ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.2K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

383

157 15 0
By SoeHmue

Chapter 383: ပျံဝဲကြာပွင့်ခြေလှမ်းများ

အပြာရောင် လက်ရိပ်က ရိုက်သောနေရာတိုင်း လက်ဝါးရာအကြီးကြီး ချန်ရစ်ခဲ့သည်။

လောင်မိုင်အထဲတွင် အသားပုံဖြစ်သွားပြီလား ဇူအန်ပင် တွေးမိသွားသည်။
လောင်မိုင်၏တကယ့်ရည်ရွယ်ချက်ကို ဇူအန်သံသယဝင်မိသော်လည်း သူတို့နှစ်ယောက်က အချိန်အတော်ကြာ အတူတူဖြတ်သန်းဖူးသဖြင့် လောင်မိုင်နိုင်ပါစေလို့ ဆုတောင်းမိသည်။
ဒါပေါ့ အကောင်းဆုံးကတော့ နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျသွားခြင်းပင်။

ကံကောင်းစွာ လောင်မိုင်က ဒီလောက်လွယ်လွယ် မရှုံးပေ။ ဝေတန်ရှိရာဘက်ကို လောင်မိုင်လက်သီးတစ်ချက်ထိုးလိုက်ရာ လက်ကိုင်ပုဝါကြီး ဖောင်းကြွလာသည်။
ဝေတန် မျက်မှောင်ကြုံ့လာ၍ ရိုက်ချက်များ အရှိန်မြှင့်လိုက်သည်။ လက်ကိုင်ပုဝါကို အရေးတကြီး အမြန် ရိုက်လာသည်။
ဧရာမလက်ကိုင်ပုဝါကြီးပေါ်တွင် လက်ဝါးရာများစွာ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ပုဝါအတွင်းမှ လက်သီးရာများစွာ အဆက်မပြတ်ပေါ်လာသည်။သူတို့နှစ်ယောက်က ကွာဝေးနေသော်လည်း အချင်းချင်းတိုက်ခိုက်နေကြသည်။
ရုတ်တရက် လက်သည်းရှည်တစ်ခု လက်ကိုင်ပုဝါကိုဖောက်ထွက်လာသည်။ ဓားချွန်တစ်ချောင်းလို အောက်ကိုပိုင်းဖြတ်လာပြီး အပေါက်ကြီး ပေါ်လာသည်။

အထဲတွင် ခရမ်းရောင်ကြာပွင့်ကြီးတစ်ခုပေါ်လာသည်။ လက်ကိုင်ပုဝါက ဆက်မချုပ်နိုင်တော့ဘဲ ရုတ်တရက်ပြေလျော့သွားကာ တစ်စစီ ဆုတ်ပြဲသွားလေသည်။

လောင်မိုင် အထဲမှ ထွက်လာသည်။ အနီးက တဲခေါင်မိုးပေါ် ခုန်တက်လိုက်ပြီး
"စိတ်မရှိပါနဲ့။ ကြည့်ရတာ ငါက မင်းရဲ့ကြယ်ပုဝါကို ဖျက်စီးလိုက်မိပြီထင်တယ်"

ဝေတန်ခေါင်းယမ်းလိုက်သည်။
"မင်းလွတ်နိုင်တာ မင်းရဲ့အစွမ်းပဲ။ ဘာမှ တောင်းပန်စရာမလိုပါဘူး။ ငါတို့နောက်တုံးအကြိမ်တွေ့တုန်းကထက် မင်းကျင့်ကြံမှုက အများကြီးတိုးတက်လာတာကို ငါပိုအံ့သြတယ်"

လောင်မိုင်ရယ်လိုက်သည်။
"မင်းကို ငါမပြောဘူးလား။ မတိုက်ရင် ဘယ်သူနိုင်မယ်ဆိုတာ ကြိုမပြောနိုင်ပါဘူးလ်ို့"

ဝေတန် အေးစက်စက် ရှုံ့ချလိုက်သည်။
"အဲ့လိုလား။ ဒါဆိုလည်း မင်းဘယ်လောက် တိုးတက်လာလဲ ငါကိုယ်တိုင် စမ်းကြည့်ရတာပေါ့"  ထို့နောက် ခြေတစ်ဖက်ဆောင့်ကာ လောင်မိုင်ထံ ဖုတ်သရဲတစ်ကောင်လို ထိုးဖောက်လာသည်။

သူ့လက်ချောင်းများက TVဇာတ်လမ်းများထဲမှ ဖုတ်သရဲများလို ရှေ့တွင် ဆန့်တန်းထားကြောင်း ဇူအန် တွေ့လိုက်သည်။
ဒီလို ဖိုသီဖတ်သီပုံစံက ဘယ်လိုလုပ် ကြောက်စရာကောင်းမှာလဲ။

သို့သော်လည်း လောင်မိုင်ကတော့ ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက်ကိုကြုံရသလို သတိထားနေသည်။ ချက်ချင်း နေကြာပန်းလှိုင်းကိုသုံးကာ ဘေးကိုရှောင်လိုက်လေသည်။ သူရပ်နေသောတဲစုတ်က ဝေတန်လက်ချောင်းများ မရောက်ခင်ပင် တစ်စစီ ပေါက်ကွဲသွားလေသည်။

ဇူအန် မျက်လုံးပြူးသွားသည်။
ဒီနှစ်ယောက်က စူပါမန်းတွေပဲဟ။

ဝေတန် ခြေထောက်ကို ကျောက်တုံးတစ်ခုကို အားပြုကန်လိုက်ပြီး လောင်မိုင်ထံ တိုက်ရိုက်ဝင်လိုက်သည်။
လောင်မိုင်က နေကြာပန်းလှိုင်းသုံး၍ ရှောင်လိုက်ပြီး ပြန်တိုက်ရန် အခွင့်အရေးရှာနေသည်။

နေကြာပန်းလှိုင်းခြေလှမ်းက လောင်မိုင်ကို ဒီလိုထိပ်တိုက်ရင်ဆိုင်မှုမျိုးတွင် အားသာစေနိုင်တာတောင် ဝေတန်က အတိုဆုံးလမ်းကြောင်းကို အမြဲတမ်းရွေးနိုင်ပြီး တိုက်ချက်များကလည်း လျပ်စီးလို မြန်လေမည်ဟု ဇူအန် မထင်ထားမိပေ။ အားလျော့သောသူဖြစ်ရမည့်အစား သူကပင် အသာစီးရနေသေးသည်။
ဟိုဘက်ဒီဘက် မကြာခနခုန်ရှောင်နေရခြင်းက လောင်မိုင်ကို ပိုအားကုန်စေသည်။

အမှန်ပဲ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ လောင်မိုင်လှုပ်ရှားမှုများ အရှိန်လျော့လာသည်။ လုံးဝ မသိသာလုနီးပါးဖြစ်သော်လည်း ဇူအန်က နေကြာပန်းလှိုင်းနှင့် ရင်းနှီးနေသောကြောင့် အာရုံခံစားမိလေသည်။
ဝေတန်အခွင့်အရေးတိုင်းကို အသုံးပြုနိုင်ပြီး တိတိကျကျ တိုက်ခိုက်နိုင်သောကြောင့် သူ့မြင်ကွင်းနှင့်ကျင့်ကြံမှုက တစ်ဖက်လူထက် ပိုမြင့်ကြောင်း ဇူအန် သိလိုက်သည်။ဒါက အဆင့်မြင့်သော ကျင့်ကြံမှု မရှိဘဲ မလုပ်နိုင်ပေ။

သို့သော် တစ်ခုခုက ဇူအန်ကို သတိထားမိစေသည်။ ဘာလို့ လောင်မိုင်က မဟာလေပြင်းလို တစ်ခြားကောင်းကင်ဖီးနစ်ကျင့်စဉ်က အစွမ်းတွေ ထုတ်မသုံးရတာလဲ။ မဟာလေပြင်းရဲ့ တမဟုတ် လှုပ်ရှားမှုက ဝေတန်ကို ချက်ချင်း တိုက်နိုင်လိမ့်မည်။ သူသာ အဲ့တာကို နေကြာပန်းလှိုင်းနှင့် တွဲသုံးလျှင် ဝေတန်က အရှုံးပေးရသောသူ ဖြစ်လာပေလိမ့်မည်။
သူက အရေးကြီးတဲ့အချိန်မှ ချုံခိုတိုက်နိုင်ဖို့ အားနည်းချင်ယောင်ဆောင်နေတာများလား။

ထိုအချိန်မှာပင် တိုက်ပွဲက တစ်မျိုးပြောင်းသွားသည်။ ဝေတန် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး
"မင်းကို မိပြီ"
"ပိတ်ဆို့ခြင်းပိုက်ကွန်"

ဝေတန်က လက်ဖဝါးနှင့် စက်ဝိုင်းတစ်ခုလုပ်လိုက်သောအခါ လောင်မိုင်က မီတာတစ်ချို့ ကျယ်သော အပြာရောင်အလင်းစက်ကွင်းထဲတွင် ပိတ်မိသွားသည်။ ဝေတန် လက်ဖဝါးကို ရှေ့တိုးလိုက်ရာ စက်ကွင်းက တဖြည်းဖြည်း ကျဉ်းလာသည်။

လောင်မိုင်လည်း ဒီအကွက်ကြောင့် ကြောင်သွားရလေသည်။ ချက်ချင်း အော်လိုက်သည်။
"နေကြာပန်းလက်ညှိုး"

လက်ဆယ်ချောင်လုံး ဆန့်ထုတ်ကာ အရပ်မျက်နှာအားလုံး ထိုးခွင်းလိုက်သည်။ သူထိလိုက်သောနေရာတိုင်း အပြာရောင်စက်ကွင်းတွင် လှိုင်းများ ထလာသည်။
သို့သော် အဆင့် ၇ပညာရှင်တစ်ယောက်အား တစ်ချက်တည်း အသေသတ်နိုင်သော လက်ချောင်းမှာ ဒီဆပ်ပြာပူဖေါင်းကဲ့သို့ အားနည်းပုံရသည့် စက်ကွင်းကို မဖောက်နိုင်ပေ။

ဝေတန် ပြုံးလိုက်သည်။
"အသုံးမဝင်ဘူး။ ဒါက ငါမကြာသေးခင်ကမှ သဘောပေါက်လိုက်တဲ့ လေဟာနယ်နိယာမတစ်ခုကနေ ဖန်တီးထားတာ။ ဒါက ဘယ်စွမ်းအားနဲ့မှ ဖျက်လို့မရဘူး"

လေဟာနယ်နိယာမလား။
ဇူအန် အံ့သြမှုကို မထိန်းနိုင်ပေ။ ဒီလူကြီးက ဘယ်အဆင့်မှာ ရှိနေပါလိမ့်နော်။
ဒီလို ဖုတ်သရဲပုံစံအကွက်က အရမ်းအင်အားကောင်းတာ မဆန်းတော့ဘူး။ သူက လေဟာနယ်နိယာမကို သုံးလိုက်တာကိုး။ နေကြာပန်းလှိုင်းက သာမန်ခြေလှမ်းသိုင်းကို မမီနိုင်စရာအကြောင်းမရှိဘူးလို့ ငါပြောသားပဲ။

လောင်မိုင် နေကြာပန်းလက်ညှိုးကို ဆက်မသုံးတော့ပေ။ ရုတ်တရက် ဝေတန်ကို ပြန်လှည့်ကြည့်လိုက်ပြီး
"မင်းရဲ့ ကြယ်ပုဝါပျက်စီးသွားတာတောင်  မင်းဒါကြောင့် မမှုတာကိုး ။ မင်းမှာ နောက်ထပ် ဝှက်ဖဲရှိနေတာပဲ"

"ဒါပေါ့" ဝေတန် လက်သီးဆုတ်၍ ဦးညွှတ်ပြလိုက်သည်။
"ဧကရာဇ်ဘေးနားမှခစားရတာက တစ်ခါတစ်ရံ ထောက်ပြတာလည်း ခံရနိုင်တယ်လေ။ ဒီလိုထောက်ပြတာက ငါတို့ဆယ်စုနှစ်တစ်ခု ကျင့်ကြံတာထက်ပိုကောင်းတယ်။ ငါသာ တိုးတက်မှုမရှိရင် မင်းကိုဘယ်လိုလုပ် လိုက်ဖမ်းရဲမှာလဲ"

သူပြောနေရင်း အပြာရောင်စက်ကွင်းက ပိုပြီးကျုံ့လာသည်။ စက်ဝန်းအလယ်တွင် အနက်ရောင်ဟင်းလင်းပြင်တစ်ခု ပေါ်လာသည်။ လောင်မိုင် လှုပ်ရှားမှုများ မထိန်းနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ထိုအနက်ရောင်အမှတ်ထံ ဆွဲစုတ်ခံနေရသည်။

တွင်းနက်လား။ ဇူအန် အံ့အားသင့်ပြီးကြောင်သွားသည်။ ထိုအချိန်မှ ဒီလောကမှ အရာအများစုက သူ့ကမ္ဘာမှ သိပ္ပံပညာနှင့် မတူညီကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

လောင်မိုင် နေကြာပန်းလှိုင်းသုံးရန် အကြိမ်များစွာ ကြိုးစားလိုက်သည်။ သို့သော် ကံမကောင်းစွာ ခန္ဓာကိုယ်ကို မလှုပ်နိုင်သည့်အပြင် စက်ဝန်းအလယ်သို့လည်း ဆွဲယူခံနေရသည်။

ဝေတန် လေသံက ကြောက်စရာပင်။
"ယင်လေး ငါတို့ရဲ့သံယောဇဉ်ကို ထောက်ပြီး မင်းလက်တွေကို ချိုးလိုက်ရင် ငါမင်းကို လွှတ်ပေးမယ်။ မင်းအဲ့ဒီတွင်းထဲ ရောက်သွားတာနဲ့ ဧကရာဇ်တောင် မင်းကိုကယ်နိုင်မှာ မဟုတ်တော့ဘူး"

"ငါ့လက်ကို ငါချိုးရမှာလား" လောင်မိုင် သရော်လိုက်သည်။
"အညံ့ခံမယ့်အစား သေပစ်လိုက်မယ်"

"ဘာလို့ အဲ့လိုလုပ်ရမှာလဲ" ဝေတန် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို အပ်လိုက်တာနဲ့ မင်းသေစရာမှမလိုတော့တာ။ ဘာလို့ ခေါင်းမာနေရတာလဲ"

လောင်မိုင် ရယ်လိုက်သည်။
"မင်းငါ့ဆီက ကောင်းကင်ဖီးနစ်ကျင့်စဉ် လိုနေသေးတာ သိနေလို့လည်း ငါက ဆက်တိုက်နေရဲတာ။ မင်းငါ့ကို တကယ်သတ်မယ်လို့ ငါတော့မယုံဘူး"

ဝေတန် နှာမှုတ်လိုက်သော်လည်း အပြာရောင်စက်ကွင်းက ဆက်မကျုံ့တော့ပေ။လောင်မိုင်က အမှောင်တွင်းထဲပို့လိုက်လျှင် လောင်မိုင်နှင့်အတူ သိုင်းကျမ်းပါ ပျောက်သွားမှ သူသိလေသည်။ ထိုအခါကျ ဧကရာဇ်ကို သူဘယ်လို သတင်းပြန်ပို့ရမလဲ။
သို့ပေမဲ့ သူ့ပြိုင်ဘက်က အဆင့်မြင့်လွန်းသည်။ အခုချိန်တွင် လွှတ်ပေးလိုက်လျှင် လောင်မိုင်က သူ့ကို ပြဿနာရှာမှာသေချာသည်။ ထို့အပြင် နောင်တစ်ချိန်ပြန်ဖမ်းရန် ပိုခက်ခဲပေလိမ့်မည်။

ထိုတွေဝေနေချိန်ခဏ စက်ကွင်းက တည်ငြိမ်နေချိန် လောင်မိုင် လှုပ်ရှားလိုက်သည်။
" ပျံဝဲကြာပွင့်ခြေလှမ်းများ"

လောင်မိုင် လှေကားပေါ်တက်သလို လေထဲကို ခြေလှမ်းလိုက်သည်။ ခြေလှမ်းတိုင်းတွင် ခြေရာများကျန်ခဲ့ပြီး ခြေရာတစ်ခုစီမှ ကြာပွင့်တစ်ပွင့်စီ ပွင့်လာသည်။

ဇူအန် လုံးဝ ကြောင်အသွားသည်။ ဒီလောင်မိုင်က အဖိုးအိုကြီးဖြစ်နေတာတောင် အလှအပကို မက်နေသေးတယ်။ သူပိုင်ဆိုင်တဲ့ ပညာတိုင်းက လှနေတာချည်းပဲ။
ငယ်ငယ်ရွယ်ရွယ် မိန်းမလှလေးသာ ဒီပညာတွေသုံးလိုက်လျှင် မရေတွက်နိုင်သော ယောက်ျားပျိုများ၏အသည်းကို အပိုင်ရနိုင်ပေလိမ့်မည်။

ဇူအန်ကို အပထား ဝေတန်ပင် အံ့သြသွားရသည်။
"မင်းလည်း လေဟာနယ်နိယာမကို နားလည်တဲ့အဆင့် ရောက်သွားပြီလား"

လောင်မိုင် ပြုံးလိုက်သော်လည်း ရုတ်တရက် သွေးတစ်ဗွက် အန်လိုက်သည်။ သူသုံးလိုက်သော အကွက်က အကန့်အသတ်လွန်သွားပြီး အခု ဒဏ်ပြန်ခံရခြင်းပင်။
ဝေတန်က ဒီအခွင့်အရေးကို ဘယ်လက်လွှတ်ခံနိုင်ပါ့မလဲ။ ချက်ချင်း ဖုတ်သရဲလိုခုန်လိုက်ကာ လောင်မိုင်ဆီ ခုန်ဝင်လိုက်သည်။
လက်နှစ်ဖက်ဆန့်တန်းကာ လောင်မိုင်ကို အချက်များစွာ ရိုက်ခတ်လေသည်။ လောင်မိုင်က ခုခံရန် အတတ်နိုင်ဆုံးကြိုးစားသော်လည်း လက်ဝါး၃ချက် မိသွားသေးသည်။

"ဖူး.."

လောင်မိုင် ပါးစပ်မှသွေးများ လျှံကျလာပြီး အဖြူရောင်မုတ်ဆိတ်မွေးများတောင် နီရဲသွားသည်။

"ကျစ်စ်..ကျစ်..မင်းက ခုချိန်ထိ မင်းရဲ့ အထိန်းတော်ဆိုတာကြီးကို စိတ်စွဲနေတုန်းပဲလား ။ ဒီအသက်အရွယ်ရောက်တာတောင် မုတ်ဆိတ်အတုကြီး ပါးစပ်နားကပ်ထားသေးတယ်" ဝေတန် အနားကပ်မလာရဲပေ။ လောင်မိုင်က ချောင်ပိတ်မိပြီး စွန့်စားမည်ကို စိုးရိမ်လေသည်။ လောင်မိုင်က ဒဏ်ရာအပြင်းအထန် ရထားပြီးပြီ။ ဝေတန် အချိန်ဆွဲလေလေ သူသွေးထွက်လွန်လေလေပင်။ သွေးထွက်လွန်လာလေလေ ပိုအားနည်းလာလေလေပင်။

"မင်းကရော ဂရုမစိုက်တာကျလို့။ မင်းပါးစပ်နားမှာလည်း မုတ်ဆိတ်တွေ ငါတွေ့သားပဲ" လောင်မိုင် ပါးစမ်နားမှသွေးကို လက်ဖြင့်သုတ်လိုက်ရာ ကျန်သောမုတ်ဆိတ်အတုများကိုပါ ပွတ်ချမိသွားသည်။ သူ့မျက်နှာတွင် နာကျင်ရိပ်များ သန်းသွားသည်။

----- ------------------------- ----- - - - - - - - - - -------------- -

Chapter 383: ပ်ံဝဲၾကာပြင့္ေျခလွမ္းမ်ား

အျပာေရာင္ လက္ရိပ္က ရိုက္ေသာေနရာတိုင္း လက္ဝါးရာအႀကီးႀကီး ခ်န္ရစ္ခဲ့သည္။

ေလာင္မိုင္အထဲတြင္ အသားပုံျဖစ္သြားၿပီလား ဇူအန္ပင္ ေတြးမိသြားသည္။
ေလာင္မိုင္၏တကယ့္ရည္႐ြယ္ခ်က္ကို ဇူအန္သံသယဝင္မိေသာ္လည္း သူတို႔ႏွစ္ေယာက္က အခ်ိန္အေတာ္ၾကာ အတူတူျဖတ္သန္းဖူးသျဖင့္ ေလာင္မိုင္နိုင္ပါေစလို႔ ဆုေတာင္းမိသည္။
ဒါေပါ့ အေကာင္းဆုံးကေတာ့ ႏွစ္ေယာက္လုံး ေျခကုန္လက္ပန္းက်သြားျခင္းပင္။

ကံေကာင္းစြာ ေလာင္မိုင္က ဒီေလာက္လြယ္လြယ္ မရႈံးေပ။ ေဝတန္ရွိရာဘက္ကို ေလာင္မိုင္လက္သီးတစ္ခ်က္ထိုးလိုက္ရာ လက္ကိုင္ပုဝါႀကီး ေဖာင္းႂကြလာသည္။
ေဝတန္ မ်က္ေမွာင္ႀကဳံ႕လာ၍ ရိုက္ခ်က္မ်ား အရွိန္ျမႇင့္လိုက္သည္။ လက္ကိုင္ပုဝါကို အေရးတႀကီး အျမန္ ရိုက္လာသည္။
ဧရာမလက္ကိုင္ပုဝါႀကီးေပၚတြင္ လက္ဝါးရာမ်ားစြာ ေပၚလာသည္။

တစ္ခ်ိန္တည္းမွာပင္ ပုဝါအတြင္းမွ လက္သီးရာမ်ားစြာ အဆက္မျပတ္ေပၚလာသည္။သူတို႔ႏွစ္ေယာက္က ကြာေဝးေနေသာ္လည္း အခ်င္းခ်င္းတိုက္ခိုက္ေနၾကသည္။
႐ုတ္တရက္ လက္သည္းရွည္တစ္ခု လက္ကိုင္ပုဝါကိုေဖာက္ထြက္လာသည္။ ဓားခြၽန္တစ္ေခ်ာင္းလို ေအာက္ကိုပိုင္းျဖတ္လာၿပီး အေပါက္ႀကီး ေပၚလာသည္။

အထဲတြင္ ခရမ္းေရာင္ၾကာပြင့္ႀကီးတစ္ခုေပၚလာသည္။ လက္ကိုင္ပုဝါက ဆက္မခ်ဳပ္နိုင္ေတာ့ဘဲ ႐ုတ္တရက္ေျပေလ်ာ့သြားကာ တစ္စစီ ဆုတ္ၿပဲသြားေလသည္။

ေလာင္မိုင္ အထဲမွ ထြက္လာသည္။ အနီးက တဲေခါင္မိုးေပၚ ခုန္တက္လိုက္ၿပီး
"စိတ္မရွိပါနဲ႕။ ၾကည့္ရတာ ငါက မင္းရဲ႕ၾကယ္ပုဝါကို ဖ်က္စီးလိုက္မိၿပီထင္တယ္"

ေဝတန္ေခါင္းယမ္းလိုက္သည္။
"မင္းလြတ္နိုင္တာ မင္းရဲ႕အစြမ္းပဲ။ ဘာမွ ေတာင္းပန္စရာမလိုပါဘူး။ ငါတို႔ေနာက္တုံးအႀကိမ္ေတြ႕တုန္းကထက္ မင္းက်င့္ႀကံမႈက အမ်ားႀကီးတိုးတက္လာတာကို ငါပိုအံ့ၾသတယ္"

ေလာင္မိုင္ရယ္လိုက္သည္။
"မင္းကို ငါမေျပာဘူးလား။ မတိုက္ရင္ ဘယ္သူနိုင္မယ္ဆိုတာ ကြိုမပြောနိုင်ပါဘူးလ်ို့"

ေဝတန္ ေအးစက္စက္ ရႈံ႕ခ်လိဳက္သည္။
"အဲ့လိုလား။ ဒါဆိုလည္း မင္းဘယ္ေလာက္ တိုးတက္လာလဲ ငါကိုယ္တိုင္ စမ္းၾကည့္ရတာေပါ့"  ထို႔ေနာက္ ေျခတစ္ဖက္ေဆာင့္ကာ ေလာင္မိုင္ထံ ဖုတ္သရဲတစ္ေကာင္လို ထိုးေဖာက္လာသည္။

သူ႕လက္ေခ်ာင္းမ်ားက TVဇာတ္လမ္းမ်ားထဲမွ ဖုတ္သရဲမ်ားလို ေရွ႕တြင္ ဆန့္တန္းထားေၾကာင္း ဇူအန္ ေတြ႕လိုက္သည္။
ဒီလို ဖိုသီဖတ္သီပုံစံက ဘယ္လိုလုပ္ ေၾကာက္စရာေကာင္းမွာလဲ။

သို႔ေသာ္လည္း ေလာင္မိုင္ကေတာ့ ေၾကာက္မက္ဖြယ္ရာ ရန္သူတစ္ေယာက္ကိုႀကဳံရသလို သတိထားေနသည္။ ခ်က္ခ်င္း ေနၾကာပန္းလွိုင္းကိုသုံးကာ ေဘးကိုေရွာင္လိုက္ေလသည္။ သူရပ္ေနေသာတဲစုတ္က ေဝတန္လက္ေခ်ာင္းမ်ား မေရာက္ခင္ပင္ တစ္စစီ ေပါက္ကြဲသြားေလသည္။

ဇူအန္ မ်က္လုံးျပဴးသြားသည္။
ဒီႏွစ္ေယာက္က စူပါမန္းေတြပဲဟ။

ေဝတန္ ေျခေထာက္ကို ေက်ာက္တုံးတစ္ခုကို အားျပဳကန္လိုက္ၿပီး ေလာင္မိုင္ထံ တိုက္ရိုက္ဝင္လိုက္သည္။
ေလာင္မိုင္က ေနၾကာပန္းလွိုင္းသုံး၍ ေရွာင္လိုက္ၿပီး ျပန္တိုက္ရန္ အခြင့္အေရးရွာေနသည္။

ေနၾကာပန္းလွိုင္းေျခလွမ္းက ေလာင္မိုင္ကို ဒီလိုထိပ္တိုက္ရင္ဆိုင္မႈမ်ိဳးတြင္ အားသာေစနိုင္တာေတာင္ ေဝတန္က အတိုဆုံးလမ္းေၾကာင္းကို အၿမဲတမ္းေ႐ြးနိုင္ၿပီး တိုက္ခ်က္မ်ားကလည္း လ်ပ္စီးလို ျမန္ေလမည္ဟု ဇူအန္ မထင္ထားမိေပ။ အားေလ်ာ့ေသာသူျဖစ္ရမည့္အစား သူကပင္ အသာစီးရေနေသးသည္။
ဟိုဘက္ဒီဘက္ မၾကာခနခုန္ေရွာင္ေနရျခင္းက ေလာင္မိုင္ကို ပိုအားကုန္ေစသည္။

အမွန္ပဲ တိုက္ပြဲအခ်ိန္ၾကာလာသည္ႏွင့္အမွ် ေလာင္မိုင္လႈပ္ရွားမႈမ်ား အရွိန္ေလ်ာ့လာသည္။ လုံးဝ မသိသာလုနီးပါးျဖစ္ေသာ္လည္း ဇူအန္က ေနၾကာပန္းလွိုင္းႏွင့္ ရင္းႏွီးေနေသာေၾကာင့္ အာ႐ုံခံစားမိေလသည္။
ေဝတန္အခြင့္အေရးတိုင္းကို အသုံးျပဳနိုင္ၿပီး တိတိက်က် တိုက္ခိုက္နိုင္ေသာေၾကာင့္ သူ႕ျမင္ကြင္းႏွင့္က်င့္ႀကံမႈက တစ္ဖက္လူထက္ ပိုျမင့္ေၾကာင္း ဇူအန္ သိလိုက္သည္။ဒါက အဆင့္ျမင့္ေသာ က်င့္ႀကံမႈ မရွိဘဲ မလုပ္နိုင္ေပ။

သို႔ေသာ္ တစ္ခုခုက ဇူအန္ကို သတိထားမိေစသည္။ ဘာလို႔ ေလာင္မိုင္က မဟာေလျပင္းလို တစ္ျခားေကာင္းကင္ဖီးနစ္က်င့္စဥ္က အစြမ္းေတြ ထုတ္မသုံးရတာလဲ။ မဟာေလျပင္းရဲ႕ တမဟုတ္ လႈပ္ရွားမႈက ေဝတန္ကို ခ်က္ခ်င္း တိုက္နိုင္လိမ့္မည္။ သူသာ အဲ့တာကို ေနၾကာပန္းလွိုင္းႏွင့္ တြဲသုံးလွ်င္ ေဝတန္က အရႈံးေပးရေသာသူ ျဖစ္လာေပလိမ့္မည္။
သူက အေရးႀကီးတဲ့အခ်ိန္မွ ခ်ဳံခိုတိုက္နိုင္ဖို႔ အားနည္းခ်င္ေယာင္ေဆာင္ေနတာမ်ားလား။

ထိုအခ်ိန္မွာပင္ တိုက္ပြဲက တစ္မ်ိဳးေျပာင္းသြားသည္။ ေဝတန္ က်ယ္ေလာင္စြာ ေအာ္ရယ္လိုက္ၿပီး
"မင္းကို မိၿပီ"
"ပိတ္ဆို႔ျခင္းပိုက္ကြန္"

ေဝတန္က လက္ဖဝါးႏွင့္ စက္ဝိုင္းတစ္ခုလုပ္လိုက္ေသာအခါ ေလာင္မိုင္က မီတာတစ္ခ်ိဳ႕ က်ယ္ေသာ အျပာေရာင္အလင္းစက္ကြင္းထဲတြင္ ပိတ္မိသြားသည္။ ေဝတန္ လက္ဖဝါးကို ေရွ႕တိုးလိုက္ရာ စက္ကြင္းက တျဖည္းျဖည္း က်ဥ္းလာသည္။

ေလာင္မိုင္လည္း ဒီအကြက္ေၾကာင့္ ေၾကာင္သြားရေလသည္။ ခ်က္ခ်င္း ေအာ္လိုက္သည္။
"ေနၾကာပန္းလက္ညွိုး"

လက္ဆယ္ေခ်ာင္လုံး ဆန့္ထုတ္ကာ အရပ္မ်က္ႏွာအားလုံး ထိုးခြင္းလိုက္သည္။ သူထိလိုက္ေသာေနရာတိုင္း အျပာေရာင္စက္ကြင္းတြင္ လွိုင္းမ်ား ထလာသည္။
သို႔ေသာ္ အဆင့္ ၇ပညာရှင်တစ်ယောက်အား တစ္ခ်က္တည္း အေသသတ္နိုင္ေသာ လက္ေခ်ာင္းမွာ ဒီဆပ္ျပာပူေဖါင္းကဲ့သို႔ အားနည္းပုံရသည့္ စက္ကြင္းကို မေဖာက္နိုင္ေပ။

ေဝတန္ ၿပဳံးလိုက္သည္။
"အသုံးမဝင္ဘူး။ ဒါက ငါမၾကာေသးခင္ကမွ သေဘာေပါက္လိုက္တဲ့ ေလဟာနယ္နိယာမတစ္ခုကေန ဖန္တီးထားတာ။ ဒါက ဘယ္စြမ္းအားနဲ႕မွ ဖ်က္လို႔မရဘူး"

ေလဟာနယ္နိယာမလား။
ဇူအန္ အံ့ၾသမႈကို မထိန္းနိုင္ေပ။ ဒီလူႀကီးက ဘယ္အဆင့္မွာ ရွိေနပါလိမ့္ေနာ္။
ဒီလို ဖုတ္သရဲပုံစံအကြက္က အရမ္းအင္အားေကာင္းတာ မဆန္းေတာ့ဘူး။ သူက ေလဟာနယ္နိယာမကို သုံးလိုက္တာကိုး။ ေနၾကာပန္းလွိုင္းက သာမန္ေျခလွမ္းသိုင္းကို မမီနိုင္စရာအေၾကာင္းမရွိဘူးလို႔ ငါေျပာသားပဲ။

ေလာင္မိုင္ ေနၾကာပန္းလက္ညွိုးကို ဆက္မသုံးေတာ့ေပ။ ႐ုတ္တရက္ ေဝတန္ကို ျပန္လွည့္ၾကည့္လိုက္ၿပီး
"မင္းရဲ႕ ၾကယ္ပုဝါပ်က္စီးသြားတာေတာင္  မင္းဒါေၾကာင့္ မမႈတာကိုး ။ မင္းမွာ ေနာက္ထပ္ ဝွက္ဖဲရွိေနတာပဲ"

"ဒါေပါ့" ေဝတန္ လက္သီးဆုတ္၍ ဦးၫႊတ္ျပလိုက္သည္။
"ဧကရာဇ္ေဘးနားမွခစားရတာက တစ္ခါတစ္ရံ ေထာက္ျပတာလည္း ခံရနိုင္တယ္ေလ။ ဒီလိုေထာက္ျပတာက ငါတို႔ဆယ္စုႏွစ္တစ္ခု က်င့္ႀကံတာထက္ပိုေကာင္းတယ္။ ငါသာ တိုးတက္မႈမရွိရင္ မင္းကိုဘယ္လိုလုပ္ လိုက္ဖမ္းရဲမွာလဲ"

သူေျပာေနရင္း အျပာေရာင္စက္ကြင္းက ပိုၿပီးက်ဳံ႕လာသည္။ စက္ဝန္းအလယ္တြင္ အနက္ေရာင္ဟင္းလင္းျပင္တစ္ခု ေပၚလာသည္။ ေလာင္မိုင္ လႈပ္ရွားမႈမ်ား မထိန္းနိုင္ေတာ့ဘဲ ခႏၶာကိုယ္တစ္ခုလုံး ထိုအနက္ေရာင္အမွတ္ထံ ဆြဲစုတ္ခံေနရသည္။

တြင္းနက္လား။ ဇူအန္ အံ့အားသင့္ၿပီးေၾကာင္သြားသည္။ ထိုအခ်ိန္မွ ဒီေလာကမွ အရာအမ်ားစုက သူ႕ကမၻာမွ သိပၸံပညာႏွင့္ မတူညီေၾကာင္း ႐ုတ္တရက္ သေဘာေပါက္လိုက္သည္။

ေလာင္မိုင္ ေနၾကာပန္းလွိုင္းသုံးရန္ အႀကိမ္မ်ားစြာ ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ကံမေကာင္းစြာ ခႏၶာကိုယ္ကို မလႈပ္နိုင္သည့္အျပင္ စက္ဝန္းအလယ္သို႔လည္း ဆြဲယူခံေနရသည္။

ေဝတန္ ေလသံက ေၾကာက္စရာပင္။
"ယင္ေလး ငါတို႔ရဲ႕သံေယာဇဥ္ကို ေထာက္ၿပီး မင္းလက္ေတြကို ခ်ိဳးလိုက္ရင္ ငါမင္းကို လႊတ္ေပးမယ္။ မင္းအဲ့ဒီတြင္းထဲ ေရာက္သြားတာနဲ႕ ဧကရာဇ္ေတာင္ မင္းကိုကယ္နိုင္မွာ မဟုတ္ေတာ့ဘူး"

"ငါ့လက္ကို ငါခ်ိဳးရမွာလား" ေလာင္မိုင္ သေရာ္လိုက္သည္။
"အညံ့ခံမယ့္အစား ေသပစ္လိုက္မယ္"

"ဘာလို႔ အဲ့လိုလုပ္ရမွာလဲ" ေဝတန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"မင္း ေကာင္းကင္ဖီးနစ္က်င့္စဥ္ကို အပ္လိုက္တာနဲ႕ မင္းေသစရာမွမလိုေတာ့တာ။ ဘာလို႔ ေခါင္းမာေနရတာလဲ"

ေလာင္မိုင္ ရယ္လိုက္သည္။
"မင္းငါ့ဆီက ေကာင္းကင္ဖီးနစ္က်င့္စဥ္ လိုေနေသးတာ သိေနလို႔လည္း ငါက ဆက္တိုက္ေနရဲတာ။ မင္းငါ့ကို တကယ္သတ္မယ္လို႔ ငါေတာ့မယုံဘူး"

ေဝတန္ ႏွာမႈတ္လိုက္ေသာ္လည္း အျပာေရာင္စက္ကြင္းက ဆက္မက်ဳံ႕ေတာ့ေပ။ေလာင္မိုင္က အေမွာင္တြင္းထဲပို႔လိုက္လွ်င္ ေလာင္မိုင္ႏွင့္အတူ သိုင္းက်မ္းပါ ေပ်ာက္သြားမွ သူသိေလသည္။ ထိုအခါက် ဧကရာဇ္ကို သူဘယ္လို သတင္းျပန္ပို႔ရမလဲ။
သို႔ေပမဲ့ သူ႕ၿပိဳင္ဘက္က အဆင့္ျမင့္လြန္းသည္။ အခုခ်ိန္တြင္ လႊတ္ေပးလိုက္လွ်င္ ေလာင္မိုင္က သူ႕ကို ျပႆနာရွာမွာေသခ်ာသည္။ ထို႔အျပင္ ေနာင္တစ္ခ်ိန္ျပန္ဖမ္းရန္ ပိုခက္ခဲေပလိမ့္မည္။

ထိုေတြေဝေနခ်ိန္ခဏ စက္ကြင္းက တည္ၿငိမ္ေနခ်ိန္ ေလာင္မိုင္ လႈပ္ရွားလိုက္သည္။
" ပ်ံဝဲၾကာပြင့္ေျခလွမ္းမ်ား"

ေလာင္မိုင္ ေလွကားေပၚတက္သလို ေလထဲကို ေျခလွမ္းလိုက္သည္။ ေျခလွမ္းတိုင္းတြင္ ေျခရာမ်ားက်န္ခဲ့ၿပီး ေျခရာတစ္ခုစီမွ ၾကာပြင့္တစ္ပြင့္စီ ပြင့္လာသည္။

ဇူအန္ လုံးဝ ေၾကာင္အသြားသည္။ ဒီေလာင္မိုင္က အဖိုးအိုႀကီးျဖစ္ေနတာေတာင္ အလွအပကို မက္ေနေသးတယ္။ သူပိုင္ဆိုင္တဲ့ ပညာတိုင္းက လွေနတာခ်ည္းပဲ။
ငယ္ငယ္႐ြယ္႐ြယ္ မိန္းမလွေလးသာ ဒီပညာေတြသုံးလိုက္လွ်င္ မေရတြက္နိုင္ေသာ ေယာက္်ားပ်ိဳမ်ား၏အသည္းကို အပိုင္ရနိုင္ေပလိမ့္မည္။

ဇူအန္ကို အပထား ေဝတန္ပင္ အံ့ၾသသြားရသည္။
"မင္းလည္း ေလဟာနယ္နိယာမကို နားလည္တဲ့အဆင့္ ေရာက္သြားၿပီလား"

ေလာင္မိုင္ ၿပဳံးလိုက္ေသာ္လည္း ႐ုတ္တရက္ ေသြးတစ္ဗြက္ အန္လိုက္သည္။ သူသုံးလိုက္ေသာ အကြက္က အကန့္အသတ္လြန္သြားၿပီး အခု ဒဏ္ျပန္ခံရျခင္းပင္။
ေဝတန္က ဒီအခြင့္အေရးကို ဘယ္လက္လႊတ္ခံနိုင္ပါ့မလဲ။ ခ်က္ခ်င္း ဖုတ္သရဲလိုခုန္လိုက္ကာ ေလာင္မိုင္ဆီ ခုန္ဝင္လိုက္သည္။
လက္ႏွစ္ဖက္ဆန့္တန္းကာ ေလာင္မိုင္ကို အခ်က္မ်ားစြာ ရိုက္ခတ္ေလသည္။ ေလာင္မိုင္က ခုခံရန္ အတတ္နိုင္ဆုံးႀကိဳးစားေသာ္လည္း လက္ဝါး၃ခ်က္ မိသြားေသးသည္။

"ဖူး.."

ေလာင္မိုင္ ပါးစပ္မွေသြးမ်ား လွ်ံက်လာၿပီး အျဖဴေရာင္မုတ္ဆိတ္ေမြးမ်ားေတာင္ နီရဲသြားသည္။

"က်စ္စ္..က်စ္..မင္းက ခုခ်ိန္ထိ မင္းရဲ႕ အထိန္းေတာ္ဆိုတာႀကီးကို စိတ္စြဲေနတုန္းပဲလား ။ ဒီအသက္အ႐ြယ္ေရာက္တာေတာင္ မုတ္ဆိတ္အတုႀကီး ပါးစပ္နားကပ္ထားေသးတယ္" ေဝတန္ အနားကပ္မလာရဲေပ။ ေလာင္မိုင္က ေခ်ာင္ပိတ္မိၿပီး စြန့္စားမည္ကို စိုးရိမ္ေလသည္။ ေလာင္မိုင္က ဒဏ္ရာအျပင္းအထန္ ရထားၿပီးၿပီ။ ေဝတန္ အခ်ိန္ဆြဲေလေလ သူေသြးထြက္လြန္ေလေလပင္။ ေသြးထြက္လြန္လာေလေလ ပိုအားနည္းလာေလေလပင္။

"မင္းကေရာ ဂ႐ုမစိုက္တာက်လိဳ႕။ မင္းပါးစပ္နားမွာလည္း မုတ္ဆိတ္ေတြ ငါေတြ႕သားပဲ" ေလာင္မိုင္ ပါးစမ္နားမွေသြးကို လက္ျဖင့္သုတ္လိုက္ရာ က်န္ေသာမုတ္ဆိတ္အတုမ်ားကိုပါ ပြတ္ခ်မိသြားသည္။ သူ႕မ်က္ႏွာတြင္ နာက်င္ရိပ္မ်ား သန္းသြားသည္။

----- ------------------------- ----- - - - - - - - - - -------------- -

Continue Reading

You'll Also Like

240K 17.2K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
79K 10.8K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
1.1M 66.1K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
115K 4.4K 26
Short novel Mixed by Sakurak🌸