မနက်ခင်းနေရောင်ခြည်နုနုလေးက အိပ်ခန်းတွင်းအိပ်မောကျနေတဲ့ထယ်ယောင်းရဲ့ မျက်နှာနုနုလေးပေါ်ကိုခစားသည်
နေရောင်ခြည်ရဲ့အပူဒဏ်ကြောင့် ထယ်ယောင်းမှာလူးလွန့်ကာနိုးလာတော့သည်
အပြင်းကြောတစ်ချက်ဆန့်ကာ ထထိုင်လိုက်သည်
ရေမိုးချိုးသန့်စင်ကာ အောက်ကိုဆင်းလာတော့ မီးဖိုချောင်ထဲမနက်စာလုပ်နေတဲ့ဂျောင်ကုကိုတွေ့တော့ ပြုံးမိပြန်သည်
''မောနင်း ဂျောင်ကု''
''မောနင်း သခင်လေး နိုးလာပြီလား ဒီနေ့အစေားကြီးနိုးတာပေါ့ ကျွန်တော်က မနက်စာလုပ်ပြီးမှလာခေါ်မလို့ကို''
''ငါကောဘာကူလုပ်ပေးကမလဲ''
''ဘာမှမလုပ်ပါနဲ့ ထိုင်သာထိုင်နေ စားပွဲမှာ''
''မင်းမလုပ်ခိုင်းတာနော် ငါ့အပျင်းကြီးတယ်လာမပြောနဲ့ပြီးမှ''
''ဟားဟား မပြောရပါဘူး ''
''ဦးလေးကြီးကော ''
''ဦးလေးကြီးက ဒီနေ့ ဆိုယောင်းတို့ဆိုယွန်းတို့နဲ့ ဟင်းချက်စရာတွေကုန်နေလို့ မားကတ်ကိုသွားတယ်''
''အော် အင်း ဘာမုန့်လုပ်ထားတာလဲ ဂျောင်ကု''
''ကင်မ်ချီထမင်းကြော်နဲ့ ကင်မ်ချီကျီဂဲ ဟင်းရည်လေးပါ''
''ဝါးးး ငါအဲ့တာမျိုးတွေမစားရတာတော်တော်တောင်ကြာနေပြီ မင်းရောက်လာမှဘဲ စားရတော့တယ်''
''သခင်လေးစားချင်ရင် ကျွန်တော်ကအများကြီးလုပ်ကျွေးမှာပေါ့''
''ကတိပေး''
စားပွဲကနေထကာ အနားကိုရောက်လာပြီး လက်သန်းချင်းချိတ်ပြီးကတိတောင်းနေပုံက တကယ့်ကလေးပေါက်တွေလို
ကျေနပ်အောင် လက်သန်းသေးသေးလေးကိုချိတ်ပေးလိုက်တော့ ပြုံးပြကာ ပြန်သွားထိုင်နေသည်
မနက်စာရပြီမို့ပန်းကန်ထဲသပ်သပ်ရပ်ရပ်ထည့်ကာ နှစ်ယောက်စာပြင်ခဲ့လိုက်သည်
သခင်လေးရှေ့ချပေးတော့ ပါးစပ်တပြင်ပြင်နဲ့
''စားလို့ရပါပြီ''
''အား ပူတယ်''
'' လျှာတွေဘာတွေအပူလောင်ကုန်မှဖြင့် သခင်လေးရယ် ဟင်းရည်ကအခုမှချထားမို့ပူလောင်နေတဲ့ဟာကို
ဒီကိုပေး ကျွန်တော်မပူအောင်လုပ်ပေးမယ်''
ထယ်ယောင်းအရှေ့က ဟင်းရည်ပန်းကန်ကိုယူကာ ဂရုတစိုက်မူတ်ပေးနေပြန်တဲ့ဂျောင်ကု
ဇွန်းနဲ့ခပ်ကာပါးစပ်နားတေ့ပြီးမပူတော့အောင်မူတ်ပြီးမှ
''အာ''
ထယ်ယောင်းကိုကြင်နာစွာခွံကျွေးနေပါသောဂျောင်ကုရယ်
ထယ်ယောင်းလည်း ဟင်းရည်ကိုသောက်လိုက်သည်
''ပူနေသေးလား ''
''မပူတော့ဘူး''
''မြန်မြန်စားလေ ထမင်းကြော်တွေအေးကုန်တော့မယ်''
''အင်း''
ဂျောင်ကုကထယ်ယောင်းကိုဟင်းရည်လေး ခွံလိုက် စားလိုက်နှင့်ပင် နှစ်ယောက်သားမနက်စာစားခြင်းကိုအဆုံးသတ်လိုက်သည်
ဂျောင်ကုပန်းကန်တွေဆေးကြောကာ နေရာတကျထားပြီးနောက်ဧည့်ခန်းထဲထွက်လာတော့ သခင်လေးရှိမနေ အပေါ်တတ်မှာဖြစ်မည်ထင်သည်
ဒီနေ့ပိတ်ရက်ဖြစ်တာမို့ ဂျောင်ကုသခင်လေးနဲ့မားကတ်သွားဖို့ဆုံးဖြတ်လိုက်သည်
........
''သခင်လေး''
''လာပြီ လာပြီ''
တံခါးလာဖွင့်ပေးပြီးအထဲဝင်စေသည်
''သွားရအောင် ပြင်ဆင်ထားလိုက်''
''ဘယ်ကိုလဲ ''
''မားကတ်လေ ပန်းချီပစ္စည်းတွေသွားဝယ်ကြမယ်''
''တကယ် တကယ်နော် ဟီး''
''အင်းတကယ် ဒါမဲ့ ဦးလေးလီလာမှသွားမယ်လေ အခုက အိမ်မှာဘယ်သူမှမရှိဘူးစောင့်မို့''
''အိုကေ ငါပြင်ထားလိုက်မယ် ဦးလေးလီလာတာနဲ့ငါတို့သွားကြမယ်နော်ဂျောင်ကု''
''ဟုတ်ကဲ့ပါ''
ပျော်လုံးစို့နေတဲ့သခင်လေးကိုကြည့်ပြီးဂျောင်ကုမှာခနခနကိုပြုံးနေမိတော့သည်
သူလည်းအဝတ်စားလည်းမို့ကိုယ့်အခန်းကိုပြန်လာလိုက်သည်
..........
အဝတ်လည်းပြီးသခင်လေးအခန်းထဲသွားတော့ ကုတင်ပေါ်ငူငူငိုင်ငိုင်ကြီးထိုင်နေတဲ့သခင်လေးကြောင့် ဂျောင်ကုမှာစိုးရိမ်စွာ လေလိုအရှိနဲ့သခင်လေးနားရောက်မှန်းမသိရောက်သွားသည်
''ဘာဖြစ်လို့လဲ ဘာလို့မျက်နှာမကောင်းရတာလဲ သခင်လေး ဟမ်ကျွန်တော့ကိုပြော''
''ဟင့်အင်း အိုမားဖုန်းဆက်လို့''
''ဘာပြောလို့လဲ သခင်လေးကိုဆူလို့လား ဟင်''
''ဟိုတစ်နေ့ကကျောင်းတစ်ဝက်ပျက်တာကိုဘာလို့လဲမေးတာ ငါခေါင်းကိုက်နေလို့နားလိုက်တယ်ပြောတာကို ဆေးသောက်ပြီးသွားရင်ရတယ်တဲ့ဘာလို့ကျောင်းကိုပျက်တာလဲဆိုပြီးပြောတယ် ပြီးတော့ငါ့ကိုအော်တယ်''
ကလေးတွေလိုပင်သူ့အားပြန်တိုင်နေပါသောသခင်လေးရယ်
''မင်းသိလား ငါ ငါအရမ်းဝမ်းနည်းတယ် အိုမားကအမြဲတမ်းသူ့အတွက်ဘဲကြည့်တာ ငါ့တွက်ဘာမှမတွေးပေးဘူး
သူက သူလိုချင်တဲ့အတိုင်းငါ့ကိုပုံသွင်းနေတာ ဒါမဲ့ငါကလူလေး ငါမှာလည်းခံစားတတ်တဲ့နှလုံးသားရှိတယ်
အိုမားမသိဘူး သူမဖုန်းဆက်တိုင်းသူမဆီကအချစ်စကားတွေငါမျော်နေခဲ့တာကို ''
ပြောရင်းနဲ့မျက်ရည်ကျလာပြန်တာမို့ဂျောင်ကုသခင်လေးရှေ့ဒူးထောက်ထိုင်ချလိုက်ကာ လက်သွယ်သွယ်လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်
''ငါအရမ်းမွန်းကျပ်နေပြီ ''
''ကျွန်တော့်ကိုရင်ဖွင့်ပါ သခင်လေးခံစားနေရတာတွေမှန်သမျှအကုန်လုံးကိုရင်ဖွင့်ပါ ကျွန်တော်ကနားထောင်ပေးမှာမို့''
ဂျောင်ကုစကားကြောင့်မှာ သူခံစားနေရသမျှကိုဖွင့်ဟချင်လာသည်
''မင်းသိလား သူများသားသမီးတွေလို ငါလည်းလွတ်လပ်ချင်တာပေါ့ အမေ့ရင်ခွင်ခိုလူံချင်တဲ့အရွယ်မှာ သူမကငါ့ကိုအဝေးကိုပို့ပစ်ခဲ့တယ် ငါတောင်းပန်ခဲ့တာတောင်မှ သူများသားသမီးတွေ ကိုယ့်အမေလက်ကိုတွဲပြီးပျော်ပျော်ရွှင်ရွှင် လျောက်လည်နေတဲ့အချိန်မှာ ငါကသူမနဲ့ဝေးရာ အရပ်မှာ စာဆိုတဲ့အရာကိုသာလုပ်နေခဲ့ရတာ ဖုန်းဆက်တိုင်းငါနေကောင်းလားနေရထိုင်ရတာအဆင်ပြေရဲ့လားဆိုတဲ့မေးခွန်းအစား စာတွေလိုက်နိုင်ရဲ့လားသေချာလုပ်နိုင်လားဆိုတဲ့စကားကိုသာမေးခဲ့တာ ဆယ်နှစ်လုံးလုံး
သူများတွေ သူငယ်ချင်းတွေနဲ့ပျော်ပါးနေတဲ့အချိန်ငါကတော့
တစ်ယောက်ထဲဒီအခန်းထဲမှာစာသာလုပ်နေခဲ့ရတာ ငါ့တစ်ဘတစ်လျောက်လုံးပျော်ရွှင်မူဆိုတာ မင်းရောက်လာမှ ဝင်ရောက်လာခဲ့တာ ဟင့်''
စကားအရှည်ကြီး ပြောပြီးတဲ့နောက် သူ့ရင်ခွင်ထဲတိုးဝင်ပြီးငိုနေပြန်တာကြောင့် သက်သာလိုသက်သာငြားကျောပြင်လေးဖက်တွယ်ပြီးခပ်ဖွဖွလေးပုတ်ပေးနေမိသည်
''ဒီနေ့တစ်ရက်ဘဲစိတ်လွတ်ကိုယ်လွတ်ကျွန်တော့်ရင်ခွင်ထဲမှာငိုလိုက်ပါ နောက်နေ့တွေမျက်ရည်မကျစေရဘူး''
''အင်းး.ဟင့် အီးးဟီးး''
ငိုနေတာအတော်ကြာပြီမို့ ဂျောင်ကုအငိုတိတ်အောင်လမ်းစရှာရတော့သည်
''မငိုပါနဲ့တော့ အခုအပြင်သွားမှာလေ ငိုထားရင်မလှဘဲနေမှာပေါ့ဗျာ''
''မငိုနဲ့တော့နော် တိတ်တော့ ကျွန်တော်နဲ့အပြင်သွားကြမယ် ဦးလေးလီတို့ပြန်ရောက်လောက်ပြီ''
''အင်း ''
ထိုအခါမှရင်ခွင်ထဲကထွက်လာကာ မျက်ရည်တွေသုတ်ရင်းပြန်ဖြေသည်
''အပြင်သွားဖို့နောက်ကျတော့မယ် မြန်မြန်သွားစို့''
ချက်ချင်းပင်ကောက်ထကာ အပြင်ထွက်သွားတာမို့ဂျောင်ကုခေါင်းတစ်ချက်ခါရင်းသာအနောက်ကနေလိုက်သွားလိုက်သည်
''ဦးလေးကြီး ကျွန်တော် ဂျောင်ကုနဲ့မားကတ်ခနသွားအုံးမယ်''
''အေအေ ထယ်ယောင်းလေး ဂရုစိုက်သွားနော် ဂျောင်ကုကောဘဲ''
''Nae''
နှစ်ယောက်သားဦးလေးလီကိုနူတ်ဆက်ကာ မားကတ်သို့ချီတတ်ခဲ့လိုက်သည်
......
''ဂျောင်ကု ဒီအရောင်လေးကလှလိုက်တာ ဒါလေးယူမယ်''
''ဒါလေးကော ဒါလေးလည်းလှတယ်''
ပန်းချီဆွဲဖို့ဆေးအရောင်စုံဗူးတွေကို ခြင်း ထဲကောက်ထည့်နေပါသောသခင်လေးကို ဂျောင်ကုတစ်ယောက်မပြောမိတဲ့အပြင်
ပြုံးပြုံးကြီးကြည့်လို့
သူဝယ်ချင်တဲ့ပန်းချီပစ္စည်းတွေအကုန်ရွေးပြီးတဲ့နောက် မုန့်တန်းတွေရှိရာဘက်ဆီသွားပြန်သညိ
ဂျောင်ကုလည်းသခင်လေးအနောက်ကနေ ပြုံးပြုံးကြီးသာလှည်းတွန်းပြီးလိုက်သွားတော့သည်
သူများအမြင်မှာတော့ သူတို့နှစ်ယောက်ကို ရည်းစားတွေလို့မြင်နေလိမ့်မည်ဆိုတာအမှန်
မုန့်တန်းတွေမှာစတော်ဘယ်ရီဘူးတွေရွေးယူနေပါသော သခင်အဆိုးလေး
သုံးလေးဘူးလောက်ယူကာခြင်းထဲထည့်ဖို့လာနေတုန်း
လူတစ်ယောက်နဲ့တိုက်မိတာကြောင့် ဖင်ထိုင်ရက်လဲသွားတဲ့သခင်လေး ဂျောင်ကုစိုးရိမ်ကာလှည်းကိုလွတ်ကာ သခင်လေးအနားကိုသွားမိသည်
''ဘယ်နားနာသွားသေးလဲ အဆင်ပြေရဲ့လား သခင်လေး''
''အင်း ပြေပါတယ် မနာပါဘူး ငါ့စတော်ဘယ်ရီဘူးတွေပြုတ်ကျကုန်ပြီကောက်ပေးအုံး''
'''ဟုတ်ကဲ့''
''ဂျောင်ကု''
''အော် ဟာယောင်းကို''
သခင်လေးကိုဂရုစိုက်နေတာနဲ့ တိုက်မိသွားတဲ့လူကိုတောင် သတိမရတော့ အခုမှကြည့်မိသည်ကဟာယောင်းပင်
''ဂျွန်ဂျောင်ကုတို့များနော် လူမြင်ကွင်းကြီးမှာတောင် ကောင်လေးကိုသိပ်ဂရုစိုက်နေတာဘဲ''
''ဟဲ့ ဟာဘာတွေလျောက်ပြောနေတာတုန်း''
ဟာယောင်းစကားကြောင့် ဂျောင်ကုသခင်လေးကိုလှမ်းကြည့်မိတော့ မကျေနပ်နေတာမျိုးမရှိ ပြုံးစိစိလေးနဲ့ သူကြည့်နေတာမြင်တော့ ရုပ်ကိုတည်လိုက်တာကိုဂျောင်ကုမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်
''ထယ်ယောင်းအခုနတိုက်မိတာအဆင်ပြေရဲ့လား ထိခိုက်မိတာမျိုးမရှိဘူးမလား''
''မရှိပါဘူး ငါအဆင်ပြေပါတယ် ဟာယောင်း''
''တော်သေးတာပေါ့ ''
''နင်ဒီကိုဘာလာလုပ်တာလဲ စျေးလာဝယ်တာလားဟာယောင်း''
''အေဟုတ်တယ် ဂျောင်ကု ငါစားစရာတွေကုန်နေလို့နောက်အသုံးဆောင်နည်းနည်းလဲ လိုလို့ နင်တို့ကတော့ Market မှာ Date လုပ်နေကြတာလား''
''ဟာနင်ကတော့ ပြောလေဆိုးလေပါလား သခင်လေးရှက်နေပြီမစပါနဲ့တော့''
''ထယ်ယောင်းကမရှက်ပါဘူးနင်ကာသာရှက်နေတာ''
''တော်ပြီ တော်ပြီ သွားတော့မယ် နောက်မှတွေ့မယ် ဟာယောင်း''
''အေးပါ ဂျောင်ကုရေ နင့်ကောင်လေးကိုဂရုစိုက်ပြီးခေါ်သွားအုံးနော် ''
ပြောလေကဲလေဖြစ်နေသောဟာယောင်းကြောင့် ဂျောင်ကုမှာသခင်လေးမျက်နှာကိုစေ့စေ့ပင်မကြည့်ရဲတော့
နင့်ကောင်လေးဆိုတဲ့စကားကိုကြားရင် သူ့နှလုံးခုန်သံတွေအဆမတန်မြန်လာတာကိုတော့ မလိမ်ပါ တကယ်များကောင်လေးဖြစ်ရင်ရော
မဖြစ်နိုင်တဲ့အတွေးတွေကိုခေါင်းခါကာရှင်းလင်းပစ်လိုက်ပြီး
''သွားရအောင်လေ သခင်လေး''
''အင်း ''
........
မားကတ်ကနေအပြန်ကျရင်လမ်းလျောက်ပြီးပြန်လာချင်တယ်ဆိုတဲ့သခင်လေးကြောင့် လာထဲက ကားမယူဘဲ ဘက်စ်စီးလာခြင်းဖြစ်သည်
အထုတ်တွေကိုဂျောင်ကုသယ်ထားပြီး ထယ်ယောင်းကတော့ ဂျောင်ကုဘေးကနေ ခုံဆွခုံဆွနဲ့လုပ်ပြီးလိုက်ပါလာသည်
လမ်းကျိုလမ်းကြားလေးတွေထဲကနေ ပတ်ကာအိမ်ကိုပြန်နေခြင်းဖြစ်သည်
လမ်းကွေ့နားလေးတစ်ခုမှာပန်းဆိုင်လေးတစ်ဆိုင်တွေ့တာကြောင့်
'' သခင်လေး''
''ဟင်''
''ခနလေးစောင့်နေပေးပါ ကျွန်တော်အခုပြန်လာခဲ့မယ်''
'' အင်း''
ထယ်ယောင်းမှာပြေးသွားတဲ့ဂျောင်ကုနောက်ကျောကိုသာကြည့်နေမိသည် ခနအကြာ ပန်းစီးတစ်ခုနဲ့ပြန်ရောက်လာတဲ့ဂျောင်ကု
''ရော့ သခင်လေးတွက်''
''ဒါက ဘာပန်းလဲ''
''ဒီပန်းလေးနာမည်က Dlephinium လို့ခေါ်တယ်သခင်လေးရဲ့''
Dlephinium Flower
''ဒီပန်းလေးရဲ့ အဓိပ္ပါယ်က
''မင်းလေးပျော်ရွှင်အောင်ကိုယ်ဖန်တီးပေးမှာပါလို့အဓိပ္ပါယ်ရတယ် သခင်လေးရဲ့'''
ဂျောင်ကုရဲ့ စကားကြောင့် ထယ်ယောင်းမှာမျက်ရည်ပင်ဝဲလာသည်
''ကျွန်တော် ကသခင်လေးပျော်ရွှင်အောင်အမြဲတမ်းလုပ်ပေးမှာမို့ ကျွန်တော့်ကိုယုံကြည်ပေးပါ''
ဂျောင်ကုစကားအဆုံး နွေးခနဲဖြစ်သွားတဲ့သူ့ရဲ့ နူတ်ခမ်းတွေ
သခင်လေးကသူ့ကိုနမ်းနေခဲ့တာ
သူ့ရဲ့ နူတ်ခမ်းနုနုလေးနဲ့အပေါ်တစ်လှည့်အောက်တစ်လှည့်ဖြေးညင်းစွာစုပ်ယူနေခဲ့တာ
အစပိုင်းတော့ ဂျောင်ကုတောင့်တောင့်ကြီးကြောင်အစွာရပ်နေမိပေမဲ့ ထိုနူးညံ့လွန်းတဲ့နူတ်ခမ်းလေးတွေကိုအခွင့်ရေးရတုန်းမွတ်သိပ်စွာနမ်းမိသည်
လက်ထဲကအထုတ်တွေကိုပစ်ချလိုက်ကာ ခါးသွယ်သွယ်လေးကို လက်တစ်ဖက်နဲ့ဆွဲယူကာ ကျန်လက်တစ်ဖက်က ခေါင်းလုံးလုံးလေးကိုကိုင်ပြီး အနမ်းတွေကို ဦးဆောင်လိုက်သည်
TBC######
THK All Readers 💜💜💜💜
Pls✨⭐✨cm
Write By NaNa😊
''မောနင်း ဂျောင်ကု''
''ဟားဟား မပြောရပါဘူး ''
''ဦးလေးကြီးကော ''
''ကတိပေး''
''စားလို့ရပါပြီ''
''အား ပူတယ်''
''အာ''
''ပူနေသေးလား ''
''မပူတော့ဘူး''
''အင်း''
........
''သခင်လေး''
''လာပြီ လာပြီ''
''ဘယ်ကိုလဲ ''
''တကယ် တကယ်နော် ဟီး''
''ဟုတ်ကဲ့ပါ''
..........
''အင်းး.ဟင့် အီးးဟီးး''
''အင်း ''
''Nae''
......
'''ဟုတ်ကဲ့''
''ဂျောင်ကု''
''အော် ဟာယောင်းကို''
''တော်သေးတာပေါ့ ''
''နင်ဒီကိုဘာလာလုပ်တာလဲ ဈေးလာဝယ်တာလားဟာယောင်း''
''သွားရအောင်လေ သခင်လေး''
''အင်း ''
........
'' သခင်လေး''
''ဟင်''
'' အင်း''
''ရော့ သခင်လေးတွက်''
''ဒါက ဘာပန်းလဲ''
Dlephinium Flower
TBC######
THK All Readers 💜💜💜💜
Pls✨⭐✨cm
Write By NaNa😊