Chapter 385: အလှည့်အပြောင်း
၎င်းအချက်ကို ဇူအန်လည်း စဉ်းစားမရဖြစ်နေသည်။ လောင်မိုင် က အဘယ်ကြောင့် မဟာလေပြင်း၊ ဘဲခေါင်းပြာ စသော အခြားစကေးများကို မသုံးခဲ့သနည်း။ ထိုလျှို့ဝှက်သိုင်းကျမ်းကို လောင်မိုင် မည်မျှပင် နှေးကွေးစွာ ကျင့်ကြံခဲ့ကာမူ ဇူအန် ထက်သော ဆိုးစရာအကြောင်းမရှိပေ။
ဤအခွင့်အရေးကို သုံးကာ ကောင်းကင်ဖီးနစ်ကျင့်စဉ် ၏ အခြားအဆင့်မြင့်ပညာများကို မြင်တွေ့ဖူးချင်နေသည်။ မည်သို့သော ပညာမျိုးကို ရလာနိုင်မည်ကို သိချင်နေသည်။
လောင်မိုင် တိတ်ဆိတ်နေသည်။ ၎င်းမေးခွန်းကို ဖြေကြားချင်စိတ်မရှိသည်မှာ ပေါ်လွင်နေသည်။
ဝေတန် လည်း စိတ်ထဲမထားပေ။ သူတစ်ကိုယ်တည်း ပြောလိုက်သည်။ “ငါတို့တွေ လမ်းခွဲခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပြီပဲ။ အဲ့ဒီတုန်းကထက်စာရင် မင်းရဲ့ ကျင့်ကြံမှုက ကောင်းကင်ဖီးနစ်ကျင့်စဉ်ကြောင့် သိသိသာသာ တိုးတက်လာပြီပဲ။ ဒဏ္ဍာရီလာသိုင်းကျမ်းတစ်ဆူ ပီသပါပေတယ်။ တကယ်ကို ငါတို့နှစ်ယောက် ကြားက အဆင့်ကွာဟမှုကို နီးစေတာပဲ။ ဒါပေမယ့် ကောင်းကင်ဖီးနစ်ကျင့်စဉ်မှာ ဒါအကုန်ပဲရှိတယ်လို့ မထင်ဘူး”
အဆုံးတွင် လောင်မိုင်ပြောလိုက်သည်။ “ ကောင်းကင်ဖီးနစ်ကျင့်စဉ် က မိုးကောင်းကင်နဲ့ မြေပြင်တစ်ခွင်မှာ ပြိုင်ဘက်ကင်းတယ်။ အဲ့ဒါက မင်းနဲ့ ငါ့လို မပြည့်စုံတဲ့ ခန္ဓာကိုယ်တွေအတွက်တော့ မလွယ်ကူဘူး။ အဲ့ဒါကို ကျင့်ကြံရတာ ဘာမှအကျိုးသိပ်မထူးဘူး။ ပြီးတော့ အဲ့ဒီသိုင်းရဲ့ ထိပ်ဆုံးကိုလည်း ဘယ်တော့မှ ရောက်နိုင်မှာမဟုတ်ဘူး”
ထိုစကားကြားရကာ ဝေတန် မျက်မှောင်ကျုံ့လိုက်သည်။ လောင်မိုင်၏ အကြောင်းအရာက တကယ်ကို ဖြစ်တည်နေသည်။ သူတို့၏ မပြည့်မစုံခန္ဓာကိုယ် က ကျင့်ကြံမှုအပေါ်တွင် မကောင်းသော သက်ရောက်မှုများ အမြဲတစေဖြစ်ပေါ်စေခဲ့သည်။ ကောင်းကင်ဖီးနစ်သိုင်း တွင်လည်း ပုံမှန်မဖြစ်သည်ကို သိရသောအခါ သိပ်မအံ့သြပေ။
သူ ရုတ်တရက် သတိဝင်လာသည်။ လောင်မိုင် သယ်ထားသော ဇူအန်ကို လှမ်းကြည့်လိုက်သည်။ “ဒါကြောင့် သူ့ကို အရမ်းဂရုစိုက်နေတာကိုး။ ကောလာဟလတွေအရဆိုရင် သူက မကြာခင်သေးခင်က လုံးဝ အမှိုက်တစ်ယောက်ပဲတဲ့။ ဒါကြောင့်ပဲ ဒီလိုအချိန်တိုအတွင်းမှာ သိုင်းသမားငယ်တစ်ယောက်ဖြစ်လာတာကိုး။ ဒါက ကောင်းကင်ဖီးနစ်ကျင့်စဉ်ရဲ့ အလုပ်ပဲဖြစ်ရမယ်”
ဇူအန် ဒေါသထွက်သွားသည်။ ဘယ်သူ့ကို အမှိုက်လို့ခေါ်တာလဲ။
ကိုယ့်ကိုယ်ကိုတောင် ယောက်ျားရယ်လို့ မပြောနိုင်ဘဲနဲ့များ ငါ့ကို အဲ့လိုခေါ်ရလောင်တဲ့ အခွင့်မျိုးမရှိဘူး။
ထိုအဖိုးကြီးနှစ်ယောက်က ဇူအန်၏ ခံစားချက်ကို ဂရုမစိုက်ကြပေ။ လောင်မိုင် ရယ်ကာ ပြောလိုက်သည်။ “အမှန်ပဲ။ သူ ဘယ်လောက်အထိ ရောက်နိုင်မလဲဆိုတာကို ငါသိချင်မိတယ်။ သူက ထာဝရရှင်သန်ခြင်းကိုတောင် ရချင်ရဦးမှာ။ ငါကိုယ်တိုင် အတွက်ကတော့ မျှော်လင့်ချက် မရှိတော့ဘူး။ ဒါကြောင့် သူ့ကိုအားကိုးပြီးတော့ နေရတော့မှာပဲ”
ထိုစကားလုံးများက ဇူအန်ကို ရင်ထိစေသည်။ လောင်မိုင်က ဒီလောက် လောက်မြင့်မြတ်တဲ့ စိတ်ထားရှိသူဆိုတာကို မထင်ထားမိဘူး။ ဒီအကြီးအကဲကို ငါ သံသယမဝင်သင့်ဘူး။
ဒါပေမယ့် ဒီအကြောင်းမှာ တစ်ခုခု က တစ်မျိုးလေးဖြစ်နေတယ်။ ခါးအောက်ပိုင်း က ဟိုဟာ မသန်တဲ့သူတွေ က ဖီးနစ်ကောင်းကင်သိုင်းကိုကျင့်ရင် ရလဒ်သိပ်မကောင်းတာတွေရတယ်လို့ လောင်မိုင် ပြောခဲ့တယ်လေ။ ငါ ပြန်ကောင်းသွားတာကို သူ မသိနိုင်လောက်ပါဘူး။ ဒါက အာရုံလွှဲတာများလား။
ဟုတ်တယ်။ လောင်မိုင် က ဝေတန် ကို အရူးလုပ်ဖို့ ကြိုးစားနေတာ။ သူက ငါ့အပေါ် အာရုံအကုန်လွှဲချချင်နေတာလား။ ဒါမှမဟုတ် ငါ့ကို ဝေတန် မသတ်အောင် လုပ်နေတာလား။
ဝေတန်၏ မျက်နှာအမူအရာမှာ အံသြနေပုံရပြီး သက်ပြင်းချလိုက်သည်။ “တစ်နေ့ပြီးတစ်နေ့ အံသြစရာကောင်းတာတွေချည်းပဲ။ ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို ကျင့်တဲ့သူ နှစ်ယောက်တောင် ရှိနေပြီပဲ။ သူ့ကိုပါ ပြန်ခေါ်သွားရင် အရှင်မင်းကြီး သေချာပေါက်ကို ကျေနပ်မှာပဲ”
ဇူအန် စိတ်မချမ်းမသာဖြစ်သွားသည်။
ထိုအဖိုးကြီး၏ စိတ်ဝင်စားမှုကို သေချာပေါက်ကို မရလိုပေ။ ကံမကောင်းသည်မှာ သူ့တွင် ရွေးချယ်စရာမရှိပေ။ ဤလောက် အစွမ်းကြီးသော ကျင့်ကြံသူနှစ်ဦး၏ အရှေ့တွင် ပြောရန် အခွင့်မရှိပေ။
လောင်မိုင် က ဒဏ်ရာရထားပြီးသားဖြစ်ပြီး ဇူအန်ကိုလည်း သယ်နေရသေးသည်။ သူ၏ လှုပ်ရှားမှုက မြန်ဆန်နေသော်လည်း နောက်ဆုံးတွင် လျော့ကျသွားရသည်။
ဝေတန် က ဤအခွင့်အရေးကို သုံးကာ သူတို့အရှေ့သို့ ခုန်လိုက်သည်။ “ယင်လေး ဒီကြောင်နဲ့ ကြွက် ကစား နည်းက အရမ်းကြာနေပြီ။ အခုကိစ္စတွေ ကို အဆုံးသတ်လိုက်ရအောင်”
လောင်မိုင်၏ အမူအရာ အုံမှိုင်းသွားသည်။ ဇူအန်ကို အနီးအနား သစ်ပင်ပေါ်သို့ ပစ်တင်လိုက်ကာ တိုက်ပွဲအတွက် ကိုယ်ဟန်ပြင်လိုက်သည်။
ယခုအခါတွင် ဝေတန်က ဇူအန်ကို စိတ်မဝင်စားသေးပေ။ လောင်မိုင်ကို အနိုင်ယူပြီးနောက် သူ့ကိုလည်း ရမည်ကို သိနေသည်။ ဇူအန်က ပတ်ဝန်းကျင်ကို အမြန်ကြည့်ရှု့လိုက်သည်။ သူတို့သည် လပြည့်မြို့၏ မြို့တံတိုင်း ကို ကျော်ကာ ပျံသန်းလာပြီးဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် နဂါးဝှက်တောင်၏ အနက်တစ်နေတွင်ဖြစ်မည်။
နဂါးဝှက်တောင် ကို အန္တရာယ်ရှိသည့်နေရာဟူ သတ်မှတ်ထားသော်လည်း ၎င်းသည် သာမန်လူများအတွက်သာဖြစ်သည်။
လောင်မိုင် နှင့် ဝေတန် ကဲ့သို့သော ကျင့်ကြံသူအကြီးစားများအဖို့ ဤနေရာတွင် ကျက်စားနေထိုင်သော သားရဲများ ကို စိုးရိမ်စရာမလိုပေ။
ဇူအန် နောင်တအနည်းငယ်ရလိုက်သည်။ အကယ်၍ အဲ့ဒီနဂါးနီကြီးသာ အသက်ရှိနေသေးရင် ဒီအဖိုးကြီးနှစ်ယောက်ကိုပါ တစ်ခါတည်း ရှင်းပစ်နိုင်မှာအဲ။ အရင်တစ်ခါက ချန်ရွှမ်း တစ်ယောက်တည်းကိုပဲ ဖယ်ရှားနိုင်ခဲ့တယ်။ အင်း တကယ်ကို နှမြောစရာပဲ”
ဇူအန် က သူ၏ အတွေးတွင် မျောနေစဉ် ဝေတန်စတင်လှုပ်ရှားလိုက်ပြီဖြစ်သည်။ ဤတစ်ချိန်လုံး လောင်မိုင် ဒဏ်ရာရနေပြီး ဇူအန်ကိုသယ်ကာ အဝေးတစ်ချို့ ပြေးခဲ့ရသေးသည်။ ထို့ကြောင့် လောင်မိုင်၏ အင်အားမှာ စတင်ယိမ်းယိုင်လာသည်။
တိုက်ပွဲမှာ ဇူအန် တွေးထားသလိုဖြစ်သည်။ ယခင်သိုင်းကွက်ဖလှယ်မှုတွင် သူတို့နှစ်ဦး ၏ လက်ရည် က တိုက်ခြင်း တွင် ညီမျှခဲ့သည်။ ယခုအခါတွင် လောင်မိုင် က အချိန် သုံးပုံတစ်ပုံ မျှသာ တိုက်သည့်ဘက်တွင် ရှိနေပြီး ကျန်အချိန်များတွင် နေကြာပန်းသိုင်း ၏ အံဖွယ် မြန်ဆန်မှုဖြင့် ရှောင်တိမ်းနေရသည်။
တိုက်ပွဲ ချိန် နောက်တစ်နာရီမျှကြာပြီးနောက် လောင်မိုင် က ဤတိုက်ခိုက်မှုအဆင့်ကို မထိန်းနိုင်တော့ပေ။ ခုခံခြင်းတွင်သာ လုံးဝ အာရုံစိုက်နေရသည်။ သူ၏ ကိုယ်တစ်ဝှမ်းတွင် ဒဏ်ရာအသစ်များ စတင်ပေါ်လာရသည်။
ဝေတန် က သူ၏ လက်ချောင်းထိပ် ရှိ သွေးစများကို တစ်ချက်ခါထုတ်လိုက်သည်။ “ယင်လေး မင်းဘာကြောင့် အရမ်းခေါင်းမာနေရတာလဲ။ မင်း ငါ့ကိုမနိုင်ဘူး။ ငါတို့တွေ အချိန်ဖြုန်းစရာ လိုသေးလို့လား”
လောင်မိုင် အံကြိတ်ကာ တုန့်ပြန်လိုက်သည်။ “ငါတို့တွေ နောက်ဆုံးစက္ကန့်အထိ မတိုက်ရင် ဘယ်လိုလုပ် နောက်ဆုံးရလဒ် ကို သိနိုင်တော့မလဲ”
“မင်း ဆက်ခေါင်းမာနေဦးမယ်ဆိုရင် ငါ့မှာလည်း ရွေးစရာမရှိတော့ဘူး။ အရှုံးကို ဝန်ခံတဲ့အထိ ငါ မင်းကို ရိုက်ရုံပေါ့” ဝေတန် ၏ အသံအေးစက်လာဝည်။ သူ၏ လှုပ်ရှားဟန်များ ပိုမိုမြန်ဆန်လာသည်။
လောင်မိုင် ရှောင်တိမ်းရန် မရှိတော့ပေ။ အံကိုကြိတ်၊ လက်ကိုပင့်ကာ ၎င်းတိုက်ကွက်ကို ရင်ဆိုင်လိုက်ရသည်။
“ကြယ်လက်ဝါး” ဝေတန် ၏ မျက်နှာပေါ်တွင် အပြုံးခပ်ယဲ့ယဲ့တစ်ခု ပေါ်လာသည်။ ဤအခွင့်အရေးကို ကို အသုံးချကာ သူ၏ ပြိုင်ဘက်ကို ဒုက္ခိတဖြစ်စေမည်ဖြစ်သည်။ တိုက်ပွဲရှည်ကြာမှုက သူ၏ စိတ်ရှည်မှုကို ဆွဲချခဲ့သည်။
အရပ်မျက်နှာတိုင်းမှ လေလှိုင်းတစ်ခုစီ တိုက်ခတ်လာသည်။ ဇူအန်လည်း သူရှိနေသော သစ်ပင်ပေါ်မှ ပြုတ်ကျသွားသည်။
မြေပြင်ပေါ်သို့ အသံကျယ်ကျယ်ဖြင့် ကျသွားသည်။ သူ၏ ကိုယ်ကိုသာ ကမ္ဘာဦးမူလသိုင်းဖြင့် နှစ်ခါ မထုဆစ်ထားပါက အနည်းဆုံးတော့ အရိုးအနည်းငယ် ကျိုးရလိမ့်မည်ဖြစ်သည်။ လောင်မိုင်က သူ၏လှုပ်ရှားမှုကို လုံးဝချိတ်ပိတ်ခဲ့သောကြောင့် ဤလောက်အမြင့်ကြီးမှ အသလွတ်ပြုတ်ကျခဲ့ရသည်။
သို့သော်လည်း ဇူအန် ပျော်သွားခဲ့သည်။ ခန္ဓာကိုယ်တွင်းတွင် ကီကို အမြန်လည်ပတ်စေကာ အကြောပိတ်ထားသည်ကို ဖြေလိုက်နိုင်သည်။ ယခုအခါတွင် သူ၏ လှုပ်ရှားနိုင်စွမ်းကို ပြန်ရရှိရန်မှာ ဦးစားပေးဖြစ်သည်။ ထိုသူနှစ်ဦး တိုက်ခိုက်ခြင်းဖြင့် အလုပ်ရှုပ်နေချိန်သည် ထွက်ပြေးရန် အကောင်းဆုံးအချိန်ဖြစ်သည်။
တိုက်ပွဲမြေပြင်တွင် မထင်မှတ်ထားသောတစ်စုံတစ်ရာဖြစ်သွားသည်။ လက်ဝါးနှစ်ခု ဆုံတွေ့သောအခါ လောင်မိုင် မျက်နှာပေါ်ရှိ တုန်လှုပ်မှုမှာ ပျောက်ကွယ်သွားပြီး အကြံအောင်မြင်သော သူတစ်ယောက်၏ အေးစက်သောအပြုံးတစ်ခု ဖြစ်တည်လာသည်။
ဖျပ်ခနဲဖြင့် သူ၏ လက်ဝါးက လက်ချောင်းတစ်ခုအသွင်ပြောင်းသွားသည်။ ၎င်းသည် သူ၏ အဓိကစွမ်းရည် ဖြစ်သော နေကြာလက်ညိုး ဖြစ်သည်။
ဝေတန်က တစ်စုံတစ်ရာ မှားနေကြောင်း အာရုံရခဲ့သော်လည်း မှားယွင်းနေသည့်အရာကို တွေးမရခဲ့ပေ။
လောင်မိုင်၏ ကျင့်ကြံမှုက သူ၏ပြိုင်ဘက် မဟုတ်ပေ။ အကောင်းအတိုင်းအချိန်မှာတောင်မှ ပြိုင်ဘက်မဟုတ်ပါက ယခုဒဏ်ရာရနေချိန်တွင်ဆိုလျှင် ပြောစရာကိုမလိုတော့ပေ။
ထိုအတွေးရှိကာ ဝေတန်က သူ၏စိုးရိမ်မှုကို ဖယ်လိုက်ကာ လက်ဝါးကို ရှေ့တိုးလိုက်သည်။ သူ၏ လက်ဝါးက ထိုလက်ချောင်းနှင့် ထိသောအချိန်တွင် ထိုလက်ချောင်းမှာ တစ်လက်မချင်းစီ ကျိုးပဲ့သွားမည်ဟု ယုံကြည်ချက်အပြည့်ရှိနေသညခ။ ထိုအခါ လောင်မိုင်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျက်စီးသွားမည်ဖြစ်သည်။
လက်ဝါးနှင့် လက်ချောင်းတို့ ဆုံတွေ့ကြရာဝယ် သွေးများ လွှင့်စင်သွားခဲ့သည်။ တစ်စုံတစ်ယောက်က နာကျင်စွာ အော်ဟစ်လိုက်သည်။ ဇူအန်က သူ၏အချိတ်အပိတ်ကို ဖြည်ရန် အလုပ်ရှုပ်နေခဲ့သည်။ ရုတ်တရက် လန့်ကာ ခေါင်းမော့ကြည့်လိုက်သောအခါ အော်ဟစ်ခဲ့သူမှာ လောင်မိုင် မဟုတ်ဘဲ သေချာပေါက်အနိုင်ရမည့်သူဟု ထင်ထားသော ဝေတန် ဖြစ်နေသည်။
လောင်မိုင်၏ တောက်ပနေသော ခရမ်းရောင်လက်ညိုးက ဝေတန် ၏ လက်ဝါးကို ဖောက်ဝင်သွားခဲ့သည်။ ဝေတန်၏ ကြယ်လက်ဝါးက သဲလွန်စမကျန် ပျောက်ကွယ်သွားရကာ သွေးရဲရဲနီနေသော လက်ဝါးတစ်ခုသာကျန်ခဲ့သည်။
လောင်မိုင် လုံးဝ မတွန့်ဆုတ်ခဲ့ပေ။ သူ၏ အခြားလက်တစ်ဖက်ကို ထပ်သုံးကာ ဝေတန် ကိုယ်ပေါ်ရှိ ပင်မသွေးကြောမှတ်များစွာကို ကန်ပစ်လိုက်သည်။
ဝေတန် က ဘေးတစ်ဖက်သို့ သဲအိတ်တစ်ခုပမာ လဲကျသွားသည်။ သို့သော်လည်း သူ၏ အခြေအနေကို ဂရုမစိုက်ဟန်ရှိသည်။ သူ၏ အရှေ့တွင် ရှိနေသော လူအိုကြီးကို တအံတသြကြည့်ကာ မေးလိုက်သည်။ “ဘယ်လို...”
လောင်မိုင်၏ အင်အားက အဆပေါင်းများစွာ ခုန်တက်သွားခဲ့ဟန်ရှိသည်။ ယခင်က လောင်မိုင်၏ ကျင့်ကြံမှုက သူ့ထက် အနည်းငယ်သာ နိမ့်နေခဲ့ပြီး သူတို့နှစ်ဦး အကြား ကွာဟချက်သိပ်မရှိခဲ့ပေ။ သို့သော်လည်း ဤအခိုက်အတန့်လေးတွင် လောင်မိုင်က သူ့ကို လုံးဝ အနိုင်ယူနိုင်ခဲ့သည်။
အကယ်၍ လောင်မိုင် မှာ ဒီလို ကျင့်ကြံမှုမျိုးသာ အစကတည်းကရှိနေရင် ဘာဖြစ်လို့ ဒီလောက် အလုပ်ရှုပ်ခံနေဦးမှာလဲ။
ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အဲ့ဒီလို မဟုတ်ရင် တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့မှာ မဟုတ်ဘူး။
ဝေတန် ခေါင်းချာချာလည်အောင် စဉ်းစားသော်လည်း တွေးမရပေ။
ဇူအန်လည်း မျက်လုံးပြူးသွားခဲ့သည်။ အမှန်တွင် ဇူအန်က လောင်မိုင်ကို ယထိုလူအိုကြီးကို သူ ထွက်ပြေးနိုင်ရန် အချိန်အနည်းငယ် ပိုဆွဲပေးစေချင်ခဲ့သည်။ သို့သော်လည်း ရုတ်တရက် အလှည့်အပြောင်းဖြစိကာ အနိုင်ရရန် အခွင့်များနေသည့် ဝေတန်ကို လျှပ်တပြက် အနိုင်တိုက်နိုင်ခဲ့လေသည်။
----- ---------------------------- ----- - - - - - - - ---- -
Chapter 385: အလွည့္အေျပာင္း
၎အခ်က္ကို ဇူအန္လည္း စဥ္းစားမရျဖစ္ေနသည္။ ေလာင္မိုင္ က အဘယ္ေၾကာင့္ မဟာေလျပင္း၊ ဘဲေခါင္းျပာ စေသာ အျခားစေကးမ်ားကို မသုံးခဲ့သနည္း။ ထိုလွ်ို႔ဝွက္သိုင္းက်မ္းကို ေလာင္မိုင္ မည္မွ်ပင္ ႏွေးေကြးစြာ က်င့္ႀကံခဲ့ကာမူ ဇူအန္ ထက္ေသာ ဆိုးစရာအေၾကာင္းမရွိေပ။
ဤအခြင့္အေရးကို သုံးကာ ေကာင္းကင္ဖီးနစ္က်င့္စဥ္ ၏ အျခားအဆင့္ျမင့္ပညာမ်ားကို ျမင္ေတြ႕ဖူးခ်င္ေနသည္။ မည္သို႔ေသာ ပညာမ်ိဳးကို ရလာနိုင္မည္ကို သိခ်င္ေနသည္။
ေလာင္မိုင္ တိတ္ဆိတ္ေနသည္။ ၎ေမးခြန္းကို ေျဖၾကားခ်င္စိတ္မရွိသည္မွာ ေပၚလြင္ေနသည္။
ေဝတန္ လည္း စိတ္ထဲမထားေပ။ သူတစ္ကိုယ္တည္း ေျပာလိုက္သည္။ ငါတို႔ေတြ လမ္းခြဲခဲ့တာ ႏွစ္ေတြ အေတာ္ၾကာခဲ့ၿပီပဲ။ အဲ့ဒီတုန္းကထက္စာရင္ မင္းရဲ႕ က်င့္ႀကံမႈက ေကာင္းကင္ဖီးနစ္က်င့္စဥ္ေၾကာင့္ သိသိသာသာ တိုးတက္လာၿပီပဲ။ ဒ႑ာရီလာသိုင္းက်မ္းတစ္ဆူ ပီသပါေပတယ္။ တကယ္ကို ငါတို႔ႏွစ္ေယာက္ ၾကားက အဆင့္ကြာဟမႈကို နီးေစတာပဲ။ ဒါေပမယ့္ ေကာင္းကင္ဖီးနစ္က်င့္စဥ္မွာ ဒါအကုန္ပဲရွိတယ္လို႔ မထင္ဘူး
အဆုံးတြင္ ေလာင္မိုင္ေျပာလိုက္သည္။ ေကာင္းကင္ဖီးနစ္က်င့္စဥ္ က မိုးေကာင္းကင္နဲ႕ ေျမျပင္တစ္ခြင္မွာ ၿပိဳင္ဘက္ကင္းတယ္။ အဲ့ဒါက မင္းနဲ႕ ငါ့လို မျပည့္စုံတဲ့ ခႏၶာကိုယ္ေတြအတြက္ေတာ့ မလြယ္ကူဘူး။ အဲ့ဒါကို က်င့္ႀကံရတာ ဘာမွအက်ိဳးသိပ္မထူးဘူး။ ၿပီးေတာ့ အဲ့ဒီသိုင္းရဲ႕ ထိပ္ဆုံးကိုလည္း ဘယ္ေတာ့မွ ေရာက္နိုင္မွာမဟုတ္ဘူး
ထိုစကားၾကားရကာ ေဝတန္ မ်က္ေမွာင္က်ဳံ႕လိုက္သည္။ ေလာင္မိုင္၏ အေၾကာင္းအရာက တကယ္ကို ျဖစ္တည္ေနသည္။ သူတို႔၏ မျပည့္မစုံခႏၶာကိုယ္ က က်င့္ႀကံမႈအေပၚတြင္ မေကာင္းေသာ သက္ေရာက္မႈမ်ား အၿမဲတေစျဖစ္ေပၚေစခဲ့သည္။ ေကာင္းကင္ဖီးနစ္သိုင္း တြင္လည္း ပုံမွန္မျဖစ္သည္ကို သိရေသာအခါ သိပ္မအံ့ၾသေပ။
သူ ႐ုတ္တရက္ သတိဝင္လာသည္။ ေလာင္မိုင္ သယ္ထားေသာ ဇူအန္ကို လွမ္းၾကည့္လိုက္သည္။ ဒါေၾကာင့္ သူ႕ကို အရမ္းဂ႐ုစိုက္ေနတာကိုး။ ေကာလာဟလေတြအရဆိုရင္ သူက မၾကာခင္ေသးခင္က လုံးဝ အမွိုက္တစ္ေယာက္ပဲတဲ့။ ဒါေၾကာင့္ပဲ ဒီလိုအခ်ိန္တိုအတြင္းမွာ သိုင္းသမားငယ္တစ္ေယာက္ျဖစ္လာတာကိုး။ ဒါက ေကာင္းကင္ဖီးနစ္က်င့္စဥ္ရဲ႕ အလုပ္ပဲျဖစ္ရမယ္
ဇူအန္ ေဒါသထြက္သြားသည္။ ဘယ္သူ႕ကို အမွိုက္လို႔ေခၚတာလဲ။
ကိုယ့္ကိုယ္ကိုေတာင္ ေယာက္်ားရယ္လို႔ မေျပာနိုင္ဘဲနဲ႕မ်ား ငါ့ကို အဲ့လိုေခၚရေလာင္တဲ့ အခြင့္မ်ိဳးမရွိဘူး။
ထိုအဖိုးႀကီးႏွစ္ေယာက္က ဇူအန္၏ ခံစားခ်က္ကို ဂ႐ုမစိုက္ၾကေပ။ ေလာင္မိုင္ ရယ္ကာ ေျပာလိုက္သည္။ အမွန္ပဲ။ သူ ဘယ္ေလာက္အထိ ေရာက္နိုင္မလဲဆိုတာကို ငါသိခ်င္မိတယ္။ သူက ထာဝရရွင္သန္ျခင္းကိုေတာင္ ရခ်င္ရဦးမွာ။ ငါကိုယ္တိုင္ အတြက္ကေတာ့ ေမွ်ာ္လင့္ခ်က္ မရွိေတာ့ဘူး။ ဒါေၾကာင့္ သူ႕ကိုအားကိုးၿပီးေတာ့ ေနရေတာ့မွာပဲ
ထိုစကားလုံးမ်ားက ဇူအန္ကို ရင္ထိေစသည္။ ေလာင္မိုင္က ဒီေလာက္ ေလာက္ျမင့္ျမတ္တဲ့ စိတ္ထားရွိသူဆိုတာကို မထင္ထားမိဘူး။ ဒီအႀကီးအကဲကို ငါ သံသယမဝင္သင့္ဘူး။
ဒါေပမယ့္ ဒီအေၾကာင္းမွာ တစ္ခုခု က တစ္မ်ိဳးေလးျဖစ္ေနတယ္။ ခါးေအာက္ပိုင္း က ဟိုဟာ မသန္တဲ့သူေတြ က ဖီးနစ္ေကာင္းကင္သိုင္းကိုက်င့္ရင္ ရလဒ္သိပ္မေကာင္းတာေတြရတယ္လို႔ ေလာင္မိုင္ ေျပာခဲ့တယ္ေလ။ ငါ ျပန္ေကာင္းသြားတာကို သူ မသိနိုင္ေလာက္ပါဘူး။ ဒါက အာ႐ုံလႊဲတာမ်ားလား။
ဟုတ္တယ္။ ေလာင္မိုင္ က ေဝတန္ ကို အ႐ူးလုပ္ဖို႔ ႀကိဳးစားေနတာ။ သူက ငါ့အေပၚ အာ႐ုံအကုန္လႊဲခ်ခ်င္ေနတာလား။ ဒါမွမဟုတ္ ငါ့ကို ေဝတန္ မသတ္ေအာင္ လုပ္ေနတာလား။
ေဝတန္၏ မ်က္ႏွာအမူအရာမွာ အံၾသေနပုံရၿပီး သက္ျပင္းခ်လိဳက္သည္။ တစ္ေန႕ၿပီးတစ္ေန႕ အံၾသစရာေကာင္းတာေတြခ်ည္းပဲ။ ေကာင္းကင္ဖီးနစ္က်င့္စဥ္ကို က်င့္တဲ့သူ ႏွစ္ေယာက္ေတာင္ ရွိေနၿပီပဲ။ သူ႕ကိုပါ ျပန္ေခၚသြားရင္ အရွင္မင္းႀကီး ေသခ်ာေပါက္ကို ေက်နပ္မွာပဲ
ဇူအန္ စိတ္မခ်မ္းမသာျဖစ္သြားသည္။
ထိုအဖိုးႀကီး၏ စိတ္ဝင္စားမႈကို ေသခ်ာေပါက္ကို မရလိုေပ။ ကံမေကာင္းသည္မွာ သူ႕တြင္ ေ႐ြးခ်ယ္စရာမရွိေပ။ ဤေလာက္ အစြမ္းႀကီးေသာ က်င့္ႀကံသူႏွစ္ဦး၏ အေရွ႕တြင္ ေျပာရန္ အခြင့္မရွိေပ။
ေလာင္မိုင္ က ဒဏ္ရာရထားၿပီးသားျဖစ္ၿပီး ဇူအန္ကိုလည္း သယ္ေနရေသးသည္။ သူ၏ လႈပ္ရွားမႈက ျမန္ဆန္ေနေသာ္လည္း ေနာက္ဆုံးတြင္ ေလ်ာ့က်သြားရသည္။
ေဝတန္ က ဤအခြင့္အေရးကို သုံးကာ သူတို႔အေရွ႕သို႔ ခုန္လိုက္သည္။ ယင္ေလး ဒီေၾကာင္နဲ႕ ႂကြက္ ကစား နည္းက အရမ္းၾကာေနၿပီ။ အခုကိစၥေတြ ကို အဆုံးသတ္လိုက္ရေအာင္
ေလာင္မိုင္၏ အမူအရာ အုံမွိုင္းသြားသည္။ ဇူအန္ကို အနီးအနား သစ္ပင္ေပၚသို႔ ပစ္တင္လိုက္ကာ တိုက္ပြဲအတြက္ ကိုယ္ဟန္ျပင္လိုက္သည္။
ယခုအခါတြင္ ေဝတန္က ဇူအန္ကို စိတ္မဝင္စားေသးေပ။ ေလာင္မိုင္ကို အနိုင္ယူၿပီးေနာက္ သူ႕ကိုလည္း ရမည္ကို သိေနသည္။ ဇူအန္က ပတ္ဝန္းက်င္ကို အျမန္ၾကည့္ရႈ႕လိုက္သည္။ သူတို႔သည္ လျပည့္ၿမိဳ႕၏ ၿမိဳ႕တံတိုင္း ကို ေက်ာ္ကာ ပ်ံသန္းလာၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ဤေနရာသည္ နဂါးဝွက္ေတာင္၏ အနက္တစ္ေနတြင္ျဖစ္မည္။
နဂါးဝွက္ေတာင္ ကို အႏၱရာယ္ရွိသည့္ေနရာဟူ သတ္မွတ္ထားေသာ္လည္း ၎သည္ သာမန္လူမ်ားအတြက္သာျဖစ္သည္။
ေလာင္မိုင္ ႏွင့္ ေဝတန္ ကဲ့သို႔ေသာ က်င့္ႀကံသူအႀကီးစားမ်ားအဖို႔ ဤေနရာတြင္ က်က္စားေနထိုင္ေသာ သားရဲမ်ား ကို စိုးရိမ္စရာမလိုေပ။
ဇူအန္ ေနာင္တအနည္းငယ္ရလိုက္သည္။ အကယ္၍ အဲ့ဒီနဂါးနီႀကီးသာ အသက္ရွိေနေသးရင္ ဒီအဖိုးႀကီးႏွစ္ေယာက္ကိုပါ တစ္ခါတည္း ရွင္းပစ္နိုင္မွာအဲ။ အရင္တစ္ခါက ခ်န္႐ႊမ္း တစ္ေယာက္တည္းကိုပဲ ဖယ္ရွားနိုင္ခဲ့တယ္။ အင္း တကယ္ကို ႏွေျမာစရာပဲ
ဇူအန္ က သူ၏ အေတြးတြင္ ေမ်ာေနစဥ္ ေဝတန္စတင္လႈပ္ရွားလိုက္ၿပီျဖစ္သည္။ ဤတစ္ခ်ိန္လုံး ေလာင္မိုင္ ဒဏ္ရာရေနၿပီး ဇူအန္ကိုသယ္ကာ အေဝးတစ္ခ်ိဳ႕ ေျပးခဲ့ရေသးသည္။ ထို႔ေၾကာင့္ ေလာင္မိုင္၏ အင္အားမွာ စတင္ယိမ္းယိုင္လာသည္။
တိုက္ပြဲမွာ ဇူအန္ ေတြးထားသလိုျဖစ္သည္။ ယခင္သိုင္းကြက္ဖလွယ္မႈတြင္ သူတို႔ႏွစ္ဦး ၏ လက္ရည္ က တိုက္ျခင္း တြင္ ညီမွ်ခဲ့သည္။ ယခုအခါတြင္ ေလာင္မိုင္ က အခ်ိန္ သုံးပုံတစ္ပုံ မွ်သာ တိုက္သည့္ဘက္တြင္ ရွိေနၿပီး က်န္အခ်ိန္မ်ားတြင္ ေနၾကာပန္းသိုင္း ၏ အံဖြယ္ ျမန္ဆန္မႈျဖင့္ ေရွာင္တိမ္းေနရသည္။
တိုက္ပြဲ ခ်ိန္ ေနာက္တစ္နာရီမွ်ၾကာၿပီးေနာက္ ေလာင္မိုင္ က ဤတိုက္ခိုက္မႈအဆင့္ကို မထိန္းနိုင္ေတာ့ေပ။ ခုခံျခင္းတြင္သာ လုံးဝ အာ႐ုံစိုက္ေနရသည္။ သူ၏ ကိုယ္တစ္ဝွမ္းတြင္ ဒဏ္ရာအသစ္မ်ား စတင္ေပၚလာရသည္။
ေဝတန္ က သူ၏ လက္ေခ်ာင္းထိပ္ ရွိ ေသြးစမ်ားကို တစ္ခ်က္ခါထုတ္လိုက္သည္။ ယင္ေလး မင္းဘာေၾကာင့္ အရမ္းေခါင္းမာေနရတာလဲ။ မင္း ငါ့ကိုမနိုင္ဘူး။ ငါတို႔ေတြ အခ်ိန္ျဖဳန္းစရာ လိုေသးလို႔လား
ေလာင္မိုင္ အံႀကိတ္ကာ တုန့္ျပန္လိုက္သည္။ ငါတို႔ေတြ ေနာက္ဆုံးစကၠန့္အထိ မတိုက္ရင္ ဘယ္လိုလုပ္ ေနာက္ဆုံးရလဒ္ ကို သိနိုင္ေတာ့မလဲ
မင္း ဆက္ေခါင္းမာေနဦးမယ္ဆိုရင္ ငါ့မွာလည္း ေ႐ြးစရာမရွိေတာ့ဘူး။ အရႈံးကို ဝန္ခံတဲ့အထိ ငါ မင္းကို ရိုက္႐ုံေပါ့ ေဝတန္ ၏ အသံေအးစက္လာဝည္။ သူ၏ လႈပ္ရွားဟန္မ်ား ပိုမိုျမန္ဆန္လာသည္။
ေလာင္မိုင္ ေရွာင္တိမ္းရန္ မရွိေတာ့ေပ။ အံကိုႀကိတ္၊ လက္ကိုပင့္ကာ ၎တိုက္ကြက္ကို ရင္ဆိုင္လိုက္ရသည္။
ၾကယ္လက္ဝါး ေဝတန္ ၏ မ်က္ႏွာေပၚတြင္ အၿပဳံးခပ္ယဲ့ယဲ့တစ္ခု ေပၚလာသည္။ ဤအခြင့္အေရးကို ကို အသုံးခ်ကာ သူ၏ ၿပိဳင္ဘက္ကို ဒုကၡိတျဖစ္ေစမည္ျဖစ္သည္။ တိုက္ပြဲရွည္ၾကာမႈက သူ၏ စိတ္ရွည္မႈကို ဆြဲခ်ခဲ့သည္။
အရပ္မ်က္ႏွာတိုင္းမွ ေလလွိုင္းတစ္ခုစီ တိုက္ခတ္လာသည္။ ဇူအန္လည္း သူရွိေနေသာ သစ္ပင္ေပၚမွ ျပဳတ္က်သြားသည္။
ေျမျပင္ေပၚသို႔ အသံက်ယ္က်ယ္ျဖင့္ က်သြားသည္။ သူ၏ ကိုယ္ကိုသာ ကမၻာဦးမူလသိုင္းျဖင့္ ႏွစ္ခါ မထုဆစ္ထားပါက အနည္းဆုံးေတာ့ အရိုးအနည္းငယ္ က်ိဳးရလိမ့္မည္ျဖစ္သည္။ ေလာင္မိုင္က သူ၏လႈပ္ရွားမႈကို လုံးဝခ်ိတ္ပိတ္ခဲ့ေသာေၾကာင့္ ဤေလာက္အျမင့္ႀကီးမွ အသလြတ္ျပဳတ္က်ခဲ့ရသည္။
သို႔ေသာ္လည္း ဇူအန္ ေပ်ာ္သြားခဲ့သည္။ ခႏၶာကိုယ္တြင္းတြင္ ကီကို အျမန္လည္ပတ္ေစကာ အေၾကာပိတ္ထားသည္ကို ေျဖလိုက္နိုင္သည္။ ယခုအခါတြင္ သူ၏ လႈပ္ရွားနိုင္စြမ္းကို ျပန္ရရွိရန္မွာ ဦးစားေပးျဖစ္သည္။ ထိုသူႏွစ္ဦး တိုက္ခိုက္ျခင္းျဖင့္ အလုပ္ရႈပ္ေနခ်ိန္သည္ ထြက္ေျပးရန္ အေကာင္းဆုံးအခ်ိန္ျဖစ္သည္။
တိုက္ပြဲေျမျပင္တြင္ မထင္မွတ္ထားေသာတစ္စုံတစ္ရာျဖစ္သြားသည္။ လက္ဝါးႏွစ္ခု ဆုံေတြ႕ေသာအခါ ေလာင္မိုင္ မ်က္ႏွာေပၚရွိ တုန္လႈပ္မႈမွာ ေပ်ာက္ကြယ္သြားၿပီး အႀကံေအာင္ျမင္ေသာ သူတစ္ေယာက္၏ ေအးစက္ေသာအၿပဳံးတစ္ခု ျဖစ္တည္လာသည္။
ဖ်ပ္ခနဲျဖင့္ သူ၏ လက္ဝါးက လက္ေခ်ာင္းတစ္ခုအသြင္ေျပာင္းသြားသည္။ ၎သည္ သူ၏ အဓိကစြမ္းရည္ ျဖစ္ေသာ ေနၾကာလက္ညိုး ျဖစ္သည္။
ေဝတန္က တစ္စုံတစ္ရာ မွားေနေၾကာင္း အာ႐ုံရခဲ့ေသာ္လည္း မွားယြင္းေနသည့္အရာကို ေတြးမရခဲ့ေပ။
ေလာင္မိုင္၏ က်င့္ႀကံမႈက သူ၏ၿပိဳင္ဘက္ မဟုတ္ေပ။ အေကာင္းအတိုင္းအခ်ိန္မွာေတာင္မွ ၿပိဳင္ဘက္မဟုတ္ပါက ယခုဒဏ္ရာရေနခ်ိန္တြင္ဆိုလွ်င္ ေျပာစရာကိုမလိုေတာ့ေပ။
ထိုအေတြးရွိကာ ေဝတန္က သူ၏စိုးရိမ္မႈကို ဖယ္လိုက္ကာ လက္ဝါးကို ေရွ႕တိုးလိုက္သည္။ သူ၏ လက္ဝါးက ထိုလက္ေခ်ာင္းႏွင့္ ထိေသာအခ်ိန္တြင္ ထိုလက္ေခ်ာင္းမွာ တစ္လက္မခ်င္းစီ က်ိဳးပဲ့သြားမည္ဟု ယုံၾကည္ခ်က္အျပည့္ရွိေနသညခ။ ထိုအခါ ေလာင္မိုင္လည္း သူ၏ တိုက္ခိုက္နိုင္စြမ္း လုံးဝ ပ်က္စီးသြားမည္ျဖစ္သည္။
လက္ဝါးႏွင့္ လက္ေခ်ာင္းတို႔ ဆုံေတြ႕ၾကရာဝယ္ ေသြးမ်ား လႊင့္စင္သြားခဲ့သည္။ တစ္စုံတစ္ေယာက္က နာက်င္စြာ ေအာ္ဟစ္လိုက္သည္။ ဇူအန္က သူ၏အခ်ိတ္အပိတ္ကို ျဖည္ရန္ အလုပ္ရႈပ္ေနခဲ့သည္။ ႐ုတ္တရက္ လန့္ကာ ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ ေအာ္ဟစ္ခဲ့သူမွာ ေလာင္မိုင္ မဟုတ္ဘဲ ေသခ်ာေပါက္အနိုင္ရမည့္သူဟု ထင္ထားေသာ ေဝတန္ ျဖစ္ေနသည္။
ေလာင္မိုင္၏ ေတာက္ပေနေသာ ခရမ္းေရာင္လက္ညိုးက ေဝတန္ ၏ လက္ဝါးကို ေဖာက္ဝင္သြားခဲ့သည္။ ေဝတန္၏ ၾကယ္လက္ဝါးက သဲလြန္စမက်န္ ေပ်ာက္ကြယ္သြားရကာ ေသြးရဲရဲနီေနေသာ လက္ဝါးတစ္ခုသာက်န္ခဲ့သည္။
ေလာင္မိုင္ လုံးဝ မတြန့္ဆုတ္ခဲ့ေပ။ သူ၏ အျခားလက္တစ္ဖက္ကို ထပ္သုံးကာ ေဝတန္ ကိုယ္ေပၚရွိ ပင္မေသြးေၾကာမွတ္မ်ားစြာကို ကန္ပစ္လိုက္သည္။
ေဝတန္ က ေဘးတစ္ဖက္သို႔ သဲအိတ္တစ္ခုပမာ လဲက်သြားသည္။ သို႔ေသာ္လည္း သူ၏ အေျခအေနကို ဂ႐ုမစိုက္ဟန္ရွိသည္။ သူ၏ အေရွ႕တြင္ ရွိေနေသာ လူအိုႀကီးကို တအံတၾသၾကည့္ကာ ေမးလိုက္သည္။ ဘယ္လို...
ေလာင္မိုင္၏ အင္အားက အဆေပါင္းမ်ားစြာ ခုန္တက္သြားခဲ့ဟန္ရွိသည္။ ယခင္က ေလာင္မိုင္၏ က်င့္ႀကံမႈက သူ႕ထက္ အနည္းငယ္သာ နိမ့္ေနခဲ့ၿပီး သူတို႔ႏွစ္ဦး အၾကား ကြာဟခ်က္သိပ္မရွိခဲ့ေပ။ သို႔ေသာ္လည္း ဤအခိုက္အတန့္ေလးတြင္ ေလာင္မိုင္က သူ႕ကို လုံးဝ အနိုင္ယူနိုင္ခဲ့သည္။
အကယ္၍ ေလာင္မိုင္ မွာ ဒီလို က်င့္ႀကံမႈမ်ိဳးသာ အစကတည္းကရွိေနရင္ ဘာျဖစ္လို႔ ဒီေလာက္ အလုပ္ရႈပ္ခံေနဦးမွာလဲ။
ၿပီးေတာ့ သူ႕ရဲ႕ က်င့္ႀကံမႈအဆင့္က အဲ့ဒီလို မဟုတ္ရင္ တစ္ခ်က္တည္းနဲ႕ အနိုင္ယူနိုင္ခဲ့မွာ မဟုတ္ဘူး။
ေဝတန္ ေခါင္းခ်ာခ်ာလည္ေအာင္ စဥ္းစားေသာ္လည္း ေတြးမရေပ။
ဇူအန္လည္း မ်က္လုံးျပဴးသြားခဲ့သည္။ အမွန္တြင္ ဇူအန္က ေလာင္မိုင္ကို ယထိုလူအိုႀကီးကို သူ ထြက္ေျပးနိုင္ရန္ အခ်ိန္အနည္းငယ္ ပိုဆြဲေပးေစခ်င္ခဲ့သည္။ သို႔ေသာ္လည္း ႐ုတ္တရက္ အလွည့္အေျပာင္းျဖစိကာ အနိုင္ရရန္ အခြင့္မ်ားေနသည့္ ေဝတန္ကို လွ်ပ္တျပက္ အနိုင္တိုက္နိုင္ခဲ့ေလသည္။
----- ---------------------------- ----- - - - - - - - ---- -