[Zawgyi]
အိပ္မက္ေတြ၊ မေရမတြက္ႏုိင္ေအာင္မ်ားျပားတဲ့အိပ္မက္ဆိုးေတြ ။ တစ္ခုတည္းေသာအလင္းေရာင္ကိုတမ္းတမိသည္ ။
ဒဏ္ရာေတြနဲ႔ျပည့္နက္ေနတဲ့သူ႔မ်က္ႏွာ ။ က်ေနာ့္ကိုစိတ္ခ်သေယာင္ျပံဳးျပေနသည္ ။ က်ယ္ေလာင္တဲ့ေသနတ္သံႏွစ္ခ်က္ႏွင့္အတူလဲက်သြားတဲ့သူ႔ခႏၶာကိုယ္ ။ ငိုေနေပမယ့္အသံေတြပင္မထြက္ေတာ့ေခ် ။ ေပြ႔ဖက္ခ်င္သည္ နမ္း႐ႈိက္ခ်င္သည္ ။
ကိုကို..၊ ကိုကို
ေအာ္ဟစ္ငိုေႂကြးေနေပမယ့္အသံေတြထြက္မလာ ။ အသက္႐ွဴေတြပါၾကပ္လာသည္ ။
"ဟ့"
ပြင့္သြားတဲ့မ်က္လံုးအစံုႏွင့္အတူ ရင္ဖက္အစံုကျမင့္ခ်ည္နိမ့္ခ်ည္လႈပ္႐ွားေနသည့္သူ ။ ျမင္ေနရသည္မ်က္ႏွာက်က္အျဖဴျဖစ္ၿပီး စက္ကိရိယာေတြရဲ႕ တ 'တီ တီ'ျမည္သံေတြကိုလည္းၾကားေနရသည္ ။ မ်က္စိေ႐ွ႕ကခံေနတဲ့အရာကိုသတိထားမိေတာ့သူ႔ကိုေအာက္ဆီဂ်င္ေပးထားၾကတာဆိုတာသိလိုက္သည္ ။ သူေဆး႐ုံမွာပဲ ။ သူမေသေသးဘူး ။
"လူနာသတိရလာပါၿပီ
အခန္းနံပါတ္ 056ကလူနာသတိရေနပါၿပီ"
အခန္းထဲကိုဝင္လာတဲ့သူနာျပဳကသူသတိရေနၿပီဆိုတာကိုျမင္တာစကားေျပာကိရိယာေလးျဖင့္ဆရာဝန္ေတြကိုအေၾကာင္းၾကားေနပံုရသည္ ။ အားလံုးၾကားေနရေပမယ့္ အျမင္ေတြကေတာ့ေဝဝါးေနဆဲ ။ တစ္ကိုယ္လံုးထံုက်င္ကိုက္ခဲၿပီးအားအင္ေတြလည္းျပတ္လပ္ေနသည္ ။ ေခါင္းေတြျခာျခာလည္ေနၿပီးဘာကိုမွေသခ်ာမစဥ္းစားႏုိင္ေသး ။
ေျခသံအခ်ိဳ႕ႏွင့္အတူ ဆရာဝန္ႏွင့္သူနာျပဳေတြအခန္းထဲဝင္လာတာလည္းသိသည္ ။ သူ႔မ်က္လံုးေတြဓာတ္မီးအေသးေလးႏွင့္ထိုးၾကည့္ၿပီး ေသြးခုန္ႏႈန္းေတြလည္းစစ္ေဆးေနၾကသည္။
ထပ္ၿပီးပံုမွန္မဟုတ္တဲ့ ေျခသံတစ္ခုဝင္လာတာကိုၾကားမိသည္ ။ ျမင္ကြင္းထဲကိုဝင္လာေတာ့ထိုလူကိုၾကည့္လိုက္သည္ ။ ထုိလူက'ကိုး' ျဖစ္သည္ ။ ဟုတ္သည္အဲ့ဒီေန႔က'ကိုး'ေျခေထာက္ကိုပဲေသနတ္မွန္ခဲ့တာျဖစ္သည္ ။ ဒါေၾကာင့္'ကိုး'ရဲ႕ေျခသံကပံုမွန္ႏွင့္မတူတာျဖစ္မည္ ။
ဒါဆို ဒါဆို သူေရာ?
မ်က္လံုးထဲမွာျပန္ေပၚလာသည့္ ေသြးအလိမ့္လိမ့္ျဖင့္ ၾကမ္းျပင္ေပၚတြင္လဲက်ေနေသာသူ႔ရဲ့ခႏၶာကိုယ္ ။ သူကရင္ဖက္ကိုေသ နတ္ႏွစ္ခ်က္ေတာင္မွန္ခဲ့တာ ။
နဂိုတည္းအားမ႐ွိေသာခႏၶာကိုယ္သည္အားအင္ေတြပိုၿပီးဆုတ္ယုတ္သြားသည္ ။ မ်က္ရည္ေတြစီးက်လာသည္မွာအျမင္ေတြ ပိုမိုေဝဝါးကုန္ေတာ့သည္၊ သူမ႐ွိေတာ့ဘူးဆိုတဲ့အသိႀကီး ေၾကာင့္ရင္ဖက္တစ္ခုလည္းနာက်င္လာသည္ ။
"လူနာေသြးခုန္ႏႈန္းက်လာၿပီ"
"ထယ္ေယာင္း သတိထား"
ဆူညံသြားတဲ့အခန္းအတြင္း႐ုတ္႐ုတ္သဲသဲအေျခအေန ။ အားလံုးကသူေသသြားမွာကိုေၾကာက္ေနၾကၿပီး သူကေတာ့သူေသမသြားမွာကိုေၾကာက္ေနမိသည္ ။ ေဂ်ာင္ဂုမ႐ွိဘဲသူဘယ္လိုဆက္ေနရပါ့မလဲ ။ ဘယ္လိုသတၱိေတြနဲ႔ ဘယ္လိုစြမ္းအားေတြနဲ႔ ဘယ္လိုဆက္ၿပီးရပ္တည္ရမွာလဲ ။
မ်က္လံုးေတြမွိတ္က်ေတာ့မည့္စဲစဲမသဲမကြဲၾကားလိုက္ရတဲ့'ကိုး'ရဲ႕စကားသံ ။
"မင္းေသသြားရင္ ဂြၽန္ေဂ်ာင္ဂုနဲ႔ေတြ႔ရေတာ့မွာမဟုတ္ဘူး"
ျမန္ဆန္လာတဲ့ႏွလံုးခုန္ႏႈန္း ။ သူ..သူ႐ွိေနေသးတာလား?
ထပ္ၿပီးမွိတ္က်သြားတဲ့မ်က္လံုးေတြ ။
//I'm Your//
ပံုမွန္အသက္႐ွဴႏႈန္းျဖင့္ႏိုးထလာသည္ ။ ခုနကအခန္းထဲမွာပဲ႐ွိေနတာ ။ နားထဲကိုျပန္ၾကားလာတဲ့စကားတစ္ခြန္း
'မင္းေသသြားရင္ ဂြၽန္ေဂ်ာင္ဂုနဲ႔ေတြ႔ရေတာ့မွာမဟုတ္ဘူး'
"ေဂ်ာင္ဂု~"
ႏႈတ္ခမ္းလႈပ္႐ုံမ်ွေရရြတ္လိုက္သည္ ။ ထုိအခ်ိန္'ကိုး'အသံကနားထဲဝင္လာသည္ ။
"ထယ္ေယာင္း သတိရလာၿပီ စိတ္ကိုေအးေအးထား
ထယ္ေယာင္း ငါဆရာဝန္သြားေခၚလိုက္မယ္"
အေျပးအလႊားထြက္သြားျပန္သည္ ။ သူ႔မွာေျခေထာက္
မေကာင္းတဲ့အထဲကက်ေနာ့္အတြက္ဒုကၡခံေနရသည္ ။
သူေတာင္လမ္းျပန္ေလ်ွာက္ေနၿပီဆုိေတာ့ က်ေနာ္ေမ့ေနတာဘယ္ေလာက္ၾကာၿပီလဲ ။
ဆရာဝန္ေတြေရာက္လာၿပီးထံုးစံအတုိင္းစစ္ေဆးၾကျပန္သည္။ ေကာင္းမြန္သည့္အေျခအေနဟုေကာက္ခ်က္ခ်ၾကသည္ ။ အဲ့ဒိေနာက္ျပန္ထြက္သြားၾကၿပီး 'ကိုး' ကက်န္ခဲ့သည္ ။
"ထယ္ေယာင္း ဘယ္လိုေနလဲ တအားနာတဲ့ေနရာမ်ိဳး႐ွိရင္ေျပာသိလား တစ္ခုခုဆိုငါ့ကိုေျပာ"
"ေဂ်ာင္..ဂု"
သူ႔နာမည္ကိုေခၚမိ႐ုံနဲ႔တင္ဝဲအိုင္လာတဲ့မ်က္ရည္အခ်ိဳ႕။
'ကိုး'သူ႔အားျပံဳးျပၿပီး
"ေဂ်ာင္ဂုလား သူအသက္႐ွင္ေနပါတယ္"
ဝဲအိုင္ေနေသာမ်က္ရည္မ်ားသည္မ်က္ဝိုင္းအိမ္မွစီးက်လာေတာ့သည္ ။ ေတာ္ေသးတာေပါ့ တကယ္ေတာ္ေသးတယ္။
"သူသတိရေနျပီ မေန႔ကမွသတိရတာ
အန္တီေဆာလီကေတာ့အဲ့ဒီ့ေန႔ကပဲဆံုးသြားတယ္"
ဝမ္းသာစရာသတင္းႏွင့္ဝမ္းနည္းစရာသတင္းႏွစ္ခုလံုးဒြန္တြဲေနသည္ ။ သူလည္းသတိရၿပီးၿပီဆိုေတာ့ သိၿပီးၿပီထင္ပါရဲ႕။ သူဘယ္ေလာက္ေတာင္ဝမ္းနည္းေန႐ွာမလဲ ။
"အဲ့ဒိေန႔ကရဲေတြနဲ႔ငါေရာက္လာေတာ့ ဦးေလးအီက မင္းကိုေသနတ္နဲ႔ပစ္ဖို႔လုပ္ေနတာ ရဲမႉးကဦးေလးအီရဲ႕လက္ေမာင္းကိုေသနတ္နဲ႔ပစ္လိုက္ေတာ့သူမင္းကိုမပစ္လိုက္ရဘဲေသနတ္ျပဳတ္က်သြားေပမယ့္ မင္းကသတိလစ္သြားၿပီ ၊ ၿပီးေတာ့ေဂ်ာင္ဂုလည္းေသနတ္ဒဏ္ရာရထားခဲ့တာ ၊ ငါတုိ႔အခ်ိန္နည္းနည္းေလးသာသူ႔ကိုေဆး႐ုံတင္တာေနာက္က်ခဲ့ရင္ သူအသက္မ႐ွင္ႏုိင္ဘူး ။ ကံေကာင္းလို႔က်ည္ဆံကသူ႔ႏွလံုးနဲ႔နည္းနည္းေလးလြဲသြားခဲ့လို႔ ။ မင္းလည္းဒဏ္ရာေတြေတာ္ေတာ္မ်ားမ်ားရထားခဲ့တာ ။ ေသြးထြက္အမ်ားႀကီးလြန္ခဲ့တာ ။ မင္းကိုဟြာဂြၽန္းကေသြးလႉခဲ့တာ ထယ္ေယာင္း ။ သူကမင္းနဲ႔ေသြးအမ်ိဳးအစားတူတယ္"
ထိုစကားေၾကာင့္ထယ္ေယာင္းအံ့ျသသြားမိတာေတာ့အမွန္ပင္။ဟြာဂြၽန္းကသူ႔ကိုေသြးလႉခဲ့တယ္?ဟြာဂြၽန္းကိုသူအမ်ားႀကီး မုန္းေနခဲ့တာ ၿပီးေတာ့အခုကိစၥမွာသူကသူ႔အေဖနဲ႔တစ္စိတ္တည္းတစ္ဥာဏ္တည္းမဟုတ္ဘူးလား ။
"ဦးေလးအီကိုေရာ သူ႔တပည့္ေတြကိုေရာအကုန္ဖမ္းမိတယ္
မင္းအခုစိတ္ခ်လက္ခ်ေနလို႔ရၿပီ ထယ္ေယာင္း"
"ဟြာဂြၽန္းက ငါ့ကို..?"
"အင္း ဟုတ္တယ္ မင္းသူ႔ကိုသေဘာမက်မွန္းသိေပမယ့္ အဲ့ဒိအခ်ိန္တုန္းကမင္းနဲ႔ေသြးတူတာသူပဲ႐ွိတယ္ ၿပီးေတာ့သူကိုယ္တုိင္ကလည္းလႉခ်င္ခဲ့တာ အဲ့ဒါေၾကာင့္"
ထယ္ေယာင္းသက္ျပင္းေလးသာခ်မိသည္ ။ ဒီျပႆနာမွာဟြာဂြၽန္းပါေနခဲ့တာမဟုတ္ဘူးဆိုတာလည္းသူသေဘာေပါက္လိုက္သည္ ။ ေလာေလာဆယ္ သူေဂ်ာင္ဂုေတြ႔ခ်င္လာၿပီ ။
"ငါ သူ႔ဆီသြားခ်င္တယ္"
"ဒါေပမယ့္ မင္းကအခုမွႏုိးတာ.."
"ငါ သက္သာ ပါ တယ္"
'ကိုး'ကသူ႔ကိုၾကည့္ၿပီးေခါင္းသာသြင္သြင္ခါသည္ ။
//I'm Yours//
'ကိုး'တြဲကာသူ႔အခန္း႐ွိရာကိုထြက္လာခဲ့သည္ ။ ေတြ႔ခ်င္လြန္းလို႔႐ူးမတတ္ပဲ ။ အခန္းတံခါးကိုဖြင့္ၿပီးဝင္လာလိုက္သည္ႏွင့္ ကုတင္ေပၚမွာလွဲေနတဲ့သူ႔ကိုေတြ႔လိုက္သည္ ။ ရင္ထဲမွာျဖစ္သြားခဲ့ခံစားခ်က္ကေျပာမျပတတ္ ။
အအိပ္ဆတ္သူေဂ်ာင္ဂုသည္ တံခါးဖြင့္သံေၾကာင့္ မ်က္လံုးေျဖးေျဖးဖြင့္လာသည္ ။ ဒဏ္ရာျပင္းျပင္းထန္ထန္ရထားသူမို႔အျပင္းအထန္မလႈပ္႐ွားႏုိင္ပါ ။ တံခါးဖက္ကိုမ်က္လံုးႏွင့္သာလွမ္းၾကည့္လိုက္သည္ ။ ေတြ႔လိုက္ရတဲ့သူေၾကာင့္ ရင္ထဲလႈိက္ခနဲတက္လာတဲ့ ခံစားခ်က္ ။
'ကိုး'ကိုတြဲလ်က္အခန္းထဲကိုဝင္လာတဲ့ထယ္ေယာင္း ။ ေဆး႐ုံဝတ္စံုေလးႏွင့္ထယ္ေယာင္းသည္ျဖဴေဖ်ာ့ကာ အလြန္မွအားနည္းေန႐ွာမည္ ။ သို႔ေသာ္ သူ႔ကိုလည္းေတြ႔ေရာ တြဲထားသည့္သူငယ္ခ်င္းျဖစ္သူအားလႊတ္လိုက္ၿပီး အတင္းေျပးလာသည္ ။
"ထယ္ေယာင္း မေျပးနဲ႔ေလ"
အားနည္းေနတဲ့က်ေနာ့္ရဲ႕ခႏၶာကိုယ္ကခ်စ္ရသူကိုေတြ႔ေတာ့ ကိုယ့္ကိုကိုယ္ေတာင္သတိမထားမိဘဲ ထထိုင္မိသည္ အထိ ။
ရင္ခြင္ထဲကိုေျပးဝင္လာေသာ ခ်စ္လူသားေလး ။ ဒဏ္ရာကနာေပမယ့္ မတြန္းဖယ္မိပါ ။ ကိုယ္ကိုယ္တိုင္ကလည္းထိုလူသားေလးကိုပိုတုိး၍သာဖက္တြယ္မိသည္ ။
"ကိုကို"
"အခ်စ္ ထယ္ေယာင္း"
ထယ္ေယာင္းသည္ေဂ်ာင္ဂုအသံကိုၾကားမွပဲ ႐ႈိက္ႀကီးတငင္ငို႐ွာပါေတာ့သည္ ။ ေဂ်ာင္ဂုလည္းအသက္ထက္ခ်စ္ရေသာ သူ႔အခ်စ္ကေလးအား အလြမ္းေတြအတုိးခ်ကာ ေပြ႔ဖက္ရင္း ပါးေလးေတြ နဖူးေလးေတြကို နမ္း႐ႈိက္ေလသည္ ။ ခ်စ္သူႏွစ္ေယာက္ကိုမေႏွာက္ယွက္ခ်င္ေတာ့ဘဲ အခန္းအျပင္ထြက္ကာတံခါးေလးျပန္ပိတ္ေပးသြားတဲ့'ကိုး' ။
"မ႐ွိေတာ့ ဘူး ထင္ေန ခဲ့တာ ဟင့္ ဟင့္"
"အ့ ကြၽတ္ ကြၽတ္ ကြၽတ္!"
"ဟင္ နာလို႔လား ဟုတ္သားပဲ ဒဏ္ရာကိုေမ့ေနတာ"
ဒဏ္ရာကိုေမ့ေနတာဆိုကာ ရင္ဖက္လက္သြယ္သြယ္ေလးမ်ားျဖင့္ခပ္ဖြဖြထိေတြ႔ေနသည္ ။ ေဂ်ာင္ဂုအသည္းယားစြာျဖင့္မ်က္ရည္ေတြစိုေနတဲ့ပါးေလးကိုငံု႔နမ္းလိုက္လ်ွင္ မ်က္လံုးဝိုင္းေလးမ်ားျဖင့္ေမာ့ၾကည့္ကာ
"တကယ္ ထားသြားၿပီ ထင္ေနခဲ့တာ အီးဟီး"
ထပ္ၿပီးငိုေနျပန္သည္ ။ ေဂ်ာင္ဂုသူ႔အခ်စ္ကေလးအားရင္ခြင္ထဲသို႔မ်က္ႏွာအပ္ေစကာ ငိုေစသည္ ။
ထားမသြားပါဘူး အခ်စ္ရယ္ ၊ ကိုယ္ကမင္းကိုဘယ္ေတာ့မွထားမသြားဘူး ။ အခုကစၿပီးလည္းမင္းအနားကေနအျမဲတမ္းမင္းကိုကာကြယ္ေပးမယ္ ။
"ေတာင္းပန္ပါတယ္ ဟင့္ ေမေမ့ကိုမကာကြယ္ႏုိင္ခဲ့ဘူး"
"မင္းအျပစ္မဟုတ္ပါဘူး အခ်စ္ရယ္"
"က်ေနာ္သာအိမ္ကုိေစာေစာျပန္ေရာက္ခဲ့ရင္-"
ထိကပ္သြားတဲ့ႏႈတ္ခမ္းတုိ႔ႏွင့္အတူ မ်က္ရည္ေတြၾကားက အနမ္းမ်ား ။ ေဂ်ာင္ဂုသည္လြမ္းေမာေနခဲ့ရေသာႏႈတ္ခမ္းအိအိေလးမ်ားအားခံတြင္းထဲေပ်ာ္ဝင္မတတ္နမ္းရႈိက္ပစ္မိသည္ ။
အေမဆံုးသြားတယ္ဆိုတာကို သတိရၿပီးမၾကာခင္ေလးပင္သိ႐ွိခဲ့ရသည္ ။ မယံုၾကည္စြာအႀကိမ္ႀကိမ္ငိုပစ္မိပါေသးသည္။ အခုထယ္ေယာင္းေ႐ွ႕မွာေတာ့တတ္ႏုိင္သေလာက္ထိန္း ထားသည္ ။ ထယ္ေယာင္းကသူ႔အျပစ္ဆိုၿပီး စိတ္မေကာင္းျဖစ္ေနတာကိုျမင္ရေတာ့ သူကပိုၿပီးစိတ္မေကာင္းျဖစ္ရသည္။
ႏႈတ္ခမ္းေလးကိုျပန္ခြာေပးလိုက္ေတာ့ရင္ခြင္ထဲတုိးဝင္ျပန္တဲ့ထယ္ေယာင္း ။ သူ႔ပံုစံလးကမသိရင္ ေဂ်ာင္ဂုကိုလြတ္ထြက္သြားမယ့္ အရာဝတၳဳတစ္ခုပမာ ဖမ္းဆုပ္ထားသလိုပင္ ။
ေဆး႐ုံဝတ္စံုႏွင့္ေကာင္ေလးႏွစ္ေယာက္သည္ သူတုိ႔ခႏၶာကိုယ္ကဒဏ္ရာေတြပင္ ဂ႐ုမျပဳႏုိင္ဘဲ တစ္ေယာက္ကိုတစ္ေယာက္တင္းၾကပ္စြာေပြ႔ဖက္ထားၾကသည္ ။
//I'm Yours//
သံုးလခန္႔ၾကာၿပီးေနာက္
ထယ္ေယာင္းသည္ဝယ္စရာ႐ွိတာေလးေတြဝယ္ၿပီးအျပင္ကေနျပန္လာတာျဖစ္သည္ ။ ညေနေစာင္းေနၿပီမို႔ ေဂ်ာင္ဂုလည္းျပန္ေရာက္ေနေလာက္ေရာေပါ့ ။ သို႔ေသာ္အိမ္ထဲကိုဝင္လာေတာ့ ဘယ္သူမွ႐ွိမေနေခ် ။ ဒီေန႔ေနာက္က်တာမ်ားလား ။
ဝယ္လာေသာပစၥည္းေတြကိုမီးဖိုေခ်ာင္ထဲတြင္ေသခ်ာသိမ္းဆည္းၿပီး အခန္းဆီထြက္လာခဲ့သည္ ။ အခန္းထဲကိုဝင္လာလိုက္ေတာ့ ကုတင္အစပ္မွာတင္ထားတဲ့ပါဆယ္အိတ္ေလးႏွင့္တစ္ခုႏွင့္စာေလးတစ္ေစာင္ ။
ထယ္ေယာင္း ျပံဳးလိုက္ၿပီးကုတင္နားကို ေလ်ွာက္လာလိုက္သည္ ။ စာရြက္ေလးကိုယူၿပီးဖတ္လိုက္ေတာ့ လက္ေရးလွလွေလးမ်ားေနရာယူထားသည္ ။ စားေသာက္ဆိုင္တစ္ခုကို လာခဲ့ရန္ခ်ိန္းဆိုထားျခင္းျဖစ္သည္ ။ ၿပီးေတာ့သူစီစဥ္ေပး ထားတဲ့ဝတ္စံုေလးကိုဝတ္လာဖို႔ကိုလည္းမွာထားျပန္ေသး၏ ။
ထယ္ေယာင္းသည္စာကိုဖတ္ၿပီးေနာက္သေဘာတက်ျပံဳးမိရင္း အိတ္ထဲကအဝတ္ေလးမ်ားကိုထုတ္ၾကည့္လိုက္သည္ ။ အျဖဴေရာင္အက်ႌလက္႐ွည္ေလးႏွင့္အညိဳေရာင္ စတုိင္လ္ေဘာင္းဘီေလးျဖစ္သည္ ။ ဒီလူကသူနဲ႔လိုက္ဖက္မဲ့အရာဟူသမ်ွကိုလည္းေတြးေတာတတ္ေသးတာေလ ။
တစ္ကိုယ္ရည္သန္႔႐ွင္းေရးလုပ္ၿပီးေနာက္ သူျပင္ေပးထားတဲ့ အဝတ္ေလးမ်ားေသေသသပ္သပ္ဝတ္ဆင္လိုက္သည္ ။ အက်ႌေလးကအျဖဴခ်ည္းပဲမဟုတ္ဘဲ ေရႊအိုေရာင္အဆင္းေလးမ်ား လည္းပါ႐ွိေသး၏ ။ ထုိအက်ႌေလးကိုေဘာင္းဘီထဲထည့္ဝတ္လိုက္ေတာ့ ခါးသိမ္သိမ္ေလးရဲ႕အလွကအလြန္မွတင့္တယ္လြန္း၏ ။ ဆံပင္ေလးေတြကိုေသခ်ာၿဖီးၿပီးသည့္ေနာက္ ေဘးလြယ္အိတ္ကေလးကိုလြယ္ကာ သူေျပာထားေသာေနရာသို႔ taxi ႏွင့္ထြက္လာခဲ့သည္ ။ သူဘယ္ေမ့မလဲ ။ ဒီေန႔ကသူတို႔ႏွစ္ေယာက္မဂၤလာသက္တမ္းတစ္ႏွစ္ျပည့္ေလးျဖစ္သည္ ။ ပဋိပကၡေပါင္းမ်ားစြာနဲ႔လက္ထပ္ခဲ့တဲ့ဒီလူကို အခ်စ္စစ္နဲ႔ခ်စ္ေနခဲ့မိမွန္းသူကိုယ္တိုင္လည္းမသိခဲ့သလို ထိုလူကလည္းမသိခဲ့ပါေလ ။ အခုေတာ့ အခ်စ္ေတြတုိးလို႔ အိမ္ေထာင္သက္တမ္းေလးလည္းၾကာ႐ွည္လာခဲ့ၿပီျဖစ္သည္ ။
ႏွစ္ထပ္စားေသာက္ဆုိင္ေလးျဖစ္သည္ ။ ဝင္သြားလိုက္ေပမယ့္ ေကာင္တာကဝန္ထမ္းမိန္းကေလးကလြဲဘယ္သူ႔ကိုမွမေတြ႔ေခ် ။
"ညီမ ၊ ဂြၽန္ေဂ်ာင္ဂုဆုိတဲ့အမ်ိဳးသား-"
"အေပၚထပ္ကိုတက္သြားလိုက္ပါေနာ္"
ဘာလဲ မဟုတ္မွ တစ္ဆိုင္လံုးငွါးထားတာမ်ားလား ။ ထယ္ေယာင္းသည္အကဲပိုလြန္းေသာသူ႔ခ်စ္သူေၾကာင့္႐ွက္ရြံ႕စြာမ်က္ႏွာေလးပင္ရဲတက္လာမိသည္ ။ ထို႔ေနာက္ပံုမွန္ေျခလွမ္းေလးႏွင့္အေပၚထပ္သုိ႔တက္လာလိုက္၏ ။
အေပၚထပ္ကေအာက္ထပ္ကဲ့သို႔လ်ွပ္စစ္မီးေရာင္မဟုတ္ဘဲ
ဖေယာင္းတုိင္မီးေရာင္ေလးမ်ားႏွင့္သာအလွဆင္ထားသည္ ။ ျမင္ေနရတဲ့ပန္းအိုးတစ္အိုးခ်င္းစီက ႏွင္းဆီပန္းကေလးမ်ား။ ထယ္ေယာင္းရဲ႕စိတ္ကေလးကိုတစ္မ်ဳိးတစ္မည္ခံစားရေစ သည္ ။ ျပံဳးမိ႐ုံမွသာမတတ္သာ ။
နည္းနည္းေလာက္ဆက္ေလ်ွာက္လာလိုက္ေတာ့ ဖေယာင္း တုိင္မီးေလးႏွင့္ပင္ ေသသပ္စြာေနရာယူေနတဲ့စားပြဲတစ္လံုး။ ဝိုင္ပုလင္းေလးတစ္လံုးႏွင့္ဝိုင္ငွဲ႔ ထားၿပီးသားဖန္ခြက္ေလးတစ္ခြက္ ။ ႏွင္းဆီပန္းဖက္ေလးမ်ားကုိလည္းစားပြဲခင္းအျဖဴေလးေပၚတြင္အလွဆင္ထားေသးသည္ ။
မွန္ျပတင္းအျပင္ကိုမ်က္ႏွာမူကာရပ္ေနတဲ့ထုိေယာက္်ားကိုေတြ႔လိုက္ရလ်ွင္ ထယ္ေယာင္းႏွလံုးသားေလးသည္ အခ်စ္ကိုမထိေတြ႔ဖူးေသးေသာ ႏုႏုနယ္နယ္ႏွလံုးသားေလးပမာ လႈပ္႐ွားသက္ဝင္လာျပန္သည္ ။ ထုိအမ်ိဳးသားနဲ႔သူ႔ၾကားက အခ်စ္ေတြက အျမဲတမ္းအသစ္အသစ္ေတြခ်ည္းရယ္ပါ ။
လက္ရွည္အက်ႌအျဖဴကိုအေပၚမွ ပခံုးျပတ္ကုတ္အက်ႌအတုိျဖင့္တြဲဝတ္ထားတဲ့ထိုေယာက္်ား ။ နည္းနည္း႐ွည္ေနၿပီျဖစ္ေသာဆံပင္တို႔အားေနာက္ဖက္တြင္ ေသသပ္စြာခ်ည္ထားသည္မွာခန္႔ညားလြန္းလွသည္ ။ ေက်ာျပင္ႏွင့္တင္ တစ္သက္လံုး႐ူးသြပ္ရန္လံုေလာက္ေသာထိုအမ်ိဳးသားကသူ႔ေယာက္်ားပါဆိုတာကိုေတြးမိေတာ့လည္း ေက်နပ္မႈကေျပာပင္မျပတတ္ပါ ။ ထိုလူကတအားေခ်ာသည္ ။ အခုသူတို႔ႏွစ္ေယာက္စလံုးရဲ႕ပံုစံက classic ဆန္ေနသည္ ။ သူကေသခ်ာျပင္ဆင္ထားတာပဲ ။
"ကိုကို"
ေခၚသံကိုၾကားေတာ့ေနာက္ကိုခ်က္ခ်င္းလွည့္ၾကည့္လာသည္။ သူ႔လက္ထဲမွာကိုင္ထားတဲ့ဝိုင္ခြက္ထဲကဝိုင္တုိ႔ကေလ်ာ့ပင္ေလ်ာ့ေနၿပီျဖစ္သည္ ။ သူ႔ကိုျမင္ေတာ့ေခါင္းအစေျခအဆံုး အရင္အကဲခတ္ကာ ျပံဳးသည္ ။
ထယ္ေယာင္းသည္ေဘးလြယ္အိတ္ေလးအားထုိင္ခံုေပၚတင္ခဲ့လိုက္ၿပီး ငွဲ႔ထားၿပီးသားျဖစ္ေသာဝိုင္ခြက္ေလးကိုကိုင္ကာ ေဂ်ာင္ဂုအနားကိုေလ်ွာက္လာခဲ့လိုက္သည္ ။ တစ္လွမ္းခ်င္းေလ်ွာက္လာတဲ့သူ႔အားကေဂ်ာင္ဂုကမ်က္ေတာင္ပင္မခတ္ပါပဲၾကည့္ေန၏ ။ အနားတြင္သြားရပ္လိုက္ေတာ့သူ႔လက္တစ္ဖက္ႏွင့္ခါးကေနဆြဲကေက်ာႏွင့္ရင္ဖက္ထိကပ္ေစသည္။ ထယ္ေယာင္းကေက်ာ သူကရင္ဖက္ ။
ေနာက္ကေနခါးကိုဖက္ထားရင္ နားအေနာက္ဖ်ားေလးကိုနမ္းလိုက္ေတာ့ပန္းရနံ႔သင္းေနတဲ့ကိုယ္သင္းရနံ့ေလး ။ ထယ္ေယာင္းကသေဘာက်စြာျပံဳးေန၏ ။
"ကုိယ္ထင္သားပဲ မင္းနဲ႔လိုက္မယ္မွန္း"
"ကိုယ့္အိမ္မွာကိုယ္တစ္ခုခုလုပ္စားၾကလည္းျဖစ္တာပဲ"
ေဂ်ာင္ဂုကခပ္ဟဟျပံဳးကာ ဝိုင္ခြက္ကိုေမာ့ခ်သည္ ။ ထယ္ေယာင္းလည္းဝိုင္ကိုတစ္ခ်ိဳက္တည္းႏွင့္ေမာ့ခ်လိုက္သည္။ ေဂ်ာင္ဂုကသူ႔ကိုၾကည့္ၿပီး
"ထပ္ယူခ်င္လား"
"ေတာ္ၿပီ"
ပါးေလးကိုတစ္ခ်က္ငံု႔နမ္းလိုက္ေတာ့ျပံဳးသည္ ။ အတိတ္ဘဝကအမူအက်င့္ေလးေတြအတိုင္းေပါ့ ။
"ဆံပင္အ႐ွည္ထားမလို႔လား"
"သေဘာမက်ဘူးလား"
"ဟင့္အင္ သေဘာက်တာထက္ပိုတယ္"
မ်က္ႏွာခ်င္းဆိုင္လွည့္လာၿပီးလည္ပင္းေပၚသို႔လက္ကေလးမ်ားသိုင္းတင္သည္ ။ အလိုက္သင့္ပင္ခါးေလးကိုျပန္ကိုင္ထားလိုက္ၿပီး ႏႈတ္ခမ္းစိုစိုေလးေပၚအနမ္းေႁခြလိုက္သည္။
သူကလည္းတုန္႔ျပန္၏ ။ ကိုင္ထားေသာဖန္ခြက္ေလးမ်ားကို စားပြဲေပၚသို႔ျပန္တင္လိုက္ၿပီးေနာက္ ခါးေလးကိုပိုဆြဲကာ အနမ္းစိုစိုေတြအဆက္မျပတ္ေပးမိေတာ့သည္ ။ လ်ွာဖ်ားခ်င္းဆြဲငင္ကာ ခႏၶာကိုယ္ခ်င္းလည္းပြတ္သပ္ေနမိသည္ေၾကာင့္ ဆာေလာင္လာတဲ့စိတ္အလိုဆႏၵမ်ား ။ VIP roomကိုျပင္ဆင္ခိုင္းထားမိလို႔သာေတာ္ကာက်ေတာ့သည္ ။
ေဂ်ာင္ဂုသည္ ထယ္ေယာင္းကိုယ္ေလးကိုေပြ႔ကာ VIP roomထဲကိုေခၚလာခဲ့သည္ ။ ဖဲေမြ႔ရာထက္သို႔ညင္သာစြာ ခ်လိုက္ေပးလိုက္ၿပီး မ်က္ႏွာအႏွံ႔နမ္း႐ႈိက္က်ီစယ္ျပန္သည္ ။
"အခ်စ္ ကုိယ့္ရဲ႕အခ်စ္ကေလး"
"သခင္"
ထယ္ေယာင္းဆီကမထင္မွတ္ထားတဲ့နာမ္စားေၾကာင့္ ေဂ်ာင္ဂုအံ့အားသင့္သြားၿပီး ထယ္ေယာင္းကိုၾကည့္လိုက္မိသည္။ ထယ္ေယာင္းကအားလံုးသိႏွင့္ၿပီးၿပီဆုိေသာမ်က္လံုးေလးမ်ား ျဖင့္သူ႔ကိုၾကည့္ေန၏ ။ ခုနကအခ်စ္စိတ္ေတြမႊန္ေနပါေသာေဂ်ာင္ဂုသည္ အတိတ္ဘဝကသူ႔အသံုးမက်မႈေတြကိုထယ္ေယာင္းသိသြားၿပီဆိုေသာစိတ္ေၾကာင့္မတင္မက်ျဖစ္သြားရသည္ ။
"အခ်စ္ ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္မင္းကိုမကာကြယ္ခဲ့-"
"အဲ့ဒါကၿပီးခဲ့ၿပီေလကိုကို ကိုကိုကဒီဘဝမွာက်ေနာ့္ကိုအသက္နဲ႔လဲၿပီးကာကြယ္ခဲ့တာပဲ"
ေဂ်ာင္ဂုမ်က္စိေ႐ွ႕ကေယာက္်ားလွေလးကိုအခ်စ္စိတ္ေတြပိုတုိးၿပီးရင္းသာတိုးမိေတာ့သည္ ။ ႏႈတ္ခမ္းေတြအနမ္းေတြျပန္ဆက္ၿပီးေနာက္ ေဂ်ာင္ဂုကထယ္ေယာင္းရဲ႕အက်ႌၾကယ္သီးေလးမ်ားကိုျဖဳတ္ေပးလိုက္သည္ ။
ထယ္ေယာင္းသည္ ေဂ်ာင္ဂုလက္တစ္ဖက္ကိုဆြဲယူကာ အသဲပံုသ႑န္ႏႈတ္ခမ္းေလးျဖင့္ထိကပ္ၿပီး ။
"ဘာကိုမွေတာင္းပန္ဖို႔လည္းမလိုပါဘူး၊ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ ဘာေတြပဲျဖစ္ေနျဖစ္ေန က်ေနာ္ကကုိကို႔ကိုပဲခ်စ္တာျဖစ္သလို ကိုကိုခ်စ္တာလည္းက်ေနာ္ပဲဆိုတာယံုတယ္ ။ အတိတ္ဘဝကေရာ အခုဘဝမွာေရာ က်ေနာ္ကကိုကိုတစ္ေယာက္တည္းရဲ႕
အပိုင္ပါ အဲ့ဒါေၾကာင့္က်ေနာ့္ရဲ႕သခင္ဂ်က္(ထ္)အျဖစ္နဲ႔ေရာက်ေနာ့္ရဲ႕ခင္ပြန္းေဂ်ာင္ဂုအျဖစ္နဲ႔ပါအနားမွာအျမဲတမ္း႐ွိေနေပးပါ ဘယ္ေတာ့မွထားမသြားဘဲနဲ႔ အနားမွာတစ္သက္လံုး"
အခ်စ္ရည္ေတြရႊမ္းေနေသာမ်က္လံုးဝိုင္းေလးမ်ားျဖင့္ၾကည့္ကာ ေတာင္းဆုိေနေသာထယ္ေယာင္းကို ေဂ်ာင္ဂုခ်စ္လြန္းလို႔႐ူးရပါေတာ့မည္ ။ ႏႈတ္ခမ္းမထူမပါးေလးအနားကိုငံု႔ခ် လိုက္ၿပီး နမ္း႐ႈိက္လိုက္ေတာ့လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက သူ႔လည္ပင္းကိုခပ္ဖြဖြကိုင္တြယ္သည္ ။
ခႏၶာကိုယ္ခ်င္းပူးကပ္ရင္း ေမြ႔ရာထက္ေနရာယူထားၾကသည္။အဝတ္ေတြအားလံုးဖယ္႐ွားၿပီးေနာက္ေဂ်ာင္ဂု၏လက္ေတြဟာထယ္ေယာင္းခါးေလးေပၚတြင္အေျခခ်ထားသည္ ။ အနမ္းေတြကုိပိုတုိးရင္းႏႈတ္ခမ္းေတြေပါင္းစပ္မတတ္နမ္း႐ႈိက္ေနၾကသည္ ။ ထယ္ေယာင္း၏လည္တိုင္ႏွင့္ရင္ဖက္တြင္အမွတ္အသားေလးမ်ားဖန္တီးျပန္တဲ့ေဂ်ာင္ဂု ။ ညည္းသံသဲ့သဲ့ေလးနားထဲဝင္လာတုိင္း သူပို၍ပင္႐ူးသြပ္ခ်င္မိသည္ ။
"ကိုယ့္အခ်စ္"
"အ့ ေဂ်ာင္ဂု"
ႏႈတ္ခမ္းေလးကိုငံု႔နမ္းကာအာ႐ုံေျပာင္း၍ တုိးဝင္ပစ္လိုက္လ်ွင္ေက်ာ့တက္သြားေသာေက်ာျပင္ငယ္ ။ ေခြၽးေတြနင့္ေနတဲ့ ခႏၶာကိုယ္ႏွစ္ခု ။ခ်စ္ေၾကာင္းေတြတတြတ္တြတ္ေျပာေနၾကရင္း တသိမ့္သိမ့္လႈပ္႐ွားေနၾကသည္ ။
ႏွင္းဆီးပန္းရနံ႔ေတြနဲ႔ေရာေနတဲ့ကိုယ္သင္းရနံ႔ေလး ။ အသက္႐ွဴသံေတြျမန္ေနတဲ့ထိုလူသားအား ပို၍နင့္နင့္နဲနဲပင္ခ်စ္ေနမိ သည္ ။ အခန္းထဲမွာပ်ံ့ႏွံ႔ေနတဲ့အခ်စ္ေလထု ။
တစ္ႏွစ္မွသည္ ထာဝရအထိအတူတူ႐ွိသြားၾကမည္ ။
//I'm'Yours//
THE END
finally 'I'm Yours'ေလးတကယ္အၿပီးသတ္သြားပါၿပီ အစကextraအျဖစ္ေရးဖို႔လုပ္ထားတာေပမယ့္ final 2အျဖစ္နဲ႔သာတင္လိုက္ပါတယ္ ။SEအျဖစ္လည္းဘယ္လိုမွမထားရက္ခဲ့ႏိုင္ပါဘူးေနာ္ အဲ့ဒါေၾကာင့္ HEေလးအျဖစ္ပဲအဆံုးသတ္လိုက္ပါတယ္ ဖတ္ေပးၾကတဲ့သူတစ္ေယာက္ခ်င္းစီကိုအထူးေက်းဇူးတင္ပါတယ္ ။ 'Replacing'ကိုလည္းဖတ္ေပးၾကပါဦးေနာ္
-eriloyrajk
[Unicode]
အိပ်မက်တွေ၊ မရေမတွက်နိုင်အောင်များပြားတဲ့အိပ်မက်ဆိုးတွေ ။ တစ်ခုတည်းသောအလင်းရောင်ကိုတမ်းတမိသည် ။
ဒဏ်ရာတွေနဲ့ပြည့်နက်နေတဲ့သူ့မျက်နှာ ။ ကျနော့်ကိုစိတ်ချသယောင်ပြုံးပြနေသည် ။ ကျယ်လောင်တဲ့သေနတ်သံနှစ်ချက်နှင့်အတူလဲကျသွားတဲ့သူ့ခန္ဓာကိုယ် ။ ငိုနေပေမယ့်အသံတွေပင်မထွက်တော့ချေ ။ ပွေ့ဖက်ချင်သည် နမ်းရှိုက်ချင်သည် ။
ကိုကို..၊ ကိုကို
အော်ဟစ်ငိုကြွေးနေပေမယ့်အသံတွေထွက်မလာ ။ အသက်ရှူတွေပါကြပ်လာသည် ။
"ဟ့"
ပွင့်သွားတဲ့မျက်လုံးအစုံနှင့်အတူ ရင်ဖက်အစုံကမြင့်ချည်နိမ့်ချည်လှုပ်ရှားနေသည့်သူ ။ မြင်နေရသည်မျက်နှာကျက်အဖြူဖြစ်ပြီး စက်ကိရိယာတွေရဲ့ တ 'တီ တီ'မြည်သံတွေကိုလည်းကြားနေရသည် ။ မျက်စိရှေ့ကခံနေတဲ့အရာကိုသတိထားမိတော့သူ့ကိုအောက်ဆီဂျင်ပေးထားကြတာဆိုတာသိလိုက်သည် ။ သူဆေးရုံမှာပဲ ။ သူမသေသေးဘူး ။
"လူနာသတိရလာပါပြီ
အခန်းနံပါတ် 056ကလူနာသတိရနေပါပြီ"
အခန်းထဲကိုဝင်လာတဲ့သူနာပြုကသူသတိရနေပြီဆိုတာကိုမြင်တာစကားပြောကိရိယာလေးဖြင့်ဆရာဝန်တွေကိုအကြောင်းကြားနေပုံရသည် ။ အားလုံးကြားနေရပေမယ့် အမြင်တွေကတော့ဝေဝါးနေဆဲ ။ တစ်ကိုယ်လုံးထုံကျင်ကိုက်ခဲပြီးအားအင်တွေလည်းပြတ်လပ်နေသည် ။ ခေါင်းတွေခြာခြာလည်နေပြီးဘာကိုမှသေချာမစဉ်းစားနိုင်သေး ။
ခြေသံအချို့နှင့်အတူ ဆရာဝန်နှင့်သူနာပြုတွေအခန်းထဲဝင်လာတာလည်းသိသည် ။ သူ့မျက်လုံးတွေဓာတ်မီးအသေးလေးနှင့်ထိုးကြည့်ပြီး သွေးခုန်နှုန်းတွေလည်းစစ်ဆေးနေကြသည်။
ထပ်ပြီးပုံမှန်မဟုတ်တဲ့ ခြေသံတစ်ခုဝင်လာတာကိုကြားမိသည် ။ မြင်ကွင်းထဲကိုဝင်လာတော့ထိုလူကိုကြည့်လိုက်သည် ။ ထိုလူက'ကိုး' ဖြစ်သည် ။ ဟုတ်သည်အဲ့ဒီနေ့က'ကိုး'ခြေထောက်ကိုပဲသေနတ်မှန်ခဲ့တာဖြစ်သည် ။ ဒါကြောင့်'ကိုး'ရဲ့ခြေသံကပုံမှန်နှင့်မတူတာဖြစ်မည် ။
ဒါဆို ဒါဆို သူရော?
မျက်လုံးထဲမှာပြန်ပေါ်လာသည့် သွေးအလိမ့်လိမ့်ဖြင့် ကြမ်းပြင်ပေါ်တွင်လဲကျနေသောသူ့ရဲ့ခန္ဓာကိုယ် ။ သူကရင်ဖက်ကိုသေ နတ်နှစ်ချက်တောင်မှန်ခဲ့တာ ။
နဂိုတည်းအားမရှိသောခန္ဓာကိုယ်သည်အားအင်တွေပိုပြီးဆုတ်ယုတ်သွားသည် ။ မျက်ရည်တွေစီးကျလာသည်မှာအမြင်တွေ ပိုမိုဝေဝါးကုန်တော့သည်၊ သူမရှိတော့ဘူးဆိုတဲ့အသိကြီး ကြောင့်ရင်ဖက်တစ်ခုလည်းနာကျင်လာသည် ။
"လူနာသွေးခုန်နှုန်းကျလာပြီ"
"ထယ်ယောင်း သတိထား"
ဆူညံသွားတဲ့အခန်းအတွင်းရုတ်ရုတ်သဲသဲအခြေအနေ ။ အားလုံးကသူသေသွားမှာကိုကြောက်နေကြပြီး သူကတော့သူသေမသွားမှာကိုကြောက်နေမိသည် ။ ဂျောင်ဂုမရှိဘဲသူဘယ်လိုဆက်နေရပါ့မလဲ ။ ဘယ်လိုသတ္တိတွေနဲ့ ဘယ်လိုစွမ်းအားတွေနဲ့ ဘယ်လိုဆက်ပြီးရပ်တည်ရမှာလဲ ။
မျက်လုံးတွေမှိတ်ကျတော့မည့်စဲစဲမသဲမကွဲကြားလိုက်ရတဲ့'ကိုး'ရဲ့စကားသံ ။
"မင်းသေသွားရင် ဂျွန်ဂျောင်ဂုနဲ့တွေ့ရတော့မှာမဟုတ်ဘူး"
မြန်ဆန်လာတဲ့နှလုံးခုန်နှုန်း ။ သူ..သူရှိနေသေးတာလား?
ထပ်ပြီးမှိတ်ကျသွားတဲ့မျက်လုံးတွေ ။
//I'm Your//
ပုံမှန်အသက်ရှူနှုန်းဖြင့်နိုးထလာသည် ။ ခုနကအခန်းထဲမှာပဲရှိနေတာ ။ နားထဲကိုပြန်ကြားလာတဲ့စကားတစ်ခွန်း
'မင်းသေသွားရင် ဂျွန်ဂျောင်ဂုနဲ့တွေ့ရတော့မှာမဟုတ်ဘူး'
"ဂျောင်ဂု~"
နှုတ်ခမ်းလှုပ်ရုံမျှရေရွတ်လိုက်သည် ။ ထိုအချိန်'ကိုး'အသံကနားထဲဝင်လာသည် ။
"ထယ်ယောင်း သတိရလာပြီ စိတ်ကိုအေးအေးထား
ထယ်ယောင်း ငါဆရာဝန်သွားခေါ်လိုက်မယ်"
အပြေးအလွှားထွက်သွားပြန်သည် ။ သူ့မှာခြေထောက်
မကောင်းတဲ့အထဲကကျနော့်အတွက်ဒုက္ခခံနေရသည် ။
သူတောင်လမ်းပြန်လျှောက်နေပြီဆိုတော့ ကျနော်မေ့နေတာဘယ်လောက်ကြာပြီလဲ ။
ဆရာဝန်တွေရောက်လာပြီးထုံးစံအတိုင်းစစ်ဆေးကြပြန်သည်။ ကောင်းမွန်သည့်အခြေအနေဟုကောက်ချက်ချကြသည် ။ အဲ့ဒိနောက်ပြန်ထွက်သွားကြပြီး 'ကိုး' ကကျန်ခဲ့သည် ။
"ထယ်ယောင်း ဘယ်လိုနေလဲ တအားနာတဲ့နေရာမျိုးရှိရင်ပြောသိလား တစ်ခုခုဆိုငါ့ကိုပြော"
"ဂျောင်..ဂု"
သူ့နာမည်ကိုခေါ်မိရုံနဲ့တင်ဝဲအိုင်လာတဲ့မျက်ရည်အချို့။
'ကိုး'သူ့အားပြုံးပြပြီး
"ဂျောင်ဂုလား သူအသက်ရှင်နေပါတယ်"
ဝဲအိုင်နေသောမျက်ရည်များသည်မျက်ဝိုင်းအိမ်မှစီးကျလာတော့သည် ။ တော်သေးတာပေါ့ တကယ်တော်သေးတယ်။
"သူသတိရနေပြီ မနေ့ကမှသတိရတာ
အန်တီဆောလီကတော့အဲ့ဒီ့နေ့ကပဲဆုံးသွားတယ်"
ဝမ်းသာစရာသတင်းနှင့်ဝမ်းနည်းစရာသတင်းနှစ်ခုလုံးဒွန်တွဲနေသည် ။ သူလည်းသတိရပြီးပြီဆိုတော့ သိပြီးပြီထင်ပါရဲ့။ သူဘယ်လောက်တောင်ဝမ်းနည်းနေရှာမလဲ ။
"အဲ့ဒိနေ့ကရဲတွေနဲ့ငါရောက်လာတော့ ဦးလေးအီက မင်းကိုသေနတ်နဲ့ပစ်ဖို့လုပ်နေတာ ရဲမှူးကဦးလေးအီရဲ့လက်မောင်းကိုသေနတ်နဲ့ပစ်လိုက်တော့သူမင်းကိုမပစ်လိုက်ရဘဲသေနတ်ပြုတ်ကျသွားပေမယ့် မင်းကသတိလစ်သွားပြီ ၊ ပြီးတော့ဂျောင်ဂုလည်းသေနတ်ဒဏ်ရာရထားခဲ့တာ ၊ ငါတို့အချိန်နည်းနည်းလေးသာသူ့ကိုဆေးရုံတင်တာနောက်ကျခဲ့ရင် သူအသက်မရှင်နိုင်ဘူး ။ ကံကောင်းလို့ကျည်ဆံကသူ့နှလုံးနဲ့နည်းနည်းလေးလွဲသွားခဲ့လို့ ။ မင်းလည်းဒဏ်ရာတွေတော်တော်များများရထားခဲ့တာ ။ သွေးထွက်အများကြီးလွန်ခဲ့တာ ။ မင်းကိုဟွာဂျွန်းကသွေးလှူခဲ့တာ ထယ်ယောင်း ။ သူကမင်းနဲ့သွေးအမျိုးအစားတူတယ်"
ထိုစကားကြောင့်ထယ်ယောင်းအံ့သြသွားမိတာတော့အမှန်ပင်။ဟွာဂျွန်းကသူ့ကိုသွေးလှူခဲ့တယ်?ဟွာဂျွန်းကိုသူအများကြီး မုန်းနေခဲ့တာ ပြီးတော့အခုကိစ္စမှာသူကသူ့အဖေနဲ့တစ်စိတ်တည်းတစ်ဉာဏ်တည်းမဟုတ်ဘူးလား ။
"ဦးလေးအီကိုရော သူ့တပည့်တွေကိုရောအကုန်ဖမ်းမိတယ်
မင်းအခုစိတ်ချလက်ချနေလို့ရပြီ ထယ်ယောင်း"
"ဟွာဂျွန်းက ငါ့ကို..?"
"အင်း ဟုတ်တယ် မင်းသူ့ကိုသဘောမကျမှန်းသိပေမယ့် အဲ့ဒိအချိန်တုန်းကမင်းနဲ့သွေးတူတာသူပဲရှိတယ် ပြီးတော့သူကိုယ်တိုင်ကလည်းလှူချင်ခဲ့တာ အဲ့ဒါကြောင့်"
ထယ်ယောင်းသက်ပြင်းလေးသာချမိသည် ။ ဒီပြဿနာမှာဟွာဂျွန်းပါနေခဲ့တာမဟုတ်ဘူးဆိုတာလည်းသူသဘောပေါက်လိုက်သည် ။ လောလောဆယ် သူဂျောင်ဂုတွေ့ချင်လာပြီ ။
"ငါ သူ့ဆီသွားချင်တယ်"
"ဒါပေမယ့် မင်းကအခုမှနိုးတာ.."
"ငါ သက်သာ ပါ တယ်"
'ကိုး'ကသူ့ကိုကြည့်ပြီးခေါင်းသာသွင်သွင်ခါသည် ။
//I'm Yours//
'ကိုး'တွဲကာသူ့အခန်းရှိရာကိုထွက်လာခဲ့သည် ။ တွေ့ချင်လွန်းလို့ရူးမတတ်ပဲ ။ အခန်းတံခါးကိုဖွင့်ပြီးဝင်လာလိုက်သည်နှင့် ကုတင်ပေါ်မှာလှဲနေတဲ့သူ့ကိုတွေ့လိုက်သည် ။ ရင်ထဲမှာဖြစ်သွားခဲ့ခံစားချက်ကပြောမပြတတ် ။
အအိပ်ဆတ်သူဂျောင်ဂုသည် တံခါးဖွင့်သံကြောင့် မျက်လုံးဖြေးဖြေးဖွင့်လာသည် ။ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသူမို့အပြင်းအထန်မလှုပ်ရှားနိုင်ပါ ။ တံခါးဖက်ကိုမျက်လုံးနှင့်သာလှမ်းကြည့်လိုက်သည် ။ တွေ့လိုက်ရတဲ့သူကြောင့် ရင်ထဲလှိုက်ခနဲတက်လာတဲ့ ခံစားချက် ။
'ကိုး'ကိုတွဲလျက်အခန်းထဲကိုဝင်လာတဲ့ထယ်ယောင်း ။ ဆေးရုံဝတ်စုံလေးနှင့်ထယ်ယောင်းသည်ဖြူဖျော့ကာ အလွန်မှအားနည်းနေရှာမည် ။ သို့သော် သူ့ကိုလည်းတွေ့ရော တွဲထားသည့်သူငယ်ချင်းဖြစ်သူအားလွှတ်လိုက်ပြီး အတင်းပြေးလာသည် ။
"ထယ်ယောင်း မပြေးနဲ့လေ"
အားနည်းနေတဲ့ကျနော့်ရဲ့ခန္ဓာကိုယ်ကချစ်ရသူကိုတွေ့တော့ ကိုယ့်ကိုကိုယ်တောင်သတိမထားမိဘဲ ထထိုင်မိသည် အထိ ။
ရင်ခွင်ထဲကိုပြေးဝင်လာသော ချစ်လူသားလေး ။ ဒဏ်ရာကနာပေမယ့် မတွန်းဖယ်မိပါ ။ ကိုယ်ကိုယ်တိုင်ကလည်းထိုလူသားလေးကိုပိုတိုး၍သာဖက်တွယ်မိသည် ။
"ကိုကို"
"အချစ် ထယ်ယောင်း"
ထယ်ယောင်းသည်ဂျောင်ဂုအသံကိုကြားမှပဲ ရှိုက်ကြီးတငင်ငိုရှာပါတော့သည် ။ ဂျောင်ဂုလည်းအသက်ထက်ချစ်ရသော သူ့အချစ်ကလေးအား အလွမ်းတွေအတိုးချကာ ပွေ့ဖက်ရင်း ပါးလေးတွေ နဖူးလေးတွေကို နမ်းရှိုက်လေသည် ။ ချစ်သူနှစ်ယောက်ကိုမနှောက်ယှက်ချင်တော့ဘဲ အခန်းအပြင်ထွက်ကာတံခါးလေးပြန်ပိတ်ပေးသွားတဲ့'ကိုး' ။
"မရှိတော့ ဘူး ထင်နေ ခဲ့တာ ဟင့် ဟင့်"
"အ့ ကျွတ် ကျွတ် ကျွတ်!"
"ဟင် နာလို့လား ဟုတ်သားပဲ ဒဏ်ရာကိုမေ့နေတာ"
ဒဏ်ရာကိုမေ့နေတာဆိုကာ ရင်ဖက်လက်သွယ်သွယ်လေးများဖြင့်ခပ်ဖွဖွထိတွေ့နေသည် ။ ဂျောင်ဂုအသည်းယားစွာဖြင့်မျက်ရည်တွေစိုနေတဲ့ပါးလေးကိုငုံ့နမ်းလိုက်လျှင် မျက်လုံးဝိုင်းလေးများဖြင့်မော့ကြည့်ကာ
"တကယ် ထားသွားပြီ ထင်နေခဲ့တာ အီးဟီး"
ထပ်ပြီးငိုနေပြန်သည် ။ ဂျောင်ဂုသူ့အချစ်ကလေးအားရင်ခွင်ထဲသို့မျက်နှာအပ်စေကာ ငိုစေသည် ။
ထားမသွားပါဘူး အချစ်ရယ် ၊ ကိုယ်ကမင်းကိုဘယ်တော့မှထားမသွားဘူး ။ အခုကစပြီးလည်းမင်းအနားကနေအမြဲတမ်းမင်းကိုကာကွယ်ပေးမယ် ။
"တောင်းပန်ပါတယ် ဟင့် မေမေ့ကိုမကာကွယ်နိုင်ခဲ့ဘူး"
"မင်းအပြစ်မဟုတ်ပါဘူး အချစ်ရယ်"
"ကျနော်သာအိမ်ကိုစောစောပြန်ရောက်ခဲ့ရင်-"
ထိကပ်သွားတဲ့နှုတ်ခမ်းတို့နှင့်အတူ မျက်ရည်တွေကြားက အနမ်းများ ။ ဂျောင်ဂုသည်လွမ်းမောနေခဲ့ရသောနှုတ်ခမ်းအိအိလေးများအားခံတွင်းထဲပျော်ဝင်မတတ်နမ်းရှိုက်ပစ်မိသည် ။
အမေဆုံးသွားတယ်ဆိုတာကို သတိရပြီးမကြာခင်လေးပင်သိရှိခဲ့ရသည် ။ မယုံကြည်စွာအကြိမ်ကြိမ်ငိုပစ်မိပါသေးသည်။ အခုထယ်ယောင်းရှေ့မှာတော့တတ်နိုင်သလောက်ထိန်း ထားသည် ။ ထယ်ယောင်းကသူ့အပြစ်ဆိုပြီး စိတ်မကောင်းဖြစ်နေတာကိုမြင်ရတော့ သူကပိုပြီးစိတ်မကောင်းဖြစ်ရသည်။
နှုတ်ခမ်းလေးကိုပြန်ခွာပေးလိုက်တော့ရင်ခွင်ထဲတိုးဝင်ပြန်တဲ့ထယ်ယောင်း ။ သူ့ပုံစံလးကမသိရင် ဂျောင်ဂုကိုလွတ်ထွက်သွားမယ့် အရာဝတ္ထုတစ်ခုပမာ ဖမ်းဆုပ်ထားသလိုပင် ။
ဆေးရုံဝတ်စုံနှင့်ကောင်လေးနှစ်ယောက်သည် သူတို့ခန္ဓာကိုယ်ကဒဏ်ရာတွေပင် ဂရုမပြုနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာပွေ့ဖက်ထားကြသည် ။
//I'm Yours//
သုံးလခန့်ကြာပြီးနောက်
ထယ်ယောင်းသည်ဝယ်စရာရှိတာလေးတွေဝယ်ပြီးအပြင်ကနေပြန်လာတာဖြစ်သည် ။ ညနေစောင်းနေပြီမို့ ဂျောင်ဂုလည်းပြန်ရောက်နေလောက်ရောပေါ့ ။ သို့သော်အိမ်ထဲကိုဝင်လာတော့ ဘယ်သူမှရှိမနေချေ ။ ဒီနေ့နောက်ကျတာများလား ။
ဝယ်လာသောပစ္စည်းတွေကိုမီးဖိုချောင်ထဲတွင်သေချာသိမ်းဆည်းပြီး အခန်းဆီထွက်လာခဲ့သည် ။ အခန်းထဲကိုဝင်လာလိုက်တော့ ကုတင်အစပ်မှာတင်ထားတဲ့ပါဆယ်အိတ်လေးနှင့်တစ်ခုနှင့်စာလေးတစ်စောင် ။
ထယ်ယောင်း ပြုံးလိုက်ပြီးကုတင်နားကို လျှောက်လာလိုက်သည် ။ စာရွက်လေးကိုယူပြီးဖတ်လိုက်တော့ လက်ရေးလှလှလေးများနေရာယူထားသည် ။ စားသောက်ဆိုင်တစ်ခုကို လာခဲ့ရန်ချိန်းဆိုထားခြင်းဖြစ်သည် ။ ပြီးတော့သူစီစဉ်ပေး ထားတဲ့ဝတ်စုံလေးကိုဝတ်လာဖို့ကိုလည်းမှာထားပြန်သေး၏ ။
ထယ်ယောင်းသည်စာကိုဖတ်ပြီးနောက်သဘောတကျပြုံးမိရင်း အိတ်ထဲကအဝတ်လေးများကိုထုတ်ကြည့်လိုက်သည် ။ အဖြူရောင်အကျႌလက်ရှည်လေးနှင့်အညိုရောင် စတိုင်လ်ဘောင်းဘီလေးဖြစ်သည် ။ ဒီလူကသူနဲ့လိုက်ဖက်မဲ့အရာဟူသမျှကိုလည်းတွေးတောတတ်သေးတာလေ ။
တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးနောက် သူပြင်ပေးထားတဲ့ အဝတ်လေးများသေသေသပ်သပ်ဝတ်ဆင်လိုက်သည် ။ အကျႌလေးကအဖြူချည်းပဲမဟုတ်ဘဲ ရွှေအိုရောင်အဆင်းလေးများ လည်းပါရှိသေး၏ ။ ထိုအကျႌလေးကိုဘောင်းဘီထဲထည့်ဝတ်လိုက်တော့ ခါးသိမ်သိမ်လေးရဲ့အလှကအလွန်မှတင့်တယ်လွန်း၏ ။ ဆံပင်လေးတွေကိုသေချာဖြီးပြီးသည့်နောက် ဘေးလွယ်အိတ်ကလေးကိုလွယ်ကာ သူပြောထားသောနေရာသို့ taxi နှင့်ထွက်လာခဲ့သည် ။ သူဘယ်မေ့မလဲ ။ ဒီနေ့ကသူတို့နှစ်ယောက်မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်လေးဖြစ်သည် ။ ပဋိပက္ခပေါင်းများစွာနဲ့လက်ထပ်ခဲ့တဲ့ဒီလူကို အချစ်စစ်နဲ့ချစ်နေခဲ့မိမှန်းသူကိုယ်တိုင်လည်းမသိခဲ့သလို ထိုလူကလည်းမသိခဲ့ပါလေ ။ အခုတော့ အချစ်တွေတိုးလို့ အိမ်ထောင်သက်တမ်းလေးလည်းကြာရှည်လာခဲ့ပြီဖြစ်သည် ။
နှစ်ထပ်စားသောက်ဆိုင်လေးဖြစ်သည် ။ ဝင်သွားလိုက်ပေမယ့် ကောင်တာကဝန်ထမ်းမိန်းကလေးကလွဲဘယ်သူ့ကိုမှမတွေ့ချေ ။
"ညီမ ၊ ဂျွန်ဂျောင်ဂုဆိုတဲ့အမျိုးသား-"
"အပေါ်ထပ်ကိုတက်သွားလိုက်ပါနော်"
ဘာလဲ မဟုတ်မှ တစ်ဆိုင်လုံးငှါးထားတာများလား ။ ထယ်ယောင်းသည်အကဲပိုလွန်းသောသူ့ချစ်သူကြောင့်ရှက်ရွံ့စွာမျက်နှာလေးပင်ရဲတက်လာမိသည် ။ ထို့နောက်ပုံမှန်ခြေလှမ်းလေးနှင့်အပေါ်ထပ်သို့တက်လာလိုက်၏ ။
အပေါ်ထပ်ကအောက်ထပ်ကဲ့သို့လျှပ်စစ်မီးရောင်မဟုတ်ဘဲ
ဖယောင်းတိုင်မီးရောင်လေးများနှင့်သာအလှဆင်ထားသည် ။ မြင်နေရတဲ့ပန်းအိုးတစ်အိုးချင်းစီက နှင်းဆီပန်းကလေးများ။ ထယ်ယောင်းရဲ့စိတ်ကလေးကိုတစ်မျိုးတစ်မည်ခံစားရစေ သည် ။ ပြုံးမိရုံမှသာမတတ်သာ ။
နည်းနည်းလောက်ဆက်လျှောက်လာလိုက်တော့ ဖယောင်း တိုင်မီးလေးနှင့်ပင် သေသပ်စွာနေရာယူနေတဲ့စားပွဲတစ်လုံး။ ဝိုင်ပုလင်းလေးတစ်လုံးနှင့်ဝိုင်ငှဲ့ ထားပြီးသားဖန်ခွက်လေးတစ်ခွက် ။ နှင်းဆီပန်းဖက်လေးများကိုလည်းစားပွဲခင်းအဖြူလေးပေါ်တွင်အလှဆင်ထားသေးသည် ။
မှန်ပြတင်းအပြင်ကိုမျက်နှာမူကာရပ်နေတဲ့ထိုယောက်ျားကိုတွေ့လိုက်ရလျှင် ထယ်ယောင်းနှလုံးသားလေးသည် အချစ်ကိုမထိတွေ့ဖူးသေးသော နုနုနယ်နယ်နှလုံးသားလေးပမာ လှုပ်ရှားသက်ဝင်လာပြန်သည် ။ ထိုအမျိုးသားနဲ့သူ့ကြားက အချစ်တွေက အမြဲတမ်းအသစ်အသစ်တွေချည်းရယ်ပါ ။
လက်ရှည်အကျႌအဖြူကိုအပေါ်မှ ပခုံးပြတ်ကုတ်အကျႌအတိုဖြင့်တွဲဝတ်ထားတဲ့ထိုယောက်ျား ။ နည်းနည်းရှည်နေပြီဖြစ်သောဆံပင်တို့အားနောက်ဖက်တွင် သေသပ်စွာချည်ထားသည်မှာခန့်ညားလွန်းလှသည် ။ ကျောပြင်နှင့်တင် တစ်သက်လုံးရူးသွပ်ရန်လုံလောက်သောထိုအမျိုးသားကသူ့ယောက်ျားပါဆိုတာကိုတွေးမိတော့လည်း ကျေနပ်မှုကပြောပင်မပြတတ်ပါ ။ ထိုလူကတအားချောသည် ။ အခုသူတို့နှစ်ယောက်စလုံးရဲ့ပုံစံက classic ဆန်နေသည် ။ သူကသေချာပြင်ဆင်ထားတာပဲ ။
"ကိုကို"
ခေါ်သံကိုကြားတော့နောက်ကိုချက်ချင်းလှည့်ကြည့်လာသည်။ သူ့လက်ထဲမှာကိုင်ထားတဲ့ဝိုင်ခွက်ထဲကဝိုင်တို့ကလျော့ပင်လျော့နေပြီဖြစ်သည် ။ သူ့ကိုမြင်တော့ခေါင်းအစခြေအဆုံး အရင်အကဲခတ်ကာ ပြုံးသည် ။
ထယ်ယောင်းသည်ဘေးလွယ်အိတ်လေးအားထိုင်ခုံပေါ်တင်ခဲ့လိုက်ပြီး ငှဲ့ထားပြီးသားဖြစ်သောဝိုင်ခွက်လေးကိုကိုင်ကာ ဂျောင်ဂုအနားကိုလျှောက်လာခဲ့လိုက်သည် ။ တစ်လှမ်းချင်းလျှောက်လာတဲ့သူ့အားကဂျောင်ဂုကမျက်တောင်ပင်မခတ်ပါပဲကြည့်နေ၏ ။ အနားတွင်သွားရပ်လိုက်တော့သူ့လက်တစ်ဖက်နှင့်ခါးကနေဆွဲကကျောနှင့်ရင်ဖက်ထိကပ်စေသည်။ ထယ်ယောင်းကကျော သူကရင်ဖက် ။
နောက်ကနေခါးကိုဖက်ထားရင် နားအနောက်ဖျားလေးကိုနမ်းလိုက်တော့ပန်းရနံ့သင်းနေတဲ့ကိုယ်သင်းရနံ့လေး ။ ထယ်ယောင်းကသဘောကျစွာပြုံးနေ၏ ။
"ကိုယ်ထင်သားပဲ မင်းနဲ့လိုက်မယ်မှန်း"
"ကိုယ့်အိမ်မှာကိုယ်တစ်ခုခုလုပ်စားကြလည်းဖြစ်တာပဲ"
ဂျောင်ဂုကခပ်ဟဟပြုံးကာ ဝိုင်ခွက်ကိုမော့ချသည် ။ ထယ်ယောင်းလည်းဝိုင်ကိုတစ်ချိုက်တည်းနှင့်မော့ချလိုက်သည်။ ဂျောင်ဂုကသူ့ကိုကြည့်ပြီး
"ထပ်ယူချင်လား"
"တော်ပြီ"
ပါးလေးကိုတစ်ချက်ငုံ့နမ်းလိုက်တော့ပြုံးသည် ။ အတိတ်ဘဝကအမူအကျင့်လေးတွေအတိုင်းပေါ့ ။
"ဆံပင်အရှည်ထားမလို့လား"
"သဘောမကျဘူးလား"
"ဟင့်အင် သဘောကျတာထက်ပိုတယ်"
မျက်နှာချင်းဆိုင်လှည့်လာပြီးလည်ပင်းပေါ်သို့လက်ကလေးများသိုင်းတင်သည် ။ အလိုက်သင့်ပင်ခါးလေးကိုပြန်ကိုင်ထားလိုက်ပြီး နှုတ်ခမ်းစိုစိုလေးပေါ်အနမ်းခြွေလိုက်သည်။
သူကလည်းတုန့်ပြန်၏ ။ ကိုင်ထားသောဖန်ခွက်လေးများကို စားပွဲပေါ်သို့ပြန်တင်လိုက်ပြီးနောက် ခါးလေးကိုပိုဆွဲကာ အနမ်းစိုစိုတွေအဆက်မပြတ်ပေးမိတော့သည် ။ လျှာဖျားချင်းဆွဲငင်ကာ ခန္ဓာကိုယ်ချင်းလည်းပွတ်သပ်နေမိသည်ကြောင့် ဆာလောင်လာတဲ့စိတ်အလိုဆန္ဒများ ။ VIP roomကိုပြင်ဆင်ခိုင်းထားမိလို့သာတော်ကာကျတော့သည် ။
ဂျောင်ဂုသည် ထယ်ယောင်းကိုယ်လေးကိုပွေ့ကာ VIP roomထဲကိုခေါ်လာခဲ့သည် ။ ဖဲမွေ့ရာထက်သို့ညင်သာစွာ ချလိုက်ပေးလိုက်ပြီး မျက်နှာအနှံ့နမ်းရှိုက်ကျီစယ်ပြန်သည် ။
"အချစ် ကိုယ့်ရဲ့အချစ်ကလေး"
"သခင်"
ထယ်ယောင်းဆီကမထင်မှတ်ထားတဲ့နာမ်စားကြောင့် ဂျောင်ဂုအံ့အားသင့်သွားပြီး ထယ်ယောင်းကိုကြည့်လိုက်မိသည်။ ထယ်ယောင်းကအားလုံးသိနှင့်ပြီးပြီဆိုသောမျက်လုံးလေးများ ဖြင့်သူ့ကိုကြည့်နေ၏ ။ ခုနကအချစ်စိတ်တွေမွှန်နေပါသောဂျောင်ဂုသည် အတိတ်ဘဝကသူ့အသုံးမကျမှုတွေကိုထယ်ယောင်းသိသွားပြီဆိုသောစိတ်ကြောင့်မတင်မကျဖြစ်သွားရသည် ။
"အချစ် ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကိုမကာကွယ်ခဲ့-"
"အဲ့ဒါကပြီးခဲ့ပြီလေကိုကို ကိုကိုကဒီဘဝမှာကျနော့်ကိုအသက်နဲ့လဲပြီးကာကွယ်ခဲ့တာပဲ"
ဂျောင်ဂုမျက်စိရှေ့ကယောက်ျားလှလေးကိုအချစ်စိတ်တွေပိုတိုးပြီးရင်းသာတိုးမိတော့သည် ။ နှုတ်ခမ်းတွေအနမ်းတွေပြန်ဆက်ပြီးနောက် ဂျောင်ဂုကထယ်ယောင်းရဲ့အကျႌကြယ်သီးလေးများကိုဖြုတ်ပေးလိုက်သည် ။
ထယ်ယောင်းသည် ဂျောင်ဂုလက်တစ်ဖက်ကိုဆွဲယူကာ အသဲပုံသဏ္ဍန်နှုတ်ခမ်းလေးဖြင့်ထိကပ်ပြီး ။
"ဘာကိုမှတောင်းပန်ဖို့လည်းမလိုပါဘူး၊ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘာတွေပဲဖြစ်နေဖြစ်နေ ကျနော်ကကိုကို့ကိုပဲချစ်တာဖြစ်သလို ကိုကိုချစ်တာလည်းကျနော်ပဲဆိုတာယုံတယ် ။ အတိတ်ဘဝကရော အခုဘဝမှာရော ကျနော်ကကိုကိုတစ်ယောက်တည်းရဲ့
အပိုင်ပါ အဲ့ဒါကြောင့်ကျနော့်ရဲ့သခင်ဂျက်(ထ်)အဖြစ်နဲ့ရောကျနော့်ရဲ့ခင်ပွန်းဂျောင်ဂုအဖြစ်နဲ့ပါအနားမှာအမြဲတမ်းရှိနေပေးပါ ဘယ်တော့မှထားမသွားဘဲနဲ့ အနားမှာတစ်သက်လုံး"
အချစ်ရည်တွေရွှမ်းနေသောမျက်လုံးဝိုင်းလေးများဖြင့်ကြည့်ကာ တောင်းဆိုနေသောထယ်ယောင်းကို ဂျောင်ဂုချစ်လွန်းလို့ရူးရပါတော့မည် ။ နှုတ်ခမ်းမထူမပါးလေးအနားကိုငုံ့ချ လိုက်ပြီး နမ်းရှိုက်လိုက်တော့လက်ချောင်းသွယ်သွယ်လေးများက သူ့လည်ပင်းကိုခပ်ဖွဖွကိုင်တွယ်သည် ။
ခန္ဓာကိုယ်ချင်းပူးကပ်ရင်း မွေ့ရာထက်နေရာယူထားကြသည်။အဝတ်တွေအားလုံးဖယ်ရှားပြီးနောက်ဂျောင်ဂု၏လက်တွေဟာထယ်ယောင်းခါးလေးပေါ်တွင်အခြေချထားသည် ။ အနမ်းတွေကိုပိုတိုးရင်းနှုတ်ခမ်းတွေပေါင်းစပ်မတတ်နမ်းရှိုက်နေကြသည် ။ ထယ်ယောင်း၏လည်တိုင်နှင့်ရင်ဖက်တွင်အမှတ်အသားလေးများဖန်တီးပြန်တဲ့ဂျောင်ဂု ။ ညည်းသံသဲ့သဲ့လေးနားထဲဝင်လာတိုင်း သူပို၍ပင်ရူးသွပ်ချင်မိသည် ။
"ကိုယ့်အချစ်"
"အ့ ဂျောင်ဂု"
နှုတ်ခမ်းလေးကိုငုံ့နမ်းကာအာရုံပြောင်း၍ တိုးဝင်ပစ်လိုက်လျှင်ကျော့တက်သွားသောကျောပြင်ငယ် ။ ချွေးတွေနင့်နေတဲ့ ခန္ဓာကိုယ်နှစ်ခု ။ချစ်ကြောင်းတွေတတွတ်တွတ်ပြောနေကြရင်း တသိမ့်သိမ့်လှုပ်ရှားနေကြသည် ။
နှင်းဆီးပန်းရနံ့တွေနဲ့ရောနေတဲ့ကိုယ်သင်းရနံ့လေး ။ အသက်ရှူသံတွေမြန်နေတဲ့ထိုလူသားအား ပို၍နင့်နင့်နဲနဲပင်ချစ်နေမိ သည် ။ အခန်းထဲမှာပျံ့နှံ့နေတဲ့အချစ်လေထု ။
တစ်နှစ်မှသည် ထာဝရအထိအတူတူရှိသွားကြမည် ။
//I'm'Yours//
THE END
finally 'I'm Yours'လေးတကယ်အပြီးသတ်သွားပါပြီ အစကextraအဖြစ်ရေးဖို့လုပ်ထားတာပေမယ့် final 2အဖြစ်နဲ့သာတင်လိုက်ပါတယ် ။SEအဖြစ်လည်းဘယ်လိုမှမထားရက်ခဲ့နိုင်ပါဘူးနော် အဲ့ဒါကြောင့် HEလေးအဖြစ်ပဲအဆုံးသတ်လိုက်ပါတယ် ဖတ်ပေးကြတဲ့သူတစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ် ။ 'Replacing'ကိုလည်းဖတ်ပေးကြပါဦးနော်
-eriloyrajk