๐˜๐จ๐ฎ๐ง๐  ๐ฉ๐ž๐จ๐ฉ๐ฅ๐ž ๐š๐ง๏ฟฝ...

By Orange_min93

1.2K 174 50

๐‚๐š๐ฎ๐ฌ๐ž ๐ฒ๐จ๐ฎ๐ง๐  ๐ฉ๐ž๐จ๐ฉ๐ฅ๐ž ๐Ÿ๐š๐ฅ๐ฅ ๐ข๐ง ๐ฅ๐ฎ๐ฏ ๐ฐ๐ข๐ญ๐ก ๐ญ๐ก๐ž ๐ฐ๐จ๐ซ๐จ๐ง๐  ๐ฉ๐ž๐จ๐ฉ๐ฅ๐ž ๐ฌ๐จ๐ฆ๐ž๐ญ๏ฟฝ... More

๐๐š๐ซ๐ญ - 1
๐๐š๐ซ๐ญ - 3
๐๐š๐ซ๐ญ - 4
๐๐š๐ซ๐ญ - 5
๐๐š๐ซ๐ญ-6
๐๐š๐ซ๐ญ - 7
๐๐š๐ซ๐ญ - 8
๐๐š๐ซ๐ญ - 9
๐๐š๐ซ๐ญ -10

๐๐š๐ซ๐ญ - 2

143 22 0
By Orange_min93

အမေနဲ့စကားပြောကြည့်တော့
အမေကမေးတယ်
ဒီကောင်လေးကို ဘယ်ကရှာတွေ့လာတာလဲတဲ့
တခါတလေ လူငယ်တွေလည်း မှားယွင်းနေတဲ့လူကို ချစ်မိတတ်ကျတာပါပဲလေ
.....
"မေမေ သားသွားပြီနော် ဖေဖေ တာ့တာ"
"အေးအေး သားလေး ကောင်းကောင်းသွား"
"မေကြီး ငါတို့သားလေးက တကယ့်ကလေးလေးလိုပဲ"
"သားလေးက အရမ်းလိမ္မာတယ်မလား သူကောင်းကောင်းကြီးပြင်းလာခဲ့တာ"
"ဒါပေါ့ကွာ"
ထွက်သွားတဲ့ သားလေးကျောပြင်ငယ်ကို ကြည့်ရင်းပြောနေကျတဲ့ ဂျွန်ဖေဖေနဲ့ဂျွန်မေမေရယ်ပါ
ဂျောင်ကုတစ်ယောက် ကျောင်းနဲ့အိမ်နဲ့မဝေးတာမို့ လမ်းလျှောက်ပဲသွားသည်
ဂျောင်ကုမှာ သူငယ်ချင်း‌တွေအများကြီးရှိပေမယ့် အိမ်နီးချင်းကတော့ တစ်ယောက်မှမရှိပါချေ
"အွန့် အာ...သွားပြီ"
လမ်းထောင့်စွန်းအ​ကွေ့ရောက်တော့ လူတစ်ယောက်နဲ့ တိုက်မိသည်
တစ်ချိန်တည်းမှာပဲ ဂျောင်ကုအကျီပေါ် စိုရွဲကုန်တဲ့ Americano coffee အေးအေးတွေ
"ခင်ဗျားလမ်းကိုဘယ်လိုလျှောက်...."
"ဆက်ပြောလေ"
ဂျောင်ကု‌ပြောစရာစကားတို့ ပျောက်ရှသွားရသည်
အသားဖြူဖြူ ဆံပင်အစိမ်းရောင်နဲ့ အနက်ရောင် မျက်ဝန်း တကယ်ပဲ ဒီမှုန်ကုတ်ကုတ်နဲ့ လူက ဘာများလဲ
သူ့ရဲ့အပေါ်စီးဆန်တဲ့အကြည့်‌တွေကရော ဘာများလဲ
ရင်ဘတ်ထဲကကောင်ကရောဘာဖြစ်နေတာလဲ တဒုန်းဒုန်းနဲ့
ဟူးးးရုတ်တရက်မို့ လန့်သွားလို့နေမှာပါ
"ဘာကြည့်နေတာလဲ ဆက်ပြောလေ"
သူ‌ပြောလိုက်မှပဲ သတိရသွားတော့တဲ့ အတွေးများနေတဲ့ ဂျောင်ကုပါပဲလေ
"ဗျာ ဘာမှမကြည့်ပါဘူး"
"ဟို...ဟိုကျနော်သွားပြီ ကျောင်းနောက်ကျမှာစိုးလို့"
"နေဦး မင်းကျောင်းအကျီစိုနေတယ်လေ"
"ရော့ ငါ့Hoddieယူသွားလိုက်"
"အာ ရပါတယ် မယူတော့ပါဘူး ကျနော်အဆင်ပြေပါတယ်"
"ဒါဆိုပိုက်ဆံယူမလား?"
‌ရှေ့ကနေ မှင်သေသေ မျက်နှာထားနဲ့နံရံကို တံတောင်နဲ့ထောက်ပြီး ဇိုးစတိုင်နဲ့မေးတော့ ရန်တွေ့လာတဲ့ အထက်တန်းကျောင်းသားလေး
"ဘာဗျ ကျနော့်ကို ပိုက်ဆံမက်တဲ့လူများမှတ်နေလား ဘာမှမယူဘူး ခင်ဗျားရှေ့က‌နေ ဖယ်ဗျာ"
"မင်းကလဲ နေပါဦးကွာ ဘာမှမယူလဲ မင်းနာမည်‌တော့ပြောပြခဲ့ဦးလေ"
"ဂျောင်...ဂျောင်ကု"
ရှက်သလိုလို ကြောက်သလိုလိုနဲ့ စကားတွေပါထစ်နေတဲ့ ချာတိတ်ပါလေ
"ဟမ်"
နားမလည်သလိုနဲ့ ပြန်မေးတော့
"ဂျွန်ဂျောင်ကုလို့ ဖယ်‌ပေးပါတော့ဗျာ"
"ဟားဟား ဒီချာတိတ်ကတော့လေ"
လူကိုတွန်းပြီးပြေးထွက်သွားတာကြောင့် ရီရင်းကျန်နေခဲ့သည်မှာ ယွန်းဂီပင်
ယွန်းဂီကတော့ဘာရယ်မဟုတ် ချစ်စရာလေးမလို့ ပြီတီတီပြောလိုက်ပေမယ့် တစ်စုံတစ်ကုကတော့‌ ရင်ထဲမှာ ကုလားဘုရားပွဲတော်ကျင်းပနေပါပြီ။

ဟီး" အပိုင်းတွေက နည်းနေတယ်ထင်ပါ့
လိုအပ်တာလေးရှိရင်ပြောကျပါဦး ပထမဆုံးရေးတာ‌လေးမို့လို့>_<

Continue Reading

You'll Also Like

193K 19.1K 24
"๐™๐™ค๐™ช๐™˜๐™ ๐™ฎ๐™ค๐™ช๐™ง๐™จ๐™š๐™ก๐™›, ๐™œ๐™ž๐™ง๐™ก. ๐™„ ๐™ฌ๐™–๐™ฃ๐™ฃ๐™– ๐™จ๐™š๐™š ๐™ž๐™ฉ" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.1M 38.1K 63
๐’๐“๐€๐‘๐†๐ˆ๐‘๐‹ โ”€โ”€โ”€โ”€ โi just wanna see you shine, 'cause i know you are a stargirl!โž ๐ˆ๐ ๐–๐‡๐ˆ๐‚๐‡ jude bellingham finally manages to shoot...
220K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...