မနက်မိုးလင်းတော့ အိပ်ယာကိုလက်နဲ့စမ်းကာ တစ်ယောက်သောသူကိုရှာနေမိသည်။ထိုသူကား ကျနော်ချစ်ရသော ကိုစိုင်းထက်ဉာဏ်
ဖြစ်သည်။ သို့သော် အိပ်ယာထက်၌ရှာမတွေ့ခဲ့ပေ။ အိပ်ယာပေါ်မှ ထကာ စားပွဲပေါ်မှာ နာရီကို ကြည့်
လိုက်သောအခါ...
"ဟာ..နေ့လည်၁၁နာရီတောင်ထိုးပြီ ကိုစိုင်းအလုပ်သွားလောက်ပြီိထင်တယ်"
ရေချိုးခန်းထဲသို့ မြန်မြန်ဝင်ကာ ပြင်ဆင်ပြီး
အောက်ထပ်သို့ဆင်းလာလိုက်သည်။ အပေါ်
ထပ်မှာတော့ အလုပ်သမားတစ်ယောက်
တောင်ရှာမတွေ့သော်လည်း အောက်ထပ်မှာပေါ့ အလုပ်သမားတွေအများကြီးရှိလို့နေသည်။
အလုပ်သမား မိန်းကလေး၂ယောက်က အချင်းချင်းတီးတိုးပြောဆိုနေကြသည်။
"ဟဲ့ မနေ့ညကလေ သရဲခြောက်တာလားမသိဘူး အော်သံတွေကြားနေရတယ်"
ကျနော်လည်းသိချင်ဇောနဲ့ သူတို့အနားကပ်ကာ ခိုးနားထောင်လိုက်သည်။
"ဟုတ်တယ် အပေါ်ထပ်ကနေကြားရတာ ငါက သရဲခြောက်တယ်ထင်လို့ ဆောင်ခြုံပြီးအိပ်
နေတာ"
သူတို့ပြောချင်တာက ကျနော်တို့အခန်းထဲက အသံတွေကိုလား။ ရှက်ဖို့ကောင်းလိုက်တာနော်။
"သားကြွေရုပ် နိုးလာပြီလား"
အသံလာရာသို့ကြည့်လိုက်သောအခါ
ကြီးမြိုင်ဖြစ်နေတယ်။
"ဟုတ်တယ် ကြီးမြိုင် ကျနော်ညက နည်းနည်း
အိပ်ယာဝင်တာနောက်လို့ အိပ်ယာထနောက်ကျသွားတယ် နောက်နေ့ကစပြီးစောစောထပါမယ်"
"ရပါတယ်သားရယ် ကြီးမြိုင်သားစားဖို့
နေ့လည်စာပြင်ထားတယ် လာစားတော့"
"ဟုတ်ကဲ့ ကြီးမြိုင်"
ကြီးမြိုင်ကလေ အရမ်းကောင်းတာပဲ။ ကျနော့်အပေါ်ဆ်ိုဂရုစိုက်ပေးတယ်။ ကျန်တဲ့
အလုပ်သမားတွေက ကျနော့်ကိုဆိုစကားမပြောဘူး မြင်ရင်တောင် အရိုအသေပြုပြီးရှောင်သွား ကြ
တယ်။ပထမဆုံးရက်မလို့ ရှောင်နေကြတာ ထင်ပါရဲ့။ နေ့လည်စာစားလို့ပြီးတာနဲ့
အပေါ်ထပ်ကိုတက်ကာ ဆိုင်ကိုသွားဖို့
ပြင်ဆင်လိုက်သည်။ အောက်ထပ်ကိုဆင်းလာတော့ ကြီးမြိုင်က ကျနော့်ကိုတွေ့ပြီး...
"သားကြွေရုပ်ဘယ်သွားမလို့လဲ"
"ကျနော်ဆိုင်သွားမလို့ ကြီးမြိုင်ရဲ့"
"သားကြီးစိုင်းက ကြွေရုပ်ကို ဘယ်မှမသွားစေနဲ့ လို့ ကြီးမြိုင်ကိုမှာထားတယ်"
"ခဏလေးပါ ဆိုင်မှာက ညီမတစ်ယောက်ပဲရှိလို့ ခဏသွားပြီး ပြန်လာခဲ့မယ်"
"ဟဲ့...သား.."
ဒီကလေးပြောစကားလဲနားမထောင်ဘဲ ထွက်သွားတယ်။ပြန်လာရင် သားကြီးစိုင်းက ပြောတော့မယ်။ကြီးမြိုင်လဲသက်ပြင်းချကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
အိမ်ထဲကထွက်ကာ တွေ့ရာTaxiပေါ်တက်ပြီး
ဆိုင်ကိုလာခဲ့သည်။ခုတစ်လော မင်္ဂလာဆောင် ဖို့ ပြင်ဆင်နေရတာနဲ့ ဆိုင်ကိုမရောက်ဖြစ်တာ ကြာပြီ။ ဆိုင်ကညီမကိုလည်းလစာမပေးရသေးတော့ သူလဲစိတ်ညစ်နေမှာပေါ့။
"သူဌေးနောက်ဆုံးတော့ရောက်လာပြီပေါ့လေ ညီမကသူဌေးမလာတော့ဘူးထင်တာ သူဌေး
လစာမပေးတော့ ခေါက်ဆွဲပြုတ်နဲ့ နေ့တိုင်း နှစ်ပါးသွားနေရတာ သိလား..ပြီးတော့ သူဌေးအိမ်ထောင်
ပြုပြီးပြီဆိုတာ ခုထိမယုံနိုင်သေးဘူး"
"ကဲ တော်ပါတော့သာလိကာမလေးရယ် အစ်ကို နားတွေငြီးလှပါပြီ၊ဒီိမှာညီမအတွက် လစာ"
လစာအိတ်လေးကိုရှေ့ချလိုက်တော့ မျက်လုံးကအရောင်တလပ်လပ်နဲ့ ရှိသမျှသွားတွေပေါ်အောင် ရီပြကာ ပိုက်ဆံတွေ စစ်နေတယ်။
"ကဲ အစ်ကိုပြန်တော့မယ် ဒီရက်ပိုင်းဆိုင်ကို
ဂရုစိုက်ပေးအုန်း ဒါမမဟုတ် အကူတစ်ယောက်
ခေါ်ပေးရမလား"
"နေပါစေ ညီမဘာသာလုပ်မယ် လူခေါ်ရင် ညီမ စားပေါက်ပိတ်တယ်"
"အေးပါကွာ"
ဆိုင်ထဲကနေပြန်ထွက်လာကာ အိမ်ပြန်ဖို့
အတွက်ကားငှားရတော့သည်။ ရှေ့တွင်ရပ်လာသော ကားပေါ်တက်၍ အိမ်သို့ပြန်လာခဲ့သည်။
စားပွဲပေါ်တွင် ကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်
နေသော စိုင်းထက်ဉာဏ်သည် ဒေါသအနည်း ငယ်ထွက်လို့နေသည်။ ဒေါသထွက်ရတဲ့အကြောင်းရင်းကတော့ ကြွေရုပ်လွှာအိမ်က
ထွက်သွားလို့ဖြစ်သည်။
"bossကျနော်ပြင်ဆင်လိုက်ရမလား"
"နောက်၁ပတ်လောက်နေမှပေါ့"
"ဟုတ်ကဲ့"
ကြွေရုပ်လွှာ..မင်းကတော့ငါ့ကို မခန့်လေးစား လုပ်နေတာပဲ။မင်းဘဝက ငရဲကျဖို့
ဘယ်လောက်မှမလိုတော့ဘူး ခုတော့ ပျော်ထား အုန်းပေါ့။
ကြွေရုပ်တစ်ယောက်မီးဖိုချောင်ထဲ ဝင်ကာ
ကိုစိုင်းစားဖို့အတွက် ညစာကို ချက်ပြုတ်လို့နေ
သည်။ ဒီနေ့ညမှ မီးပျက်လို့နေသည်။
ဓာတ်တိုင်က မီးကြိုးပျက်သွားလို့ ပြင်နေတာ အနည်းငယ်တော့ကြာလို့နေပြီ။ ကြွေရုပ်ကတော့ ညစာမမှီမှာဆိုး၍ မီးမွှေးကာ ညစာချက်
နေသည်။
တီ!တီ!
ကားသံကြားတယ် ကိုစိုင်းပြန်လာပြီထင်တယ်။ ပေနေသောလက်ကို လက်သုတ်ဝတ်နဲ့သုတ်ကာ အိမ်ရှေ့သို့မြန်မြန်ထွက်လာလိုက်သည်။
အိမ်ထဲကနေပြေးထွက်လာသော ကြွေရုပ်ရဲ့
မျက်နှာမှာ အိုးမဲတွေ ပေလို့နေသည်။
စိတ်မထိန်းနိုင်ပဲရီချမိလိုက်သည်။
"ဟား..ဟား"
"ဘာဖြစ်လို့လဲ ကိုစိုင်း"
"မီးသွေးအိုးထဲ ခေါင်းကျလာတာလား မှန်ထဲလဲ ပြန်ကြည့်အုန်းကြွေရုပ်"
"မီးသွေးအိုးထဲကျလဲ ကျနော်ကချောပြီးသား အပေါ်တက်ရေသွားချိုးတော့ ကျနော်မျက်နှာ
သစ်လိုက်အုန်းမယ်"
"ဟုတ်ပါပြီ ငမဲလေး ဟား..ဟား"
လူကိုစတဲ့အကျင့်က ခုထိမပျောက်သေးဘူး ကျနော့်ကိုဆိုစဖို့ပဲ ကြည့်နေ ပညာပေးရမယ်။ ကိုစိုင်းရဲ့လက်ဆွဲအိတ်လေးကို ခုံပေါ်ခဏတင် ပြီး ဖယောင်းတိုင်မီးထွန်းကာ အပေါ်တက်လာလိုက်သည်။
ခြေသံတွေကြားနေရတယ် ငါပဲစိတ်ထင်နေတာ လား။ ခြေသံတွေက ပိုနီးကပ်လာပြီ။
ကျုပ်အခန်းတံခါးရှေ့မှာရပ်တန့်သွားတယ်။ အနားက သစ်သားတုတ်ကိုဆွဲကာ ရိုက်ဖို့ပြင်
လိုက်သည်။
ကျွီ!
ပွင့်လာသော တံခါးနဲ့အတူ ရိုက်ရန် ပြင်လိုက်
ချိန် ရုတ်တရက်မီးပြန်လာခဲ့သည်။ ကျုပ်ရှေ့မှာ ရပ်နေတဲ့သူ့ကိုကြည့်လိုက်သောအခါ
ဖယောင်းတိုင်မီးတစ်ဖက် လက်ဆွဲအိတ်တစ်
ဖက်နဲ့ ကျုပ်ကို ကြည့်နေသော ကြွေရုပ်လွှာ...
"ကြွေရုပ်..."
ကျုပ်နာမည်ခေါ်လိုက်တာနဲ့ လက်ထဲက ပစ္စည်းတွေကိုအောက်သို့ပစ်ချကာထိုင်ပြီး ငိုကြွေးနေသည်။
"ဟင့်...ဟီး..ဟီး"
"မငိုနဲ့လေ ကြွေရုပ်ဘာဖြစ်လို့လဲ"
ကျုပ်မှာကြွေရုပ်ကိုချော့လိုက်၊အိမ်မီးလောင်မှာဆိုးလို့ ဖယောင်းတိုင်မီးမှုတ်လိုက်နဲ့ အလုပ်ရှုပ် လို့နေ သည်။
"လူယုတ်မာကြီး ခင်ဗျားကြီး ကျနော့်ကို ရိုက်ဖို့
ရွယ်တယ် ဟင့်"
"မဟုတ်ပါဘူးဗျာ ကိုယ်ကသရဲထင်လို့"
"ဘာ!ကျနော်ရုပ်ကသရဲနဲ့တူလို့လား"
"မဟုတ်ဘူးလေ ကိုယ်ပြောတာက.."
"မျက်နှာသစ်တော့မယ်"
မျက်ရည်တွေကိုသုတ်ကာ ရေချိုးခန်းထဲပြေး
ဝင်သွားသော ကောင်လေးရဲ့အနောက်ကို
လိုက်သော်လည်း တံခါးလော့ချထားသည်။ တံခါးအပြင်ဘက်ကနေ နားထောင်ကြည့်သော အခါ ရှိုက်ငိုသံတွေကြားနေရသည်။ ငါလည်း အသက်ကြီးမှ ဘာလို့သရဲကြောက်နေရတာလဲ။
ငါ့ကိုများ သရဲနဲ့မှားရတယ်လို့ ငါ့ရဲ့ ဒီချောမော လှပနေတဲ့မျက်နှာကို ခင်ဗျားမလို့ မှားရက်
တယ်။ မျက်နှာကလဲ အိုးမဲကပေနေသေး။
ငိုရင်း မျက်နှာသစ်ကာ ရေချိုးခန်းအပြင်ဘက် ကိုထွက်လာလိုက်သည်။
"အောက်မှာထမင်းစားဖို့စောင့်နေမယ်"
ပြောပြီး အောက်ထပ်ကိုဆင်းသွားလေသည်။ ကျုပ်လည်းရေချိုးကာ အဝတ်အစားလဲပြီး အောက်ထပ်ကိုဆင်းလိုက်တယ်။ မီးဖိုချောင်ထဲမှာ Apron ကိုဝတ်ကာ ဟင်းတွေကို စားပွဲပေါ်
တင်နေသော ကြွေရုပ်။ ကျုပ်လည်းထမင်းစားပွဲဝိုင်း၌ ဝင်ထိုင်နေလိုက်သည်။
"သားစိုင်း ထည့်စားလေ ကြွေရုပ်ကသူတစ် ယောက်တည်းချက်ထားတာ"
"ဟုတ်ကဲ့"
ထမင်းစားပွဲဝိုင်းက တစ်ဖန်တိတ်ဆိတ်ကာ
ငြိမ်သက်သွားခဲ့သည်။ ထမင်းစားသောက်ပြီးတာနဲ့ အလုပ်ကိစ္စလေးတွေနည်းနည်းကျန်သေးတာကြောင့် စာကြည့်ခန်းထဲနေ၍ အလုပ်လုပ်
နေလိုက်သည်။
ဝရန်တာက မတ်တပ်ရပ်ကာ ကောင်းကင်
ပေါ်က လမင်းကို ကြည့်နေလိုက်သည်။ ဒီည
လကြတ်လို့နေသည်။ လရဲ့အရောင်ဟာ နီရဲလို့ နေပြီး ကြယ်တွေကပျောက်နေသေးသည်။ လေအေးတွေ တိုက်ခတ်လို့နေ၍ ခန္ဓာကိုယ်က အေးစိမ့်လို့နေပြီ။ လည်ပင်းနားသို့ထိတွေ့လာသော အသက်ရှူသံနွေးနွေးလေး။ သူ့ရဲ့လက်
တွေကလည်း ကျနော့်ရဲ့ခါးကိုတင်းတင်းကျပ်
ကျပ်ဖက်လို့ထားသည်။
"မင်းရဲ့အနားကိုရောက်တာနဲ့ ကိုယ့်ရဲ့နှလုံးသားက ဘာလို့အဆက်မပြတ်ခုန်နေရတာလဲ ကိုယ့် ကို ဘာတွေနဲ့ပြုစားထားတာလဲ.."
"ကျနော့်ရဲ့ အချစ်တွေနဲ့"
ခန္ဓာကိုယ်ကို မျက်နှာချင်းဆိုင်လှည့်ကာ ကျနော့်ရဲ့လက်တွေကို ကိုစိုင်းရဲ့ လည်ပင်းပေါ် သိုင်းဖက်ပြီး ပြန်ဖြေလိုက်သည်။
"တကယ်ပြောတာ ပန်းမကြိုက်တဲ့ ကိုယ်က ကျူးလစ်ပန်းလေးနဲ့တူတဲ့ ကြွေရုပ်လွှာဆိုတဲ့ မင်းလေးကိုအရှုးအမှုးချစ်မိလို့နေသည်"
"အို...ကိုစိုင်းရဲ့စကားတွေကြောင့် ကျနော့်ရင်ထဲ တစ်မျိုးဖြစ်သွားသလိုပဲ"
"ဟား..ဟား..ရင်ထဲကလိလိနဲ့ဖြစ်သွားတယ်
မလား စိုင်းထက်ဉာဏ်တဲ့နော် ဘယ်နေရာမဆို တော်တယ်"
"အရှုးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းသလိုပဲ"
"ဘာပြောတယ် ကိုယ့်ကိုအဲ့လိုပြောတဲ့အတွက် အပြစ်ပေးရမယ်"
"ဘာမှမပြောဘူး အနားမလာနဲ့"
ကျုပ်ရဲ့ခန္ဓာကိုယ်ကို တွန်းကာ အခန်းထဲဝင်ပြီး
ကျုပ်ကို မျက်နှာပြောင်နေတယ်။ဒီကောင်လေး လုပ်ရင် နာတော့မယ်။သူ့အနားကပ်လေ သူက ပတ်ပြေးလေနဲ့ ဒီညတော့ အိပ်ရမယ့်ကိန်း မမြင် ပါ။ နောက်ဆုံးတော့သူမောသွားပြီထင်ပါရဲ့ အရှုံးပေးပြီး ကုတင်ပေါ် ပစ်လဲ၍ အမောဖြေနေရှာသည်။ ကျုပ်လည်း သူ့နားသွားကာ သူ့ရဲ့ခါးကို ကလိထိုး
လိုက်သည်။
"ကဲကြောက်ပြီလား"
"အ့...ယားတယ်..ဟီးဟီး"
"ဖြေလေ"
"ကြောက်ပါပြီ..လွှတ်ပါတော့"
ကြောက်ပါပြီလို့ပြောမှ လွှတ်ပေးပြီး ကြွေရုပ် ကို ရင်ခွင်ထဲထည့်ကာ အိပ်စက်ချင်းစီသို့...
ဒီလိုနေ့ရက်မျိုးကိုနေ့တိုင်းပိုင်ဆိုင်ချင်တယ်
မင်းကိုယ့်အကြောင်းသိရင် မင်းကိုယ့်ကိုမုန်းသွားမှာ...
La Yaung Nge(19.4.2022)
ကြာသွားတဲ့အတွက် sorryပါ
မနက္မိုးလင္းေတာ့ အိပ္ယာကိုလက္နဲ႔စမ္းကာ တစ္ေယာက္ေသာသူကိုရွာေနမိသည္။ထိုသူကား က်ေနာ္ခ်စ္ရေသာ ကိုစိုင္းထက္ဉာဏ္
ျဖစ္သည္။ သို႔ေသာ္ အိပ္ယာထက္၌ရွာမေတြ႕ခဲ့ေပ။ အိပ္ယာေပၚမွ ထကာ စားပြဲေပၚမွာ နာရီကို ၾကည့္
လိုက္ေသာအခါ...
"ဟာ..ေန႔လည္၁၁နာရီေတာင္ထိုးၿပီ ကိုစိုင္းအလုပ္သြားေလာက္ၿပီိထင္တယ္"
ေရခ်ိဳးခန္းထဲသို႔ ျမန္ျမန္ဝင္ကာ ျပင္ဆင္ၿပီး
ေအာက္ထပ္သို႔ဆင္းလာလိုက္သည္။ အေပၚ
ထပ္မွာေတာ့ အလုပ္သမားတစ္ေယာက္
ေတာင္ရွာမေတြ႕ေသာ္လည္း ေအာက္ထပ္မွာေပါ့ အလုပ္သမားေတြအမ်ားႀကီးရွိလို႔ေနသည္။
အလုပ္သမား မိန္းကေလး၂ေယာက္က အခ်င္းခ်င္းတီးတိုးေျပာဆိုေနၾကသည္။
"ဟဲ့ မေန႔ညကေလ သရဲေျခာက္တာလားမသိဘူး ေအာ္သံေတြၾကားေနရတယ္"
က်ေနာ္လည္းသိခ်င္ေဇာနဲ႔ သူတို႔အနားကပ္ကာ ခိုးနားေထာင္လိုက္သည္။
"ဟုတ္တယ္ အေပၚထပ္ကေနၾကားရတာ ငါက သရဲေျခာက္တယ္ထင္လို႔ ေဆာင္ၿခဳံၿပီးအိပ္
ေနတာ"
သူတို႔ေျပာခ်င္တာက က်ေနာ္တို႔အခန္းထဲက အသံေတြကိုလား။ ရွက္ဖို႔ေကာင္းလိုက္တာေနာ္။
"သားေႂကြ႐ုပ္ ႏိုးလာၿပီလား"
အသံလာရာသို႔ၾကည့္လိုက္ေသာအခါ
ႀကီးၿမိဳင္ျဖစ္ေနတယ္။
"ဟုတ္တယ္ ႀကီးၿမိဳင္ က်ေနာ္ညက နည္းနည္း
အိပ္ယာဝင္တာေနာက္လို႔ အိပ္ယာထေနာက္က်သြားတယ္ ေနာက္ေန႔ကစၿပီးေစာေစာထပါမယ္"
"ရပါတယ္သားရယ္ ႀကီးၿမိဳင္သားစားဖို႔
ေန႔လည္စာျပင္ထားတယ္ လာစားေတာ့"
"ဟုတ္ကဲ့ ႀကီးၿမိဳင္"
ႀကီးၿမိဳင္ကေလ အရမ္းေကာင္းတာပဲ။ က်ေနာ့္အေပၚဆ္ိုဂ႐ုစိုက္ေပးတယ္။ က်န္တဲ့
အလုပ္သမားေတြက က်ေနာ့္ကိုဆိုစကားမေျပာဘူး ျမင္ရင္ေတာင္ အ႐ိုအေသျပဳၿပီးေရွာင္သြား ၾက
တယ္။ပထမဆုံးရက္မလို႔ ေရွာင္ေနၾကတာ ထင္ပါရဲ႕။ ေန႔လည္စာစားလို႔ၿပီးတာနဲ႔
အေပၚထပ္ကိုတက္ကာ ဆိုင္ကိုသြားဖို႔
ျပင္ဆင္လိုက္သည္။ ေအာက္ထပ္ကိုဆင္းလာေတာ့ ႀကီးၿမိဳင္က က်ေနာ့္ကိုေတြ႕ၿပီး...
"သားေႂကြ႐ုပ္ဘယ္သြားမလို႔လဲ"
"က်ေနာ္ဆိုင္သြားမလို႔ ႀကီးၿမိဳင္ရဲ႕"
"သားႀကီးစိုင္းက ေႂကြ႐ုပ္ကို ဘယ္မွမသြားေစနဲ႔ လို႔ ႀကီးၿမိဳင္ကိုမွာထားတယ္"
"ခဏေလးပါ ဆိုင္မွာက ညီမတစ္ေယာက္ပဲရွိလို႔ ခဏသြားၿပီး ျပန္လာခဲ့မယ္"
"ဟဲ့...သား.."
ဒီကေလးေျပာစကားလဲနားမေထာင္ဘဲ ထြက္သြားတယ္။ျပန္လာရင္ သားႀကီးစိုင္းက ေျပာေတာ့မယ္။ႀကီးၿမိဳင္လဲသက္ျပင္းခ်ကာ မီးဖိုေခ်ာင္ထဲသို႔ ဝင္သြားေလသည္။
အိမ္ထဲကထြက္ကာ ေတြ႕ရာTaxiေပၚတက္ၿပီး
ဆိုင္ကိုလာခဲ့သည္။ခုတစ္ေလာ မဂၤလာေဆာင္ ဖို႔ ျပင္ဆင္ေနရတာနဲ႔ ဆိုင္ကိုမေရာက္ျဖစ္တာ ၾကာၿပီ။ ဆိုင္ကညီမကိုလည္းလစာမေပးရေသးေတာ့ သူလဲစိတ္ညစ္ေနမွာေပါ့။
"သူေဌးေနာက္ဆုံးေတာ့ေရာက္လာၿပီေပါ့ေလ ညီမကသူေဌးမလာေတာ့ဘူးထင္တာ သူေဌး
လစာမေပးေတာ့ ေခါက္ဆြဲျပဳတ္နဲ႔ ေန႔တိုင္း ႏွစ္ပါးသြားေနရတာ သိလား..ၿပီးေတာ့ သူေဌးအိမ္ေထာင္
ျပဳၿပီးၿပီဆိုတာ ခုထိမယုံႏိုင္ေသးဘူး"
"ကဲ ေတာ္ပါေတာ့သာလိကာမေလးရယ္ အစ္ကို နားေတြၿငီးလွပါၿပီ၊ဒီိမွာညီမအတြက္ လစာ"
လစာအိတ္ေလးကိုေရွ႕ခ်လိုက္ေတာ့ မ်က္လုံးကအေရာင္တလပ္လပ္နဲ႔ ရွိသမွ်သြားေတြေပၚေအာင္ ရီျပကာ ပိုက္ဆံေတြ စစ္ေနတယ္။
"ကဲ အစ္ကိုျပန္ေတာ့မယ္ ဒီရက္ပိုင္းဆိုင္ကို
ဂ႐ုစိုက္ေပးအုန္း ဒါမမဟုတ္ အကူတစ္ေယာက္
ေခၚေပးရမလား"
"ေနပါေစ ညီမဘာသာလုပ္မယ္ လူေခၚရင္ ညီမ စားေပါက္ပိတ္တယ္"
"ေအးပါကြာ"
ဆိုင္ထဲကေနျပန္ထြက္လာကာ အိမ္ျပန္ဖို႔
အတြက္ကားငွားရေတာ့သည္။ ေရွ႕တြင္ရပ္လာေသာ ကားေပၚတက္၍ အိမ္သို႔ျပန္လာခဲ့သည္။
စားပြဲေပၚတြင္ ကြန္ပ်ဴတာတစ္လုံးနဲ႔အလုပ္ရႈပ္
ေနေသာ စိုင္းထက္ဉာဏ္သည္ ေဒါသအနည္း ငယ္ထြက္လို႔ေနသည္။ ေဒါသထြက္ရတဲ့အေၾကာင္းရင္းကေတာ့ ေႂကြ႐ုပ္လႊာအိမ္က
ထြက္သြားလို႔ျဖစ္သည္။
"bossက်ေနာ္ျပင္ဆင္လိုက္ရမလား"
"ေနာက္၁ပတ္ေလာက္ေနမွေပါ့"
"ဟုတ္ကဲ့"
ေႂကြ႐ုပ္လႊာ..မင္းကေတာ့ငါ့ကို မခန႔္ေလးစား လုပ္ေနတာပဲ။မင္းဘဝက ငရဲက်ဖို႔
ဘယ္ေလာက္မွမလိုေတာ့ဘူး ခုေတာ့ ေပ်ာ္ထား အုန္းေပါ့။
ေႂကြ႐ုပ္တစ္ေယာက္မီးဖိုေခ်ာင္ထဲ ဝင္ကာ
ကိုစိုင္းစားဖို႔အတြက္ ညစာကို ခ်က္ျပဳတ္လို႔ေန
သည္။ ဒီေန႔ညမွ မီးပ်က္လို႔ေနသည္။
ဓာတ္တိုင္က မီးႀကိဳးပ်က္သြားလို႔ ျပင္ေနတာ အနည္းငယ္ေတာ့ၾကာလို႔ေနၿပီ။ ေႂကြ႐ုပ္ကေတာ့ ညစာမမွီမွာဆိုး၍ မီးေမႊးကာ ညစာခ်က္
ေနသည္။
တီ!တီ!
ကားသံၾကားတယ္ ကိုစိုင္းျပန္လာၿပီထင္တယ္။ ေပေနေသာလက္ကို လက္သုတ္ဝတ္နဲ႔သုတ္ကာ အိမ္ေရွ႕သို႔ျမန္ျမန္ထြက္လာလိုက္သည္။
အိမ္ထဲကေနေျပးထြက္လာေသာ ေႂကြ႐ုပ္ရဲ႕
မ်က္ႏွာမွာ အိုးမဲေတြ ေပလို႔ေနသည္။
စိတ္မထိန္းႏိုင္ပဲရီခ်မိလိုက္သည္။
"ဟား..ဟား"
"ဘာျဖစ္လို႔လဲ ကိုစိုင္း"
"မီးေသြးအိုးထဲ ေခါင္းက်လာတာလား မွန္ထဲလဲ ျပန္ၾကည့္အုန္းေႂကြ႐ုပ္"
"မီးေသြးအိုးထဲက်လဲ က်ေနာ္ကေခ်ာၿပီးသား အေပၚတက္ေရသြားခ်ိဳးေတာ့ က်ေနာ္မ်က္ႏွာသစ္လိုက္အုန္းမယ္"
"ဟုတ္ပါၿပီ ငမဲေလး ဟား..ဟား"
လူကိုစတဲ့အက်င့္က ခုထိမေပ်ာက္ေသးဘူး က်ေနာ့္ကိုဆိုစဖို႔ပဲ ၾကည့္ေန ပညာေပးရမယ္။ ကိုစိုင္းရဲ႕လက္ဆြဲအိတ္ေလးကို ခုံေပၚခဏတင္ ၿပီး ဖေယာင္းတိုင္မီးထြန္းကာ အေပၚတက္လာလိုက္သည္။
ေျခသံေတြၾကားေနရတယ္ ငါပဲစိတ္ထင္ေနတာ လား။ ေျခသံေတြက ပိုနီးကပ္လာၿပီ။
က်ဳပ္အခန္းတံခါးေရွ႕မွာရပ္တန႔္သြားတယ္။ အနားက သစ္သားတုတ္ကိုဆြဲကာ ႐ိုက္ဖို႔ျပင္
လိုက္သည္။
ကြၽီ!
ပြင့္လာေသာ တံခါးနဲ႔အတူ ႐ိုက္ရန္ ျပင္လိုက္
ခ်ိန္ ႐ုတ္တရက္မီးျပန္လာခဲ့သည္။ က်ဳပ္ေရွ႕မွာ ရပ္ေနတဲ့သူ႔ကိုၾကည့္လိုက္ေသာအခါ
ဖေယာင္းတိုင္မီးတစ္ဖက္ လက္ဆြဲအိတ္တစ္
ဖက္နဲ႔ က်ဳပ္ကို ၾကည့္ေနေသာ ေႂကြ႐ုပ္လႊာ...
"ေႂကြ႐ုပ္..."
က်ဳပ္နာမည္ေခၚလိုက္တာနဲ႔ လက္ထဲက ပစၥည္းေတြကိုေအာက္သို႔ပစ္ခ်ကာထိုင္ၿပီး ငိုေႂကြးေနသည္။
"ဟင့္...ဟီး..ဟီး"
"မငိုနဲ႔ေလ ေႂကြ႐ုပ္ဘာျဖစ္လို႔လဲ"
က်ဳပ္မွာေႂကြ႐ုပ္ကိုေခ်ာ့လိုက္၊အိမ္မီးေလာင္မွာဆိုးလို႔ ဖေယာင္းတိုင္မီးမႈတ္လိုက္နဲ႔ အလုပ္ရႈပ္ လို႔ေန သည္။
"လူယုတ္မာႀကီး ခင္ဗ်ားႀကီး က်ေနာ့္ကို ႐ိုက္ဖို႔
႐ြယ္တယ္ ဟင့္"
"မဟုတ္ပါဘူးဗ်ာ ကိုယ္ကသရဲထင္လို႔"
"ဘာ!က်ေနာ္႐ုပ္ကသရဲနဲ႔တူလို႔လား"
"မဟုတ္ဘူးေလ ကိုယ္ေျပာတာက.."
"မ်က္ႏွာသစ္ေတာ့မယ္"
မ်က္ရည္ေတြကိုသုတ္ကာ ေရခ်ိဳးခန္းထဲေျပး
ဝင္သြားေသာ ေကာင္ေလးရဲ႕အေနာက္ကို
လိုက္ေသာ္လည္း တံခါးေလာ့ခ်ထားသည္။ တံခါးအျပင္ဘက္ကေန နားေထာင္ၾကည့္ေသာ အခါ ရႈိက္ငိုသံေတြၾကားေနရသည္။ ငါလည္း အသက္ႀကီးမွ ဘာလို႔သရဲေၾကာက္ေနရတာလဲ။
ငါ့ကိုမ်ား သရဲနဲ႔မွားရတယ္လို႔ ငါ့ရဲ႕ ဒီေခ်ာေမာ လွပေနတဲ့မ်က္ႏွာကို ခင္ဗ်ားမလို႔ မွားရက္
တယ္။ မ်က္ႏွာကလဲ အိုးမဲကေပေနေသး။
ငိုရင္း မ်က္ႏွာသစ္ကာ ေရခ်ိဳးခန္းအျပင္ဘက္ ကိုထြက္လာလိုက္သည္။
"ေအာက္မွာထမင္းစားဖို႔ေစာင့္ေနမယ္"
ေျပာၿပီး ေအာက္ထပ္ကိုဆင္းသြားေလသည္။ က်ဳပ္လည္းေရခ်ိဳးကာ အဝတ္အစားလဲၿပီး ေအာက္ထပ္ကိုဆင္းလိုက္တယ္။ မီးဖိုေခ်ာင္ထဲမွာ Apron ကိုဝတ္ကာ ဟင္းေတြကို စားပြဲေပၚ
တင္ေနေသာ ေႂကြ႐ုပ္။ က်ဳပ္လည္းထမင္းစားပြဲဝိုင္း၌ ဝင္ထိုင္ေနလိုက္သည္။
"သားစိုင္း ထည့္စားေလ ေႂကြ႐ုပ္ကသူတစ္ ေယာက္တည္းခ်က္ထားတာ"
"ဟုတ္ကဲ့"
ထမင္းစားပြဲဝိုင္းက တစ္ဖန္တိတ္ဆိတ္ကာ
ၿငိမ္သက္သြားခဲ့သည္။ ထမင္းစားေသာက္ၿပီးတာနဲ႔ အလုပ္ကိစၥေလးေတြနည္းနည္းက်န္ေသးတာေၾကာင့္ စာၾကည့္ခန္းထဲေန၍ အလုပ္လုပ္
ေနလိုက္သည္။
ဝရန္တာက မတ္တပ္ရပ္ကာ ေကာင္းကင္
ေပၚက လမင္းကို ၾကည့္ေနလိုက္သည္။ ဒီည
လၾကတ္လို႔ေနသည္။ လရဲ႕အေရာင္ဟာ နီရဲလို႔ ေနၿပီး ၾကယ္ေတြကေပ်ာက္ေနေသးသည္။ ေလေအးေတြ တိုက္ခတ္လို႔ေန၍ ခႏၶာကိုယ္က ေအးစိမ့္လို႔ေနၿပီ။ လည္ပင္းနားသို႔ထိေတြ႕လာေသာ အသက္ရွဴသံေႏြးေႏြးေလး။ သူ႔ရဲ႕လက္
ေတြကလည္း က်ေနာ့္ရဲ႕ခါးကိုတင္းတင္းက်ပ္
က်ပ္ဖက္လို႔ထားသည္။
"မင္းရဲ႕အနားကိုေရာက္တာနဲ႔ ကိုယ့္ရဲ႕ႏွလုံးသားက ဘာလို႔အဆက္မျပတ္ခုန္ေနရတာလဲ ကိုယ့္ ကို ဘာေတြနဲ႔ျပဳစားထားတာလဲ.."
"က်ေနာ့္ရဲ႕ အခ်စ္ေတြနဲ႔"
ခႏၶာကိုယ္ကို မ်က္ႏွာခ်င္းဆိုင္လွည့္ကာ က်ေနာ့္ရဲ႕လက္ေတြကို ကိုစိုင္းရဲ႕ လည္ပင္းေပၚ သိုင္းဖက္ၿပီး ျပန္ေျဖလိုက္သည္။
"တကယ္ေျပာတာ ပန္းမႀကိဳက္တဲ့ ကိုယ္က က်ဴးလစ္ပန္းေလးနဲ႔တူတဲ့ ေႂကြ႐ုပ္လႊာဆိုတဲ့ မင္းေလးကိုအရႈးအမႈးခ်စ္မိလို႔ေနသည္"
"အို...ကိုစိုင္းရဲ႕စကားေတြေၾကာင့္ က်ေနာ့္ရင္ထဲ တစ္မ်ိဳးျဖစ္သြားသလိုပဲ"
"ဟား..ဟား..ရင္ထဲကလိလိနဲ႔ျဖစ္သြားတယ္
မလား စိုင္းထက္ဉာဏ္တဲ့ေနာ္ ဘယ္ေနရာမဆို ေတာ္တယ္"
"အရႈးစိတ္ခ်မ္းသာရင္ ကမာၻႀကီးေအးခ်မ္းသလိုပဲ"
"ဘာေျပာတယ္ ကိုယ့္ကိုအဲ့လိုေျပာတဲ့အတြက္ အျပစ္ေပးရမယ္"
"ဘာမွမေျပာဘူး အနားမလာနဲ႔"
က်ဳပ္ရဲ႕ခႏၶာကိုယ္ကို တြန္းကာ အခန္းထဲဝင္ၿပီး
က်ဳပ္ကို မ်က္ႏွာေျပာင္ေနတယ္။ဒီေကာင္ေလး လုပ္ရင္ နာေတာ့မယ္။သူ႔အနားကပ္ေလ သူက ပတ္ေျပးေလနဲ႔ ဒီညေတာ့ အိပ္ရမယ့္ကိန္း မျမင္ ပါ။ ေနာက္ဆုံးေတာ့သူေမာသြားၿပီထင္ပါရဲ႕ အရႈံးေပးၿပီး ကုတင္ေပၚ ပစ္လဲ၍ အေမာေျဖေနရွာသည္။ က်ဳပ္လည္း သူ႔နားသြားကာ သူ႔ရဲ႕ခါးကို ကလိထိုး
လိုက္သည္။
"ကဲေၾကာက္ၿပီလား"
"အ့...ယားတယ္..ဟီးဟီး"
"ေျဖေလ"
"ေၾကာက္ပါၿပီ..လႊတ္ပါေတာ့"
ေၾကာက္ပါၿပီလို႔ေျပာမွ လႊတ္ေပးၿပီး ေႂကြ႐ုပ္ ကို ရင္ခြင္ထဲထည့္ကာ အိပ္စက္ခ်င္းစီသို႔...
ဒီလိုေန႔ရက္မ်ိဳးကိုေန႔တိုင္းပိုင္ဆိုင္ခ်င္တယ္
မင္းကိုယ့္အေၾကာင္းသိရင္ မင္းကိုယ့္ကိုမုန္းသြားမွာ...
La Yaung Nge(19.4.2022)
ၾကာသြားတဲ့အတြက္ sorryပါ