဒီနားမှာတော့ showroom တွေ တွေ့ထားတယ်"

"ဟုတ် အစ်ကို။ ကျွန်တော်ကတော့ brandက priority မဟုတ်ပေမဲ့ နည်းနည်းအကြမ်းခံတာမျိုးမှ ဖြစ်မှာ... နည်းနည်း အမောင်းကြမ်းလို့လေ အဟားဟား...."

ဂျင်မီနှင့် လင်း၏ စကားဝိုင်းကို လှမ်းနားထောင်နေသော သီခ နားထဲတွင် အနည်းငယ် ‌ဇဝေဇဝါဖြစ်သွားသည်။ သူတို့နေထိုင်သည့်နေရာသာ ကာတွန်းကမ္ဘာဆိုပါလျင် တိမ်ခခေါင်းပေါ်တွင် အခုလောက်ဆို '?' တွေ တသီကြီး ပျံဝဲနေလောက်ပြီ ထင်၏။ ဘာမှန်းတော့မသိသေးသော်လည်း တွေးလေလေ တစ်ခုခုကတော့ မဟုတ်သေးတာ သိသာလာလေလေဖြစ်သည်။

သီခသည် ဂျင်မီကို လက်ဖြင့်အသာကုတ်ကာ တိုးတိုးမေးလိုက်သည်။

"အဖွဲ့အတွက် Scoutဖို့ မဟုတ်ဘူးလား? ဘာလို့ ကား showroom‌ တွေလိုက်ပြနေတာလဲ?"

ဂျင်မီက 'အသာနေစမ်းပါ ငါသိပါတယ်' ဆိုသည့် အမူအရာဖြင့် သူ့လက်ကို ပြန်ပုတ်၏။

ထိုအရာမှာ သီခ အကြောက်ဆုံးအရာ အတိအကျပင်ဖြစ်ပေသည်။

7:00 pm
21/4/22

(ZawGyi)

Step 0.3 : Mr. Hologram

သီခ ကုမၸဏီသို႔ေရာက္လာခ်ိန္တြင္ အခ်ိန္အားျဖင့္က ၁နာရီခြဲခန႔္ရွိေနၿပီျဖစ္၏။ တစ္ပတ္လ်င္ ၂-၃ရက္ခန႔္ ေက်ာင္းကို ေန႔တစ္ဝက္လစ္ကာ ကုမၸဏီကိုလာေနရသည္ျဖစ္ရာ ထိုေန႔မ်ားတိုင္း ၿမိဳ႕အ‌ေရွ႕ျခမ္း၊  ေတာင္ျခမ္းႏွင့္ ေျမာက္ျခမ္းတြင္ ရွိၾကကုန္ေသာ အိမ္၊ ေက်ာင္းႏွင့္ ကုမၸဏီကို အပတ္ပတ္လည္ေအာင္ ကူးေနရတာေၾကာင့္ သြားလာရသည္မွာ မနိပ္လွ။ ဤ အတိုင္းဆက္သြားေနလ်င္ idolအျဖစ္ debut မလုပ္ႏိုင္ခင္တြင္ လုံးပါးပါးေတာ့မည္ဟု သူခံစားေနရသည္။ အနည္းဆုံးေတာ့ အေရွ႕ျခမ္းက သူ႔အိမ္ကို ကူးေနရသည့္ ဒုကၡကို အနည္းငယ္ ေလွ်ာ့ႏိုင္ရန္ အေဆာင္ေနႏိုင္လ်င္ေတာ့ ေကာင္းမည္ထင္သည္။

သို႔ေပသိ ျပႆနာက သူ႔မိသားစု။ စင္စစ္ေတာ့ သီခမွာ K Limited တြင္ အလုပ္လုပ္ေနသည္မွာ ၂ပတ္ေက်ာ္ခန႔္ရွိေနၿပီ ျဖစ္ေသာ္ျငား အိမ္ကို အသိမေပးရေသးေပ။ သီခတို႔ မိသားစုမွာ အ‌ေပ်ာ္တမ္း‌ေစာင္းတီးသည္ကို အားေပးခဲ့ေသာ္ျငား သည္လိုidolလုပ္ရန္ ႀကံေနသည့္အေပၚကိုေတာ့ မည္သို႔တုံ႔ျပန္မည္မသိတာမို႔ သီခမွာ ေျပာျပရေကာင္းႏိုးႏိုး မေျပာရေကာင္းႏိုးႏိုးႏွင့္ က်ဥ္းထဲၾကပ္ထဲေရာက္ေနရတာ ျဖစ္၏။ အားေပးၾကရန္မဆိုထားႏွင့္ အတိုက္အခံမလုပ္လ်င္ေတာင္ ေတာ္လွေနၿပီထင္သည္။

ရွိေစေတာ့။ ကိစၥက နက္နဲသည္မို႔ ေနာက္မွဆက္၍ စဥ္းစားဦးေတာ့မည္။ ဥတုပူပူတြင္ အေတြးပူပူမ်ားကို ဆက္၍ မေတြးႏိုင္ေတာ့သည္ျဖစ္သျဖင့္ အေအးတစ္ခြက္ေသာက္ကာ အဲယားကြန္းခန္းထဲ ပက္လက္လွန္ဖို႔ လိုေနသည္က ဦးစားေပးျဖစ္သည္။

သီခ အခုတေလာ ေလ့က်င့္သည့္အခန္းထဲဝင္လိုက္သည္ႏွင့္တၿပိဳင္နက္ ပထမဆုံးလုပ္မိသည့္အရာမွာ လူရွိမရွိ စစ္ေဆးတာပင္ျဖစ္၏။ အခန္းကို ၃-၄ျပန္ခန႔္ အစုန္အဆန္ၾကည့္လိုက္သည့္အခါ ထင္သည့္အတိုင္းပင္ အခန္းေထာင့္တစ္ေနရာတြင္ တိတ္ဆိတ္စြာထိုင္ကာ ေပါင္မုန႔္ကို ၿမဳံ႕ေနသည့္ Mistကို ေတြ႕ရေလသည္။

သူ႔ကို အရင္ရွာရသည့္အေၾကာင္းရင္းမွာ တျခားေတာ့မဟုတ္။ ႐ုတ္တရက္ ျမင္လိုက္ရလ်င္ လန႔္ရလြန္းတာေၾကာင့္ျဖစ္၏။ ထိုေကာင္ေလးမွာ လူသာမန္ေတာ့ မဟုတ္တန္ရာဟုပင္ ထင္ရေလာက္ေအာင္ ကိုယ္ေယာင္ေဖ်ာက္ႏိုင္စြမ္း ေကာင္းလြန္းလွသူျဖစ္၏။ ေတာ္႐ုံတန္႐ုံလူသည္ သူအသံမ‌ေပးမခ်င္း သူရွိေနသည္ကို သိႏိုင္ရန္ပင္ ခက္လွသည္။

"အာ Mist ေရာက္ေနၿပီလား?"

Mistက ေခါင္းညိတ္သည္။ Mistသည္ ဂ်ပန္လူမ်ိဳးစစ္စစ္ျဖစ္ေသာ္ျငား ျမန္မာစကားကို ေရေရလည္လည္ နားလည္သည္။ သို႔ေသာ္ စကားေတာ့ သိပ္မေျပာ။

မဟုတ္ေသး အေတာ့္ကို မေျပာဟုပင္ သတ္မွတ္ရမည္ထင္သည္။

Mist သည္ ကုမၸဏီတြင္ အေဆာင္တြင္ေနေနသူျဖစ္တာေၾကာင့္ ကုမၸဏီတြင္ အၿမဲလိုလို ရွိေနတတ္တာျဖစ္၏။ သူတို႔ အဖြဲ႕တြင္ ပထမဆုံး scoutခံရသည့္ အဖြဲ႕ဝင္ျဖစ္ေသာ္ျငား သူ မည္သို႔မည္ပုံ ေရာက္လာသည္ကို ဘယ္သူမွမသိ။ မန္ေနဂ်ာပင္ ေသခ်ာမသိ။ နာမည္အရင္းလဲ ဘယ္သူမွ မသိ။ Mist ဟု ေခၚသည္ကိုသာ သိရသည္။ သူ႔ပုဂၢိဳလ္‌ေရးဆိုလ်င္ သာ၍ပင္ ေဝးေပစြ။ ယုတ္စြအဆုံး အသံပင္ ၾကားရရန္ ခက္လွ၏။

တစ္ခါတစ္ရံ ေလ့က်င့္ခန္းထဲ ႐ုတ္တရက္ဝင္လာမိလ်င္ေတာ့ သူသီခ်င္းဆိုေနသည္ႏွင့္ ႀကဳံရတတ္ေသာ္လည္း လူေရာက္လာသည္ကို သိသည္ႏွင့္ သီခ်င္းကို ရပ္လိုက္စၿမဲ ျဖစ္သည္။ စကၠန႔္ပိုင္း၏ စကၠန႔္ပိုင္းမွ်သာ ၾကားရတာျဖစ္ေသာ္ျငား အေတာ့္ကို ထူးျခားသည့္ အသံဟုေတာ့ သီခ ေကာက္ခ်က္ခ်မိသည္။

သို႔ေပသိ ခက္‌ေနသည္က သူ႔အက်င့္စ႐ိုက္ျဖစ္သည္။ idol အလုပ္ဆိုလ်င္ လူအမ်ားႏွင့္ အေတာ့္ကို ဆက္ဆံရမည့္အလုပ္မို႔ သူ႔အေနႏွင့္ ျဖစ္ပါ့မလားဟု သူစိတ္ပူေနမိသည္။ ေျပာရလ်င္ အစကတည္းကိုက Mistလိုလူက ဘာေၾကာင့္မ်ား idol ျဖစ္ရန္ေရာက္လာခဲ့သလဲကို သူနားမလည္ပါေပ။

သီခသည္ အေမာေျပသြားသည္ႏွင့္ တၿပိဳင္နက္ ယခင္ေန႔မ်ားက သင္ထားခဲ့ရေသာ ကကြက္မ်ားကို ျပန္ေလ့က်င့္ေနျဖစ္၏။ အဆိုစြမ္းရည္တြင္ အဓိက အခန္းက႑က ေမြးရာပါ ပါရမီ ဟုဆိုမည္ဆိုလ်င္ အကစြမ္းရည္အတြက္ ပဓာနမွာေတာ့ ေလ့က်င့္မႈသာျဖစ္ေလသည္။ သီခမွာ ဤပိုင္းတြင္ အေတာ္ သိသိသာသာ အားနည္းသည္မို႔ ပိုတိုး၍ ေလ့က်င့္ျဖစ္ရ၏။ Mist ကေတာ့ ဘယ္ကထပ္ထုတ္လာသည္မသိေသာ ေပါင္မုန႔္ေနာက္တစ္ထုပ္ကို ဆက္ကာ ဝါးေနဆဲ။

ၾကားရသေလာက္ေတာ့ သူတို႔အဖြဲ႕ကို ၅ေယာက္အဖြဲ႕အျဖစ္ debut ရန္သတ္မွတ္ထားတာျဖစ္တာေၾကာင့္ ေနာက္ထပ္၃ေယာက္ ထပ္ကာ ရွာၾကရဦးမည္ဟု သိရသည္။ သို႔ေပသိ မန္ေနဂ်ာကအစ ဤကုမၸဏီတြင္ ရွိသမွ်လူအားလုံး၏ လုပ္ထုံးလုပ္နည္းမ်ားက ထူးဆန္းလြန္းလွတာေၾကာင့္ ေနာက္ထပ္အဖြဲ႕ဝင္တစ္ေယာက္ကို ဘယ္ပုံဘယ္နည္း ဆြဲေခၚလာပါမည္မွန္း ေမွ်ာ္လဲေမွ်ာ္ေနမိသလို ဘုရားလည္း တ,ေနမိ၏။

"ေဟး သီခ... ေလ့ေတာင္ေလ့က်င့္ေနၿပီလား လိမၼာခ်က္ကြာ တို႔ညီက"

အထုပ္အပိုးမ်ား မႏိုင္မနင္းႏွင့္ အာက်ယ္ အာက်ယ္ ဝင္ေရာက္လာသူက သူတို႔၏ မန္ေနဂ်ာကိုဂ်င္မီပင္ျဖစ္၏။ သူ ဤ‌ ေနရာကို စေရာက္သည့္ ႏွစ္ပတ္အတြင္းတြင္ ထိုသူအၿငိမ္ေနေနသည္ကို တစ္ခါမွ မေတြ႕ရဖူးေပ။ အလုပ္ႀကိဳးစားသည့္အခ်က္ကေတာ့ ေလးစားစရာျဖစ္၏။

"ကိုဂ်င္မီ ေရာက္ၿပီလားဗ် ... လက္ထဲက ဘာအထုပ္ေတြ..."

"အား အား ေသၿပီ ေသၿပီ ....  အ႐ုပ္ေတြ ေအာက္ထပ္မွာ ခ်ခဲ့ရမွာကို ေမ့ၿပီးသယ္လာၿပီ အား"

သံ‌ေသးသံေၾကာင္ႏွင့္ ေအာ္ဟစ္ေနေသာ အႏွီလူသည္ ေအာ္ရင္းဟစ္ရင္းပင္ အထုပ္မ်ားကို ပိုက္ကာ ဝုန္းကနဲ ေနေအာင္ ျပန္ေျပးထြက္သြားေတာ့သည္။

သီခမွာ ခ်က္ခ်င္းပင္ အေစာတုန္းက သူ႔မွတ္ခ်က္ကို ျပန္႐ုတ္သိမ္းခ်င္စိတ္မ်ားေပၚသြားရ၏။

10မိနစ္ခန႔္ၾကာသည့္အခါတြင္ေတာ့ ဂ်င္မီက ေဟာဟဲဆိုက္ကာ တစ္ဖန္ျပန္ေရာက္လာသည္။

"ေမာလိုက္တာ ေသေတာ့မယ္ ... Mist .... ကိုႀကီးကို ကိုလာေလး ဘာေလး တိုက္ခ်င္စိတ္မရွိဘူးလား"

ရင္ခြင္ထဲတြင္ သြားရည္စာထုပ္မ်ားကိုေပြ႕ကာ လက္တစ္ဖက္က ကိုလာဘူးကို ကိုင္လ်က္  အခန္းထဲမွ လစ္ထြက္ရန္ျပင္ေနေသာ Mist သည္ လူစိမ္းျမင္လိုက္သည့္ ေၾကာင္တစ္ေကာင္ႏွယ္ တစ္ခ်က္တုန္သြားၿပီးေနာက္ အားမနာလ်ာမက်ိဳးပင္ အ႐ိုးခံပြင့္လင္းစြာ ေခါင္းခါ၏။

"အု.... စတာဆိုေပမဲ့ emotional damageေတာ့ နည္းနည္းရတယ္ကြာ"

ဂ်င္မီက ရင္ဘတ္ကို ဖိရင္း နာက်င္ေနေသာ မ်က္ႏွာေပးျဖင့္ ႐ႊတ္ေနာက္ေနာက္ဆိုသည္။

"ကိုင္း... အခ်ိန္ဇယားၾကည့္ရေအာင္ ...  ဒီေန႔က vocal  .... ဟင္း ... အား ေမ့ေဝာာ့မလို႔ သီခကို ဆရာဝီလီက ဒါေလးေပးခိုင္းလိုက္တယ္"

သီခသည္ ဂ်င္မီလွမ္းေပးေသာ စီဒီေခြကို လွမ္းယူကာၾကည့္လိုက္သည္။ ဘာcover မွ အုပ္မထားသလိုစာလဲ ေရးမထား။

"ေလ့က်င့္ရင္ အေထာက္အကူရေအာင္လို႔ ေျပာတာပဲ ... ဘာလဲေတာ့ အစ္ကိုလဲ မသိရာ"

"ဟုတ္ ကြၽန္ေတာ္ အိမ္ေရာက္မွ ဖြင့္ၾကည့္လိုက္မယ္"

ဂ်င္မီက ပါးစပ္မွ ပြစိပြစိေရ႐ြတ္ရင္း အခ်ိန္ဇယားစာ႐ြက္မ်ားကို တဖ်တ္ဖ်တ္လွန္ကာၾကည့္ေနသည္။ သီခမွာ အကဆက္ေလ့က်င့္ရန္လည္း စိတ္မပါေတာ့တာေၾကာင့္ စကားစျမည္ေျပာၾကည့္ရန္ႀကိဳးစားလိုက္၏။

"ဒါနဲ႔ေလ "

"အင္း ညီ...ေျပာ"

"အစ္ကိုတစ္ခါေျပာတာ ေနာက္ member 3ေယာက္ ထပ္လာဖို႔ရွိေသးတယ္ေျပာတယ္မလား"

"အင္း ဘာလဲ ၂ေယာက္ထဲ ပ်င္းေနၿပီလား သူငယ္ခ်င္းေတြေမွ်ာ္ေနၿပီေပါ့"

"အဟားဟား အဲ့တာထက္ scout တာ အဆင္ေျပရဲ႕လား ေမးခ်င္တာပါ။ ကြၽန္ေတာ္ကူေပးဖို႔လိုတာ ရွိဦးမလား"

"အာ ရပါတယ္ ရပါတယ္ ... ကိုယ္တို႔ အခုပေရာဂ်က္က ကုမၸဏီက ပုံမွန္လုပ္ေနၾကနဲ႔လဲမတူတာအျပင္ ဒီအပိုင္းမွာ အေတြ႕အႀကဳံလဲ သိပ္မရွိၾကလို႔ နည္းနည္း တိုင္ပတ္ေနတာ။ အခ်ဳတာ့ အဆင္ေျပလာပါၿပီ တျဖည္းျဖည္း...."

ဂ်င္မီက ေျပာရင္းဆိုရင္း အခန္းေထာင့္တစ္ေနရာတြင္ရွိေနသည့္ ေရခဲေသတၱာအေသးေလးထဲမွ အေအးႏွစ္ဘူးကို သြားကာ ထုတ္ယူလာသည္။ ထို႔ေနာက္ သီခနံေဘးတြင္ ျပန္လာထိုင္ရင္း သူ႔ကို အေအးတစ္ဘူးကမ္းေပး၏။

"Auditionကို publicမေခၚျဖစ္တာကက် ဒါ႐ိုက္တာေတြရဲ႕ ဆုံးျဖတ္ခ်က္ပါ။ ကိုယ္တို႔ကုမၸဏီက ဘယ္လိုေျပာရမလဲ .... ၁၆ လႊာကို အဲ့ေန႔ကေရာက္ခဲ့တယ္ဟုတ္? အဲ့လိုေနရာနဲ႔ အဆင္ေျပမဲ့ ၁၆လႊာ materialမွ ျဖစ္မွာမို႔ကြာ သိလား အဲ့တာေၾကာင့္ ကပ္တိုးေလးပဲ scoutေနရတာ.... Mist ဆိုရင္ ဒါ႐ိုက္တာထဲက တစ္ေယာက္ေခၚလာတာေလ .... ေျပာသာေျပာတာ တကယ္က အစ္ကိုေတာင္ Mist ဘယ္လို‌ ေရာက္လာလဲ ေသခ်ာမမွတ္မိဘူး။ ဟ .... ေနပါဦး"

ဂ်င္မီက အတည္ေပါက္စဥ္းစားဟန္ျဖင့္ မ်က္ေမွာင္က်ဳံ႕ကာ အေအးကို အားရပါးရေမာ့သည္။

"ထင္တဲ့အတိုင္းပဲ မမွတ္မိဘူး ...."

သီခက ရယ္လ်က္ ေမးလိုက္သည္။

"ဒါဆို ကြၽန္ေတာ္ကေရာ?"

"သီခက် ၁၆လႊာ materialေတာ့ မဟုတ္ေပမဲ့ လူလိမၼာေလးမို႔ေလ"

ဂ်င္မီက သီခပုခုံးကို ဖြဖြပုတ္ကာ ၿပဳံးရင္းဆိုသည္။

"ဒါေပမဲ့ ထားပါ အခုလဲ သိသမွ်လူအားလုံးကို လည္ပင္းပတ္ညႇစ္ၿပီး လူရွာ ..... အိုး...."

ဂ်င္မီက ႐ုတ္တရက္ ရပ္တန္႔သြားလ်က္ သီခကို ေပကလပ္ ေပကလပ္ၾကည့္၏။

"ကိုဂ်င္မီ ဘာျဖစ္လို႔တုန္း"

သီခမွာ ထူးဆန္းေသာ သူ႔အမူအယာေၾကာင့္ ႐ုတ္တရက္ လန႔္ဖ်ပ္သြားကာ ေမးစမ္းမိေတာ့သည္။ ဂ်င္မီက သူ႔အေမးကို ခ်က္ခ်င္းမေျဖ။ လက္ပတ္နာရီကို ေစာင္းငဲ့ၾကည့္ကာ အေအးကို စင္ေနေအာင္ ေမာ့ၿပီးမွ အခန္းဝဆီသိူ႔ ေလွ်ာက္သြားရင္း သူ႔ကို လွမ္းေျပာ၏။

"တကယ္က ဒီေန႔ ကေလးတစ္ေယာက္ကို အင္တာဗ်ဴးၾကည့္ဖို႔ ခ်ိန္းထားတာရယ္ ... ခဏေန ေရာက္ေတာ့မွာ ... ေမ့ေတာ့မလို႔ ကံေကာင္း ဟိ"

သူကေတာ့ ရယ္ေမာလ်က္ပင္ ထြက္သြားေသာ္ျငား သီခကေတာ့ ဘုရားသိၾကားေတြ တ,သြားရသည္။ သူ႔ကို သီခမန္ေနဂ်ာအျဖစ္ထားမည့္အစား သီခကပဲ သူ႔မန္ေနဂ်ာလုပ္ေပးလိုက္ရလ်င္ ေကာင္းမည္ထင္ရ၏။

သူတို႔အျပင္ထြက္မိခ်ိန္တြင္က ေနက်က္က်က္ပူေနေသာ ေန႔လည္ခင္းေခါင္ေခါင္ျဖစ္သည္။ ထိုအပူရွိန္ေအာက္တြင္ ကြၽတ္ကြၽတ္ထေနေသာ ကတၱရာလမ္းေပၚထက္ လမ္းေလွ်ာက္ကာ လူရွာေနရသည္ကေတာ့ သူတို႔ဘဝေပးကံပင္ျဖစ္မည္ထင္သည္။

"ဆိုေတာ့ ဒီကေလးကိုက အစ္ကို႔ရဲ႕ အေဖဖက္က အေဒၚတစ္ဝမ္းကြဲရဲ႕ ေယာင္းမရဲ႕ သမီးရဲ႕ သူငယ္ခ်င္းရဲ႕ အစ္ကိုရဲ႕ အတန္းေဖာ္ကေန တစ္ဆင့္ သိလာတာေပါ့ေနာ္"

"အမ်ိဳးစပ္မျပလဲ နားလည္တာမို႔ ရပါတယ္။ ေက်းဇူး"

သီခသည္ လာမည့္ေဘးႀကိဳေတြးကာ ကာကြယ္ရင္း အဆိုပါ အစ္ကိုေတာ္ႏွင့္ တူသူကို လမ္းတစ္ေနရာတြင္ ေတြ႕လို‌ ေတြ႕ျငား ရွာေဖြလိုက္၏။

အသားျဖဴျဖဴ၊ အရပ္ျမင့္ျမင့္၊ ဆံပင္ အျဖဴေရာင္၊  ႏိုင္ငံျခားသား မ်က္ႏွာေပါက္ရွိေသာ အသက္၂၃ႏွစ္အ႐ြယ္ ေယက္်ားေလးတဲ့။ ပုံေဖာ္ၾကည့္ရသေလာက္ေတာ့ အမ်ားၾကားထဲ ၌ပင္ အေတာ္ထင္ေပၚ ေနေလာက္မည့္ လကၡဏာမ်ားျဖစ္ေသာ္ျငား ေလာေလာဆယ္ ၾကည့္ရသေလာက္ေတာ့ မေတြ႕ရေသး။

ကိုဂ်င္မီေျပာသလိုဆိုလ်င္ေတာ့ ထိုအစ္ကိုမွာ အေမရိကန္-ျမန္မာကျပားျဖစ္သည့္အျပင္ ျမန္မာျပည္ေရာက္တာလည္း သိပ္မၾကာလွေသးတာေၾကာင့္ လမ္းသိပ္မသိဟုဆို၏။ အေစာတုန္းက ဖုန္းဆက္ရသေလာက္ေတာ့ ဤအနီးအနားတစ္ေနရာရာတြင္ လမ္းေပ်ာက္ေနပုံရသည့္အတြက္ ကိုဂ်င္မီက စိတ္မခ်စြာႏွင့္ လူရွာရန္ထြက္လာျခင္းျဖစ္ကာ သီခကေတာ့ ကိုဂ်င္မီကို စိတ္မခ်သည့္အတြက္ ေစတနာ့ဝန္ထမ္းလုပ္ကာ ပါလာရျခင္းျဖစ္ေလသည္။

မ်ားမၾကာမီမွာပင္ လမ္းေထာင့္တစ္ေနရာတြင္ လြန္စြာေတာက္ပေသာ အရာတစ္ခုကိုေတြ႕လိုက္ရ၏။ ျဖဴျဖဴေတြေရာ ဝါဝါေတြေရာႏွင့္ ေရာင္ျပန္ေတြပါဟပ္ေနသည့္ ထိုမ်က္စိက်ိန္း‌ ေလာက္စရာ ဧရာမ hologram တိုင္လုံးႀကီးလို အရာႀကီးမွာ တကယ္ပဲ ဘယ္လိုအရာပါနည္း။

သီခ႐ုတ္တရက္ ေတြေဝသြားခိုက္တြင္ပင္ ေဘးမွ လွစ္ကနဲေပ်ာက္သြားေသာ ကိုဂ်င္မီ့ကို မ်က္လုံးေထာင့္မွ လွမ္းျမင္လိုက္ရသည္။

"ညီေလး ... လင္း ဟုတ္တယ္ေနာ္"

သီခမွာ ထိုအခါမွာ လက္ေတြ႕ဘဝႏွင့္ အဆက္အသြယ္ျပန္ရကာ ထို hologramလူသားကို ေသခ်ာျပန္ၾကည့္မိေတာ့သည္။

သူ႔ေရွ႕တြင္ရွိေနသည္က အရပ္၆ေပနီးပါးရွိေသာ ဆံပင္အျဖဴေရာင္ရွိ ႏိုင္ငံျခားသားတစ္ဦးျဖစ္၏။ ေသခ်ာၾကည့္လ်င္ေတာ့ ျမန္မာမ်က္လုံး၊မ်က္ခုံးမ်ိဳး အနည္းငယ္ဖမ္းမိႏိုင္မည္ျဖစ္ေသာ္ျငား ဆံပင္အေရာင္ႏွင့္အတူ ျဖဴဆြတ္ေသာအသားအရည္ေၾကာင့္ ႏိုင္ငံျခားသား႐ုပ္သာ ပိုေပါက္ေနခဲ့၏။ မူလအေရာင္အေသြးက ျဖဴရသည့္အထဲ လင္းမွာ နီယြန္ေရာင္ စြပ္က်ယ္ကို ဝတ္ကာ အနီေရာင္ရႉးဖိနပ္ကို စီးထားေသးတာေၾကာင့္ ေနပူက်ဲက်ဲေအာက္တြင္ေတာ့ တကယ္ကို မ်က္စိက်ိန္းေလာက္စရာျဖစ္ေနခဲ့၏။

ကိုဂ်င္မီရွာမေတြ႕မည္စိုးကာ သူ႔ကိုယ္သူစေတးခံခဲ့သည္ေလာ မေျပာတတ္ပါေပ။

ထို႔ျပင္ သူ႔ေဘးတြင္ အိတ္ႀကီးအိတ္ငယ္ေပါင္းမ်ားစြာလဲ ရွိေနေသးသည္ထင္သည္။ သီခထင္ထားမမွားလ်င္ေတာ့ သူ႔ေျခေထာက္နားခ်ထားသည့္ ျခင္းေတာင္းတစ္ခုထဲက ‌ထိုးထြက္ေနသည့္အရာမွာ .....

ေျပာင္းဖူးထိပ္ပိုင္းႀကီး ျဖစ္မည္ထင္သည္။

ဤပုံစံ၊ ဤအေနအထားႏွင့္ ေဈးပတ္ခဲ့တာေတာ့ မျဖစ္ပါေစရန္ သူႀကိတ္ဆုေတာင္းေနျဖစ္၏။

"အာ ဟုတ္ကဲ့။ ကိုဂ်င္မီျဖစ္မယ္ထင္တယ္ေနာ္ .... လင္းႏိုအာပါဗ်"

ဂ်င္မီမွာေတာ့ သီခထက္ အနည္းငယ္ပု‌တာမို႔ ေရာင္ျပန္ဟပ္မႈဒဏ္ကို သိပ္မခံရ။ လင္းကို လက္ဆြဲႏႈတ္ဆက္လိုက္ခ်ိန္တြင္ သူတန္းကနဲ အၾကည့္ေရာက္သြားသည္က ေျခေထာက္ေဘးတြင္ခ်ထားေသာ ေဈးျခင္းေတာင္းမ်ားႏွင့္ အထုပ္ႀကီးငယ္တို႔ ျဖစ္သည္။

"ဒါနဲ႔ လင္းက ေဈး....ဝယ္လာတာလားဟင္"

"အဲ မဟုတ္ဘူးဗ်။ ကြၽန္ေတာ္ ဒီမွာေစာင့္ေနတုန္း အဘြားတစ္ေယာက္လာတယ္ ..."

ႏိုင္ငံျခားတြင္ အေနၾကာ၍ထင္သည္ ... လင္းမွာ ျမန္မာစကားကို ေကာင္းစြာေျပာႏိုင္ေသာ္ျငား ေလသံက အနည္းငယ္ဝဲကာ စကားလုံးအထားအသိုကလည္း အတန္ငယ္ထူးဆန္း၏။ သို႔ေပေသာ္ျငား အသံကေတာ့ လေရာင္ေအာက္တြင္ တသြင္သြင္စီးေနေသာ စမ္းေခ်ာင္းငယ္လိုပင္ ေအးျမခ်ိဳလြင္လွသည္။ သီခ်င္းကိုသာ ဤအသံႏွင့္ဆိုႏိုင္လ်င္ က်ိန္းေသေပါက္ main vocal အျဖစ္ ထည့္ႏိုင္ေလာက္၏။  

"သူက တေနကုန္ ေဈးေရာင္းေနတာ ကုန္ကာနီးၿပီတဲ့.....ဒါေပမဲ့ ဒီစားစရာ‌ေတြက နည္းနည္းက်န္ေနတာ.... ဒါကုန္မွ သူအိမ္ျပန္ရမွာတဲ့ ... အဲ့တာနဲ႔ .... "

လင္းက ၿပဳံးလ်က္ဆိုသည္။ ေကာင္ေလးမွာ ၿပဳံးလိုက္လ်င္လည္း တကယ္ကို ျဖဴစင္လြန္းလွကာ နတ္သားကေလးႏွင့္ပင္ တူ၏။ ထူးျခားလွေသာ အဝတ္အစားအေရာင္ေ႐ြးခ်ယ္မႈကလြဲလ်င္ အရာအားလုံးက ေအးခ်မ္းလွပေနေသာ လူ႔နတ္သားစင္စစ္ပါေပ။

ဂ်င္မီႏွင့္ သီခသည္ တစ္ဝက္နားေထာင္လိုက္႐ုံႏွင့္ပင္ သူ႔စကား၏ ဦးတည္ရာကို တန္းကနဲ သိလိုက္၏။ လင္းမွာ ႏိုင္ငံျခားသားလည္းျဖစ္ပုံလဲေပၚ ခ်မ္းသာပုံလည္းရသည့္အျပင္ သေဘာကလည္းေကာင္းပုံရတာေၾကာင့္ ေဈးသိမ္း၍ ျပန္ကာနီး ေဈးသည္ေတြထံ အခြင့္ေကာင္းယူကာ ရွိသမွ်ပစၥည္းေတြ အကုန္ထိုးေရာင္းခံလိုက္ရတာပင္ျဖစ္မည္ထင္သည္။

ဂ်င္မီသည္ သနားသလိုလို ရယ္ခ်င္သလိုလို ခံစားလိုက္ရ၏။

"ကဲ ဒါဆိုရင္ သြားၾကည့္ၾကမလား .... အစ္ကို ဒီနားမွာေတာ့ showroom ေတြ ေတြ႕ထားတယ္"

"ဟုတ္ အစ္ကို။ ကြၽန္ေတာ္ကေတာ့ brandက priority မဟုတ္ေပမဲ့ နည္းနည္းအၾကမ္းခံတာမ်ိဳးမွ ျဖစ္မွာ... နည္းနည္း အေမာင္းၾကမ္းလို႔ေလ အဟားဟား...."

ဂ်င္မီႏွင့္ လင္း၏ စကားဝိုင္းကို လွမ္းနားေထာင္ေနေသာ သီခ နားထဲတြင္ အနည္းငယ္ ‌ဇေဝဇဝါျဖစ္သြားသည္။ သူတို႔ေနထိုင္သည့္ေနရာသာ ကာတြန္းကမာၻဆိုပါလ်င္ တိမ္ခေခါင္းေပၚတြင္ အခုေလာက္ဆို '?' ေတြ တသီႀကီး ပ်ံဝဲေနေလာက္ၿပီ ထင္၏။ ဘာမွန္းေတာ့မသိေသးေသာ္လည္း ေတြးေလေလ တစ္ခုခုကေတာ့ မဟုတ္ေသးတာ သိသာလာေလေလျဖစ္သည္။

သီခသည္ ဂ်င္မီကို လက္ျဖင့္အသာကုတ္ကာ တိုးတိုးေမးလိုက္သည္။

"အဖြဲ႕အတြက္ Scoutဖို႔ မဟုတ္ဘူးလား? ဘာလို႔ ကား showroom‌ ေတြလိုက္ျပေနတာလဲ?"

ဂ်င္မီက 'အသာေနစမ္းပါ ငါသိပါတယ္' ဆိုသည့္ အမူအရာျဖင့္ သူ႔လက္ကို ျပန္ပုတ္၏။

ထိုအရာမွာ သီခ အေၾကာက္ဆုံးအရာ အတိအက်ပင္ျဖစ္ေပသည္။

7:00 pm
21/4/22

Continue Reading

You'll Also Like

115K 6.8K 101
"Not in front of my tea." Guess which simp created a new book. Yes me, Manyee. DISCLAIMER: SOME QUOTES FROM PINTEREST, GOOGLE, REDDIT, ANY OTHER WEBS...
17.8K 689 19
Tongkrongan bukan sembarang tongkrongan. Tongkrongan kami bukan kumpulan anak berandal, tapi anak-anak yang insyaallah, gemar beramal. [action, horo...
25.8K 2.8K 104
Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိ...
342K 11.4K 31
Yuu Sakamoto, just your average high school kid. Well, until he got into an accident and lost his life. But then G0d decided to give him an option to...