Chapter 381: နောက်ကြောင်းပြန်
လောင်မိုင် မိမိအိပ်ဆောင်သို့ပြန်ကာ အိပ်ရာထဲ လှဲနေလိုက်သည်။ ပျော်ရွှင်ကြည်နူးမှုကို ယခုတိုင်ထိန်းချုပ်မရနိုင်ပဲ တစ်ယောက်တည်းခပ်တိုးတိုး ရယ်နေမိသည်။
ထိုစဉ် ပြတင်းပေါက်အပြင်ဘက်မှ ချောင်းတဟွတ်ဟွတ်ဆိုးသံနှင့်အတူ “မင်းကို ဘယ်အရာက ဒီလောက်ပျော်ရွှင်စေတာလဲ သိချင်မိရဲ့”
ဒီအသံကြားသော် လောင်မိုင်တစ်ကိုယ်လုံး တုန်ရီသွားသည်။ မျက်နှာပေါ်က အပြုံးတောင့်ခဲသွားပြီး ပြတင်းပေါက်အပြင်ကို ကြည့်လိုက်မိသည်။
သူ့အိပ်ရာဘေးတွင် အဖိုးကြီးတစ်ယောက်ရပ်နေပြီး လက်ကိုင်ပုဝါအုပ်၍ ချောင်းဆိုးနေကာ လောင်မိုင်ကို ပြုံးပြလာသည်။
ဇူအန်နှင်နှင့် ဖေးမြန့်မုန် သာရှိလျှင် ထိုသူမှာ ဝေအိမ်၏ အကြီးအကဲ ဝေတန် ဖြစ်ကြောင်းသိပေလိမ့်မည်။
ထိုအဖိုးကြီးကိုကြည့်လိုက်မိချိန် လောင်မိုင်အမူအရာ ပျက်ယွင်းသွားသည်။ သက်ပြင်းကြီးကြီးချလိုက်ပြီး
"ဒီနေ့ကို အမြဲတမ်း ကြောက်နေမိတာ။ ဒါတောင်မှ တကယ်တမ်းကြုံလာရတော့ ထင်သလောက် ငါစိတ်မပူပန်မိဘူးပဲ"
ဝေတန် ပြုံးလိုက်ပြီး
"ဒါက လောကကြီးရဲ့သဘောတရားလေ။ အနာကျင်ရဆုံးအရာက တကယ့်အဖြစ်မဟုတ်ဘူး။ အနာကျင်ရဆုံးအရာက အဆုံးမရှိ စောင့်နေရခြင်းပဲ"
လောင်မိုင် ရယ်လိုက်သည်။
"နှစ်တွေအများကြီး ကြာလာတော့ မင်းဒီလို ပွစိပွစိပြောရတာ ကြိုက်နေဦးမယ်လို့ မထင်ထားမိဘူး"
ဝေတန် စိတ်ဆိုးပုံမရပေ
"ငါတို့ မတွေ့ကြတာ နှစ်တွေကြာပြီ။ အသက်တွေလည်း အိုလာကြပြီ။ တစ်ချိန်လုံး မင်းကငါ့ကို ငန်းရိုင်းလိုက်သလိုဖြစ်အောင် လုပ်ခဲ့တာပဲ။ တော်ဝင်လွှတ်တော်က မင်းကိုလိုက်ဖမ်းဖို့ လူအင်အား ပစ္စည်းအင်အား ဒီလောက်စိုက်ထုတ်ထားတာတောင် မင်းကို အရိပ်လေးမှ မမြင်ရဘူး။ မကြာသေးခင်ကမှ သဲလွန်စတစ်ခု ရလိုက်တာ"
"ငါ့ကို ဘယ်လိုရှာတွေ့လိုက်တာလဲ" လောင်မိုင် သိချင်စွာ မေးလိုက်သည်။
"လပြည့်မြို့ အိမ်တော်ပြိုင်ပွဲမှာတုန်းက မင်းရဲ့ နေကြာပန်းလှိုင်းနဲ့ အရမ်းဆင်တဲ့ ခြေလှမ်းသိုင်းတစ်ခု ဇူအန်ထုတ်သုံးတယ်လို့ ငါတို့သတင်းရတယ်။ အဲ့တာကြောင့် မင်းဒီမှာ ရှိနေနိုင်တယ်လို့ သံသယဝင်သွားတာ" ဝေတန် ပြန်ဖြေသည်။
လောင်မိုင် နှာခေါင်းရှုံ့လိုက်သည်။
"ဒါဆို အဲ့ဒီအလကားကောင်က ငါ့အကြောင်းဖော်လိုက်တာပေါ့။ ဘယ်သူ့ကိုမှမပြပါနဲ့လို့ အကြိမ်ကြိမ်သတိပေးထားတာတောင် နာစမထောင်ဘူး။ဒီလိုဖြစ်လာမယ်မှန်းသာ သိရင် သူ့ကို အဲ့ဒီသိုင်းမသင်ပေးပါဘူး"
သင်သည် လောင်မိုင်ထံမှ အမျက်ပွိုင့် ၇၆၀ ရယူလိုက်သည်။
ထိုအမျက်ပွိုင့်ကို မြင်သော် ဇူအန်ကြောင်သွားသည်။ ဘာဖြစ်နေတာပါလိမ့်။
တွေးနေရင်း လောင်မိုင်ကို သွားစစ်ကြည့်ရန် အကြံရလာသည်။ အဲ့အဖိုးကြီးက ဘာလိုချင်နေမှန်း ဘယ်တုန်းကမှ မသိပေ။ လတ်တလော ပိုကြီးလာသော အန္တရာယ်ကိုအာရုံခံမိ၍ အောက်ခြေအထိ သိအောင်အမြန်ဆုံး စုံစမ်းရမည်။
ဒါပေါ့ ထိပ်တိုက်တော့ ဘယ်သွားမလဲ။ အရင်ဆုံး ကင်းလှည့်ရပေမည်။
ထိုလူကြီး၏ ကျင့်ကြံမှုကို သတိထားသည့်အနေဖြင့် ကြေးမုံတံလျှပ်ကိုသုံးကာ အရင်ဆုံး အရှိန်အဝါ ဖုံးလိုက်သည်။
သူရောက်ချိန် အိမ်ဝန်းထဲတွင် နောက်တစ်ယောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အဲ့တာက ဝေတန်ပင်။ ဇူအန် အံ့သြသွားပြီး ရှေ့ဆက်မတိုးတော့ချေ။ အရိပ်ထဲမှ ပုန်းကာ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။
လောင်မိုင်အိပ်ခန်းအတွင်းတွင် ဝေတန် ဆက်လက်စစ်မေးနေသည်။
"ရိုးရိုးသားသား ပြောရရင် ငါ့စိတ်ထဲ ထူးဆန်းနေတာ တစ်ခုတွေ့တယ်" နားမလည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"ဘာလို့ မင်းရဲ့လျှို့ဝှက်ပညာတွေအားလုံးကို ဘာလို့ သွေးမတော်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ကို သင်ပေးရတာလဲ။ ဒါက မင်းပုံစံမဟုတ်ဘူး"
"အကြောင်းမရှိပါဘူး။ သူက လူကောင်းလေးပါ ငါလည်း စိတ်ပါတာနဲ့ သင်ပေးလိုက်မိတာ။ နှစ်တွေဒီလောက်ကြာလာတော့လည်း သတိလက်လွတ်ဖြစ်သွားတာပါ" ဇူအန်က သူ့အနာဂတ် ဝိညာဉ်လက်ခံသူဖြစ်ပြီး နောက်တစ်ချိန် ဝိညာဉ်ပူးမည်ကို လောင်မိုင်မပြောနိုင်ပေ။
"အော် အဲ့လိုလား" ဝေတန် ပြုံးလိုက်သည်။
"အဲ့တာကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် မင်းကိုရှာဖို့ ငါတို့အတော်လေး ခက်ခဲမှာ"
ဇူအန် တစ်ချက် အရှက်ရသွားသည်။ သူ့ကြောင့် လောင်မိုင်ကို သူ့ရန်သူက ရှာတွေ့သွားခြင်းပင်။ ဒီလောက် စိတ်တိုနေတာ မဆန်းတော့ဘူး။
"အဲ့ဒီ သတင်းလေးတစ်ချက်တည်းနဲ့တင် မင်းငါ့ကို ရအောင်ရှာနိုင်တာ။ အဲ့တာကတောင် အတော်လေး ချီးကျူးစရာပဲ"လောင်မိုင် သက်ပြင်းချ၍ ပြောလာသည်။
သူတို့နှစ်ယောက်က မိတ်ဆွေဟောင်းတွေလို စကားစမြည်ပြောနေကြသော်လည်း လက်တွေ့အခြေအနေကို မမေ့သေးပေ။ လေထုက သတ်ဖြတ်ချင်စိတ်များအပြည့်ပင်။
"အဲ့လောက် မမြန်ပါဘူး"ဝေတန် ပြောလာသည်။
"မင်းကို ခြောက်ထုတ်မိမှာ စိုးလို့ ဇူအန်ကို တိုက်ရိုက်မမေးရဲဘူး။ တိတ်တဆိတ် စုံစမ်းရတယ်။ သူနဲ့ ပတ်သက်နေတဲ့ အကယ်ဒမီက လူတွေကိုအရင်စကြည့်ပေမဲ့ မင်းရဲ့ ရိပ်အယောင်ကို မမြင်ရဘူး"
အကယ်ဒမီက ဆရာများ တစ်ယောက်ပြီးတစ်ယောက် အရိုက်ခံရမှုကို ဇူအန်ပြန်သတိရလိုက်သည်။ ကြည့်ရတာ သူ့လက်ချက်ဖြစ်ရမည်။
ဒီလူ့လက်ထဲ ငါမမိတာက ကံကောင်းထောက်မလို့ပဲ။ မိသွားရင် လွတ်နိုင်မှာ မဟုတ်ဘူး။
လောင်မိုင် လေးစားသွားသည်။
"အကယ်ဒမီမှာ ဒီလောက် ဆရာအများကြီးရှိတာတောင် မင်းက သူတို့ကို အလွယ်လေး ကစားနိုင်သေးတယ်။ ကြည့်ရတာ အထိန်းတော် ဝေရဲ့ အဆင့်က အတော်လေး တိုးတက်လာပုံပဲ"
"ကျန်းလော့ဖူကလွဲရင် ကျန်တဲ့သူတွေက ပြောဖို့မတန်ဘူး" ဝေတန် နှာမှုတ်ကာ ကြေညာလိုက်သည်။ ခြေတံရှည်ရှည်များနှင့်မိန်းမကို မျက်စိထဲ မြင်လာသည်။ သူသာ အထိန်းတော် မဟုတ်ရင် သဘောကျမိမှာ။
"အမှန်ပဲ" လောင်မိုင်လည်း သူ့စကားကို ထောက်ခံသည်။
"ဘာလို့ ချူအိမ်ကို စပြီးမစုံစမ်းတာလဲ"
ဝေတန် အလွယ်ပင် ပြန်ဖြေလာသည်။
"ဇူအန်က ချူအိမ်တော်ကိုဝင်နိုင်ပြီး အိမ်ပါသားမက်ဖြစ်လာတာ မင်းစေညွှန်းတာလို့ထင်နေတာ။ အဲ့တာကြောင့် မင်းက ချူအိမ်ပြင်ပမှာ ပုန်းနေတယ်လို့ ယူဆမ်ိလိုက်တာ။ အကယ်ဒမီ စဖို့အကောင်းဆုံးပဲဆိုပြီး"
ဇူအန် မကျေနပ်ပေ။
ကျုပ်လို ချောမောတဲ့လူက ချူအိမ်သားမက်ဖြစ်ဖို့ တစ်ခြားဘယ်သူ့အထောက်အပံ့လိုမှာလဲ။ ဟမ့်။
ဒီလူက တအားရုပ်ဆိုးတော့ ငါ့လိုရုပ်ဖြောင့်တဲ့လူရင်ခွင်ထဲ မိန်းကလေးတွေ လိုလိုလားလား ပစ်ဝင်တာကို နားမလည်ဘူး။
"အဲ့တာကြောင့်ကိုး" လောင်မိုင် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ဆက်ပြောသည်။
"ဒီနှစ်တွေမှာ ဧကရာဇ်ရော နေသာရဲ့လား"
ဇူအန် မျက်လုံးပြူးသွားသည်။ ဒီလောင်မိုင်က ဧကရာဇ်နဲ့ပါ ပတ်သက်နေတာပဲ။ ဒီလောကတွင် ရောက်လာချိန်အတွင်း အဆင့်မြင့်သိုင်းပညာရှင် မည်မျှများပြားပါစေ နံပါတ်တစ်က ဧကရာဇ်ဖြစ်ကြောင်း ဇူအန် သိထားသည်။
လောင်မိုင်ကိုယ်တိုင်က ဧကရာဇ် အတွက်အလုပ်လုပ်ပေးခဲ့တာပဲ။ ကျင့်ကြံမှု ဒီလောက်မြင့်တာ မဆန်းတော့ဘူး။
"မင်းက ဧကရာဇ် အတွက်တွေးနေသေးလို့ ငါက အံ့သြနေတာ ။ မင်းကျေးဇူးကြောင့် ဧကရာဇ် အခြေအနေအတော်လေး နေမကောင်းဖြစ်နေတယ်" ဝေတန် သရော်လိုက်သည်။
လောင်မိုင် အံ့သြသွားသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဧကရာဇ်က ဒီလောက်အဆင့်မြင့်တာ။ ဘယ်လိုလုပ် နေမကောင်းနိုင်မှာလဲ"
ဝေတန် နှာမှုတ်လိုက်သည်။
"အဖြေသိပြီးသားမေးခွန်းကို မင်းဘာလို့မေးနေတာလဲ။ သူ့ကျင့်ကြံမှုက အဆင့်ဘယ်လောက်မြင့်မြင့် အသက်အရွယ် ကြီးရင့်တာကို မတားနိုင်ဘူးလေ။ အဲ့တာကြောင့် ဧကရာဇ်ကမင်းကို ထာဝရအသက်ရှင်နိုင်တဲ့ ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို ရှာခိုင်းလိုက်တာလေ။ မင်းက ခြေရာဖျောက်သွားမယ်လို့ ဘယ်သူထင်မှာလဲ"
ဇူအန် ထိတ်လန့်သွားသည်။ ကောင်းကင်ဖီးနစ်ကျင့်စဉ်ကိုကျင့်ရင် ထာဝရအသက်ရှင်နိုင်တယ်လား။
ဒီလောကတွင် ရောက်လာချိန်မှာ သင်လိုက်ရသော နောက်ထပ်အရာတစ်ခုသည် ကျင့်ကြံမှုအဆင့်ပိုမြင့်လေလေ အချိန်၏ တိုက်စားခြင်းကို ပိုကြောက်ရွံ့လေလေပင်။ အထူးချွန်အပြောင်မြောက်ဆုံး ပါရမီရှင်များပင် မြေကြီးထဲ ဝင်သွားမည်။ ဘယ်သူမှ မသေမျိုးဖြစ်မလာသေးပေ။
ကောင်းကင်ဖီးနစ်ကျင့်စဉ်က ဒီလိုအစွမ်းမျိုး တကယ်ရှိတာလား။
ကျင့်ကြံမှုက ဒီလောက်ခက်ခဲတာ မဆန်းတော့ဘူး။ အဆင့်တစ်ခုစီရောက်ဖို့ ကီသီးအများကြီး လိုသေးတယ်။
"မင်းတို့အားလုံး ကောင်းကင်ဖီးနစ်ကျင့်စဉ်ကိုမရလိုက်ဘဲ အသက်ပေးလိုက်ရတယ်လို့ ဧကရာဇ်က ထင်လိုက်တာ။ လွှတ်တော်တစ်ခုလုံး မင်းတို့အတွက် အချိန်အကြာကြီး ပူဆွေးနေခဲ့သေးတယ်"
ဝေတန် လေသံပြောင်းသွားသည်။
"ဒါပေမဲ့ နောက်ကျတော့ အဲ့ကိစ္စကိုစုံစမ်းတဲ့လူတွေက တစ်ခုခုလွဲနေတာ သတိထားမိလိုက်တယ်"
"မင်းအစီအစဉ်က တကယ့်ကို အသေးစိတ်တယ်။ အလောင်းတိုင်းက အစိတ်အပိုင်းတစ်ခုပျောက်နေပြီး အကုန်လုံး သားရိုင်းတွေကိုက်သတ်လို့ သေတဲ့ပုံစံလုပ်တယ်။ ပြီးတော့ အဲ့လိုနေတဲ့အပိုင်းတွေနဲ့ မင်းအလောင်းကို အစားထိုးတယ်" ဝေတန်မျက်နှာတွင် လေးစားမှုများ ပေါ်လာသည်။
"ဒါပေမဲ့ မင်းအလောင်းက ခေါင်းတစ်လုံးလိုနေတယ်။ အဲ့တာက အရမ်းကို သံသယဖြစ်စရာပဲ။ ငါတို့စုံစမ်းမှုက ဘယ်ကိုဆက်လိုက်ရမလဲ မသိတဲ့အချိန် မင်းရဲ့လက်ထောက်တစ်ယောက်ဆီက မင်းနောက်ကျောမှာ အမှတ်တစ်ခုရှိတာသိလိုက်ရတယ်။ အဲ့ဒီ အချက်ကြောင့် အလောင်းက မင်းမဟုတ်ဘူးလို့ ဆုံးဖြတ်နိုင်သွားတာ"
လောင်မိုင် သက်ပြင်းချလိုက်သည်။
"အဲ့လို ဖြစ်သွားတာကိုး။ ငါက အချက်တိုင်းကို သေချာသတိထားခဲ့တယ်လို့ထင်တာ။ ငါ့နောက်ကျောကို ငါအမြဲမမြင်ရတော့ မေ့သွားတာ။ ဒါ့ကြောင့် ဒီအချက်သေးသေးလေးကို မျက်စိလျှမ်းသွားတယ်"
"မိုးနတ်မင်းက တရားမျှတတယ်။ အပြစ်သားက အပြစ်ခံရမှာပဲ" ဝေတန် ပြုံးလိုက်သည်။ နှစ်ပေါင်းများစွာ ဒီကိစ္စကို သူစုံစမ်းလာခဲ့ပြီး အခု အသီးအပွင့်ရလေပြီ။
ဇူအန် အခြေအနေတစ်ခုလုံးကို ဆုတ်ကိုင်မိသွားပြီ။ လောင်မိုင်က ကောင်းကင်ဖီးနစ်ကျင့်စဉ်ရှာဖို့ အဖွဲ့တစ်ခု ဦးဆောင်ခဲ့သည်။ နောက်ဆုံး ကျင့်စဉ်ကို ရရှိသွားသောအခါ လောဘတက်လာလို့ အခြားလူတွေအကုန်လုံးသတ်ပြီး တစ်ဖွဲ့လုံး အသတ်ခံလိုက်ရသလို ဖန်တီးလိုက်သည်။ သို့သော် နောက်ဆုံးတွင် ပေါ်သွားသေးသည်။
ဇူအန် လေးစားမိသွားသေးသည်။ ဒီလောင်မိုင်က စကားအဖြစ် ပြောရရင် သတ္တိတော့ရှိသားပဲ။ ဧကရာဇ် အလိုချင်ဆုံးအရာကိုတောင် အရယူရဲတယ်။
လောင်မိုင်သက်ပြင်းချလိုက်သည်။
"အဲ့တာက ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို ငါတို့ရှာတာ မတွေ့လို့သာ လုပ်လိုက်ရတာ။ ငါကျရှုံးရင် တော်ဝင်လွှတ်တော်က ငါ့နောက်လိုက်မှာကြောက်လို့။ ငါက နန်းတော်ထဲက မျက်နှာနှစ်ဖက်နဲ့ဟာတွေကို မုန်းနေလို့ ထွက်ပြေးဖို့ လျှို့ဝှက်အကြံထုတ်လိုက်ရတာ။ အထိန်းတော် ဝေ ခင်ဗျားဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး"
"မင်းက ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို ရှာမတွေ့ခဲ့ဘူးဟုတ်လား" ဝေတန် လှောင်လိုက်သည်။
"ငါ့ကို သူငယ်နှပ်စားလေးထင်နေလား။ ထုတ်ပေးလိုက် အဲ့လိုဆို မင်းအသက်ကို ချမ်းသာပေးဖို့ ငါဧကရာဇ်ကို အသနားခံပေးနိုင်ဦးမယ်"
----- ---------------------------------- ----- - - - - - - ------------
Chapter 381: ေနာက္ေၾကာင္းျပန္
ေလာင္မိုင္ မိမိအိပ္ေဆာင္သို႔ျပန္ကာ အိပ္ရာထဲ လွဲေနလိုက္သည္။ ေပ်ာ္႐ႊင္ၾကည္ႏူးမႈကို ယခုတိုင္ထိန္းခ်ဳပ္မရနိုင္ပဲ တစ္ေယာက္တည္းခပ္တိုးတိုး ရယ္ေနမိသည္။
ထိုစဥ္ ျပတင္းေပါက္အျပင္ဘက္မွ ေခ်ာင္းတဟြတ္ဟြတ္ဆိုးသံႏွင့္အတူ မင္းကို ဘယ္အရာက ဒီေလာက္ေပ်ာ္႐ႊင္ေစတာလဲ သိခ်င္မိရဲ႕
ဒီအသံၾကားေသာ္ ေလာင္မိုင္တစ္ကိုယ္လုံး တုန္ရီသြားသည္။ မ်က္ႏွာေပၚက အၿပဳံးေတာင့္ခဲသြားၿပီး ျပတင္းေပါက္အျပင္ကို ၾကည့္လိုက္မိသည္။
သူ႕အိပ္ရာေဘးတြင္ အဖိုးႀကီးတစ္ေယာက္ရပ္ေနၿပီး လက္ကိုင္ပုဝါအုပ္၍ ေခ်ာင္းဆိုးေနကာ ေလာင္မိုင္ကို ၿပဳံးျပလာသည္။
ဇူအန္ႏွင္ႏွင့္ ေဖးျမန့္မုန္ သာရွိလွ်င္ ထိုသူမွာ ေဝအိမ္၏ အႀကီးအကဲ ေဝတန္ ျဖစ္ေၾကာင္းသိေပလိမ့္မည္။
ထိုအဖိုးႀကီးကိုၾကည့္လိုက္မိခ်ိန္ ေလာင္မိုင္အမူအရာ ပ်က္ယြင္းသြားသည္။ သက္ျပင္းႀကီးႀကီးခ်လိဳက္ၿပီး
"ဒီေန႕ကို အၿမဲတမ္း ေၾကာက္ေနမိတာ။ ဒါေတာင္မွ တကယ္တမ္းႀကဳံလာရေတာ့ ထင္သေလာက္ ငါစိတ္မပူပန္မိဘူးပဲ"
ေဝတန္ ၿပဳံးလိုက္ၿပီး
"ဒါက ေလာကႀကီးရဲ႕သေဘာတရားေလ။ အနာက်င္ရဆုံးအရာက တကယ့္အျဖစ္မဟုတ္ဘူး။ အနာက်င္ရဆုံးအရာက အဆုံးမရွိ ေစာင့္ေနရျခင္းပဲ"
ေလာင္မိုင္ ရယ္လိုက္သည္။
"ႏွစ္ေတြအမ်ားႀကီး ၾကာလာေတာ့ မင္းဒီလို ပြစိပြစိေျပာရတာ ႀကိဳက္ေနဦးမယ္လို႔ မထင္ထားမိဘူး"
ေဝတန္ စိတ္ဆိုးပုံမရေပ
"ငါတို႔ မေတြ႕ၾကတာ ႏွစ္ေတြၾကာၿပီ။ အသက္ေတြလည္း အိုလာၾကၿပီ။ တစ္ခ်ိန္လုံး မင္းကငါ့ကို ငန္းရိုင္းလိုက္သလိုျဖစ္ေအာင္ လုပ္ခဲ့တာပဲ။ ေတာ္ဝင္လႊတ္ေတာ္က မင္းကိုလိုက္ဖမ္းဖို႔ လူအင္အား ပစၥည္းအင္အား ဒီေလာက္စိုက္ထုတ္ထားတာေတာင္ မင္းကို အရိပ္ေလးမွ မျမင္ရဘူး။ မၾကာေသးခင္ကမွ သဲလြန္စတစ္ခု ရလိုက္တာ"
"ငါ့ကို ဘယ္လိုရွာေတြ႕လိုက္တာလဲ" ေလာင္မိုင္ သိခ်င္စြာ ေမးလိုက္သည္။
"လျပည့္ၿမိဳ႕ အိမ္ေတာ္ၿပိဳင္ပြဲမွာတုန္းက မင္းရဲ႕ ေနၾကာပန္းလွိုင္းနဲ႕ အရမ္းဆင္တဲ့ ေျခလွမ္းသိုင္းတစ္ခု ဇူအန္ထုတ္သုံးတယ္လို႔ ငါတို႔သတင္းရတယ္။ အဲ့တာေၾကာင့္ မင္းဒီမွာ ရွိေနနိုင္တယ္လို႔ သံသယဝင္သြားတာ" ေဝတန္ ျပန္ေျဖသည္။
ေလာင္မိုင္ ႏွာေခါင္းရႈံ႕လိုက္သည္။
"ဒါဆို အဲ့ဒီအလကားေကာင္က ငါ့အေၾကာင္းေဖာ္လိုက္တာေပါ့။ ဘယ္သူ႕ကိုမွမျပပါနဲ႕လို႔ အႀကိမ္ႀကိမ္သတိေပးထားတာေတာင္ နာစမေထာင္ဘူး။ဒီလိုျဖစ္လာမယ္မွန္းသာ သိရင္ သူ႕ကို အဲ့ဒီသိုင္းမသင္ေပးပါဘူး"
သင္သည္ ေလာင္မိုင္ထံမွ အမ်က္ပြိုင့္ ၇၆၀ ရယူလိုက္သည္။
ထိုအမ်က္ပြိုင့္ကို ျမင္ေသာ္ ဇူအန္ေၾကာင္သြားသည္။ ဘာျဖစ္ေနတာပါလိမ့္။
ေတြးေနရင္း ေလာင္မိုင္ကို သြားစစ္ၾကည့္ရန္ အႀကံရလာသည္။ အဲ့အဖိုးႀကီးက ဘာလိုခ်င္ေနမွန္း ဘယ္တုန္းကမွ မသိေပ။ လတ္တေလာ ပိုႀကီးလာေသာ အႏၱရာယ္ကိုအာ႐ုံခံမိ၍ ေအာက္ေျခအထိ သိေအာင္အျမန္ဆုံး စုံစမ္းရမည္။
ဒါေပါ့ ထိပ္တိုက္ေတာ့ ဘယ္သြားမလဲ။ အရင္ဆုံး ကင္းလွည့္ရေပမည္။
ထိုလူႀကီး၏ က်င့္ႀကံမႈကို သတိထားသည့္အေနျဖင့္ ေၾကးမုံတံလွ်ပ္ကိုသုံးကာ အရင္ဆုံး အရွိန္အဝါ ဖုံးလိုက္သည္။
သူေရာက္ခ်ိန္ အိမ္ဝန္းထဲတြင္ ေနာက္တစ္ေယာက္ရွိေနေၾကာင္း ေတြ႕လိုက္ရသည္။ အဲ့တာက ေဝတန္ပင္။ ဇူအန္ အံ့ၾသသြားၿပီး ေရွ႕ဆက္မတိုးေတာ့ေခ်။ အရိပ္ထဲမွ ပုန္းကာ အေျခအေနကို ေစာင့္ၾကည့္ေနလိုက္သည္။
ေလာင္မိုင္အိပ္ခန္းအတြင္းတြင္ ေဝတန္ ဆက္လက္စစ္ေမးေနသည္။
"ရိုးရိုးသားသား ေျပာရရင္ ငါ့စိတ္ထဲ ထူးဆန္းေနတာ တစ္ခုေတြ႕တယ္" နားမလည္ေသာမ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
"ဘာလို႔ မင္းရဲ႕လွ်ို႔ဝွက္ပညာေတြအားလုံးကို ဘာလို႔ ေသြးမေတာ္တဲ့ ဆန္ကုန္ေျမေလးတစ္ေယာက္ကို သင္ေပးရတာလဲ။ ဒါက မင္းပုံစံမဟုတ္ဘူး"
"အေၾကာင္းမရွိပါဘူး။ သူက လူေကာင္းေလးပါ ငါလည္း စိတ္ပါတာနဲ႕ သင္ေပးလိုက္မိတာ။ ႏွစ္ေတြဒီေလာက္ၾကာလာေတာ့လည္း သတိလက္လြတ္ျဖစ္သြားတာပါ" ဇူအန္က သူ႕အနာဂတ္ ဝိညာဥ္လက္ခံသူျဖစ္ၿပီး ေနာက္တစ္ခ်ိန္ ဝိညာဥ္ပူးမည္ကို ေလာင္မိုင္မေျပာနိုင္ေပ။
"ေအာ္ အဲ့လိုလား" ေဝတန္ ၿပဳံးလိုက္သည္။
"အဲ့တာကို ေက်းဇူးတင္ရမယ္။ မဟုတ္ရင္ မင္းကိုရွာဖို႔ ငါတို႔အေတာ္ေလး ခက္ခဲမွာ"
ဇူအန္ တစ္ခ်က္ အရွက္ရသြားသည္။ သူ႕ေၾကာင့္ ေလာင္မိုင္ကို သူ႕ရန္သူက ရွာေတြ႕သြားျခင္းပင္။ ဒီေလာက္ စိတ္တိုေနတာ မဆန္းေတာ့ဘူး။
"အဲ့ဒီ သတင္းေလးတစ္ခ်က္တည္းနဲ႕တင္ မင္းငါ့ကို ရေအာင္ရွာနိုင္တာ။ အဲ့တာကေတာင္ အေတာ္ေလး ခ်ီးက်ဴးစရာပဲ"ေလာင္မိုင္ သက္ျပင္းခ်၍ ေျပာလာသည္။
သူတို႔ႏွစ္ေယာက္က မိတ္ေဆြေဟာင္းေတြလို စကားစျမည္ေျပာေနၾကေသာ္လည္း လက္ေတြ႕အေျခအေနကို မေမ့ေသးေပ။ ေလထုက သတ္ျဖတ္ခ်င္စိတ္မ်ားအျပည့္ပင္။
"အဲ့ေလာက္ မျမန္ပါဘူး"ေဝတန္ ေျပာလာသည္။
"မင္းကို ေျခာက္ထုတ္မိမွာ စိုးလို႔ ဇူအန္ကို တိုက္ရိုက္မေမးရဲဘူး။ တိတ္တဆိတ္ စုံစမ္းရတယ္။ သူနဲ႕ ပတ္သက္ေနတဲ့ အကယ္ဒမီက လူေတြကိုအရင္စၾကည့္ေပမဲ့ မင္းရဲ႕ ရိပ္အေယာင္ကို မျမင္ရဘူး"
အကယ္ဒမီက ဆရာမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ အရိုက္ခံရမႈကို ဇူအန္ျပန္သတိရလိုက္သည္။ ၾကည့္ရတာ သူ႕လက္ခ်က္ျဖစ္ရမည္။
ဒီလူ႕လက္ထဲ ငါမမိတာက ကံေကာင္းေထာက္မလို႔ပဲ။ မိသြားရင္ လြတ္နိုင္မွာ မဟုတ္ဘူး။
ေလာင္မိုင္ ေလးစားသြားသည္။
"အကယ္ဒမီမွာ ဒီေလာက္ ဆရာအမ်ားႀကီးရွိတာေတာင္ မင္းက သူတို႔ကို အလြယ္ေလး ကစားနိုင္ေသးတယ္။ ၾကည့္ရတာ အထိန္းေတာ္ ေဝရဲ႕ အဆင့္က အေတာ္ေလး တိုးတက္လာပုံပဲ"
"က်န္းေလာ့ဖူကလြဲရင္ က်န္တဲ့သူေတြက ေျပာဖို႔မတန္ဘူး" ေဝတန္ ႏွာမႈတ္ကာ ေၾကညာလိုက္သည္။ ေျခတံရွည္ရွည္မ်ားႏွင့္မိန္းမကို မ်က္စိထဲ ျမင္လာသည္။ သူသာ အထိန္းေတာ္ မဟုတ္ရင္ သေဘာက်မိမွာ။
"အမွန္ပဲ" ေလာင္မိုင္လည္း သူ႕စကားကို ေထာက္ခံသည္။
"ဘာလို႔ ခ်ဴအိမ္ကို စၿပီးမစုံစမ္းတာလဲ"
ေဝတန္ အလြယ္ပင္ ျပန္ေျဖလာသည္။
"ဇူအန္က ခ်ဴအိမ္ေတာ္ကိုဝင္နိုင္ၿပီး အိမ္ပါသားမက္ျဖစ္လာတာ မင္းေစၫႊန္းတာလို႔ထင္ေနတာ။ အဲ့တာေၾကာင့္ မင္းက ခ်ဴအိမ္ျပင္ပမွာ ပုန္းေနတယ္လို႔ ယူဆမ်ိလိုက်တာ။ အကယ္ဒမီ စဖို႔အေကာင္းဆုံးပဲဆိုၿပီး"
ဇူအန္ မေက်နပ္ေပ။
က်ဳပ္လို ေခ်ာေမာတဲ့လူက ခ်ဴအိမ္သားမက္ျဖစ္ဖို႔ တစ္ျခားဘယ္သူ႕အေထာက္အပံ့လိုမွာလဲ။ ဟမ့္။
ဒီလူက တအား႐ုပ္ဆိုးေတာ့ ငါ့လို႐ုပ္ေျဖာင့္တဲ့လူရင္ခြင္ထဲ မိန္းကေလးေတြ လိုလိုလားလား ပစ္ဝင္တာကို နားမလည္ဘူး။
"အဲ့တာေၾကာင့္ကိုး" ေလာင္မိုင္ ေခါင္းၿငိမ့္ျပလိုက္သည္။ ထို႔ေနာက္ ဆက္ေျပာသည္။
"ဒီႏွစ္ေတြမွာ ဧကရာဇ္ေရာ ေနသာရဲ႕လား"
ဇူအန္ မ်က္လုံးျပဴးသြားသည္။ ဒီေလာင္မိုင္က ဧကရာဇ္နဲ႕ပါ ပတ္သက္ေနတာပဲ။ ဒီေလာကတြင္ ေရာက္လာခ်ိန္အတြင္း အဆင့္ျမင့္သိုင္းပညာရွင္ မည္မွ်မ်ားျပားပါေစ နံပါတ္တစ္က ဧကရာဇ္ျဖစ္ေၾကာင္း ဇူအန္ သိထားသည္။
ေလာင္မိုင္ကိုယ္တိုင္က ဧကရာဇ္ အတြက္အလုပ္လုပ္ေပးခဲ့တာပဲ။ က်င့္ႀကံမႈ ဒီေလာက္ျမင့္တာ မဆန္းေတာ့ဘူး။
"မင္းက ဧကရာဇ္ အတြက္ေတြးေနေသးလို႔ ငါက အံ့ၾသေနတာ ။ မင္းေက်းဇူးေၾကာင့္ ဧကရာဇ္ အေျခအေနအေတာ္ေလး ေနမေကာင္းျဖစ္ေနတယ္" ေဝတန္ သေရာ္လိုက္သည္။
ေလာင္မိုင္ အံ့ၾသသြားသည္။
"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။ ဧကရာဇ္က ဒီေလာက္အဆင့္ျမင့္တာ။ ဘယ္လိုလုပ္ ေနမေကာင္းနိုင္မွာလဲ"
ေဝတန္ ႏွာမႈတ္လိုက္သည္။
"အေျဖသိၿပီးသားေမးခြန္းကို မင္းဘာလို႔ေမးေနတာလဲ။ သူ႕က်င့္ႀကံမႈက အဆင့္ဘယ္ေလာက္ျမင့္ျမင့္ အသက္အ႐ြယ္ ႀကီးရင့္တာကို မတားနိုင္ဘူးေလ။ အဲ့တာေၾကာင့္ ဧကရာဇ္ကမင္းကို ထာဝရအသက္ရွင္နိုင္တဲ့ ေကာင္းကင္ဖီးနစ္က်င့္စဥ္ကို ရွာခိုင္းလိုက္တာေလ။ မင္းက ေျခရာေဖ်ာက္သြားမယ္လို႔ ဘယ္သူထင္မွာလဲ"
ဇူအန္ ထိတ္လန့္သြားသည္။ ေကာင္းကင္ဖီးနစ္က်င့္စဥ္ကိုက်င့္ရင္ ထာဝရအသက္ရွင္နိုင္တယ္လား။
ဒီေလာကတြင္ ေရာက္လာခ်ိန္မွာ သင္လိုက္ရေသာ ေနာက္ထပ္အရာတစ္ခုသည္ က်င့္ႀကံမႈအဆင့္ပိုျမင့္ေလေလ အခ်ိန္၏ တိုက္စားျခင္းကို ပိုေၾကာက္႐ြံ႕ေလေလပင္။ အထူးခြၽန္အေျပာင္ေျမာက္ဆုံး ပါရမီရွင္မ်ားပင္ ေျမႀကီးထဲ ဝင္သြားမည္။ ဘယ္သူမွ မေသမ်ိဳးျဖစ္မလာေသးေပ။
ေကာင္းကင္ဖီးနစ္က်င့္စဥ္က ဒီလိုအစြမ္းမ်ိဳး တကယ္ရွိတာလား။
က်င့္ႀကံမႈက ဒီေလာက္ခက္ခဲတာ မဆန္းေတာ့ဘူး။ အဆင့္တစ္ခုစီေရာက္ဖို႔ ကီသီးအမ်ားႀကီး လိုေသးတယ္။
"မင္းတို႔အားလုံး ေကာင္းကင္ဖီးနစ္က်င့္စဥ္ကိုမရလိုက္ဘဲ အသက္ေပးလိုက္ရတယ္လို႔ ဧကရာဇ္က ထင္လိုက္တာ။ လႊတ္ေတာ္တစ္ခုလုံး မင္းတို႔အတြက္ အခ်ိန္အၾကာႀကီး ပူေဆြးေနခဲ့ေသးတယ္"
ေဝတန္ ေလသံေျပာင္းသြားသည္။
"ဒါေပမဲ့ ေနာက္က်ေတာ့ အဲ့ကိစၥကိုစုံစမ္းတဲ့လူေတြက တစ္ခုခုလြဲေနတာ သတိထားမိလိုက္တယ္"
"မင္းအစီအစဥ္က တကယ့္ကို အေသးစိတ္တယ္။ အေလာင္းတိုင္းက အစိတ္အပိုင္းတစ္ခုေပ်ာက္ေနၿပီး အကုန္လုံး သားရိုင္းေတြကိုက္သတ္လို႔ ေသတဲ့ပုံစံလုပ္တယ္။ ၿပီးေတာ့ အဲ့လိုေနတဲ့အပိုင္းေတြနဲ႕ မင္းအေလာင္းကို အစားထိုးတယ္" ေဝတန္မ်က္ႏွာတြင္ ေလးစားမႈမ်ား ေပၚလာသည္။
"ဒါေပမဲ့ မင္းအေလာင္းက ေခါင္းတစ္လုံးလိုေနတယ္။ အဲ့တာက အရမ္းကို သံသယျဖစ္စရာပဲ။ ငါတို႔စုံစမ္းမႈက ဘယ္ကိုဆက္လိုက္ရမလဲ မသိတဲ့အခ်ိန္ မင္းရဲ႕လက္ေထာက္တစ္ေယာက္ဆီက မင္းေနာက္ေက်ာမွာ အမွတ္တစ္ခုရွိတာသိလိုက္ရတယ္။ အဲ့ဒီ အခ်က္ေၾကာင့္ အေလာင္းက မင္းမဟုတ္ဘူးလို႔ ဆုံးျဖတ္နိုင္သြားတာ"
ေလာင္မိုင္ သက္ျပင္းခ်လိဳက္သည္။
"အဲ့လို ျဖစ္သြားတာကိုး။ ငါက အခ်က္တိုင္းကို ေသခ်ာသတိထားခဲ့တယ္လို႔ထင္တာ။ ငါ့ေနာက္ေက်ာကို ငါအၿမဲမျမင္ရေတာ့ ေမ့သြားတာ။ ဒါ့ေၾကာင့္ ဒီအခ်က္ေသးေသးေလးကို မ်က္စိလွ်မ္းသြားတယ္"
"မိုးနတ္မင္းက တရားမွ်တတယ္။ အျပစ္သားက အျပစ္ခံရမွာပဲ" ေဝတန္ ၿပဳံးလိုက္သည္။ ႏွစ္ေပါင္းမ်ားစြာ ဒီကိစၥကို သူစုံစမ္းလာခဲ့ၿပီး အခု အသီးအပြင့္ရေလၿပီ။
ဇူအန္ အေျခအေနတစ္ခုလုံးကို ဆုတ္ကိုင္မိသြားၿပီ။ ေလာင္မိုင္က ေကာင္းကင္ဖီးနစ္က်င့္စဥ္ရွာဖို႔ အဖြဲ႕တစ္ခု ဦးေဆာင္ခဲ့သည္။ ေနာက္ဆုံး က်င့္စဥ္ကို ရရွိသြားေသာအခါ ေလာဘတက္လာလို႔ အျခားလူေတြအကုန္လုံးသတ္ၿပီး တစ္ဖြဲ႕လုံး အသတ္ခံလိုက္ရသလို ဖန္တီးလိုက္သည္။ သို႔ေသာ္ ေနာက္ဆုံးတြင္ ေပၚသြားေသးသည္။
ဇူအန္ ေလးစားမိသြားေသးသည္။ ဒီေလာင္မိုင္က စကားအျဖစ္ ေျပာရရင္ သတၱိေတာ့ရွိသားပဲ။ ဧကရာဇ္ အလိုခ်င္ဆုံးအရာကိုေတာင္ အရယူရဲတယ္။
ေလာင္မိုင္သက္ျပင္းခ်လိဳက္သည္။
"အဲ့တာက ေကာင္းကင္ဖီးနစ္က်င့္စဥ္ကို ငါတို႔ရွာတာ မေတြ႕လို႔သာ လုပ္လိုက္ရတာ။ ငါက်ရႈံးရင္ ေတာ္ဝင္လႊတ္ေတာ္က ငါ့ေနာက္လိုက္မွာေၾကာက္လို႔။ ငါက နန္းေတာ္ထဲက မ်က္ႏွာႏွစ္ဖက္နဲ႕ဟာေတြကို မုန္းေနလို႔ ထြက္ေျပးဖို႔ လွ်ို႔ဝွက္အႀကံထုတ္လိုက္ရတာ။ အထိန္းေတာ္ ေဝ ခင္ဗ်ားဒီေလာက္ထိ လုပ္ဖို႔ မလိုပါဘူး"
"မင္းက ေကာင္းကင္ဖီးနစ္က်င့္စဥ္ကို ရွာမေတြ႕ခဲ့ဘူးဟုတ္လား" ေဝတန္ ေလွာင္လိုက္သည္။
"ငါ့ကို သူငယ္ႏွပ္စားေလးထင္ေနလား။ ထုတ္ေပးလိုက္ အဲ့လိုဆို မင္းအသက္ကို ခ်မ္းသာေပးဖို႔ ငါဧကရာဇ္ကို အသနားခံေပးနိုင္ဦးမယ္"
----- ---------------------------------- ----- - - - - - - ------------