ใ€Žomegaแ€–แ€ผแ€…แ€บแ€•แ€ผแ€ฎแ€ธโ€Œแ€”แ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€šแ€บแ€แ€”แ€บแ€›...
By hanakim_32398
493K 62.3K 2.5K
๐˜ผ๐™จ๐™จ๐™ค๐™˜๐™ž๐™–๐™ฉ๐™š๐™™ ๐™‰๐™–๐™ข๐™š๐™จ : ็ฉฟๆˆOmegaๅŽๅ‘็Žฐ่‡ชๅทฑๆ€€ๅญ•ไบ† ๐˜ผ๐™ช๐™ฉ๐™๐™ค๐™ง(๐™จ): ้žๆœŸ่€Œ็„ถ ๐™๐™ฎ๐™ฅ๐™š: ๐™’๐™š๐™— ๐™‰๐™ค๐™ซ๐™š๐™ก(๐˜พ๐™‰) ๐™‚... More
Description ๐Ÿผ
Part - 1 (Z+U)
Part - 2 (Z+U)
Part - 3 (Z+U)
Part - 4 (Z+U)
Part - 5 (Z+U)
Part - 6 (Z+U)
Part - 7 (Z+U)
Part - 8 (Z+U)
Part - 9 (Z+U)
Part - 10 (Z+U)
Part - 11 (Z+U)
Part - 11 . 2 (Z+U)
Part - 12 (Z+U)
part - 13 (Z+U)
Part - 14 (Z+U)
Part - 15 (Z+U)
April Fool แ€กแ€™แ€พแ€แ€บแ€แ€›๐ŸŽ€
Part - 16 (Z+U)
Part - 17 (Z+U)
Part - 18 (Z+U)
Part - 19.1 (Z+U)
Part - 19.2 (Z+U)
Part - 20.2 (Z+U)
Part - 21.1(Z+U)
Part - 21.2 ( Z+U)
Part - 22.1 (Z+U)
Part - 22.2 (Z+U)
Part - 23 (Z+U)
Part - 24 (Z+U)
Part - 25 (Z+U)
Part - 26 (Z+U)
Part - 27 (Z+U)
Part - 28 (Z+U)
Part - 29 (Z+U)
Part - 30 (Z+U)
Part - 31 (Z+U)
Part - 32 (Z+U)
Part - 33 (Z+U)
Part - 34 (Z+U)
Part - 35 (Z+U)
Part - 36 (Z+U)
Part - 37 (Z+U)
Part - 38 (Z+U)
Part - 39 (Z+U)
Part - 40 (Z+U)
Part - 41 (Z+U)
Part - 42 (Z+U)
Part 43 (Z+U)
Part - 44 (Z+U)
Part - 45 (Z+U)
Part - 46 (Z+U)
๐ŸŽ‰
Part - 47 (I'm back y'all)
Part-47
Paid GP ๐ŸŽ€
Part-48
Part-49
Part-50
Part - 51
Part - 20.1 (Z+U)
7.8K 1.3K 62
By hanakim_32398
🍼 ဘယ်လိုတောင်းပန်ဖို့ စီစဥ်ထားလဲ? • 1 | ( Uni )
လုံချန်းကျောင်းရဲ့ ဆရာများရုံးခန်းမှာတော့ လေထုက အနည်းငယ် တောင့်တင်းလို့နေတယ်။
"ကောင်းရော ၊ ခုတော့ မင်းက ရှောင်ချူးကို စိတ်ပျက်အောင်လုပ်လိုက်တာဘဲ"
"ငါ သူမကို ဒေါသထွက်သွားအောင်တမင်လုပ်ခဲ့တာမှမဟုတ်ဘဲ။ ငါက ဖြစ်သင့်တာတွေကိုထောက်ပြလိုက်ရုံပဲဟာ ။အဆိုးဆုံးကျောင်းသားက ရုတ်တရက်ကြီး အတော်ဆုံးဖြစ်လာတာလေ ၊ ငါ မေးခွန်းထုတ်လို့တောင်မရဘူးလား?" ဆရာမချူးနဲ့ ခုလေးတင် အပြင်းအထန်ငြင်းခုံခဲ့တဲ့ ဆရာယုက သူ့မေးစေ့ကို ဂုဏ်ယူစွာပင့်မော့လို့ထားတယ်။
ဆရာချမ်းကလဲ ဒေါသထွက်လို့နေတယ်။ "ဒါပေမယ့် မင်းမှာ သူခိုးချပါတယ်ဆိုတဲ့ သက်သေမှမရှိတာ။ဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ?။ ကျောင်းသားတစ်ယောက်ကို ဘာအထောက်အထားမှမရှိဘဲ ပစ်မှတ်ထားတာက ဆရာတစ်ယောက်လုပ်သင့်တဲ့လုပ်ရပ်လား?"
ဒုတိယမြောက်ရန်ပွဲ မစတင်ခင်မှာဘဲ တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့တယ်။
*ဒေါက် ဒေါက် ဒေါက် --*
ဆရာတွေအားလုံးက တိတ်ဆိတ်သွားကြပြီး အသံလာရာကိုလှည့်ကြည့်လာကြကာ လျှောက်လမ်းမှာ မတ်တပ်ရပ်နေတဲ့ သွယ်လျတဲ့ကျောင်းသားတစ်ယောက်ရဲ့ ပုံရိပ်ကိုတွေ့လိုက်ကြရတယ်။
အမှန်မှာ ၊ သူက အလင်းလာရာရဲ့ ဆန့်ကျင်ဘက်ကိုကျောပေးရပ်ထားတာကြောင့် သူတို့အနေနဲ့ သူ့မျက်နှာကို သေချာရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ ။ အဲ့ဒါက သူ အရှေ့ကို ခြေလှမ်းနှစ်လှမ်းစာမျှ ထပ်တိုးမလာခင်အထိသာဖြစ်ပြီး၊ အဲ့နောက်တော့ သူက ကျောင်းအငြင်းပွားမှုရဲ့ အဓိကဇာတ်ကောင်၊ ချိယွီမှန်း အားလုံးသိလိုက်ကြတယ်။
ဒီ သခင်လေးက တစ်ကယ့်ကို ကျောင်းရုံခန်းကို တိုက်ရိုက်လာခဲ့တာဘဲ။
ဆရာတွေအားလုံးက တစ်ယောက်မျက်နှာတစ်ယောက် အချင်းချင်းကြည့်မိသွားကြကာ ၊ ခဏအကြာမှာတော့ ၊ ဆရာတစ်ယောက်က ပြောလာခဲ့တယ်။"ကျောင်းသား၊ ဘာကိစ္စများရှိလို့လဲ?"
အချိန်အတော်ကြာကြာလောက်အထိ ၊ ချိယွီက ရုံးခန်းအပြင်ဖက်မှာမတ်တပ်ရပ်နေခဲ့ကာ နားထောင်နေခဲ့တာဖြစ်တယ်။ဒီအခြေအနေမှာတော့ ချိယွီရဲ့မျက်နှာအမူအရာက ကောင်းမနေတော့ဘဲ မထူးမခြားနားတောင်ဖြစ်လို့နေတယ်။
" ဟယ်လို၊ဆရာ။ ကျွန်တော် ဒီကိုလာတာ ကျွန်တော့်စာမေးပွဲရဲ့resultအတွက် တရားမျှတမှုလာယူတာပါ"
သူက စကားပြောနေတုန်း တရုတ်ရိုးရာမျက်နှာပေါက်နဲ့ suitဝတ်ဆင်ထားတဲ့လူကြီးကို စိုက်ကြည့်ကာ ပြောနေတာဖြစ်တယ်။
ထိုလူက Alphaဆရာ ယုစုန်းဖြစ်ပြီး၊ OတွေကAတွေအတွက် ယုတ်ညံ့တယ်လို့စော်ကားပြောဆိုကာ ချိယွီခိုးချခဲ့တယ်လို့ အခိုင်အမာယုံကြည်နေတဲ့သူဖြစ်တယ်။
ယုစုန်းက သူ့မျက်ခုံးကိုပင့်မြှောက်လိုက်ကာ : "မင်းရဲ့resultက ဘာတွေလဲဆိုတာကော မင်းသိပြီးလို့လား?"
ချိယွီက ခေါင်းငြိမ့်ပြလိုက်ကာ : "ဟုတ်၊ ကျွန်တော့်ရဲ့ ရင်ထဲအထိ နက်နက်ရှိုင်းရှိုင်းနဲ့ကို သိတာပါ"
ဒီOmegaက တော်တော်လေး အရိုင်းဆန်တာဘဲ?!
ယု‌စုန်းက အံ့အားသင့်သွားပြီး ၊ မတတ်နိုင်ဘဲ သူ့ရှေ့ကလူငယ်လေးကို အနီးကပ်တစ်ချက်လောက်ကြည့်လိုက်မိတယ်။"ဒါဆို မင်းဘယ်လိုလုပ်ခဲ့တယ်လို့ ထင်လဲ?"
ချိယွီက တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။"စာစီစာကုံးကြောင့် အမှတ်နုတ်ခံရနိုင်တဲ့ တရုတ်စာပေကလွဲရင် ၊ တခြားကျန်တဲ့ဘာသာတွေအားလုံးမှာ အမှတ်ပြည့်ရသင့်တယ်လို့ထင်တယ်။ ကျွန်တော်ဖြေပြီးတုန်းကတောင် ပြန်စစ်ကြည့်ခဲ့သေးတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ရွေးခြယ်ဘာသာရပ်နှစ်ခုလုံးမှာလဲ ကျွန်တော့်အမှတ်တွေက သေချာပေါက် 475အထက်မှာ ရှိနေသင့်တယ်"
ချိယွီက ခဏလောက်စဉ်းစားပြီး ထပ်ပြောလာခဲ့တယ်။
"အကယ်၍ ကျွန်တော် 475ထက် လျော့ရင်တော့ တစ်ခုတည်းသောအကြောင်းပြချက်က ဆရာ ကျွန်တော့်ရဲ့လက်ရေးကိုမဖတ်တတ်လို့ဘဲဖြစ်ရမယ်။ ကျွန်တော့် လက်ရေးကဆိုးပေမယ့်လဲ ကျွန်တော် အဲ့ဒါကို မြင်သာပြီးရှင်းလင်းအောင်လုပ်ခဲ့ပါတယ်။ရှုပ်ထွေးတဲ့ စာလုံးအကြီးကြီးတွေ မရေးမိအောင်လဲ အာရုံနှစ်ဆစိုက်ခဲ့ပါသေးတယ်"
ချိယွီရဲ့ အဖြေလွှာကနေတဆင့်ကြည့်နေတဲ့ ဆရာမကပြောလာခဲ့တယ်။"ကြောက်စရာ‌တော့မကောင်းပေမယ့် တော်တော်တော့ရှုပ်ထွေးတယ်"
ချိယွီက မေးလာခဲ့တယ်။" ဒါဆို အဲ့ဒါက475မရဘူးလား? အနည်းဆုံး 470 range မှာလေ?"
ဆရာများ : "..."
အခုခေတ်‌ကလေးတွေက ဒီလိုဘဲ ကွန်ဖီးဒန့်တွေစွန်း ရှိနေကြတာလား?
ဆရာယုစုန်းက စကားပြောတော့မှာကိုမြင်တာကြောင့် ၊ ချိယွီရဲ့ အတန်းပိုင် ဆရာချမ်းခယ်က အမြန်မတ်တပ်ရပ်ကာ ကြေညာလာခဲ့တယ်။
" မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်။ တရုတ်စာပေမှာ 196မှတ်တောင် ရတာဘဲ။ တခြားဘာသာအားလုံးမှာလဲ အမှတ်ပြည့်ရခဲ့ပြီး အမှတ်ပေါင်း 476 တောင်ရတယ်။ ရွေးခြယ်ဘာသာရပ်နှစ်ခုမှာလဲနှစ်ဆရခဲ့တယ် ၊ တစ်ကျောင်းလုံးမှာ မင်းကအမှတ်အများဆုံးဘဲ"
နားထောင်ပြီးနောက်၊ ချိယွီက တည်ငြိမ်စွာနဲ့ခေါင်းငြိမ့်ပြလာခဲ့တယ်။" ဒါက ကျွန်တော်မျှော်လင့်ထားတာနဲ့ ကွက်တိပါဘဲ"
အခန်းထဲက ဆရာအားလုံးက ထပ်မံ တိတ်ဆိတ်သွားကြပြန်တယ်။
ဒီကလေးက သူ့ကိုယ်သူ ဘာလုပ်နေတယ်လို့ထင်နေတာလဲ? သူ ကျောင်းရုံးခန်းကိုလာတာ ဆရာတွေကို လာကြွားဖို့လား?
သေချာတာပေါ့၊ ချိယွီက ဒီကို ကြွားဖို့လာခဲ့တာ ဘယ်ဟုတ်မလဲ။ သူက သူ့အကြည့်ကို ဆရာယုစုန်းဆီပို့လွှတ်လိုက်ကာ : "တစ်ချို့ဆရာတွေက ကျွန်တော့်ကိုမယုံမှန်းသိပါတယ်။ ဒါ့ကြောင့် ကျွန်တော့်ရဲ့ရမှတ်အစစ်အမှန်ကို သက်သေပြဖို့ လာခဲ့တာပါ"
ယုစုန်းက ချိယွီရဲ့ရမှတ်နဲ့ပတ်သက်တဲ့ သူ့ရဲ့သံသယကို ငြင်းမနေဘဲ : "ဒီတော့ မင်း ဘယ်လိုသက်သေပြလို့စီစဉ်ထားလဲ?"
ချိယွီရဲ့မျက်နှာက ခံစားချက်မဲ့လို့နေကာ : "ကျွန်တော် နောက်တစ်ခါထပ်ဖြေပြီး ခင်ဗျားကို ပွဲချင်းပြီး ပြပေးမယ်လေ"
ဒီ စကားလုံးတွေ ထွက်လာတာနဲ့ တစ်ပြိုင်နက် ဆရာအားလုံးက အချင်းချင်းကြည့်မိသွားကြတယ်။ တစ်ချို့က သူတို့ခေါင်းကိုကြာကြာမော့မထားနိုင်တော့မှာကိုတွေးမိပြီး အရှက်ရနေချိန်မှာ တစ်ချို့ကတော့ ခေါင်းငြိမ့်ပြလာကြတယ်။
သူတို့ထဲက တစ်ယောက်မှ ဒီကျောင်းသားလေး ခိုးချပါတယ်ဆိုတဲ့ သက်သေအထောက်အထားရှိမနေဘူး။ သူလုပ်ခဲ့တယ်လို့ ထင်လို့သာ သူတို့အားလုံးက ရှုတ်ချနေခဲ့တာဖြစ်တယ်။ပြီးတော့ ၊ သူတို့မေးခွန်းထုတ်နေရတဲ့ လူကိုယ်တိုင်ကလဲ သူ့ရဲ့အပစ်ကင်းစင်မှုကို သက်သေပြဖို့ စာမေးပွဲပြန်ဖြေမယ်လို့ လိုလိုချင်ချင်ဘဲ ပြောပြီး တံခါးရှေ့ကို ရောက်လာခဲ့တယ်...။
Beta ဆရာက မတ်တပ်ရပ်လာပြီး ၊ "ဒါဆိုလဲ သူ့အတွက် စာမေးပွဲအသစ်တစ်ခု လုပ်ပေးကြတာပေါ့။ဒီ ကိစ္စမှာ ရှင်းလင်းတဲ့အဖြေရှိဖို့လိုတယ်"
ထိုဆရာက ချိယွီကို နောက်တစ်ကြိမ်ကြည့်လာကာ၊ သူ့အသံက နူးညံ့လို့နေတယ်။"ဆရာတွေက မင်းကို တမင်ပစ်မှတ်ထားနေကြတာမဟုတ်ရပါဘူး။ အဲ့ဒါက မင်းရဲ့ဒီတစ်ခေါက် ရမှတ်တွေက မင်းပုံမှန်ရနေကျတွေနဲ့ မကိုက်ညီလို့ပါ။မင်းနားလည်ဖို့ မျှော်လင့်ပါတယ်"
"ကျွန်တော် နားလည်လို့ ဒီအထိရောက်လာတာပါ"
ချိယွီက ပတ်ပတ်လည်ကိုကြည့်ကာ : "ဒီမှာ ဖြေရမလား ဒါမှမဟုတ် တခြားအခန်းလွတ်ကို ရှာရမလား?"
"အမ်၊ ဒီမှာဘဲဖြေလိုက်ပါ"
"ကောင်းပါပြီ" ချိယွီက ခုံလွတ်တစ်ခုမှာ ထိုင်ချလိုက်ကာ သူပြင်ဆင်လာခဲ့တဲ့ သူ့အိတ်ကပ်ထဲက ဘောပင်ကို ထုတ်လိုက်တယ်။
သူ့ရဲ့လုပ်ရပ်တွေကို မြင်ချိန်မှာတော့၊ ဆရာတွေရဲ့ရင်ထဲက သံသယတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ်။
အဆုံးမှာတော့၊ ဘယ်သူက ကိန်းကြီးခန်းကြီးနိုင်စွာ ခိုးချပါ့မလဲ?
သူက ဆရာတွေကို ရင်ဆိုင်ဖို့ ဆန္ဒအလျောက်လာခဲ့တာဖြစ်တယ်။ဒီလိုအပြုအမူမျိုးကို တစ်ကယ်အရည်အချင်းရှိတဲ့သူတွေကဘဲ လုပ်ဆောင်နိုင်တယ်။
သို့သော်လည်း၊ ဆရာယုစုန်းကတော့ ခုချိန်ထိ မယုံနိုင်သေးပါဘူး။
သူက အရင်တပတ်က Alphaတစ်ယောက်ဖြေထားတဲ့အဖြေလွှာကို ထုတ်လိုက်တယ်။
"ဒါက သင်္ချာစာမေးပွဲအတွက်။ ဒီမေးခွန်းတွေက Alphaတွေအတွက်ရည်ရွယ်ပြီး အထူးထုတ်ထားတာ။ ဒါကြောင့် ခက်ခဲမှုအဆင့်ကတော်တော်လေးမြင့်မယ်။ အကယ်၍ မင်းသာ ဒီtestမှာ အမှတ်130အထက် ဖြေနိုင်ရင်၊ ငါမင်းကိုယုံကြည်ပေးမယ်။ဒီမှာ မင်းအတွက် အကြမ်းစာရွက်"
Testကိုလက်ခံပြီးနောက်၊ ချိယွီက အလောတကြီးမဖြေသေးဘဲ ၊ ခေါင်းမော့လာကာ ဆရာယုစုန်းကို ဖြောင့်မတ်တဲ့အကြည့်နဲ့စိုက်ကြည့်လာပြီး : "အကယ်၍ ကျွန်တော်သာ ဒီTestကို အမှတ်130အထက်ဖြေနိုင်ရင်၊ဆရာ့အနေနဲ့ ဆရာမချူးကို တောင်းပန်ရမယ်။ပြီးတော့ Omegaဆရာ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကိုရောဘဲ"
သူပြောလိုက်ပြီးနောက် တံခါးပေါက်ရှိရာကိုလက်ညှိုးထိုးပြကာ : "ဟိုနားမှာရပ်နေတုန်းက ၊ ကျွန်တော်အကုန်ကြားခဲ့တယ်"
ဒီစကားက၊အားလုံးကို ချိယွီက ဒီကိုကြွားဖို့လာခဲ့တာမဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်လာစေတယ်။
တစ်ကယ်တော့ သူက ဒီကို စစ်ကြေညာဖို့ လာခဲ့တာဘဲ!
ဆရာတွေကလည်း သာမန်လူသားတွေသာဖြစ်ပြီး၊ သူတို့မှာလဲ အတင်းအဖျင်းပြောချင်စိတ်လေးတွေရှိတတ်ကြတယ်။ရုံးခန်းက တိတ်ဆိတ်လို့နေသော်လည်း ၊ ယမ်းမှုန့်* နံ့ခပ်ဖျော့ဖျော့ကို ရလို့နေတယ်။
(T/N : ယမ်းမှုန့် = တရုတ်novelတွေကို စွဲလမ်းတဲ့သူမှန်သမျှ ဒါ ဘာကိုဆိုလိုတယ်ဆိုတာကို သိသင့်တယ်နော်။ တစ်ကယ်လို့မသိဘူးဆိုရင်တော့ ပြောပြမယ်၊ "ကျရှုံးမှုနဲ့ရင်ဆိုင်ရတော့မဲ့အမှိုက်တွေ" လို့အဓိပ္ပါယ်ရတယ်။ )
သို့သော်လည်း၊ ဤအရာက ဆရာများကြားက အကြည့်တွေကိုမဟန့်တားနိုင်ပေ။
ချိယွီက ယုစုန်းကိုကြည့်ပြီး ထပ်မေးလိုက်တယ်။
"ဘယ်လိုလဲ? ကျွန်တော်တော့ ဒီတောင်းဆိုချက်က ကျိုးကြောင်းဆီလျော်တယ်လို့ထင်တယ်"
"ဟုတ်တာပေါ့၊ ပြဿနာမရှိပါဘူး" ယုစုန်းက မျက်လွှာချကာပြောလာခဲ့တယ်။"ငါပြောခဲ့တာတွေနဲ့ပတ်သက်ပြီး တာဝန်ယူမှာပါ"
"ကောင်းပြီလေ၊ဒါဆိုလဲ ဆရာပြောခဲ့တာတွေကို သေချာမှတ်ထားပေးပါ"
ထိုသို့ပြောပြီးနောက် ၊ ချိယွီက ခေါင်းငုံ့လိုက်ကာ စာစဖြေတော့တယ်။
ရုံးခန်းက အလွန်ကိုတိတ်ဆိတ်လို့နေတာကြောင့် ပင်အပ်ကျရင်တောင်ကြားရနိုင်တယ်။
ဆရာတော်တော်များများက သူတို့ရဲ့ခန္ဓာကိုယ်တွေပေါ့ပါးသွားသလိုခံစားလိုက်ရပြီး ၊ သူတို့ခုံဆီသူတို့ပြန်ထိုင်ကြတော့တယ်။ ဆရာတွေထဲက ၊ Omegaဆရာတစ်ယောက်ကတော့ လွန်ခဲ့တဲ့အချိန်အနဲငယ်လောက်က အပြင်ကိုပြေးထွက်သွားခဲ့တဲ့ ဆရာမချူးဆီ WeChatကနေ တရစပ်စာပို့နေမိတယ်။
[ ချမ်း : ပြန်လာတော့! ချိယွီ ရုံးခန်းမှာရောက်နေပြီ!]
[ ချမ်း : သူကအခု သူ့ရဲ့ရမှတ်အစစ်အမှန်ကို သက်သေပြဖို့ စာမေးပွဲပြန်ဖြေနေပြီ! ငါထင်တာတော့ သူက အရမ်းကိုအရည်အချင်းရှိတဲ့ပုံဘဲ! ဘာပြဿနာမှမတွေ့ရဘူး!]
[ ချမ်း : ဒီကလေးက လုံးဝကိုမိုက်တယ်! စွမ်းအားပြင်းလွန်းတယ်! ]
[ ချမ်း : ယုစုန်းရဲ့ မျက်ခွက်ဖြက်ရိုက်ခံရရင် ဖြစ်လာမယ့်ရုပ်ကြီးကို မြင်ချင်ရင်မြန်မြန်ပြန်လာခဲ့တော့ ! မြန်မြန် ! ]
[ ချူး : ငါလာပြီ ၊ ငါရောက်တော့မယ် ၊ ငါလာနေပြီ ! ]
===================================
🌞 :
ဟေးးးးဒါဒါတွေအားလုံး ဗွမ်းနော် 🌊🌊 (。•̀ᴗ-)✧
အပိုင်းအသစ်တင်ရင်း ရေလာလောင်းတာ <( ̄︶ ̄)>
ပျော်ရွှင်စရာ သကြန်အခါသမယလေး ဖြစ်ကြပါစေ။
===================================
- Words - 3061
- 13,4,2022 (WED)
=================================
🍼 ဘယ်လိုတောင်းပန်ဖို့ စီစဉ်ထားလဲ? • 1 | ( Zaw )
*ဒေါက် ဒေါက် ဒေါက် --*
ဆရာများ : "..."