ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

103K 12.2K 680

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၇၆ (၁-၆)

2.5K 332 16
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  76
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၇၆၊ အခန္း ၁။  စုံတြဲလက္စြပ္

အမည္မရွိေသာနန္သည္ ေကာ္ဖီခြက္ကို စားပြဲေပၚ အသာအယာ ခ်လိုက္ၿပီး ရီ၀မ္၀မ္အား တအံ့တၿသနွယ္ ၾကည့္လာကာ …

“လခြမ္း … ညီမေလး . မဟုတ္ေသးပါဘူး … မင္း စုံတြဲလက္စြပ္ဆိုတာကိုေတာင္မွ မသိဘူးလား ။
နာမည္ေတာင္ ထြင္းထားတဲ့ဟာ .. စံုတြဲလက္စြပ္ေပါ့ ၊ တၿခားဘာအဓိပၸာယ္ရွိရဦးမွာလဲ ။ အဲ့ဟာက စံုတြဲလက္စြပ္ ဟ”

“စုံတြဲလက္စြပ္ လား”

ရီ၀မ္၀မ္ စိတ္ရႈပ္ေထြးသြားမိ၏ ။

သူမ၏လက္တြင္ စြပ္ထားေသာ လက္စြပ္နွင့္
နန္မိသားစုကေန ခိုးယူလာခဲ့ေသာ ထိုလက္စြပ္ .. ေသာက္က်ိဳးနည္းေအာင္ စံုတြဲလက္စြပ္တဲ့လား ။
ဘယ္လုိေတာင္ ဟားတုိက္ရယ္ေမာစရာ ေကာင္းလိုက္သည့္ ၿပက္လံုးေလနည္း ။

သားအမိလက္စြပ္သာဆို ရီ၀မ္၀မ္ နားလည္ေနၿပီ ၿဖစ္ပါေသာ္ၿငား အခုေတာ့ ေသာက္က်ိဳးနည္းေအာင္ကုိ စုံတြဲလက္စြပ္ၿဖစ္ေနသည္တဲ့လား ။
စံုတြဲလက္စြပ္ အမွန္သာ ဆုိပါက ဒါဆို .. ဒါဆို
ထိုလက္စြပ္သည္ ဘယ္သူ ့အပိုင္ လက္စြပ္ေလနည္း ။

စီရီဟန္ … ။
သူသည္ ထိုလက္စြပ္၏အဓိပၸာယ္ကုိပင္ နားမလည္ပါေခ်  … သို့ဆုိလ်ွင္ၿဖင့္ စံုတြဲဆုိသည္က … နဂိုသူမနွင့္ … ဂ်ိရိႈ ့ရန္ ၏ … ?!
ထုိသည္ကား ဒရမ္မာသေဘာ ခ်ိဳးလြန္လြန္းေပသည္ မဟုတ္ေပေလာ ။

စီရီဟန္သည္ သူမ၏စံုတြဲလက္စြပ္ကို နွစ္ေပါင္းမ်ားစြာ ၾကာၿမင့္လွေအာင္ကို ေသေသခ်ာခ်ာေလး ဂရုတစုိက္ၿဖင့္ လံုၿခံဳေဘးကင္းရေအာင္ ထိန္းသိမ္းထားေပးခဲ့ ၿပီး … ရတနာတစ္ခုသဖြယ္ကို သေဘာေတာ္ထားခဲ့ေပသည္ ..
စီရီဟန္သာ ထိုုအမွန္တရားကို သိရွိသြားခဲ့လ်ွင္ …

ရီ၀မ္၀မ္ ခုိက္ခိုက္တုန္မိသြား၏ ။

“အာရွတိုက္၏ ရွာလကာဘုရင္ၾကီး” ဆိုသည့္ ခ်စ္စနုိ္းနာမည္သည္ကား အလကားေနရင္း အလကားရလာခဲ့ၿခင္း မဟုတ္ပါေပ ။ စီရီဟန္သာ ထိုအမွန္တရားကုိ သိသြားခဲ့ပါလ်ွင္ ထိုလက္စြပ္တုိ့ခမ်ာ အၿပိဳၿပိဳအလဲလဲၿဖစ္ကာ ဘ၀ပ်က္သြားနုိင္ေလာက္ေပသည္ ။

“ေနဦး … ညီမေလးတုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္းက ပထမအၾကီးအကဲ ေၿပာတာေတာ့ ဒီဟာေတြက သားအမိလက္စြပ္ေတြတဲ့ ။ ဖိန့္ဖိန့္တုန္ဂုိဏ္းထဲမွာဆုိ ပထမအၾကီးအကဲက ဥာဏ္အေကာင္းဆံုးနဲ့ အသိဥာဏ္ ဗဟုသုတ အက်ြမ္းက်င္အနွံ့စပ္ဆံုးပဲ ..”
ရီ၀မ္၀မ္ တစ္ကိုယ္ေရၾကား ခပ္တုိးတိုးေလး ေရရြတ္လိုက္မိ၏ ။

ပထမအၾကီးအကဲနွင့္ အမည္မရွိေသာနန္ … ။
တစ္ေယာက္ေယာက္ကို ေရြးရမည္ဆုိလ်ွင္
သူမ ပထမၾကီးအကဲကိုသာ ေရြးခ်ယ္ေပလိမ့္မည္ ။

အနည္းဆံုးေတာ့ ပထမအၾကီးအကဲသာဆုိလ်ွင္ ဘယ္ေနရာကေနၾကည့္ၾကည့္ ဘယ္ရႈေထာင့္ကပင္ၿဖစ္ၿဖစ္
ပုိမိုၿပီး စိတ္ခ်ယံုၾကည္ဖြယ္ ေကာင္းလွေပသည္ ။

“မင္းရဲ့ပထမအၾကီးအကဲမွာ … မိန္းမ ရွိလုိ့လား”
အမည္မရွိေသာနန္က ေမးလာေလၿခင္း ။

ရီ၀မ္၀မ္ အလိုလုိပင္ ေခါင္းခါလိုက္မိပါ၏ ။ ပထမအၾကီးအကဲထံတြင္ မိန္းမရွိေၾကာင္း ဘာေၾကာင္းကို သူမ တစ္ခါမွပင္ မၾကားဖူးခဲ့ပါေပ ။

“ေတြ ့လား .. အ့ဲဒါပဲေလ ။ မင့္ဖိန့္ဖိန့္တုန္ဂုိဏ္းက ပထမအၾကီးအကဲက လြတ္လပ္ေသာတစ္နယ္ေၿမလံုးမွာ
မယားမရွိ သားမရွိသူၾကီး ဆုိၿပီးေတာ့ ေက်ာ္ၾကားေနတဲ့ဟာ ။
သူ ရည္းစားေလးတစ္ေယာက္ေတာင္ ထားဖူးတယ္လို့
ငါ မၾကားမိဖူဘူး ။ သူ ့လုိလူစားက ပညာဥာဏ္ဗဟုသုတ ၾကြယ္၀ေပမယ့္လုိ့ စံုတြဲလက္စြပ္အေၾကာင္း ၊ သမီးရည္းစား ေတြၾကားက ကိစၥေတြအေၾကာင္းကို လခြမ္းမို့ သိရမတဲ့လား” အမည္မရွိေသာနန္သည္ ၀င့္ၾကြားစြာၿဖင့္ ကရားေရရြတ္တတြတ္တြတ္ ဆုိသြားေခ်သည္ ။

ရီ၀မ္၀မ္ အမည္မရွိေသာနန္အား ေတြးဆစြာ လွည့္ၾကည့္လိုက္မိရင္း တခနေလာက္ အကဲခတ္ေနမိၿပီးသည္တြင္ ေမးလိုက္မိေတာ့သည္ ။

“အမ္း … ကုိကုိ ့မွာေရာ ရည္းစားရွိလုိ့လား …”

အမည္မရွိေသာနန္ ။ “…”

“အဟမ္း … ရည္းစားဆုိတာက အေပၚယံသကာၾကဲ မေယာင္ရာဆီလူးေနၾကတာေတြပါကြာ .. မင္း ေမြးလာတုန္းကေရာ ေသသြားရင္ေရာ သူတုိ့ကို တစ္ပါထဲ ေခၚသြားနုိင္တာမွ မဟုတ္တာ .. အဲ့ဒါေၾကာင့္ .. မထားဘူး”

အမည္မရွိေသာနန္သည္ မွန္ကန္ေၿဖာင့္မတ္ရုိးသားသူၾကီးလုိ ေခါင္းခါလာသည္ ။

“ဒါေပမယ့္ … ငါ့မွာ အခုေတာ့ မရွိေပမယ့္ ..
အရင္ကေတာ့ တစ္ေယာက္ ရွိဖူးတယ္”
အမည္မရွိေသာနန္က ထပ္ၿဖည့္စြက္ေၿပာလိုက္ေလၿခင္း ။

“အိုး … ဘယ္ေကာင္မေလးကမ်ား မ်က္စိကန္းေနလို့ပါလိမ့္”
ရီ၀မ္၀မ္ ရုတ္ၿခည္းပင္ အတင္းသေဘာတုိ့ မေနာေခြ ့လာ ေတာ့ၿပီး ေၿပာခ်င္ဆုိခ်င္မိစိတ္ ေပါက္ဖြားလာရေတာ့ေလၿပီ ။

အမည္မရွိေသာနန္သည္ကေတာ့ တိတ္ၿခင္းၾကီးမလွ တိတ္ဆိတ္ၿငိမ္သက္သြားေလၿပီး သူ ့မ်က္၀န္းအိမ္ထဲတြင္ တစ္ခါကမွပင္ မၿဖစ္ေပၚဖူးေသာ အမူအရာတို့ ၿဖစ္တည္
လာေလသည္ -- အထီးက်န္လြမ္းဆြတ္မႈတို့နွင့္ ေဖာ္ၿပရ ခက္ေသာ စိတ္ခံစားခ်က္တို့ေတြ ။

ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္မိသြားရ၏ ။
သူ ့မွာ ဇာတ္လမ္းေလးတစ္ပုဒ္ေတာ့ ရွိခဲ့ဖူးမယ့္ပံုပဲ …

“ဒါေတြက သမိုင္းမွာ က်န္ခဲ့ပါၿပီေလ ။ ဘယ္လူငယ္ကမ်ား မမိုက္မဲခဲ့ဖူးလုိ့လဲ ။ ဘယ္သူကမ်ား အခ်စ္ဇာတ္လမ္းထဲ မစီးေမ်ာခဲ့ဖူးလုိ့လဲ ။ ထားလုိက္ပါေတာ့ ။ ငါ ေၿပာၿပမယ္ .. အဲ့လက္စြပ္ေတြက လံုး၀ လံုး၀ကုိ သားအမိလက္စြပ္ေတြ မဟုတ္ဘူး ။ ဟုတ္တယ္ဆုိလုိ့ကေတာ့ ငါ မင္းအေရွ့မွာ သတ္ေသၿပလိုက္မယ္ ။ အဲ့လက္စြပ္က စံုတြဲလက္စြပ္ေတြ”
အမည္မရွိေသာနန္က ရဲရဲၾကီး က်ိန္တြယ္လာေခ်၏။

ထို့ေနာက္တြင္ … အမည္မရွိေသာနန္ … ရီ၀မ္၀မ္ကုိ လက္စြပ္ခ်ြတ္ခုိင္းလုိက္ၿပီး ထုိလက္စြပ္နွစ္ကြင္းအား
ေဘးခ်င္းယွဥ္ကာ ထားလုိက္ေလသည္ ။

“ဒီမွာၾကည့္ … အရင္ဆံုး ငါတုိ့ သတၱဳအေၾကာင္းကေန စၾကမယ္ ။ သားအမိလက္စြပ္သာ အမွန္ဆိုရင္ ဒီလက္စြပ္ေတြကို လူတစ္ေယာက္ထဲကပဲ သြန္းလုပ္ထားမွာပဲ .. ၿပီးေတာ့
သူတုိ့ရဲ့ သြန္းလုပ္ထားပံုကလဲ အရည္အေသြး အရမ္းကြာတာမ်ိဳး
ၿဖစ္မွာ မဟုတ္ဘူး”

“ေနာက္တစ္ခ်က္ … ဒီေက်ာဘက္က ဒီဇိုင္းကို ၾကည့္ၾကည့္ ။ မင္းရဲ့လက္စြပ္မွာက ၿခစ္ရာေတြ နည္းနည္းေပ်ာက္ေနတယ္ ၊ ဒါေပမယ့္ ဒီလက္စြပ္မွာက်ေတာ့ အဲ့ၿခစ္ရာေတြ ရွိေနတယ္ ။ ေၿပာရမယ္ဆုိရင္ ဒီပံုစံက ပင္ပ်ိဳပင္နဲ့ေတာင္ သြားတူတယ္ ။ ပင္ပ်ိဳပင္ဆိုတာက ေယာက်ာ္းကို ကုိယ္စားၿပဳၿပီးေတာ့ အပင္ေလးကက်ေတာ့ မိန္းမကို ကိုယ္စားၿပဳတယ္ ။ ေနာက္ဆံုးအခ်က္ကကြာ .. မင္းရဲ့လက္စြပ္အရြယ္အစားက မိန္းမတစ္ေယာက္ ရဲ့ လက္နဲ့ပဲ ကိုက္ၿပီးေတာ့ ဒီလက္စြပ္ကက်ေတာ့ ေယာက်ာ္းလက္အရြယ္ၾကီး ဟုတ္တယ္မလား ။ သားအမိလက္စြပ္က ဘယ္တုန္းကစၿပီးေတာ့ ေယာက်ာ္းေလး မိန္းကေလး အရြယ္ကို ခန့္မွန္းလုပ္တတ္သြားရတာလဲ ။ တံုးခ်က္” အမည္မရွိေသာနန္က ရွင္းၿပသြားေလသည္ ။

………………………………………………………………………….......

စာစဥ္ ၇၆၊ အခန္း ၂။ ေမာင္နွမအရင္းေတြ

ေန့၀က္ေလာက္ ၾကာသည့္တုိင္ေအာင္
ရီ၀မ္၀မ္မွာ အမည္မရွိေသာနန္ ေၿပာေနသည့္စကားတို့ကို နားမလည္ေသးပါေသာ္ၿငား ေၿပာသြားသည္တုိ့ကေတာ့ အဓိပၸာယ္ရွိသည္ဟု ရင္ထဲကေန ခံစားေနမိေလသည္ ။

“ဒါနဲ့ … ငါတုိ့ စစခ်င္းေတြ ့တုန္းက ငါ မင္းကုိ ဘာေရာင္းလိုက္လဲ မွတ္မိေသးလား” အမည္မရွိေသာနန္၏မ်က္နွာထက္တြင္ ယံုၾကည္မႈ ၊ ဂုဏ္ယူ၀င့္ၾကြားလိုမႈတိ့ု တုိးထြက္လာေတာ့ေလၿပီ ။

ရီ၀မ္၀မ္ ဘယ္လိုလုပ္ၿပီး ေမ့ပါလိမ့္မလဲ ။

ဟုိတုန္းက အမည္မရွိေသာနန္ ေရာင္းလုိက္ေသာ ပစၥည္းေၾကာင့္ သူမသည္ ရီမိသားစု၏ ေမြးေန့ပြဲေတာ္တြင္ ထြန္းလင္းေတာက္ပခြင့္ ရခဲ့ရသည္ မဟုတ္ေလာ ။

“အဲ့လက္ရာေတြအကုန္လံုးက ငါကုိယ္တုိင္ ေသေသခ်ာခ်ာေလး ထုဆစ္ထားတာေတြ … အဲ့ဒီနယ္ပယ္မွာေတာ့ ငါက အရမ္းၾကီးကို ဗဟုသုတ ၾကြယ္၀တာ ။ စိတ္ခ်လုိက္စမ္းပါကြာ ..
ဒီလက္စြပ္ေတြက လံုး၀ကုိ စံုတြဲလက္စြပ္ေတြ”
အမည္မရွိေသာနန္ ဆက္ရွင္းၿပလိုက္သည္ ။

“ဟုတ္ပါၿပီ …” ရီ၀မ္၀မ္ ေၿပာစရာစကားပင္ မရိွမိေတာ့ ။
သို့ေသာ္လည္း အမည္မရွိေသာနန္ ေၿပာသြားသည္က မွန္ေပသည္ ။ သူသည္ ဤအပိုင္းတြင္မူ ပထမအၾကီးအကဲထက္ကုိ ပုိၿပီး အသိပညာဗဟုသုတ နွ့ံစပ္ၾကြယ္၀လွပါ၏ ။ ဟိုတုန္းကပင္ ကုိယ္ပုိင္နည္းလမ္းနဲ့ ကိုယ္တုိင္ဖန္တီးထုဆစ္ထားနုိင္ခဲ့သူ ၿဖစ္ေလရကား ဤနယ္တစ္ခြင္တြင္ေတာ့ သူသည္ ပညာရွင္ၾကီးတစ္ဆူမွန္း သူမ မၿငင္းနုိင္ပါေခ် ။

“ဒါေပမယ့္ … ေယာက်ာ္းေလးလက္စြပ္ကလဲပဲ တကယ့္ကို ေကာင္းေကာင္းၾကီး သြန္းလုပ္ထားတာပါပဲ ။ အေသးစိတ္ကအစ ေၿပာရမယ္ဆုိရင္ … မင္းရဲ့လက္စြပ္နဲ့ ယွဥ္လုိက္ေတာ့မွသာ အေရာင္မွိန္သြားရတာ ။ ၿပီးေတာ့ ဒီပင္ပ်ိဳပင္ကို ပံုေဖာ္ထားတာကလဲ အရမ္းၾကီး အနုစိတ္တယ္ ။ ညီမေလး … ငါ မင္းကုိ ေဒၚလာ ၁၀၀ ေပးမယ္ေလ ၊ ငါ့ကို ေရာင္းလုိက္ပါလား” အမည္မရွိေသာနန္သည္ က်ီစယ္သည့္သေဘာၿဖင့္ ရႊတ္ေနာက္ေနာက္ေလး ရယ္ေမာကာ ေၿပာဆုိလိုက္ရာ ..

ရီ၀မ္၀မ္ သူ ့အား ၾကည့္ေပးလုိက္ေတာ့၏ ။
“ေရာင္းဖုိ့ မဟုတ္ဘူး”

“ကပ္ေစးနဲပံုကုိလဲ ၾကည့္ပါဦး .. ငါေတာ့ မင္းကို အထင္ေသးသြားၿပီ” အမည္မရွိေသာနန္သည္ သူမအား မ်က္လံုးလွန္ၾကည့္လာ၏ ။

ငါ့ကိုမ်ား ကပ္ေစးနွဲတယ္လို့ ေၿပာရေအာင္ သူ ့ကို ဘယ္ဒင္းကမ်ား သတိၱေပးလုိက္တာလဲ ။ ငါက ကပ္ေစးနဲတယ္ဆုိရင္ေတာင္
သူ ့ထက္ေတာင္ နည္းနည္းေလး ပိုသာပါေသးတယ္ေနာ္ .. ဟုတ္ၿပီလား ။ ငါတုိ့က တကယ့္ကို ေမာင္နွမအရင္းေတြ ပီသတာပဲဟာ ..

အမည္မရွိေသာနန္ကို ၿပန္ခုိင္းလိုက္ၿပီးေနာက္တြင္
ရီ၀မ္၀မ္ ဂ်ိရိႈ ့ရန္အား ဆက္သြယ္လုိက္ေတာ့၏ ။
ဟိုတုန္းက သူမသည္ ဂ်ိရိႈ ့ရန္နွင့္ ေစ့စပ္ထားခဲ့၏ ။ ထို့ေၾကာင့္ စံုတြဲလက္စြပ္သာ ၿဖစ္ရုိးမွန္လ်ွင္ ဤလက္စြပ္မွာ ဂ်ိရိႈ ့ရန္၏ လက္စြပ္သာ ၿဖစ္ရေပလိမ့္မည္ ။

မၾကာခင္ .. ဂ်ိရိႈ ့ရန္ ေရာက္ခ်လာပါ၏ ။

ထိုေယာက်ာ္းသည္ မ်က္ႏွာထက္က အၿပံဳးေလးၿဖင့္ ရီ၀မ္၀မ္၏နံေဘးတြင္ ၀င္ထုိင္လုိက္ေလသည္ ။

“အေရးၾကီးကိစၥ ေၿပာစရာ ရွိလုိ့လား”

ဂ်ိရိႈ ့ရန္ သည္ ေႏြးေထြးေသာ ႏူးညံ့ေသာအၿပံဳးၿဖင့္
သူမေလးအား ၾကည့္လာသည္ ။

“အမ္း … ဒါ ရွင့္လက္စြပ္လား”

ရီ၀မ္၀မ္သည္ ေယာက်ာ္းေလးလက္စြပ္ကို ထုတ္ယူလုိက္ၿပီး
ဂ်ိရိႈ ့ရန္ေရွ့ကို ခ်ေပးလုိက္၏ ။

ဂ်ိရိႈ ့ရန္သည္ ထုိလက္စြပ္ကုိ ၾကည့္လာကာ …

“ဘယ္လုိလုပ္ ကိုယ့္ဟာ ၿဖစ္မွာလဲ ။ ကိုယ့္ဆီမွာ လက္စြပ္တစ္ကြင္းပဲ ရွိတာကို ကိုယ္ ေလလံပြဲမွာ ေၿပာဖူးပါတယ္ ။ အဲ့လက္စြပ္ကိုလဲ အရွင္နတ္ဆိုးပဲ ၀ယ္သြားတာေလ ဟုတ္တယ္မလား”

“ရွင့္ဟာ မဟုတ္ဘူးလား ..”

ရီ၀မ္၀မ္ ပုိလုိ့ပင္ အံ့ၿသသြားရေလၿပီ ။

ဒီအေၿခအေနက ဘယ္လိုၾကီးလဲဟ ..
မိန္းမလက္စြပ္သည္ သူမဟာၿဖစ္လ်ွင္ …
ေယာက်ာ္းေလးလက္စြပ္မွာ … ။

စီရီဟန္သည္ကေတာ့ ထိုလက္စြပ္ရဲ့သမုိင္းေၾကာင္းကို သိေတာင္မသိေနေလရာ ေသခ်ာေပါက္ကုိ သူ ့အပိုင္ မဟုတ္နုိင္ေပ ။ ထို့ေၾကာင့္ ထိုလက္စြပ္မွာ ဂ်ိရိႈ ့ရန္ အပိုင္ ၿဖစ္ရေပမည္ ။
သုိ့ေသာ္ အခုေတာ့ ဂ်ိရိႈ ့ရန္ကလည္း ၿငင္းဆုိ ေနေလသည္ ။

မဟုတ္မွလြဲေရာ … သူမ … သူတစ္ပါးရဲ့ စံုတြဲလက္စြပ္ကုိ ေသာက္က်ိဳးနည္းေအာင္ စြပ္ထားမိၿခင္းေပလား …

ထုိအခုိက္အတန့္တြင္ တစ္နွစ္တာ၏ အေကာင္းဆံုးေသာ ဒရမ္မာဇာတ္လမ္းေလးတစ္ပုဒ္က သူမ၏စိတ္အစဥ္ထဲ ေၿပး၀င္လာေတာ့၏ ။ သို့ေသာ္လည္း အသက္တစ္ရွဴစာ အခ်ိန္ၿပီးေနာက္ သူမ ထိုအေတြးတို့ကို ပယ္ခ်ပစ္လုိက္ေတာ့ သည္ ။ ထိုအေတြးတုိ့က မၿဖစ္နုိင္လြန္းပါေခ် ။

စိုးရိမ္ၿခင္းကင္းေသာနန္သာ ေနာက္ထပ္ေယာက်ာ္း တစ္ေယာက္နွင့္ စံုတြဲလက္စြပ္ ၀တ္ထားခဲ့သည္ဆုိရင္ ထိုသတင္းမွာ လြတ္လပ္ေသာနယ္ေၿမ ၾကီးတစ္ခုလံုးအား ရုတ္ရုတ္သဲသဲ ၿဖစ္ကုန္ေစေပလိမ့္မည္ ။

ထို့အၿပင္ အခုလက္စြပ္ကိစၥမွာ ဂ်ိဘုရင္အတြက္ လူအရယ္ခံရစရာ ၿဖစ္လာနုိင္သၿဖင့္ နန္လင္းလံုနွင့္ ထုိအေယာင္ေဆာင္ စုိးရိမ္ၿခင္းကင္းေသာနန္တုိ့သည္ သူမနွင့္ဂ်ိရိႈ ့ရန္အၾကားတြင္ မလုိတမာစြာ ၀င္ကုန္းေခ်ာလာ ၾကေပလိမ့္မည္ ။

သားအမိလက္စြပ္လည္း ဟုတ္မေန ။ တစ္ဖန္ စုံတြဲလက္စြပ္ဆုိၿပန္ေတာ့လည္း
လက္စြပ္ပုိင္ရွင္ ေယာက်ာ္းအား ရွာမေတြ ့ၿပန္ ။

“အမ္ … ဒီလက္စြပ္နွစ္ကြင္းကုိေရာ မွတ္မိလား”
ရီ၀မ္၀မ္ လက္စြပ္နွစ္ကြင္းစလံုးကုိ ဂ်ိရိႈ ့ရန္ဆီ ကမ္းလုိက္၏။

“မမွတ္မိဘူး … ဒါေပမယ့္ ဒီဇုိင္းပံုစံနဲ့ အရြယ္အစား အရဆိုရင္ေတာ့ စံုတြဲလက္စြပ္ေတြ ၿဖစ္ေလာက္တယ္ ။ ဘာလဲ .. ကိုယ့္ကို ေပးခ်င္လုိ့လား”

စေနာက္ရယ္ေမာကာ ေၿပာဆုိလာေသာ ဂိ်ရိႈ ့ရန္ ။ သူ၏မ်က္၀န္းထဲတြင္မူကား ႏူးညံ့မႈတုိ့က ထင္းလင္းလို့ ေနလ်က္ ။

ရီ၀မ္၀မ္ ။ “…”

နားလည္မႈေတြ လြဲကုန္ၿပီ …
အၾကီးၾကီးေတြ လြဲကုန္ၿပီဟ …

…………………………………………………………………………........

စာစဥ္ ၇၆၊ အခန္း ၃။  နည္းနည္းေလာက္ ပုိၿပီးေတာ့ ပရိယာယ္ၾကြယ္ပါဦးလား

“အမ္ … ဒါ က်ြန္မဟာ မဟုတ္ဘူး” ရီ၀မ္၀မ္ အရွက္ေၿပေလး ရယ္သြမ္းေသြးလုိက္ရင္း စကားၿပန္ေၿဖလုိက္ေလသည္ ။

“ကုိယ္လဲ စေနတာပါ”
ဂ်ိရိႈ ့ရန္သည္ ခပ္တည္တည္ပင္ ဆုိလာေခ်၏ ။

ရီ၀မ္၀မ္သည္ အေစာကထိတုိင္ အမည္မရွိေသာနန္၏ ေၿပာစကားမ်ားကုိ သံသယ၀င္ေနမိခဲ့ပါေသာ္လည္း အခုတြင္မူေတာ့ လံုးလံုးၾကီးကုိ ယံုၾကည္သြားခဲ့ေလၿပီ ။ မည္သုိ့ပင္ ဆုိပါေစ ထိုလက္စြပ္တုိ့အား စံုတြဲလက္စြပ္ပါဟု ဂ်ိရိႈ ့ရန္သည္ကပင္ ေၿပာလာေလရာ ထိုသည္မွာ မွားနုိင္စရာ အေၾကာင္း မရွိေတာ့ပါေခ် ။

ရီ၀မ္၀မ္၏စိတ္ထဲတြင္ ခ်ာခ်ာလည္ေနမိသလို ခံစားေနရ၏ ။ မိန္းကေလးလက္စြပ္သည္ သူမဟာ ၿဖစ္ပါေသာ္လည္း ေယာက်ာ္းေလးလက္စြပ္သည္ကေတာ့ လ်ိဳ့၀ွက္ဆန္းၾကယ္ေနေလၿပီ ။

“ေရွာင္ဖန္း .. ဒီလက္စြပ္ေတြရဲ့ ေနာက္ကြယ္မွာ တၿခားအဓိပၸာယ္မ်ား ရွိေနလို့လား” ဂ်ိရိႈ ့ရန္က ေမးလာ၏ ။

ရီ၀မ္၀မ္ ေခါင္းခါၿပလုိက္မိပါ၏ ။
“က်ြန္မလဲ သိပ္မေသခ်ာဘူး”

ရီ၀မ္၀မ္သည္ ဂ်ိရိႈ ့ရန္ကိုမူ လံုးလံုးသတိၾကပ္ကာ မဆက္ဆံတတ္ပါေခ် ။ လိုလည္း မလုိအပ္ေပသည္ကုိး ။ ဂ်ိရိႈ ့ရန္သာ သူမအား ဒုကၡေပးလုိသည္ဆုိပါလ်ွင္ သူမသည္ ယေန့ထိေအာင္ အသက္ရွင္ေနလိမ့္စရာ ဘာအေၾကာင္းမွကုိ မရွိေနဘူး မဟုတ္ပေလာ ။

“ေရွာင္ဖန္း ၀တ္ထားတဲ့လက္စြပ္ေပၚမွာ သကၠရာဇ္တခ်ိဳ့ ေရးထားတယ္ေလ ။ လက္စြပ္ကုိ သြန္းလုပ္ထားပံုက ေခတ္မဆန္ေနဘူး ။ တၿခားလက္စြပ္ကလဲ ေနာက္သတၱဳတစ္မ်ိဳးနဲ့ သြန္းလုပ္ထားတာဆုိေတာ့ .. ဒီလက္စြပ္နွစ္ကြင္းက အခ်ိန္ၿခားၿပီး လုပ္ထားတာ ၿဖစ္ဖုိ့မ်ားတယ္”
ဂ်ိရိႈ ့ရန္သည္ ႏူးညံ့သိမ္ေမြ ့စြာၿဖင့္ ဆုိလာေလသည္ ။

“ဒီလက္စြပ္နွစ္ကြင္းက စံုတြဲလက္စြပ္ေတြ မဟုတ္ဘူးလို့ ေၿပာေနတာလား” ရီ၀မ္၀မ္ သိလုိစြာနွင့္ ထပ္ကြန့္ေမးလိုက္ မိေခ်၏ ။

“စံုတြဲလက္စြပ္ပါပဲ” ဂ်ိရိႈ ့ရန္သည္ ၿပန္ေၿဖလာ၏ ။ “ဒီလက္စြပ္နွစ္ကြင္းကို လူတစ္ေယာက္ထဲက ၿပဳလုပ္ထား တာ မဟုတ္ေနတာက နည္းနည္းထူးဆန္းေနရံုပါ .. တစ္ခ်ိန္ထဲမွာ သြန္းေလာင္းထား တာ မဟုတ္ေလာက္ဘူး ။ ကုိယ္လဲ ဒါကုိ နားမလည္ဘူး ။ ဒါက ရွားေထာင့္ရွားခဲ အေၿခအေနမ်ိဳးပဲ”

ရီ၀မ္၀မ္ခမ်ာ ငိုခ်င္စိတ္တို့ ထြန့္ထြန့္လူးမိလာရေတာ့သည္ ။ သူမသည္ ကနဦးအစကမူ အမွန္တရားမွာ ဘြားဘြားၾကီး ထြက္လာေလၿပီဟု ေတြးထင္ထားခဲ့မိ၏ ။ သုိ့ေသာ္ လ်ိဳ့၀ွက္ခ်က္သည္ကား ပိုတုိးလုိ့ပင္ ၾကီးမားထက္သန္လာ လိမ့္မည္ဟု ေယာင္ယမ္းလုိ့ပင္ မေတြးထင္မေမ်ွာ္ရည္ဖူးခဲ့ ပါေပ ။

ဂ်ိရိႈ ့ရန္နွင့္ ညစာစားသံုးၿပီးေနာက္တြင္မူ ရီ၀မ္၀မ္သည္ ဖိန့္ဖိန့္တုန္ဂုိဏ္းဆီကုိ ၿပန္သြားလုိက္ပါ၏ ။ သူမသည္ လက္စြပ္နွင့္ပတ္သက္သမ်ွအားလံုးတုိ့ကို ဦးေနွာက္၏ေနာက္အကန့္ထဲ ပုိ့ထားပစ္လုိက္ၿပီး ၿဖဴေကာင္ၾကီးနွင့္ ဗုိင္းရပ္စ္အားသာ ပြတ္သပ္ေခ်ာ့ၿမွဴ ေပးေနလုိက္ေတာ့၏ ။

သူမအေနၿဖင့္မူ မီးလ်ွံေက်ာင္းေတာ္အုပ္အား သူမကို ေနာက္ထပ္အိပ္ေမြ ့ခ်ကုသေပးဖုိ့အလုိ့ငွာ ထပ္မံ သြားေရာက္ေတာင္းဆုိလုိပါေသး၏ ။ သို့ဆုိလ်ွင္ေတာ့ သူမ တစ္စံုတရာကုိ မွတ္မိေကာင္းမွတ္မိလာနုိင္ေပသည္ ။

သို့နွင့္ ေနာက္တစ္ေန့မနက္ မိုးေသာက္အလင္းေရာက္ေသာ္ .. ရီ၀မ္၀မ္ ခုနစ္စင္ၾကယ္အား ေခၚကာ မီးလ်ွံေက်ာင္းေတာ္ဆီ သြားလုိက္ေတာ့၏ ။

မီးလ်ွံေက်ာင္းေတာ္၏ မစ္ရွင္ခ်မွတ္ရာဌာနကို ရီ၀မ္၀မ္ ေၿခခ်လုိက္လ်ွင္လုိက္ခ်င္း မ်ားစြာေသာ အဆင့္ၿမင့္ ေၾကးစားၾကီးမ်ားသည္ သူမလမ္းကို ပိတ္ရပ္ပစ္လုိက္ေလ သည္ ။

“ေဘာ့စ္ .. ေနာက္ဆံုးေတာ့ ၿပန္လာၿပီလား”
ဆုိလာသူကား S အဆင့္ ေၾကးစားတစ္ေယာက္ ။
“က်ြန္ေတာ္တုိ့ ကံေတာ္ေတာ္ေလး ေကာင္းေနတာနဲ့
ေၾကးစားမွတ္ေတြ ၅၀၀၀၀ ကုိ ရလာခဲ့တယ္ …”

တမုဟုတ္ခ်င္းပင္ ရီ၀မ္၀မ္၏ စိတ္တုိ့ အားအင္ၿပည့္ၿဖိဳး ရႊင္လန္းေ၀စည္သြားရေတာ့ေခ်သည္ ။

ေၾကးစားမွတ္မ်ားကုိ စစ္ၾကည့္လုိက္ၿပီးေနာက္တြင္
ရီ၀မ္၀မ္ ေနာက္ထပ္စစ္ေဆးစုံစမ္းၿခင္း ၿပဳမေနေတာ့ဘဲ ဒုတိယအၾကီးအကဲအား ဖုန္းေခၚလုိက္ကာ သူမဆီကုိ ပိုက္ဆံအၿမန္ေခ်ာနွင့္ လာပို့ေပးခုိင္းလုိက္ေတာ့ၿပီး
ထို S အဆင့္ ေၾကးစားမ်ားအား ေငြေပးေခ်လုိက္ေတာ့သည္။

“က်ြန္ေတာ္တုိ့ ဆက္ၿပီး မစ္ရွင္လက္ခံရဦးမလား ေဘာ့စ္”

ေၾကးစားမ်ားသည္ သူတို့အေကာင့္ထဲက ပုိက္္ဆံပမာဏကို စိတ္ေက်နပ္ၿခင္းၾကီးစြာၿဖင့္ ၾကည့္လုိက္ၾကရင္းက
အၿပံဳးပန္းမွာ ပိုတုိးလုိ့ပင္ ရႊင္လန္းၿပံဳးၿဖီးလာရ ေတာ့ေလၿပီ ။

“ဟားဟား .. ေဘာ့စ္ က .. တကယ္ၾကီး ခ်မ္းသာတာပဲ ။ က်ြန္ေတာ္တုိ့ အေစာနကပဲ ေဘာ့စ္ ေငြမရွင္းနုိင္ရင္ ေဘာ့စ္ကုိ သတ္ပစ္မယ္လုိ့ ၾကံထားၾကတာ …”

အရပ္ေထာင္ေထာင္ေမာင္းေမာင္း ၊ ကိုယ္လံုးထြားထြားက်ိဳင္းက်ိဳင္းရွိေသာ S အဆင့္ ေၾကးစားတစ္ေယာက္က မုိက္ရူးရဲဖြယ္အၿပံဳးၿဖင့္ ဆုိၿမည္လာေလၿခင္း ။

ရီ၀မ္၀မ္ ။ “…” မင္း နည္းနည္းေလာက္ ပိုၿပီး ပရိယာယ္ေလးနဲ့ ေၿပာလုိ့ မရဘူးလား ။

“ေပါက္ပန္းေလးဆယ္ေတြ .. ! ငါတို့ ဘယ္တုန္းကမ်ား ေဘာ့စ္ကုိ သတ္ပစ္ဖုိ့ ၾကံခဲ့လုိ့လဲ ။ အဲ့ေကာင္ ေလ်ွာက္ေၿပာေနတာေတြ နားမေယာင္နဲ့ ေဘာ့စ္”

ရီ၀မ္၀မ္၏ မ်က္နွာထက္တြင္ “မစုိးရိမ္ပါနဲ့ နားလည္ပါတယ္” ဆုိသည့္ အၿပံဳးၿဖင့္သာ ေခါင္းညိတ္ေပးလုိက္ရင္း
“မစ္ရွင္ေတြကို ဆက္လက္ခံထား” ဟု ေၿပာလိုက္ေတာ့သည္ ။

“က်ြန္ေတာ္တို့ ဒီတစ္ေခါက္က ကံေကာင္းသြားလုိ့သာ မစ္ရွင္ေတြကို ၿမန္ၿမန္ဆန္ဆန္ ၿပီးလာနုိင္ခဲ့တာ ။ အခ်ိန္အကန့္အသတ္မရိွဘဲနဲ့ အၾကာၾကီး လုပ္လုိ့ ရမလား ေဘာ့စ္”
S အဆင့္ ေၾကးစားတစ္ေယာက္ က ေမးလာသည္ ။

“အခ်ိန္မကန့္သတ္ထားဘူး” ရီ၀မ္၀မ္ ၿပန္ေၿဖေပးလုိက္၏ ။

ရီ၀မ္၀မ္၏ ကတိစကားတစ္ခြန္းကို ရလိုက္ၿပီးသည့္ေနာက္တြင္
ထုိ S အဆင့္ ေၾကးစားမ်ားသည္ ရီ၀မ္၀မ္၏နာမည္ကုိ သံုးကာ မစ္ရွင္မ်ားစြာကို ထပ္မံ လက္ခံယူငင္လုိက္ၾကေလၿပီ ။

ရီ၀မ္၀မ္အတြက္သည္ကား သူမသည္ ထုိဂုဏ္ၿပဳမွတ္ ၅၀၀၀၀ ကုိ သံုးကာ သူမအား ဒုတိယအၾကိမ္ေၿမာက္ အိပ္ေမြ ့ခ်ကုသနည္း လုပ္ထံုးကုိ ၿပဳလုပ္ေပးပါရန္ ေက်ာင္းအုပ္ၾကီးအား ေတာင္းဆုိရေပမည္ ။ ထို့ေနာက္တြင္ ထုိလက္စြပ္မ်ား၏သမုိင္းကို စံုစမ္းရွာေဖြရေပမည္သာ ၿဖစ္၏။

...................................................................................

စာစဥ္ ၇၆၊ အခန္း ၄။ ဥာဏ္ရႊင္သည္ဟု ယူဆနုိင္သည္

ရီ၀မ္၀မ္သည္ ထိုမစ္ရွင္ခ်ေပးရာေနရာဆီကို အေလာတၾကီး ထြက္မသြားပါေပ ။ သူမသည္ တရုတ္ၿပည္ကုိ ခရီးတစ္ေခါက္ မနွင္မီက အမွတ္ ၅၀၀၀ တန္ေသာ အၿပစ္သားေၾကးစားမ်ားကို ၿဖိဳခြင္းရန္ မစ္ရွင္ကုိ လက္ခံ သြားခဲ့တာေၾကာင့္ ထိုမစ္ရွင္ကုိ အရင္ဆံုး ၿပန္အပ္ရေပမည္ ။

မစ္ရွင္အပ္ရာေနရာကို ေရာက္လာေသာ ရီ၀မ္၀မ္အား
ေတြ ့လုိက္ၾကသည့္ ေၾကးစားမ်ားမွာ ခပ္တုိးတုိးေလး ေရရႊတ္အတင္းတုတ္လာၾကေတာ့သည္ ။
ထုိေၾကးစားမ်ားအဖို့ေတာ့ ရီ၀မ္၀မ္မွာ မီးလ်ွံေက်ာင္းေတာ္သမုိင္းတြင္ အထူးဆန္းစားေက်ာင္းသူသစ္ေလး ၿဖစ္ေခ်၏ ။

“ငါလခြမ္း .. ! အဲ့ဒါ ရီ၀မ္၀မ္ မဟုတ္ဘူးလား ။ ငါ ၾကားတာေတာ့
သူက အရမ္းၾကီးကို ၾကမ္းတယ္ဆို .. ။ ဒီနွစ္သုိင္းၿပိဳင္ပြဲမွာ
ပထမေနရာ စြဲသြားၿပီးေတာ့ ပြဲအခ်ီေတြအမ်ားၾကီး နုိင္လိုက္တဲ့ပံုက နန္လင္းလံု ခ်ိဳးသြားတဲ့စံခ်ိန္တစ္ခုကိုပါ ခ်ိဳးသြားနုိင္ခဲ့တဲ့အထိဆို”

“မန္ကဲကုိပါ ဆုိးဆိုး၀ါး၀ါးၾကီး ဒဏ္ရာရသြားေအာင္ လုပ္ပစ္နုိင္ခဲ့ၿပီးေတာ့ မန္ထင္းကိုလဲ သတ္ပစ္ခဲ့တာတဲ့ ။ ဟိုနွစ္ေယာက္က S အဆင့္ ေၾကးစားၾကီး ေတြေနာ္”

“ငါ ၾကားတာက်ေတာ့ ရီ၀မ္၀မ္က အရက္မူးလက္သီးသုိင္းကိုလဲ တတ္ေသးတယ္တဲ့ .. ။
သူ အရက္မူးသြားရင္ ဘယ္သူ ့ကုိမွ မမွတ္မိေတာ့ဘဲ ေသေလာက္ေအာင္ကုိ ၾကမ္းတာဆိုလား .. စီနီယာအစ္ကုိၾကီးေတြ ေၿပာၾကတာကေတာ့ အဲ့ဒီရီ၀မ္၀မ္က အရက္မူးလက္သီးသုိင္းကို ေတာရုိင္းေမ်ာက္ေတြ လူ၀ံၾကီးေတြ ဆီကေန သင္လာခဲ့တာတဲ့ဟ”

ရီ၀မ္၀မ္ ။ “…” ငါက .. ေတာရုိင္းေမ်ာက္ၾကီးေတြ ၊ လူ၀ံၾကီးေတြဆီကေန သင္လာခဲ့တာလား ?!

ေကာလဟလတုိ့၏ စြမ္းပကားသည္ကား အဟုတ္အမွန္ပင္ ေလ်ွာ့တြက္လုိ့ မရစေကာင္းပါေခ် …

မၾကာခင္ … ရီ၀မ္၀မ္သည္ မစ္ရွင္အပ္ရာဌာနကုိ ေရာက္ရွိသြားၿပီး တန္း၀င္စီလိုက္၏ ။ သူမ၏အေရွ့တြင္ စီတန္းကာ အလွည့္က်ေစာင့္ေနသူမ်ားမွာ ပ်ားပန္းခတ္မ်ွ မ်ားၿပားလွေခ်သည္ ။

“စီနီယာမမပါလား .. လာ လာ လာ .. အေရွ့ကုိ သြား”

“ဟုတ္သားပဲ … စီနီယာမမရဲ့မစ္ရွင္က အရင္အပ္မွ ၿဖစ္မွာေပါ့”

မ်ားစြာေသာ B အဆင့္ ေၾကးစားမ်ားခမ်ာ
ရီ၀မ္၀မ္ကုိ ေတြ ့လုိက္ရသည့္သကာလ
ခ်က္ခ်င္းပင္ မ်က္ကၿပဴးဆန္ကပ်ာ ၿဖစ္ကုန္ၾကေတာ့ၿပီး အေလာသံုးဆယ္ ေဘးေရႊ ့ေပးၾကေတာ့ေလ၏ ။

တန္းစီေနသည္ကုိ ၿဖတ္ေက်ာ္တက္ၿခင္းမွာ လူမပီသေသာ အၿပဳအမူတည္း ၿဖစ္ပါေသာ္ၿငား တၿခားသူမ်ားက သူတို့ေနရာမ်ားကုိ သူမအား လုိလိုလားလား လာေပးေနၾကၿခင္းမို့ ရီ၀မ္၀မ္လည္း ဘာမွ မတတ္နုိင္ေတာ့ ပါေပ ။

သို့နွင့္ ရီ၀မ္၀မ္ မတတ္သာေတာ့ဘဲ ထိပ္ဆံုးကုိ ေရာက္သြား ေတာ့ေလသည္ ။

ေရွ့ဆံုးတြင္မူ … မီးလ်ွံေက်ာင္းဆရာတစ္ေယာက္သည္ ရီ၀မ္၀မ္အား ၾကည့္လာကာ တိုးတုိးညင္းညင္းေလး ရယ္ေမာလုိက္ရင္း မွတ္ခ်က္ၿပဳလာ၏ ။

“အာ … ရီ၀မ္၀မ္ … အၾကီးအကဲ ခံုး ရဲ့ တပည့္မေလးပါလား ။
သမီးက ဒီေလာက္ငယ္ငယ္ေလးနဲ့ စြမ္းေဆာင္နုိင္ေနၿပီ ဆုိေတာ့ သမီးရဲ့ေရွ့ဆက္ရမယ့္ခရီးလမ္းအနာဂတ္ကေတာ့ အကန့္အသတ္မဲ့ဦးမွာပဲ”

“ေက်းဇူးတင္ပါတယ္ ဆရာ ။ က်ြန္မ မစ္ရွင္ အပ္ခ်င္လုိ့ပါ”
ရီ၀မ္၀မ္ ေၿပာလုိက္ပါ၏ ။

ထို့ေနာက္တြင္ ထိုအၿပစ္သားေၾကးစားမ်ား၏ ဓာတ္ပံုအလီလီ ကို ရီ၀မ္၀မ္ ထိုဆရာအား အပ္လိုက္ေတာ့ေလသည္ ။

“အိုး … ဒီဟာက … အၿပစ္သားေၾကးစားမ်ားကို ေခ်မႈန္းရတဲ့ မစ္ရွင္ပါလား ။ သမီး ေအာင္ၿမင္လာခဲ့ၿပီလား” အနွီဆရာမွာ သိခ်င္စိတ္တုိ့ တလိပ္လိပ္တုိးေ၀ကာ ေမးလုိက္မိသည္နွင့္
“ဟုတ္ကဲ့” ဟု ဆုိကာ ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္ေတာ့၏ ။

“ဒါဆုိ … သူတုိ့ရဲ့ေခါင္းက ဘယ္မွာလဲ” ထိုဆရာသည္ ရီ၀မ္၀မ္၏ပတ္ခ်ာလည္ကုိ ေ၀့၀ဲၾကည့္လုိက္ရာ .. သူမေလးသည္ လက္ဗလာနွင့္ လာခဲ့ေလၿခင္းမွန္းကုိ သိရွိသြားရေတာ့၏ ။

“သူတုိ့ရဲ့ေခါင္းလား…”
ရီ၀မ္၀မ္ အံ့ၿသဘနန္း ၿဖစ္မိသြား၏ ။

သူတုိ့ေတြ တစ္ခုခုမ်ား မွားေနၾကတာလား ။
ေခါင္းၿပတ္ၾကီးကို လုိခ်င္ေနတာလား ..
ဒါ ဘယ္လုိရြံစရာၿပက္လံုးၾကီးလဲ ..

ထုိေၾကးစားမ်ားသည္ တရုတ္ၿပည္တြင္ ဥပေဒတုိ့ကုိ ခ်ိဳးေဖာက္က်ဴးလြန္ထားခဲ့ၾကေသာ္လည္း သူမသည္ သူတုိ့၏ေခါင္းၿပတ္ၾကီးကုိ ၿပန္ယူလာမည္ဆုိလ်ွင္
သူမပါ ဥပေဒကုိ ခ်ဳိးေဖာက္သူ ၿဖစ္မသြားေပဘူးေလာ ။
သို့သာဆုိလ်ွင္ သူမသည္ ဤလြတ္လပ္ေသာနယ္ေၿမကုိ ၿပန္လာနုိင္ပါေတာ့မလားဟုပင္ စဥ္းစားစရာၿဖစ္သြားေပ လိမ့္ဦးမည္ ။

“ဟင့္အင္း .. ဒါေပမယ့္ သက္ေသအေနနဲ့ ဗြီဒီယို ယူလာခဲ့ပါတယ္”

ရီ၀မ္၀မ္ ဖုန္းကုိ ထုတ္လုိက္ၿပီး ဗြီဒီယုိကုိ ဖြင့္လုိက္ပါ၏ ။

ဗြီဒီယုိထဲတြင္ တရုတ္ရဲမ်ားက ဖမ္းထားၾကေသာ ထုိအၿပစ္သားေၾကးစားတစ္သုိုက္ ။

“သမီး …” ဆရာၿဖစ္သူခမ်ာ မယံုၾကည္နုိင္ၿခင္းနွင့္အတူ
ထုိဗြီဒီယိုအား စူးစူးစုိက္စုိက္ကုိ ၾကည့္ေနမိေတာ့၏ ။

အခုလို မစ္ရွင္အပ္ၿခင္းက ဘယ္လုိေလၾကီးလဲ …?!

“က်ြန္မ လက္ခံလာခဲ့တဲ့မစ္ရွင္က ေခ်မႈန္းေရးလုိ့ ေခၚပါတယ္ ။ ရဲေခၚလိုက္တဲ့သူက က်ြန္မဆိုေတာ့ ဒါကုိ ေခ်မႈန္းလုိက္နုိင္ၿပီလုိ့ ယူဆလုိ့ရနုိင္ၿပီမလား ဆရာ”
ရီ၀မ္၀မ္သည္ကား ထူးမၿခားနားစြာ ခပ္ၿပံဳးၿပံဳး ။

“သမီးက … ရဲေခၚလုိက္တာလား …?!”

မီးလ်ွံေက်ာင္းေတာ္ဆရာခမ်ာ ၾကက္ေသေသေနလ်က္ ။ မစ္ရွင္တစ္ခုကို အခုလုိမ်ိဳး ၿပီးေၿမာက္လာခဲ့သူအား သူ တစ္ခါမွပင္ မၿမင္ခဲ့မၾကံဳခဲ့ရဖူးပါေပ ။ ထို့အၿပင္ … သူမသည္ ဘယ္လုိလုပ္ ရဲထေခၚနုိင္ရသည္နည္း ။ ထုိသည္ကား မီးလ်ွံေက်ာင္းေတာ္ကို ဂုဏ္သေရအညွိဳးႏြမ္းၾကီး ညွိဳးႏြမ္း ယုတ္ေလ်ာ့ေစလြန္းသည္ မဟုတ္ပါေလာ .. ။

“ဟုတ္ကဲ့” ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္ၿပီး ၀မ္းေၿမာက္ရႊင္လန္းစြာ စကားဆုိလုိက္သည္က ...
“မစ္ရွင္မွာက က်ြန္မ ဘယ္လုိမ်ိဳး ေအာင္ၿမင္ေအာင္ လုပ္လာခဲ့ရပါမယ္ လို့ မညႊန္ၾကားထားဘူးေလ ။ ဒါေၾကာင့္မို့ ဒါကို မစ္ရွင္ေအာင္ၿပီလို့ သတ္မွတ္လုိ့ ရနုိင္ေလာက္တယ္ မလား ဆရာ”

ဆရာ ။ “…”

မီးလ်ွံေက်ာင္းေတာ္ဆရာမွာ ၿပန္ၿငင္းပစ္လိုက္ခ်င္ပါေသာ္ၿငား ေန့တစ္၀က္ေလာက္ၾကာေအာင္ကုိ ၿပန္ေၿပာစရာစကားလံုးကား ရွာမေတြ ့ၿဖစ္ေနရ၏ ။ ထိုမစ္ရွင္ထဲတြင္ အမွန္တကယ္ကုိ ဘာမွ မေၿပာထားသလုိ ဘာကုိမွလည္း မကန့္ကြက္မတားၿမစ္ ထားခဲ့ပါေခ် ။

သို့ေသာ္ၿငားလည္း ရဲေခၚၿခင္းအမႈကုိ ၿပဳလုိက္ၿခင္းက … မီးလ်ွံေက်ာင္းေတာ္၏ရာဇ၀င္တြင္ ရဲေခၚၿပီး မစ္ရွင္ၿပီးေၿမာက္ခဲ့သည့္ ေက်ာင္းသားမ်ား တစ္ေယာက္ဆုိတစ္ေယာက္မွပင္ မရွိဖူးခဲ့ပါေခ် ။ ဤသတင္းသာ အၿပင္ကို ေပါက္ၾကားသြားခဲ့ပါလ်ွင္ …

အဆံုးသတ္တြင္ေတာ့ ထုိဆရာမွာ ဆြံ ့အေနမိရင္းၿဖင့္ပင္ ရီ၀မ္၀မ္၏ မစ္ရွင္ၿပီးေၿမာက္ေၾကာင္း စာရြက္အေပၚတြင္ မစ္ရွင္ၿပီးေၿမာက္ပါေၾကာင္း တံဆိပ္ေခါင္း ထုေပးလုိက္ရ ေတာ့သည္တည္း ။

……………………………………………………………………..............

စာစဥ္ ၇၆၊ အခန္း ၅။  ေသရမွာ မေၾကာက္ဘူးလား

ေၾကးစားမွတ္ ၅၀၀၀ ကုိ ရရွိလုိက္ၿပီးသည့္ေနာက္တြင္ ရီ၀မ္၀မ္ ေပ်ာ္ရႊင္ၾကည္ႏူးတစ္တီတူးစြာၿဖင့္ ေၿခလွမ္းက်ယ္ၾကီးမ်ားနွင့္ ထြက္ခြာလာကာ မစ္ရွင္ဌာနဆီကို ၿပန္လည္ဦးတည္လုိက္ေတာ့ေလၿပီ ။

မေရွးမေနွာင္းပင္ အားလံုး၏ တအံ့တၿသၿဖစ္ေနေသာ အၾကည့္မ်ား၏ အေရွ့တည့္တည့္တြင္ပင္ ရီ၀မ္၀မ္
S အဆင့္ မစ္ရွင္နွစ္ခုနွင့္ S+ အဆင့္ မစ္ရွင္တစ္ခုကို ေအာင္ေအာင္ၿမင္ၿမင္ၿဖင့္ ၿဗိခနဲ ဆြဲၿဖဳတ္ပစ္ လိုက္ေတာ့၏ ။

S အဆင့္ မစ္ရွင္ - ဂ်ိဘုရင္ ပုိင္ဆုိင္သည့္ လက္စြဲေတာ္ လက္စြပ္ကို ယူၿပီး ဂုဏ္ၿပဳမွတ္ ၁၀၀၀၀ ရယူပါ ။

S အဆင့္ မစ္ရွင္ ။ အရွင္နတ္ဆိုးဆီမွ ဆံၿခည္တစ္မ်ွင္ကို ရယူၿပီး ဂုဏ္ၿပဳမွတ္ ၁၀၀၀၀ ရယူပါ ။

S+ အဆင့္ မစ္ရွင္ - တံဆိပ္ၿပားတစ္ခုကို ၿပန္ယူလာၿပီး (အရွင္နတ္ဆုိးရဲ့ ၿပန္ဖမ္းခံရနုိင္ေခ် ၿမင့္ၿပီး စစ္တလင္းခင္းရနုိင္ေခ် ၿမင့္သည္) ေၾကးစားမွတ္ ၇၀၀၀ ရယူပါ ။

“လခြမ္း … ရီ၀မ္၀မ္ ရူးမ်ားသြားၿပီလား ။ S အဆင့္ နွစ္ခုနဲ့
S+ အဆင့္ တစ္ခု ။ အားလံုးကလဲ အရွင္နတ္ဆိုးနဲ့ ဂ်ိဘုရင္တုိ့နဲ့ သြားပတ္သက္ေနတဲ့ဟာၾကီးေတြ ။ ေသာက္က်ိဳးနည္းေအာင္
သူ ဘာေတြမ်ား ေတြးေနတာလဲ”

“ငါေတာ့ အဲ့ဒီ S အဆင့္ မစ္ရွင္ၾကီးနွစ္ခုကိုမွ သူ ေရြးလက္ခံလုိက္ရတဲ့ အေၾကာင္းကို လံုး၀ကုိ နားမလည္နုိင္ေတာ့ဘူး ။ အဲ့ဒီ S+ အဆင့္ မစ္ရွင္ကုိပဲ ၾကည့္ဦး ! တံဆိပ္ၿပားကုိ ၿပန္ယူလာရမွာ .. ၿပီးေတာ့လဲ အရွင္နတ္ဆုိးရဲ့ အဖမ္းခံရနုိင္ေခ်က ၿမင့္ေသးတယ္ ၊ အခန့္မသင့္ရင္ စစ္တလင္းေတာင္မွ ခင္းရနုိင္ေခ် ၿမင့္တယ္ ။ သူ ့အသက္ကုိ ေငြလင္ဗန္းေပၚ တင္ထားေနတာနဲ့ အတူတူပဲ မဟုတ္ဘူးလား”

“ဒါေပမယ့္ေလ .. ဒီမတုိင္ခင္ကလဲ ရီ၀မ္၀မ္က ဖိန့္ဖိန့္တုန္ရဲ့ခုနစ္စင္ၾကယ္ နဲ့ ၾကယ္ခုနစ္ကုိ နုိင္ေအာင္တုိက္ပါ ဆုိတဲ့ မစ္ရွင္ကုိ လက္ခံသြားၿပီးေတာ့ ေအာင္ၿမင္လာခဲ့တယ္လုိ့ ငါ ၾကားခဲ့တယ္ေရာ္”

“ဒါေပမယ့္လဲဟာ သူက စြမ္းပါတယ္ဆုိရင္ေတာင္ အရက္မူးလက္သီးသိုင္းကုိ ေမ်ာက္ၾကီးနဲ့ ၀က္၀ံၾကီးဆီကေန သင္ထားၿပီးေတာ့ တတ္ထားတယ္ဆုိရင္ေတာင္ .. ဟုိဘက္က အရွင္နတ္ဆိုးေလဟ ။ သူ သြားခုိးတဲ့အခ်ိန္ အရွင္နတ္ဆိုးေတာင္ ရွိရင္ရွိေနဦးမယ္ ။ ဒါက ခုနစ္စင္ၾကယ္နဲ့ ၾကယ္ခုနစ္ကို နုိင္လာတာမ်ိဳးနဲ့ လားလားမွကုိ မဆုိင္တာေလဟ”

“ဟိုတုန္းက စီနီယာအစ္မ နန္လင္းလံု စံခ်ိန္တင္သြားခဲ့တုန္းက တစ္လအတြင္းမွာတင္ S အဆင့္ မစ္ရွင္နွစ္ခုနဲ့ A+အဆင့္ မစ္ရွင္တစ္ခုကို တစ္ေယာက္ထဲ ေအာင္ၿမင္လာခဲ့တာေလ မဟုတ္ဘူးလား ။ ရီ၀မ္၀မ္က ေနာက္ထပ္ စံခ်ိန္မ်ား တင္ခ်င္ လိုု့မ်ားလား ။ သူ ေသရမွာ မေၾကာက္ဘူးလား”

ရီ၀မ္၀မ္သည္ကား လူတိုင္း၏ ေပါက္ေပါက္ေဖာက္ေနေသာ ထုိစကားသံမ်ားကုိ လံုးလံုးလ်ားလ်ား လ်စ္လ်ဴရႈထားေလၿပီး ထိုမစ္ရွင္သံုးခုကို လက္ခံကာ လွည့္ထြက္သြားေတာ့ေလသည္ ။

သူမသည္ ထိုမစ္ရွင္သံုးခုကို ေအာင္ၿမင္လုိက္သည္နွင့္ သူမ၏စာရင္းထဲကုိ ဂုဏ္ၿပဳမွတ္ ၄၀၀၀၀ က ထပ္၀င္လာေပလိမ့္မည္ ။ အမွတ္ေတြကို ေရတြက္ၾကည့္လုိက္မိသည္တြင္ ေက်ာင္းအုပ္ဆရာၾကီးဆီကေန ေနာက္ထပ္ကုသမႈကို ရဖုိ့ရာ လုံေလာက္သြားေလၿပီ ။ သူမ ရုတ္တရက္ပင္ မွတ္ဥာဏ္ေတြ ၿပန္ရလာေတာ့မလုိ ခံစားမိလာေတာ့ၿပီး ထုိအမွတ္မ်ားမွာ လည္း ရွာရသိပ္မခက္ေၾကာင္း ေတြ ့ရွိမိ လာေတာ့၏ ။

မစ္ရွင္ခ်ေပးရာဌာနကေန ထြက္လာၿပီးသည့္ေနာက္တြင္
ရီ၀မ္၀မ္သည္ အၾကီးအကဲ ခံုး ဆီကုိ အရင္ သြားလုိက္ၿပီး ေဘးအႏၱရာယ္ကင္းကင္းရွင္းရွင္း ရွိပါေၾကာင္းကို သတင္းပို့လုိက္ၿပီးေနာက္ ေက်ာင္းအုပ္ၾကီး၏ ရံုးခန္းဆီကို သုတ္ေၿခတင္ကာ သြားလုိက္ေတာ့၏ ။

ေက်ာင္းအုပ္ၾကီး၏ရံုးခန္းဆီကုိ ေရာက္သြားသည္နွင့္
သူမ တံခါးကို ေခါက္လုိက္ၿပီး ခြင့္ၿပဳခ်က္ရသၿဖင့္ ၀င္သြားလုိက္ေတာ့၏ ။

“ေက်ာင္းအုပ္ၾကီး …”

မ်က္မွန္တစ္လက္ကုိ တပ္ကာ စာရြက္စာတမ္းမ်ား ဖတ္ရႈေနေသာ အဘိုးအုိအား ရီ၀မ္၀မ္ ၀မ္းသာရႊင္လန္းစြာ ၾကည့္ေနမိ၏ ။

“ဂုဏ္ၿပဳမွတ္အေၾကြးေတြ ၿပန္လာဆပ္တာလား”

မီးလ်ွံေက်ာင္းအုပ္ၾကီးသည္ သူမေလးအား ေမာ့ၾကည့္လာကာ အကဲခတ္ေလ၏ ။

ရီ၀မ္၀မ္ အံ့ၿသသြားရ၏ ။ သူမသည္ ထုိအၿခင္းအရာကို လံုး၀ကုိ ေမ့ေလ်ာ့ေနခဲ့သည္ကုိး .. ။
ေက်ာင္းအုပ္ၾကီးထံတြင္ ဂုဏ္ၿပဳမွတ္ ၂၅၀၀၀ အေၾကြးေပးဖုိ့ ရွိေနေသးေလသည္ မဟုတ္ေလာ ။

“ဟုတ္ပါတယ္” ရီ၀မ္၀မ္ ေခါင္းညိတ္ၿပလုိက္ရပါ၏ ။
သူမ၏ မစ္ရွင္ၿပီးလာေၾကာင္း စာရြက္စာတမ္းတုိ့ကို ဆြဲထုတ္လုိက္ၿပီးေနာက္ ထုိဂုဏ္ၿပဳမွတ္ ၂၅၀၀၀ ကုိ ေက်ာင္းအုပ္ၾကီးအား ၿပန္ဆပ္လုိက္ရေတာ့၏ ။

“ေကာင္းတယ္ .. ေကာင္းတယ္ .. မင္းက စကားေတာ့ တည္သားပဲ”

ေက်ာင္းအုပ္ၾကီးမွာ နွစ္ေထာင္းအားရၿဖစ္စြာ သူမေလးအား ၾကည့္ရင္း ေခါင္းတဆတ္ဆတ္ ညိတ္လာေတာ့သည္ ။

“ေက်ာင္းအုပ္ၾကီး … က်ြန္မ အေရွ့ရက္က တရုတ္ၿပည္ကုိ ေရာက္တုန္း ေက်ာင္းအုပ္ၾကီးက အရက္ေသာက္ရတာကို ၾကိဳက္တယ္ဆုိတာ ၾကားခဲ့ရလုိ့ ..ဆရာ့အတြက္ နည္းနည္းပါးပါး ၀ယ္လာခဲ့ပါတယ္”

ရီ၀မ္၀မ္ ၿပံဳးလုိက္ကာ ထုိအရက္ဗူးမ်ားကုိ စားပြဲေပး တင္ေပးလိုက္ေတာ့သည္ ။

မီးလ်ွံေက်ာင္းအုပ္ၾကီး ေၿပာလာေလၿပီ ။
“ေက်းဇူးပဲ .. မင္းက ေတာ္ေတာ္ေလး သိတတ္သားပဲ ။
ငါလဲပဲ ငယ္ငယ္တုန္းက တရုတ္ၿပည္ကုိ တစ္ခါ ေရာက္ဖူးတယ္ ။ အဲ့ဒီက အရက္ေတြက တကယ့္ေကာင္းတာေတာ့ အမွန္ပဲ”

ေက်ာင္းအုပ္ၾကီးက လက္ခံလိုက္ေသာေၾကာင့္
ရီ၀မ္၀မ္ ၿပံဳးရႊင္မိသြားၿပီး ေၿပာလိုက္ေတာ့သည္ ။

“အမ္ .. ေက်ာင္းအုပ္ၾကီး .. က်ြန္မမွာ ဂုဏ္ၿပဳမွတ္ ၃၀၀၀၀ က်န္ေနေသးတယ္ ။ အဲ့ဒါ ေက်ာင္းအုပ္ၾကီး အိပ္ေမြ ့ခ်နည္းနဲ့ ကုသေပးလုိ့ ရမလား”

“အမွတ္ ၅၀၀၀၀ ၿပည့္မွ ၿပန္လာခဲ့”

“ေက်ာင္းအုပ္ၾကီးကလဲ … ဒီလုိစကားကုိ မၾကားဖူးဘူးလား ။ ‘ေခ်းထားတာကို အခ်ိန္မွီၿပန္ဆပ္ပါ ။ ဒါဆုိ ေနာက္ထပ္တစ္ၾကိမ္ ထပ္ေခ်းလို့ ရၿပီ’ တဲ့ ။
တပည့္က ဆရာ့ကို ၂၅၀၀၀ ၿပန္ဆပ္ၿပီးသြားၿပီေလ ...
အခုက ထပ္ေခ်းတာဟာကုိ”

ရီ၀မ္၀မ္ ေၿမွာက္ပင့္ခယကာ နားခ်ေလၿပီ။

…………………………………………………………………….............

စာစဥ္ ၇၆၊ အခန္း ၆ ။ ငါက ယံုၾကည္မႈကို တန္ဖိုးအထားဆံုး

မီးလ်ွံေက်ာင္းေတာ္အုပ္ၾကီး မဆိုစေလာက္ေလး မ်က္ေမွာင္ၾကဳတ္လာ၏ ။

“ဘယ္လိုမ်ား ဒီလိုလုပ္နုိင္ရတာလဲ ။ အခုေလးတင္ အေၾကြးဆပ္ၿပီးသြားရံုရွိေသးတယ္ ခ်က္ခ်င္း အေၾကြးထပ္လုိခ်င္တယ္ ။ အစကတည္းက အေၾကြးမေပးပဲဘဲ ေနလိုက္ပါေတာ့လား”

“ေက်ာင္းအုပ္ၾကီးကလဲ .. ၾကည့္ေလ ေက်ာင္းအုပ္ၾကီးက က်ြန္မရဲ့အရက္ကုိၿဖင့္ လက္ခံထားၿပီးေနၿပီဟာကို ။ က်ြန္မမွာ အဲ့အရက္ကုိ တရုတ္ၿပည္ကေန ခက္ခက္ခဲခဲ ပင္ပင္ပန္းပန္း အဆင္းရဲေတြခံၿပီး ၿပန္သယ္လာခဲ့ရတာေနာ္”
ရီ၀မ္၀မ္သည္ ရင္ကြဲနာက်ဟန္ေလးနွင့္ သက္ၿပင္းေလးကို တခ်ခ်ၿပဳေနေလ၏ ။

“မင္း …”

ေက်ာင္းအုပ္ၾကီးခမ်ာ ဇေ၀ဇ၀ါ ၿဖစ္မိသြားေတာ့ၿပီး
အနွီရီ၀မ္၀မ္အား ၾကည့္မိသြားေတာ့၏ ။
သူမသည္ ဒါေၾကာင့္မို့ အရက္လက္ေဆာင္ ေပးလာၿခင္းကုိး ။ သူမသည္ ဒီယုန္ကုိ ၿမင္လုိ့ ဒီၿခံဳကို ထြင္ခဲ့ၿခင္းကိုး ။
သူေပးတာကို ယူ ၊ သူ ေက်ြးတာကို စားလုိက္မိသည္နွင့္
ထိုသူ့အတြက္ လက္တုိ့ခ်ည္တုိ့ကို တုပ္ေနွာင္ခံထားရၿပီးသား ၿဖစ္သြားေလၿပီ မဟုတ္ပါလား ။ သူသာ ယေန့တြင္
ရီ၀မ္၀မ္အား သူ ့အေပၚ အေၾကြးတင္သြားခြင့္ ၿပဳမိလုိက္ၿပီး ထိုအၿခင္းအရာမွာလဲ အၿပင္ကို ေပါက္ၾကားသြားခဲ့ပါလ်ွင္
သူသည္ တပည့္ၿဖစ္သူအေပၚမွာ အခြင့္အေရးယူတတ္ၿခင္းအမႈ၌ ေပ်ာ္ေမြ ့ေနသူၾကီး တစ္ေယာက္ဟု အမ်ားက ထင္ၿမင္သြားၾကေပ လိမ့္မည္ ။

“ဟုိမွာ သြားလွဲလုိက္ ။ အေၾကြး ၂၀၀၀၀ ကို တစ္လအတြင္းေတာ့ ၿပန္ဆပ္ရမယ္ေနာ္”
ေက်ာင္းအုပ္ၾကီးက အလုိမက်မႈန္သုန္ဆူအစ္စြာၿဖင့္ ေၿပာဆိုလာ၏ ။

“ၿပန္ေပးမွာေပါ့ .. စိတ္ခ်ပါ ။ က်ြန္မက ယံုၾကည္မႈကို တန္ဖိုးအထားဆံုးပါ ဆရာရဲ့”

ေက်ာင္းအုပ္ၾကီး၏ သေဘာတူလုိက္ၿခင္းေၾကာင့္ ရီ၀မ္၀မ္၏အၿပံဳးမွာ ၾကီးမားသထက္ၾကီးမားလာမိေတာ့ၿပီး သူမေလး ခ်က္ခ်င္းလက္ငင္း ရံုးခန္းထဲက ကုလားထုိင္ေပၚ သြားကာ လွဲခ်လုိက္ေတာ့၏ ။

ေက်ာင္းအုပ္ၾကီးသည္ သူ၏စာရြက္စာတမ္း ဖတ္ၿခင္းအမႈကို ၿပဳၿပီးသည္နွင့္ ထမတ္တပ္ရပ္လာကာ ရီ၀မ္၀မ္ဆီကုိ ေလွ်ာက္လာေလသည္ ။ အိပ္ေမြ ့ခ်ၿခင္းကုထံုးကုိ ၿပီးခဲ့သည့္တစ္ေခါက္ကအတုိင္း ထပ္တူညီစြာပင္ စတင္လိုက္ ေတာ့ေလၿပီ ။

ေက်ာင္းအုပ္ၾကီးထံမွ ေမးခြန္းတစ္ခ်ိဳ ့ကို ေၿဖၾကားၿပီးေနာက္တြင္ ရီ၀မ္၀မ္ အိပ္ေမြ ့ခ်ၿခင္းစည္းခ်က္ထဲ နစ္ေၿမာသြားေလၿပီး
မ်က္လႊာတို့ ေလးလံလာရေတာ့ကာ မၾကာခင္ နွစ္နွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်သြားေတာ့၏ ။

သိစိတ္နွင့္ မသိစိတ္ၾကား လြန္ဆြဲေနမိရင္းမွ သူမေလး၏စိတ္၀ိဥာဥ္မွာ ကုိယ္တြင္းထဲကေန ခြဲထြက္သြား ေလသေယာင္ပင္ ။

လြတ္လပ္ေသာနယ္ေၿမ၏ ေခ်ာင္တစ္ေခ်ာင္တြင္
မိုးၿပာေရာင္ သုိင္း၀တ္စံုကို ၀တ္ဆင္ထားသည့္ မိန္းကေလး တစ္ေယာက္သည္ လမ္းမၾကီးေဘးတြင္ ပစ္လဲလုိ့ ေန၏ ။ သူမေလး၏ကုိယ္ကေန ေသြးတိ့ုၿဖင့္ ရႊဲရႊဲနစ္ေနလ်က္။

မုိးေကာင္ကင္ထက္တြင္ မီးခုိးေရာင္တိမ္တုိက္ၾကီးတုိ့က အံုဖြဲ ့ကာ သိပ္သည္းလို့ေနၿပီး မိုးထက္ကေန မိုးစက္တုိ့က တ၀ုန္း၀ုန္း ၾကဲခ်ေနေလသည္ ။ အနွီမိန္းကေလးခမ်ာ မိုးေရတုိ့လဲ ရႊဲရႊဲစုိကာ တစိမ့္စိမ့္ထြက္ေနသည့္ ေသြးတို့ကလဲ ညစ္ပတ္ေပေရလုိ့ ေနရင္း သူမေလး၏ပံုဟန္ေလးမွာ ေၿမၾကီးနွင့္ တစ္သားထဲ ၿဖစ္ေတာ့မလားပင္ ေအာက္ေမ့ရ၏။

ဤထိတ္လန့္ေခ်ာက္ခ်ားစဖြယ္ေကာင္းေသာ အက်ည္းတန္ေသာ ပံုရိပ္သည္ကား အမွန္ပင္ သည္းမခံနုိင္စဖြယ္ ။

အနွီမိန္းကေလးခမ်ာ တစ္ဖက္က အင္အားၾကီးလွေသာ ရန္သူအား တစ္စက္ေလးမွပင္ ခုခံနုိင္ဟန္ မရွိေန ။
သူမေလး၏ ၿပင္းထန္လြန္းေသာ ဒဏ္ရာတုိ့ေၾကာင့္ေပေလာ သို့တည္းမဟုတ္ သူမေလး၏ ခုခံခ်င္စိတ္ကိုက တစ္စိုးတစိေလးမွ် မရွိေနၿခင္းေၾကာင့္ေပေလာ မသဲကြဲပါေခ်။

“မင္း … ေသဖို့ ထုိက္တန္တယ္”

တစ္မ်ိဳးတစ္ဖံု ရင္းနွီးက်ြမ္းေနသည့္ အသံတစ္သံ ။

ရီ၀မ္၀မ္ အေရွ့ကို ေရွးရႈၾကည့္လုိက္မိ၏ ။ သုိ့ေသာ္လည္း လူတုိင္း၏မ်က္နွာတို့မွာ မ်က္နွာေၿပာင္ၾကီး ၿဖစ္ေနဘိသကဲ့သုိ့
သူမေလး ဘာဆုိဘာကိုမွ သဲသဲကြဲကြဲ မၿမင္ရပါေခ်။

“စိုးရိမ္ၿခင္းကင္းေသာနန္ … ငါ မင္းကို င့ါလက္ထဲမွာပဲ ေသခုိင္းမယ္ ။ မင္း အၾကိမ္ ၁၀၀၀၀ ေသေပးရင္ေတာင္မွ မင္း က်ဴးလြန္ထားတဲ့ မေကာင္းမႈအတြက္ မေက်ေသးဘူး ။ မင္းရဲ့ေသၿခင္းတရားက မလံုေလာက္ေသးဘူးကြ”

အနွီေယာက်ာ္း၏ မပီမသ ေ၀၀ါးေနေသာ ပံုရိပ္တစ္ခုသည္ သူမေလးနံေဘးတြင္ ရပ္လိုက္ေလၿပီး ခ်က္ခ်င္းပင္ သူက သူမေလး၏လည္ပင္းကို ဆုပ္ကုိင္လုိက္ေလသည္ ။

သုိ့ေသာ္လည္း .. အခ်ိန္အၾကာၾကီး ၾကာလာသည့္တုိင္ေအာင္ ထိုေယာက်ာ္းသည္ကား အနွီမိန္းမငယ္ေလးကုိ မသတ္ရက္နုိင္ေသးေပ ။

“ဘာလုိ့လဲ … ငါ့ကို ေၿပာစမ္းပါ ၊ ဘာလုိ့ အဲ့လုိ ၿဖစ္ပ်က္ခဲ့ရတာလဲ” အနွီေယာက်ာ္းက ေဒါသတုိ့ ပြက္ပြက္ဆူေ၀ကာ ေဒါသတၾကီး ဟစ္ေၾကြးေလသည္ ။
“မင္းေၾကာင့္ … ငါတုိ့ကို မင္း သစၥာေဖာက္သြားတာ”

အနွီမိန္းကေလး၏ မ်က္နွာေလးေပၚ တေၿဖာင္းေၿဖာင္း ရြာက်ေနသည့္ မုိးစက္တုိ့က သူမေလး၏ ႏႈတ္ခမ္းေထာင့္က ေသြးစတုိ့ကုိ သုတ္သင္ဖယ္ရွားေပးသြားေလသည္ ။ အနွီမိန္းကေလး၏ ႏႈတ္ခမ္းလႊာေလးတုိ့မွာမူ ေကြးညႊတ္လာၿပီး သူမေလးသည္ စကားတစ္ခြန္း ဆုိခ်င္ဟန္ အလ်ဥ္းမရွိဘဲ မ်က္လႊာတုိ့ကို ပိတ္ခ်ပစ္လိုက္ ေလသည္ ။

“ေၿပာစမ္း .. ဘာလို့ အဲ့လုိ လုပ္ခဲ့တာလဲ”
ထိုေယာက်ာ္းသည္ကား ေဒါသၾကီးစြာ ေအာ္ဟစ္ၿမည္ေၾကြးေနဆဲ ။

သို့ေပမည့္ မိန္းကေလးသည္ကေတာ့ ဘာဆိုဘာမွ မေၿပာေတာ့ေလၿပီ ။

“ေအာ္ … မင္းက မေၿပာဘူးေပါ့ေလ .. အဲ့ဒါက အေရးမွမၾကီးေတာ့တာ ။ ငါ ကုိယ္တုိင္ မင္းကို သတ္မယ္ .. ၿပီးရင္ မင္းနဲ့အတူ ငါလဲ လုိက္ခဲ့မယ္ ။ ဒါ ငါလုပ္နုိင္တာ အကုန္ပဲ”
အနွီေယာက်ာ္းခမ်ာ ေဖ်ာ့ေတာ့စြာ ၿပံဳးလာေလၿပီး သူ ့မ်က္၀န္းထဲက တြန္ ့ဆုတ္ေနမႈတုိ့မွသည္ ရက္စက္မႈ နွင့္ ခုိင္မာၿပတ္သားမႈတုိ့အၿဖစ္ကို အသြင္ကူးေၿပာင္းသြားေလၿပီ ။

သုိ့ုေသာ္လည္း အခ်ိန္ေတြသာ လြန္လာသည္ ။
ထိုေယာက်ာ္းသည္ကား မလုပ္ရက္ေသးဆဲပါပင္ ။

အသက္တစ္ရွဴစာအခ်ိန္ခန့္ ၾကာၿပီးေနာက္တြင္မူ ထုိေယာက်ာ္းက အံကုိ ၾကိတ္လုိက္ၿပီး အနွီမိန္းကေလးငယ္အား ေၿမၾကီးေပၚ ေဆာင့္ခ်ပစ္လုိက္ကာ အေနာက္ဘက္တြင္ ရွိေနသည့္ လူၾကီးတစ္ေယာက္အား အမိန့္ေပးလိုက္ေလသည္ ။

“အၾကီးအကဲ က်င္း … သူ ့ကုိ လာသတ္လွည့္”

ထိုလူၾကီးသည္ သိပ္သည္းၿပည့္ညက္ေနသည့္ လူအုပ္ထဲကေန ဓားတစ္လက္ကို လက္ထဲတြင္ စြဲကုိင္ရင္း ထြက္လာေလၿပီ ။ အနွီေယာက်ာ္းသည္ကေတာ့ ကားထဲကို ၿပန္၀င္သြားခဲ့ေလၿပီ ။

ထုိလူၾကီးမွာ မိန္းကေလးငယ္၏ ရင္ဘတ္ဆီသုိ့ ဓားကုိ ပစ္ခြင္းလုိက္ေလသည္ ။

ထုိဓားတုိမွာ မိန္းကေလးငယ္၏ ရင္၀ဆီ မထိုးစိုက္သြားမိခင္ ၿမင္ကြင္းလႊာပံုရိပ္မွာ ေၿပာင္းလဲသြားေလၿပီး အလင္းကဲ့သို့နွယ္ လ်င္ၿမန္လြန္းေသာ အနက္ေရာင္သ႑ာန္ တစ္ခုက မိန္းမငယ္ေလး၏နံေဘးကုိ ေရာက္ခ်လာေခ်သည္။ သူ၏ေအးစက္ေနသည့္ မ်က္၀န္းတုိ့က တစ္ေလာကလံုးကုိ ေအးခဲေအာင္ လုပ္ပစ္ေတာ့မည့္မေယာင္ ။ သူ၏ပံုပန္းသြင္ၿပင္မွာလည္း ညအေမွာင္ထုနွင့္ တစ္သားထဲ ၿဖစ္တည္ေနသလို ။

………………………………………………………………………............
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

အားလံုးပဲ ႏွစ္သစ္မွာ ကိုယ္စိတ္ႏွလံုး သံုးပါးစလံုး ေအးခ်မ္းၿပီး ေပ်ာ္ရႊင္ခ်မ္းသာကာ လိုတိုင္းတလို႔ တတိုင္း ရႏိုင္ၾကပါေစလို႔ ဒီကေန သာသာ ႏွစ္သစ္ကူးဆုေတာင္းေလးနဲ႔ ေမတၱာပို႔ေပးလိုက္ပါတယ္ 🙏

ေအာ္ရီဒူးဖုန္းေဘသမားေလးေတြလဲ သာသာ့ေပ့ခ်္ဘက္ ဒီည လာေစာင့္ေပးၾကေနာ္ ။ ေအာ္ရီဒူးတစ္ေထာင္တန္ တစ္ကတ္ ေ၀မွ်ေပးဖို႔ ရိွေနပါတယ္လို႔ ။

အားလံုးပဲ ကိုယ္စိတ္ႏွလံုးသံုးပါးစလံုး ေအးခ်မ္းသာယာ ၾကပါေစ 😍

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  76
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၇၆၊ အခန်း ၁။  စုံတွဲလက်စွပ်

အမည်မရှိသောနန်သည် ကော်ဖီခွက်ကို စားပွဲပေါ် အသာအယာ ချလိုက်ပြီး ရီဝမ်ဝမ်အား တအံ့တသြနှယ် ကြည့်လာကာ …

“လခွမ်း … ညီမလေး . မဟုတ်သေးပါဘူး … မင်း စုံတွဲလက်စွပ်ဆိုတာကိုတောင်မှ မသိဘူးလား ။
နာမည်တောင် ထွင်းထားတဲ့ဟာ .. စုံတွဲလက်စွပ်ပေါ့ ၊ တခြားဘာအဓိပ္ပာယ်ရှိရဦးမှာလဲ ။ အဲ့ဟာက စုံတွဲလက်စွပ် ဟ”

“စုံတွဲလက်စွပ် လား”

ရီဝမ်ဝမ် စိတ်ရှုပ်ထွေးသွားမိ၏ ။

သူမ၏လက်တွင် စွပ်ထားသော လက်စွပ်နှင့်
နန်မိသားစုကနေ ခိုးယူလာခဲ့သော ထိုလက်စွပ် .. သောက်ကျိုးနည်းအောင် စုံတွဲလက်စွပ်တဲ့လား ။
ဘယ်လိုတောင် ဟားတိုက်ရယ်မောစရာ ကောင်းလိုက်သည့် ပြက်လုံးလေနည်း ။

သားအမိလက်စွပ်သာဆို ရီဝမ်ဝမ် နားလည်နေပြီ ဖြစ်ပါသော်ငြား အခုတော့ သောက်ကျိုးနည်းအောင်ကို စုံတွဲလက်စွပ်ဖြစ်နေသည်တဲ့လား ။
စုံတွဲလက်စွပ် အမှန်သာ ဆိုပါက ဒါဆို .. ဒါဆို
ထိုလက်စွပ်သည် ဘယ်သူ့အပိုင် လက်စွပ်လေနည်း ။

စီရီဟန် … ။
သူသည် ထိုလက်စွပ်၏အဓိပ္ပာယ်ကိုပင် နားမလည်ပါချေ  … သို့ဆိုလျှင်ဖြင့် စုံတွဲဆိုသည်က … နဂိုသူမနှင့် … ဂျိရှို့ရန် ၏ … ?!
ထိုသည်ကား ဒရမ်မာသဘော ချိုးလွန်လွန်းပေသည် မဟုတ်ပေလော ။

စီရီဟန်သည် သူမ၏စုံတွဲလက်စွပ်ကို နှစ်ပေါင်းများစွာ ကြာမြင့်လှအောင်ကို သေသေချာချာလေး ဂရုတစိုက်ဖြင့် လုံခြုံဘေးကင်းရအောင် ထိန်းသိမ်းထားပေးခဲ့ ပြီး … ရတနာတစ်ခုသဖွယ်ကို သဘောတော်ထားခဲ့ပေသည် ..
စီရီဟန်သာ ထိုအမှန်တရားကို သိရှိသွားခဲ့လျှင် …

ရီဝမ်ဝမ် ခိုက်ခိုက်တုန်မိသွား၏ ။

“အာရှတိုက်၏ ရှာလကာဘုရင်ကြီး” ဆိုသည့် ချစ်စနိုးနာမည်သည်ကား အလကားနေရင်း အလကားရလာခဲ့ခြင်း မဟုတ်ပါပေ ။ စီရီဟန်သာ ထိုအမှန်တရားကို သိသွားခဲ့ပါလျှင် ထိုလက်စွပ်တို့ခမျာ အပြိုပြိုအလဲလဲဖြစ်ကာ ဘဝပျက်သွားနိုင်လောက်ပေသည် ။

“နေဦး … ညီမလေးတို့ ဖိန့်ဖိန့်တုန်ဂိုဏ်းက ပထမအကြီးအကဲ ပြောတာတော့ ဒီဟာတွေက သားအမိလက်စွပ်တွေတဲ့ ။ ဖိန့်ဖိန့်တုန်ဂိုဏ်းထဲမှာဆို ပထမအကြီးအကဲက ဉာဏ်အကောင်းဆုံးနဲ့ အသိဉာဏ် ဗဟုသုတ အကျွမ်းကျင်အနှံ့စပ်ဆုံးပဲ ..”
ရီဝမ်ဝမ် တစ်ကိုယ်ရေကြား ခပ်တိုးတိုးလေး ရေရွတ်လိုက်မိ၏ ။

ပထမအကြီးအကဲနှင့် အမည်မရှိသောနန် … ။
တစ်ယောက်ယောက်ကို ရွေးရမည်ဆိုလျှင်
သူမ ပထမကြီးအကဲကိုသာ ရွေးချယ်ပေလိမ့်မည် ။

အနည်းဆုံးတော့ ပထမအကြီးအကဲသာဆိုလျှင် ဘယ်နေရာကနေကြည့်ကြည့် ဘယ်ရှုထောင့်ကပင်ဖြစ်ဖြစ်
ပိုမိုပြီး စိတ်ချယုံကြည်ဖွယ် ကောင်းလှပေသည် ။

“မင်းရဲ့ပထမအကြီးအကဲမှာ … မိန်းမ ရှိလို့လား”
အမည်မရှိသောနန်က မေးလာလေခြင်း ။

ရီဝမ်ဝမ် အလိုလိုပင် ခေါင်းခါလိုက်မိပါ၏ ။ ပထမအကြီးအကဲထံတွင် မိန်းမရှိကြောင်း ဘာကြောင်းကို သူမ တစ်ခါမှပင် မကြားဖူးခဲ့ပါပေ ။

“တွေ့လား .. အဲ့ဒါပဲလေ ။ မင့်ဖိန့်ဖိန့်တုန်ဂိုဏ်းက ပထမအကြီးအကဲက လွတ်လပ်သောတစ်နယ်မြေလုံးမှာ
မယားမရှိ သားမရှိသူကြီး ဆိုပြီးတော့ ကျော်ကြားနေတဲ့ဟာ ။
သူ ရည်းစားလေးတစ်ယောက်တောင် ထားဖူးတယ်လို့
ငါ မကြားမိဖူဘူး ။ သူ့လိုလူစားက ပညာဉာဏ်ဗဟုသုတ ကြွယ်ဝပေမယ့်လို့ စုံတွဲလက်စွပ်အကြောင်း ၊ သမီးရည်းစား တွေကြားက ကိစ္စတွေအကြောင်းကို လခွမ်းမို့ သိရမတဲ့လား” အမည်မရှိသောနန်သည် ဝင့်ကြွားစွာဖြင့် ကရားရေရွတ်တတွတ်တွတ် ဆိုသွားချေသည် ။

ရီဝမ်ဝမ် အမည်မရှိသောနန်အား တွေးဆစွာ လှည့်ကြည့်လိုက်မိရင်း တခနလောက် အကဲခတ်နေမိပြီးသည်တွင် မေးလိုက်မိတော့သည် ။

“အမ်း … ကိုကို့မှာရော ရည်းစားရှိလို့လား …”

အမည်မရှိသောနန် ။ “…”

“အဟမ်း … ရည်းစားဆိုတာက အပေါ်ယံသကာကြဲ မယောင်ရာဆီလူးနေကြတာတွေပါကွာ .. မင်း မွေးလာတုန်းကရော သေသွားရင်ရော သူတို့ကို တစ်ပါထဲ ခေါ်သွားနိုင်တာမှ မဟုတ်တာ .. အဲ့ဒါကြောင့် .. မထားဘူး”

အမည်မရှိသောနန်သည် မှန်ကန်ဖြောင့်မတ်ရိုးသားသူကြီးလို ခေါင်းခါလာသည် ။

“ဒါပေမယ့် … ငါ့မှာ အခုတော့ မရှိပေမယ့် ..
အရင်ကတော့ တစ်ယောက် ရှိဖူးတယ်”
အမည်မရှိသောနန်က ထပ်ဖြည့်စွက်ပြောလိုက်လေခြင်း ။

“အိုး … ဘယ်ကောင်မလေးကများ မျက်စိကန်းနေလို့ပါလိမ့်”
ရီဝမ်ဝမ် ရုတ်ခြည်းပင် အတင်းသဘောတို့ မနောခွေ့လာ တော့ပြီး ပြောချင်ဆိုချင်မိစိတ် ပေါက်ဖွားလာရတော့လေပြီ ။

အမည်မရှိသောနန်သည်ကတော့ တိတ်ခြင်းကြီးမလှ တိတ်ဆိတ်ငြိမ်သက်သွားလေပြီး သူ့မျက်ဝန်းအိမ်ထဲတွင် တစ်ခါကမှပင် မဖြစ်ပေါ်ဖူးသော အမူအရာတို့ ဖြစ်တည်
လာလေသည် -- အထီးကျန်လွမ်းဆွတ်မှုတို့နှင့် ဖော်ပြရ ခက်သော စိတ်ခံစားချက်တို့တွေ ။

ရီဝမ်ဝမ် မျက်မှောင်ကြုတ်မိသွားရ၏ ။
သူ့မှာ ဇာတ်လမ်းလေးတစ်ပုဒ်တော့ ရှိခဲ့ဖူးမယ့်ပုံပဲ …

“ဒါတွေက သမိုင်းမှာ ကျန်ခဲ့ပါပြီလေ ။ ဘယ်လူငယ်ကများ မမိုက်မဲခဲ့ဖူးလို့လဲ ။ ဘယ်သူကများ အချစ်ဇာတ်လမ်းထဲ မစီးမျောခဲ့ဖူးလို့လဲ ။ ထားလိုက်ပါတော့ ။ ငါ ပြောပြမယ် .. အဲ့လက်စွပ်တွေက လုံး၀ လုံးဝကို သားအမိလက်စွပ်တွေ မဟုတ်ဘူး ။ ဟုတ်တယ်ဆိုလို့ကတော့ ငါ မင်းအရှေ့မှာ သတ်သေပြလိုက်မယ် ။ အဲ့လက်စွပ်က စုံတွဲလက်စွပ်တွေ”
အမည်မရှိသောနန်က ရဲရဲကြီး ကျိန်တွယ်လာချေ၏။

ထို့နောက်တွင် … အမည်မရှိသောနန် … ရီဝမ်ဝမ်ကို လက်စွပ်ချွတ်ခိုင်းလိုက်ပြီး ထိုလက်စွပ်နှစ်ကွင်းအား
ဘေးချင်းယှဉ်ကာ ထားလိုက်လေသည် ။

“ဒီမှာကြည့် … အရင်ဆုံး ငါတို့ သတ္တုအကြောင်းကနေ စကြမယ် ။ သားအမိလက်စွပ်သာ အမှန်ဆိုရင် ဒီလက်စွပ်တွေကို လူတစ်ယောက်ထဲကပဲ သွန်းလုပ်ထားမှာပဲ .. ပြီးတော့
သူတို့ရဲ့ သွန်းလုပ်ထားပုံကလဲ အရည်အသွေး အရမ်းကွာတာမျိုး
ဖြစ်မှာ မဟုတ်ဘူး”

“နောက်တစ်ချက် … ဒီကျောဘက်က ဒီဇိုင်းကို ကြည့်ကြည့် ။ မင်းရဲ့လက်စွပ်မှာက ခြစ်ရာတွေ နည်းနည်းပျောက်နေတယ် ၊ ဒါပေမယ့် ဒီလက်စွပ်မှာကျတော့ အဲ့ခြစ်ရာတွေ ရှိနေတယ် ။ ပြောရမယ်ဆိုရင် ဒီပုံစံက ပင်ပျိုပင်နဲ့တောင် သွားတူတယ် ။ ပင်ပျိုပင်ဆိုတာက ယောကျာ်းကို ကိုယ်စားပြုပြီးတော့ အပင်လေးကကျတော့ မိန်းမကို ကိုယ်စားပြုတယ် ။ နောက်ဆုံးအချက်ကကွာ .. မင်းရဲ့လက်စွပ်အရွယ်အစားက မိန်းမတစ်ယောက် ရဲ့ လက်နဲ့ပဲ ကိုက်ပြီးတော့ ဒီလက်စွပ်ကကျတော့ ယောကျာ်းလက်အရွယ်ကြီး ဟုတ်တယ်မလား ။ သားအမိလက်စွပ်က ဘယ်တုန်းကစပြီးတော့ ယောကျာ်းလေး မိန်းကလေး အရွယ်ကို ခန့်မှန်းလုပ်တတ်သွားရတာလဲ ။ တုံးချက်” အမည်မရှိသောနန်က ရှင်းပြသွားလေသည် ။

………………………………………………………………………….......

စာစဉ် ၇၆၊ အခန်း ၂။ မောင်နှမအရင်းတွေ

နေ့ဝက်လောက် ကြာသည့်တိုင်အောင်
ရီဝမ်ဝမ်မှာ အမည်မရှိသောနန် ပြောနေသည့်စကားတို့ကို နားမလည်သေးပါသော်ငြား ပြောသွားသည်တို့ကတော့ အဓိပ္ပာယ်ရှိသည်ဟု ရင်ထဲကနေ ခံစားနေမိလေသည် ။

“ဒါနဲ့ … ငါတို့ စစချင်းတွေ့တုန်းက ငါ မင်းကို ဘာရောင်းလိုက်လဲ မှတ်မိသေးလား” အမည်မရှိသောနန်၏မျက်နှာထက်တွင် ယုံကြည်မှု ၊ ဂုဏ်ယူဝင့်ကြွားလိုမှုတိ့ု တိုးထွက်လာတော့လေပြီ ။

ရီဝမ်ဝမ် ဘယ်လိုလုပ်ပြီး မေ့ပါလိမ့်မလဲ ။

ဟိုတုန်းက အမည်မရှိသောနန် ရောင်းလိုက်သော ပစ္စည်းကြောင့် သူမသည် ရီမိသားစု၏ မွေးနေ့ပွဲတော်တွင် ထွန်းလင်းတောက်ပခွင့် ရခဲ့ရသည် မဟုတ်လော ။

“အဲ့လက်ရာတွေအကုန်လုံးက ငါကိုယ်တိုင် သေသေချာချာလေး ထုဆစ်ထားတာတွေ … အဲ့ဒီနယ်ပယ်မှာတော့ ငါက အရမ်းကြီးကို ဗဟုသုတ ကြွယ်ဝတာ ။ စိတ်ချလိုက်စမ်းပါကွာ ..
ဒီလက်စွပ်တွေက လုံးဝကို စုံတွဲလက်စွပ်တွေ”
အမည်မရှိသောနန် ဆက်ရှင်းပြလိုက်သည် ။

“ဟုတ်ပါပြီ …” ရီဝမ်ဝမ် ပြောစရာစကားပင် မရှိမိတော့ ။
သို့သော်လည်း အမည်မရှိသောနန် ပြောသွားသည်က မှန်ပေသည် ။ သူသည် ဤအပိုင်းတွင်မူ ပထမအကြီးအကဲထက်ကို ပိုပြီး အသိပညာဗဟုသုတ နှံ့စပ်ကြွယ်ဝလှပါ၏ ။ ဟိုတုန်းကပင် ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်တိုင်ဖန်တီးထုဆစ်ထားနိုင်ခဲ့သူ ဖြစ်လေရကား ဤနယ်တစ်ခွင်တွင်တော့ သူသည် ပညာရှင်ကြီးတစ်ဆူမှန်း သူမ မငြင်းနိုင်ပါချေ ။

“ဒါပေမယ့် … ယောကျာ်းလေးလက်စွပ်ကလဲပဲ တကယ့်ကို ကောင်းကောင်းကြီး သွန်းလုပ်ထားတာပါပဲ ။ အသေးစိတ်ကအစ ပြောရမယ်ဆိုရင် … မင်းရဲ့လက်စွပ်နဲ့ ယှဉ်လိုက်တော့မှသာ အရောင်မှိန်သွားရတာ ။ ပြီးတော့ ဒီပင်ပျိုပင်ကို ပုံဖော်ထားတာကလဲ အရမ်းကြီး အနုစိတ်တယ် ။ ညီမလေး … ငါ မင်းကို ဒေါ်လာ ၁၀၀ ပေးမယ်လေ ၊ ငါ့ကို ရောင်းလိုက်ပါလား” အမည်မရှိသောနန်သည် ကျီစယ်သည့်သဘောဖြင့် ရွှတ်နောက်နောက်လေး ရယ်မောကာ ပြောဆိုလိုက်ရာ ..

ရီဝမ်ဝမ် သူ့အား ကြည့်ပေးလိုက်တော့၏ ။
“ရောင်းဖို့ မဟုတ်ဘူး”

“ကပ်စေးနဲပုံကိုလဲ ကြည့်ပါဦး .. ငါတော့ မင်းကို အထင်သေးသွားပြီ” အမည်မရှိသောနန်သည် သူမအား မျက်လုံးလှန်ကြည့်လာ၏ ။

ငါ့ကိုများ ကပ်စေးနှဲတယ်လို့ ပြောရအောင် သူ့ကို ဘယ်ဒင်းကများ သတ္တိပေးလိုက်တာလဲ ။ ငါက ကပ်စေးနဲတယ်ဆိုရင်တောင်
သူ့ထက်တောင် နည်းနည်းလေး ပိုသာပါသေးတယ်နော် .. ဟုတ်ပြီလား ။ ငါတို့က တကယ့်ကို မောင်နှမအရင်းတွေ ပီသတာပဲဟာ ..

အမည်မရှိသောနန်ကို ပြန်ခိုင်းလိုက်ပြီးနောက်တွင်
ရီဝမ်ဝမ် ဂျိရှို့ရန်အား ဆက်သွယ်လိုက်တော့၏ ။
ဟိုတုန်းက သူမသည် ဂျိရှို့ရန်နှင့် စေ့စပ်ထားခဲ့၏ ။ ထို့ကြောင့် စုံတွဲလက်စွပ်သာ ဖြစ်ရိုးမှန်လျှင် ဤလက်စွပ်မှာ ဂျိရှို့ရန်၏ လက်စွပ်သာ ဖြစ်ရပေလိမ့်မည် ။

မကြာခင် .. ဂျိရှို့ရန် ရောက်ချလာပါ၏ ။

ထိုယောကျာ်းသည် မျက်နှာထက်က အပြုံးလေးဖြင့် ရီဝမ်ဝမ်၏နံဘေးတွင် ဝင်ထိုင်လိုက်လေသည် ။

“အရေးကြီးကိစ္စ ပြောစရာ ရှိလို့လား”

ဂျိရှို့ရန် သည် နွေးထွေးသော နူးညံ့သောအပြုံးဖြင့်
သူမလေးအား ကြည့်လာသည် ။

“အမ်း … ဒါ ရှင့်လက်စွပ်လား”

ရီဝမ်ဝမ်သည် ယောကျာ်းလေးလက်စွပ်ကို ထုတ်ယူလိုက်ပြီး
ဂျိရှို့ရန်ရှေ့ကို ချပေးလိုက်၏ ။

ဂျိရှို့ရန်သည် ထိုလက်စွပ်ကို ကြည့်လာကာ …

“ဘယ်လိုလုပ် ကိုယ့်ဟာ ဖြစ်မှာလဲ ။ ကိုယ့်ဆီမှာ လက်စွပ်တစ်ကွင်းပဲ ရှိတာကို ကိုယ် လေလံပွဲမှာ ပြောဖူးပါတယ် ။ အဲ့လက်စွပ်ကိုလဲ အရှင်နတ်ဆိုးပဲ ဝယ်သွားတာလေ ဟုတ်တယ်မလား”

“ရှင့်ဟာ မဟုတ်ဘူးလား ..”

ရီဝမ်ဝမ် ပိုလို့ပင် အံ့သြသွားရလေပြီ ။

ဒီအခြေအနေက ဘယ်လိုကြီးလဲဟ ..
မိန်းမလက်စွပ်သည် သူမဟာဖြစ်လျှင် …
ယောကျာ်းလေးလက်စွပ်မှာ … ။

စီရီဟန်သည်ကတော့ ထိုလက်စွပ်ရဲ့သမိုင်းကြောင်းကို သိတောင်မသိနေလေရာ သေချာပေါက်ကို သူ့အပိုင် မဟုတ်နိုင်ပေ ။ ထို့ကြောင့် ထိုလက်စွပ်မှာ ဂျိရှို့ရန် အပိုင် ဖြစ်ရပေမည် ။
သို့သော် အခုတော့ ဂျိရှို့ရန်ကလည်း ငြင်းဆို နေလေသည် ။

မဟုတ်မှလွဲရော … သူမ … သူတစ်ပါးရဲ့ စုံတွဲလက်စွပ်ကို သောက်ကျိုးနည်းအောင် စွပ်ထားမိခြင်းပေလား …

ထိုအခိုက်အတန့်တွင် တစ်နှစ်တာ၏ အကောင်းဆုံးသော ဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်က သူမ၏စိတ်အစဉ်ထဲ ပြေးဝင်လာတော့၏ ။ သို့သော်လည်း အသက်တစ်ရှူစာ အချိန်ပြီးနောက် သူမ ထိုအတွေးတို့ကို ပယ်ချပစ်လိုက်တော့ သည် ။ ထိုအတွေးတို့က မဖြစ်နိုင်လွန်းပါချေ ။

စိုးရိမ်ခြင်းကင်းသောနန်သာ နောက်ထပ်ယောကျာ်း တစ်ယောက်နှင့် စုံတွဲလက်စွပ် ဝတ်ထားခဲ့သည်ဆိုရင် ထိုသတင်းမှာ လွတ်လပ်သောနယ်မြေ ကြီးတစ်ခုလုံးအား ရုတ်ရုတ်သဲသဲ ဖြစ်ကုန်စေပေလိမ့်မည် ။

ထို့အပြင် အခုလက်စွပ်ကိစ္စမှာ ဂျိဘုရင်အတွက် လူအရယ်ခံရစရာ ဖြစ်လာနိုင်သဖြင့် နန်လင်းလုံနှင့် ထိုအယောင်ဆောင် စိုးရိမ်ခြင်းကင်းသောနန်တို့သည် သူမနှင့်ဂျိရှို့ရန်အကြားတွင် မလိုတမာစွာ ဝင်ကုန်းချောလာ ကြပေလိမ့်မည် ။

သားအမိလက်စွပ်လည်း ဟုတ်မနေ ။ တစ်ဖန် စုံတွဲလက်စွပ်ဆိုပြန်တော့လည်း
လက်စွပ်ပိုင်ရှင် ယောကျာ်းအား ရှာမတွေ့ပြန် ။

“အမ် … ဒီလက်စွပ်နှစ်ကွင်းကိုရော မှတ်မိလား”
ရီဝမ်ဝမ် လက်စွပ်နှစ်ကွင်းစလုံးကို ဂျိရှို့ရန်ဆီ ကမ်းလိုက်၏။

“မမှတ်မိဘူး … ဒါပေမယ့် ဒီဇိုင်းပုံစံနဲ့ အရွယ်အစား အရဆိုရင်တော့ စုံတွဲလက်စွပ်တွေ ဖြစ်လောက်တယ် ။ ဘာလဲ .. ကိုယ့်ကို ပေးချင်လို့လား”

စနောက်ရယ်မောကာ ပြောဆိုလာသော ဂျိရှို့ရန် ။ သူ၏မျက်ဝန်းထဲတွင်မူကား နူးညံ့မှုတို့က ထင်းလင်းလို့ နေလျက် ။

ရီဝမ်ဝမ် ။ “…”

နားလည်မှုတွေ လွဲကုန်ပြီ …
အကြီးကြီးတွေ လွဲကုန်ပြီဟ …

…………………………………………………………………………........

စာစဉ် ၇၆၊ အခန်း ၃။  နည်းနည်းလောက် ပိုပြီးတော့ ပရိယာယ်ကြွယ်ပါဦးလား

“အမ် … ဒါ ကျွန်မဟာ မဟုတ်ဘူး” ရီဝမ်ဝမ် အရှက်ပြေလေး ရယ်သွမ်းသွေးလိုက်ရင်း စကားပြန်ဖြေလိုက်လေသည် ။

“ကိုယ်လဲ စနေတာပါ”
ဂျိရှို့ရန်သည် ခပ်တည်တည်ပင် ဆိုလာချေ၏ ။

ရီဝမ်ဝမ်သည် အစောကထိတိုင် အမည်မရှိသောနန်၏ ပြောစကားများကို သံသယဝင်နေမိခဲ့ပါသော်လည်း အခုတွင်မူတော့ လုံးလုံးကြီးကို ယုံကြည်သွားခဲ့လေပြီ ။ မည်သို့ပင် ဆိုပါစေ ထိုလက်စွပ်တို့အား စုံတွဲလက်စွပ်ပါဟု ဂျိရှို့ရန်သည်ကပင် ပြောလာလေရာ ထိုသည်မှာ မှားနိုင်စရာ အကြောင်း မရှိတော့ပါချေ ။

ရီဝမ်ဝမ်၏စိတ်ထဲတွင် ချာချာလည်နေမိသလို ခံစားနေရ၏ ။ မိန်းကလေးလက်စွပ်သည် သူမဟာ ဖြစ်ပါသော်လည်း ယောကျာ်းလေးလက်စွပ်သည်ကတော့ လျို့ဝှက်ဆန်းကြယ်နေလေပြီ ။

“ရှောင်ဖန်း .. ဒီလက်စွပ်တွေရဲ့ နောက်ကွယ်မှာ တခြားအဓိပ္ပာယ်များ ရှိနေလို့လား” ဂျိရှို့ရန်က မေးလာ၏ ။

ရီဝမ်ဝမ် ခေါင်းခါပြလိုက်မိပါ၏ ။
“ကျွန်မလဲ သိပ်မသေချာဘူး”

ရီဝမ်ဝမ်သည် ဂျိရှို့ရန်ကိုမူ လုံးလုံးသတိကြပ်ကာ မဆက်ဆံတတ်ပါချေ ။ လိုလည်း မလိုအပ်ပေသည်ကိုး ။ ဂျိရှို့ရန်သာ သူမအား ဒုက္ခပေးလိုသည်ဆိုပါလျှင် သူမသည် ယနေ့ထိအောင် အသက်ရှင်နေလိမ့်စရာ ဘာအကြောင်းမှကို မရှိနေဘူး မဟုတ်ပလော ။

“ရှောင်ဖန်း ဝတ်ထားတဲ့လက်စွပ်ပေါ်မှာ သက္ကရာဇ်တချို့ ရေးထားတယ်လေ ။ လက်စွပ်ကို သွန်းလုပ်ထားပုံက ခေတ်မဆန်နေဘူး ။ တခြားလက်စွပ်ကလဲ နောက်သတ္တုတစ်မျိုးနဲ့ သွန်းလုပ်ထားတာဆိုတော့ .. ဒီလက်စွပ်နှစ်ကွင်းက အချိန်ခြားပြီး လုပ်ထားတာ ဖြစ်ဖို့များတယ်”
ဂျိရှို့ရန်သည် နူးညံ့သိမ်မွေ့စွာဖြင့် ဆိုလာလေသည် ။

“ဒီလက်စွပ်နှစ်ကွင်းက စုံတွဲလက်စွပ်တွေ မဟုတ်ဘူးလို့ ပြောနေတာလား” ရီဝမ်ဝမ် သိလိုစွာနှင့် ထပ်ကွန့်မေးလိုက် မိချေ၏ ။

“စုံတွဲလက်စွပ်ပါပဲ” ဂျိရှို့ရန်သည် ပြန်ဖြေလာ၏ ။ “ဒီလက်စွပ်နှစ်ကွင်းကို လူတစ်ယောက်ထဲက ပြုလုပ်ထား တာ မဟုတ်နေတာက နည်းနည်းထူးဆန်းနေရုံပါ .. တစ်ချိန်ထဲမှာ သွန်းလောင်းထား တာ မဟုတ်လောက်ဘူး ။ ကိုယ်လဲ ဒါကို နားမလည်ဘူး ။ ဒါက ရှားထောင့်ရှားခဲ အခြေအနေမျိုးပဲ”

ရီဝမ်ဝမ်ခမျာ ငိုချင်စိတ်တို့ ထွန့်ထွန့်လူးမိလာရတော့သည် ။ သူမသည် ကနဦးအစကမူ အမှန်တရားမှာ ဘွားဘွားကြီး ထွက်လာလေပြီဟု တွေးထင်ထားခဲ့မိ၏ ။ သို့သော် လျို့ဝှက်ချက်သည်ကား ပိုတိုးလို့ပင် ကြီးမားထက်သန်လာ လိမ့်မည်ဟု ယောင်ယမ်းလို့ပင် မတွေးထင်မမျှော်ရည်ဖူးခဲ့ ပါပေ ။

ဂျိရှို့ရန်နှင့် ညစာစားသုံးပြီးနောက်တွင်မူ ရီဝမ်ဝမ်သည် ဖိန့်ဖိန့်တုန်ဂိုဏ်းဆီကို ပြန်သွားလိုက်ပါ၏ ။ သူမသည် လက်စွပ်နှင့်ပတ်သက်သမျှအားလုံးတို့ကို ဦးနှောက်၏နောက်အကန့်ထဲ ပို့ထားပစ်လိုက်ပြီး ဖြူကောင်ကြီးနှင့် ဗိုင်းရပ်စ်အားသာ ပွတ်သပ်ချော့မြှူ ပေးနေလိုက်တော့၏ ။

သူမအနေဖြင့်မူ မီးလျှံကျောင်းတော်အုပ်အား သူမကို နောက်ထပ်အိပ်မွေ့ချကုသပေးဖို့အလို့ငှာ ထပ်မံ သွားရောက်တောင်းဆိုလိုပါသေး၏ ။ သို့ဆိုလျှင်တော့ သူမ တစ်စုံတရာကို မှတ်မိကောင်းမှတ်မိလာနိုင်ပေသည် ။

သို့နှင့် နောက်တစ်နေ့မနက် မိုးသောက်အလင်းရောက်သော် .. ရီဝမ်ဝမ် ခုနစ်စင်ကြယ်အား ခေါ်ကာ မီးလျှံကျောင်းတော်ဆီ သွားလိုက်တော့၏ ။

မီးလျှံကျောင်းတော်၏ မစ်ရှင်ချမှတ်ရာဌာနကို ရီဝမ်ဝမ် ခြေချလိုက်လျှင်လိုက်ချင်း များစွာသော အဆင့်မြင့် ကြေးစားကြီးများသည် သူမလမ်းကို ပိတ်ရပ်ပစ်လိုက်လေ သည် ။

“ဘော့စ် .. နောက်ဆုံးတော့ ပြန်လာပြီလား”
ဆိုလာသူကား S အဆင့် ကြေးစားတစ်ယောက် ။
“ကျွန်တော်တို့ ကံတော်တော်လေး ကောင်းနေတာနဲ့
ကြေးစားမှတ်တွေ ၅၀၀၀၀ ကို ရလာခဲ့တယ် …”

တမုဟုတ်ချင်းပင် ရီဝမ်ဝမ်၏ စိတ်တို့ အားအင်ပြည့်ဖြိုး ရွှင်လန်းဝေစည်သွားရတော့ချေသည် ။

ကြေးစားမှတ်များကို စစ်ကြည့်လိုက်ပြီးနောက်တွင်
ရီဝမ်ဝမ် နောက်ထပ်စစ်ဆေးစုံစမ်းခြင်း ပြုမနေတော့ဘဲ ဒုတိယအကြီးအကဲအား ဖုန်းခေါ်လိုက်ကာ သူမဆီကို ပိုက်ဆံအမြန်ချောနှင့် လာပို့ပေးခိုင်းလိုက်တော့ပြီး
ထို S အဆင့် ကြေးစားများအား ငွေပေးချေလိုက်တော့သည်။

“ကျွန်တော်တို့ ဆက်ပြီး မစ်ရှင်လက်ခံရဦးမလား ဘော့စ်”

ကြေးစားများသည် သူတို့အကောင့်ထဲက ပိုက်ဆံပမာဏကို စိတ်ကျေနပ်ခြင်းကြီးစွာဖြင့် ကြည့်လိုက်ကြရင်းက
အပြုံးပန်းမှာ ပိုတိုးလို့ပင် ရွှင်လန်းပြုံးဖြီးလာရ တော့လေပြီ ။

“ဟားဟား .. ဘော့စ် က .. တကယ်ကြီး ချမ်းသာတာပဲ ။ ကျွန်တော်တို့ အစောနကပဲ ဘော့စ် ငွေမရှင်းနိုင်ရင် ဘော့စ်ကို သတ်ပစ်မယ်လို့ ကြံထားကြတာ …”

အရပ်ထောင်ထောင်မောင်းမောင်း ၊ ကိုယ်လုံးထွားထွားကျိုင်းကျိုင်းရှိသော S အဆင့် ကြေးစားတစ်ယောက်က မိုက်ရူးရဲဖွယ်အပြုံးဖြင့် ဆိုမြည်လာလေခြင်း ။

ရီဝမ်ဝမ် ။ “…” မင်း နည်းနည်းလောက် ပိုပြီး ပရိယာယ်လေးနဲ့ ပြောလို့ မရဘူးလား ။

“ပေါက်ပန်းလေးဆယ်တွေ .. ! ငါတို့ ဘယ်တုန်းကများ ဘော့စ်ကို သတ်ပစ်ဖို့ ကြံခဲ့လို့လဲ ။ အဲ့ကောင် လျှောက်ပြောနေတာတွေ နားမယောင်နဲ့ ဘော့စ်”

ရီဝမ်ဝမ်၏ မျက်နှာထက်တွင် “မစိုးရိမ်ပါနဲ့ နားလည်ပါတယ်” ဆိုသည့် အပြုံးဖြင့်သာ ခေါင်းညိတ်ပေးလိုက်ရင်း
“မစ်ရှင်တွေကို ဆက်လက်ခံထား” ဟု ပြောလိုက်တော့သည် ။

“ကျွန်တော်တို့ ဒီတစ်ခေါက်က ကံကောင်းသွားလို့သာ မစ်ရှင်တွေကို မြန်မြန်ဆန်ဆန် ပြီးလာနိုင်ခဲ့တာ ။ အချိန်အကန့်အသတ်မရှိဘဲနဲ့ အကြာကြီး လုပ်လို့ ရမလား ဘော့စ်”
S အဆင့် ကြေးစားတစ်ယောက် က မေးလာသည် ။

“အချိန်မကန့်သတ်ထားဘူး” ရီဝမ်ဝမ် ပြန်ဖြေပေးလိုက်၏ ။

ရီဝမ်ဝမ်၏ ကတိစကားတစ်ခွန်းကို ရလိုက်ပြီးသည့်နောက်တွင်
ထို S အဆင့် ကြေးစားများသည် ရီဝမ်ဝမ်၏နာမည်ကို သုံးကာ မစ်ရှင်များစွာကို ထပ်မံ လက်ခံယူငင်လိုက်ကြလေပြီ ။

ရီဝမ်ဝမ်အတွက်သည်ကား သူမသည် ထိုဂုဏ်ပြုမှတ် ၅၀၀၀၀ ကို သုံးကာ သူမအား ဒုတိယအကြိမ်မြောက် အိပ်မွေ့ချကုသနည်း လုပ်ထုံးကို ပြုလုပ်ပေးပါရန် ကျောင်းအုပ်ကြီးအား တောင်းဆိုရပေမည် ။ ထို့နောက်တွင် ထိုလက်စွပ်များ၏သမိုင်းကို စုံစမ်းရှာဖွေရပေမည်သာ ဖြစ်၏။

...................................................................................

စာစဉ် ၇၆၊ အခန်း ၄။ ဉာဏ်ရွှင်သည်ဟု ယူဆနိုင်သည်

ရီဝမ်ဝမ်သည် ထိုမစ်ရှင်ချပေးရာနေရာဆီကို အလောတကြီး ထွက်မသွားပါပေ ။ သူမသည် တရုတ်ပြည်ကို ခရီးတစ်ခေါက် မနှင်မီက အမှတ် ၅၀၀၀ တန်သော အပြစ်သားကြေးစားများကို ဖြိုခွင်းရန် မစ်ရှင်ကို လက်ခံ သွားခဲ့တာကြောင့် ထိုမစ်ရှင်ကို အရင်ဆုံး ပြန်အပ်ရပေမည် ။

မစ်ရှင်အပ်ရာနေရာကို ရောက်လာသော ရီဝမ်ဝမ်အား
တွေ့လိုက်ကြသည့် ကြေးစားများမှာ ခပ်တိုးတိုးလေး ရေရွှတ်အတင်းတုတ်လာကြတော့သည် ။
ထိုကြေးစားများအဖို့တော့ ရီဝမ်ဝမ်မှာ မီးလျှံကျောင်းတော်သမိုင်းတွင် အထူးဆန်းစားကျောင်းသူသစ်လေး ဖြစ်ချေ၏ ။

“ငါလခွမ်း .. ! အဲ့ဒါ ရီဝမ်ဝမ် မဟုတ်ဘူးလား ။ ငါ ကြားတာတော့
သူက အရမ်းကြီးကို ကြမ်းတယ်ဆို .. ။ ဒီနှစ်သိုင်းပြိုင်ပွဲမှာ
ပထမနေရာ စွဲသွားပြီးတော့ ပွဲအချီတွေအများကြီး နိုင်လိုက်တဲ့ပုံက နန်လင်းလုံ ချိုးသွားတဲ့စံချိန်တစ်ခုကိုပါ ချိုးသွားနိုင်ခဲ့တဲ့အထိဆို”

“မန်ကဲကိုပါ ဆိုးဆိုးဝါးဝါးကြီး ဒဏ်ရာရသွားအောင် လုပ်ပစ်နိုင်ခဲ့ပြီးတော့ မန်ထင်းကိုလဲ သတ်ပစ်ခဲ့တာတဲ့ ။ ဟိုနှစ်ယောက်က S အဆင့် ကြေးစားကြီး တွေနော်”

“ငါ ကြားတာကျတော့ ရီဝမ်ဝမ်က အရက်မူးလက်သီးသိုင်းကိုလဲ တတ်သေးတယ်တဲ့ .. ။
သူ အရက်မူးသွားရင် ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ သေလောက်အောင်ကို ကြမ်းတာဆိုလား .. စီနီယာအစ်ကိုကြီးတွေ ပြောကြတာကတော့ အဲ့ဒီရီဝမ်ဝမ်က အရက်မူးလက်သီးသိုင်းကို တောရိုင်းမျောက်တွေ လူဝံကြီးတွေ ဆီကနေ သင်လာခဲ့တာတဲ့ဟ”

ရီဝမ်ဝမ် ။ “…” ငါက .. တောရိုင်းမျောက်ကြီးတွေ ၊ လူဝံကြီးတွေဆီကနေ သင်လာခဲ့တာလား ?!

ကောလဟလတို့၏ စွမ်းပကားသည်ကား အဟုတ်အမှန်ပင် လျှော့တွက်လို့ မရစကောင်းပါချေ …

မကြာခင် … ရီဝမ်ဝမ်သည် မစ်ရှင်အပ်ရာဌာနကို ရောက်ရှိသွားပြီး တန်းဝင်စီလိုက်၏ ။ သူမ၏အရှေ့တွင် စီတန်းကာ အလှည့်ကျစောင့်နေသူများမှာ ပျားပန်းခတ်မျှ များပြားလှချေသည် ။

“စီနီယာမမပါလား .. လာ လာ လာ .. အရှေ့ကို သွား”

“ဟုတ်သားပဲ … စီနီယာမမရဲ့မစ်ရှင်က အရင်အပ်မှ ဖြစ်မှာပေါ့”

များစွာသော B အဆင့် ကြေးစားများခမျာ
ရီဝမ်ဝမ်ကို တွေ့လိုက်ရသည့်သကာလ
ချက်ချင်းပင် မျက်ကပြူးဆန်ကပျာ ဖြစ်ကုန်ကြတော့ပြီး အလောသုံးဆယ် ဘေးရွှေ့ပေးကြတော့လေ၏ ။

တန်းစီနေသည်ကို ဖြတ်ကျော်တက်ခြင်းမှာ လူမပီသသော အပြုအမူတည်း ဖြစ်ပါသော်ငြား တခြားသူများက သူတို့နေရာများကို သူမအား လိုလိုလားလား လာပေးနေကြခြင်းမို့ ရီဝမ်ဝမ်လည်း ဘာမှ မတတ်နိုင်တော့ ပါပေ ။

သို့နှင့် ရီဝမ်ဝမ် မတတ်သာတော့ဘဲ ထိပ်ဆုံးကို ရောက်သွား တော့လေသည် ။

ရှေ့ဆုံးတွင်မူ … မီးလျှံကျောင်းဆရာတစ်ယောက်သည် ရီဝမ်ဝမ်အား ကြည့်လာကာ တိုးတိုးညင်းညင်းလေး ရယ်မောလိုက်ရင်း မှတ်ချက်ပြုလာ၏ ။

“အာ … ရီဝမ်ဝမ် … အကြီးအကဲ ခုံး ရဲ့ တပည့်မလေးပါလား ။
သမီးက ဒီလောက်ငယ်ငယ်လေးနဲ့ စွမ်းဆောင်နိုင်နေပြီ ဆိုတော့ သမီးရဲ့ရှေ့ဆက်ရမယ့်ခရီးလမ်းအနာဂတ်ကတော့ အကန့်အသတ်မဲ့ဦးမှာပဲ”

“ကျေးဇူးတင်ပါတယ် ဆရာ ။ ကျွန်မ မစ်ရှင် အပ်ချင်လို့ပါ”
ရီဝမ်ဝမ် ပြောလိုက်ပါ၏ ။

ထို့နောက်တွင် ထိုအပြစ်သားကြေးစားများ၏ ဓာတ်ပုံအလီလီ ကို ရီဝမ်ဝမ် ထိုဆရာအား အပ်လိုက်တော့လေသည် ။

“အိုး … ဒီဟာက … အပြစ်သားကြေးစားများကို ချေမှုန်းရတဲ့ မစ်ရှင်ပါလား ။ သမီး အောင်မြင်လာခဲ့ပြီလား” အနှီဆရာမှာ သိချင်စိတ်တို့ တလိပ်လိပ်တိုးဝေကာ မေးလိုက်မိသည်နှင့်
“ဟုတ်ကဲ့” ဟု ဆိုကာ ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်တော့၏ ။

“ဒါဆို … သူတို့ရဲ့ခေါင်းက ဘယ်မှာလဲ” ထိုဆရာသည် ရီဝမ်ဝမ်၏ပတ်ချာလည်ကို ဝေ့၀ဲကြည့်လိုက်ရာ .. သူမလေးသည် လက်ဗလာနှင့် လာခဲ့လေခြင်းမှန်းကို သိရှိသွားရတော့၏ ။

“သူတို့ရဲ့ခေါင်းလား…”
ရီဝမ်ဝမ် အံ့သြဘနန်း ဖြစ်မိသွား၏ ။

သူတို့တွေ တစ်ခုခုများ မှားနေကြတာလား ။
ခေါင်းပြတ်ကြီးကို လိုချင်နေတာလား ..
ဒါ ဘယ်လိုရွံစရာပြက်လုံးကြီးလဲ ..

ထိုကြေးစားများသည် တရုတ်ပြည်တွင် ဥပဒေတို့ကို ချိုးဖောက်ကျူးလွန်ထားခဲ့ကြသော်လည်း သူမသည် သူတို့၏ခေါင်းပြတ်ကြီးကို ပြန်ယူလာမည်ဆိုလျှင်
သူမပါ ဥပဒေကို ချိုးဖောက်သူ ဖြစ်မသွားပေဘူးလော ။
သို့သာဆိုလျှင် သူမသည် ဤလွတ်လပ်သောနယ်မြေကို ပြန်လာနိုင်ပါတော့မလားဟုပင် စဉ်းစားစရာဖြစ်သွားပေ လိမ့်ဦးမည် ။

“ဟင့်အင်း .. ဒါပေမယ့် သက်သေအနေနဲ့ ဗွီဒီယို ယူလာခဲ့ပါတယ်”

ရီဝမ်ဝမ် ဖုန်းကို ထုတ်လိုက်ပြီး ဗွီဒီယိုကို ဖွင့်လိုက်ပါ၏ ။

ဗွီဒီယိုထဲတွင် တရုတ်ရဲများက ဖမ်းထားကြသော ထိုအပြစ်သားကြေးစားတစ်သိုက် ။

“သမီး …” ဆရာဖြစ်သူခမျာ မယုံကြည်နိုင်ခြင်းနှင့်အတူ
ထိုဗွီဒီယိုအား စူးစူးစိုက်စိုက်ကို ကြည့်နေမိတော့၏ ။

အခုလို မစ်ရှင်အပ်ခြင်းက ဘယ်လိုလေကြီးလဲ …?!

“ကျွန်မ လက်ခံလာခဲ့တဲ့မစ်ရှင်က ချေမှုန်းရေးလို့ ခေါ်ပါတယ် ။ ရဲခေါ်လိုက်တဲ့သူက ကျွန်မဆိုတော့ ဒါကို ချေမှုန်းလိုက်နိုင်ပြီလို့ ယူဆလို့ရနိုင်ပြီမလား ဆရာ”
ရီဝမ်ဝမ်သည်ကား ထူးမခြားနားစွာ ခပ်ပြုံးပြုံး ။

“သမီးက … ရဲခေါ်လိုက်တာလား …?!”

မီးလျှံကျောင်းတော်ဆရာခမျာ ကြက်သေသေနေလျက် ။ မစ်ရှင်တစ်ခုကို အခုလိုမျိုး ပြီးမြောက်လာခဲ့သူအား သူ တစ်ခါမှပင် မမြင်ခဲ့မကြုံခဲ့ရဖူးပါပေ ။ ထို့အပြင် … သူမသည် ဘယ်လိုလုပ် ရဲထခေါ်နိုင်ရသည်နည်း ။ ထိုသည်ကား မီးလျှံကျောင်းတော်ကို ဂုဏ်သရေအညှိုးနွမ်းကြီး ညှိုးနွမ်း ယုတ်လျော့စေလွန်းသည် မဟုတ်ပါလော .. ။

“ဟုတ်ကဲ့” ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး ဝမ်းမြောက်ရွှင်လန်းစွာ စကားဆိုလိုက်သည်က ...
“မစ်ရှင်မှာက ကျွန်မ ဘယ်လိုမျိုး အောင်မြင်အောင် လုပ်လာခဲ့ရပါမယ် လို့ မညွှန်ကြားထားဘူးလေ ။ ဒါကြောင့်မို့ ဒါကို မစ်ရှင်အောင်ပြီလို့ သတ်မှတ်လို့ ရနိုင်လောက်တယ် မလား ဆရာ”

ဆရာ ။ “…”

မီးလျှံကျောင်းတော်ဆရာမှာ ပြန်ငြင်းပစ်လိုက်ချင်ပါသော်ငြား နေ့တစ်ဝက်လောက်ကြာအောင်ကို ပြန်ပြောစရာစကားလုံးကား ရှာမတွေ့ဖြစ်နေရ၏ ။ ထိုမစ်ရှင်ထဲတွင် အမှန်တကယ်ကို ဘာမှ မပြောထားသလို ဘာကိုမှလည်း မကန့်ကွက်မတားမြစ် ထားခဲ့ပါချေ ။

သို့သော်ငြားလည်း ရဲခေါ်ခြင်းအမှုကို ပြုလိုက်ခြင်းက … မီးလျှံကျောင်းတော်၏ရာဇဝင်တွင် ရဲခေါ်ပြီး မစ်ရှင်ပြီးမြောက်ခဲ့သည့် ကျောင်းသားများ တစ်ယောက်ဆိုတစ်ယောက်မှပင် မရှိဖူးခဲ့ပါချေ ။ ဤသတင်းသာ အပြင်ကို ပေါက်ကြားသွားခဲ့ပါလျှင် …

အဆုံးသတ်တွင်တော့ ထိုဆရာမှာ ဆွံ့အနေမိရင်းဖြင့်ပင် ရီဝမ်ဝမ်၏ မစ်ရှင်ပြီးမြောက်ကြောင်း စာရွက်အပေါ်တွင် မစ်ရှင်ပြီးမြောက်ပါကြောင်း တံဆိပ်ခေါင်း ထုပေးလိုက်ရ တော့သည်တည်း ။

……………………………………………………………………..............

စာစဉ် ၇၆၊ အခန်း ၅။  သေရမှာ မကြောက်ဘူးလား

ကြေးစားမှတ် ၅၀၀၀ ကို ရရှိလိုက်ပြီးသည့်နောက်တွင် ရီဝမ်ဝမ် ပျော်ရွှင်ကြည်နူးတစ်တီတူးစွာဖြင့် ခြေလှမ်းကျယ်ကြီးများနှင့် ထွက်ခွာလာကာ မစ်ရှင်ဌာနဆီကို ပြန်လည်ဦးတည်လိုက်တော့လေပြီ ။

မရှေးမနှောင်းပင် အားလုံး၏ တအံ့တသြဖြစ်နေသော အကြည့်များ၏ အရှေ့တည့်တည့်တွင်ပင် ရီဝမ်ဝမ်
S အဆင့် မစ်ရှင်နှစ်ခုနှင့် S+ အဆင့် မစ်ရှင်တစ်ခုကို အောင်အောင်မြင်မြင်ဖြင့် ဗြိခနဲ ဆွဲဖြုတ်ပစ် လိုက်တော့၏ ။

S အဆင့် မစ်ရှင် - ဂျိဘုရင် ပိုင်ဆိုင်သည့် လက်စွဲတော် လက်စွပ်ကို ယူပြီး ဂုဏ်ပြုမှတ် ၁၀၀၀၀ ရယူပါ ။

S အဆင့် မစ်ရှင် ။ အရှင်နတ်ဆိုးဆီမှ ဆံခြည်တစ်မျှင်ကို ရယူပြီး ဂုဏ်ပြုမှတ် ၁၀၀၀၀ ရယူပါ ။

S+ အဆင့် မစ်ရှင် - တံဆိပ်ပြားတစ်ခုကို ပြန်ယူလာပြီး (အရှင်နတ်ဆိုးရဲ့ ပြန်ဖမ်းခံရနိုင်ချေ မြင့်ပြီး စစ်တလင်းခင်းရနိုင်ချေ မြင့်သည်) ကြေးစားမှတ် ၇၀၀၀ ရယူပါ ။

“လခွမ်း … ရီဝမ်ဝမ် ရူးများသွားပြီလား ။ S အဆင့် နှစ်ခုနဲ့
S+ အဆင့် တစ်ခု ။ အားလုံးကလဲ အရှင်နတ်ဆိုးနဲ့ ဂျိဘုရင်တို့နဲ့ သွားပတ်သက်နေတဲ့ဟာကြီးတွေ ။ သောက်ကျိုးနည်းအောင်
သူ ဘာတွေများ တွေးနေတာလဲ”

“ငါတော့ အဲ့ဒီ S အဆင့် မစ်ရှင်ကြီးနှစ်ခုကိုမှ သူ ရွေးလက်ခံလိုက်ရတဲ့ အကြောင်းကို လုံးဝကို နားမလည်နိုင်တော့ဘူး ။ အဲ့ဒီ S+ အဆင့် မစ်ရှင်ကိုပဲ ကြည့်ဦး ! တံဆိပ်ပြားကို ပြန်ယူလာရမှာ .. ပြီးတော့လဲ အရှင်နတ်ဆိုးရဲ့ အဖမ်းခံရနိုင်ချေက မြင့်သေးတယ် ၊ အခန့်မသင့်ရင် စစ်တလင်းတောင်မှ ခင်းရနိုင်ချေ မြင့်တယ် ။ သူ့အသက်ကို ငွေလင်ဗန်းပေါ် တင်ထားနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”

“ဒါပေမယ့်လေ .. ဒီမတိုင်ခင်ကလဲ ရီဝမ်ဝမ်က ဖိန့်ဖိန့်တုန်ရဲ့ခုနစ်စင်ကြယ် နဲ့ ကြယ်ခုနစ်ကို နိုင်အောင်တိုက်ပါ ဆိုတဲ့ မစ်ရှင်ကို လက်ခံသွားပြီးတော့ အောင်မြင်လာခဲ့တယ်လို့ ငါ ကြားခဲ့တယ်ရော်”

“ဒါပေမယ့်လဲဟာ သူက စွမ်းပါတယ်ဆိုရင်တောင် အရက်မူးလက်သီးသိုင်းကို မျောက်ကြီးနဲ့ ဝက်ဝံကြီးဆီကနေ သင်ထားပြီးတော့ တတ်ထားတယ်ဆိုရင်တောင် .. ဟိုဘက်က အရှင်နတ်ဆိုးလေဟ ။ သူ သွားခိုးတဲ့အချိန် အရှင်နတ်ဆိုးတောင် ရှိရင်ရှိနေဦးမယ် ။ ဒါက ခုနစ်စင်ကြယ်နဲ့ ကြယ်ခုနစ်ကို နိုင်လာတာမျိုးနဲ့ လားလားမှကို မဆိုင်တာလေဟ”

“ဟိုတုန်းက စီနီယာအစ်မ နန်လင်းလုံ စံချိန်တင်သွားခဲ့တုန်းက တစ်လအတွင်းမှာတင် S အဆင့် မစ်ရှင်နှစ်ခုနဲ့ A+အဆင့် မစ်ရှင်တစ်ခုကို တစ်ယောက်ထဲ အောင်မြင်လာခဲ့တာလေ မဟုတ်ဘူးလား ။ ရီဝမ်ဝမ်က နောက်ထပ် စံချိန်များ တင်ချင် လို့များလား ။ သူ သေရမှာ မကြောက်ဘူးလား”

ရီဝမ်ဝမ်သည်ကား လူတိုင်း၏ ပေါက်ပေါက်ဖောက်နေသော ထိုစကားသံများကို လုံးလုံးလျားလျား လျစ်လျူရှုထားလေပြီး ထိုမစ်ရှင်သုံးခုကို လက်ခံကာ လှည့်ထွက်သွားတော့လေသည် ။

သူမသည် ထိုမစ်ရှင်သုံးခုကို အောင်မြင်လိုက်သည်နှင့် သူမ၏စာရင်းထဲကို ဂုဏ်ပြုမှတ် ၄၀၀၀၀ က ထပ်ဝင်လာပေလိမ့်မည် ။ အမှတ်တွေကို ရေတွက်ကြည့်လိုက်မိသည်တွင် ကျောင်းအုပ်ဆရာကြီးဆီကနေ နောက်ထပ်ကုသမှုကို ရဖို့ရာ လုံလောက်သွားလေပြီ ။ သူမ ရုတ်တရက်ပင် မှတ်ဉာဏ်တွေ ပြန်ရလာတော့မလို ခံစားမိလာတော့ပြီး ထိုအမှတ်များမှာ လည်း ရှာရသိပ်မခက်ကြောင်း တွေ့ရှိမိ လာတော့၏ ။

မစ်ရှင်ချပေးရာဌာနကနေ ထွက်လာပြီးသည့်နောက်တွင်
ရီဝမ်ဝမ်သည် အကြီးအကဲ ခုံး ဆီကို အရင် သွားလိုက်ပြီး ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်း ရှိပါကြောင်းကို သတင်းပို့လိုက်ပြီးနောက် ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီကို သုတ်ခြေတင်ကာ သွားလိုက်တော့၏ ။

ကျောင်းအုပ်ကြီး၏ရုံးခန်းဆီကို ရောက်သွားသည်နှင့်
သူမ တံခါးကို ခေါက်လိုက်ပြီး ခွင့်ပြုချက်ရသဖြင့် ဝင်သွားလိုက်တော့၏ ။

“ကျောင်းအုပ်ကြီး …”

မျက်မှန်တစ်လက်ကို တပ်ကာ စာရွက်စာတမ်းများ ဖတ်ရှုနေသော အဘိုးအိုအား ရီဝမ်ဝမ် ဝမ်းသာရွှင်လန်းစွာ ကြည့်နေမိ၏ ။

“ဂုဏ်ပြုမှတ်အကြွေးတွေ ပြန်လာဆပ်တာလား”

မီးလျှံကျောင်းအုပ်ကြီးသည် သူမလေးအား မော့ကြည့်လာကာ အကဲခတ်လေ၏ ။

ရီဝမ်ဝမ် အံ့သြသွားရ၏ ။ သူမသည် ထိုအခြင်းအရာကို လုံးဝကို မေ့လျော့နေခဲ့သည်ကိုး .. ။
ကျောင်းအုပ်ကြီးထံတွင် ဂုဏ်ပြုမှတ် ၂၅၀၀၀ အကြွေးပေးဖို့ ရှိနေသေးလေသည် မဟုတ်လော ။

“ဟုတ်ပါတယ်” ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်ရပါ၏ ။
သူမ၏ မစ်ရှင်ပြီးလာကြောင်း စာရွက်စာတမ်းတို့ကို ဆွဲထုတ်လိုက်ပြီးနောက် ထိုဂုဏ်ပြုမှတ် ၂၅၀၀၀ ကို ကျောင်းအုပ်ကြီးအား ပြန်ဆပ်လိုက်ရတော့၏ ။

“ကောင်းတယ် .. ကောင်းတယ် .. မင်းက စကားတော့ တည်သားပဲ”

ကျောင်းအုပ်ကြီးမှာ နှစ်ထောင်းအားရဖြစ်စွာ သူမလေးအား ကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်လာတော့သည် ။

“ကျောင်းအုပ်ကြီး … ကျွန်မ အရှေ့ရက်က တရုတ်ပြည်ကို ရောက်တုန်း ကျောင်းအုပ်ကြီးက အရက်သောက်ရတာကို ကြိုက်တယ်ဆိုတာ ကြားခဲ့ရလို့ ..ဆရာ့အတွက် နည်းနည်းပါးပါး ဝယ်လာခဲ့ပါတယ်”

ရီဝမ်ဝမ် ပြုံးလိုက်ကာ ထိုအရက်ဗူးများကို စားပွဲပေး တင်ပေးလိုက်တော့သည် ။

မီးလျှံကျောင်းအုပ်ကြီး ပြောလာလေပြီ ။
“ကျေးဇူးပဲ .. မင်းက တော်တော်လေး သိတတ်သားပဲ ။
ငါလဲပဲ ငယ်ငယ်တုန်းက တရုတ်ပြည်ကို တစ်ခါ ရောက်ဖူးတယ် ။ အဲ့ဒီက အရက်တွေက တကယ့်ကောင်းတာတော့ အမှန်ပဲ”

ကျောင်းအုပ်ကြီးက လက်ခံလိုက်သောကြောင့်
ရီဝမ်ဝမ် ပြုံးရွှင်မိသွားပြီး ပြောလိုက်တော့သည် ။

“အမ် .. ကျောင်းအုပ်ကြီး .. ကျွန်မမှာ ဂုဏ်ပြုမှတ် ၃၀၀၀၀ ကျန်နေသေးတယ် ။ အဲ့ဒါ ကျောင်းအုပ်ကြီး အိပ်မွေ့ချနည်းနဲ့ ကုသပေးလို့ ရမလား”

“အမှတ် ၅၀၀၀၀ ပြည့်မှ ပြန်လာခဲ့”

“ကျောင်းအုပ်ကြီးကလဲ … ဒီလိုစကားကို မကြားဖူးဘူးလား ။ ‘ချေးထားတာကို အချိန်မှီပြန်ဆပ်ပါ ။ ဒါဆို နောက်ထပ်တစ်ကြိမ် ထပ်ချေးလို့ ရပြီ’ တဲ့ ။
တပည့်က ဆရာ့ကို ၂၅၀၀၀ ပြန်ဆပ်ပြီးသွားပြီလေ ...
အခုက ထပ်ချေးတာဟာကို”

ရီဝမ်ဝမ် မြှောက်ပင့်ခယကာ နားချလေပြီ။

…………………………………………………………………….............

စာစဉ် ၇၆၊ အခန်း ၆ ။ ငါက ယုံကြည်မှုကို တန်ဖိုးအထားဆုံး

မီးလျှံကျောင်းတော်အုပ်ကြီး မဆိုစလောက်လေး မျက်မှောင်ကြုတ်လာ၏ ။

“ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲ ။ အခုလေးတင် အကြွေးဆပ်ပြီးသွားရုံရှိသေးတယ် ချက်ချင်း အကြွေးထပ်လိုချင်တယ် ။ အစကတည်းက အကြွေးမပေးပဲဘဲ နေလိုက်ပါတော့လား”

“ကျောင်းအုပ်ကြီးကလဲ .. ကြည့်လေ ကျောင်းအုပ်ကြီးက ကျွန်မရဲ့အရက်ကိုဖြင့် လက်ခံထားပြီးနေပြီဟာကို ။ ကျွန်မမှာ အဲ့အရက်ကို တရုတ်ပြည်ကနေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း အဆင်းရဲတွေခံပြီး ပြန်သယ်လာခဲ့ရတာနော်”
ရီဝမ်ဝမ်သည် ရင်ကွဲနာကျဟန်လေးနှင့် သက်ပြင်းလေးကို တချချပြုနေလေ၏ ။

“မင်း …”

ကျောင်းအုပ်ကြီးခမျာ ဇဝေဇဝါ ဖြစ်မိသွားတော့ပြီး
အနှီရီဝမ်ဝမ်အား ကြည့်မိသွားတော့၏ ။
သူမသည် ဒါကြောင့်မို့ အရက်လက်ဆောင် ပေးလာခြင်းကိုး ။ သူမသည် ဒီယုန်ကို မြင်လို့ ဒီခြုံကို ထွင်ခဲ့ခြင်းကိုး ။
သူပေးတာကို ယူ ၊ သူ ကျွေးတာကို စားလိုက်မိသည်နှင့်
ထိုသူ့အတွက် လက်တို့ချည်တို့ကို တုပ်နှောင်ခံထားရပြီးသား ဖြစ်သွားလေပြီ မဟုတ်ပါလား ။ သူသာ ယနေ့တွင်
ရီဝမ်ဝမ်အား သူ့အပေါ် အကြွေးတင်သွားခွင့် ပြုမိလိုက်ပြီး ထိုအခြင်းအရာမှာလဲ အပြင်ကို ပေါက်ကြားသွားခဲ့ပါလျှင်
သူသည် တပည့်ဖြစ်သူအပေါ်မှာ အခွင့်အရေးယူတတ်ခြင်းအမှု၌ ပျော်မွေ့နေသူကြီး တစ်ယောက်ဟု အများက ထင်မြင်သွားကြပေ လိမ့်မည် ။

“ဟိုမှာ သွားလှဲလိုက် ။ အကြွေး ၂၀၀၀၀ ကို တစ်လအတွင်းတော့ ပြန်ဆပ်ရမယ်နော်”
ကျောင်းအုပ်ကြီးက အလိုမကျမှုန်သုန်ဆူအစ်စွာဖြင့် ပြောဆိုလာ၏ ။

“ပြန်ပေးမှာပေါ့ .. စိတ်ချပါ ။ ကျွန်မက ယုံကြည်မှုကို တန်ဖိုးအထားဆုံးပါ ဆရာရဲ့”

ကျောင်းအုပ်ကြီး၏ သဘောတူလိုက်ခြင်းကြောင့် ရီဝမ်ဝမ်၏အပြုံးမှာ ကြီးမားသထက်ကြီးမားလာမိတော့ပြီး သူမလေး ချက်ချင်းလက်ငင်း ရုံးခန်းထဲက ကုလားထိုင်ပေါ် သွားကာ လှဲချလိုက်တော့၏ ။

ကျောင်းအုပ်ကြီးသည် သူ၏စာရွက်စာတမ်း ဖတ်ခြင်းအမှုကို ပြုပြီးသည်နှင့် ထမတ်တပ်ရပ်လာကာ ရီဝမ်ဝမ်ဆီကို လျှောက်လာလေသည် ။ အိပ်မွေ့ချခြင်းကုထုံးကို ပြီးခဲ့သည့်တစ်ခေါက်ကအတိုင်း ထပ်တူညီစွာပင် စတင်လိုက် တော့လေပြီ ။

ကျောင်းအုပ်ကြီးထံမှ မေးခွန်းတစ်ချို့ကို ဖြေကြားပြီးနောက်တွင် ရီဝမ်ဝမ် အိပ်မွေ့ချခြင်းစည်းချက်ထဲ နစ်မြောသွားလေပြီး
မျက်လွှာတို့ လေးလံလာရတော့ကာ မကြာခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့၏ ။

သိစိတ်နှင့် မသိစိတ်ကြား လွန်ဆွဲနေမိရင်းမှ သူမလေး၏စိတ်ဝိဉာဉ်မှာ ကိုယ်တွင်းထဲကနေ ခွဲထွက်သွား လေသယောင်ပင် ။

လွတ်လပ်သောနယ်မြေ၏ ချောင်တစ်ချောင်တွင်
မိုးပြာရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်သည် လမ်းမကြီးဘေးတွင် ပစ်လဲလို့ နေ၏ ။ သူမလေး၏ကိုယ်ကနေ သွေးတိ့ုဖြင့် ရွှဲရွှဲနစ်နေလျက်။

မိုးကောင်ကင်ထက်တွင် မီးခိုးရောင်တိမ်တိုက်ကြီးတို့က အုံဖွဲ့ကာ သိပ်သည်းလို့နေပြီး မိုးထက်ကနေ မိုးစက်တို့က တဝုန်းဝုန်း ကြဲချနေလေသည် ။ အနှီမိန်းကလေးခမျာ မိုးရေတို့လဲ ရွှဲရွှဲစိုကာ တစိမ့်စိမ့်ထွက်နေသည့် သွေးတို့ကလဲ ညစ်ပတ်ပေရေလို့ နေရင်း သူမလေး၏ပုံဟန်လေးမှာ မြေကြီးနှင့် တစ်သားထဲ ဖြစ်တော့မလားပင် အောက်မေ့ရ၏။

ဤထိတ်လန့်ချောက်ချားစဖွယ်ကောင်းသော အကျည်းတန်သော ပုံရိပ်သည်ကား အမှန်ပင် သည်းမခံနိုင်စဖွယ် ။

အနှီမိန်းကလေးခမျာ တစ်ဖက်က အင်အားကြီးလှသော ရန်သူအား တစ်စက်လေးမှပင် ခုခံနိုင်ဟန် မရှိနေ ။
သူမလေး၏ ပြင်းထန်လွန်းသော ဒဏ်ရာတို့ကြောင့်ပေလော သို့တည်းမဟုတ် သူမလေး၏ ခုခံချင်စိတ်ကိုက တစ်စိုးတစိလေးမျှ မရှိနေခြင်းကြောင့်ပေလော မသဲကွဲပါချေ။

“မင်း … သေဖို့ ထိုက်တန်တယ်”

တစ်မျိုးတစ်ဖုံ ရင်းနှီးကျွမ်းနေသည့် အသံတစ်သံ ။

ရီဝမ်ဝမ် အရှေ့ကို ရှေးရှုကြည့်လိုက်မိ၏ ။ သို့သော်လည်း လူတိုင်း၏မျက်နှာတို့မှာ မျက်နှာပြောင်ကြီး ဖြစ်နေဘိသကဲ့သို့
သူမလေး ဘာဆိုဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပါချေ။

“စိုးရိမ်ခြင်းကင်းသောနန် … ငါ မင်းကို င့ါလက်ထဲမှာပဲ သေခိုင်းမယ် ။ မင်း အကြိမ် ၁၀၀၀၀ သေပေးရင်တောင်မှ မင်း ကျူးလွန်ထားတဲ့ မကောင်းမှုအတွက် မကျေသေးဘူး ။ မင်းရဲ့သေခြင်းတရားက မလုံလောက်သေးဘူးကွ”

အနှီယောကျာ်း၏ မပီမသ ေ၀ဝါးနေသော ပုံရိပ်တစ်ခုသည် သူမလေးနံဘေးတွင် ရပ်လိုက်လေပြီး ချက်ချင်းပင် သူက သူမလေး၏လည်ပင်းကို ဆုပ်ကိုင်လိုက်လေသည် ။

သို့သော်လည်း .. အချိန်အကြာကြီး ကြာလာသည့်တိုင်အောင် ထိုယောကျာ်းသည်ကား အနှီမိန်းမငယ်လေးကို မသတ်ရက်နိုင်သေးပေ ။

“ဘာလို့လဲ … ငါ့ကို ပြောစမ်းပါ ၊ ဘာလို့ အဲ့လို ဖြစ်ပျက်ခဲ့ရတာလဲ” အနှီယောကျာ်းက ဒေါသတို့ ပွက်ပွက်ဆူဝေကာ ဒေါသတကြီး ဟစ်ကြွေးလေသည် ။
“မင်းကြောင့် … ငါတို့ကို မင်း သစ္စာဖောက်သွားတာ”

အနှီမိန်းကလေး၏ မျက်နှာလေးပေါ် တဖြောင်းဖြောင်း ရွာကျနေသည့် မိုးစက်တို့က သူမလေး၏ နှုတ်ခမ်းထောင့်က သွေးစတို့ကို သုတ်သင်ဖယ်ရှားပေးသွားလေသည် ။ အနှီမိန်းကလေး၏ နှုတ်ခမ်းလွှာလေးတို့မှာမူ ကွေးညွှတ်လာပြီး သူမလေးသည် စကားတစ်ခွန်း ဆိုချင်ဟန် အလျဉ်းမရှိဘဲ မျက်လွှာတို့ကို ပိတ်ချပစ်လိုက် လေသည် ။

“ပြောစမ်း .. ဘာလို့ အဲ့လို လုပ်ခဲ့တာလဲ”
ထိုယောကျာ်းသည်ကား ဒေါသကြီးစွာ အော်ဟစ်မြည်ကြွေးနေဆဲ ။

သို့ပေမည့် မိန်းကလေးသည်ကတော့ ဘာဆိုဘာမှ မပြောတော့လေပြီ ။

“အော် … မင်းက မပြောဘူးပေါ့လေ .. အဲ့ဒါက အရေးမှမကြီးတော့တာ ။ ငါ ကိုယ်တိုင် မင်းကို သတ်မယ် .. ပြီးရင် မင်းနဲ့အတူ ငါလဲ လိုက်ခဲ့မယ် ။ ဒါ ငါလုပ်နိုင်တာ အကုန်ပဲ”
အနှီယောကျာ်းခမျာ ဖျော့တော့စွာ ပြုံးလာလေပြီး သူ့မျက်ဝန်းထဲက တွန့်ဆုတ်နေမှုတို့မှသည် ရက်စက်မှု နှင့် ခိုင်မာပြတ်သားမှုတို့အဖြစ်ကို အသွင်ကူးပြောင်းသွားလေပြီ ။

သို့ုသော်လည်း အချိန်တွေသာ လွန်လာသည် ။
ထိုယောကျာ်းသည်ကား မလုပ်ရက်သေးဆဲပါပင် ။

အသက်တစ်ရှူစာအချိန်ခန့် ကြာပြီးနောက်တွင်မူ ထိုယောကျာ်းက အံကို ကြိတ်လိုက်ပြီး အနှီမိန်းကလေးငယ်အား မြေကြီးပေါ် ဆောင့်ချပစ်လိုက်ကာ အနောက်ဘက်တွင် ရှိနေသည့် လူကြီးတစ်ယောက်အား အမိန့်ပေးလိုက်လေသည် ။

“အကြီးအကဲ ကျင်း … သူ့ကို လာသတ်လှည့်”

ထိုလူကြီးသည် သိပ်သည်းပြည့်ညက်နေသည့် လူအုပ်ထဲကနေ ဓားတစ်လက်ကို လက်ထဲတွင် စွဲကိုင်ရင်း ထွက်လာလေပြီ ။ အနှီယောကျာ်းသည်ကတော့ ကားထဲကို ပြန်ဝင်သွားခဲ့လေပြီ ။

ထိုလူကြီးမှာ မိန်းကလေးငယ်၏ ရင်ဘတ်ဆီသို့ ဓားကို ပစ်ခွင်းလိုက်လေသည် ။

ထိုဓားတိုမှာ မိန်းကလေးငယ်၏ ရင်ဝဆီ မထိုးစိုက်သွားမိခင် မြင်ကွင်းလွှာပုံရိပ်မှာ ပြောင်းလဲသွားလေပြီး အလင်းကဲ့သို့နှယ် လျင်မြန်လွန်းသော အနက်ရောင်သဏ္ဍာန် တစ်ခုက မိန်းမငယ်လေး၏နံဘေးကို ရောက်ချလာချေသည်။ သူ၏အေးစက်နေသည့် မျက်ဝန်းတို့က တစ်လောကလုံးကို အေးခဲအောင် လုပ်ပစ်တော့မည့်မယောင် ။ သူ၏ပုံပန်းသွင်ပြင်မှာလည်း ညအမှောင်ထုနှင့် တစ်သားထဲ ဖြစ်တည်နေသလို ။

………………………………………………………………………............
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

အားလုံးပဲ နှစ်သစ်မှာ ကိုယ်စိတ်နှလုံး သုံးပါးစလုံး အေးချမ်းပြီး ပျော်ရွှင်ချမ်းသာကာ လိုတိုင်းတလို့ တတိုင်း ရနိုင်ကြပါစေလို့ ဒီကနေ သာသာ နှစ်သစ်ကူးဆုတောင်းလေးနဲ့ မေတ္တာပို့ပေးလိုက်ပါတယ် 🙏

အော်ရီဒူးဖုန်းဘေသမားလေးတွေလဲ သာသာ့ပေ့ချ်ဘက် ဒီည လာစောင့်ပေးကြနော် ။ အော်ရီဒူးတစ်ထောင်တန် တစ်ကတ် ဝေမျှပေးဖို့ ရှိနေပါတယ်လို့ ။

အားလုံးပဲ ကိုယ်စိတ်နှလုံးသုံးပါးစလုံး အေးချမ်းသာယာ ကြပါစေ 😍

Continue Reading

You'll Also Like

411K 21.6K 47
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
183K 13.6K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
946K 49.9K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
202K 7.6K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...