ငါ မင်းရဲ့ကောင်လေးကို အချိန်အ...

By xingliang_baobei

55.1K 7.9K 493

Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not o... More

Description
Chp(1)
Chp(2)
Chp(3)
Chp(4)
Chp (5)
Chp (6)
Chp (7)
Chp (8)
Chp (10)
Chp (11)
Chp (12)
Chp(13)
Chp(14)
Chp(15)
Chp(16)
Chp(17)
Chp(18)
Chp(19)
Chp(20)
Chp(21)

Chp (9)

1.8K 387 18
By xingliang_baobei

[Unicode]

ဖိန့်ရန်က ဂိမ်းကစားဖက်ကို တစ်ခါမှ မငှားဖူးပေမဲ့ သူ့အခန်းဖော်ကတော့ ငှားဖူးတယ်။

သူ့အခန်းဖော် ငှားတာကကျ မိန်းက‌လေးကစားဖက်။ သူ(မ)က ခဏခဏ ‌'ကောကော' လို့ ခေါ်နေပြီး ဖိန့်ရန်က speakerကနေ လုံးဝကြည်လင်ပြတ်သားစွာ ကြားနေရတယ်။

ထိုမိန်းကလေးက supportနေရာကပဲ ဆော့ပုံရတယ်။ ဂိမ်းပွဲစဉ်တစ်ခုလုံးမှာ သူ(မ)က သူ့အခန်းဖော်နောက် လိုက်ကာ  'ကောကော ကယ်ပါအုံး' ၊ 'ကောကော မသေပါနဲ့' ၊ 'ကောကောက တအားတော်တာပဲ' ဆိုပြီး တောက်လျှောက် ပြောနေတာ။ ဂိမ်းလည်းပြီးရော  ဖိန့်ရန်ခေါင်းထဲမှာ 'ကောကော'ဆိုတဲ့ ထိုစကားလုံးနှစ်လုံးက တစ်ညလုံး နှိပ်စက်နေတော့တယ်။

သူ ထိုအဖြစ်အပျက်ကို ပြန်တွေး‌နေတုန်း ယန်းကျွင်က သူ့ဘေးက ပြတင်းပေါက်ပေါ် တက်လာပြီး သေနတ်တစ်လက်နဲ့ ဆေးသေတ္တာနှစ်ဘူးကို ချက်ချင်းဆိုသလို ပစ်ချပေးလာတယ်။

"ဒါတွေ ယူလိုက်"

"ဒါဆို မင်း ဘာတွေသွားသုံးမှာလဲ?" ဖိန့်ရန် မေးလိုက်တယ်။

"မင်းမှာရှိတာထဲက တစ်ခုကို ငါ့ကို ပေးလိုက်လေ"

အဲ့နောက် ယန်းကျွင်က ဖိန့်ရန် ဖြုတ်ပေးလိုက်တဲ့ Vector သေနတ်ကို ကောက်ယူကာ ပြတင်းပေါက်မှ ပြန်ခုန်ဆင်းသွားတော့တယ်။

ဖိန့်ရန်က ယန်းကျွင်နဲ့အတူ အစွန်အဖျားနေရာထဲမှာ ရှိနေတာ။ ယန်းကျွင်က သူ့ရဲ့ rankမြင့်တဲ့ မူရင်းအကောင့်နဲ့ ကစားနေတော့ သူတို့ရထားတဲ့ အသင်းသားတွေကလည်း အတော်လေး ကောင်းတယ်။ မကစားခင် စောင့်နေရတဲ့ အခန်းထဲမှာတောင် သူတို့တွေက ကွန်တွန်နာတွေပေါ် ခုန်ချပြီး တိုက်ပွဲကွင်းထဲ ဝင်မယ့်အကြောင်း ကျယ်ကျယ်လောင်လောင် ငြင်းခုံနေကြသေးတယ်။

ယန်းကျွင်ကတော့ မတုန်မလှုပ် ရပ်နေတယ်။ လေယာဉ်က မြေပုံအဆုံးနား ရောက်ခါနီးမှပဲ သူက အမှတ်မှတ်ပြီး ပြောလိုက်တယ် "ခုန်လိုက်တော့"

ဒါပေမဲ့ သူတို့မှာ မန်ဘာအပြည့် မရှိတော့ အသင်းသားတွေက ဆင်းသက်ပြီး မိနစ်အနည်းငယ်လောက်မှာ အသတ်ခံလိုက်ရတော့တယ်။ လူအများစုက ညဘက်ဆို စောစောရောက်မလာတတ်ကြတော့ ထိုလူနှစ်ယောက် သေတော့ channelထဲမှာ နေပြီး မထိတထိ ရှုံ့ချတဲ့ စကားတွေ စပြောတော့တယ်။

"ငါတစ်ယောက်တည်း ကစားနေတာတော့ မဟုတ်ဘူးမလား? ကိုယ့်အသင်းသားနဲ့ တူတူလိုက်မခုန်တဲ့ ဒီလိုကစားသမားမျိုးတွေ ရှိသေးတာလား?"

"သူတို့တွေက king of the wildတွေ ဒါပေါ့ အဖွဲ့လိုက် ချုံခိုတိုက်ခိုက်ပြီး ကြက်သားစားကြမှာလေ"

¶ ကြက်သားစားတယ်‌ဆိုတာ ဂိမ်းထဲမှာ အနိုင်ရသွားတာကို ဆိုလိုတာပါ ¶

"ဆိုးလိုက်တာကွာ၊ သားကြီး မင်း နောက်တစ်ပွဲ တူတူဆော့ချင်လား?"

"ဒါပေါ့ အရင်ဆုံး ဒီနှစ်ယောက် သေတ္တာဘူးတွေအဖြစ် ပြောင်းသွားတာကို စောင့်ကြည့်လိုက်အုံးမယ်"

¶သေတ္တာဘူးဆိုတာ ကစားသမားတစ်ယောက် အသတ်ခံလိုက်ရရင် သေတ္တာဘူးအဖြစ် ပြောင်းသွားတာပါ၊ သူ့မှာရှိတဲ့ပစ္စည်း၊ သေနတ်၊ ဆေးဘူးမှန်သမျှ အဲ့သေတ္တာထဲ ရောက်သွားတာ။ ကြိုက်ရာကို ရန်သူအသင်းက ရွေးယူနိုင်တယ်¶

အခြေအနေတွေကတော့ သူတို့ခန့်မှန်းထားတဲ့အတိုင်း ဆက်ဖြစ်နေတယ်။ သူတို့ရဲ့အသင်းဖော်တွေက အမှန်တကယ်ပဲ king of the wildတွေ, နောက်ဆုံးပိတ်circleဆီ ရောက်တဲ့အထိ တစ်ချက်မှ အသတ်မခံရသေးဘူး။

ဒါပေမဲ့ အသေအချာတော့ မဟုတ်ဘူးပေါ့။

သူတို့ဆီမှာ '111GOD' IDနဲ့ အသင်းဖော်တစ်ယောက်ရှိတယ်။ သူက နောက်ဆုံးပိတ်circleဆီ ရောက်တဲ့အထိ စစ်ဘုရားတစ်ပါးလိုပဲ သူ့လမ်းကြောင်းမှာ ရှိနေသမျှ ကစားသမားတိုင်းကို သူ့ပခုံးပေါ်က vectorတစ်လက်နဲ့ ရှင်းထုတ်သွားတာ။ ပထမဆုံး သူက အနောက်ကနေ တစ်ချက်ခုန်ဆင်းလာပြီး တစ်သင်းလုံးကို ရှင်းထုတ်လိုက်တယ်။ ပြီးတော့ တစ်ဖက်အခန်းက တစ်ယောက်တည်းရှိတဲ့ ကစားသမားရဲ့ခေါင်းကို လက်ပစ်ဗုံးတစ်လုံးနဲ့ အတိအကျ ယူလိုက်နိုင်တယ်။

ရိုးရိုးလေး တွေးထားခဲ့တဲ့ အသင်းသားနှစ်ယောက် လက်ပစ်ဗုံးပစ်ချက်ကို မြင်ပြီးတဲ့အခါမှာတော့ သူတို့စိတ်ထဲ စကားတစ်ခွန်းပဲ ရှိတော့တယ် 'သောက်ကျိုးနည်း'

"ကော , ကော ဒီလူရဲ့ အိတ်ထဲမှာ M416တစ်လက်ရှိတယ်။ ကောရဲ့ vectorနဲ့ ချိန်းလို့ရတယ်" အသင်းသားရဲ့ အသံကတောင် ပိုပြီးရင်းနှီးဖော်ရွေလာသယောင်။

ဖိန့်ရန်က သတိရှိရှိ ရှေ့ကို တွားသွားနေရင်း ရန်သူရဲ့‌ သေတ္တာကို ဖွင့်ကြည့်လိုက်တယ်။ သေချာပေါက်ပါပဲ၊ ကျည်အပြည့်နဲ့ M416တစ်လက် ရှိနေတယ် "မင်း သေနတ်ချိန်းချင်လား?"

"မချိန်းဘူး" ယန်းကျွင်က ပြောတယ် "Vectorကိုပဲ ဆက်သုံးမယ်"

အသင်းသား (၁) :: "ပရိုတစ်ယောက် ကစားပုံကစားနည်းဆိုတာ ဒါပဲလေ"

အသင်းသား (၂) :: "မင်းမှန်တယ်၊ ကောက မင်းထက် အများကြီး စွမ်းတယ်ကွ"

သူတို့က ဒီအကြိမ်မှာတော့ ပြောင်းလဲသွားတဲ့ circleနောက်ကို လိုက်စရာ မလိုတော့ ကြက်သားစားရဖို့ကလည်း အရမ်းကြီး မခက်ခဲတော့ပေ။ ရန်သူတစ်ယောက်ပဲ ကျန်တော့တဲ့ အချိန်မှာ အသင်းသားနှစ်ယောက်က ယန်းကျွင်ကို နောက်တစ်ပွဲ တူတူထပ်ဆော့ချင်သေးလားလို့ မေးလာကြတယ်။

¶သူတို့ကစားနေတာက PUBGပါ။ PUBGက ဂိမ်းတစ်ပွဲမှာ circleရှစ်ခါပြောင်းပါတယ်။ circleတစ်ခုပြီးတစ်ခုက နယ်နိမိတ် ပိုပိုကျဉ်းသွားတာကြောင့် ပိုခက်နိုင်တယ်။ ပြီးတော့ ကံနဲ့ဖြတ်ထိုးဉာဏ်ရှိဖို့လည်း လိုတယ်။ ‌circleတစ်ခု ပေါ်ပြီးလို့ နောက်circleတစ်ခု ပေါ်လာတဲ့အခါ အဲ့circleအသစ်နားမှာ ရှိနေတဲ့ အသင်းကတော့ ကံရှယ်ကောင်းတာပေါ့နော်။ သူတို့က အသတ်မခံရဘဲ circleထဲ အေးအေးဆေးဆေး ဝင်သွားပြီး circleထဲ ဝင်လာမယ့် ရန်သူအသင်းသားတွေကို အခန့်သား ပစ်သတ်ရုံပါပဲ။ circleနဲ့ တအားဝေးနေရင်တော့ သွားပြီပဲ။ အဲ့မှာ အသားကုန်ပြေးတော့ လမ်းမှာ ချုံခိုတိုက်ခိုက်ခံရတာလည်း ပိုများမယ်¶ {ကိုယ်က ဖတ်ဖူးတဲ့ PUBG novelတွေနဲ့ googleအကူအညီကို ကူပြီး ပြန်ရှင်းပြထားတာပါ၊ တစ်ခါမှ မကစားဖူးတော့ မှားနေတာရှိရင် ထောက်ပြလို့ရတယ်နော်}¶

ယန်းကျွင် :: "နံပါတ်(၃)ကို မေးကြည့်"

ဖိန့်ရန်တစ်ယောက် ဂိမ်းမျက်နှာပြင်ရဲ့ ဘယ်ဘက်ထောင့် အောက်နားကို ငုံ့ကြည့်လိုက်တယ်။ ...သူက တကယ် နံပါတ်(၃)ပဲ။

"ကောတို့က တူတူကစားနေကြတာလား?" အသင်းသားက မေးလိုက်တယ် :: "နံပါတ်(၃)ရေ တူတူထပ်ကစားချင်လား?"

ဖိန့်ရန် :: "မကစားတော့ဘူး"

ဂိမ်းထဲက နောက်ဆုံးကစားသမားကို သတ်လို့ပြီးတော့ ယန်းကျွင်က ဂိမ်းကနေ ထွက်ဖို့ အလျင်မလိုပါဘူး။ သူ ခေါင်းငုံ့ပြီး သူ့keyboardဘေးက ဆေးလိပ်ဘူးကို လှမ်းယူလိုက်တယ်။

"နံပါတ်(၄)က ဂိမ်းချန်ပီယံလေ" ဖိန့်ရန်က ဆက်ပြောတယ် :: "မင်းတို့ သူနဲ့ ဆက်ကစားချင်ရင် မင်းတို့ သူ့ကို ပိုက်‌ဆံပေးရမယ်"

¶promotion ကူဆင်းပေးနေတာ ဖိန့်ရန်က👀¶

ဆေးလိပ်ကို လက်ချောင်းကြား ညှပ်ထားရင်း ယန်းကျွင်က ခပ်ဖွဖွ ရယ်လိုက်တယ်။

ဖိန့်ရန်အသံက မပြောင်းလဲပါဘူး၊ သူက သဘာဝကျကျပဲ ယန်းကျွင် customerတွေ ပိုရအောင် ကူညီပေးနေတော့တယ် :: "မင်းတို့တွေ သူ့ကို XX appမှာ ရှာလို့ရတယ်။ ဈေးလည်းမကြီးဘူး၊ အခုမှ စဖွင့်ရောင်းတာဆိုတော့ မင်းတို့ အချိန်ဆွဲနေရင် ဈေးက တက်သွားမှာနော်။ နာမည်က....." 

အသင်းသားနှစ်ယောက်ကတော့ သူတို့ကြားလိုက်ရတဲ့အပေါ်မှာ အံ့အားသင့်နေကြပြီး သဘောတူကြောင်း အသံပြုလိုက်တယ်။

ယန်းကျွင် game lobbyထဲ ပြန်‌ရောက်ရောက်ချင်း  သူ့ဖုန်းက လင်းလာတော့တယ်။ သူ ဖွင့်ကြည့်လိုက်တော့ တစ်ယောက်‌ယောက် အော်ဒါတင်ထားတာကို မြင်လိုက်ရတယ်။ ကြည့်ရတာ စောနက အသင်းသားတွေ ဖြစ်မယ်။

ယန်းကျွင်ကို ဆေးလိပ်ကို ပြန်ချပြီး 'အော်ဒါကို ပယ်ဖျက်သည်' ဆိုသော ခလုတ်ကို နှိပ်လိုက်တယ်။

ဖိန့်ရန်က ကော်ဖီဖျော်ပြီး ပြန်ရောက်လာတယ်။ သူက ကော်ဖီထဲ နွားနို့ထည့်ထားတော့ မွှေလိုက်တဲ့အခါ အရောင်ဖျော့သွားတယ်။

"သူတို့တွေ အော်ဒါတင်လား?"

ယန်းကျွင်က စိတ်မကောင်းဖြစ်နေသော အသံဖြင့် "မတင်ဘူး"

သူတို့ နောက်တစ်ပွဲ ဆက်ဆော့ကြတယ်။ ဖိန့်ရန်က မြေပုံထဲကိုတောင် အောင်အောင်မြင်မြင် မဝင်ရောက်ရသေးခင်မှာပဲ မရင်းနှီးသော အသံတစ်သံကို သူ့earphoneမှ ကြားလိုက်ရတယ်။

"111 တိုက်ဆိုင်လိုက်တာ"

"မင်းတို့ကောင်တွေ 111ကို မသိကြဘူးမလား? သူက အာရှရဲ့ server rank ကို လျှပ်စီးလို အလျင်နဲ့ ပြန်မြှင့်ပေးခဲ့တဲ့တစ်ယောက်လေ"

"111 မင်း ရှိနေတယ်မလား? မင်း ငါ့ကို မှတ်မိလား? ငါတို့အချင်းချင်း မိတ်ဆက်ဖူးတယ်လေ"

ယန်းကျွင်က ထိုလူရဲ့ ID-xktv197ကို တစ်ချက်ကြည့်လိုက်တယ်။ နာမည်အရဆို streamerသမားတစ်ယောက် ဖြစ်လောက်တယ်။

သူက streamer အများအပြားကို addထားသောကြောင့် ဒီလူ ဘယ်သူလဲဆိုတာကိုတော့ အတိအကျ မမှတ်မိနိုင်။

ယန်းကျွင် က "အမ်" လို့ပဲ တုန့်ပြန်လိုက်တယ်။

ထိုstreamerကတော့ streamingလုပ်နေဆဲဖြစ်မယ်။ သူ့ပရိသတ်တွေနဲ့ ဆက်တိုက်စကားဖောင်ဖွဲ့နေရပုံပဲ။ သူတို့ လေယာဉ်ပေါ် တက်ပြီးတာနဲ့ 197 က "111 မင်း ဘယ်မှာ ဆင်းတာလဲ။ ငါ မင်းနောက် လိုက်ခဲ့မယ်။"

သူ စကားပြောပြီးသည်နှင့် မြေပုံရဲ့ ညာဘက်အစွန်းက သေးငယ်ပြီး ဝေးလံခေါင်သီတဲ့ နယ်မြေ၏ ထိပ်တွင် တောက်ပသော အဝါရောင်အမှတ်အသားတစ်ခု ပေါ်လာတယ်။

197 :: ?

197 :: "မင်း လက်ချော်သွားတာလား?"

ယန်းကျွင် :: "ငါက duoကစားနေတာ"

197 က အသင်းဖော်ရဲ့ ID ကို တစ်ချက်ကြည့်ပြီးနောက် နားလည်သွားတယ်။  “ဒီနံပါတ်(၃) နဲ့လား? ရန်ပေါင်ပေ့?  အိုး… မင်း‌ကောင်မလေးနဲ့ တူတူဆော့နေတာပေါ့လေ?”

ဖိန့်ရန်အကောင့်ကို လော့ချင်ရှန်း ဖွင့်ပေးထားတာ ဖြစ်ပြီး ID ကိုလည်း သူပဲ ရွေးထားတာ။ လော့ချင်ရှန်းနှင့် စုံတွဲ ID ပေါ့။

အစကတော့ ဖိန့်ရန်က ဒီIDက မိန်းမဆန်လွန်းသည်ဟု ထင်ခဲ့သော်လည်း အကောင့်ပြောင်းရတာ ခက်ခဲလွန်းတော့ ဒီအတိုင်းပဲ ထားလိုက်တော့တာ။  တစ်စုံတစ်ယောက်က အခုလိုမျိုး အကျယ်ကြီး ဖတ်တော့မှ သူ ရှက်ရွံ့လာမိတယ် ။

“အဆင်ပြေတယ်ရယ်၊ ငါ့ကို အားနာစရာမလိုဘူး” ဖိန့်ရန်က မိုက်ကနေတစ်ဆင့် ပြောလိုက်တယ်။  "မင်းတို့ကြိုက်သလို ကစား"

197က အမျိုးသားတစ်ဦးရဲ့ အသံကိုလည်း ကြားရော အံ့သြသွားမိသည်။  သူက “အသစ်လေးလား?  ကောင်းပြီလေ၊ အစွန်အဖျားနေရာလည်း အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမြေပုံကိုက တအားကြီးလွန်းနေတာ။ ငါတို့တွေ ရန်သူတွေနဲ့ မြန်မြန် ရင်ဆိုင်ရတာပေါ့"

ယန်းကျွင်က မြေပုံနေရာကို ကျပန်းရွေးလိုက်တာဖြစ်ပြီး ဒီအကျော့မှာတော့ သူတို့တွေ Sanhokမှာ ကစားနေတာ။

¶Googleမှာ ပြောထားတာတော့ Sanhokမှာ သေနတ်တွေ ဆေးသေတ္တာတွေနဲ့ အခြားပစ္စည်းတွေလည်း အများကြီးရှိတယ်တဲ့¶

သိပ်မကြာခင်မှာပဲ ယန်းကျွင်တစ်ယောက် ကျည်အပြည့်နဲ့ M4 တစ်လက်ကို ယူဆောင်လာပြီး ဖိန့်ရန်ကို လာရှာပြန်တယ်။

ဖိန့်ရန်က မြေပြင်ပေါ်မှ သေနတ်ကို ကြည့်ပြီး ပြောလိုက်တယ် :: "ရပါတယ်။ ဒီနေရာထဲမှာ သေနတ်တွေ အများကြီး ရှိတယ်လေ။ ပြီးတော့ ငါ့မှာလည်း M4 ရှိပြီးသားကြီး"

ယန်းကျွင်က စကားမဆိုဘဲ ထိုနေရာမှာပဲ မတ်တပ်ရပ်နေတယ်။ သေနတ်ကလည်း မြေပြင်ပေါ်မှာ ဒီတိုင်းလေး။

အဆုံးမှာတော့ ဖိန့်ရန်တစ်ယောက် ဆောင့်ကြောင့်လေးထိုင်ပြီး သူ့ရဲ့မူပိုင်M4ကို ဖြုတ်ပေးလိုက်တော့တယ်။ ယန်းကျွင်က မြန်မြန်ဆန်ဆန် ကောက်ယူပြီး တံခါးကို ဖွင့်ကာ ထွက်သွားတော့တယ်။

ဖိန့်ရန် :: ".........."

197က ဖြစ်စဉ်တစ်ခုလုံးကို တွေ့သွားတာကြောင့် စနောက်လာတော့တယ် :: "111 မင်း ဘာလုပ်နေတာလဲ? ရန်ပေါင်ပေ့ရဲ့ သေနတ်မှာ damageကို နှစ်ဆတိုးစေတာများ ပါနေလို့လား?"

ယန်းကျွင် :: "အမ် ငါ့bossရဲ့ သေနတ်ကို ကိုင်ဆောင်ရတော့ တိုက်ပွဲစွမ်းရည်ကို နှစ်ဆတိုးစေတယ်။"

နောက်ဆုံး‌တော့ 197ကို နားလည်သွားစေပြီ :: "မင်းလည်း ဂိမ်းကစားဖော်အဖြစ်နဲ့ စီးပွားရှာနေတာလား?"

ယန်းကျွင် :: "ဆိုပါတော့"

197 ပြောတာ မှန်တယ်၊ ဒီနေရာသေးသေးလေးမှာ လူတွေအများကြီး ရှိတယ်။ သူတို့တွေ အမည်မသိ နယ်မြေနှစ်ခုမှာ ရှာဖွေလို့ပြီးရုံရှိသေး အနီးနားကနေ သေနတ်သံ စကြားရတော့တယ်။

"အရှေ့ဘက်မှာ" 197က မြေပုံကို ကြည့်ပြီး "သေစမ်း မင်း ဘယ်ရောက်သွားတာလဲ 111?"

ဖိန့်ရန်က သူ့နောက်မှ နီးနီးကပ်ကပ် လိုက်လာနေတဲ့ လူကို ကြည့်ပြီး "...ငါတို့တွေ အခု လာနေပြီ"

သူတို့ရောက်တော့ အသင်းဖော်နှစ်ယောက်က တစ်ဖက်အသင်းနဲ့ တိုက်ပွဲစနေပြီ။ လေးယောက်နှစ်ယောက်ဆိုတော့ အတော်လေး ထိခိုက်သွားတယ်။ သူတို့ရဲ့ အခြားအသင်းဖော်တစ်ယောက် သေတ္တာဘူး အဖြစ် ပြောင်းသွားချိန်မှာတော့ silver health လောက်သာ ကျန်တော့တဲ့ 197တစ်ယောက် ကျောက်တုံးနောက်မှာ ပုန်းနေပြီး ဆေးဘူးကို ဆက်တိုက်သုံးနေရကာ အထိတ်တလန့် ဖြစ်နေလေပြီ။

ဖိန့်ရန်က သူ့မျက်လုံးထောင့်နားမှ ရန်သူတစ်ယောက်က သူတို့နောက်ကျောကို ချိန်နေတာကို မြင်တဲ့အခါ သူ ဘာမှမစဉ်းစားတော့ဘဲ ထိုလူကို ပစ်ချလိုက်တယ်။ ကံကောင်းစွာနဲ့ပဲ သူ့သေနတ်က တည်ငြိမ်နေတော့ ရန်သူကို အောင်အောင်မြင်မြင် ရှင်းလိုက်နိုင်တယ်။

ဖိန့်ရန်က ဒီဂိမ်းမှာ အများကြီး မသတ်ဖူးဘူး၊ တစ်ပွဲမှာ တစ်ယောက်သတ်မိရင်တောင် သူ ကံကောင်းတယ်လို့ ဆိုရမယ်။ ရန်သူ လဲကျသွားတာကို မြင်လိုက်ရမှပဲ ဖိန့်ရန်တစ်ယောက် သူ့နှလုံးခုန်သံတွေ ဘယ်လောက်ကျယ်လောင်နေလည်း‌ဆိုတာကို သတိပြုမိတော့တယ်။

"တော်တယ်" ယန်းကျွင်အသံက ကျည်မိုးသံများကြားမှ ဖောက်ထွက်လာခဲ့တယ်။

မူလတန်းဆရာမ ချီးကျူးတာ ခံလိုက်ရသလို ဖိန့်ရန်မျက်နှာက အကြောင်းပြချက်မရှိ ပူတက်လာခဲ့တယ်။ သူ သစ်ပင်နောက်မှာ ပုန်းနေရင်း သူ့သေနတ်ကို ကျည်ပြန်ဖြည့်လိုက်တယ်။

197က ဆေးသေတ္တာကို သုံးပြီး ရန်သူတွေရဲ့ တည်နေရာကို မြန်မြန်ဆန်ဆန် ပြောပြပေးနေတယ်။ ယန်းကျွင်က painkillerတစ်ပုလင်းကို ကိုင်ထားပြီး ပြောတယ် :: "ငါ လက်ပစ်ဗုံးပစ်လိုက်မယ်။ မင်း ဘယ်ဘက်ကနေ ပတ်လာခဲ့ ငါ သူတို့ကို ရှေ့တန်းကနေ ရှင်းလိုက်မယ်။"

သူတို့နှစ်‌ယောက်လုံး သတ်မှတ်ထားတဲ့အတိုင်း တဟုန်ထိုးပြေးကြ‌တယ်။ ယန်းကျွင်က နှစ်ချက်တည်းနဲ့ ရန်သူအသင်းသားနှစ်ယောက်ကို ပစ်ချနိုင်လိုက်တယ်၊ တစ်ချိန်တည်းမှာပဲ အခြားတစ်ဖက်က 197က တစ်ယောက်သတ်နိုင်လိုက်တယ်။

"အားလုံးရှင်းပြီးပြီ။ ငါ့ဘက်မှာ တစ်ခါတည်း သေသွားတာ၊ ငါ‌တို့တွေ ပစ္စည်းယူလို့ရပြီ" 197က မြက်ခင်းပြင်ပေါ် မှောက်ချလိုက်ပြီး "ဘရို မင်းက စကေးကြမ်းလိုက်တာ"

ယန်းကျွင်က မတုန့်ပြန်ပါဘူး၊ ဖိနှိပ်ထားတဲ့ သေနတ်သံက ခပ်ဝေးဝေးမှ ထွက်လာခဲ့တယ်၊ သူ ညာဘက်ကို ရွှေ့ပြီး scopeမှတစ်ဆင့် ကြည့်လိုက်တယ်။

ဒါပေမဲ့ သူ ရန်သူကို မရှာနိုင်ခင်မှာဘဲ သေနတ်ပစ်သံ အများအပြားက အနောက်မှ ထွက်ပေါ်လာခဲ့တယ်။

197 :: "ငါ-ိုး! အနောက်ကနေ ငါတို့ကို သတ်ဖို့ ချောင်းနေတဲ့ ကောင်တွေ ရှိနေသေးတယ်ဟ! သေစမ်း! နောက်တစ်သင်းပဲ....."

သူ ပြောလို့ပြီးပြီးချင်းမှာပဲ ညာဘက်အပေါ်နားမှာ messageနှစ်ခု ချက်ချင်း တက်လာခဲ့တယ်။ 197နဲ့ဖိန့်ရန်နှစ်ယောက်လုံး knock out ဖြစ်သွားလေရဲ့။

ယန်းကျွင်တစ်ယောက် အလွန်လျင်မြန်စွာ လှုပ်ရှားတော့တယ်။ သူ တစ်ပတ်လှည့်ကာ ချက်ချင်း scopeနဲ့ ကြည့်ပြီး ရန်သူတစ်ယောက်ကို သတ်လိုက်တယ်။ ရန်သူက သူလဲမကျခင် ယန်းကျွင်ကို နှစ်ချက်ပစ်နိုင်လိုက်တော့ ယန်းကျွင်အသက်က ပန်းရောင်အထိ ကျသွားလေရဲ့။

ယန်းကျွင်ရဲ့ လက်ရှိအနေအထားက အတော်လေး ကောင်းတယ်။ 197က သူ့လည်ချောင်းမှာ နှလုံးတစ်နေသလို အသံဖြင့် "နောက်ထပ်တစ်ယောက် ရှိသေးတယ်၊ မစိုးရိမ်နဲ့ မစိုးရိမ်နဲ့နော် မင်းကိုယ်မင်း အရင်ကုလိုက်၊ ကြည့်ရတာ အဲ့ကောင်က ရန်ပေါင်ပေ့ကို ရှင်းဖို့ သွားနေတာဖြစ်..."

သူ ပြောနေတုန်းရှိသေး ယန်းကျွင်က ကုသခြင်းကို ပယ်ဖျက်ပြီး တဟုန်ထိုး ပြေးထွက်သွားတာကို မြင်လိုက်ရတယ်။

197 :: ? ? ?

ဖိန့်ရန်က "မလာနဲ့" လို့ ပြောမလို့ရှိသေး ယန်းကျွင်က သူ့ဆီ အပြေးရောက်လာနေပြီ။

ယန်းကျွင်နဲ့ ထိုရန်သူတို့ အပြန်အလှန် ပစ်ခတ်ကြတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖိန့်ရန်တစ်ယောက် သူ့ရင်ဘတ်ကြီး ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရတယ်။

ယန်းကျွင်တစ်ယောက် အသက်မကျန်တော့သလောက်အချိန်မှာ တစ်ဖက်ရန်သူကို ရှင်းထုတ်နိုင်လိုက်မှပဲ ဖိန့်ရန်တစ်ယောက် သက်ပြင်းကြီးကြီး ချရတော့တယ်။ သူ ထိုင်ခုံပေါ် မှီချပြီး ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတဲ့ mouseကိုလည်း ဖြေလျှော့လိုက်တယ်၊ သူ့လက်ဖဝါးတစ်ခုလုံး ချွေးစို့နေလေရဲ့။

.....တအားပြင်းထန်လွန်းတယ်

"Fk! Fk! Fk! Fk! ဘရိုရေ တခြားလူတွေက ဂိမ်းကစားတာ၊ မင်းက နှလုံးခုန်နှုန်းကို ကစားနေတာပဲ!" 197က ယန်းကျွင်နားသို့ ခက်ခက်ခဲခဲ တွားသွားလိုက်တယ်။ သူ knock outလုပ်ခံရပြီး နှစ်ချက်လည်း ပစ်ခံလိုက်ရသေးတယ်။ အခု သူ့အသက်က အောက်ဆုံးထိုးကျသွားပြီ "ဘရို မြန်မြန်လေး ငါ့ကို ပြန်အသက်သွင်းပေးပါအုံး"

ဒီစကားတွေ သူ့ပါးစပ်ထဲမှ ထွက်ပြီးရုံရှိသေး ယန်းကျွင်တစ်ယောက် သူ့ကို ထားခဲ့ပြီး အသက်ထက်ဝက်ကျော် ရှိနေသေးတဲ့ ရန်ပေါင်ပေ့ရှိရာ တောင်ကုန်းပေါ် ပြေးတက်သွားတာကို မြင်လိုက်ရတယ်။

ယန်းကျွင် :: "မင်းမှာ ဆေးတွေရှိသေးတယ်မလား?"

ဖိန့်ရန်က "ရှိတယ်"

"ကောင်းတယ်။ ပစ္စည်းတွေ သွားယူလိုက် ဟိုဘက်မှာ အများကြီး ရှိတယ်။"

197က ငိုသံကြီးနဲ့ "သွားပြီ သွားပြီ သွားပြီ ငါသေပြီ ငါသေပြီ ‌ငါ‌သေတော့မယ်....."

တော်သေးတာက ယန်းကျွင်က အဲ့လောက်ထိ အကြင်နာတရားမမဲ့ပါ။ နောက်ဆုံးစက္ကန့်ပိုင်းမှာပဲ သူ 197ကို ပြန်အသက်သွင်းပေးလိုက်တယ်။

"ဘရို ငါတော့ လန့်သေတော့မှာပဲ!" 197က တအားကိုမှ နာကျင်နေရှာတယ် :: "ငါ မင်းနားကို ခက်ခက်ခဲခဲ တွားသွားပြီး ရောက်လာခဲ့တာတောင် ငါ့ကို အသက်မသွင်းပေးဘူး။ မင်း ဘာတွေစဥ်းစားနေတာလဲ ဘရို?"

ယန်းကျွင် :: "ငါ့bossအကြောင်း စဉ်းစားနေတာ"

ဖိန့်ရန် :: "........"

197 :: "မင်းbossက အသက်ထက်ဝက်ကျော် ကျန်နေသေးတယ်လေ!"

"သူတို့မှာ တခြားအသင်းသားတွေလည်း ရှိသေးတယ်လေ။ မတော်လို့ ငါ့bossကို သတ်လိုက်ရင်ရော?" ယန်းကျွင်က 98kသေနတ်ကို ပြန်ပြင်ဆင်နေရင်း "မင်း သေသွားလည်း ငါက အကောင်းဆုံးကြိုးစားပြီး မင်း ကြက်သားစားရအောင် လုပ်ပေးနိုင်သေးတယ်လေ။"

¶197သေသွားလည်း ယန်းကျွင်က အဆုံးထိဆက်ကစားပြီး နိုင်အောင် လုပ်လို့ရတယ်လို့ ဆိုလိုတာပါ သူတို့က တစ်သင်းထဲကဆိုတော့ သေသွားလည်း ကြက်သားစားလို့ရသေးတယ်လေ¶

197 :: ?

ယန်းကျွင် :: "bossသေသွားရင်တော့ ငါ့ကိုယ်ငါ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားလိမ့်မယ်"

197က တစ်ခဏကြာ တိတ်ဆိတ်နေပြီးမှ "အေးပါကွာ...သိတဲ့သူတွေကတော့ မင်းကို ထိပ်တန်းအဆင့် ဂိမ်းချန်ပီယံလို့ ပြောနိုင်ပေမဲ့ မင်းကို မသိတဲ့သူတွေကတော့ မင်းတို့နှစ်ယောက်ကို ဂေးစုံတွဲတွေလို့ပဲ ထင်သွားကြမှာ"

ယန်းကျွင်တစ်ယောက် သူ့‌အရှေ့က လူက သွားနေရင်း တောင့်ခဲပြီး ရပ်တန့်သွားတာကို စိုက်ကြည့်နေတယ်။

နှစ်စက္ကန့်လောက် ကြာတော့ ရန်ပေါင်ပေ့က ဆက်ပြေးတော့တယ်။ သူ့IDမှ မိုက်ပုံလေးက‌လည်း လင်းလာခဲ့တယ် :: "အမ် ဒီလိုတအားတော်တဲ့ ဂိမ်းကစားဖော်မျိုးက တစ်နာရီမှ ယွမ်၂၀ပဲ ကျသင့်တာနော်။ မင်း သူ့ကို ရှာချင်ရင် XX appထဲမှာ...."

ယန်းကျွင်တစ်ယောက် ခပ်သဲ့သဲ့ ရယ်မောရင်း mouseကို မတော်တဆ နှိပ်မိသွားတယ်။ ပြေးနေရင်းတန်းလန်းကြီး သူ့ဂိမ်းကာရိုက်တာက လေထဲကို လက်သီးနဲ့ ခပ်ကြမ်းကြမ်း ပစ်ထိုးလိုက်တယ်။

သူတို့နှစ်ယောက် မနက်လေးနာရီအထိ ဆက်ကစားခဲ့ကြတယ်။

ဖိန့်ရန်က တစ်ချိန်လုံး ဈာန်ဝင်စားနေကာ အချိန်ကိုလည်း အာရုံမစိုက်မိဘူး။ ယန်းကျွင်က သူ့ကို အနားယူဖို့ ပြောမှပဲ အတော်လေး အချိန်လင့်သွားမှန်း သတိရလိုက်တယ်။

ဖိန့်ရန်က လှဲအိပ်နေရင်း ဖုန်းလင်းလာခဲ့တယ်။

ယန်းကျွင် :: [ငါ့ဝန်ဆောင်မှု ကောင်းတယ်မလား?]

ဖိန့်ရန် :: [တအားကောင်းတယ်]

ဒီစကားက နည်းနည်း ဝတ်ကျေတမ်းကျေ နိုင်သလို ခံစားရလို့ ဖိန့်ရန်က ထပ်ဖြည့်ရေးလိုက်တယ်။

ဖိန့်ရန် :: [တကယ်ပြောတာ]

ယန်းကျွင် :: [အင်း ပထမဆုံး လုပ်ဖူးတာမို့ အတွေ့အကြုံတော့ မရှိဘူး]

ဖိန့်ရန် :: [မင်း အော်ဒါတွေ ထပ်ရသေးလား?]

ဖိန့်ရန်ဆီက ထိုmessageရောက်လာတော့ ယန်းကျွင်က appကို ဖွင့်ကြည့်လိုက်တယ်။

တစ်ညတည်းနဲ့ သူ အော်ဒါအခုလေးဆယ်ကျော် ရသွားပြီ။

ဖိန့်ရန်တစ်ယောက် သူ့အတွက် လေးလေးနက်နက် လိုက်ကြော်ငြာပေးနေတဲ့ အသံလေးကို ပြန်တွေးရင်း ယန်းကျွင်မှာ သူ့မျက်နှာကို အုပ်ကာ မပြုံးဘဲမနေနိုင်တော့ပေ။

ယန်းကျွင် :: [မရသေးဘူး။ စီးပွားရေးက သိပ်ကောင်းပုံမရဘူး]

ဖိန့်ရန်တစ်ယောက် သူ့ဖုန်းကို ကိုင်ထားရင်း တစ်ခဏလောက် တွေးနေတယ်။ ထို့နောက် "မင်း လုပ်နိုင်မှာပါ" ဆိုပြီး အားတင်းကာ စာရိုက်လိုက်တယ်။

သူ မပို့ရသေးခင်မှာဘဲ နောက်messageတစ်စောင်ကို လက်ခံရလိုက်တယ်။

ယန်းကျွင် :: [မင်း ငါ ကစားတာ ကောင်းတယ်လို့ တကယ်ထင်လား?]

ဖိန့်ရန် :: [အတည်ပြောတာ]

ယန်းကျွင် :: [ဒါဆို မင်း ငါ့ကို ပိုကြာကြာ ငှားချင်လား?]

ဖိန့်ရန်မှာ ပြောစရာစကားပျောက်သွားတော့တယ်။

ယန်းကျွင် :: [ပထမဆုံးစဖွင့်ရောင်းတာမို့ ထပ်မှာလေနော်။ ငါက ဒီပိတ်ရက်အားလုံးအတွက် မင်းအပိုင်ပဲ]

ယန်းကျွင် :: [အဆင်ပြေလားဗျ?]

ယန်းကျွင် :: [မစ္စတာ‌ဖိန့်]

-----------------

[Zawgyi]

ဖိန႔္ရန္က ဂိမ္းကစားဖက္ကို တစ္ခါမွ မငွားဖူးေပမဲ့ သူ႔အခန္းေဖာ္ကေတာ့ ငွားဖူးတယ္။

သူ႔အခန္းေဖာ္ ငွားတာကက် မိန္းက‌ေလးကစားဖက္။ သူ(မ)က ခဏခဏ ‌'ေကာေကာ' လို႔ ေခၚေနၿပီး ဖိန႔္ရန္က speakerကေန လံုးဝၾကည္လင္ျပတ္သားစြာ ၾကားေနရတယ္။

ထိုမိန္းကေလးက supportေနရာကပဲ ေဆာ့ပံုရတယ္။ ဂိမ္းပြဲစဉ္တစ္ခုလံုးမွာ သူ(မ)က သူ႔အခန္းေဖာ္ေနာက္ လိုက္ကာ  'ေကာေကာ ကယ္ပါအံုး' ၊ 'ေကာေကာ မေသပါနဲ႔' ၊ 'ေကာေကာက တအားေတာ္တာပဲ' ဆိုၿပီး ေတာက္ေလ်ွာက္ ေျပာေနတာ။ ဂိမ္းလည္းၿပီးေရာ  ဖိန႔္ရန္ေခါင္းထဲမွာ 'ေကာေကာ'ဆိုတဲ့ ထိုစကားလံုးႏွစ္လံုးက တစ္ညလံုး ႏိွပ္စက္ေနေတာ့တယ္။

သူ ထိုအျဖစ္အပ်က္ကို ျပန္ေတြး‌ေနတုန္း ယန္းကြၽင္က သူ႔ေဘးက ျပတင္းေပါက္ေပၚ တက္လာၿပီး ေသနတ္တစ္လက္နဲ႔ ေဆးေသတၲာႏွစ္ဘူးကို ခ်က္ခ်င္းဆိုသလို ပစ္ခ်ေပးလာတယ္။

"ဒါေတြ ယူလိုက္"

"ဒါဆို မင္း ဘာေတြသြားသံုးမွာလဲ?" ဖိန႔္ရန္ ေမးလိုက္တယ္။

"မင္းမွာရိွတာထဲက တစ္ခုကို ငါ့ကို ေပးလိုက္ေလ"

အဲ့ေနာက္ ယန္းကြၽင္က ဖိန႔္ရန္ ျဖဳတ္ေပးလိုက္တဲ့ Vector ေသနတ္ကို ေကာက္ယူကာ ျပတင္းေပါက္မွ ျပန္ခုန္ဆင္းသြားေတာ့တယ္။

ဖိန႔္ရန္က ယန္းကြၽင္နဲ႔အတူ အစြန္အဖ်ားေနရာထဲမွာ ရိွေနတာ။ ယန္းကြၽင္က သူ႔ရဲ့ rankျမင့္တဲ့ မူရင္းအေကာင့္နဲ႔ ကစားေနေတာ့ သူတို႔ရထားတဲ့ အသင္းသားေတြကလည္း အေတာ္ေလး ေကာင္းတယ္။ မကစားခင္ ေစာင့္ေနရတဲ့ အခန္းထဲမွာေတာင္ သူတို႔ေတြက ကြန္တြန္နာေတြေပၚ ခုန္ခ်ၿပီး တိုက္ပြဲကြင္းထဲ ဝင္မယ့္အေၾကာင္း က်ယ္က်ယ္ေလာင္ေလာင္ ျငင္းခံုေနၾကေသးတယ္။

ယန္းကြၽင္ကေတာ့ မတုန္မလႈပ္ ရပ္ေနတယ္။ ေလယာဉ္က ေျမပံုအဆံုးနား ေရာက္ခါနီးမွပဲ သူက အမွတ္မွတ္ၿပီး ေျပာလိုက္တယ္ "ခုန္လိုက္ေတာ့"

ဒါေပမဲ့ သူတို႔မွာ မန္ဘာအျပၫ့္ မရိွေတာ့ အသင္းသားေတြက ဆင္းသက္ၿပီး မိနစ္အနည္းငယ္ေလာက္မွာ အသတ္ခံလိုက္ရေတာ့တယ္။ လူအမ်ားစုက ညဘက္ဆို ေစာေစာေရာက္မလာတတ္ၾကေတာ့ ထိုလူႏွစ္ေယာက္ ေသေတာ့ channelထဲမွာ ေနၿပီး မထိတထိ ရႈံ႔ခ်တဲ့ စကားေတြ စေျပာေတာ့တယ္။

"ငါတစ္ေယာက္တည္း ကစားေနတာေတာ့ မဟုတ္ဘူးမလား? ကိုယ့္အသင္းသားနဲ႔ တူတူလိုက္မခုန္တဲ့ ဒီလိုကစားသမားမ်ိဳးေတြ ရိွေသးတာလား?"

"သူတို႔ေတြက king of the wildေတြ ဒါေပါ့ အဖြဲ႔လိုက္ ခ်ံဳခိုတိုက္ခိုက္ၿပီး ၾကက္သားစားၾကမွာေလ"

¶ ၾကက္သားစားတယ္‌ဆိုတာ ဂိမ္းထဲမွာ အႏိုင္ရသြားတာကို ဆိုလိုတာပါ ¶

"ဆိုးလိုက္တာကြာ၊ သားႀကီး မင္း ေနာက္တစ္ပြဲ တူတူေဆာ့ခ်င္လား?"

"ဒါေပါ့ အရင္ဆံုး ဒီႏွစ္ေယာက္ ေသတၲာဘူးေတြအျဖစ္ ေျပာင္းသြားတာကို ေစာင့္ၾကၫ့္လိုက္အံုးမယ္"

¶ေသတၲာဘူးဆိုတာ ကစားသမားတစ္ေယာက္ အသတ္ခံလိုက္ရရင္ ေသတၲာဘူးအျဖစ္ ေျပာင္းသြားတာပါ၊ သူ႔မွာရိွတဲ့ပစၥည္း၊ ေသနတ္၊ ေဆးဘူးမွန္သမ်ွ အဲ့ေသတၲာထဲ ေရာက္သြားတာ။ ႀကိဳက္ရာကို ရန္သူအသင္းက ေရြးယူႏိုင္တယ္¶

အေျခအေနေတြကေတာ့ သူတို႔ခန႔္မွန္းထားတဲ့အတိုင္း ဆက္ျဖစ္ေနတယ္။ သူတို႔ရဲ့အသင္းေဖာ္ေတြက အမွန္တကယ္ပဲ king of the wildေတြ, ေနာက္ဆံုးပိတ္circleဆီ ေရာက္တဲ့အထိ တစ္ခ်က္မွ အသတ္မခံရေသးဘူး။

ဒါေပမဲ့ အေသအခ်ာေတာ့ မဟုတ္ဘူးေပါ့။

သူတို႔ဆီမွာ '111GOD' IDနဲ႔ အသင္းေဖာ္တစ္ေယာက္ရိွတယ္။ သူက ေနာက္ဆံုးပိတ္circleဆီ ေရာက္တဲ့အထိ စစ္ဘုရားတစ္ပါးလိုပဲ သူ႔လမ္းေၾကာင္းမွာ ရိွေနသမ်ွ ကစားသမားတိုင္းကို သူ႔ပခံုးေပၚက vectorတစ္လက္နဲ႔ ရွင္းထုတ္သြားတာ။ ပထမဆံုး သူက အေနာက္ကေန တစ္ခ်က္ခုန္ဆင္းလာၿပီး တစ္သင္းလံုးကို ရွင္းထုတ္လိုက္တယ္။ ၿပီးေတာ့ တစ္ဖက္အခန္းက တစ္ေယာက္တည္းရိွတဲ့ ကစားသမားရဲ့ေခါင္းကို လက္ပစ္ဗံုးတစ္လံုးနဲ႔ အတိအက် ယူလိုက္ႏိုင္တယ္။

ရိုးရိုးေလး ေတြးထားခဲ့တဲ့ အသင္းသားႏွစ္ေယာက္ လက္ပစ္ဗံုးပစ္ခ်က္ကို ျမင္ၿပီးတဲ့အခါမွာေတာ့ သူတို႔စိတ္ထဲ စကားတစ္ခြန္းပဲ ရိွေတာ့တယ္ 'ေသာက္က်ိဳးနည္း'

"ေကာ , ေကာ ဒီလူရဲ့ အိတ္ထဲမွာ M416တစ္လက္ရိွတယ္။ ေကာရဲ့ vectorနဲ႔ ခ်ိန္းလို႔ရတယ္" အသင္းသားရဲ့ အသံကေတာင္ ပိုၿပီးရင္းႏွီးေဖာ္ေရြလာသေယာင္။

ဖိန႔္ရန္က သတိရိွရိွ ေရ႔ွကို တြားသြားေနရင္း ရန္သူရဲ့‌ ေသတၲာကို ဖြင့္ၾကၫ့္လိုက္တယ္။ ေသခ်ာေပါက္ပါပဲ၊ က်ည္အျပၫ့္နဲ႔ M416တစ္လက္ ရိွေနတယ္ "မင္း ေသနတ္ခ်ိန္းခ်င္လား?"

"မခ်ိန္းဘူး" ယန္းကြၽင္က ေျပာတယ္ "Vectorကိုပဲ ဆက္သံုးမယ္"

အသင္းသား (၁) :: "ပရိုတစ္ေယာက္ ကစားပံုကစားနည္းဆိုတာ ဒါပဲေလ"

အသင္းသား (၂) :: "မင္းမွန္တယ္၊ ေကာက မင္းထက္ အမ်ားႀကီး စြမ္းတယ္ကြ"

သူတို႔က ဒီအႀကိမ္မွာေတာ့ ေျပာင္းလဲသြားတဲ့ circleေနာက္ကို လိုက္စရာ မလိုေတာ့ ၾကက္သားစားရဖို႔ကလည္း အရမ္းႀကီး မခက္ခဲေတာ့ေပ။ ရန္သူတစ္ေယာက္ပဲ က်န္ေတာ့တဲ့ အခ်ိန္မွာ အသင္းသားႏွစ္ေယာက္က ယန္းကြၽင္ကို ေနာက္တစ္ပြဲ တူတူထပ္ေဆာ့ခ်င္ေသးလားလို႔ ေမးလာၾကတယ္။

¶သူတို႔ကစားေနတာက PUBGပါ။ PUBGက ဂိမ္းတစ္ပြဲမွာ circleရွစ္ခါေျပာင္းပါတယ္။ circleတစ္ခုၿပီးတစ္ခုက နယ္နိမိတ္ ပိုပိုက်ဉ္းသြားတာေၾကာင့္ ပိုခက္ႏိုင္တယ္။ ၿပီးေတာ့ ကံနဲ႔ျဖတ္ထိုးဉာဏ္ရိွဖို႔လည္း လိုတယ္။ ‌circleတစ္ခု ေပၚၿပီးလို႔ ေနာက္circleတစ္ခု ေပၚလာတဲ့အခါ အဲ့circleအသစ္နားမွာ ရိွေနတဲ့ အသင္းကေတာ့ ကံရွယ္ေကာင္းတာေပါ့ေနာ္။ သူတို႔က အသတ္မခံရဘဲ circleထဲ ေအးေအးေဆးေဆး ဝင္သြားၿပီး circleထဲ ဝင္လာမယ့္ ရန္သူအသင္းသားေတြကို အခန႔္သား ပစ္သတ္ရံုပါပဲ။ circleနဲ႔ တအားေဝးေနရင္ေတာ့ သြားၿပီပဲ။ အဲ့မွာ အသားကုန္ေျပးေတာ့ လမ္းမွာ ခ်ံဳခိုတိုက္ခိုက္ခံရတာလည္း ပိုမ်ားမယ္¶ {ကိုယ္က ဖတ္ဖူးတဲ့ PUBG novelေတြနဲ႔ googleအကူအညီကို ကူၿပီး ျပန္ရွင္းျပထားတာပါ၊ တစ္ခါမွ မကစားဖူးေတာ့ မွားေနတာရိွရင္ ေထာက္ျပလို႔ရတယ္ေနာ္}¶

ယန္းကြၽင္ :: "နံပါတ္(၃)ကို ေမးၾကၫ့္"

ဖိန႔္ရန္တစ္ေယာက္ ဂိမ္းမ်က္ႏွာျပင္ရဲ့ ဘယ္ဘက္ေထာင့္ ေအာက္နားကို ငံု႔ၾကၫ့္လိုက္တယ္။ ...သူက တကယ္ နံပါတ္(၃)ပဲ။

"ေကာတို႔က တူတူကစားေနၾကတာလား?" အသင္းသားက ေမးလိုက္တယ္ :: "နံပါတ္(၃)ေရ တူတူထပ္ကစားခ်င္လား?"

ဖိန႔္ရန္ :: "မကစားေတာ့ဘူး"

ဂိမ္းထဲက ေနာက္ဆံုးကစားသမားကို သတ္လို႔ၿပီးေတာ့ ယန္းကြၽင္က ဂိမ္းကေန ထြက္ဖို႔ အလ်င္မလိုပါဘူး။ သူ ေခါင္းငံု႔ၿပီး သူ႔keyboardေဘးက ေဆးလိပ္ဘူးကို လွမ္းယူလိုက္တယ္။

"နံပါတ္(၄)က ဂိမ္းခ်န္ပီယံေလ" ဖိန႔္ရန္က ဆက္ေျပာတယ္ :: "မင္းတို႔ သူနဲ႔ ဆက္ကစားခ်င္ရင္ မင္းတို႔ သူ႔ကို ပိုက္‌ဆံေပးရမယ္"

¶promotion ကူဆင္းေပးေနတာ ဖိန႔္ရန္က👀¶

ေဆးလိပ္ကို လက္ေခ်ာင္းၾကား ၫွပ္ထားရင္း ယန္းကြၽင္က ခပ္ဖြဖြ ရယ္လိုက္တယ္။

ဖိန႔္ရန္အသံက မေျပာင္းလဲပါဘူး၊ သူက သဘာဝက်က်ပဲ ယန္းကြၽင္ customerေတြ ပိုရေအာင္ ကူညီေပးေနေတာ့တယ္ :: "မင္းတို႔ေတြ သူ႔ကို XX appမွာ ရွာလို႔ရတယ္။ ေဈးလည္းမႀကီးဘူး၊ အခုမွ စဖြင့္ေရာင္းတာဆိုေတာ့ မင္းတို႔ အခ်ိန္ဆြဲေနရင္ ေဈးက တက္သြားမွာေနာ္။ နာမည္က....."  ¶appကို တိတိက်က် မေျပာထားပါဘူး¶

အသင္းသားႏွစ္ေယာက္ကေတာ့ သူတို႔ၾကားလိုက္ရတဲ့အေပၚမွာ အံ့အားသင့္ေနၾကၿပီး သေဘာတူေၾကာင္း အသံျပဳလိုက္တယ္။

ယန္းကြၽင္ game lobbyထဲ ျပန္‌ေရာက္ေရာက္ခ်င္း  သူ႔ဖုန္းက လင္းလာေတာ့တယ္။ သူ ဖြင့္ၾကၫ့္လိုက္ေတာ့ တစ္ေယာက္‌ေယာက္ ေအာ္ဒါတင္ထားတာကို ျမင္လိုက္ရတယ္။ ၾကၫ့္ရတာ ေစာနက အသင္းသားေတြ ျဖစ္မယ္။

ယန္းကြၽင္ကို ေဆးလိပ္ကို ျပန္ခ်ၿပီး 'ေအာ္ဒါကို ပယ္ဖ်က္သည္' ဆိုေသာ ခလုတ္ကို ႏိွပ္လိုက္တယ္။

ဖိန႔္ရန္က ေကာ္ဖီေဖ်ာ္ၿပီး ျပန္ေရာက္လာတယ္။ သူက ေကာ္ဖီထဲ ႏြားႏို႔ထၫ့္ထားေတာ့ ေမႊလိုက္တဲ့အခါ အေရာင္ေဖ်ာ့သြားတယ္။

"သူတို႔ေတြ ေအာ္ဒါတင္လား?"

ယန္းကြၽင္က စိတ္မေကာင္းျဖစ္ေနေသာ အသံျဖင့္ "မတင္ဘူး"

သူတို႔ ေနာက္တစ္ပြဲ ဆက္ေဆာ့ၾကတယ္။ ဖိန႔္ရန္က ေျမပံုထဲကိုေတာင္ ေအာင္ေအာင္ျမင္ျမင္ မဝင္ေရာက္ရေသးခင္မွာပဲ မရင္းႏွီးေသာ အသံတစ္သံကို သူ႔earphoneမွ ၾကားလိုက္ရတယ္။

"111 တိုက္ဆိုင္လိုက္တာ"

"မင္းတို႔ေကာင္ေတြ 111ကို မသိၾကဘူးမလား? သူက အာရွရဲ့ server rank ကို လ်ွပ္စီးလို အလ်င္နဲ႔ ျပန္ျမႇင့္ေပးခဲ့တဲ့တစ္ေယာက္ေလ"

"111 မင္း ရိွေနတယ္မလား? မင္း ငါ့ကို မွတ္မိလား? ငါတို႔အခ်င္းခ်င္း မိတ္ဆက္ဖူးတယ္ေလ"

ယန္းကြၽင္က ထိုလူရဲ့ ID-xktv197ကို တစ္ခ်က္ၾကၫ့္လိုက္တယ္။ နာမည္အရဆို streamerသမားတစ္ေယာက္ ျဖစ္ေလာက္တယ္။

သူက streamer အမ်ားအျပားကို addထားေသာေၾကာင့္ ဒီလူ ဘယ္သူလဲဆိုတာကိုေတာ့ အတိအက် မမွတ္မိႏိုင္။

ယန္းကြၽင္ က "အမ္" လို႔ပဲ တုန႔္ျပန္လိုက္တယ္။

ထိုstreamerကေတာ့ streamingလုပ္ေနဆဲျဖစ္မယ္။ သူ႔ပရိသတ္ေတြနဲ႔ ဆက္တိုက္စကားေဖာင္ဖြဲ႔ေနရပံုပဲ။ သူတို႔ ေလယာဉ္ေပၚ တက္ၿပီးတာနဲ႔ 197 က "111 မင္း ဘယ္မွာ ဆင္းတာလဲ။ ငါ မင္းေနာက္ လိုက္ခဲ့မယ္။"

သူ စကားေျပာၿပီးသည္ႏွင့္ ေျမပံုရဲ့ ညာဘက္အစြန္းက ေသးငယ္ၿပီး ေဝးလံေခါင္သီတဲ့ နယ္ေျမ၏ ထိပ္တြင္ ေတာက္ပေသာ အဝါေရာင္အမွတ္အသားတစ္ခု ေပၚလာတယ္။

197 :: ?

197 :: "မင္း လက္ေခ်ာ္သြားတာလား?"

ယန္းကြၽင္ :: "ငါက duoကစားေနတာ"

197 က အသင္းေဖာ္ရဲ့ ID ကို တစ္ခ်က္ၾကၫ့္ၿပီးေနာက္ နားလည္သြားတယ္။  “ဒီနံပါတ္(၃) နဲ႔လား? ရန္ေပါင္ေပ့?  အိုး… မင္း‌ေကာင္မေလးနဲ႔ တူတူေဆာ့ေနတာေပါ့ေလ?”

ဖိန႔္ရန္အေကာင့္ကို ေလာ့ခ်င္ရွန္း ဖြင့္ေပးထားတာ ျဖစ္ၿပီး ID ကိုလည္း သူပဲ ေရြးထားတာ။ ေလာ့ခ်င္ရွန္းႏွင့္ စံုတြဲ ID ေပါ့။

အစကေတာ့ ဖိန႔္ရန္က ဒီIDက မိန္းမဆန္လြန္းသည္ဟု ထင္ခဲ့ေသာ္လည္း အေကာင့္ေျပာင္းရတာ ခက္ခဲလြန္းေတာ့ ဒီအတိုင္းပဲ ထားလိုက္ေတာ့တာ။  တစ္စံုတစ္ေယာက္က အခုလိုမ်ိဳး အက်ယ္ႀကီး ဖတ္ေတာ့မွ သူ ရွက္ရြံ႔လာမိတယ္ ။

“အဆင္ေျပတယ္ရယ္၊ ငါ့ကို အားနာစရာမလိုဘူး” ဖိန႔္ရန္က မိုက္ကေနတစ္ဆင့္ ေျပာလိုက္တယ္။  "မင္းတို႔ႀကိဳက္သလို ကစား"

197က အမ်ိဳးသားတစ္ဦးရဲ့ အသံကိုလည္း ၾကားေရာ အံ့ၾသသြားမိသည္။  သူက “အသစ္ေလးလား?  ေကာင္းၿပီေလ၊ အစြန္အဖ်ားေနရာလည္း အဆင္ေျပပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီေျမပံုကိုက တအားႀကီးလြန္းေနတာ။ ငါတို႔ေတြ ရန္သူေတြနဲ႔ ျမန္ျမန္ ရင္ဆိုင္ရတာေပါ့"

ယန္းကြၽင္က ေျမပံုေနရာကို က်ပန္းေရြးလိုက္တာျဖစ္ၿပီး ဒီအေက်ာ့မွာေတာ့ သူတို႔ေတြ Sanhokမွာ ကစားေနတာ။

¶Googleမွာ ေျပာထားတာေတာ့ Sanhokမွာ ေသနတ္ေတြ ေဆးေသတၲာေတြနဲ႔ အျခားပစၥည္းေတြလည္း အမ်ားႀကီးရိွတယ္တဲ့¶

သိပ္မၾကာခင္မွာပဲ ယန္းကြၽင္တစ္ေယာက္ က်ည္အျပၫ့္နဲ႔ M4 တစ္လက္ကို ယူေဆာင္လာၿပီး ဖိန႔္ရန္ကို လာရွာျပန္တယ္။

ဖိန႔္ရန္က ေျမျပင္ေပၚမွ ေသနတ္ကို ၾကၫ့္ၿပီး ေျပာလိုက္တယ္ :: "ရပါတယ္။ ဒီေနရာထဲမွာ ေသနတ္ေတြ အမ်ားႀကီး ရိွတယ္ေလ။ ၿပီးေတာ့ ငါ့မွာလည္း M4 ရိွၿပီးသားႀကီး"

ယန္းကြၽင္က စကားမဆိုဘဲ ထိုေနရာမွာပဲ မတ္တပ္ရပ္ေနတယ္။ ေသနတ္ကလည္း ေျမျပင္ေပၚမွာ ဒီတိုင္းေလး။

အဆံုးမွာေတာ့ ဖိန႔္ရန္တစ္ေယာက္ ေဆာင့္ေၾကာင့္ေလးထိုင္ၿပီး သူ႔ရဲ့မူပိုင္M4ကို ျဖဳတ္ေပးလိုက္ေတာ့တယ္။ ယန္းကြၽင္က ျမန္ျမန္ဆန္ဆန္ ေကာက္ယူၿပီး တံခါးကို ဖြင့္ကာ ထြက္သြားေတာ့တယ္။

ဖိန႔္ရန္ :: ".........."

197က ျဖစ္စဉ္တစ္ခုလံုးကို ေတြ့သြားတာေၾကာင့္ စေနာက္လာေတာ့တယ္ :: "111 မင္း ဘာလုပ္ေနတာလဲ? ရန္ေပါင္ေပ့ရဲ့ ေသနတ္မွာ damageကို ႏွစ္ဆတိုးေစတာမ်ား ပါေနလို႔လား?"

ယန္းကြၽင္ :: "အမ္ ငါ့bossရဲ့ ေသနတ္ကို ကိုင္ေဆာင္ရေတာ့ တိုက္ပြဲစြမ္းရည္ကို ႏွစ္ဆတိုးေစတယ္။"

ေနာက္ဆံုး‌ေတာ့ 197ကို နားလည္သြားေစၿပီ :: "မင္းလည္း ဂိမ္းကစားေဖာ္အျဖစ္နဲ႔ စီးပြားရွာေနတာလား?"

ယန္းကြၽင္ :: "ဆိုပါေတာ့"

197 ေျပာတာ မွန္တယ္၊ ဒီေနရာေသးေသးေလးမွာ လူေတြအမ်ားႀကီး ရိွတယ္။ သူတို႔ေတြ အမည္မသိ နယ္ေျမႏွစ္ခုမွာ ရွာေဖြလို႔ၿပီးရံုရိွေသး အနီးနားကေန ေသနတ္သံ စၾကားရေတာ့တယ္။

"အေရ႔ွဘက္မွာ" 197က ေျမပံုကို ၾကၫ့္ၿပီး "ေသစမ္း မင္း ဘယ္ေရာက္သြားတာလဲ 111?"

ဖိန႔္ရန္က သူ႔ေနာက္မွ နီးနီးကပ္ကပ္ လိုက္လာေနတဲ့ လူကို ၾကၫ့္ၿပီး "...ငါတို႔ေတြ အခု လာေနၿပီ"

သူတို႔ေရာက္ေတာ့ အသင္းေဖာ္ႏွစ္ေယာက္က တစ္ဖက္အသင္းနဲ႔ တိုက္ပြဲစေနၿပီ။ ေလးေယာက္ႏွစ္ေယာက္ဆိုေတာ့ အေတာ္ေလး ထိခိုက္သြားတယ္။ သူတို႔ရဲ့ အျခားအသင္းေဖာ္တစ္ေယာက္ ေသတၲာဘူး အျဖစ္ ေျပာင္းသြားခ်ိန္မွာေတာ့ silver health ေလာက္သာ က်န္ေတာ့တဲ့ 197တစ္ေယာက္ ေက်ာက္တံုးေနာက္မွာ ပုန္းေနၿပီး ေဆးဘူးကို ဆက္တိုက္သံုးေနရကာ အထိတ္တလန႔္ ျဖစ္ေနေလၿပီ။

ဖိန႔္ရန္က သူ႔မ်က္လံုးေထာင့္နားမွ ရန္သူတစ္ေယာက္က သူတို႔ေနာက္ေက်ာကို ခ်ိန္ေနတာကို ျမင္တဲ့အခါ သူ ဘာမွမစဉ္းစားေတာ့ဘဲ ထိုလူကို ပစ္ခ်လိုက္တယ္။ ကံေကာင္းစြာနဲ႔ပဲ သူ႔ေသနတ္က တည္ၿငိမ္ေနေတာ့ ရန္သူကို ေအာင္ေအာင္ျမင္ျမင္ ရွင္းလိုက္ႏိုင္တယ္။

ဖိန႔္ရန္က ဒီဂိမ္းမွာ အမ်ားႀကီး မသတ္ဖူးဘူး၊ တစ္ပြဲမွာ တစ္ေယာက္သတ္မိရင္ေတာင္ သူ ကံေကာင္းတယ္လို႔ ဆိုရမယ္။ ရန္သူ လဲက်သြားတာကို ျမင္လိုက္ရမွပဲ ဖိန႔္ရန္တစ္ေယာက္ သူ႔ႏွလံုးခုန္သံေတြ ဘယ္ေလာက္က်ယ္ေလာင္ေနလည္း‌ဆိုတာကို သတိျပဳမိေတာ့တယ္။

"ေတာ္တယ္" ယန္းကြၽင္အသံက က်ည္မိုးသံမ်ားၾကားမွ ေဖာက္ထြက္လာခဲ့တယ္။

မူလတန္းဆရာမ ခ်ီးက်ူးတာ ခံလိုက္ရသလို ဖိန႔္ရန္မ်က္ႏွာက အေၾကာင္းျပခ်က္မရိွ ပူတက္လာခဲ့တယ္။ သူ သစ္ပင္ေနာက္မွာ ပုန္းေနရင္း သူ႔ေသနတ္ကို က်ည္ျပန္ျဖၫ့္လိုက္တယ္။

197က ေဆးေသတၲာကို သံုးၿပီး ရန္သူေတြရဲ့ တည္ေနရာကို ျမန္ျမန္ဆန္ဆန္ ေျပာျပေပးေနတယ္။ ယန္းကြၽင္က painkillerတစ္ပုလင္းကို ကိုင္ထားၿပီး ေျပာတယ္ :: "ငါ လက္ပစ္ဗံုးပစ္လိုက္မယ္။ မင္း ဘယ္ဘက္ကေန ပတ္လာခဲ့ ငါ သူတို႔ကို ေရ႔ွတန္းကေန ရွင္းလိုက္မယ္။"

သူတို႔ႏွစ္‌ေယာက္လံုး သတ္မွတ္ထားတဲ့အတိုင္း တဟုန္ထိုးေျပးၾက‌တယ္။ ယန္းကြၽင္က ႏွစ္ခ်က္တည္းနဲ႔ ရန္သူအသင္းသားႏွစ္ေယာက္ကို ပစ္ခ်ႏိုင္လိုက္တယ္၊ တစ္ခ်ိန္တည္းမွာပဲ အျခားတစ္ဖက္က 197က တစ္ေယာက္သတ္ႏိုင္လိုက္တယ္။

"အားလံုးရွင္းၿပီးၿပီ။ ငါ့ဘက္မွာ တစ္ခါတည္း ေသသြားတာ၊ ငါ‌တို႔ေတြ ပစၥည္းယူလို႔ရၿပီ" 197က ျမက္ခင္းျပင္ေပၚ ေမွာက္ခ်လိုက္ၿပီး "ဘရို မင္းက စေကးၾကမ္းလိုက္တာ"

ယန္းကြၽင္က မတုန႔္ျပန္ပါဘူး၊ ဖိႏိွပ္ထားတဲ့ ေသနတ္သံက ခပ္ေဝးေဝးမွ ထြက္လာခဲ့တယ္၊ သူ ညာဘက္ကို ေရႊ့ၿပီး scopeမွတစ္ဆင့္ ၾကၫ့္လိုက္တယ္။

ဒါေပမဲ့ သူ ရန္သူကို မရွာႏိုင္ခင္မွာဘဲ ေသနတ္ပစ္သံ အမ်ားအျပားက အေနာက္မွ ထြက္ေပၚလာခဲ့တယ္။

197 :: "ငါ-ိုး! အေနာက္ကေန ငါတို႔ကို သတ္ဖို႔ ေခ်ာင္းေနတဲ့ ေကာင္ေတြ ရိွေနေသးတယ္ဟ! ေသစမ္း! ေနာက္တစ္သင္းပဲ....."

သူ ေျပာလို႔ၿပီးၿပီးခ်င္းမွာပဲ ညာဘက္အေပၚနားမွာ messageႏွစ္ခု ခ်က္ခ်င္း တက္လာခဲ့တယ္။ 197နဲ႔ဖိန႔္ရန္ႏွစ္ေယာက္လံုး knock out ျဖစ္သြားေလရဲ့။

ယန္းကြၽင္တစ္ေယာက္ အလြန္လ်င္ျမန္စြာ လႈပ္ရွားေတာ့တယ္။ သူ တစ္ပတ္လွၫ့္ကာ ခ်က္ခ်င္း scopeနဲ႔ ၾကၫ့္ၿပီး ရန္သူတစ္ေယာက္ကို သတ္လိုက္တယ္။ ရန္သူက သူလဲမက်ခင္ ယန္းကြၽင္ကို ႏွစ္ခ်က္ပစ္ႏိုင္လိုက္ေတာ့ ယန္းကြၽင္အသက္က ပန္းေရာင္အထိ က်သြားေလရဲ့။

ယန္းကြၽင္ရဲ့ လက္ရိွအေနအထားက အေတာ္ေလး ေကာင္းတယ္။ 197က သူ႔လည္ေခ်ာင္းမွာ ႏွလံုးတစ္ေနသလို အသံျဖင့္ "ေနာက္ထပ္တစ္ေယာက္ ရိွေသးတယ္၊ မစိုးရိမ္နဲ႔ မစိုးရိမ္နဲ႔ေနာ္ မင္းကိုယ္မင္း အရင္ကုလိုက္၊ ၾကၫ့္ရတာ အဲ့ေကာင္က ရန္ေပါင္ေပ့ကို ရွင္းဖို႔ သြားေနတာျဖစ္..."

သူ ေျပာေနတုန္းရိွေသး ယန္းကြၽင္က ကုသျခင္းကို ပယ္ဖ်က္ၿပီး တဟုန္ထိုး ေျပးထြက္သြားတာကို ျမင္လိုက္ရတယ္။

197 :: ? ? ?

ဖိန႔္ရန္က "မလာနဲ႔" လို႔ ေျပာမလို႔ရိွေသး ယန္းကြၽင္က သူ႔ဆီ အေျပးေရာက္လာေနၿပီ။

ယန္းကြၽင္နဲ႔ ထိုရန္သူတို႔ အျပန္အလွန္ ပစ္ခတ္ၾကတဲ့ စကၠန႔္ပိုင္းေလးအတြင္းမွာ ဖိန႔္ရန္တစ္ေယာက္ သူ႔ရင္ဘတ္ႀကီး ေပါက္ကြဲထြက္ေတာ့မလို ခံစားလိုက္ရတယ္။

ယန္းကြၽင္တစ္ေယာက္ အသက္မက်န္ေတာ့သေလာက္အခ်ိန္မွာ တစ္ဖက္ရန္သူကို ရွင္းထုတ္ႏိုင္လိုက္မွပဲ ဖိန႔္ရန္တစ္ေယာက္ သက္ျပင္းႀကီးႀကီး ခ်ရေတာ့တယ္။ သူ ထိုင္ခံုေပၚ မွီခ်ၿပီး ခပ္တင္းတင္း ဆုပ္ကိုင္ထားမိတဲ့ mouseကိုလည္း ေျဖေလ်ွာ့လိုက္တယ္၊ သူ႔လက္ဖဝါးတစ္ခုလံုး ေခြၽးစို႔ေနေလရဲ့။

.....တအားျပင္းထန္လြန္းတယ္

"Fk! Fk! Fk! Fk! ဘရိုေရ တျခားလူေတြက ဂိမ္းကစားတာ၊ မင္းက ႏွလံုးခုန္ႏႈန္းကို ကစားေနတာပဲ!" 197က ယန္းကြၽင္နားသို႔ ခက္ခက္ခဲခဲ တြားသြားလိုက္တယ္။ သူ knock outလုပ္ခံရၿပီး ႏွစ္ခ်က္လည္း ပစ္ခံလိုက္ရေသးတယ္။ အခု သူ႔အသက္က ေအာက္ဆံုးထိုးက်သြားၿပီ "ဘရို ျမန္ျမန္ေလး ငါ့ကို ျပန္အသက္သြင္းေပးပါအံုး"

ဒီစကားေတြ သူ႔ပါးစပ္ထဲမွ ထြက္ၿပီးရံုရိွေသး ယန္းကြၽင္တစ္ေယာက္ သူ႔ကို ထားခဲ့ၿပီး အသက္ထက္ဝက္ေက်ာ္ ရိွေနေသးတဲ့ ရန္ေပါင္ေပ့ရိွရာ ေတာင္ကုန္းေပၚ ေျပးတက္သြားတာကို ျမင္လိုက္ရတယ္။

ယန္းကြၽင္ :: "မင္းမွာ ေဆးေတြရိွေသးတယ္မလား?"

ဖိန႔္ရန္က "ရိွတယ္"

"ေကာင္းတယ္။ ပစၥည္းေတြ သြားယူလိုက္ ဟိုဘက္မွာ အမ်ားႀကီး ရိွတယ္။"

197က ငိုသံႀကီးနဲ႔ "သြားၿပီ သြားၿပီ သြားၿပီ ငါေသၿပီ ငါေသၿပီ ‌ငါ‌ေသေတာ့မယ္....."

ေတာ္ေသးတာက ယန္းကြၽင္က အဲ့ေလာက္ထိ အၾကင္နာတရားမမဲ့ပါ။ ေနာက္ဆံုးစကၠန႔္ပိုင္းမွာပဲ သူ 197ကို ျပန္အသက္သြင္းေပးလိုက္တယ္။

"ဘရို ငါေတာ့ လန႔္ေသေတာ့မွာပဲ!" 197က တအားကိုမွ နာက်င္ေနရွာတယ္ :: "ငါ မင္းနားကို ခက္ခက္ခဲခဲ တြားသြားၿပီး ေရာက္လာခဲ့တာေတာင္ ငါ့ကို အသက္မသြင္းေပးဘူး။ မင္း ဘာေတြစဥ္းစားေနတာလဲ ဘရို?"

ယန္းကြၽင္ :: "ငါ့bossအေၾကာင္း စဉ္းစားေနတာ"

ဖိန႔္ရန္ :: "........"

197 :: "မင္းbossက အသက္ထက္ဝက္ေက်ာ္ က်န္ေနေသးတယ္ေလ!"

"သူတို႔မွာ တျခားအသင္းသားေတြလည္း ရိွေသးတယ္ေလ။ မေတာ္လို႔ ငါ့bossကို သတ္လိုက္ရင္ေရာ?" ယန္းကြၽင္က 98kေသနတ္ကို ျပန္ျပင္ဆင္ေနရင္း "မင္း ေသသြားလည္း ငါက အေကာင္းဆံုးႀကိဳးစားၿပီး မင္း ၾကက္သားစားရေအာင္ လုပ္ေပးႏိုင္ေသးတယ္ေလ။"

¶197ေသသြားလည္း ယန္းကြၽင္က အဆံုးထိဆက္ကစားၿပီး ႏိုင္ေအာင္ လုပ္လို႔ရတယ္လို႔ ဆိုလိုတာပါ သူတို႔က တစ္သင္းထဲကဆိုေတာ့ ေသသြားလည္း ၾကက္သားစားလို႔ရေသးတယ္ေလ¶

197 :: ?

ယန္းကြၽင္ :: "bossေသသြားရင္ေတာ့ ငါ့ကိုယ္ငါ စိတ္မထိန္းႏိုင္ဘဲ ျဖစ္သြားလိမ့္မယ္"

197က တစ္ခဏၾကာ တိတ္ဆိတ္ေနၿပီးမွ "ေအးပါကြာ...သိတဲ့သူေတြကေတာ့ မင္းကို ထိပ္တန္းအဆင့္ ဂိမ္းခ်န္ပီယံလို႔ ေျပာႏိုင္ေပမဲ့ မင္းကို မသိတဲ့သူေတြကေတာ့ မင္းတို႔ႏွစ္ေယာက္ကို ေဂးစံုတြဲေတြလို႔ပဲ ထင္သြားၾကမွာ"

ယန္းကြၽင္တစ္ေယာက္ သူ႔‌အေရ႔ွက လူက သြားေနရင္း ေတာင့္ခဲၿပီး ရပ္တန႔္သြားတာကို စိုက္ၾကၫ့္ေနတယ္။

ႏွစ္စကၠန႔္ေလာက္ ၾကာေတာ့ ရန္ေပါင္ေပ့က ဆက္ေျပးေတာ့တယ္။ သူ႔IDမွ မိုက္ပံုေလးက‌လည္း လင္းလာခဲ့တယ္ :: "အမ္ ဒီလိုတအားေတာ္တဲ့ ဂိမ္းကစားေဖာ္မ်ိဳးက တစ္နာရီမွ ယြမ္၂၀ပဲ က်သင့္တာေနာ္။ မင္း သူ႔ကို ရွာခ်င္ရင္ XX appထဲမွာ...."

ယန္းကြၽင္တစ္ေယာက္ ခပ္သဲ့သဲ့ ရယ္ေမာရင္း mouseကို မေတာ္တဆ ႏိွပ္မိသြားတယ္။ ေျပးေနရင္းတန္းလန္းႀကီး သူ႔ဂိမ္းကာရိုက္တာက ေလထဲကို လက္သီးနဲ႔ ခပ္ၾကမ္းၾကမ္း ပစ္ထိုးလိုက္တယ္။

သူတို႔ႏွစ္ေယာက္ မနက္ေလးနာရီအထိ ဆက္ကစားခဲ့ၾကတယ္။

ဖိန႔္ရန္က တစ္ခ်ိန္လံုး ဈာန္ဝင္စားေနကာ အခ်ိန္ကိုလည္း အာရံုမစိုက္မိဘူး။ ယန္းကြၽင္က သူ႔ကို အနားယူဖို႔ ေျပာမွပဲ အေတာ္ေလး အခ်ိန္လင့္သြားမွန္း သတိရလိုက္တယ္။

ဖိန႔္ရန္က လွဲအိပ္ေနရင္း ဖုန္းလင္းလာခဲ့တယ္။

ယန္းကြၽင္ :: [ငါ့ဝန္ေဆာင္မႈ ေကာင္းတယ္မလား?]

ဖိန႔္ရန္ :: [တအားေကာင္းတယ္]

ဒီစကားက နည္းနည္း ဝတ္ေက်တမ္းေက် ႏိုင္သလို ခံစားရလို႔ ဖိန႔္ရန္က ထပ္ျဖၫ့္ေရးလိုက္တယ္။

ဖိန႔္ရန္ :: [တကယ္ေျပာတာ]

ယန္းကြၽင္ :: [အင္း ပထမဆံုး လုပ္ဖူးတာမို႔ အေတြ့အႀကံဳေတာ့ မရိွဘူး]

ဖိန႔္ရန္ :: [မင္း ေအာ္ဒါေတြ ထပ္ရေသးလား?]

ဖိန႔္ရန္ဆီက ထိုmessageေရာက္လာေတာ့ ယန္းကြၽင္က appကို ဖြင့္ၾကၫ့္လိုက္တယ္။

တစ္ညတည္းနဲ႔ သူ ေအာ္ဒါအခုေလးဆယ္ေက်ာ္ ရသြားၿပီ။

ဖိန႔္ရန္တစ္ေယာက္ သူ႔အတြက္ ေလးေလးနက္နက္ လိုက္ေၾကာ္ျငာေပးေနတဲ့ အသံေလးကို ျပန္ေတြးရင္း ယန္းကြၽင္မွာ သူ႔မ်က္ႏွာကို အုပ္ကာ မၿပံဳးဘဲမေနႏိုင္ေတာ့ေပ။

ယန္းကြၽင္ :: [မရေသးဘူး။ စီးပြားေရးက သိပ္ေကာင္းပံုမရဘူး]

ဖိန႔္ရန္တစ္ေယာက္ သူ႔ဖုန္းကို ကိုင္ထားရင္း တစ္ခဏေလာက္ ေတြးေနတယ္။ ထို႔ေနာက္ "မင္း လုပ္ႏိုင္မွာပါ" ဆိုၿပီး အားတင္းကာ စာရိုက္လိုက္တယ္။

သူ မပို႔ရေသးခင္မွာဘဲ ေနာက္messageတစ္ေစာင္ကို လက္ခံရလိုက္တယ္။

ယန္းကြၽင္ :: [မင္း ငါ ကစားတာ ေကာင္းတယ္လို႔ တကယ္ထင္လား?]

ဖိန႔္ရန္ :: [အတည္ေျပာတာ]

ယန္းကြၽင္ :: [ဒါဆို မင္း ငါ့ကို ပိုၾကာၾကာ ငွားခ်င္လား?]

ဖိန႔္ရန္မွာ ေျပာစရာစကားေပ်ာက္သြားေတာ့တယ္။

ယန္းကြၽင္ :: [ပထမဆံုးစဖြင့္ေရာင္းတာမို႔ ထပ္မွာေလေနာ္။ ငါက ဒီပိတ္ရက္အားလံုးအတြက္ မင္းအပိုင္ပဲ]

ယန္းကြၽင္ :: [အဆင္ေျပလားဗ်?]

ယန္းကြၽင္ :: [မစၥတာ‌ဖိန႔္]

-----------------

Continue Reading

You'll Also Like

105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
904K 60.6K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
331K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"