စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချေ...

By Ichika2104

601K 70.9K 1.2K

သူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး... More

Intro
တန်ပြန်တိုက်စစ်
ချွတ်စွပ်တူသော ကလေး
ကလေးတွေရဲ့ အဖေ
စုံစမ်းမှု၏ရလဒ်
Monster နာမည်ရဲ့ နောက်ဆုံးစာလုံးက Hunt
no update 😁😁
ဒုတိယအကြိမ်
ကျွန်တော့မာမီလား။
မေမေကဟိုမှာ
ငါက သူ့ကို ဘယ်လိုမြူဆွယ်လို့လဲ။
ဒီညနေ ၈နာရီမှာ တွေ့ကြမယ်
သူမစကားများပျောက်ရှ
ငါက တစ်ယောက်ထဲ အဖွဲ့လိုက်မဟုတ်ဘူး
Cherryက သူ့အဖေကို ရှာနေတယ်
No update
ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လဲ ရောဂါတစ်မျိုးဖြစ်သည့်အတွက် ကုသရန်လိုအပ်ပေသည်
မောင်နှမ၂ယောက် တွေ့ဆုံခြင်း
ဘာလို့ ငါနဲ့တူနေရတာလဲ
ဘယ်လိုတောင် သူမ အမေကို စော်ကားတာလဲ အကို့ကိုပါ ခုလိုရိုက်နေတာလား
ကျူရှင်ဆရာရဲ့ သင်ခန်းစာ
အကိုက ငါနဲ့ အရမ်းတူတယ်
Dateလုပ်ကြစို့ Mommy,Daddy!!
ခွဲစိတ်ခြင်း!!
Anti!!
အံ့အားသင့်ခြင်း
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်း
For paid group
အစပျိုးတဲ့သူ
ဆဲလ်တစ်ခုပဲရှိတဲ့ သက်ရှိ
မင်းသမီးငယ်လေးPete
မင်းရဲ့သား ဘယ်မှာလဲဆိုတာ ငါသိတယ်
ပထမဆုံး အကူအညီ
သူအသက်ရှင်တယ်
Anti
သူမရဲ့ ကိုယ်ရေးအချက်ကို မြင်သာအောင်ပြခြင်း
အခု သူသိသွားပြီ
ဆင်းရဲတဲ့ဆွေမျိုးတွေလား
နယူးယော့ခ်မှ Andersonမိသားစုများ
Pete၂ယောက်တောင်လား။
ငါတို့ကို ရှာတွေ့သွားပြီ
Noraက Peteရဲ့အမေ?
အခန်းအတူတူမျှဝေခြင်း
သူ့စကားနဲ့သူ ပိတ်မိ
သူတို့လာတာ အရမ်းနောက်ကျတယ်
မာမီ အဘွားကို ကယ်ပေးပါ
ရှင့်ရဲ့ သားဘယ်မှာလဲ
သူ့သား အကြောင်းကို စုံစမ်းပေး
သူမကို ပြောခွင့်မပေးဘူး
Noraရဲ့ သား
Noraအမေရဲ့ လျှို့ဝှက်ချက်
အခု ဘယ်သူ့ကို နှိမ့်ချတဲ့ အကြည့်နဲ့ လာကြည့်တာလဲ
၀န်ခံချက်
တောင်းပန်ပါတယ် မေမေ!!
သူက တစ်ကယ်ပဲ ငါ့ရဲ့ ဟာလား
အိပ်ယာထဲမှာ အနိုင်ယူခြင်း
ဆေးလုံးများ
Mr Hunt ထပ်ပြီး ဘ၀င်မြင့်ခြင်း
ရှင့်သားကလဲ ကျွန်မရဲ့ သားပါပဲ
spoil 😁😁
၇ရက်အကြာ
သူမ ပြောစရာ မရှိလောက်အောင်
Justin မင်းမှာ တကယ်တော့ သမီးလေးတစ်ယောက် ရှိတယ်
Noraဆီကိုသာ သွားရင် မင်းမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိလာနိုင်တယ်
ကျွန်မ သမီးက သူ့အဖေနဲ့တူတယ်
သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း
၄င်းက အမှန်တကယ် Carefree Pillsပဲ
Carefree Pill က Andersons နှင့်သက်ဆိုင်တယ်။
မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်
တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်
ကုသ၍ မရသော ရောဂါ
တိုက်ရိုက် ဆက်ခံသူ
အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။
ဖေဖေ လာပြီ
ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။
Andersonမိသားစုရဲ့ လျှို့ဝှက်ထားသော သူဌေး
အင်တာဗျူး ကင်းလွတ်ခွင့်
Hello, Miss Smith
အရင်က သူမ ဘယ်လို ကိုယ်၀န်ရခဲ့တာလဲ။
ပျင်းရိသော ကြောင်လေး
ပရော်ဖက်ရှင်နယ် တစ်ဦး
Cameraမဖွင့်ရဲဘူးလို့ ဘယ်သူပြောလဲ
သူမ ကင်မရာဖွင့်လိုက်ပြီ
Cherryကို အနည်းငယ်ရင်းနှီးနေပုံပဲ
Tanya Turner
💔💔💔
ရှင့်ရဲ့ စျေးနှုန်းကို ပြောပါ၊ Mr Hunt
Rachel Wood၊ နင့်ရဲ့ အရှက်မရှိမျက်နှာနဲ့ ဝေးဝေးသွား
ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၃ )
🥰🥰🥰
ကျွန်တော့သားကို ဘာလို့ အရမ်းစိတ်၀င်စားနေရတာလဲ။
နင်က ဆိုးတဲ့ မိန်းကလေး တစ်ယောက်။
လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်
ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။
တစ်ထပ်ထဲ တူတဲ့ ကလေး။
သူမသည် မစ္စစ်Huntဖြစ်ရန် အရည်အချင်းပြည့်မီပါသလား။
ဘေးကလူ
တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ
Wet Dream
နင် ဘယ်လိုလုပ် ယောက်ျားလေး ဖြစ်သွားတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်။
Sweetcherryရဲ့ ပုတ်ခတ်ပြောဆိုမှုကြောင့် တိုးလာသောလူများ။
Nora Smithက ငွေရှာပေးတဲ့သူ
အမြတ်များ
မစ္စတာ Hunt ဒီနေ့ ရူးသွားတာလား။
မွေးနေ့လက်ဆောင်
မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...
အဖေ့အတွက် မွေးနေ့လက်ဆောင်
အပိုင်း ( ၁၀၆ )- Sweetcherry က ရေပန်းစားနေသည်~
အပိုင်း ( ၁၀၇ ) - ချယ်ရီသေးသေးလေးက အခု နာမည်ကြီးနေပြီ။
အပိုင်း ( ၁၀၄ )- အဖေ့မွေးနေ့ပွဲကို ကျင်းပနဲ့တော့
အပိုင်း ( ၁၀၅ )-အဖေ၊ တကယ်တော့ မင်းမှာ သမီးတစ်ယောက်ရှိသေးတယ်။
အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။
အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။
တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။
ဒါက တကယ်ကို Peteပဲ
Sponsor Daddyဆိုတာ ကိရိယာတစ်ခုလား။
သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!
Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။
ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း
Bossy CEO၊ Yo~
သူ့တွင် ကလေးရှိလျှင်
ငါ့အဖေက Justin Hunt။
ခင်ဗျားကျတော့ ကောင်းကင်ကို သွားပြီး မေးကြည့်ရုံတင်
😁😁😁
အပိုင်း ( ၁၂၁ )- နူးညံ့ပြီး ချစ်စရာကောင်း‌သောသမီး။
အပိုင်း ( ၁၂၂ ) - သူက အရင်ထဲက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီ
အပိုင်း ( ၁၂၃ ) - ကြင်နာတတ်တဲ့ အဖေ နဲ့ နာခံမှုရှိတဲ့ သမီး
အပိုင်း (၁၂၄) - Carefree Pillsရဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများ
အပိုင်း ( ၁၂၅ ) - Lowesမိသားစု ဒေဝါလီခံရလုနီးပါးဖြစ်ခြင်း
အပိုင်း ( ၁၂၆ ) - Mrs.Levin ကို သူ့စကားကြောင့် သူပြန်အရှက်ရခြင်း
အပိုင်း ( ၁၂၇ ) - သူမကို လက်ထပ်ဖို့လား။
အပိုင်း ( ၁၂၈ ) - အမေက ခွေးပေါက်လေးတွေကို ကြိုက်တယ်~
အပိုင်း ( ၁၂၉ ) - နောက်ကွယ်က အမှန်တရား
အပိုင်း ( ၁၃၀ )
အပိုင်း ( ၁၃၁ )- မေမေနှင့်သမီး ၂ယောက်သား တွေ့ဆုံခြင်း
အပိုင်း ( ၁၃၂ ) - အမေ၊ သမီးကို ထားမသွားပါနဲ့...
အပိုင်း ( ၁၃၃ ) - သူတို့က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် တူတယ်။
အပိုင်း ( ၁၃၄ ) - သူ့သား ~
အပိုင်း ( ၁၃၅ ) - သူတို့က လက်ထပ်ပြီးသွားကြပြီလား
အပိုင်း ( ၁၃၆ ) - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ
အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။
အပိုင်း ( ၁၃၈) - အကူအညီပေးဖို့ လာပြီ~
အပိုင်း ( ၁၃၉ ) - Hillary သူ့သေတွင်း သူတူးခြင်း။
အပိုင်း ( ၁၄၀ )- အဓိပ္ပါယ်မရှိ စွန့်လွတ်ခြင်း
အပိုင်း ( ၁၄၁ ) - ချယ်ရီ ဆေးရုံတက်နေရတယ်~
အပိုင်း ( ၁၄၂ ) - Joel Smith အသဲကွဲနေတယ်။
အပိုင်း ( ၁၄၃ ) - Mr. Hunt နဲ့ မစ္စ Smith ရဲ့ဆက်ဆံရေးကဘာလဲ။
အပိုင်း ( ၁၄၄ ) - Nora သည် နားလည်မှုလွဲမှားနေတာကို အမုန်းဆုံး။
အပိုင်း ( ၁၄၅ ) - မွေးစားအမေ... Tanya???
အပိုင်း ( ၁၄၆ ) - သေးငယ်သောကမ္ဘာလေးတစ်ခု
အပိုင်း ( ၁၄၇ ) - သူတို့က တကယ် အဖေနှင့်သမီး တော်တာလား။
အပိုင်း ( ၁၄၈ ) - ဟုတ်တယ်၊ ငါ နင့်ကို အနိုင်ကျင့်တယ်။ အဲ့တော့ ဘာဖြစ်လဲ?
အပိုင်း ( ၁၄၉ ) - လူတွေ့စစ်ဆေးခြင်း သတိပေးချက်
အပိုင်း ( ၁၅၀ ) - အတွေ့များနေသော ကားအမျိုးအစား
အပိုင်း ( ၁၅၁ ) - ဝင်ခွင့်ရလဒ်များ ထွက်ပြီ။
အပိုင်း ( ၁၅၂ ) - အကျော်ကြားဆုံးလမ်းညွှန်ဆရာ။
အပိုင်း ( ၁၅၃ ) - ငါက သူ့အဖေပဲ
အပိုင်း ( ၁၅၄ )- ရောင်းပါ။
အပိုင်း ( ၁၅၅ ) - သူသည် သူ့သမီး၏ကျွန်ဖြစ်တယ်
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၆ )
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၈ )
အပိုင်း ( ၁၅၉ )
အပိုင်း ( ၁၆၀ )
အပိုင်း ( ၁၆၁ )
အပိုင်း ( ၁၆၂ )
အပိုင်း ( ၁၆၃ )
အပိုင်း ( ၁၆၄ )
အပိုင်း ( ၁၆၅ . ၁၆၆ )
အပိုင်း ( ၁၆၇ )
အပိုင်း ( ၁၆၈ )
အပိုင်း ( ၁၆၉ )
အပိုင်း ( ၁၇၀ )
အပိုင်း ( ၁၇၁ )
အပိုင်း ( ၁၇၂ )
အပိုင်း ( ၁၇၃ )
အပိုင်း ( ၁၇၄ )
အပိုင်း ( ၁၇၅ )
အပိုင်း ( ၁၇၆ )
အပိုင်း ( ၁၇၇ )
အပိုင်း ( ၁၇၈ )
အပိုင်း ( ၁၇၉ )
အပိုင်း ( ၁၈၀ )

အပိုင်း ( ၁၀၈ ) - ဖေဖေ၊ အိပ်ပျော်နေပြီလား။

2.2K 295 2
By Ichika2104

အပိုင္း ( ၁၀၈ ) - ေဖေဖ၊ အိပ္ေပ်ာ္ေနၿပီလား။

ညက တျဖည္းျဖည္းနဲ႔ ပိုၿပီးညဥ့္နက္လာခဲ့ၿပီ။

Pete အခုေလာေလာဆယ္ သူ႔စားပြဲခုံေပၚမွာ သူ႔ဘာသာသူ စာဖတ္ေနတယ္။ သူလဲ Justin ေျပာတာကို ၾကားေတာ့ သူ႔ကို ေမာ့ၾကည့္ၿပီး သူ႔ေရွ႕က ပုလင္းေတြကိုလဲ တစ္ခ်က္ၾကဘ့္လိုက္သည္။ သူ ထိုပုလင္းေတြကို ယူၿပီး အဖုံးဖြင့္ၾကည့္လိုက္တယ္။ ေနာက္ေတာ့ သူက ခ်က္ခ်င္းဆိုသလိုပဲ ခြန္းတုံ႔ျပန္လိုက္တယ္။ 

"ကြၽန္ေတာ္ အဲဒါေတြ မယူဘူး "

Justin က “…ဒီဗီတာမင္ေတြက အာဟာရဓာတ္ ျဖည့္တဲ့ေဆးေတြ။  မင္း ဒါေတြကို ယူထားရမယ္။"

Pete က ခဏေလာက္ၿငိမ္ေနၿပီး ၿပီးမွ

"ဒါေတြက  ဦးေႏွာက္စြမ္းအားကိုေကာ ျမႇင့္တင္ေပးႏိုင္လား"

"... ျဖစ္ႏိုင္လား?"

သူေျပာၿပီးတာနဲ႔ Pete က ပုလင္းေတြကို တြန္းၿပီး ေျပာလိုက္တယ္။

"ဒါဆို အဲဒါေတြကို တကယ္ အမ်ားႀကီး လိုအပ္ေနတာ ေဖေဖပဲ  "

Justin "?"

Justin သူ႔သားရဲ႕အေျပာေၾကာင့္ သူ႔မ်က္ႏွာက ခ်က္ခ်င္းဆိုသလိုပဲ မဲေမွာင္သြားကာ ‌“Pete Hunt!  ငါ့မွာ IQ 301ေတာင္ ရွိတယ္။"

IQ 301 ဆိုတာ ယခုေခတ္ လူေတြၾကားမွာ ရွိတဲ့ IQအျမင့္ဆုံးျဖစ္သည္။ 
သူက သူ႔ကိုယ္သူ အရမ္းကိန္းႀကီးခန္းႀကီး မႏိုင္ခ်င္တာေၾကာင့္ သူ႔ကိုယ္သူ ႏွိမ့္ခ်ၿပီး ေနခဲ့႐ုံသာမက သူ႔ရဲ႕ စာေမးပြဲ ရလဒ္ေတြတိုင္းကိုလဲ လူသိရွင္ၾကာူ ျဖစ္ေအာင္ မလုပ္ခဲ့ေပ။

Pete က သူ႔ကို မထီမဲ့ျမင္ စိုက္ၾကည့္ကာ “IQ ျမင့္တဲ့လူေတြက EQ နိမ့္တယ္လို႔ ေျပာၾကတယ္။  မွန္ေနတာပဲဟာ၊ ေဖေဖက အရမ္းEQနိမ့္လြန္းတယ္။အဲဒါေၾကာင့္ ေမေမ့ကို ရဖို႔ ေတာ္ေတာ္ၾကာေနတာ မဟုတ္လား ”

ဒီေန႔ ျပန္ဆုံဖို႔ ခ်ိန္းထားခဲ့ေပမယ့္ ေမေမ့ကို မေက်နပ္ေစျပန္ခဲ့ဘူးေလ။ဟြန္႔ ။ အဲသလိုကို EQနိမ့္ၿပီး ညံ့ေနတာ။

သူက ဗီတာမင္ပုလင္းႏွစ္ပုလင္းကို Justin ဆီ ထပ္တိုးေပးလိုက္ၿပီး

“ေန႔တိုင္းယူေသာက္ဖို႔ သတိရ။  သူတို႔က ေဖေဖ့ရဲ႕ ဦးေႏွာက္စြမ္းအားနဲ႔ EQ ႏွစ္ခုလုံးကို ျမႇင့္တင္ေပးႏိုင္တယ္။”

“…”

Justin သည္ Peteကို စူးစူးဝါးဝါးၾကည့္ကာ သူ႔အခန္းထဲမွ ျပန္ထြက္ခဲ့သည္။  အၿမဲတမ္း လိမၼာပါးနပ္ၿပီး ေတာ္ေသာ သူ႔အတြက္ Peteရဲ႕ စကားက သူ႔ရင္ဘတ္ကို နာက်င္ေစသည္အထိ ေဒါသထြက္ေနရသည္။ 

မစၥ Smith က ဒီေန႔ ယူလာေပးတဲ့  ကေလးမေလး အေၾကာင္းကို သူ မေတြးဘဲ မေနႏိုင္...

႐ိုး႐ိုးသားသား ေျပာရရင္ Cherryနဲ႔ မေတြ႕ဆုံခင္က သူ အဲ့ကေလးမေလးကို  နည္းနည္း မုန္းတီးခဲ့ပါတယ္။

ဆိုးသြမ္းေသာမိန္းမႏွင့္ ေသြးနီးစပ္ေသာ ကေလးျဖစ္သည္ကို ေတြးလိုက္တိုင္း သူ အနည္းငယ္ စိတ္မသက္မသာ ခံစားရေလသည္။  သူ Noraကို လက္ခံခဲ့ရင္ေတာင္ သူ႔မွာ တျခားေယာက္်ားနဲ႔ ရထားတဲ့ ကေလးတစ္ေယာက္ကို လက္ခံႏိုင္မွာ မဟုတ္ဘူးလို႔ သူထင္ခဲ့တယ္။

သို႔ေသာ္ အေၾကာင္းတစ္ခုခုေၾကာင့္ ဒီကေလးမေလးက  လူ႐ႊင္ေတာ္လို ျဖစ္ေအာင္ ျခယ္မႈန္းထားေသာ္လည္း သူမ၏အသံသည္ ခ်ိဳသာလြန္းလွသည္။  ရံဖန္ရံခါ ပုံမွန္မဟုတ္သည့္ အျဖစ္အပ်က္မ်ားက  သူ႔သားလုပ္သည့္ပုံအတိုင္း သူမက အသံထြက္တတ္သည္။

ကေလးမ်ားအားလုံးသည္ သူတို႔၏စာေၾကာင္းအဆုံးတြင္ 'yeah' ကိုထည့္တတ္လို႔လား။

ထို႔ေနာက္ သူမပါးစပ္မွာ နီရဲၿပီး အျပင္ဘက္ေတြကိုေတာင္ ျခယ္သထားသည့္အျပင္ သူမရဲ႕ ခ်ီးက်ဴးစကားမ်ားလဲ အဆက္မျပတ္ ေျပာေနသည့္အေၾကာင္းကို သူေတြးေနမိသည္။  သူမေျပာသည့္အရာမ်ားတြင္  ဥပမာအေနနဲ႔ သူ႔ကို 'မင္းသား Charming ထက္ေတာင္ ပိုေခ်ာေမာပုံ' ႏွင့္ သူရဲ႕ 'ဒီကမာၻမွာ ႐ုပ္ရည္အေခ်ာေမာဆုံး' တို႔သည္ အလြန္ရွင္းလင္းျပတ္သားေသာ္လည္း သူမေျပာသည့္အခ်ိန္တိုင္း အလြန္ နားေထာင္လို႔ေကာင္းလွသည္။

အဲဒါ အျပင္ သူ႔ကို အဲ့ကေလးမေလး လက္က အၿမဲတမ္း ဆုပ္ကိုင္ထားတတ္တယ္။

ကေလးမ်ား အားလုံး ေပ်ာ့ေပ်ာင္း ႏူးညံ့ၾကသည္။  သူက သူမလက္ကို တြန္းထုတ္ခ်င္ေပမယ့္ အဲလိုလုပ္မယ့္အစား သူလုပ္ခဲ့တဲ့အရာက သူကိုင္ထားတာက အရမ္းအားထည့္ထားခဲ့ရင္ သူမလက္ကို မေတာ္တဆ ခ်ိဳးမိမွာကို စိုးရိမ္တာေၾကာင့္ သူမကို ဂ႐ုတစိုက္ ဆုပ္ကိုင္ထားခဲ့တာပင္...

အဲဒီလိုအျဖစ္အပ်က္ေတြကို ႏႈိင္းယွဥ္ၿပီးေနာက္ အဲ့ကေလးမေလးက ပိုခ်စ္ဖို႔ေကာင္းပုံရတယ္။

တစ္ခ်ိဳ႕ နားမလည္ႏိုင္ေသာ အေၾကာင္းျပခ်က္ အခ်ိဳ႕ေၾကာင့္ Peteကို သမီးေလး ျဖစ္ေစခ်င္မိတယ္။ ခဏေလာက္ သူ႔အေတြးကို သူသတိထားမိလိုက္တဲ့အခ်ိန္မွာပဲ သူ႔ကိုယ္သူ လန္႔သြားမိတယ္။

Justin က သူ႔ရဲ႕ အဓိပၸာယ္မဲ့သည့္ အေတြးကို ခ်က္ခ်င္းပဲ ထုတ္လိုက္ေတာ့သည္။ သူက ဘယ္လိုသတၱိနဲ႔ ဘယ္လို စိတ္နဲ႔မ်ား သူ႔သားကို မိန္းကေလး ေျပာင္းခ်င္ေနမိရပါလိမ့္။ 

သူ႔အၾကည့္က သူနဲ႔အတူျပန္ယူလာတဲ့ 'ဗီတာမင္' ပုလင္းႏွစ္လုံးေပၚကို ေရာက္သြားတယ္။  ေနာက္ဆုံးေတာ့ သူက ပုလင္းကိုဖြင့္ၿပီး ေဆးႏွစ္လုံး ေသာက္လိုက္တယ္။

ေဆးေသာက္ၿပီးေနာက္ ေအးေအးသက္သာစြာ လွဲခ်လိုက္သည္။  ထို႔ေနာက္ ဒီေန႔ Sweetieရဲ႕ တိုက္႐ိုက္ထုတ္လႊင့္မႈကို သူ လြတ္သြားေၾကာင္း သတိရမိေတာ့သည္။

စဥ္းစားၾကည့္ေတာ့ Cherryကို Cherryလို႔ ေခၚတဲ့ သူေတြလည္း ရွိခဲ့တယ္။  တကယ္ဆို ဒီေန႔ လာလည္တဲ့ ေကာင္မေလး နဲ႔ အဲ့ကေလးမရဲ႕နာမည္က တူတယ္...

ဒီေကာင္မေလး အေၾကာင္းကို သူဘာလို႔ျပန္ေတြးေနရတာလဲ။

သူမက Nora ႏွင့္ အျခားေယာက္်ားတစ္ေယာက္ကေန ရလာတဲ့ ကေလးျဖစ္သည္။  သူက ဘာလို႔ အရမ္းဂ႐ုစိုက္ၿပီး အခုလို လြမ္းေနရတာလဲ။

Justin က သူ ေဆးအလုံအေလာက္ မေသာက္ရေသးဘူးလို႔ ခံစားရတယ္။

သူ႔ရဲ႕ ေဒါသကို ထိန္းလိုက္သည္။  သူ ဖုန္းကို ၾကည့္လိုက္ေတာ့ မေတာ္တဆ သူ႔ေဖ့စ္ဘြတ္ခ္အေကာင့္ကို ဖြင့္ၾကည့္လိုက္ရာ Chester က အဲဒီေန႔လည္က စုေဝးပြဲ ဓာတ္ပုံတစ္ပုံကို တင္ထားတာ ေတြ႕လိုက္ရတယ္။ ထိုဓာတ္ပုံတြင္ 'Happy birthday, Justin!  ငါ့လက္ေဆာင္ကို ႀကိဳက္လား'

'လက္ေဆာင္'...

သူ႔ရဲ႕ အေတြးက လက္ေဆာင္ေတြရဲ႕ ေခါင္းစဥ္ကို ဘာေၾကာင့္ ျပန္ေရာက္သြားတာလဲ။

Justin ေခ်ာင္းဟန္႔လိုက္ၿပီး Nora သူ႔ကို လက္ေဆာင္ေပးဖို႔ ေမ့ခဲ့တဲ့ အေၾကာင္းကို သတိထားမိသြားမဲ့ နည္းလမ္းကို သူေတြး‌ေနခဲ့တယ္။ 

သူထရပ္လိုက္ၿပီး သိုေလွာင္ခန္းထဲဝင္ကာ သူ႔ကိုယ္ပိုင္စုေဆာင္းမႈထဲက အရာတစ္ခ်ိဳ႕ကို က်ပန္းဓာတ္ပုံ႐ိုက္လိုက္တယ္။  အစြဲအလမ္းလြန္ကဲမႈေရာဂါ အနည္းငယ္ရွိသူသည္ ဓာတ္ပုံမ်ားကို အမ်ားႀကီး တင္မေနေတာ့ပဲ တစ္ပုံထဲ ျဖစ္ေအာင္ အကြက္၉ကြက္ပါတဲ့ ပုံကို ‌ျပင္လိုက္သည္။  ထို႔ေနာက္ 'ဒီေန႔ လက္ေဆာင္ေပးလို႔ ေက်းဇူးပါ' လို႔ ေရးသားလိုက္တယ္။

ထို႔ေနာက္ Nora ကိုသာျမင္ႏိုင္ေစရန္
ပို႔စ္ရဲ႕ ျမင္ေတြ႕ႏိုင္မဲ့လူအနည္းငယ္ ကိုသာ ေ႐ြးခ်ယ္ သတ္မွတ္ခဲ့သည္။

သူ ဓာတ္ပုံတင္ၿပီးေနာက္ ဖုန္းကို ေဘးသို႔ ပစ္ခ်လိုက္သည္။ အစက သူ အလုပ္မလုပ္ပဲ သူ႔သားနဲ႔သာ အခ်ိန္ကုန္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ အမ်ိဳးသားက သူ႔လက္ေတာ့ပ္ကို ေကာက္ကိုင္လိုက္ၿပီး သူ အျခားအေတြးေတြကို အာ႐ုံမစိုက္မိေအာင္ အလုပ္ေတြကို လုပ္ဖို႔သာ ဆုံးျဖတ္လိုက္တယ္။

သို႔ေသာ္ တစ္မိနစ္ေလာက္ၾကာေတာ့ သူ႔ဖုန္းကို ေကာက္ကိုင္ၾကည့္လိုက္ျပန္တယ္။

ဖုန္းတြင္ Notiေလး တစ္စုံတစ္ရာေလးေတာင္ မရွိေနပါ။ ဘာပဲျဖစ္ျဖစ္ သူမက သတိမထားမိလို႔ သူ႔ကို အေၾကာင္းမၾကားေသးတာ ျဖစ္မယ္လို႔ ေတြးမိလိုက္ၿပီး ဖုန္းကို ခ်လိုက္ျပန္တယ္။

ေနာက္ၿပီး သူက ဘာေၾကာင့္ ဒီလိုအရာေလးကို အရမ္းစိတ္လႈပ္ရွားေနရတာလဲ။  သူ မစၥ Smith ကို သတိေပးခ်င္တဲ့ အေၾကာင္းက သူမက သူ႔အတြက္ ေမြးေန႔လက္ေဆာင္ကို ေပးရန္ ေနာက္ထပ္
အခြင့္အေရးေပးခ်င္လို႔သာ ျဖစ္သည္။ 

ဥပမာအားျဖင့္၊ သူမသည္ 'အိုး၊ ကြၽန္မ
ရွင့္အတြက္ လက္ေဆာင္ေပးဖို႔ ေမ့သြားတယ္' လို႔ မွတ္ခ်က္ေရးထားႏိုင္တယ္။

ထို႔ေနာက္ သူက “အဆင္ေျပပါတယ္၊ ကြၽန္ေတာ္ အနီးနား တစ္ဝိုက္ကို အလုပ္ကိစၥနဲ႔ သြားစရာ ရွိတယ္ေလ။  အဲဒါ ကြၽနေတာ္ လာယူလိုက္ပါ့မယ္"

အိုး၊ ဒါေပမယ့္ သူကိုယ္တိုင္ သြားယူဖို႔ သူမကို ေျပာတာက သိပ္မူမမွန္ဘူး။  အဲဒါက သူကပဲ သူမဆီက လက္ေဆာင္ကို အတင္းေတာင္းေနသလို ျဖစ္ေနတယ္။ 

'အဲ့အနီးနားကို ကြၽန္ေတာ္ အလုပ္ကိစၥနဲ႔ လာစရာရွိ‌တယ္ေလ' လို႔ပဲ ေျပာလိုက္မယ္။ လာ၀င္ယူမယ္တို႔ ဘာတို႔ ထပ္မေျပာေတာ့ဖို႔ကို သူဆုံးျဖတ္လိုက္တယ္။ 

သူ ေတြးရင္းနဲ႔ ေနာက္ထပ္ငါးမိနစ္ေလာက္ ကုန္သြားတယ္။  Justin သူ႔ရဲ႕ဖုန္းကို ထပ္မံ ေကာင္ကိုင္လိုက္ေသာ္လည္း အေၾကာင္းၾကားခ်က္ တစ္စုံတစ္ရာက မရွိေသးပါ။

မ်က္ေမွာင္ၾကဳတ္ကာ ဖုန္းကိုသာ စူးစိုက္ ၾကည့္ေနသည္။

နာရီဝက္အၾကာ။

ေနာက္ဆုံးတြင္ သူသည္ သတိေပးခ်က္တစ္ခုရခဲ့ပါသည္—သတိေပးခ်က္မ်ားတြင္ အနီေရာင္ '1' ဆိုတာေလး ရွိသည္။

Justinရဲ႕ ႏႈတ္ခမ္းေထာင့္မ်ားသည္ အေပၚသို႔ တြန႔္ေကြးသြားကာ သူ႔ရဲ႕ သြယ္လ်ေသာ လက္ေခ်ာင္းမ်ားက ဖုန္းကို ႏွိပ္လိုက္ၿပီး ဖြင့္ၾကည့္လိုက္သည္။ ထို   အေၾကာင္းၾကားခ်က္ကို  ႏွိပ္လိုက္ေသာအခါတြင္ သူ႔ႏွလုံးခုန္သံပင္ ခုန္ေနခဲ့သည္။

ထို႔ေနာက္ 'Nora Smith likes your post' ဆိုတဲ့ စကားလုံးကိုသာ သူေတြ႕လိုက္ရတယ္။

“…”

Justin ထိုသတိေပးခ်က္ကို သူ ေၾကာင္အကာ  အခ်ိန္အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့မိသည္။  ထို႔ေနာက္ ေဒါသတႀကီးျဖင့္ ဖုန္းကို ခ်လိုက္သည္။

ည ၈ နာရီ။

တိုက္႐ိုက္ထုတ္လႊင့္မႈappရဲ႕ တာဝန္ခံက  ႀကီးၾကပ္ေရးမႉးကို ေခၚကာ ေျပာလိုက္သည္။  “ဆရာ၊ ျမန္ျမန္ ေဖ့စ္ဘုတ္ကို ၾကည့္လိုက္ဦး”

အခုမွ အိမ္ျပန္ေရာက္တဲ့ ႀကီးၾကပ္ေရးမႉးက ႐ုတ္တရက္ ဆိုး႐ြားတဲ့ ခံစားခ်က္ကို ခံစားလိုက္ရတယ္။  ေနာက္ထပ္ hashtag ျဖစ္တဲ့ #fantasiaclaimssweetcherryisfake က အခုေရပန္းစားေနတာေတြ႕ေတာ့ သူက ေဖ့စ္ဘုတ္ကို အျမန္ဖြင့္လိုက္တယ္။

Fantasiaက သူတို႔ဆီမွာ စာရင္းသြင္းထားေသာ တိုက္႐ိုက္ထုတ္လႊင့္သူလည္းျဖစ္သည္။  သို႔ေသာ္လည္း သူမသည္
ဂိမ္းခ်န္နယ္မ်ားတြင္သာမက ေဖ်ာ္ေျဖေရးခ်န္နယ္မ်ားတြင္ပါ ပါဝင္ခဲ့သည္။  သူမသည္ ခ်မ္းသာေသာ မိသားစုမွ အမ်ိဳးသမီးငယ္တစ္ဦးဟု ယူဆလို႔ရသည္။

ဒီေန႔ သူ႔ရဲ႕ live stream မွာ တစ္ေယာက္ေယာက္က သူမကို sweetcherry အေၾကာင္း comment မွာ ေမးခဲ့ပါတယ္။  သူမက ခ်က္ခ်င္းျပန္ေျဖတယ္ "အိုး၊ Cherry။  သူနဲ႔တူတဲ့ မင္းသမီးေလးရဲ႕ ေနာက္ခံသမိုင္းေၾကာင္းကို ယုံေနတာလား။  စစ္မွန္ၿပီး ခ်မ္းသာ တဲ့ မိသားစုေတြက သူတို႔ရဲ႕ သားသမီးေတြကို အသက္ ၅ ႏွစ္သားအ႐ြယ္မွာ အဲလိုမ်ိဳး လူေရွ႕သူေရွ႕ မ်က္ႏွာျပဖို႔ ဘယ္ေတာ့မွ ခြင့္မျပဳထားၾကဘူး။ ငါေတာင္ တိုက္႐ိုက္ထုတ္လႊင့္မႈကို လုပ္ဖို႔ မိသားစုနဲ႔ အခ်ိန္အၾကာႀကီး တိုက္ခိုက္ထားရတာ!"

Sweetcherrရဲ႕ ေနာက္ခံအေၾကာင္းသည္ အတုအေယာင္ျဖစ္ၿပီး သူမသည္ သူမအား အထင္ႀကီးေစရန္အတြက္ စီမံခန႔္ခြဲေရးကုမၸဏီမွ ဖန္တီးထားသည့္ ပုံတစ္ခုသာျဖစ္ေၾကာင္း သူမ၏စကားမ်ားက ၫႊန္ျပခဲ့သည္။

Sweet Cherryရဲ႕ လူႀကိဳက္မ်ားမႈေၾကာင့္ သူမေျပာခဲ့ေသာ ပို႔စ္သည္ ထိပ္တန္းေရပန္းစားေနေသာ အေၾကာင္းအရာ 20 ခုအထိ တိုက္႐ိုက္႐ိုက္ခတ္သြားခဲ့သည္။

တာဝန္ခံက “ဒါကို ငါတို႔ ဘာလုပ္သင့္လဲ” လို႔ တုန္လႈပ္ေျခာက္ျခားစြာ ေမးလိုက္တယ္။

ႀကီးၾကပ္ေရးမႉးက မ်က္ေမွာင္ၾကဳတ္ၿပီး ျပန္ေျပာလိုက္တယ္ “ဒါက ေက်ာ္ၾကားမႈကို ရဖို႔ ႀကိဳးစားတဲ့ ကြဲျပားတဲ့နည္းလမ္းလို႔လည္း ေျပာလို႔ရတယ္။  ဒါေပမယ့္ Fantasia က လက္ရွိအခ်ိန္ထိ ဘယ္သူမဆို လူႀကိဳက္မ်ားတဲ့ ေခါင္းစဥ္တစ္ခုအျဖစ္ ေရပန္းစားေနတာပဲေလ။  သူမကိုသတိသာ ေပးထားလိုက္။"

တာဝန္ခံက “ဟုတ္ကဲ့၊ ရပါၿပီ။  Sweetcherryက ယခုႏွစ္မွာ ကြၽန္ေတာ္တို႔ရဲ႕ ထင္ျမင္ယူဆခ်က္အရ အလားအလာ အေကာင္းဆုံး တိုက္႐ိုက္ထုတ္လႊင့္သူျဖစ္ေနတယ္။  အဲဒါအျပင္ သူမက အခုမွ၅ႏွစ္ပဲ ရွိေသးတယ္။ သူမက တျခား ကေလးေတြထက္ သြက္လက္ၿပီး ႐ႊင္ျမဴးစရာလဲ ေကာင္းတယ္။Fantasiaကိုလဲ နာမည္ မက်သြားေအာင္ လုပ္ရမယ္။"

သူတို႔ရဲ႕ ေဆြးေႏြးမႈအေၾကာင္းအရာျဖစ္တဲ့ Cherryက လက္ရွိအခ်ိန္မွာ သူမက သူတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈကို ထိန္းသိမ္းထားႏိုင္ဖို႔ Facebook Messenger မွာ 'အဘိုး' ထံ စတစ္ကာအခ်ိဳ႕ ေပးပို႔ၿပီးေနာက္ သူမက "ေမေမ၊ ဒီေန႔ Facebook မွာ ေဖေဖ့ကို ထည့္ေပးလိုက္ၿပီေနာ္။ သမီး သူ႔ကို ဘာေျပာရမလဲ"

စဥ္းစားၿပီးေနာက္ 'ေဖေဖ အိပ္ေပ်ာ္ေနၿပီလား' ဟု ေလးေလးနက္နက္နဲ႔ မက္ေဆ့ခ်္ေရးခဲ့သည္။

သူမရဲ႕ မက္ေဆ့ခ်္က Justin ရဲ႕ စိတ္ထဲမွာ ေမးခြန္း အမွတ္အသားေတြနဲ႔ ခ်က္ခ်င္း ျပည့္သြားေစခဲ့ပါတယ္ ။

သူသည္ Nora ကို အလြန္အသည္းႏွလုံးမရွိသည့္အတြက္ စိတ္ထဲ ေနလို႔ မေကာင္း ျဖစ္ေနေသးေသာေၾကာင့္ သူ႔ေဒါသေတြ အဲ့ကေလးေပၚ ေရာက္သြားေတာ့တယ္။ သူ႔ကို Daddyလို႔ ဘယ္သူက ေခၚခြင့္ျပဳထားလို႔လဲ။ 

Justin က "ငါက မင္းအေဖမဟုတ္ဘူး" လို႔ ေအးစက္စြာ ျပန္ေျဖလိုက္တယ္။

ထို႔ေနာက္ Cherry ကို Facebook တြင္Blockလိုက္ေတာ့သည္။

ဒီဆိုးသြမ္းတဲ့ မိန္းမမွာ ရွိတဲ့ ကေလးကို သူ လက္ခံမွာ မဟုတ္ဘူး။  အလကားရရင္ေတာင္ မရဘူး! 

Unicode

အပိုင်း ( ၁၀၈ ) - ဖေဖေ၊ အိပ်ပျော်နေပြီလား။

ညက တဖြည်းဖြည်းနဲ့ ပိုပြီးညဥ့်နက်လာခဲ့ပြီ။

Pete အခုလောလောဆယ် သူ့စားပွဲခုံပေါ်မှာ သူ့ဘာသာသူ စာဖတ်နေတယ်။ သူလဲ Justin ပြောတာကို ကြားတော့ သူ့ကို မော့ကြည့်ပြီး သူ့ရှေ့က ပုလင်းတွေကိုလဲ တစ်ချက်ကြဘ့်လိုက်သည်။ သူ ထိုပုလင်းတွေကို ယူပြီး အဖုံးဖွင့်ကြည့်လိုက်တယ်။ နောက်တော့ သူက ချက်ချင်းဆိုသလိုပဲ ခွန်းတုံ့ပြန်လိုက်တယ်။ 

"ကျွန်တော် အဲဒါတွေ မယူဘူး "

Justin က “…ဒီဗီတာမင်တွေက အာဟာရဓာတ် ဖြည့်တဲ့ဆေးတွေ။  မင်း ဒါတွေကို ယူထားရမယ်။"

Pete က ခဏလောက်ငြိမ်နေပြီး ပြီးမှ

"ဒါတွေက  ဦးနှောက်စွမ်းအားကိုကော မြှင့်တင်ပေးနိုင်လား"

"... ဖြစ်နိုင်လား?"

သူပြောပြီးတာနဲ့ Pete က ပုလင်းတွေကို တွန်းပြီး ပြောလိုက်တယ်။

"ဒါဆို အဲဒါတွေကို တကယ် အများကြီး လိုအပ်နေတာ ဖေဖေပဲ  "

Justin "?"

Justin သူ့သားရဲ့အပြောကြောင့် သူ့မျက်နှာက ချက်ချင်းဆိုသလိုပဲ မဲမှောင်သွားကာ ‌“Pete Hunt!  ငါ့မှာ IQ 301တောင် ရှိတယ်။"

IQ 301 ဆိုတာ ယခုခေတ် လူတွေကြားမှာ ရှိတဲ့ IQအမြင့်ဆုံးဖြစ်သည်။ 
သူက သူ့ကိုယ်သူ အရမ်းကိန်းကြီးခန်းကြီး မနိုင်ချင်တာကြောင့် သူ့ကိုယ်သူ နှိမ့်ချပြီး နေခဲ့ရုံသာမက သူ့ရဲ့ စာမေးပွဲ ရလဒ်တွေတိုင်းကိုလဲ လူသိရှင်ကြာူ ဖြစ်အောင် မလုပ်ခဲ့ပေ။

Pete က သူ့ကို မထီမဲ့မြင် စိုက်ကြည့်ကာ “IQ မြင့်တဲ့လူတွေက EQ နိမ့်တယ်လို့ ပြောကြတယ်။  မှန်နေတာပဲဟာ၊ ဖေဖေက အရမ်းEQနိမ့်လွန်းတယ်။အဲဒါကြောင့် မေမေ့ကို ရဖို့ တော်တော်ကြာနေတာ မဟုတ်လား ”

ဒီနေ့ ပြန်ဆုံဖို့ ချိန်းထားခဲ့ပေမယ့် မေမေ့ကို မကျေနပ်စေပြန်ခဲ့ဘူးလေ။ဟွန့် ။ အဲသလိုကို EQနိမ့်ပြီး ညံ့နေတာ။

သူက ဗီတာမင်ပုလင်းနှစ်ပုလင်းကို Justin ဆီ ထပ်တိုးပေးလိုက်ပြီး

“နေ့တိုင်းယူသောက်ဖို့ သတိရ။  သူတို့က ဖေဖေ့ရဲ့ ဦးနှောက်စွမ်းအားနဲ့ EQ နှစ်ခုလုံးကို မြှင့်တင်ပေးနိုင်တယ်။”

“…”

Justin သည် Peteကို စူးစူးဝါးဝါးကြည့်ကာ သူ့အခန်းထဲမှ ပြန်ထွက်ခဲ့သည်။  အမြဲတမ်း လိမ္မာပါးနပ်ပြီး တော်သော သူ့အတွက် Peteရဲ့ စကားက သူ့ရင်ဘတ်ကို နာကျင်စေသည်အထိ ဒေါသထွက်နေရသည်။ 

မစ္စ Smith က ဒီနေ့ ယူလာပေးတဲ့  ကလေးမလေး အကြောင်းကို သူ မတွေးဘဲ မနေနိုင်...

ရိုးရိုးသားသား ပြောရရင် Cherryနဲ့ မတွေ့ဆုံခင်က သူ အဲ့ကလေးမလေးကို  နည်းနည်း မုန်းတီးခဲ့ပါတယ်။

ဆိုးသွမ်းသောမိန်းမနှင့် သွေးနီးစပ်သော ကလေးဖြစ်သည်ကို တွေးလိုက်တိုင်း သူ အနည်းငယ် စိတ်မသက်မသာ ခံစားရလေသည်။  သူ Noraကို လက်ခံခဲ့ရင်တောင် သူ့မှာ တခြားယောက်ျားနဲ့ ရထားတဲ့ ကလေးတစ်ယောက်ကို လက်ခံနိုင်မှာ မဟုတ်ဘူးလို့ သူထင်ခဲ့တယ်။

သို့သော် အကြောင်းတစ်ခုခုကြောင့် ဒီကလေးမလေးက  လူရွှင်တော်လို ဖြစ်အောင် ခြယ်မှုန်းထားသော်လည်း သူမ၏အသံသည် ချိုသာလွန်းလှသည်။  ရံဖန်ရံခါ ပုံမှန်မဟုတ်သည့် အဖြစ်အပျက်များက  သူ့သားလုပ်သည့်ပုံအတိုင်း သူမက အသံထွက်တတ်သည်။

ကလေးများအားလုံးသည် သူတို့၏စာကြောင်းအဆုံးတွင် 'yeah' ကိုထည့်တတ်လို့လား။

ထို့နောက် သူမပါးစပ်မှာ နီရဲပြီး အပြင်ဘက်တွေကိုတောင် ခြယ်သထားသည့်အပြင် သူမရဲ့ ချီးကျူးစကားများလဲ အဆက်မပြတ် ပြောနေသည့်အကြောင်းကို သူတွေးနေမိသည်။  သူမပြောသည့်အရာများတွင်  ဥပမာအနေနဲ့ သူ့ကို 'မင်းသား Charming ထက်တောင် ပိုချောမောပုံ' နှင့် သူရဲ့ 'ဒီကမ္ဘာမှာ ရုပ်ရည်အချောမောဆုံး' တို့သည် အလွန်ရှင်းလင်းပြတ်သားသော်လည်း သူမပြောသည့်အချိန်တိုင်း အလွန် နားထောင်လို့ကောင်းလှသည်။

အဲဒါ အပြင် သူ့ကို အဲ့ကလေးမလေး လက်က အမြဲတမ်း ဆုပ်ကိုင်ထားတတ်တယ်။

ကလေးများ အားလုံး ပျော့ပျောင်း နူးညံ့ကြသည်။  သူက သူမလက်ကို တွန်းထုတ်ချင်ပေမယ့် အဲလိုလုပ်မယ့်အစား သူလုပ်ခဲ့တဲ့အရာက သူကိုင်ထားတာက အရမ်းအားထည့်ထားခဲ့ရင် သူမလက်ကို မတော်တဆ ချိုးမိမှာကို စိုးရိမ်တာကြောင့် သူမကို ဂရုတစိုက် ဆုပ်ကိုင်ထားခဲ့တာပင်...

အဲဒီလိုအဖြစ်အပျက်တွေကို နှိုင်းယှဥ်ပြီးနောက် အဲ့ကလေးမလေးက ပိုချစ်ဖို့ကောင်းပုံရတယ်။

တစ်ချို့ နားမလည်နိုင်သော အကြောင်းပြချက် အချို့ကြောင့် Peteကို သမီးလေး ဖြစ်စေချင်မိတယ်။ ခဏလောက် သူ့အတွေးကို သူသတိထားမိလိုက်တဲ့အချိန်မှာပဲ သူ့ကိုယ်သူ လန့်သွားမိတယ်။

Justin က သူ့ရဲ့ အဓိပ္ပာယ်မဲ့သည့် အတွေးကို ချက်ချင်းပဲ ထုတ်လိုက်တော့သည်။ သူက ဘယ်လိုသတ္တိနဲ့ ဘယ်လို စိတ်နဲ့များ သူ့သားကို မိန်းကလေး ပြောင်းချင်နေမိရပါလိမ့်။ 

သူ့အကြည့်က သူနဲ့အတူပြန်ယူလာတဲ့ 'ဗီတာမင်' ပုလင်းနှစ်လုံးပေါ်ကို ရောက်သွားတယ်။  နောက်ဆုံးတော့ သူက ပုလင်းကိုဖွင့်ပြီး ဆေးနှစ်လုံး သောက်လိုက်တယ်။

ဆေးသောက်ပြီးနောက် အေးအေးသက်သာစွာ လှဲချလိုက်သည်။  ထို့နောက် ဒီနေ့ Sweetieရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို သူ လွတ်သွားကြောင်း သတိရမိတော့သည်။

စဉ်းစားကြည့်တော့ Cherryကို Cherryလို့ ခေါ်တဲ့ သူတွေလည်း ရှိခဲ့တယ်။  တကယ်ဆို ဒီနေ့ လာလည်တဲ့ ကောင်မလေး နဲ့ အဲ့ကလေးမရဲ့နာမည်က တူတယ်...

ဒီကောင်မလေး အကြောင်းကို သူဘာလို့ပြန်တွေးနေရတာလဲ။

သူမက Nora နှင့် အခြားယောက်ျားတစ်ယောက်ကနေ ရလာတဲ့ ကလေးဖြစ်သည်။  သူက ဘာလို့ အရမ်းဂရုစိုက်ပြီး အခုလို လွမ်းနေရတာလဲ။

Justin က သူ ဆေးအလုံအလောက် မသောက်ရသေးဘူးလို့ ခံစားရတယ်။

သူ့ရဲ့ ဒေါသကို ထိန်းလိုက်သည်။  သူ ဖုန်းကို ကြည့်လိုက်တော့ မတော်တဆ သူ့ဖေ့စ်ဘွတ်ခ်အကောင့်ကို ဖွင့်ကြည့်လိုက်ရာ Chester က အဲဒီနေ့လည်က စုဝေးပွဲ ဓာတ်ပုံတစ်ပုံကို တင်ထားတာ တွေ့လိုက်ရတယ်။ ထိုဓာတ်ပုံတွင် 'Happy birthday, Justin!  ငါ့လက်ဆောင်ကို ကြိုက်လား'

'လက်ဆောင်'...

သူ့ရဲ့ အတွေးက လက်ဆောင်တွေရဲ့ ခေါင်းစဉ်ကို ဘာကြောင့် ပြန်ရောက်သွားတာလဲ။

Justin ချောင်းဟန့်လိုက်ပြီး Nora သူ့ကို လက်ဆောင်ပေးဖို့ မေ့ခဲ့တဲ့ အကြောင်းကို သတိထားမိသွားမဲ့ နည်းလမ်းကို သူတွေး‌နေခဲ့တယ်။ 

သူထရပ်လိုက်ပြီး သိုလှောင်ခန်းထဲဝင်ကာ သူ့ကိုယ်ပိုင်စုဆောင်းမှုထဲက အရာတစ်ချို့ကို ကျပန်းဓာတ်ပုံရိုက်လိုက်တယ်။  အစွဲအလမ်းလွန်ကဲမှုရောဂါ အနည်းငယ်ရှိသူသည် ဓာတ်ပုံများကို အများကြီး တင်မနေတော့ပဲ တစ်ပုံထဲ ဖြစ်အောင် အကွက်၉ကွက်ပါတဲ့ ပုံကို ‌ပြင်လိုက်သည်။  ထို့နောက် 'ဒီနေ့ လက်ဆောင်ပေးလို့ ကျေးဇူးပါ' လို့ ရေးသားလိုက်တယ်။

ထို့နောက် Nora ကိုသာမြင်နိုင်စေရန်
ပို့စ်ရဲ့ မြင်တွေ့နိုင်မဲ့လူအနည်းငယ် ကိုသာ ရွေးချယ် သတ်မှတ်ခဲ့သည်။

သူ ဓာတ်ပုံတင်ပြီးနောက် ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။ အစက သူ အလုပ်မလုပ်ပဲ သူ့သားနဲ့သာ အချိန်ကုန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားက သူ့လက်တော့ပ်ကို ကောက်ကိုင်လိုက်ပြီး သူ အခြားအတွေးတွေကို အာရုံမစိုက်မိအောင် အလုပ်တွေကို လုပ်ဖို့သာ ဆုံးဖြတ်လိုက်တယ်။

သို့သော် တစ်မိနစ်လောက်ကြာတော့ သူ့ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ပြန်တယ်။

ဖုန်းတွင် Notiလေး တစ်စုံတစ်ရာလေးတောင် မရှိနေပါ။ ဘာပဲဖြစ်ဖြစ် သူမက သတိမထားမိလို့ သူ့ကို အကြောင်းမကြားသေးတာ ဖြစ်မယ်လို့ တွေးမိလိုက်ပြီး ဖုန်းကို ချလိုက်ပြန်တယ်။

နောက်ပြီး သူက ဘာကြောင့် ဒီလိုအရာလေးကို အရမ်းစိတ်လှုပ်ရှားနေရတာလဲ။  သူ မစ္စ Smith ကို သတိပေးချင်တဲ့ အကြောင်းက သူမက သူ့အတွက် မွေးနေ့လက်ဆောင်ကို ပေးရန် နောက်ထပ်
အခွင့်အရေးပေးချင်လို့သာ ဖြစ်သည်။ 

ဥပမာအားဖြင့်၊ သူမသည် 'အိုး၊ ကျွန်မ
ရှင့်အတွက် လက်ဆောင်ပေးဖို့ မေ့သွားတယ်' လို့ မှတ်ချက်ရေးထားနိုင်တယ်။

ထို့နောက် သူက “အဆင်ပြေပါတယ်၊ ကျွန်တော် အနီးနား တစ်ဝိုက်ကို အလုပ်ကိစ္စနဲ့ သွားစရာ ရှိတယ်လေ။  အဲဒါ ကျွနတော် လာယူလိုက်ပါ့မယ်"

အိုး၊ ဒါပေမယ့် သူကိုယ်တိုင် သွားယူဖို့ သူမကို ပြောတာက သိပ်မူမမှန်ဘူး။  အဲဒါက သူကပဲ သူမဆီက လက်ဆောင်ကို အတင်းတောင်းနေသလို ဖြစ်နေတယ်။ 

'အဲ့အနီးနားကို ကျွန်တော် အလုပ်ကိစ္စနဲ့ လာစရာရှိ‌တယ်လေ' လို့ပဲ ပြောလိုက်မယ်။ လာ၀င်ယူမယ်တို့ ဘာတို့ ထပ်မပြောတော့ဖို့ကို သူဆုံးဖြတ်လိုက်တယ်။ 

သူ တွေးရင်းနဲ့ နောက်ထပ်ငါးမိနစ်လောက် ကုန်သွားတယ်။  Justin သူ့ရဲ့ဖုန်းကို ထပ်မံ ကောင်ကိုင်လိုက်သော်လည်း အကြောင်းကြားချက် တစ်စုံတစ်ရာက မရှိသေးပါ။

မျက်မှောင်ကြုတ်ကာ ဖုန်းကိုသာ စူးစိုက် ကြည့်နေသည်။

နာရီဝက်အကြာ။

နောက်ဆုံးတွင် သူသည် သတိပေးချက်တစ်ခုရခဲ့ပါသည်—သတိပေးချက်များတွင် အနီရောင် '1' ဆိုတာလေး ရှိသည်။

Justinရဲ့ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ တွန့်ကွေးသွားကာ သူ့ရဲ့ သွယ်လျသော လက်ချောင်းများက ဖုန်းကို နှိပ်လိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ထို   အကြောင်းကြားချက်ကို  နှိပ်လိုက်သောအခါတွင် သူ့နှလုံးခုန်သံပင် ခုန်နေခဲ့သည်။

ထို့နောက် 'Nora Smith likes your post' ဆိုတဲ့ စကားလုံးကိုသာ သူတွေ့လိုက်ရတယ်။

“…”

Justin ထိုသတိပေးချက်ကို သူ ကြောင်အကာ  အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့မိသည်။  ထို့နောက် ဒေါသတကြီးဖြင့် ဖုန်းကို ချလိုက်သည်။

ည ၈ နာရီ။

တိုက်ရိုက်ထုတ်လွှင့်မှုappရဲ့ တာဝန်ခံက  ကြီးကြပ်ရေးမှူးကို ခေါ်ကာ ပြောလိုက်သည်။  “ဆရာ၊ မြန်မြန် ဖေ့စ်ဘုတ်ကို ကြည့်လိုက်ဦး”

အခုမှ အိမ်ပြန်ရောက်တဲ့ ကြီးကြပ်ရေးမှူးက ရုတ်တရက် ဆိုးရွားတဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။  နောက်ထပ် hashtag ဖြစ်တဲ့ #fantasiaclaimssweetcherryisfake က အခုရေပန်းစားနေတာတွေ့တော့ သူက ဖေ့စ်ဘုတ်ကို အမြန်ဖွင့်လိုက်တယ်။

Fantasiaက သူတို့ဆီမှာ စာရင်းသွင်းထားသော တိုက်ရိုက်ထုတ်လွှင့်သူလည်းဖြစ်သည်။  သို့သော်လည်း သူမသည်
ဂိမ်းချန်နယ်များတွင်သာမက ဖျော်ဖြေရေးချန်နယ်များတွင်ပါ ပါဝင်ခဲ့သည်။  သူမသည် ချမ်းသာသော မိသားစုမှ အမျိုးသမီးငယ်တစ်ဦးဟု ယူဆလို့ရသည်။

ဒီနေ့ သူ့ရဲ့ live stream မှာ တစ်ယောက်ယောက်က သူမကို sweetcherry အကြောင်း comment မှာ မေးခဲ့ပါတယ်။  သူမက ချက်ချင်းပြန်ဖြေတယ် "အိုး၊ Cherry။  သူနဲ့တူတဲ့ မင်းသမီးလေးရဲ့ နောက်ခံသမိုင်းကြောင်းကို ယုံနေတာလား။  စစ်မှန်ပြီး ချမ်းသာ တဲ့ မိသားစုတွေက သူတို့ရဲ့ သားသမီးတွေကို အသက် ၅ နှစ်သားအရွယ်မှာ အဲလိုမျိုး လူရှေ့သူရှေ့ မျက်နှာပြဖို့ ဘယ်တော့မှ ခွင့်မပြုထားကြဘူး။ ငါတောင် တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်ဖို့ မိသားစုနဲ့ အချိန်အကြာကြီး တိုက်ခိုက်ထားရတာ!"

Sweetcherrရဲ့ နောက်ခံအကြောင်းသည် အတုအယောင်ဖြစ်ပြီး သူမသည် သူမအား အထင်ကြီးစေရန်အတွက် စီမံခန့်ခွဲရေးကုမ္ပဏီမှ ဖန်တီးထားသည့် ပုံတစ်ခုသာဖြစ်ကြောင်း သူမ၏စကားများက ညွှန်ပြခဲ့သည်။

Sweet Cherryရဲ့ လူကြိုက်များမှုကြောင့် သူမပြောခဲ့သော ပို့စ်သည် ထိပ်တန်းရေပန်းစားနေသော အကြောင်းအရာ 20 ခုအထိ တိုက်ရိုက်ရိုက်ခတ်သွားခဲ့သည်။

တာဝန်ခံက “ဒါကို ငါတို့ ဘာလုပ်သင့်လဲ” လို့ တုန်လှုပ်ခြောက်ခြားစွာ မေးလိုက်တယ်။

ကြီးကြပ်ရေးမှူးက မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်တယ် “ဒါက ကျော်ကြားမှုကို ရဖို့ ကြိုးစားတဲ့ ကွဲပြားတဲ့နည်းလမ်းလို့လည်း ပြောလို့ရတယ်။  ဒါပေမယ့် Fantasia က လက်ရှိအချိန်ထိ ဘယ်သူမဆို လူကြိုက်များတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် ရေပန်းစားနေတာပဲလေ။  သူမကိုသတိသာ ပေးထားလိုက်။"

တာဝန်ခံက “ဟုတ်ကဲ့၊ ရပါပြီ။  Sweetcherryက ယခုနှစ်မှာ ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက်အရ အလားအလာ အကောင်းဆုံး တိုက်ရိုက်ထုတ်လွှင့်သူဖြစ်နေတယ်။  အဲဒါအပြင် သူမက အခုမှ၅နှစ်ပဲ ရှိသေးတယ်။ သူမက တခြား ကလေးတွေထက် သွက်လက်ပြီး ရွှင်မြူးစရာလဲ ကောင်းတယ်။Fantasiaကိုလဲ နာမည် မကျသွားအောင် လုပ်ရမယ်။"

သူတို့ရဲ့ ဆွေးနွေးမှုအကြောင်းအရာဖြစ်တဲ့ Cherryက လက်ရှိအချိန်မှာ သူမက သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားနိုင်ဖို့ Facebook Messenger မှာ 'အဘိုး' ထံ စတစ်ကာအချို့ ပေးပို့ပြီးနောက် သူမက "မေမေ၊ ဒီနေ့ Facebook မှာ ဖေဖေ့ကို ထည့်ပေးလိုက်ပြီနော်။ သမီး သူ့ကို ဘာပြောရမလဲ"

စဉ်းစားပြီးနောက် 'ဖေဖေ အိပ်ပျော်နေပြီလား' ဟု လေးလေးနက်နက်နဲ့ မက်ဆေ့ချ်ရေးခဲ့သည်။

သူမရဲ့ မက်ဆေ့ချ်က Justin ရဲ့ စိတ်ထဲမှာ မေးခွန်း အမှတ်အသားတွေနဲ့ ချက်ချင်း ပြည့်သွားစေခဲ့ပါတယ် ။

သူသည် Nora ကို အလွန်အသည်းနှလုံးမရှိသည့်အတွက် စိတ်ထဲ နေလို့ မကောင်း ဖြစ်နေသေးသောကြောင့် သူ့ဒေါသတွေ အဲ့ကလေးပေါ် ရောက်သွားတော့တယ်။ သူ့ကို Daddyလို့ ဘယ်သူက ခေါ်ခွင့်ပြုထားလို့လဲ။ 

Justin က "ငါက မင်းအဖေမဟုတ်ဘူး" လို့ အေးစက်စွာ ပြန်ဖြေလိုက်တယ်။

ထို့နောက် Cherry ကို Facebook တွင်Blockလိုက်တော့သည်။

ဒီဆိုးသွမ်းတဲ့ မိန်းမမှာ ရှိတဲ့ ကလေးကို သူ လက်ခံမှာ မဟုတ်ဘူး။  အလကားရရင်တောင် မရဘူး!

Continue Reading

You'll Also Like

1M 46.6K 105
Unicode ဒုက္ခိတ ဖြစ်​​နေတဲ့ သူ​ေဋ္ဌး​ချော​ချော​လေး ကို လက်​မခံနိုင်​တဲ့ညီမဖြစ်​သူက အမဖြစ်​သူရဲ့ ရည်​းစားကိုလုပြီး သူမလိုချင်​တဲ့ ဒုက္ခိတ သူ​ေဋ္ဌးနဲ့...
864K 21.7K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
1.5M 84K 83
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...