HANARY(S1+S2)

By greyvictor25

6.6M 433K 73.6K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Extra-2

49K 3K 425
By greyvictor25

" ဟီရိုဆီက messageရပီးပီမှတ်လား Sam "

" ဟုတ်ကဲ့ Boss "

" ဒီနေ့တော့ ညတာရှည်အုံးမယ်ထင်တယ် "

" မထူးဆန်းတော့ပါဘူး "

" ပြင်ဆင်စရာရှိတာ ပြင်ဆင်ပီးပီလား "

" အကုန်ပြီးပြီ "

" ခဏလောက်စောင့်ကြည့်ကြတာပေါ့ "

" Boss "

Samကမ၀ံ့မရဲလေးခေါ်လိုက်တာကြောင့် ဟန်နရီမျက်ခုံးတွေကတွန့်ကွေးသွားပီး Samကိုစိုက်ကြည့်လိုက်သည်

" ကျတော်..... "

" ကျတော်ဘာဖြစ်လဲ "

" Bossကျတော့်ကိုစိတ်ဆိုးမှာလား "

" ငါကဘာကိုစိတ်ဆိုးရမှာလဲ "

" ..... "

" Sam... မင်းဘာတွေလုပ်လာလို့လဲ ငါ့ကိုပြော "

" ကျတော် Bossကိုလက်ဆောင်ပေးစရာလေးရှိလို့ "

" မင်းက ငါ့ကို? "

" အင်း "

" အဲ့တာကြောင့် ဒီနေ့မိုးအုံ့နေတာနေမယ် အထူးအဆန်းတွေဖြစ်နေလို့လေ "

" ကျတော်က အကောင်းပြောနေတာပါ Bossရဲ့ "

" ထားပါတော့ ဘာလက်ဆောင်လဲ "

ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ Samက သူ့ coatအင်္ကျီကိုချွတ်လိုက်ပီး အောက်ကအင်္ကျီကို ဗိုက်ပေါ်တဲ့အထိလှန်ပြလိုက်သည်
မထင်မှတ်ထားတဲ့အရာကြောင့် ဟန်နရီခဏတာဆွံ့အသွားပီး မျက်ရည်များပင်၀ဲတတ်လာသည် သူ့တပည့်ရဲ့အပြုအမူတွေက ဘာကိုဆိုလိုလဲဆိုတာ ဟန်နရီသိပီးသားပင် ....

" Sam မင်း..."

" ကျတော် ဒီလက်ဆောင်လေးကိုပေးချင်ခဲ့တာကြာပါပီ "

" မဟုတ်ဘူး မင်းကငါ့အတိုင်းလိုက်လုပ်လို့မဖြစ်ဘူး "

" Bossခါးစပ်နားက တတ်တူးကိုမြင်တိုင်း အတိတ်ကအိမ်မက်ဆိုးတွေကို ပြန်မြင်ယောင်လာတယ်မှတ်လား နောက်တခါအဲ့လိုဖြစ်စရာမလိုပါဘူး ကျတော့်ခါးစပ်မှာလဲတတ်တူးထိုးထားပီမို့လို့ Bossတယောက်ထဲအားငယ်စရာမလိုတော့ဘူး ကျတော်တယောက်လုံးရှိတယ် "

သူနဲ့တပုံစံထဲမတူပေမဲ့ Samရဲ့ခါးစပ်နားက ခြေင်္သေ့ပုံစံတတ်တူးကြောင့် ဟန်နရီငိုချင်စိတ်တွေကိုထိန်းထားလိုက်သည် ငယ်ငယ်လေးထဲက အပ်ကြောက်လို့တတ်တူးမထိုးခဲ့တဲ့သူ့တပည့်က အခုတော့ အသားအနာခံပီးထိုးလာတာကြောင့် ဟန်နရီအတော်လေးခံစားသွားရသည်

" Sam... မင်းငါ့ကိုမတိုင်ပင်ပဲ ဘာလို့အခုလိုတွေလုပ်ခဲ့တာလဲ "

" တိုင်ပင်စရာမလိုပါဘူး ကျတော်အရင်ထဲကစိတ်ကူးခဲ့တာပါ မထိုးရဲသေးလို့သာ ငြိမ်နေခဲ့တာ အခုတော့စိတ်ပိုင်းဖြတ်ပီးလုပ်နိုင်ခဲ့ပြီ "

" ငါက မင်းကိုမကောင်းတာတွေပဲလုပ်စေမိပြီ "

" မကောင်းတာ? ကျတော့်အမြင်မှာ Bossလုပ်သမျှက အကောင်းဆုံးတွေပဲဖြစ်နေခဲ့တာ ကျတော့်ဘ၀ကိုလဲ Bossပဲအကောင်းဆုံးပျိုးထောင်ပေးခဲ့တာ "

ဘာစကားမှမပြောနိုင်သေးပဲ ခံစားနေရတဲ့ဟန်နရီကြောင့် Samတယောက်ခပ်ရေးရေးလေးပြုံးကာ ဟန်နရီရဲ့လည်ပင်းကိုဆွဲဖက်လိုက်သည်

" တတ်တူးထိုးထားတာချင်းတူပေမဲ့ ကျတော်က Bossထက်ပိုချောတယ်နော် အဟက် "

" ခွေးကောင်လေး "

" နောက်ပီး ကျတော့်ခြေင်္သေ့က မာန်အပြည့်နဲ့ပါးစပ်ဟပီးဟိန်းနေတာနော် Bossရဲ့နဂါးထက်ပိုမိုက်တယ် လူကမိုက်တာလဲပါတာပေါ့လေ "


သူ့ကိုတမင်ပျော်အောင်စနေတဲ့ Samကြောင့် ဟန်နရီသဘောကျစွာပြုံးလိိုက်ပီး Samရဲ့ဗိုက်ကို ခပ်ဖွဖွလေးထိုးလိုက်သည်

" ဟုတ်ပါတယ် မင်းပဲအမိုက်ဆုံးနဲ့ အရူးသွပ်ဆုံး...နောက်တခါငါ့ကိုမတိုင်ပင်ပဲ အခုလိုတွေထပ်လုပ်လာရင် အသေသတ်မှာ "

" အော် အခုတော့ချစ်လှပါတယ်ဆိုတဲ့ တပည့်လေးကိုသတ်ဖို့ကြံနေပီပေါ့ "

အရွှန်းဖောက်နေတဲ့ Samကြောင့် ဟန်နရီသဘောကျစွာရယ်လိုက်ပီး Samရဲ့လက်မောင်းကို ခပ်ဖွဖွလေးပြန်ထိုးကာ ကျီစယ်လိုက်သည်

" ခွေးကောင်လေး "

**********

" ငါပြောထားတဲ့ ပစ္စည်းတွေအဆင်သင့်ဖြစ်ပြီလား "

" ဟုတ်ကဲ့ သူဌေး "

" ၀ုန်း!!! "

ကျယ်လောင်စွာထွက်လာတဲ့တံခါးသံကြား လူ10ယောက်လောက်က အစီအရီ၀င်လာကြသည် ထိုလူတွေရဲ့အနောက်မှာမှ တည်ငြိမ်စွာတလှမ်းချင်း၀င်ရောက်လာသူက ဟန်နရီဗစ်တာပင်....ဘေးနားမှာလဲ ဟန်နရီနည်းတူသွေးအေးတဲ့ Samကကပ်ပါလျှက်...

" ဗစ်တာရောက်လာပီလား ငါတို့လဲမင်းကိုမျှော်နေတာ "

အရယ်အပြုံးမရှိ တည်ငြိမ်နေတဲ့သူက အဆင်သင့်ချထားတဲ့ဆိုဖာပေါ်ခြေချိတ်ကာထိုင်လိုက်ပီး တဖက်လူကိုစိုက်ကြည့်လိုက်သည်

" ပစ္စည်းတွေကော "

" အားလုံးအဆင်သင့်ပဲ ဒီမှာစစ်ကြည့်လို့ရတယ် "

" အရမ်းကိုရက်ရောနေတာဆိုရင်တော့ မထူးဆန်းနေဘူးလား "

" ဘာလဲငါ့ကိုမယုံကြည်ဖြစ်နေတာလား မင်းစိတ်ကြိုက်စစ်ကြည့်လို့ရတယ် "

" ဟိတ်ကောင်လေး ပြန်လာခဲ့ !! "

မလှမ်းမကမ်းအခန်းကနေ ပြေးထွက်လာတဲ့ကလေးတယောက်ကို တဖက်လူရဲ့တပည့်တွေက အတင်းပြန်ဆွဲခေါ်သွားတာကြောင့် ဟန်နရီပတ်၀န်းကျင်ကိုသေချာအကဲခတ်လိုက်သည်

" sorryနော်အာရုံနောက်စေမိပီ အဲ့တာငါ့ရဲ့တူလေးလေ အလုပ်ကိစ္စပြောနေလို့ အခန်းထဲမှာခဏနေခိုင်းထားတာကို ပြေးထွက်လာတာ "

" ထားပါတော့ ဒီသေနတ်တွေကျုပ်သေချာကြည့်လို့ရမလား "

" သဘောလေ "

တဖက်လူရဲ့ခွင့်ပြုချက်ရတာနဲ့ သူ့အရှေ့အိတ်ထဲက တစစီဖြစ်နေတဲ့သေနတ်အပိုင်းအစတွေကို ဟန်နရီတဆင့်ချင်းစီပြန်တပ်ကာ မျက်လုံးတွေက Samကိုမသိမသာလေးအချက်ပြလိုက်သည်

အဆင့်တွေအကုန်ပီးလို့ သေနတ်ပုံပေါ်သွားတာနဲ့ ဟန်နရီထိုနေရာမှချက်ချင်းထကာ နံရံနားကိုပြေးထွက်လိုက်ပီး တဖက်လူရဲ့တပည့်တွေကို သေနတ်နဲ့ပစ်လိုက်သည် ဟန်နရီဘက်ကအစပြုတာနဲ့  ဟန်နရီတပည့်တွေနဲ့ တဖက်လူရဲ့နောက်လိုက်တွေက အပြန်အလှန်ပစ်ခတ်ကြသည် Samကလဲချက်ချင်းထကာ တဖက်လူရဲ့လက်တွေကိုချုပ်နှောင်ကာ ခေါင်းကိုသေနတ်နဲ့ချိန်ထားလိုက်သည်

အကုန်လုံးငြိမ်ကျပီး ရန်သူဘက်က မလှုပ်နိုင်တော့မှ ဟန်နရီသူ့လက်ထဲကသေနတ်ကိုအ၀ေးကိုလွှတ်ပစ်လိုက်ပီး ခါးကြားထဲမှ သူ့ကိုယ်ပိုင်သေနတ်ကိုဆွဲထုတ်ကာ တဖက်လူထံတလှမ်းချင်း ချဥ်းကပ်လာလိုက်သည်

" မဆိုးပါဘူး သေနတ်ကိုစမ်းကြည့်ယုံလေးပါပဲ "

" မင်းတို့!!! "

" ခင်ဗျားကိုယ်ခင်ဗျားသိပ်လည်လှပီထင်နေလား ကျုပ်တို့ဘက်ကပေးထားတဲ့ပိုက်ဆံတ၀က်ကို ခင်ဗျားအစဖျောက်ပီး အရည်အသွေးမကောင်းတဲ့လက်နက်တွေကို ကျုပ်ကိုအတင်းထိုးပေးနေတာမသိဘူးများထင်နေလား "

" အဲ့ပိုက်ဆံတွေခင်ဗျား ဘာလုပ်ပစ်လိုက်ပြီလဲ "

တဖက်လူက Samရဲ့လက်ထဲမှ အတင်းရုန်းကန်ကာ သေနတ်ကိုလုယူလိုက်ပီး ဟန်နရီကိုတိုက်ခိုက်ဖို့ကြံလိုက်သည်

ဒိုင်း~~

အရာအားလုံးထက်လျှင်မြန်တဲ့ ဟန်နရီရဲ့လက်တွေက တဖက်လူကိုလက်ဦးမှုရယူလိိုက်သည် မျက်နှာပေါ်လာစင်တဲ့ သွေးတွေကို သူ့ coatအင်္ကျီထဲက လက်ကိုင်ပု၀ါနဲ့သုတ်ချကာ အ၀ေးကိုလွှတ်ပစ်လိုက်သည် အကြည့်တွေကတော့ တုန်လှုပ်ခြင်းမရှိသွေးအေးဆဲပင်....

" မင်းတို့တွေအကုန်ပြန်ကြတော့ ငါနဲ့ Samပဲကျန်ခဲ့မယ် "

" ဟုတ်ကဲ့ Boss "

သူ့တပည့်တွေကို ဟန်နရီအ၀ေးကိုသွားခိုင်းလိုက်ပြီး ဆိုဖာပေါ်မှာထိုင်ချကာ အသက်ကိုပြင်းပြင်းရှုထုတ်လိုက်သည်

" ဟီရိုကို အကြောင်းပြန်စာပို့လိုက်တော့ "

" ဟုတ်ကဲ့ Boss "

" ကိစ္စတွေပီးရင် ငါတို့လဲပြန်ကြမယ် "

ထိုနေရာမှထွက်ဖို့ပြင်ဆင်လိုက်ပေမဲ့ တစုံတခုကိုသတိရသွားတာကြောင့် ဟန်နရီရဲ့ခြေလှမ်းတွေကရပ်တန့်သွားသည်

" Sam "

" ဗျာ "

" ဟိုကောင်ရဲ့တူလေးက ဟိုဘက်အခန်းထဲမှာရှိနေတယ် ဒါပေမဲ့အဲ့ကလေးပုံစံကထူးဆန်းနေတယ် သွားကြည့်ရအောင် "

" ဟုတ်ကဲ့ Boss "

ဟန်နရီအနောက်ကနေ Samလဲလိုက်ပါသွားကာ ပတ်၀န်းကျင်ကိုအကဲခတ်လိုက်သည်
ထိုအခန်းအပြင်ကို သော့များစွာဖြင့်ခတ်ထားတာကြောင့် ဟန်နရီစိတ်ထဲ ပိုဘ၀င်မကျဖြစ်လာသည်

" အဲ့တံခါးကိုဖျက်ဆီးပစ်လိုက် "

ဟန်နရီအမိန့်အတိုင်း Samကထိုအခန်းသော့တွေကို သေနတ်နဲ့ပစ်ကာ ဖျက်ဆီးလိုက်ပီး ထိုအခန်းတံခါးကိုဆောင့်ကန်လိုက်သည်
မမျှော်လင့်ထားတဲ့မြင်ကွင်းကြောင့် ဟန်နရီတို့နှယောက်လုံး မျက်လုံးပြူးကာငြိမ်သက်သွားသည် ထိုအခန်းနောက်ကွယ်မှာ ကလေးငါးယောက်လောက်ကို လက်နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားတာကြောင့် Samထိုနေရာကိုအမြန်ပြေးကာ ကြိုးများကိုဖြည်ပေးလိုက်သည်

" Shit!! ဟိုကောင်က ကလေးတွေကိုရောင်းစားနေတာပဲ "

မျက်နှာလေးဖျော့တော့ကာ ပုံမှန်အနေအထားမဟုတ်တဲ့ကလေးအနားကို ဟန်နရီချဥ်းကပ်သွားလိုက်ပြီး ထိုကလေးရဲ့အင်္ကျီကိုဆွဲလှန်လိုက်သည်

" ငါ -*ုးမသားတွေ!!!! "

ထိုကလေးဗိုက်ပေါ်က ချုပ်ရာတွေကိုမြင်လိုက်ရတာကြောင့် ဟန်နရီပို၍ဒေါသထွက်လာသည် ထိုကလေးရဲ့ကျောက်ကပ်တခြမ်းကို မကောင်းတဲ့ကောင်တွေကထုတ်ယူကာ ရောင်းစားနှင့်ပြီးပြီဖြစ်သည်

" Boss ဒါလမ်းဘေးက ကလေးတွေကိုဖမ်းယူပီးရောင်းစားနေတာ ကျတော်တို့ရဲတိုင်လိုက်ရမလား "

" ရဲတိုင်လို့မရဘူး Sam.... ငါတို့ဘက်ကိုပြန်ဦးတည်လာလိမ့်မယ် "

" နောက်ထပ်ရန်သူတွေမရောက်လာခင် အကုန်လုံးကိုခေါ်ထုတ်သွားလိုက် ပီးရင်နောက်ကွယ်ကကိစ္စတွေကိုအကုန်ရှင်းပီး ဟီရိုဆောက်ပေးထားတဲ့ မိဘမဲ့ဂေဟာမှာသေချာအပ်ပေးလိုက် "

" ဟုတ်ကဲ့ Boss "

ဟန်နရီပတ်၀န်းကျင်ကိုသေချာအကဲခတ်ကာ လက်ထဲကသေနတ်ကို  coatအင်္ကျီထဲပြန်ထည့်ကာ ထိုနေရာမှထွက်ခွာလိုက်သည်

အူ၀ဲ~ အူ၀ဲ~~

ရုတ်တရက်ကလေးငိုသံထွက်လာတာကြောင့် ဟန်နရီချက်ချင်းပဲပြန်လှည့်ကာ အသံလာရာအနီးတ၀ိုက်ကိုပတ်ရှာလိုက်သည်
ကုတင်အောက်မှ ထွက်ပေါ်လာတဲ့အသံကြောင့် ထိုကုတင်အောက်ကို တိုး၀င်ကာ အိတ်ထဲထည့်ထားတဲ့ကလေးငယ်ကို ဟန်နရီဆွဲယူကာ ပွေ့ချီလိုက်သည် အရင်ထဲက ကလေးတွေနဲ့ရင်းရင်းနှီးနှီးသိပ်မရှိတာကြောင့် လက်ထဲကကလေးငယ်ကိုအတတ်နိုင်ဆုံးထွေးပွေ့ကာ ရင်ခွင်ထဲထည့်ထားလိုက်သည်

အဆက်မပြတ်ငိုနေတဲ့ကလေးငယ်က ဟန်နရီရင်ခွင်ထဲရောက်တာနဲ့ချက်ချင်းအငိုတိတ်သွားကာ အပြုံးရေးရေးလေးထွက်ပေါ်လာသည် ယောကျ်ားလေးဖြစ်ပေမဲ့ညာဘက်ပါးပြင်ပေါ်က ခပ်ရေးရေးလေးမြင်နေရတဲ့ ပါးချိုင့်လေးကြောင့် သူ့လက်နဲ့ကလေးငယ်ရဲ့ပါးပြင်ကို အသာအယာတို့ထိလိုက်သည် တခါမှမဖြစ်ပေါ်ဖူးတဲ့နွေးထွေးတဲ့ခံစားချက်ကြောင့် ဟန်နရီခပ်ရေးရေးလေးပြုံးကာ ထိုနေရာမှထွက်ခွာလာလိုက်သည် အပြင်ရောက်တာနဲ့ Samကဟန်နရီအနားကိုချက်ချင်းပြေးလာသည်

" Sam "

" ဗျာ "

" ဒီကလေးရဲ့နောက်ကြောင်းက မကောင်းတဲ့အရာတွေကိုတခါထဲရှင်းထုတ်ထားလိုက် ပီးရင်ငါတို့အိမ်ထောင်စုဇယားမှာ ဒီကလေးကိုထည့်ဖို့လုပ်ပေး "

" ခင်ဗျာ "

ဟန်နရီရဲ့အပြုအမူတွေကြောင့် Samကတော့ထူးဆန်းစွာကြည့်နေလိုက်သည်

" ငါပြောတဲ့အထဲ မရှင်းတာပါလို့လား "

" Boss ဒီကလေးကိုမွေးစားမလို့လား "

" အင်း ကလေးတွေနဲ့ပတ်သတ်ပီးနွေးထွေးတဲ့ခံစားချက်ကို ပထမဆုံးခံစားလိုက်ရတာမို့လို့ ဆုံးဖြတ်ချက်ခိုင်မာသွားတာ ...လွန်းကလဲ ကလေးချစ်တတ်တယ်လေ "

" ဒါဆို ဗစ်တာတယောက်ထပ်တိုးလာအုံးမှာပေါ့ "

Samရဲ့စကားကြောင့် ဟန်နရီသဘောကျစွာရယ်လိုက်ပီး
ရင်ခွင်ထဲက ကလေးငယ်ကိုသေချာထွေးပွေ့လိုက်သည်

" အဲ့ဗစ်တာမွှေတာကို ဦးလေးဖြစ်တဲ့မင်းကထိန်းရအုံးမှာပေါ့ "

နှယောက်သား သဘောကျစွာရယ်လိုက်ပီး ထိုနေရာမှထွက်ခွာသွားလိုက်သည် ထိုနေ့အတွက်အိမ်အပြန်လမ်းက အရင်နေ့တွေကထက်ပိုပီး ပျော်စရာကောင်းနေခဲ့သည်
******

မာန်ဟိန်းအိပ်ပျော်နေပီအထင်နဲ့ အိမ်ထဲတိတ်တဆိတ်၀င်ရောက်လာသော်လဲ ဧည့်ခန်းထဲမှာစာအုပ်ဖတ်ပီးထိုင်စောင့်နေတဲ့ မာန်ဟိန်းကြောင့် Samအတော်လေးခံစားသွားရသည်

" အကိုမအိပ်သေးပဲ ကျတော့်ကိုစောင့်နေတာလား "

" မင်းမရှိပဲ ငါဘယ်တုန်းကတယောက်ထဲအရင်အိပ်ဖူးလို့လဲ "

" အာ အကိုကတော့ကျတော့်ကိုငိုအောင်လုပ်တော့မယ် "

" ငါမင်းပြန်လာမဲ့အချိန်ကို အမြဲတမ်းရင်တမမနဲ့စောင့်နေခဲ့ရတာ...မင်းတခုခုထိခိုက်လာမှာ အရမ်းကြောက်နေမိတယ် ဘာလို့ဆို မင်းက.....မင်းက..."

သူ့အတွက်စိုးရိမ်လွန်နေတဲ့မာန်ဟိန်းကို ရင်ခွင်ထဲထွေးပွေ့ထားကာ မာန်ဟိန်းရဲ့ဆံပင်တွေကိုထိုးဖွလိုက်သည်

" ကျတော်ဘာမှမဖြစ်တာမို့လို့ စိတ်မပူနဲ့နော် ကျတော့်ကြောင့်အကိုခံစားရအောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူး ကျတော်ကလူကောင်းတယောက်မဟုတ်မှန်းသိပါတယ် အဲ့အတွက်လဲကျတော်အကို့ကို တောင်းပန်ပါတယ် "

" ငါ့ကိုတောင်းပန်စရာမလိုပါဘူး မင်းကိုငါ့ဘ၀ထဲ၀င်ရောက်စေတဲ့အချိန်ကစပြီး မင်းနဲ့ပတ်သတ်တဲ့အရာရာတိုင်းကို ငါလက်ခံပီးသားပါ "

" အကို့ကိုချစ်တယ် ချစ်တယ် အများကြီးချစ်တယ် "

" ဒါဆို ငါနဲ့ဟန်နရီနဲ့ ဘယ်သူ့ကိုပိုချစ်လဲ "

ရှက်ကိုးရှက်ကန်းနဲ့ ခပ်တိုးတိုးပြောလိုက်တဲ့အသံလေးကြောင့်
Samတယောက်သဘောကျစွာရယ်လိုက်ပီး မာန်ဟိန်းရဲ့ဆံပင်တွေကိုထိုးဖွကာ နမ်းရှိုက်လိုက်သည်

" ကြည့်ပါအုံး ကျတော့်အကိုကဘယ်တုန်းကများ ဒီလိုကလေးဆန်တဲ့မေးခွန်းတွေမေးတတ်သွားရတာလဲ "

" ငါမေးတာဖြေလေ "

" Bossနဲ့အကိိုက ကျတော့်ဘ၀အတွက်အရေးအပါဆုံးလူနှယောက်ဖြစ်ပီး Bossအတွက်လဲ ကျတော်နဲ့လွန်းက သူ့ဘ၀အတွက်အရေးပါဆုံးလူနှယောက်ဖြစ်နေမှာပဲ ဒါပေမဲ့ ချစ်ပုံချစ်နည်းတော့ဘယ်တူပါ့မလဲ ကျတော်အခုချိန်ထိရပ်တည်နေနိုင်အောင် Bossဘယ်လိုပြုစုပျိုးထောင်ပေးခဲ့လဲဆိုတာ အကိုသိတယ်မှတ်လားဟင် "

" အင်း "

" Bossကကျတော်လေးစားပီးအကိုတယောက်လိုချစ်ရတဲ့သူဖြစ်ပီးတော့ အကိုကတော့ ကျတော့်ဘ၀ရဲ့တဦးတည်းသောလက်တွဲဖော်ပဲ ကျတော်အကို့ကိုအများကြီးချစ်တယ် အကိုနဲ့ပတ်သတ်တဲ့ အသေးအမွှားလေးအစ မြတ်နိုးတယ် ဘယ်သောအခါမှမရိုးသွားတဲ့
အကို့ရဲ့ မဟော်ဂနီရောင်ဆံပင်လေးတွေကိုလဲမြတ်နိုးတယ် "

" ငါလဲမင်းကိုချစ်တယ် Sam... ကျေးဇူးပြုပီးဘာအထိအခိုက်မှမရှိပဲ ငါ့ဘေးမှာပဲတသတ်လုံးနေပေးပါ "

" ဒီလူက အကို့ကိုချစ်တာကလွဲပီး ဘာများလုပ်တတ်ပါအုံးမလဲ ...ကျတော်အကို့ကို အများကြီးချစ်တယ်~~~ "


13.4.22
Grey
*****


" ဟုတ်ကဲ့ Boss "


" မထူးဆန်းတော့ပါဘူး "


" အကုန်ပြီးပြီ "


" Boss "


" ကျတော်..... "

" ကျတော်ဘာဖြစ်လဲ "



" ..... "



" မင်းက ငါ့ကို? "

" အင်း "





" Sam မင်း..."











" ခွေးသားလေး "


သူ့ကိုတမင်ပျော်အောင်စနေတဲ့ Samကြောင့် ဟန်နရီသဘောကျစွာပြုံးလိုက်ပီး Samရဲ့ဗိုက်ကို ခပ်ဖွဖွလေးထိုးလိုက်သည်




" ခွေးကောင်လေး "

**********


" ဟုတ်ကဲ့ သူဌေး "

" ၀ုန်း!!! "




" ပစ္စည်းတွေကော "








" သဘောလေ "



အကုန်လုံးငြိမ်ကျပီး ရန်သူဘက်က မလှုပ်လိုက်တော့မှ ဟန်နရီသူ့လက်ထဲကသေနတ်ကိုအ၀ေးကိုလွှတ်ပစ်လိုက်ပီး ခါးကြားထဲမှ သူ့ကိုယ်ပိုင်သေနတ်ကိုဆွဲထုတ်ကာ တဖက်လူထံတလှမ်းချဉ်းကပ်လာလိုက်သည်


" မင်းတို့!!! "




ဒိုင်း~~

အရာအားလုံးထက်လျှင်မြန်တဲ့ ဟန်နရီရဲ့လက်တွေက တဖက်လူကိုလက်ဦးမှုရယူလိုက်သည် မျက်နှာပေါ်လာစင်တဲ့ သွေးတွေကို သူ့ coatအင်္ကျီထဲက လက်ကိုင်ပုဝါနဲ့သုတ်ချကာ အ၀ေးကိုလွှတ်ပစ်လိုက်သည် အကြည့်တွေကတော့ တုန်လှုပ်ခြင်းမရှိသွေးအေးဆဲပင်....


" ဟုတ်ကဲ့ Boss "



" ဟုတ်ကဲ့ Boss "



" Sam "

" ဗျာ "


" ဟုတ်ကဲ့ Boss "






" ငါ -*ုးမသားတွေ!!!! "





" ဟုတ်ကဲ့ Boss "


အူဝဲ~ အူဝဲ~~


အဆက်မပြတ်ငိုနေတဲ့ကလေးငယ်က ဟန်နရီရင်ခွင်ထဲရောက်တာနဲ့ချက်ချင်းအငိုတိတ်သွားကာ အပြုံးရေးရေးလေးထွက်ပေါ်လာသည် ယောက်ျားလေးဖြစ်ပေမဲ့ညာဘက်ပါးပြင်ပေါ်က ခပ်ရေးရေးလေးမြင်နေရတဲ့ ပါးချိုင့်လေးကြောင့် သူ့လက်နဲ့ကလေးငယ်ရဲ့ပါးပြင်ကို အသာအယာတို့ထိလိုက်သည် တခါမှမဖြစ်ပေါ်ဖူးတဲ့နွေးထွေးတဲ့ခံစားချက်ကြောင့် ဟန်နရီခပ်ရေးရေးလေးပြုံးကာ ထိုနေရာမှထွက်ခွာလာလိုက်သည် အပြင်ရောက်တာနဲ့ Samကဟန်နရီအနားကိုချက်ချင်းပြေးလာသည်

" Sam "

" ဗျာ "


" ခင်ဗျာ "








******













" ငါမေးတာဖြေလေ "

" Bossနဲ့အကိုက ကျတော့်ဘ၀အတွက်အရေးအပါဆုံးလူနှယောက်ဖြစ်ပီး Bossအတွက်လဲ ကျတော်နဲ့လွန်းက သူ့ဘ၀အတွက်အရေးပါဆုံးလူနှယောက်ဖြစ်နေမှာပဲ ဒါပေမဲ့ ချစ်ပုံချစ်နည်းတော့ဘယ်တူပါ့မလဲ ကျတော်အခုချိန်ထိရပ်တည်နေနိုင်အောင် Bossဘယ်လိုပြုစုပျိုးထောင်ပေးခဲ့လဲဆိုတာ အကိုသိတယ်မှတ်လားဟင် "

" အင်း "





13.4.22
Grey

Continue Reading

You'll Also Like

3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
3.4M 353K 37
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
200K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...