Chapter 394: ရတနာ ၃ခု
အချိန်အတော်ကြီးကြာမှသာ တောအုပ်ထဲက အော်သံများ ရပ်သွားလေသည်။
တောအုပ်ထဲတွင် ပုံရိပ်၃ခုက ရှေ့နောက် ခါယမ်းကာ ကြိမ်လုံးကို အသည်းအသန်ရှောင်နေသည်။
တစ်ကြိမ် နှစ်ကြိမ် လွဲချော်ပြီးနောက် ဆက်လုပ်ရန် အကျိုးမရှိတော့သဖြင့် မိန်လိ ကြိမ်လုံးကို ဘေးသို့ ပစ်ချလိုက်သည်။
သူမက ကျေနပ်ဟန်ဖြင့် "မဆိုးဘူး ကောင်လေး မင်းက ကိုယ်ခွဲ ၃ခုလုပ်တာ မြန်သားပဲ။ ငါက တစ်ပတ်လောက်ကြာမယ်ထင်နေတာ"
ဇူအန် သူ့ကို မယုံသင်္ကာ ကြည့်လိုက်သည်။
ဘာရယ်…
တစ်ပတ်လုံးလုံး ငါ့ဖင်ကို လိုက်ရိုက်ဖို့ ပြင်ဆင်ထားတာလား။
ဇူအန်၏ ဒေါသတကြီးမျက်နှာကိုမြင်လိုက်သော် စကားလွန်သွားကြောင်း မိန်လိ သိလိုက်သည်။ လိပ်ပြာမလုံစွာ
"ဒီလိုမဟုတ်ရင် ဒီလောက်မြန်မြန် ဘယ်လိုလုပ် ၃ကိုယ်ခွဲနိုင်မလဲ"
ဇူအန် သူ့စကားကို တွေးကြည့်ရာ အဓိပ္ပာယ်တော့ ရှိသည်။ သူ့တစ်ဖင်လုံး ကိုက်ခဲနေရသော်လည်း အနည်းဆုံး ရလဒ်က ကောင်းသေးသည်။
"မင်းရဲ့ ကောင်းကင်ဖီးနစ်ကျင့်စဉ်က အဆင့်တက်ဖို့ အရိုက်ခံရတယ်မဟုတ်ဘူးလား။ ငါက အဲ့တာကိုလည်း ကူညီတာပါ" မိန်လိ ထပ်ထည့်လိုက်သည်။
"ခင်ဗျားကို ကျေးဇူး အရမ်း အရမ်း တင်တာပဲ" ဇူအန် စောင်းကန်းကန်းပြောလိုက်သည်။
တစ်နေ့ ခင်ဗျားကို ကျုပ်လက်စားချေဦးမှာပါ။ အဲ့ကျမှ ခင်ဗျားဖင်ကို ကောင်းကောင်းရိုက်ပစ်ဦးမှာ..။
မိန်လိ ချောင်းဟန့်၍
"ဒါနဲ့ မင်းကိုပြောစရာ အခြားကိစ္စရှိသေးတယ်။ မင်းတစ်ချိန်လုံး အရိုက်ခံပြီး ကျင့်ကြံလို့မရဘူး။ ကီကျောက်တစ်ချို့ရှာပြီး အဆင့်မြှင့်ဖို့လိုသေးတယ်"
ဇူအန် ခေါင်းယမ်းလိုက်သည်။
"မရဘူး။ ကျုပ်စမ်းကြည့်ပြီးပြီ။ ကျုပ် ကီကျောက်က ကီကို စုတ်ယူလို့မရဘူး"
"ကီကို စုတ်လို့မရဘူးလား" မိန်လိ မျက်မှောင်ကြုံ့လာ၍
"ဒါက ကောင်းကင်ဖီးနစ်ကျင့်စဉ်ရဲ့ အထူးလက္ခဏာတစ်ခု ဖြစ်ရမယ်။ ဒါဆိုလည်း မင်းရတနာတစ်ချို့ရှာကြည့်လိုက်။ ကီဆေးလုံးလုပ်နိုင်တဲ့ ဆေးဆရာအများကြီးရှိတယ်။ ကီကျောက်က ကီစုတ်ယူလို့မရတဲ့ ကျင့်စဉ်တွေရှိတာ ငါကြားဖူးတယ်။ ဒါပေမဲ့ ကီဆေးလုံးနဲ့ ရတနာတွေက ယူလို့မရဘူးလို့တော့ မကြားဖူးဘူး"
ဇူအန် မျက်လုံးလက်သွားသည်။
ဟုတ်သားပဲ။ ငါကီးဘုတ်ကရတဲ့ ကီသီးတွေကလည်း ကီဆေးလုံးနဲ့ အတူတူပဲမလား။ ဘာလို့ ငါမစဉ်းစားမိတာပါလိမ့်။
နောက်ကျရင် ကျီတန်ထုကို ဒီကိစ္စ မေးကြည့်ရမယ်။ သူက နတ်ဆေးဆရာ ဆိုတော့ ဒီဆေးတွေ ရှိလောက်တယ်။
မိန်လိ ထပ်ပြောသည်။
"ငါမင်းကို လောင်မိုင်ရဲ့ ကျင့်ကြံမှုအားလုံး ချိတ်ပိတ်ပေးထားပြီးပြီ။ ဒါပေမဲ့ အဲ့တာက ငါ့အဆိပ်ဖြေဖို့ စုထားတဲ့ စွမ်းအင်အားလုံးကုန်သွားတယ်။ ငါအခု အစကနေ ပြန်စရတော့မယ်။ ဟမ့် မင်းကိုငါ အရင်ဘဝက အကြွေးတင်ထားသလားပဲ။ ငါပြန်အိပ်တော့မယ်။ ဂရုစိုက်"
သူတို့နှစ်ယောက်၏ကံကြမ္မာက ချည်နှောင်ထားသောကြောင့် ကူညီခြင်းမှန်း ဇူအန်သိသော်လည်း ကျေးဇူးတင်သေးသည်။
"ဧကရီမမကြီး ခင်ဗျားက အမြဲတမ်း ကျုပ်ကို ကူည်ီနေရတာ။ ကျုပ် ခင်ဗျားကို ကူည်ီနိုင်တာ တစ်ခုခုရှိလား"
"ငါ့ကို ကူညီမှာလား…မင်းကလား… " မိန်လိ နှာခေါင်းရှုံ့၍
"မလိုပါဘူး"
သူ့ဝိညာဉ်ခန္ဓာကိုယ်က ပျောက်ကွယ်စပြုလာပြီး။ သို့သော် လုံးဝပျောက်ကွယ်ခါနီးတွင် ပြန်စုစည်းလာပြန်သည်။
"မင်း ငါ့အတွက် လက်ရှိမှာ ဘာမှလုပ်မပေးနိုင်ဘူးလို့ ငါထင်ပေမဲ့ မင်းကံက တရားလွန်ကို ကောင်းတတ်တယ်။ ဘယ်သူသိမှာလဲ။ မင်းငါ့ကို နောက်ဆို ကူညီချင်ကူညီပေးနိုင်မှာ"
"မင်းအခွင့်အရေးရရင် ငါ့ကို တစ်သက်ရေ၊ ဉာဏ်ပွင့်မဟူရာနဲ့ ငါးရောင်ခြယ်နွေဦးပန်းတွေကို ရှာထားပေး။ ဒါက ငါအဆိပ်ဖြေပြီးသွားလို့ ခန္ဓာကိုယ်ပြန်တည်ဆောက်ရင် လိုအပ်မယ့် ပစ္စည်းတွေပဲ"
ဇူအန် ချက်ချင်း တောက်ပသွားသည်။
"ဒီပစ္စည်း ၃ခုတည်းနဲ့ ခန္ဓာကိုယ် ပြန်ဖွဲ့စည်းလို့ရတာလား"
မိန်လိ နှာမှုတ်လိုက်သည်။
"ဒီ ၃မျိုးတည်း ဟုတ်လား။ ဒီဟာတွေ ဘယ်လောက်တောင် ရှားလဲ မင်းသိလို့လား။ ဥပမာ ငါးရောင်ခြယ် နွေဦးပန်း တစ်ခုကိုရှာဖို့ ငါတို့ အရင်ဆုံး ကြာရွက်ပုံစံ အရွက်တွေရှိတဲ့ ငါးရောင်ခြယ် နွေဦးသစ်ပင်ကို အရင်ရှာရမယ်။ နွေဦးစရင် ကျောက်စိမ်းပန်းပွင့်ပြီး နွေဦးဆုံးရင် ပန်းပွင့်ကြွေတယ်။ နွေစရင် ပန်းနီထွက်လာပြီး နွေဆုံးရင် ပန်းတွေနွမ်းတယ်။ ဆောင်းဦးစရင် ပန်းဖြူတွေပေါ်လာပြီး ဆောင်းဦးဆုံးရင် ပန်းတွေနွမ်းတယ်။ ဆောင်းစရင် ခရမ်းရောင်ပန်းတွေ ဖူးပြီး နှင်းကျတာနဲ့ အရာအားလုံး အဆုံးသတ်သွားတယ်"
ဇူအန် နားမလည်ပေ။
"အဲ့တာက အရောင် လေးခုပဲ မလား။ ဘာလို့ ငါးရောင်ခြယ်လဲ"
"ငါလည်းမသိဘူး" မိန်လိ စိတ်ညစ်စွာ ပြောလာသည်။
"ခင်ဗျားတောင် မသိဘူးလား" ဇူအန် ပေါက်ကွဲသွားသည်။
လာနောက်နေတာလား။ ဒါက အဓိက အချက်လေ။
မိန်လိ ပြန်ခုခံသည်။
"အဲ့တာက ငါလည်း ဒီဒဏ္ဍာရီလာသစ်ပင်ကို မမြင်ဖူးလို့လေ။ ငါက ရှေးကျမ်းစာတွေထဲမှာပဲ ဖတ်ဖူးတာ"
ဇူအန် သူ့ကို ပြောစရာမရှိဘဲ ငေးကြည့်မိသည်။
မိန်လိက ချင်ခေတ်၏ ဧကရီဖြစ်ခဲ့သည်။ တစ်လောကလုံး သူ့အပိုင် ဖြစ်ဖူးသည်။ သူ့လိုလူတစ်ယောက်တောင် မမြင်ဖူးရင် တကယ်ရော တည်ရှိလို့လား။
သူက ဘယ်လိုလုပ် ဒီဟာကို ရှာရမှာလဲ။
"အဲ့တာကိုမမြင်ဖူးဘဲနဲ့ ဘယ်လိုလုပ် ခန္ဓာကိုယ်ကို ပြန်ဆောက်နိုင်တာ သိလဲ" ဇူအန် သိချင်စွာ မေးမိသည်။
မိန်လိ နှာမှုတ်လိုက်သည်။
"မင်းအဲ့တာ သိစရာမလိုပါဘူး။ ငါဒီတိုင်းပဲ သိနေတာ"
ဇူအန် သူ့လျှာကို ထိန်းထားရသည်။ ဒီမိန်းမက တမင်သက်သက် ဆန်းကြယ်သလို ပုံဖမ်းနေတာပဲ။
မိန်လိ သက်ပြင်းချလိုက်သည်။
"တစ်သက်ရေ နဲ့ ဉာဏ်ပွင့်မဟူရာ ကလည်း ဒဏ္ဍာရီလာပစ္စည်းတွေပဲ။ သူတို့ကိုရဖို့ မင်းမှာ ကျင့်ကြံမှု မဟားတရားမြင့်ဖို့လိုသလို ကံလည်း အရမ်းကောင်းဖို့လိုတယ်ာ ဒီပစ္စည်း၃ခုအပြင် ပိုပြီးရှာရခက်တဲ့ အခြားအရာတစ်ခု ရှိသေးတယ်"
"အခြားဟာရှိသေးတယ်လား ဘာလဲ" ဇူအန် မေးလိုက်သည်။
မိန်လိ ခေါင်းယမ်းလိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုအရ ငါပြောပြရင်တောင် အလကားပဲ".
ဇူအန် ပြန်ဖြေစရာ မရှိတော့ပေ။
မိန်လိလေသံတွင်းမှ အားပျော့မှုကို သတိထားမိလိုက်သော် ဇူအန် နှစ်သိမ့်လိုက်မိသည်။
"ဧကရီမမကြီး စိတ်မပူနဲ့ ဒီပစ္စည်းတွေရှာဖို့ အခြားလူတွေက ခက်ချင်ခက်မယ်။ ကျုပ်ဘယ်သူလဲဆိုတာ မမေ့နဲ့။ ပြဿနာမရှိဘူး။ ကျုပ်ရအောင် ရှာပေးမယ်"
ဇူအန်၏ ယုံကြည်မှုပြည့်နေသော လေသံကြောင့် မိန်လိ အံသြသွားသည်။
"ဒီပစ္စည်းတွေအကြောင်း မင်းကြားဖူးလို့လား။ ဒါမှမဟုတ် ဘယ်မှာရှာရမလဲ မင်းသိလို့လား"
ဇူအန် ခေါင်းယမ်းလိုက်သည်။
"ဒီဟာတွေ တစ်ခါမှ မကြားဖူးဘူး"
မိန်လိ စိတ်တိုတိုဖြင့် ရယ်လိုက်မိသည်။
"ဒါဆို နင့်ကြီးတော် ဘယ်က ယုံကြည်ချက်တွေ ရလာရတာလဲ"
သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၅၀ ရယူလိုက်သည်။
ဇူအန် ရင်ဘတ်ကို ပုတ်လိုက်ပြီး
"ကျုပ်က ဇာတ်လိုက်ပါလို့ မပြောဘူးလား။ ကျုပ်က ဇာတ်ညွှန်းရဲ့ ဘုရင်လေ"
ဝတ္ထုထဲက ဘယ်ဇာတ်လိုက်က ကံဆိုးဖူးလို့လဲ။ တစ်ချိန်လုံး ရတနာတွေ တွေ့နေတာပဲ။ သူ့ကံက ဘယ်လိုလုပ် သူတို့တွေထက် နိမ့်ရမှာလဲ။
မိန်လိ ဆွံ့အသွားသည်။ ဆက်မပြောချင်တော့၍ အိပ်ရန်ပြင်လိုက်သည်။ နောက်ထပ် ဦးနှောက်မစားချင်တော့ပေ။
မိန်လိ အိပ်သွားပြီးနောက် ဇူအန် တောအုပ်အတွင်းသို့သွားကာ ထိုက်ဝူဓားကို ပြန်ရှာလိုက်ပြီး အဆိပ်ပြင်းတန်ဆာကို သိမ်းလိုက်သည်။
ထို့နောက် လောင်မိုင်အလောင်းထံ သွားလိုက်သည်။ ခြောက်တွနေသောအလောင်းကိုကြည့်၍ သက်ပြင်းချလိုက်ပြီး
"ဘာဖြစ်ဖြစ်ပါ။ အကုန်လုံးက လှည့်စားတာဆိုပေမဲ့ ကျုပ်ကို ကူညီခဲ့တာပဲ။ ခင်ဗျားကို အေးအေးလူလူ အနားယူခွင့်ပြုပါ့မယ်"
အုပ်ဂူတစ်ခု တူးလိုက်ပြီး လောင်မိုင်အလောင်းကို ထည့်လိုက်သည်။ ဝေတန်အလောင်းကိုလည်း ပြန်လိုက်ရှာလိုက်ပြီး တွင်းထဲကို ပစ်ထည့်လိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်က တစ်သက်လုံး တိုက်ခိုက်လာတာ။
အခု အကုန်လုံး ပြီးသွားပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုလိုက်ကြပေါ့"
အတွေးတစ်ခု ပေါ်လာသည်။ သေတ္တာတစ်ခု ထုတ်လိုက်ပြီး လောင်မိုင်အလောင်းနား ထားလိုက်သည်။
"လောင်မိုင် ခင်ဗျားရဲ့ ရတနာကို ကျုပ်သယ်လာပြီးပြီ။ အခု ခင်ဗျားပြည့်စုံသွားပြီ။ နောက်ဘဝမှာ ကောင်းကောင်းနေ ဟုတ်ပြီလား"
ဝေတန်ရတနာအတွက်ကတော့ သူလည်း မတတ်နိုင်ပေ။
အလောင်းက ခြောက်သယောင်းနေ၍လား နောက်ဆုံး ကြင်နာမှုကြောင့်လားမသိ လောင်မိုင်အဝတ်ထဲမှ အိတ်တစ်ခု ထွက်ကျလာသည်။
"ဟမ်" သိုလှောင်အိတ်တစ်ခုမှန်း ဇူအန် တန်းသိလိုက်သည်။ ချက်ချင်း စိတ်ပျော်သွားပြီး
"လောင်မိုင် လောင်မိုင် ခင်ဗျားက ဒီလောက်ကျေးဇူးသိမယ်မထင်ထားဘူး။ ခင်ဗျားစိတ်မရှိရင် ကျုပ်ယူလိုက်မယ်နော်"
လောင်မိုင်က အရမ်းချမ်းသာပုံမပေါ်သော်လည်း အနည်းနှင့်အများ သူက အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။ သူ့သိုလှောင်အိတ်က ပစ္စည်းကောင်းတစ်ချို့ ရှိနိုင်သေးသည်။
ကံဆိုးစွာ ဇူအန် မဖွင့်နိုင်ကြောင်း တွေ့လိုက်ရသည်။
သူ့နားဘေးမှ မိန်လိ အသံထွက်လာသည်။
"အချိန်ဖြုန်းမနေနဲ့တော့။ သူ့တို့ပေါ်မှာ အရှင်သခင်အဆင့် ဝိညာဉ်စည်းတွေရှိတယ်။ မင်းကပိုင်ရှင်မဟုတ်ရင် မင်းမဖွင့်နိုင်ဘူး။ ပိုင်ရှင်ကသေသွားလို့ အထဲမှာပစ္စည်းတွေရှိနေရင်တောင် မင်းဘာမှ ထုတ်လို့ရမှာ မဟုတ်ဘူး"
ဇူအန် ရုတ်တရက် လန့်သွားသည်။
"ခင်ဗျားအိပ်နေတာ မဟုတ်ဘူးလား"
"ငါအိပ်မပျော်သေးပါဘူး။ မင်းဘာဖြစ်ချင်လို့လဲ" မိန်လိ ပြန်ခံပြောလိုက်သည်။
အစ်မကြီး ကျုပ်က ဘာမှမဖြစ်ချင်ပါဘူး။ ကျေးဇူးပြုပြီး လုပ်ချင်တာလုပ်ပါ။
"ဟင်း ငါအိပ်ဖို့လိုပြီ။ ဒါပေမဲ့ တစ်စုံတစ်ယောက် ချဉ်းကပ်လာတာ အာရုံခံမိလို့။ သတိထားဦး" မိန်လိ အိပ်ချင်မူးတူးသန်းလိုက်ပြီး ပျောက်ကွယ်သွားလေသည်။
----- ------------------------ ---- - - - - - -- ---- - ---- - - ---- -
Chapter 394: ရတနာ ၃ခု
အခ်ိန္အေတာ္ႀကီးၾကာမွသာ ေတာအုပ္ထဲက ေအာ္သံမ်ား ရပ္သြားေလသည္။
ေတာအုပ္ထဲတြင္ ပုံရိပ္၃ခုက ေရွ႕ေနာက္ ခါယမ္းကာ ႀကိမ္လုံးကို အသည္းအသန္ေရွာင္ေနသည္။
တစ္ႀကိမ္ ႏွစ္ႀကိမ္ လြဲေခ်ာ္ၿပီးေနာက္ ဆက္လုပ္ရန္ အက်ိဳးမရွိေတာ့သျဖင့္ မိန္လိ ႀကိမ္လုံးကို ေဘးသို႔ ပစ္ခ်လိဳက္သည္။
သူမက ေက်နပ္ဟန္ျဖင့္ "မဆိုးဘူး ေကာင္ေလး မင္းက ကိုယ္ခြဲ ၃ခုလုပ္တာ ျမန္သားပဲ။ ငါက တစ္ပတ္ေလာက္ၾကာမယ္ထင္ေနတာ"
ဇူအန္ သူ႕ကို မယုံသကၤာ ၾကည့္လိုက္သည္။
ဘာရယ္
တစ္ပတ္လုံးလုံး ငါ့ဖင္ကို လိုက္ရိုက္ဖို႔ ျပင္ဆင္ထားတာလား။
ဇူအန္၏ ေဒါသတႀကီးမ်က္ႏွာကိုျမင္လိုက္ေသာ္ စကားလြန္သြားေၾကာင္း မိန္လိ သိလိုက္သည္။ လိပ္ျပာမလုံစြာ
"ဒီလိုမဟုတ္ရင္ ဒီေလာက္ျမန္ျမန္ ဘယ္လိုလုပ္ ၃ကိုယ္ခြဲနိုင္မလဲ"
ဇူအန္ သူ႕စကားကို ေတြးၾကည့္ရာ အဓိပၸာယ္ေတာ့ ရွိသည္။ သူ႕တစ္ဖင္လုံး ကိုက္ခဲေနရေသာ္လည္း အနည္းဆုံး ရလဒ္က ေကာင္းေသးသည္။
"မင္းရဲ႕ ေကာင္းကင္ဖီးနစ္က်င့္စဥ္က အဆင့္တက္ဖို႔ အရိုက္ခံရတယ္မဟုတ္ဘူးလား။ ငါက အဲ့တာကိုလည္း ကူညီတာပါ" မိန္လိ ထပ္ထည့္လိုက္သည္။
"ခင္ဗ်ားကို ေက်းဇူး အရမ္း အရမ္း တင္တာပဲ" ဇူအန္ ေစာင္းကန္းကန္းေျပာလိုက္သည္။
တစ္ေန႕ ခင္ဗ်ားကို က်ဳပ္လက္စားေခ်ဦးမွာပါ။ အဲ့က်မွ ခင္ဗ်ားဖင္ကို ေကာင္းေကာင္းရိုက္ပစ္ဦးမွာ..။
မိန္လိ ေခ်ာင္းဟန့္၍
"ဒါနဲ႕ မင္းကိုေျပာစရာ အျခားကိစၥရွိေသးတယ္။ မင္းတစ္ခ်ိန္လုံး အရိုက္ခံၿပီး က်င့္ႀကံလို႔မရဘူး။ ကီေက်ာက္တစ္ခ်ိဳ႕ရွာၿပီး အဆင့္ျမႇင့္ဖို႔လိုေသးတယ္"
ဇူအန္ ေခါင္းယမ္းလိုက္သည္။
"မရဘူး။ က်ဳပ္စမ္းၾကည့္ၿပီးၿပီ။ က်ဳပ္ ကီေက်ာက္က ကီကို စုတ္ယူလို႔မရဘူး"
"ကီကို စုတ္လို႔မရဘူးလား" မိန္လိ မ်က္ေမွာင္ႀကဳံ႕လာ၍
"ဒါက ေကာင္းကင္ဖီးနစ္က်င့္စဥ္ရဲ႕ အထူးလကၡဏာတစ္ခု ျဖစ္ရမယ္။ ဒါဆိုလည္း မင္းရတနာတစ္ခ်ိဳ႕ရွာၾကည့္လိုက္။ ကီေဆးလုံးလုပ္နိုင္တဲ့ ေဆးဆရာအမ်ားႀကီးရွိတယ္။ ကီေက်ာက္က ကီစုတ္ယူလို႔မရတဲ့ က်င့္စဥ္ေတြရွိတာ ငါၾကားဖူးတယ္။ ဒါေပမဲ့ ကီေဆးလုံးနဲ႕ ရတနာေတြက ယူလို႔မရဘူးလို႔ေတာ့ မၾကားဖူးဘူး"
ဇူအန္ မ်က္လုံးလက္သြားသည္။
ဟုတ္သားပဲ။ ငါကီးဘုတ္ကရတဲ့ ကီသီးေတြကလည္း ကီေဆးလုံးနဲ႕ အတူတူပဲမလား။ ဘာလို႔ ငါမစဥ္းစားမိတာပါလိမ့္။
ေနာက္က်ရင္ က်ီတန္ထုကို ဒီကိစၥ ေမးၾကည့္ရမယ္။ သူက နတ္ေဆးဆရာ ဆိုေတာ့ ဒီေဆးေတြ ရွိေလာက္တယ္။
မိန္လိ ထပ္ေျပာသည္။
"ငါမင္းကို ေလာင္မိုင္ရဲ႕ က်င့္ႀကံမႈအားလုံး ခ်ိတ္ပိတ္ေပးထားၿပီးၿပီ။ ဒါေပမဲ့ အဲ့တာက ငါ့အဆိပ္ေျဖဖို႔ စုထားတဲ့ စြမ္းအင္အားလုံးကုန္သြားတယ္။ ငါအခု အစကေန ျပန္စရေတာ့မယ္။ ဟမ့္ မင္းကိုငါ အရင္ဘဝက အေႂကြးတင္ထားသလားပဲ။ ငါျပန္အိပ္ေတာ့မယ္။ ဂ႐ုစိုက္"
သူတို႔ႏွစ္ေယာက္၏ကံၾကမၼာက ခ်ည္ႏွောင္ထားေသာေၾကာင့္ ကူညီျခင္းမွန္း ဇူအန္သိေသာ္လည္း ေက်းဇူးတင္ေသးသည္။
"ဧကရီမမႀကီး ခင္ဗ်ားက အၿမဲတမ္း က်ဳပ္ကို ကူည်ီနေရတာ။ က်ဳပ္ ခင္ဗ်ားကို ကူည်ီနိုင်တာ တစ္ခုခုရွိလား"
"ငါ့ကို ကူညီမွာလားမင္းကလား " မိန္လိ ႏွာေခါင္းရႈံ႕၍
"မလိုပါဘူး"
သူ႕ဝိညာဥ္ခႏၶာကိုယ္က ေပ်ာက္ကြယ္စျပဳလာၿပီး။ သို႔ေသာ္ လုံးဝေပ်ာက္ကြယ္ခါနီးတြင္ ျပန္စုစည္းလာျပန္သည္။
"မင္း ငါ့အတြက္ လက္ရွိမွာ ဘာမွလုပ္မေပးနိုင္ဘူးလို႔ ငါထင္ေပမဲ့ မင္းကံက တရားလြန္ကို ေကာင္းတတ္တယ္။ ဘယ္သူသိမွာလဲ။ မင္းငါ့ကို ေနာက္ဆို ကူညီခ်င္ကူညီေပးနိုင္မွာ"
"မင္းအခြင့္အေရးရရင္ ငါ့ကို တစ္သက္ေရ၊ ဉာဏ္ပြင့္မဟူရာနဲ႕ ငါးေရာင္ျခယ္ႏြေဦးပန္းေတြကို ရွာထားေပး။ ဒါက ငါအဆိပ္ေျဖၿပီးသြားလို႔ ခႏၶာကိုယ္ျပန္တည္ေဆာက္ရင္ လိုအပ္မယ့္ ပစၥည္းေတြပဲ"
ဇူအန္ ခ်က္ခ်င္း ေတာက္ပသြားသည္။
"ဒီပစၥည္း ၃ခုတည္းနဲ႕ ခႏၶာကိုယ္ ျပန္ဖြဲ႕စည္းလို႔ရတာလား"
မိန္လိ ႏွာမႈတ္လိုက္သည္။
"ဒီ ၃မ်ိဳးတည္း ဟုတ္လား။ ဒီဟာေတြ ဘယ္ေလာက္ေတာင္ ရွားလဲ မင္းသိလို႔လား။ ဥပမာ ငါးေရာင္ျခယ္ ႏြေဦးပန္း တစ္ခုကိုရွာဖို႔ ငါတို႔ အရင္ဆုံး ၾကာ႐ြက္ပုံစံ အ႐ြက္ေတြရွိတဲ့ ငါးေရာင္ျခယ္ ႏြေဦးသစ္ပင္ကို အရင္ရွာရမယ္။ ႏြေဦးစရင္ ေက်ာက္စိမ္းပန္းပြင့္ၿပီး ႏြေဦးဆုံးရင္ ပန္းပြင့္ေႂကြတယ္။ ႏြေစရင္ ပန္းနီထြက္လာၿပီး ႏြေဆုံးရင္ ပန္းေတြႏြမ္းတယ္။ ေဆာင္းဦးစရင္ ပန္းျဖဴေတြေပၚလာၿပီး ေဆာင္းဦးဆုံးရင္ ပန္းေတြႏြမ္းတယ္။ ေဆာင္းစရင္ ခရမ္းေရာင္ပန္းေတြ ဖူးၿပီး ႏွင္းက်တာနဲ႕ အရာအားလုံး အဆုံးသတ္သြားတယ္"
ဇူအန္ နားမလည္ေပ။
"အဲ့တာက အေရာင္ ေလးခုပဲ မလား။ ဘာလို႔ ငါးေရာင္ျခယ္လဲ"
"ငါလည္းမသိဘူး" မိန္လိ စိတ္ညစ္စြာ ေျပာလာသည္။
"ခင္ဗ်ားေတာင္ မသိဘူးလား" ဇူအန္ ေပါက္ကြဲသြားသည္။
လာေနာက္ေနတာလား။ ဒါက အဓိက အခ်က္ေလ။
မိန္လိ ျပန္ခုခံသည္။
"အဲ့တာက ငါလည္း ဒီဒ႑ာရီလာသစ္ပင္ကို မျမင္ဖူးလို႔ေလ။ ငါက ေရွးက်မ္းစာေတြထဲမွာပဲ ဖတ္ဖူးတာ"
ဇူအန္ သူ႕ကို ေျပာစရာမရွိဘဲ ေငးၾကည့္မိသည္။
မိန္လိက ခ်င္ေခတ္၏ ဧကရီျဖစ္ခဲ့သည္။ တစ္ေလာကလုံး သူ႕အပိုင္ ျဖစ္ဖူးသည္။ သူ႕လိုလူတစ္ေယာက္ေတာင္ မျမင္ဖူးရင္ တကယ္ေရာ တည္ရွိလို႔လား။
သူက ဘယ္လိုလုပ္ ဒီဟာကို ရွာရမွာလဲ။
"အဲ့တာကိုမျမင္ဖူးဘဲနဲ႕ ဘယ္လိုလုပ္ ခႏၶာကိုယ္ကို ျပန္ေဆာက္နိုင္တာ သိလဲ" ဇူအန္ သိခ်င္စြာ ေမးမိသည္။
မိန္လိ ႏွာမႈတ္လိုက္သည္။
"မင္းအဲ့တာ သိစရာမလိုပါဘူး။ ငါဒီတိုင္းပဲ သိေနတာ"
ဇူအန္ သူ႕လွ်ာကို ထိန္းထားရသည္။ ဒီမိန္းမက တမင္သက္သက္ ဆန္းၾကယ္သလို ပုံဖမ္းေနတာပဲ။
မိန္လိ သက္ျပင္းခ်လိဳက္သည္။
"တစ္သက္ေရ နဲ႕ ဉာဏ္ပြင့္မဟူရာ ကလည္း ဒ႑ာရီလာပစၥည္းေတြပဲ။ သူတို႔ကိုရဖို႔ မင္းမွာ က်င့္ႀကံမႈ မဟားတရားျမင့္ဖို႔လိုသလို ကံလည္း အရမ္းေကာင္းဖို႔လိုတယ္ာ ဒီပစၥည္း၃ခုအျပင္ ပိုၿပီးရွာရခက္တဲ့ အျခားအရာတစ္ခု ရွိေသးတယ္"
"အျခားဟာရွိေသးတယ္လား ဘာလဲ" ဇူအန္ ေမးလိုက္သည္။
မိန္လိ ေခါင္းယမ္းလိုက္သည္။
"မင္းရဲ႕ က်င့္ႀကံမႈအရ ငါေျပာျပရင္ေတာင္ အလကားပဲ".
ဇူအန္ ျပန္ေျဖစရာ မရွိေတာ့ေပ။
မိန္လိေလသံတြင္းမွ အားေပ်ာ့မႈကို သတိထားမိလိုက္ေသာ္ ဇူအန္ ႏွစ္သိမ့္လိုက္မိသည္။
"ဧကရီမမႀကီး စိတ္မပူနဲ႕ ဒီပစၥည္းေတြရွာဖို႔ အျခားလူေတြက ခက္ခ်င္ခက္မယ္။ က်ဳပ္ဘယ္သူလဲဆိုတာ မေမ့နဲ႕။ ျပႆနာမရွိဘူး။ က်ဳပ္ရေအာင္ ရွာေပးမယ္"
ဇူအန္၏ ယုံၾကည္မႈျပည့္ေနေသာ ေလသံေၾကာင့္ မိန္လိ အံၾသသြားသည္။
"ဒီပစၥည္းေတြအေၾကာင္း မင္းၾကားဖူးလို႔လား။ ဒါမွမဟုတ္ ဘယ္မွာရွာရမလဲ မင္းသိလို႔လား"
ဇူအန္ ေခါင္းယမ္းလိုက္သည္။
"ဒီဟာေတြ တစ္ခါမွ မၾကားဖူးဘူး"
မိန္လိ စိတ္တိုတိုျဖင့္ ရယ္လိုက္မိသည္။
"ဒါဆို နင့္ႀကီးေတာ္ ဘယ္က ယုံၾကည္ခ်က္ေတြ ရလာရတာလဲ"
သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၂၅၀ ရယူလိုက္သည္။
ဇူအန္ ရင္ဘတ္ကို ပုတ္လိုက္ၿပီး
"က်ဳပ္က ဇာတ္လိုက္ပါလို႔ မေျပာဘူးလား။ က်ဳပ္က ဇာတ္ၫႊန္းရဲ႕ ဘုရင္ေလ"
ဝတၳဳထဲက ဘယ္ဇာတ္လိုက္က ကံဆိုးဖူးလို႔လဲ။ တစ္ခ်ိန္လုံး ရတနာေတြ ေတြ႕ေနတာပဲ။ သူ႕ကံက ဘယ္လိုလုပ္ သူတို႔ေတြထက္ နိမ့္ရမွာလဲ။
မိန္လိ ဆြံ႕အသြားသည္။ ဆက္မေျပာခ်င္ေတာ့၍ အိပ္ရန္ျပင္လိုက္သည္။ ေနာက္ထပ္ ဦးႏွောက္မစားခ်င္ေတာ့ေပ။
မိန္လိ အိပ္သြားၿပီးေနာက္ ဇူအန္ ေတာအုပ္အတြင္းသို႔သြားကာ ထိုက္ဝူဓားကို ျပန္ရွာလိုက္ၿပီး အဆိပ္ျပင္းတန္ဆာကို သိမ္းလိုက္သည္။
ထို႔ေနာက္ ေလာင္မိုင္အေလာင္းထံ သြားလိုက္သည္။ ေျခာက္တြေနေသာအေလာင္းကိုၾကည့္၍ သက္ျပင္းခ်လိဳက္ၿပီး
"ဘာျဖစ္ျဖစ္ပါ။ အကုန္လုံးက လွည့္စားတာဆိုေပမဲ့ က်ဳပ္ကို ကူညီခဲ့တာပဲ။ ခင္ဗ်ားကို ေအးေအးလူလူ အနားယူခြင့္ျပဳပါ့မယ္"
အုပ္ဂူတစ္ခု တူးလိုက္ၿပီး ေလာင္မိုင္အေလာင္းကို ထည့္လိုက္သည္။ ေဝတန္အေလာင္းကိုလည္း ျပန္လိုက္ရွာလိုက္ၿပီး တြင္းထဲကို ပစ္ထည့္လိုက္သည္။
"ခင္ဗ်ားတို႔ႏွစ္ေယာက္က တစ္သက္လုံး တိုက္ခိုက္လာတာ။
အခု အကုန္လုံး ၿပီးသြားၿပီဆိုေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ အေဖာ္ျပဳလိုက္ၾကေပါ့"
အေတြးတစ္ခု ေပၚလာသည္။ ေသတၱာတစ္ခု ထုတ္လိုက္ၿပီး ေလာင္မိုင္အေလာင္းနား ထားလိုက္သည္။
"ေလာင္မိုင္ ခင္ဗ်ားရဲ႕ ရတနာကို က်ဳပ္သယ္လာၿပီးၿပီ။ အခု ခင္ဗ်ားျပည့္စုံသြားၿပီ။ ေနာက္ဘဝမွာ ေကာင္းေကာင္းေန ဟုတ္ၿပီလား"
ေဝတန္ရတနာအတြက္ကေတာ့ သူလည္း မတတ္နိုင္ေပ။
အေလာင္းက ေျခာက္သေယာင္းေန၍လား ေနာက္ဆုံး ၾကင္နာမႈေၾကာင့္လားမသိ ေလာင္မိုင္အဝတ္ထဲမွ အိတ္တစ္ခု ထြက္က်လာသည္။
"ဟမ္" သိုေလွာင္အိတ္တစ္ခုမွန္း ဇူအန္ တန္းသိလိုက္သည္။ ခ်က္ခ်င္း စိတ္ေပ်ာ္သြားၿပီး
"ေလာင္မိုင္ ေလာင္မိုင္ ခင္ဗ်ားက ဒီေလာက္ေက်းဇူးသိမယ္မထင္ထားဘူး။ ခင္ဗ်ားစိတ္မရွိရင္ က်ဳပ္ယူလိုက္မယ္ေနာ္"
ေလာင္မိုင္က အရမ္းခ်မ္းသာပုံမေပၚေသာ္လည္း အနည္းႏွင့္အမ်ား သူက အရွင္သခင္အဆင့္ က်င့္ႀကံသူတစ္ေယာက္ပင္။ သူ႕သိုေလွာင္အိတ္က ပစၥည္းေကာင္းတစ္ခ်ိဳ႕ ရွိနိုင္ေသးသည္။
ကံဆိုးစြာ ဇူအန္ မဖြင့္နိုင္ေၾကာင္း ေတြ႕လိုက္ရသည္။
သူ႕နားေဘးမွ မိန္လိ အသံထြက္လာသည္။
"အခ်ိန္ျဖဳန္းမေနနဲ႕ေတာ့။ သူ႕တို႔ေပၚမွာ အရွင္သခင္အဆင့္ ဝိညာဥ္စည္းေတြရွိတယ္။ မင္းကပိုင္ရွင္မဟုတ္ရင္ မင္းမဖြင့္နိုင္ဘူး။ ပိုင္ရွင္ကေသသြားလို႔ အထဲမွာပစၥည္းေတြရွိေနရင္ေတာင္ မင္းဘာမွ ထုတ္လို႔ရမွာ မဟုတ္ဘူး"
ဇူအန္ ႐ုတ္တရက္ လန့္သြားသည္။
"ခင္ဗ်ားအိပ္ေနတာ မဟုတ္ဘူးလား"
"ငါအိပ္မေပ်ာ္ေသးပါဘူး။ မင္းဘာျဖစ္ခ်င္လို႔လဲ" မိန္လိ ျပန္ခံေျပာလိုက္သည္။
အစ္မႀကီး က်ဳပ္က ဘာမွမျဖစ္ခ်င္ပါဘူး။ ေက်းဇူးျပဳၿပီး လုပ္ခ်င္တာလုပ္ပါ။
"ဟင္း ငါအိပ္ဖို႔လိုၿပီ။ ဒါေပမဲ့ တစ္စုံတစ္ေယာက္ ခ်ဥ္းကပ္လာတာ အာ႐ုံခံမိလို႔။ သတိထားဦး" မိန္လိ အိပ္ခ်င္မူးတူးသန္းလိုက္ၿပီး ေပ်ာက္ကြယ္သြားေလသည္။
----- ------------------------ ---- - - - - - -- ---- - ---- - - ---- -