Chapter 378: လက်ချောင်းတစ်ချောင်း
ဇူအန် အလိုအလျောက် တုန့်ပြန်လိုက်သည်။ သို့သော် ထူးဆန်းသော အင်အားတစ်ခုက သူ၏ပခုံးတစ်လျှောက် စီးဆင်းသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသည်။ အားတစ်စက်မှ မသုံးနိုင်တော့ပေ။
ဇူအန် ကြောက်လန့်သွားသည်။ ဒီလူက အနောက်ကနေ တိတ်တိတ်လေး တိုက်ပြီးတော့ ချက်ချင်း ဖမ်းချုပ်နိုင်တယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ငါ့ထက်မြင့်တယ်။
“နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ အားဇူ “ လောင်မိုင် ၏အသံ အနောက်မှထွက်လာသည်။
ဇူအန် စိတ်သက်သာရာရသွားသည်။ “အကြီးအကဲကိုး…လန့်သွားတာပဲ”
လောင်မိုင် က ပုခုံးကို လွှတ်ပေးလိုက်သည်။ ချောင်းနှစ်ချက်ဟန့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့ မင်းတစ်ယောက်တည်း လဲ။ ချူသခင်မရော ဘယ်မှာလဲ။ သူ့ရဲ့ ဒဏ်ရာတွေရော ဘယ်လိုလဲ”
ဇူအန် ချက်ချင်း ဖြေလိုက်သည်။ “စီနီယာက တကယ်ကို အကုန်သိတဲ့ သူတော်စင်ပဲ။ ချူသခင်မ အပြင်းအထန်ဒဏ်ရာရသွားတာတောင် သိနေတယ်”
လောင်မိုင် နှာခေါင်းရှုံ့လိုက်သည်။ “အဲ့ဒီနေရာမှာ ငါရှိခဲ့တယ်လေ။ မဟုတ်ရင် မင်းတို့ ဘယ်လိုထွက်ပြေးနိုင်မှာလဲ”
သူတို့ကို လွတ်မြောက်စေခဲ့သည့် လဲကျလာသော သစ်ပင်ကြီးကို သတိရလိုက်သည်။ “အကြီးအကဲကို ကျေးဇူးတင်ပါတယ်” လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
“မင်း ငါ့အမေးကို ပြန်မဖြေသေးဘူး” လောင်မိုင်၏ မျက်လုံးများ အရောင်တောက်နေသည်။ တစ်စုံတစ်ရာကို စဉ်းစားနေသည်မှာ ရှင်းနေသည်။
ဇူအန် ပြန်ဖြေရခက်နေသည်။ သို့သော်လည်း အတွေးတစ်ချို့ ရသွားသည်။ လောင်မိုင်က ချင်ဝမ်ယွီကို ဘာမှမဖြစ်စေချင်ပုံရသည်။ အထူးသဖြင့် သူတို့ ထွက်ပြေးနိုင်အောင် ကယ်ခဲ့သောကြောင့်ဖြစ်သည်။ ဇူအန် ဖြေလိုက်သည်။ “အဲ့ဒါက ကြောက်စရာတော့ကောင်းခဲ့တယ်။ ဒါပေမယ့် တကယ့်အန္တရာယ်ကြီးတော့ မရှိတော့ပါဘူး။ ချူသခင်မက အသက်အန္တရာယ်ကနေ လွတ်သွားပါပြီ။ ဒါပေမယ့် အပြည့်အဝတော့ ပြန်မကောင်းသေးဘူး။ ဒါကြောင့် အတူတူပြန်မလာတာပဲ”
လောင်မိုင် ခေါင်းညိတ်လိုက်သည်။ “မဆိုးဘူး။ မဆိုးဘူး။ ကြည့်ရတာ ကျီတန်ထု မှာ အရည်အချင်းအချို့ရှိတာပဲ”
ဇူအန် ပြုံးလိုက်ပြီး မရှင်းပြတော့ပေ။ လောင်မိုင် ကို အများကြီး ပေးမသိစေချင်ပေ။
“အခု မင်း ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ” လောင်မိုင် မေးလိုက်သည်။
“ချူအိမ်တော်ထဲမှာ ချင်ဝမ်ယွီ အပေါ် သစ္စာရှိသေးတဲ့လူတွေကို ဆက်သွယ်မလို့။ ပြီးတော့ ယွီရှန် ကို ပြန်ခေါ်ရမယ်...” ချင်ဝမ်ယွီ၏ အစီအစဉ် ကို အကြမ်းဖျင်း ပြောပြလိုက်သည်။
“အဲ့ဒါဆို အချိန်ကြာလိမ့်မယ်” လောင်မိုင် ခေါင်းခါလိုက်သည်။ “ယွီရှန် က အရမ်းဝေးနေတယ်။ သူ ပြန်ရောက်လာဖို့ အချိန်အတော်ယူရလိမ့်မယ်။ ပြီးတော့သူက အမြဲတမ်း စိတ်အေးလက်အေးမရှိဘူး။ သူက ဟုန်ကျုံး ကို အနိုင်ယူနိုင်မလားဆိုတာကို ငါ သံသယရှိတယ်”
လောင်မိုင် က ဤကိစ္စကို သူနှင့် ဆွေးနွေးခြင်းမှာ ဇူအန်အဖို့ ထူးဆန်းနေသည်။ “ဒါဆို အကြီးအကဲ ဘယ်လိုတွေးလဲ”
လောင်မိုင် က သူ၏အတွေးကို မပြောပြချင်ဟန်ရှိသည်။ သို့သော် အဆုံးတွင် ပြောလိုက်သည်။ “ဒီလိုအလုပ်ရှုပ်စရာမလိုဘူး။ ဟုန်ကျုံးနဲ့ ချူတိုင်းရှန် တို့ကို ဖြေရှင်းဖို့ မင်းကို ငါကူညီမယ်။ စစ်တပ်တစ်တပ်ကို အနိုင်ယူချင်ရင် သူတို့ရဲ့ ခေါင်းဆောင်ကို အရင်ဆုံး ဖြုတ်ချရတယ်။ ငါတို့သာ သူတို့နှစ်ယောက်ကို ဖယ်ရှားနိုင်ရင် အရာအားလုံးက အလွယ်တကူ ပြီးသွားလိမ့်မယ်”
ဇူအန် တုန်လှုပ် ပြီး ပျော်ရွှင်သွားသည်။ “အကြီးအကဲသာ ကူညီမယ်ဆိုရင် ပိုကောင်းတာပေါ့”
ထိုသို့ လှုပ်ရှားရန် နည်းလမ်းကို ဇူအန် အကြံမပြုရဲခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လောင်မိုင် က အမြဲတမ်း သိုသိုသိပ်သိပ် နေသောကြောင့်ဖြစ်သည်။ ဘယ်သောအခါမှ ပွင့်လင်းစွာ မပါဝင်ခဲ့ပေ။ ယခုအခါတွင် ဤသို့ ပြောလိမ့်မည်ဟု ဇူအန် မထင်မှတ်ထားခဲ့ပေ။
လောင်မိုင် ပြုံးလိုက်သည်။ “အဲ့ဒါ အရင် ကပါ။ ဒါပေမယ့် မကြာခင်မှာ အဲ့ဒါတွေ ကို စိုးရိမ်စရာမလိုတော့ဘူး။
ဟုတ်တာပေါ့။ ငါရှိနေတာကို တခြားသူတွေကို ပြောပြလို့မရဘူး။ ဒါတွေအားလုံးကို မင်းလုပ်ခဲ့တယ်လို့ပဲ ဟန်ဆောင်လိုက်”
ဇူအန် ဇဝေဇဝါ ဖြစ်သွားသည်။ “အကြီးအကဲ ကျွန်တော် အဲ့ဒီလိုလုပ်ရင် အကြီးအကဲရဲ့ နာမည်ကောင်းကို ခိုးသလိုဖြစ်နေမှာပေါ့။ အဲ့ဒါဆိုရင်...”
လောင်မိုင်က အဓိပ္ပါယ်ရှိသော အကြည့်တစ်ခုကြည့်လိုက်သည်။ “မင်းရဲ့ဟာ ငါ့ရဲ့ဟာ ဆိုပြီးတော့ ခွဲခြားနေစရာမလိုပါဘူ အကုန်တူတူပဲလေ”
ဇူအန် တစ်ချက်ပြုံးပြလိုက်သည်။ သို့သော် စိတ်ထဲတွင် သံသယများပြည့်နေသည်။ ဒီလူကြီးက ဒီလိုပဲအမြဲပြောနေတယ်။ အဲ့ဒါ ဘာကိုဆိုလိုတာလဲ။
လောင်မိုင် က စာကြည့်ခန်းဆီသို့ ဦးဆောင်သွားသည်။ ယခင်က ထိုနေရာကို ချူကျုန်းထန် တစ်ဦးတည်းသာ ဝင်ခွင့်ရှိသည်။
ယခုအခါ ချူတိုင်းရှန် သိမ်းယူလိုက်သောအခါ ချူကျုန်းထန် ပိုင်ဆိုင်သမျှ အားလုံး အပေါ် လက်ယားနေသည်။ နှစ်ပေါင်းများစွာ ချုပ်တည်းခဲ့ရသော အငြိုးများ ချက်ချင်း ပျောက်သွားခဲ့သည်။
ချူကျုန်းထန် တစ်ဦးတည်းသာ ထိုင်ခွင့်ရှိသော ထိုင်ခုံပေါ်တွင် ထိုင်နေကာ သူ၏တစ်ဘဝလုံးတွင် အလန်းဆန်းဆုံးအချိန်ဟု ချူတိုင်းရှန် ခံစားနေရသည်။
သို့သော်လည်း တစ်ခုတည်းသောနောင်တမှာ ချူကျုန်းထန်၏ မိန်းမကို မရနိုင်ခဲ့ခြင်းဖြစ်သည်။
ဟုန်ကျုံး က ဤသူ့ကို အထင်သေးသောအကြည့် ဖြင့်ကြည့်နေသည်။
သူ၏ အထင်သေးမှုကို အာရုံခံမိသကဲ့သို့ ချူတိုင်းရှန် က ပိုအရေးကြီးသောကိစ္စအပေါ် အတင်းအာရုံစိုက်လိုက်သည်။ မတ်မတ်ထိုင်လိုက်ကာ ပြောလိုက်သည်။ “အခုကျုပ်တို့ သိရသလောက်ဆိုရင် ဇူအန် နဲ့ ချင်ဝမ်ယွီ တို့က ကျီကလန်အိမ်ထဲမှာ ပုန်းနေပုံရတယ်။ ဒါပေမယ့် ကျန်းလော့ဖူရဲ့ ကာကွယ်မှုအောက်မှာ သူတို့ကို သွားဖမ်းလို့မရနိုင်ဘူး။ ကျုပ်တို့ ဘာလုပ်ကြမလဲ”
ဟုန်ကျုံး ထိုင်လိုက်ကာ လက်ဖက်ရည်ခွက် ကောက်ပင့်လိုက်သည်။ “စိတ်မပူပါနဲ့။ ချင်ဝမ်ယွီ က ‘နွားသိုးနို့ရည်’ အခပ်ခံထားရတာပဲ။ ပြီးတော့ ငါ့ရဲ့ နှလုံးကြေလက်ဝါး တစ်ချက်လည်း ထိထားတယ်။ သူ့ကို ကယ်မရတော့ဘူး။ အကယ်၍ နတ်ဆေးဆရာကျီသာ အနားမှာရှိနေရင်တော့ သူ့ ကိုကုနိုင်မနိုင် သံသယဖြစ်စေဦးမယ်။ ဒါပေမယ့် သူ မရှိဘူးဆိုတာ ငါတို့ အတည်ပြုခဲ့ပြီးပြီပဲ။ အဲ့ဒီကလေး ကျီရှောင်ချီ တစ်ယောက်တည်း ဘယ်လိုကယ်နိုင်မှာလဲ”
ချူတိုင်းရှန် စိတ်အနှောက်အယှက် ဖြစ်နေသည်။ ဤထိုင်ခုံတွင် ချူကျုံးထန် ထိုင်စဉ်က ဟုန်ကျုံး မှာ အမြဲတမ်း ဘေးတွင် လေးစားစွာ မတ်တပ်ရပ်ကာ အမိန့်များကို ငြိမ်သက်စွာ လက်ခံလေ့ရှိခဲ့သည်။ ယခုအခါ ဤအိမ်တော်ထိန်းက သူ့ကို ကလန်သခင်အသစ်အဖြစ် အဘယ်ကြောင့် မဆက်ဆံရသနည်း။
“အကယ်၍ ဇူအန်ကသာ ဒီနေ့ကိစ္စတွေအကြောင်းကို သတင်းစဖြန့်လိုက်ပြီးတော့ အခြေအနေကို ရှုပ်ထွေးစေခဲ့ရင် ဘယ်လိုလုပ်မလဲ” ချူတိုင်းရှန် သက်ပြင်းချလိုက်သည်။ ချင်ဝမ်ယွီ ထိုသို့သေသွားရခြင်းမှာ ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်သည်။ သူမအပေါ်ထားရှိသော သူ၏ရာဂများကြောင့် သူမ ထွက်ပြေးသွားနိုင်ခဲ့ခြင်းဖြစ်သည်။
ဟုန်ကျုံး က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ “ဘာမှမစိတ်ပူစရာမလိုဘူး။ သူ့အကြောင်း ကောလာဟလတွေ ငါတို့ ဖြန့်ထားပြီးပြီပဲ။ ဒါကြောင့် ငါတို့ကို ဆန့်ကျင်ပြီး ဘာပြောပြော သူက လက်စားချေဖို့ ပြောနေတာလို့ပဲ လူတွေထင်ကြလိမ့်မယ်။ ပြီးတော့ တစ်ယောက်ယောက်က သံသယဝင်တယ်ဆိုရင်တောင် အဲ့ဒါက သူတို့လုပ်နိုင်တာအကုန်ပဲ။ လက်ဆုပ်လက်ကိုင်ပြစရာ ဘာသက်သေမှမရှိဘူး။ မင်းရဲ့ ကလန်သခင် နေရာကို ထိန်းထားနိုင်ပြီးတော့ ငါ့ရဲ့ အထောက်အပံ့နဲ့သာဆိုရင် လူတိုင်း မင်းကို ယုံကြလိမ့်မယ်”
“ဖြောင်းဖြောင်းဖြောင်း”
ချူတိုင်းရှန် ပြန်မပြောခင်တွင် အပြင်ဘက်မှ လက်ခုပ်သံတစ်ခု တဖြည်းဖြည်း ထွက်လာသည်။ လက်ခုပ်တီးကာ ဇူအန် လျှောက်လှမ်းဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
“ဘယ်လောက်ကောင်းလိုက်တဲ့ အစီအစဉ်လဲ။ ကြည့်ရတာ လူတိုင်း ချီမွမ်းကြတဲ့ ရိုးသား ဖြောင့်မတ်တဲ့ အိမ်တော်ထိန်းကြီး ဟုန် က ဒီလိုရက်စက်တဲ့အကြံမျိုးလည်း တတ်နိုင်တာကိုး”
“ဇူအန်”
ဇူအန်ဝင်လာသည်ကိုမြင်ရသောအခါ သူတို့နှစ်ဦးလုံး တုန်လှုပ်သွားကြသည်။ ချက်ချင်း ဖင်ကြွလိုက်ကြသည်။
“မင်း ဒီကိုဘယ်လို ရောက်လာတာလဲ” ချူတိုင်းရှန် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အပြင်တွင် စောင့်ကြပ်နေသူများမှာ ယုံကြည်ရသူများဖြစ်သည်။ ဒီကောင်လေးက ဘယ်လို ခိုးဝင်လာနိုင်တာလဲ။
ဟုန်ကျုံး က သူ၏လူများကို မိုက်မဲသည့်အတွက် ကျိန်ဆဲလိုက်သည်။ ဇူအန် အထဲသို့ရောက်နေခြင်းသည် အပြင်ဘက်ရှိလူများကို ဖြေရှင်းပြီး၍ ဖြစ်သည်။
သို့သော် မကြာသေးခင်က ဇူအန်၏ အရည်အချင်းကို မြင်တွေ့ခဲ့ရသည်။ ဒီကောင်လေးက လျှင်မြန်ပေမယ့် အပြင်မှာရှိနေတဲ့အစောင့်တွေကို အသံတစ်သံတောင်မထွက်ဘဲ တစ်ယောက်တည်း မရှင်းနိုင်လောက်ပါဘူး။
“ကျုပ် ဝင်လာနိုင်တာပေါ့။ ကျုပ်က ချူကလန်ရဲ့ သခင်လေးပဲကို။ အိမ်ကိုပြန်လာတာ ခင်ဗျားတို့ ခွင့်ပြုချက် ယူရဦးမှာလား” ဇူအန် တည်ငြိမ်စွာပြောလိုက်သည်။
“သခင်လေး တဲ့။ ဟားဟား။ သစ်ကိုင်းလေးတစ်ခုကနေ စာကလေး တစ်ကောင် ပျံနိုင်တာကို သူ့ကိုယ်သူ ရုတ်တရက် ဇာမဏီ ဖြစ်သွားပြီလို့ ထင်နေတာလား။ ချူချူယန် မရှိရင် မင်းက ဘာကောင်မှ မဟုတ်ဘူး။ ချူကလန်ရဲ့ သခင်လေးလို့ မင်းကို ဘယ်သူက တကယ်တွေးလို့လဲ” ချူတိုင်းရှန် လှောင်ရယ်လိုက်သည်။
ဟုန်ကျုံး မျက်မှောင်ကျုံ့လိုက်သည်။ “အချိန်မဖြုန်းနဲ့တော့။ သူ့ကို အရင်ဖမ်းရအောင်”
ချူတိုင်းရှန် အသက်ရှုရအောင့်သွားသည်။ ငါ့ကို ဘယ်လို အမိန့်ပေးရဲတာလဲ။ ဒီမှာ ဘယ်သူက ကလန်သခင်လဲ။
ထို့အပြင် ဟုန်ကျုံးက လှုပ်ရှားမည့်ဟန်မပြသည်ကို တွေ့လိုက်ရသည်။ အဆုံးတွင် သူသာ အံကြိတ်ကာ ပြောသလိုလုပ်လိုက်ရသည်။ တောက်။ ဘာကြောင့် သူ့ရဲ့ ကျင့်ကြံမှုအဆင့် က ငါ့ထက် မြင့်နေရတာလဲ။
ချူတိုင်းရှန် ပြေး၀င်လာသော်လည်း ဇူအန် လုံးဝမလှုပ်ပေ။ လှောင်ကြည့်ကြည့်နေလိုက်သည်။
ထိုနေရာတွင် ထူးဆန်းသောအပြုံးတစ်ခုဖြင့် စိတ်အေးလက်အေး ရပ်နေသော ဇူအန်ကို မြင်ရသောအခါ ချူတိုင်းရှန် ကြက်သီးထသွားသည်။ သို့သော်လည်းသူသည် အဆင့်ခြောက်ကျင့်ကြံသူဖြစ်ပြီး အနားတွင် ဟုန်ကျုံးလည်း ကူညီရန်ရှိနေသည်။ ဒီကောင်လေး ဘာများလုပ်နိုင်မှာမလို့လဲ။
သူ၏ လက်ဝါးက ဇူအန့်ကို ထိတော့မည့်အချိန်တွင် လက်ချောင်းတစ်ချောင်း သူ့ဦးခေါင်းအနောက်တွင် ရုတ်တရက် ပေါ်လာသည်။
ထိုလက်ချောင်းမှာ အိုမင်းကာ တုန်ယင်နေသည်။ သစ်ပင်အသေမှ သစ်ကိုင်းခြောက်တစ်ခုနှင့်တူနေသည်။ ၎င်းသည် တစ်ချက်သာ တို့ထိရုံဟု ထင်ရသည်။
အဆုံးတွင် ချူတိုင်းရှန် ၏ ဆံပင်များ ထောင်မတ်သွားသည်။ ကံမကောင်းသည်မှာ တုန့်ပြန်ရန် အချိန်မရှိတော့ပေ။ ထိုလက်ချောင်းက သူ့နောက်စေ့တွင် စိုက်ဝင်သွားပြီးသားဖြစ်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူ၏မျက်နှာမှာ ယခင်အမူအရာမပျက်ရှိနေပြီး မျက်လုံးများက လုံးဝ လစ်ဟာနေသည်။ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဟုန်ကျုံး က ကူညီရန် ပြေးလာသော်လည်း ချူတိုင်းရှန် ချက်ချင်း အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရကာ ရပ်တန့်သွားသည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာ ချူတိုင်းရှန် ထက် မြင့်မားသော်လည်း ချက်ချင်း သတ်ပစ်နိုင်သည်အထိ မမြင့်သေးပေ။ ဤလူအိုကြီး၏ ကျင့်ကြံမှုအဆင့် က သူ့ထက် ပိုမြင့်မားနေသည်မှာ ထင်ရှားနေသည်။
ထို့အပြင် ထိုလက်ချောင်းတစ်ချောင်းတည်းဖြင့် ချူတိုင်းရှန် ကို မည်သို့ သတ်နိုင်သည်ကို နားမလည်နိုင်ဖြစ်နေသညိ။ ၎င်းသည် ယှဉ်မရသော နက်နဲသည့် ပညာရပ်တစ်ခုဖြစ်မည်။
အကယ်၍ ငါသာ ချူတိုင်းရှန် နေရာမှာဆိုရင်လည်း ရှောင်နိုင်မှမဟုတ်ဘူး။
“လောင်...လောင်မိုင် “ တိုက်ခိုက်သူကို ဟုန်ကျုံး မှတ်မိလိုက်သည်။ အိမ်တော်ထိန်းတစ်ယောက်အနေဖြင့် အိမ်တော်ထဲရှိ လူများအားလုံးကို သိပြီးသားဖြစ်သည်။ ထိုလူအိုကြီးက လေတိုက်လျှင် လဲတော့မည့်အလား ရှိနေခဲ့သော ဥယျာဉ်မှူးအိုကြီး ဖြစ်နေသည်။
------ ------------------------------ ----- -------------------------- ----
Chapter 378: လက္ေခ်ာင္းတစ္ေခ်ာင္း
ဇူအန္ အလိုအေလ်ာက္ တုန့္ျပန္လိုက္သည္။ သို႔ေသာ္ ထူးဆန္းေသာ အင္အားတစ္ခုက သူ၏ပခုံးတစ္ေလွ်ာက္ စီးဆင္းသြားကာ သူ၏ ခႏၶာကိုယ္တစ္ခုလုံး ထုံက်ဥ္သြားသည္။ အားတစ္စက္မွ မသုံးနိုင္ေတာ့ေပ။
ဇူအန္ ေၾကာက္လန့္သြားသည္။ ဒီလူက အေနာက္ကေန တိတ္တိတ္ေလး တိုက္ၿပီးေတာ့ ခ်က္ခ်င္း ဖမ္းခ်ဳပ္နိုင္တယ္။ သူ႕ရဲ႕က်င့္ႀကံမႈအဆင့္က ငါ့ထက္ျမင့္တယ္။
ေနာက္ဆုံးေတာ့ ျပန္ေရာက္လာၿပီပဲ အားဇူ ေလာင္မိုင္ ၏အသံ အေနာက္မွထြက္လာသည္။
ဇူအန္ စိတ္သက္သာရာရသြားသည္။ အႀကီးအကဲကိုးလန့္သြားတာပဲ
ေလာင္မိုင္ က ပုခုံးကို လႊတ္ေပးလိုက္သည္။ ေခ်ာင္းႏွစ္ခ်က္ဟန့္ကာ ေမးလိုက္သည္။ ဘာျဖစ္လို႔ မင္းတစ္ေယာက္တည္း လဲ။ ခ်ဴသခင္မေရာ ဘယ္မွာလဲ။ သူ႕ရဲ႕ ဒဏ္ရာေတြေရာ ဘယ္လိုလဲ
ဇူအန္ ခ်က္ခ်င္း ေျဖလိုက္သည္။ စီနီယာက တကယ္ကို အကုန္သိတဲ့ သူေတာ္စင္ပဲ။ ခ်ဴသခင္မ အျပင္းအထန္ဒဏ္ရာရသြားတာေတာင္ သိေနတယ္
ေလာင္မိုင္ ႏွာေခါင္းရႈံ႕လိုက္သည္။ အဲ့ဒီေနရာမွာ ငါရွိခဲ့တယ္ေလ။ မဟုတ္ရင္ မင္းတို႔ ဘယ္လိုထြက္ေျပးနိုင္မွာလဲ
သူတို႔ကို လြတ္ေျမာက္ေစခဲ့သည့္ လဲက်လာေသာ သစ္ပင္ႀကီးကို သတိရလိုက္သည္။ အႀကီးအကဲကို ေက်းဇူးတင္ပါတယ္ လွိုက္လွိုက္လွဲလွဲ ေျပာလိုက္သည္။
မင္း ငါ့အေမးကို ျပန္မေျဖေသးဘူး ေလာင္မိုင္၏ မ်က္လုံးမ်ား အေရာင္ေတာက္ေနသည္။ တစ္စုံတစ္ရာကို စဥ္းစားေနသည္မွာ ရွင္းေနသည္။
ဇူအန္ ျပန္ေျဖရခက္ေနသည္။ သို႔ေသာ္လည္း အေတြးတစ္ခ်ိဳ႕ ရသြားသည္။ ေလာင္မိုင္က ခ်င္ဝမ္ယြီကို ဘာမွမျဖစ္ေစခ်င္ပုံရသည္။ အထူးသျဖင့္ သူတို႔ ထြက္ေျပးနိုင္ေအာင္ ကယ္ခဲ့ေသာေၾကာင့္ျဖစ္သည္။ ဇူအန္ ေျဖလိုက္သည္။ အဲ့ဒါက ေၾကာက္စရာေတာ့ေကာင္းခဲ့တယ္။ ဒါေပမယ့္ တကယ့္အႏၱရာယ္ႀကီးေတာ့ မရွိေတာ့ပါဘူး။ ခ်ဴသခင္မက အသက္အႏၱရာယ္ကေန လြတ္သြားပါၿပီ။ ဒါေပမယ့္ အျပည့္အဝေတာ့ ျပန္မေကာင္းေသးဘူး။ ဒါေၾကာင့္ အတူတူျပန္မလာတာပဲ
ေလာင္မိုင္ ေခါင္းညိတ္လိုက္သည္။ မဆိုးဘူး။ မဆိုးဘူး။ ၾကည့္ရတာ က်ီတန္ထု မွာ အရည္အခ်င္းအခ်ိဳ႕ရွိတာပဲ
ဇူအန္ ၿပဳံးလိုက္ၿပီး မရွင္းျပေတာ့ေပ။ ေလာင္မိုင္ ကို အမ်ားႀကီး ေပးမသိေစခ်င္ေပ။
အခု မင္း ဘာလုပ္ဖို႔ အစီအစဥ္ ရွိလဲ ေလာင္မိုင္ ေမးလိုက္သည္။
ခ်ဴအိမ္ေတာ္ထဲမွာ ခ်င္ဝမ္ယြီ အေပၚ သစၥာရွိေသးတဲ့လူေတြကို ဆက္သြယ္မလို႔။ ၿပီးေတာ့ ယြီရွန္ ကို ျပန္ေခၚရမယ္... ခ်င္ဝမ္ယြီ၏ အစီအစဥ္ ကို အၾကမ္းဖ်င္း ေျပာျပလိုက္သည္။
အဲ့ဒါဆို အခ်ိန္ၾကာလိမ့္မယ္ ေလာင္မိုင္ ေခါင္းခါလိုက္သည္။ ယြီရွန္ က အရမ္းေဝးေနတယ္။ သူ ျပန္ေရာက္လာဖို႔ အခ်ိန္အေတာ္ယူရလိမ့္မယ္။ ၿပီးေတာ့သူက အၿမဲတမ္း စိတ္ေအးလက္ေအးမရွိဘူး။ သူက ဟုန္က်ဳံး ကို အနိုင္ယူနိုင္မလားဆိုတာကို ငါ သံသယရွိတယ္
ေလာင္မိုင္ က ဤကိစၥကို သူႏွင့္ ေဆြးႏြေးျခင္းမွာ ဇူအန္အဖို႔ ထူးဆန္းေနသည္။ ဒါဆို အႀကီးအကဲ ဘယ္လိုေတြးလဲ
ေလာင္မိုင္ က သူ၏အေတြးကို မေျပာျပခ်င္ဟန္ရွိသည္။ သို႔ေသာ္ အဆုံးတြင္ ေျပာလိုက္သည္။ ဒီလိုအလုပ္ရႈပ္စရာမလိုဘူး။ ဟုန္က်ဳံးနဲ႕ ခ်ဴတိုင္းရွန္ တို႔ကို ေျဖရွင္းဖို႔ မင္းကို ငါကူညီမယ္။ စစ္တပ္တစ္တပ္ကို အနိုင္ယူခ်င္ရင္ သူတို႔ရဲ႕ ေခါင္းေဆာင္ကို အရင္ဆုံး ျဖဳတ္ခ်ရတယ္။ ငါတို႔သာ သူတို႔ႏွစ္ေယာက္ကို ဖယ္ရွားနိုင္ရင္ အရာအားလုံးက အလြယ္တကူ ၿပီးသြားလိမ့္မယ္
ဇူအန္ တုန္လႈပ္ ၿပီး ေပ်ာ္႐ႊင္သြားသည္။ အႀကီးအကဲသာ ကူညီမယ္ဆိုရင္ ပိုေကာင္းတာေပါ့
ထိုသို႔ လႈပ္ရွားရန္ နည္းလမ္းကို ဇူအန္ အႀကံမျပဳရဲခဲ့ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ ေလာင္မိုင္ က အၿမဲတမ္း သိုသိုသိပ္သိပ္ ေနေသာေၾကာင့္ျဖစ္သည္။ ဘယ္ေသာအခါမွ ပြင့္လင္းစြာ မပါဝင္ခဲ့ေပ။ ယခုအခါတြင္ ဤသို႔ ေျပာလိမ့္မည္ဟု ဇူအန္ မထင္မွတ္ထားခဲ့ေပ။
ေလာင္မိုင္ ၿပဳံးလိုက္သည္။ အဲ့ဒါ အရင္ ကပါ။ ဒါေပမယ့္ မၾကာခင္မွာ အဲ့ဒါေတြ ကို စိုးရိမ္စရာမလိုေတာ့ဘူး။
ဟုတ္တာေပါ့။ ငါရွိေနတာကို တျခားသူေတြကို ေျပာျပလို႔မရဘူး။ ဒါေတြအားလုံးကို မင္းလုပ္ခဲ့တယ္လို႔ပဲ ဟန္ေဆာင္လိုက္
ဇူအန္ ဇေဝဇဝါ ျဖစ္သြားသည္။ အႀကီးအကဲ ကြၽန္ေတာ္ အဲ့ဒီလိုလုပ္ရင္ အႀကီးအကဲရဲ႕ နာမည္ေကာင္းကို ခိုးသလိုျဖစ္ေနမွာေပါ့။ အဲ့ဒါဆိုရင္...
ေလာင္မိုင္က အဓိပ္ပါယ်ရှိသော အၾကည့္တစ္ခုၾကည့္လိုက္သည္။ မင္းရဲ႕ဟာ ငါ့ရဲ႕ဟာ ဆိုၿပီးေတာ့ ခြဲျခားေနစရာမလိုပါဘူ အကုန္တူတူပဲေလ
ဇူအန္ တစ္ခ်က္ၿပဳံးျပလိုက္သည္။ သို႔ေသာ္ စိတ္ထဲတြင္ သံသယမ်ားျပည့္ေနသည္။ ဒီလူႀကီးက ဒီလိုပဲအၿမဲေျပာေနတယ္။ အဲ့ဒါ ဘာကိုဆိုလိုတာလဲ။
ေလာင္မိုင္ က စာၾကည့္ခန္းဆီသို႔ ဦးေဆာင္သြားသည္။ ယခင္က ထိုေနရာကို ခ်ဴက်ဳန္းထန္ တစ္ဦးတည္းသာ ဝင္ခြင့္ရွိသည္။
ယခုအခါ ခ်ဴတိုင္းရွန္ သိမ္းယူလိုက္ေသာအခါ ခ်ဴက်ဳန္းထန္ ပိုင္ဆိုင္သမွ် အားလုံး အေပၚ လက္ယားေနသည္။ ႏွစ္ေပါင္းမ်ားစြာ ခ်ဳပ္တည္းခဲ့ရေသာ အၿငိဳးမ်ား ခ်က္ခ်င္း ေပ်ာက္သြားခဲ့သည္။
ခ်ဴက်ဳန္းထန္ တစ္ဦးတည္းသာ ထိုင္ခြင့္ရွိေသာ ထိုင္ခုံေပၚတြင္ ထိုင္ေနကာ သူ၏တစ္ဘဝလုံးတြင္ အလန္းဆန္းဆုံးအခ်ိန္ဟု ခ်ဴတိုင္းရွန္ ခံစားေနရသည္။
သို႔ေသာ္လည္း တစ္ခုတည္းေသာေနာင္တမွာ ခ်ဴက်ဳန္းထန္၏ မိန္းမကို မရနိုင္ခဲ့ျခင္းျဖစ္သည္။
ဟုန္က်ဳံး က ဤသူ႕ကို အထင္ေသးေသာအၾကည့္ ျဖင့္ၾကည့္ေနသည္။
သူ၏ အထင္ေသးမႈကို အာ႐ုံခံမိသကဲ့သို႔ ခ်ဴတိုင္းရွန္ က ပိုအေရးႀကီးေသာကိစၥအေပၚ အတင္းအာ႐ုံစိုက္လိုက္သည္။ မတ္မတ္ထိုင္လိုက္ကာ ေျပာလိုက္သည္။ အခုက်ဳပ္တို႔ သိရသေလာက္ဆိုရင္ ဇူအန္ နဲ႕ ခ်င္ဝမ္ယြီ တို႔က က်ီကလန္အိမ္ထဲမွာ ပုန္းေနပုံရတယ္။ ဒါေပမယ့္ က်န္းေလာ့ဖူရဲ႕ ကာကြယ္မႈေအာက္မွာ သူတို႔ကို သြားဖမ္းလို႔မရနိုင္ဘူး။ က်ဳပ္တို႔ ဘာလုပ္ၾကမလဲ
ဟုန္က်ဳံး ထိုင္လိုက္ကာ လက္ဖက္ရည္ခြက္ ေကာက္ပင့္လိုက္သည္။ စိတ္မပူပါနဲ႕။ ခ်င္ဝမ္ယြီ က ႏြားသိုးနို႔ရည္ အခပ္ခံထားရတာပဲ။ ၿပီးေတာ့ ငါ့ရဲ႕ ႏွလုံးေၾကလက္ဝါး တစ္ခ်က္လည္း ထိထားတယ္။ သူ႕ကို ကယ္မရေတာ့ဘူး။ အကယ္၍ နတ္ေဆးဆရာက်ီသာ အနားမွာရွိေနရင္ေတာ့ သူ႕ ကိုကုနိုင္မနိုင္ သံသယျဖစ္ေစဦးမယ္။ ဒါေပမယ့္ သူ မရွိဘူးဆိုတာ ငါတို႔ အတည္ျပဳခဲ့ၿပီးၿပီပဲ။ အဲ့ဒီကေလး က်ီေရွာင္ခ်ီ တစ္ေယာက္တည္း ဘယ္လိုကယ္နိုင္မွာလဲ
ခ်ဴတိုင္းရွန္ စိတ္အႏွောက္အယွက္ ျဖစ္ေနသည္။ ဤထိုင္ခုံတြင္ ခ်ဴက်ဳံးထန္ ထိုင္စဥ္က ဟုန္က်ဳံး မွာ အၿမဲတမ္း ေဘးတြင္ ေလးစားစြာ မတ္တပ္ရပ္ကာ အမိန့္မ်ားကို ၿငိမ္သက္စြာ လက္ခံေလ့ရွိခဲ့သည္။ ယခုအခါ ဤအိမ္ေတာ္ထိန္းက သူ႕ကို ကလန္သခင္အသစ္အျဖစ္ အဘယ္ေၾကာင့္ မဆက္ဆံရသနည္း။
အကယ္၍ ဇူအန္ကသာ ဒီေန႕ကိစၥေတြအေၾကာင္းကို သတင္းစျဖန့္လိုက္ၿပီးေတာ့ အေျခအေနကို ရႈပ္ေထြးေစခဲ့ရင္ ဘယ္လိုလုပ္မလဲ ခ်ဴတိုင္းရွန္ သက္ျပင္းခ်လိဳက္သည္။ ခ်င္ဝမ္ယြီ ထိုသို႔ေသသြားရျခင္းမွာ ႀကီးမားေသာဆုံးရႈံးမႈတစ္ခုျဖစ္သည္။ သူမအေပၚထားရွိေသာ သူ၏ရာဂမ်ားေၾကာင့္ သူမ ထြက္ေျပးသြားနိုင္ခဲ့ျခင္းျဖစ္သည္။
ဟုန္က်ဳံး က အထင္ေသးစြာ ႏွာေခါင္းရႈံ႕လိုက္သည္။ ဘာမွမစိတ္ပူစရာမလိုဘူး။ သူ႕အေၾကာင္း ေကာလာဟလေတြ ငါတို႔ ျဖန့္ထားၿပီးၿပီပဲ။ ဒါေၾကာင့္ ငါတို႔ကို ဆန့္က်င္ၿပီး ဘာေျပာေျပာ သူက လက္စားေခ်ဖိဳ႕ ေျပာေနတာလို႔ပဲ လူေတြထင္ၾကလိမ့္မယ္။ ၿပီးေတာ့ တစ္ေယာက္ေယာက္က သံသယဝင္တယ္ဆိုရင္ေတာင္ အဲ့ဒါက သူတို႔လုပ္နိုင္တာအကုန္ပဲ။ လက္ဆုပ္လက္ကိုင္ျပစရာ ဘာသက္ေသမွမရွိဘူး။ မင္းရဲ႕ ကလန္သခင္ ေနရာကို ထိန္းထားနိုင္ၿပီးေတာ့ ငါ့ရဲ႕ အေထာက္အပံ့နဲ႕သာဆိုရင္ လူတိုင္း မင္းကို ယုံၾကလိမ့္မယ္
ေျဖာင္းေျဖာင္းေျဖာင္း
ခ်ဴတိုင္းရွန္ ျပန္မေျပာခင္တြင္ အျပင္ဘက္မွ လက္ခုပ္သံတစ္ခု တျဖည္းျဖည္း ထြက္လာသည္။ လက္ခုပ္တီးကာ ဇူအန္ ေလွ်ာက္လွမ္းဝင္ေရာက္လာသည္ကို ျမင္လိုက္ရသည္။
ဘယ္ေလာက္ေကာင္းလိုက္တဲ့ အစီအစဥ္လဲ။ ၾကည့္ရတာ လူတိုင္း ခ်ီမြမ္းၾကတဲ့ ရိုးသား ေျဖာင့္မတ္တဲ့ အိမ္ေတာ္ထိန္းႀကီး ဟုန္ က ဒီလိုရက္စက္တဲ့အႀကံမ်ိဳးလည္း တတ္နိုင္တာကိုး
ဇူအန္
ဇူအန္ဝင္လာသည္ကိုျမင္ရေသာအခါ သူတို႔ႏွစ္ဦးလုံး တုန္လႈပ္သြားၾကသည္။ ခ်က္ခ်င္း ဖင္ႂကြလိုက္ၾကသည္။
မင္း ဒီကိုဘယ္လို ေရာက္လာတာလဲ ခ်ဴတိုင္းရွန္ အျပင္ဘက္ကို လွမ္းၾကည့္လိုက္သည္။ အျပင္တြင္ ေစာင့္ၾကပ္ေနသူမ်ားမွာ ယုံၾကည္ရသူမ်ားျဖစ္သည္။ ဒီေကာင္ေလးက ဘယ္လို ခိုးဝင္လာနိုင္တာလဲ။
ဟုန္က်ဳံး က သူ၏လူမ်ားကို မိုက္မဲသည့္အတြက္ က်ိန္ဆဲလိုက္သည္။ ဇူအန္ အထဲသို႔ေရာက္ေနျခင္းသည္ အျပင္ဘက္ရွိလူမ်ားကို ေျဖရွင္းၿပီး၍ ျဖစ္သည္။
သို႔ေသာ္ မၾကာေသးခင္က ဇူအန္၏ အရည္အခ်င္းကို ျမင္ေတြ႕ခဲ့ရသည္။ ဒီေကာင္ေလးက လွ်င္ျမန္ေပမယ့္ အျပင္မွာရွိေနတဲ့အေစာင့္ေတြကို အသံတစ္သံေတာင္မထြက္ဘဲ တစ္ေယာက္တည္း မရွင္းနိုင္ေလာက္ပါဘူး။
က်ဳပ္ ဝင္လာနိုင္တာေပါ့။ က်ဳပ္က ခ်ဴကလန္ရဲ႕ သခင္ေလးပဲကို။ အိမ္ကိုျပန္လာတာ ခင္ဗ်ားတို႔ ခြင့္ျပဳခ်က္ ယူရဦးမွာလား ဇူအန္ တည္ၿငိမ္စြာေျပာလိုက္သည္။
သခင္ေလး တဲ့။ ဟားဟား။ သစ္ကိုင္းေလးတစ္ခုကေန စာကေလး တစ္ေကာင္ ပ်ံနိုင္တာကို သူ႕ကိုယ္သူ ႐ုတ္တရက္ ဇာမဏီ ျဖစ္သြားၿပီလို႔ ထင္ေနတာလား။ ခ်ဴခ်ဴယန္ မရွိရင္ မင္းက ဘာေကာင္မွ မဟုတ္ဘူး။ ခ်ဴကလန္ရဲ႕ သခင္ေလးလို႔ မင္းကို ဘယ္သူက တကယ္ေတြးလို႔လဲ ခ်ဴတိုင္းရွန္ ေလွာင္ရယ္လိုက္သည္။
ဟုန္က်ဳံး မ်က္ေမွာင္က်ဳံ႕လိုက္သည္။ အခ်ိန္မျဖဳန္းနဲ႕ေတာ့။ သူ႕ကို အရင္ဖမ္းရေအာင္
ခ်ဴတိုင္းရွန္ အသက္ရႈရေအာင့္သြားသည္။ ငါ့ကို ဘယ္လို အမိန့္ေပးရဲတာလဲ။ ဒီမွာ ဘယ္သူက ကလန္သခင္လဲ။
ထို႔အျပင္ ဟုန္က်ဳံးက လႈပ္ရွားမည့္ဟန္မျပသည္ကို ေတြ႕လိုက္ရသည္။ အဆုံးတြင္ သူသာ အံႀကိတ္ကာ ေျပာသလိုလုပ္လိုက္ရသည္။ ေတာက္။ ဘာေၾကာင့္ သူ႕ရဲ႕ က်င့္ႀကံမႈအဆင့္ က ငါ့ထက္ ျမင့္ေနရတာလဲ။
ခ်ဴတိုင္းရွန္ ေျပး၀င္လာေသာ္လည္း ဇူအန္ လုံးဝမလႈပ္ေပ။ ေလွာင္ၾကည့္ၾကည့္ေနလိုက္သည္။
ထိုေနရာတြင္ ထူးဆန္းေသာအၿပဳံးတစ္ခုျဖင့္ စိတ္ေအးလက္ေအး ရပ္ေနေသာ ဇူအန္ကို ျမင္ရေသာအခါ ခ်ဴတိုင္းရွန္ ၾကက္သီးထသြားသည္။ သို႔ေသာ္လည္းသူသည္ အဆင့္ေျခာက္က်င့္ႀကံသူျဖစ္ၿပီး အနားတြင္ ဟုန္က်ဳံးလည္း ကူညီရန္ရွိေနသည္။ ဒီေကာင္ေလး ဘာမ်ားလုပ္နိုင္မွာမလို႔လဲ။
သူ၏ လက္ဝါးက ဇူအန့္ကို ထိေတာ့မည့္အခ်ိန္တြင္ လက္ေခ်ာင္းတစ္ေခ်ာင္း သူ႕ဦးေခါင္းအေနာက္တြင္ ႐ုတ္တရက္ ေပၚလာသည္။
ထိုလက္ေခ်ာင္းမွာ အိုမင္းကာ တုန္ယင္ေနသည္။ သစ္ပင္အေသမွ သစ္ကိုင္းေျခာက္တစ္ခုႏွင့္တူေနသည္။ ၎သည္ တစ္ခ်က္သာ တို႔ထိ႐ုံဟု ထင္ရသည္။
အဆုံးတြင္ ခ်ဴတိုင္းရွန္ ၏ ဆံပင္မ်ား ေထာင္မတ္သြားသည္။ ကံမေကာင္းသည္မွာ တုန့္ျပန္ရန္ အခ်ိန္မရွိေတာ့ေပ။ ထိုလက္ေခ်ာင္းက သူ႕ေနာက္ေစ့တြင္ စိုက္ဝင္သြားၿပီးသားျဖစ္သည္။
သူ၏ခႏၶာကိုယ္တစ္ခုလုံး ေတာင့္တင္းသြားသည္။ သူ၏မ်က္ႏွာမွာ ယခင္အမူအရာမပ်က္ရွိေနၿပီး မ်က္လုံးမ်ားက လုံးဝ လစ္ဟာေနသည္။ ခႏၶာကိုယ္မွာ ေျမျပင္ေပၚသို႔ ျပဳတ္က်သြားေတာ့သည္။
ဟုန္က်ဳံး က ကူညီရန္ ေျပးလာေသာ္လည္း ခ်ဴတိုင္းရွန္ ခ်က္ခ်င္း အသတ္ခံလိုက္ရသည္ကို ျမင္လိုက္ရကာ ရပ္တန့္သြားသည္။
သူ၏ က်င့္ႀကံမႈအဆင့္မွာ ခ်ဴတိုင္းရွန္ ထက္ ျမင့္မားေသာ္လည္း ခ်က္ခ်င္း သတ္ပစ္နိုင္သည္အထိ မျမင့္ေသးေပ။ ဤလူအိုႀကီး၏ က်င့္ႀကံမႈအဆင့္ က သူ႕ထက္ ပိုျမင့္မားေနသည္မွာ ထင္ရွားေနသည္။
ထို႔အျပင္ ထိုလက္ေခ်ာင္းတစ္ေခ်ာင္းတည္းျဖင့္ ခ်ဴတိုင္းရွန္ ကို မည္သို႔ သတ္နိုင္သည္ကို နားမလည္နိုင္ျဖစ္ေနသညိ။ ၎သည္ ယွဥ္မရေသာ နက္နဲသည့္ ပညာရပ္တစ္ခုျဖစ္မည္။
အကယ္၍ ငါသာ ခ်ဴတိုင္းရွန္ ေနရာမွာဆိုရင္လည္း ေရွာင္နိုင္မွမဟုတ္ဘူး။
ေလာင္...ေလာင္မိုင္ တိုက္ခိုက္သူကို ဟုန္က်ဳံး မွတ္မိလိုက္သည္။ အိမ္ေတာ္ထိန္းတစ္ေယာက္အေနျဖင့္ အိမ္ေတာ္ထဲရွိ လူမ်ားအားလုံးကို သိၿပီးသားျဖစ္သည္။ ထိုလူအိုႀကီးက ေလတိုက္လွ်င္ လဲေတာ့မည့္အလား ရွိေနခဲ့ေသာ ဥယ်ာဥ္မႉးအိုႀကီး ျဖစ္ေနသည္။
------ ------------------------------ ----- -------------------------- ----