(Completed) Reborn as a good...

By Xiao_Yiii

1.9M 298K 9K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《159》

7K 1.1K 17
By Xiao_Yiii

Unicode

အခန်း(၁၅၉) - သူ့ကို ကယ်ကြရအောင်

လက်ထဲမှာ စာအုပ်ကို ကိုင်ထားရင်းဖြင့်ပင် အတားအဆီးတစ်ခုဘေးမှာ ချပေးထားသည့် ခုံတန်းလျား တစ်ခုပေါ် ဝင်ထိုင်လိုက်သည်။ ရုတ်တရက် ဝမ်းနည်းမှုတစ်ခု ဖြစ်ပေါ်လာရ၏။

လူသားတွေက ဘဝရဲ့ အလှည့်အပြောင်းတွေမှာ တကယ့်ကို ကူကယ်ရာမဲ့ကြရတာပဲ။ အဆင့်အတန်းတွေ ဘယ်လောက်မြင့်မြင့် ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာနေပါစေ သေသွားတဲ့လူကို အသက်ရှင်အောင် မလုပ်နိုင်ဘူးလေ။ ရိဟန်ရဲ့ အရင်ဘဝက ကျင်းယွမ်လိုပေါ့။

သူအထီးကျန်နေလား နာကျင်နေလားဆိုတာက အရေးမကြီးဘူး။ သူစုဆောင်းထားတဲ့ ငွေကြေးနဲ့ စွမ်းအားတွေက ဘယ်လောက်ပဲ များပြားနေပါစေ ကျင်းယွမ်ကတော့ သေဆုံးသွားပြီဖြစ်တဲ့ ရိဟန်နဲ့ ဘယ်တော့မှ ဆုံစည်းနိုင်မှာ မဟုတ်တော့ဘူးလေ။ အကယ်၍ ရိဟန်သာ မသေခဲ့ရင် – သူကျိုးကန်းပြီး စုတ်ပြတ်သတ်နေသေးရင်တောင် သူသာ အသက်ရှင်နေသ၍ – ကျင်းယွမ်တစ်ယောက် ပိုပြီးများ သက်သာရာရနိုင်မလား? ဒါပေမဲ့ သူသေသွားခဲ့တာပဲ။ ဘယ်အရာကမှ ပြောင်းလဲလို့ မရဘူး။

ရွှီးယိုရန်က ရိဟန်လို မဟုတ်ဘူး။ အနည်းဆုံးတော့ သူ့မှာက ငိုကြွေးမြည်တမ်းပေးမယ့်သူတွေ အများကြီး ရှိခဲ့တာ။ ရိဟန်ကရော? သူကတော့ ဈာပနာလည်းမရှိ သူ့ကို လိုက်ပို့ပေးမယ့် မိသားစုလည်း မရှိခဲ့ဘူးလေ။ အမြဲတမ်း တစ်ယောက်တည်းပဲ ဖြစ်ခဲ့ပြီး သင့်တင့်တဲ့ မြှုပ်နှံခြင်းမျိုးတောင် မတတ်နိုင်ခဲ့ဘူး။သူ့ကို ဘယ်နေရာမှာ သင်္ဂြိုဟ်တယ်ဆိုတာတောင် ဘယ်သူမှ သိနိုင်မှာ မဟုတ်တဲ့ဟာ။ သဘာဝကျကျပဲပေါ့ ဘယ်သူကမှလည်း သူ့အတွက် ဆုတောင်းပေးတာ ပူဇော်ပေးတာမျိုး လုပ်ပေးခဲ့ကြမှာ မဟုတ်ဘူးပဲ။ ဟား.....ဖြစ်နိုင်မယ်ဆိုရင် သူမသေခဲ့သင့်ဘူး။

ချန်ထျန်းယောင်နဲ့ အဖြစ်အပျက်ကနေတစ်ဆင့် သူသိလိုက်တာက ရိဟန်လည်း သူ့ကံကြမ္မာ၊ သူ့ကံတရားကို ပြောင်းလဲလို့ ရနိုင်တယ် ဆိုတာကိုပဲ။ အကယ်၍ သူသာ ရွှီးယိုရန်ကို လက်ကမ်းပေးလိုက်ရင် သူသေဖို့ မလိုတာလည်း ဖြစ်နိုင်တာပဲ.....

ခုံတန်းလျားကို ပြန်မှီရင်း ရိဟန်က အဝေးကို ဗလာဖြစ်စွာ ငေးစိုက်ကြည့်နေမိသည်။ သူရွှီးယိုရန်ရဲ့ အကြောင်းအစစ်အမှန်ကို သိသင့်တယ်, အဲ့ဒါမှ ဇာတ်လမ်းရဲ့ တစ်ဖက်အကြောင်းအရင်းကို သိနိုင်မယ်, အဲ့ဒါမှ သူချစ်ရတဲ့ စာရေးသူက အဲ့ဒီလောက် ညစ်ညမ်းတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကို ရှာဖွေနိုင်လိမ့်မယ်

လူတစ်ယောက်က သူ့ရှေ့ကို ဖြတ်လျှောက်သွား၏။ သူကတော့ တစ်ဖက်လူကို ဂရုမစိုက်မိပေ။ သို့သော်လည်း မကြာခင်မှာ ထိုလူက ပြန်လျှောက်လာပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

"The Blue Night?" တစ်ဖက်လူက နူးညံ့စွာ မေးလာသည်။

"မင်းက နန့်ရှန်ရဲ့ စာအုပ်တွေကို ကြိုက်တာလား?"

ထိုလူရဲ့ အသံက အတော်လေးကို နှစ်လိုဖွယ်ကောင်းသည်။၎င်းတွင် သန့်စင်သော လွမ်းဆွေးခြင်း၏ အရိပ်အမြွက်တစ်ခုပင် ရှိနေသည်။

ရိဟန်က မော့ကြည့်လိုက်ပြီး အလန့်တကြား အေးခဲမိသွား၏။

သူ့မျက်လုံးတောင် သူမယုံနိုင်ဘူး။ဘဝမှာ အဆုံးမရှိဖြစ်နိုင်ချေတွေနဲ့ တိုက်ဆိုင်မှုများစွာရှိတယ်တဲ့ ဒါပေမဲ့ သူ့ရှေ့မှာ ထိုင်နေတာက အသက်ရှင်နေဆဲ အသက်ရှုနေဆဲ ရွှီးယိုရန်လေ!

အဲ့ဒီလူက ဆောင်းနှင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ နွေဦးလေပြေလိုပဲ နွေးထွေးမှုတွေနဲ့ လန်းဆန်းသလိုမျိုး ချောမောတဲ့သူတစ်ယောက်။ သူ့နှဖူးပြင်က လွမ်းမောဖွယ်ရာ အငွေ့အသက်တွေ တွဲခိုနေသလိုပဲ။ တစ်နည်းတစ်ဖုံနဲ့ သူ့ကို မြင်တဲ့သူတိုင်း အကာအကွယ်ရသလိုမျိုး ခံစားရစေတယ်။ ရိဟန်က သူ့ကို ဓာတ်ပုံထဲမှာ မြင်ဘူးပေမယ့်လည်း လူကိုယ်တိုင်ကို မြင်ရတဲ့အခါမှာ ပိုအသက်ဝင်ပြီး အစစ်အမှန်လိုမျိုး ခံစားရတာ။

ခဏတာလောက်တော့ ရိဟန်က ငေါင်တောင်တောင်လေး ဖြစ်နေလေရဲ့။

ထိုလူက သူ့လက်ကို ဆန့်ထုတ်လာပြီး ရိဟန်ရဲ မျက်လုံးရှေ့မှာ ဝှေ့ယမ်းပြသည်။

"သူငယ်ချင်းလေး, ဘာဖြစ်လို့လဲ?" သူက မေးလာသည်။

ရိဟန်မှာ ရှက်ရွံ့သွားရတော့သည်။ သူ့စိတ်ထဲမှာ ကိုယ့် အိုင်ဒေါကို ပထမဆုံး အကြိမ် တွေ့ဆုံခွင့် ရတဲ့အချိန်မှာဖြစ်သလိုမျိုး ကူကယ်ရာမဲ့လှသည့် ထိတ်လန့်မှုကို ခံစားနေရ၏။ ဒါပေမဲ့လည်း ရိဟန်က နေ့တိုင်း ဖိနှိပ်ချုပ်ချယ်တဲ့ အရှိန်အဝါရှိနေတဲ့ ကျင်းယွမ်နဲ့ တစ်နေကုန် အချိန်ကုန်ဆုံးနေတဲ့လူလေ။ အဲ့ဒီအတွက် သူ့မှာ သန်မာတဲ့ စိတ်ပိုင်းဆိုင်ရာ ရှိနေပြီ။

ကျင်းယွမ်က ရိဟန်အပေါ်မှာ အဲ့ဒီ ဖိနှိပ်တတ်တဲ့ အရှိန်အဝါကို မပြသပဲ ဆွဲဆောင်တဲ့ အော်ရာတွေပဲ ထုတ်နေတာ ဆိုပေမယ့်ပေါ့လေ။

ရိဟန်က အကောင်းဆုံး ကြိုးစား၍ အသက်ပြင်းပြင်း ရှုလိုက်သည်။

"ဟုတ်တယ်" ရိဟန်က တစ်ဖက်လူအား ပြုံးပြရန် ခွန်အားများ အသည်းအသန် စုဆောင်းရင်း ပြန်ဖြေသည်။

"ကျွန်တော်က သူ့စာအုပ်ရဲ့ ပရိသတ်ပါ, ခင်ဗျားရောသူ့စာအုပ်တွေ ကြိုက်လို့လား?"

ရွှီးယိုရန်က သူ့ပရိသတ်များအပေါ် အတော်လေး စိတ်ရှည်လက်ရှည်ဖြစ်နေကြောင်း ရှင်းလင်းလှသည်။

"အင်း" သူက သိမ်မွေ့သည့် အပြုံးလေးဖြင့် ပြန်ဖြေသည်။

"အဲ့ဒီလိုပုံစံမျိုးပါပဲ, ငါက သူ့စာအုပ်တွေ အကုန်လုံးဖတ်တယ်လေ"

"ကျွန်တော်ရောပဲ" ရိဟန်က ပြန်ပြောသည်။

"ကျွန်တော်ဆို သူ့စာအုပ်တွေ အကုန်လုံး စုဆောင်းထားတာ, အာ, အဲ့ဒီတော့ ခင်ဗျားလဲ သူ့ပရိသတ်ပဲပေါ့နော်? ကျွန်တော်တို့က စာရေးဆရာတစ်ယောက်တည်းကို ကြိုက်တာခြင်း တူတယ်ဆိုတော့ သူငယ်ချင်းတွေပဲပေါ့, ကျွန်တော်တို့ အပြန်အလှန် အဆက်အသွယ်တွေ လဲလှယ်ကြမလား? သူ့ဆီက အပ်ဒိတ်အသစ်တွေရတိုင်း အချင်းချင်း အကြောင်းကြားလို့ရတာပေါ့"

ရိဟန်က ပါးနပ်သည့် အပြုံးလေးနဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

"ခင်ဗျားရော သူ့အတွက် ဖွဲ့ထားတဲ့ သူငယ်ချင်းတွေရဲ့ Chat group ရှိလား? ကျွန်တော် ခင်ဗျားကို ထည့်လိုက်မယ်လေ"

"ကောင်းပြီလေ" ရွှီးယိုရန်က နောက်တစ်ဖန် လှပပြီး တည်ငြိမ်လှသည့် အပြုံးလေးနဲ့ ပြန်ဖြေလာသည်။

***

မုမိသားစုအိမ်ကို ရိဟန်ပြန်ရောက်တဲ့အချိန်မှာ ရိဟန်က ကျင်းယွမ်အား စိတ်လှုပ်ရှားစွာဖြင့် ပတ်ရှာတော့သည်။ ကံမကောင်းစွာပဲ ထိုလူက အိမ်ပြန်မရောက်သေးပေ။ ထို့ကြောင့် လက်ထဲမှာ စာအုပ်ကိုင်ထားရင်းဖြင့်ပင် ရိဟန်ကဆိုဖာပေါ်ထိုင်ပြီး သူ့ချစ်သူကို စောင့်စားနေရသည်။ စောင့်မျှော်နေရင်းဖြင့် သူ့ဖုန်းထဲက QQ accountအား ဝင်လိုက်ပြီး သူ့အိုင်ဒေါနဲ့ စတင်စကားပြောနေလိုက်၏။ ကောင်းကင်မှောင်လာတဲ့အချိန်မှာတော့ ကျင်းယွမ်လည်း ပြန်လာလေပြီ။

တံခါးဖွင့်သံ ချပ်ကနဲ ကြားတာနဲ့ရိဟန်က ထိုင်ခုံပေါ်က ပြေးဆင်းပြီး ထိုလူဆီ ခုန်ဝင်သွားတော့သည်။ ကျင်းယွမ်မှာတော့ တံခါးဖွင့်ပြီးတာနဲ့တင် သူ့ရင်ခွင်ကို ဖွင့်ပြီး ရိဟန်ကို ကြိုဆိုလေသည်။

"ဂရုစိုက်လေ" ကျင်းယွမ်က ကူကယ်ရာမဲ့နေသည့် အပြုံးလေးဖြင့် ပြောလာသည်။

"အရွယ်ပဲကြီးနေပြီ ဘယ်လိုလုပ် ကလေးလို လုပ်နေသေးတာတုန်း?" ထို့နောက် ရိဟန်ရဲ့ မျက်နှာအား ဂရုတစိုက် စစ်ဆေးလိုက်ကာ

"မင်းကို ဘာက မပျော်ရွှင်အောင် လုပ်လိုက်လို့လဲ?" သူက အပြုံးလေးနဲ့ ဆက်မေးသည်။

"မု-မု!" ရိဟန်က မျက်လုံးလေးများ မှေးစဉ်းသည်အထိ ပြုံးလိုက်ပြီး ပြောလာသည်။

"ငါမင်းကို ပြောစရာရှိတယ်သိလား, ငါဒီနေ့ ငါ့အိုင်ဒေါနဲ့ တွေ့ခဲ့တယ်!"

"အိုင်ဒေါ?"

ကျင်းယွမ်က မျက်မှောင်ကြုတ်ကာမေးသည်။

ရိဟန်ကသူ့လက်ထဲက စာအုပ်အား မြှောက်ကာ ကျင်းယွမ်ကို ပြလေသည်။

"နန့်ရှန်လေ!"

ကျင်းယွမ်က စာအုပ်အား တစ်ချက်ကြည့်လိုက်ကာ

"အိုး, ကိုယ်သူ့ကိုသိတယ်, မင်းသူ့စာအုပ်တွေ အများကြီး စုဆောင်းထားတာပဲ, ဒီနေ့ စာရေးသူကိုယ်တိုင်ကို တွေ့ခဲ့တာလား? သူလည်း ဒီမြို့မှာပဲ နေနေတာလား?"

"င့ါမှာ သူ့စာအုပ်တွေ အများကြီး ရှိနေတာမဟုတ်ပါဘူး, အကုန်လုံးကို ရှိနေတာ, အကုန်လုံးပဲ!" ရိဟန်က အမှန်ပြင်ပေးသည်။

"သူက ဒီမြို့ထဲက Elegant Gardens မှာနေတာလေ! ငါသူနဲ့ ဒီနေ့တွေ့ခဲ့တယ်!"

"Elegant Gardens?" ကျင်းယွမ်က မေးလာပြီး သူ့မျက်နှာက နောက်တစ်ဖန် မျက်မှောင်ကြုတ်သွားရသည်။

"အဲ့ဒါ ကျန်းစုရဲ့ စာအုပ်ဆိုင်ရှိတဲ့ လမ်းမဟုတ်ပါဘူး ဟုတ်တယ်မှတ်လား? ဘယ်လိုဖြစ်လို့ အဲ့ဒီကို ရောက်သွားတာလဲ?"

ရိဟန်က သူတို့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျင်းယွမ်အား လှေကားမှဆွဲကာ သူတို့အခန်းထဲသို့ သွားလိုက်သည်။ သူက သူ့နောက်က တံခါးကိုပင် ပိတ်လိုက်သေးသည်။ တစ်လျှောက်လုံးမှာ သူ့ပုံစံက လျှို့ဝှက်နေသလိုပင်။

"ဘာဖြစ်လို့လဲ?" ကျင်းယွမ်က သက်ပြင်းချသည်။

"ဘာတွေဒီလောက် လျှို့ဝှက်နေတာလဲ"

ရိဟန်က သူ့အား သူတို့အခန်းထဲက ဆိုဖာပေါ် ဆွဲချလိုက်ပြီး တိုးတိုးလေးပြောသည်။

"ငါမင်းကို ပြောခဲ့တဲ့ အိမ်မက်ကို မှတ်မိလား?"

ကျင်းယွမ်ရဲ့ နှလုံးသားက အေးစက်သွားရသည်။

"သေချာပေါက် ကိုယ်မှတ်မိတာပေါ့" သူက ခေါင်းညိတ်ပြသည်။

"အဲ့ဒီမှာ ငါမင်းကို မပြောပြရသေးတာရှိတယ်, အဲ့ဒီကိစ္စက ငါတို့နဲ့ ဘာမှ မပတ်သတ်တဲ့ဟာ" ရိဟန်က သူ့လက်ထဲကစာအုပ်ကို ဝှေ့ယမ်းပြပြီး စကားဆက်သည်။

"အဲ့ဒါက ဒီစာရေးသူရဲ့ အကြောင်းလေ, ငါ့အိုင်ဒေါ နန့်ရှန်"

"ကိုယ့်ကို ပြောပြလေ"

"နန့်ရှန်ရဲ့ တကယ့်နာမည်အစစ်က ရွှီးယိုရန်တဲ့" ရိဟန်က လေးလေးနက်နက်ပြောလာသည်။

"အိမ်မက်ထဲမှာ....သူလည်သေသွားတယ်, သူက ငါမသေခင် ခြောက်လအကြာမှာ သေသွားခဲ့တာ, အိမ်ထောင်သည်တစ်ယောက်ကို ဖြားယောင်းပြီး အိမ်ထောင်ရေး ဖျတ်ဆီးတဲ့ သူတစ်ယောက်အဖြစ် ထုတ်ဖော်ခံခဲ့ရတယ်, အခြေအနေတစ်ခုလုံးက ပြင်းထန်လာခဲ့ပြီး သူ့အကြောင်းတွေလည်း ပေါ်သွားခဲ့တယ်, ကိစ္စတွေက သူ့ကို သတ်သေဖို့အထိ ဖြစ်သွားစေခဲ့တာ, အဲ့ဒီအချိန်တုန်းက ငါအရမ်းဝမ်းနည်းခဲ့ရတယ်, သူက တကယ့်ကို တော်တဲ့သူတစ်ယောက်ပါ, သူ့စာအုပ်တွေဖတ်တာနဲ့တင် အဲ့ဒီလူရဲ့ အရိုးထဲမှာ ထွင်းထုထားတဲ့ ဖြောင့်မတ်မှု သံလိုက်အိမ်မြှောင်တစ်ခုရှိတယ်ဆိုတာငါပြောနိုင်တယ်, သူ့ကို အိမ်ထောင်ရေး ဖောက်ပြားသူအဖြစ် ငါဘယ်လိုမှ မယုံကြည်နိုင်ဘူး, "

"ပြီးတော့လည်း သူမြှုစွယ်ပါတယ် ဆိုတဲ့လူကတော့ မျက်နှာတောင် တစ်ခါမှ မပြလာခဲ့ဘူး, သူ့ကိုသိတဲ့လူလည်း တစ်ယောက်တောင် မရှိဘူး, နန့်ရှန် သူ့လသာဆောင်ကနေ ခုန်မချခင် သုံးရက်အလိုလောက်တုန်းက အဲ့ဒီလူရဲ့ ဇနီးသည်က ယောက်ကျာ်းတစ်ချို့နဲ့အတူ သူ့အဆောက်အဦးကို သွားခဲ့သေးတယ်, ဘာတွေဖြစ်ခဲ့လဲ ဘယ်သူမှ မသိသလို အဲ့ဒီဇနီးသည်နဲ့ ပတ်သတ်လို့လည်း ဘယ်သူမှ မသိကြဘူး, အဲ့ဒီ အိမ်ထောင်သည် လင်မယားက ဘယ်သူတွေလဲ ဆိုတဲ့ သတင်းအချက်အလက်လေးတောင် ရှိမနေဘူးလေ, သူတို့က နန့်ရှန်ကို သတ်တဲ့ ဇာတ်လမ်းအစနဲ့ အဆုံးပဲ, ဘာပဲဖြစ်ဖြစ် ငါကတော့ နည်းနည်း အာရုံရနေတယ်"

"ငါက နန့်ရှန်ရဲ့ ပရိသတ်လေ, သူ့သေဆုံးခြင်းက အရမ်းကို ဝမ်းနည်းကြေကွဲဖို့ကောင်းတယ်, နှမြောက်ဖို့လည်းကောင်းတယ်, ဒါပေမဲ့ အိမ်မက်ထဲမှာတုန်းက ငါကိုယ်တိုင်တောင် ခက်ခဲတဲ့ အခြေအနေ ရှိနေတာဆိုတော့ အမှန်တရားကို ရှာဖွေနိုင်မယ့် ခွန်အား မရှိခဲ့ဘူး, ငါ့အိမ်မက်တွေထဲက ဖြစ်ရပ်တော်တော်များများကလည်း အမှန်တွေ ဖြစ်လာနေတာ, မင်းလည်း အဲ့ဒီအိမ်မက်က သတိပေးတာလို့ ပြောခဲ့တယ်မှတ်လား, ဒါဆို ငါတို့ တစ်ခုခု မလုပ်ရင် နန့်ရှန်က တကယ်ပဲ သတ်သေဖို့ တွန်းအားပေးခံရမှာ မဟုတ်ဘူးလား?"

"ထောင်ချီရဲ့ ပေါ်ထွက်လာမှုနဲ့ ဇာတ်ကြောင်းတွေအရ-" ကျင်းယွမ်က စကားစလာသည်။

"ပြီးတော့ မင်းအိမ်မက်တွေ..., အဲ့ဒီ ဖြစ်ရပ်တွေအားလုံးက တကယ်ပဲ ဖြစ်လာခဲ့တယ်, ချန်ထျန်းယောင်ရဲ့ ကိစ္စလိုပေါ့ အကယ်၍ မင်းသာ အဲ့ဒီတုန်းက ဝင်မပါခဲ့ဘူးဆိုရင် သူသေသွားနိုင်တယ်, ကျောင်းဟွာကို ရွှယ်ချင်းနောက် လိုက်နေသူတွေအကြောင်း ရုတ်တရက်ကြီး စုံစမ်းခိုင်းခဲ့ပြီး အဲ့ဒီလူအကြောင်း သိသွားတဲ့အချိန်မှာ အဲ့ဒီလူ ရူးသွပ်သွားခဲ့တာလည်း မင်းအိမ်မက်ကြောင့်ပဲလား?"

ရိဟန်က ခေါင်းညိတ်ပြပြီး ကျင်းယွမ်ရဲ့ ပေါင်ပေါ် တက်သွားသည်။ သူ့စိတ်ဓာတ်တွေက သိသိသာသာကို ကျနေသည်။

"ဒီနေ့ နန့်ရှန်ရဲ့စာအုပ်ကို မြင်လိုက်ရတဲ့အချိန်မှာ သူ့သေဆုံးမှုကို သတိရသွားခဲ့တယ်,အဲ့ဒါနဲ့ အိမ်မက်ထဲက လိပ်စာအတိုင်း လိုက်သွားလိုက်တာ တကယ့်ကို သူနဲ့တိုးတယ်, မု-မု, သူက ငါ့အိုင်ဒေါ၊ ငါသူ့စာအုပ်တွေကိုကြိုက်တယ်, ဒီလိုကြီး မသေသွားစေချင်ဘူး, သူရေးတာတွေကို အများကြီး ထပ်ဖတ်ချင်သေးတယ်"

ကျင်းယွမ်က ရိဟန်ရဲ့ ဆံပင်လေးကို ထိုးဖွလိုက်သည်။

"မင်းဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်သိတာပေါ့ ဟန်ဟန်ရယ်, အကယ်၍ ကိုယ်တို့သာဒီအတိုင်း နေလိုက်လို့ ရွှီးယိုရန် တစ်ခုခု ဖြစ်သွားခဲ့ရင် မင်းစိတ်မသက်မသာ ဖြစ်နေမှာ, လုပ်လေ, ကြိုက်တာကိုသာလုပ်, ကိုယ်အရင်က ပြောခဲ့သလိုပဲ မင်းနဲ့ကိုယ်က အမြဲတမ်း တစ်ဖက်တည်းပဲ, အမှန်တရားကို အတူတူ ရှာကြတာပေါ့, အကယ်၍ သူက တကယ်ပဲ အိမ်ထောင်ရေး ဖျတ်ဆီးတဲ့သူတစ်ယောက် ဖြစ်နေရင်တောင် သေဆုံးရတဲ့အထိတော့ အပြစ်မကြီးပါဘူး, ကိုယ်တို့ သူ့ကို ကယ်တင်ကြတာပေါ့ ဟုတ်ပြီလား?"

ရိဟန်က မတ်မတ်ထိုင်လိုက်ပြီး ကျင်းယွမ်ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်သည်။

"မု-မုကြီး, မင်းဘာလို့ ငါ့အပေါ်ဒိလောက် ကောင်းရတာလဲ? ငါမင်းကို မနေ့ကထက် ပိုပြီးချစ်လာသလိုမျိုး ခံစားရတယ်"

ကျင်းယွမ်က ပြန်ထွေးဖက်သည်။ သူ့လက်ချောင်းများက ရိဟန်ရဲ့ လည်ပင်းနောက်ဘက်လေးအားနှိပ်နယ်နေရင်း ပြန်ပြောလာ၏။

"မင်းကိုယ့်ကို မု-မုကြီးလို့ ခေါ်တုန်းပဲလား? အဲ့ဒါကို ထပ်စဉ်းစားနေပြန်ပြီပေါ့?"

လူငယ်လေးက ချက်ချင်းပင် ခုန်ဆင်းပြီး မတ်တပ်ရပ်သည်။ သူက လက်လေးအား မြှောက်ပြပြီး ကမန်းကတန်း ပြောရှာသည်။

"မဟုတ်ဘူး, မဟုတ်ဘူး, ငါလုံးဝကို မရည်ရွယ်ပါဘူး,ဒါက မင်းအပေါ်ထားတဲ့ ငါ့ရဲ့ လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတာ သက်သက်ပဲ။ ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့"

ကျင်းယွမ်က ရိဟန်ကို လက်ကပြန်ဆွဲပြီး ဆိုဖာပေါ် တွန်းချလိုက်သည်။

"ဒါက ဟာသလေးပါပဲ" သူက ခပ်သော့သော့လေး ရယ်လိုက်၏။

"ဘယ်လောက်တောင် ကြောက်သွားလဲ ကြည့်ပါဦး, ကိုယ်က အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား?"

ရိဟန်က မျက်တောင်ခတ်ရင်း ပြန်ပြုံးပြသည်။

"မင်းက ကြောက်ဖို့မကောင်းပါဘူး, ဒါပေမဲ့ ငါတကယ်ပဲ ထမင်းသေသေချာချာ စားချင်တယ်, ထိုင်ခုံပေါ်မှာ ဂရုတစိုက် ထိုင်နေရတာမျိုး မဖြစ်ချင်တော့ဘူး, အဲ့ဒါလုပ်ပြီးရင် တစ်ခါတည်း တန်းအိပ်တာက အကောင်းဆုံးပဲ, အခုချိန်ကစပြီး ငါတို့ ညစာ မတိုင်ခင်ကို လုပ်လို့မဖြစ်ဘူး"

ကျင်းယွမ်က နောက်တစ်ဖန် ရယ်မောလိုက်ပြီး ရိဟန်အား ခပ်ပြင်းပြင်းလေး နမ်းလိုက်တော့သည်။

"ဟုတ်ပြီလေ, အခုချိန်ကစပြီး ကိုယ်တို့ ညစာမတိုင်ခင် မလုပ်ဘူး, ညစာ စားပြီးမှ လုပ်တော့လည်း အစာကြေတာပေါ့"

ရိဟန်က သက်ပြင်းချလိုက်ပြီး အလေးအနက် ပြန်ပြောသည်။

"Mr မုကျင်းယွမ်, မင်းက ပိုပိုပြီး မသင့်တော်တာတွေ ဖြစ်လာပြီ"

ကျင်းယွမ်က ရိဟန်ရဲ့ နှဖူးလေးကို သူ့နှဖူးနဲ့ ပွတ်သပ်လိုက်ပြီး နူးနူးညံ့ညံ့ပြောသည်။

"ဒါက ဒီကမ္ဘာတစ်ခုလုံးမှာ မင်းတစ်ယောက်တည်းပဲသိတဲ့ လျှို့ဝှက်ချက်လေ, ကိုယ်က မင်းကလွဲပြီး တစ်ခြားသူတွေနဲ့ ပြောဆိုဆက်ဆံတိုင်း အတော်လေးကို မှန်ကန်လေးနက်ကြောင်း မင်းသိထားသင့်တယ်, ပြောကြည့်, ကိုယ့်ရဲ့ တကယ့်အကျင့်စရိုက် အစစ်အမှန်ကို ကမ္ဘာကြီးသိတာကနေ ရှောင်ရှားဖို့ မရှင်းပြနိုင်တဲ့ အသေးစိတ်အကြောင်းအရာတွေကို ဖယ်ရှားဖို့ စဉ်းစားရမလား?"

ရိဟန်သည် ကျင်းယွမ်၏ လုပ်ရပ်အား လွန်စွာ စွဲလန်းသွားပြီး သူ့နှလုံးမှာ ထိုအချိန်ခဏလေးမှာ သေဆုံးသွားသလိုပင် ခံစားလိုက်ရသည်။ သူက သတ္တိရှိရှိ ခေါင်းလေးမော့ကာ ကျင်းယွမ်၏ပါးပြင်ကို နမ်းရှုံ့လိုက်၏။

"မရှင်းပြနိုင်တဲ့ အသေးစိတ်အကြောင်းအရာတွေကို ဖယ်ရှားဖို့ မလိုပါဘူး, မင်း ပါးစပ်ကို ပိတ်ထားဖို့ပဲလိုတယ်"

"ကောင်းပြီ"

ကျင်းယွမ်က ဖြည်းညှင်းစွာဖြင့် ရိဟန်နဲ့ ပိုမိုတိုးကပ်သွားသည်။

"ကိုယ်မင်းပြောသလိုလုပ်မယ်, အခုပဲ မင်းပါးစပ်လေးကို ပိတ်ပေးမယ်နော်" ပြောပြီးတာနဲ့ ရိဟန်ရဲ့ နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်ပြီး နှစ်ယောက်သားက ပျော့အိနူးညံ့နေသည့် အနမ်းတစ်ပွင့်ကို ဖလှယ်လိုက်ကြတော့သည်။

ထို့နောက် ကျင်းယွမ်က ရိဟန်အား သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ

"နန့်ရှန်နဲ့ ပတ်သတ်ပြီး အစီအစဉ်က ဘာလဲ?"

"အစီအစဉ်မရှီဘူး" ရိဟန်က စိတ်ရှုပ်ထွေးစွာ ပြန်ပြောသည်။

"သူနဲ့ ဘယ်လိုမျိုး ရင်းနှီးအောင် လုပ်ရမလဲဆိုတာငါတကယ် မသိဘူး"

"အဲ့ဒါက မင်းအပေါ် မူတည်တယ်လေ" ကျင်းယွမ်ကရိဟန်ရဲ့ ခေါင်းလေးပေါ် မေးတင်ရင်းပြန်ပြောသည်။

"အကယ်၍ မင်းသူ့ကို ဒီအတိုင်းကယ်တင်ပေးချင်ယုံပဲဆိုရင် သူနဲ့ သူငယ်ချင်း ဖြစ်စရာမလိုဘူး, နောက်ကွယ်ကနေပဲ သူသေဆုံးမှာကို ရှောင်နိုင်အောင် ကူညီပေးလို့ရတယ်, အကယ်၍ သူနဲ့ သူငယ်ချင်းဖြစ်ဖို့ ဆန္ဒရှီတယ် ဆိုရင်တော့ ဒါက ခေါင်းစဉ်နောက်တစ်ခု ဖြစ်သွားပြီ"

ရိဟန်က ခေါင်းမော့ကာ ကျင်းယွမ်ရဲ့ မေးစေ့အား သူ့ရဲ့ လက်ချောင်းသွယ်သွယ်လေးဖြင့် ထိလိုက်သည်။

"Mr မု, အကယ်၍ ငါသူနဲ့ သူငယ်ချင်း ဖြစ်ချင်ပါတယ်လို့ပြောရင်, မင်းမနာလိုပြီး သေသွားမှာစိုးတယ်, အဲ့ဒါကြောင့် ဒါကိုတော့ မေ့လိုက်ပါတော့"

"မင်းက အဲ့ဒီလိုပြောမှတော့-" ကျင်းယွမ်က လေးလေးနက်နက် တုန့်ပြန်လာသည်။

"အကယ်၍ ကိုယ်သာ မနာလိုဖြစ်ပါတယ်လို့ ပြောလိုက်ရင် အတွင်းစိတ်ထဲမှာ အမြဲမနာလိုဖြစ်နေတယ်လို့ ဝန်ခံလိုက်သလိုပဲ မဟုတ်ဘူးလား?ကိုယ့်နောက်ကွယ်မှာ မင်းလူတွေ ဘာတွေပြောလဲဆိုတာ မသိဘူးမထင်နဲ့"

ရိဟန်က ခပ်လွင်လွင်လေး ရယ်မောရင်း ပြောလေသည်။

"မဟုတ်တာ, မဟုတ်တာ, ငါမရည်ရွယ်ပါဘူး, ငါက မင်းကို မပျော်မရွှင် မဖြစ်စေချင်ယုံပါပဲ, ငါ့မှာ မိသားစုတွေ သူငယ်ချင်းတွေ ရှိပေမယ့် မင်းကိုတော့ ဘယ်သူမှ နှိုင်းယှဉ်လို့မရပါဘူး"

ကျင်းယွမ်က ရိဟန်ရဲ့ နှာခေါင်းလေးကို ဆွဲလိုက်ရင်း

"ဘယ်လိုများ ပြောရဲရတာလဲ, မင်းက စကားလုံးလှလှလေးတွေနဲ့ ချုပ်ဖို့ သင်ယူပြီးနေပြီပေါ့လေ"

ရိဟန်က သူ့နှာခေါင်းပေါ်က တစ်ဖက်လူရဲ့ လက်ကို ဆွဲဖယ်လိုက်ပြီး ကျင်းယွမ်ရဲ့ ပေါင်ပေါ် ပြန်တက်သွားသည်။

"ဒါဆို မင်းလက်ခံမှာလား?" သူကရယ်လေသည်။

30.6.2022

==================
Zawgyi

အခန္း(၁၅၉) - သူ႔ကို ကယ္ၾကရေအာင္

လက္ထဲမွာ စာအုပ္ကို ကိုင္ထားရင္းျဖင့္ပင္ အတားအဆီးတစ္ခုေဘးမွာ ခ်ေပးထားသည့္ ခံုတန္းလ်ား တစ္ခုေပၚ ဝင္ထုိင္လိုက္သည္။ ရုတ္တရက္ ဝမ္းနည္းမွုတစ္ခု ျဖစ္ေပၚလာရ၏။

လူသားေတြက ဘဝရဲ႔ အလွည့္အေျပာင္းေတြမွာ တကယ့္ကို ကူကယ္ရာမဲ့ၾကရတာပဲ။ အဆင့္အတန္းေတြ ဘယ္ေလာက္ျမင့္ျမင့္ ဘယ္ေလာက္ပဲ ၾကြယ္ဝခ်မ္းသာေနပါေစ ေသသြားတဲ့လူကို အသက္ရွင္ေအာင္ မလုပ္နုိင္ဘူးေလ။ ရိဟန္ရဲ႔ အရင္ဘဝက က်င္းယြမ္လိုေပါ့။

သူအထီးက်န္ေနလား နာက်င္ေနလားဆိုတာက အေရးမၾကီးဘူး။ သူစုေဆာင္းထားတဲ့ ေငြေၾကးနဲ႔ စြမ္းအားေတြက ဘယ္ေလာက္ပဲ မ်ားျပားေနပါေစ က်င္းယြမ္ကေတာ့ ေသဆံုးသြားျပီျဖစ္တဲ့ ရိဟန္နဲ႔ ဘယ္ေတာ့မွ ဆံုစည္းနုိင္မွာ မဟုတ္ေတာ့ဘူးေလ။ အကယ္၍ ရိဟန္သာ မေသခဲ့ရင္ – သူက်ိဳးကန္းျပီး စုတ္ျပတ္သတ္ေနေသးရင္ေတာင္ သူသာ အသက္ရွင္ေနသ၍ – က်င္းယြမ္တစ္ေယာက္ ပိုျပီးမ်ား သက္သာရာရနုိင္မလား? ဒါေပမဲ့ သူေသသြားခဲ့တာပဲ။ ဘယ္အရာကမွ ေျပာင္းလဲလို႔ မရဘူး။

ရႊီးယိုရန္က ရိဟန္လို မဟုတ္ဘူး။ အနည္းဆံုးေတာ့ သူ႔မွာက ငိုေၾကြးျမည္တမ္းေပးမယ့္သူေတြ အမ်ားၾကီး ရွိခဲ့တာ။ ရိဟန္ကေရာ? သူကေတာ့ စ်ာပနာလည္းမရွိ သူ႔ကို လုိက္ပို႔ေပးမယ့္ မိသားစုလည္း မရွိခဲ့ဘူးေလ။ အျမဲတမ္း တစ္ေယာက္တည္းပဲ ျဖစ္ခဲ့ျပီး သင့္တင့္တဲ့ ျမွုပ္နွံျခင္းမ်ိဳးေတာင္ မတတ္နုိင္ခဲ့ဘူး။သူ႔ကို ဘယ္ေနရာမွာ သၿဂႋဳဟ္တယ္ဆိုတာေတာင္ ဘယ္သူမွ သိနုိင္မွာ မဟုတ္တဲ့ဟာ။ သဘာဝက်က်ပဲေပါ့ ဘယ္သူကမွလည္း သူ႔အတြက္ ဆုေတာင္းေပးတာ ပူေဇာ္ေပးတာမ်ိဳး လုပ္ေပးခဲ့ၾကမွာ မဟုတ္ဘူးပဲ။ ဟား.....ျဖစ္နုိင္မယ္ဆိုရင္ သူမေသခဲ့သင့္ဘူး။

ခ်န္ထ်န္းေယာင္နဲ႔ အျဖစ္အပ်က္ကေနတစ္ဆင့္ သူသိလုိက္တာက ရိဟန္လည္း သူ႔ကံၾကမၼာ၊ သူ႔ကံတရားကို ေျပာင္းလဲလုိ႔ ရနုိင္တယ္ ဆိုတာကိုပဲ။ အကယ္၍ သူသာ ရႊီးယိုရန္ကို လက္ကမ္းေပးလုိက္ရင္ သူေသဖို႔ မလိုတာလည္း ျဖစ္နိုင္တာပဲ.....

ခံုတန္းလ်ားကို ျပန္မွီရင္း ရိဟန္က အေဝးကို ဗလာျဖစ္စြာ ေငးစိုက္ၾကည့္ေနမိသည္။ သူရႊီးယိုရန္ရဲ႔ အေၾကာင္းအစစ္အမွန္ကို သိသင့္တယ္, အဲ့ဒါမွ ဇာတ္လမ္းရဲ႔ တစ္ဖက္အေၾကာင္းအရင္းကို သိနိုင္မယ္, အဲ့ဒါမွ သူခ်စ္ရတဲ့ စာေရးသူက အဲ့ဒီေလာက္ ညစ္ညမ္းတဲ့သူတစ္ေယာက္ မဟုတ္ဘူးဆိုတာကို ရွာေဖြနုိင္လိမ့္မယ္

လူတစ္ေယာက္က သူ႔ေရွ႔ကို ျဖတ္ေလ်ွာက္သြား၏။ သူကေတာ့ တစ္ဖက္လူကို ဂရုမစိုက္မိေပ။ သို႔ေသာ္လည္း မၾကာခင္မွာ ထိုလူက ျပန္ေလ်ွာက္လာျပီး သူ႔ေဘးမွာ ဝင္ထိုင္လုိက္သည္။

"The Blue Night?" တစ္ဖက္လူက ႏူးည့ံစြာ ေမးလာသည္။

"မင္းက နန္႔ရွန္ရဲ႔ စာအုပ္ေတြကို ၾကိဳက္တာလား?"

ထိုလူရဲ႔ အသံက အေတာ္ေလးကို နွစ္လိုဖြယ္ေကာင္းသည္။၎တြင္ သန႔္စင္ေသာ လြမ္းေဆြးျခင္း၏ အရိပ္အႁမြက္တစ္ခုပင္ ရွိေနသည္။

ရိဟန္က ေမာ့ၾကည့္လုိက္ျပီး အလန္႔တၾကား ေအးခဲမိသြား၏။

သူ႔မ်က္လံုးေတာင္ သူမယံုနုိင္ဘူး။ဘဝမွာ အဆုံးမရွိျဖစ္ႏိုင္ေခ်ေတြနဲ႔ တိုက္ဆိုင္မႈမ်ားစြာရွိတယ္တဲ့ ဒါေပမဲ့ သူ႔ေရွ႔မွာ ထုိင္ေနတာက အသက္ရွင္ေနဆဲ အသက္ရွဳေနဆဲ ရႊီးယိုရန္ေလ!

အဲ့ဒီလူက ေဆာင္းနွင္းေတြကို ျဖတ္သန္းတိုက္ခတ္လာတဲ့ ေႏြဦးေလေျပလိုပဲ ေႏြးေထြးမွုေတြနဲ႔ လန္းဆန္းသလိုမ်ိဳး ေခ်ာေမာတဲ့သူတစ္ေယာက္။ သူ႔နွဖူးျပင္က လြမ္းေမာဖြယ္ရာ အေငြ႔အသက္ေတြ တြဲခိုေနသလိုပဲ။ တစ္နည္းတစ္ဖံုနဲ႔ သူ႔ကို ျမင္တဲ့သူတိုင္း အကာအကြယ္ရသလိုမ်ိဳး ခံစားရေစတယ္။ ရိဟန္က သူ႔ကို ဓာတ္ပံုထဲမွာ ျမင္ဘူးေပမယ့္လည္း လူကိုယ္တိုင္ကို ျမင္ရတဲ့အခါမွာ ပိုအသက္ဝင္ျပီး အစစ္အမွန္လိုမ်ိဳး ခံစားရတာ။

ခဏတာေလာက္ေတာ့ ရိဟန္က ေငါင္ေတာင္ေတာင္ေလး ျဖစ္ေနေလရဲ႔။

ထိုလူက သူ႔လက္ကို ဆန္႔ထုတ္လာျပီး ရိဟန္ရဲ မ်က္လံုးေရွ႔မွာ ေဝွ႔ယမ္းျပသည္။

"သူငယ္ခ်င္းေလး, ဘာျဖစ္လို႔လဲ?" သူက ေမးလာသည္။

ရိဟန္မွာ ရွက္ရြံ႔သြားရေတာ့သည္။ သူ႔စိတ္ထဲမွာ ကုိယ့္ အုိင္ေဒါကို ပထမဆံုး အၾကိမ္ ေတြ႔ဆံုခြင့္ ရတဲ့အခ်ိန္မွာျဖစ္သလိုမ်ိဳး ကူကယ္ရာမဲ့လွသည့္ ထိတ္လန္႔မွုကို ခံစားေနရ၏။ ဒါေပမဲ့လည္း ရိဟန္က ေန႔တုိင္း ဖိနွိပ္ခ်ဳပ္ခ်ယ္တဲ့ အရွိန္အဝါရွိေနတဲ့ က်င္းယြမ္နဲ႔ တစ္ေနကုန္ အခ်ိန္ကုန္ဆံုးေနတဲ့လူေလ။ အဲ့ဒီအတြက္ သူ႔မွာ သန္မာတဲ့ စိတ္ပိုင္းဆိုင္ရာ ရွိေနျပီ။

က်င္းယြမ္က ရိဟန္အေပၚမွာ အဲ့ဒီ ဖိနွိပ္တတ္တဲ့ အရွိန္အဝါကို မျပသပဲ ဆြဲေဆာင္တဲ့ ေအာ္ရာေတြပဲ ထုတ္ေနတာ ဆိုေပမယ့္ေပါ့ေလ။

ရိဟန္က အေကာင္းဆံုး ၾကိဳးစား၍ အသက္ျပင္းျပင္း ရွဳလိုက္သည္။

"ဟုတ္တယ္" ရိဟန္က တစ္ဖက္လူအား ျပံဳးျပရန္ ခြန္အားမ်ား အသည္းအသန္ စုေဆာင္းရင္း ျပန္ေျဖသည္။

"က်ြန္ေတာ္က သူ႔စာအုပ္ရဲ႔ ပရိသတ္ပါ, ခင္ဗ်ားေရာသူ႔စာအုပ္ေတြ ၾကိဳက္လို႔လား?"

ရႊီးယိုရန္က သူ႔ပရိသတ္မ်ားအေပၚ အေတာ္ေလး စိတ္ရွည္လက္ရွည္ျဖစ္ေနေၾကာင္း ရွင္းလင္းလွသည္။

"အင္း" သူက သိမ္ေမြ႔သည့္ အျပံဳးေလးျဖင့္ ျပန္ေျဖသည္။

"အဲ့ဒီလိုပံုစံမ်ိဳးပါပဲ, ငါက သူ႔စာအုပ္ေတြ အကုန္လံုးဖတ္တယ္ေလ"

"က်ြန္ေတာ္ေရာပဲ" ရိဟန္က ျပန္ေျပာသည္။

"က်ြန္ေတာ္ဆို သူ႔စာအုပ္ေတြ အကုန္လံုး စုေဆာင္းထားတာ, အာ, အဲ့ဒီေတာ့ ခင္ဗ်ားလဲ သူ႔ပရိသတ္ပဲေပါ့ေနာ္? က်ြန္ေတာ္တို႔က စာေရးဆရာတစ္ေယာက္တည္းကို ၾကိဳက္တာျခင္း တူတယ္ဆိုေတာ့ သူငယ္ခ်င္းေတြပဲေပါ့, က်ြန္ေတာ္တို႔ အျပန္အလွန္ အဆက္အသြယ္ေတြ လဲလွယ္ၾကမလား? သူ႔ဆီက အပ္ဒိတ္အသစ္ေတြရတုိင္း အခ်င္းခ်င္း အေၾကာင္းၾကားလို႔ရတာေပါ့"

ရိဟန္က ပါးနပ္သည့္ အျပံဳးေလးနဲ႔ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္သည္။

"ခင္ဗ်ားေရာ သူ႔အတြက္ ဖြဲ႔ထားတဲ့ သူငယ္ခ်င္းေတြရဲ႔ Chat group ရွိလား? က်ြန္ေတာ္ ခင္ဗ်ားကို ထည့္လုိက္မယ္ေလ"

"ေကာင္းျပီေလ" ရႊီးယိုရန္က ေနာက္တစ္ဖန္ လွပျပီး တည္ျငိမ္လွသည့္ အျပံဳးေလးနဲ႔ ျပန္ေျဖလာသည္။

***

မုမိသားစုအိမ္ကို ရိဟန္ျပန္ေရာက္တဲ့အခ်ိန္မွာ ရိဟန္က က်င္းယြမ္အား စိတ္လွုပ္ရွားစြာျဖင့္ ပတ္ရွာေတာ့သည္။ ကံမေကာင္းစြာပဲ ထိုလူက အိမ္ျပန္မေရာက္ေသးေပ။ ထို႔ေၾကာင့္ လက္ထဲမွာ စာအုပ္ကိုင္ထားရင္းျဖင့္ပင္ ရိဟန္ကဆိုဖာေပၚထိုင္ျပီး သူ႔ခ်စ္သူကို ေစာင့္စားေနရသည္။ ေစာင့္ေမ်ွာ္ေနရင္းျဖင့္ သူ႔ဖုန္းထဲက QQ accountအား ဝင္လုိက္ျပီး သူ႔အိုင္ေဒါနဲ႔ စတင္စကားေျပာေနလိုက္၏။ ေကာင္းကင္ေမွာင္လာတဲ့အခ်ိန္မွာေတာ့ က်င္းယြမ္လည္း ျပန္လာေလျပီ။

တံခါးဖြင့္သံ ခ်ပ္ကနဲ ၾကားတာနဲ႔ရိဟန္က ထိုင္ခံုေပၚက ေျပးဆင္းျပီး ထိုလူဆီ ခုန္ဝင္သြားေတာ့သည္။ က်င္းယြမ္မွာေတာ့ တံခါးဖြင့္ျပီးတာနဲ႔တင္ သူ႔ရင္ခြင္ကို ဖြင့္ျပီး ရိဟန္ကို ၾကိဳဆိုေလသည္။

"ဂရုစိုက္ေလ" က်င္းယြမ္က ကူကယ္ရာမဲ့ေနသည့္ အျပံဳးေလးျဖင့္ ေျပာလာသည္။

"အရြယ္ပဲၾကီးေနျပီ ဘယ္လိုလုပ္ ကေလးလို လုပ္ေနေသးတာတုန္း?" ထို႔ေနာက္ ရိဟန္ရဲ႔ မ်က္နွာအား ဂရုတစိုက္ စစ္ေဆးလုိက္ကာ

"မင္းကို ဘာက မေပ်ာ္ရႊင္ေအာင္ လုပ္လုိက္လို႔လဲ?" သူက အျပံဳးေလးနဲ႔ ဆက္ေမးသည္။

"မု-မု!" ရိဟန္က မ်က္လံုးေလးမ်ား ေမွးစဥ္းသည္အထိ ျပံဳးလိုက္ျပီး ေျပာလာသည္။

"ငါမင္းကို ေျပာစရာရွိတယ္သိလား, ငါဒီေန႔ ငါ့အိုင္ေဒါနဲ႔ ေတြ႔ခဲ့တယ္!"

"အိုင္ေဒါ?"

က်င္းယြမ္က မ်က္ေမွာင္ၾကဳတ္ကာေမးသည္။

ရိဟန္ကသူ႔လက္ထဲက စာအုပ္အား ေျမွာက္ကာ က်င္းယြမ္ကို ျပေလသည္။

"နန္႔ရွန္ေလ!"

က်င္းယြမ္က စာအုပ္အား တစ္ခ်က္ၾကည့္လုိက္ကာ

"အိုး, ကိုယ္သူ႔ကိုသိတယ္, မင္းသူ႔စာအုပ္ေတြ အမ်ားၾကီး စုေဆာင္းထားတာပဲ, ဒီေန႔ စာေရးသူကိုယ္တုိင္ကို ေတြ႔ခဲ့တာလား? သူလည္း ဒီျမိဳ႔မွာပဲ ေနေနတာလား?"

"င့ါမွာ သူ႔စာအုပ္ေတြ အမ်ားၾကီး ရွိေနတာမဟုတ္ပါဘူး, အကုန္လံုးကို ရွိေနတာ, အကုန္လံုးပဲ!" ရိဟန္က အမွန္ျပင္ေပးသည္။

"သူက ဒီျမိဳ႔ထဲက Elegant Gardens မွာေနတာေလ! ငါသူနဲ႔ ဒီေန႔ေတြ႔ခဲ့တယ္!"

"Elegant Gardens?" က်င္းယြမ္က ေမးလာျပီး သူ႔မ်က္နွာက ေနာက္တစ္ဖန္ မ်က္ေမွာင္ၾကဳတ္သြားရသည္။

"အဲ့ဒါ က်န္းစုရဲ႔ စာအုပ္ဆုိင္ရွိတဲ့ လမ္းမဟုတ္ပါဘူး ဟုတ္တယ္မွတ္လား? ဘယ္လိုျဖစ္လို႔ အဲ့ဒီကို ေရာက္သြားတာလဲ?"

ရိဟန္က သူတို႔ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လုိက္ျပီးေနာက္ က်င္းယြမ္အား ေလွကားမွဆြဲကာ သူတို႔အခန္းထဲသို႔ သြားလိုက္သည္။ သူက သူ႔ေနာက္က တံခါးကိုပင္ ပိတ္လုိက္ေသးသည္။ တစ္ေလ်ွာက္လံုးမွာ သူ႔ပံုစံက လ်ွိဳ႔ဝွက္ေနသလိုပင္။

"ဘာျဖစ္လို႔လဲ?" က်င္းယြမ္က သက္ျပင္းခ်သည္။

"ဘာေတြဒီေလာက္ လွ်ိဳ႕ဝွက္ေနတာလဲ"

ရိဟန္က သူ႔အား သူတို႔အခန္းထဲက ဆိုဖာေပၚ ဆြဲခ်လိုက္ျပီး တိုးတိုးေလးေျပာသည္။

"ငါမင္းကို ေျပာခဲ့တဲ့ အိမ္မက္ကို မွတ္မိလား?"

က်င္းယြမ္ရဲ႔ နွလံုးသားက ေအးစက္သြားရသည္။

"ေသခ်ာေပါက္ ကိုယ္မွတ္မိတာေပါ့" သူက ေခါင္းညိတ္ျပသည္။

"အဲ့ဒီမွာ ငါမင္းကို မေျပာျပရေသးတာရွိတယ္, အဲ့ဒီကိစၥက ငါတို႔နဲ႔ ဘာမွ မပတ္သတ္တဲ့ဟာ" ရိဟန္က သူ႔လက္ထဲကစာအုပ္ကို ေဝွ႔ယမ္းျပျပီး စကားဆက္သည္။

"အဲ့ဒါက ဒီစာေရးသူရဲ႔ အေၾကာင္းေလ, ငါ့အိုင္ေဒါ နန္႔ရွန္"

"ကိုယ့္ကို ေျပာျပေလ"

"နန္႔ရွန္ရဲ႔ တကယ့္နာမည္အစစ္က ရႊီးယိုရန္တဲ့" ရိဟန္က ေလးေလးနက္နက္ေျပာလာသည္။

"အိမ္မက္ထဲမွာ....သူလည္ေသသြားတယ္, သူက ငါမေသခင္ ေျခာက္လအၾကာမွာ ေသသြားခဲ့တာ, အိမ္ေထာင္သည္တစ္ေယာက္ကို ျဖားေယာင္းျပီး အိမ္ေထာင္ေရး ဖ်တ္ဆီးတဲ့ သူတစ္ေယာက္အျဖစ္ ထုတ္ေဖာ္ခံခဲ့ရတယ္, အေျခအေနတစ္ခုလံုးက ျပင္းထန္လာခဲ့ျပီး သူ႔အေၾကာင္းေတြလည္း ေပၚသြားခဲ့တယ္, ကိစၥေတြက သူ႔ကို သတ္ေသဖို႔အထိ ျဖစ္သြားေစခဲ့တာ, အဲ့ဒီအခ်ိန္တုန္းက ငါအရမ္းဝမ္းနည္းခဲ့ရတယ္, သူက တကယ့္ကို ေတာ္တဲ့သူတစ္ေယာက္ပါ, သူ႔စာအုပ္ေတြဖတ္တာနဲ႔တင္ အဲ့ဒီလူရဲ႔ အရိုးထဲမွာ ထြင္းထုထားတဲ့ ေျဖာင့္မတ္မွု သံလုိက္အိမ္ေျမွာင္တစ္ခုရွိတယ္ဆိုတာငါေျပာနုိင္တယ္, သူ႔ကို အိမ္ေထာင္ေရး ေဖာက္ျပားသူအျဖစ္ ငါဘယ္လိုမွ မယံုၾကည္နုိင္ဘူး, "

"ျပီးေတာ့လည္း သူျမွဳစြယ္ပါတယ္ ဆိုတဲ့လူကေတာ့ မ်က္နွာေတာင္ တစ္ခါမွ မျပလာခဲ့ဘူး, သူ႔ကိုသိတဲ့လူလည္း တစ္ေယာက္ေတာင္ မရွိဘူး, နန္႔ရွန္ သူ႔လသာေဆာင္ကေန ခုန္မခ်ခင္ သံုးရက္အလိုေလာက္တုန္းက အဲ့ဒီလူရဲ႔ ဇနီးသည္က ေယာက္က်ာ္းတစ္ခ်ိဳ႔နဲ႔အတူ သူ႔အေဆာက္အဦးကို သြားခဲ့ေသးတယ္, ဘာေတြျဖစ္ခဲ့လဲ ဘယ္သူမွ မသိသလို အဲ့ဒီဇနီးသည္နဲ႔ ပတ္သတ္လို႔လည္း ဘယ္သူမွ မသိၾကဘူး, အဲ့ဒီ အိမ္ေထာင္သည္ လင္မယားက ဘယ္သူေတြလဲ ဆုိတဲ့ သတင္းအခ်က္အလက္ေလးေတာင္ ရွိမေနဘူးေလ, သူတို႔က နန္႔ရွန္ကို သတ္တဲ့ ဇာတ္လမ္းအစနဲ႔ အဆံုးပဲ, ဘာပဲျဖစ္ျဖစ္ ငါကေတာ့ နည္းနည္း အာရံုရေနတယ္"

"ငါက နန္႔ရွန္ရဲ႔ ပရိသတ္ေလ, သူ႔ေသဆံုးျခင္းက အရမ္းကို ဝမ္းနည္းေၾကကြဲဖုိ႔ေကာင္းတယ္, နွေျမာက္ဖို႔လည္းေကာင္းတယ္, ဒါေပမဲ့ အိမ္မက္ထဲမွာတုန္းက ငါကိုယ္တုိင္ေတာင္ ခက္ခဲတဲ့ အေျခအေန ရွိေနတာဆိုေတာ့ အမွန္္တရားကို ရွာေဖြနုိင္မယ့္ ခြန္အား မရွိခဲ့ဘူး, ငါ့အိမ္မက္ေတြထဲက ျဖစ္ရပ္ေတာ္ေတာ္မ်ားမ်ားကလည္း အမွန္ေတြ ျဖစ္လာေနတာ, မင္းလည္း အဲ့ဒီအိမ္မက္က သတိေပးတာလို႔ ေျပာခဲ့တယ္မွတ္လား, ဒါဆို ငါတို႔ တစ္ခုခု မလုပ္ရင္ နန္႔ရွန္က တကယ္ပဲ သတ္ေသဖို႔ တြန္းအားေပးခံရမွာ မဟုတ္ဘူးလား?"

"ေထာင္ခ်ီရဲ႔ ေပၚထြက္လာမွုနဲ႔ ဇာတ္ေၾကာင္းေတြအရ-" က်င္းယြမ္က စကားစလာသည္။

"ျပီးေတာ့ မင္းအိမ္မက္ေတြ..., အဲ့ဒီ ျဖစ္ရပ္ေတြအားလံုးက တကယ္ပဲ ျဖစ္လာခဲ့တယ္, ခ်န္ထ်န္းေယာင္ရဲ႔ ကိစၥလိုေပါ့ အကယ္၍ မင္းသာ အဲ့ဒီတုန္းက ဝင္မပါခဲ့ဘူးဆိုရင္ သူေသသြားနိုင္တယ္, ေက်ာင္းဟြာကို ရႊယ္ခ်င္းေနာက္ လိုက္ေနသူေတြအေၾကာင္း ရုတ္တရက္ၾကီး စံုစမ္းခိုင္းခဲ့ျပီး အဲ့ဒီလူအေၾကာင္း သိသြားတဲ့အခ်ိန္မွာ အဲ့ဒီလူ ရူးသြပ္သြားခဲ့တာလည္း မင္းအိမ္မက္ေၾကာင့္ပဲလား?"

ရိဟန္က ေခါင္းညိတ္ျပျပီး က်င္းယြမ္ရဲ႔ ေပါင္ေပၚ တက္သြားသည္။ သူ႔စိတ္ဓာတ္ေတြက သိသိသာသာကို က်ေနသည္။

"ဒီေန႔ နန္႔ရွန္ရဲ႔စာအုပ္ကို ျမင္လုိက္ရတဲ့အခ်ိန္မွာ သူ႔ေသဆံုးမွုကို သတိရသြားခဲ့တယ္,အဲ့ဒါနဲ႔ အိမ္မက္ထဲက လိပ္စာအတိုင္း လိုက္သြားလိုက္တာ တကယ့္ကို သူနဲ႔တိုးတယ္, မု-မု, သူက ငါ့အိုင္ေဒါ၊ ငါသူ႔စာအုပ္ေတြကိုၾကိဳက္တယ္, ဒီလိုၾကီး မေသသြားေစခ်င္ဘူး, သူေရးတာေတြကို အမ်ားၾကီး ထပ္ဖတ္ခ်င္ေသးတယ္"

က်င္းယြမ္က ရိဟန္ရဲ႔ ဆံပင္ေလးကို ထိုးဖြလိုက္သည္။

"မင္းဘယ္လိုလူမ်ိဳးလဲဆိုတာ ကိုယ္သိတာေပါ့ ဟန္ဟန္ရယ္, အကယ္၍ ကိုယ္တို႔သာဒီအတိုင္း ေနလိုက္လို႔ ရႊီးယိုရန္ တစ္ခုခု ျဖစ္သြားခဲ့ရင္ မင္းစိတ္မသက္မသာ ျဖစ္ေနမွာ, လုပ္ေလ, ၾကိဳက္တာကိုသာလုပ္, ကိုယ္အရင္က ေျပာခဲ့သလိုပဲ မင္းနဲ႔ကိုယ္က အျမဲတမ္း တစ္ဖက္တည္းပဲ, အမွန္တရားကို အတူတူ ရွာၾကတာေပါ့, အကယ္၍ သူက တကယ္ပဲ အိမ္ေထာင္ေရး ဖ်တ္ဆီးတဲ့သူတစ္ေယာက္ ျဖစ္ေနရင္ေတာင္ ေသဆံုးရတဲ့အထိေတာ့ အျပစ္မၾကီးပါဘူး, ကိုယ္တို႔ သူ႔ကို ကယ္တင္ၾကတာေပါ့ ဟုတ္ျပီလား?"

ရိဟန္က မတ္မတ္ထုိင္လိုက္ျပီး က်င္းယြမ္ရဲ႔ လည္ပင္းကို သိုင္းဖက္လုိက္သည္။

"မု-မုၾကီး, မင္းဘာလုိ႔ ငါ့အေပၚဒိေလာက္ ေကာင္းရတာလဲ? ငါမင္းကို မေန႔ကထက္ ပိုျပီးခ်စ္လာသလိုမ်ိဳး ခံစားရတယ္"

က်င္းယြမ္က ျပန္ေထြးဖက္သည္။ သူ႔လက္ေခ်ာင္းမ်ားက ရိဟန္ရဲ႔ လည္ပင္းေနာက္ဘက္ေလးအားနွိပ္နယ္ေနရင္း ျပန္ေျပာလာ၏။

"မင္းကိုယ့္ကို မု-မုၾကီးလို႔ ေခၚတုန္းပဲလား? အဲ့ဒါကို ထပ္စဥ္းစားေနျပန္ျပီေပါ့?"

လူငယ္ေလးက ခ်က္ခ်င္းပင္ ခုန္ဆင္းျပီး မတ္တပ္ရပ္သည္။ သူက လက္ေလးအား ေျမွာက္ျပျပီး ကမန္းကတန္း ေျပာရွာသည္။

"မဟုတ္ဘူး, မဟုတ္ဘူး, ငါလံုးဝကို မရည္ရြယ္ပါဘူး,ဒါက မင္းအေပၚထားတဲ့ ငါ့ရဲ႕ ေလးစားမႈနဲ႔ ခ်စ္ျခင္းေမတၱာကို ေဖာ္ျပတာ သက္သက္ပဲ။ ေက်းဇူးျပဳၿပီး ငါ့ကို အထင္မလြဲပါနဲ႔"

က်င္းယြမ္က ရိဟန္ကို လက္ကျပန္ဆြဲျပီး ဆိုဖာေပၚ တြန္းခ်လုိက္သည္။

"ဒါက ဟာသေလးပါပဲ" သူက ခပ္ေသာ့ေသာ့ေလး ရယ္လိုက္၏။

"ဘယ္ေလာက္ေတာင္ ေၾကာက္သြားလဲ ၾကည့္ပါဦး, ကိုယ္က အဲ့ဒီေလာက္ေတာင္ ေၾကာက္ဖို႔ေကာင္းလို႔လား?"

ရိဟန္က မ်က္ေတာင္ခတ္ရင္း ျပန္ျပံဳးျပသည္။

"မင္းက ေၾကာက္ဖို႔မေကာင္းပါဘူး, ဒါေပမဲ့ ငါတကယ္ပဲ ထမင္းေသေသခ်ာခ်ာ စားခ်င္တယ္, ထိုင္ခံုေပၚမွာ ဂရုတစိုက္ ထုိင္ေနရတာမ်ိဳး မျဖစ္ခ်င္ေတာ့ဘူး, အဲ့ဒါလုပ္ျပီးရင္ တစ္ခါတည္း တန္းအိပ္တာက အေကာင္းဆံုးပဲ, အခုခ်ိန္ကစျပီး ငါတို႔ ညစာ မတိုင္ခင္ကို လုပ္လို႔မျဖစ္ဘူး"

က်င္းယြမ္က ေနာက္တစ္ဖန္ ရယ္ေမာလုိက္ျပီး ရိဟန္အား ခပ္ျပင္းျပင္းေလး နမ္းလိုက္ေတာ့သည္။

"ဟုတ္ျပီေလ, အခုခ်ိန္ကစျပီး ကိုယ္တို႔ ညစာမတိုင္ခင္ မလုပ္ဘူး, ညစာ စားျပီးမွ လုပ္ေတာ့လည္း အစာေၾကတာေပါ့"

ရိဟန္က သက္ျပင္းခ်လုိက္ျပီး အေလးအနက္ ျပန္ေျပာသည္။

"Mr မုက်င္းယြမ္, မင္းက ပိုပိုျပီး မသင့္ေတာ္တာေတြ ျဖစ္လာျပီ"

က်င္းယြမ္က ရိဟန္ရဲ႔ နွဖူးေလးကို သူ႔နွဖူးနဲ႔ ပြတ္သပ္လိုက္ျပီး ႏူးႏူးည့ံည့ံေျပာသည္။

"ဒါက ဒီကမာၻတစ္ခုလံုးမွာ မင္းတစ္ေယာက္တည္းပဲသိတဲ့ လွ်ိဳ႔ဝွက္ခ်က္ေလ, ကိုယ္က မင္းကလြဲျပီး တစ္ျခားသူေတြနဲ႔ ေျပာဆိုဆက္ဆံတိုင္း အေတာ္ေလးကို မွန္ကန္ေလးနက္ေၾကာင္း မင္းသိထားသင့္တယ္, ေျပာၾကည့္, ကိုယ့္ရဲ႔ တကယ့္အက်င့္စရိုက္ အစစ္အမွန္ကုိ ကမာၻၾကီးသိတာကေန ေရွာင္ရွားဖို႔ မရွင္းျပနိုင္တဲ့ အေသးစိတ္အေၾကာင္းအရာေတြကုိ ဖယ္ရွားဖို႔ စဥ္းစားရမလား?"

ရိဟန္သည္ က်င္းယြမ္၏ လုပ္ရပ္အား လြန္စြာ စြဲလန္းသြားၿပီး သူ႔ႏွလုံးမွာ ထိုအခ်ိန္ခဏေလးမွာ ေသဆုံးသြားသလိုပင္ ခံစားလိုက္ရသည္။ သူက သတၱိရွိရွိ ေခါင္းေလးေမာ့ကာ က်င္းယြမ္၏ပါးျပင္ကို နမ္းရႈံ႕လိုက္၏။

"မရွင္းျပနိုင္တဲ့ အေသးစိတ္အေၾကာင္းအရာေတြကုိ ဖယ္ရွားဖို႔ မလိုပါဘူး, မင္း ပါးစပ္ကို ပိတ္ထားဖို႔ပဲလိုတယ္"

"ေကာင္းျပီ"

က်င္းယြမ္က ျဖည္းညွင္းစြာျဖင့္ ရိဟန္နဲ႔ ပိုမိုတိုးကပ္သြားသည္။

"ကိုယ္မင္းေျပာသလိုလုပ္မယ္, အခုပဲ မင္းပါးစပ္ေလးကို ပိတ္ေပးမယ္ေနာ္" ေျပာျပီးတာနဲ႔ ရိဟန္ရဲ႔ နွုတ္ခမ္းကို ညင္သာစြာ နမ္းလုိက္ျပီး နွစ္ေယာက္သားက ေပ်ာ့အိႏူးည့ံေနသည့္ အနမ္းတစ္ပြင့္ကို ဖလွယ္လိုက္ၾကေတာ့သည္။

ထို႔ေနာက္ က်င္းယြမ္က ရိဟန္အား သူ႔ရင္ခြင္ထဲ ဆြဲသြင္းလုိက္ကာ

"နန္႔ရွန္နဲ႔ ပတ္သတ္ျပီး အစီအစဥ္က ဘာလဲ?"

"အစီအစဥ္မရွီဘူး" ရိဟန္က စိတ္ရွုပ္ေထြးစြာ ျပန္ေျပာသည္။

"သူနဲ႔ ဘယ္လိုမ်ိဳး ရင္းနွီးေအာင္ လုပ္ရမလဲဆိုတာငါတကယ္ မသိဘူး"

"အဲ့ဒါက မင္းအေပၚ မူတည္တယ္ေလ" က်င္းယြမ္ကရိဟန္ရဲ႔ ေခါင္းေလးေပၚ ေမးတင္ရင္းျပန္ေျပာသည္။

"အကယ္၍ မင္းသူ႔ကို ဒီအတိုင္းကယ္တင္ေပးခ်င္ယံုပဲဆိုရင္ သူနဲ႔ သူငယ္ခ်င္း ျဖစ္စရာမလိုဘူး, ေနာက္ကြယ္ကေနပဲ သူေသဆံုးမွာကို ေရွာင္နုိင္ေအာင္ ကူညီေပးလို႔ရတယ္, အကယ္၍ သူနဲ႔ သူငယ္ခ်င္းျဖစ္ဖို႔ ဆႏၵရွီတယ္ ဆိုရင္ေတာ့ ဒါက ေခါင္းစဥ္ေနာက္တစ္ခု ျဖစ္သြားျပီ"

ရိဟန္က ေခါင္းေမာ့ကာ က်င္းယြမ္ရဲ႔ ေမးေစ့အား သူ႔ရဲ႔ လက္ေခ်ာင္းသြယ္သြယ္ေလးျဖင့္ ထိလုိက္သည္။

"Mr မု, အကယ္၍ ငါသူနဲ႔ သူငယ္ခ်င္း ျဖစ္ခ်င္ပါတယ္လို႔ေျပာရင္, မင္းမနာလုိျပီး ေသသြားမွာစိုးတယ္, အဲ့ဒါေၾကာင့္ ဒါကိုေတာ့ ေမ့လုိက္ပါေတာ့"

"မင္းက အဲ့ဒီလိုေျပာမွေတာ့-" က်င္းယြမ္က ေလးေလးနက္နက္ တုန္႔ျပန္လာသည္။

"အကယ္၍ ကိုယ္သာ မနာလုိျဖစ္ပါတယ္လို႔ ေျပာလိုက္ရင္ အတြင္းစိတ္ထဲမွာ အျမဲမနာလိုုျဖစ္ေနတယ္လို႔ ဝန္ခံလုိက္သလိုပဲ မဟုတ္ဘူးလား?ကိုယ့္ေနာက္ကြယ္မွာ မင္းလူေတြ ဘာေတြေျပာလဲဆုိတာ မသိဘူးမထင္နဲ႔"

ရိဟန္က ခပ္လြင္လြင္ေလး ရယ္ေမာရင္း ေျပာေလသည္။

"မဟုတ္တာ, မဟုတ္တာ, ငါမရည္ရြယ္ပါဘူး, ငါက မင္းကို မေပ်ာ္မရႊင္ မျဖစ္ေစခ်င္ယံုပါပဲ, ငါ့မွာ မိသားစုေတြ သူငယ္ခ်င္းေတြ ရွိေပမယ့္ မင္းကိုေတာ့ ဘယ္သူမွ နွိုင္းယွဥ္လို႔မရပါဘူး"

က်င္းယြမ္က ရိဟန္ရဲ႔ နွာေခါင္းေလးကို ဆြဲလုိက္၇င္း

"ဘယ္လိုမ်ား ေျပာရဲရတာလဲ, မင္းက စကားလံုးလွလွေလးေတြနဲ႔ ခ်ဳပ္ဖို႔ သင္ယူျပီးေနျပီေပါ့ေလ"

ရိဟန္က သူ႔နွာေခါင္းေပၚက တစ္ဖက္လူရဲ႔ လက္ကို ဆြဲဖယ္လိုက္ျပီး က်င္းယြမ္ရဲ႔ ေပါင္ေပၚ ျပန္တက္သြားသည္။

"ဒါဆို မင္းလက္ခံမွာလား?" သူကရယ္ေလသည္။

==================

Continue Reading

You'll Also Like

66.6K 9.3K 71
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
336K 26.7K 29
Mini Story Uni Life Style Sweet Romance
210K 5.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
103K 10.9K 52
Author - 晏十日 Total chapter - 24 Chapters Mm translator - Dora_luci Start date - 1.8.2021 End date - 25.9.2021 I don't own this story. Credit to all A...