Here
By YurioKuco
136K 7K 253
If you like the cover,you must read. More
ပဏာမ
0
1
2
3-1
3(2)
4-1
4-2
5-2
6-1
6-2
5-1
5.6K 397 19
By YurioKuco
ရွေးချယ်မှု
Kinn
ကျွန်တော် ဆိုဖာပေါ်မှာခြေချိတ်ထိုင်ရင်း လက်ထဲကသေနတ်ကိုဆော့နေမိပြီး တံခါးပေါ်မှာထွင်းထားတဲ့မာန်အပြည့်နဲ့နဂါးရုပ်ကိုကြည့်နေမိသည်။ အခု ကျွန်တော်အားကြိုးမာန်တက်စောင့်နေတဲ့လူက ကျွန်တော်အမဲလိုက်ပြီးကစားနေတဲ့လူပဲ။ 
"သူရောက်လာပြီ" ကျွန်တော့်သက်တော်စောင့်တွေထဲကတစ်ယောက်ဖြစ်တဲ့Bigက ကျွန်တော့်ကိုအကြောင်းကြားလာခဲ့သည်။
သိပ်မကြာခင်မှာပဲ တံခါးပွင့်သွားခဲ့ပြီး အရပ်ရှည်ရှည်နဲ့ပုံရိပ်တစ်ခုကတံခါးဝမှာရှိနေခဲ့သည်။ သူ့လက်မောင်းပေါ်မှာရှိနေတဲ့တက်တူးက ရှပ်အင်္ကျီအဖြူနဲ့မဟားတရားလိုက်ဖက်နေတာကြောင့် ကျွန်တော်နောက်တစ်ခေါက်ကြည့်လိုက်မိသည်။ တက်တူးပိုင်ရှင်ကအခန်းထဲဝင်လာခဲ့ပြီး အခန်းတစ်ခုလုံးကိုဝေ့ဝဲကြည့်ပြီးတဲ့အခါ ကျွန်တော့်ကိုစူးစူးရဲရဲစိုက်ကြည့်လာသည်။
"ထိုင်စမ်း"
Bigကသူ့ပုခုံးကိုတွန်းလိုက်ပြီး ကျွန်တော့်ရှေ့မှာရှိနေတဲ့ဆိုဖာပေါ်မှာအတင်းထိုင်ခိုင်းလိုက်သည်။
တိတ်ဆိတ်မှုကအခန်းကိုရစ်ပတ်ထားပြီး အခန်းထဲမှာရှိနေတဲ့လူဘယ်သူကမှအသံမထွက်ရဲသလို ကျွန်တော်ကလညိးစကားစမပြောဘူး။ ကျွန်တော်တို့နှစ်ယောက်ကအကြည့်ချင်းပြိုင်နေကြပြီး ဘယ်သူကမှအရှုံးပေးဖို့အစီအစဥ်မရှိဘူးထင်ပါရဲ့။
“မင်းလိုချင်တာကဘာလဲ" Porscheကအေးစက်နေတဲ့အသံနဲ့မေးလာပြီး သူ့မျက်ဝန်းတွေထဲမှာရှိနေကျယုံကြည်မှုတွေက ကျွန်တော်တစ်ခါမှမမြင်ဖူးခဲ့တဲ့သတိကြီးကြီးထားပြီးသံသယအပြည့်နဲ့မျက်ဝန်းတွေအဖြစ်ပြောင်းလဲနေခဲ့သည်။ သူကအမည်းရောင်မျက်နှာဖုံးတွေဝတ်ထားတဲ့သက်တော်စောင့်တွေကိုတစ်ချက်ကြည့်လိုက်ပြီး  သူ့မျက်နှာပေါ်မှာအဆင်မပြေမှုတွေရှိနေခဲ့ပုံထောက်တော့ အဲ့ဒီသက်တော်စောင့်တွေကိုကြောက်သွားတာပဲနေမယ်။
"အရင်ကလည်းပြောပြီးသားပဲ။ငါ့ဆီမှာအလုပ်လာလုပ်ပါဆိုနေ " ကျွန်တော်မျက်တောင်တစ်ချက်မခတ်ဘဲစိုက်ကြည့်ရင်းပြောလိုက်သည်။
ကျွန်တော်စကားဆုံးတာနဲ့တပြိုင်နက် Porscheရဲ့ဩရှရှအသံကထွက်လာခဲ့သည်။
"မလုပ်ဘူး"
"အင်း...မင်းကငါထင်ထားတာထက်ပိုခေါင်းမာတာပဲ" သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကိုဆန်းစစ်ကြည့်ရင်းရယ်လိုက်မိသည်။ Porscheကခေါင်းမာပြီးရန်လိုတတ်တဲ့လူပဲ။သူ့ရင်ထဲကခံစားချက်တွေကိုဖုံးကွယ်ထားဖို့အတွက် အပြင်မှာသန်မာချင်ယောင်၊အားကောင်းချင်ယောင်ဆောင်နေတာလေ။ပြီးတော့ သူကလူသစ်၊ပတ်ဝန်းကျင်အသစ်နဲ့ဆက်ဆံရတာကိုသဘောမကျဘူးထင်ပါရဲ့။ ကျွန်တော်ကအခုမှအသက်20ကျော်ပဲရှိသေးတယ်ဆိုပေမဲ့ ဖြတ်သန်းခဲ့ရတာတွေကအများသားပဲလေ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့အရာတွေက ကျွန်တော့်ကိုလူတစ်ယောက်ရဲ့အားနည်းချက်ကိုသေချာခွဲခြမ်းစိတ်ဖြာနိုင်တဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပြီး လူတွေနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ဗဟုသုတကိုပါပေးခဲ့ပြန်သည်။
"ဘာလို့လဲ။ငါ့ကိုမှဘာလို့ဒီလိုလုပ်နေရတာလဲ။"
"ဟင်...ငါဘာလုပ်လို့လဲ။" ကျွန်တော့်နှုတ်ခမ်းထောင့်စွန်းကကော့တက်သွားတာကိုသူမသိအောင်ချက်ချင်းပြန်ပြင်လိုက်သည်။
"မင်းကငါ့ဘေးမှာရှိတဲ့လူတွေကိုလိုက်နှောင့်ယှက်နေတာလေ။ငါ့ကိုလည်းအလုပ်မလုပ်ရအောင်လုပ်တယ်။ပြီးတော့ မင်းဆီမှာအလုပ်လာလုပ်ဖို့ တောက်လျှောက်ပြောနေတာလေ။ "
"ဪ အင်း ဆက်ပြော"
"မင်းကငါအလုပ်လုပ်တဲ့နေရာကိုလည်းလာဖျက်ဆီးတယ်။ငါ့ကိုအလုပ်မခန့်ရဘူးလို့လည်းJadeကိုခြိမ်းခြောက်သွားတယ်။မင်းနဲ့မင်းလူတွေကငါမဟုတ်တဲ့ငါ့သူငယ်ချင်းကိုရိုက်ပစ်လိုက်ကြတာလေ။ဟာသပဲ"
"ဪ Jomဆိုတဲ့တစ်ယောက်ကိုပြောတာလား။ငါကဒီအတိုင်းမင်းကိုသင်ခန်းစာပေးရုံပါပဲ။မင်းကငါ့ကိုလိမ်သွားတဲ့လူလေ" ကျွန်တော်မျက်ခုံးတစ်ဖက်ပင့်ရင်းပြောလိုက်သည်။
"ငါ့နားကလူတွေကိုဒုက္ခမပေးနဲ့။"
"အဲ့ဒါဆို မင်းကငါ့ဆီအလုပ်လာလုပ်မှာလား။" ကျွန်တော်မေးလိုက်တာနဲ့တပြိုင်နက် Porscheရဲ့မျက်နှာမှာသည်းခံနိုင်စွမ်းကုန်ဆုံးသွားတာကိုမြင်လိုက်ရသည်။ဒီလိုပဲဖြစ်ရမယ်လေ။ဒါကသူ့အတွက်ထောင်ချောက်ပဲ။ Porscheလိုလူမျိုးကိုဘယ်လိုမျိုးပဲအားသုံးပြီး နှိပ်စက်နေပါစေ သူကအရှုံးပေးမှာမဟုတ်ဘူး။အင်အားနဲ့တိုက်လို့မရတဲ့လူကိုနှလုံးသားနဲ့လှည့်ပတ်တိုက်ရမှာပေါ့။အထူးသဖြင့် သူ့အနားမှာရှိတဲ့လူတွေကိုသူ့အစားပစ်မှတ်ထားလိုက်မယ်ဆိုရင် အဲ့ဒီကောင်ကချက်ချင်းချောင်ပိတ်သွားမှာပဲ။အခုသူဖြစ်နေသလိုပေါ့။
ဒီလိုပြောလို့ကျွန်တော့်ကိုမကောင်းတဲ့လူလို့မြင်မနေကြနဲ့ဦး။ကျွန်တော်သူ့ကိုကောင်းကောင်းမွန်မွန်ဆွေးနွေးတိုင်ပင်ဖို့ကြိုးစားခဲ့သေးတယ်လေ။သူမှလက်မခံခဲ့တာ။ သူကသာကျွန်တော့်ကိုပတ်ရှောင်မနေခဲ့ရင်ဒီလောက်ကြီးထိဆိုးဆိုးဝါးဝါးလုပ်မနေခဲ့ဘူး။ ဒီကောင်က ကျွန်တော့်ကိုအချိန်အတော်ကြာအခက်တွေ့အောင်လုပ်ခဲ့တာဆိုတော့သူ့ကိုသင်ခန်းစာပြန်သင်ပေးရမယ်ထင်တာပဲ။
"ဘာလို့ငါလဲ။ ဘာလို့ငါ့ကိုမှဒီလောက်ကြီးထိလိုချင်နေရတာလဲ။" Porscheကဒေါသတကြီး​မေးလာခဲ့သည်။
"ဘာလို့လဲဆိုတော့ ငါကငါလိုချင်တာဆိုအမြဲရအောင်ယူတတ်တဲ့လူမို့လို့လေ"
စကားအဆုံးမှာ ကျွန်တော်ပြုံးလိုက်မိပြီး သူကလည်းကျွန်တော့်ကိုပြန်ကြည့်လာခဲ့သည်။ကျွန်တော်အခုပြောနေတဲ့စကားတွေက ဘဝင်မြင့်ရာကျတယ်ဆိုတာသိပေမဲ့လည်း ဒါကအမှန်တရားပဲလေ။ကျွန်တော်ကြီးပြင်းလာတဲ့တလျှောက် ကျွန်တော့်အဖေကအစိုးရအကြီးပိုင်းအထိပေါက်ရောက်တဲ့လူဆိုတော့ သက်သောင့်သက်သာနဲ့ကြီးပြင်းလာခဲ့ရတယ်လေ။ဒီတော့ပြောချင်တာကဗျာ ကျွန်တော်တစ်ခုခုကိုလိုချင်ပြီဆိုတာနဲ့ အကုန်လုံးကအဲ့ဒီတစ်ခုကိုမရရအောင်လုပ်ပေးကြတာပဲ။ကျွန်တော်လိုချင်တာကရဖို့ခက်ခဲပြီး ကြိုးစားဖို့လိုအပ်တယ်ဆိုရင် အဲ့ဒီစိန်ခေါ်မှုက ကျွန်တော့်ကိုပိုစိတ်ဝင်စားအောင်လုပ်တော့တာပဲ။အခုဖြစ်နေသလိုမျိုးပေါ့။
“ပြီးတော့ ငါကဘာလို့မင်းဖြစ်ချင်တာကိုလုပ်ပေးရမှာလဲ။”
“ငါပြောပြမယ်။မင်းငါ့လိုလူကိုကလန်ကဆန်တွေလုပ်နေရင် နောက်ဘာဆက်ဖြစ်မယ်ထင်လဲ။”
“ဒီလိုပြောရအောင် မင်းကိုယ်မင်းဘာကောင်ထင်နေတာလဲ။ဒီလိုမျိုးလေကြီးဖင်ကျယ်ပြောနေရအောင်မင်းကဘာကောင်လဲ။”
Porscheကဒေါသတကြီးပြောလာပြီး ရုတ်တရက်ကြီးဆိုဖာပေါ်ကထရပ်လိုက်သည်။ သူထရပ်လိုက်တာနဲ့တပြိုင်နက် ကျွန်တော့်သက်တော်စောင့်တွေအကုန်လုံးကသူ့ကိုဝိုင်းလိုက်တာကြောင့် မျက်ဝန်းထဲမှာကြောက်ရွံ့မှုတွေရှိနေတဲ့လူဟာ ဆိုဖာပေါ်ပြန်ထိုင်ချလိုက်သည်။သူဘယ်လောက်ပဲအားသန်သန် ဒီအချိန်မှာအရေးပါမနေဘူး။ဒီအချိန်မှာသက်တော်စောင့်ဆယ်ယောက်ကိုတွေ့ရုံနဲ့ကြောက်သွားတာကသဘာဝကျပါတယ်လေ။အခုသူရောက်နေတဲ့နေရာကကျွန်တော့်နယ်မြေလေ။ ကျွန်တော့်လက်ခုပ်ထဲကရေဖြစ်နေမှတော့ သူဘာမှတော့မလုပ်ရဲလောက်ပါဘူး။
“Porsche မင်းလိုလူမျိုးတွေကအတင်းလုပ်ခိုင်းတာမျိုးတွေကိုသ​ဘောမကျဘူးဆိုတာငါသိတယ်။ဒါပေမဲ့ မင်းကတကယ်တော်တဲ့လူဆိုတော့ ငါလည်းကမ်းလှမ်းစရာရှိတာကမ်းလှမ်းပြီးအဆင်ပြေချင်ပြီ။ " ကျွန်တော်ထိုင်နေတဲ့ပုံစံကိုပြောင်းလိုက်ပြီး လက်နှစ်ဖက်ကိုပေါင်ပေါ်တင်ကာ ကျွန်တော်အခုပြောနေတဲ့စကားကအတည်ဆိုတာကိုပြောလိုက်သည်။
“ငါကတော့မလုပ်ဘူး။”သူကအခုထက်ထိခေါင်းမာမာနဲ့ပြောလာပြန်သည်။
“မင်းတို့တွေအကုန်လုံးအခန်းထဲကထွက်”
ကျွန်တော့်သက်တော်စောင့်တွေအကုန်လုံးကိုထွက်ခိုင်းရတဲ့အကြောင်းရင်းက သူတို့တွေထွက်သွားမှ Porscheကိုဘယ်လောက်ပေးမယ်ဆိုပြီးကမ်းလှမ်းလို့ရမှာလေ။သူတို့တွေသာအသေးစိတ်အချက်အလက်တွေကိုကြားသွားရင် ကျွန်တော်ကဘက်လိုက်တယ်ဆိုပြီးစိတ်မကောင်းဖြစ်ကြလိမ့်မယ်။
“ဒါပေမဲ့...သူဌေး Kinn…”
Bigကအထွန့်တက်လာပေမဲ့ ကျွန်တော်သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်တဲ့အခါ အသံတိတ်သွားခဲ့သည်။
“ဟေး မင်း သူဌေးKinnကိုထိခိုက်အောင်လုပ်ရဲလုပ်ကြည့်။ငါမင်းကိုသတ်ပစ်မယ်။”
အခန်းထဲကမထွက်ခင် BigကPorscheကိုလက်ညှိုးငေါက်ငေါက်ထိုးပြိးပြောသွားတဲ့အခါ Porscheကဒေါသတကြီးနဲ့အနားမှာရှိတဲ့ဆိုဖာကိုကန်လိုက်ပြီး အခန်းထဲကထွက်သွားတဲ့တခြားသက်တော်စောင့်တွေနောက်လိုက်ကာအော်လိုက်သည်။
“မင်းတို့ခွေးကောငိတွေ ငါ့ကိုလာစမ်းကြည့်လိုက်စမ်းပါ။”Porscheကအော်လိုက်တဲ့အခါ Bigကမျက်နှာလွှဲလိုက်ပြီးတံခါးကိုပိတ်လိုက်သည်။
“ဟေး ငါမင်းသတ္တိကိုတော့တကယ်သ​ဘောကျတယ်ကွာ။”ကျွန်တော်ခေါင်းယမ်းရင်းပြောလိုက်သည်။
“ငါနောက်တစ်ခေါက်ထပ်ပြောမယ်။မင်းကိုငါ့ဆီမှာတကယ်အလုပ်လုပ်စေချင်တာ။မင်းလစာဘယ်လောက်လိုချင်လဲသာပြောလိုက်။ငါလုပ်ပေးမယ်။ ”Porscheကအခုပိုက်ဆံလိုနေတာဆိုတော့ ဒီလိုမျိုးကမ်းလှမ်းလိုက်တာကပိုလွယ်မယ်ထင်တာပဲ။
“...တစ်လကိုဘတ်တစ်သန်း။ဘယ်လိုလဲ ပေးနိုင်ရဲ့လား”ကျွန်တော်သူ့ကိုကြည့်ရင်းပြုံးလိုက်မိသည်။ဒီကောင်ကတကယ့်ကောင်ပဲ။
“ဟားဟား ချစ်ဖို့ကောင်းသားပဲ။အခုဒီအခြေအနေမှာမင်းဘက်ကဘာတွေများကမ်းလှမ်းစရာရှိလို့လဲ။ ”
“ငါကတကယ့်လက်တွေ့ကိုအခြေခံပြီးတောင်းတာလေ။မင်းကငါ့ကိုသက်တော်စောင့်တအားခန့်ချင်နေတာမလား။ဒီတော့ တစ်လကိုဘတ်တစ်သန်းဆိုတာကအဓိပ္ပါယ်ရှိတယ်ထင်တာပဲ။ဘောလုံးသမားတစ်ယောက်တောင်ဆယ်သန်းရတယ်ဆိုတော့ ငါ့အတွက်ကအတိအကျတစ်သန်းပဲ။ " သူကထိုင်လက်စပုံစံကိုသက်သောင့်သက်သာရှိတဲ့ပုံစံအဖြစ်ပြောင်းလိုက်ပြီးဆိုဖာကိုမှီလိုက်သည်။
အဟက်...ဒီတော့ ဒီကောင်ကသူ့ကိုယ်သူဆရာကြီးဖြစ်ပြီထင်နေတာပေါ့။
"ဒါပေမဲ့ မင်းကဘောလုံးသမားမှမဟုတ်တာ။ပြီးတော့ မင်းကငါ့ဆီမှာတစ်လအလုပ်လုပ် အိမ်ပြန်ရွေးပြီးငါ့ကိုလျစ်လျူရှုထားဖို့ကြံနေတာပဲ။" ကျွန်တော်ပြောလိုက်တဲ့စကားကိုကြားရတဲ့အခါ သူကအံ့ဩသွားတဲ့ပုံနဲ့ကြည့်လာခဲ့သည်။ကျွန်တော်ကတော့ထူးပြီးအံ့ဩမနေပါဘူး။ဒီကောင့်ကိုစာအုပ်တစ်အုပ်ဖတ်သလိုလွယ်လွယ်လေးဖတ်နေနိုင်ပြီလေ။ ငါ့ကိုလာမရှုပ်စမ်းပါနဲ့ကွာ။
“ဒါဆိုလည်း ငါမလုပ်ဘူး။”
“ငါသိချင်တာကလေ တစ်နေ့ဘတ်သုံးရာ့ငါးဆယ်ရတဲ့မင်းအလုပ်ကနေဘယ်တော့များမှမင်းအိမ်ကိုပြန်ရွေးနိုင်မလဲဆိုတာပဲ။အင်း...ဆယ်နှစ်များလား နှစ်လေးဆယ်??? ငါ့နှယ် ရေတောင်မရေနိုင်တော့ဘူး။”ဂိမ်း စ ပွဲသိမ်း ကျွန်တော့်မှာမပြိုင်ရသေးခင်ကတည်းကအနိုင်ရနေသလိုပဲ။Porscheမှာရွေးချယ်စရာရယ်လို့မရှိတော့ဘူးလေ။
“ငါ့မှာငါ့နည်းနဲ့ငါရှိပါတယ်”ဒီကောင်ကတမင်ကိုလုပ်နေတာပဲ။
“မင်းရဲ့ဖြေရှင်းနည်းလား ဪ”ကျွန်တော်ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး Porscheအလုပ်လုပ်နေတဲ့အရက်ဆိုင်အသစ်ရှေ့စောင့်နေတဲ့ ကျွန်တော့်လူတွေကိုဖုန်းဆက်လိုက်သည်။
“လုပ်လိုက်တော့”
ကျွန်တော်အမိန့်ပေးတာကိုကြားလိုက်ရတဲ့အခါ Porscheကသိချင်စိတ်အပြည့်နဲ့ကြည့်လာခဲ့သည်။
“မင်းဘာလုပ်နေတာလဲ”
“စောင့်ကြည့်လိုက်လေ“
ကျွန်တော်မတ်တပ်ရပ်ရင်းတခြားစားပွဲဆီသွားလိုက်ပြီး ကော်ဖီစက်ခလုတ်ကိုနှိပ်ကာနာရီကိုကြည့်လိုက်သည်။အခန်းထဲမှာတော့တိတ်ဆိတ်နေပြီး Porscheရဲ့နောက်ကျောကိုကြည့်ရင်း ကျွန်တော်ပြုံးလိုက်မိသည်။ထိုင်လက်စနေရာမှာပဲထိုင်နေတဲ့လူက ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။
Ringggggggggg
[Porscheဖုန်းအသံမြည်]
“ဟုတ်ကဲ့ P'Q”
[Porsche မင်းအလုပ်ထွက်တော့]
ဖုန်းရဲ့တစ်ဖက်ခြမ်းကအသံကျယ်လွန်းနေချက်က ကျွန်တော်တောင်ကြားရတဲ့အထိပဲ။Porscheကခါးသီးစွာပြုံးလိုက်ပြီးမတ်တပ်ထရပ်လိုက်သည်။ ခန္ဓာကိုယ်ကတဆတ်ဆတ်တုန်နေပုံထောကိတော့ သူတကယ်ဒေါသထွက်နေပုံပဲ။ အညှိုးအပြည့်နဲ့မျက်ဝန်းတွေက ကျွန်တော့်ကိုစိုက်ကြည့်နေပြီး ကျွန်တော်သူ့ကိုပြန်ပြုံးပြလိုက်သည်။
“ဘောပဲ Kinn”
သူကဖုန်းကိုကျွန်တော့်ဆီပစ်လိုက်ပေမဲ့ ကျွန်တော်မရှောင်ခဲ့ဘူး။ဒီလိုနဲ့ပဲ ဖုန်းရဲ့ကိုယ်ထည်က ကျွန်တော့်မျက်ခုံးစွန်းနားရောက်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ ဒဏ်ရာကနေသွေးတွေစီးကျလာတာကိုခံစားမိလိုက်သည်။ကျွန်တော်ကိုယ်တိုင်လည်းဒေါသထွက်နေပြီဖြစ်တာကြောင့် သူ့ဆီအမြန်ပြေးဝင်လိုက်သည်။ကျွန်တော့်လက်တစ်ဖက်နဲ့သူ့လည်ပင်းကိုအပိုင်ချုပိထားလိုက်ရင်း လူတကိုယ်လုံးကိုနံရံဘက်ဆောင့်တွန်းလိုက်သည်။သူ့ပုံစံက ကျွန်တော်အခုလုပ်လိုက်တဲ့အရာကြောင့် အံ့အားသင့်ပြီးသတိလွတ်သွားပုံပဲ။ သူကျွန်တော့်လက်ကနေရုန်းထွက်ဖို့ကြိုးစားပေမဲ့လည်း ခံစားချက်တွေကထိန်းချုပ်မရတဲ့အထိပေါက်ကွဲထွက်ကုန်တဲ့အခါ ခါတိုင်းထက်ပိုအားသန်နေတတ်တာသဘာဝပါပဲ။
“ငါမင်းကိုကောင်းကောင်းမွန်မွန်ပြောနေတာလေ။ ”
ကျွန်တော်အသံနက်နက်နဲ့ပြောလိုက်မိသည်။ဒီကောင့်ကိုကြည့်နေရတာနဲ့တင်ဘယ်လောက်ထိဒေါသထွက်နေမိလဲဆိုတာကိုတကယ်မပြောပြတတ်တော့ဘူး။ ကျွန်တော်တို့အကြည့်ချင်းဆုံသွားပေမဲ့လည်း သူကတော့အခုထိကြိုးစားပြီးရုန်းကန်နေတုန်းပဲ။ သူ့မျက်ဝန်းတွေထဲမှာအကြောက်တရားကိုတွေ့လိုက်ရတဲ့အခါ ကျွန်တော်လက်အားကိုလျှော့လိုက်ပေမဲ့ သူ့ကိုတော့မလွှတိပေးခဲ့ဘူး။
"အဟွတ်...အဟွတ်"
“မင်းသာကိစ္စတွေကိုပိုရှုပ်အောင်မလုပ်ခဲ့ရင် ငါ့ကိုမလှောင်ခဲ့ရင် ငါဒီလောက်ကြီးထိဒေါသထွက်နေမှာမဟုတ်ဘူး။ ”
“ငါဘာလုပ်မိလို့လဲ”
“မင်းကတခြားတစ်ယောက်ပုံစံနဲ့ဟန်ဆောင်ထားတာလေ။ငါ့ကိုရိုက်တယ်။လည်ပင်းမှာအနာဖြစ်အောင်ကိုက်သွားတယ်။ငါ့ကိုလည်းရှောင်နေသေးတယ်။အစပိုင်းတုန်းကမင်းကိုဒီလိုမျိုးတွေလုပ်ဖို့မတွေးခဲ့တာ ကျိန်ဆိုကျိန်ရဲသေးတယ်။မင်းကငါ့ကိုကျောင်းမှာပထမဆုံးအကြိမ်ရှာကတည်းကစိတ်တိုအောင်လုပ်လိုက်တာ။မင်းအလုပ်လုပ်တဲ့နေရာမှာလည်းJomဆိုတဲ့လူကိုလိုက်ရှာတာမတွေ့ဘူး။ မင်းလုပ်တာတွေက ငါ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်ကွ။ဒါတောင်ငါမင်းကိုဘာမှမလုပ်ရသေးဘူးနော်။ ”
“ငါနေချင်သလိုနေလို့ရတယ်မဟုတ်ဘူးလား။ငါလုပ်ချင်သလိုလုပ်လို့ရတယ်လေ။ပြီးတော့ မင်းဖြစ်ချင်သလိုလုပ်ပေးလိမ့်မယ်လို့မျှော်လင့်မနေနဲ့။တကယ့်စောက်ရူးပဲ။”စကားအဆုံးမှာပဲ အဲ့ဒီကောင်ကကျွန်တော့်ကိုတံတွေးနဲ့ထွေးလိုက်သည်။
ကျွန်တော့်ဒေါသအခြေအနေကပိုဆိုးလာတာကြောင့် ကျွန်တော်သတိလက်လွတ်နဲ့သူ့ခန္ဓာကိုယ်မြောက်တက်သွားတဲ့အထိနံရံမှာဖိထားလိုက်သည်။ဒီကောင်ထွေးထုတ်လိုက်တဲ့တံတွေးကျွန်တော့်မျက်နှာပေါ်မှာရှိနေတဲ့အချက်က ကျွန်တော့်ဒေါသကိုပိုဆွပေးနေသလိုပဲ။ကျွန်တော့်ကြောင့် လည်ပင်းအစ်နေတဲ့Porscheတစ်ယောက်အားဘယ်လောက်သုံးပြီးရုန်းနေလဲဆိုတာကို ကျွန်တော်သတိမထားမိဘူး။မျက်နှာပေါ်မှာရှိနေတဲ့တံတွေးကပါးတလျှောက်စီးကျလာတဲ့အခါ အရှေ့မှာရှိနေတဲ့လူကိုသတ်ပစ်ချင်စိတ်ကတဖွားဖွားပေါ်ပေါက်လာခဲ့ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ပါးကိုပွတ်ပစ်လိုက်မိသည်။
“ငါမွေးလာကတည်းကဘယ်သူမှဒါမျိုးမလုပ်ရဲဘူး။”
ကျွန်တော်အံတင်းတင်းကြိတ်ထားမိပြီး သူ့လည်ပင်းကိုဖိထားတဲ့လက်ကလည်းတဖြည်းဖြည်းတင်းကျပ်လာခဲ့သည်။
“သူဌေးKinn သူဌေးKinn လွှတ်လိုက်ပါ။"
သူတို့တွေဘယ်အချိန်တုန်းကဒီအခန်းထဲကိုဝင်လာခဲ့သလဲကျွန်တော်မသိလိုက်ဘူး။P'Chanက ကျွန်​တော်တို့ကြားထဲဝင်လာခဲ့ပြီး ကျန်တဲ့လူတချို့ကလည်းကျွန်တော့်ကိုအတင်းဆွဲလာတာကြောင့် သူ့လည်ပင်းကိုဆုပ်ကိုင်ထားတဲ့လက်တွေကိုလွှတ်ပေးလိုက်တဲ့အခါ Porscheကကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။အသက်ရှုသံခပ်ပြင်းပြင်းနဲ့ တဟွတ်ဟွတ်ချောင်းဆိုးသံကတကယ်သေတော့မဲ့လူပုံစံလိုပဲ။
“မင်းဘာလုပ်နေတာလဲ Kinn”
အဖေ့အသံကအနောက်ကထွက်လာတာကြောင့်ဘကျွန်တော်လက်ပြန်ရုတ်လိုက်ပြီးအကြည့်လွှဲလိုက်သည်။
“အဆင်ပြေရဲ့လား။”
ကျွန်တော်ရပ်နေတုန်းမှာကဲ PorscheကိုP'Chanမေးနေတဲ့အသံရယ် ဆိုဖာပေါ်တင်ပေးလိုက်တဲ့အသံကိုကြားလိုက်ရသည်။
“အဖေကမင်းကိုသူ့နောက်လိုက်ခိုင်းတယ်ဆိုတာ သက်တော်စောင့်ခန့်ခိုင်းဖို့လေ။သူ့ကိုသတ်ပစ်ဖို့မဟုတ်ဘူး။”
**************************************
P'Mileကဆင်ဂယ်မဟုတ်ပါဘူးနော် သူ့ကောင်မလေးကတို့ပါ😍 ကျန်တဲ့အပိုင်းကိုညဘက်ပြီးအောင်ရေးပြီးတင်ပေးပါ့မယ်
ရွေးချယ်မှု
Kinn
"ထိုင်စမ်း"
"မလုပ်ဘူး"
"ဪ အင်း ဆက်ပြော"
“ဒါပေမဲ့...သူဌေး Kinn…”
“ဒါဆိုလည်း ငါမလုပ်ဘူး။”
“လုပ်လိုက်တော့”
“မင်းဘာလုပ်နေတာလဲ”
“စောင့်ကြည့်လိုက်လေ“
Ringggggggggg
[Porscheဖုန်းအသံမြည်]
“ဟုတ်ကဲ့ P'Q”
“ဘောပဲ Kinn”
"အဟွတ်...အဟွတ်"
“ငါဘာလုပ်မိလို့လဲ”
“အဆင်ပြေရဲ့လား။”
**************************************
Continue Reading
You'll Also Like
1.9M 97.1K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
42.4K 57 10
Adult content 🔞⚠️ , smut...😍 read ur own rick ❌‼️
15.1M 719K 62
When Daiyu is summoned with dozens of other girls to be the Emperor's concubine, she doesn't think that she'll be chosen. Although beautiful and kind...
32.1K 1.1K 44
ညီဖြစ်သူသေဆုံးသွားရတာက သူ့ညီကောင်မလေးရဲ့အစ်မကြောင့်ဆိုပြီးလက်စားချေခဲ့ရာမှ...