ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...

By Juliexin__

1.9M 332K 9.6K

I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More

Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး

*158* သေစမ်း

7.4K 1.3K 46
By Juliexin__

ရုန်ယိ ကိုယ်ရံတော်တွေကို လှမ်းမေးလိုက်သည်။
"သူပြောတာဟုတ်လား"

ကိုယ်ရံတော်တွေက ခေါင်းငြိမ့်ပြလာကြသည်။

ရုန်ယိ ထိုတွင်းကြီးနားကို အကြည့်တွေလှမ်းပို့လိုက်တဲ့အခါ အညိုရောင်ဝတ်စုံနဲ့လူကို တွေ့လိုက်ရသည်။
"ဆိုတော့ သူက ပထမအကြီးအကဲဆိုတာပေါ့.. သူ့မျက်နှာတည်ကြီးကိုကြည့်ဦး.. မသိရင် လူတိုင်းကဘဲ သူ့အပေါ် အကြွေးကြီးကြီးတင်နေတဲ့ပုံနဲ့"

ကိုယ်ရံတော်များ "......"

"ဒါဆို ဆဌမအကြီးအကဲကရော ဘယ်သူလဲ"

"ခက်ထန် ရက်စက်တဲ့အကြည့်တွေနဲ့လူက ဆဌမအကြီးအကဲဖြစ်လိမ့်မယ်"

"......"
ကိုယ်ရံတော်တွေက ခေါင်းထပ်ငြိမ့်ပြလာကြ၏။

"ဟုတ်ပြီ.. ငါမှတ်ထားမယ်"
ရုန်ယိက မျက်မှောင်တွေကြုတ်လိုက်ကာ
"ငါတို့ ဒီမှာဘဲတော့ စောင့်နေလို့မရဘူး.. သူတို့လည်း တိုက်ခိုက်လို့ပြီးရော ငါတို့လည်း အိုမင်းပြီး သေသွားနေလောက်ပြီ"

ကိုယ်ရံတော်များ "......"

ရုန်ယိခန္ဓာကိုယ်က ပြောလိုက်၏။
"တစ်ယောက်ယောက်ကသာ အဲ့တွင်းထဲ ခုန်ချလိုက်တာနဲ သူတို့တွေလည်း သေချာပေါက် လိုက်ခုန်ချကြမှာဘဲ"

ရုန်ယိက ခဏလောက်စဥ်းစားပြီးနောက် သူ့ခန္ဓာကိုယ်ကို ဝတ်စုံတစ်ခုထုတ်ပေးလိုက်သည်။

ရုန်ယိခန္ဓာကိုယ်က ဝတ်စုံပေါ်မှာ အဆင့်မြင့် ပျံသန်းခြင်းအင်းကွက်ကပ်လိုက်ကာ ဝိညာဥ်စွမ်းအားနဲ့ အင်းကွက်ကို အသက်သွင်းလိုက်ပြီး အမြန်ဆုံးအရှိန်နဲ့ တွင်းထဲကို ပျံသန်းသွားစေလိုက်သည်။

တွင်းထဲကို အနက်ရောင်အရိပ်တစ်ခု ဝင်သွားတာတွေ့တဲ့အခါ တိုက်ခိုက်နေကြတဲ့နှစ်ဖက်စလုံးကလည်း မျှော်လင့်ထားသလိုဘဲ တွင်းထဲကို အမြန်လိုက်ပြီး ခုန်ချသွားကြတော့၏။

လူအားလုံးခုန်ချသွားပြီးတဲ့အခါ ရုန်ယိခန္ဓာကိုယ်က အခြေအနေကို တစ်ခဏလောက် အကဲခတ်ကြည့်လိုက်သည်။ ဘာအော်သံ ဟစ်သံမှ မကြားရဘူးဆိုတာ သေချာတော့မှ သူပြောလိုက်သည်။
"လာ.. သွားကြစို့"

ထို့နောက် သူက ရုန်ယိကို ကိုင်ကာ တွင်းထဲကို ခုန်ဆင်းလိုက်သည်။

အထဲမှာက မှောင်နေပြီး ပိန်းပိတ်အောင် မှောင်မည်းနေခြင်းမျိုးပင်..။

ကိုယ်ရံတော်တွေက ဝိညာဥ်စွမ်းအားသုံးကာ အလင်းရောင်ရအောင် လုပ်လိုက်ကြပေမဲ့ သူတို့ရဲ့ဝိညာဥ်စွမ်းအားတွေက တဖြည်းဖြည်းနဲ့ လျော့ကျလာပြီး သူတို့ဓားရဲ့ပျံသန်းနှုန်းကလည်း နှေးကျလာတာကိုသာ သိလိုက်ရသည်။

ကိုယ်ရံတော်တစ်ယောက်က
"သေစမ်း!... ဒီမှာ ဝိညာဥ်စွမ်းအားတွေသုံးလို့မရဘူးကွ!.."

တစ်ခြားကိုယ်ရံတော်တစ်ယောက်ကလည်း
"အင်းကွက်တွေလည်းသုံးလို့မရဘူး.. စိတ်ဝိညာဥ်မီးတောက်ရော မီးခတ်ကျောက်ရောကလည်း ဒီနေရာမှာ အလုပ်မဖြစ်ဘူး.. ဒီနေရာက အခြေအနေကြီးက မကောင်းဘူး.. အမြန်ဆုံး ပြန်ထွက်ကြတာ ကောင်းမယ်ထင်တယ်နော်"

ရုန်ယိခန္ဓာကိုယ်ကတော့ အတော်လေး တည်ငြိမ်နေ၏။
"ငါတို့ ဝိညာဥ်စွမ်းအားတွေက လျော့ကျနေတဲ့ဟာ.. အပေါ်ကို ပျံတက်နိုင်ဦးမယ်များ ထင်နေတာလား"

ကိုယ်ရံတော်က အပေါ်ကို ပျံဖို့ကြိုးစားကြည့်လိုက်၏။ ဒါပေမဲ့ ဆန့်ကျင်ဖက်ဖြစ်စွာဘဲ အောက်ကို ပြုတ်ကျနေတဲ့နှုန်းသာ ပိုမြန်ဆန်လာလေသည်။

ရုန်ယိက
"ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ဝိညာဥ်စွမ်းအားတွေရော.. အလင်းရောင်ရစေတဲ့ အရာမှန်သမျှကိုရော ထိန်းချုပ်ထားတဲ့ အင်းကွက်အစီအရင်တစ်ခုရှိနေတယ်.. စိတ်အေးအေးထားကြပါ.. ဖြစ်လာသမျှကိုသာ လက်ခံလိုက်... ကျွန်တော်တို့က ဒီကိုရောက်နေပြီဆိုမှတော့ တည်တည်ငြိမ်ငြိမ်နေပြီး ဘာလုပ်မလဲဆိုတာ စဥ်းစားရုံဘဲရှိတော့တယ်"

ရုန်ယိခန္ဓာကိုယ်က ပြောလာ၏။
"အချိန်မရှိတော့ဘူး.. ဘာလို့လဲဆိုတော့ ငါတို့ အောက်ကို ပြုတ်ကျနေပြီ"

သူ့စကားဆုံးတာနဲ့ သူတို့မှာ နှလုံးပြုတ်ကျသလို ရင်ထဲမှာ အေးခနဲဖြစ်သွားကာ သူတို့အောက်ကို အမြန်ပြုတ်ကျနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

လူတိုင်း အာမေဋိတ်သံတွေ ထွက်လိုက်မိကြ၏။

ကံကောင်းစွာဘဲ သူတို့မြေပြင်နဲ့နီးကပ်နေတဲ့အချိန်ဖြစ်ပြီး မြေကြီးပေါ်ကို ခြေချမိသွားတာကြောင့် ပြုတ်ကျပြီးသေတဲ့အထိတော့ မဖြစ်လိုက်ကြပေ။

ထို့နောက် သူတို့မှာ ခြေထောက်တွေချော်ထွက်သွားကြကာ ကလေးတွေရဲ့ လျှောပေါ်ကကျသလိုမျိုး အမြန် လျှောကျသွားကြ၏။

"ရှောင်ရုန်"
ရုန်ယိမှာ သူ့ခန္ဓာကိုယ်က သူနဲ့ကွဲသွားခဲ့ပါက အသိစိတ်မရှိတော့တဲ့ ရုပ်သေးရုပ်လိုဖြစ်သွားကာ လျှို့ဝှက်နယ်မြေထဲကနေ လုံးဝမထွက်နိုင်တော့မှာ စိုးရိမ်တာကြောင့် သူ့ခန္ဓာကိုယ်ရဲ့လက်ကို အမြန်ဖမ်းဆွဲလိုက်သည်။

ဒါပေမဲ့လည်း တစ်ဖက်က သူဆွဲတာကို သဘောမကျသလိုမျိုး သူ့လက်ကို ခါထုတ်ပစ်လိုက်၏။

"ကောင်းကောင်းနေစမ်း.. လာစမ်းပါ.. လူတိုင်း!... တစ်ယောက်နဲ့တစ်ယောက် ဆွဲထားကြနော်.. မဟုတ်ရင် အကုန် လူစုကွဲကုန်လိမ့်မယ်"
ရုန်ယိ အော်ပြောလိုက်သည်။

ဒါကိုကြားတာနဲ့ ရုန်ယိခန္ဓာကိုယ်က သူ့ကို ချက်ချင်း ပြန်ဖမ်းကိုင်လာ၏။

နောက်လက်တစ်ဖက်နဲ့ ရုန်ယိက သူ့ဘေးနားက ကိုယ်ရံတော်တစ်ယောက်ကို လှမ်းဆွဲလိုက်သည်။ ဒီလိုနဲ့ဘဲ လူတိုင်း အလျှင်အမြန် အောကျကို လျှောကျသွားကြသည်။

နာရီဝက်လောက်ကြာတဲ့အခါ နောက်ဆုံးတော့ သူတို့ အလင်းရောင်လေးကို မြင်တွေ့လိုက်ရတော့သည်။

ရုန်ယိ ချက်ချင်းပြောလိုက်၏။
"အကုန်လုံး ရပ်ကြဦး!... ထွက်ပေါက်အပြင်မှာ ငါတို့ကို စောင့်နေတဲ့ ထောင်ချောက်တွေ ရှိနေနိုင်တယ်"

သူတို့က အမြန် မြေပြင်ကို ခြေထောက်နဲ့ တွန်းကန်ထားရင်းနဲ့ ဘေးအစွန်ဘက်က သူတွေက ကျောက်နံရံထဲကို ဓားတွေနဲ့ ထိုးစိုက်လိုက်ကြသည်။ လျှောကျတဲ့ အရှိန်က တဖြည်းဖြည်း နှေးကျသွားပြီး အပေါက်ဝနားရောက်တဲ့အခါမှာတော့ ရပ်တန့်သွားတော့၏။

ရုန်ယိ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူတို့က မြေပြင်နဲ့ နှစ်မီတာတောင်မရှိတဲ့ အကွာအဝေးမှာရှိနေတာဖြစ်ပြီး အောက်ဖက်မှာကတော့ ပြန့်ပြူးနေတဲ့ရွှံ့မြေပြင်ကြီးဖြစ်သည်။

တွင်းပေါက်ရဲ့အပြင်ဘက်မှာတော့ သူတို့အရင်ပြုတ်ကျသွားကျတဲ့ ကျင့်ကြံသူတစ်အုပ်စု ရပ်နေကြသည်။ သူတို့ကလည်း တွင်းထဲက အခြေအနေကို အကဲခတ်နေကြတာကြောင့် အပြင်ဘက်မှာ ဘာအန္တရာယ်မှ မရှိဘူးဆိုတဲ့သဘောပင်..။

မထင်မှတ်ထားစွာနဲ့ဘဲ ရုန်ယိတို့မှာ အသက်တောင်ဖြောင့်အောင်မရှူရသေးခင် သူတို့ကို နောက်ကနေ တစ်ယောက်ယောက်က ကန်ထုတ်လိုက်တာကြောင့် သူတို့မှာ တစ်ယောက်လက်တစ်ယောက်ကိုင်လျက်သားနဲ့ ဂူထဲကို ပစ်ထုတ်ခံလိုက်ရတော့သည်။

ရုန်ယိမှာ ကံကောင်းထောက်မစွာနဲ့ မြေပြင်ပေါ်ကို အန္တရာယ်ကင်းကင်း ခြေချလိုက်နိုင်၏။ သူ့ခန္ဓာကိုယ် အဆင်ပြေရဲ့လားဆိုတာ သူလှည့်မေးလိုက်သည်။
"မင်းတို့ အဆင်ပြေ......"

သူ့စကားမဆုံးခင်မှာဘဲ သူကိုင်ထားတာက သူ့ခန္ဓာကိုယ်မဟုတ်ဘဲ အခုလေးတင် သူ့မိဘတွေသေသွားသလို မျက်နှာသေကြီးအမြဲလုပ်ထားတတ်တဲ့ ပထမအကြီးအကဲဖြစ်နေတာကို တွေ့လိုက်ရလေသည်။

"!!!"
ရုန်ယိမှာ အံ့သြကာ မျက်လုံးတွေပြူးကျယ်သွားရပြီး.. ဘာလို့များ သူ့ထက်အရင်ပြုတ်ကျသွားတဲ့ ပထမအကြီးအကဲရဲ့လက်ကို သူကိုင်ဆွဲထားမိမှန်း လုံးဝကို မတွေးတတ်တော့...။

ပထမအကြီးအကဲကလည်း သူ့ကို ဘာမှမပြောဘဲ ပြန်ကြည့်နေ၏။

"......"
ရုန်ယိမှာ သူ့ရဲ့တောင့်တင်းနေတဲ့ လည်တိုင်ကို လှည့်ကာ တစ်ခြားတစ်ဖက်ကို ကြည့်လိုက်သည်။ တစ်ဖက်လူရဲ့ မျက်နှာကို တွေ့လိုက်ရတဲ့အခါမှာတော့ သူ့မျက်လုံးတွေ ပိုလို့တောင် ပြူးကျယ်လို့သွားရတော့သည်။
ဒါက ဆဌမအကြီးအကဲကြီး မဟုတ်ဘူးလားဟ...

အိုး...ချီးဘဲဟ သေစမ်း!!...

သူ ပုံရိပ်ယောင်တစ်ခုခုထဲ ရောက်သွားလို့များ သူမမြင်ချင်တဲ့သူတွေကို မြင်နေရတာလား.. ဒါမှမဟုတ် သူ့ခန္ဓာကိုယ်က သူ့ကို ထပ်ပြီး လှည့်စားနေပြန်ပြီလား...။

သူ့ကိုယ်သူသေချာအောင်လို့ ရုန်ယိ သူတို့လက်တွေကို လွှတ်ပေးလိုက်ပြီး ရုတ်တရက် ပထမအကြီးအကဲရဲ့မျက်နှာကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်သည်။

အားပြင်းပြင်းနဲ့ ရိုက်ခံလိုက်ရတာကြောင့် ပထမအကြီးအကဲမှာ ကြက်သေသေသွား၏။ ဆဌမအကြီးအကဲလည်း ထိုကဲ့သို့ပင်...။ သူတို့က အဆင့်အတန်းမြင့်မြင့်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ကြတာဖြစ်ပြီး ဘယ်တုန်းကမှ ယခုကဲ့သို့ အစော်ကားမခံခဲ့ရဖူး။ ဒါပေမဲ့ ယခု ရုန်ယိကတော့ ထိုသို့လုပ်ရဲတဲ့ ပထမဆုံးသောသူပင်...။ သူတို့ ပုံရိပ်ယောင်ထဲကျရောက်နေတာများလားလို့တောင် သူတို့တွေးလိုက်မိကြ၏။ မဟုတ်ရင် ဘယ်သူကများ ဒီလောက် သတ္တိကောင်းစွာ ပြုမူရဲပါ့မလဲ..။

ကျယ်လောင်လှတဲ့ ရိုက်သံက လူတိုင်းရဲ့အာရုံကို ဖမ်းစားသွား၏။

ရုန်ယိက နှာမှုတ်လိုက်ပြီး
"နာလား.."

ပထမအကြီးအကဲက ခေါင်းငြိမ့်ပြလာ၏။

"နာမှန်းသိသေးတာ ကောင်းတယ်.. နောက်တစ်ခါ တစ်ခြားတစ်ယောက်ပုံပြောင်းပြီး ငါ့ကို ခြောက်ရင် မင်းဒီ့ထက်ပိုဆိုးမယ်"

အကြီးအကဲနှစ်ယောက်မှာ စိတ်ရှုပ်ထွေးစွာနဲ့ အချင်းချင်းပြန်ကြည့်လိုက်မိကြသည်။

ထိုအချိန်မှာ ယင်မိသားစုကသူတစ်ယောက်က ရောက်လာပြီး
"အကြီးအကဲတို့ အဆင်ပြေကြရဲ့လား"

ရုန်ယိမှာ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်မိသည်။ ဆိုတော့ သူ့ရှေ့က လူနှစ်ယောက်က သူ့စိတ်ထဲက ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘဲ တစ်ကယ့် ယင်အကြီးအကဲတွေပေါ့.. ပြီးတော့ သူလည်း ပုံရိပ်ယောင်ထဲ ရောက်သွားတာ မဟုတ်ဘူးပေါ့..။

ပထမအကြီးအကဲက အရင်ဆုံးသတိပြန်ဝင်လာပြီး သူပုံရိပ်ယောင်ထဲရောက်နေတာ မဟုတ်မှန်း သိသွားသည်။ သူ ဒေါသတကြီး ဓားကိုလွှဲရမ်းကာ
"ကောင်စုတ်လေး... မင်းကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ.. မင်းသေချင်နေတာလားကွ!!"

ရုန်ယိမှာ အမြန်ထွက်ပြေးလိုက်ရပြီး
"မတော်တဆ အမှားလုပ်မိတာပါ.. ကျွန်တော်က သူငယ်ချင်းတွေနဲ့အတူပြုတ်ကျလာတာ.. ကျွန်တော်ဆွဲထားတာ သူ့လက်လို့ဘဲ ထင်ထားတော့ သူက ခင်ဗျားပုံစံပြောင်းပြီး ကျွန်တော့်ကို အရူးလုပ်နေတာလို့ ထင်လိုက်မိတာပါ.. ခင်ဗျားက အစစ်ကြီးဖြစ်နေမယ်လို့ ကျွန်တော်လည်း ဘယ်ထင်ခဲ့ပါ့မလဲဗျ.."

ဘာလို့များ ခုနက သူတို့လက်တွေကို သွားဆွဲမိရတာလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျမိပေမဲ့ ထိုရိုက်ချက်ကတော့ အရမ်းအံ့သြစရာကောင်းတယ်လို့ ခံစားရလေသည်။

ပထမအကြီးအကဲမှာ သူ့ရဲ့ ဘယ်လိုရှင်းပြချက်မျိုးကိုမှ ဂရုမစိုက်.. သူ့ကို ရိုက်ရဲတဲ့သူက သေချာပေါက်ကို ပြန်ပေးဆပ်ရမည်..။

ရုန်ယိ ထွက်ပြေးသွားတာ တွေ့တဲ့အခါ သူ့စွမ်းအားကို ချက်ချင်းထုတ်သုံးလိုက်ပေမဲ့ လုံးဝအလုပ်မဖြစ်တာကို တွေ့လိုက်ရ၏။

ယင်မိသားစုကတပည့်တွေက သူ့ကို ရှင်းပြလာသည်။
"အကြီးအကဲ.. ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ဝိညာဥ်စွမ်းအားတွေက ကန့်သတ်ထိန်းချုပ်ခံထားရတယ်.. တစ်ခြားလူတွေနဲ့လည်း လူစုကွဲသွားပြီး သူတို့ဘယ်ရောက်နေလဲ အခုထိ မသိရသေးပါဘူး"

ဆဌမအကြီးအကဲက
"ဒီက ဂူလမ်းကြောင်းထဲမှာ လမ်းတွေအများကြီး ရှိနေတာဖြစ်ရမယ်.. ဒါကြောင့်သာ သူတို့ တစ်ခြားနေရာတွေကို ရောက်သွားကြတာ"

ပထမအကြီးအကဲက သူ့ရဲ့ပူစပ်နေတဲ့မျက်နှာကို ထိကြည့်ကာ ရုန်ယိရဲ့ နောက်ဆုတ်ထွက်ပြေးနေတဲ့ ပုံရိပ်ကို စိုက်ကြည့်လိုက်၏။
"မင်းတို့ ပတ်ပတ်လည်ကို လိုက်ကြည့်ပြီးကြပြီလား"

"မကြည့်ရသေးပါဘူး.. ဒီနေရာက လျှို့ဝှက်နယ်မြေလေ ကျွန်တော်တို့ တစ်ခြားနေရာတွေ လျှောက်မသွားရဲဘူး.. ဒါပေမဲ့ ဒီကိုရောက်တာတော့ ကျွန်တော်တို့က ပထမဆုံးဘဲ.. နောက်တော့မှသာ ယင်မိသားစုက လူတွေနဲ့ အကြီးအကဲတို့နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် ကျလာကြတာဘဲ.. ပြီးတော့ ဘယ်သူမှ မရောက်လာတော့ဘူး"

သူ့စကားတွေက ပထမအကြီးအကဲရဲ့အာရုံကို ရုန်ယိပေါ်ကနေ လက်ရှိအခြေအနေပေါ်ရောက်သွားအောင် ပြောင်းလဲပေးလိုက်၏။ သူတို့ ထိုကောင်လေးနဲ့ ထိပ်တိုက်မဖြေရှင်းခင် ယခုလက်ရှိအခြေအနေတွေကို အရင်ရှင်းရပေမည်။

ဂူက ပေတစ်ရာပတ်လည်လောက်ကျယ်ဝန်းပြီး ဘေးက ကျောက်နံရံတွေထဲမှာတော့ အလင်းရောင်ထွက်တဲ့ ပါဝင်ပစ္စည်းတွေမြှုပ်ထားပြီး ဂူတစ်ခုလုံးကို အလင်းရောင်ရအောင် ပြုလုပ်ထားသည်။ အများစုက အဆင့်၈ ပါဝင်ပစ္စည်းတွေဖြစ်၏။ ဒါပေမယ့်လည်း ထောင်ချောက်ခလုတ်တွေ ဘာတွေကို မှားထိမိပြီး အသက်ဆုံးရှုံးရမှာ ကြောက်တာကြောင့် ဘယ်သူမှ မထိရဲကြပေ။

"ဒီပစ္စည်းတွေက အစစ်တွေလား"
ကျင့်ကြံသူတွေက ထိုပစ္စည်းတွေကို လိုချင်တပ်မက်နေတဲ့အကြည့်တွေနဲ့ ကြည့်နေကြ၏။
"ဒါတွေကိုသာ ယူသွားလို့ရရင် ကျုပ်တို့တော့ ထိပ်တန်းမှော်လက်နက်တွေ အများကြီး သန့်စင်လို့ရမှာဘဲ"

တစ်ယောက်က သူတို့ကို သတိပေးလိုက်သည်။
"အဲ့တာတွေကို သွားမထိလိုက်နဲ့နော်.. အထဲမှာ ထောင်ချောက်ခလုတ်တွေရှိနေနိုင်တယ်"

"မစိုးရိမ်စမ်းပါနဲ့.. ကျုပ်တို့သာ တစ်ကယ်လိုချင်ရင် သွားပြီး ယူပြီးနေပြီ"
ဒါက သူတို့ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်တဲ့ ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုသာ ဖြစ်၏။ သူတို့မျက်စိရှေ့မှောက်မှာ များပြားလှတဲ့ အဆင့်မြင့်ပါဝင်ပစ္စည်းတွေရှိနေပေမဲ့ သူတို့မှာတော့ လုံးဝကို မထိရဲကြပေ။

"ဒါက ဘယ်နေရာလဲဆိုတာနဲ့ ဘယ်လိုထွက်ရမလဲဆိုတာကိုဘဲ အရင်ရှာကြရအောင် မဟုတ်လို့ကတော့ ကျုပ်တို့ ဒါတွေကို ယူနိုင်ရင်တောင်မှ သုံးလို့ရမှာမဟုတ်ဘူး"

"အင်း"

ရုန်ယိမှာတော့ သူ့ခန္ဓာကိုယ်က ပျောက်နေတာကြောင့် ကျောက်နံရံပေါ်က ပါဝင်ပစ္စည်းတွေကို ကြည့်ဖို့ စိတ်အခြေအနေမရှိသေးပေ။

အကြီးအကဲတွေနဲ့ ဝေးရာကို သွားပြီးနောက် အနားဝန်းကျင်ကိုလိုက်ရှာကြည့်ပေမဲ့ သူ့ခန္ဓာကိုယ်နဲ့ ကိုယ်ရံတော်တွေရော ထွက်ပေါက်ကိုပါ မတွေ့ချေ။

တစ်ခြားနေရာတွေမှာ ရှာနေကြတဲ့ ကျင့်ကြံသူတွေလည်းဘဲ ဘာမှရှာမတွေ့ကြပေ။

"ဘာလို့ ထွက်ပေါက်က မရှိရတာလဲ"

"ထွက်ပေါက်အတွက် စက်ခလုတ်ကို ကျုပ်တို့ဘာသာ ရှာရမှာများလား"

"ဒါပေမဲ့ ဘယ်မှာရှာရမှာလဲ"

လူတိုင်း ပါဝင်ပစ္စည်းတွေ နစ်မြုပ်နေတဲ့ ကျောက်နံရံကြီးကို လှမ်းကြည့်လိုက်မိကြသည်။
"စက်ခလုတ်က ပါဝင်ပစ္စည်းတွေထဲမှာလို့ ထင်ကြလား .. ဒါပေမဲ့လည်း ပါဝင်ပစ္စည်းတွေက အများကြီးကို ကျုပ်တို့ ဘယ်ကနေစကြရမှာလဲ"

"အဲ့တာက ပါဝင်ပစ္စည်းတွေထဲမှာလည်း ဖြစ်နိုင်သလို မြေကြီးထဲမှာမြှုပ်ထားတာလည်း ဖြစ်နိုင်တာဘဲ.. ဘာမှမလုပ်ခင် အရင် ရှင်းရှင်းလင်းလင်းသိရအောင် လုပ်သင့်တယ်"

"ဟုတ်တယ်.. အကယ်၍များ မတော်တဆနဲ့ တစ်ကယ့်ထောင်ချောက်ခလုတ်ကြီးကိုသာ သွားထိမိသွားရင် ကျုပ်တို့အကုန်လုံး သေကုန်မှာ"

သူတို့က လူခွဲလိုက်ကာ တစ်ချို့က ကျောက်နံရံတွေပေါ် လေ့လာကြည့်ရှုကြပြီး တစ်ချို့ကတော့ မြေကြီးပေါ်ကို လိုက်ကြည့်နေကြ၏။

ရုန်ယိမှာ သူတို့မိသားစုက ဘိုးဘေးတွေ ပါဝင်ပစ္စည်းတွေရှာဖို့ လျှို့ဝှက်နယ်မြေထဲဝင်တဲ့ မှတ်တမ်းဗွီဒီယိုတစ်ခုထဲမှာ သူတို့လည်း ဒီလိုမျိုး ဆင်ဆင်တူတဲ့ ဂူတစ်ခုထဲ ပြုတ်ကျသွားခဲ့ဖူးတာကို သတိရသွားသည်။ ကျောက်တုံးနံရံပေါ်က ပါဝင်ပစ္စည်းတွေတိုင်းက ထောင်ချောက်တွေဖြစ်ပြီး ထိုအထဲက တစ်ခုလေးကတောင်မှ သူတို့ကို မသေမရှင်ဖြစ်အောင် လုပ်ပစ်လိုက်နိုင်လေသည်။

နောက်ပိုင်းမှာ ရုန်မိသားစုက ဘိုးဘေးတွေက သူတို့ ဒီဂူထဲကနေမထွက်နိုင်ခင် ရှာတွေ့ခဲ့တဲ့ ပုံစံတစ်ခုတစ်ခုအရ အဆင့်အနိမ့်ဆုံး ပါဝင်ပစ္စည်းကို ဆွဲထုတ်ခဲ့လိုက်သည်။

ရုန်ယိ သူ့ဘေးနားက သူတွေကို ပြောလိုက်သည်။
"ဒီမှာ ပုံစံတစ်ခုခုများ ရှိမလားရှာကြည့်ကြရအောင်.. ခင်ဗျားတို့ ထူးဆန်းတဲ့ ပုံစံတစ်ခုခုတွေ့ရင် ကျွန်တော်တို့ကို ပြောဦး"

သူ့ဘေးနားက သူတွေကလည်း 'အင်း' လို့ပြန်ဖြေလာကြသည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့လည်း ထွက်ပေါက်ရှာတွေ့ဖို့ အားထုတ်ကြရမှာဘဲ ဖြစ်၏။

နောက်ထပ် နှစ်နာရီကြာပြီးတာတောင် ပုံစံမပြောနဲ့ ဘာဆိုဘာမှရှာမတွေ့ကြ...မြေပြင်ပေါ်မှာ ကျောက်တုံးလေးတစ်တုံးတောင်မှမရှိပေ။ အပေါ်ကို မို့တက်နေတဲ့ စက်ခလုတ်လား.. မေ့လိုက်ပါတော့..။

ထိုအချိန်မှာ တစ်ယောက်က အကြံပြုလာသည်။
"ကျုပ်တို့ ဒီပါဝင်ပစ္စည်းတွေကိုဘဲ ထုတ်ကြည့်ကြတာကောင်းမယ်ထင်တယ်.. ခလုတ်က အထဲမှာရှိနေတာလည်း ဖြစ်နိုင်တယ်လေ"

တစ်ခြားတစ်ယောက်ကလည်း ခေါင်းငြိမ့်လိုက်ပြီး
"ဒီလျှို့ဝှက်နယ်မြေပိုင်ရှင်က စက်ခလုတ်အစစ်ကို ပါဝင်ပစ္စည်းတွေထဲမှာ ထည့်မဖွက်ထားခင် ကျုပ်တို့တွေ ဒီပစ္စည်းတွေကို သာမန်ကာသျှံကာ ဆွဲမယူရဲလောက်ဘူးဆိုတာ ခန့်မှန်းမိမှာဘဲ"

တစ်ယောက်က တွန့်ဆုတ်စွာနဲ့ ပြောလာသည်။
"ကျုပ်တော့ ဒီနေရာမှာ မသေချင်ဘူး.. အဲ့တာကို သေချာလေး ဂရုတစိုက်ရှာကြရင်ပိုကောင်းမယ်.. ဒါ့အပြင် ဒီနေရာက အကျယ်ကြီးဟာ.. စက်ခလုတ်ကိုရှာတွေ့ဖို့က သေချာပေါက် ဘယ်လွယ်ကူပါ့မလဲ.. ကျုပ်တို့အပေါ်က ပါဝင်ပစ္စည်းတွေကိုလည်း ဓားပျံစီးပြီး သွားစစ်ဆေးကြည့်လို့မှမရတာ"

"ဟုတ်တယ်.. စက်ခလုတ်ရှာဖို့ အဲ့အပေါ်ကို ဘယ်လိုသွားကြမလဲ"

လူတိုင်း ဦးနှောက်ကွဲမတတ် ဖြစ်ညှစ်စဥ်းစားနေကြချိန်မှာ တစ်ယောက်က အကျယ်ကြီး ထအော်လာ၏။

လူတိုင်း အလန့်တကြားဖြစ်သွားကာ အော်တဲ့လူကို လှည့်ကြည့်လိုက်ကြသည်။

ထိုလူက ဝင်လာတဲ့လမ်းကြောင်းဘက်ကို ပြန်ပြေးသွားပြီး
"ကျုပ်တို့အကုန်လုံးက တစ်ကယ့်ကို အရူးတွေဘဲ.. ဘာလို့ လာတဲ့လမ်းအတိုင်း ပြန်မသွားကြတာလဲ.. ဒီမှာ ဘာလို့ ထွက်ပေါက် ရှာနေကြရမှာလဲ"

သူက နံရံပေါ် ခြေတစ်ဖက်ကန်ပြီး ခုန်ကာ ဂူဝင်ပေါက်ကို ပြန်တက်သွားပြီး လူတိုင်းကို ပြုံးပြလာသည်။
"လူတိုင်း နှုတ်ဆက်တယ်.. ကျုပ်အရင်သွားတော့မယ်"

ထို့နောက် သူ့ရဲ့ ဓားကိုထုတ်ကာ အထောက်အပံ့သဘောမျိုးသုံးပြီး အပေါ်ကို တစ်လှမ်းချင်း ပြန်တက်သွား၏။

ရုတ်တရက် 'ဘုန်း' ခနဲဟူသော အသံကျယ်ကြီးနဲ့အတူ သွေးတွေ အသားစကြီးကြီး သေးသေးတွေက ဝင်ပေါက်ဘက်ကနေ လွင့်စင်ကျလာတော့သည်။

လူတိုင်းမှာ သူအရင်သွားတော့မယ်လို့ ပြောခဲ့တဲ့လူရဲ့ ခေါင်းပြတ်ကြီး လိမ့်လာတာကို ကြည့်ရင်း ထိတ်လန့်မိသွားကြ၏။

တစ်ယောက်က ထေ့ငေါ့သလိုမျိုး ပြောလိုက်သည်။
"သူက တစ်ကယ့်ကို ကျုပ်တို့ထက် ခြေတစ်လှမ်းသာသွားတာဘဲ"

လူတိုင်း ကျောက်တုံးကြီးတွေနဲ့ လမ်းပိတ်ထားတဲ့ ဝင်ပေါက်ဘက်ကို သေချာလေး ကြည့်လိုက်မိကြသည်။
"ကြည့်ရတာတော့ ကျုပ်တို့ လာခဲ့တဲ့လမ်းအတိုင်း ပြန်သွားလို့မရတော့ဘူးဘဲ"

"ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ... ပြီးတော့ ဒီကနေရော ဘယ်လိုထွက်ကြမလဲ"
ကျင့်ကြံသူတွေမှာ အုတ်အုတ်ကျတ်ကျတ်ဖြစ်ကုန်ကြ၏။

ရုန်ယိလည်း သူတို့နည်းတူ စိုးရိမ်ပူပန်နေပြီး ရုတ်တရက် ဂူဝင်ပေါက်က ယပ်တောင်ပုံစံဖြစ်နေတာကို တွေ့သွားသည်။ ဒါ သူရှာနေတဲ့ ပုံစံဘဲ ဖြစ်ရမည်..။

သူ အမြန်လှည့်ကာ ကျောက်နံရံပေါ်ကို ကြည့်လိုက်ပြီး ဝင်ပေါက်နဲ့ပုံစံတူတာကို ရှာကြည့်လိုက်၏။





***********





Zawgyi







႐ုန္ယိ ကိုယ္ရံေတာ္ေတြကို လွမ္းေမးလိုက္သည္။
"သူေျပာတာဟုတ္လား"

ကိုယ္ရံေတာ္ေတြက ေခါင္းၿငိမ့္ျပလာၾကသည္။

႐ုန္ယိ ထိုတြင္းႀကီးနားကို အၾကည့္ေတြလွမ္းပို႔လိုက္တဲ့အခါ အညိုေရာင္ဝတ္စုံနဲ႕လူကို ေတြ႕လိုက္ရသည္။
"ဆိုေတာ့ သူက ပထမအႀကီးအကဲဆိုတာေပါ့.. သူ႕မ်က္ႏွာတည္ႀကီးကိုၾကည့္ဦး.. မသိရင္ လူတိုင္းကဘဲ သူ႕အေပၚ အေႂကြးႀကီးႀကီးတင္ေနတဲ့ပုံနဲ႕"

ကိုယ္ရံေတာ္မ်ား "......"

"ဒါဆို ဆဌမအႀကီးအကဲကေရာ ဘယ္သူလဲ"

"ခက္ထန္ ရက္စက္တဲ့အၾကည့္ေတြနဲ႕လူက ဆဌမအႀကီးအကဲျဖစ္လိမ့္မယ္"

"......"
ကိုယ္ရံေတာ္ေတြက ေခါင္းထပ္ၿငိမ့္ျပလာၾက၏။

"ဟုတ္ၿပီ.. ငါမွတ္ထားမယ္"
႐ုန္ယိက မ်က္ေမွာင္ေတြၾကဳတ္လိုက္ကာ
"ငါတို႔ ဒီမွာဘဲေတာ့ ေစာင့္ေနလို႔မရဘူး.. သူတို႔လည္း တိုက္ခိုက္လို႔ၿပီးေရာ ငါတို႔လည္း အိုမင္းၿပီး ေသသြားေနေလာက္ၿပီ"

ကိုယ္ရံေတာ္မ်ား "......"

႐ုန္ယိခႏၶာကိုယ္က ေျပာလိုက္၏။
"တစ္ေယာက္ေယာက္ကသာ အဲ့တြင္းထဲ ခုန္ခ်လိဳက္တာနဲ သူတို႔ေတြလည္း ေသခ်ာေပါက္ လိုက္ခုန္ခ်ၾကမွာဘဲ"

႐ုန္ယိက ခဏေလာက္စဥ္းစားၿပီးေနာက္ သူ႕ခႏၶာကိုယ္ကို ဝတ္စုံတစ္ခုထုတ္ေပးလိုက္သည္။

႐ုန္ယိခႏၶာကိုယ္က ဝတ္စုံေပၚမွာ အဆင့္ျမင့္ ပ်ံသန္းျခင္းအင္းကြက္ကပ္လိုက္ကာ ဝိညာဥ္စြမ္းအားနဲ႕ အင္းကြက္ကို အသက္သြင္းလိုက္ၿပီး အျမန္ဆုံးအရွိန္နဲ႕ တြင္းထဲကို ပ်ံသန္းသြားေစလိုက္သည္။

တြင္းထဲကို အနက္ေရာင္အရိပ္တစ္ခု ဝင္သြားတာေတြ႕တဲ့အခါ တိုက္ခိုက္ေနၾကတဲ့ႏွစ္ဖက္စလုံးကလည္း ေမွ်ာ္လင့္ထားသလိုဘဲ တြင္းထဲကို အျမန္လိုက္ၿပီး ခုန္ခ်သြားၾကေတာ့၏။

လူအားလုံးခုန္ခ်သြားၿပီးတဲ့အခါ ႐ုန္ယိခႏၶာကိုယ္က အေျခအေနကို တစ္ခဏေလာက္ အကဲခတ္ၾကည့္လိုက္သည္။ ဘာေအာ္သံ ဟစ္သံမွ မၾကားရဘူးဆိုတာ ေသခ်ာေတာ့မွ သူေျပာလိုက္သည္။
"လာ.. သြားၾကစို႔"

ထို႔ေနာက္ သူက ႐ုန္ယိကို ကိုင္ကာ တြင္းထဲကို ခုန္ဆင္းလိုက္သည္။

အထဲမွာက ေမွာင္ေနၿပီး ပိန္းပိတ္ေအာင္ ေမွာင္မည္းေနျခင္းမ်ိဳးပင္..။

ကိုယ္ရံေတာ္ေတြက ဝိညာဥ္စြမ္းအားသုံးကာ အလင္းေရာင္ရေအာင္ လုပ္လိုက္ၾကေပမဲ့ သူတို႔ရဲ႕ဝိညာဥ္စြမ္းအားေတြက တျဖည္းျဖည္းနဲ႕ ေလ်ာ့က်လာၿပီး သူတို႔ဓားရဲ႕ပ်ံသန္းႏႈန္းကလည္း ႏွေးက်လာတာကိုသာ သိလိုက္ရသည္။

ကိုယ္ရံေတာ္တစ္ေယာက္က
"ေသစမ္း!... ဒီမွာ ဝိညာဥ္စြမ္းအားေတြသုံးလို႔မရဘူးကြ!.."

တစ္ျခားကိုယ္ရံေတာ္တစ္ေယာက္ကလည္း
"အင္းကြက္ေတြလည္းသုံးလို႔မရဘူး.. စိတ္ဝိညာဥ္မီးေတာက္ေရာ မီးခတ္ေက်ာက္ေရာကလည္း ဒီေနရာမွာ အလုပ္မျဖစ္ဘူး.. ဒီေနရာက အေျခအေနႀကီးက မေကာင္းဘူး.. အျမန္ဆုံး ျပန္ထြက္ၾကတာ ေကာင္းမယ္ထင္တယ္ေနာ္"

႐ုန္ယိခႏၶာကိုယ္ကေတာ့ အေတာ္ေလး တည္ၿငိမ္ေန၏။
"ငါတို႔ ဝိညာဥ္စြမ္းအားေတြက ေလ်ာ့က်ေနတဲ့ဟာ.. အေပၚကို ပ်ံတက္နိုင္ဦးမယ္မ်ား ထင္ေနတာလား"

ကိုယ္ရံေတာ္က အေပၚကို ပ်ံဖို႔ႀကိဳးစားၾကည့္လိုက္၏။ ဒါေပမဲ့ ဆန့္က်င္ဖက္ျဖစ္စြာဘဲ ေအာက္ကို ျပဳတ္က်ေနတဲ့ႏႈန္းသာ ပိုျမန္ဆန္လာေလသည္။

႐ုန္ယိက
"ဒီေနရာမွာ ကြၽန္ေတာ္တို႔ရဲ႕ ဝိညာဥ္စြမ္းအားေတြေရာ.. အလင္းေရာင္ရေစတဲ့ အရာမွန္သမွ်ကိုေရာ ထိန္းခ်ဳပ္ထားတဲ့ အင္းကြက္အစီအရင္တစ္ခုရွိေနတယ္.. စိတ္ေအးေအးထားၾကပါ.. ျဖစ္လာသမွ်ကိုသာ လက္ခံလိုက္... ကြၽန္ေတာ္တို႔က ဒီကိုေရာက္ေနၿပီဆိုမွေတာ့ တည္တည္ၿငိမ္ၿငိမ္ေနၿပီး ဘာလုပ္မလဲဆိုတာ စဥ္းစား႐ုံဘဲရွိေတာ့တယ္"

႐ုန္ယိခႏၶာကိုယ္က ေျပာလာ၏။
"အခ်ိန္မရွိေတာ့ဘူး.. ဘာလို႔လဲဆိုေတာ့ ငါတို႔ ေအာက္ကို ျပဳတ္က်ေနၿပီ"

သူ႕စကားဆုံးတာနဲ႕ သူတို႔မွာ ႏွလုံးျပဳတ္က်သလို ရင္ထဲမွာ ေအးခနဲျဖစ္သြားကာ သူတို႔ေအာက္ကို အျမန္ျပဳတ္က်ေနၿပီျဖစ္ေၾကာင္း သိလိုက္ရသည္။

လူတိုင္း အာေမဋိတ္သံေတြ ထြက္လိုက္မိၾက၏။

ကံေကာင္းစြာဘဲ သူတို႔ေျမျပင္နဲ႕နီးကပ္ေနတဲ့အခ်ိန္ျဖစ္ၿပီး ေျမႀကီးေပၚကို ေျခခ်မိသြားတာေၾကာင့္ ျပဳတ္က်ၿပီးေသတဲ့အထိေတာ့ မျဖစ္လိုက္ၾကေပ။

ထို႔ေနာက္ သူတို႔မွာ ေျခေထာက္ေတြေခ်ာ္ထြက္သြားၾကကာ ကေလးေတြရဲ႕ ေလွ်ာေပၚကက်သလိုမ်ိဳး အျမန္ ေလွ်ာက်သြားၾက၏။

"ေရွာင္႐ုန္"
႐ုန္ယိမွာ သူ႕ခႏၶာကိုယ္က သူနဲ႕ကြဲသြားခဲ့ပါက အသိစိတ္မရွိေတာ့တဲ့ ႐ုပ္ေသး႐ုပ္လိုျဖစ္သြားကာ လွ်ို႔ဝွက္နယ္ေျမထဲကေန လုံးဝမထြက္နိုင္ေတာ့မွာ စိုးရိမ္တာေၾကာင့္ သူ႕ခႏၶာကိုယ္ရဲ႕လက္ကို အျမန္ဖမ္းဆြဲလိုက္သည္။

ဒါေပမဲ့လည္း တစ္ဖက္က သူဆြဲတာကို သေဘာမက်သလိုမ်ိဳး သူ႕လက္ကို ခါထုတ္ပစ္လိုက္၏။

"ေကာင္းေကာင္းေနစမ္း.. လာစမ္းပါ.. လူတိုင္း!... တစ္ေယာက္နဲ႕တစ္ေယာက္ ဆြဲထားၾကေနာ္.. မဟုတ္ရင္ အကုန္ လူစုကြဲကုန္လိမ့္မယ္"
႐ုန္ယိ ေအာ္ေျပာလိုက္သည္။

ဒါကိုၾကားတာနဲ႕ ႐ုန္ယိခႏၶာကိုယ္က သူ႕ကို ခ်က္ခ်င္း ျပန္ဖမ္းကိုင္လာ၏။

ေနာက္လက္တစ္ဖက္နဲ႕ ႐ုန္ယိက သူ႕ေဘးနားက ကိုယ္ရံေတာ္တစ္ေယာက္ကို လွမ္းဆြဲလိုက္သည္။ ဒီလိုနဲ႕ဘဲ လူတိုင္း အလွ်င္အျမန္ ေအာက်ကိဳ ေလွ်ာက်သြားၾကသည္။

နာရီဝက္ေလာက္ၾကာတဲ့အခါ ေနာက္ဆုံးေတာ့ သူတို႔ အလင္းေရာင္ေလးကို ျမင္ေတြ႕လိုက္ရေတာ့သည္။

႐ုန္ယိ ခ်က္ခ်င္းေျပာလိုက္၏။
"အကုန္လုံး ရပ္ၾကဦး!... ထြက္ေပါက္အျပင္မွာ ငါတို႔ကို ေစာင့္ေနတဲ့ ေထာင္ေခ်ာက္ေတြ ရွိေနနိုင္တယ္"

သူတို႔က အျမန္ ေျမျပင္ကို ေျခေထာက္နဲ႕ တြန္းကန္ထားရင္းနဲ႕ ေဘးအစြန္ဘက္က သူေတြက ေက်ာက္နံရံထဲကို ဓားေတြနဲ႕ ထိုးစိုက္လိုက္ၾကသည္။ ေလွ်ာက်တဲ့ အရွိန္က တျဖည္းျဖည္း ႏွေးက်သြားၿပီး အေပါက္ဝနားေရာက္တဲ့အခါမွာေတာ့ ရပ္တန့္သြားေတာ့၏။

႐ုန္ယိ အျပင္ဘက္ကို လွမ္းၾကည့္လိုက္သည္။ သူတို႔က ေျမျပင္နဲ႕ ႏွစ္မီတာေတာင္မရွိတဲ့ အကြာအေဝးမွာရွိေနတာျဖစ္ၿပီး ေအာက္ဖက္မွာကေတာ့ ျပန့္ျပဴးေနတဲ့႐ႊံ႕ေျမျပင္ႀကီးျဖစ္သည္။

တြင္းေပါက္ရဲ႕အျပင္ဘက္မွာေတာ့ သူတို႔အရင္ျပဳတ္က်သြားက်တဲ့ က်င့္ႀကံသူတစ္အုပ္စု ရပ္ေနၾကသည္။ သူတို႔ကလည္း တြင္းထဲက အေျခအေနကို အကဲခတ္ေနၾကတာေၾကာင့္ အျပင္ဘက္မွာ ဘာအႏၱရာယ္မွ မရွိဘူးဆိုတဲ့သေဘာပင္..။

မထင္မွတ္ထားစြာနဲ႕ဘဲ ႐ုန္ယိတို႔မွာ အသက္ေတာင္ေျဖာင့္ေအာင္မရႉရေသးခင္ သူတို႔ကို ေနာက္ကေန တစ္ေယာက္ေယာက္က ကန္ထုတ္လိုက္တာေၾကာင့္ သူတို႔မွာ တစ္ေယာက္လက္တစ္ေယာက္ကိုင္လ်က္သားနဲ႕ ဂူထဲကို ပစ္ထုတ္ခံလိုက္ရေတာ့သည္။

႐ုန္ယိမွာ ကံေကာင္းေထာက္မစြာနဲ႕ ေျမျပင္ေပၚကို အႏၱရာယ္ကင္းကင္း ေျခခ်လိဳက္နိုင္၏။ သူ႕ခႏၶာကိုယ္ အဆင္ေျပရဲ႕လားဆိုတာ သူလွည့္ေမးလိုက္သည္။
"မင္းတို႔ အဆင္ေျပ......"

သူ႕စကားမဆုံးခင္မွာဘဲ သူကိုင္ထားတာက သူ႕ခႏၶာကိုယ္မဟုတ္ဘဲ အခုေလးတင္ သူ႕မိဘေတြေသသြားသလို မ်က္ႏွာေသႀကီးအၿမဲလုပ္ထားတတ္တဲ့ ပထမအႀကီးအကဲျဖစ္ေနတာကို ေတြ႕လိုက္ရေလသည္။

"!!!"
႐ုန္ယိမွာ အံ့ၾသကာ မ်က္လုံးေတြျပဴးက်ယ္သြားရၿပီး.. ဘာလို႔မ်ား သူ႕ထက္အရင္ျပဳတ္က်သြားတဲ့ ပထမအႀကီးအကဲရဲ႕လက္ကို သူကိုင္ဆြဲထားမိမွန္း လုံးဝကို မေတြးတတ္ေတာ့...။

ပထမအႀကီးအကဲကလည္း သူ႕ကို ဘာမွမေျပာဘဲ ျပန္ၾကည့္ေန၏။

"......"
႐ုန္ယိမွာ သူ႕ရဲ႕ေတာင့္တင္းေနတဲ့ လည္တိုင္ကို လွည့္ကာ တစ္ျခားတစ္ဖက္ကို ၾကည့္လိုက္သည္။ တစ္ဖက္လူရဲ႕ မ်က္ႏွာကို ေတြ႕လိုက္ရတဲ့အခါမွာေတာ့ သူ႕မ်က္လုံးေတြ ပိုလို႔ေတာင္ ျပဴးက်ယ္လို႔သြားရေတာ့သည္။
ဒါက ဆဌမအႀကီးအကဲႀကီး မဟုတ္ဘူးလားဟ...

အိုး...ခ်ီးဘဲဟ ေသစမ္း!!...

သူ ပုံရိပ္ေယာင္တစ္ခုခုထဲ ေရာက္သြားလို႔မ်ား သူမျမင္ခ်င္တဲ့သူေတြကို ျမင္ေနရတာလား.. ဒါမွမဟုတ္ သူ႕ခႏၶာကိုယ္က သူ႕ကို ထပ္ၿပီး လွည့္စားေနျပန္ၿပီလား...။

သူ႕ကိုယ္သူေသခ်ာေအာင္လို႔ ႐ုန္ယိ သူတို႔လက္ေတြကို လႊတ္ေပးလိုက္ၿပီး ႐ုတ္တရက္ ပထမအႀကီးအကဲရဲ႕မ်က္ႏွာကို အားျပင္းျပင္းနဲ႕ ရိုက္ခ်လိဳက္သည္။

အားျပင္းျပင္းနဲ႕ ရိုက္ခံလိုက္ရတာေၾကာင့္ ပထမအႀကီးအကဲမွာ ၾကက္ေသေသသြား၏။ ဆဌမအႀကီးအကဲလည္း ထိုကဲ့သို႔ပင္...။ သူတို႔က အဆင့္အတန္းျမင့္ျမင့္မွာ ႏွစ္ေပါင္းမ်ားစြာ ေနလာခဲ့ၾကတာျဖစ္ၿပီး ဘယ္တုန္းကမွ ယခုကဲ့သို႔ အေစာ္ကားမခံခဲ့ရဖူး။ ဒါေပမဲ့ ယခု ႐ုန္ယိကေတာ့ ထိုသို႔လုပ္ရဲတဲ့ ပထမဆုံးေသာသူပင္...။ သူတို႔ ပုံရိပ္ေယာင္ထဲက်ေရာက္ေနတာမ်ားလားလို႔ေတာင္ သူတို႔ေတြးလိုက္မိၾက၏။ မဟုတ္ရင္ ဘယ္သူကမ်ား ဒီေလာက္ သတၱိေကာင္းစြာ ျပဳမူရဲပါ့မလဲ..။

က်ယ္ေလာင္လွတဲ့ ရိုက္သံက လူတိုင္းရဲ႕အာ႐ုံကို ဖမ္းစားသြား၏။

႐ုန္ယိက ႏွာမႈတ္လိုက္ၿပီး
"နာလား.."

ပထမအႀကီးအကဲက ေခါင္းၿငိမ့္ျပလာ၏။

"နာမွန္းသိေသးတာ ေကာင္းတယ္.. ေနာက္တစ္ခါ တစ္ျခားတစ္ေယာက္ပုံေျပာင္းၿပီး ငါ့ကို ေျခာက္ရင္ မင္းဒီ့ထက္ပိုဆိုးမယ္"

အႀကီးအကဲႏွစ္ေယာက္မွာ စိတ္ရႈပ္ေထြးစြာနဲ႕ အခ်င္းခ်င္းျပန္ၾကည့္လိုက္မိၾကသည္။

ထိုအခ်ိန္မွာ ယင္မိသားစုကသူတစ္ေယာက္က ေရာက္လာၿပီး
"အႀကီးအကဲတို႔ အဆင္ေျပၾကရဲ႕လား"

႐ုန္ယိမွာ မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္လိုက္မိသည္။ ဆိုေတာ့ သူ႕ေရွ႕က လူႏွစ္ေယာက္က သူ႕စိတ္ထဲက ထင္ေယာင္ထင္မွားျဖစ္ေနတာမဟုတ္ဘဲ တစ္ကယ့္ ယင္အႀကီးအကဲေတြေပါ့.. ၿပီးေတာ့ သူလည္း ပုံရိပ္ေယာင္ထဲ ေရာက္သြားတာ မဟုတ္ဘူးေပါ့..။

ပထမအႀကီးအကဲက အရင္ဆုံးသတိျပန္ဝင္လာၿပီး သူပုံရိပ္ေယာင္ထဲေရာက္ေနတာ မဟုတ္မွန္း သိသြားသည္။ သူ ေဒါသတႀကီး ဓားကိုလႊဲရမ္းကာ
"ေကာင္စုတ္ေလး... မင္းကမ်ား ငါ့ကို ရိုက္ရဲတယ္ေပါ့ေလ.. မင္းေသခ်င္ေနတာလားကြ!!"

႐ုန္ယိမွာ အျမန္ထြက္ေျပးလိုက္ရၿပီး
"မေတာ္တဆ အမွားလုပ္မိတာပါ.. ကြၽန္ေတာ္က သူငယ္ခ်င္းေတြနဲ႕အတူျပဳတ္က်လာတာ.. ကြၽန္ေတာ္ဆြဲထားတာ သူ႕လက္လို႔ဘဲ ထင္ထားေတာ့ သူက ခင္ဗ်ားပုံစံေျပာင္းၿပီး ကြၽန္ေတာ့္ကို အ႐ူးလုပ္ေနတာလို႔ ထင္လိုက္မိတာပါ.. ခင္ဗ်ားက အစစ္ႀကီးျဖစ္ေနမယ္လို႔ ကြၽန္ေတာ္လည္း ဘယ္ထင္ခဲ့ပါ့မလဲဗ်.."

ဘာလို႔မ်ား ခုနက သူတို႔လက္ေတြကို သြားဆြဲမိရတာလဲဆိုတာနဲ႕ ပတ္သက္ၿပီး စိတ္ဓာတ္က်မိေပမဲ့ ထိုရိုက္ခ်က္ကေတာ့ အရမ္းအံ့ၾသစရာေကာင္းတယ္လို႔ ခံစားရေလသည္။

ပထမအႀကီးအကဲမွာ သူ႕ရဲ႕ ဘယ္လိုရွင္းျပခ်က္မ်ိဳးကိုမွ ဂ႐ုမစိုက္.. သူ႕ကို ရိုက္ရဲတဲ့သူက ေသခ်ာေပါက္ကို ျပန္ေပးဆပ္ရမည္..။

႐ုန္ယိ ထြက္ေျပးသြားတာ ေတြ႕တဲ့အခါ သူ႕စြမ္းအားကို ခ်က္ခ်င္းထုတ္သုံးလိုက္ေပမဲ့ လုံးဝအလုပ္မျဖစ္တာကို ေတြ႕လိုက္ရ၏။

ယင္မိသားစုကတပည့္ေတြက သူ႕ကို ရွင္းျပလာသည္။
"အႀကီးအကဲ.. ဒီေနရာမွာ ကြၽန္ေတာ္တို႔ရဲ႕ ဝိညာဥ္စြမ္းအားေတြက ကန့္သတ္ထိန္းခ်ဳပ္ခံထားရတယ္.. တစ္ျခားလူေတြနဲ႕လည္း လူစုကြဲသြားၿပီး သူတို႔ဘယ္ေရာက္ေနလဲ အခုထိ မသိရေသးပါဘူး"

ဆဌမအႀကီးအကဲက
"ဒီက ဂူလမ္းေၾကာင္းထဲမွာ လမ္းေတြအမ်ားႀကီး ရွိေနတာျဖစ္ရမယ္.. ဒါေၾကာင့္သာ သူတို႔ တစ္ျခားေနရာေတြကို ေရာက္သြားၾကတာ"

ပထမအႀကီးအကဲက သူ႕ရဲ႕ပူစပ္ေနတဲ့မ်က္ႏွာကို ထိၾကည့္ကာ ႐ုန္ယိရဲ႕ ေနာက္ဆုတ္ထြက္ေျပးေနတဲ့ ပုံရိပ္ကို စိုက္ၾကည့္လိုက္၏။
"မင္းတို႔ ပတ္ပတ္လည္ကို လိုက္ၾကည့္ၿပီးၾကၿပီလား"

"မၾကည့္ရေသးပါဘူး.. ဒီေနရာက လွ်ို႔ဝွက္နယ္ေျမေလ ကြၽန္ေတာ္တို႔ တစ္ျခားေနရာေတြ ေလွ်ာက္မသြားရဲဘူး.. ဒါေပမဲ့ ဒီကိုေရာက္တာေတာ့ ကြၽန္ေတာ္တို႔က ပထမဆုံးဘဲ.. ေနာက္ေတာ့မွသာ ယင္မိသားစုက လူေတြနဲ႕ အႀကီးအကဲတို႔ႏွစ္ေယာက္ တစ္ေယာက္ၿပီးတစ္ေယာက္ က်လာၾကတာဘဲ.. ၿပီးေတာ့ ဘယ္သူမွ မေရာက္လာေတာ့ဘူး"

သူ႕စကားေတြက ပထမအႀကီးအကဲရဲ႕အာ႐ုံကို ႐ုန္ယိေပၚကေန လက္ရွိအေျခအေနေပၚေရာက္သြားေအာင္ ေျပာင္းလဲေပးလိုက္၏။ သူတို႔ ထိုေကာင္ေလးနဲ႕ ထိပ္တိုက္မေျဖရွင္းခင္ ယခုလက္ရွိအေျခအေနေတြကို အရင္ရွင္းရေပမည္။

ဂူက ေပတစ္ရာပတ္လည္ေလာက္က်ယ္ဝန္းၿပီး ေဘးက ေက်ာက္နံရံေတြထဲမွာေတာ့ အလင္းေရာင္ထြက္တဲ့ ပါဝင္ပစၥည္းေတြျမႇုပ္ထားၿပီး ဂူတစ္ခုလုံးကို အလင္းေရာင္ရေအာင္ ျပဳလုပ္ထားသည္။ အမ်ားစုက အဆင့္၈ ပါဝင္ပစၥည္းေတြျဖစ္၏။ ဒါေပမယ့္လည္း ေထာင္ေခ်ာက္ခလုတ္ေတြ ဘာေတြကို မွားထိမိၿပီး အသက္ဆုံးရႈံးရမွာ ေၾကာက္တာေၾကာင့္ ဘယ္သူမွ မထိရဲၾကေပ။

"ဒီပစၥည္းေတြက အစစ္ေတြလား"
က်င့္ႀကံသူေတြက ထိုပစၥည္းေတြကို လိုခ်င္တပ္မက္ေနတဲ့အၾကည့္ေတြနဲ႕ ၾကည့္ေနၾက၏။
"ဒါေတြကိုသာ ယူသြားလို႔ရရင္ က်ဳပ္တို႔ေတာ့ ထိပ္တန္းေမွာ္လက္နက္ေတြ အမ်ားႀကီး သန့္စင္လို႔ရမွာဘဲ"

တစ္ေယာက္က သူတို႔ကို သတိေပးလိုက္သည္။
"အဲ့တာေတြကို သြားမထိလိုက္နဲ႕ေနာ္.. အထဲမွာ ေထာင္ေခ်ာက္ခလုတ္ေတြရွိေနနိုင္တယ္"

"မစိုးရိမ္စမ္းပါနဲ႕.. က်ဳပ္တို႔သာ တစ္ကယ္လိုခ်င္ရင္ သြားၿပီး ယူၿပီးေနၿပီ"
ဒါက သူတို႔ရဲ႕ သည္းခံနိုင္စြမ္းကို စမ္းသပ္တဲ့ ခက္ခဲတဲ့ စမ္းသပ္မႈတစ္ခုသာ ျဖစ္၏။ သူတို႔မ်က္စိေရွ႕ေမွာက္မွာ မ်ားျပားလွတဲ့ အဆင့္ျမင့္ပါဝင္ပစၥည္းေတြရွိေနေပမဲ့ သူတို႔မွာေတာ့ လုံးဝကို မထိရဲၾကေပ။

"ဒါက ဘယ္ေနရာလဲဆိုတာနဲ႕ ဘယ္လိုထြက္ရမလဲဆိုတာကိုဘဲ အရင္ရွာၾကရေအာင္ မဟုတ္လို႔ကေတာ့ က်ဳပ္တို႔ ဒါေတြကို ယူနိုင္ရင္ေတာင္မွ သုံးလို႔ရမွာမဟုတ္ဘူး"

"အင္း"

႐ုန္ယိမွာေတာ့ သူ႕ခႏၶာကိုယ္က ေပ်ာက္ေနတာေၾကာင့္ ေက်ာက္နံရံေပၚက ပါဝင္ပစၥည္းေတြကို ၾကည့္ဖို႔ စိတ္အေျခအေနမရွိေသးေပ။

အႀကီးအကဲေတြနဲ႕ ေဝးရာကို သြားၿပီးေနာက္ အနားဝန္းက်င္ကိုလိုက္ရွာၾကည့္ေပမဲ့ သူ႕ခႏၶာကိုယ္နဲ႕ ကိုယ္ရံေတာ္ေတြေရာ ထြက္ေပါက္ကိုပါ မေတြ႕ေခ်။

တစ္ျခားေနရာေတြမွာ ရွာေနၾကတဲ့ က်င့္ႀကံသူေတြလည္းဘဲ ဘာမွရွာမေတြ႕ၾကေပ။

"ဘာလို႔ ထြက္ေပါက္က မရွိရတာလဲ"

"ထြက္ေပါက္အတြက္ စက္ခလုတ္ကို က်ဳပ္တို႔ဘာသာ ရွာရမွာမ်ားလား"

"ဒါေပမဲ့ ဘယ္မွာရွာရမွာလဲ"

လူတိုင္း ပါဝင္ပစၥည္းေတြ နစ္ျမဳပ္ေနတဲ့ ေက်ာက္နံရံႀကီးကို လွမ္းၾကည့္လိုက္မိၾကသည္။
"စက္ခလုတ္က ပါဝင္ပစၥည္းေတြထဲမွာလို႔ ထင္ၾကလား .. ဒါေပမဲ့လည္း ပါဝင္ပစၥည္းေတြက အမ်ားႀကီးကို က်ဳပ္တို႔ ဘယ္ကေနစၾကရမွာလဲ"

"အဲ့တာက ပါဝင္ပစၥည္းေတြထဲမွာလည္း ျဖစ္နိုင္သလို ေျမႀကီးထဲမွာျမႇုပ္ထားတာလည္း ျဖစ္နိုင္တာဘဲ.. ဘာမွမလုပ္ခင္ အရင္ ရွင္းရွင္းလင္းလင္းသိရေအာင္ လုပ္သင့္တယ္"

"ဟုတ္တယ္.. အကယ္၍မ်ား မေတာ္တဆနဲ႕ တစ္ကယ့္ေထာင္ေခ်ာက္ခလုတ္ႀကီးကိုသာ သြားထိမိသြားရင္ က်ဳပ္တို႔အကုန္လုံး ေသကုန္မွာ"

သူတို႔က လူခြဲလိုက္ကာ တစ္ခ်ိဳ႕က ေက်ာက္နံရံေတြေပၚ ေလ့လာၾကည့္ရႈၾကၿပီး တစ္ခ်ိဳ႕ကေတာ့ ေျမႀကီးေပၚကို လိုက္ၾကည့္ေနၾက၏။

႐ုန္ယိမွာ သူတို႔မိသားစုက ဘိုးေဘးေတြ ပါဝင္ပစၥည္းေတြရွာဖို႔ လွ်ို႔ဝွက္နယ္ေျမထဲဝင္တဲ့ မွတ္တမ္းဗြီဒီယိုတစ္ခုထဲမွာ သူတို႔လည္း ဒီလိုမ်ိဳး ဆင္ဆင္တူတဲ့ ဂူတစ္ခုထဲ ျပဳတ္က်သြားခဲ့ဖူးတာကို သတိရသြားသည္။ ေက်ာက္တုံးနံရံေပၚက ပါဝင္ပစၥည္းေတြတိုင္းက ေထာင္ေခ်ာက္ေတြျဖစ္ၿပီး ထိုအထဲက တစ္ခုေလးကေတာင္မွ သူတို႔ကို မေသမရွင္ျဖစ္ေအာင္ လုပ္ပစ္လိုက္နိုင္ေလသည္။

ေနာက္ပိုင္းမွာ ႐ုန္မိသားစုက ဘိုးေဘးေတြက သူတို႔ ဒီဂူထဲကေနမထြက္နိုင္ခင္ ရွာေတြ႕ခဲ့တဲ့ ပုံစံတစ္ခုတစ္ခုအရ အဆင့္အနိမ့္ဆုံး ပါဝင္ပစၥည္းကို ဆြဲထုတ္ခဲ့လိုက္သည္။

႐ုန္ယိ သူ႕ေဘးနားက သူေတြကို ေျပာလိုက္သည္။
"ဒီမွာ ပုံစံတစ္ခုခုမ်ား ရွိမလားရွာၾကည့္ၾကရေအာင္.. ခင္ဗ်ားတို႔ ထူးဆန္းတဲ့ ပုံစံတစ္ခုခုေတြ႕ရင္ ကြၽန္ေတာ္တို႔ကို ေျပာဦး"

သူ႕ေဘးနားက သူေတြကလည္း 'အင္း' လို႔ျပန္ေျဖလာၾကသည္။ ဘယ္လိုဘဲျဖစ္ျဖစ္ သူတို႔လည္း ထြက္ေပါက္ရွာေတြ႕ဖို႔ အားထုတ္ၾကရမွာဘဲ ျဖစ္၏။

ေနာက္ထပ္ ႏွစ္နာရီၾကာၿပီးတာေတာင္ ပုံစံမေျပာနဲ႕ ဘာဆိုဘာမွရွာမေတြ႕ၾက...ေျမျပင္ေပၚမွာ ေက်ာက္တုံးေလးတစ္တုံးေတာင္မွမရွိေပ။ အေပၚကို မို႔တက္ေနတဲ့ စက္ခလုတ္လား.. ေမ့လိုက္ပါေတာ့..။

ထိုအခ်ိန္မွာ တစ္ေယာက္က အႀကံျပဳလာသည္။
"က်ဳပ္တို႔ ဒီပါဝင္ပစၥည္းေတြကိုဘဲ ထုတ္ၾကည့္ၾကတာေကာင္းမယ္ထင္တယ္.. ခလုတ္က အထဲမွာရွိေနတာလည္း ျဖစ္နိုင္တယ္ေလ"

တစ္ျခားတစ္ေယာက္ကလည္း ေခါင္းၿငိမ့္လိုက္ၿပီး
"ဒီလွ်ို႔ဝွက္နယ္ေျမပိုင္ရွင္က စက္ခလုတ္အစစ္ကို ပါဝင္ပစၥည္းေတြထဲမွာ ထည့္မဖြက္ထားခင္ က်ဳပ္တို႔ေတြ ဒီပစၥည္းေတြကို သာမန္ကာသွ်ံကာ ဆြဲမယူရဲေလာက္ဘူးဆိုတာ ခန့္မွန္းမိမွာဘဲ"

တစ္ေယာက္က တြန့္ဆုတ္စြာနဲ႕ ေျပာလာသည္။
"က်ဳပ္ေတာ့ ဒီေနရာမွာ မေသခ်င္ဘူး.. အဲ့တာကို ေသခ်ာေလး ဂ႐ုတစိုက္ရွာၾကရင္ပိုေကာင္းမယ္.. ဒါ့အျပင္ ဒီေနရာက အက်ယ္ႀကီးဟာ.. စက္ခလုတ္ကိုရွာေတြ႕ဖို႔က ေသခ်ာေပါက္ ဘယ္လြယ္ကူပါ့မလဲ.. က်ဳပ္တို႔အေပၚက ပါဝင္ပစၥည္းေတြကိုလည္း ဓားပ်ံစီးၿပီး သြားစစ္ေဆးၾကည့္လို႔မွမရတာ"

"ဟုတ္တယ္.. စက္ခလုတ္ရွာဖို႔ အဲ့အေပၚကို ဘယ္လိုသြားၾကမလဲ"

လူတိုင္း ဦးႏွောက္ကြဲမတတ္ ျဖစ္ညွစ္စဥ္းစားေနၾကခ်ိန္မွာ တစ္ေယာက္က အက်ယ္ႀကီး ထေအာ္လာ၏။

လူတိုင္း အလန့္တၾကားျဖစ္သြားကာ ေအာ္တဲ့လူကို လွည့္ၾကည့္လိုက္ၾကသည္။

ထိုလူက ဝင္လာတဲ့လမ္းေၾကာင္းဘက္ကို ျပန္ေျပးသြားၿပီး
"က်ဳပ္တို႔အကုန္လုံးက တစ္ကယ့္ကို အ႐ူးေတြဘဲ.. ဘာလို႔ လာတဲ့လမ္းအတိုင္း ျပန္မသြားၾကတာလဲ.. ဒီမွာ ဘာလို႔ ထြက္ေပါက္ ရွာေနၾကရမွာလဲ"

သူက နံရံေပၚ ေျခတစ္ဖက္ကန္ၿပီး ခုန္ကာ ဂူဝင္ေပါက္ကို ျပန္တက္သြားၿပီး လူတိုင္းကို ၿပဳံးျပလာသည္။
"လူတိုင္း ႏႈတ္ဆက္တယ္.. က်ဳပ္အရင္သြားေတာ့မယ္"

ထို႔ေနာက္ သူ႕ရဲ႕ ဓားကိုထုတ္ကာ အေထာက္အပံ့သေဘာမ်ိဳးသုံးၿပီး အေပၚကို တစ္လွမ္းခ်င္း ျပန္တက္သြား၏။

႐ုတ္တရက္ 'ဘုန္း' ခနဲဟူေသာ အသံက်ယ္ႀကီးနဲ႕အတူ ေသြးေတြ အသားစႀကီးႀကီး ေသးေသးေတြက ဝင္ေပါက္ဘက္ကေန လြင့္စင္က်လာေတာ့သည္။

လူတိုင္းမွာ သူအရင္သြားေတာ့မယ္လို႔ ေျပာခဲ့တဲ့လူရဲ႕ ေခါင္းျပတ္ႀကီး လိမ့္လာတာကို ၾကည့္ရင္း ထိတ္လန့္မိသြားၾက၏။

တစ္ေယာက္က ေထ့ေငါ့သလိုမ်ိဳး ေျပာလိုက္သည္။
"သူက တစ္ကယ့္ကို က်ဳပ္တို႔ထက္ ေျခတစ္လွမ္းသာသြားတာဘဲ"

လူတိုင္း ေက်ာက္တုံးႀကီးေတြနဲ႕ လမ္းပိတ္ထားတဲ့ ဝင္ေပါက္ဘက္ကို ေသခ်ာေလး ၾကည့္လိုက္မိၾကသည္။
"ၾကည့္ရတာေတာ့ က်ဳပ္တို႔ လာခဲ့တဲ့လမ္းအတိုင္း ျပန္သြားလို႔မရေတာ့ဘူးဘဲ"

"က်ဳပ္တို႔ ဘာဆက္လုပ္ၾကမလဲ... ၿပီးေတာ့ ဒီကေနေရာ ဘယ္လိုထြက္ၾကမလဲ"
က်င့္ႀကံသူေတြမွာ အုတ္အုတ္က်တ္က်တ္ျဖစ္ကုန္ၾက၏။

႐ုန္ယိလည္း သူတို႔နည္းတူ စိုးရိမ္ပူပန္ေနၿပီး ႐ုတ္တရက္ ဂူဝင္ေပါက္က ယပ္ေတာင္ပုံစံျဖစ္ေနတာကို ေတြ႕သြားသည္။ ဒါ သူရွာေနတဲ့ ပုံစံဘဲ ျဖစ္ရမည္..။

သူ အျမန္လွည့္ကာ ေက်ာက္နံရံေပၚကို ၾကည့္လိုက္ၿပီး ဝင္ေပါက္နဲ႕ပုံစံတူတာကို ရွာၾကည့္လိုက္၏။




***********
11.4.2022

Continue Reading

You'll Also Like

321K 40K 39
own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing
103K 12.8K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
220K 20.2K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...
452K 48K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...