(သူတို့တွေ ပြောကြတာက 'မင်းက အ...

By YadanarMoe399

345K 32.5K 1.8K

Novel Name: 他们说 ' 你是 OMEGA' (သူတို့တွေ ပြောကြတာက 'မင်းက အိုမီဂါ'ပါတဲ့!) Author: YadanarMoe399 Category: BL /R... More

Chapter 1
Chapter 1(Zawgyi)
Chapter 2
Chapter 2(Zawgyi)
Chapter 3
Chapter 3(Zawgyi)
Chapter 4
Chapter 4(Zawgyi)
Chapter 5 🚨
Chapter 5🚨(Zawgyi)
Chapter 6
Chapter 6 (Zawgyi)
Chapter 7
Chapter 7 (Zawgyi)
Chapter 8
Chapter 8 (Zawgyi)
Chapter 9
Chapter 9 (Zawgyi)
Chapter 10 (Ending)
Chapter 10 (Ending) (Zawgyi)
စာအုပ်လေး သိမ်းထားလို့ရပါပြီ
book detail
Extra 1
Extra 1 ( Zawgyi)
Extra 2
Extra 2 ( Zawgyi)
Extra 3
Extra 4
Extra 4 ( Zawgyi)
Extra 5
Extra 5 (Zawgyi)
happy memory

Extra 3 ( Zawgyi)

2.6K 142 5
By YadanarMoe399

Extra 3

ဖေးယိယန် အပူတပြင်း အပြေးတလွှားဖြင့် သူ့၏ ကလေးတွေနှင့် ထျန်းမော့ချီတို့ရှိရာသို့ ရောက်ရှိလာလေသည်။

တည်တင်းနေသည့် မျက်နှာထားနှင့်
ထျန်းမော့ချီသည် ဖေးယိယန်ကို မြင်လိုက်ချိန်မှာပဲ၊ ထျန်းမော့ချီ၏ တိမ်အညိုရောင်မျက်ဝန်းကြည်တို့သည် ဖြတ်ခနဲ ရွန်းပစိုလဲ့သွားသလို၊ အားကိုးရှိသွားသည့်ဟန်ဖြင့် ဖေးယိယန်ကို လှမ်းကြည့်လာ၏။

ဂျစ်စောင်းစောင်းဖြင့် ရန်ထောင်နေသည့် ကလေးမလေးနှင့်၊ ထိုကလေးမလေး၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားသည့် ကလေးလေးတစ်ဉီး။

ထျန်းမော့ချီ၏ အညိုရောင်မျက်ဝန်းတစ်စုံနှင့် ဖေးယိယန်၏ ခရမ်းသွေးရောင်မျက်ဝန်းတစ်စုံတို့ကို ဆက်ခံရရှိထားသည့် ထျန်းစစ်ရီ၏ အရောင်မတူသည့် မျက်ဝန်းတို့ဟာ မျက်ရည်တို့ဖြင့် အရည်လဲ့နေ၏။

ပါးဖောင်းဖောင်းနှင့် ကလေးမလေး ထျန်းဝေဝေ့ ကတော့ ခါးကို ထောက်ကာ၊ တခြားဘက်ကလူတွေကို ရန်စောင်နေလျှက်။

ကလေးမလေးက ဖေးယိယန်ကို မြင်ချိန်မှာ၊ လှစ်ခနဲ ပြေးလာပြီး တိုင်တန်းလေတော့သည်။ 

" ဒယ်ဒီ... ဝေဝေ့နဲ့ စစ်ရီ ကျောင်းမှာ လိမ်လိမ်မာမာလေးပဲ နေတာ သိလား? အာ့တာကို ဟိုဝတုတ်ကောင်က ဝေဝေ့တို့ကို အနိုင်လာကျင့်တာ။ ပုစိလေးပဲ ပြန်ရိုက်လိုက်တာကို ငိုပြေးသွားတာ... "

ဝေဝေ့လေးက နူတ်ခမ်းလေးချွန်ကာ၊ သူ့ဒယ်ဒီ၏ခြေထောက်ရှည်တွေကို ဖက်ရင်း၊ လက်ညိုးတထိုးထိုးဖြင့် ဝတုတ်တုတ်ကောင်လေးကို ညွှန်ပြနေလျှက်။

ဖေးယိယန် ထျန်းဝေဝေ့ကို ကောက်ပွေ့ရင်း၊ ထျန်းမော့ချီရင်ခွင်ထဲမှာ တရှုံ့ရှုံ့ ငိုနေသည့် ထျန်းစစ်ရီလေးကို ကြည့်ကာ၊ ဒေါသတို့ထွက်လာရ၏။

ပြန်ချပါလား။ ဘာလို့ အနိုင်ကျင့်ခဲ့ရတာလဲ?

ထျန်းစစ်ရီလေးက ထျန်းဝေဝေ့နှင့်မတူညီခဲ့။ ထျန်းဝေဝေ့သည် ဖေးယိယန်လို စိတ်ဆတ်ကာ၊ သွက်သွက်လက်လက် ရှိလေပြီး၊ ထျန်းစစ်ရီကတော့ သူ့အမွှာအစ်မဖြစ်သူ အနောက်မှာပဲ အမြဲကပ်နေလေ့ရှိကာ၊ လူကြောက်တတ်သည်။ ဒါ့ကြောင့်လည်း အမြဲလိုလို သူ့အစ်မဖြစ်သူ မရှိလျှင်၊ အနိုင်ကျင့်ခံရစမြဲ။

သူ့သားလေး၏ အပြုအမူနှင့် မျက်နှာလေးသည် ထျန်းမော့ချီနှင့် ထပ်တူနီးပါး ဆင်နေခဲ့သည်ပင်။

" အင်း...ဒယ်ဒီရဲ့ဝေဝေ့ လုပ်သမျှ မှန်တယ်။ မခံလာရဘူးမှတ်လား?"

" ဟုတ်။ ဝေဝေ့က ဝတုတ်ရုပ်ဆိုးကို ငိုသွားအောင် ပြန်ချပစ်လိုက်တာ။ စစ်ရီလေးက ငြိမ်ခံနေပေမဲ့၊ ဝေဝေ့ကတော့ ငြိမ်မခံနိုင်ပေါင်"

ဝေဝေ့လေးက ဖေးယိယန်၏ လည်ပင်းသားတွေဆီ ခေါင်းလုံးလုံးလေးကို အပ်လျှက်၊ လက်သေးသေးလေးတြွေဖင့် ဖေးယိယန်ကို တင်းကြပ်စွာ ဖက်ထားရင်း၊ ဂုဏ်ယူသလို ပြောလာ၏။

" ဒီမယ်... ရှင်က ဒီကလေးနှစ်ယောက်ကို မွေးတဲ့သူလား?"

ဒေါသထွက်နေသယောင် အသံတစ်ခုက ပေါ်ထွက်လာတော့၊ ဖေးယိယန်၏ ခရမ်းနုရောင်မျက်ဝန်းတို့သည် အသံပိုင်ရှင်ရှိရာသို့ ကျရောက်သွားချေ၏။

" ဟုတ်တယ်။ ကျုပ်ပဲ။ ကျုပ်ကိုယ်တိုင် ဒီကလေးနှစ်ယောက်ကို မွေးထားတာ။ ဘာကိစ္စရှိလဲ?"

ဖေးယိယန်၏လေသံခပ်မာမာကြောင့်၊ ထျန်းမော့ချီက ဖေးယိယန်၏ အင်္ကျီလက်စကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး၊ 'လေသံသိပ်မမာပါရန်' သတိပေးသလိုလေး ပြုမူလာလေသည်။

ဖေးယိယန်သည် သူ့အင်္ကျီလက်စကို ဆွဲနေသည့် ထျန်းမော့ချီအား ခပ်စူးစူး အကြည့်တစ်ချက်ပေးကာ၊ အင်္ကျီလက်စကို ပြန်ဆောင့်ဆွဲလိုက်လေပြီး၊ အယ်ဖာအမျိုးသမီး၏ ခပ်တင်းတင်း အကြည့်ကို တန်ပြန်ရင်ဆိုင်လိုက်လေသည်။

သွေးသန့်အယ်ဖာအမျိုးသမီးဖြစ်ပုံရသည့် အနှီမိန်းမပျိုသည် ဖေးယိယန်၏ အကြည့်တစ်ချက်ကို ရင်ဆိုင်လိုက်ရသည့်အခါ၌၊ အနည်းငယ်တွန့်ဆုတ်သွားချေသည်။

အယ်ဖာအမျိုးသား၏ အိုမီဂါသည် ထိုမျှလောက်တောင် စိတ်ခွန်အားမှာ သာလွန်နေသည်တဲ့လား? အယ်ဖာအမျိုးသား၏ ခန္ဓာကိုယ်နှင့်ခွန်အားကို မယှဉ်နိုင်သော်လည်း၊ ထိုသူ့၏ ပတ်ဝန်းကျင်အငွေ့အသက်သည် စိတ်ဓာတ် သန်မာမှုနှင့် ယောကျာ်းဆန်သည့်အငွေ့အသက်တို့ ပေါ်ထွက်နေ၏။

" ကောင်းပြီ။ ရှင့်သမီးက ကျွန်မသားကို ဒီလို စုတ်ပြတ်သတ်သွားအောင် ရိုက်လိုက်တယ်။ ရှင့်ကလေးကို ပြန်ဆုံးမပေးဖို့ မျှော်လင့်ပါတယ် ...."

ဖေးယိယန် ထိုအမျိုးသမီး၏ နံဘေးက ဝတုတ်ကောင်လေးကို တစ်ချက်လှမ်းကြည့်လိုက်၏။ တကယ့်ကို ဖူးယောင်နေသည်ပင်။ ဝတုတ်နေရသည့်ကြားထဲ၊ ဒီလိုမျိုး ဖူးယောင်နေအောက် အရိုက်ခံထားရသဖြင့်၊ မျက်နှာလေးတောင် သိပ်မပေါ်တော့ပေ။

" ကျုပ်သမီးကို ပြန်ဆုံးမပေးစေချင်တယ်တဲ့လား?"

ဖေးယိယန် တည်ငြိမ်စွာပင် ဝေဝေ့ကို ချီထားရာကနေ၊ မြေကြီးပေါ် ချလိုက်ရင်း၊ ခနဲ့ပြုံးပြုံးလျှက်၊ ထိုအမျိုးသမီးကို စိန်ခေါ်ဟန် ကြည့်လာ၏။

" ဝေဝေ့..."

ဝေဝေ့က သူမဒယ်ဒီ သူမကို ဆူပူလာတော့မည့်အချိန်ကို ခေါင်းလေး ငုံ့ကာ စောင့်နေ၏။ သူမ၏ အားနည်းလှစွာသော မောင်ငယ်လေးကို ကာကွယ်ပေးတာက သူမ အပြစ်မှမဟုတ်မှ မဟုတ်ပေပဲ။ ဒါပေမဲ့ ဒယ်ဒီ ဆူပူလျှင်တော့၊ သူမ နာခံရမည်ပင်။

" ဒယ်ဒီ့သမီးလေး ဒီဝတုတ်ကို ရိုက်လိုက်တာ တော်လိုက်တာ။ fight တာ ကောင်းသားပဲ..."

ခေါင်းလေး ငုံ့ကိုင်းနေသည့် ကလေးမလေး၏ မျက်ဝန်းလေးတွေက တဖြတ်ဖြတ် လင်းလက်လာကာ၊ သူမ၏အဖေဖြစ်သူအား သူရဲကောင်းကြီးသဖွယ် ကြည့်လာချေသည်။

ထိုအမျိုးသမီး၏ မျက်နှာသည် နီရဲလာပြီး ၊ အော်ဟစ်လာလေတော့သည်။

" ရှင်! ရှင်! ဘာစကားပြောလိုက်တာလဲ?"

" လူစကားပြောတာလေ။ နားမလည်တာတော့ ကျုပ်လည်း မတတ်နိုင်ဘူး"

" ဖေးယိယန်! "

ထျန်းမော့ချီသည် ဘေးတွင် ရပ်ကြည့်မနေနိုင်တော့ဘဲ၊ ဖေးယိယန်ကို အပြေးတားရတော့၏။ သူတို့သမီး လွန်တာ မဟုတ်ပေမဲ့၊ မိဘဖြစ်သည့်သူတို့ကတော့ နည်းနည်း ဆုံးမပဲ့ပြင်ပေးရမည်မဟုတ်ပါလား။ ဖေးယိယန်သည် ကလေးတွေကို စိတ်မရှည်တတ်ပေမဲ့၊ တော်တော်လေး လက်လွတ်စပါယ် အလိုလိုက်သည့်အထဲ ပါလွန်းသည်။

" မင်း ပါးစပ်ပိတ်ပြီး နေစမ်း၊ နောက်မှ မင်းနဲ့ငါ စာရင်းရှင်းမယ်။ "

ဖေးယိယန် သူ့ကို လာတားနေသည့် ထျန်းမော့ချီကို တွန်းလွှတ်ကာ၊ အယ်ဖာအမျိုးသမီးရှိရာ အကြည့်ပို့လိုက်၏။

" ခင်ဗျားကလေးက အရင်အနိုင်ကျင့်တုန်းကကျတော့ အဆင်ပြေတယ်ပေါ့။ ကျုပ်ကလေးက ပြန်လုပ်တော့  ကျုပ်သမီးကို ပြန်ဆုံးမပေးရအုံးမယ်ပေါ့လေ? ဒါဆို ခင်ဗျားဘာသာ ခင်ဗျားကလေးကို အရင်ဆုံးမနေလိုက်"

" ကျွန်မကလေးက ရှင့်သားကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်ခဲ့လို့လား? ဒီတိုင်း ကလေးဆိုတာ စိတ်အခန့်မသင့်တာတော့ရှိမှာပဲ။ ဒါကို ရှင့်သမီးက ကျွန်မသားကို ထိခိုက်ဒဏ်ရာရအောင် လုပ်တာလေ"

ဖေးယိယန် ဟက်ဟက်ပက်ပက် ရယ်မောရင်း ၊ ရွဲ့တဲ့တဲ့ဆိုလာ၏။

" ခန္ဓာကိုယ်မှ ဒဏ်ရာမရတာနဲ့ ဒဏ်ရာလို့ မခေါ်တော့ဘူးလား? ကျုပ်သားလေး အနိုင်ကျင့်ခံရလို့၊ စိတ်ဒဏ်ရာ ရသွားခဲ့ရင်ရော ခင်ဗျား တာဝန်ယူမှာတဲ့လား? "

" မကျေနပ်ရင် လဲသေလိုက်။ ကိုယ့်သားသမီး ကိုယ် အရင်ဆုံးမထား။ လာအနိုင်ကျင့်လို့ ပြန် ခံရရင်လည်း ချောင်လေးထဲ ကပ်နေလိုက်! ကျုပ်သားနဲ့သမီးကို လာအော်နေစရာ မလိုဘူး"

အယ်ဖာအမျိုးသမီး၏ မျက်နှာသည် မာထန်သွားချေသည်။

ကျောင်းအုပ်အခန်းထဲရှိ လေထုအခြေအနေသည် ပို၍ တင်းမာလာလေသောကြောင့်၊ မူကြိုကျောင်းအုပ်ဆရာမကပါ ဝင်ထိန်းလာရတော့သည်။

" ရန်မဖြစ်ကြပါနဲ့ရှင်။ ကလေးတွေလည်း အခုမှ အစမို့ ဒီတိုင်း မသင့်မြတ် ဖြစ်တာလေးပါပဲ။ ရင်းနှီးသွားကြရင် ရန်မဖြစ်လောက်တော့ပါဘူး။  မိဘအချင်းချင်း ရန်မဖြစ်ကြဘဲ၊ အရင် ပြေလည်အောင် ညှိနှိုင်းကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်..."

" ဒါဆို ခင်ဗျားကရော ဘာလို့ မိဘခေါ်နေရသေးလဲ?"

ဖေးယိယန်၏ ဒေါသသည်ကား ကျောင်းအုပ်ဆရာမဘက်သို့ ဉီးတည်လာ၏။ ပြောစရာစကားတို့ ပျောက်ရှသွားရှာသည့် ဆရာမကို ကြည့်ရင်း.... ဖေးယိယန်ဟာ နူတ်ခမ်းလွှာတို့ ဖွင့်ဟလာလေသည်။

" ကျုပ်သား အနိုင်ကျင့်ခံနေရတုန်းကတော့ ဆရာမဆိုတဲ့ခင်ဗျားကရော ဘယ်ရောက်နေတာလဲ? ဘာလဲ...အာ့ဒီမိန်းမကို မျက်နှာလိုက်တာလား?"

ထိုအမျိုးသမီးဟာ စီးပွားရေးမဂ္ဂဇင်းများ၌ ပါသည့် နာမည်ကြီးအမျိုးသမီးတစ်ဉီးဆိုတာ ဖေးယိယန် သိလေသည်ပင်။

ဆရာမသည် မျက်စိမျက်နှာပျက်လျှက်ကနေ၊ ခေါင်းခါပြလာ၏။
" မဟုတ်ပါဘူးရှင်...ကျွန်မလည်း မိဘအချင်းချင်း ကလေးတွေကို ပြန်ညှိနှိုင်းပေးလိုက်ကြရင် ပိုအဆင်ပြေမယ်ထင်လို့...မိဘခေါ်လိုက်မိတာပါ"

" တော်တော့။ ခင်ဗျားရယ်။ ကလေးတွေအရှေ့မှာ..."

ထျန်းမော့ချီ ဖေးယိယန်ကို အားကိုးတကြီး ခေါ်လိုက်မိတာကို မှားပြီဟု ခံစားလိုက်ရတော့သည်။

ထျန်းမော့ချီ ဝတုတ်ကလေးဆီ သွားလိုက်ပြီး၊ ညင်သာစွာ ကိုယ်ကို ကိုင်းညွှတ်လိုက်ကာ မေးလိုက်၏ ။

" ဒီက ကလေးက ဉီးရဲ့သားလေးကို အနိုင်ကျင့်ခဲ့တာလား?"

မျက်နှာမှာ ခရမ်းစွဲရောင်အညိုအမဲတွေ ပြည့်နှက်နေသည့် ကလေးလေးက ခေါင်းမော့ကြည့်လာရင်း၊ ခေါင်းညိတ်ပြကာ၊ ဝန်ခံလာ၏။

" ဘာလို့လဲ?"

" သူက အရမ်းအားနည်းနေလို့။ "

ထျန်းမော့ချီ မိမိ၏ ငယ်စဉ်တုန်းက အားနည်းသဖြင့်၊ လူတိုင်း၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည့် အတိတ်တွေကို ပြန်လည်အမှတ်ရသွားသဖြင့်၊ ဝမ်းနည်းစိတ်တို့သည် လေပြင်း၏ပြင်းပြသည့်ရိုက်ခတ်မှုကို ခံလိုက်ရရှာပါသည့် သစ်ရွက်ငယ်လေးအလား....အလူးအလဲ ခံစားလိုက်ရချေသည်။

ဝတုတ်လေးက ဆက်၍ ဆိုလာ၏။
" ပြီးတော့ သူ့မျက်လုံးတွေက အရောင်မတူဘူးလေ။ သူ့မျက်လုံးတွေက လှတယ်။ သူနဲ့အတူတူ ဆော့ချင်တာကို သူက ကြောက်ပြီး သူအစ်မဆီ ငိုပြေးသွားတာ။ ဒါနဲ့ သားလည်း သူတို့ဆီက အရုပ်တွေ အကုန်လုယူလိုက်တယ်။ အာ့တာကြောင့်  ဟိုကောင်မလေးနဲ့ ရန်ဖြစ်ကြတာပါ"

ဖောင်းကားကာ၊ လုံးတစ်နေသည့် ကလေးက ရိုးသားစွာပင် မချွင်းမချန် ပြောလာ၏။

ထျန်းမော့ချီ ရယ်မောမိလိုက်ရင်း၊  ကလေးငယ်လေး၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ပေးလိုက်၏။

" ဉီးသားလေး စစ်ရီက လူကြောက်တတ်လို့ပါ။ သူနဲ့သူငယ်ချင်းဖြစ်ချင်ရင် ဒီလို အနိုင်မကျင့်နဲ့နော်။ စစ်ရီလေးက ပိုကြောက်သွားမှာပေါ့။ နောက်ဆို အတူတူ သင့်သင့်မြတ်မြတ် ကစားကြမယ်မှတ်လား?"

ထျန်းမော့ချီ စစ်ရီလေး၏ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ၊ ထိုဝတုတ်ကလေးလေးရှိရာသို့ ခေါ်ရင်း သင့်မြတ်အောင် ဖြန်ဖြေပေးလိုက်ချေသည်။

ကျောင်းအုပ်ဆရာမနှင့် ကျန်းမေ့ရှင်းသည် ထျန်းမော့ချီကို အံ့သြစွာ ကြည့်လာကြသည်။ ဒီအယ်ဖာပါးပါးက သူ့အိုမီဂါမရောက်ခင်တုန်းကတော့ လူတွေကို စကားမပြောဘဲ၊ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်လေ။ ယခု သူ့အိုမီဂါ ရောက်လာမှပဲ ဒီလို ဖြန်ဖြေပေးလာတော့သည်။ အရင်ထဲ ဒီစွာတေး အိုမီဂါကို မခေါ်ဘဲ ဖြန်​ဖြေပေးလိုက်ပါတော့လား။ ဒါဆို ပြဿနာ ယခုလောက် ကြီးမသွားတော့ဘူးလေ!

သူတို့ မသိကြသည်မှာ၊ ထျန်းမော့ချီဟာ သူ့အိုမီဂါ ရှိမှသာ၊ သူ့အနောက်မှာ သူ့ကို အမြဲ ထောက်ပံ့ပေးနေသည့် တံတိုင်းတစ်ခုရှိသလို၊ ခံစားရပြီး လုံခြုံသည့်ခံစားချက်မျိုး ရရှိသည်ဆိုတာကိုပင်။

" ငါ့နာမည် ကျန်းနန်ပါ။ နောက်ဆို အနိုင်မကျင့်တော့ပါဘူး။ သူငယ်ချင်း လုပ်ရအောင်"

ဝတုတ်နေသည့် လက်ဖြူဖြူသေးသေးလေးသည် ထျန်းစစ်ရီအရှေ့သို့ ရောက်လာ၏။

လူကြောက်တတ်သည့် ထျန်းစစ်ရီက သူ့ပါးပါးဖြစ်သူ ထျန်းမော့ချီ၏ ခြေထောက်ကို ဖက်ရင်း၊ ထိုကလေးကို ချောင်းကြည့်နေဆဲ။

" နူတ်ဆက်လိုက်လေ...စစ်ရီ..."

" ငါ_ငါက စစ်ရီပါ...။ "

ကျန်းမေရှင်း သူမသားဖြစ်သူကို ကြည့်ကာ၊ သက်ပြင်းချမိလိုက်သည်။ သူမသားသည် ဖခင်မဲ့ရှာသည့် ကလေးငယ်မို့ သူမ တော်တော်အလိုလိုက်မိခဲ့သဖြင့်၊ ကလေးတွေကို အနိုင်ကျင့်တတ်လာသည်မှာ မိခင်ဖြစ်သည့် သူမ၏ အမှားလည်း ပါဝင်ပေသည်။

" ကျွန်မ ကလေးအမှားလည်း ပါလို့ တောင်းပန်ပါတယ်။"

ကျန်းမေရှင်း ပြေရာပြေကြောင်းသာ ပြောလိုက်လေတော့သည်။

ဖေးယိယန်ကတော့ မျက်နှာတည်တင်းစွာ ထျန်းဝေဝေ့ကို ချီ'မကာ၊ ကျောင်းခန်းအပြင်သို့ ခြေသံပြင်းပြင်းဖြင့်သာ ထွက်သွားလေတော့သည်။

ထျန်းမော့ချီ ထျန်းစစ်ရီကို ချီပိုးလိုက်ကာ၊ ကျန်းမေရှင်းနှင့် ကျောင်းအုပ်ဆရာမကို နူတ်ဆက်လိုက်တော့သည်။

" ကျွန်တော့်အမျိုးသားလေးက နည်းနည်း စိတ်ဆတ်တတ်လို့ စိတ်မရှိပါနဲ့ဗျာ...သွားလိုက်ပါဉီးမယ်"

နူတ်ဆက်ရင်း...အယ်ဖာလေးသည် အိုမီဂါထွက်သွားရာ နောက်ကို  အပြေးလေးလိုက်ပါသွားချေတော့သည်။

ကျန်ခဲ့သည့် အမျိုးသမီးနှစ်ယောက် ခံစားလိုက်ရသည်မှာ တစ်ခုခု လွှဲချော်နေသည်ဟုပင်။

>>>>><<<<<<

တစ်စုံတစ်ယောက်၏ တည်တင်း အေးစက်မှုကြောင့် အိမ်ထဲရှိ လေထုသည် အေးစိမ့်နေလျှက်။

" ဝေဝေ့...သမီးရဲ့မောင်လေးကို ခေါ်ပြီး ခဏ အပြင်မှာ သွားဆော့နေလိုက်! ဒယ်ဒီ ပြန်ခေါ်မချင်း မလာခဲ့နဲ့ "

အဖေချစ် ကလေးမလေးသည် သူ့အဖေ၏ တသွေးတမိန့်အတိုင်း၊ သူမ၏မောင်လေး၏ လက်ကို ဆွဲကာ အိမ်အပြင်သို့ ခေါ်ဆောင်သွားတော့သည်။

တိတ်ဆိတ်မှုသည် အိမ်ထဲ၌ ညဥ့်နက်၏ သန်းခေါင်ယံပိန်းမှောင်မှုအလား... ။

ထျန်းမော့ချီ ထိုလေထုဖိအားကို မခံနိုင်၍၊ လက်နက်ချအရှုံးပေးလိုက်ပြီး၊ ဖေးယိယန်ကို အသံအေးအေးလေးဖြင့် ခပ်တိုးတိုးပြောလာတော့သည်။

" ခင်ဗျားကလည်းဗျာ...ကလေးတွေကို ဒီလောက်ကြီးအထိ မြှောက်မပေးနဲ့လေ။ ​ကြီးလာလို့ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ?"

ဖေးယိယန်၏ ဒေါသသည်ကား ပေါက်ကွဲထွက်လာတော့သည်။

" ထျန်းမော့ချီ! မင်းဆိုလိုချင်တာက ငါ့သားသမီးက သူများအနိုင်ကျင့်တာကို ငြိမ်ခံနေရမှာလား! "

" ဒီလို မဟုတ်ဘူးလေ...။ အခုက_"

" မင်းပါးစပ်ကို ပိတ်ထား။ စစ်ရီက ယောကျာ်းလေးကွ! မင်း ဒီလို သူ့ကို ပျော့ပျော့ညံ့ညံ့ သင်ကြားပေးနေလို့ ကြီးလာရင် သူများအနိုင်ကျင့်ခံဘဝနဲ့ နေနေရလိမ့်မယ်!"

ထျန်းမော့ချီ ဒေါသတကြီးဟစ်အော်နေသည့် သူ့အိုမီဂါအရှေ့မှာ ခေါင်းလေး ငုံ့နေမိတော့သည်။

ဖေးယိယန် အယ်ဖာလေးကို ချစ်ပေမဲ့၊ တစ်ခါတစ်ရံ ဒေါသဖြစ်မိသည်။ ယခုလိုအချိန်မျိုးတွေမှာပေါ့။

ဖေးယိယန် ထျန်းမော့ချီ၏ လည်ပင်းအင်္ကျီစဆွဲဆုပ်ကာ၊ မျက်နှာကို ဆွဲမော့လိုက်၏။ အညိုရောင်မျက်ဝန်းတွေထဲက ဝေ့တတ်နေသည့် အရည်ကြည်လဲ့လဲ့သည် ယခုမူ သူ့ကို သနားစိတ် မဝင်စေ။ အယ်ဖာ၏ ပျော့ညံ့မှုကြောင့် ပို၍ပင် ဒေါသထွက်လာရ၏။

" မင်းက ဘာကိစ္စ အာ့ဒီမိန်းမနှစ်ယောက်ရှေ့မှာ ယောကျာ်းကြီးတန်မဲ့နဲ့ ငြိမ်နေရတာလဲ? မင်းမှာ ပါးစပ်မပါဘူးလား? မင်းက ဘာလို့ ဒီလိုမျိုး ပျော့ညံ့ပြနေရတာလဲလို့!"

" မင်းရဲ့သားသမီးတွေရှေ့မှာ ဘာလို့ ဒီလိုသောက်သုံးမကျသလို ပျော့ညံ့ပြနေတာလဲ?! ဖြေစမ်းပါ..."

" ကျွန်_ကျွန်တော်က "

" နောက်ဆို ငါ့သားသမီးတွေကို ဆုံးမနေရင် မင်း ဝင်မပါနဲ့"

ဖေးယိယန် ခြံအပြင်ထွက်ကာ၊ ထျန်းစစ်ရီကို ဆွဲမ'လိုက်လေပြီး၊ အခန်းထဲ ဝင်ကာ လော့ခ်ချလိုက်လေတော့သည်။ စစ်ရီလေးကတော့ ဖေးယိယန်၏ ဒေါသကို ခံစားလိုက်ရသဖြင့်၊ မျက်ရည်တွေ ကျဆင်းကာ၊ သူ့ပါးပါးကို အော်ခေါ်နေလျှက်။

ထျန်းမော့ချီ သူ့အိုမီဂါ၏ ယခုလို ဒေါသတကြီး အပြုအမူကို ကြောင်'အစွာ ငေးကြည့်နေရင်းကနေ၊ အခန်းတံခါးလော့ခ်ချသွားတော့မှသာ သတိပြန်ဝင်လေတော့သည်။

စိုးထိတ်သွားသည့် ပူလောင်လာသည့် ရင်ထဲတွင်း မီးကြောင့် ထျန်းမော့ချီ အခန်းတံခါးကို တဒုန်းဒုန်း ထုရိုက်နေမိတော့သည်။

" ဖေးယိယန် ခင်ဗျား ကျုပ်သားကို တစ်ခုခု လုပ်ရင် ကျုပ် အဆိုးမဆိုနဲ့နော်!"

ဝေဝေ့သည်လည်း သူမလေး၏ မိဘတွေကို ကြည့်ရင်း၊ တသိမ့်သိမ့် ဖြင့် တုန်ရီနေလျက်။ အမြဲလိုလို ညင်သာ နူးညံ့သိမ်မွေ့နေတတ်သည့် သူမ၏ပါးပါးဖြစ်သူ၏ ဒေါသဖြစ်မှုကို ငေးကြည့်နေရင်း....။

ဖေးယိယန် သူ့၏ငိုယိုနေသည့် သားငယ်ကို ကြည့်ကာ၊ စိတ်ရှုပ်လာရတော့သည်။ ဒီကလေး ပို၍ ပျော့ညံ့မသွားအောင်၊ သူ ဆုံးမပဲ့ပြင်ပေးရမည်ပင်။

" မင်း ငိုနေတာ အခုရပ်စမ်း!"

ကလေးတစ်ယောက်၏ အပြစ်ပေးမှုနှင့်လိုက်ဖက်အောင်၊ သူ တစ်ခုခု လိုက်ရှာလိုက်တော့၊ သူ့မျက်စိထဲ ဝင်လာတာက အမှိုက်ရှင်းသည့် 'ငှက်မွှေးတုတ်တံ'လေး။

" အခု လက်ပိုက်ထားစမ်း!"

ဖေးယိယန် ထိုငှက်မွေးတုတ်တံဖြင့်၊ သူ့လက်ကိုသူ ခပ်ဆဆ ပြန်ရိုက်ကြည့်ကာ၊ သူ့အားကိုသူ ပြန်ချိန်ဆလိုက်ပြီးနောက်၊ ကလေးတစ်ယောက် အရမ်းမနာသွားစေလောက်ဘူးဆိုတာ သေချာသွားသည့်အချိန်မှသာ၊ စစ်ရီကို  ဆုံးမဖို့ဟန်ပြင်လိုက်တော့သည်။

" ခြေသလုံးကို မ'ထား!"

" မင်းအပြစ် မင်းသိလား?"

စစ်ရီလေးက ငိုရင်း ခေါင်းခါပြလာ၏။

" သူများ အနိုင်ကျင့်တာခံလာတာပဲ!"

ကလေးငယ်၏ ခြေသလုံးဖြူဖြူနုနုလေးက ငှက်မွှေးတုတ်တံလေးကြောင့် နီရဲလာသလို၊ ပို၍ပင် အော်ငိုလာလေသည်။

" နောက်တစ်ခါ သူများ အနိုင်ကျင့်တာ ခံလာဉီးမလား?! ဟမ်?"

စစ်ရီလေးကို ဖေးယိယန်သည် မေးမေးပြီး ရိုက်နေ၏။

စစ်ရီလေးက တသိမ့်သိမ့် တုန်ကာ၊ ငိုယိုနေတာကြောင့်၊ ဖေးယိယန် စိတ်လျော့လိုက်ရတော့သည်။ ကိုယ့်ဗိုက်နှင့်လွယ်မွေးရသည့် ကလေး ငိုယိုနေတာကို မည်သူက ကြည့်ရက်ပါ့မည်လဲ။

" နောက်တစ်ခါ အနိုင်ကျင့်တာ ခံရဲခံလာကြည့်! ဒီထက်ဆိုးမယ်မှတ်!"

အပြင်ကနေ အော်ဟစ်နေသည့် ထျန်းမော့ချီဟာ တံခါးဖွင့်ပေးပြီးချင်းမှာပဲ၊ ငိုယိုနေသည့် စစ်ရီကို ပြေးပွေ့ရင်း၊ ခြေသလုံးဖြူနုနုလေးက အရှိုးရာတို့ကို မြင်သွားချိန်မှာ၊ ဖေးယိယန်ကို စူးစိုက်ကြည့်လာချေသည်။

ထျန်းမော့ချီသည် ကလေးတွေကို အခန်းအပြင်ဘက်မှာ ထားလိုက်ရင်း၊ တံခါးကို ဆောင့်ပိတ်လိုက်ချေ၏။

" ဘာလဲ? ဘာလုပ်ချင်လို့_"

ဖေးယိယန်၏ရန်ထောင် ပြောနေကြစကားလုံးတို့သည် ပါးပြင်ထက်က နာကျင်မှုတစ်ခုကြောင့်၊ ပျောက်ရှသွားလေတော့သည်။

ထျန်းမော့ချီက သူ့ကို တကယ်ကြီး ထိုးလိုက်တာပင်!

ဖေးယိယန် ကြောင်အ'နေလျှက်၊ ထျန်းမော့ချီကို စိုက်ကြည့်နေမိဆဲ။

" ခင်ဗျား ကျုပ်ကို ပျော့ညံတယ်ပြောလည်း ကိစ္စမရှိဘူး! ကျုပ်ကလေးတွေကို ဒီလို ဘာလို့လုပ်တာလဲ?! ဒါ ခင်ဗျား မွေးထားတဲ့ကလေးတွေ! ခင်ဗျားမှာ လူစိတ်မရှိဘူးလား?!"

" ငါ_"

ထိုသို့သော ကြမ်းတမ်းခက်ထန်လွန်းလှသည့် ထျန်းမော့ချီ၏ မျက်နှာအခြမ်းသည် သူနှင့် စိမ်းသက်နေလွန်းလှသည်။ သူ့ကို ထိုးကြိတ်နေသည့်ထိုသူဟာ သူ ချစ်ရသည့်အယ်ဖာနှင့် လုံးဝ တူညီမနေခဲ့။

ထျန်းမော့ချီက အံကြိတ်ရင်း၊ မျက်ရည်တွေ ဝေ့ဝဲနေရင်းကနေ၊ သူ့ကို မဆက်မပြတ် ထိုးကြိတ်ကန်ကျောက်နေတာကို ဖေးယိယန် ကြောင်အ'စွာ ခံယူနေလျှက် ။

" ကွာရှင်းကြမယ်။ ကျုပ်ကလေးတွေကို ခင်ဗျား ဒီလိုလုပ်တာ ကျုပ် လက်မခံနိုင်ဘူး"

ဖေးယိယန် နာကျင်နေသည့် ခန္ဓာကိုယ်ကို အမူမထားမိစွာပဲ ဆက်ခနဲ မတ်တပ်ရပ်မိလိုက်တော့သည်။

ဖေးယိယန် ထျန်းမော့ချီကို  တွန်းထုတ်ရင်း၊ လက်သင့်မခံနိုင်စွာ အော်ထုတ်လာချေသည်။

" မင်း ဘာစကားပြောတာလဲ? ငါ လုံးဝ မကွာရှင်းပေးနိုင်ဘူးနော်!"

" ကျုပ်ကလေးတွေမှာ ခင်ဗျားလို အဖေမျိုး မလိုဘူး! "

ဖေးယိယန် ထျန်းမော့ချီလက်ကို လှမ်းဆုပ်ကိုင်ရင်း....။

" ကိုယ်_ကိုယ် တောင်းပန်ပါတယ်။ စစ်ရီ ကြီးလာရင် အမြဲဒီလိုဖြစ်နေမှာဆိုးလို့ပါ။ "

" အိမ်ပေါ်က ဆင်းသွား!"

" မဆင်းဘူး!"

အိမ်ပေါ်က ဆင်းခိုင်းနေ၍၊ တွယ်ဖက်ထားသည့် ဖေးယိယန်ကို ထျန်းမော့ချီက အားအပြည့်သုံးရင်း....၊ အခန်းထဲကနေ ဆွဲထုတ်လျှက်၊ အိမ်အပြင်သို့ ဆွဲခေါ်သွားလေတော့သည်။

" ခင်ဗျားမှာ ယောကျာ်းမရှားပါဘူး! ကျုပ်နဲ့ကျုပ်ကလေးတွေက အနိုင်ကျင့်မနေနဲ့တော့! ထွက်သွား!"

ဆောင့်ပိတ်ချလိုက်သည့် အိမ်တံခါးအရှေ့မှာ ဖေးယိယန် ငူငူကြီး ထိုင်ချမိလိုက်ချေ၏။ ခန္ဓာကိုယ်နေရာအနှံ့က နာကျင်မှုတို့ကို ဂရုမထားမိ။ အိမ်ထဲကိုသာ ငေးကြည့်နေမိသည်။

" ထျန်းမော့ချီ! မင်း အခု အိမ်တံခါးဖွင့်နော်!"

" ငါ ကွာရှင်းမပေးဘူးလို့!"

" ကွာရှင်းရင်တောင် ငါ့ကလေးနှစ်ကောင်ကို ငါ ခေါ်သွားမယ်!"

အိမ်တံခါးကို ကန်ကျောက်ရင်း၊ အော်ပြောနေပါသော်လည်း၊ တုံ့ပြန်သံကမူ နတ္ထိ။

ညနေခင်းဖြစ်သော်ငြားလည်း၊ ဆောင်းဉီးရာသီ၏ အစပြိုးမှုကြောင့်၊ အေးစိမ့်နေသည့် ရာသီဥတုသည် ရင်ထဲက ဝမ်းနည်းမှုနှင့်၊ အပူမီးကို မငြှိမ်းသက်နိုင်ခဲ့....။

" အေးပါ...ထျန်းမော့ချီ! မင်းပဲ ခေါင်းမာနိုင်မလား ငါပဲ ခေါင်းမာနိုင်မလား ကြည့်ကြတာပေါ့ကွာ!"

" ငါ တစ်နေကုန် အိမ်ရှေ့မှာပဲ နေမှာနော်!"

အိမ်ရှေ့တံခါးဝမှာ ဆောင့်ကြောင့်ရင်း၊ သူ့ကို ကွက်ကြည့်၊ကွက်ကြည့်လုပ်နေကြသည့် လမ်းသွားလမ်းလာတွေကို တိတ်တဆိတ်ဆဲရေးနေမိတော့သည်။

ယောကျာ်းဖြစ်သူ၏ အိမ်ပေါ်က နှင်ချခံရတာက ဘာတွေများ ဒီလောက်ထူးဆန်းနေတာလဲ?
လင်းမယားတွေ ရန်ဖြစ်တာကို မမြင်ဖူးကြဘူးလား? လောကကြီးကလူတွေ ဒီလောက်တောင် အားယားနေကြတာလား?

ပေတေတေ၊ မှုပ်ကုပ်ကုပ်ဖြင့် အိမ်ရှေ့မှာ ထိုင်ချနေသည့် ဖေးယိယန်သည်ကား သနားချင့်စဖွယ်ကောင်းသလို၊ ရယ်ချင်စရာလည်း ကောင်းနေပြန်သေးသည်။

" ဘာလဲ? အိမ်ရှေ့မှာ ထိုင်တတ်တဲ့သူကို မမြင်ဖူးလို့လား? ကြည့်ကျက်သွား။ ခလုတ်တိုက်လဲနေမယ်!"

လမ်းသွားလမ်းလာ ကောင်မလေးတစ်ယောက်က ဖေးယိယန်ကို  ခိုးပြီး လှမ်းကြည့်လာလေတော့ ဘုတေမိလိုက်ချေသည်။

" အံ့ဘ! ကိုယ့်ယောကျာ်းနဲ့ ကိုယ် ရန်ဖြစ်တာလည်း သူတို့သောက်ပူကျနေတာပဲ!"

ဖေးယိယန်သည် အယ်ဖာလေးကို မနိုင်သဖြင့်၊ သူ့မျက်စိရှေ့မှာ ရှိရှိသမျှ၊ လူကော၊ တိရစ္ဆာန်တွေကိုပါ အပြစ်တင်ရင်း....။

နေဝင်လာသော်လည်း....၊ အိမ်တံခါးသည် ပွင့်မလာခဲ့။ ဖေးယိယန် ခန္ဓာကိုယ်ကို ထောက်ကန်ရင်း ထရပ်ကာ၊ ပြတင်းပေါက်ကနေ ချောင်းကြည့်ဖို့ လုပ်သော်လည်း...၊ လိုက်ကာစတွေကြောင့် မမြင်ရပေ။

ဗိုက်ဆာလာတာကြောင့်၊ ခြံအပြင်ထွက်ရင်း...၊ လမ်းထဲက ဝယ်နေကျ မုန့်ဆိုင်ဆီ ဉီးတည်လိုက်၏။ သူ့မှာ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် မောင်းထုတ်ခံလိုက်ရရှာ၍၊ ဖုန်းကော၊ ပိုက်ဆံပါ ပါမလာခဲ့။

ခန့်ညားသည့် မျက်နှာထက် ဖြစ်တည်နေသည့် ဒဏ်ရာ၊ ဒဏ်ချက်တွေဟာ ဖေးယိယန်၏ တော်ဝန်ဆန်မှုကို ယုတ်လျော့မသွားစေခဲ့ပေ...။ ပို၍ပင် အရိုင်းဆန်ကာ လှပနေစေသည်။

စိတ်မကြည်၍၊ မိုက်တိမိုက်ကန်းရုပ်ပေါက်နေတာကြောင့်၊ ဖေးယိယန် ဝယ်စားနေကြ မုန့်ဆိုင်က ကောင်လေးသည် တုန်ရီနေ၏။

စားချင်သည့် မုန့်တွေကို ယူပြီးနောက်...ပြောလာသည်က...။

" ငါ့ယောကျာ်းနာမည်နဲ့ အကြွေးမှတ်လိုက်! သူ ရှင်းပေးလိုက်မယ်"

" အကြွေးမရ_အယ်"

" ငါ့မှာ ပိုက်ဆံမပါဘူး...မကျေနပ်ရင် ငါ့ယောကျာ်းဆီ သွားတောင်း!"

ဖေးယိယန် ဆိုင်ရှင်ကောင်လေး၏ ကြောက်ကြောက်လန့်လန့်နဲ့ အလိုက်တသိ ချပေးလာသည့် ကော်ထိုင်ခုံပုလေးမှာ ထိုင်ချကာ၊ ဗိုက်ဖြည့်လိုက်လေတော့သည်။

ဈေးဝယ်သူ နည်းပါးနေတာကြောင့်၊ သူနဲ့  ရင်းနှီးနေသည့် ဆိုင်ပိုင်ရှင်ကောင်လေးက သူ့အနားမှာ စပ်စုဖို့ လုပ်လေတော့သည်။

" အကို ဘယ်လိုဖြစ်လာတာတုန်း?"

ဗိုက်ဆာလွန်း၍ ပါမုန့်တွေကို ထိုးသွတ်နေရင်းကနေ၊ ထိုသို့မေးလာတော့၊ သာမာန်အချိန်တွေမှာ ပျော့ညံ့လေ့မရှိသည့် ဖေးယိယန်သည်ကား ငိုချင်လာရတော့သည်။

ပါးမို့လေးတွေ ဖောင်းကားအောင် ဝါးနေရင်း...၊ ငိုချင်နေတာကြောင့် ခရမ်းရောင်မျက်ဝန်းတို့၏ အဆုံးသတ်နယ်နိမိတ်ဖျားလေးတွေက နီစွေးနေသည့် ပုံရိပ်လေးဟာ ကြည့်သူအဖို့ ကရုဏာသက်ဖွယ်ရာဖြစ်သလို၊ ပူလောင်ပြင်းပြမှုတစ်ခုကို ဖြစ်ပေါ်လာအောင် နိုးစွပေးနိုင်၏။

အမြဲတမ်း အားမာန်အပြည့်နှင့် အစွယ်ထုတ်လျှက်၊ မာန်ဖြီပြနေတတ်သည့် သားရိုင်းတစ်ကောင်ဟာ တစ်နေ့မှာတော့...သူ့၏ ယဉ်ပါးနူးညံ့ပြီး ညှင်သာသည့် ဘက်ခြမ်းကို ထုတ်ဖော်လာသည်ဆိုပါစို့....။ ဒါက ထိုသားရိုင်း၏ စွဲဆောင်မှုသည် ပို၍ပင် တိုးပွားလာစေသည်မဟုတ်ပါလား။

ထိုအချိန်မှသာ.... ဆိုင်ပိုင်ရှင်ကောင်ငယ်လေးသည် ထျန်းမော့ချီဆိုသည့် အယ်ဖာသည် ဒီလိုဂျစ်တစ်တစ်နှင့်၊ အိုမီဂါ မဆန်သည့် လူကို အရမ်းအဖြစ်သည်းပြနေသလဲဆိုတာ သဘောပေါက်သွားရလေသည်။

" မင်းပဲ စဉ်းစားကြည့်ကွာ..."

ဖေးယိယန်သည် အိမ်က မိန်းမနှင့် အဆင်မပြေလို့၊ အရက်သောက်ရင်း ဘော်ဒါအချင်းချင်း ရင်ဖွင့်သည့်အလား...အစချီလာလေသည်။

ဆိုင်ရှင်ကောင်လေးကတော့ ခေါင်းလေးတညိတ်ညိတ်ဖြင့် နားထောင်ပေးနေလျှက်။ အင်း...ဘာဖြစ်ဖြစ် ဖေးယိယန်က သူ့၏အမြဲတမ်းဖောက်သည် ​ Customer ဖြစ်သဖြင့်၊ နားမထောင်ချင်လည်း နားထောင်ပေးလိုက်ရတော့သည်။ 

ရန်ဖြစ်သည့်အကြောင်းကို ငိုမဲ့မဲ့ဖြစ်ပြောဆိုပြီးနောက်...ဖေးယိယန် ခေါင်းတညိတ်ညိတ် လုပ်နေသည့် ဆိုင်ရှင်ကောင်လေးကို မော့ကြည့်လိုက်လေတော့သည်။

" မင်း အမြင်မှာ ငါက လူဆိုးကြီးလား?"

" မဟုတ်ပါဘူး..."

" ငါ မှားသွားလား?"

" မမှားပါဘူး..."
ဆိုင်ရှင်ကောင်လေးက flow လေး လိုက်ပေးနေဆဲ။

" အာ့ဒီလူ လွန်တာပါဗျာ။ အကိုက မွေးထားရတဲ့သူပဲ ကလေးတွေကို ပိုချစ်တာပေါ့။ ဒီလိုလည်း ရိုက်နှက်လိုက်သေးတယ်။ အိမ်ကနေ မောင်းချလိုက်သေးတယ်...။ ပြတ်လိုက်တော့။"

ဆိုင်ရှင်ကောင်လေးဟာ ပိုပိုသာသာလေး ဖေးယိယန် စိတ်တိုင်းကျစေမည့် စကားတွေ ရွေးပြောလိုက်၏။ ဒါမှ ဈေးရောင်းကောင်းမည်မဟုတ်လား? သူလည်း ပျင်းနေလို့ အာချောင်ပေမဲ့ပေါ့။

" ကလေးတွေကြောင့်ဆိုရင် ကိစ္စမရှိဘူးနော်။ အကိုက အိုမီဂါဆိုတော့ တရားရုံးမှာ ကလေးတွေကို ရပိုင်ခွင့်အနေနဲ့ ပြန်တောင်းရင် ၇၀ ရာခိုင်နှုန်းတော့ သေချာပါတယ်။ ကွာရှင်းပစ်လိုက် အာ့လိုကောင်နဲ့"

ဆိုင်ရှင်ကောင်လေးသည် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်လာမှုကို ခံစားလိုက်ရချေတော့သည်။ ဖေးယိယန်က ဆိုင်အရှေ့ကို နောက်ကျောပေးထိုင်နေ၍၊ ရောက်ရှိလာသည့် ထျန်းမော့ချီကို မမြင်။

" ဟမ့်! မင်းက သူများအိမ်ထောင်ရေးကို ပျက်လိုပျက်စီးလုပ်နေတာပဲ! ငါ့အလှလေးကို ငါက ကွာရှင်းစရာလား! မျောက်လေးတွေက ဘယ်အချိန်မွေးမွေးရတယ်ကွ! တကယ်ပါပဲ ရင်ဖွင့်ပါတယ်ဆိုမှ ပြတ်ခိုင်းနေတဲ့သူနဲ့ လာတိုးနေတယ်။ "

ဖေးယိယန် မျက်ရည်စတွေကို သုတ်ရင်း၊ ပွစိ ပွစိ ဆိုနေလျှက်...။

" ဘယ်ဘဝက သူများအတွဲတွေကို မနာလိုဖြစ်နေတဲ့ဟာတွေနဲ့ လာတိုးနေမှန်းကို မသိဘူး။ FA ဖြစ်ပြီး ဘဝနိဂုံးချုပ်မဲ့ဟာတွေ! "

" အကို...ဟိုလေ..."

" ဘာလဲ။ ထပ်ပြတ်ခိုင်းရင် ငါတော့ အလှလေးကို မပြတ်နိုင်ဘူး! မင်းဟာကိုပဲ ခုတ်ဖြတ်ပစ်မှာ!"

ဆိုင်ရှင်ကောင်လေးသည် ငိုချင်သွားရှာလေတော့သည်။ ဒီတိုင်း အကြံလေးပေးမိတာကို သူ့ဟာကို ခုတ်ဖြတ်ပစ်မည်တဲ့။ ဟိုအယ်ဖာကောင်ကလည်း ဘယ်နေရာက  နူးညံ့နေလို့လဲ? အကြည့်နဲ့ လူသတ်လို့ရရင် သူ သေသွားတာကြာပြီ!

" ကိုကို..."

" ဟင်..."
စားသောက်နေရာကနေ ထျန်းမော့ချီ၏ အသံကြောင့် ထခုန်ကာ၊ လှည့်ကြည့်လိုက်လေတော့သည်။

" အလှလေး...."
အသံရှည်ဆွဲခေါ်လာရင်း... ပို၍ပင် ငိုမဲ့မဲ့ဖြစ်လာသည့် ဖေးယိယန်ကြောင့် ထျန်းမော့ချီ မျက်ခုံးတွေ တွန့်ကွေးသွားရ၏။  သူတစ်ယောက်ထဲ ကြည့်ခွင့်ရမည့် ဖေးယိယန်၏ပျော့ညံ့သည့် sideကို တစ်ပါးသူ မြင်သွားလေတော့၊ စိတ်ထဲက ချဉ်စူးစူးအရသာတစ်ခု ပေါ်ထွက်လာရ၏။

" လာ...ဒီကို"
မုန့်ထုပ်တွေကို ပစ်ချရင်း၊ ဖေးယိယန်၏ အားနည်းသည့်ဘက်အခြမ်းသည် ပို၍ပင် ဖော်ပြလာသည့်အလား။

သူ့၏ကျားကျားယားယားစိတ်ကို ခဏဘေးဖယ်ကာ၊ ထျန်းမော့ချီ၏ ရင်ခွင်ကျယ်ထဲ ပြေးဝင်ရင်း၊ ထျန်းမော့ချီ၏ခါးတွေကို ခြေထောက်နှစ်ချောင်းဖြင့် တွယ်ချိတ်လျှက်၊ လည်ပင်းကို သိုင်းဖက်ကာ ၊ ကလေးတစ်ယောက်လို တွယ်ကပ်လိုက်တော့သည်။

ခန္ဓာကိုယ်နှစ်ခု၏ အနေအထားက အံ့ဝင်ခွင်ကျဖြစ်နေလျှက်။

" ကြားသွားလား? တွေ့လား? အလှလေး မြင်ရဲ့လား? ကိုယ် အလှလေးနဲ့ ခဏလောက်လေး ဝေးနေတဲ့အချိန်မှာတောင် ဒီလိုပြတ်ခိုင်းတဲ့လူတွေရှိတာ သိရဲ့လား?"

" အင်း..."

" ကိုယ်တောင်းပန်ပါတယ်နော်.... ကိုယ်က ကလေးတွေကို ကောင်းစေချင်လို့ပါ။ ကိုယ်လည်း ကိုယ့်သားသမီးတွေ ချစ်တာပေါ့"

" အင်း..."

ဆိုင်ရှင်ကောင်လေးက မျက်လုံးအပြူးသား။ စောနကဖြင့် မျောက်ကလေးတွေက ဘယ်အချိန်ပြန်မွေးမွေး ရတယ်ဆို?

" ကျွန်တော်လည်း တောင်းပန်ပါတယ်။ နာသွားလားဟင်? ကျွန်တော့်ကို ပြန်ထိုးနော်"

ဖေးယိယန်က ထျန်းမော့ချီ၏ လည်ပင်းသားတွေမှာ မျက်နှာကို ပွတ်သပ်ရင်း...၊ ခေါင်းလေး ယမ်းပြလာ၏။

" မင်းကို ကိုယ့်အားနည်းချက်လေ။ ကိုယ့်အားနည်းချက်လေးကို မထိရက်ပါဘူး..."

ဆိုင်ရှင်ကောင်လေး၏ ပါးစပ်တို့သည် အဟောင်းသား။

ဖေးယိယန်က ဆိုင်ရှင်ကောင်လေးကို ကျောပေး၍ ထျန်းမော့ချီကို ကလေးလို တွယ်ဖက်ထားသဖြင့်၊ ထျန်းမော့ချီ၏ အညိုရောင်မျက်ဝန်းတွေထဲက လှိုင်းလုံးလို တရိပ်ရိပ်တတ်နေသည့် သဝန်တိုမှုကို မမြင်နိုင်ခဲ့ပေမဲ့၊ ဆိုင်ရှင်ကောင်လေးကတော့ အယ်ဖာ၏ပိုင်ဆိုင်လိုစိတ်တို့ကို သတိပြုမိပေသည်။

တစ်ဆိတ်! Excuse me! ခင်ဗျားရဲ့ အိုမီဂါကို ထိတောင် မထိရသေးပါဘူးနော်!

ထျန်းမော့ချီ၏ လက်တွေက ဖေးယိယန်၏ တင်ပါးကို ကလေးလေးလို ထိန်းပွေ့ထားလေပြီး၊ ခေါင်းကို ငုံ့ကိုင်းကာ ၊ ဆိုင်ရှင်ကောင်လေး၏ ပြူးကြည့်နေမှုအောက်မှာပဲ ဖေးယိယန်နူတ်ခမ်းတွေကို တရှိုက်မတ်မတ် နမ်းရှိုက်လာ၏။

ဖေးယိယန်က ပျော်ရွင်စွာပင် အလိုက်သင့် အနမ်းတွေကို တတ်ကြွစွာပင် တုံ့ပြန်နေလျှက်။

ခွေးစာအကျွေးခံလိုက်ရရှာသည့် ဆိုင်ရှင်ကောင်လေး.....။ ဆိုင်ရှင်ကောင်လေး တွေးမိလိုက်တာက...'သြော် တော်ပါသေးရဲ့ ။ ဒီအိုမီဂါအတွက်နဲ့ ဒေါသမထွက်ပေးမိတာပဲ ကိုယ့်ကိုကိုယ် ကျေးဇူးတင်လိုက်တာ!'ဟုပင်။

" ဟိုလေ... ကျွန်တော့်ဆိုင်ရှေ့လေးကနေ ဖယ်ပေးလို့ရမလား?"

ဖေးယိယန်က အနမ်းတို့ကို ခဏရပ်ကာ၊ ဆိုင်ရှင်ကောင်လေးကို စူးစိုက်ကြည့်လာ၏။

" ငါတို့က ဘာမဟုတ်တာ လုပ်နေလို့လဲ?"

" နောက်တစ်ခါ မင်းဆိုင်ကနေ ဘယ်မှ မဝယ်တော့ဘူး။ သူများတကာတွေကိုလည်း bad review လိုက်ပြောပစ်မယ်!"

" အလှလေး...ကိုယ်တို့ အိမ်ပြန်ကြရအောင်..."

" အင်း..."

အိုမီဂါလေးကို သယ်ပွေ့လျှက်ပင် ထွက်သွားသည့် အယ်ဖာတစ်ဉီး...။

ဘုမသိဘမသိ အမဲခံလိုက်ရှာသည့် ဆိုင်ရှင်လေးကတော့ လောကကြီးကို အပြစ်ထိုင်တင်နေရှာရဲ့။


Continue Reading

You'll Also Like

385K 27.2K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
23.9K 1.2K 13
Vampiresမျိုးနွယ်​စုရဲ့ ​နောက်​ဆုံးမျိုးဆက်​လို့သတ်​မှတ်​ရ​လောက်​တဲ့ vampire princess နဲ့ လူတစ်​ပိုင်းwolfတစ်​ပိုင်း​ကောင်​မ​လေးတို့ရဲ့ ကံကြမ္မာ
60.6K 5.6K 15
Uni Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်၂ Alphaကိုမှ ချစ်မိသွားသတဲ့။ Zawgyi Betaယောင်ဆောင်ထားတဲ့ Omegaကောင်လေးဟာ ကျောင်းရဲ့ နံပါတ်...
403K 43.4K 69
လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအော်ဟစ်နေသည် ... Qing Yan: "ဖေးရဲ့ မင်းထ...