ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

By mizzle69

216K 38.9K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 21

3K 597 11
By mizzle69

Uni

ဖေ့ချန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဓာတ်လိုက်မိသလို တုန်ယင်အေးခဲသွားတယ်။

နန်ဟွိုင်လင်က သူ့ရဲ့လည်ပင်းကို အသိစိတ်ကင်းမဲ့စွာ နမ်းရှိုက်နေတုန်းပဲ။ ပြီးတော့ တစ်ချက်တစ်ချက် စိတ်အားထက်ထက်သန်သန်နဲ့ ကိုက်နေပြီး လျှာနဲ့ လျက်တာက ပိုသေးတယ်။

ဖေ့ချန် နန်ဟွိုင်လင်ရဲ့ အနီရောင်သန်းနေတဲ့ မျက်နှာလေးကို ငုံ့ကြည့်လိုက်ပြီး တိုးညှင်းစွာပြောလိုက်တယ်။ "မင်း အရင်စတာနော်။ အဲ့တာကြောင့် ကိုယ့်ကို အပြစ်လာမတင်နဲ့။ ကိုယ်ရဲ့တံတွေးက ဆေးသွင်းတာထက်ပိုပြီး အစွမ်းထက်တယ်"

ဖေ့ချန်က သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို နန်ဟွိုင်လင်ပေါ်စောင်းကာ တက်ဖိလိုက်ပြီး ခေါင်းငုံ့ကာ နှုတ်ခမ်းတွေကို နမ်းရှိုက်လာတယ်။

နှုတ်ခမ်းနှစ်စုံက ထိကပ်နေကြပြီး လျှာတွေကလည်း တစ်ခုကိုတစ်ခု ရစ်ပက်နေကြတယ်။

နန်ဟွိုင်လင်က နို့စို့နေတဲ့ကလေးလေးတစ်ယောက်လိုပဲ ဖေ့ချန်ရဲ့ပါးစပ်က အရည်တွေကို လောဘကြီးစွာ စုပ်ယူနေတယ်။ နန်ဟွိုင်လင်ရဲ့အပြုအမူကြောင့် သူ့ရဲ့ ကိုယ်ကနေ ဝိဉာဥ်သုံးခု ကွဲထွက်သွားကာ အဝေးကို လွင့်မျှောသွားသလို ဖေ့ချန်ခံစားနေရတယ်။ ပြီးတော့ နန်ဟွိုင်လင်ကို ဆန့်ကျင်ပြီး သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို အသုံးမပြုဖို့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းတွေ အကုန်လုံးကို အဲ့တာက ယူသွားတယ်။

ရုတ်တရက် အဖြူရောင်အလင်းတန်းတစ်ခုက သူ့အတွေးထဲကို ဖျက်ကနဲလျင်မြန်စွာ ဝင်ရောက်လာတယ်။

အဲ့တာက....နန်ဟွိုင်လင်နဲ့ ဒီလိုမျိုးကြမ်းတမ်းတဲ့အနမ်းတွေ....ဒီအထိအတွေ့ ၊ ဒီအရသာ၊ သူ့လျှာနဲ့ သေသေချာချာထိတွေ့ခဲ့ဖူးတဲ့ အရတွေ....ဒါတွေက အိပ်မက်တစ်ခုထဲမှာပဲ ဖြစ်နိုင်ခဲ့တာ မဟုတ်လား? ဒါပေမယ့် ဘာလို့ ဒါက အရမ်းလက်တွေ့ဆန်တယ်လို့ ခံစားနေရတာလဲ?

"မင်း ဘာလုပ်နေတာလဲ?"

ရေခဲဓာတ်လွှမ်းမိုးနေတဲ့ အသံတစ်ခုက ဖေ့ချန်ကို သူ့ရဲ့ ရှုပ်ထွေးနေတဲ့ အတွေးထဲကနေ လှုပ်နှိုးလိုက်တယ်။ ဖေ့ချန်က သူ့ရဲ့လျှာနှင့် နှုတ်ခမ်းတွေကို နန်ဟွိုင်ဟင်ဆီကနေ မြန်မြန်ရုတ်သိမ်းလိုက်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က နန်ဟွိုင်လင်ပေါ်မှာ ဖိထားတုန်းပဲ။ တံခါးပေါက်နားမှာရပ်နေတဲ့ ဖေ့ကျန်းကို ဖေ့ချန်မျက်နှာတွေနီရဲပြီး လည်ပင်းကျောတွေထောင်ကာ လှည့်ကြည့်လိုက်မိပြီး အမှတ်တမဲ့ အသံထွက်သွားတော့ သူ့ရဲ့အသံက အက်ကွဲနေတယ်။ "အကို!"

ဒီအခြေအနေကြီးက အရမ်းကို့ယို့ကားယားနိုင်လွန်းတာကြောင့် ဖေ့ချန် ဘာဆက်ပြောလို့ ပြောရမှန်းမသိတော့ဘူး။

ဖေ့ကျန်းက လမ်းလျှောက်လာပြီး သူ့ရဲ့မျက်လုံးတွေက နန်ဟွိုင်လင်နဲ့ သူ့ကြားမှာ စက္ကန့်အနည်းငယ်လောက် ကူးလူးသွားပြီးမှ မေးလာတယ်။ "မင်းရဲ့ ကောင်လေးလား?"

ဖေ့ချန် ပြန်ဖြေတော့ စကားတွေကအထစ်ထစ်အငေါ့ငေါ့နဲ့ အစီအစဥ်မကျဘူးဖြစ်နေတယ်။

"မဟုတ်ဘူး။ ကျတော်...ကျ..ကျတော့် သူငယ်ချင်း။ ကျတော်က....ကျတော်က သူ့ကို အသိပြန်ဝင်စေဖို့ နဂါးတံတွေးနည်းနည်းပေးပြီး ကူညီချင်ရုံပဲ."

ဖေ့ချန်က ဆက်ကနဲ ပြန်လှည့်ကြည့်လိုက်ပြီး "အကို သူဘာလို့ ဒီလောက်ဆိုးဆိုးဝါးဝါးဖြစ်သွားတာလဲ? သူ့ကို ဆေးရုံပို့ပေးတဲ့လူက ဘယ်လိုလုပ် အကိုဖြစ်သွားတာလဲ? သူ ဘယ်လိုဆေးခတ်ခံလိုက်ရတာလဲ? ဒါမျိုးအောက်တန်းကျတဲ့လုပ်ရပ်ကို ဘယ်သောက်ခွေးလုပ်သွားတာလဲ?!"

ဖေ့ကျန်းက သူ့ရဲ့မူပိုင်ပုံစံ အေးတိအေးစက်နဲ့ပဲပြန်ဖြေတယ်။ "ငါ သူ့နားကိုဖြတ်သွားမိတော့ မင်းရဲ့ နာမည်ကို ခေါ်တာကြားလိုက်တာ။ ဒါကြောင့် ငါ သူ့ကို ဂရုစိုက်လိုက်သင့်တယ်ထင်လို့။ ငါလုပ်စရာရှိသေးလို့ သွားရတော့မယ်"

ဖေ့ချန်ရဲ့ ထပ်မေးလာမဲ့မေးခွန်းတွေကို စောင့်မနေတော့ဘဲ ဖေ့ကျန်းပြန်ထွက်ဖို့လှည့်လိုက်တယ်။ တံခါးပေါက်နားရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကိုပြန်လှည့်လိုက်ပြီး ​သတိထပ်ပေးလိုက်တယ်။ "ဒါက ဆေးရုံ။ မင်းရဲ့ အပြုအမူတွေဆင်ခြင်ပြီး ရှေ့နောက်လည်း ကြည့်ဦး"

ဖေ့ချန်က အံ့ကြိတ်သံကြီးနဲ့ "သိတယ်။ ကိုယ် သွားစရာရှိတာသွား"

ဖေ့ချန် ရုတ်တရက် တခြားတစ်ခုကို သတိရသွားပြီး ဖေ့ကျန်းကို ပြောလိုက်တယ်။ "ဟို...အကို ကျတော်တို့ ကားလဲရအောင်။ ပြီးရင် ဟန်နီဘယ်လ်ကို အိမ်ခေါ်သွားလုပ်ဦး"

သူတို့နှစ်ယောက်ရဲ့ ကားသော့တွေကို လဲပြီးတော့ ဖေ့ကျန်းက ပြန်သွားတယ်။

သွင်းထားတဲ့ဆေးကပဲ အလုပ်ဖြစ်တာလား၊ ဒါမှမဟုတ် နဂါးတံတွေးကပဲ မှော်ဆန်ဆန်အလုပ်ဖြစ်တာလား မသိဘူး နန်ဟွိုင်လင်ကတော့ တော်တော်လေးကို တည်ငြိမ်စပြုလာတယ်။ သူက ဖေ့ချန်ရဲ့ လက်မောင်းတွေကြားမှာ ကြောင်လေးတစ်ကောင်လိုပဲ လဲလျောင်းနေတယ်။ တစ်ချက်တစ်ချက် ညီးသံသဲ့သဲ့က ထွက်လာသေးတာ။

ဖေ့ချန် နန်ဟွိုင်လင်ကို ကလေးလေးတစ်ယောက်လို ကျောကို လက်လေးနဲ့ အသာအယာပုတ်ပေးပြီး ချော့သိပ်လိုက်တယ်။

နန်ဟွိုင်လင်နဲ့ နက်နက်ရှိုင်းရှိုင်းအနမ်းကို ဖေ့ချန် သတိပြန်ရသွားတော့ နှုတ်ခမ်းတွေက တဖြည်းဖြည်းခြောက်သွေ့လာတယ်။ ဖေ့ချန် ပျံ့လွင့်နေတဲ့ အတွေးတွေကို မြန်မြန်ဖယ်ထုတ်ကာ သူ့ရဲ့ စိတ်ကို သန့်ရှင်းအောင်ထားလိုက်တယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်။

သွင်းထားတဲ့ဆေးတွေ တစ်ဝက်လောက်ကုန်သွားတော့ နန်ဟွိုင်လင် အိပ်ယာနှိုးလာတယ်။

သူ့ရဲ့မျက်လုံးကို အလန့်တကြားဖွင့်ကြည့်မိတော့ အရင်ဆုံးမြင်ရတာက ဖေ့ချန်ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကိုပဲ။

သူ့ရဲ့ ခါးကို သိုင်းဖက်ထားတဲ့ ဖေ့ချန်ရဲ့လက်မောင်းကို ဖယ်ပြီး ကုတင်ပေါ်ကနေ ထထိုင်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ဖေ့ချန်က နှိုးလာပြီး နန်ဟွိုင်လင်လိုပဲ ထထိုင်ကာ အာသမ်းပြီး မေးတယ်။ "မင်း နေရထိုင်ရတာ အဆင်ပြေလား?"

ဆိုးဆိုးရွားရွားခေါင်းကိုက်နေတာကလွဲလို့ တစ်နေရာကမှ နာကျင်မှု မရှိတာကို နန်ဟွိုင်လင် ခံစားမိတယ်။ သူရဲ့ ဝေဒနာက တဖြေးဖြေးနဲ့ ဖေ့ချန်ကို စကားပြန်ပြောနိုင်တဲ့အထိ သက်သာလာတယ်။ "ကျေးဇူးပါ။ ကျတော့်ကို ကယ်ပေးလို့" သူ့ရဲ့ဘဝပျက်ခါနီးအချိန်ရောက်ခဲ့တာကို နန်ဟွိုင်လင် မှတ်မိနေတုန်းပဲ။ အဲ့ဒီအချိန်လေးမှာ ဖေ့ချန်က ရုတ်တရက် မိုးပေါ်က ကျလာပြီး သူက ဖေ့ချန်ရဲ့ အင်္ကျီလက်ကို သွားဆွဲခဲ့မိလို့သာပေါ့။

"မင်းကို ကယ်ခဲ့တာ ကိုယ်မဟုတ်ဘူး။ ကိုယ့်အကို"

ဖေ့ , ဖေ့ကျန်းလား?

နန်ဟွိုင်လင် အရမ်းကို ထိတ်လန့်သွားတယ်။ သူ့ရဲ့မျက်ဝန်းတွေနဲ့ ပတ်ဝန်းကျင်ကိုလှည့်ပြီး စစ်ကြည့်လိုက်ပေမယ့် ဒီလူနာဆောင်ထဲမှာ နောက်ထပ်လူတစ်ယောက်ကို သူမမြင်မိဘူး။

"သူ ပြန်သွားပြီ" ဖေ့ချန်က ပြောတယ်။

နန်ဟွိုင်လင် အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ ပြီးမှ သူ အမှားတစ်ခုကို ကျူးလွန်မိသလို ခေါင်းကို ငုံ့ချလိုက်ပြီး ဖေ့ချန်ရဲ့မျက်နှာကိုကြည့်ဖို့ ရင်မဆိုင်ရဲတော့ဘူး။

ဖေ့ချန်က သူ့ရဲ့မေးစေ့ကို ဆွဲမော့ပြီး သူ့နဲ့အကြည့်ချင်းဆုံးစေဖို့တွန်းအားပေးတယ်။ "ကိုယ့်ကိုပြော ဘာဖြစ်ခဲ့တာလဲ?"

"ခင်ဗျားရဲ့အကို....မဟုတ်ဘူး..ဖေ့ကျန်းက ဘာပြောခဲ့တာလဲ?" နန်ဟွိုင်လင် သူ့ရဲ့အကြည့်တွေကို ရှောင်လွှဲမိပြန်တယ်။

"သူ ဘာမှ ပြောမသွားဘူး။ မင်းကို ကိုယ်တိုင်​မေးကြည့်လို့ပဲ ပြောသွားတယ်" ဖေ့ချန် သူ့ကို အထက်အောက် ဖျက်ခနဲ စစ်လိုက်ပြီးတော့ "မင်း ဝတ်ထားတာ ဘာလဲ? နေရာတစ်ခုခုမှာ ဝိတ်တာ လုပ်နေတာလား?"

နန်ဟွိုင်လင် သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့ KTVက ယူနီဖောင်းကို ဝတ်ဆင်ထားတုန်းပဲ။ သူ ဒီယူနီဖောင်းကို ပြန်ပေးရဦးမယ်။ ပြီးတော့ သူပေးထားတဲ့ စရံငွေနှစ်ရာကိုလည်း ပြန်ယူရဦးမယ်။

"တစ်ခုခုပြောပါဦး" ဖေ့ချန်က သူ့ကို သတိပေးလာတယ်။

နောက်ထပ်တစ်ကြိမ် နန်ဟွိုင်လင် ခေါင်းကိုပြန်ငုံ့မိသွားပြီး တိုးတိုးလေးပြောလိုက်တယ်။

"ကျတော် KTVတစ်ခုမှာ အလုပ်လုပ်နေတာ။ အဲ့တာ အရင်က ပြဿနာဖြစ်ခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့တိုးမိသွားလို့။ သူက ဝိုင်ထဲမှာ ကျတော်မသိအောင် ဆေးခက်ထားပြီး ကျတော်အဲ့တာကိုသောက်အောင် လိမ်ပြီးခိုင်းခဲ့တာ။ ပြီးတော့ ကျတော့်ကို မုဒိန်းကျင့်ဖို့ကြိုးစားခဲ့တယ်...နောက်တော့ ခင်ဗျား -မဟုတ်ဘူး..ခင်ဗျားအကိုက ကျတော့်ကို အဲ့ဒီအခြေအနေကနေ ကယ်ခဲ့တာ"

ဖေ့ချန် အချိန်တော်တော်ကြာအောင် ဘာပြောလို့ ပြောရမှန်းမသိတော့ဘူး။ ပြီးမှ သူ့ရဲ့နှုတ်ခမ်းက စကားလုံးတွေ ထွက်ကျလာတော့တယ်။

"မင်း ဘာလို့ KTVမှာ အလုပ်လုပ်တာလဲ?"

နန်ဟွိုင်လင် သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေကို အနည်းငယ်ဆွဲပြုံးလိုက်ပြီး "ခင်ဗျားထင်တဲ့အတိုင်းပဲ။ ပိုက်ဆံရချင်လို့ပေါ့"

ဖေ့ချန် အသက်ရှင်နေခဲ့တာ နှစ်ပေါင်းနှစ်ရာကျော်ပြီ။ ပိုက်ဆံပြတ်လတ်တယ်ဆိုတာ ဘာကိုပြောမှန်းတောင် သူ မသိခဲ့ဘူး။ ဒါကြောင့် နန်ဟွိုင်လင်ကိုလည်း ပိုက်ဆံလိုအပ်နိုင်တယ်လို့ သူတစ်ခါမှ မတွေးခဲ့မိဘူး။

ဖေ့ချန် ဒီမေးခွန်းတစ်ခုကို မမေးကြည့်ဘဲမနေနိုင်တော့ဘူး။

"မင်း ပိုက်ဆံမရှိဘူးဆိုရင် ဘာလို့ကိုယ့်ကို ညစာကျွေးဖို့ ခေါ်ခဲ့တာလဲ?"

"ဘာလို့လဲဆိုတော့ ကျတော့်ကို ကူညီပေးခဲ့တာတွေအတွက် ခင်ဗျားကို ကျေးဇူးတင်ချင်လို့ပေါ့"

ဖေ့ချန် ရုတ်တရက် ရီလိုက်မိတယ်။

နန်ဟွိုင်လင် ဖေ့ချန်ရဲ့ အမူအရာကို ခန့်မှန်းလို့မရစွာ ကြည့်နေမိတယ်။

"ခင်ဗျား ဘာ ရီတာလဲ?"

ဖေ့ချန်က အပြုံးတစ်ခုနဲ့ပြောလာတယ်။

"တကယ်တော့ ကိုယ်ရီတာက မင်းက ဆေးရုံမှာ သုံးရက်ဆက်တိုက်နေခဲ့ရတော့ ဆေးရုံမှာပဲ မင်းရဲ့ပိုက်ဆံတွေတော်တော်များများက ကုန်သွားတာဖြစ်မယ် ဟုတ်လား?"

ဖေ့ချန်ရဲ့ ဟာသကြောင့် နန်ဟွိုင်လင်လည်း နည်းနည်းပြုံးမိသွားတယ်။

ပထမနှစ်ရက်ကကျတော့ အဖျားတွေတက်ပြီး သူ သတိလစ်ခဲ့တာ။ ဒီနေ့က ဆေးခက်ခံရတာ။ သူ ဆေးရုံကို နေတိုင်းလိုလိုပြေးနေခဲ့ရတာပါလား။ ဒါက သိပ်တော့ မကောင်းဘူး။

"မင်းက မစားနိုင် မသောက်နိုင်အောင်ကို အရမ်းဆင်းရဲနေလို့လား?" ဖေ့ချန်ရဲ့နှုတ်ခမ်းက အပြုံးတွေက ပျောက်ကွယ်နေပြီး အတည်ကြီး မေးလာတယ်။

"ကျတော် ဒီနေ့ KTVကနေ 2,000လောက် ဝင်ခဲ့တာဆိုတော့ အချိန်တစ်ခုထိတော့ သုံးဖို့လုံလုံလောက်လောက်ရှိပါသေးတယ်" နန်ဟွိုင်လင် စကားပြန်ပြောလိုက်တော့ သူ့ရဲ့အသံထဲမှာ ကြွားချင်နေတဲ့ပုံစံလေး မသိမသာကပ်ပါနေတယ်။

ဖေ့ချန် ခေါက်ပိုက်ဆံအိတ်ကို ဆွဲယူလိုက်ပြီး ကဒ်တစ်ကဒ်ထုတ်ကာ နန်ဟွိုင်လင့်လက်ထဲကို တိုက်ရိုက်ထိုးပေးလိုက်တယ်။ "ဒါကို ယူပြီးသုံးလိုက်။ အချိန်ပိုင်း မလုပ်ရဘူး"

နန်ဟွိုင်လင် ခနလောက်ကြောင်အနေပြီးမှ အဲ့ဒီကဒ်ကို သူ့ဆီမြန်မြန်ပြန်ပေးလိုက်တယ်။ "ကျတော် မလိုချင်ဘူး"

ဖေ့ချန်က အဲ့တာကို ပြန်မယူဘူး။ "မင်းက မင်းရှိက သရုပ်ဆောင်တစ်ယောက်လေ။ ကာရာအိုကေမှာ အလုပ်လုပ်တာ ကုမ္ပဏီရဲ့ အင်းမေ့(image)ကို ထိခိုက်တယ်။ ကိုယ် အဲ့လိုမျိုးထပ်ဖြစ်မှာကို ခွင့်မပြုနိုင်ဘူး"

"ကျတော် တောင်းပန်ပါတယ်...." နန်ဟွိုင်လင် ရှက်မိသွားတယ်။ "ကျတော် အဲ့ဒီလောက်ကြီးထိ မစဥ်းစားလိုက်မိလို့ပါ"

သူပြောလိုက်တာက တော်တော်ပြင်းထန်သွားပြီး သူ့ရဲ့ပုံစံက ခွင့်မလွှတ်နိုင်တဲ့ ပုံပေါက်နေတယ်လို့ ဖေ့ချန်ထင်တာကြောင့် နန်ဟွိုင်လင်ကို ပြန်ပြီးဖြေသိမ့်ဖို့ ကြိုးစားလိုက်တယ်။

"ကံကောင်းသွားတာက မင်းက သိပ်ပြီးနာမည်မကြီးသေးလို့ပေါ့။ ပြီးတော့ ကုမ္ပဏီရဲ့အပေါ်မှာလည်း မင်းက သိပ်ပြီးမလွှမ်းမိုးရသေးလို့။ ဒါပေမယ့် နောက်ဆို မင်းသေသေချာချာဂရုထားမှ ရမယ်"

နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်တယ်။

"ကျတော် သတိထားပါ့မယ်"

ဖေ့ချန် ကျေကျေနပ်နပ်ပြုံးလိုက်မိတယ်။

"ဒီကဒ်ကို မင်းယူထားလိုက်။ မင်းကြိုက်သလို သုံးလို့တယ်။ မင်းဆီမှာ ပိုက်ဆံများများ ပြန်ဝင်တဲ့အခါကျမှ ကိုယ့်ကိုပြန်ပေးပေါ့"

နန်ဟွိုင်လင်ရဲ့စိတ်ထဲမှာ ဖေ့ချန်ကို ကျေးဇူးတင်တဲ့စိတ်တွေနဲ့ပြည့်နေတာကြောင့် သူ့ရဲ့မျက်လုံးလေးတွေကလည်း နည်းနည်းနီရဲလာတယ်။

"ကျေးဇူးတင်ပါတယ်.. ဖေ့ချန်"

သူ ဘီကျင်းကို ရောက်လာခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှစ်ယန်နှင့် သရုပ်ဆောင်အလုပ်ကလွဲပြီး သူ့ရဲ့ဘဝမှာ ဘာမှ ရှိခဲ့တာမဟုတ်ဘူး။ ရီးနှီးတဲ့ သူငယ်ချင်းတစ်ယောက်လေးတောင်မှ မရှိခဲ့ဘူး။

ရုတ်တရက် ဖေ့ချန်က များများစဥ်းစားမနေဘဲ မေးခွန်းတစ်ခု မေးလာခဲ့တယ်။

"မင်းရဲ့ကောင်လေးက ရုပ်အရမ်းချောတဲ့သူဖြစ်ရမယ် ဟုတ်လား?"

နန်ဟွိုင်လင်, "???" သူက မေထုန်ရာသီဖွားဖြစ်ရမယ်။ စကားအရမ်းများတာပဲ။

ဖေ့ချန်က ဆက်ပြောတယ်။ "မင်း ဆေးရုံသုံးကြိမ်ဆက်တိုက်တက်ရတာကို မင်းကောင်လေးရောက်လာတာ ကိုယ်မမြင်ဘူးဘူး။ မင်း သူနဲ့နေတာတောင် မင်းကို ဂရုစိုက်ပုံလဲမရဘူး။ သူက ကိုယ်လောက်ချောရဲ့လား?"

ဒီအခြေအနေကြီးကို သူဆက်လိမ်နေရင် လူမဆန်ရာကျတော့မယ်။

နန်ဟွိုင်လင်ရဲ့ ခေါင်းက ပြန်ငုံ့သွားပြီး တိုးတိုးလေးဖြေလာခဲ့တယ်။ "ကျတော် ခင်ဗျားကိုလိမ်ခဲ့မိလို့ တောင်းပန်ပါတယ်"

ဖေ့ချန်ရဲ့ နှလုံးခုန်သံတွေက လုံးဝကို ရပ်တန့်သွားတော့မလို့ဘဲ။ "မင်း ကိုယ့်ကို လိမ်ခဲ့တဲ့အရာက ဘာလဲ?"

"တကယ်တော့....ကျတော့်မှာ ကောင်လေးမရှိဘူး"

ဖေ့ချန်, "......."

နန်ဟွိုင်လင်က ခနလောက်ရပ်သွားပြီး ဆက်ပြောတယ်။ "အဲ့ဒီနေ့ မြေအောက်ရထားပေါ်မှာ ကျတော်ငိုနေခဲ့တာက ဘာလို့လဲဆိုတော့ ကျတော့်ရဲ့ကောင်လေးနဲ့ပြတ်သွားလို့။...တိတိကျကျပြောရမယ်ဆိုရင်, ကျတော်က ထားခဲ့ခံရတာ"

ဖေ့ချန် အဲ့ဒီနေ့ကိုပြန်စဥ်းစားလိုက်ကာ မရေမရာစွာ မေးကြည့်လိုက်တယ်။ "မင်းရဲ့ကောင်လေး...မဟုတ်ဘူး. မင်းExရဲ့ နာမည်က ရှစ်ယန်လား?"

နန်ဟွိုင်လင် သူ့ကို မျက်လုံးချင်းစုံအောင်ကြည့်လိုက်မိတယ်။ "ခင်ဗျား ဘယ်လို...."

ဖေ့ချနါက ပြုံးနေပြီး "အဲ့ဒီနေ့က ကိုယ်ရထားပေါ်ကနေ မင်းနဲ့အတူလိုက်ဆင်းခဲ့တော့ မင်းဖုန်းပြောနေတာကို ကိုယ်ကြားလိုက်တာ။ ကိုယ်ထင်တာက မင်းဒီနာမည်ကိုပြောလိုက်သလားလို့"

နန်ဟွိုင်လင် ကြက်သီးတွေတောင် ထလာသလိုပဲ။ "ဝါး.." နှစ်စက္ကန့်လောက်တိတ်ဆိတ်သွားပြီးနောက် နန်ဟွိုင်လင်​သတိပေးလိုက်တယ်။ "တခြား ဘယ်သူကိုမှပြန်မပြောနဲ့နော်။ အထူးသဖြင့် ရှန်ချုန်းကို"

ဖေ့ချန်က ခေါင်းညိမ့်ပြတယ်။ "ရှန်ချုန်းက မင်းကို အနှောင့်အယှက်ပေးနေတုန်းလား?"

"မဟုတ်ပါဘူး။ သူပြောတာက သူက ကျတော်နဲ့ သူငယ်ချင်းဖြစ်ချင်တာတဲ့။ ဒါပေမယ့် အဲ့ဒါက အတည်ပြောနေတာလားဆိုတာ ကျတော်လည်းမသိဘူး"

"အရင်က ရှန်ချုန်းက မင်းနဲ့ တစ်ပတ်အတွင်းအိပ်ပြမယ်လို့ ကိုယ်နဲ့ လောင်းခဲ့ဖူးတယ်။ သူက တစ်ပတ်အတွင်းမင်းကိုမလုပ်နိုင်ခဲ့ရင် ကိုယ့်ကိုအဖေလို့ ခေါ်မယ်တဲ့" ဖေ့ချန်က ပြုံးပြီးပြောနေတယ်။

ဖေ့ချန်ရဲ့စကားတွေကြောင့် နန်ဟိုင်လင်ရဲ့မျက်နှာက ရှက်စိတ်ကြောင့်နီရဲကုန်တယ်။ "သူ ကျတော့်ကို ဘယ်လိုမြင်လဲဆိုတော့ ကျတော်မသိခဲ့ဘူး"

"သူက မင်းရဲ့ကိုယ်နှင့် တင်ပါးကိုကြိုက်တာ။ သူ ပြောခဲ့ဖူးတယ်..မင်းရဲ့ကြွက်သားအဖုအထစ်တွေများများမရှိတဲ့ကိုယ်လုံးလေးက အရမ်းမိုက်တယ်တဲ့"

နန်ဟွိုင်လင်, "....."

ငါ ရှန်ချုန်းရဲ့လည်ပင်းကို သွားပြီးညှစ်ပစ်ချင်လိုက်တာ။

ဖေ့ချန်က ဆက်ပြောတယ်။ "ရှန်ချုန်းက သူ့ရဲ့ အချစ်လေးတွေနဲ့ဖြတ်သန်းခဲ့တဲ့တစ်လျှောက်လုံး ဘယ်တုန်းကမှ အချေမခံခဲ့ဘူးဘူး။ မင်းက သူ့ကို ပထမဆုံး အတည်ကြီး ငြင်းချလိုက်တဲ့သူပဲ။ ဒါကြောင့်မို့လို့ သူက မင်းကို မလိုက်တော့တာလဲဖြစ်ချင်ဖြစ်နိုင်တယ်"

နန်ဟွိုင်လင်ရဲ့ မျက်နှာက ရှက်ရွံ့မှုကြောင့် ပို,ပိုပြီး နီရဲလာတယ်။ ခနကြာတော့ သူရဲ့ချိတ်ထားတဲ့ဆေးပုလင်းက ကုန်ခါနီးဖြစ်နေတာကို သတိထားမိပြီး ဖေ့ချန်ကို သူနာပြုခေါ်ပေးဖို့ပြောလိုက်တယ်။ ဆေးထိုးအပ်ဖြုတ်ပြီး ပိုက်ဆံရှင်းကာ ဆေးရုံကနေ သူတို့နှစ်ယောက် အတူတူထွက်လာလိုက်ကြတယ်။

"ကိုယ် ဒီနေ့ ကားမောင်းလာခဲ့တယ်။ မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"

နန်ဟွိုင်လင် ငြင်းလိုက်တယ်။ ဒါပေမယ့် ဖေ့ချန်က သူ့ကို အတင်းကားထဲကိုဝင်ဖို့ ဖိအားပေးနေတာကြောင့် လိုက်သွားဖို့က လွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ဘူး။ "ဒါဆို ကျတော့်ကို KTVကို အရင်ခေါ်သွားပေး။ ကျတော့်ရဲ့ ယူနီဖောင်းပြန်ပေးမလို့။ ပြီးတော့ ကျတော်ရဲ့အဝတ်နှင့်အိတ်တွေကလည်း အဲ့ဒီမှာ"

ဆေးရုံနှင့် KTVက အရမ်းနီးနေတာကြောင့် ဆယ်မိနစ်လောက်ပဲ မောင်းလိုက်ရတယ်။

နန်ဟွိုင်လင် သူ့ရဲ့ကိုယ်ပိုင်အဝတ်တွေကို ပြောင်းဝတ်လိုက်ပြီး ယူနီဖောင်းကို ပြန်အပ်ပေမယ့် သူ့ရဲ့စရံငွေကို ပြန်ပြီးရမလာခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့အလုပ်က တစ်ဝက်တစ်ပြက်လိုဖြစ်သွားခဲ့ပြီး မျက်မြင်သက်သေကလဲ ဘယ်သူမှရှိမနေခဲ့ဘူးလေ။ သူ ဒါကိုဆက်ပြီး ငြင်းခုံမနေချင်တော့တာကြောင့် သူ့ရဲ့အိတ်ကို ကျောမှာလွယ်ပြီးတော့ဘဲ အပြင်ကို ထွက်လာခဲ့လိုက်တယ်။

ညည့်နက်နေပြီမို့လို့ လမ်းပေါ်မှာက လူတွေမရှိသလောက်ပဲ။ ဒါကြောင့်မို့ ဖေ့ချန် ကားမောင်းကာ နန်ဟွိုင်လင်အိမ်ကို နာရီဝက်အကြာလောက်မှာပဲ ရောက်သွားခဲ့တယ်။

"ဟို အရှေ့လမ်းနားလေးမှာပဲ ရပ်လိုက်နော်" နန်ဟွိုင်လင် လှည့်ပြောလိုက်တယ်။

" ကိုယ် မင်းရဲ့အိမ်ရှေ့မှာ ရပ်ပေးမယ်လေ "

"လမ်းကြားလေးကကျဥ်းတော့ ခင်ဗျားလမ်းထဲကိုဝင်ရင် ပြန်လှည့်ထွက်လို့ ရမှာမဟုတ်ဘူး"

ဖေ့ချန် ရွေးချယ်စရာမရှိတော့တာကြောင့် ကားကို လမ်းဘေးမှာ ကပ်ရပ်ပေးလိုက်တယ်။

"ကျတော့်ကို လိုက်ပို့ပေးလို့ ကျေးဇူးပါ" နန်ဟွိုင်လင်က ခနလောက်တိတ်ဆိတ်သွားပြီးမှ ဆက်ပြောတယ်။ "ကျတော့်ကို ကယ်ပေးလို့ကျေးဇူးတင်ပါတယ်လို့ ကျေးဇူးပြုပြီး Mr. ဖေ့ကို ပြောပေးပါဦး"

ဖေ့ချန်က ခေါင်းညိမ့်တယ်။ "မင်းကို ဆေးခက်လိုက်တာ ဘယ်ခွေးမသားလည်း ကိုယ်ကိုပြောပြမလား? မင်းအတွက် သူ့ကို သင်ခန်းစာကောင်းကောင်းပေးဖို့ ကိုယ် ကူညီပေးမယ်"

"ကျတော့်ကိစ္စကို ကျတော်ကြည့်ရှင်းလိုက်ပါ့မယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ မစိုးရိမ်ပါနဲ့" နန်ဟွိုင်လင် လက်ပြနှုတ်ဆက်လိုက်တယ်။

"ကျတော် သွားပြီ။ ဂရုစိုက်သွားနော်။ ဘိုင်.."

ဖေ့ချန်လည်း လက်ပြလိုက်တယ်။ "ဘိုင်.."

နန်ဟွိုင်လင်က လမ်းမကြီးကို ဖြတ်သွားပြီး လမ်းသေးသေးလေးထဲကို ဝင်သွားတယ်။

ဒီလမ်းကြားလေးထဲမှာ လမ်းမီးတိုင်မရှိတာကြောင့်မို့လို့ သူ့ရဲ့ဖုန်းကိုထုတ်ပြီး မီးဖွင့်လိုက်တယ်။ စူပါမားကက်ရှေ့ကို နန်ဟွိုင်လင် ဖြတ်သွားတော့ မီးအလင်းရောင် ရှိနေသေးတာကိုမြင်ရတာကြောင့် အထဲဝင်လိုက်ပြီး ခေါက်ဆွဲခြောက်ဘူးနဲ့ ကတော့ပုံရေခဲမုန့်ကို ဝယ်လိုက်တယ်။ အခုလို သူ့ရဲ့စိတ်ခံစားချက် ဆိုးဝါးနေတဲ့အချိန်မှာ ချိုတာတစ်ခုခုကို စားပေးပြီး သူ့ကိုယ်သူ ပြန်လည်စိတ်ဖြေဖို့ လိုအပ်နေလို့။

နန်ဟွိုင်လင် အိမ်ပြန်ရောက်တော့ သော့ထုတ်ကာ တံခါးဖွင့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ တံခါးပေါ်က ကပ်ထားတဲ့စာရွက်တစ်ခုကို သူမြင်လိုက်ရတယ်။ အဲ့ဒါကို ဆွဲခွါပြီး အိမ်ထဲကို ယူလာကာ မီးဖွင့်လိုက်တယ်။ ပြီးတော့မှ အိပ်ရာပေါ် ထိုင်ကာ စာရွက်ပေါ်မှာ ဘာတွေရေးထားလဲဆိုတာကို ဖတ်ကြည့်လိုက်တယ်။

ချစ်လှစွာသော အိမ်ငှားနေထိုင်သူ

အစိုးရရဲ့ လူဦးရေသန့်စင်ခြင်းမူဝါဒ ပြန်ကြားချက်အရ ယခုအဆောက်အအုံကို နောက်လတွင် ဖျက်သိမ်းတော့မည်ဖြစ်ပါသည်။ ကျေးဇူးပြု၍ ယခုလ မကုန်ခင် အခြားနေရာများသို့ ပြောင်းရွေ့နေထိုင်ရန် မေတ္တာရပ်ခံပါသည်။ ကျန်ရှိနေသေးသည့် ငှားရမ်းခများကို ငွေအပြည့် ပြန်အမ်းပေးသွားမည်ဖြစ်ပါသည်။ လူကြီးမင်းတို့ကို အဆင်မပြေမှုများ ဖြစ်စေခဲ့သည့်အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။

"Fuck!" နန်ဟွိုင်လင် ဒီတစ်ခါတော့ ကျိန်ဆဲမိသွားပြီ။ လကုန်တာနဲ့ သူက ရွေ့ပေးရမယ်၊ ဘယ်နေရာကို ရွေ့ရမှာလဲ? သေလိုက်ချင်တော့တာပဲ။ ငါလိုး..!

____________

23. 4. 22 (SAT)

TN/ တောင်းပန်ပါတယ် Mizzle ဒီတစ်ပိုင်းကို တော်တော်ကြာသွားတယ်နော်။ Mizzleကို စိတ်ဆိုးနေကြပြီလား?😅

ကဲ Nan Nan အိမ်ပြောင်းရတော့မယ်. ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ ရဦးမလဲမသိဘူး...😞

--------

Zawgyi

ေဖ့ခ်န္ရဲ့ ခႏၶာကိုယ္တစ္ခုလံုးက ဓာတ္လိုက္မိသလို တုန္ယင္ေအးခဲသြားတယ္။

နန္ဟြိုင္လင္က သူ႔ရဲ့လည္ပင္းကို အသိစိတ္ကင္းမဲ့စြာ နမ္းရိႈက္ေနတုန္းပဲ။ ၿပီးေတာ့ တစ္ခ်က္တစ္ခ်က္ စိတ္အားထက္ထက္သန္သန္နဲ႔ ကိုက္ေနၿပီး လ်ွာနဲ႔ လ်က္တာက ပိုေသးတယ္။

ေဖ့ခ်န္ နန္ဟြိုင္လင္ရဲ့ အနီေရာင္သန္းေနတဲ့ မ်က္ႏွာေလးကို ငံု႔ၾကည့္လိုက္ၿပီး တိုးၫွင္းစြာေျပာလိုက္တယ္။ "မင္း အရင္စတာေနာ္။ အဲ့တာေၾကာင့္ ကိုယ့္ကို အျပစ္လာမတင္နဲ႔။ ကိုယ္ရဲ့တံေတြးက ေဆးသြင္းတာထက္ပိုၿပီး အစြမ္းထက္တယ္"

ေဖ့ခ်န္က သူ႔ရဲ့ခႏၶာကိုယ္တစ္ခုလံုးကို နန္ဟြိုင္လင္ေပၚေစာင္းကာ တက္ဖိလိုက္ၿပီး ေခါင္းငံု႔ကာ ႏႈတ္ခမ္းေတြကို နမ္းရိႈက္လာတယ္။

ႏႈတ္ခမ္းႏွစ္စံုက ထိကပ္ေနၾကၿပီး လ်ွာေတြကလည္း တစ္ခုကိုတစ္ခု ရစ္ပက္ေနၾကတယ္။

နန္ဟြိုင္လင္က ႏို႔စို႔ေနတဲ့ကေလးေလးတစ္ေယာက္လိုပဲ ေဖ့ခ်န္ရဲ့ပါးစပ္က အရည္ေတြကို ေလာဘႀကီးစြာ စုပ္ယူေနတယ္။ နန္ဟြိုင္လင္ရဲ့အျပဳအမူေၾကာင့္ သူ႔ရဲ့ ကိုယ္ကေန ဝိဉာဥ္သံုးခု ကြဲထြက္သြားကာ အေဝးကို လြင့္ေမ်ွာသြားသလို ေဖ့ခ်န္ခံစားေနရတယ္။ ၿပီးေတာ့ နန္ဟြိုင္လင္ကို ဆန္႔က်င္ၿပီး သူ႔ရဲ့ခႏၶာကိုယ္ေအာက္ပိုင္းကို အသံုးမျပဳဖို႔ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္စြမ္းေတြ အကုန္လံုးကို အဲ့တာက ယူသြားတယ္။

ရုတ္တရက္ အျဖဴေရာင္အလင္းတန္းတစ္ခုက သူ႔အေတြးထဲကို ဖ်က္ကနဲလ်င္ျမန္စြာ ဝင္ေရာက္လာတယ္။

အဲ့တာက....နန္ဟြိုင္လင္နဲ႔ ဒီလိုမ်ိဳးၾကမ္းတမ္းတဲ့အနမ္းေတြ....ဒီအထိအေတြ့ ၊ ဒီအရသာ၊ သူ႔လ်ွာနဲ႔ ေသေသခ်ာခ်ာထိေတြ့ခဲ့ဖူးတဲ့ အရေတြ....ဒါေတြက အိပ္မက္တစ္ခုထဲမွာပဲ ျဖစ္ႏိုင္ခဲ့တာ မဟုတ္လား? ဒါေပမယ့္ ဘာလို႔ ဒါက အရမ္းလက္ေတြ့ဆန္တယ္လို႔ ခံစားေနရတာလဲ?

"မင္း ဘာလုပ္ေနတာလဲ?"

ေရခဲဓာတ္လႊမ္းမိုးေနတဲ့ အသံတစ္ခုက ေဖ့ခ်န္ကို သူ႔ရဲ့ ရႈပ္ေထြးေနတဲ့ အေတြးထဲကေန လႈပ္ႏိႈးလိုက္တယ္။ ေဖ့ခ်န္က သူ႔ရဲ့လ်ွာႏွင့္ ႏႈတ္ခမ္းေတြကို နန္ဟြိုင္ဟင္ဆီကေန ျမန္ျမန္ရုတ္သိမ္းလိုက္ေပမယ့္ သူ႔ရဲ့ခႏၶာကိုယ္က နန္ဟြိုင္လင္ေပၚမွာ ဖိထားတုန္းပဲ။ တံခါးေပါက္နားမွာရပ္ေနတဲ့ ေဖ့က်န္းကို ေဖ့ခ်န္မ်က္ႏွာေတြနီရဲၿပီး လည္ပင္းေက်ာေတြေထာင္ကာ လွည့္ၾကည့္လိုက္မိၿပီး အမွတ္တမဲ့ အသံထြက္သြားေတာ့ သူ႔ရဲ့အသံက အက္ကြဲေနတယ္။ "အကို!"

ဒီအေျခအေနႀကီးက အရမ္းကို႔ယို႔ကားယားႏိုင္လြန္းတာေၾကာင့္ ေဖ့ခ်န္ ဘာဆက္ေျပာလို႔ ေျပာရမွန္းမသိေတာ့ဘူး။

ေဖ့က်န္းက လမ္းေလ်ွာက္လာၿပီး သူ႔ရဲ့မ်က္လံုးေတြက နန္ဟြိုင္လင္နဲ႔ သူ႔ၾကားမွာ စကၠန္႔အနည္းငယ္ေလာက္ ကူးလူးသြားၿပီးမွ ေမးလာတယ္။ "မင္းရဲ့ ေကာင္ေလးလား?"

ေဖ့ခ်န္ ျပန္ေျဖေတာ့ စကားေတြကအထစ္ထစ္အေငါ့ေငါ့နဲ႔ အစီအစဥ္မက်ဘူးျဖစ္ေနတယ္။

"မဟုတ္ဘူး။ က်ေတာ္...က်..က်ေတာ့္ သူငယ္ခ်င္း။ က်ေတာ္က....က်ေတာ္က သူ႔ကို အသိျပန္ဝင္ေစဖို႔ နဂါးတံေတြးနည္းနည္းေပးၿပီး ကူညီခ်င္ရံုပဲ."

ေဖ့ခ်န္က ဆက္ကနဲ ျပန္လွည့္ၾကည့္လိုက္ၿပီး "အကို သူဘာလို႔ ဒီေလာက္ဆိုးဆိုးဝါးဝါးျဖစ္သြားတာလဲ? သူ႔ကို ေဆးရံုပို႔ေပးတဲ့လူက ဘယ္လိုလုပ္ အကိုျဖစ္သြားတာလဲ? သူ ဘယ္လိုေဆးခတ္ခံလိုက္ရတာလဲ? ဒါမ်ိဳးေအာက္တန္းက်တဲ့လုပ္ရပ္ကို ဘယ္ေသာက္ေခြးလုပ္သြားတာလဲ?!"

ေဖ့က်န္းက သူ႔ရဲ့မူပိုင္ပံုစံ ေအးတိေအးစက္နဲ႔ပဲျပန္ေျဖတယ္။ "ငါ သူ႔နားကိုျဖတ္သြားမိေတာ့ မင္းရဲ့ နာမည္ကို ေခၚတာၾကားလိုက္တာ။ ဒါေၾကာင့္ ငါ သူ႔ကို ဂရုစိုက္လိုက္သင့္တယ္ထင္လို႔။ ငါလုပ္စရာရိွေသးလို႔ သြားရေတာ့မယ္"

ေဖ့ခ်န္ရဲ့ ထပ္ေမးလာမဲ့ေမးခြန္းေတြကို ေစာင့္မေနေတာ့ဘဲ ေဖ့က်န္းျပန္ထြက္ဖို႔လွည့္လိုက္တယ္။ တံခါးေပါက္နားေရာက္တဲ့အခ်ိန္မွာ ခႏၶာကိုယ္ကိုျပန္လွည့္လိုက္ၿပီး ​သတိထပ္ေပးလိုက္တယ္။ "ဒါက ေဆးရံု။ မင္းရဲ့ အျပဳအမူေတြဆင္ျခင္ၿပီး ေရ႔ွေနာက္လည္း ၾကည့္ၪီး"

ေဖ့ခ်န္က အံ့ႀကိတ္သံႀကီးနဲ႔ "သိတယ္။ ကိုယ္ သြားစရာရိွတာသြား"

ေဖ့ခ်န္ ရုတ္တရက္ တျခားတစ္ခုကို သတိရသြားၿပီး ေဖ့က်န္းကို ေျပာလိုက္တယ္။ "ဟို...အကို က်ေတာ္တို႔ ကားလဲရေအာင္။ ၿပီးရင္ ဟန္နီဘယ္လ္ကို အိမ္ေခၚသြားလုပ္ၪီး"

သူတို႔ႏွစ္ေယာက္ရဲ့ ကားေသာ့ေတြကို လဲၿပီးေတာ့ ေဖ့က်န္းက ျပန္သြားတယ္။

သြင္းထားတဲ့ေဆးကပဲ အလုပ္ျဖစ္တာလား၊ ဒါမွမဟုတ္ နဂါးတံေတြးကပဲ ေမွာ္ဆန္ဆန္အလုပ္ျဖစ္တာလား မသိဘူး နန္ဟြိုင္လင္ကေတာ့ ေတာ္ေတာ္ေလးကို တည္ၿငိမ္စျပဳလာတယ္။ သူက ေဖ့ခ်န္ရဲ့ လက္ေမာင္းေတြၾကားမွာ ေၾကာင္ေလးတစ္ေကာင္လိုပဲ လဲေလ်ာင္းေနတယ္။ တစ္ခ်က္တစ္ခ်က္ ညီးသံသဲ့သဲ့က ထြက္လာေသးတာ။

ေဖ့ခ်န္ နန္ဟြိုင္လင္ကို ကေလးေလးတစ္ေယာက္လို ေက်ာကို လက္ေလးနဲ႔ အသာအယာပုတ္ေပးၿပီး ေခ်ာ့သိပ္လိုက္တယ္။

နန္ဟြိုင္လင္နဲ႔ နက္နက္ရိႈင္းရိႈင္းအနမ္းကို ေဖ့ခ်န္ သတိျပန္ရသြားေတာ့ ႏႈတ္ခမ္းေတြက တျဖည္းျဖည္းေျခာက္ေသြ့လာတယ္။ ေဖ့ခ်န္ ပ်ံ့လြင့္ေနတဲ့ အေတြးေတြကို ျမန္ျမန္ဖယ္ထုတ္ကာ သူ႔ရဲ့ စိတ္ကို သန္႔ရွင္းေအာင္ထားလိုက္တယ္။ အဲ့ဒီေနာက္ မၾကာခင္မွာပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေတာ့တယ္။

သြင္းထားတဲ့ေဆးေတြ တစ္ဝက္ေလာက္ကုန္သြားေတာ့ နန္ဟြိုင္လင္ အိပ္ယာႏိႈးလာတယ္။

သူ႔ရဲ့မ်က္လံုးကို အလန္႔တၾကားဖြင့္ၾကည့္မိေတာ့ အရင္ဆံုးျမင္ရတာက ေဖ့ခ်န္ရဲ့ အိပ္ေပ်ာ္ေနတဲ့ မ်က္ႏွာေလးကိုပဲ။

သူ႔ရဲ့ ခါးကို သိုင္းဖက္ထားတဲ့ ေဖ့ခ်န္ရဲ့လက္ေမာင္းကို ဖယ္ၿပီး ကုတင္ေပၚကေန ထထိုင္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာပဲ ေဖ့ခ်န္က ႏိႈးလာၿပီး နန္ဟြိုင္လင္လိုပဲ ထထိုင္ကာ အာသမ္းၿပီး ေမးတယ္။ "မင္း ေနရထိုင္ရတာ အဆင္ေျပလား?"

ဆိုးဆိုးရြားရြားေခါင္းကိုက္ေနတာကလြဲလို႔ တစ္ေနရာကမွ နာက်င္မႈ မရိွတာကို နန္ဟြိုင္လင္ ခံစားမိတယ္။ သူရဲ့ ေဝဒနာက တေျဖးေျဖးနဲ႔ ေဖ့ခ်န္ကို စကားျပန္ေျပာႏိုင္တဲ့အထိ သက္သာလာတယ္။ "ေက်းဇူးပါ။ က်ေတာ့္ကို ကယ္ေပးလို႔" သူ႔ရဲ့ဘဝပ်က္ခါနီးအခ်ိန္ေရာက္ခဲ့တာကို နန္ဟြိုင္လင္ မွတ္မိေနတုန္းပဲ။ အဲ့ဒီအခ်ိန္ေလးမွာ ေဖ့ခ်န္က ရုတ္တရက္ မိုးေပၚက က်လာၿပီး သူက ေဖ့ခ်န္ရဲ့ အက်ႌလက္ကို သြားဆြဲခဲ့မိလို႔သာေပါ့။

"မင္းကို ကယ္ခဲ့တာ ကိုယ္မဟုတ္ဘူး။ ကိုယ့္အကို"

ေဖ့ , ေဖ့က်န္းလား?

နန္ဟြိုင္လင္ အရမ္းကို ထိတ္လန္႔သြားတယ္။ သူ႔ရဲ့မ်က္ဝန္းေတြနဲ႔ ပတ္ဝန္းက်င္ကိုလွည့္ၿပီး စစ္ၾကည့္လိုက္ေပမယ့္ ဒီလူနာေဆာင္ထဲမွာ ေနာက္ထပ္လူတစ္ေယာက္ကို သူမျမင္မိဘူး။

"သူ ျပန္သြားၿပီ" ေဖ့ခ်န္က ေျပာတယ္။

နန္ဟြိုင္လင္ အခုမွပဲ သက္ျပင္းခ်ႏိုင္ေတာ့တယ္။ ၿပီးမွ သူ အမွားတစ္ခုကို က်ူးလြန္မိသလို ေခါင္းကို ငံု႔ခ်လိုက္ၿပီး ေဖ့ခ်န္ရဲ့မ်က္ႏွာကိုၾကည့္ဖို႔ ရင္မဆိုင္ရဲေတာ့ဘူး။

ေဖ့ခ်န္က သူ႔ရဲ့ေမးေစ့ကို ဆြဲေမာ့ၿပီး သူ႔နဲ႔အၾကည့္ခ်င္းဆံုးေစဖို႔တြန္းအားေပးတယ္။ "ကိုယ့္ကိုေျပာ ဘာျဖစ္ခဲ့တာလဲ?"

"ခင္ဗ်ားရဲ့အကို....မဟုတ္ဘူး..ေဖ့က်န္းက ဘာေျပာခဲ့တာလဲ?" နန္ဟြိုင္လင္ သူ႔ရဲ့အၾကည့္ေတြကို ေရွာင္လႊဲမိျပန္တယ္။

"သူ ဘာမွ ေျပာမသြားဘူး။ မင္းကို ကိုယ္တိုင္​ေမးၾကည့္လို႔ပဲ ေျပာသြားတယ္" ေဖ့ခ်န္ သူ႔ကို အထက္ေအာက္ ဖ်က္ခနဲ စစ္လိုက္ၿပီးေတာ့ "မင္း ဝတ္ထားတာ ဘာလဲ? ေနရာတစ္ခုခုမွာ ဝိတ္တာ လုပ္ေနတာလား?"

နန္ဟြိုင္လင္ သူ႔ကိုယ္သူငံု႔ၾကည့္လိုက္ေတာ့ KTVက ယူနီေဖာင္းကို ဝတ္ဆင္ထားတုန္းပဲ။ သူ ဒီယူနီေဖာင္းကို ျပန္ေပးရၪီးမယ္။ ၿပီးေတာ့ သူေပးထားတဲ့ စရံေငြႏွစ္ရာကိုလည္း ျပန္ယူရၪီးမယ္။

"တစ္ခုခုေျပာပါၪီး" ေဖ့ခ်န္က သူ႔ကို သတိေပးလာတယ္။

ေနာက္ထပ္တစ္ႀကိမ္ နန္ဟြိုင္လင္ ေခါင္းကိုျပန္ငံု႔မိသြားၿပီး တိုးတိုးေလးေျပာလိုက္တယ္။

"က်ေတာ္ KTVတစ္ခုမွာ အလုပ္လုပ္ေနတာ။ အဲ့တာ အရင္က ျပႆနာျဖစ္ခဲ့ဖူးတဲ့ လူတစ္ေယာက္နဲ႔တိုးမိသြားလို႔။ သူက ဝိုင္ထဲမွာ က်ေတာ္မသိေအာင္ ေဆးခက္ထားၿပီး က်ေတာ္အဲ့တာကိုေသာက္ေအာင္ လိမ္ၿပီးခိုင္းခဲ့တာ။ ၿပီးေတာ့ က်ေတာ့္ကို မုဒိန္းက်င့္ဖို႔ႀကိဳးစားခဲ့တယ္...ေနာက္ေတာ့ ခင္ဗ်ား -မဟုတ္ဘူး..ခင္ဗ်ားအကိုက က်ေတာ့္ကို အဲ့ဒီအေျခအေနကေန ကယ္ခဲ့တာ"

ေဖ့ခ်န္ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ဘာေျပာလို႔ ေျပာရမွန္းမသိေတာ့ဘူး။ ၿပီးမွ သူ႔ရဲ့ႏႈတ္ခမ္းက စကားလံုးေတြ ထြက္က်လာေတာ့တယ္။

"မင္း ဘာလို႔ KTVမွာ အလုပ္လုပ္တာလဲ?"

နန္ဟြိုင္လင္ သူ႔ရဲ့ႏႈတ္ခမ္းေထာင့္စြန္းေတြကို အနည္းငယ္ဆြဲၿပံဳးလိုက္ၿပီး "ခင္ဗ်ားထင္တဲ့အတိုင္းပဲ။ ပိုက္ဆံရခ်င္လို႔ေပါ့"

ေဖ့ခ်န္ အသက္ရွင္ေနခဲ့တာ ႏွစ္ေပါင္းႏွစ္ရာေက်ာ္ၿပီ။ ပိုက္ဆံျပတ္လတ္တယ္ဆိုတာ ဘာကိုေျပာမွန္းေတာင္ သူ မသိခဲ့ဘူး။ ဒါေၾကာင့္ နန္ဟြိုင္လင္ကိုလည္း ပိုက္ဆံလိုအပ္ႏိုင္တယ္လို႔ သူတစ္ခါမွ မေတြးခဲ့မိဘူး။

ေဖ့ခ်န္ ဒီေမးခြန္းတစ္ခုကို မေမးၾကည့္ဘဲမေနႏိုင္ေတာ့ဘူး။

"မင္း ပိုက္ဆံမရိွဘူးဆိုရင္ ဘာလို႔ကိုယ့္ကို ညစာေကြၽးဖို႔ ေခၚခဲ့တာလဲ?"

"ဘာလို႔လဲဆိုေတာ့ က်ေတာ့္ကို ကူညီေပးခဲ့တာေတြအတြက္ ခင္ဗ်ားကို ေက်းဇူးတင္ခ်င္လို႔ေပါ့"

ေဖ့ခ်န္ ရုတ္တရက္ ရီလိုက္မိတယ္။

နန္ဟြိုင္လင္ ေဖ့ခ်န္ရဲ့ အမူအရာကို ခန္႔မွန္းလို႔မရစြာ ၾကည့္ေနမိတယ္။

"ခင္ဗ်ား ဘာ ရီတာလဲ?"

ေဖ့ခ်န္က အၿပံဳးတစ္ခုနဲ႔ေျပာလာတယ္။

"တကယ္ေတာ့ ကိုယ္ရီတာက မင္းက ေဆးရံုမွာ သံုးရက္ဆက္တိုက္ေနခဲ့ရေတာ့ ေဆးရံုမွာပဲ မင္းရဲ့ပိုက္ဆံေတြေတာ္ေတာ္မ်ားမ်ားက ကုန္သြားတာျဖစ္မယ္ ဟုတ္လား?"

ေဖ့ခ်န္ရဲ့ ဟာသေၾကာင့္ နန္ဟြိုင္လင္လည္း နည္းနည္းၿပံဳးမိသြားတယ္။

ပထမႏွစ္ရက္ကက်ေတာ့ အဖ်ားေတြတက္ၿပီး သူ သတိလစ္ခဲ့တာ။ ဒီေန့က ေဆးခက္ခံရတာ။ သူ ေဆးရံုကို ေနတိုင္းလိုလိုေျပးေနခဲ့ရတာပါလား။ ဒါက သိပ္ေတာ့ မေကာင္းဘူး။

"မင္းက မစားႏိုင္ မေသာက္ႏိုင္ေအာင္ကို အရမ္းဆင္းရဲေနလို႔လား?" ေဖ့ခ်န္ရဲ့ႏႈတ္ခမ္းက အၿပံဳးေတြက ေပ်ာက္ကြယ္ေနၿပီး အတည္ႀကီး ေမးလာတယ္။

"က်ေတာ္ ဒီေန့ KTVကေန 2,000ေလာက္ ဝင္ခဲ့တာဆိုေတာ့ အခ်ိန္တစ္ခုထိေတာ့ သံုးဖို႔လံုလံုေလာက္ေလာက္ရိွပါေသးတယ္" နန္ဟြိုင္လင္ စကားျပန္ေျပာလိုက္ေတာ့ သူ႔ရဲ့အသံထဲမွာ ႂကြားခ်င္ေနတဲ့ပံုစံေလး မသိမသာကပ္ပါေနတယ္။

ေဖ့ခ်န္ ေခါက္ပိုက္ဆံအိတ္ကို ဆြဲယူလိုက္ၿပီး ကဒ္တစ္ကဒ္ထုတ္ကာ နန္ဟြိုင္လင့္လက္ထဲကို တိုက္ရိုက္ထိုးေပးလိုက္တယ္။ "ဒါကို ယူၿပီးသံုးလိုက္။ အခ်ိန္ပိုင္း မလုပ္ရဘူး"

နန္ဟြိုင္လင္ ခနေလာက္ေၾကာင္အေနၿပီးမွ အဲ့ဒီကဒ္ကို သူ႔ဆီျမန္ျမန္ျပန္ေပးလိုက္တယ္။ "က်ေတာ္ မလိုခ်င္ဘူး"

ေဖ့ခ်န္က အဲ့တာကို ျပန္မယူဘူး။ "မင္းက မင္းရိွက သရုပ္ေဆာင္တစ္ေယာက္ေလ။ ကာရာအိုေကမွာ အလုပ္လုပ္တာ ကုမၸဏီရဲ့ အင္းေမ့(image)ကို ထိခိုက္တယ္။ ကိုယ္ အဲ့လိုမ်ိဳးထပ္ျဖစ္မွာကို ခြင့္မျပဳႏိုင္ဘူး"

"က်ေတာ္ ေတာင္းပန္ပါတယ္...." နန္ဟြိုင္လင္ ရွက္မိသြားတယ္။ "က်ေတာ္ အဲ့ဒီေလာက္ႀကီးထိ မစဥ္းစားလိုက္မိလို႔ပါ"

သူေျပာလိုက္တာက ေတာ္ေတာ္ျပင္းထန္သြားၿပီး သူ႔ရဲ့ပံုစံက ခြင့္မလႊတ္ႏိုင္တဲ့ ပံုေပါက္ေနတယ္လို႔ ေဖ့ခ်န္ထင္တာေၾကာင့္ နန္ဟြိုင္လင္ကို ျပန္ၿပီးေျဖသိမ့္ဖို႔ ႀကိဳးစားလိုက္တယ္။

"ကံေကာင္းသြားတာက မင္းက သိပ္ၿပီးနာမည္မႀကီးေသးလို႔ေပါ့။ ၿပီးေတာ့ ကုမၸဏီရဲ့အေပၚမွာလည္း မင္းက သိပ္ၿပီးမလႊမ္းမိုးရေသးလို႔။ ဒါေပမယ့္ ေနာက္ဆို မင္းေသေသခ်ာခ်ာဂရုထားမွ ရမယ္"

နန္ဟြိုင္လင္ ေခါင္းညိမ့္လိုက္တယ္။

"က်ေတာ္ သတိထားပါ့မယ္"

ေဖ့ခ်န္ ေက်ေက်နပ္နပ္ၿပံဳးလိုက္မိတယ္။

"ဒီကဒ္ကို မင္းယူထားလိုက္။ မင္းႀကိဳက္သလို သံုးလို႔တယ္။ မင္းဆီမွာ ပိုက္ဆံမ်ားမ်ား ျပန္ဝင္တဲ့အခါက်မွ ကိုယ့္ကိုျပန္ေပးေပါ့"

နန္ဟြိုင္လင္ရဲ့စိတ္ထဲမွာ ေဖ့ခ်န္ကို ေက်းဇူးတင္တဲ့စိတ္ေတြနဲ႔ျပည့္ေနတာေၾကာင့္ သူ႔ရဲ့မ်က္လံုးေလးေတြကလည္း နည္းနည္းနီရဲလာတယ္။

"ေက်းဇူးတင္ပါတယ္.. ေဖ့ခ်န္"

သူ ဘီက်င္းကို ေရာက္လာခဲ့တဲ့ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ရွစ္ယန္ႏွင့္ သရုပ္ေဆာင္အလုပ္ကလြဲၿပီး သူ႔ရဲ့ဘဝမွာ ဘာမွ ရိွခဲ့တာမဟုတ္ဘူး။ ရီးႏွီးတဲ့ သူငယ္ခ်င္းတစ္ေယာက္ေလးေတာင္မွ မရိွခဲ့ဘူး။

ရုတ္တရက္ ေဖ့ခ်န္က မ်ားမ်ားစဥ္းစားမေနဘဲ ေမးခြန္းတစ္ခု ေမးလာခဲ့တယ္။

"မင္းရဲ့ေကာင္ေလးက ရုပ္အရမ္းေခ်ာတဲ့သူျဖစ္ရမယ္ ဟုတ္လား?"

နန္ဟြိုင္လင္, "???" သူက ေမထုန္ရာသီဖြားျဖစ္ရမယ္။ စကားအရမ္းမ်ားတာပဲ။

ေဖ့ခ်န္က ဆက္ေျပာတယ္။ "မင္း ေဆးရံုသံုးႀကိမ္ဆက္တိုက္တက္ရတာကို မင္းေကာင္ေလးေရာက္လာတာ ကိုယ္မျမင္ဘူးဘူး။ မင္း သူနဲ႔ေနတာေတာင္ မင္းကို ဂရုစိုက္ပံုလဲမရဘူး။ သူက ကိုယ္ေလာက္ေခ်ာရဲ့လား?"

ဒီအေျခအေနႀကီးကို သူဆက္လိမ္ေနရင္ လူမဆန္ရာက်ေတာ့မယ္။

နန္ဟြိုင္လင္ရဲ့ ေခါင္းက ျပန္ငံု႔သြားၿပီး တိုးတိုးေလးေျဖလာခဲ့တယ္။ "က်ေတာ္ ခင္ဗ်ားကိုလိမ္ခဲ့မိလို႔ ေတာင္းပန္ပါတယ္"

ေဖ့ခ်န္ရဲ့ ႏွလံုးခုန္သံေတြက လံုးဝကို ရပ္တန္႔သြားေတာ့မလို႔ဘဲ။ "မင္း ကိုယ့္ကို လိမ္ခဲ့တဲ့အရာက ဘာလဲ?"

"တကယ္ေတာ့....က်ေတာ့္မွာ ေကာင္ေလးမရိွဘူး"

ေဖ့ခ်န္, "......."

နန္ဟြိုင္လင္က ခနေလာက္ရပ္သြားၿပီး ဆက္ေျပာတယ္။ "အဲ့ဒီေန့ ေျမေအာက္ရထားေပၚမွာ က်ေတာ္ငိုေနခဲ့တာက ဘာလို႔လဲဆိုေတာ့ က်ေတာ့္ရဲ့ေကာင္ေလးနဲ႔ျပတ္သြားလို႔။...တိတိက်က်ေျပာရမယ္ဆိုရင္, က်ေတာ္က ထားခဲ့ခံရတာ"

ေဖ့ခ်န္ အဲ့ဒီေန့ကိုျပန္စဥ္းစားလိုက္ကာ မေရမရာစြာ ေမးၾကည့္လိုက္တယ္။ "မင္းရဲ့ေကာင္ေလး...မဟုတ္ဘူး. မင္းExရဲ့ နာမည္က ရွစ္ယန္လား?"

နန္ဟြိုင္လင္ သူ႔ကို မ်က္လံုးခ်င္းစံုေအာင္ၾကည့္လိုက္မိတယ္။ "ခင္ဗ်ား ဘယ္လို...."

ေဖ့ခ်နါက ၿပံဳးေနၿပီး "အဲ့ဒီေန့က ကိုယ္ရထားေပၚကေန မင္းနဲ႔အတူလိုက္ဆင္းခဲ့ေတာ့ မင္းဖုန္းေျပာေနတာကို ကိုယ္ၾကားလိုက္တာ။ ကိုယ္ထင္တာက မင္းဒီနာမည္ကိုေျပာလိုက္သလားလို႔"

နန္ဟြိုင္လင္ ၾကက္သီးေတြေတာင္ ထလာသလိုပဲ။ "ဝါး.." ႏွစ္စကၠန္႔ေလာက္တိတ္ဆိတ္သြားၿပီးေနာက္ နန္ဟြိုင္လင္​သတိေပးလိုက္တယ္။ "တျခား ဘယ္သူကိုမျွပန္မေျပာနဲ႔ေနာ္။ အထူးသျဖင့္ ရွန္ခ်ဳန္းကို"

ေဖ့ခ်န္က ေခါင္းညိမ့္ျပတယ္။ "ရွန္ခ်ဳန္းက မင္းကို အေနွာင့္အယွက္ေပးေနတုန္းလား?"

"မဟုတ္ပါဘူး။ သူေျပာတာက သူက က်ေတာ္နဲ႔ သူငယ္ခ်င္းျဖစ္ခ်င္တာတဲ့။ ဒါေပမယ့္ အဲ့ဒါက အတည္ေျပာေနတာလားဆိုတာ က်ေတာ္လည္းမသိဘူး"

"အရင္က ရွန္ခ်ဳန္းက မင္းနဲ႔ တစ္ပတ္အတြင္းအိပ္ျပမယ္လို႔ ကိုယ္နဲ႔ ေလာင္းခဲ့ဖူးတယ္။ သူက တစ္ပတ္အတြင္းမင္းကိုမလုပ္ႏိုင္ခဲ့ရင္ ကိုယ့္ကိုအေဖလို႔ ေခၚမယ္တဲ့" ေဖ့ခ်န္က ၿပံဳးၿပီးေျပာေနတယ္။

ေဖ့ခ်န္ရဲ့စကားေတြေၾကာင့္ နန္ဟိုင္လင္ရဲ့မ်က္ႏွာက ရွက္စိတ္ေၾကာင့္နီရဲကုန္တယ္။ "သူ က်ေတာ့္ကို ဘယ္လိုျမင္လဲဆိုေတာ့ က်ေတာ္မသိခဲ့ဘူး"

"သူက မင္းရဲ့ကိုယ္ႏွင့္ တင္ပါးကိုႀကိဳက္တာ။ သူ ေျပာခဲ့ဖူးတယ္..မင္းရဲ့ႂကြက္သားအဖုအထစ္ေတြမ်ားမ်ားမရိွတဲ့ကိုယ္လံုးေလးက အရမ္းမိုက္တယ္တဲ့"

နန္ဟြိုင္လင္, "....."

ငါ ရွန္ခ်ဳန္းရဲ့လည္ပင္းကို သြားၿပီးၫွစ္ပစ္ခ်င္လိုက္တာ။

ေဖ့ခ်န္က ဆက္ေျပာတယ္။ "ရွန္ခ်ဳန္းက သူ႔ရဲ့ အခ်စ္ေလးေတြနဲ႔ျဖတ္သန္းခဲ့တဲ့တစ္ေလ်ွာက္လံုး ဘယ္တုန္းကမွ အေခ်မခံခဲ့ဘူးဘူး။ မင္းက သူ႔ကို ပထမဆံုး အတည္ႀကီး ျငင္းခ်လိုက္တဲ့သူပဲ။ ဒါေၾကာင့္မို႔လို႔ သူက မင္းကို မလိုက္ေတာ့တာလဲျဖစ္ခ်င္ျဖစ္ႏိုင္တယ္"

နန္ဟြိုင္လင္ရဲ့ မ်က္ႏွာက ရွက္ရြံ႔မႈေၾကာင့္ ပို,ပိုၿပီး နီရဲလာတယ္။ ခနၾကာေတာ့ သူရဲ့ခ်ိတ္ထားတဲ့ေဆးပုလင္းက ကုန္ခါနီးျဖစ္ေနတာကို သတိထားမိၿပီး ေဖ့ခ်န္ကို သူနာျပဳေခၚေပးဖို႔ေျပာလိုက္တယ္။ ေဆးထိုးအပ္ျဖဳတ္ၿပီး ပိုက္ဆံရွင္းကာ ေဆးရံုကေန သူတို႔ႏွစ္ေယာက္ အတူတူထြက္လာလိုက္ၾကတယ္။

"ကိုယ္ ဒီေန့ ကားေမာင္းလာခဲ့တယ္။ မင္းကို အိမ္ျပန္လိုက္ပို႔ေပးမယ္"

နန္ဟြိုင္လင္ ျငင္းလိုက္တယ္။ ဒါေပမယ့္ ေဖ့ခ်န္က သူ႔ကို အတင္းကားထဲကိုဝင္ဖို႔ ဖိအားေပးေနတာေၾကာင့္ လိုက္သြားဖို႔က လြဲၿပီး တျခားေရြးခ်ယ္စရာမရိွခဲ့ဘူး။ "ဒါဆို က်ေတာ့္ကို KTVကို အရင္ေခၚသြားေပး။ က်ေတာ့္ရဲ့ ယူနီေဖာင္းျပန္ေပးမလို႔။ ၿပီးေတာ့ က်ေတာ္ရဲ့အဝတ္ႏွင့္အိတ္ေတြကလည္း အဲ့ဒီမွာ"

ေဆးရံုႏွင့္ KTVက အရမ္းနီးေနတာေၾကာင့္ ဆယ္မိနစ္ေလာက္ပဲ ေမာင္းလိုက္ရတယ္။

နန္ဟြိုင္လင္ သူ႔ရဲ့ကိုယ္ပိုင္အဝတ္ေတြကို ေျပာင္းဝတ္လိုက္ၿပီး ယူနီေဖာင္းကို ျပန္အပ္ေပမယ့္ သူ႔ရဲ့စရံေငြကို ျပန္ၿပီးရမလာခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ့အလုပ္က တစ္ဝက္တစ္ျပက္လိုျဖစ္သြားခဲ့ၿပီး မ်က္ျမင္သက္ေသကလဲ ဘယ္သူမွရိွမေနခဲ့ဘူးေလ။ သူ ဒါကိုဆက္ၿပီး ျငင္းခံုမေနခ်င္ေတာ့တာေၾကာင့္ သူ႔ရဲ့အိတ္ကို ေက်ာမွာလြယ္ၿပီးေတာ့ဘဲ အျပင္ကို ထြက္လာခဲ့လိုက္တယ္။

ညည့္နက္ေနၿပီမို႔လို႔ လမ္းေပၚမွာက လူေတြမရိွသေလာက္ပဲ။ ဒါေၾကာင့္မို႔ ေဖ့ခ်န္ ကားေမာင္းကာ နန္ဟြိုင္လင္အိမ္ကို နာရီဝက္အၾကာေလာက္မွာပဲ ေရာက္သြားခဲ့တယ္။

"ဟို အေရ႔ွလမ္းနားေလးမွာပဲ ရပ္လိုက္ေနာ္" နန္ဟြိုင္လင္ လွည့္ေျပာလိုက္တယ္။

" ကိုယ္ မင္းရဲ့အိမ္ေရ႔ွမွာ ရပ္ေပးမယ္ေလ "

"လမ္းၾကားေလးကက်ဥ္းေတာ့ ခင္ဗ်ားလမ္းထဲကိုဝင္ရင္ ျပန္လွည့္ထြက္လို႔ ရမွာမဟုတ္ဘူး"

ေဖ့ခ်န္ ေရြးခ်ယ္စရာမရိွေတာ့တာေၾကာင့္ ကားကို လမ္းေဘးမွာ ကပ္ရပ္ေပးလိုက္တယ္။

"က်ေတာ့္ကို လိုက္ပို႔ေပးလို႔ ေက်းဇူးပါ" နန္ဟြိုင္လင္က ခနေလာက္တိတ္ဆိတ္သြားၿပီးမွ ဆက္ေျပာတယ္။ "က်ေတာ့္ကို ကယ္ေပးလို႔ေက်းဇူးတင္ပါတယ္လို႔ ေက်းဇူးျပဳျပီး Mr. ေဖ့ကို ေျပာေပးပါၪီး"

ေဖ့ခ်န္က ေခါင္းညိမ့္တယ္။ "မင္းကို ေဆးခက္လိုက္တာ ဘယ္ေခြးမသားလည္း ကိုယ္ကိုေျပာျပမလား? မင္းအတြက္ သူ႔ကို သင္ခန္းစာေကာင္းေကာင္းေပးဖို႔ ကိုယ္ ကူညီေပးမယ္"

"က်ေတာ့္ကိစၥကို က်ေတာ္ၾကည့္ရွင္းလိုက္ပါ့မယ္။ အဲ့ဒါနဲ႔ ပတ္သတ္ၿပီးေတာ့ မစိုးရိမ္ပါနဲ႔" နန္ဟြိုင္လင္ လက္ျပႏႈတ္ဆက္လိုက္တယ္။

"က်ေတာ္ သြားၿပီ။ ဂရုစိုက္သြားေနာ္။ ဘိုင္.."

ေဖ့ခ်န္လည္း လက္ျပလိုက္တယ္။ "ဘိုင္.."

နန္ဟြိုင္လင္က လမ္းမႀကီးကို ျဖတ္သြားၿပီး လမ္းေသးေသးေလးထဲကို ဝင္သြားတယ္။

ဒီလမ္းၾကားေလးထဲမွာ လမ္းမီးတိုင္မရိွတာေၾကာင့္မို႔လို႔ သူ႔ရဲ့ဖုန္းကိုထုတ္ၿပီး မီးဖြင့္လိုက္တယ္။ စူပါမားကက္ေရ႔ွကို နန္ဟြိုင္လင္ ျဖတ္သြားေတာ့ မီးအလင္းေရာင္ ရိွေနေသးတာကိုျမင္ရတာေၾကာင့္ အထဲဝင္လိုက္ၿပီး ေခါက္ဆြဲေျခာက္ဘူးနဲ႔ ကေတာ့ပံုေရခဲမုန္႔ကို ဝယ္လိုက္တယ္။ အခုလို သူ႔ရဲ့စိတ္ခံစားခ်က္ ဆိုးဝါးေနတဲ့အခ်ိန္မွာ ခ်ိဳတာတစ္ခုခုကို စားေပးၿပီး သူ႔ကိုယ္သူ ျပန္လည္စိတ္ေျဖဖို႔ လိုအပ္ေနလို႔။

နန္ဟြိုင္လင္ အိမ္ျပန္ေရာက္ေတာ့ ေသာ့ထုတ္ကာ တံခါးဖြင့္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာပဲ တံခါးေပၚက ကပ္ထားတဲ့စာရြက္တစ္ခုကို သူျမင္လိုက္ရတယ္။ အဲ့ဒါကို ဆြဲခြါၿပီး အိမ္ထဲကို ယူလာကာ မီးဖြင့္လိုက္တယ္။ ၿပီးေတာ့မွ အိပ္ရာေပၚ ထိုင္ကာ စာရြက္ေပၚမွာ ဘာေတြေရးထားလဲဆိုတာကို ဖတ္ၾကည့္လိုက္တယ္။

ခ်စ္လွစြာေသာ အိမ္ငွားေနထိုင္သူ

အစိုးရရဲ့ လူၪီးေရသန္႔စင္ျခင္းမူဝါဒ ျပန္ၾကားခ်က္အရ ယခုအေဆာက္အအံုကို ေနာက္လတြင္ ဖ်က္သိမ္းေတာ့မည္ျဖစ္ပါသည္။ ေက်းဇူးျပဳ၍ ယခုလ မကုန္ခင္ အျခားေနရာမ်ားသို႔ ေျပာင္းေရြ့ေနထိုင္ရန္ ေမတၲာရပ္ခံပါသည္။ က်န္ရိွေနေသးသည့္ ငွားရမ္းခမ်ားကို ေငြအျပည့္ ျပန္အမ္းေပးသြားမည္ျဖစ္ပါသည္။ လူႀကီးမင္းတို႔ကို အဆင္မေျပမႈမ်ား ျဖစ္ေစခဲ့သည့္အတြက္ အႏူးအၫြတ္ ေတာင္းပန္အပ္ပါသည္။

"Fuck!" နန္ဟြိုင္လင္ ဒီတစ္ခါေတာ့ က်ိန္ဆဲမိသြားၿပီ။ လကုန္တာနဲ႔ သူက ေရြ့ေပးရမယ္၊ ဘယ္ေနရာကို ေရြ့ရမွာလဲ? ေသလိုက္ခ်င္ေတာ့တာပဲ။ ငါလိုး..!

____________

23. 4. 22 (SAT)

TN/ ေတာင္းပန္ပါတယ္ Mizzle ဒီတစ္ပိုင္းကို ေတာ္ေတာ္ၾကာသြားတယ္ေနာ္။ Mizzleကို စိတ္ဆိုးေနၾကၿပီလား?😅

ကဲ Nan Nan အိမ္ေျပာင္းရေတာ့မယ္. ဘယ္လိုအခက္အခဲေတြ ႀကံဳေတြ့ ရၪီးမလဲမသိဘူး...😞

Continue Reading

You'll Also Like

605K 6.1K 94
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1M 41.9K 54
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
198K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1M 58.3K 200
Manga Translation တစ္ပုဒ္ပါ... Qi ဆိုတ့ဲရုပ္ဆိုးမေလးတေယာက္သူခ်စ္ရတ့ဲတတိယမင္းသားစီကသစၥာေဖာက္သတ္ျဖတ္ျခင္းကိုခံခ့ဲရပီး ေသဆုံးခ့ဲရတယ္... Qi တစ္ေယာက္အရူး...