Chapter 400: မှန်ကန်သော လက်စားချေမှု
ဇူအန် ပြုံးကာ ပြောလိုက်သည်။ “ဘာဆေးလဲ။ အဲ့လိုမျိုး တစ်ခုခုလိုအပ်ရင် နတ်ဆေးဆရာကျီကို သွားရှာရမှာမဟုတ်ဘူးလား။ ကျီရှောင်ချီ တောင်မှ ငါ့ထက် ပိုကောင်းတဲ့ ရွေးချယ်စရာ ဖြစ်ဦးမယ်”
ကျန်းတန် သက်ပြင်းချလိုက်သည်။ “ကျွန်မတို့တွေ နတ်ဆေးဆရာကျီ ကို ကုသခိုင်းသေးတယ်။ ဒါပေမယ့် နတ်ဆေးဆရာကျီ တတ်နိုင်တာဘာမှမရှိဘူး။
ဆန်းရှန် အပြင်းအထန် ဒဏ်ရာရထားတာကို ရှင်လည်း သိရဲ့သားနဲ့။ ပြီးတော့ အခုဆိုရင် သူ့အသက် မျော့မျော့လေးပဲ ကျန်တော့တယ်။ နတ်ဆေးဆရာကျီ တောင် သူ့ကို သေမင်းတံခါးဝမှာ ထိန်းထားရုံပဲတတ်နိုင်တယ်။ သူ့ရဲ့ ကျန်းမာရေးက တဖြည်းဖြည်း ကျလာပြီးတော့ နတ်ဆေးဆရာကျီ လည်း မတားဆီးနိုင်တော့ဘူး။
ဆန်းဟုန် မှာ ကလေးနှစ်ယောက်ရှိပေမယ့် သူ့မှာ သားတစ်ယောက်ပဲရှိတယ်။ အကယ်၍ ဆန်းရှန် သေရရင် သူ့မှာ ဆက်ခံသူ ကျန်တော့မှာမဟုတ်ဘူး”
ဇူအန် နှာခေါင်းရှုံ့လိုက်သည်။ “ လူဆိုးတွေ မှာ ဆိုးတဲ့အရာဖြစ်တာ ဘာဆန်းလို့လဲ”
ဆန်းဟုန်၏ အမှောင်ထဲမှ အကြံအစည် က လက်ရှိချူကလန်တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။
ကျန်းတန် နှုတ်ခမ်းကိုက်ထားသည်။ “အဲ့ဒါ ဟုတ်ပေမယ့် သားဖြစ်သူ သေဆုံးသွားရင် အဖေတစ်ယောက် က ပိုပြီးတော့ မိုက်မဲရူးသွပ်လိမ့်မယ်။ အဲ့ဒီလိုသာဖြစ်ရင် သူက ချူကလန်ကို မျက်နှာသာပေးတော့မှာမဟုတ်ဘူး”
“ငါ့ကို လာခြိမ်းခြောက်နေတာလား” ဇူအန် အနည်းငယ် မပျော်တော့ပေ။ သူမ၏လက်ကို ပိုမိုတင်းတင်း ညှစ်လိုက်သည်။
“အ” ကျန်းတန် နာကျင်သွားသည်။ သို့သော် ထုတ်မပြရဲပေ။ အခြားကျောင်းသားများ သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ “ရှင့်ကို ခြိမ်းခြောက်နေတာမဟုတ်ဘူး။ အကောင်းအဆိုးကို ချင့်ချိန်တတ်ဖို့ ကူညီပေးနေတာ။ ရှင့်ကို အရာအားလုံး ပေးထားပြီးပြီပဲ။ ကျွန်မရဲ့ စေတနာကို မေးခွန်းပြန်ထုတ်နေတုန်းပဲလား”
ဇူအန် နှာခေါင်းရှုံ့လိုက်သည်။ “ဒါပေမယ့် မင်းက ငါ့ရန်သူ ကိုယ်စား ပြောပေးနေတာလေ”
“ကျွန်မက သူ့ရဲ့ စကားကို ပြန်ပြောပေးရုံပဲ” ကျန်းတန် သက်ပြင်းချလိုက်သည်။ “ကျွန်မတို့တွေက အရမ်းနီးကပ်နေပြီဆိုတော့ ရှင်းရှင်းပဲပြောတော့မယ်။ ချူကလန်ရဲ့ အခုတလော ပြဿနာတွေက သူလုပ်ခဲ့တယ်ဆိုတာကို ရှင်သေချာပေါက် ကောင်းကောင်းရိပ်မိမှာပဲ။ သခင်မချူ လည်း ရက်အနည်းငယ် က အပြင်းအထန် ဒဏ်ရာရခဲ့တယ်။ ပြီးတော့ ကျီတန်ထု တောင်မှ သူ့ကို ကယ်ဖို့ မတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် နင့်ရဲ့ ဆေးတစ်ပုလင်းက သူ့ရဲ့အသက်ကို ကယ်နိုင်ခဲ့တယ်။
ဒီအကြောင်းကို ဆန်းဟုန် သိလိုက်ရတော့ အရမ်း အံသြတုန်လှုပ်သွားတယ်။ ဒါကြောင့် နင်နဲ့ သဘောတူညီမှုတစ်ခု လုပ်ဖို့ ဆန္ဒရှိခဲ့တယ်။ သူက လပြည့်မြို့ဝန် ကိုလွှတ်ပေးပြီးတော့ နောင်အခါမှလည်း ချူကလန်အပေါ် မကြံစည်တော့ဘူးတဲ့။ ပြီးတော့ ဆန်းကလန်ကလည်း နင်နဲ့ မိတ်ဆွေဖွဲ့မယ်တဲ့။ သူ တောင်းဆိုတာကတော့ အဲ့ဒီဆေးတစ်ပုလင်းပဲ”
ဇူအန်က သူ၏ အလိုမကျမှုကို အသံထဲတွင် မပါအောင် မလုပ်နိုင်တော့ပေ။ “ချူကလန် ရဲ့ ဆားခွင့်ပြုမိန့်တွေလည်း ငါတို့လက်ထဲ ပြန်ရောက်နေပြီပဲ။ လပြည့်မြို့ဝန်ကို ဆက်ထိန်းသိမ်းထားရအောငိ သူ့မှာ ဘာလုပ်ပိုင်ခွင့်ရှိနေသေးလို့လဲ။ ပြီးတော့ ချူကလန်အပေါ် သူ့ရဲ့အကြံအစည်တွေက ကျရှုံးခဲ့ပြီးပြီပဲ။ အခု လက်လျော့ မလျော့ ဘာထူးမှာမလို့လဲ”
ကျန်းတန် ခေါင်းခါလိုက်သည်။ “ကိစ္စတွေက အဲ့ဒီလောက် မရိုးစင်းဘူး။ လပြည့်မြို့ဝန်ကို ဥပမာ ထားရအောင်။ ချင်ဝမ်ယွီ မှာ ဆားခွင့်ပြုမိန့်တွေ ရှိနေတဲ့အတွက်ကြောင့် လပြည့်မြို့ဝန်ကို လွှတ်ပေးသင့်နေပြီ။ ဒါပေမယ့် ဆန်းဟုန်က အကြောင်းမျိုးစုံ ပြပြီးတော့ သူ့ကို ဆက်ဖမ်းထားတုန်းပဲ။ ဒီဆင်ခြေမျိုးစုံက အလုပ်ဆက်မဖြစ်တော့ဘူးဆိုတာကိုသိရင် ချူကလန်ကို ဖြေရှင်းမယ့် သူ့ရဲ့ စိတ်အစစ်နဲ့သာဆိုရင် လပြည့်မြို့ဝန် ကို သတ်ပစ်ရမှာက သူ့အတွက် မခက်ခဲဘူး”
ဇူအန် မျက်နှာ ချက်ချင်း ပြောင်းသွားသည်။ “ဆန်းဟုန်က မြို့ဝန်တစ်ယောက်ကို လုပ်ကြံရဲတယ်ပေါ့”
ကျန်းတန် ရှင်းပြလိုက်သည်။ “ သာမန်မြို့ဝန်တစ်ယောက်ကိုတော့ သူ ဒီလိုလုပ်ရဲမှာမဟုတ်ဘူး။ ဒါပေမယ့် ဆန်းဟုန် က ဘုရင်ကြီးရဲ့ ဆန္ဒကို ထမ်းဆောင်နေရုံသက်သက်ပဲဆိုတာကို ရှင်လည်းသိထားမှာပါ။ အစကတည်းက လပြည့်မြို့ဝန် ကို ရှင်းပစ်ချင်နေသူက ဘုရင်ကြီးပဲ။ ဒါကြောင့် မြို့ဝန်တစ်ခုခုဖြစ်သွားရင် ဘုရင်က ဆန်းဟုန်ကို အပြစ်ပေါ့ပေါ့လေးပဲပေးမှာပဲ။
ချူကလန်ကို ဆွဲချမယ့် ဆန်းဟုန်ရဲ့ အစီအစဉ်က ထပ်ခါထပ်ခါ ကျရှုံးနေပြီးတော့ သူ့ရဲ့ အတိုင်းအတာ ရောက်သွားရင် လပြည့်မြို့ဝန် ကို ပြန်ခွင့်ပေးမှာမဟုတ်တော့ဘူး။
ဒါပေမယ့် ရှင်က သူ့ရဲ့ သားအသက်ကို ကယ်နိုင်ရင် သူလည်း သူ့တာဝန်ကို စွန့်ပစ်ပြီးတော့ ဘုရင်ရဲ့ အပြစ်ကို လှိုက်လှိုက်လှဲလှဲ ခံလိမ့်မယ်”
ဇူအန် မျက်နှာ တဖျပ်ဖျပ် ပြောင်းနေသည်။ ဆန်းရှန် ကို တကယ် မကယ်ပေးချင်ပေ။ သို့သော် ထိုအတွက်ကြောင့် ချူကျုန်းထန် ထိခိုက်မည်ကို စိုးရိမ်နေသည်။ ချူချူယန်နှင့် ချူဟွမ်ကျောက် တို့ကို စိတ်အားငယ်စေမည်ဖြစ်သည်။ ထိုအရာအတွက် သူ့ကိုယ်သူ ဘယ်သောအခါမှ ခွင့်လွှတ်နိုင်မည်မဟုတ်တော့ပေ။
ထို့အပြင် ဆန်းဟုန်၏ ကောက်ကျစ်သော သဘာဝကို သိထားသည်။ ဇူအန်ကို အခွင့်အရေးပေးခဲ့သော်လည်း ချူကျုန်းထန်အား မကယ်ခဲ့ကြောင်း လူတိုင်းကို သေချာပေါက် ပြောပြမည်ဖြစ်သည်။ ထိုအခါ သတင်းကို မပြန့်အောင်တားဆီးရန် မဖြစ်နိုငိတော့ပေ။
“ငါတို့နှစ်ယောက် အကြောင်းကို ဆန်းဟုန်သိလား” ရုတ်တရက် ဇူအန် မေးလိုက်သည်။
ကျန်းတန်၏ မျက်နှာ နီရဲသွားသည်။ “ သေချာပေါက်ကို မသိဘူးပေါ့။ သိရင်တော့ ကျွန်မကို ချက်ချင်း သတ်မှာပဲ။ ရှင်နဲ့ ဒီကို ညှိနှိုင်းဖို့ လွှတ်ပါဦးမလား”
ဇူအန် မပျော်ပေ။ “ မင်းက သူ့ရဲ့သားနဲ့ တရားဝင် လက်မထပ်ရသေးဘူး။ သူ့မှာ အဲ့လိုလုပ်ခွင့်မရှိဘူး”
ကျန်းတန် မျက်လုံးလှန်လိုက်သည်။ သူမ ပြန်ငြင်းတော့ပေ။
ဤကမ္ဘာ၏ လက်ထပ်ပွဲများက သူ၏ ခေတ်သစ်ကမ္ဘာနှင့် ကွဲပြားခြားနားသည်ကို ဇူအန် သတိပြုမိသည်။ ထို့နောက် သူမကို ဆက်မေးလိုက်သည်။ “ဒီကိစ္စအပေါ် မင်းဘယ်လိုမြင်လဲ”
အနည်းငယ်တွန့်ဆုတ်ပြီးနောက် ကျန်းတန် ပြောလိုက်သညိ။ “ ကျွန်မတို့နှစ်ယောက် က အရမ်း နီးကပ်နေပြီးသားဆိုတော့ ရှင့်ကို ဘာမှမကွယ်ဝှက်နေတော့ဘူး။ ဆန်းရှန် နဲ့ ကျွန်မ လက်ထပ်ဖြစ်ရင်တောင် ကျွန်မတို့နှစ်ယောက် ကြားက ကိစ္စကြောင့် သူ့အပေါ် အပြစ်ရှိတဲ့စိတ်ဖြစ်နေသေးတယ်။ ဒါကြောင့် သူ့ကို ပြန်ဖြည့်ဆည်းပေးချင်တယ်။ တစ်ချိန်တည်းမှာပဲ ဒီသဘောတူညီချက် ဖြစ်သွားရင် ကျန်းကလန်လည်း တိုင်းတာမရအောင် အကျိုးများမှာပဲ။ ဒါကြောင့် ကျွန်မကို ကူညီပြီးတော့ သူ့ကို ရှင် ကယ်ပေးမယ်လို့ တကယ်ကို မျှော်လင့်မိတယ်”
တခဏရပ်ပြီးနောက် ပြုံးကာ သူမ ပြောလိုက်သည်။ “ဟုတ်တာပေါ့။ အကယ်၍ ဆန်းကလန်နဲ့ ကျန်းကလန်က ကျွန်မကို ရှင်နဲ့ လက်ထပ်ပေးဖို့ သဘောတူခဲ့ရင် ဆန်းရှန် နဲ့ စိတ်ရှုပ်နေစရာမလိုတော့ဘူးပေါ့”
ဇူအန် စကားမဲ့သွားသည်။ “အဲ့ဒါ မဖြစ်နိုင်ဘူးဆိုတာ ကို မင်းသိသားပဲ။ မင်းကို ငါ့ဇနီးအဖြစ်ယူဖို့ ငါက ကိစ္စမရှိပေမယ့် မင်းကရော တကယ်ပဲ ငါနဲ့ ခိုးရာလိုက်ပြေးချင်ပါ့မလား”
ကျန်းတန် သက်ပြင်းချလိုက်သည်။ “ ကျွန်မ ကလန်ရဲ့ မျှော်လင့်ချက်တွေ ကို ကျွန်မထမ်းထားရတယ်ဆိုတာကို ရှင်သိတာပဲ။ သူတို့ကို ဘယ်လိုလုပ် ကျောခိုင်းနိုင်မှာလဲ”
ဇူအန်လည်း တွေးတောပြီးနောက် ပြောလိုက်သည်။ “ သူ့ကို ကယ်ဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။ ဒါပေမယ့် သူပြန်ကောင်းသွားပြီးတော့ မင်းကိုလက်ထပ်ရင် ကြာခိုခံရတဲ့လူက ငါမဖြစ်သွားဘူးလား။ မဖြစ်ဘူး”
ကျန်းတန် မျက်နှာနီရဲသွားသည်။ “ သူ့ကို ကြာကူလီတစ်ယောက်ဖြစ်အောင် လုပ်တာ ရှင်ဆိုတာ ရှင်းနေတာပဲကို...”
ဇူအန် နှာခေါင်းရှုံ့လိုက်သည်။ “ဘာပဲ ဖြစ်ဖြစ်။ ဒါကို ငါလက်မခံနိုင်ဘူး”
ကျန်းတန် အခိုက်အတန့် ခဏ တွန့်ဆုတ်သွားကာ ပြောလိုက်သည်။ “တကယ်တော့ ထွက်လမ်းတစ်ခုရှိနိုင်သေးတယ်။ တကယ်မှာ သူက အရမ်းကို ဆိုးဆိုးရွားရွား ထိခိုက်ထားတာပဲ။ အကယ်၍ သူတစ်ခုခုဖြစ်သွားပြီးတော့ သူ ဟိုဟာ မလုပ်နိုင်ခဲ့ရင်...အဲ့ဒါလုံးဝ သာမန်ဖြစ်သွားမှာပေါ့...”
ဇူအန် တံတွေးမျိုချလိုက်သည်။ “မင်း တကယ်ကို ရက်စက်တာပဲ”
ကျန်းတန် မျက်လုံးရဲသွားသည်။ “ ရှင့်အတွက် တွေးပေးနေတာ ဟုတ်ပြီလား။ ဘာကြောင့် ကျွန်မ က ရက်စက်တဲ့သူဖြစ်ရမှာလဲ။ ကျွန်မ က သာမန်ခင်ပွန်းတစ်ယောက် မလိုချင်ဘူးလို့ ထင်နေလား။ အကယ်၍ ရှင့်ကို လက်ထပ်ဖို့ နည်းလမ်း မရှိတာမဟုတ်ခဲ့ရင်...”
အဆုံးတွင် သူမ တရှုံ့ရှုံ့ ငိုလိုက်သည်။ ဇူအန်လည်း သူမ၏မျက်ရည်များကို အမြန်ကူသုတ်ပေးလိုက်သည်။ “ငါ စကားပြောမှားတာပါ။ အဲ့ဒီနည်းလမ်းက မဆိုးဘူးပဲ။ ငါက ကျွန်မအပျိုပါလို့ပြောနေတဲ့ ပြည့်တန်ဆာတစ်ယောက်လို မဖြစ်ချင်ပါဘူး”
ကံကောင်းသည်မှာ သူတို့သည် ဝန်ထမ်းအဆောင် နှင့် အလွန်နီးလာပြီဖြစ်သောကြောင့် အနားတွင် မည်သည့်ကျောင်းသားမှ မရှိတော့ပေ။ မဟုတ်ပါက ကောလာဟလများမှာ တောမီးပမာ စတင်ပြန့်ကျဲသွားမည်ဖြစ်သည်။
သူ၏စကားကို ကြားရသောအခါ ကျန်းတန် တခစ်ခစ်ရယ်လိုက်သည်။ သူမ မျက်နှာ နီရဲရင်းပြောလိုက်သည်။ “သွား။ အကယ်၍ ရှင်က ပြည့်တန်ဆာ တစ်ယောက်ဆိုရင် ကျွန်မက ဘာဖြစ်သွားမလဲ”
“မင်းက ငါ့ရဲ့...” ဇူအန် က သူမ နားအနားကပ်ကာ စကားလုံးတစ်လုံး တီးတိုးပြောလိုက်သည်။
ကျန်းတန်၏ လည်ပင်း ချက်ချင်း နီရဲသွားသည်။ ခန္ဓာကိုယ်လည်း ပူနွေးသွားသည်။
ဇူအန်က ဤအခွင့်အရေးကို သုံးကာ သူ၏ အဆောင်အခန်းထဲသို့ သူမကို ပွေ့ချီသွားသည်။
အချိန်တစ်ခုကြာပြီးနောက်…
သူတို့နှစ်ဦး က တစ်ဦး ကိုတစ်ဦး မခွဲနိုင်မခွာရက် ဖက်ထားကြသည်။
”ဒါဆို ရှင် သဘောတူလား” ကျန်းတန်က သူ၏ရင်ဘတ်ကို ဖိထားရင် နှုတ်ခမ်း ကိုက်ကာ မေးလိုက်သည်။
ဇူအန်၏ မျက်နှာ အုံ့မှိုင်းသွားသည်။ “ဒါကို အခုမပြောလို့မရဘူးလား။ ငါ့ကို လူဆိုး နဲ့တူအောင်လုပ်နေတာပဲ။ ငါတို့ အခုဖြစ်နေတာက မင်းရဲ့ ချစ်သူကို ကယ်ဖို့အတွက် မင်းကိုယ်မင်းစတေးခံလိုက်တာကျနေတာပဲ”
ကျန်းတန် မျက်လုံးလှန်လိုက်သည်။ “အရင်က ကျွန်မနဲ့ အဲ့ဒီလို ကစားရတာကို ရှင်ကြိုက်တယ်မဟုတ်ဘူးလား”
ဇူအန်၏ သွေးများ ခေါင်းထဲ ထိုးတက်လာသည်။ ချက်ချင်းပင် ဇာတ်ဟန်သွင်းလိုက်သည်။ “ဟဲဟဲဟဲ ငါ သဘောတူ မတူဆိုတာက မင်းရဲ့ ဖျော်ဖြေမှုအပေါ်မှာ မူတည်တယ်”
ကျန်းတန်က ချက်ချင်းပဲ သိမ်မွေ့၍ သနားစရာကောင်းသော ပုံစံဖြစ်သွားသည်။ “ကျေးဇူးပြုပြီးတော့... ကျေးဇူးပြုပြီးတော့ သူ့ကို ချမ်းသာပေးပါ။ ရှင်ပြောသမျှ ကျွန်မအကုန်လုပ်ပါ့မယ်”
ဇူအန်က အားကျမှုဖြင့် လေချွန်မိလိုက်သညိ။ ဒီမိန်းကလေးက မင်းသမီးလုပ်ဖို့ မွေးလာတာပဲ။ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ ချက်ချင်းပဲ ဆန်းရှန် ကို ကယ်သင့် မကယ်သင့် မေးခွန်းကို ကျန်းတန်ခန္ဓာကိုယ်ပေါ်တွင် အဖြေရှာလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဆန်းဟုန် က ချူကျုန်းထန် ၏ အသက်ဖြင့် သူတို့ကို အကျပ်ကိုင်နေသောကြောင့် ဤအရာသည် မှန်ကန်သော လက်စားချေမှုဖြစ်သည်။
----- ------------------------------- ----- - - - - - - - - -----
Chapter 400: မွန္ကန္ေသာ လက္စားေခ်မႈ
ဇူအန္ ၿပဳံးကာ ေျပာလိုက္သည္။ ဘာေဆးလဲ။ အဲ့လိုမ်ိဳး တစ္ခုခုလိုအပ္ရင္ နတ္ေဆးဆရာက်ီကို သြားရွာရမွာမဟုတ္ဘူးလား။ က်ီေရွာင္ခ်ီ ေတာင္မွ ငါ့ထက္ ပိုေကာင္းတဲ့ ေ႐ြးခ်ယ္စရာ ျဖစ္ဦးမယ္
က်န္းတန္ သက္ျပင္းခ်လိဳက္သည္။ ကြၽန္မတို႔ေတြ နတ္ေဆးဆရာက်ီ ကို ကုသခိုင္းေသးတယ္။ ဒါေပမယ့္ နတ္ေဆးဆရာက်ီ တတ္နိုင္တာဘာမွမရွိဘူး။
ဆန္းရွန္ အျပင္းအထန္ ဒဏ္ရာရထားတာကို ရွင္လည္း သိရဲ႕သားနဲ႕။ ၿပီးေတာ့ အခုဆိုရင္ သူ႕အသက္ ေမ်ာ့ေမ်ာ့ေလးပဲ က်န္ေတာ့တယ္။ နတ္ေဆးဆရာက်ီ ေတာင္ သူ႕ကို ေသမင္းတံခါးဝမွာ ထိန္းထား႐ုံပဲတတ္နိုင္တယ္။ သူ႕ရဲ႕ က်န္းမာေရးက တျဖည္းျဖည္း က်လာၿပီးေတာ့ နတ္ေဆးဆရာက်ီ လည္း မတားဆီးနိုင္ေတာ့ဘူး။
ဆန္းဟုန္ မွာ ကေလးႏွစ္ေယာက္ရွိေပမယ့္ သူ႕မွာ သားတစ္ေယာက္ပဲရွိတယ္။ အကယ္၍ ဆန္းရွန္ ေသရရင္ သူ႕မွာ ဆက္ခံသူ က်န္ေတာ့မွာမဟုတ္ဘူး
ဇူအန္ ႏွာေခါင္းရႈံ႕လိုက္သည္။ လူဆိုးေတြ မွာ ဆိုးတဲ့အရာျဖစ္တာ ဘာဆန္းလို႔လဲ
ဆန္းဟုန္၏ အေမွာင္ထဲမွ အႀကံအစည္ က လက္ရွိခ်ဴကလန္တြင္ အရႈပ္အေထြးမ်ား ျဖစ္ေပၚခဲ့ရျခင္းျဖစ္သည္။
က်န္းတန္ ႏႈတ္ခမ္းကိုက္ထားသည္။ အဲ့ဒါ ဟုတ္ေပမယ့္ သားျဖစ္သူ ေသဆုံးသြားရင္ အေဖတစ္ေယာက္ က ပိုၿပီးေတာ့ မိုက္မဲ႐ူးသြပ္လိမ့္မယ္။ အဲ့ဒီလိုသာျဖစ္ရင္ သူက ခ်ဴကလန္ကို မ်က္ႏွာသာေပးေတာ့မွာမဟုတ္ဘူး
ငါ့ကို လာၿခိမ္းေျခာက္ေနတာလား ဇူအန္ အနည္းငယ္ မေပ်ာ္ေတာ့ေပ။ သူမ၏လက္ကို ပိုမိုတင္းတင္း ညွစ္လိုက္သည္။
အ က်န္းတန္ နာက်င္သြားသည္။ သို႔ေသာ္ ထုတ္မျပရဲေပ။ အျခားေက်ာင္းသားမ်ား သတိျပဳမိသြားမည္ကို စိုးရိမ္ေသာေၾကာင့္ျဖစ္သည္။ ရွင့္ကို ၿခိမ္းေျခာက္ေနတာမဟုတ္ဘူး။ အေကာင္းအဆိုးကို ခ်င့္ခ်ိန္တတ္ဖို႔ ကူညီေပးေနတာ။ ရွင့္ကို အရာအားလုံး ေပးထားၿပီးၿပီပဲ။ ကြၽန္မရဲ႕ ေစတနာကို ေမးခြန္းျပန္ထုတ္ေနတုန္းပဲလား
ဇူအန္ ႏွာေခါင္းရႈံ႕လိုက္သည္။ ဒါေပမယ့္ မင္းက ငါ့ရန္သူ ကိုယ္စား ေျပာေပးေနတာေလ
ကြၽန္မက သူ႕ရဲ႕ စကားကို ျပန္ေျပာေပး႐ုံပဲ က်န္းတန္ သက္ျပင္းခ်လိဳက္သည္။ ကြၽန္မတို႔ေတြက အရမ္းနီးကပ္ေနၿပီဆိုေတာ့ ရွင္းရွင္းပဲေျပာေတာ့မယ္။ ခ်ဴကလန္ရဲ႕ အခုတေလာ ျပႆနာေတြက သူလုပ္ခဲ့တယ္ဆိုတာကို ရွင္ေသခ်ာေပါက္ ေကာင္းေကာင္းရိပ္မိမွာပဲ။ သခင္မခ်ဴ လည္း ရက္အနည္းငယ္ က အျပင္းအထန္ ဒဏ္ရာရခဲ့တယ္။ ၿပီးေတာ့ က်ီတန္ထု ေတာင္မွ သူ႕ကို ကယ္ဖို႔ မတတ္နိုင္ခဲ့ဘူး။ ဒါေပမယ့္ နင့္ရဲ႕ ေဆးတစ္ပုလင္းက သူ႕ရဲ႕အသက္ကို ကယ္နိုင္ခဲ့တယ္။
ဒီအေၾကာင္းကို ဆန္းဟုန္ သိလိုက္ရေတာ့ အရမ္း အံၾသတုန္လႈပ္သြားတယ္။ ဒါေၾကာင့္ နင္နဲ႕ သေဘာတူညီမႈတစ္ခု လုပ္ဖို႔ ဆႏၵရွိခဲ့တယ္။ သူက လျပည့္ၿမိဳ႕ဝန္ ကိုလႊတ္ေပးၿပီးေတာ့ ေနာင္အခါမွလည္း ခ်ဴကလန္အေပၚ မႀကံစည္ေတာ့ဘူးတဲ့။ ၿပီးေတာ့ ဆန္းကလန္ကလည္း နင္နဲ႕ မိတ္ေဆြဖြဲ႕မယ္တဲ့။ သူ ေတာင္းဆိုတာကေတာ့ အဲ့ဒီေဆးတစ္ပုလင္းပဲ
ဇူအန္က သူ၏ အလိုမက်မႈကို အသံထဲတြင္ မပါေအာင္ မလုပ္နိုင္ေတာ့ေပ။ ခ်ဴကလန္ ရဲ႕ ဆားခြင့္ျပဳမိန့္ေတြလည္း ငါတို႔လက္ထဲ ျပန္ေရာက္ေနၿပီပဲ။ လျပည့္ၿမိဳ႕ဝန္ကို ဆက္ထိန္းသိမ္းထားရေအာငိ သူ႕မွာ ဘာလုပ္ပိုင္ခြင့္ရွိေနေသးလို႔လဲ။ ၿပီးေတာ့ ခ်ဴကလန္အေပၚ သူ႕ရဲ႕အႀကံအစည္ေတြက က်ရႈံးခဲ့ၿပီးၿပီပဲ။ အခု လက္ေလ်ာ့ မေလ်ာ့ ဘာထူးမွာမလို႔လဲ
က်န္းတန္ ေခါင္းခါလိုက္သည္။ ကိစၥေတြက အဲ့ဒီေလာက္ မရိုးစင္းဘူး။ လျပည့္ၿမိဳ႕ဝန္ကို ဥပမာ ထားရေအာင္။ ခ်င္ဝမ္ယြီ မွာ ဆားခြင့္ျပဳမိန့္ေတြ ရွိေနတဲ့အတြက္ေၾကာင့္ လျပည့္ၿမိဳ႕ဝန္ကို လႊတ္ေပးသင့္ေနၿပီ။ ဒါေပမယ့္ ဆန္းဟုန္က အေၾကာင္းမ်ိဳးစုံ ျပၿပီးေတာ့ သူ႕ကို ဆက္ဖမ္းထားတုန္းပဲ။ ဒီဆင္ေျခမ်ိဳးစုံက အလုပ္ဆက္မျဖစ္ေတာ့ဘူးဆိုတာကိုသိရင္ ခ်ဴကလန္ကို ေျဖရွင္းမယ့္ သူ႕ရဲ႕ စိတ္အစစ္နဲ႕သာဆိုရင္ လျပည့္ၿမိဳ႕ဝန္ ကို သတ္ပစ္ရမွာက သူ႕အတြက္ မခက္ခဲဘူး
ဇူအန္ မ်က္ႏွာ ခ်က္ခ်င္း ေျပာင္းသြားသည္။ ဆန္းဟုန္က ၿမိဳ႕ဝန္တစ္ေယာက္ကို လုပ္ႀကံရဲတယ္ေပါ့
က်န္းတန္ ရွင္းျပလိုက္သည္။ သာမန္ၿမိဳ႕ဝန္တစ္ေယာက္ကိုေတာ့ သူ ဒီလိုလုပ္ရဲမွာမဟုတ္ဘူး။ ဒါေပမယ့္ ဆန္းဟုန္ က ဘုရင္ႀကီးရဲ႕ ဆႏၵကို ထမ္းေဆာင္ေန႐ုံသက္သက္ပဲဆိုတာကို ရွင္လည္းသိထားမွာပါ။ အစကတည္းက လျပည့္ၿမိဳ႕ဝန္ ကို ရွင္းပစ္ခ်င္ေနသူက ဘုရင္ႀကီးပဲ။ ဒါေၾကာင့္ ၿမိဳ႕ဝန္တစ္ခုခုျဖစ္သြားရင္ ဘုရင္က ဆန္းဟုန္ကို အျပစ္ေပါ့ေပါ့ေလးပဲေပးမွာပဲ။
ခ်ဴကလန္ကို ဆြဲခ်မယ့္ ဆန္းဟုန္ရဲ႕ အစီအစဥ္က ထပ္ခါထပ္ခါ က်ရႈံးေနၿပီးေတာ့ သူ႕ရဲ႕ အတိုင္းအတာ ေရာက္သြားရင္ လျပည့္ၿမိဳ႕ဝန္ ကို ျပန္ခြင့္ေပးမွာမဟုတ္ေတာ့ဘူး။
ဒါေပမယ့္ ရွင္က သူ႕ရဲ႕ သားအသက္ကို ကယ္နိုင္ရင္ သူလည္း သူ႕တာဝန္ကို စြန့္ပစ္ၿပီးေတာ့ ဘုရင္ရဲ႕ အျပစ္ကို လွိုက္လွိုက္လွဲလွဲ ခံလိမ့္မယ္
ဇူအန္ မ်က္ႏွာ တဖ်ပ္ဖ်ပ္ ေျပာင္းေနသည္။ ဆန္းရွန္ ကို တကယ္ မကယ္ေပးခ်င္ေပ။ သို႔ေသာ္ ထိုအတြက္ေၾကာင့္ ခ်ဴက်ဳန္းထန္ ထိခိုက္မည္ကို စိုးရိမ္ေနသည္။ ခ်ဴခ်ဴယန္ႏွင့္ ခ်ဴဟြမ္ေက်ာက္ တို႔ကို စိတ္အားငယ္ေစမည္ျဖစ္သည္။ ထိုအရာအတြက္ သူ႕ကိုယ္သူ ဘယ္ေသာအခါမွ ခြင့္လႊတ္နိုင္မည္မဟုတ္ေတာ့ေပ။
ထို႔အျပင္ ဆန္းဟုန္၏ ေကာက္က်စ္ေသာ သဘာဝကို သိထားသည္။ ဇူအန္ကို အခြင့္အေရးေပးခဲ့ေသာ္လည္း ခ်ဴက်ဳန္းထန္အား မကယ္ခဲ့ေၾကာင္း လူတိုင္းကို ေသခ်ာေပါက္ ေျပာျပမည္ျဖစ္သည္။ ထိုအခါ သတင္းကို မျပန့္ေအာင္တားဆီးရန္ မျဖစ္နိုငိေတာ့ေပ။
ငါတို႔ႏွစ္ေယာက္ အေၾကာင္းကို ဆန္းဟုန္သိလား ႐ုတ္တရက္ ဇူအန္ ေမးလိုက္သည္။
က်န္းတန္၏ မ်က္ႏွာ နီရဲသြားသည္။ ေသခ်ာေပါက္ကို မသိဘူးေပါ့။ သိရင္ေတာ့ ကြၽန္မကို ခ်က္ခ်င္း သတ္မွာပဲ။ ရွင္နဲ႕ ဒီကို ညွိႏွိုင္းဖို႔ လႊတ္ပါဦးမလား
ဇူအန္ မေပ်ာ္ေပ။ မင္းက သူ႕ရဲ႕သားနဲ႕ တရားဝင္ လက္မထပ္ရေသးဘူး။ သူ႕မွာ အဲ့လိုလုပ္ခြင့္မရွိဘူး
က်န္းတန္ မ်က္လုံးလွန္လိုက္သည္။ သူမ ျပန္ျငင္းေတာ့ေပ။
ဤကမၻာ၏ လက္ထပ္ပြဲမ်ားက သူ၏ ေခတ္သစ္ကမၻာႏွင့္ ကြဲျပားျခားနားသည္ကို ဇူအန္ သတိျပဳမိသည္။ ထို႔ေနာက္ သူမကို ဆက္ေမးလိုက္သည္။ ဒီကိစၥအေပၚ မင္းဘယ္လိုျမင္လဲ
အနည္းငယ္တြန့္ဆုတ္ၿပီးေနာက္ က်န္းတန္ ေျပာလိုက္သညိ။ ကြၽန္မတို႔ႏွစ္ေယာက္ က အရမ္း နီးကပ္ေနၿပီးသားဆိုေတာ့ ရွင့္ကို ဘာမွမကြယ္ဝွက္ေနေတာ့ဘူး။ ဆန္းရွန္ နဲ႕ ကြၽန္မ လက္ထပ္ျဖစ္ရင္ေတာင္ ကြၽန္မတို႔ႏွစ္ေယာက္ ၾကားက ကိစၥေၾကာင့္ သူ႕အေပၚ အျပစ္ရွိတဲ့စိတ္ျဖစ္ေနေသးတယ္။ ဒါေၾကာင့္ သူ႕ကို ျပန္ျဖည့္ဆည္းေပးခ်င္တယ္။ တစ္ခ်ိန္တည္းမွာပဲ ဒီသေဘာတူညီခ်က္ ျဖစ္သြားရင္ က်န္းကလန္လည္း တိုင္းတာမရေအာင္ အက်ိဳးမ်ားမွာပဲ။ ဒါေၾကာင့္ ကြၽန္မကို ကူညီၿပီးေတာ့ သူ႕ကို ရွင္ ကယ္ေပးမယ္လို႔ တကယ္ကို ေမွ်ာ္လင့္မိတယ္
တခဏရပ္ၿပီးေနာက္ ၿပဳံးကာ သူမ ေျပာလိုက္သည္။ ဟုတ္တာေပါ့။ အကယ္၍ ဆန္းကလန္နဲ႕ က်န္းကလန္က ကြၽန္မကို ရွင္နဲ႕ လက္ထပ္ေပးဖို႔ သေဘာတူခဲ့ရင္ ဆန္းရွန္ နဲ႕ စိတ္ရႈပ္ေနစရာမလိုေတာ့ဘူးေပါ့
ဇူအန္ စကားမဲ့သြားသည္။ အဲ့ဒါ မျဖစ္နိုင္ဘူးဆိုတာ ကို မင္းသိသားပဲ။ မင္းကို ငါ့ဇနီးအျဖစ္ယူဖို႔ ငါက ကိစၥမရွိေပမယ့္ မင္းကေရာ တကယ္ပဲ ငါနဲ႕ ခိုးရာလိုက္ေျပးခ်င္ပါ့မလား
က်န္းတန္ သက္ျပင္းခ်လိဳက္သည္။ ကြၽန္မ ကလန္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ကို ကြၽန္မထမ္းထားရတယ္ဆိုတာကို ရွင္သိတာပဲ။ သူတို႔ကို ဘယ္လိုလုပ္ ေက်ာခိုင္းနိုင္မွာလဲ
ဇူအန္လည္း ေတြးေတာၿပီးေနာက္ ေျပာလိုက္သည္။ သူ႕ကို ကယ္ဖို႔ မျဖစ္နိုင္တာေတာ့မဟုတ္ဘူး။ ဒါေပမယ့္ သူျပန္ေကာင္းသြားၿပီးေတာ့ မင္းကိုလက္ထပ္ရင္ ၾကာခိုခံရတဲ့လူက ငါမျဖစ္သြားဘူးလား။ မျဖစ္ဘူး
က်န္းတန္ မ်က္ႏွာနီရဲသြားသည္။ သူ႕ကို ၾကာကူလီတစ္ေယာက္ျဖစ္ေအာင္ လုပ္တာ ရွင္ဆိုတာ ရွင္းေနတာပဲကို...
ဇူအန္ ႏွာေခါင္းရႈံ႕လိုက္သည္။ ဘာပဲ ျဖစ္ျဖစ္။ ဒါကို ငါလက္မခံနိုင္ဘူး
က်န္းတန္ အခိုက္အတန့္ ခဏ တြန့္ဆုတ္သြားကာ ေျပာလိုက္သည္။ တကယ္ေတာ့ ထြက္လမ္းတစ္ခုရွိနိုင္ေသးတယ္။ တကယ္မွာ သူက အရမ္းကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ထားတာပဲ။ အကယ္၍ သူတစ္ခုခုျဖစ္သြားၿပီးေတာ့ သူ ဟိုဟာ မလုပ္နိုင္ခဲ့ရင္...အဲ့ဒါလုံးဝ သာမန္ျဖစ္သြားမွာေပါ့...
ဇူအန္ တံေတြးမ်ိဳခ်လိဳက္သည္။ မင္း တကယ္ကို ရက္စက္တာပဲ
က်န္းတန္ မ်က္လုံးရဲသြားသည္။ ရွင့္အတြက္ ေတြးေပးေနတာ ဟုတ္ၿပီလား။ ဘာေၾကာင့္ ကြၽန္မ က ရက္စက္တဲ့သူျဖစ္ရမွာလဲ။ ကြၽန္မ က သာမန္ခင္ပြန္းတစ္ေယာက္ မလိုခ်င္ဘူးလို႔ ထင္ေနလား။ အကယ္၍ ရွင့္ကို လက္ထပ္ဖို႔ နည္းလမ္း မရွိတာမဟုတ္ခဲ့ရင္...
အဆုံးတြင္ သူမ တရႈံ႕ရႈံ႕ ငိုလိုက္သည္။ ဇူအန္လည္း သူမ၏မ်က္ရည္မ်ားကို အျမန္ကူသုတ္ေပးလိုက္သည္။ ငါ စကားေျပာမွားတာပါ။ အဲ့ဒီနည္းလမ္းက မဆိုးဘူးပဲ။ ငါက ကြၽန္မအပ်ိဳပါလို႔ေျပာေနတဲ့ ျပည့္တန္ဆာတစ္ေယာက္လို မျဖစ္ခ်င္ပါဘူး
ကံေကာင္းသည္မွာ သူတို႔သည္ ဝန္ထမ္းအေဆာင္ ႏွင့္ အလြန္နီးလာၿပီျဖစ္ေသာေၾကာင့္ အနားတြင္ မည္သည့္ေက်ာင္းသားမွ မရွိေတာ့ေပ။ မဟုတ္ပါက ေကာလာဟလမ်ားမွာ ေတာမီးပမာ စတင္ျပန့္က်ဲသြားမည္ျဖစ္သည္။
သူ၏စကားကို ၾကားရေသာအခါ က်န္းတန္ တခစ္ခစ္ရယ္လိုက္သည္။ သူမ မ်က္ႏွာ နီရဲရင္းေျပာလိုက္သည္။ သြား။ အကယ္၍ ရွင္က ျပည့္တန္ဆာ တစ္ေယာက္ဆိုရင္ ကြၽန္မက ဘာျဖစ္သြားမလဲ
မင္းက ငါ့ရဲ႕... ဇူအန္ က သူမ နားအနားကပ္ကာ စကားလုံးတစ္လုံး တီးတိုးေျပာလိုက္သည္။
က်န္းတန္၏ လည္ပင္း ခ်က္ခ်င္း နီရဲသြားသည္။ ခႏၶာကိုယ္လည္း ပူႏြေးသြားသည္။
ဇူအန္က ဤအခြင့္အေရးကို သုံးကာ သူ၏ အေဆာင္အခန္းထဲသို႔ သူမကို ေပြ႕ခ်ီသြားသည္။
အခ်ိန္တစ္ခုၾကာၿပီးေနာက္
သူတို႔ႏွစ္ဦး က တစ္ဦး ကိုတစ္ဦး မခြဲနိုင္မခြာရက္ ဖက္ထားၾကသည္။
ဒါဆို ရွင္ သေဘာတူလား က်န္းတန္က သူ၏ရင္ဘတ္ကို ဖိထားရင္ ႏႈတ္ခမ္း ကိုက္ကာ ေမးလိုက္သည္။
ဇူအန္၏ မ်က္ႏွာ အုံ႕မွိုင္းသြားသည္။ ဒါကို အခုမေျပာလို႔မရဘူးလား။ ငါ့ကို လူဆိုး နဲ႕တူေအာင္လုပ္ေနတာပဲ။ ငါတို႔ အခုျဖစ္ေနတာက မင္းရဲ႕ ခ်စ္သူကို ကယ္ဖို႔အတြက္ မင္းကိုယ္မင္းစေတးခံလိုက္တာက်ေနတာပဲ
က်န္းတန္ မ်က္လုံးလွန္လိုက္သည္။ အရင္က ကြၽန္မနဲ႕ အဲ့ဒီလို ကစားရတာကို ရွင္ႀကိဳက္တယ္မဟုတ္ဘူးလား
ဇူအန္၏ ေသြးမ်ား ေခါင္းထဲ ထိုးတက္လာသည္။ ခ်က္ခ်င္းပင္ ဇာတ္ဟန္သြင္းလိုက္သည္။ ဟဲဟဲဟဲ ငါ သေဘာတူ မတူဆိုတာက မင္းရဲ႕ ေဖ်ာ္ေျဖမႈအေပၚမွာ မူတည္တယ္
က်န္းတန္က ခ်က္ခ်င္းပဲ သိမ္ေမြ႕၍ သနားစရာေကာင္းေသာ ပုံစံျဖစ္သြားသည္။ ေက်းဇူးျပဳၿပီးေတာ့... ေက်းဇူးျပဳၿပီးေတာ့ သူ႕ကို ခ်မ္းသာေပးပါ။ ရွင္ေျပာသမွ် ကြၽန္မအကုန္လုပ္ပါ့မယ္
ဇူအန္က အားက်မႈျဖင့္ ေလခြၽန္မိလိုက္သညိ။ ဒီမိန္းကေလးက မင္းသမီးလုပ္ဖို႔ ေမြးလာတာပဲ။ သူ႕ကိုယ္သူ မထိန္းနိုင္ေတာ့ေပ။ ခ်က္ခ်င္းပဲ ဆန္းရွန္ ကို ကယ္သင့္ မကယ္သင့္ ေမးခြန္းကို က်န္းတန္ခႏၶာကိုယ္ေပၚတြင္ အေျဖရွာလိုက္သည္။
မည္သို႔ပင္ျဖစ္ေစ ဆန္းဟုန္ က ခ်ဴက်ဳန္းထန္ ၏ အသက္ျဖင့္ သူတို႔ကို အက်ပ္ကိုင္ေနေသာေၾကာင့္ ဤအရာသည္ မွန္ကန္ေသာ လက္စားေခ်မႈျဖစ္သည္။
----- ------------------------------- ----- - - - - - - - - -----