အမုန်းပင်မှပွင့်သောအချစ်ပန်း...

By Aster_2122

277K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ More

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၂} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၆}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း {၉}
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း (၁၀)

9.3K 791 53
By Aster_2122

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း (၁၀)

အထုပ်တွေ တစ်ပွေ့တစ်ပိုက်ဖြင့်ကားပေါ်ကဆင်းသည်နှင့် မီးဖိုထဲသို့တန်းဝင်သွားသည့်မမလေးအား သစ်လွင်နှင့်ဆူးမှ တအံ့တသြငေးကြည့်နေမိသည်။တစ်ခုခုကိုသဘောကျဟန်ဖြင့်ပြုံးရယ်နေပုံမှာ လွန်ခဲ့သည့်ဆယ်နှစ်ပတ်ဝန်းကျင်အားပြန်ရောက်သွားသလိုပင်။မမလေးမျက်နှာထက် ဒီလိုမျိုးသဘောတကျပြုံးရယ်နေသည့်ဟန်မျိုး သစ်လွင်မတွေ့ဖူးတာကြာခဲ့လေပြီ။
"သစ်လွင်ရေ...ဆူးရေ..လာပါအုံး"
ခေါ်သံကြားတာကြောင့် နှစ်ယောက်လုံးမီးဖိုခန်းဆီအမြန်သွားမိသည်။ခုံပေါ်တွင်စီတန်းချထားသည့်အထုပ်များအား အကြည့်တို့ဝေ့ဝဲမိတော့ အသီးအရွက်သားငါးများပင်။ဘာများလုပ်ဖို့ပါလိမ့်လို့တွေးကာ အနားသွားမိလိုက်ကြသည်။
"သစ်လွင် အန်တီကိုသွားခေါ် ဆူးက ဒီမှာကူလုပ်ပေး ဟိုရက်က အန်တီ ဟော့ပေါ့ လုပ်စားချင်တယ်လို့ပြောတယ်မလား"
အန်တီဆိုသည့်စကားလုံးကြောင့်သစ်လွင်ရောဆူးပါ နေရာတွင်ရပ်လျှက်သား။အန်တီကမနက်ကပဲထွက်သွားပြီမလား။ဒါကိုမမလေး ခုထိသိသေးဟန်မတူ။ဒါကြောင့် အန်တီစားချင်သည်ပြောသည့် ဟော့ပေါ့အားချက်စားရန် ပစ္စည်းတွေဝယ်လာခြင်းသာ။သစ်လွင်နဲ့ဆူးမှာ ဘယ်ကနေဘယ်လိုစပြောရမယ်မှန်းမသိတာကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရပ်လျှက်နေရာမှမရွေ့ကြ။
"အန်တီကိုသွားခေါ်ဆိုတာကို ဘာလို့ရပ်နေတာလဲ"
"ဟို..ဟိုလေ..မမလေး"
"သွားခေါ်ပါဆိုတာကို ဘာတွေဟိုနေတာလဲ"
"အန်တီအိမ်မှာမရှိတော့ဘူးမမလေး"
လက်ထဲတွင်ကိုင်ထားသည့် ဗန်းမှာကြမ်းပြင်ပေါ်ပြုတ်ကျကာပြန့်ကျဲသွားတော့သည်။မရှိတော့ဘူးတဲ့လား။ဒါဆို အန်တီက တကယ်ပဲဟယ်ရီကိုထားခဲ့တာပေါ့လေ။မနက်ကဟယ်ရီသွားသည်အထိ အခန်းထဲမှာအိပ်ပျော်နေတာကို။မရှိတော့ဘူးဆိုတာ မဖြစ်နိုင်တာပဲလေ။
"အ..အပြင်သွားတာမလား..ဟင်"
မျှော်လင့်ချင်ခပ်ယဲ့ယဲ့ဖြင့်ထပ်မေးတော့ နှစ်ယောက်လုံးစီမှအဖြေသံအားမကြားရတော့။ခေါင်းကိုသာငုံ့ပြီးရပ်နေလေရဲ့။ဒီလောက်ဆို သေချာသွားပါပြီလေ။အန်တီက တကယ်ပဲ ဟယ်ရီကိုထားခဲ့ရက်နိုင်တာပဲ။ဟယ်ရီအပေါ်နည်းနည်းလေးတောင်မှသံယောဇဥ်တို့မထားခဲ့လေဘူးပဲ။ရက်စက်လိုက်တာလို့တောင်မပြောရက်ခဲ့။မျက်ရည်စတို့အားသိမ်းဆည်းရင်းအပြေးလေးတက်မိသည်မှာအပေါ်ထပ်အခန်းဆီသာ။

အရင်လှုပ်ရှားသွားလာနေတဲ့ အန်တီအရိပ်အယောင်တွေဟာခုတော့မမြင်ရတော့။အခန်းလေးထဲဝယ် မျက်စောင်းလေးဝင့်ကာ နှုတ်ခမ်းကလေးမဲ့ကာဖြင့် ဟယ်ရီနာမည်အားခေါ်တတ်သည့်အမျိုးသမီး။ခုတော့ ဟယ်ရီဒီအသံအားကြားခွင့်မရှိတော့ပေ။အဝတ်ဗီရိုထဲတွင်ဟယ်ရီဝယ်ပေးခဲ့သည့်အဝတ်အစားများဟာဒီတိုင်းပုံစံမပျက်၊မှန်တင်ခုံပေါ်တွင်လည်းပစ္စည်းများမှာ နေရာတကျ။ဟယ်ရီနဲ့ပတ်သက်သည့်အရာတွေဘာဆိုဘာမှယူမသွားပုံထောက်ရင် ဟယ်ရီအား တကယ်ကိုသံယောဇဥ်မရှိတာပဲပေါ့လေ။ဘယ်လိုပဲဖြစ်ဖြစ် အမုန်းနဲ့ထွက်ခွာသွားတာမဟုတ်တာပဲ ခံသာပါသေးရဲ့လေ။
---
"မမကြီး ဘယ်သူ့ကိုစောင့်နေတာလဲ"
"ဟင်..မစောင့်ပါဘူး အငယ်ရဲ့"
"သြော်..အငယ်ကြည့်နေတာကြာလှပြီ မမကြီး ဒီဒန်းပေါ်ထိုင်ပြီးလမ်းမပေါ်ငေးနေတာလေ။အဲ့တာကြောင့်တစ်ယောက်ယောက်ကိုများစောင့်နေသလားလို့ပါ"
အငယ်ပြောရင်လည်းပြောချင်စရာပါလေ။နန်းရိပ် ဒီဒန်းပေါ်ထိုင်ပြီးငေးမောနေတာ နှစ်နာရီလောက်ပင်ရှိလောက်ပြီ။ရေမိုးချိုးပြီးတည်းကထိုင်နေတာ ခုပဲ ၇နာရီထိုးလုပြီ။တစ်ယောက်ယောက်ကိုစောင့်နေသလားဆိုတဲ့မေးခွန်းအတွက်တော့ ဖြေစရာအဖြေမရှိခဲ့။ထွက်သွားစေချင်လို့ထွင်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်ကဘာတွေများလွမ်းဆွေးနေရသလဲ။တကယ်ဆို မလိုအပ်ဘူးမလားလေ။ဒီအချိန်အိမ်ပြန်ရောက်နေမလားဆိုတာလည်းတွေးဖို့မှမလိုအပ်ခဲ့တာပါပဲ။အစကတည်းက မှန်ကန်တဲ့တွေ့ဆုံမှုတစ်ခုမှမဟုတ်ခဲ့ပဲ။ဘာတွေကိုများလွမ်းနေရသလဲ။ဘာလို့များဆွေးနေရသလဲလေ။
"စောင့်စရာလူမှမရှိပဲကွယ်..တို့အထဲဝင်တော့မယ် တံခါးတွေစစ်အုံး"
"ဟုတ်ကဲ့မမကြီး"

တင်းထားသမျှစိတ်အစုံကို လွှတ်ချလိုက်မိတော့ အခန်းထဲဝယ် မျက်ရည်စတို့ကြွေလွင့်ရသည်။ရောက်လာလေမလားလို့မျှော်နေခဲ့မိပေမဲ့ နောက်ဆုံးမှာ ပျက်စီးသွားခဲ့ရတဲ့မျှော်လင့်ချက်တွေ။အစကတည်းက သိပါလျှက်နဲ့ မျှော်နေမိခဲ့တဲ့ကိုယ့်အမှားပါပဲလေ။မတွယ်နှောင်သင့်မှန်းသိပေမဲ့ ဒီအရွယ်ကျမှ လှုပ်ခတ်ခဲ့မိတဲ့နှလုံးသားဟာ ကိုယ့်ကိုမုန်းနေတဲ့ကလေးတစ်ယောက်အပေါ်တဲ့။ဘယ်လောက်များကံတရားကရက်စက်လိုက်သလဲ။ထုတ်ဖော်ပြောခွင့်လည်းမရှိခဲ့။ဒီအရွယ်ရောက်မှ ရင်ခုန်တယ်ဆိုတာ အနည်းငယ်တော့ ရှက်စရာပဲမလား။ထိုသူကယောင်္ကျားလေးလည်းမဟုတ်။ကလေးမလေးတစ်ယောက်တဲ့လေ။သိုဝှက်ထားတဲ့စိတ်အစုံဟာ သူ့ရှေ့ရောက်ရင်ထိန်းရခက်တယ်။မဆုံချင်လိူ့ရှောင်ပုန်းတဲ့အခါ ခြေအစုံဟာ ကိုယ်ရှိရာဆီဦးတည်တတ်ခဲ့တယ်။ခံစားချက်တွေမြင်တဲ့အခါ နိုင်ကွက်တစ်ခုဖြစ်မှာစိုးလို့ခပ်ဝေးဝေးကိုရှောင်ပုန်းကာမှ အလွမ်းဒဏ်ကပိုဆိုးရသတဲ့လေ။

လူတွေဟာသိပ်ခက်တာပါပဲ။ကိုယ့်အတွက်မဟုတ်တဲ့ ချစ်ခြင်းမေတ္တာတွေကိုမှ မက်မက်မောမောငေးချင်၊လိုချင်ကြတာ။အဲ့ထဲမယ် နန်းရိပ်လွှာဆိုတဲ့ကိုယ်ဟာလည်းထိပ်ဆုံးကပါမယ်ထင်ရဲ့။ကိုယ့်အတွက်ဖြစ်တည်လာတာမဟုတ်တဲ့ ထိုမိန်းကလေးကိုမှတဲ့လေ။

စတွေ့တဲ့နေ့ကနှုတ်ဆက်ပုံတွေ၊ကိုယ့်နာမည်တစ်ချက်ခေါ်လေတိုင်း လှုပ်ခတ်သွားခဲ့ရတဲ့ နေ့ရက်တွေ၊မမုန်းပါဘဲလျှက် မုန်းယောင်ဆောင်ခဲ့ရတဲ့အချိန်တွေ။ပြန်တွေးကြည့်တော့လည်းလွမ်းစရာမောစရာ။ကိုယ့်အပေါ်တစ်ခါအနိုင်ယူရလေတိုင်း ကျေနပ်သွားတတ်တဲ့ မျက်နှာလှလှလေး။အနိုင်ယူတတ်သူကိုအပြစ်လို့မမြင်ရက်ခဲ့ကတည်းက ကိုယ်ဟာသူ့အပေါ် တွယ်ငြိနေခဲ့ပြီမှန်းရိပ်မိခဲ့ပါတယ်လေ။ထုတ်ဖော်ပြောပြလို့မရတဲ့ချစ်မေတ္တာတွေဟာ အဝေးကိုရောက်သွားတော့လည်း တစ်မျိုးတော့လည်းကောင်းပါရဲ့။
---
"မင်းမင်း လာအထဲကို တို့ကိုခေါ်လိုက်ပြီးရော"
"ရပါတယ်မမကြီးရဲ့ ကျွန်တော် ဒီဘက်လာရင်းနဲ့မလို့ မမကြီးဆီတန်းဝင်လိုက်တာ"
"ထိုင်အုံး..အငယ်ရေ မင်းမင်းအတွက်တစ်ခုခုလေးလုပ်ပေးပါအုံး"
ထိုင်ခုံတစ်ဖက်တစ်ချက်စီတွင်ထိုင်လိုက်ရင်း အမှုအကြောင်းအရာများအားဆွေးနွေးနေမိကြသည်။
"ဦးနေရောင်လွင် ဒီမြို့ကိုပြန်ရောက်နေတယ်မမကြီး"
"ဟင်..ဘယ်တုန်းကလဲ ရုတ်တရက်ကြီးနော်"
"မနေ့ကပဲရောက်တာ မမကြီး ကျွန်တော်ထင်တာမမှားရင် သူမမကြီးကို လာတွေ့လိမ့်အုံးမှာပဲ"
"အင်း ဒါနဲ့သူကဘာလို့ရုတ်တရက်ကြီးပေါ်လာရတာလဲ တို့တွေစုံစမ်းတာကိုသိသွားလို့လား။"
"ကျွန်တော်တော့မထင်ဘူး လုပ်စရာကျန်နေသေးတာကို ပြန်လာလုပ်တယ်လို့ထင်တာပဲ"
"မင်းမင်းပြောတာကို မမကြီးနားမလည်ဘူး"
"ဦးနေရောင်လွင်က လွန်းဟယ်ရီအမေနဲ့မောင်နှမအရင်းလို့အကုန်လုံးကသိကြပေမဲ့ တကယ်တမ်းကျ မဟုတ်ဘူး။ဦးနေရောင်လွင်ကမွေးစားသားပဲ။ဒီလောက်ဆို မမကြီးသဘောပေါက်မှာပါ။အရင်က သူ့ကို သံသယတရားခံအနေနဲ့တွေးပေမဲ့ဒီအချက်ကိုသိလိုက်ရချိန်မှာ သူက တရားခံအစစ်ဆိုတာ သေချာသွားပြီ"
"သေချာရဲ့လား..သေချာရဲ့လားမင်းမင်းရယ်"
"သေချာပါတယ် မမကြီး။"
"ဒါဆို..ဒါဆို..."
နေရာမှာဆတ်ကနဲထလိုက်ရင်း စိတ်ပူသွားမိသည်မှာ မသက်ဆိုင်ပါသည့်ထိုကလေးမကိုသာ။ခြေအစုံမှာအတွေးနှင့်အတူ တံခါးနားသို့တန်းကာရောက်ရှိသွားလေသည်။

"မမကြီး ဘယ်လဲ"

"သူ့ကို... သူ့ကိုသွားပြီးအသိပေးမှဖြစ်မှာပေါ့လေ"
"လက်ခံမယ်ထင်လို့လား..မမကြီးပြောတာကိုသူကယုံမယ်ထင်လို့လား "

"သူယုံရမယ်..သူယုံမှဖြစ်မယ်လေ"

"ကျွန်တော်တော့်မထင်ဘူးနော်မမကြီး။ဘယ်လိုပဲဖြစ်ဖြစ် မမကြီးက အစ်ကိုကို ကာကွယ်ချင်တာမလို့ ဒီလိုလုပ်တယ်ပဲထင်နေမှာ။"

"ဒါဆို ဒီတိုင်းကြည့်နေရတော့မှာလားဟင်..ဒီတိုင်းကြည့်နေရမှာလားလို့.."

အသံတို့မှာတုန်ယင်ကာ ခြေအစုံမှာ ထိုအမျိုးသမီးငယ်လေးရှိရာဆီသာပြေးချင်နေမိခဲ့သည်။စိတ်ပုပါသည်။စိတ်ပူမိပါသည်။ကိုယ့်အတွက်ဖြစ်တည်လာတာမဟုတ်သည့်၊ကိုယ်ကြိတ်ချစ်ရသည့် ထိုမိန်းကလေးငယ်အား စိုးရိမ်မိသည်။ကိုယ့်စကားတွေဆို မယုံကြည်မှာသိနေသည့်တိုင် ပြောပြချင်မိသည်။သူမဆီရောက်လာမည့်အန္တရာယ်တို့အား တားဆီးကာကွယ်ပေးချင်မိသည်။မလိုအပ်ဘူးဆိုရသ်တောင်မှလေ ထိုကလေးမလေးအား ကာကွယ်ပေးချင်သည့်စိတ်အစုံမှာ ဥပေက္ခာပြုထားလို့မရနိုင်ပေ။

"လူတစ်ယောက်ကိုချစ်တဲ့အခါ ပြန်ချစ်ဖို့ထက် ချစ်နေရဖို့ကပဲ အရေးကြီးတယ်မလား။သူပျော်တာငေးဖိူ့၊သူပြုံးရင်ထပ်တူပျော်ပေးဖို့၊သူဝမ်းနည်းတဲ့အခါထွေးပွေ့ခွင့်မရှိတောင် အဝေးကစိတ်ပူပေးဖို့၊အန္တရာယ်လေးများရှိသည့်အခါ ကာကွယ်ပေစခွင့်ရဖို့ ဒါတွေပဲ လိုအပ်တယ်မလား။သူပြန်ချစ်ဖို့မချစ်ဖို့ထက် ကိုယ့်ဘက်က ချစ်နေရဖို့ပဲ အရေးကြီးတာပါလေ"

#Äster(အက်စတာ)

တစ်ဝက်လောက်ကရေးပြီးတာလချီနေပေမဲ့ ဆက်မရေးနိုင်တာမလို့အရမ်းကြာသွားရတယ်။စာရေးဖို့ဘယ်လိုမှစိတ်စုမရနေတာကြောင့် သည်းခံပေးပါလို့ပဲ တောင်းဆို တောင်းပန်ပါရစေ။upadteမှန်ဖို့ကလဲ မသေချာသေးပါဘူး။စာရေးဖို့ကို ဘယ်လိုမှကို အဆင်မပြေတာမလို့ပါ။အားနာမိပါတယ်။
ဒိအပိုင်းလေးမှာအဆင်မပြေဖြစ်ခဲ့ရင်လည်း တောင်းပန်ပါရစေရှင်။

အမုန္းပင္မွပြင့္ေသာအခ်စ္ပန္း
အပိုင္း (၁၀)

အထုပ္ေတြ တစ္ေပြ႕တစ္ပိုက္ျဖင့္ကားေပၚကဆင္းသည္ႏွင့္ မီးဖိုထဲသို႔တန္းဝင္သြားသည့္မမေလးအား သစ္လြင္ႏွင့္ဆူးမွ တအံ့တၾသေငးၾကည့္ေနမိသည္။တစ္ခုခုကိုသေဘာက်ဟန္ျဖင့္ၿပဳံးရယ္ေနပုံမွာ လြန္ခဲ့သည့္ဆယ္ႏွစ္ပတ္ဝန္းက်င္အားျပန္ေရာက္သြားသလိုပင္။မမေလးမ်က္ႏွာထက္ ဒီလိုမ်ိဳးသေဘာတက်ၿပဳံးရယ္ေနသည့္ဟန္မ်ိဳး သစ္လြင္မေတြ႕ဖူးတာၾကာခဲ့ေလၿပီ။
"သစ္လြင္ေရ...ဆူးေရ..လာပါအုံး"
ေခၚသံၾကားတာေၾကာင့္ ႏွစ္ေယာက္လုံးမီးဖိုခန္းဆီအျမန္သြားမိသည္။ခုံေပၚတြင္စီတန္းခ်ထားသည့္အထုပ္မ်ားအား အၾကည့္တို႔ေဝ့ဝဲမိေတာ့ အသီးအ႐ြက္သားငါးမ်ားပင္။ဘာမ်ားလုပ္ဖို႔ပါလိမ့္လို႔ေတြးကာ အနားသြားမိလိုက္ၾကသည္။
"သစ္လြင္ အန္တီကိုသြားေခၚ ဆူးက ဒီမွာကူလုပ္ေပး ဟိုရက္က အန္တီ ေဟာ့ေပါ့ လုပ္စားခ်င္တယ္လို႔ေျပာတယ္မလား"
အန္တီဆိုသည့္စကားလုံးေၾကာင့္သစ္လြင္ေရာဆူးပါ ေနရာတြင္ရပ္လွ်က္သား။အန္တီကမနက္ကပဲထြက္သြားၿပီမလား။ဒါကိုမမေလး ခုထိသိေသးဟန္မတူ။ဒါေၾကာင့္ အန္တီစားခ်င္သည္ေျပာသည့္ ေဟာ့ေပါ့အားခ်က္စားရန္ ပစၥည္းေတြဝယ္လာျခင္းသာ။သစ္လြင္နဲ႕ဆူးမွာ ဘယ္ကေနဘယ္လိုစေျပာရမယ္မွန္းမသိတာေၾကာင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ရပ္လွ်က္ေနရာမွမေ႐ြ႕ၾက။
"အန္တီကိုသြားေခၚဆိုတာကို ဘာလို႔ရပ္ေနတာလဲ"
"ဟို..ဟိုေလ..မမေလး"
"သြားေခၚပါဆိုတာကို ဘာေတြဟိုေနတာလဲ"
"အန္တီအိမ္မွာမရွိေတာ့ဘူးမမေလး"
လက္ထဲတြင္ကိုင္ထားသည့္ ဗန္းမွာၾကမ္းျပင္ေပၚျပဳတ္က်ကာျပန့္က်ဲသြားေတာ့သည္။မရွိေတာ့ဘူးတဲ့လား။ဒါဆို အန္တီက တကယ္ပဲဟယ္ရီကိုထားခဲ့တာေပါ့ေလ။မနက္ကဟယ္ရီသြားသည္အထိ အခန္းထဲမွာအိပ္ေပ်ာ္ေနတာကို။မရွိေတာ့ဘူးဆိုတာ မျဖစ္နိုင္တာပဲေလ။
"အ..အျပင္သြားတာမလား..ဟင္"
ေမွ်ာ္လင့္ခ်င္ခပ္ယဲ့ယဲ့ျဖင့္ထပ္ေမးေတာ့ ႏွစ္ေယာက္လုံးစီမွအေျဖသံအားမၾကားရေတာ့။ေခါင္းကိုသာငုံ႕ၿပီးရပ္ေနေလရဲ႕။ဒီေလာက္ဆို ေသခ်ာသြားပါၿပီေလ။အန္တီက တကယ္ပဲ ဟယ္ရီကိုထားခဲ့ရက္နိုင္တာပဲ။ဟယ္ရီအေပၚနည္းနည္းေလးေတာင္မွသံေယာဇဥ္တို႔မထားခဲ့ေလဘူးပဲ။ရက္စက္လိုက္တာလို႔ေတာင္မေျပာရက္ခဲ့။မ်က္ရည္စတို႔အားသိမ္းဆည္းရင္းအေျပးေလးတက္မိသည္မွာအေပၚထပ္အခန္းဆီသာ။

အရင္လႈပ္ရွားသြားလာေနတဲ့ အန္တီအရိပ္အေယာင္ေတြဟာခုေတာ့မျမင္ရေတာ့။အခန္းေလးထဲဝယ္ မ်က္ေစာင္းေလးဝင့္ကာ ႏႈတ္ခမ္းကေလးမဲ့ကာျဖင့္ ဟယ္ရီနာမည္အားေခၚတတ္သည့္အမ်ိဳးသမီး။ခုေတာ့ ဟယ္ရီဒီအသံအားၾကားခြင့္မရွိေတာ့ေပ။အဝတ္ဗီရိုထဲတြင္ဟယ္ရီဝယ္ေပးခဲ့သည့္အဝတ္အစားမ်ားဟာဒီတိုင္းပုံစံမပ်က္၊မွန္တင္ခုံေပၚတြင္လည္းပစၥည္းမ်ားမွာ ေနရာတက်။ဟယ္ရီနဲ႕ပတ္သက္သည့္အရာေတြဘာဆိုဘာမွယူမသြားပုံေထာက္ရင္ ဟယ္ရီအား တကယ္ကိုသံေယာဇဥ္မရွိတာပဲေပါ့ေလ။ဘယ္လိုပဲျဖစ္ျဖစ္ အမုန္းနဲ႕ထြက္ခြာသြားတာမဟုတ္တာပဲ ခံသာပါေသးရဲ႕ေလ။
---
"မမႀကီး ဘယ္သူ႕ကိုေစာင့္ေနတာလဲ"
"ဟင္..မေစာင့္ပါဘူး အငယ္ရဲ႕"
"ေၾသာ္..အငယ္ၾကည့္ေနတာၾကာလွၿပီ မမႀကီး ဒီဒန္းေပၚထိုင္ၿပီးလမ္းမေပၚေငးေနတာေလ။အဲ့တာေၾကာင့္တစ္ေယာက္ေယာက္ကိုမ်ားေစာင့္ေနသလားလို႔ပါ"
အငယ္ေျပာရင္လည္းေျပာခ်င္စရာပါေလ။နန္းရိပ္ ဒီဒန္းေပၚထိုင္ၿပီးေငးေမာေနတာ ႏွစ္နာရီေလာက္ပင္ရွိေလာက္ၿပီ။ေရမိုးခ်ိဳးၿပီးတည္းကထိုင္ေနတာ ခုပဲ ၇နာရီထိုးလုပြီ။တစ်ယောက်ယောက်ကိုစောင့်နေသလားဆိုတဲ့မေးခွန်းအတွက်တော့ ေျဖစရာအေျဖမရွိခဲ့။ထြက္သြားေစခ်င္လို႔ထြင္ခဲ့တဲ့ဇာတ္လမ္းတစ္ပုဒ္ကို ကိုယ္ကဘာေတြမ်ားလြမ္းေဆြးေနရသလဲ။တကယ္ဆို မလိုအပ္ဘူးမလားေလ။ဒီအခ်ိန္အိမ္ျပန္ေရာက္ေနမလားဆိုတာလည္းေတြးဖို႔မွမလိုအပ္ခဲ့တာပါပဲ။အစကတည္းက မွန္ကန္တဲ့ေတြ႕ဆုံမႈတစ္ခုမွမဟုတ္ခဲ့ပဲ။ဘာေတြကိုမ်ားလြမ္းေနရသလဲ။ဘာလို႔မ်ားေဆြးေနရသလဲေလ။
"ေစာင့္စရာလူမွမရွိပဲကြယ္..တို႔အထဲဝင္ေတာ့မယ္ တံခါးေတြစစ္အုံး"
"ဟုတ္ကဲ့မမႀကီး"

တင္းထားသမွ်စိတ္အစုံကို လႊတ္ခ်လိဳက္မိေတာ့ အခန္းထဲဝယ္ မ်က္ရည္စတို႔ေႂကြလြင့္ရသည္။ေရာက္လာေလမလားလို႔ေမွ်ာ္ေနခဲ့မိေပမဲ့ ေနာက္ဆုံးမွာ ပ်က္စီးသြားခဲ့ရတဲ့ေမွ်ာ္လင့္ခ်က္ေတြ။အစကတည္းက သိပါလွ်က္နဲ႕ ေမွ်ာ္ေနမိခဲ့တဲ့ကိုယ့္အမွားပါပဲေလ။မတြယ္ႏွောင္သင့္မွန္းသိေပမဲ့ ဒီအ႐ြယ္က်မွ လႈပ္ခတ္ခဲ့မိတဲ့ႏွလုံးသားဟာ ကိုယ့္ကိုမုန္းေနတဲ့ကေလးတစ္ေယာက္အေပၚတဲ့။ဘယ္ေလာက္မ်ားကံတရားကရက္စက္လိုက္သလဲ။ထုတ္ေဖာ္ေျပာခြင့္လည္းမရွိခဲ့။ဒီအ႐ြယ္ေရာက္မွ ရင္ခုန္တယ္ဆိုတာ အနည္းငယ္ေတာ့ ရွက္စရာပဲမလား။ထိုသူကေယာကၤ်ားေလးလည္းမဟုတ္။ကေလးမေလးတစ္ေယာက္တဲ့ေလ။သိုဝွက္ထားတဲ့စိတ္အစုံဟာ သူ႕ေရွ႕ေရာက္ရင္ထိန္းရခက္တယ္။မဆုံခ်င္လိူ႕ေရွာင္ပုန္းတဲ့အခါ ေျခအစုံဟာ ကိုယ္ရွိရာဆီဦးတည္တတ္ခဲ့တယ္။ခံစားခ်က္ေတြျမင္တဲ့အခါ နိုင္ကြက္တစ္ခုျဖစ္မွာစိုးလို႔ခပ္ေဝးေဝးကိုေရွာင္ပုန္းကာမွ အလြမ္းဒဏ္ကပိုဆိုးရသတဲ့ေလ။

လူေတြဟာသိပ္ခက္တာပါပဲ။ကိုယ့္အတြက္မဟုတ္တဲ့ ခ်စ္ျခင္းေမတၱာေတြကိုမွ မက္မက္ေမာေမာေငးခ်င္၊လိုခ်င္ၾကတာ။အဲ့ထဲမယ္ နန္းရိပ္လႊာဆိုတဲ့ကိုယ္ဟာလည္းထိပ္ဆုံးကပါမယ္ထင္ရဲ႕။ကိုယ့္အတြက္ျဖစ္တည္လာတာမဟုတ္တဲ့ ထိုမိန္းကေလးကိုမွတဲ့ေလ။

စေတြ႕တဲ့ေန႕ကႏႈတ္ဆက္ပုံေတြ၊ကိုယ့္နာမည္တစ္ခ်က္ေခၚေလတိုင္း လႈပ္ခတ္သြားခဲ့ရတဲ့ ေန႕ရက္ေတြ၊မမုန္းပါဘဲလွ်က္ မုန္းေယာင္ေဆာင္ခဲ့ရတဲ့အခ်ိန္ေတြ။ျပန္ေတြးၾကည့္ေတာ့လည္းလြမ္းစရာေမာစရာ။ကိုယ့္အေပၚတစ္ခါအနိုင္ယူရေလတိုင္း ေက်နပ္သြားတတ္တဲ့ မ်က္ႏွာလွလွေလး။အနိုင္ယူတတ္သူကိုအျပစ္လို႔မျမင္ရက္ခဲ့ကတည္းက ကိုယ္ဟာသူ႕အေပၚ တြယ္ၿငိေနခဲ့ၿပီမွန္းရိပ္မိခဲ့ပါတယ္ေလ။ထုတ္ေဖာ္ေျပာျပလို႔မရတဲ့ခ်စ္ေမတၱာေတြဟာ အေဝးကိုေရာက္သြားေတာ့လည္း တစ္မ်ိဳးေတာ့လည္းေကာင္းပါရဲ႕။
---
"မင္းမင္း လာအထဲကို တို႔ကိုေခၚလိုက္ၿပီးေရာ"
"ရပါတယ္မမႀကီးရဲ႕ ကြၽန္ေတာ္ ဒီဘက္လာရင္းနဲ႕မလို႔ မမႀကီးဆီတန္းဝင္လိုက္တာ"
"ထိုင္အုံး..အငယ္ေရ မင္းမင္းအတြက္တစ္ခုခုေလးလုပ္ေပးပါအုံး"
ထိုင္ခုံတစ္ဖက္တစ္ခ်က္စီတြင္ထိုင္လိုက္ရင္း အမႈအေၾကာင္းအရာမ်ားအားေဆြးႏြေးေနမိၾကသည္။
"ဦးေနေရာင္လြင္ ဒီၿမိဳ႕ကိုျပန္ေရာက္ေနတယ္မမႀကီး"
"ဟင္..ဘယ္တုန္းကလဲ ႐ုတ္တရက္ႀကီးေနာ္"
"မေန႕ကပဲေရာက္တာ မမႀကီး ကြၽန္ေတာ္ထင္တာမမွားရင္ သူမမႀကီးကို လာေတြ႕လိမ့္အုံးမွာပဲ"
"အင္း ဒါနဲ႕သူကဘာလို႔႐ုတ္တရက္ႀကီးေပၚလာရတာလဲ တို႔ေတြစုံစမ္းတာကိုသိသြားလို႔လား။"
"ကြၽန္ေတာ္ေတာ့မထင္ဘူး လုပ္စရာက်န္ေနေသးတာကို ျပန္လာလုပ္တယ္လို႔ထင္တာပဲ"
"မင္းမင္းေျပာတာကို မမႀကီးနားမလည္ဘူး"
"ဦးေနေရာင္လြင္က လြန္းဟယ္ရီအေမနဲ႕ေမာင္ႏွမအရင္းလို႔အကုန္လုံးကသိၾကေပမဲ့ တကယ္တမ္းက် မဟုတ္ဘူး။ဦးေနေရာင္လြင္ကေမြးစားသားပဲ။ဒီေလာက္ဆို မမႀကီးသေဘာေပါက္မွာပါ။အရင္က သူ႕ကို သံသယတရားခံအေနနဲ႕ေတြးေပမဲ့ဒီအခ်က္ကိုသိလိုက္ရခ်ိန္မွာ သူက တရားခံအစစ္ဆိုတာ ေသခ်ာသြားၿပီ"
"ေသခ်ာရဲ႕လား..ေသခ်ာရဲ႕လားမင္းမင္းရယ္"
"ေသခ်ာပါတယ္ မမႀကီး။"
"ဒါဆို..ဒါဆို..."
ေနရာမွာဆတ္ကနဲထလိုက္ရင္း စိတ္ပူသြားမိသည္မွာ မသက္ဆိုင္ပါသည့္ထိုကေလးမကိုသာ။ေျခအစုံမွာအေတြးႏွင့္အတူ တံခါးနားသို႔တန္းကာေရာက္ရွိသြားေလသည္။

"မမႀကီး ဘယ္လဲ"

"သူ႕ကို... သူ႕ကိုသြားၿပီးအသိေပးမွျဖစ္မွာေပါ့ေလ"
"လက္ခံမယ္ထင္လို႔လား..မမႀကီးေျပာတာကိုသူကယုံမယ္ထင္လို႔လား "

"သူယုံရမယ္..သူယုံမွျဖစ္မယ္ေလ"

"ကြၽန္ေတာ္ေတာ့္မထင္ဘူးေနာ္မမႀကီး။ဘယ္လိုပဲျဖစ္ျဖစ္ မမႀကီးက အစ္ကိုကို ကာကြယ္ခ်င္တာမလို႔ ဒီလိုလုပ္တယ္ပဲထင္ေနမွာ။"

"ဒါဆို ဒီတိုင္းၾကည့္ေနရေတာ့မွာလားဟင္..ဒီတိုင္းၾကည့္ေနရမွာလားလို႔.."

အသံတို႔မွာတုန္ယင္ကာ ေျခအစုံမွာ ထိုအမ်ိဳးသမီးငယ္ေလးရွိရာဆီသာေျပးခ်င္ေနမိခဲ့သည္။စိတ္ပုပါသည္။စိတ္ပူမိပါသည္။ကိုယ့္အတြက္ျဖစ္တည္လာတာမဟုတ္သည့္၊ကိုယ္ႀကိတ္ခ်စ္ရသည့္ ထိုမိန္းကေလးငယ္အား စိုးရိမ္မိသည္။ကိုယ့္စကားေတြဆို မယုံၾကည္မွာသိေနသည့္တိုင္ ေျပာျပခ်င္မိသည္။သူမဆီေရာက္လာမည့္အႏၱရာယ္တို႔အား တားဆီးကာကြယ္ေပးခ်င္မိသည္။မလိုအပ္ဘူးဆိုရသ္ေတာင္မွေလ ထိုကေလးမေလးအား ကာကြယ္ေပးခ်င္သည့္စိတ္အစုံမွာ ဥေပကၡာျပဳထားလို႔မရနိုင္ေပ။

"လူတစ္ေယာက္ကိုခ်စ္တဲ့အခါ ျပန္ခ်စ္ဖို႔ထက္ ခ်စ္ေနရဖို႔ကပဲ အေရးႀကီးတယ္မလား။သူေပ်ာ္တာေငးဖိူ႕၊သူၿပဳံးရင္ထပ္တူေပ်ာ္ေပးဖို႔၊သူဝမ္းနည္းတဲ့အခါေထြးေပြ႕ခြင့္မရွိေတာင္ အေဝးကစိတ္ပူေပးဖို႔၊အႏၱရာယ္ေလးမ်ားရွိသည့္အခါ ကာကြယ္ေပစခြင့္ရဖို႔ ဒါေတြပဲ လိုအပ္တယ္မလား။သူျပန္ခ်စ္ဖို႔မခ်စ္ဖို႔ထက္ ကိုယ့္ဘက္က ခ်စ္ေနရဖို႔ပဲ အေရးႀကီးတာပါေလ"

#ster(အက္စတာ)

တစ္ဝက္ေလာက္ကေရးၿပီးတာလခ်ီေနေပမဲ့ ဆက္မေရးနိုင္တာမလို႔အရမ္းၾကာသြားရတယ္။စာေရးဖို႔ဘယ္လိုမွစိတ္စုမရေနတာေၾကာင့္ သည္းခံေပးပါလို႔ပဲ ေတာင္းဆို ေတာင္းပန္ပါရေစ။upadteမွန္ဖို႔ကလဲ မေသခ်ာေသးပါဘူး။စာေရးဖို႔ကို ဘယ္လိုမွကို အဆင္မေျပတာမလို႔ပါ။အားနာမိပါတယ္။
ဒိအပိုင္းေလးမွာအဆင္မေျပျဖစ္ခဲ့ရင္လည္း ေတာင္းပန္ပါရေစရွင္။

Continue Reading

You'll Also Like

2.5K 511 25
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. සියවසකට පෙර හිස එසවූ අඳුරු මායාවක්...
708K 109K 161
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှိဘူးထင်လို့ပါ၊ ပြန်ထားတဲ့လူရှိတယ်ဆိုရင်...
3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023