အမုန်းပင်မှပွင့်သောအချစ်ပန်း...

By Aster_2122

277K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ More

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၂} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၆}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း {၉}

11.1K 794 66
By Aster_2122

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၉}

"လွန်းဟယ်ရီ စကားခဏပြောရအောင်"
အိမ်ပေါ်သို့တက်ရန်ပြင်နေသည့် ဟယ်ရီခြေလှမ်းတို့မှာ အန်တီခေါ်သံကြောင့် ဧည့်ခန်းဆီသို့ဦးတည်လိုက်မိသည်။တစ်ခါမှခုလိုမပြောဖူးတာကြောင့်ရင်ထဲမှာလည်းထိတ်လန့်တုန်လှုပ်မိသွားသည်။အန်တီများ ဟယ်ရီ့အနားကထွက်သွားတော့မလို့လားလို့တွေးမိတော့ လှမ်းနေသည့်ခြေလှမ်းတို့မှာမခိုင်တော့စွာ အနားရှိတံခါးဘောင်အား လက်လှမ်းကိုင်ကာ မှီလိုက်မိသည်။

"ဘာပြောမလို့လဲအန်တီ"

အန်တီဆိုသည့်အခေါ်ကြောင့် နန်းရိပ်မျက်ခုံးနှစ်ဖက်မြောက်တက်သွားကာ အံ့သြသွားရသည်။မူးနေလို့လားလို့ကြည့်မိတော့လည်းလူကပုံမှန်ပင်။

"ဒီမှာလာထိုင်ပါလား တို့မင်းနဲ့ဆွေးနွေးစရာလေးရှိနေလို့"

ခြေလှမ်းတို့အား အားယူကာလျှောက်လိုက်ပြီး အန်တီအရှေ့ရှိ ဆိုဖာတွင်ဝင်ထိုင်ကာအန်တီအားကြည့်နေလိုက်မိသည်။အိမ်နေရင်း အင်္ကျီအပွအားအောက်မှ ပြောင်လုံချည်ကလေးဖြင့်တွဲဝတ်ထားပုံမှာ ဟယ်ရီမျက်လုံးထဲတော့ကြည့်ရျ်ကောင်းလှသည်။ဟယ်ရီအကြည့်တို့မှာ အန်တီနီစွေးစွေး နှုတ်ခမ်းလွှာတို့တွင်ရပ်တန့်သွားသည်။ဒီနှုတ်ခမ်းလွှာတို့ကနေ ထွက်ကျလာမည့်စကားလုံးတို့ကို ဟယ်ရီရင်ခုန်နေမိသည်။ထွက်သွားဖို့သာပြောခဲ့ရင် ဟယ်ရီရင်ကွဲရချည်ရဲ့လေ။

"သွန်းချယ်ရီကိစ္စနဲ့ပတ်သက်ပြီး မင်းနဲ့ဆွေးနွေးစရာလေးရှိလို့ အဆင်ပြေနိုင်မလား"
ထိုအခါမှသက်ပြင်းအား ချမိသည်။တော်ပါသေးရဲ့လေ ထွက်သွားမှာမဟုတ်လို့။

"ဘာများလဲ အန်တီ"
ဝုန်းဒိုင်းများကြဲမလားဆိုပြီး စိုးရိမ်မိခဲ့ပေမဲ့အေးအေးဆေးဆေးပုံစံကြောင့် စိုးရိမ်စိတ်အနည်းငယ်လျော့ကျသွားမိသည်။

"တို့က ကိုကိုကြီးဘက်က ကာပြောပေးတယ်လို့မင်းထင်ချင်လည်းထင်ပေါ့။ဒီကိစ္စက ကိုကိုကြီးနဲ့မဆိုင်တာတို့ယုံကြည်တယ်။မင်းကိုလည်းယုံကြည်ပါလို့မပြောပေမဲ့ သေချာလေးပြန်စုံစမ်းကြည့်စေချင်တယ်။မင်းယုံကြည်အောင်သက်သေပြဖို့လည်း တို့ကြိုးစားနေတယ်။အဲ့အတွက်မင်းဘက်ကလည်း တစ်ယူသန်မတွေးဘဲ သေချာလေးပြန်ပြီး အဖြေကိုရှာစေချင်တယ်"
"ဟယ်ရီ ဒီကိစ္စကိုအဖြေရှာဖို့စဥ်းစားထားပြီးသားပါ အန်တီ ဘာများပြောအုံးမလဲ"
"မင်း နေတော့ကောင်းပါတယ်နော် လွန်းဟယ်ရီ"
"ကောင်းပါတယ်"
"ပြီးတာပါပဲ အဲ့တာလေးတော့စဥ်းစားကြည့်စေချင်တယ် တို့ပြောတာနားထောင်ပေးလို့ ကျေးဇူး"
ပြောပြီး နေရာမှထကာ မီးဖိုခန်းထဲသို့ဝင်သွားလေသည်။အပေါ်လည်းမတက်ချင်တော့တာကြောင့် ဆိုဖာပေါ်တွင် လှဲကာနေလိုက်ရင်း အိပ်ပျော်သွားတော့သည်။
---
"ဆူး ဘာချက်တာလဲ"
"အန်တီအတွက် အရွက်ကြော်ကြော်ပေးနေတာ အန်တီကအသားတွေသိပ်မစားလို့လေ"
"အန်တီစားတတ်ပါတယ်ဆိုကွယ် ဆူးတစ်ယောက်တည်းပင်ပန်းနေတာကို ဘာကူရမလဲ"
"ဟော့ဒီခုံမှာသာ ထိုင်နေပါအန်တီရဲ့ အန်တီမျက်နှာလေးမြင်ရရင်ကို ဆူးက ပင်ပန်းတာတွေပျောက်ပြီးသား"
"အမလေး ဘာစားမလဲ ကျွေးမယ်"
နန်းရိပ်နဲ့ဆူး နှစ်ယောက်ပေါင်းကာ ပွဲကျနေတော့သည်။ခဏအကြာမှာတော့ သစ်လွင်လည်းပြန်လာလေတော့ ပိုပြီးပွဲစည်နေတော့သည်။ဟိုကဒီရောက်၊ဒီကနေဟိုရောက်ဖြင့် မပျင်းရတော့ပေ။

"ကဲကဲ တော်ပြီ တော်ပြီ ရေသွားချိုးတော့မယ် ဒီလောက်ရယ်နေရတာမဟုတ်တော့ဘူး"
"သွားသွားအန်တီ သစ်လွင်တို့တော့ ဆက်ပြီး လေပေါအုံးမယ်"
"သိပ်လည်းဆူမနေနဲ့အုံး ရှင်တို့မမလေးက အိပ်ပျော်နေတယ်ထင်တယ်"
"ဟုတ်တယ် ဟုတ်တယ် သိပ်ဆူလို့မ​ဖြစ်သေးဘူး"ပုခုံးလေးတွန့်ကာပြောနေသည့်ဆူးအားကြည့်ကာ ရယ်မိလိုက်ကြသည်။အပေါ်တက်ခါနီးဧည့်ခန်းဆီအကြည့်တို့ရောက်မိတော့ အိပ်ပျော်နေသူအားလှမ်းမြင်ရသည်။ပြောင်းလဲနေသည့်ပုံစံအားသတိထားမိပေမဲ့ ဘာကြောင့်လဲဆိုတာတော့မသိပေ။ခဏခဏဒီလိုပြောင်းလဲနေကြမလို့ ထူးထွေပြီးမစဥ်းစားချင်တော့တာကြောင့် အပေါ်ထပ်အခန်းဆီသာခြေလှမ်းတို့ဦးတည်လိုက်မိတော့သည်။
---
ဒီရက်ထဲ သွန်းချယ်ရီအမှုအားခေါင်းချင်းဆိုင်နေရတာကြောင့်လူမှာတော်တော်လေးပင်ပန်းနေတော့သည်။ဒီနေ့လည်း တွေ့ပြီး ခြေအနေအားလေ့လာခဲ့ကြသေးသည်။အနည်းငယ်တော့ တရားခံအား ရိပ်မိတယ်ဆိုပေမဲ့ အတိအကျမျိုးကြီးလည်းဟုတ်မနေပေ။ထင်ကြေးသက်သက်သာရှိပြီး သက်သေမှာတစ်ခုမှရှာမရသေးပေ။ပိတ်ခဲ့တဲ့အမှုလည်းဖြစ်တာကြေောင့်အနည်းငယ်ပိုခက်လေသည်။လွန်းဟယ်ရီအမေကလည်းကွယ်လွယ်သွားပြီဆိုတော့ အဖြေအားပေးနိုင်မည့်သူမှာသေချာမရှိခဲ့။လွန်းဟယ်ရီအမေသာရှိနေခဲ့ရင်တော့ အနည်းငယ်ပိုကာ လွယ်ကူပေလိမ့်မည်။ခုရက်ထဲလွန်းဟယ်ရီနဲ့လည်းသေချာမဆုံဖြစ်။ဒီတစ်ခါပြောင်းလဲမှုကတော့ တကယ်ပဲလားမသိ အတော်ကြာနေပေပြီ။နန်းရိပ်ကိုလည်းဆကိဆံတာအရင်လိုမဟုတ်တော့။ဒါပေမဲ့လည်း အသေအချာကြီးတော့မယုံရဲပေ။ခဏအနားယူပြီးရေချိုးခန်းဆီဝင်ကာရေချိုးမိသည်။

ရေချိုးပြီးထွက်လာတော့ ခုတင်ပေါ်တွင်ထိုင်နေသည့်လွန်းဟယ်ရီအားတွေ့လိုက်ရသည်။တစ်ချက်မျှသာငဲ့စောင်းကြည့်ပြီးမှန်တင်ခုံတွင်ထိုင်ကာ ဆံနွယ်တို့အား ဖြီးနေလိုက်မိသည်။ဘာစကားတစ်ခွန်းမှထွင်မလာတာကြောင့် ဒီနေ့လည်းရာသီဥတုအခြေအနေ သာယာပြီထင်ရဲ့လေ။
"အန်တီ.."
ကြားရပါပြီဒိီအသံ။အရင်ဆို ဒေါ်နန်းရိပ်လွှာလို့ ခပ်တင်းတင်းခေါ်နေကျကို ဒီလိုကြားရတော့လည်း တစ်မျိုးပင်။နူးနူးညံ့ညံ့လေးဆိုပေမဲ့ တစ်မျိုးဖြစ်တာအမှန်။မော့ကြည့်မိတော့ဘေးတွင်လာရပ်နေသည်။လက်ထဲတွင်လည်း ဖိုင်တစ်ခုအားကိုင်ထားသေးတာကြောင့် ဘာများလဲဟုတွေးရင်း...
"အင်း..ဘာလို့လဲလွန်းဟယ်ရီ"
"အန်တီကိုဒါလေးပေးမလို့..."
လက်ထဲသို့ရောက်လာသည့်ဖိုင်အား ဖွင့်ကြည့်မိတော့ နှစ်ဦးသဘောတူလက်ထပ်စာချုပ် ဆိုသည့်စာတန်းအားတန်းမြင်လိုက်ရတာကြောင့် ဘာအဓိပ္ပါယ်လဲဟုတွေးရင်း သူ့အားတစ်ဖန်မော့ကြည့်လိုက်မိသည်။
"အန်တီကိုပေးတာ ဒီစာချုပ်တွေက တရားမဝင်မှန်းအန်တီလည်းသိမှာပါ။ဒီအချိန်ထိဟယ်ရီဘေးနားနေတယ်ဆိုတာ အန်တီအကိုကိစ္စကြောင့်ဆိုတာလည်း သိတယ်။ဟယ်ရီက ခဏတာလေးဖြစ်ဖြစ် အန်တီကိုထိန်းချုပ်ပြီး ဦးရဲထွဋ်ခေါင်ကိုအနိူင်ယူဖို့လုပ်ခဲ့တာ။အခု ဒီဟာကိုအန်တီကိုပေးထားပါ့မယ်။ကြိုက်သလိုလုပ်ပါ။"
"တို့ကိုထွက်သွားခိုင်းတာလား လွန်းဟယ်ရီ"
"ဟင့်အင်း မဟုတ်ပါဘူးအန်တီ။ဟယ်ရီက အန်တီအပေါ်အနိုင်မယူချင်တော့သလို အန်တီ ဟယ်ရီကိုမုန်းနေမှာကိုလည်းမလိုလားလို့ပါ။ကျန်တာကတော့အန်တီသဘောပါ"

အေးဆေးတည်ငြိမ်စွာပြောနေသူအား နန်းရိပ်အကဲမခတ်တတ်တော့ပေ။တကယ်ပဲပြောနေခြင်းလား။ဒါမှမဟုတ် နောက်ထပ်အစီအစဥ်သစ်ရေးဆွဲပြီး နန်းရိပ်ကို အသုံးချဖို့ကြိုးစားနေသလား မတွေးတတ်တော့။

"မမကြီးကိစ္စကိုလည်းဟယ်ရီသေချာစုံးစမ်းမှာပါ။အကယ်ရျ်.."
"မင်းကြိုက်သလိုစုံစမ်းပါ ကိုကိုကြီးနဲ့လုံးဝမဆိုင်ကြောင်းတို့အာမခံတယ်။"
"အဲ့လိုမဟုတ်ခဲ့ဘူးဆိုရင်ရော အန်တီ"
"မင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမှာပေါ့။မဟုတ်ခဲ့ရင်တော့ ကိုကိုကြီးသိက္ခာအတွက်မင်းပြန်တောင်းပန်ရလိမ့်မယ် လွန်းဟယ်ရီ"
"အန်တီသဘောပါ..။"
"မင်း...နေတော့ကောင်းပါတယ်နော်လွန်းဟယ်ရီ"
ထူးထူးဆန်းဆန်းတွေဖြစ်နေတာကြောင့် နန်းရိပ် ဒီမေးခွန်းကိုပဲထပ်မေးမိသည်။
"ဟယ်ရီ ဖျားနာရင် အန်တီကုပေးမှာလား"
"ပေါက်တက်ကရ တို့ကဆရာဝန်မှမဟုတ်တာပဲကို မင်းမကောင်းဘူးဆို ခက်ဆစ်ကို ဆရာခေါ်ခိုင်းလိုက်မယ်"
"ဆရာဝန်ကုလို့မပျောက်ဘူးအန်တီ"
ထိုစကားအားကြားပြီးနောက် ရင်ထဲစိုးရိမ်ထိတ်လန့်မှုတို့ရုတ်တရက်ဝင်သွားတော့သည်။မဆိုင်းမတွပင် နန်းရိပ်လက်ဖမိုးမှာ ဟယ်ရီနဖူးပေါ်ထပ်လျှက်သား။ကိုယ်လည်းမပူပါဘဲ ဘာများဖြစ်သလဲ။ဆရာဝန်ကုလို့မပျောက်ဘူးဆိုသည့်စကားအား ထပ်ခါထပ်ခါကြားနေမိတော့ စိုးရိမ်စိတ်မှာပိုလာမိသည်။ဘာလို့များလဲလေ ဘာမှမဆိုင်ပါဘဲ ဘာလို့ပူနေရသလဲ။

"အန်တီစိတ်နဲ့ဟယ်ရီဖျားနာတာမလို့ အန်တီကုပေးမှပဲပျောက်မှာ"

နဖူးပေါ်မှလက်အားချက်ချင်းရုတ်သိမ်းလိုက်ကာ တစ်ဖက်သို့မျက်နှာလွှဲလိုက်မိသည်။ဆယ်ကျော်သက်လည်းမဟုတ်ပါဘဲ ဘာလို့များ ဒီစကားလုံးကိုရင်ခုန်မိပါလိမ့်။ရှက်စိတ်ကြောင့် လူမှာလည်းညပူထူသွားကာ လက်နှစ်ဖက်အား တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။

"အန်တီမယုံကြည်နိုင်သေးဘူးဆိုတာ ဟယ်ရီသိပါတယ်။တစ်နေ့နေ့ကျရင်တော့ သိလာမှာပါ ဟယ်ရီကအန်တီကိုချစ်ကြောင်းကိုပေါ့"

"ကလေးကလားအကွက်တွေနဲ့ ပုံစံပြောင်းပြီးအနိုင်ယူဖို့တွေးနေတာဆိုရင်တော့ရပ်လိုက်တာ ကောင်းမယ်။တို့ကဆယ်ကျော်သက်လည်းမဟုတ်တော့ဘူး လွန်းဟယ်ရီ"

ထိုမျှသာပြောပြီး ဖိုင်တွဲအားယူကာ အခန်းထဲမှထွက်သွားလေသည်။ခုတင်ပေါ်ထိုင်ချလိုက်ရင်း ကြွေလုဆဲဆဲမျက်ရည်စတို့အား.လက်ဖြင့်ဖယ်သုတ်ပလိုက်မိသည်။ဒီလောက်ကလေးနဲ့အန်တီယုံမှာမဟုတ်မှန်းဟယ်ရီသိပ်သိတာပေါ့လေ။အရင်ကဆိုးခဲ့တာတွေအတွက် ဒဏ်တော့ပြန်ခံရအုံးမှာပေါ့။အန်တီပြန်ချစ်ချစ်မချစ်ချစ် ဟယ်ရီကတော့ချစ်နေမှာပေါ့။ခုချိန်ဆို လက်ထပ်စာချုပ်ဟာ မီးတောက်ကြားထဲရောက်နေလောက်ပြီလို့တွေးမိတော့ မျက်ရည်တို့မှာ မထိန်းနိုင်ခဲ့။အန်တီက တကယ်ကို ပြတ်သားလှလေခြင်းပဲ။

---
"ဇူးလဲ့..."
"ဟာ တီလေး..ဘယ်လိုရောက်လာတာလဲ"
ကိုယ့်အားမြင်သည်နှင့်အံ့သြသွားပြီး အပြေးလာဖက်သည့်တူမဖြစ်သူအား နန်းရိပ်ပြန်ဖက်ထားလိုက်မိသည်။
"ဖေဖေရေ..မေမေရေ ဒီမှာ တီလေးလာတယ်"
"တီလေး ပိန်သွားတယ် လာအထဲကို"
စကားတွေတရစပ်ပြောကာ အလွမ်းသယ်နေသည့်တူမဖြစ်သူကြောင့် နန်းရိပ်ရယ်သာရယ်နေမိတော့သည်။မတွေ့ရတာ တော်တော်ကြာသွားပြီဆိုတော့လည်း အလွမ်းသယ်တာမဆန်းလှပါလေ။
"ဘယ်သူနဲ့လာတာလဲ"
"နန်းရိပ်တစ်ယောက်တည်းလာတာ ကိုကိုကြီး.."
"အိမ်ကိုပြန်လာတာလား..ဒီမှာလာနေပါလား လွန်းဟယ်ရီက စိတ်ချရတာမဟုတ်ဘူး"
"ရပါတယ် နန်းရိပ်အဆင်ပြေပါတယ် "
"သေချာရဲ့လား အခုထွက်လာတာဘာမှမပြောဘူးလား"
"သူမရှိဘူး ကိုကိုကြီး အလုပ်ကိစ္စသွားတယ်ထင်တယ်။"
အစကတော့ပြောပြီးမှပြန်လာဖို့ပေမဲ့ နန်းရိပ်မနိုးခင်တည်းက ထွက်သွားသည့်သူကြောင့် မပြောဖြစ်လိုက်ခဲ့။သစ်လွင်နဲ့ဆူးကိုသာပြောဖြစ်ခဲ့သည်။အစကတော့တားကြပေမဲ့လည်း နန်းရိပ်အားနားလည်စွာ လက်ခံပေးခဲ့ကြသည်။အိမ်သို့အရင်ဆုံးပြန်ပြီးမှ ကိုကိုကြီးဆီထွက်လာခဲ့ခြင်းသာ။တကယ်တမ်းကျ မတွေ့ခဲ့တာလည်းကောင်းတော့ကောင်းသား။စိတ်ပြောင်းသွားရင်လွယ်တာမှမဟုတ်ဘဲလေ။
"နန်းရိပ်အိမ်ပြန်ရောက်မှပဲ ကိုကိုကြီးလည်းစိတ်ချမ်းသာရမယ်။မဟုတ်ရင်စိတ်ပူနေရတာ။ငါ့ညီမလေး ခုမှပဲ ပျော်ပျော်ရွှင်ရွှင်နေရတော့မယ်"

နန်းရိပ်ပြုံးသာပြလိုက်မိသည်။ထိုအပြုံးကအသက်ပါရဲ့လားတော့ ကိုယ်တိုင်လည်းမသိခဲ့။ပျော်ပျော်ရွှင်ရွှင်တဲ့ တကယ်ပဲ နန်းရိပ်ပျော်နေခဲ့လားမသိတော့။ခုချိန်လောက်ဆို လွန်းဟယ်ရီအိမ်ပြန်ရောက်နေလိမ့်မလား။နန်းရိပ်ကိုမတွေ့လို့ စိတ်ပူနေမည်လား။သေချာသည်ကတော့ အနိုင်ယူနိုင်မည့်တစ်ခြားနည်းလမ်းတစ်ခုကိုရှာနေလိမ့်မှာပေါ့။မုန်းနေတဲ့လူနှစ်ယောက်ချစ်သွားနိုင်တယ်ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲရှိခဲ့တာမလားလေ။သူလည်းနန်းရိပ်ကိုဘယ်တော့မှချစ်လာလိမ့်မှာမဟုတ်သလို နန်းရိပ်ကလည်းသူ့ကိုချစ်လိမ့်မှာမဟုတ်တာပဲ။သေချာရဲ့လားမေးရင်တော့....။
သက်ပြင်းတစ်ချက်အား ခပ်ရှည်ရှည်ချရင်း ဇူးလဲ့ပြောသည့်စကားများကိုသာ နားထောင်နေမိလိုက်တော့သည်။

မျဥ်းပြိုင်တွေဟာ အတူရှိနေပေမဲ့ ဆုံနိုင်ဖို့ကျ လမ်းမရှိခဲ့သလိုမျိုး နီးစပ်တယ်ထင်ခဲ့ရပေမဲ့ မဆုံနိုင်ခဲ့တဲ့ဆက်ဆံရေးတွေလည်းရှိခဲ့တယ်ဆိုတာ တော်တော်များများသိကြလေသည်။

#Äster(အက်စတာ)

အမုန္းပင္မွပြင့္ေသာအခ်စ္ပန္း
အပိုင္း {၉}

"လြန္းဟယ္ရီ စကားခဏေျပာရေအာင္"
အိမ္ေပၚသို႔တက္ရန္ျပင္ေနသည့္ ဟယ္ရီေျခလွမ္းတို႔မွာ အန္တီေခၚသံေၾကာင့္ ဧည့္ခန္းဆီသို႔ဦးတည္လိုက္မိသည္။တစ္ခါမွခုလိုမေျပာဖူးတာေၾကာင့္ရင္ထဲမွာလည္းထိတ္လန့္တုန္လႈပ္မိသြားသည္။အန္တီမ်ား ဟယ္ရီ႕အနားကထြက္သြားေတာ့မလို႔လားလို႔ေတြးမိေတာ့ လွမ္းေနသည့္ေျခလွမ္းတို႔မွာမခိုင္ေတာ့စြာ အနားရွိတံခါးေဘာင္အား လက္လွမ္းကိုင္ကာ မွီလိုက္မိသည္။

"ဘာေျပာမလို႔လဲအန္တီ"

အန္တီဆိုသည့္အေခၚေၾကာင့္ နန္းရိပ္မ်က္ခုံးႏွစ္ဖက္ေျမာက္တက္သြားကာ အံ့ၾသသြားရသည္။မူးေနလို႔လားလို႔ၾကည့္မိေတာ့လည္းလူကပုံမွန္ပင္။

"ဒီမွာလာထိုင္ပါလား တို႔မင္းနဲ႕ေဆြးႏြေးစရာေလးရွိေနလို႔"

ေျခလွမ္းတို႔အား အားယူကာေလွ်ာက္လိုက္ၿပီး အန္တီအေရွ႕ရွိ ဆိုဖာတြင္ဝင္ထိုင္ကာအန္တီအားၾကည့္ေနလိုက္မိသည္။အိမ္ေနရင္း အကၤ်ီအပြအားေအာက္မွ ေျပာင္လုံခ်ည္ကေလးျဖင့္တြဲဝတ္ထားပုံမွာ ဟယ္ရီမ်က္လုံးထဲေတာ့ၾကည့္ရ်္ေကာင္းလွသည္။ဟယ္ရီအၾကည့္တို႔မွာ အန္တီနီေစြးေစြး ႏႈတ္ခမ္းလႊာတို႔တြင္ရပ္တန့္သြားသည္။ဒီႏႈတ္ခမ္းလႊာတို႔ကေန ထြက္က်လာမည့္စကားလုံးတို႔ကို ဟယ္ရီရင္ခုန္ေနမိသည္။ထြက္သြားဖို႔သာေျပာခဲ့ရင္ ဟယ္ရီရင္ကြဲရခ်ည္ရဲ႕ေလ။

"သြန္းခ်ယ္ရီကိစၥနဲ႕ပတ္သက္ၿပီး မင္းနဲ႕ေဆြးႏြေးစရာေလးရွိလို႔ အဆင္ေျပနိုင္မလား"
ထိုအခါမွသက္ျပင္းအား ခ်မိသည္။ေတာ္ပါေသးရဲ႕ေလ ထြက္သြားမွာမဟုတ္လို႔။

"ဘာမ်ားလဲ အန္တီ"
ဝုန္းဒိုင္းမ်ားႀကဲမလားဆိုၿပီး စိုးရိမ္မိခဲ့ေပမဲ့ေအးေအးေဆးေဆးပုံစံေၾကာင့္ စိုးရိမ္စိတ္အနည္းငယ္ေလ်ာ့က်သြားမိသည္။

"တို႔က ကိုကိုႀကီးဘက္က ကာေျပာေပးတယ္လို႔မင္းထင္ခ်င္လည္းထင္ေပါ့။ဒီကိစၥက ကိုကိုႀကီးနဲ႕မဆိုင္တာတို႔ယုံၾကည္တယ္။မင္းကိုလည္းယုံၾကည္ပါလို႔မေျပာေပမဲ့ ေသခ်ာေလးျပန္စုံစမ္းၾကည့္ေစခ်င္တယ္။မင္းယုံၾကည္ေအာင္သက္ေသျပဖို႔လည္း တို႔ႀကိဳးစားေနတယ္။အဲ့အတြက္မင္းဘက္ကလည္း တစ္ယူသန္မေတြးဘဲ ေသခ်ာေလးျပန္ၿပီး အေျဖကိုရွာေစခ်င္တယ္"
"ဟယ္ရီ ဒီကိစၥကိုအေျဖရွာဖို႔စဥ္းစားထားၿပီးသားပါ အန္တီ ဘာမ်ားေျပာအုံးမလဲ"
"မင္း ေနေတာ့ေကာင္းပါတယ္ေနာ္ လြန္းဟယ္ရီ"
"ေကာင္းပါတယ္"
"ၿပီးတာပါပဲ အဲ့တာေလးေတာ့စဥ္းစားၾကည့္ေစခ်င္တယ္ တို႔ေျပာတာနားေထာင္ေပးလို႔ ေက်းဇူး"
ေျပာၿပီး ေနရာမွထကာ မီးဖိုခန္းထဲသို႔ဝင္သြားေလသည္။အေပၚလည္းမတက္ခ်င္ေတာ့တာေၾကာင့္ ဆိုဖာေပၚတြင္ လွဲကာေနလိုက္ရင္း အိပ္ေပ်ာ္သြားေတာ့သည္။
---
"ဆူး ဘာခ်က္တာလဲ"
"အန္တီအတြက္ အ႐ြက္ေၾကာ္ေၾကာ္ေပးေနတာ အန္တီကအသားေတြသိပ္မစားလို႔ေလ"
"အန္တီစားတတ္ပါတယ္ဆိုကြယ္ ဆူးတစ္ေယာက္တည္းပင္ပန္းေနတာကို ဘာကူရမလဲ"
"ေဟာ့ဒီခုံမွာသာ ထိုင္ေနပါအန္တီရဲ႕ အန္တီမ်က္ႏွာေလးျမင္ရရင္ကို ဆူးက ပင္ပန္းတာေတြေပ်ာက္ၿပီးသား"
"အမေလး ဘာစားမလဲ ေကြၽးမယ္"
နန္းရိပ္နဲ႕ဆူး ႏွစ္ေယာက္ေပါင္းကာ ပြဲက်ေနေတာ့သည္။ခဏအၾကာမွာေတာ့ သစ္လြင္လည္းျပန္လာေလေတာ့ ပိုၿပီးပြဲစည္ေနေတာ့သည္။ဟိုကဒီေရာက္၊ဒီကေနဟိုေရာက္ျဖင့္ မပ်င္းရေတာ့ေပ။

"ကဲကဲ ေတာ္ၿပီ ေတာ္ၿပီ ေရသြားခ်ိဳးေတာ့မယ္ ဒီေလာက္ရယ္ေနရတာမဟုတ္ေတာ့ဘူး"
"သြားသြားအန္တီ သစ္လြင္တို႔ေတာ့ ဆက္ၿပီး ေလေပါအုံးမယ္"
"သိပ္လည္းဆူမေနနဲ႕အုံး ရွင္တို႔မမေလးက အိပ္ေပ်ာ္ေနတယ္ထင္တယ္"
"ဟုတ္တယ္ ဟုတ္တယ္ သိပ္ဆူလို႔မျဖစ္ေသးဘူး"ပုခုံးေလးတြန့္ကာေျပာေနသည့္ဆူးအားၾကည့္ကာ ရယ္မိလိုက္ၾကသည္။အေပၚတက္ခါနီးဧည့္ခန္းဆီအၾကည့္တို႔ေရာက္မိေတာ့ အိပ္ေပ်ာ္ေနသူအားလွမ္းျမင္ရသည္။ေျပာင္းလဲေနသည့္ပုံစံအားသတိထားမိေပမဲ့ ဘာေၾကာင့္လဲဆိုတာေတာ့မသိေပ။ခဏခဏဒီလိုေျပာင္းလဲေနၾကမလို႔ ထူးေထြၿပီးမစဥ္းစားခ်င္ေတာ့တာေၾကာင့္ အေပၚထပ္အခန္းဆီသာေျခလွမ္းတို႔ဦးတည္လိုက္မိေတာ့သည္။
---
ဒီရက္ထဲ သြန္းခ်ယ္ရီအမႈအားေခါင္းခ်င္းဆိုင္ေနရတာေၾကာင့္လူမွာေတာ္ေတာ္ေလးပင္ပန္းေနေတာ့သည္။ဒီေန႕လည္း ေတြ႕ၿပီး ေျခအေနအားေလ့လာခဲ့ၾကေသးသည္။အနည္းငယ္ေတာ့ တရားခံအား ရိပ္မိတယ္ဆိုေပမဲ့ အတိအက်မ်ိဳးႀကီးလည္းဟုတ္မေနေပ။ထင္ေၾကးသက္သက္သာရွိၿပီး သက္ေသမွာတစ္ခုမွရွာမရေသးေပ။ပိတ္ခဲ့တဲ့အမႈလည္းျဖစ္တာေၾကောင့္အနည္းငယ္ပိုခက္ေလသည္။လြန္းဟယ္ရီအေမကလည္းကြယ္လြယ္သြားၿပီဆိုေတာ့ အေျဖအားေပးနိုင္မည့္သူမွာေသခ်ာမရွိခဲ့။လြန္းဟယ္ရီအေမသာရွိေနခဲ့ရင္ေတာ့ အနည္းငယ္ပိုကာ လြယ္ကူေပလိမ့္မည္။ခုရက္ထဲလြန္းဟယ္ရီနဲ႕လည္းေသခ်ာမဆုံျဖစ္။ဒီတစ္ခါေျပာင္းလဲမႈကေတာ့ တကယ္ပဲလားမသိ အေတာ္ၾကာေနေပၿပီ။နန႕းရိပ္ကိုလည္းဆကိဆံတာအရင္လိုမဟုတ္ေတာ့။ဒါေပမဲ့လည္း အေသအခ်ာႀကီးေတာ့မယုံရဲေပ။ခဏအနားယူၿပီးေရခ်ိဳးခန္းဆီဝင္ကာေရခ်ိဳးမိသည္။

ေရခ်ိဳးၿပီးထြက္လာေတာ့ ခုတင္ေပၚတြင္ထိုင္ေနသည့္လြန္းဟယ္ရီအားေတြ႕လိုက္ရသည္။တစ္ခ်က္မွ်သာငဲ့ေစာင္းၾကည့္ၿပီးမွန္တင္ခုံတြင္ထိုင္ကာ ဆံႏြယ္တို႔အား ၿဖီးေနလိုက္မိသည္။ဘာစကားတစ္ခြန္းမွထြင္မလာတာေၾကာင့္ ဒီေန႕လည္းရာသီဥတုအေျခအေန သာယာၿပီထင္ရဲ႕ေလ။
"အန္တီ.."
ျပားရပါၿပီဒိအသံ။အရင္ဆို ေဒၚနန္းရိပ္လႊာလို႔ ခပ္တင္းတင္းေခၚေနက်ကိဳ ဒီလိုၾကားရေတာ့လည္း တစ္မ်ိဳးပင္။ႏူးႏူးညံ့ညံ့ေလးဆိုေပမဲ့ တစ္မ်ိဳးျဖစ္တာအမွန္။ေမာ့ၾကည့္မိေတာ့ေဘးတြင္လာရပ္ေနသည္။လက္ထဲတြင္လည္း ဖိုင္တစ္ခုအားကိုင္ထားေသးတာေၾကာင့္ ဘာမ်ားလဲဟုေတြးရင္း...
"အင္း..ဘာလို႔လဲလြန္းဟယ္ရီ"
"အန္တီကိုဒါေလးေပးမလို႔..."
လက္ထဲသို႔ေရာက္လာသည့္ဖိုင္အား ဖြင့္ၾကည့္မိေတာ့ ႏွစ္ဦးသေဘာတူလက္ထပ္စာခ်ဳပ္ ဆိုသည့္စာတန္းအားတန္းျမင္လိုက္ရတာေၾကာင့္ ဘာအဓိပ္ပါယ်လဲဟုတွေးရင်း သူ႕အားတစ္ဖန္ေမာ့ၾကည့္လိုက္မိသည္။
"အန္တီကိုေပးတာ ဒီစာခ်ဳပ္ေတြက တရားမဝင္မွန္းအန္တီလည္းသိမွာပါ။ဒီအခ်ိန္ထိဟယ္ရီေဘးနားေနတယ္ဆိုတာ အန္တီအကိုကိစၥေၾကာင့္ဆိုတာလည္း သိတယ္။ဟယ္ရီက ခဏတာေလးျဖစ္ျဖစ္ အန္တီကိုထိန္းခ်ဳပ္ၿပီး ဦးရဲထြဋ္ေခါင္ကိုအနိူင္ယူဖို႔လုပ္ခဲ့တာ။အခု ဒီဟာကိုအန္တီကိုေပးထားပါ့မယ္။ႀကိဳက္သလိုလုပ္ပါ။"
"တို႔ကိုထြက္သြားခိုင္းတာလား လြန္းဟယ္ရီ"
"ဟင့္အင္း မဟုတ္ပါဘူးအန္တီ။ဟယ္ရီက အန္တီအေပၚအနိုင္မယူခ်င္ေတာ့သလို အန္တီ ဟယ္ရီကိုမုန္းေနမွာကိုလည္းမလိုလားလို႔ပါ။က်န္တာကေတာ့အန္တီသေဘာပါ"

ေအးေဆးတည္ၿငိမ္စြာေျပာေနသူအား နန္းရိပ္အကဲမခတ္တတ္ေတာ့ေပ။တကယ္ပဲေျပာေနျခင္းလား။ဒါမွမဟုတ္ ေနာက္ထပ္အစီအစဥ္သစ္ေရးဆြဲၿပီး နန္းရိပ္ကို အသုံးခ်ဖိဳ႕ႀကိဳးစားေနသလား မေတြးတတ္ေတာ့။

"မမႀကီးကိစၥကိုလည္းဟယ္ရီေသခ်ာစုံးစမ္းမွာပါ။အကယ္ရ်္.."
"မင္းႀကိဳက္သလိုစုံစမ္းပါ ကိုကိုႀကီးနဲ႕လုံးဝမဆိုင္ေၾကာင္းတို႔အာမခံတယ္။"
"အဲ့လိုမဟုတ္ခဲ့ဘူးဆိုရင္ေရာ အန္တီ"
"မင္းျဖစ္ေစခ်င္တဲ့အတိုင္းျဖစ္ေစရမွာေပါ့။မဟုတ္ခဲ့ရင္ေတာ့ ကိုကိုႀကီးသိကၡာအတြက္မင္းျပန္ေတာင္းပန္ရလိမ့္မယ္ လြန္းဟယ္ရီ"
"အန္တီသေဘာပါ..။"
"မင္း...ေနေတာ့ေကာင္းပါတယ္ေနာ္လြန္းဟယ္ရီ"
ထူးထူးဆန္းဆန္းေတြျဖစ္ေနတာေၾကာင့္ နန္းရိပ္ ဒီေမးခြန္းကိုပဲထပ္ေမးမိသည္။
"ဟယ္ရီ ဖ်ားနာရင္ အန္တီကုေပးမွာလား"
"ေပါက္တက္ကရ တို႔ကဆရာဝန္မွမဟုတ္တာပဲကို မင္းမေကာင္းဘူးဆို ခက္ဆစ္ကို ဆရာေခၚခိုင္းလိုက္မယ္"
"ဆရာဝန္ကုလို႔မေပ်ာက္ဘူးအန္တီ"
ထိုစကားအားၾကားၿပီးေနာက္ ရင္ထဲစိုးရိမ္ထိတ္လန့္မႈတို႔႐ုတ္တရက္ဝင္သြားေတာ့သည္။မဆိုင္းမတြပင္ နန္းရိပ္လက္ဖမိုးမွာ ဟယ္ရီနဖူးေပၚထပ္လွ်က္သား။ကိုယ္လည္းမပူပါဘဲ ဘာမ်ားျဖစ္သလဲ။ဆရာဝန္ကုလို႔မေပ်ာက္ဘူးဆိုသည့္စကားအား ထပ္ခါထပ္ခါၾကားေနမိေတာ့ စိုးရိမ္စိတ္မွာပိုလာမိသည္။ဘာလို႔မ်ားလဲေလ ဘာမွမဆိုင္ပါဘဲ ဘာလို႔ပူေနရသလဲ။

"အန္တီစိတ္နဲ႕ဟယ္ရီဖ်ားနာတာမလို႔ အန္တီကုေပးမွပဲေပ်ာက္မွာ"

နဖူးေပၚမွလက္အားခ်က္ခ်င္း႐ုတ္သိမ္းလိုက္ကာ တစ္ဖက္သို႔မ်က္ႏွလႊဲလိုက္မိသည္။ဆယ္ေက်ာ္သက္လည္းမဟုတ္ပါဘဲ ဘာလို႔မ်ား ဒီစကားလုံးကိုရင္ခုန္မိပါလိမ့္။ရွက္စိတ္ေၾကာင့္ လူမွာလည္းညပူထူသြားကာ လက္ႏွစ္ဖက္အား တင္းတင္းဆုပ္ကိုင္ထားလိုက္မိသည္။

"အန္တီမယုံၾကည္နိုင္ေသးဘူးဆိုတာ ဟယ္ရီသိပါတယ္။တစ္ေန႕ေန႕က်ရင္ေတာ့ သိလာမွာပါ ဟယ္ရီကအန္တီကိုခ်စ္ေၾကာင္းကိုေပါ့"

"ကေလးကလားအကြက္ေတြနဲ႕ ပုံစံေျပာင္းၿပီးအနိုင္ယူဖို႔ေတြးေနတာဆိုရင္ေတာ့ရပ္လိုက္တာ ေကာင္းမယ္။တို႔ကဆယ္ေက်ာ္သက္လည္းမဟုတ္ေတာ့ဘူး လြန္းဟယ္ရီ"

ထိုမွ်သာေျပာၿပီး ဖိုင္တြဲအားယူကာ အခန္းထဲမွထြက္သြားေလသည္။ခုတင္ေပၚထိုင္ခ်လိဳက္ရင္း ေႂကြလုဆဲဆဲမ်က္ရည္စတို႔အား.လက္ျဖင့္ဖယ္သုတ္ပလိုက္မိသည္။ဒီေလာက္ကေလးနဲ႕အန္တီယုံမွာမဟုတ္မွန္းဟယ္ရီသိပ္သိတာေပါ့ေလ။အရင္ကဆိုးခဲ့တာေတြအတြက္ ဒဏ္ေတာ့ျပန္ခံရအုံးမွာေပါ့။အန္တီျပန္ခ်စ္ခ်စ္မခ်စ္ခ်စ္ ဟယ္ရီကေတာ့ခ်စ္ေနမွာေပါ့။ခုခ်ိန္ဆို လက္ထပ္စာခ်ဳပ္ဟာ မီးေတာက္ၾကားထဲေရာက္ေနေလာက္ၿပီလို႔ေတြးမိေတာ့ မ်က္ရည္တို႔မွာ မထိန္းနိုင္ခဲ့။အန္တီက တကယ္ကို ျပတ္သားလွေလျခင္းပဲ။

---
"ဇူးလဲ့..."
"ဟာ တီေလး..ဘယ္လိုေရာက္လာတာလဲ"
ကိုယ့္အားျမင္သည္ႏွင့္အံ့ၾသသြားၿပီး အေျပးလာဖက္သည့္တူမျဖစ္သူအား နန္းရိပ္ျပန္ဖက္ထားလိုက္မိသည္။
"ေဖေဖေရ..ေမေမေရ ဒီမွာ တီေလးလာတယ္"
"တီေလး ပိန္သြားတယ္ လာအထဲကို"
စကားေတြတရစပ္ေျပာကာ အလြမ္းသယ္ေနသည့္တူမျဖစ္သူေၾကာင့္ နန္းရိပ္ရယ္သာရယ္ေနမိေတာ့သည္။မေတြ႕ရတာ ေတာ္ေတာ္ၾကာသြားၿပီဆိုေတာ့လည္း အလြမ္းသယ္တာမဆန္းလွပါေလ။
"ဘယ္သူနဲ႕လာတာလဲ"
"နန္းရိပ္တစ္ေယာက္တည္းလာတာ ကိုကိုႀကီး.."
"အိမ္ကိုျပန္လာတာလား..ဒီမွာလာေနပါလား လြန္းဟယ္ရီက စိတ္ခ်ရတာမဟုတ္ဘူး"
"ရပါတယ္ နန္းရိပ္အဆင္ေျပပါတယ္ "
"ေသခ်ာရဲ႕လား အခုထြက္လာတာဘာမွမေျပာဘူးလား"
"သူမရွိဘူး ကိုကိုႀကီး အလုပ္ကိစၥသြားတယ္ထင္တယ္။"
အစကေတာ့ေျပာၿပီးမွျပန္လာဖို႔ေပမဲ့ နန္းရိပ္မနိုးခင္တည္းက ထြက္သြားသည့္သူေၾကာင့္ မေျပာျဖစ္လိုက္ခဲ့။သစ္လြင္နဲ႕ဆူးကိုသာေျပာျဖစ္ခဲ့သည္။အစကေတာ့တားၾကေပမဲ့လည္း နန္းရိပ္အားနားလည္စြာ လက္ခံေပးခဲ့ၾကသည္။အိမ္သို႔အရင္ဆုံးျပန္ၿပီးမွ ကိုကိုႀကီးဆီထြက္လာခဲ့ျခင္းသာ။တကယ္တမ္းက် မေတြ႕ခဲ့တာလည္းေကာင္းေတာ့ေကာင္းသား။စိတ္ေျပာင္းသြားရင္လြယ္တာမွမဟုတ္ဘဲေလ။
"နန္းရိပ္အိမ္ျပန္ေရာက္မွပဲ ကိုကိုႀကီးလည္းစိတ္ခ်မ္းသာရမယ္။မဟုတ္ရင္စိတ္ပူေနရတာ။ငါ့ညီမေလး ခုမွပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရေတာ့မယ္"

နန္းရိပ္ၿပဳံးသာျပလိုက္မိသည္။ထိုအၿပဳံးကအသက္ပါရဲ႕လားေတာ့ ကိုယ္တိုင္လည္းမသိခဲ့။ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္တဲ့ တကယ္ပဲ နန္းရိပ္ေပ်ာ္ေနခဲ့လားမသိေတာ့။ခုခ်ိန္ေလာက္ဆို လြန္းဟယ္ရီအိမ္ျပန္ေရာက္ေနလိမ့္မလား။နန္းရိပ္ကိုမေတြ႕လို႔ စိတ္ပူေနမည္လား။ေသခ်ာသည္ကေတာ့ အနိုင္ယူနိုင္မည့္တစ္ျခားနည္းလမ္းတစ္ခုကိုရွာေနလိမ့္မွာေပါ့။မုန္းေနတဲ့လူႏွစ္ေယာက္ခ်စ္သြားနိုင္တယ္ဆိုတာ ဇာတ္လမ္းေတြထဲမွာပဲရွိခဲ့တာမလားေလ။သူလည္းနန္းရိပ္ကိုဘယ္ေတာ့မွခ်စ္လာလိမ့္မွာမဟုတ္သလို နန္းရိပ္ကလည္းသူ႕ကိုခ်စ္လိမ့္မွာမဟုတ္တာပဲ။ေသခ်ာရဲ႕လားေမးရင္ေတာ့....။
သက္ျပင္းတစ္ခ်က္အား ခပ္ရွည္ရွည္ခ်ရင္း ဇူးလဲ့ေျပာသည့္စကားမ်ားကိုသာ နားေထာင္ေနမိလိုက္ေတာ့သည္။

မ်ဥ္းၿပိဳင္ေတြဟာ အတူရွိေနေပမဲ့ ဆုံနိုင္ဖို႔က် လမ္းမရွိခဲ့သလိုမ်ိဳး နီးစပ္တယ္ထင္ခဲ့ရေပမဲ့ မဆုံနိုင္ခဲ့တဲ့ဆက္ဆံေရးေတြလည္းရွိခဲ့တယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ားသိၾကေလသည္။

#ster(အက္စတာ)

Continue Reading

You'll Also Like

28.3K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
2.8M 395K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
707K 109K 161
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှိဘူးထင်လို့ပါ၊ ပြန်ထားတဲ့လူရှိတယ်ဆိုရင်...