နာရီမှ Vibrate မြည်တာမို့ ခွန်ပြည့်နိုးလာ၏။ရေတံခွန်သွားဖို့အရေးကို မနက်လေးနာရီလောက် Alarm ပေးထားပြီး မထသောလေပြေ့ကြောင့် သူကပင် လေပြေနိုးသွားမှစိုး၍ ပြန်ပိတ်ပေးလိုက်ရသည်။
ဒီအကြိမ်က ဒုတိယအကြိမ်မြောက်ဖြစ်သည်။ လေပြေများ နောက်တကြိမ်ထပ် Alarm ပေးထားတာလားလို့တွေးရင်း လေပြေမနိုးစေရန် အမြန်ထလိုက်ရသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမို့ မနိုးစေချင်တော့။
ဖုန်းကိုကောက်ကိုင်လိုက်တော့ ပေါ်နေတဲ့နံပါတ်စိမ်းကြောင့် မှုန်ဝါးဝါး Screen ကိုအားစိုက်ကြည့်ရင်း အိပ်ရာမှထကာ၀ရန်တာဘက်ထွက်လိုက်ရင်း
"ဟယ်လို ခွန်ပြည့်ပါ"
"အဟမ်း အင်း ငါ ညီနဲ့ဖုန်းပြောလို့ရမလား"
ဟိုဘက်ကထွက်ပေါ်လာတဲ့အသံက ခပ်အေးအေးပေမယ့် ခွန်ပြည့်ရဲ့မျက်မှောင်တွေ ချက်ချင်းတွန့်ချိုးသွားရအောင်စွမ်းနိုင်သည်။
"လေပြေလျှမ်းခကို ဖုန်းလွှဲပေးလို့ရမလား"
"အဟက် လွယ်လှချည်လားကွ. မင်း မျက်နှာပြောင်တော်တော်တိုက်တာဘဲ။ ရည်းစားကြီးငုတ်တုတ်ရှိနေတာကို ကြာကူလီတယ်. ခုကျ ကာမပိုင်ယောင်္ကျားဆီကိုတောင်ဖုန်းဆက်ပြီး ဖုန်းပြောခွင့်တောင်းနေပါရောလား"
"သိပ်လဲမဏ္ဍန်တိုင်မတက်ပြမနေပါနဲ့ ခွန်ပြည့်. မင်းသူ့ကိုအကြာကြီးပိတ်လှောင်မထားနိုင်ပါဘူး"
"မင်း ဘာစကားပြောတာလဲ"
"ငါ နှစ်ခါမပြောဘူး ခွန်းပြည့်. လေပြေ့ကိုဖုန်းပေးပေးပါ. သူဖုန်းလဲထားခဲ့တယ်. ငါ သူ့နဲ့စကားပြောချင်တယ်"
"အဲ့တော့ ငါက ငါ့ချစ်သူကိုကြာကူလီဖူးတဲ့မင်းနဲ့ဖုန်းပြောဖို့ သူ့ကိုထပ်လွှဲပေးရမယ်ပေါ့. ဟား ဟား စောက်အဓိပ္ပယ်မဲ့လိုက်တာကွာ"
ဒေါသကြောင့် လှောင်ရယ်သံတွေကကျယ်လောင်နေခဲ့တာမို့ အိပ်ခန်းထဲမှ လေပြေလူးလွန့်လာ၏။ ခွန်ပြည့်မှန်တံခါးကိုဆွဲပိတ်ရင်း အံ့ကိုတင်းတင်းကြိတ်လိုက်ပြီး
"မင်းမှတ်ထား. လေပြေ့ကို ငါတရား၀င်လက်ထပ်ယူထားတာ. ငါပိုင်တာ။ ဒီတသက်ဖုန်းပြောခွင့်ရဖို့မပြောနဲ့ လေပြေ့အရိပ်တောင်မင်းမြင်ခွင့်မရစေရဘူး"
"သွေးနည်းလှချည်လား ခွန်ပြည့်..ဘာလဲ ငါ့ကိုတွေ့ရရင် လေပြေငါ့နောက်ပြန်ပါသွားမှာကို မင်းသိပ်ကြောက်နေလား"
"ပြန်ပါမယ်. ဟုတ်လား. ဒီမှာ ပိုင် လေပြေ့ကို ငါအရင်ဆုံးပိုင်ခဲ့တာ. မင်းက ငါ့နောက်မှ ပေါ်လာပြီး ကြာကူလီသွားတာဆိုတဲ့အဖြစ်မှန်ကိုမမေ့လိုက်နဲ့"
"အဟက်. အရင်ဆုံးဆိုတဲ့ဟာကြီးကို အထပ်ထပ်ပြောနေလို့ ငါပြောလိုက်မယ်. ပြီးရင် မင်းဦးနှောက်နဲ့သေချာစဥ်းစားကြည့်ပေါ့. ပထမလူကိုသာအပြည့်အ၀ချစ်ခဲ့ရင် နောက်လူဆိုတာဘယ်တော့မှပေါ်လာမှာမဟုတ်ဘူးကွ"
ဟိုဘက်က တောက်ခေါက်သံထွက်ပေါ်လာတာမို့ ပိုင်ပြုံးလိုက်မိ၏. ခွန်ပြည့်ဟာ ပိုင့်အတွက်တော့ သိပ်လွယ်ကူလွန်းတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်ခဲ့မှာ. လေပြေကသာ ခွန်ပြည့်ကိုတမ်းတမ်းစွဲချစ်မနေခဲ့ဘူးဆိုရင်ပေါ့။
ခု သူရှုံးနေခဲ့ပြီ. ခွန်ပြည့်ကိုအထိနာစေမယ့်စကားတွေကို ရှာပြောနေခဲ့ပေမယ့် သူ့နှလုံးသားနေရာအနှံ့က သွေးစိမ်းရှင်ရှင်ကျနှင့်နေပြီးသား။ ကိုယ့်ကိုနည်းနည်းလေးမှ လှည့်ပြန်မကြည့်ဘဲထားသွားနိုင်ရက်တဲ့လေပြေ့ကြောင့် သူဟာဆောက်တည်ရာမဲ့နေခဲ့တာမို့ ကောက်ရိုးမျှင်တစ်မျှင်ဘဲဖြစ်ဖြစ် ဖမ်းဆုပ်ချင်နေခဲ့ရုံ။ အတူတူမှားခဲ့ကြရက်နဲ့ သူဘဲရင်ကွဲကျန်ခဲ့ရမှာလား. လေပြေကရော သူ့အတွက်ခံစားခဲ့ဖူးရဲ့လား။
"နွားလိုဘဲ စမြုံပြန်မနေစမ်းပါနဲ့ကွာ. အခုအခြေနေကိုသာ မင်းလက်ခံ. လေပြေ့ကို ငါတရား၀င်လက်ထပ်ထားတာ. မင်းသေအောင်ချစ်ပါစေ. အေး မင်းပြောသလို သူမင်းအပေါ်ချစ်ခဲ့ဖူးတာထားလိုက်ဦး။ ခုချိန်မှာ အဲ့အရာအားလုံးက ငါတို့ရဲ့မျိုးဆက်ကိုပြောပြမယ့်ဟာသတစ်ခုထပ်မပိုဘူး ပိုင်.. ပြီးတော့ မင်းကိုငါ့ထက်ပိုချစ်ခဲ့တယ်ဆို မင်းကိုထားခဲ့ပြီး ငါ့နောက်ခိုးရာလိုက်ပါ့မလား. မင်းလဲပညာတတ်တာဘဲ စဥ်းစားစမ်းပါ. အဟက်! သူငါ့ရင်ခွင်ထဲမှာရှိနေစဥ်အတောအတွင်း မင်းလိုကောင်မပြောနဲ့။ သူ့အိမ်ကိုတောင်သတိရကြောင်းမပြောဖူးဘူးကွာ. ငါထင်တာ သူအခုစောက်ရမ်းကိုပျော်နေတာဘဲ"
"သူပျော်နေတယ်"
"ဟုတ်တယ်. သူပျော်နေတယ်. သူ့မှာ မင်းလိုကောင်နဲ့ဖောက်ပြန်ခဲ့မိတာတွေအတွက် တခါတလေစိတ်မလုံဖြစ်မိတာကလွဲလို့ သူအလှဆုံးပြုံးပြီးကိုပျော်နေတယ်. ဒါပေမယ့် ငါကလဲခွင့်လွှတ်ပြီးသားပါ. လူဆိုတာ အမှားနဲ့ဘယ်ကင်းမလဲ. အထူးသဖြင့် စည်းမရှိတဲ့ကောင်တွေနဲ့အနေနီးနီးနေရတတ်တဲ့အခါမျိုးမှာပေါ့"
"စည်းမရှိဘူး. အဟက် ငါစည်းမရှိဘူး ခွန်ပြည့်. ဟုတ်တာပေါ့ ငါ့လိုကောင် ဘာစည်းရှိစရာလိုဦးမှာလဲ.. မင်းက လေပြေ့ရဲ့ဖြူစင်မှုတွေကိုချည်း အသားပေးကြည့်ခဲ့တဲ့ကောင်ဆိုတော့ လေပြေ့အကြောင်းမင်းမသိတာတွေ ငါပြောပြရဦးမလား. သူ့ရဲ့အတွင်းကျကျအကြောင်းတွေလေ"
"ဘာ!! မင်းဘာစောက်စကားပြောတာလဲ"
ခွန်ပြည့်ရဲ့ဒေါသသံကြောင့် ပိုင်ခေါင်းမော့လှန်ရယ်ချရင်း အရှေ့ကဘီယာလက်ကျန်ကိုမော့ချလိုက်သည်။ ဘီယာခွက်ထဲဘာမှမကျန်တော့သလို သူ့ခေါင်းထဲလဲ ခွန်ပြည့်ကိုအထိနာစေချင်တဲ့စိတ်ကလွဲလို့ ဗလာနတ္ထိ။ လေပြေ့သိက္ခာကို သူငဲ့ညှာသင့်လား. သူ့ကိုယ်သူရော ဒီလိုအောက်တန်းကျတဲ့အထိ ဆွဲချသင့်လား. မတွေးချင်တော့ ဘာမှမတွေးချင်။
"လေပြေကလေ အနမ်းခပ်ကြမ်းကြမ်းပေးရင် သိပ်သဘောကျတာကွ. သူ့ကိုအသက်ရှုခွင့်မပေးတာမျိုးလေ. ပြီးတော့"
"တောက်!! မင်းသောက်ပါးစပ်ပိတ်"
"နေပါဦး. မင်းပြောတာတွေ ငါငြိမ်ပြီးနားထောင်ခဲ့တာဘဲ. ယောင်္ကျားပီသစမ်းပါကွ. ငါ မင်းအတွက်ပြောပြနေတာလေ. ပြီးတော့ သူ့နားဖျားလေးတွေကိုနမ်းရင် ခပ်တိုးတိုးညည်းတတ်တယ်. ပြီးတော့ သူ့ရဲ့ပုခုံးစွန်းနားကမှဲ့ညိုလေးကလဲ သူ့ကျောပြင်နဲ့နီးကပ်တိုင်း ပိုပြီးကြမ်းတမ်းချင်လာအောင် ဆွဲဆောင်နိုင်တယ်"
"တောက်. မင်း!!!"
တီ..တီ.။
"ဟား.. ဟား အကို့ကိုမုန်းလိုက်တော့ လေပြေ. တခါမှ မင်းမချစ်ခဲ့ဖူးတဲ့ ငါ့လိုအောက်တန်းစားကောင်ကို မင်းမုန်းပါမုန်းပစ်လိုက်တော့. ငါကတော့ မင်းကိုသေတဲ့အထိ ဆက်ချစ်သွားမှာ။ မလုံတဲ့စိတ်. အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်တွေ တစွန်းတစတောင်မရှိဘဲနဲ့ အပြည့်အ၀ပျော်လိုက်တော့။ ငါရှုံးတယ် လေပြေ. အစကတည်းက မင်းကိုဆို အရှုံးပေးပြီးသားပေမယ့် ခုမင်းသိပ်ချစ်တဲ့လူကိုပါ အကိုအညံ့ခံလိုက်ပြီ လေပြေ"
အခန်းကျဥ်းလေးထဲက အော်ရယ်သံတွေ. မျက်၀န်းနီတွေရဲ့ထောင့်ကမျက်ရည်စတွေ. လူတစ်ယောက်အပေါ်ဖြူဖြူစင်စင်ချစ်ခဲ့ခြင်းတွေဟာ အသုံးမ၀င်တဲ့အမှိုက်စတွေလိုပြန့်ကျဲနေခဲ့လျက်..။
...💜...
ဖုန်းချပြီးပြီးချင်း မှန်တံခါးကိုတွန်းဖွင့်ကာ ဒေါသအရှိန်က ဖုန်းကိုနံရံနဲ့အပ်သွားစေရင်း..။
"ဟင်..."
လန့်နိုးသွားတဲ့လေပြေ့ဆီကိုအမြန်ပြေးသွားကာ ခန္ဓာကိုယ်လေးကိုဆွဲထူလိုက်တော့ ခပ်ပါးပါးကိုယ်လေးက သူ့လက်တွေကြားမှာ အလူးအလဲ။
"မောင် ဘာဖြစ်လို့လဲ"
လေပြေ၀တ်ထားတဲ့ည၀တ်အင်္ကျီလေးကိုပထမတစ်လုံး၊ နှစ်လုံးလောက်သာဖြုတ်ချရင်း ဆွဲဖြဲမိတော့ လေပြေက အင်္ကျီစတွေကိုအတင်းပြန်စုဆွဲရင်း သူ့ကိုအလန့်တကြားမော့ကြည့်ရင်း
"မောင် အဲ့လိုမလုပ်ပါနဲ့.. ငါ့ကိုပြောပြပါ ဘာဖြစ်လို့လဲ ဟမ်"
"မင်းပါးစပ်ပိတ်ထား လေပြေ!!"
ပြေလျော့ကျသွားတဲ့အင်္ကျီအောက်က ကျောပြင်ဖြူလျလျလေးပေါ်မှာ ညို့စိမ်းနေသောမှဲ့လေး..။
"မောင်"
"တောက်!! လေပြေ မင်း"
"မောင် ဘာဖြစ်တာလဲ ငါ့ကိုပြောပါဦး. အဲ့လိုအကြမ်းပတမ်းလာလုပ်မနေနဲ့"
"မင်း!! အကြမ်းပတမ်းဟုတ်လား. ငါ အကြမ်းပတမ်းလုပ်တာကျမကြိုက်ဘူးပေါ့.. ဟိုကောင်ကြမ်းရင်ရော မင်းညည်းတတ်လား"
"မောင်!!" မင်း ဘာတွေပြောနေတာလဲ. ငါနားလည်အောင်ပြောစမ်းပါလား"
"အေး.. မင်း ပိုင်ဆိုတဲ့ကောင်နဲ့ဘယ်နှကြိမ်အိပ်ခဲ့လဲ. ဟမ်!! ငါ့ကို နွားဖြစ်အောင်လှည့်လိုက်ရတော့ပျော်တယ်မလား"
"ပိုင်နဲ့အိပ်တယ် ဟုတ်လား"
"ဘာတွေနားမလည်ချင်ယောင်ဆောင်နေပြန်တာလဲ လေပြေ.. ဖြူစင်ချင်ယောင်ဆောင်နေတာတွေကို တော်စမ်းပါတော့ကွာ. ငါ ရွံလွန်းလို့"
"မောင်"
မောင်ဆွဲဖြဲခံထားရတဲ့အင်္ကျီစကို ကျစ်ကျစ်ပါအောင်ပြန်စုကိုင်ထားရင်း လေပြေမောင့်ကိုနာကျင်စွာငေးကြည့်နေမိသည်။ မောင်ဟာ အမြဲဒီလိုချည်း.. အကြောင်းရင်း သေချာမသိပေမဲ့ သူပြောချင်ရာပြောပြီး သူစွပ်စွဲချင်သလို စွပ်စွဲတတ်နေတုန်းဘဲ။
"မကျနဲ့ အဲ့မျက်ရည်တွေ လေပြေ.. မင်းကလေ လုပ်ချင်တာလုပ်လိုက်၊ မျက်ရည်ခံထိုးပြလိုက်နဲ့.. ငါ့ကိုလှည့်ချင်တိုင်းလှည့်နေတာ"
"မောင်ကလေ. မောင်ကရော ငါမျက်ရည်ကျတာနဲ့ စိတ်ပျော့တတ်တဲ့လူမျိုးဟုတ်ရဲ့လား။ ငါငိုတာကို အရသာခံကြည့်တတ်တဲ့ယောင်္ကျားစားမျိုးမဟုတ်ဘူးလား"
"လေပြေ!!"
"မောင် ရှင်းပြလား. မောင် မေးလား။ ချက်ချင်းကြီးအိပ်နေတဲ့လူကိုနိုးအောင်လုပ်ပြီး မောင်ရိုင်းချင်သလိုရိုင်း. မောင်သောင်းကျန်းချင်သလို သောင်းကျန်းနေတာလေ"
"အေး.. မင်းဆိုရင်ရော ငါနဲ့အိပ်ဖူးတဲ့မိန်းမက ငါနဲ့အိပ်ရတာဘယ်လိုပါဆိုတဲ့စကားမျိုးကြားရင်ရော မင်းနားထောင်ကောင်းမလား"
"အကိုပြောတာလား"
"အေး. မင်းကောင်ကိုယ်တိုင်ပြောသွားတာ.. ပြောစမ်း လေပြေ မင်းအဲ့ကောင်နဲ့ဘယ်နှခါလောက်အိပ်ခဲ့လဲ ဟမ်!! လေပြေ မင်းကွာ"
မောင်က လေပြေ့ပုခုံးရိုးတွေကို ချိုးပစ်တော့မတတ် ဆုပ်ကိုင်လှုပ်ယမ်းနေရင်းမှ စောင့်တွန်းရင်း ထရပ်ပြန်၏။ ကိုယ်သာအပိုင်ရတယ်လို့ထင်တဲ့အရာတစ်ခုက သူများဦးပြီးသားဖြစ်နေတယ်လို့တွေးရင်း ယူကျူံးမရဖြစ်နေတဲ့မောင့်ပုံစံက ကလေးငယ်တစ်ယောက်လို ဒါမှမဟုတ် သိပ်အတ္တကြီးတဲ့ယောင်္ကျားတစ်ယောက်လို..။
"မောင် ယုံတယ်လား"
လေပြေကဝဲတက်လာတဲ့မျက်ရည်တွေကို ခေါင်းတစ်ချက်ခါပြီးဖြေဖျောက်ရင်း ခပ်လှောင်လှောင်လေးမေးမိသည်။
"မင်းဆိုရင်ရော လေပြေ"
"ငါ့ကိုမမေးပါနဲ့. ငါသိချင်တာ မောင်ယုံတယ်လား. ဟင်"
"မင်း အဲ့ကောင်နဲ့အိပ်ခဲ့တယ်မလား"
"မောင် မင်းငါ့ကိုမယုံဘူး"
"မင်းကျောပေါ်ကမှဲ့အကြောင်းပါ အတွင်းကျကျအရသာခံပြောသွားတဲ့ကောင်စကားကို ငါယုံမိတယ် လေပြေ. အဲ့တာ ငါမှားသလား။ ပြီးတော့ မင်းကိုယ်တိုင်လဲ ငါမသိအောင်ခိုးဖောက်ပြန်ခဲ့သေးတာဘဲ"
ကျောပေါ်က မှဲ့..။ လေပြေ နာကျင်စွာဘဲပြုံးမိသွားရသည်။ အကိုကလဲ ရက်စက်တတ်သားဘဲ။ မောင် အထိနာစေမယ့်စကားကိုမှရွေးပြောသွားတာဘဲ..သူ့သိက္ခာတွေကိုပါချနင်းပြီးတော့ပေါ့။
"မပြုံးနဲ့ လေပြေ. မင်း အဲ့လိုပြုံးတာငါအရမ်းမုန်းတယ်"
လေပြေက အိပ်ရာပေါ်ကလူးလဲထရင်း သူ့ကိုကျောပေးထားတဲ့မောင့်နားကို ခပ်ဖြေးဖြေးလျှောက်သွားလိုက်၏။ မောင့်ရဲ့အသက်ရှုသံပြင်းပြင်းနဲ့ကျောပြင်ရိပ်ဟာ မောင့်ရဲ့ဒေါသအရှိန်ကိုပြတယ်။
"မောင်နာလို့လား. မောင့်မာနကိုထိပါးတာမို့ သိပ်နာသလား။ ဒါမှမဟုတ် ငါ့ရဲပထမဆုံးကို မောင်ရလိုက်တာလို့ ကိုယ့်ကိုကိုယ်အထင်ကြီးပြီးခါမှ သူများခြေတော်တင်ပြီးသားဖြစ်နေလို့ ယူကျူံးမရဖြစ်နေတာလား"
ပါးစပ်က မောင့်မာနကိုထိပါးစေမယ့်စကားတွေရွေးပြောမိနေပေမယ့်..တကယ်တော့ မောင် ငါလေ မောင့်ကျောပြင်ကိုပါးအပ်ရင်း ငါ့ကိုယုံပေးဖို့တောင်းဆိုချင်နေခဲ့တာ. ဒါပေမဲ့ ငါ့စကားတွေကပြောင်းပြန်တွေချည်း။
မောင်ရယ်. ယုံကြည်မှုဆိုတာမျိုးက ပြန်တည်ဆောက်ဖို့ခက်တယ်ဆိုပေမယ့် မောင်ငါ့ကိုနည်းနည်းလေးတော့ယုံကြည်ပေးဖို့ကောင်းပါတယ်လေ။ မောင်ကလက်ကမ်းရုံနဲ့ ရှိရှိသမျှအရာတွေအကုန်လွှတ်ချရင်း မောင့်နောက်အရူးအမူးလိုက်ခဲ့တဲ့ငါ့ကိုလေ..။
"လေပြေ မင်းမပြောစမ်းပါနဲ့"
"ဘာလို့လဲ. မကြားနိုင်ဘူးလား။ မောင် မင်းလဲ ငါ့ကိုအဲ့လိုအတန်းအစားလို့ထင်ပြီးသားဘဲလေ။ ဒီလိုအတန်းအစားက ဒီလိုစကားထွက်တာဆန်းလို့လား။ မောင့်ကိုပြောပြရဦးမလား. အကိုက ဒီတိုင်းတင် ငါ့ကိုပျော်ရွင်အောင်ထားရုံတင်မကဘူး. အိပ်ရာပေါ်မှာလဲ ငါ့ကိုပျော်အောင်."
"လေပြေ.. တောက်!! ပြောဦးကွာ"
ဖြန်းခနဲမြည်သံနဲ့အတူ ပူရှိန်းသွားတဲ့ဘယ်ဘက်ပါးတစ်ချက်. မထင်ထားဝာာမို့ လူပါကြမ်းပြင်ပေါ်ခွေလဲကျသွားရ၏။ ကိုယ့်ပါးကိုပြန်ထိကြည့်ရင်း မျက်ရည်ငွေ့တွေကြောင့် အမြင်တွေချက်ချင်းဝေ့ဝါးလာရသလို..။
"ကျစ်.. ဟာကွာ"
ခွပ်..ခွပ်..ခွပ်။
မော့ကြည့်မိတော့ နံရံကိုအဆက်မပြတ်ထိုးနေတဲ့မောင်. ကိုယ့်နာကျင်မှုကိုမေ့ပြီး ချက်ချင်းထကာ သွေးစတွေထွက်စပြုနေတဲ့မောင့်လက်တွေကို အတင်းလိုက်ဆွဲမိ၏။ မောင်သိလား. မောင်ဒဏ်ရာရသွားမှာကို ငါ့အသားနာမှာထပ် ငါကြောက်နေတတ်ခဲ့ပြီ။
"ဟင့်အင်း.. မလုပ်ပါနဲ့ မောင်ရယ်"
"တောက်!! ဖယ်စမ်းပါကွာ ငါ ငါလူစိတ်ပျောက်နေပြီ"
"တော်ပါတော့"
လေပြေက ခွန်ပြည့်လက်တွေကိုအတင်းလိုက်ဆွဲရင်း ငိုယိုနေခဲ့၏။ လေပြေ့မျက်ရည်တွေကို မမြင်လိုပေမယ့် ဘာအရေးလဲ။ သူနမ်းလို့မ၀တဲ့ပါးပြင်ကိုတောင် ရိုက်ခဲ့မိပြီဘဲ။ ဒါဟာ တန်ကြေးဘဲ။ လေပြေ့ကိုရိုက်ခဲ့မိတဲ့သူ့လက်အတွက် တန်ကြေး။
"ငါတောင်းပန်ပါတယ်. မောင် အဲ့လိုလုပ်မယ့်အစား ငါ့ကိုသာထပ်ရိုက်လိုက်ပါတော့လား"
ဖြူလျလျနံရံပေါ်ကယိုစီးကျနေတဲ့သွေးတွေ.. သူ့ကိုအတင်းဆွဲဖက်ထားတဲ့လေပြေ။ ငိုယိုမှုကြောင့် ရှိုက်သံတွေရိပ်ထင်ကာ သူ့ရင်ခွင်ထဲအတင်းတိုးကာ လက်တွေနဲ့ သူ့ကျောပြင်ကိုမြဲမြံစွာကုပ်တွယ်ထား၏။
"မောင်က ယောင်္ကျားမပီသတဲ့ကောင်"
"ဟင့်အင်း"
"မောင် မင်းကိုမရိုက်သင့်ဘူး... မောင်က တကယ်လူစိတ်မရှိတဲ့ကောင်. မောင် မှားတာ"
"...
"ဒါပေမယ့် မောင်. မောင်သိပ်ချစ်တဲ့မင်းကို ဖြူစင်စေချင်ခဲ့တာ. ဟုတ်တယ် မောင်ကမကောင်းတဲ့ကောင်။ တွေ့သမျှမိန်းမကုတင်ပေါ်ခေါ်တင်ဖူးခဲ့တဲ့ကောင်။ ဒါပေမယ့် မင်းကို မောင်အမြတ်တနိုးချစ်ခဲ့ရတာ. မြင်နေရရုံနဲ့တန်ဖိုးထားပြီး မထိရက်၊ မကိုင်ရက်ချစ်ခဲ့ရတာ လေပြေ။ မောင်တန်ဖိုးထားလွန်းတဲ့အရာမို့ တခြားလူထိပါးတာမျိုး မောင်လူစိတ်ပျောက်တဲ့အထိ အတ္တကြီးမိတယ်။ ဒါပေမယ့် ဒီအတ္တက လေပြေ့ကိုပါနာကျင်စေမိပြီ"
မောင်က ငိုရတာများလို့မောသွားတဲ့ကလေးနှယ် ငြိမ်သက်ကျသွား၏။ လက်တွေက လေပြေ့ကိုဖက်မလာခဲ့သလို. လေပြေ့ထံကရုန်းလဲမရုန်း။
"ငါနားလည်တယ်နော်..."
"...
"ဘုရားက လိုက်ဖက်တဲ့လူတွေကိုဘဲ အမြဲတွဲပေးထားတယ် မောင်။ မောင့်လို အတ္တကြီးတဲ့လူမျိုးဘေးနားမှာဆို ငါ့လိုမနာတတ်တဲ့လူမျိုးထားပေးတတ်တယ် ထင်တယ်။ မောင့်နားက မောင်မနှင်သရွေ့ မောင့်အတ္တတွေအောက် ငါအမြဲရှိနေမှာ"
မောင့်ရဲ့အသက်ရှုသံငွေ့ငွေ့လေးကိုခံစားမိတယ်။ မောင့်ကိုယ်ပေါ်ကခွာရင်း မောင့်ရဲ့သွေးယိုစီးနေတဲ့ညာဘက်လက်လေးကိုဆွဲယူရင်း ခပ်ဖွဖွနမ်းရှိုက်မိ၏။ ရူးတယ်လို့များထင်ကြရော့မလား. ငါလေ မောင့်ကိုတကယ်ဘဲရူးလောက်အောင်ချစ်ပါတယ်။
"မောင့်မယုံမှန်းသိပေမယ့် ငါတစ်ခုပြောပြပါရစေ.. ငါလေ မောင်နဲ့ကျမှ ငါ့ခန္ဓာကိုယ်ကိုပုံအပ်ဖူးတာပါ။ နည်းနည်းလေးအစွန်းထင်းလေးရှိခဲ့တယ်ဆိုရင်တောင် တစ်ခုလုံးမည်းညစ်သွားရလောက်တဲ့ထိ ငါမဆိုးခဲ့မိပါဘူး"
ခွန်ပြည့်က မျက်ရည်စတွေကြောင့် စုအိကျနေတဲ့မျက်တောင်ရှည်တွေအနားသတ်ထားတဲ့ လေပြေ့မျက်၀န်းပြာလေးတွေကို စူးစိုက်ကြည့်နေမိ၏။ သူ့စိတ်ထဲမရှင်းတာတွေရှိနေပေမယ့် ထပ်မမေးချင်တော့။
"မောင် ယုံပါတယ်"
"ဟင့်အင်း.. မောင် မယုံပါဘူး။ ငါသိတယ် မောင်ကလေ ငါ့ကိုတစ်သက်လုံးယုံမှာမဟုတ်ဘူး။ ငါ့ကိုအမြဲအထင်သေးနေတော့မှာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူးလေ.. ငါကဘဲ နေသားကျအောင်နေသွားမှာပေါ့"
"တစ်သက်လုံး.. မောင့်ကိုတစ်သက်လုံးဖက်တွယ်ထားပေးလို့ရမလား"
ခွန်ပြည့်က သူရိုက်မိထားတဲ့လေပြေ့ပါးပြင်ရဲကို မဝံ့မရဲကိုင်ရင်းတောင်းဆိုမိ၏။ နို့နှစ်ရောင်လိုအသားအရေမို့ အားမပါလှသောသူ့ရိုက်ချက်အောက်မှာ နီရဲမှုကတော့ကျန်ရစ်ခဲ့ရသည်။ သူရိုက်ခဲ့တဲ့ပါး သူပြန်နမ်းဖို့မဝံ့မရဲ.. သို့သော် ထွက်မသွားဖို့တော့ မျက်နှာပြောင်တိုက်ရင်းတောင်းဆိုချင်၏။
"ကတိတော့မတောင်းချင်ပါနဲ့လားကွယ်. ဒီတိုင်းတောင် မောင့်ဆီမှာ ငါကအကျဉ်းကျနေပြီးသားပါ. ငါ့ကတိနဲ့ငါထပ်အကျဉ်းကျအောင်လောက်ထိတော့ ငါ့ကိုယ်ငါမရက်စက်ချင်ဘူး"
"မောင့်ကိုထားသွားနိုင်တယ်ဆိုတဲ့သဘောလား လေပြေ"
"ငါမသိဘူး. ဒါပေမဲ့လေ ငါ့ဘ၀မှာမစွန့်လွှတ်နိုင်ဆုံးဆိုတဲ့အရာက မောင်ဆိုရင် ငါ့ဘ၀မှာအဖြစ်ချင်ဆုံးဆန္ဒကလဲ မောင့်ကိုပစ်ထားခဲ့နိုင်ဖို့ဘဲ"
ပစ်ထားခဲ့မယ်တဲ့..။ သူ့ကိုမျက်ရည်တွေနဲ့မော့ကြည့်နေတဲ့ကောင်လေးက တစ်နေ့နေ့ကျ သူ့ကိုပစ်ထားခဲ့မှာတဲ့လား။ သူ့ဘ၀မှာ လေပြေဟာမရှိမဖြစ်တဲ့ ဖြစ်တည်မှုဆိုတာ လေပြေဟာမသိဘူးလား။ လေပြေသာ မရှိခဲ့ရင်.. သူဆက်မတွေးချင်။
ခွန်းပြည့် သက်ပြင်းမောကို ခပ်ကြာကြာရှိုက်လိုက်မိရင်း
"ဒါဆို လေပြေ့ဆန္ဒကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"
"မောင်က ငါ့ကိုအထင်သေးနေတုန်းဘဲ"
"ဟင့်အင်း.. မောင့်ကိုမောင် ယုံကြည်ထားချင်ရုံပါ. လေပြေ့ကို မောင့်တစ်ဘ၀လုံးပိတ်လှောင်ထားနိုင်မယ်လို့လေ"
လေပြေ့ခန္ဓာကိုယ်လေးကို ခွန်ပြည့်ရင်ခွင်ထဲဆွဲသွင်းလိုက်၏။ ဒီခန္ဓာကိုယ်လေးကို သူ့အမြဲထွေးပွေ့သွားနိုင်ဖို့ ဆုတောင်းမိတယ်။ မောင်ဟာအတ္တသိပ်ကြီးတယ်ဆိုရင်လဲ ဒီအတ္တတွေနဲ့လေပြေ့ကိုမွမ်းကြပ်တဲ့အထိပိတ်လှောင်ထားမိနေဦးမှာ။
"မောင်တို့တွေ ရန်တွေဖြစ်ကြဦးမှာ လေပြေ.. စကားတွေများကြဦးမယ်. ပြီးတော့ ဒီထပ်ပိုတာတွေလဲဖြစ်ကြဦးမယ်. ဒါပေမယ့်လေ သေချာတာတော့ လေပြေ့ကိုမောင်ဘယ်တော့မှထွက်သွားခွင့်ပေးမှာမဟုတ်ဘူး"
လေပြေ့မေးဖျားလေးကိုဆွဲမော့ရင်း ဘယ်ဘက်ပါးပြင်ကို အရှက်မဲ့စွာပင် နမ်းရှိုက်မိ၏။
"မောင့်ကို ခွင့်လွှတ်ပေးပါ"
"မောင့်ကိုငါချစ်သရွေ့ မောင်ဟာငါ့ဆီကခွင့်လွှတ်မှုဆိုတာကို ဘယ်တော့မှတောင်းဆိုနေစရာလိုမှာမဟုတ်ပါဘူးကွယ်"
အဆုံးအစမဲ့တဲ့လေပြေ့ရဲ့အချစ်တွေကြားမှာ သူ့ရဲ့ယုတ်ကန်းမှုတွေဟာသိမ်ငယ်စွာဘဲ၀ပ်ဆင်းခဲ့ရပြန်လေတယ်...။
စောင့်နေကြဝာာကြာပြီလားဗျ။ အလုပ်ကအရမ်းအချိန်များတာမို့ နောက်ထပ်ကြာတာတွေရှိလာရင်လဲ ခွင့်လွှတ်ပေးကြဖို့ ကြိုတောင်းပန်ချင်ပါတယ်။ ဒါပေမဲ့ ဒီတခါလို့ လနဲ့ကြာပြီးမကြာဖို့တော့ အစွမ်းကုန်ကြိုးစားသွားပါမယ်ဗျ။ အားလုံးဘေးကင်းကြပါစေနော်။
#Unicode
နာရီမွ Vibrate ျမည္တာမို႔ ခြန္ျပည့္ႏိုးလာ၏။ေရတံခြန္သြားဖို႔အေရးကို မနက္ေလးနာရီေလာက္ Alarm ေပးထားၿပီး မထေသာေလေျပ့ေၾကာင့္ သူကပင္ ေလေျပႏိုးသြားမွစိုး၍ ျပန္ပိတ္ေပးလိုက္ရသည္။
ဒီအႀကိမ္က ဒုတိယအႀကိမ္ေျမာက္ျဖစ္သည္။ ေလေျပမ်ား ေနာက္တႀကိမ္ထပ္ Alarm ေပးထားတာလားလို႔ေတြးရင္း ေလေျပမႏိုးေစရန္ အျမန္ထလိုက္ရသည္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာမို႔ မႏိုးေစခ်င္ေတာ့။
ဖုန္းကိုေကာက္ကိုင္လိုက္ေတာ့ ေပၚေနတဲ့နံပါတ္စိမ္းေၾကာင့္ မႈန္ဝါးဝါး Screen ကိုအားစိုက္ၾကည့္ရင္း အိပ္ရာမွထကာ၀ရန္တာဘက္ထြက္လိုက္ရင္း
"ဟယ္လို ခြန္ျပည့္ပါ"
"အဟမ္း အင္း ငါ ညီနဲ႔ဖုန္းေျပာလို႔ရမလား"
ဟိုဘက္ကထြက္ေပၚလာတဲ့အသံက ခပ္ေအးေအးေပမယ့္ ခြန္ျပည့္ရဲ႕မ်က္ေမွာင္ေတြ ခ်က္ခ်င္းတြန္႔ခ်ိဳးသြားရေအာင္စြမ္းႏိုင္သည္။
"ေလေျပလွ်မ္းခကို ဖုန္းလႊဲေပးလို႔ရမလား"
"အဟက္ လြယ္လွခ်ည္လားကြ. မင္း မ်က္ႏွာေျပာင္ေတာ္ေတာ္တိုက္တာဘဲ။ ရည္းစားႀကီးငုတ္တုတ္႐ွိေနတာကို ၾကာကူလီတယ္. ခုက် ကာမပိုင္ေယာက်ၤားဆီကိုေတာင္ဖုန္းဆက္ၿပီး ဖုန္းေျပာခြင့္ေတာင္းေနပါေရာလား"
"သိပ္လဲမ႑န္တိုင္မတက္ျပမေနပါနဲ႔ ခြန္ျပည့္. မင္းသူ႕ကိုအၾကာႀကီးပိတ္ေလွာင္မထားႏိုင္ပါဘူး"
"မင္း ဘာစကားေျပာတာလဲ"
"ငါ ႏွစ္ခါမေျပာဘူး ခြန္းျပည့္. ေလေျပ့ကိုဖုန္းေပးေပးပါ. သူဖုန္းလဲထားခဲ့တယ္. ငါ သူ႕နဲ႔စကားေျပာခ်င္တယ္"
"အဲ့ေတာ့ ငါက ငါ့ခ်စ္သူကိုၾကာကူလီဖူးတဲ့မင္းနဲ႔ဖုန္းေျပာဖို႔ သူ႕ကိုထပ္လႊဲေပးရမယ္ေပါ့. ဟား ဟား ေစာက္အဓိပၸယ္မဲ့လိုက္တာကြာ"
ေဒါသေၾကာင့္ ေလွာင္ရယ္သံေတြကက်ယ္ေလာင္ေနခဲ့တာမို႔ အိပ္ခန္းထဲမွ ေလေျပလူးလြန္႔လာ၏။ ခြန္ျပည့္မွန္တံခါးကိုဆြဲပိတ္ရင္း အံ့ကိုတင္းတင္းႀကိတ္လိုက္ၿပီး
"မင္းမွတ္ထား. ေလေျပ့ကို ငါတရား၀င္လက္ထပ္ယူထားတာ. ငါပိုင္တာ။ ဒီတသက္ဖုန္းေျပာခြင့္ရဖို႔မေျပာနဲ႔ ေလေျပ့အရိပ္ေတာင္မင္းျမင္ခြင့္မရေစရဘူး"
"ေသြးနည္းလွခ်ည္လား ခြန္ျပည့္..ဘာလဲ ငါ့ကိုေတြ႕ရရင္ ေလေျပငါ့ေနာက္ျပန္ပါသြားမွာကို မင္းသိပ္ေၾကာက္ေနလား"
"ျပန္ပါမယ္. ဟုတ္လား. ဒီမွာ ပိုင္ ေလေျပ့ကို ငါအရင္ဆုံးပိုင္ခဲ့တာ. မင္းက ငါ့ေနာက္မွ ေပၚလာၿပီး ၾကာကူလီသြားတာဆိုတဲ့အျဖစ္မွန္ကိုမေမ့လိုက္နဲ႔"
"အဟက္. အရင္ဆုံးဆိုတဲ့ဟာႀကီးကို အထပ္ထပ္ေျပာေနလို႔ ငါေျပာလိုက္မယ္. ၿပီးရင္ မင္းဦးေႏွာက္နဲ႔ေသခ်ာစဥ္းစားၾကည့္ေပါ့. ပထမလူကိုသာအျပည့္အ၀ခ်စ္ခဲ့ရင္ ေနာက္လူဆိုတာဘယ္ေတာ့မွေပၚလာမွာမဟုတ္ဘူးကြ"
ဟိုဘက္က ေတာက္ေခါက္သံထြက္ေပၚလာတာမို႔ ပိုင္ျပဳံးလိုက္မိ၏. ခြန္ျပည့္ဟာ ပိုင့္အတြက္ေတာ့ သိပ္လြယ္ကူလြန္းတဲ့ၿပိဳင္ဘက္တစ္ေယာက္ျဖစ္ခဲ့မွာ. ေလေျပကသာ ခြန္ျပည့္ကိုတမ္းတမ္းစြဲခ်စ္မေနခဲ့ဘူးဆိုရင္ေပါ့။
ခု သူ႐ႈံးေနခဲ့ၿပီ. ခြန္ျပည့္ကိုအထိနာေစမယ့္စကားေတြကို ႐ွာေျပာေနခဲ့ေပမယ့္ သူ႕ႏွလုံးသားေနရာအႏွံ႔က ေသြးစိမ္း႐ွင္႐ွင္က်ႏွင့္ေနၿပီးသား။ ကိုယ့္ကိုနည္းနည္းေလးမွ လွည့္ျပန္မၾကည့္ဘဲထားသြားႏိုင္ရက္တဲ့ေလေျပ့ေၾကာင့္ သူဟာေဆာက္တည္ရာမဲ့ေနခဲ့တာမို႔ ေကာက္႐ိုးမွ်င္တစ္မွ်င္ဘဲျဖစ္ျဖစ္ ဖမ္းဆုပ္ခ်င္ေနခဲ့႐ုံ။ အတူတူမွားခဲ့ၾကရက္နဲ႔ သူဘဲရင္ကြဲက်န္ခဲ့ရမွာလား. ေလေျပကေရာ သူ႕အတြက္ခံစားခဲ့ဖူးရဲ႕လား။
"ႏြားလိုဘဲ စျမဳံျပန္မေနစမ္းပါနဲ႔ကြာ. အခုအေျခေနကိုသာ မင္းလက္ခံ. ေလေျပ့ကို ငါတရား၀င္လက္ထပ္ထားတာ. မင္းေသေအာင္ခ်စ္ပါေစ. ေအး မင္းေျပာသလို သူမင္းအေပၚခ်စ္ခဲ့ဖူးတာထားလိုက္ဦး။ ခုခ်ိန္မွာ အဲ့အရာအားလုံးက ငါတို႔ရဲ႕မ်ိဳးဆက္ကိုေျပာျပမယ့္ဟာသတစ္ခုထပ္မပိုဘူး ပိုင္.. ၿပီးေတာ့ မင္းကိုငါ့ထက္ပိုခ်စ္ခဲ့တယ္ဆို မင္းကိုထားခဲ့ၿပီး ငါ့ေနာက္ခိုးရာလိုက္ပါ့မလား. မင္းလဲပညာတတ္တာဘဲ စဥ္းစားစမ္းပါ. အဟက္! သူငါ့ရင္ခြင္ထဲမွာ႐ွိေနစဥ္အေတာအတြင္း မင္းလိုေကာင္မေျပာနဲ႔။ သူ႕အိမ္ကိုေတာင္သတိရေၾကာင္းမေျပာဖူးဘူးကြာ. ငါထင္တာ သူအခုေစာက္ရမ္းကိုေပ်ာ္ေနတာဘဲ"
"သူေပ်ာ္ေနတယ္"
"ဟုတ္တယ္. သူေပ်ာ္ေနတယ္. သူ႕မွာ မင္းလိုေကာင္နဲ႔ေဖာက္ျပန္ခဲ့မိတာေတြအတြက္ တခါတေလစိတ္မလုံျဖစ္မိတာကလြဲလို႔ သူအလွဆုံးျပဳံးၿပီးကိုေပ်ာ္ေနတယ္. ဒါေပမယ့္ ငါကလဲခြင့္လႊတ္ၿပီးသားပါ. လူဆိုတာ အမွားနဲ႔ဘယ္ကင္းမလဲ. အထူးသျဖင့္ စည္းမ႐ွိတဲ့ေကာင္ေတြနဲ႔အေနနီးနီးေနရတတ္တဲ့အခါမ်ိဳးမွာေပါ့"
"စည္းမ႐ွိဘူး. အဟက္ ငါစည္းမ႐ွိဘူး ခြန္ျပည့္. ဟုတ္တာေပါ့ ငါ့လိုေကာင္ ဘာစည္း႐ွိစရာလိုဦးမွာလဲ.. မင္းက ေလေျပ့ရဲ႕ျဖဴစင္မႈေတြကိုခ်ည္း အသားေပးၾကည့္ခဲ့တဲ့ေကာင္ဆိုေတာ့ ေလေျပ့အေၾကာင္းမင္းမသိတာေတြ ငါေျပာျပရဦးမလား. သူ႕ရဲ႕အတြင္းက်က်အေၾကာင္းေတြေလ"
"ဘာ!! မင္းဘာေစာက္စကားေျပာတာလဲ"
ခြန္ျပည့္ရဲ႕ေဒါသသံေၾကာင့္ ပိုင္ေခါင္းေမာ့လွန္ရယ္ခ်ရင္း အေ႐ွ႕ကဘီယာလက္က်န္ကိုေမာ့ခ်လိုက္သည္။ ဘီယာခြက္ထဲဘာမွမက်န္ေတာ့သလို သူ႕ေခါင္းထဲလဲ ခြန္ျပည့္ကိုအထိနာေစခ်င္တဲ့စိတ္ကလြဲလို႔ ဗလာနတၳိ။ ေလေျပ့သိကၡာကို သူငဲ့ညႇာသင့္လား. သူ႕ကိုယ္သူေရာ ဒီလိုေအာက္တန္းက်တဲ့အထိ ဆြဲခ်သင့္လား. မေတြးခ်င္ေတာ့ ဘာမွမေတြးခ်င္။
"ေလေျပကေလ အနမ္းခပ္ၾကမ္းၾကမ္းေပးရင္ သိပ္သေဘာက်တာကြ. သူ႕ကိုအသက္႐ႈခြင့္မေပးတာမ်ိဳးေလ. ၿပီးေတာ့"
"ေတာက္!! မင္းေသာက္ပါးစပ္ပိတ္"
"ေနပါဦး. မင္းေျပာတာေတြ ငါၿငိမ္ၿပီးနားေထာင္ခဲ့တာဘဲ. ေယာက်ၤားပီသစမ္းပါကြ. ငါ မင္းအတြက္ေျပာျပေနတာေလ. ၿပီးေတာ့ သူ႕နားဖ်ားေလးေတြကိုနမ္းရင္ ခပ္တိုးတိုးညည္းတတ္တယ္. ၿပီးေတာ့ သူ႕ရဲ႕ပုခုံးစြန္းနားကမွဲ႔ညိဳေလးကလဲ သူ႕ေက်ာျပင္နဲ႔နီးကပ္တိုင္း ပိုၿပီးၾကမ္းတမ္းခ်င္လာေအာင္ ဆြဲေဆာင္ႏိုင္တယ္"
"ေတာက္. မင္း!!!"
တီ..တီ.။
"ဟား.. ဟား အကို႔ကိုမုန္းလိုက္ေတာ့ ေလေျပ. တခါမွ မင္းမခ်စ္ခဲ့ဖူးတဲ့ ငါ့လိုေအာက္တန္းစားေကာင္ကို မင္းမုန္းပါမုန္းပစ္လိုက္ေတာ့. ငါကေတာ့ မင္းကိုေသတဲ့အထိ ဆက္ခ်စ္သြားမွာ။ မလုံတဲ့စိတ္. အျပစ္႐ွိတယ္လို႔ခံစားရတဲ့စိတ္ေတြ တစြန္းတစေတာင္မ႐ွိဘဲနဲ႔ အျပည့္အ၀ေပ်ာ္လိုက္ေတာ့။ ငါ႐ႈံးတယ္ ေလေျပ. အစကတည္းက မင္းကိုဆို အ႐ႈံးေပးၿပီးသားေပမယ့္ ခုမင္းသိပ္ခ်စ္တဲ့လူကိုပါ အကိုအညံ့ခံလိုက္ၿပီ ေလေျပ"
အခန္းက်ဥ္းေလးထဲက ေအာ္ရယ္သံေတြ. မ်က္၀န္းနီေတြရဲ႕ေထာင့္ကမ်က္ရည္စေတြ. လူတစ္ေယာက္အေပၚျဖဴျဖဴစင္စင္ခ်စ္ခဲ့ျခင္းေတြဟာ အသုံးမ၀င္တဲ့အမိႈက္စေတြလိုျပန္႔က်ဲေနခဲ့လ်က္..။
...💜...
ဖုန္းခ်ၿပီးၿပီးခ်င္း မွန္တံခါးကိုတြန္းဖြင့္ကာ ေဒါသအ႐ွိန္က ဖုန္းကိုနံရံနဲ႔အပ္သြားေစရင္း..။
"ဟင္..."
လန္႔ႏိုးသြားတဲ့ေလေျပ့ဆီကိုအျမန္ေျပးသြားကာ ခႏၶာကိုယ္ေလးကိုဆြဲထူလိုက္ေတာ့ ခပ္ပါးပါးကိုယ္ေလးက သူ႕လက္ေတြၾကားမွာ အလူးအလဲ။
"ေမာင္ ဘာျဖစ္လို႔လဲ"
ေလေျပ၀တ္ထားတဲ့ည၀တ္အက်ႌေလးကိုပထမတစ္လုံး၊ ႏွစ္လုံးေလာက္သာျဖဳတ္ခ်ရင္း ဆြဲၿဖဲမိေတာ့ ေလေျပက အက်ႌစေတြကိုအတင္းျပန္စုဆြဲရင္း သူ႕ကိုအလန္႔တၾကားေမာ့ၾကည့္ရင္း
"ေမာင္ အဲ့လိုမလုပ္ပါနဲ႔.. ငါ့ကိုေျပာျပပါ ဘာျဖစ္လို႔လဲ ဟမ္"
"မင္းပါးစပ္ပိတ္ထား ေလေျပ!!"
ေျပေလ်ာ့က်သြားတဲ့အက်ႌေအာက္က ေက်ာျပင္ျဖဴလ်လ်ေလးေပၚမွာ ညိဳ႕စိမ္းေနေသာမွဲ႔ေလး..။
"ေမာင္"
"ေတာက္!! ေလေျပ မင္း"
"ေမာင္ ဘာျဖစ္တာလဲ ငါ့ကိုေျပာပါဦး. အဲ့လိုအၾကမ္းပတမ္းလာလုပ္မေနနဲ႔"
"မင္း!! အၾကမ္းပတမ္းဟုတ္လား. ငါ အၾကမ္းပတမ္းလုပ္တာက်မႀကိဳက္ဘူးေပါ့.. ဟိုေကာင္ၾကမ္းရင္ေရာ မင္းညည္းတတ္လား"
"ေမာင္!!" မင္း ဘာေတြေျပာေနတာလဲ. ငါနားလည္ေအာင္ေျပာစမ္းပါလား"
"ေအး.. မင္း ပိုင္ဆိုတဲ့ေကာင္နဲ႔ဘယ္ႏွႀကိမ္အိပ္ခဲ့လဲ. ဟမ္!! ငါ့ကို ႏြားျဖစ္ေအာင္လွည့္လိုက္ရေတာ့ေပ်ာ္တယ္မလား"
"ပိုင္နဲ႔အိပ္တယ္ ဟုတ္လား"
"ဘာေတြနားမလည္ခ်င္ေယာင္ေဆာင္ေနျပန္တာလဲ ေလေျပ.. ျဖဴစင္ခ်င္ေယာင္ေဆာင္ေနတာေတြကို ေတာ္စမ္းပါေတာ့ကြာ. ငါ ႐ြံလြန္းလို႔"
"ေမာင္"
ေမာင္ဆြဲၿဖဲခံထားရတဲ့အက်ႌစကို က်စ္က်စ္ပါေအာင္ျပန္စုကိုင္ထားရင္း ေလေျပေမာင့္ကိုနာက်င္စြာေငးၾကည့္ေနမိသည္။ ေမာင္ဟာ အၿမဲဒီလိုခ်ည္း.. အေၾကာင္းရင္း ေသခ်ာမသိေပမဲ့ သူေျပာခ်င္ရာေျပာၿပီး သူစြပ္စြဲခ်င္သလို စြပ္စြဲတတ္ေနတုန္းဘဲ။
"မက်နဲ႔ အဲ့မ်က္ရည္ေတြ ေလေျပ.. မင္းကေလ လုပ္ခ်င္တာလုပ္လိုက္၊ မ်က္ရည္ခံထိုးျပလိုက္နဲ႔.. ငါ့ကိုလွည့္ခ်င္တိုင္းလွည့္ေနတာ"
"ေမာင္ကေလ. ေမာင္ကေရာ ငါမ်က္ရည္က်တာနဲ႔ စိတ္ေပ်ာ့တတ္တဲ့လူမ်ိဳးဟုတ္ရဲ႕လား။ ငါငိုတာကို အရသာခံၾကည့္တတ္တဲ့ေယာက်ၤားစားမ်ိဳးမဟုတ္ဘူးလား"
"ေလေျပ!!"
"ေမာင္ ႐ွင္းျပလား. ေမာင္ ေမးလား။ ခ်က္ခ်င္းႀကီးအိပ္ေနတဲ့လူကိုႏိုးေအာင္လုပ္ၿပီး ေမာင္႐ိုင္းခ်င္သလို႐ိုင္း. ေမာင္ေသာင္းက်န္းခ်င္သလို ေသာင္းက်န္းေနတာေလ"
"ေအး.. မင္းဆိုရင္ေရာ ငါနဲ႔အိပ္ဖူးတဲ့မိန္းမက ငါနဲ႔အိပ္ရတာဘယ္လိုပါဆိုတဲ့စကားမ်ိဳးၾကားရင္ေရာ မင္းနားေထာင္ေကာင္းမလား"
"အကိုေျပာတာလား"
"ေအး. မင္းေကာင္ကိုယ္တိုင္ေျပာသြားတာ.. ေျပာစမ္း ေလေျပ မင္းအဲ့ေကာင္နဲ႔ဘယ္ႏွခါေလာက္အိပ္ခဲ့လဲ ဟမ္!! ေလေျပ မင္းကြာ"
ေမာင္က ေလေျပ့ပုခုံး႐ိုးေတြကို ခ်ိဳးပစ္ေတာ့မတတ္ ဆုပ္ကိုင္လႈပ္ယမ္းေနရင္းမွ ေစာင့္တြန္းရင္း ထရပ္ျပန္၏။ ကိုယ္သာအပိုင္ရတယ္လို႔ထင္တဲ့အရာတစ္ခုက သူမ်ားဦးၿပီးသားျဖစ္ေနတယ္လို႔ေတြးရင္း ယူက်ံဴးမရျဖစ္ေနတဲ့ေမာင့္ပုံစံက ကေလးငယ္တစ္ေယာက္လို ဒါမွမဟုတ္ သိပ္အတၱႀကီးတဲ့ေယာက်ၤားတစ္ေယာက္လို..။
"ေမာင္ ယုံတယ္လား"
ေလေျပကဝဲတက္လာတဲ့မ်က္ရည္ေတြကို ေခါင္းတစ္ခ်က္ခါၿပီးေျဖေဖ်ာက္ရင္း ခပ္ေလွာင္ေလွာင္ေလးေမးမိသည္။
"မင္းဆိုရင္ေရာ ေလေျပ"
"ငါ့ကိုမေမးပါနဲ႔. ငါသိခ်င္တာ ေမာင္ယုံတယ္လား. ဟင္"
"မင္း အဲ့ေကာင္နဲ႔အိပ္ခဲ့တယ္မလား"
"ေမာင္ မင္းငါ့ကိုမယုံဘူး"
"မင္းေက်ာေပၚကမွဲ႔အေၾကာင္းပါ အတြင္းက်က်အရသာခံေျပာသြားတဲ့ေကာင္စကားကို ငါယုံမိတယ္ ေလေျပ. အဲ့တာ ငါမွားသလား။ ၿပီးေတာ့ မင္းကိုယ္တိုင္လဲ ငါမသိေအာင္ခိုးေဖာက္ျပန္ခဲ့ေသးတာဘဲ"
ေက်ာေပၚက မွဲ႔..။ ေလေျပ နာက်င္စြာဘဲျပဳံးမိသြားရသည္။ အကိုကလဲ ရက္စက္တတ္သားဘဲ။ ေမာင္ အထိနာေစမယ့္စကားကိုမွေ႐ြးေျပာသြားတာဘဲ..သူ႕သိကၡာေတြကိုပါခ်နင္းၿပီးေတာ့ေပါ့။
"မျပဳံးနဲ႔ ေလေျပ. မင္း အဲ့လိုျပဳံးတာငါအရမ္းမုန္းတယ္"
ေလေျပက အိပ္ရာေပၚကလူးလဲထရင္း သူ႕ကိုေက်ာေပးထားတဲ့ေမာင့္နားကို ခပ္ေျဖးေျဖးေလွ်ာက္သြားလိုက္၏။ ေမာင့္ရဲ႕အသက္႐ႈသံျပင္းျပင္းနဲ႔ေက်ာျပင္ရိပ္ဟာ ေမာင့္ရဲ႕ေဒါသအ႐ွိန္ကိုျပတယ္။
"ေမာင္နာလို႔လား. ေမာင့္မာနကိုထိပါးတာမို႔ သိပ္နာသလား။ ဒါမွမဟုတ္ ငါ့ရဲပထမဆုံးကို ေမာင္ရလိုက္တာလို႔ ကိုယ့္ကိုကိုယ္အထင္ႀကီးၿပီးခါမွ သူမ်ားေျခေတာ္တင္ၿပီးသားျဖစ္ေနလို႔ ယူက်ံဴးမရျဖစ္ေနတာလား"
ပါးစပ္က ေမာင့္မာနကိုထိပါးေစမယ့္စကားေတြေ႐ြးေျပာမိေနေပမယ့္..တကယ္ေတာ့ ေမာင္ ငါေလ ေမာင့္ေက်ာျပင္ကိုပါးအပ္ရင္း ငါ့ကိုယုံေပးဖို႔ေတာင္းဆိုခ်င္ေနခဲ့တာ. ဒါေပမဲ့ ငါ့စကားေတြကေျပာင္းျပန္ေတြခ်ည္း။
ေမာင္ရယ္. ယုံၾကည္မႈဆိုတာမ်ိဳးက ျပန္တည္ေဆာက္ဖို႔ခက္တယ္ဆိုေပမယ့္ ေမာင္ငါ့ကိုနည္းနည္းေလးေတာ့ယုံၾကည္ေပးဖို႔ေကာင္းပါတယ္ေလ။ ေမာင္ကလက္ကမ္း႐ုံနဲ႔ ႐ွိ႐ွိသမွ်အရာေတြအကုန္လႊတ္ခ်ရင္း ေမာင့္ေနာက္အ႐ူးအမူးလိုက္ခဲ့တဲ့ငါ့ကိုေလ..။
"ေလေျပ မင္းမေျပာစမ္းပါနဲ႔"
"ဘာလို႔လဲ. မၾကားႏိုင္ဘူးလား။ ေမာင္ မင္းလဲ ငါ့ကိုအဲ့လိုအတန္းအစားလို႔ထင္ၿပီးသားဘဲေလ။ ဒီလိုအတန္းအစားက ဒီလိုစကားထြက္တာဆန္းလို႔လား။ ေမာင့္ကိုေျပာျပရဦးမလား. အကိုက ဒီတိုင္းတင္ ငါ့ကိုေပ်ာ္႐ြင္ေအာင္ထား႐ုံတင္မကဘူး. အိပ္ရာေပၚမွာလဲ ငါ့ကိုေပ်ာ္ေအာင္."
"ေလေျပ.. ေတာက္!! ေျပာဦးကြာ"
ျဖန္းခနဲျမည္သံနဲ႔အတူ ပူ႐ွိန္းသြားတဲ့ဘယ္ဘက္ပါးတစ္ခ်က္. မထင္ထားဝာာမို႔ လူပါၾကမ္းျပင္ေပၚေခြလဲက်သြားရ၏။ ကိုယ့္ပါးကိုျပန္ထိၾကည့္ရင္း မ်က္ရည္ေငြ႕ေတြေၾကာင့္ အျမင္ေတြခ်က္ခ်င္းေဝ့ဝါးလာရသလို..။
"က်စ္.. ဟာကြာ"
ခြပ္..ခြပ္..ခြပ္။
ေမာ့ၾကည့္မိေတာ့ နံရံကိုအဆက္မျပတ္ထိုးေနတဲ့ေမာင္. ကိုယ့္နာက်င္မႈကိုေမ့ၿပီး ခ်က္ခ်င္းထကာ ေသြးစေတြထြက္စျပဳေနတဲ့ေမာင့္လက္ေတြကို အတင္းလိုက္ဆြဲမိ၏။ ေမာင္သိလား. ေမာင္ဒဏ္ရာရသြားမွာကို ငါ့အသားနာမွာထပ္ ငါေၾကာက္ေနတတ္ခဲ့ၿပီ။
"ဟင့္အင္း.. မလုပ္ပါနဲ႔ ေမာင္ရယ္"
"ေတာက္!! ဖယ္စမ္းပါကြာ ငါ ငါလူစိတ္ေပ်ာက္ေနၿပီ"
"ေတာ္ပါေတာ့"
ေလေျပက ခြန္ျပည့္လက္ေတြကိုအတင္းလိုက္ဆြဲရင္း ငိုယိုေနခဲ့၏။ ေလေျပ့မ်က္ရည္ေတြကို မျမင္လိုေပမယ့္ ဘာအေရးလဲ။ သူနမ္းလို႔မ၀တဲ့ပါးျပင္ကိုေတာင္ ႐ိုက္ခဲ့မိၿပီဘဲ။ ဒါဟာ တန္ေၾကးဘဲ။ ေလေျပ့ကို႐ိုက္ခဲ့မိတဲ့သူ႕လက္အတြက္ တန္ေၾကး။
"ငါေတာင္းပန္ပါတယ္. ေမာင္ အဲ့လိုလုပ္မယ့္အစား ငါ့ကိုသာထပ္႐ိုက္လိုက္ပါေတာ့လား"
ျဖဴလ်လ်နံရံေပၚကယိုစီးက်ေနတဲ့ေသြးေတြ.. သူ႕ကိုအတင္းဆြဲဖက္ထားတဲ့ေလေျပ။ ငိုယိုမႈေၾကာင့္ ႐ိႈက္သံေတြရိပ္ထင္ကာ သူ႕ရင္ခြင္ထဲအတင္းတိုးကာ လက္ေတြနဲ႔ သူ႕ေက်ာျပင္ကိုၿမဲျမံစြာကုပ္တြယ္ထား၏။
"ေမာင္က ေယာက်ၤားမပီသတဲ့ေကာင္"
"ဟင့္အင္း"
"ေမာင္ မင္းကိုမ႐ိုက္သင့္ဘူး... ေမာင္က တကယ္လူစိတ္မ႐ွိတဲ့ေကာင္. ေမာင္ မွားတာ"
"...
"ဒါေပမယ့္ ေမာင္. ေမာင္သိပ္ခ်စ္တဲ့မင္းကို ျဖဴစင္ေစခ်င္ခဲ့တာ. ဟုတ္တယ္ ေမာင္ကမေကာင္းတဲ့ေကာင္။ ေတြ႕သမွ်မိန္းမကုတင္ေပၚေခၚတင္ဖူးခဲ့တဲ့ေကာင္။ ဒါေပမယ့္ မင္းကို ေမာင္အျမတ္တႏိုးခ်စ္ခဲ့ရတာ. ျမင္ေနရ႐ုံနဲ႔တန္ဖိုးထားၿပီး မထိရက္၊ မကိုင္ရက္ခ်စ္ခဲ့ရတာ ေလေျပ။ ေမာင္တန္ဖိုးထားလြန္းတဲ့အရာမို႔ တျခားလူထိပါးတာမ်ိဳး ေမာင္လူစိတ္ေပ်ာက္တဲ့အထိ အတၱႀကီးမိတယ္။ ဒါေပမယ့္ ဒီအတၱက ေလေျပ့ကိုပါနာက်င္ေစမိၿပီ"
ေမာင္က ငိုရတာမ်ားလို႔ေမာသြားတဲ့ကေလးႏွယ္ ၿငိမ္သက္က်သြား၏။ လက္ေတြက ေလေျပ့ကိုဖက္မလာခဲ့သလို. ေလေျပ့ထံက႐ုန္းလဲမ႐ုန္း။
"ငါနားလည္တယ္ေနာ္..."
"...
"ဘုရားက လိုက္ဖက္တဲ့လူေတြကိုဘဲ အၿမဲတြဲေပးထားတယ္ ေမာင္။ ေမာင့္လို အတၱႀကီးတဲ့လူမ်ိဳးေဘးနားမွာဆို ငါ့လိုမနာတတ္တဲ့လူမ်ိဳးထားေပးတတ္တယ္ ထင္တယ္။ ေမာင့္နားက ေမာင္မႏွင္သေ႐ြ႕ ေမာင့္အတၱေတြေအာက္ ငါအၿမဲ႐ွိေနမွာ"
ေမာင့္ရဲ႕အသက္႐ႈသံေငြ႕ေငြ႕ေလးကိုခံစားမိတယ္။ ေမာင့္ကိုယ္ေပၚကခြာရင္း ေမာင့္ရဲ႕ေသြးယိုစီးေနတဲ့ညာဘက္လက္ေလးကိုဆြဲယူရင္း ခပ္ဖြဖြနမ္း႐ိႈက္မိ၏။ ႐ူးတယ္လို႔မ်ားထင္ၾကေရာ့မလား. ငါေလ ေမာင့္ကိုတကယ္ဘဲ႐ူးေလာက္ေအာင္ခ်စ္ပါတယ္။
"ေမာင့္မယုံမွန္းသိေပမယ့္ ငါတစ္ခုေျပာျပပါရေစ.. ငါေလ ေမာင္နဲ႔က်မွ ငါ့ခႏၶာကိုယ္ကိုပုံအပ္ဖူးတာပါ။ နည္းနည္းေလးအစြန္းထင္းေလး႐ွိခဲ့တယ္ဆိုရင္ေတာင္ တစ္ခုလုံးမည္းညစ္သြားရေလာက္တဲ့ထိ ငါမဆိုးခဲ့မိပါဘူး"
ခြန္ျပည့္က မ်က္ရည္စေတြေၾကာင့္ စုအိက်ေနတဲ့မ်က္ေတာင္႐ွည္ေတြအနားသတ္ထားတဲ့ ေလေျပ့မ်က္၀န္းျပာေလးေတြကို စူးစိုက္ၾကည့္ေနမိ၏။ သူ႕စိတ္ထဲမ႐ွင္းတာေတြ႐ွိေနေပမယ့္ ထပ္မေမးခ်င္ေတာ့။
"ေမာင္ ယုံပါတယ္"
"ဟင့္အင္း.. ေမာင္ မယုံပါဘူး။ ငါသိတယ္ ေမာင္ကေလ ငါ့ကိုတစ္သက္လုံးယုံမွာမဟုတ္ဘူး။ ငါ့ကိုအၿမဲအထင္ေသးေနေတာ့မွာ။ ဒါေပမဲ့ ကိစၥမ႐ွိပါဘူးေလ.. ငါကဘဲ ေနသားက်ေအာင္ေနသြားမွာေပါ့"
"တစ္သက္လုံး.. ေမာင့္ကိုတစ္သက္လုံးဖက္တြယ္ထားေပးလို႔ရမလား"
ခြန္ျပည့္က သူ႐ိုက္မိထားတဲ့ေလေျပ့ပါးျပင္ရဲကို မဝံ့မရဲကိုင္ရင္းေတာင္းဆိုမိ၏။ ႏို႔ႏွစ္ေရာင္လိုအသားအေရမို႔ အားမပါလွေသာသူ႕႐ိုက္ခ်က္ေအာက္မွာ နီရဲမႈကေတာ့က်န္ရစ္ခဲ့ရသည္။ သူ႐ိုက္ခဲ့တဲ့ပါး သူျပန္နမ္းဖို႔မဝံ့မရဲ.. သို႔ေသာ္ ထြက္မသြားဖို႔ေတာ့ မ်က္ႏွာေျပာင္တိုက္ရင္းေတာင္းဆိုခ်င္၏။
"ကတိေတာ့မေတာင္းခ်င္ပါနဲ႔လားကြယ္. ဒီတိုင္းေတာင္ ေမာင့္ဆီမွာ ငါကအက်ဥ္းက်ေနၿပီးသားပါ. ငါ့ကတိနဲ႔ငါထပ္အက်ဥ္းက်ေအာင္ေလာက္ထိေတာ့ ငါ့ကိုယ္ငါမရက္စက္ခ်င္ဘူး"
"ေမာင့္ကိုထားသြားႏိုင္တယ္ဆိုတဲ့သေဘာလား ေလေျပ"
"ငါမသိဘူး. ဒါေပမဲ့ေလ ငါ့ဘ၀မွာမစြန္႔လႊတ္ႏိုင္ဆုံးဆိုတဲ့အရာက ေမာင္ဆိုရင္ ငါ့ဘ၀မွာအျဖစ္ခ်င္ဆုံးဆႏၵကလဲ ေမာင့္ကိုပစ္ထားခဲ့ႏိုင္ဖို႔ဘဲ"
ပစ္ထားခဲ့မယ္တဲ့..။ သူ႕ကိုမ်က္ရည္ေတြနဲ႔ေမာ့ၾကည့္ေနတဲ့ေကာင္ေလးက တစ္ေန႔ေန႔က် သူ႕ကိုပစ္ထားခဲ့မွာတဲ့လား။ သူ႕ဘ၀မွာ ေလေျပဟာမ႐ွိမျဖစ္တဲ့ ျဖစ္တည္မႈဆိုတာ ေလေျပဟာမသိဘူးလား။ ေလေျပသာ မ႐ွိခဲ့ရင္.. သူဆက္မေတြးခ်င္။
ခြန္းျပည့္ သက္ျပင္းေမာကို ခပ္ၾကာၾကာ႐ိႈက္လိုက္မိရင္း
"ဒါဆို ေလေျပ့ဆႏၵကဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး"
"ေမာင္က ငါ့ကိုအထင္ေသးေနတုန္းဘဲ"
"ဟင့္အင္း.. ေမာင့္ကိုေမာင္ ယုံၾကည္ထားခ်င္႐ုံပါ. ေလေျပ့ကို ေမာင့္တစ္ဘ၀လုံးပိတ္ေလွာင္ထားႏိုင္မယ္လို႔ေလ"
ေလေျပ့ခႏၶာကိုယ္ေလးကို ခြန္ျပည့္ရင္ခြင္ထဲဆြဲသြင္းလိုက္၏။ ဒီခႏၶာကိုယ္ေလးကို သူ႕အၿမဲေထြးေပြ႕သြားႏိုင္ဖို႔ ဆုေတာင္းမိတယ္။ ေမာင္ဟာအတၱသိပ္ႀကီးတယ္ဆိုရင္လဲ ဒီအတၱေတြနဲ႔ေလေျပ့ကိုမြမ္းၾကပ္တဲ့အထိပိတ္ေလွာင္ထားမိေနဦးမွာ။
"ေမာင္တို႔ေတြ ရန္ေတြျဖစ္ၾကဦးမွာ ေလေျပ.. စကားေတြမ်ားၾကဦးမယ္. ၿပီးေတာ့ ဒီထပ္ပိုတာေတြလဲျဖစ္ၾကဦးမယ္. ဒါေပမယ့္ေလ ေသခ်ာတာေတာ့ ေလေျပ့ကိုေမာင္ဘယ္ေတာ့မွထြက္သြားခြင့္ေပးမွာမဟုတ္ဘူး"
ေလေျပ့ေမးဖ်ားေလးကိုဆြဲေမာ့ရင္း ဘယ္ဘက္ပါးျပင္ကို အ႐ွက္မဲ့စြာပင္ နမ္း႐ိႈက္မိ၏။
"ေမာင့္ကို ခြင့္လႊတ္ေပးပါ"
"ေမာင့္ကိုငါခ်စ္သေ႐ြ႕ ေမာင္ဟာငါ့ဆီကခြင့္လႊတ္မႈဆိုတာကို ဘယ္ေတာ့မွေတာင္းဆိုေနစရာလိုမွာမဟုတ္ပါဘူးကြယ္"
အဆုံးအစမဲ့တဲ့ေလေျပ့ရဲ႕အခ်စ္ေတြၾကားမွာ သူ႕ရဲ႕ယုတ္ကန္းမႈေတြဟာသိမ္ငယ္စြာဘဲ၀ပ္ဆင္းခဲ့ရျပန္ေလတယ္...။
ေစာင့္ေနၾကဝာာၾကာၿပီလားဗ်။ အလုပ္ကအရမ္းအခ်ိန္မ်ားတာမို႔ ေနာက္ထပ္ၾကာတာေတြ႐ွိလာရင္လဲ ခြင့္လႊတ္ေပးၾကဖို႔ ႀကိဳေတာင္းပန္ခ်င္ပါတယ္။ ဒါေပမဲ့ ဒီတခါလို႔ လနဲ႔ၾကာၿပီးမၾကာဖို႔ေတာ့ အစြမ္းကုန္ႀကိဳးစားသြားပါမယ္ဗ်။ အားလုံးေဘးကင္းၾကပါေစေနာ္။
#Zawgyi
#Blfic
-Hanna
2022 Apr 11 Mon
11:00PM