ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

104K 12.3K 681

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၇၅ (၁-၆)

2.5K 345 15
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  75
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၇၅၊ အခန္း ၁။ အရွက္မရွိတတ္ဖုိ့

သုိ့ေသာ္လည္း ေက်ာင္းအုပ္ၾကီးမွာ အိပ္ေမြ ့ခ်ကုသမႈ အတြက္ တစ္ေခါက္ကို အမွတ္ ၅၀၀၀ ေတာင္းေသာေၾကာင့္ သူမသည္ အမွတ္အားလံုးကုိ သံုးထားခဲ့တာေတာင္ ေက်ာင္းအုပ္ၾကီးဆီမွာ
၂၅၀၀၀ အေၾကြးတင္သြားခဲ့၏ ။
ေလးၾကိမ္တုိင္တုိင္ အိပ္ေမြ ့ခ်ကုသနုိင္ဖို့အတြက္ဆုိ
သူမမွာ မနည္းမေနာအမွတ္ေတြ ၿဖစ္သည့္ အမွတ္ ၁၇၅၀၀၀ ေတာင္ လုိေနေသးဆဲၿဖစ္၏ ။

ဂုဏ္ၿပဳမွတ္ေတြ လံုလံုေလာက္ေလာက္ ရနုိင္ဖို့အတြက္
သူမ နည္းလမ္းတစ္ခု ၿမန္ၿမန္စဥ္းစားမွ ၿဖစ္မည္ ။

ၾကယ္ခုနစ္၏မ်က္္နွာမွာ မည္းပုတ္သြားၿပီး မ်က္ေမွာင္ၾကဳတ္လာသည္ ။

“အစ္မဖန္း အဲ့ဒီအရွင္နဲ့ အရမ္းၾကီး ရင္းရင္းနွီးနွီး မေနသင့္ဘူးလုိ့ က်ြန္ေတာ္ထင္တယ္”

ၾကယ္ခုနစ္၏ ေနာက္ထပ္တစ္ဖန္ တတြတ္တြတ္ ေၿပာလာေတာ့မည့္အသံကို ၾကားလုိက္ေသာေၾကာင့္
ရီ၀မ္၀မ္ ေခါင္းပင္ ထုိးကိုက္ခ်င္ခ်င္ ၿဖစ္လာရ၏ ။

“မင္း မစံုစမ္းေပးဘူးဆုိရင္ ငါဟာ့ငါ ဂ်ိစံအိမ္ကို လမ္းေလ်ွာက္သြားၿပီးေတာ့ သူ့ကိုပဲ သြားေမးပစ္လုိက္မယ္”

ၾကယ္ခုနစ္၏မ်က္နွာ ေတာင့္တင္းသြား၏ ။

သူ ့မွာ ေရြးခ်ယ္စရာ မရွိေတာ့တာမို့ ႏႈတ္ခမ္းကို ဖိကုိက္ပစ္လုိက္ရင္း ၿပန္ေၿဖလာ၏ ။

“ဂ်ိဘုရင္ အၿမဲ၀တ္တတ္တဲ့ လက္စြပ္ရဲ့ရာဇ၀င္ကုိေတာ့ မသိပါဘူး ။ ဒါေပမယ့္ က်ြန္ေတာ္ ၾကားမိသေလာက္ဆို ဒီလာမယ့္သံုးရက္အတြင္းမွာ အဲ့ဒီလက္စြပ္ကို ပရဟိတေလလံပြဲအတြက္ ေလလံပစၥည္းအေနနဲ့ လွဴဒါန္းသြားမယ္လို့ ၾကားေနပါတယ္”

ထိုလက္စြပ္သာ အလြန္တရာ အေရးပါေသာလက္စြပ္ ၿဖစ္လ်ွင္
သူသည္ ေလလံပစ္လိမ့္မည္ မဟုတ္ေလာက္ေပ ။

ရီ၀မ္၀မ္၏မ်က္လံုးတုိ့ ၀င္းပသြား၏ ။

“သိပ္ေကာင္းတယ္”

ေကာင္းကင္ဘံုက ငါ့ကို အတည္ၾကီး ေစာင္မေပးေနၿပီဟ ။

သူမသည္ အမွတ္ေတြ အမ်ားၾကီး လုိေနေသးတာေၾကာင့္ ထိုအမွတ္တုိ့အတြက္ အလ်င္လိုမိေနပါ၏ ။

အစက သူမသည္ ပိုက္ဆံနည္းနည္းပါးပါးေလာက္ သံုးကာ ဂ်ိဘုရင္အတြက္ သိပ္အေရးမၾကီးေသာပစၥည္းမ်ားကို သြားေတာင္းၾကည့္ဖုိ့ စိတ္ကူးထားခဲ့၏ ။

ဂ်ိဘုရင္သည္ တိုက္တုိက္ဆုိင္ဆုိင္ အလွဴဒါနအတြက္ လွဴဒါန္းဖုိ့ ရည္ရြယ္ထားၿပီမို့ သူမအေနနဲ့ ထိုအခြင့္အေရးကို သံုးၿပီး အရ၀ယ္ယူရေပမည္ ။

ဂ်ိဘုရင္ရဲ့ လက္စြပ္ကို ယူရဖို့မွာ
S အဆင့္ မစ္ရွင္ ၿဖစ္ေနေသာေၾကာင့္ ထိုလက္စြပ္တစ္ခုထဲနဲ့တင္ ရမွတ္ေပါင္း ၁၀၀၀၀ ကို ဗံုးေဗာလေအာၾကီး ရနုိင္ေလသည္ ။

“အစ္မ ဖန္း ဘာလုပ္မလို့လဲ”

ၾကယ္ခုနစ္ သတိကို ခ်ပ္ထားၿပီး ေမးလုိက္မိၿခင္း ။

ရီ၀မ္၀မ္သည္ ေမးေစ့ေလးကို ပြတ္သပ္ကာၿဖင့္ ယံုၾကည္ခ်က္အၿပည့္ၿဖင့္ ထေၿပာလာသည္က …

“သံုးရက္အတြင္း ပရဟိတေလလံပြဲကို သြားၾကမယ္ ။
အဲ့လက္စြပ္က ငါ့ဟာ ၿဖစ္လာရမယ္”

ခုနစ္စင္ၾကယ္၏မ်က္၀န္းတို့ ရႊန္းစားလာေတာ့၏ ။

“အစ္မ ဖန္း … အၾကီးအကဲ စီ ကို မလွိမ့္တပတ္ေတြ လုပ္ၿပီးေတာ့
ဒီကို ၿပန္ေၿပးလာခဲ့တာက ဂ်ိဘုရင္ေၾကာင့္ေတာ့ မဟုတ္ပါဘူးေနာ္ ။ ေလလံပြဲမွာ ၀င္ပစ္မယ့္ သူ ့လက္စြပ္ကို သြားယူမယ္ လား  … ဟဲ ဟဲ
ဒါ လူသိရွင္ၾကား ခ်စ္ခြင့္ပန္လုိက္တာနဲ့ မတူဘူးလား”

ဂုိဏ္းခ်ဳပ္၏အက်င့္ေဟာင္းေတြ ထပ္ေပၚလာၿပီကို ၿမင္လိုက္ရသၿဖင့္ ၾကယ္ခုနစ္ ေခါင္းေတြ ဂ်ိန္းဒလိန္းလိန္း ၿမည္သြား၏ ။
သူ ကပ်ာယာပင္ သူမအား ေၿဖာင္းဖ်ေတာ့သည္ ။

“အစ္မဖန္း အဲ့ေန့က်ရင္ ခ်မ္းသာတဲ့အမ်ိဳးသမီးၾကီးေတြေရာ မိန္းမပ်ိဳေလးေတြေရာ အမ်ားၾကီး လာတက္ၾကမွာဆုိေတာ့ ဂ်ိဘုရင္ရဲ့လက္စြပ္က ေစ်းေတြ မိုးထိကို ထိုးတက္ေနမွာ ေသခ်ာတယ္ ။ ဖိန့္ဖိန့္တုန္ဂုိဏ္းက အခုတေလာ ၀င္ေငြသိပ္ေကာင္းတာ မဟုတ္ေတာ့ေလ .. ဟို … က်ြန္ေတာ္တုိ့ မ၀ယ္နုိင္မွာ စိုးတယ္”

“မင္း ဒီထက္ စကားကို လွေအာင္ ေၿပာေပးလုိ့ မရဘူးလား”
ရီ၀မ္၀မ္၏မ်က္ခံုးတုိ့ ပင့္တက္သြားသည္ ။
“မ၀ယ္နုိင္ဘူးဆိုတာေတာ့ သိတာေပါ့ ဒါေပမယ့္ အဲ့ပြဲက ေလလံပြဲ မဟုတ္ဘူးလား”

ၾကယ္္ခုနစ္ ေတြးဆသြားေခ်ၿပီ ။

ခုနစ္စင္ၾကယ္သည္ ခ်က္ခ်င္းပင္ ၾကယ္ခုနစ္၏ပုခံုးေပၚ လက္တင္လိုက္ရင္း ..

“ခုနစ္ၾကီးရာ မင္းမလဲ တံုးခ်က္ ။
ဖိန့္ဖိန့္တုန္ဂုိဏ္းရ့ဲ ဂုိဏ္းခ်ဳပ္ ကိုၾကီးဗိုလ္က ေလလံပြဲကို သြားၿပီး ပစ္မွာေလ .. ဘယ္သူကမ်ား သူနဲ့ ၿပိဳင္ လုရဲမွာလဲ ။ အစ္မက တစ္ေဒၚလာထဲနဲ့ ေလာင္းေၾကး ထပ္လုိက္မယ္ ဆုိရင္ေတာင္မွ ဘယ္သူမွ သူနဲ့ ၿပိဳင္ မေလာင္းရဲဘူး ဟုတ္ၿပီလား ။
အစ္မ ဖန္း အတြက္ကေတာ့ အဲ့ေလလံပြဲကို သြားတယ္ဆုိတာက လူလယ္ေခါင္ၾကီး ဓားၿပသြားတုိက္တာနဲ့ အတူတူပဲ …”

ၾကယ္ခုနစ္ ။ “…”

ရီ၀မ္၀မ္ ။ “…”

အဲ့လို ငါလဲ ေတြးမိေပမယ့္လဲ မင္း စကားကို နဲနဲ လွေအာင္
ေၿပာေပးလုိ့ မရဘူးလား ။

သို့ေသာ္လဲ ခုနစ္စင္ၾကယ္ ေၿပာသြားသည္က မွန္ေပ၏ ။ ဖိန့္ဖိန့္တုန္ဂိုဏ္းခ်ဳပ္ကသာ လိုခ်င္ေနရင္ ဘယ္သူကမ်ား လာၿပိဳင္လုရဲပါမည္နည္း ။ ထိုသည္က သူတုိ့ဒုကၡသူတို့ ရွာလိုက္ၿခင္းနွင့္ မတူေပေလာ ။ ရီ၀မ္၀မ္သည္ အဆံုးစြန္ထိကို အရွက္မရွိတတ္ဖို့ရာ ၿပင္ဆင္ထားၿပီးေခ်ၿပီ ။ သူမ၏မွတ္ဥာဏ္ေရးေရးေလးထဲတြင္
သူမ သိလာခဲ့ရသည္မွာ နည္းနည္းေလာက္ အရွက္မရွိတတ္ၿခင္း ကလဲ ဘာအရႈံးမွ မရွိပါေခ် ။

မၾကာခင္ သူတုိ့အဖြဲ ့သည္ ဖိန့္ဖိန့္တုန္ဂုိဏ္းဆီကုိ ခ်ီတက္သြားၾကေလၿပီ ။

ဖိန့္ဖိန့္တုန္ရံုးခ်ဳပ္တြင္ ။

ရီ၀မ္၀မ္သည္ သူမရံုးခန္းဆီကို ခပ္ေၿဖးေၿဖး ေလ်ွာက္သြားလုိက္၏ ။

“ၿဖဴေကာင္ၾကီး … နက္ေကာင္ေလး …”

ရံုးခန္းထဲသို့ ရီ၀မ္၀မ္ ၀င္လိုက္လ်ွင္၀င္လိုက္ခ်င္းမွာပင္ အတူတူေကြးေနၾကသည့္ ၿဖဴေကာင္ၾကီးနွင့္နက္ေကာင္ေလး ကို ၿမင္လိုက္ရေတာ့သည္ ။ အနက္ေလးသည္ အၿဖဴၾကီးထဲ တိုး၀င္ေနသည္မွာ လိုက္ဖက္သနံပင္ ရွိလွေပ၏ ။

ဗိုင္းရပ္စ္သည္ သူမအား လွမ္းၿမင္လိုက္သြားၿပီး တမုဟုတ္ခ်င္းပင္ စိတ္လႈပ္ရွားရႊင္ၿမဴးေသာမ်က္၀န္းအစံုၿဖင့္ ထလာကာ သူမေလးဆီ ခုန္တက္လာေတာ့သည္ ။

…………………………………………………………………………........

စာစဥ္ ၇၅၊ အခန္း ၂။ မင္းမွာ သားေရာ ရွိလုိ့လား

ဗိုင္းရပ္စ္က ရီ၀မ္၀မ္အေပၚကို ခုန္၀င္လုိက္တာေၾကာင့္ သူမေလးသည္လဲ ထိုနက္ေကာင္ေလးအား ၿပန္ေပြ ့ပိုက္ေပးလုိက္၏ ။

ၿဖဴေကာင္ၾကီးသည္လည္း ခ်က္ခ်င္းပင္ ထရပ္လာၿပီး သူမေလးအား လြမ္းဆြတ္လြန္းေနေသာအမူအရာေလးၿဖင့္ အနားတြင္ ပြတ္သီးပြတ္သပ္ လာလုပ္ေတာ့ေလသည္ ။

ရီ၀မ္၀မ္ စိတ္ေပ်ာ္ရႊင္စြာ ၿပံဳးရယ္လိုက္မိရင္း ထိုအိမ္ေမြးေကာင္ၾကီးနွစ္ေကာင္ကုိ ခပ္ၾကမ္းၾကမ္း ပြတ္သပ္ေပးလိုက္ေတာ့၏ ။

“ဂုိဏ္းခ်ဳပ္ … ဂုိဏ္းခ်ဳပ္ .. အထဲမွာ ရွိလား”

ရင္းနွီးေနသည့္အသံတစ္သံက ၿဗဳန္းခနဲ တံခါးအၿပင္ကေန ေပၚထြက္လာသည္ ။

ရီ၀မ္၀မ္ မစဥ္းစားၾကည့္နုိင္လိုက္ခင္ တံခါးမွာ တြန္းဖြင့္ခံလိုက္ရၿပီး လူတစ္ေယာက္၀င္ခ်လာေလၿပီ ။

“ဂိုဏ္းခ်ဳပ္ …”

ထိုသူက ရီ၀မ္၀မ္ဆီကို အေၿပးလာဖို့ လုပ္လိုက္ခ်ိန္ …

ဗိုင္းရပ္စ္သည္ ထိုေယာက်ာ္း၏မ်က္နွာတည့္တည့္ကို ၾကည့္ကာ ေဒါသၾကီးစြာ ၿမည္ဟိန္းပစ္ေတာ့ေခ်သည္ ။

ေ၀ါင္း

“ဖူ မင္း ရွီ … လား”

သူမအေရွ့ကို ေရာက္လာသည့္ ထိုေယာက်္ားကို ၿမင္လိုက္ခ်ိန္တြင္ေတာ့ ရီ၀မ္၀မ္ အံ့အားသင့္သြားရ၏ ။

ဖူမင္းရွီက တရုတ္ၿပည္မွာ မဟုတ္ဘူးလား ။
ဘာလို့ ဒီေရာက္ေနတာလဲ ။

“မင္းရွီ .. မရိုင္းပ်နဲ့”

အဘိုးၾကီးတစ္ေယာက္သည္ ရံုးခန္းထဲသို့ ခပ္ၿဖည္းၿဖည္း ေလ်ွာက္လာၿပီး ဖူမင္းရွီအား အၾကည့္တစ္ခ်က္ လႊတ္ေပးလုိက္၏ ။

ထိုအဘိုးအိုသည္ကား ဖိန့္ဖိန့္တုန္ဂုိဏ္း၏ ဒုတိယအၾကီးအကဲ တည္း ။

“ဖူမင္းရွီ .. ဘာလုိ့ ဒီမွာ ရွိေနတာလဲ”

ရီ၀မ္၀မ္သည္ ဗိုင္းရပ္စ္ ကို ၿပန္ေခၚလိုက္ၿပီး
ဖူမင္းရွီနွင့္ ဒုတိယအၾကီးအကဲတုိ့ကို ထုိင္ခုိင္းလိုက္၏ ။

“ဘိုးဘိုးကို ေမးၾကည့္ေတာ့ ဂုိဏ္းခ်ဳပ္ ၿပန္လာေတာ့မယ္လုိ့ ေၿပာတာနဲ့ က်ြန္ေတာ္လဲ ဂုိဏ္းခ်ဳပ္ေရွ့ကေန တစ္ရက္ေစာၿပီးေတာ့ ၿပန္လာလုိက္တာ”

ဖူမင္းရွီက ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္ ။ “…”

ဒီေကာင္ေလးကေတာ့ ဘယ္လုိမွ ခြာခ်လုိ့လဲ မရပါလား ။
တရုတ္မွာပဲ ကမ႓ာေက်ာ္သရုပ္ေဆာင္ၾကီး လုပ္ေနတာက မေကာင္းဘူးလား ။ ဘာလို့ ေနရာတကာ ေလ်ွာက္ေၿပးလႊားေနရတာလဲ ။

“ဒုတိယအၾကီးအကဲ … ဒီတစ္ေခါက္ ကူညီေပးတာ ေက်းဇူးတင္ပါတယ္”

ရီ၀မ္၀မ္ ဖူမင္းရွီအား လ်စ္လ်ဴရႈပစ္လုိက္ၿပီး ဒုတိယအၾကီးအကဲဘက္ကို လွည့္ေၿပာလိုက္ရာ .. ။

“ဘယ္လုိ ေၿပာလိုက္တာလဲ ဂုိဏ္းခ်ဳပ္ရာ ။
စတားေကာ္ပိုေရးရွင္းၾကီးက ဖိန့္ဖိန့္တုန္ဂုိဏ္းက ပိုင္တာပဲဟာ ေသခ်ာေပါက္ကို ဂုိဏ္းခ်ဳပ္ လုိရင္ သံုးလုိ့ ရတာေပါ့”

ဒုတိယအၾကီးအကဲက ကပ်ာကယာ ၿပန္ေၿဖလာသည္ ။

ရီ၀မ္၀မ္ ၿပန္မေၿပာလိုက္ရေသးခင္ ပထမအၾကီးအကဲ ၊ တတိယအၾကီးအကဲ ၊ ခုနစ္စင္ၾကယ္ နွင့္ ၾကယ္ခုနစ္တို့
ရံုးခန္းထဲကို ၀င္လာၾကေလၿပီ ။

တတိယအၾကီးအကဲသည္ ဒုတိယအၾကီးအကဲနွင့္ ဖူမင္းရွီ အား ၿမင္လုိက္မိၿပီး မ်က္နွာပ်က္ယြင္းသြားေတာ့၏ ။

“ေသာက္က်ိဳးနဲ … ေဟ်ာင့္ မင္း တစ္ခ်ိန္လံုး ေခြးသားေရလုိ လုိက္ကပ္ေနေတာ့မွာလား ။ ငါတုိ့ ဘယ္သြားသြား
မင္းကို ခြာခ်လုိ့ကုိ မရပါလား”

ခုနစ္စင္ၾကယ္မွာ တထူးတဆန္း ၿဖစ္ေနမိရင္းက ထေၿပာလိုက္၏ ။

ဖူမင္းရွီက ငါတုိ့ထက္ေတာင္ ပိုေစာေရာက္ေနတာလား ။
ေသာက္က်ိဳးနဲ သူ တကယ္ၾကီး ၿပင္ဆင္ၿပီးေတာ့ကို လာတာပဲ ။

“ဒုတိယအၾကီးအကဲ…ခင္ဗ်ား အရွက္မရွိလြန္းေနဘူးလား ..”

တတိယအၾကီးအကဲသည္ မၾကည္သာေတာ့သည့္ မ်က္၀န္းအစံုၿဖင့္ ဒုတိယအၾကီးအကဲအား မ်က္လံုးလွန္ၾကည့္ ေပးလုိက္၏ ။

ဒုတိယအၾကီးအကဲ၏မ်က္နွာမွာ ခ်က္ခ်င္း ေအးစက္လာေခ်ၿပီ။

“ငါက ဘယ္လိုလုပ္ အရွက္မရွိဘူး ၿဖစ္ရမွာလဲ”

“ခင္ဗ်ားေၿမးကို ေခၚခ်လာတယ္ေလ …
ခင္ဗ်ား … ဒါ ဖိန့္ဖိန့္တုန္ဂုိဏ္းကို အတင္းေမာင္းပုိင္စီးဖို့ လုပ္ေနတာလား”

တတိယအၾကီးအကဲမွာ မဲ့ရြဲ့ေနေလၿပီ ။

“ငါ့မွာ မင္းနဲ့ေၿပာေနဖို့ အခ်ိန္မရွိဘူး”

ဒုတိယအၾကီးအကဲက ဟန္လုပ္ကာ ၿပံဳးလုိက္ရင္း …
“ဒီကိစၥက ဟိုတုန္းက ဂုိဏ္းခ်ဳပ္ကိုယ္တုိင္ သေဘာတူထားတာ ။ ဂုိဏ္းခ်ဳပ္နဲ့ မင္းရွီ သာ တြဲၿဖစ္သြားရင္ မင္းရွီလဲ ဂုိဏ္းခ်ဳပ္ကို အၿပင္ကိစၥေရာ အတြင္းကိစၥပါ ကူမ်ွေ၀ေပးလို့ ရသြားၿပီ ။
အဲ့ဒါ ဘာျမားလို့လဲ”

“ခင္ဗ်ား …”

တတိယအၾကီးအကဲခမ်ာ ေသြးတစ္ပြက္ အန္လုနီးနီးပင္ ၿဖစ္မိသြား၏ ။
သူ ဘယ္လုိဆက္ၿငင္းရမည္မွန္းပင္ မသိေတာ့ပါေခ် ။

“ဂုိဏ္းခ်ဳပ္ … တကယ္ေတာ့ေလ .. က်ြန္ေတာ့္မွာလဲပဲ သားအလိမ္မာေလးေတြ အမ်ားၾကီး ရွိတယ္ …”

တတိယအၾကီးအကဲသည္ ခ်က္ခ်င္းပင္ ၿပံဳးၿဖီးပစ္လုိက္ၿပီး
ရီ၀မ္၀မ္အား ခ်က္ခ်င္း ေၿပာလုိက္ေတာ့ေလသည္ ။

“ဂုိဏ္းခ်ဳပ္ … က်ြန္ေတာ့္ …”

ပထမအၾကီးအကဲသည္လဲ တစ္စံုတရာကို ေၿပာခ်င္သြား၏ ။

“မင္း ဘာၿဖစ္လဲ .. မင္းမွာ သားေကာ ရွိလုိ့လား” တတိယအၾကီးအကဲသည္ ပထမအၾကီးအကဲအား ၾကည့္ေပးလိုက္၏ ။

“မင္းမွာ ေၿမးေကာ ရွိလို့လား”
ဒုတိယအၾကီးအကဲသည္လည္း ေမးေတာ့ေလၿပီ ။

ပထမအၾကီးအကဲ ။ “…”

“ေတာ္ၿပီ .. ေတာ္ၾကေတာ့”
ရီ၀မ္၀မ္ စိတ္ခ်ံဳးခ်ဳံးက်ကာ လက္ယမ္းၿပလုိက္ရ၏ ။

ဒါက ဘာေတြလဲ ။ လာေအာင္သြယ္ေနၾကတာလား ။

“က်ြန္မနဲ့ လက္ထပ္မယ့္ေယာက်ာ္းကို ေရြးၿပီးသြားၿပီ ။ ဒါေၾကာင့္မို့ အလကားေန မလိုဘဲ စိတ္ပူေနတာေတြ ရပ္ၾကေတာ့”
ရီ၀မ္၀မ္ သက္ၿပင္းေလးခ်ကာ ခ်ကာၿဖင့္ ေၿပာလိုက္ရေတာ့၏ ။

“ဘိုးဘိုး … ဂုိဏ္းခ်ဳပ္က ေကာင္ေခ်ာေခ်ာေလး တစ္ေယာက္ကို ၾကိဳက္ေနတယ္ …”
ဖူမင္းရွီက ဒုတိယအၾကီးအကဲအား ေၿပာလိုက္၏ ။

ဒုတိယအၾကီးအကဲသည္ ရယ္ေမာလာေတာ့ၿပီး
ေၿမးၿဖစ္သူအား အဓိပၸာယ္ပါပါ ေၿပာေခ်ၿပီ ။

“အားယား မင္းရွီရာ ဂုိဏ္းခ်ဳပ္က လက္ထပ္ထားတာမွ မဟုတ္တာ သူတို့ အလြန္ဆံုးမွ လက္ေလးကိုင္ဖူးရံုေလာက္ေပါ့ ဘိုးဘိုး ေၿမးကို ယံုတယ္”

ရီ၀မ္၀မ္ ။ “…” ဒါဆုိ ..  ဒီအရွက္မရွိ မ်က္နွာေၿပာင္တတ္တာက မ်ိဳးရိုးလုိက္တာေပါ့ေလ …

………………………………………………………...…………............

စာစဥ္ ၇၅၊ အခန္း ၃။ ေၿမးကို ယံုတယ္

“စိတ္ခ်ထားလိုက္ ဘုိးဘိုး”

ဖူမင္းရွီ ယံုၾကည္ခ်က္တုိ့ လ်ွမ္းလ်ွမ္းတိုးေ၀စြာ
ဒုတိယအၾကီးအကဲအား ၾကည့္လိုက္ေလၿပီ ။

“ဆက္လုပ္ထား မင္းရွီ .. ဘိုးဘိုး ေၿမးအေပၚမွာ ယံုၾကည္တယ္”

ဒုတိယအၾကီးအကဲက နွစ္ေထာင္းအားရၿဖစ္ကာ ေၿမးၿဖစ္သူအား ေခါင္းညိတ္ၿပလိုက္၏ ။

ရီ၀မ္၀မ္ ။ “…”

ငါ့မွာ ခ်စ္သူရွိေနပါၿပီလုိ့ ငါ မေၿပာထားဘူးလား ..
သူတုိ့ေတြ လူစကားကုိ နားမလည္ၾကတာလား .. ။

“ေသာက္က်ိဳးနဲ .. ခင္ဗ်ားတုိ့က ေတာ္ေတာ့္ကို အေရထူတာပဲ” ခုနစ္စင္ၾကယ္သည္ ဒုတိယအၾကီးအကဲနွင့္ ဖူမင္းရွီအား
လက္မၾကီး ေထာင္ၿပလိုက္ေတာ့သည္ ။

အေရထူခ်င္းၿပိဳင္ ဘယ္သူနုိင္ လုပ္လုိ့ကေတာ့ ဒီေၿမးအဘိုးနွစ္ေယာက္ပဲ အနုိင္ရေလာက္တယ္ .. ဟုတ္တယ္မလား ။

ရီ၀မ္၀မ္သည္ ဒုတိယအၾကီးအကဲနွင့္တတိယအၾကီးအကဲတို့ ရန္ၿဖစ္ေနတာကို လႊတ္ေပးထားလုိက္ၿပီး
ရံုးခန္းထဲကေနသာ ကူကယ္ရာမဲ့စြာ ထြက္သြားေပးလိုက္ ေတာ့၏ ။ ထို့ေနာက္တြင္ နန္ စံအိမ္ဆီကို သူမ ကားေမာင္းသြားလုိက္ေတာ့သည္ ။

နန္ မိသားစုမွ လူတုိင္းသည္ သူမ ေနာက္ဆံုးတစ္ေခါက္က
တန္တန္ကို အၿပင္ေခၚသြားေပးခဲ့ခ်ိန္ကစၿပီး
ရီ၀မ္၀မ္မွာ ပိုင္ဖန္း ၿဖစ္ေၾကာင္းကုိ သိသြားခဲ့ၾကသလို နန္သခင္ၾကီးသည္လည္း သူမ ၀င္လို၀င္ထြက္လိုထြက္ ၿပဳလိုပါက မတားၾကဖိုု့ရာ အမိန့္ထုတ္ထားၿခင္းေၾကာင့္ ရီ၀မ္၀မ္သည္ အိမ္ထဲကို ေခ်ာေခ်ာေမြ ့ေမြ ့ ၀င္ထြက္သြားလာနုိင္ပါ၏ ။

ဧည့္ခန္းထဲတြင္ သခင္မၾကီး နန္ သည္ ရီ၀မ္၀မ္အား
ခ်စ္ၿမတ္နုိးစြာ အလိုလိုက္ေပးလိုစြာ ၾကည့္ေနေလသည္ ။

“ေမေမ … သမီး တရုတ္ကေန ေမေမ့အတြက္ ဒါေလး ၀ယ္လာခဲ့တယ္”

ရီ၀မ္၀မ္သည္ နန္ သခင္မၾကီးအတြက္ ယူလာခဲ့ေသာ လက္ေဆာင္မ်ားကို ထုတ္ယူလုိက္ၿပီး တန္တန္အတြက္ လက္ေဆာင္မ်ားကို ေဘးပို့ထားလုိက္ေတာ့သည္ ။

“သမီးရယ္ တကူးတကၾကီး ၀ယ္လာေနတယ္”
သခင္မၾကီး နန္ သည္ ေပ်ာ္ရႊင္စြာ ေၿပာဆုိလာသည္ ။

“ဒါနဲ့ တန္တန္ ဘယ္ေရာက္ေနလဲ ေမေမ”

ရီ၀မ္၀မ္သည္ သူမ၏ခ်စ္မ၀ေသာ ထိုသားငယ္ေလးအား ၊ သူမ၏ထိုသားအရင္းေလးအား ၿမင္ခ်င္လုိစိတ္တုိ့
ထိန္းမနုိင္ဆီးမရစြာ ၿပိဳဖိတ္ေနရင္း …. ။

သခင္မၾကီးနန္က ၿပန္ေၿဖသည္ ။

“အခုတေလာ တန္တန္ ့ကို ေက်ာင္းထည့္ထားတယ္ကြယ္ ..
သူ အခု ေက်ာင္းသြားတက္ေနေလရဲ့”

“တန္တန္က ေက်ာင္းတက္ေနၿပီလား …”

ထုိေတာ့မွ တန္တန္သည္ ေက်ာင္းတက္ရေတာ့မည့္အရြယ္ ေရာက္ေနၿပီမွန္း ရီ၀မ္၀မ္ အမွတ္ရမိသြား၏ ။ သူမသည္
ထိုသည္ကုိပင္ မသိေနသည့္ တာ၀န္မေက်ပြန္ေသာ
အေမတစ္ေယာက္ ၿဖစ္ေနပါေရာ့လား ။

ရီ၀မ္၀မ္ ၿပန္ေခါင္းညိတ္ၿပလိုက္သည္ ။

သူမသည္ ဤလက္ေဆာင္မ်ားကို တန္တန္ကုိ ကိုယ္တုိင္ေပးဖို့ရာ ရည္ရြယ္ထားခဲ့ပါေသာေၾကာင့္ ေနာက္တစ္ေခါက္ ထပ္ၿပီး ၿပန္လာရေတာ့ေပမည္ ။

သခင္မၾကီး နန္ နွင့္ တခနေလာက္ စကားစၿမည္ ေၿပာဆုိၿပီးသြားသည့္ေနာက္တြင္ ရီ၀မ္၀မ္ ထြက္သြားဖို့ လုပ္လုိက္ေတာ့၏ ။ သူမသည္ တန္တန္ကုိ ေတြ ့ၿမင္ခ်င္လုိ့
နန္ မိသားစုဆီ လာၿခင္းၿဖစ္ေသာ္လည္း
တန္တန္သည္ အိမ္မွာ မရွိေနေသာေၾကာင့္
သူမ မီးလ်ွံေက်ာင္းေတာ္ကိုသာ ၿပန္သြားလုိက္ေတာ့မည္ ။

နန္ စံအိမ္ကေန ရီ၀မ္၀မ္ မထြက္ရေသးခင္
အေရွ့မွာ ေခါက္တံု့လူးလာ ေလ်ွာက္သြားေနေသာ အမည္မရွိေသာနန္ကို လွမ္းၿမင္လိုက္ေတာ့၏ ။

“အမည္မရွိေသာနန္ …”

ရီ၀မ္၀မ္ ခ်က္ခ်င္း ေအာ္ေခၚပစ္လုိက္ေတာ့သည္ ။

“ဘုရား တရား သံဃာ မိဘဆရာ .. လန့္လိုက္တာကြာ”

အမည္မရွိေသာနန္ သူမေလးအား ၿမင္လုိက္ၿပီး ပါးစပ္အေဟာင္းသား ၿဖစ္သြား၏ ။

“မင္း … တရုတ္ကုိ သြားၿပီး ေပ်ာ္ေနတာ မဟုတ္ဘူးလား ။ ဘယ္တုန္းက ၿပန္ေရာက္လာတာလဲ”

“အဲ့ဒါေတြကို ထားလုိက္ဦး .. ေမးစရာရွိတယ္ ။ ေသၿခင္းတရား၏နွင္းဆီက ဘယ္လုိၿဖစ္တာလဲ”

ရီ၀မ္၀မ္အဖို့ေတာ့ ထိုအမည္မရွိေသာနန္အား နုတ္နုတ္သာ စဥ္းပစ္ခ်င္ေနမိေတာ့၏ ။

ဒီလူလိမ္ကေတာ့ ငါ့ကို ေသၿခင္းတရား၏နွင္းဆီ မရွိပါဘူး ေၿပာၿပီး ငါ့ဆီကေန မူပိုင္ခြင့္ညာစားသြားရဲတယ္ … ။

“ေသၿခင္းတရား၏နွင္းဆီ လား”
အမည္မရွိေသာနန္ ဇေ၀ဇ၀ါ ၿဖစ္သြား၏ ။
“ဘာၿဖစ္လို့လဲ .. ေသၿခင္းတရား၏နွင္းဆီက ဘာၿဖစ္လို့လဲ”

“ဘာၿဖစ္ရမွာလဲ … ေသၿခင္းတရား၏နွင္းဆီက က်ိန္းေသေပါက္ၾကီး ရွိေနတဲ့ကိစၥဟာ ဘာလု့ိ မရွိဘူးလုိ့ ညာေၿပာရတာလဲ ။
မူပိုင္ခြင့္ ေတာင္းလို့ေကာင္းေအာင္လုိ့ တမင္ညာတာမလား .. အဲ့ပိုက္ဆံေတြ ၿပန္ေပး”

ရီ၀မ္၀မ္ သူ ့ဆီကို လက္ၿဖန့္လုိက္ေတာ့၏ ။

“ပုိက္ဆံလား ရွိဘူးေလ .. ငါ့မွာ ရွိတာဆုိလုိ့ အသက္တစ္ေခ်ာင္းပဲ ရွိတယ္”

အမည္မရွိေသာနန္သည္ ေခါင္းကို ခါယမ္းၿပလိုက္၏ ။

သူက ငါ့ပုိက္ဆံအိတ္ထဲ ၀င္ၿပီးသား ပုိက္ဆံကို ၿပန္ေတာင္းခ်င္ေနတာလား … ေသေတာင္ မရဘူး … ။

“ဒါဆုိရင္ ေသၿခင္းတရား၏နွင္းဆီက ဘာၿဖစ္တာလဲ ေၿပာပါဦး ။ င့ါမွာေတာ့ ေသၿခင္းတရား၏နွင္းဆီကို ဖြဲ ့စည္းနုိင္ဖို့အတြက္ကို ကုိကို့ဆီကေန မူပုိင္ခြင့္ ရေအာင္ ေတာင္းေနရေသးတယ္ ..
ကုိကုိ င့ါကို သတ္ေနတာလား”
ရီ၀မ္၀မ္ အလိပ္လိပ္ထြက္လာသည့္ ေဒါသတို့ၿဖင့္ ေၿပာမိေလၿပီ ။

“အာ .. ညီမေလးကလဲ .. ငါက ညာေၿပာေနတာမွ မဟုတ္တာပဲဟာ ။ ငါတုိ့မိသားစုက တကယ္ၾကီး ေသၿခင္းတရား၏နွင္းဆီ ဇာတ္လမ္းကုိ ေရးထားခဲ့တာကို ..”

အမည္မရွိေသာနန္သည္ ရီ၀မ္၀မ္ဆီက သတ္ေတာ့ၿဖတ္ေတာ့မည့္အၾကည့္ကုိ ၿမင္လိုက္မိရာ အၿပစ္ရွိသလိုလိုေလး ၿပံဳးၿပလာေတာ့သည္ ။

“ဟဲဟဲ … အင္းပါ အင္းပါ ေသၿခင္းတရား၏နွင္းဆီက တကယ္ရွိတယ္ .. ဒါေပမယ့္ အဲ့အေၾကာင္းက လြတ္လပ္ေသာနယ္ေၿမထဲမွာ ဘယ္သူမွ အစေဖာ္လို့မရတဲ့ စည္းကမ္းၾကီးဟာ .. ဘယ္သူက ထေၿပာရဲမွာလဲ”

“ဒါဆိုရင္ ေသၿခင္းတရား၏နွင္းဆီက ရုပ္ၿပကာတြန္းမဟုတ္ဘူး ဆိုတာ အမွန္ေပါ့ ..”

ရီ၀မ္၀မ္ မ်က္ေမွာင္တြန္းခ်ိဳးထားရင္း ေမးလိုက္ေတာ့သည္ ။

………………………………………………………………………............

စာစဥ္ ၇၅၊ အခန္း ၄။ ေသၿခင္းတရား၏နွင္းဆီ

“အင္း .. ဟုတ္တယ္”
အမည္မရွိေသာနန္ ေခါင္းညိတ္လိုက္၏ ။

“ကိုကို … ငါ ရုိက္မိေတာ့မယ္”
ရီ၀မ္၀မ္ အမည္မရွိေသာနန္အား ပါးရုိက္ကာ သတ္ပစ္ခ်င္စိတ္တို့ၿဖင့္ လက္တၿပင္ၿပင္ ၿဖစ္မိေနေလၿပီ ။

သူမ ထပ္ဖန္တီးထားခဲ့ေသာ ေသၿခင္းတရား၏နွင္းဆီ သာ မသမာသူမ်ား၏စိတ္၀င္စားၿခင္း ခံလာရခဲ့ပါလ်ွင္
ကုိယ္က်ိဳးေတြ နည္းကုန္ေပေတာ့မည္ မဟုတ္ပါလား ။

“ညီမေလး မေၾကာက္နဲ့ ။ ေသၿခင္းတရား၏နွင္းဆီ ..
အ့ဲဒါက သမုိင္းမွာ က်န္ခဲ့ၿပီ ။ ညီမေလး အသစ္ဖြဲ ့စည္းထားတာက ေသၿခင္းတရား၏နွင္းဆီ ဆိုတာကို ေမ့ထားလိုက္ဦး ။ ဂုိဏ္းသစ္တစ္ခု ထပ္ေထာင္ၿပီးေတာ့ ‘လြတ္လပ္ေသာနယ္ေၿမရဲ့ဖခင္ၾကီး’ လုိ့ နာမည္ေပးလုိက္ရင္ေတာင္မွ .. ဘာမွမၿဖစ္ဘူး .. စိတ္ခ် ။ နာမည္ေလးတစ္ခုပဲကြာ စိတ္ပူေနစရာ မလိုပါဘူး” အမည္မရွိေသာနန္က ရဲရဲတင္းတင္းၾကီး ၿပန္ေၿပာလာသည္ ။

အမည္မရွိေသာနန္က ဘယ္လုိမိစၧာၾကီးလဲဟ ။
“လြတ္လပ္ေသာနယ္ေၿမရဲ့ ဖခင္ၾကီး” ဟုတ္လား …
ဟားဟား “လြတ္လပ္ေသာနယ္ေၿမရဲ့ ဘုိးေအၾကီး” လို့ပဲ ေၿပာခ်လုိက္ပါေတာ့လား ။

“ေမးၾကည့္စမ္းပါဦးမယ္ … ေသၿခင္းတရား၏နွင္းဆီ က ဘယ္လုိၿဖစ္တာလဲ .. ။ အကုန္လံုးကုိ မခ်ြင္းမခ်န္ ေၿပာ”
ရီ၀မ္၀မ္ စိတ္မရွည္နုိင္စြာၿဖင့္ အမိန့္ေပးလုိက္ေတာ့၏ ။

အမည္မရွိေသာနန္မွာ ေရြးခ်ယ္စရာ မရွိေတာ့ဘဲ
ဟုတ္ေၾကာင္းမွန္ရာကို ဟုတ္မွန္သည့္အတုိင္း ၿပန္ေၿဖလုိက္ရ၏ ။

“တကယ္ေတာ့ .. ေသၿခင္းတရား၏နွင္းဆီက … မ်ိဳးဆက္တစ္ဆက္ၿပီးတစ္ဆက္ လက္ဆင့္ကမ္းလာခဲ့တဲ့ ဂုိဏ္းတစ္ဂုိဏ္းပါ ။ ေခါင္းေဆာင္တုိင္းကလဲ မိန္းမသားေတြ ခ်ည္းပဲ ။ သူတုိ့ကို အနက္ေရာင္မုဆိုးမလို့ ေခၚတယ္ ။
အဲရစ္လို့လဲ နာမည္သီးသန့္ ေခၚၾကေသးတယ္”

ရီ၀မ္၀မ္၏ ေဒါသတလိပ္လိပ္တက္ေနေသာ မ်က္နွာမွာ တၿဖည္းၿဖည္းခ်င္း ေၿပေလ်ာ့လာေတာ့မွ
အမည္မရွိေသာနန္ သက္ၿပင္းတစ္ခ်က္ ခ်လုိက္ၿပီး ဆက္၏ ။

“တကယ္ေတာ့ … ေသၿခင္းတရား၏နွင္းဆီ ေပ်ာက္သြားခဲ့တာက နွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ၿပီဆုိေတာ့ သမုိင္းတစ္ခုလုိ ၿဖစ္သြားခဲ့ပါၿပီ”

“ညီမေလး သိခဲ့ရသေလာက္ဆို ေသၿခင္းတရား၏နွင္းဆီက အရမ္းၾကမ္းလြန္းလို့ လြတ္လပ္ေသာနယ္ေၿမၾကီးတစ္ခုလံုးက ေၾကာက္ရတဲ့ရန္စြယ္ၾကီးတစ္ခုဆို ။ ဒါဆိုရင္ အဲ့ေလာက္စြမ္းတဲ့အဖြဲ ့အစည္းၾကီးက ဘယ္လုိလုပ္ၿပီး ေခ်မႈန္းခံလိုက္ရတာလဲ ။ ၿပီးေတာ့ ဘယ္သူက သူတုိ့ကို ေခ်မႈန္းပစ္ခဲ့တာလဲ”

ရီ၀မ္၀မ္ သိခ်င္ေဇာနွင့္ ေမးလုိက္ေတာ့၏ ။

အမည္မရွိေသာနန္က ေခါင္းခါၿပလာသည္ ။
“ငါမွ ေသၿခင္းတရား၏နွင္းဆီ နဲ့ မရင္းနွီးတဲ့ဟာ
ဘယ္လိုလုပ္ သိမွာလဲ …”

“ဟုတ္သားပဲ .. အဲရစ္ဆုိတာကေရာ ဘာအဓိပၸာယ္လဲ”
ရီ၀မ္၀မ္သည္ စီပယင္ ေၿပာသြားခဲ့ေသာ နာမည္ကို
အမွတ္ရမိလိုက္ပါ၏ ။

“အေသးစိတ္ေတာ့ မသိဘူး .. ဒါေပမယ့္ အဓိပၸာယ္က … လက္စားေခ်သူ ၿဖစ္လိမ့္မယ္ထင္တယ္”
အမည္မရွိေသာနန္ ၿပန္ေၿဖလာသည္ ။

“လက္စားေခ်သူ လား ဘယ္သူ ့ကုိ လက္စားေခ်ဖို့လဲ”
ရီ၀မ္၀မ္ လႊတ္ကနဲ ေမးလိုက္မိ၏ ။

အမည္မရွိေသာနန္က ေခါင္းယမ္းၿပလာသည္ ။

“အဲ့ေလာက္အမ်ားၾကီး ငါက ဘယ္လုိလုပ္ သိမွာလဲ ။
ညီမေလး .. မင္းရဲ့ေမၾကီးနဲ့ ေဖၾကီးကို သြားေမးၾကည့္လုိက္ပါ လား ..။ လူၾကီးေတြကေတာ့ ငါ့ထက္ ပိုၿပီး သိမွာေပါ့”

ရီ၀မ္၀မ္အဖို့ သခင္ၾကီး နန္ နွင့္ သခင္မၾကီး နန္ တုိ့အား ေမးဖို့
မည္သုိ့ ၿဖစ္နုိင္ပါ့မည္နည္း ။ ေသၿခင္းတရား၏နွင္းဆီ မွာ
သူမနွင့္ မ်ားမ်ားစားစား ပတ္သက္မႈရွိမေနေလရာ
အမည္မရွိေသာနန္ မသိေနမွေတာ့ သူမ ထိုကိစၥကုိ ထုိအတုိင္းသာ ထားထားလိုက္ေတာ့မည္ ။ အဆိုးဆံုးၿဖစ္လာရင္လဲ
သူမ ထုိဂုိဏ္းသစ္နာမည္ကို ၿပန္ေၿပာင္းလုိက္ရံုသာ ။

“ဟုတ္သားပဲ …”
ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ ဖ်တ္ခနဲ လက္သြားၿပီး ရိုးစင္းလွေသာ ေရွးေဟာင္းလက္စြပ္တစ္ကြင္းကုိ ထုတ္ယူလိုက္ကာ အမည္မရွိေသာနန္အား ထုိးေပးလိုက္ေတာ့သည္ ။
“ဒါကုိ ၾကည့္ၾကည့္ .. ဒီလက္စြပ္ကို မွတ္မိလား”

အမည္မရွိေသာနန္သည္ ထုိလက္စြပ္ကို ယူလိုက္ၿပီး ေသေသခ်ာခ်ာေလး စစ္ၾကည့္ေနသည္ ။ တခနအၾကာတြင္
သူက မ်က္ေမွာင္ၾကဳတ္ၿပီး ရီ၀မ္၀မ္ကုိ ၾကည့္လာသည္ ။

“ဘယ္လုိလဲ ..”
ရီ၀မ္၀မ္ အၿမန္သြက္သြက္ ေမးလုိက္ေတာ့၏ ။

“ဒီလက္စြပ္က .. ရွားပါးတဲ့ သတၱဳနဲ့ လုပ္ထားတာ
ဒါကို သြန္းလုပ္ထားပံုက ထူးၿခားၿပီးေတာ့ ေတာ္ေတာ္ေလး ရႈပ္ေထြးတယ္ .. ေသခ်ာေပါက္ကုိ အမ်ားၾကီးတန္မွာပဲ”

အမည္မရွိေသာနန္သည္ ထုိလက္စြပ္အား စူးစူးစိုက္စုိက္
ၾကည့္ေနရင္း …

“က်စ္စ္ .. ဒီအနားသတ္ကုိပဲ ၾကည့္ၾကည့္ .. ၿပီးေတာ့ ဒီသတၱဳေရာပဲ .. ဒါ ညီမေလးရဲ့လက္စြပ္လား ။ င့ါဆီမွာ အဆက္အသြယ္တခ်ိဳ့ ရွိတယ္ .. ဒါကို ေလလံတင္ ေရာင္းလုိက္ပါလား ။ ဒီလုိလုပ္ မင္း ၇၀ ယူ ငါ ၃၀ ယူမယ္ ဒါမွမဟုတ္လဲ ငါ ၂၀ ယူရင္လဲ ရတယ္ မင္းက ၈၀ ယူလုိက္”

ထင္သည့္အတုိင္းပါပင္
အမည္မရွိေသာနန္အား ေမွ်ာ္လင့္ခ်က္ထားခဲ့မိၿခင္းက
သူမသည္ အရူးမို့သာ ။

“ၿပန္ေပးေတာ့” ရီ၀မ္၀မ္ ဆတ္ကနဲ ဆြဲယူပစ္လိုက္၏ ။

“အင္းပါ …” အမည္မရွိေသာနန္သည္ မ်က္နွာထက္တြင္ တြန့္ဆုတ္မႈတုိ့ ယိုဖိတ္လို့ေနရင္း ရီ၀မ္၀မ္အား ထိုလက္စြပ္ကုိ မေပးခ်င့္ေပးခ်င္ၿဖင့္ ၿပန္ေပးလိုက္ေလသည္ ။

“ဟုတ္သားပဲ” အမည္မရွိေသာနန္သည္
သူ ့ေပါင္သူ ေၿဖာင္းခနဲၿမည္ေအာင္ ရုိက္ခ်လိုက္ကာ ..
“ညီမေလး .. မင္းရဲ့အခ်စ္နတ္သက္ေၾကြ အဆိပ္အတြက္
ေၿဖေဆးရလာၿပီ ။ တကယ္ၾကီး မလိုခ်င္ဘူးလား ။
မင္းမွာ အခ်ိန္ သိပ္မရိွေတာ့ဘူးေနာ္ ။ ဒါ အသက္နဲ့ကစားစရာ မဟုတ္ဘူး ။ ေၿဖေဆးကို လက္စြပ္နဲ့ လဲလုိက္ပါလား ။ တမ်ိဳးၿပန္ေတြးၾကည့္ရင္ ေၿဖေဆးကုိ အလကားရလုိက္တာနဲ့ အတူတူပဲေနာ္”

ဟားဟား … ငါၾကီးက စကားေၿပာ တယ္ေကာင္းပါလား .. ။

ရီ၀မ္၀မ္ သူ ့အား မ်က္လံုးလွန္ၾကည့္ေပးလုိက္သည္ ။

“မလုိဘူးလုိ့ ေၿပာထားတယ္ေလ ။ ညီမေလးဆီမွာ အေကာင္းဆံုးေၿဖေဆးက ရွိထားၿပီးသား ။
စိတ္ပူေနလဲ အပိုပဲ”

ရီ၀မ္၀မ္သည္ အမည္မရွိေသာနန္၏ ေငြရေပါက္ကို တိကနဲ
မညွာမတာ ၿဖတ္ခ်ပစ္လုိက္၏ ။

………………………………………………………………………............

စာစဥ္ ၇၅၊ အခန္း ၅။ ေလလံပြဲ

နန္ စံအိမ္ကေန ၿပန္လာၿပီးေနာက္တြင္ ရီ၀မ္၀မ္သည္ မစ္ရွင္ၿပီးေၾကာင္းကုိ ေက်ာင္းေတာ္ကို တင္ၿပဖို့ရာအတြက္ အလ်င္မလုိေနပါေခ် ။ သံုးရက္အတြင္း က်ေရာက္လာမည့္ ေလလံအလွဴဒါနပြဲကိုသာ ေစာင့္စားေနလိုက္၏ ။ သူမသည္ ဂ်ိဘုရင္၏လက္စြပ္ကို ရလိုက္သည္နွင့္ ထုိၿပီးစီးထားခဲ့သည့္ မစ္ရွင္မ်ားအားလုံးကို ေက်ာင္းေတာ္ကို သြားအပ္လုိက္ေတာ့ မည္ ။

ေနာက္ေန့မ်ားတြင္ သူမသည္ တရုတ္ၿပည္ကုိ သြားေနခဲ့စဥ္ အခ်ိန္အတြင္း တပံုတပင္ၾကီး ၿဖစ္လာေသာ အလုပ္မ်ားကို ေၿဖရွင္းကုိင္တြယ္ေနလိုက္ရင္း မီးလ်ွံေက်ာင္းေတာ္ကေန သူမ လက္ခံယူနုိင္ေသာ မစ္ရွင္အသစ္မ်ား ထပ္ထြက္လာ ေလမလားဟုပါ ေစာင့္ၾကည့္ေနလိုက္၏ ။

မ်က္ေတာင္တစ္ခါခတ္ အခ်ိန္ေလးအတြင္းမွာင္
ေလလံပြဲေန့ကား ေရာက္ရွိလာေလၿပီ ။

နွစ္စဥ္က်င္းပသည့္ ထိုေလလံအလွဴဒါနပြဲသည္ကား လြတ္လပ္ေသာနယ္ေၿမၾကီးထဲက အၾကီးမားဆံုးေသာ
ပြဲမ်ားထဲက တစ္ခုပင္ ၿဖစ္၏ ။ မ်ိဳးႏြယ္စုၾကီးေလးခု ၿဖစ္သည့္
ရွန္း ၊ ဂ်ိ ၊ နန္ နွင့္ လင္း ကလန္တုိ့က ဦးေဆာင္က်င္းပၿခင္း ၿဖစ္ၿပီး တက္ေရာက္လာၾကသည့္ ေခါင္းေဆာင္မ်ားအားလံုး မွာလဲ လြတ္လပ္ေသာနယ္ေၿမၾကီး၏အထင္ကရပုဂိၢဳလ္ၾကီးမ်ား ၿဖစ္ၾကေပသည္ ။

“ေမတၱာတရားနွင့္ သဒၶါတရားဟူသည္ အတုိင္းအဆမရွိ”
ဆိုသည့္ ေလာကနိယာမကို လက္စြဲကုိင္ထားကာ ဘယ္လုိစည္းမ်ဥ္းစည္းကမ္းတုိ့ကို လက္စြဲကိုင္ထားသည့္ ဂုိဏ္းပင္ ၿဖစ္ပါေစ သူတုိ့ သြားမဖိတ္ဘူးဟူသည္ မရွိပါေခ် ။

ထုိ့ေၾကာင့္ ဖိန့္ဖိန့္တုန္ဂုိဏ္းလုိမ်ိဳး နာမည္သတင္း ပုပ္ပြေနလြန္းေသာ အဖြဲ ့အစည္းၾကီးသည္ပင္ မ်ိဳးႏြယ္စုၾကီး ေလးစုက က်င္းပေသာ
ထုိပြဲကုိ တက္ေရာက္ဖို့ရာအတြက္ ဖိတ္ၾကားလႊာ ရခဲ့ေလ၏ ။

သို့ေပမည့္ ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ မတူကြဲၿပားေသာစိတ္သေဘာထားအၿမင္ေၾကာင့္ ထုိကဲ့သုိ့ လွဴဒါန္းရသည့္ေလလံပြဲမ်ိဳးကို တစ္ခါမွ သြားမတက္ခဲ့ပါေခ် ။

သူတုိ့၏ဖိန့္ဖိန့္တုန္ဂုိဏ္းတြင္လဲ သူတုိ့စံႏႈန္းနဲ့သူတုိ့ ရွိေနသည္ကိုး ။

သြားေနရင္းလမ္းတစ္ေလ်ွာက္တြင္ ခုနစ္စင္ၾကယ္သည္ ဖိတ္ၾကားလႊာကို စိုက္ၾကည့္ေနရင္း ႏႈတ္ကေနလဲ
တတြတ္တြတ္ ေၿပာဆိုေန၏ ။

“အာ အစ္မဖန္း က်ြန္ေတာ္တုိ့ အဲ့ပြဲကို တကယ္ၾကီး သြားၾကေတာ့မလို့လား ။ က်ြန္ေတာ္တုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္းရဲ့သိကၡာေတာ့ သြားပါၿပီဗ်ာ”

ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ ကုသုိလ္ေကာင္းမႈတစ္ခုခုုကို လုပ္လုိလ်ွင္ ထုိလူ၏လက္ထဲကို ပုိက္ဆံသာ တစ္ခါထဲ ထိုးထည့္ေပးတတ္ၿပီး သူတုိ့ေပးသည့္ ပုိက္ဆံကို
ယူလုိလုိ မယူလိုလို လက္ခံယူရမည္ၿဖစ္၏ ။
အကယ္၍ မယူဘူးဆုိပါက ထုိသူမွာ ေသေလာက္ေအာင္ ေဆာ္ပေလာ္တီး ခံၾကရစၿမဲသာ ။

ဘယ္သူကမ်ား အဲ့လုိကိန္းၾကီးခမ္းၾကီးနုိင္တဲ့ပြဲမ်ဳိးကို သြားတက္မွာလဲ ။

ရီ၀မ္၀မ္သည္ သူ ့အား မ်က္လံုးလွန္ၾကည့္လုိက္၏ ။

“ေပါက္တတ္ကရေတြ ေလ်ွာက္ေၿပာမေနနဲ့ေတာ့ ။ ဂ်ိဘုရင္ရဲ့လက္စြပ္ကုိ ဘယ္ခ်ိန္ ေလလံတင္မလဲ သိလာခဲ့ၿပီလား”

ခုနစ္စင္ၾကယ္သည္ ႏႈတ္ခမ္းကို ဖိကိုက္လုိက္ကာ …

“အဲ့ဒါမ်ား စံုစမ္းေနစရာေတာင္ လုိလုိ့လား ။ ဂ်ိဘုရင္ရဲ့လက္စြပ္ပါဆုိမွ အားလံုးကုိ ဆြဲထားလုိ့ရေအာင္လုိ့ ေနာက္ဆုံးမွပဲ ေသခ်ာေပါက္ ထားမွာေပါ့”

ရီ၀မ္၀မ္သည္ မလာခင္ ထုိပြဲအေၾကာင္းကို အနည္းငယ္ စံုစမ္းထားခဲ့ပါ၏ ။

လြတ္လပ္ေသာနယ္ေၿမ၏ ေလလံအလွဴဒါနပြဲသည္
တရုတ္ၿပည္က ေလလံပြဲနွင့္ ဆင္တူေပသည္ ။

နာမည္ၾကီးပုဂိၢဳလ္မ်ား အဖြဲ့အစည္းမ်ားအားလံုးမွာ
တက္ေရာက္ဖုိ့ရာ အဖိတ္ၾကားခံၾကရ၏ ။
ဖိတ္ၾကားခံရသည့္ အနုပညာရွင္မ်ားသည္လည္း
ဧည့္သည္ေတာ္အၿဖစ္ တက္ေရာက္ရင္း
အနည္းဆံုး ပစၥည္းတစ္မ်ိဳးဆီ လွဴဒါန္းသြားၾကကာ ထိုလွဴဒါန္းပစၥည္းမ်ားနွင့္ ေလလံပြဲကေန ရလာေသာ ရံပံုေငြမ်ားကို ၿပန္လည္လွဴဒါန္းၾကေလသည္ ။

နာမည္ေက်ာ္ပုဂိၢဳလ္မ်ား၏ တန္ဖိုးၾကီးလက္၀တ္လက္စား ေက်ာက္မ်က္ရတနာမ်ားမွသည္ အ၀တ္အစား ၊ ေဖာင္တိန္ ၊
သံုးၿပီးသား လက္ကုိင္ပ၀ါတုိ့အထိ အစံုစံုပါ၀င္ၾက၏ ။ ထုိေန့စဥ္သံုးပစၥည္းမ်ား၏တန္ဖိုးမွာလဲ ပုိင္ရွင္ေပၚ မူတည္ၿပီး တန္ဖိုးၿမင့္တက္ၾကေလသည္ ။

ဥပမာအားၿဖင့္ ဂ်ိဘုရင္၏လက္စြပ္ ။
မ်ဳိးႏြယ္စုၾကီးေလးစုထဲက တစ္စုၿဖစ္သည့္ ဂ်ိမိသားစု၏ အေမြဆက္ခံသူ တစ္ၿဖစ္လဲ ဥေရာပဒုစရုိက္ဂိုဏ္းၾကီး၏ အရွင္ဘုရင္ ၿဖစ္သည့္ “ဂ်ိဘုရင္” ဟု အမည္တြင္ေသာ ဂ်ိရိႈ ့ရန္သည္ကား လြတ္လပ္ေသာနယ္ေၿမထဲတြင္ မေနာမနည္း ၿသဇာရွိန္၀ါ ၾကီးမားကာ နာမည္ဂုဏ္သတင္း ေက်ာ္ေဇာလြန္းသူၾကီး ၿဖစ္ေပသည္ ။ ထုိ့ေၾကာင့္ ညရတနာမ်ားထဲက ထိပ္တန္းရတနာ ၿဖစ္ေသာ ထိုလက္စြပ္မွာ ေသခ်ာေပါက္ကုိ လူအမ်ား၏အာရံုစုိက္ ခံရၿပီး အလြန္တရာ နာမည္ၾကီးမည္သာ ။

မည္သို့ပင္ၿဖစ္ေစကာမူ နာမည္ၾကီး ဓားၿပဗိုလ္ၾကီး တစ္ေယာက္
ဒီည ေပၚခ်လာလိမ့္မည္ဟုေတာ့
သူတုိ့ မေမ်ွာ္လင့္ထားၾကေလာက္ပါေပ ။

ၾကယ္ခုနစ္သည္ ခရီးလမ္းတစ္ခုလံုး စိတ္ေပ်ာ္ရႊင္ေလဟန္ မရွိေပ ။ ကားစီးေနရင္း လမ္းတစ္၀က္အေရာက္ ဖုန္းတစ္ေကာလ္ကုိ လက္ခံလိုက္ၿပီးေနာက္တြင္ သူ ့မ်က္နွာၾကီးမွာ ပိုလုိ့ပင္ မည္းပုတ္သိုးလာေတာ့သည္ ။

“ခုနစ္ၾကီး ဘာၿဖစ္လို့လဲ .. ဘာလုိ့ မ်က္နွာၾကီးက
ဆူပုတ္ေနတာလဲ ။ မင္းလဲပဲ ရွက္လို့လား ... ဒါဆုိ
ငါတုိ့ေတြ မ်က္နွာကို အုပ္ထားလိုက္ရင္ေရာ”

ၾကယ္ခုနစ္၏မ်က္၀န္းတို့ က်ဥ္းက်ံဳ့ေနၿပီး မၾကည္သာစြာ ေၿဖလာသည္က ..

“ငါတုိ့ ဂုိဏ္းခ်ဳပ္ကို သြားခုိင္းလုိ့ မၿဖစ္ဘူး ။ ဒီည
အရွင္နတ္ဆုိးလဲ လာတက္မယ္လို့ အခုပဲ သတင္းရတယ္”

ဂ်ိဘုရင္တစ္ေယာက္နွင့္တင္ သူ ့မွာ သတိကုိ အဆံုးထိ ၾကီးၾကီးထားေနရေလၿပီ ။
အရွင္နတ္ဆိုးပါ ထပ္ပါလာဦးမည္ ဆုိရင္ၿဖင့္ ..
အစ္မ ဖန္း ဘာေတြ ေမႊေတာ့မည္ကို ဘယ္သူသိပါ့မလဲ ။

ခုနစ္စင္ၾကယ္၏မ်က္လံုးတုိ့ ၿပဴးက်ယ္၀ုိင္းစက္သြားေတာ့၏ ။

“ငါလခြမ္း .. အရွင္နတ္ဆိုးပါ လာတက္မွာလား ။ သိပ္ေကာင္းတယ္ ဒါဆုိ ငါတုိ့ရဲ့ဖိန့္ဖိန့္တုန္ဂုိဏ္းကုိ သိပ္အာရံုစုိက္ၾကေတာ့မွာ မဟုတ္ဘူး”

နတ္ဆိုးပါ ဒီပြဲကုိ လာတက္မယ္ဆုိေတာ့ အဲ့ဒါၾကီးက ဖိန့္ဖိန့္တုန္ဂုိဏ္းက သြားတက္တာထက္ေတာင္ ပိုတုန္လႈပ္စရာေကာင္းေနၿပီ ။
ဒီလုိဆုိရင္ ငါတုိ့ ရွက္ေနစရာ မလုိေတာ့ဘူး .. ။

…………………………………………………………………................

စာစဥ္ ၇၅၊ အခန္း ၆။ ပ်ားရည္မာယာေတာင္မွ အလုပ္မၿဖစ္ပါလား

ၾကယ္ခုနစ္သည္ ခုနစ္စင္ၾကယ္၏စကားကို ၿပန္ေၿပာလိုစိတ္ပင္ ကုန္ဆံုးေနရေလၿပီ ။

ရီ၀မ္၀မ္ … ေခါင္းေလး ၿပဴထြက္လာၿပီး
သူတို့အား ၾကည့္လုိက္ကာ …

“နွစ္ေယာက္သား ဘာေတြ က်ိတ္ေၿပာေနၾကတာလဲ”

ေၿပာရင္းဆုိရင္းနွင့္ပင္ ကားသည္ ပြဲခန္းမအေရွ့ကို ေရာက္သြားေလၿပီ ။ ရီ၀မ္၀မ္ ခါးကို ဆန့္လုိက္ၿပီး ကားထဲကေန ထြက္လိုက္၏ ။

ဖိန့္ဖိန့္တုန္ဂုိဏ္း၏မ်က္နွာကုိ ထိန္းထားေပးလိုေသာေၾကာင့္ ရီ၀မ္၀မ္သည္ ခါတုိင္း၀တ္ေနက် ၀တ္စံုကို မ၀တ္ေတာ့ဘဲ
ေပါ့ေပါ့ပါးပါး ၀တ္စုံကိုသာ ၀တ္လာခဲ့၏ ။

ၾကယ္ခုနစ္သည္ ရီ၀မ္၀မ္ ခန္းမထဲ ၀င္သြားဖုိ့ လုပ္တာန့ဲ
ကပ်ာကယာ ေရွ့တက္ကာ ရီ၀မ္၀မ္အား တားလုိက္၏ …

“အစ္မဖန္း ခနေလး …”

“ဘာၿဖစ္လို့လဲ”

ရီ၀မ္၀မ္သည္ ၾကယ္ခုနစ္အား ေမးခြန္းထုတ္သည့္အၾကည့္ေလး ၾကည့္ေပးလိုက္၏ ။

“အစ္မဖန္း … ဒီလိုပြဲမ်ိဳးက က်ြန္ေတာ္တုိ့နဲ့ တကယ္ၾကီး
မသင့္ေတာ္ဘူး ။ က်ြန္ေတာ့္ အထင္ … ”

ၾကယ္ခုနစ္ရဲ့စကား မဆံုးေသးခင္မွာပင္
ရီ၀မ္၀မ္၏အၾကည့္မွာ သူ ့ကုိ ေက်ာ္လြန္ၿပီး သူ ့အေနာက္က တစ္ေနရာဆီကုိ စူးစူးစုိက္စုိက္ က်ေရာက္သြားေလၿပီ ။

“အစ္မဖန္း ..”

ရီ၀မ္၀မ္၏အာရံုအလံုးစံုမွာ ၾကယ္ခုနစ္၏အေနာက္ကလူဆီသာ လံုးလံုးလ်ားလ်ား နစ္မြန္းသြားေခ်ၿပီ ။ သူမသည္ လက္ကုိ ဆန့္ထုတ္လိုက္ၿပီး ၾကယ္ခုနစ္အား ေဘးကုိ တြန္းဖယ္ပစ္လုိက္သလို ႏႈတ္ခမ္းနွစ္လႊာသည္လည္း တြန္ ့ေကြးတက္လာေတာ့၏ ။ ထို့ေနာက္ အထူးကို အားရရႊင္လန္းစြာၿဖင့္ လွမ္းေခၚလုိက္ေတာ့သည္ ။

“အရွင္နတ္ဆိုး … မေတြ ့ရတာ ၾကာၿပီေနာ္”

ၾကယ္ခုနစ္ ေတာင့္ခနဲ ၿဖစ္သြားၿပီး စက္ရုပ္တစ္ရုပ္လုိ လွည့္ၾကည့္လုိက္မိ၏ ။ ပြဲခန္းမ၏အေရွ့တြင္ အနက္ေရာင္ကားတစ္စီးသည္ ထိုးရပ္ထားေလၿပီး
အရွင္နတ္ဆိုးသည္ သာမန္ရြက္ၾကမ္းေရက်ိဳရုပ္သာ ရွိသည့္ အေစခံတစ္ေယာက္နွင့္ က်န္းယန္ကို ၿခံရံကာ အႏၱာတိကတုိက္မွ ေရခဲတံုးၾကီးတစ္တံုးပမာ အမူအရာကင္းမဲ့စြာ မတ္တပ္ရပ္ေနေလသည္ ။

ၾကယ္ခုနစ္ အၿမင္မွားၿခင္းေလလား မသိပါေသာ္လည္း အရွက္နတ္ဆိုးသည္ သူတို့၏ဂုိဏ္းခ်ဳပ္ကုိ ၿမင္လုိက္သည့္တမုဟုတ္ခ်င္းပင္ သူ၏ေအးစက္ေနသည့္ ေရခဲတံုးအမူအရာမွာ ကြဲအက္သြားရၿပီး သူ ့မ်က္နွာသည္ လည္း ေတာင့္တင္းသြားသလိုပင္ ။

တံုးအလွသည့္ ခုနစ္စင္ၾကယ္သည္ပင္
အလုိလုိ တဆတ္ဆတ္ တုန္ရီမိသြား၏ ။

“အမ္ … အရွင္နတ္ဆိုးက … ငါတို့ဂုိဏ္းခ်ဳပ္ကို နဲနဲ … စိတ္ဆိုးေနသလိုပဲေနာ္”

သို့ေသာ္လဲ ထုိသည္ကို အၿပစ္မဖြဲ ့သာေပ ။ တစ္ခ်ိန္လံုး
နွာထကာ လုိက္ဗူးခံေနေသာ အလွေလးမ်ားအဖို့ ၾကာလာေတာ့ ေဒါသထြက္လာတတ္သည္က ဓမၼတာပင္ မဟုတ္ပါလား ။

သုိ့ေသာ္လဲ တကယ့္တရားခံ ၿဖစ္သူ ရီ၀မ္၀မ္သည္ကေတာ့
ဘာကိုမွ အာရံုခံမိေလဟန္ မတူဘဲ သူ ့အား ၿပံဳးၿဖီးစြာ ဆက္ႏႈတ္ဆက္ေနေလသည္ ။

“အာ .. ဆရာ ဘာလို့ စိတ္မၾကည္မသာ ၿဖစ္ေနတာလဲ ။
ဆရာ့ကို ဘယ္သူကမ်ား ရန္စလိုက္လို့လဲ”

ထုိေအးစက္ေနသည့္ ေရခဲမ်က္နွာၾကီးမွာ အက္ကြဲေၾကာင္းေတြ တစ္ခုၿပီးတစ္ခု ေပၚလာရေတာ့ၿပီး ေနာက္တစ္ခနေလးအတြင္း ထိန္းခ်ဳပ္နုိင္စြမ္းတုိ့ လြတ္ထြက္သြားေတာ့မေယာင္ သမ္းေနေလၿပီ ။ သူ၏ မႈန္ကုတ္ေနသည့္မ်က္၀န္းအိမ္ထဲတြင္ မီးေတာက္ၾကီးတို့ တဟုန္းဟုန္း ထေတာက္ေတာ့မလုိလို .. ။

“မင္း …” ထုိေယာက်ာ္းက အံကုိၾကိတ္ထားရင္းကေန အသံထြက္လာ၏ ။ သူ ့မွာ လြတ္လပ္ေသာနယ္ေၿမတြင္ ေပၚလာသည့္ ၊ သူ ့အေရွ့တြင္ ေပၚလာသည့္ ထုိမိန္းကေလးအား ရုိက္သတ္ခ်င္စိတ္တုိ့ တဖြားဖြားေပၚလာရင္း ရွိသမွ်စိတ္ခံစားခ်က္အလံုးစံုကို အတင္းခ်ိဳးနွိမ္ကာ ကုိယ့္ကိုကုိယ္ မနည္းစိတ္ထိန္းခ်ဳပ္ ေနရ၏ ။

“ငါလခြမ္းတဲ့မွပဲ … ရီ ၀မ္၀မ္ က .. ဘာလို့ .. ဘာလုိ့
လြတ္လပ္ေသာနယ္ေၿမကို ၿပန္ေရာက္ေနတာလဲ ..”
လင္္းေခ်ြ ့ .. လံုး၀အံ့ၿသမိစြာ ဆဲေရးလိုက္မိေတာ့၏ ။

က်န္းယန္သည္ကေတာ့ ရီ၀မ္၀မ္အေပၚ ထားရွိေသာ
သူ ့အရွင္ရဲ့သေဘာထားကို အလုိလိုသတိထားမိလုိက္ၿပီး
ခ်က္ခ်င္းပင္ ေအးစက္စြာ ေလ်ွာက္လာကာ
ရီ၀မ္၀မ္အား တားလိုက္ေတာ့ေလသည္ ။

“ကုိယ့္ကုိယ္ကုိ ေလးစားမႈရွိပါ ဂုိဏ္းခ်ဳပ္ ပိုင္”

လင္းေခ်ြ ့ မေနနိုင္ေတာ့ဘဲ စီရီဟန္နားနား ကပ္ကာ
ခပ္တိုးတိုးေလး ေၿပာလုိက္မိေတာ့၏ ။

“လခြမ္း .. တကယ္ပဲကြာ … ရီ၀မ္၀မ္ရဲ့ပါးစပ္ကေန ထြက္လာတဲ့စကားထက္ ဒီကမ႓ာမွာ သရဲရွိပါတယ္လို့ ေၿပာတဲ့စကားေတြကုိ သြားယံုလုိက္တာကမွ ဟုတ္ဦးမယ္ ။ အဲ့ေကာင္မေလးက စကားခ်ိဳခ်ဳိေလးေတြ သံုးၿပီးေတာ့ အစ္ကုိ ့ကို တစ္ပတ္ၿပန္ရုိက္သြားၿပီ ။ အေစာက ဖုန္းထဲမွာေတာ့ စကားနားေထာင္တာ ဟုတ္ကဲ့ေနတာပဲ … ေဟာ ေနာက္ခနက်ေတာ့ မင္းအေရွ့ကို ဘြားကနဲ ေပၚလာတယ္ ။ ငါ ငယ္ငယ္တုန္းက ငါ့အေမ ေၿပာဖူးတာ သိပ္မွန္တာပဲ ။ မိန္းမလွေလးေတြ ေၿပာတဲ့စကားဆုိ မယံုေလေကာင္းေလပဲတဲ့ .. ဟူး ..”

အစ္ကုိ ၉ သည္ တစ္ေန့တြင္ အခုလုိ အတြက္အခ်က္မွားကာ တံုးအသြားသည့္ေန့မ်ိဳး ေရာက္ရလိမ့္မည္ဟု
သူ တစ္ခါမွပင္ မထင္ခဲ့ဖူးပါေခ် ။

ဘာေတြ ၿဖစ္ေနတာလဲ ။
ပ်ားရည္မာယာကေတာင္မွ အသံုးမ၀င္ေတာ့ဘူးလား …. ။

…………………………………………………………………………........
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  75
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၇၅၊ အခန်း ၁။ အရှက်မရှိတတ်ဖို့

သို့သော်လည်း ကျောင်းအုပ်ကြီးမှာ အိပ်မွေ့ချကုသမှု အတွက် တစ်ခေါက်ကို အမှတ် ၅၀၀၀ တောင်းသောကြောင့် သူမသည် အမှတ်အားလုံးကို သုံးထားခဲ့တာတောင် ကျောင်းအုပ်ကြီးဆီမှာ
၂၅၀၀၀ အကြွေးတင်သွားခဲ့၏ ။
လေးကြိမ်တိုင်တိုင် အိပ်မွေ့ချကုသနိုင်ဖို့အတွက်ဆို
သူမမှာ မနည်းမနောအမှတ်တွေ ဖြစ်သည့် အမှတ် ၁၇၅၀၀၀ တောင် လိုနေသေးဆဲဖြစ်၏ ။

ဂုဏ်ပြုမှတ်တွေ လုံလုံလောက်လောက် ရနိုင်ဖို့အတွက်
သူမ နည်းလမ်းတစ်ခု မြန်မြန်စဉ်းစားမှ ဖြစ်မည် ။

ကြယ်ခုနစ်၏မျက်နှာမှာ မည်းပုတ်သွားပြီး မျက်မှောင်ကြုတ်လာသည် ။

“အစ်မဖန်း အဲ့ဒီအရှင်နဲ့ အရမ်းကြီး ရင်းရင်းနှီးနှီး မနေသင့်ဘူးလို့ ကျွန်တော်ထင်တယ်”

ကြယ်ခုနစ်၏ နောက်ထပ်တစ်ဖန် တတွတ်တွတ် ပြောလာတော့မည့်အသံကို ကြားလိုက်သောကြောင့်
ရီဝမ်ဝမ် ခေါင်းပင် ထိုးကိုက်ချင်ချင် ဖြစ်လာရ၏ ။

“မင်း မစုံစမ်းပေးဘူးဆိုရင် ငါဟာ့ငါ ဂျိစံအိမ်ကို လမ်းလျှောက်သွားပြီးတော့ သူ့ကိုပဲ သွားမေးပစ်လိုက်မယ်”

ကြယ်ခုနစ်၏မျက်နှာ တောင့်တင်းသွား၏ ။

သူ့မှာ ရွေးချယ်စရာ မရှိတော့တာမို့ နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်ရင်း ပြန်ဖြေလာ၏ ။

“ဂျိဘုရင် အမြဲဝတ်တတ်တဲ့ လက်စွပ်ရဲ့ရာဇဝင်ကိုတော့ မသိပါဘူး ။ ဒါပေမယ့် ကျွန်တော် ကြားမိသလောက်ဆို ဒီလာမယ့်သုံးရက်အတွင်းမှာ အဲ့ဒီလက်စွပ်ကို ပရဟိတလေလံပွဲအတွက် လေလံပစ္စည်းအနေနဲ့ လှူဒါန်းသွားမယ်လို့ ကြားနေပါတယ်”

ထိုလက်စွပ်သာ အလွန်တရာ အရေးပါသောလက်စွပ် ဖြစ်လျှင်
သူသည် လေလံပစ်လိမ့်မည် မဟုတ်လောက်ပေ ။

ရီဝမ်ဝမ်၏မျက်လုံးတို့ ဝင်းပသွား၏ ။

“သိပ်ကောင်းတယ်”

ကောင်းကင်ဘုံက ငါ့ကို အတည်ကြီး စောင်မပေးနေပြီဟ ။

သူမသည် အမှတ်တွေ အများကြီး လိုနေသေးတာကြောင့် ထိုအမှတ်တို့အတွက် အလျင်လိုမိနေပါ၏ ။

အစက သူမသည် ပိုက်ဆံနည်းနည်းပါးပါးလောက် သုံးကာ ဂျိဘုရင်အတွက် သိပ်အရေးမကြီးသောပစ္စည်းများကို သွားတောင်းကြည့်ဖို့ စိတ်ကူးထားခဲ့၏ ။

ဂျိဘုရင်သည် တိုက်တိုက်ဆိုင်ဆိုင် အလှူဒါနအတွက် လှူဒါန်းဖို့ ရည်ရွယ်ထားပြီမို့ သူမအနေနဲ့ ထိုအခွင့်အရေးကို သုံးပြီး အရဝယ်ယူရပေမည် ။

ဂျိဘုရင်ရဲ့ လက်စွပ်ကို ယူရဖို့မှာ
S အဆင့် မစ်ရှင် ဖြစ်နေသောကြောင့် ထိုလက်စွပ်တစ်ခုထဲနဲ့တင် ရမှတ်ပေါင်း ၁၀၀၀၀ ကို ဗုံးဗောလအောကြီး ရနိုင်လေသည် ။

“အစ်မ ဖန်း ဘာလုပ်မလို့လဲ”

ကြယ်ခုနစ် သတိကို ချပ်ထားပြီး မေးလိုက်မိခြင်း ။

ရီဝမ်ဝမ်သည် မေးစေ့လေးကို ပွတ်သပ်ကာဖြင့် ယုံကြည်ချက်အပြည့်ဖြင့် ထပြောလာသည်က …

“သုံးရက်အတွင်း ပရဟိတလေလံပွဲကို သွားကြမယ် ။
အဲ့လက်စွပ်က ငါ့ဟာ ဖြစ်လာရမယ်”

ခုနစ်စင်ကြယ်၏မျက်ဝန်းတို့ ရွှန်းစားလာတော့၏ ။

“အစ်မ ဖန်း … အကြီးအကဲ စီ ကို မလှိမ့်တပတ်တွေ လုပ်ပြီးတော့
ဒီကို ပြန်ပြေးလာခဲ့တာက ဂျိဘုရင်ကြောင့်တော့ မဟုတ်ပါဘူးနော် ။ လေလံပွဲမှာ ဝင်ပစ်မယ့် သူ့လက်စွပ်ကို သွားယူမယ် လား  … ဟဲ ဟဲ
ဒါ လူသိရှင်ကြား ချစ်ခွင့်ပန်လိုက်တာနဲ့ မတူဘူးလား”

ဂိုဏ်းချုပ်၏အကျင့်ဟောင်းတွေ ထပ်ပေါ်လာပြီကို မြင်လိုက်ရသဖြင့် ကြယ်ခုနစ် ခေါင်းတွေ ဂျိန်းဒလိန်းလိန်း မြည်သွား၏ ။
သူ ကပျာယာပင် သူမအား ဖြောင်းဖျတော့သည် ။

“အစ်မဖန်း အဲ့နေ့ကျရင် ချမ်းသာတဲ့အမျိုးသမီးကြီးတွေရော မိန်းမပျိုလေးတွေရော အများကြီး လာတက်ကြမှာဆိုတော့ ဂျိဘုရင်ရဲ့လက်စွပ်က ဈေးတွေ မိုးထိကို ထိုးတက်နေမှာ သေချာတယ် ။ ဖိန့်ဖိန့်တုန်ဂိုဏ်းက အခုတလော ဝင်ငွေသိပ်ကောင်းတာ မဟုတ်တော့လေ .. ဟို … ကျွန်တော်တို့ မဝယ်နိုင်မှာ စိုးတယ်”

“မင်း ဒီထက် စကားကို လှအောင် ပြောပေးလို့ မရဘူးလား”
ရီဝမ်ဝမ်၏မျက်ခုံးတို့ ပင့်တက်သွားသည် ။
“မဝယ်နိုင်ဘူးဆိုတာတော့ သိတာပေါ့ ဒါပေမယ့် အဲ့ပွဲက လေလံပွဲ မဟုတ်ဘူးလား”

ကြယ်ခုနစ် တွေးဆသွားချေပြီ ။

ခုနစ်စင်ကြယ်သည် ချက်ချင်းပင် ကြယ်ခုနစ်၏ပုခုံးပေါ် လက်တင်လိုက်ရင်း ..

“ခုနစ်ကြီးရာ မင်းမလဲ တုံးချက် ။
ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကိုကြီးဗိုလ်က လေလံပွဲကို သွားပြီး ပစ်မှာလေ .. ဘယ်သူကများ သူနဲ့ ပြိုင် လုရဲမှာလဲ ။ အစ်မက တစ်ဒေါ်လာထဲနဲ့ လောင်းကြေး ထပ်လိုက်မယ် ဆိုရင်တောင်မှ ဘယ်သူမှ သူနဲ့ ပြိုင် မလောင်းရဲဘူး ဟုတ်ပြီလား ။
အစ်မ ဖန်း အတွက်ကတော့ အဲ့လေလံပွဲကို သွားတယ်ဆိုတာက လူလယ်ခေါင်ကြီး ဓားပြသွားတိုက်တာနဲ့ အတူတူပဲ …”

ကြယ်ခုနစ် ။ “…”

ရီဝမ်ဝမ် ။ “…”

အဲ့လို ငါလဲ တွေးမိပေမယ့်လဲ မင်း စကားကို နဲနဲ လှအောင်
ပြောပေးလို့ မရဘူးလား ။

သို့သော်လဲ ခုနစ်စင်ကြယ် ပြောသွားသည်က မှန်ပေ၏ ။ ဖိန့်ဖိန့်တုန်ဂိုဏ်းချုပ်ကသာ လိုချင်နေရင် ဘယ်သူကများ လာပြိုင်လုရဲပါမည်နည်း ။ ထိုသည်က သူတို့ဒုက္ခသူတို့ ရှာလိုက်ခြင်းနှင့် မတူပေလော ။ ရီဝမ်ဝမ်သည် အဆုံးစွန်ထိကို အရှက်မရှိတတ်ဖို့ရာ ပြင်ဆင်ထားပြီးချေပြီ ။ သူမ၏မှတ်ဉာဏ်ရေးရေးလေးထဲတွင်
သူမ သိလာခဲ့ရသည်မှာ နည်းနည်းလောက် အရှက်မရှိတတ်ခြင်း ကလဲ ဘာအရှုံးမှ မရှိပါချေ ။

မကြာခင် သူတို့အဖွဲ့သည် ဖိန့်ဖိန့်တုန်ဂိုဏ်းဆီကို ချီတက်သွားကြလေပြီ ။

ဖိန့်ဖိန့်တုန်ရုံးချုပ်တွင် ။

ရီဝမ်ဝမ်သည် သူမရုံးခန်းဆီကို ခပ်ဖြေးဖြေး လျှောက်သွားလိုက်၏ ။

“ဖြူကောင်ကြီး … နက်ကောင်လေး …”

ရုံးခန်းထဲသို့ ရီဝမ်ဝမ် ဝင်လိုက်လျှင်ဝင်လိုက်ချင်းမှာပင် အတူတူကွေးနေကြသည့် ဖြူကောင်ကြီးနှင့်နက်ကောင်လေး ကို မြင်လိုက်ရတော့သည် ။ အနက်လေးသည် အဖြူကြီးထဲ တိုးဝင်နေသည်မှာ လိုက်ဖက်သနံပင် ရှိလှပေ၏ ။

ဗိုင်းရပ်စ်သည် သူမအား လှမ်းမြင်လိုက်သွားပြီး တမုဟုတ်ချင်းပင် စိတ်လှုပ်ရှားရွှင်မြူးသောမျက်ဝန်းအစုံဖြင့် ထလာကာ သူမလေးဆီ ခုန်တက်လာတော့သည် ။

…………………………………………………………………………........

စာစဉ် ၇၅၊ အခန်း ၂။ မင်းမှာ သားရော ရှိလို့လား

ဗိုင်းရပ်စ်က ရီဝမ်ဝမ်အပေါ်ကို ခုန်ဝင်လိုက်တာကြောင့် သူမလေးသည်လဲ ထိုနက်ကောင်လေးအား ပြန်ပွေ့ပိုက်ပေးလိုက်၏ ။

ဖြူကောင်ကြီးသည်လည်း ချက်ချင်းပင် ထရပ်လာပြီး သူမလေးအား လွမ်းဆွတ်လွန်းနေသောအမူအရာလေးဖြင့် အနားတွင် ပွတ်သီးပွတ်သပ် လာလုပ်တော့လေသည် ။

ရီဝမ်ဝမ် စိတ်ပျော်ရွှင်စွာ ပြုံးရယ်လိုက်မိရင်း ထိုအိမ်မွေးကောင်ကြီးနှစ်ကောင်ကို ခပ်ကြမ်းကြမ်း ပွတ်သပ်ပေးလိုက်တော့၏ ။

“ဂိုဏ်းချုပ် … ဂိုဏ်းချုပ် .. အထဲမှာ ရှိလား”

ရင်းနှီးနေသည့်အသံတစ်သံက ဗြုန်းခနဲ တံခါးအပြင်ကနေ ပေါ်ထွက်လာသည် ။

ရီဝမ်ဝမ် မစဉ်းစားကြည့်နိုင်လိုက်ခင် တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး လူတစ်ယောက်ဝင်ချလာလေပြီ ။

“ဂိုဏ်းချုပ် …”

ထိုသူက ရီဝမ်ဝမ်ဆီကို အပြေးလာဖို့ လုပ်လိုက်ချိန် …

ဗိုင်းရပ်စ်သည် ထိုယောကျာ်း၏မျက်နှာတည့်တည့်ကို ကြည့်ကာ ဒေါသကြီးစွာ မြည်ဟိန်းပစ်တော့ချေသည် ။

ဝေါင်း

“ဖူ မင်း ရှီ … လား”

သူမအရှေ့ကို ရောက်လာသည့် ထိုယောကျ်ားကို မြင်လိုက်ချိန်တွင်တော့ ရီဝမ်ဝမ် အံ့အားသင့်သွားရ၏ ။

ဖူမင်းရှီက တရုတ်ပြည်မှာ မဟုတ်ဘူးလား ။
ဘာလို့ ဒီရောက်နေတာလဲ ။

“မင်းရှီ .. မရိုင်းပျနဲ့”

အဘိုးကြီးတစ်ယောက်သည် ရုံးခန်းထဲသို့ ခပ်ဖြည်းဖြည်း လျှောက်လာပြီး ဖူမင်းရှီအား အကြည့်တစ်ချက် လွှတ်ပေးလိုက်၏ ။

ထိုအဘိုးအိုသည်ကား ဖိန့်ဖိန့်တုန်ဂိုဏ်း၏ ဒုတိယအကြီးအကဲ တည်း ။

“ဖူမင်းရှီ .. ဘာလို့ ဒီမှာ ရှိနေတာလဲ”

ရီဝမ်ဝမ်သည် ဗိုင်းရပ်စ် ကို ပြန်ခေါ်လိုက်ပြီး
ဖူမင်းရှီနှင့် ဒုတိယအကြီးအကဲတို့ကို ထိုင်ခိုင်းလိုက်၏ ။

“ဘိုးဘိုးကို မေးကြည့်တော့ ဂိုဏ်းချုပ် ပြန်လာတော့မယ်လို့ ပြောတာနဲ့ ကျွန်တော်လဲ ဂိုဏ်းချုပ်ရှေ့ကနေ တစ်ရက်စောပြီးတော့ ပြန်လာလိုက်တာ”

ဖူမင်းရှီက ပြန်ဖြေသည် ။

ရီဝမ်ဝမ် ။ “…”

ဒီကောင်လေးကတော့ ဘယ်လိုမှ ခွာချလို့လဲ မရပါလား ။
တရုတ်မှာပဲ ကမ္ဘာကျော်သရုပ်ဆောင်ကြီး လုပ်နေတာက မကောင်းဘူးလား ။ ဘာလို့ နေရာတကာ လျှောက်ပြေးလွှားနေရတာလဲ ။

“ဒုတိယအကြီးအကဲ … ဒီတစ်ခေါက် ကူညီပေးတာ ကျေးဇူးတင်ပါတယ်”

ရီဝမ်ဝမ် ဖူမင်းရှီအား လျစ်လျူရှုပစ်လိုက်ပြီး ဒုတိယအကြီးအကဲဘက်ကို လှည့်ပြောလိုက်ရာ .. ။

“ဘယ်လို ပြောလိုက်တာလဲ ဂိုဏ်းချုပ်ရာ ။
စတားကော်ပိုရေးရှင်းကြီးက ဖိန့်ဖိန့်တုန်ဂိုဏ်းက ပိုင်တာပဲဟာ သေချာပေါက်ကို ဂိုဏ်းချုပ် လိုရင် သုံးလို့ ရတာပေါ့”

ဒုတိယအကြီးအကဲက ကပျာကယာ ပြန်ဖြေလာသည် ။

ရီဝမ်ဝမ် ပြန်မပြောလိုက်ရသေးခင် ပထမအကြီးအကဲ ၊ တတိယအကြီးအကဲ ၊ ခုနစ်စင်ကြယ် နှင့် ကြယ်ခုနစ်တို့
ရုံးခန်းထဲကို ဝင်လာကြလေပြီ ။

တတိယအကြီးအကဲသည် ဒုတိယအကြီးအကဲနှင့် ဖူမင်းရှီ အား မြင်လိုက်မိပြီး မျက်နှာပျက်ယွင်းသွားတော့၏ ။

“သောက်ကျိုးနဲ … ဟျောင့် မင်း တစ်ချိန်လုံး ခွေးသားရေလို လိုက်ကပ်နေတော့မှာလား ။ ငါတို့ ဘယ်သွားသွား
မင်းကို ခွာချလို့ကို မရပါလား”

ခုနစ်စင်ကြယ်မှာ တထူးတဆန်း ဖြစ်နေမိရင်းက ထပြောလိုက်၏ ။

ဖူမင်းရှီက ငါတို့ထက်တောင် ပိုစောရောက်နေတာလား ။
သောက်ကျိုးနဲ သူ တကယ်ကြီး ပြင်ဆင်ပြီးတော့ကို လာတာပဲ ။

“ဒုတိယအကြီးအကဲ…ခင်ဗျား အရှက်မရှိလွန်းနေဘူးလား ..”

တတိယအကြီးအကဲသည် မကြည်သာတော့သည့် မျက်ဝန်းအစုံဖြင့် ဒုတိယအကြီးအကဲအား မျက်လုံးလှန်ကြည့် ပေးလိုက်၏ ။

ဒုတိယအကြီးအကဲ၏မျက်နှာမှာ ချက်ချင်း အေးစက်လာချေပြီ။

“ငါက ဘယ်လိုလုပ် အရှက်မရှိဘူး ဖြစ်ရမှာလဲ”

“ခင်ဗျားမြေးကို ခေါ်ချလာတယ်လေ …
ခင်ဗျား … ဒါ ဖိန့်ဖိန့်တုန်ဂိုဏ်းကို အတင်းမောင်းပိုင်စီးဖို့ လုပ်နေတာလား”

တတိယအကြီးအကဲမှာ မဲ့ရွဲ့နေလေပြီ ။

“ငါ့မှာ မင်းနဲ့ပြောနေဖို့ အချိန်မရှိဘူး”

ဒုတိယအကြီးအကဲက ဟန်လုပ်ကာ ပြုံးလိုက်ရင်း …
“ဒီကိစ္စက ဟိုတုန်းက ဂိုဏ်းချုပ်ကိုယ်တိုင် သဘောတူထားတာ ။ ဂိုဏ်းချုပ်နဲ့ မင်းရှီ သာ တွဲဖြစ်သွားရင် မင်းရှီလဲ ဂိုဏ်းချုပ်ကို အပြင်ကိစ္စရော အတွင်းကိစ္စပါ ကူမျှဝေပေးလို့ ရသွားပြီ ။
အဲ့ဒါ ဘာမြားလို့လဲ”

“ခင်ဗျား …”

တတိယအကြီးအကဲခမျာ သွေးတစ်ပွက် အန်လုနီးနီးပင် ဖြစ်မိသွား၏ ။
သူ ဘယ်လိုဆက်ငြင်းရမည်မှန်းပင် မသိတော့ပါချေ ။

“ဂိုဏ်းချုပ် … တကယ်တော့လေ .. ကျွန်တော့်မှာလဲပဲ သားအလိမ်မာလေးတွေ အများကြီး ရှိတယ် …”

တတိယအကြီးအကဲသည် ချက်ချင်းပင် ပြုံးဖြီးပစ်လိုက်ပြီး
ရီဝမ်ဝမ်အား ချက်ချင်း ပြောလိုက်တော့လေသည် ။

“ဂိုဏ်းချုပ် … ကျွန်တော့် …”

ပထမအကြီးအကဲသည်လဲ တစ်စုံတရာကို ပြောချင်သွား၏ ။

“မင်း ဘာဖြစ်လဲ .. မင်းမှာ သားကော ရှိလို့လား” တတိယအကြီးအကဲသည် ပထမအကြီးအကဲအား ကြည့်ပေးလိုက်၏ ။

“မင်းမှာ မြေးကော ရှိလို့လား”
ဒုတိယအကြီးအကဲသည်လည်း မေးတော့လေပြီ ။

ပထမအကြီးအကဲ ။ “…”

“တော်ပြီ .. တော်ကြတော့”
ရီဝမ်ဝမ် စိတ်ချုံးချုံးကျကာ လက်ယမ်းပြလိုက်ရ၏ ။

ဒါက ဘာတွေလဲ ။ လာအောင်သွယ်နေကြတာလား ။

“ကျွန်မနဲ့ လက်ထပ်မယ့်ယောကျာ်းကို ရွေးပြီးသွားပြီ ။ ဒါကြောင့်မို့ အလကားနေ မလိုဘဲ စိတ်ပူနေတာတွေ ရပ်ကြတော့”
ရီဝမ်ဝမ် သက်ပြင်းလေးချကာ ချကာဖြင့် ပြောလိုက်ရတော့၏ ။

“ဘိုးဘိုး … ဂိုဏ်းချုပ်က ကောင်ချောချောလေး တစ်ယောက်ကို ကြိုက်နေတယ် …”
ဖူမင်းရှီက ဒုတိယအကြီးအကဲအား ပြောလိုက်၏ ။

ဒုတိယအကြီးအကဲသည် ရယ်မောလာတော့ပြီး
မြေးဖြစ်သူအား အဓိပ္ပာယ်ပါပါ ပြောချေပြီ ။

“အားယား မင်းရှီရာ ဂိုဏ်းချုပ်က လက်ထပ်ထားတာမှ မဟုတ်တာ သူတို့ အလွန်ဆုံးမှ လက်လေးကိုင်ဖူးရုံလောက်ပေါ့ ဘိုးဘိုး မြေးကို ယုံတယ်”

ရီဝမ်ဝမ် ။ “…” ဒါဆို ..  ဒီအရှက်မရှိ မျက်နှာပြောင်တတ်တာက မျိုးရိုးလိုက်တာပေါ့လေ …

………………………………………………………...…………............

စာစဉ် ၇၅၊ အခန်း ၃။ မြေးကို ယုံတယ်

“စိတ်ချထားလိုက် ဘိုးဘိုး”

ဖူမင်းရှီ ယုံကြည်ချက်တို့ လျှမ်းလျှမ်းတိုးဝေစွာ
ဒုတိယအကြီးအကဲအား ကြည့်လိုက်လေပြီ ။

“ဆက်လုပ်ထား မင်းရှီ .. ဘိုးဘိုး မြေးအပေါ်မှာ ယုံကြည်တယ်”

ဒုတိယအကြီးအကဲက နှစ်ထောင်းအားရဖြစ်ကာ မြေးဖြစ်သူအား ခေါင်းညိတ်ပြလိုက်၏ ။

ရီဝမ်ဝမ် ။ “…”

ငါ့မှာ ချစ်သူရှိနေပါပြီလို့ ငါ မပြောထားဘူးလား ..
သူတို့တွေ လူစကားကို နားမလည်ကြတာလား .. ။

“သောက်ကျိုးနဲ .. ခင်ဗျားတို့က တော်တော့်ကို အရေထူတာပဲ” ခုနစ်စင်ကြယ်သည် ဒုတိယအကြီးအကဲနှင့် ဖူမင်းရှီအား
လက်မကြီး ထောင်ပြလိုက်တော့သည် ။

အရေထူချင်းပြိုင် ဘယ်သူနိုင် လုပ်လို့ကတော့ ဒီမြေးအဘိုးနှစ်ယောက်ပဲ အနိုင်ရလောက်တယ် .. ဟုတ်တယ်မလား ။

ရီဝမ်ဝမ်သည် ဒုတိယအကြီးအကဲနှင့်တတိယအကြီးအကဲတို့ ရန်ဖြစ်နေတာကို လွှတ်ပေးထားလိုက်ပြီး
ရုံးခန်းထဲကနေသာ ကူကယ်ရာမဲ့စွာ ထွက်သွားပေးလိုက် တော့၏ ။ ထို့နောက်တွင် နန် စံအိမ်ဆီကို သူမ ကားမောင်းသွားလိုက်တော့သည် ။

နန် မိသားစုမှ လူတိုင်းသည် သူမ နောက်ဆုံးတစ်ခေါက်က
တန်တန်ကို အပြင်ခေါ်သွားပေးခဲ့ချိန်ကစပြီး
ရီဝမ်ဝမ်မှာ ပိုင်ဖန်း ဖြစ်ကြောင်းကို သိသွားခဲ့ကြသလို နန်သခင်ကြီးသည်လည်း သူမ ဝင်လိုဝင်ထွက်လိုထွက် ပြုလိုပါက မတားကြဖို့ရာ အမိန့်ထုတ်ထားခြင်းကြောင့် ရီဝမ်ဝမ်သည် အိမ်ထဲကို ချောချောမွေ့မွေ့ ဝင်ထွက်သွားလာနိုင်ပါ၏ ။

ဧည့်ခန်းထဲတွင် သခင်မကြီး နန် သည် ရီဝမ်ဝမ်အား
ချစ်မြတ်နိုးစွာ အလိုလိုက်ပေးလိုစွာ ကြည့်နေလေသည် ။

“မေမေ … သမီး တရုတ်ကနေ မေမေ့အတွက် ဒါလေး ဝယ်လာခဲ့တယ်”

ရီဝမ်ဝမ်သည် နန် သခင်မကြီးအတွက် ယူလာခဲ့သော လက်ဆောင်များကို ထုတ်ယူလိုက်ပြီး တန်တန်အတွက် လက်ဆောင်များကို ဘေးပို့ထားလိုက်တော့သည် ။

“သမီးရယ် တကူးတကကြီး ဝယ်လာနေတယ်”
သခင်မကြီး နန် သည် ပျော်ရွှင်စွာ ပြောဆိုလာသည် ။

“ဒါနဲ့ တန်တန် ဘယ်ရောက်နေလဲ မေမေ”

ရီဝမ်ဝမ်သည် သူမ၏ချစ်မဝသော ထိုသားငယ်လေးအား ၊ သူမ၏ထိုသားအရင်းလေးအား မြင်ချင်လိုစိတ်တို့
ထိန်းမနိုင်ဆီးမရစွာ ပြိုဖိတ်နေရင်း …. ။

သခင်မကြီးနန်က ပြန်ဖြေသည် ။

“အခုတလော တန်တန့်ကို ကျောင်းထည့်ထားတယ်ကွယ် ..
သူ အခု ကျောင်းသွားတက်နေလေရဲ့”

“တန်တန်က ကျောင်းတက်နေပြီလား …”

ထိုတော့မှ တန်တန်သည် ကျောင်းတက်ရတော့မည့်အရွယ် ရောက်နေပြီမှန်း ရီဝမ်ဝမ် အမှတ်ရမိသွား၏ ။ သူမသည်
ထိုသည်ကိုပင် မသိနေသည့် တာဝန်မကျေပွန်သော
အမေတစ်ယောက် ဖြစ်နေပါရော့လား ။

ရီဝမ်ဝမ် ပြန်ခေါင်းညိတ်ပြလိုက်သည် ။

သူမသည် ဤလက်ဆောင်များကို တန်တန်ကို ကိုယ်တိုင်ပေးဖို့ရာ ရည်ရွယ်ထားခဲ့ပါသောကြောင့် နောက်တစ်ခေါက် ထပ်ပြီး ပြန်လာရတော့ပေမည် ။

သခင်မကြီး နန် နှင့် တခနလောက် စကားစမြည် ပြောဆိုပြီးသွားသည့်နောက်တွင် ရီဝမ်ဝမ် ထွက်သွားဖို့ လုပ်လိုက်တော့၏ ။ သူမသည် တန်တန်ကို တွေ့မြင်ချင်လို့
နန် မိသားစုဆီ လာခြင်းဖြစ်သော်လည်း
တန်တန်သည် အိမ်မှာ မရှိနေသောကြောင့်
သူမ မီးလျှံကျောင်းတော်ကိုသာ ပြန်သွားလိုက်တော့မည် ။

နန် စံအိမ်ကနေ ရီဝမ်ဝမ် မထွက်ရသေးခင်
အရှေ့မှာ ခေါက်တုံ့လူးလာ လျှောက်သွားနေသော အမည်မရှိသောနန်ကို လှမ်းမြင်လိုက်တော့၏ ။

“အမည်မရှိသောနန် …”

ရီဝမ်ဝမ် ချက်ချင်း အော်ခေါ်ပစ်လိုက်တော့သည် ။

“ဘုရား တရား သံဃာ မိဘဆရာ .. လန့်လိုက်တာကွာ”

အမည်မရှိသောနန် သူမလေးအား မြင်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။

“မင်း … တရုတ်ကို သွားပြီး ပျော်နေတာ မဟုတ်ဘူးလား ။ ဘယ်တုန်းက ပြန်ရောက်လာတာလဲ”

“အဲ့ဒါတွေကို ထားလိုက်ဦး .. မေးစရာရှိတယ် ။ သေခြင်းတရား၏နှင်းဆီက ဘယ်လိုဖြစ်တာလဲ”

ရီဝမ်ဝမ်အဖို့တော့ ထိုအမည်မရှိသောနန်အား နုတ်နုတ်သာ စဉ်းပစ်ချင်နေမိတော့၏ ။

ဒီလူလိမ်ကတော့ ငါ့ကို သေခြင်းတရား၏နှင်းဆီ မရှိပါဘူး ပြောပြီး ငါ့ဆီကနေ မူပိုင်ခွင့်ညာစားသွားရဲတယ် … ။

“သေခြင်းတရား၏နှင်းဆီ လား”
အမည်မရှိသောနန် ဇဝေဇဝါ ဖြစ်သွား၏ ။
“ဘာဖြစ်လို့လဲ .. သေခြင်းတရား၏နှင်းဆီက ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲ … သေခြင်းတရား၏နှင်းဆီက ကျိန်းသေပေါက်ကြီး ရှိနေတဲ့ကိစ္စဟာ ဘာလု့ိ မရှိဘူးလို့ ညာပြောရတာလဲ ။
မူပိုင်ခွင့် တောင်းလို့ကောင်းအောင်လို့ တမင်ညာတာမလား .. အဲ့ပိုက်ဆံတွေ ပြန်ပေး”

ရီဝမ်ဝမ် သူ့ဆီကို လက်ဖြန့်လိုက်တော့၏ ။

“ပိုက်ဆံလား ရှိဘူးလေ .. ငါ့မှာ ရှိတာဆိုလို့ အသက်တစ်ချောင်းပဲ ရှိတယ်”

အမည်မရှိသောနန်သည် ခေါင်းကို ခါယမ်းပြလိုက်၏ ။

သူက ငါ့ပိုက်ဆံအိတ်ထဲ ဝင်ပြီးသား ပိုက်ဆံကို ပြန်တောင်းချင်နေတာလား … သေတောင် မရဘူး … ။

“ဒါဆိုရင် သေခြင်းတရား၏နှင်းဆီက ဘာဖြစ်တာလဲ ပြောပါဦး ။ င့ါမှာတော့ သေခြင်းတရား၏နှင်းဆီကို ဖွဲ့စည်းနိုင်ဖို့အတွက်ကို ကိုကို့ဆီကနေ မူပိုင်ခွင့် ရအောင် တောင်းနေရသေးတယ် ..
ကိုကို င့ါကို သတ်နေတာလား”
ရီဝမ်ဝမ် အလိပ်လိပ်ထွက်လာသည့် ဒေါသတို့ဖြင့် ပြောမိလေပြီ ။

“အာ .. ညီမလေးကလဲ .. ငါက ညာပြောနေတာမှ မဟုတ်တာပဲဟာ ။ ငါတို့မိသားစုက တကယ်ကြီး သေခြင်းတရား၏နှင်းဆီ ဇာတ်လမ်းကို ရေးထားခဲ့တာကို ..”

အမည်မရှိသောနန်သည် ရီဝမ်ဝမ်ဆီက သတ်တော့ဖြတ်တော့မည့်အကြည့်ကို မြင်လိုက်မိရာ အပြစ်ရှိသလိုလိုလေး ပြုံးပြလာတော့သည် ။

“ဟဲဟဲ … အင်းပါ အင်းပါ သေခြင်းတရား၏နှင်းဆီက တကယ်ရှိတယ် .. ဒါပေမယ့် အဲ့အကြောင်းက လွတ်လပ်သောနယ်မြေထဲမှာ ဘယ်သူမှ အစဖော်လို့မရတဲ့ စည်းကမ်းကြီးဟာ .. ဘယ်သူက ထပြောရဲမှာလဲ”

“ဒါဆိုရင် သေခြင်းတရား၏နှင်းဆီက ရုပ်ပြကာတွန်းမဟုတ်ဘူး ဆိုတာ အမှန်ပေါ့ ..”

ရီဝမ်ဝမ် မျက်မှောင်တွန်းချိုးထားရင်း မေးလိုက်တော့သည် ။

………………………………………………………………………............

စာစဉ် ၇၅၊ အခန်း ၄။ သေခြင်းတရား၏နှင်းဆီ

“အင်း .. ဟုတ်တယ်”
အမည်မရှိသောနန် ခေါင်းညိတ်လိုက်၏ ။

“ကိုကို … ငါ ရိုက်မိတော့မယ်”
ရီဝမ်ဝမ် အမည်မရှိသောနန်အား ပါးရိုက်ကာ သတ်ပစ်ချင်စိတ်တို့ဖြင့် လက်တပြင်ပြင် ဖြစ်မိနေလေပြီ ။

သူမ ထပ်ဖန်တီးထားခဲ့သော သေခြင်းတရား၏နှင်းဆီ သာ မသမာသူများ၏စိတ်ဝင်စားခြင်း ခံလာရခဲ့ပါလျှင်
ကိုယ်ကျိုးတွေ နည်းကုန်ပေတော့မည် မဟုတ်ပါလား ။

“ညီမလေး မကြောက်နဲ့ ။ သေခြင်းတရား၏နှင်းဆီ ..
အဲ့ဒါက သမိုင်းမှာ ကျန်ခဲ့ပြီ ။ ညီမလေး အသစ်ဖွဲ့စည်းထားတာက သေခြင်းတရား၏နှင်းဆီ ဆိုတာကို မေ့ထားလိုက်ဦး ။ ဂိုဏ်းသစ်တစ်ခု ထပ်ထောင်ပြီးတော့ ‘လွတ်လပ်သောနယ်မြေရဲ့ဖခင်ကြီး’ လို့ နာမည်ပေးလိုက်ရင်တောင်မှ .. ဘာမှမဖြစ်ဘူး .. စိတ်ချ ။ နာမည်လေးတစ်ခုပဲကွာ စိတ်ပူနေစရာ မလိုပါဘူး” အမည်မရှိသောနန်က ရဲရဲတင်းတင်းကြီး ပြန်ပြောလာသည် ။

အမည်မရှိသောနန်က ဘယ်လိုမိစ္ဆာကြီးလဲဟ ။
“လွတ်လပ်သောနယ်မြေရဲ့ ဖခင်ကြီး” ဟုတ်လား …
ဟားဟား “လွတ်လပ်သောနယ်မြေရဲ့ ဘိုးအေကြီး” လို့ပဲ ပြောချလိုက်ပါတော့လား ။

“မေးကြည့်စမ်းပါဦးမယ် … သေခြင်းတရား၏နှင်းဆီ က ဘယ်လိုဖြစ်တာလဲ .. ။ အကုန်လုံးကို မချွင်းမချန် ပြော”
ရီဝမ်ဝမ် စိတ်မရှည်နိုင်စွာဖြင့် အမိန့်ပေးလိုက်တော့၏ ။

အမည်မရှိသောနန်မှာ ရွေးချယ်စရာ မရှိတော့ဘဲ
ဟုတ်ကြောင်းမှန်ရာကို ဟုတ်မှန်သည့်အတိုင်း ပြန်ဖြေလိုက်ရ၏ ။

“တကယ်တော့ .. သေခြင်းတရား၏နှင်းဆီက … မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ ။ ခေါင်းဆောင်တိုင်းကလဲ မိန်းမသားတွေ ချည်းပဲ ။ သူတို့ကို အနက်ရောင်မုဆိုးမလို့ ခေါ်တယ် ။
အဲရစ်လို့လဲ နာမည်သီးသန့် ခေါ်ကြသေးတယ်”

ရီဝမ်ဝမ်၏ ဒေါသတလိပ်လိပ်တက်နေသော မျက်နှာမှာ တဖြည်းဖြည်းချင်း ပြေလျော့လာတော့မှ
အမည်မရှိသောနန် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်၏ ။

“တကယ်တော့ … သေခြင်းတရား၏နှင်းဆီ ပျောက်သွားခဲ့တာက နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီဆိုတော့ သမိုင်းတစ်ခုလို ဖြစ်သွားခဲ့ပါပြီ”

“ညီမလေး သိခဲ့ရသလောက်ဆို သေခြင်းတရား၏နှင်းဆီက အရမ်းကြမ်းလွန်းလို့ လွတ်လပ်သောနယ်မြေကြီးတစ်ခုလုံးက ကြောက်ရတဲ့ရန်စွယ်ကြီးတစ်ခုဆို ။ ဒါဆိုရင် အဲ့လောက်စွမ်းတဲ့အဖွဲ့အစည်းကြီးက ဘယ်လိုလုပ်ပြီး ချေမှုန်းခံလိုက်ရတာလဲ ။ ပြီးတော့ ဘယ်သူက သူတို့ကို ချေမှုန်းပစ်ခဲ့တာလဲ”

ရီဝမ်ဝမ် သိချင်ဇောနှင့် မေးလိုက်တော့၏ ။

အမည်မရှိသောနန်က ခေါင်းခါပြလာသည် ။
“ငါမှ သေခြင်းတရား၏နှင်းဆီ နဲ့ မရင်းနှီးတဲ့ဟာ
ဘယ်လိုလုပ် သိမှာလဲ …”

“ဟုတ်သားပဲ .. အဲရစ်ဆိုတာကရော ဘာအဓိပ္ပာယ်လဲ”
ရီဝမ်ဝမ်သည် စီပယင် ပြောသွားခဲ့သော နာမည်ကို
အမှတ်ရမိလိုက်ပါ၏ ။

“အသေးစိတ်တော့ မသိဘူး .. ဒါပေမယ့် အဓိပ္ပာယ်က … လက်စားချေသူ ဖြစ်လိမ့်မယ်ထင်တယ်”
အမည်မရှိသောနန် ပြန်ဖြေလာသည် ။

“လက်စားချေသူ လား ဘယ်သူ့ကို လက်စားချေဖို့လဲ”
ရီဝမ်ဝမ် လွှတ်ကနဲ မေးလိုက်မိ၏ ။

အမည်မရှိသောနန်က ခေါင်းယမ်းပြလာသည် ။

“အဲ့လောက်အများကြီး ငါက ဘယ်လိုလုပ် သိမှာလဲ ။
ညီမလေး .. မင်းရဲ့မေကြီးနဲ့ ဖေကြီးကို သွားမေးကြည့်လိုက်ပါ လား ..။ လူကြီးတွေကတော့ ငါ့ထက် ပိုပြီး သိမှာပေါ့”

ရီဝမ်ဝမ်အဖို့ သခင်ကြီး နန် နှင့် သခင်မကြီး နန် တို့အား မေးဖို့
မည်သို့ ဖြစ်နိုင်ပါ့မည်နည်း ။ သေခြင်းတရား၏နှင်းဆီ မှာ
သူမနှင့် များများစားစား ပတ်သက်မှုရှိမနေလေရာ
အမည်မရှိသောနန် မသိနေမှတော့ သူမ ထိုကိစ္စကို ထိုအတိုင်းသာ ထားထားလိုက်တော့မည် ။ အဆိုးဆုံးဖြစ်လာရင်လဲ
သူမ ထိုဂိုဏ်းသစ်နာမည်ကို ပြန်ပြောင်းလိုက်ရုံသာ ။

“ဟုတ်သားပဲ …”
ရီဝမ်ဝမ်၏မျက်ဝန်းတို့ ဖျတ်ခနဲ လက်သွားပြီး ရိုးစင်းလှသော ရှေးဟောင်းလက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ကာ အမည်မရှိသောနန်အား ထိုးပေးလိုက်တော့သည် ။
“ဒါကို ကြည့်ကြည့် .. ဒီလက်စွပ်ကို မှတ်မိလား”

အမည်မရှိသောနန်သည် ထိုလက်စွပ်ကို ယူလိုက်ပြီး သေသေချာချာလေး စစ်ကြည့်နေသည် ။ တခနအကြာတွင်
သူက မျက်မှောင်ကြုတ်ပြီး ရီဝမ်ဝမ်ကို ကြည့်လာသည် ။

“ဘယ်လိုလဲ ..”
ရီဝမ်ဝမ် အမြန်သွက်သွက် မေးလိုက်တော့၏ ။

“ဒီလက်စွပ်က .. ရှားပါးတဲ့ သတ္တုနဲ့ လုပ်ထားတာ
ဒါကို သွန်းလုပ်ထားပုံက ထူးခြားပြီးတော့ တော်တော်လေး ရှုပ်ထွေးတယ် .. သေချာပေါက်ကို အများကြီးတန်မှာပဲ”

အမည်မရှိသောနန်သည် ထိုလက်စွပ်အား စူးစူးစိုက်စိုက်
ကြည့်နေရင်း …

“ကျစ်စ် .. ဒီအနားသတ်ကိုပဲ ကြည့်ကြည့် .. ပြီးတော့ ဒီသတ္တုရောပဲ .. ဒါ ညီမလေးရဲ့လက်စွပ်လား ။ င့ါဆီမှာ အဆက်အသွယ်တချို့ ရှိတယ် .. ဒါကို လေလံတင် ရောင်းလိုက်ပါလား ။ ဒီလိုလုပ် မင်း ၇၀ ယူ ငါ ၃၀ ယူမယ် ဒါမှမဟုတ်လဲ ငါ ၂၀ ယူရင်လဲ ရတယ် မင်းက ၈၀ ယူလိုက်”

ထင်သည့်အတိုင်းပါပင်
အမည်မရှိသောနန်အား မျှော်လင့်ချက်ထားခဲ့မိခြင်းက
သူမသည် အရူးမို့သာ ။

“ပြန်ပေးတော့” ရီဝမ်ဝမ် ဆတ်ကနဲ ဆွဲယူပစ်လိုက်၏ ။

“အင်းပါ …” အမည်မရှိသောနန်သည် မျက်နှာထက်တွင် တွန့်ဆုတ်မှုတို့ ယိုဖိတ်လို့နေရင်း ရီဝမ်ဝမ်အား ထိုလက်စွပ်ကို မပေးချင့်ပေးချင်ဖြင့် ပြန်ပေးလိုက်လေသည် ။

“ဟုတ်သားပဲ” အမည်မရှိသောနန်သည်
သူ့ပေါင်သူ ဖြောင်းခနဲမြည်အောင် ရိုက်ချလိုက်ကာ ..
“ညီမလေး .. မင်းရဲ့အချစ်နတ်သက်ကြွေ အဆိပ်အတွက်
ဖြေဆေးရလာပြီ ။ တကယ်ကြီး မလိုချင်ဘူးလား ။
မင်းမှာ အချိန် သိပ်မရှိတော့ဘူးနော် ။ ဒါ အသက်နဲ့ကစားစရာ မဟုတ်ဘူး ။ ဖြေဆေးကို လက်စွပ်နဲ့ လဲလိုက်ပါလား ။ တမျိုးပြန်တွေးကြည့်ရင် ဖြေဆေးကို အလကားရလိုက်တာနဲ့ အတူတူပဲနော်”

ဟားဟား … ငါကြီးက စကားပြော တယ်ကောင်းပါလား .. ။

ရီဝမ်ဝမ် သူ့အား မျက်လုံးလှန်ကြည့်ပေးလိုက်သည် ။

“မလိုဘူးလို့ ပြောထားတယ်လေ ။ ညီမလေးဆီမှာ အကောင်းဆုံးဖြေဆေးက ရှိထားပြီးသား ။
စိတ်ပူနေလဲ အပိုပဲ”

ရီဝမ်ဝမ်သည် အမည်မရှိသောနန်၏ ငွေရပေါက်ကို တိကနဲ
မညှာမတာ ဖြတ်ချပစ်လိုက်၏ ။

………………………………………………………………………............

စာစဉ် ၇၅၊ အခန်း ၅။ လေလံပွဲ

နန် စံအိမ်ကနေ ပြန်လာပြီးနောက်တွင် ရီဝမ်ဝမ်သည် မစ်ရှင်ပြီးကြောင်းကို ကျောင်းတော်ကို တင်ပြဖို့ရာအတွက် အလျင်မလိုနေပါချေ ။ သုံးရက်အတွင်း ကျရောက်လာမည့် လေလံအလှူဒါနပွဲကိုသာ စောင့်စားနေလိုက်၏ ။ သူမသည် ဂျိဘုရင်၏လက်စွပ်ကို ရလိုက်သည်နှင့် ထိုပြီးစီးထားခဲ့သည့် မစ်ရှင်များအားလုံးကို ကျောင်းတော်ကို သွားအပ်လိုက်တော့ မည် ။

နောက်နေ့များတွင် သူမသည် တရုတ်ပြည်ကို သွားနေခဲ့စဉ် အချိန်အတွင်း တပုံတပင်ကြီး ဖြစ်လာသော အလုပ်များကို ဖြေရှင်းကိုင်တွယ်နေလိုက်ရင်း မီးလျှံကျောင်းတော်ကနေ သူမ လက်ခံယူနိုင်သော မစ်ရှင်အသစ်များ ထပ်ထွက်လာ လေမလားဟုပါ စောင့်ကြည့်နေလိုက်၏ ။

မျက်တောင်တစ်ခါခတ် အချိန်လေးအတွင်းမှာင်
လေလံပွဲနေ့ကား ရောက်ရှိလာလေပြီ ။

နှစ်စဉ်ကျင်းပသည့် ထိုလေလံအလှူဒါနပွဲသည်ကား လွတ်လပ်သောနယ်မြေကြီးထဲက အကြီးမားဆုံးသော
ပွဲများထဲက တစ်ခုပင် ဖြစ်၏ ။ မျိုးနွယ်စုကြီးလေးခု ဖြစ်သည့်
ရှန်း ၊ ဂျိ ၊ နန် နှင့် လင်း ကလန်တို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး တက်ရောက်လာကြသည့် ခေါင်းဆောင်များအားလုံး မှာလဲ လွတ်လပ်သောနယ်မြေကြီး၏အထင်ကရပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေသည် ။

“မေတ္တာတရားနှင့် သဒ္ဓါတရားဟူသည် အတိုင်းအဆမရှိ”
ဆိုသည့် လောကနိယာမကို လက်စွဲကိုင်ထားကာ ဘယ်လိုစည်းမျဉ်းစည်းကမ်းတို့ကို လက်စွဲကိုင်ထားသည့် ဂိုဏ်းပင် ဖြစ်ပါစေ သူတို့ သွားမဖိတ်ဘူးဟူသည် မရှိပါချေ ။

ထို့ကြောင့် ဖိန့်ဖိန့်တုန်ဂိုဏ်းလိုမျိုး နာမည်သတင်း ပုပ်ပွနေလွန်းသော အဖွဲ့အစည်းကြီးသည်ပင် မျိုးနွယ်စုကြီး လေးစုက ကျင်းပသော
ထိုပွဲကို တက်ရောက်ဖို့ရာအတွက် ဖိတ်ကြားလွှာ ရခဲ့လေ၏ ။

သို့ပေမည့် ဖိန့်ဖိန့်တုန်ဂိုဏ်းသည် မတူကွဲပြားသောစိတ်သဘောထားအမြင်ကြောင့် ထိုကဲ့သို့ လှူဒါန်းရသည့်လေလံပွဲမျိုးကို တစ်ခါမှ သွားမတက်ခဲ့ပါချေ ။

သူတို့၏ဖိန့်ဖိန့်တုန်ဂိုဏ်းတွင်လဲ သူတို့စံနှုန်းနဲ့သူတို့ ရှိနေသည်ကိုး ။

သွားနေရင်းလမ်းတစ်လျှောက်တွင် ခုနစ်စင်ကြယ်သည် ဖိတ်ကြားလွှာကို စိုက်ကြည့်နေရင်း နှုတ်ကနေလဲ
တတွတ်တွတ် ပြောဆိုနေ၏ ။

“အာ အစ်မဖန်း ကျွန်တော်တို့ အဲ့ပွဲကို တကယ်ကြီး သွားကြတော့မလို့လား ။ ကျွန်တော်တို့ ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့သိက္ခာတော့ သွားပါပြီဗျာ”

ဖိန့်ဖိန့်တုန်ဂိုဏ်းသည် ကုသိုလ်ကောင်းမှုတစ်ခုခုကို လုပ်လိုလျှင် ထိုလူ၏လက်ထဲကို ပိုက်ဆံသာ တစ်ခါထဲ ထိုးထည့်ပေးတတ်ပြီး သူတို့ပေးသည့် ပိုက်ဆံကို
ယူလိုလို မယူလိုလို လက်ခံယူရမည်ဖြစ်၏ ။
အကယ်၍ မယူဘူးဆိုပါက ထိုသူမှာ သေလောက်အောင် ဆော်ပလော်တီး ခံကြရစမြဲသာ ။

ဘယ်သူကများ အဲ့လိုကိန်းကြီးခမ်းကြီးနိုင်တဲ့ပွဲမျိုးကို သွားတက်မှာလဲ ။

ရီဝမ်ဝမ်သည် သူ့အား မျက်လုံးလှန်ကြည့်လိုက်၏ ။

“ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့တော့ ။ ဂျိဘုရင်ရဲ့လက်စွပ်ကို ဘယ်ချိန် လေလံတင်မလဲ သိလာခဲ့ပြီလား”

ခုနစ်စင်ကြယ်သည် နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ …

“အဲ့ဒါများ စုံစမ်းနေစရာတောင် လိုလို့လား ။ ဂျိဘုရင်ရဲ့လက်စွပ်ပါဆိုမှ အားလုံးကို ဆွဲထားလို့ရအောင်လို့ နောက်ဆုံးမှပဲ သေချာပေါက် ထားမှာပေါ့”

ရီဝမ်ဝမ်သည် မလာခင် ထိုပွဲအကြောင်းကို အနည်းငယ် စုံစမ်းထားခဲ့ပါ၏ ။

လွတ်လပ်သောနယ်မြေ၏ လေလံအလှူဒါနပွဲသည်
တရုတ်ပြည်က လေလံပွဲနှင့် ဆင်တူပေသည် ။

နာမည်ကြီးပုဂ္ဂိုလ်များ အဖွဲ့အစည်းများအားလုံးမှာ
တက်ရောက်ဖို့ရာ အဖိတ်ကြားခံကြရ၏ ။
ဖိတ်ကြားခံရသည့် အနုပညာရှင်များသည်လည်း
ဧည့်သည်တော်အဖြစ် တက်ရောက်ရင်း
အနည်းဆုံး ပစ္စည်းတစ်မျိုးဆီ လှူဒါန်းသွားကြကာ ထိုလှူဒါန်းပစ္စည်းများနှင့် လေလံပွဲကနေ ရလာသော ရံပုံငွေများကို ပြန်လည်လှူဒါန်းကြလေသည် ။

နာမည်ကျော်ပုဂ္ဂိုလ်များ၏ တန်ဖိုးကြီးလက်ဝတ်လက်စား ကျောက်မျက်ရတနာများမှသည် အဝတ်အစား ၊ ဖောင်တိန် ၊
သုံးပြီးသား လက်ကိုင်ပဝါတို့အထိ အစုံစုံပါဝင်ကြ၏ ။ ထိုနေ့စဉ်သုံးပစ္စည်းများ၏တန်ဖိုးမှာလဲ ပိုင်ရှင်ပေါ် မူတည်ပြီး တန်ဖိုးမြင့်တက်ကြလေသည် ။

ဥပမာအားဖြင့် ဂျိဘုရင်၏လက်စွပ် ။
မျိုးနွယ်စုကြီးလေးစုထဲက တစ်စုဖြစ်သည့် ဂျိမိသားစု၏ အမွေဆက်ခံသူ တစ်ဖြစ်လဲ ဥရောပဒုစရိုက်ဂိုဏ်းကြီး၏ အရှင်ဘုရင် ဖြစ်သည့် “ဂျိဘုရင်” ဟု အမည်တွင်သော ဂျိရှို့ရန်သည်ကား လွတ်လပ်သောနယ်မြေထဲတွင် မနောမနည်း သြဇာရှိန်ဝါ ကြီးမားကာ နာမည်ဂုဏ်သတင်း ကျော်ဇောလွန်းသူကြီး ဖြစ်ပေသည် ။ ထို့ကြောင့် ညရတနာများထဲက ထိပ်တန်းရတနာ ဖြစ်သော ထိုလက်စွပ်မှာ သေချာပေါက်ကို လူအများ၏အာရုံစိုက် ခံရပြီး အလွန်တရာ နာမည်ကြီးမည်သာ ။

မည်သို့ပင်ဖြစ်စေကာမူ နာမည်ကြီး ဓားပြဗိုလ်ကြီး တစ်ယောက်
ဒီည ပေါ်ချလာလိမ့်မည်ဟုတော့
သူတို့ မမျှော်လင့်ထားကြလောက်ပါပေ ။

ကြယ်ခုနစ်သည် ခရီးလမ်းတစ်ခုလုံး စိတ်ပျော်ရွှင်လေဟန် မရှိပေ ။ ကားစီးနေရင်း လမ်းတစ်ဝက်အရောက် ဖုန်းတစ်ကောလ်ကို လက်ခံလိုက်ပြီးနောက်တွင် သူ့မျက်နှာကြီးမှာ ပိုလို့ပင် မည်းပုတ်သိုးလာတော့သည် ။

“ခုနစ်ကြီး ဘာဖြစ်လို့လဲ .. ဘာလို့ မျက်နှာကြီးက
ဆူပုတ်နေတာလဲ ။ မင်းလဲပဲ ရှက်လို့လား ... ဒါဆို
ငါတို့တွေ မျက်နှာကို အုပ်ထားလိုက်ရင်ရော”

ကြယ်ခုနစ်၏မျက်ဝန်းတို့ ကျဉ်းကျုံ့နေပြီး မကြည်သာစွာ ဖြေလာသည်က ..

“ငါတို့ ဂိုဏ်းချုပ်ကို သွားခိုင်းလို့ မဖြစ်ဘူး ။ ဒီည
အရှင်နတ်ဆိုးလဲ လာတက်မယ်လို့ အခုပဲ သတင်းရတယ်”

ဂျိဘုရင်တစ်ယောက်နှင့်တင် သူ့မှာ သတိကို အဆုံးထိ ကြီးကြီးထားနေရလေပြီ ။
အရှင်နတ်ဆိုးပါ ထပ်ပါလာဦးမည် ဆိုရင်ဖြင့် ..
အစ်မ ဖန်း ဘာတွေ မွှေတော့မည်ကို ဘယ်သူသိပါ့မလဲ ။

ခုနစ်စင်ကြယ်၏မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားတော့၏ ။

“ငါလခွမ်း .. အရှင်နတ်ဆိုးပါ လာတက်မှာလား ။ သိပ်ကောင်းတယ် ဒါဆို ငါတို့ရဲ့ဖိန့်ဖိန့်တုန်ဂိုဏ်းကို သိပ်အာရုံစိုက်ကြတော့မှာ မဟုတ်ဘူး”

နတ်ဆိုးပါ ဒီပွဲကို လာတက်မယ်ဆိုတော့ အဲ့ဒါကြီးက ဖိန့်ဖိန့်တုန်ဂိုဏ်းက သွားတက်တာထက်တောင် ပိုတုန်လှုပ်စရာကောင်းနေပြီ ။
ဒီလိုဆိုရင် ငါတို့ ရှက်နေစရာ မလိုတော့ဘူး .. ။

…………………………………………………………………................

စာစဉ် ၇၅၊ အခန်း ၆။ ပျားရည်မာယာတောင်မှ အလုပ်မဖြစ်ပါလား

ကြယ်ခုနစ်သည် ခုနစ်စင်ကြယ်၏စကားကို ပြန်ပြောလိုစိတ်ပင် ကုန်ဆုံးနေရလေပြီ ။

ရီဝမ်ဝမ် … ခေါင်းလေး ပြူထွက်လာပြီး
သူတို့အား ကြည့်လိုက်ကာ …

“နှစ်ယောက်သား ဘာတွေ ကျိတ်ပြောနေကြတာလဲ”

ပြောရင်းဆိုရင်းနှင့်ပင် ကားသည် ပွဲခန်းမအရှေ့ကို ရောက်သွားလေပြီ ။ ရီဝမ်ဝမ် ခါးကို ဆန့်လိုက်ပြီး ကားထဲကနေ ထွက်လိုက်၏ ။

ဖိန့်ဖိန့်တုန်ဂိုဏ်း၏မျက်နှာကို ထိန်းထားပေးလိုသောကြောင့် ရီဝမ်ဝမ်သည် ခါတိုင်းဝတ်နေကျ ဝတ်စုံကို မဝတ်တော့ဘဲ
ပေါ့ပေါ့ပါးပါး ဝတ်စုံကိုသာ ဝတ်လာခဲ့၏ ။

ကြယ်ခုနစ်သည် ရီဝမ်ဝမ် ခန်းမထဲ ဝင်သွားဖို့ လုပ်တာနဲ့
ကပျာကယာ ရှေ့တက်ကာ ရီဝမ်ဝမ်အား တားလိုက်၏ …

“အစ်မဖန်း ခနလေး …”

“ဘာဖြစ်လို့လဲ”

ရီဝမ်ဝမ်သည် ကြယ်ခုနစ်အား မေးခွန်းထုတ်သည့်အကြည့်လေး ကြည့်ပေးလိုက်၏ ။

“အစ်မဖန်း … ဒီလိုပွဲမျိုးက ကျွန်တော်တို့နဲ့ တကယ်ကြီး
မသင့်တော်ဘူး ။ ကျွန်တော့် အထင် … ”

ကြယ်ခုနစ်ရဲ့စကား မဆုံးသေးခင်မှာပင်
ရီဝမ်ဝမ်၏အကြည့်မှာ သူ့ကို ကျော်လွန်ပြီး သူ့အနောက်က တစ်နေရာဆီကို စူးစူးစိုက်စိုက် ကျရောက်သွားလေပြီ ။

“အစ်မဖန်း ..”

ရီဝမ်ဝမ်၏အာရုံအလုံးစုံမှာ ကြယ်ခုနစ်၏အနောက်ကလူဆီသာ လုံးလုံးလျားလျား နစ်မွန်းသွားချေပြီ ။ သူမသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ကြယ်ခုနစ်အား ဘေးကို တွန်းဖယ်ပစ်လိုက်သလို နှုတ်ခမ်းနှစ်လွှာသည်လည်း တွန့်ကွေးတက်လာတော့၏ ။ ထို့နောက် အထူးကို အားရရွှင်လန်းစွာဖြင့် လှမ်းခေါ်လိုက်တော့သည် ။

“အရှင်နတ်ဆိုး … မတွေ့ရတာ ကြာပြီနော်”

ကြယ်ခုနစ် တောင့်ခနဲ ဖြစ်သွားပြီး စက်ရုပ်တစ်ရုပ်လို လှည့်ကြည့်လိုက်မိ၏ ။ ပွဲခန်းမ၏အရှေ့တွင် အနက်ရောင်ကားတစ်စီးသည် ထိုးရပ်ထားလေပြီး
အရှင်နတ်ဆိုးသည် သာမန်ရွက်ကြမ်းရေကျိုရုပ်သာ ရှိသည့် အစေခံတစ်ယောက်နှင့် ကျန်းယန်ကို ခြံရံကာ အန္တာတိကတိုက်မှ ရေခဲတုံးကြီးတစ်တုံးပမာ အမူအရာကင်းမဲ့စွာ မတ်တပ်ရပ်နေလေသည် ။

ကြယ်ခုနစ် အမြင်မှားခြင်းလေလား မသိပါသော်လည်း အရှက်နတ်ဆိုးသည် သူတို့၏ဂိုဏ်းချုပ်ကို မြင်လိုက်သည့်တမုဟုတ်ချင်းပင် သူ၏အေးစက်နေသည့် ရေခဲတုံးအမူအရာမှာ ကွဲအက်သွားရပြီး သူ့မျက်နှာသည် လည်း တောင့်တင်းသွားသလိုပင် ။

တုံးအလှသည့် ခုနစ်စင်ကြယ်သည်ပင်
အလိုလို တဆတ်ဆတ် တုန်ရီမိသွား၏ ။

“အမ် … အရှင်နတ်ဆိုးက … ငါတို့ဂိုဏ်းချုပ်ကို နဲနဲ … စိတ်ဆိုးနေသလိုပဲနော်”

သို့သော်လဲ ထိုသည်ကို အပြစ်မဖွဲ့သာပေ ။ တစ်ချိန်လုံး
နှာထကာ လိုက်ဗူးခံနေသော အလှလေးများအဖို့ ကြာလာတော့ ဒေါသထွက်လာတတ်သည်က ဓမ္မတာပင် မဟုတ်ပါလား ။

သို့သော်လဲ တကယ့်တရားခံ ဖြစ်သူ ရီဝမ်ဝမ်သည်ကတော့
ဘာကိုမှ အာရုံခံမိလေဟန် မတူဘဲ သူ့အား ပြုံးဖြီးစွာ ဆက်နှုတ်ဆက်နေလေသည် ။

“အာ .. ဆရာ ဘာလို့ စိတ်မကြည်မသာ ဖြစ်နေတာလဲ ။
ဆရာ့ကို ဘယ်သူကများ ရန်စလိုက်လို့လဲ”

ထိုအေးစက်နေသည့် ရေခဲမျက်နှာကြီးမှာ အက်ကွဲကြောင်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာရတော့ပြီး နောက်တစ်ခနလေးအတွင်း ထိန်းချုပ်နိုင်စွမ်းတို့ လွတ်ထွက်သွားတော့မယောင် သမ်းနေလေပြီ ။ သူ၏ မှုန်ကုတ်နေသည့်မျက်ဝန်းအိမ်ထဲတွင် မီးတောက်ကြီးတို့ တဟုန်းဟုန်း ထတောက်တော့မလိုလို .. ။

“မင်း …” ထိုယောကျာ်းက အံကိုကြိတ်ထားရင်းကနေ အသံထွက်လာ၏ ။ သူ့မှာ လွတ်လပ်သောနယ်မြေတွင် ပေါ်လာသည့် ၊ သူ့အရှေ့တွင် ပေါ်လာသည့် ထိုမိန်းကလေးအား ရိုက်သတ်ချင်စိတ်တို့ တဖွားဖွားပေါ်လာရင်း ရှိသမျှစိတ်ခံစားချက်အလုံးစုံကို အတင်းချိုးနှိမ်ကာ ကိုယ့်ကိုကိုယ် မနည်းစိတ်ထိန်းချုပ် နေရ၏ ။

“ငါလခွမ်းတဲ့မှပဲ … ရီ ဝမ်ဝမ် က .. ဘာလို့ .. ဘာလို့
လွတ်လပ်သောနယ်မြေကို ပြန်ရောက်နေတာလဲ ..”
လင်းချွေ့ .. လုံးဝအံ့သြမိစွာ ဆဲရေးလိုက်မိတော့၏ ။

ကျန်းယန်သည်ကတော့ ရီဝမ်ဝမ်အပေါ် ထားရှိသော
သူ့အရှင်ရဲ့သဘောထားကို အလိုလိုသတိထားမိလိုက်ပြီး
ချက်ချင်းပင် အေးစက်စွာ လျှောက်လာကာ
ရီဝမ်ဝမ်အား တားလိုက်တော့လေသည် ။

“ကိုယ့်ကိုယ်ကို လေးစားမှုရှိပါ ဂိုဏ်းချုပ် ပိုင်”

လင်းချွေ့ မနေနိုင်တော့ဘဲ စီရီဟန်နားနား ကပ်ကာ
ခပ်တိုးတိုးလေး ပြောလိုက်မိတော့၏ ။

“လခွမ်း .. တကယ်ပဲကွာ … ရီဝမ်ဝမ်ရဲ့ပါးစပ်ကနေ ထွက်လာတဲ့စကားထက် ဒီကမ္ဘာမှာ သရဲရှိပါတယ်လို့ ပြောတဲ့စကားတွေကို သွားယုံလိုက်တာကမှ ဟုတ်ဦးမယ် ။ အဲ့ကောင်မလေးက စကားချိုချိုလေးတွေ သုံးပြီးတော့ အစ်ကို့ကို တစ်ပတ်ပြန်ရိုက်သွားပြီ ။ အစောက ဖုန်းထဲမှာတော့ စကားနားထောင်တာ ဟုတ်ကဲ့နေတာပဲ … ဟော နောက်ခနကျတော့ မင်းအရှေ့ကို ဘွားကနဲ ပေါ်လာတယ် ။ ငါ ငယ်ငယ်တုန်းက ငါ့အမေ ပြောဖူးတာ သိပ်မှန်တာပဲ ။ မိန်းမလှလေးတွေ ပြောတဲ့စကားဆို မယုံလေကောင်းလေပဲတဲ့ .. ဟူး ..”

အစ်ကို ၉ သည် တစ်နေ့တွင် အခုလို အတွက်အချက်မှားကာ တုံးအသွားသည့်နေ့မျိုး ရောက်ရလိမ့်မည်ဟု
သူ တစ်ခါမှပင် မထင်ခဲ့ဖူးပါချေ ။

ဘာတွေ ဖြစ်နေတာလဲ ။
ပျားရည်မာယာကတောင်မှ အသုံးမဝင်တော့ဘူးလား …. ။

…………………………………………………………………………........
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘

Continue Reading

You'll Also Like

610K 59.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.5M 68.7K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်