Chapter 372: သိပ်နောက်ကျသွားပြီ
ဇူအန် ပြောစရာမဲ့သွားသည်။ ဒါက နာမည်ကျော် နတ်ဆေးဆရာတစ်ယောက်ပင်။ ဒါကိုတောင် သူက ကန့်သတ်စာအုပ်တွေ လိုက်ရှာရင်ရှာ မဟုတ်ရင် အတွင်းခံတွေရှာ။ အခု လိင်စိတ်ကြွဆေးတွေ လိုက်ရှာနေတာတဲ့လား။.သူ့အစားတောင် ရှက်လာပြီ။
"ကောင်စုတ် အဲ့တာက ဘာအမူအရာလဲ" ကျီတန်ထု ဇူအန်မျက်နှာထားကို သတိထားမိသော် ကြိမ်းမောင်းလာသည်။
သို့သော် ပညာရှိတစ်ယောက်က အချိန်အခါရွေးတတ်သည်။ ဇူအန် ချက်ချင်း ပြုံးလိုက်ပြီး
"ကျုပ်ရဲ့ အကြီးအကဲကျီအပေါ် လေးစားမှုကတော့ မြစ်ထဲကရေလို တစ်သွင်သွင်စီးဆင်းနေပြီး လပြည့်မြစ်လို ကျယ်ပြောပါတယ်။ လုံးဝ အဆုံးမရှိ ကုန်ခမ်းခြင်းမရှိပါပဲ..."
ကျီတန်ထု ကျေနပ်စွာ မေးကိုပွတ်လိုက်သည်။
"မဆိုးဘူး ကောင်လေး မဆိုးဘူး။ မင်းမှာ ရှေ့ရေးရှိတယ်။ မင်းက ငါ့ရဲ့ အကောင်းမြင်မှုနဲ့ ထိုက်တန်တယ်"
ဇူအန် စိတ်ထဲမှ သရော်လိုက်သော်လည်း မေးလေသည်။
"ဒါနဲ့ ခင်ဗျားက သခင်မရဲ့ မိတ်ဆွေဆိုတော့ ချူအိမ်ရဲ့ သစ္စာဖောက်နှစ်ယောက် ချူတိုင်းရှန် နဲ့ ဟုန်ကျုံးကို ကူရှင်းပေးလို့ရမလား။ တစ်လက်စတည်း ချူတိုင်းရှန်ရဲ့ နွားသိုးနို့နှစ်လည်း ယူလိုက်လို့ရတယ်လေ"
"ငတုံးကောင်" ကျီတန်ထု အထင်သေးစွာ ပြောလာသည်။
"ငါ့ကို ဘယ်လောက်အတယ်လို့ ထင်နေတာလဲ။ အဲ့နှစ်ယောက် ချူအိမ်ကို ပြောင်းပြန်လှန်တာကို ငါကပိုတောင် မျှော်လင့်သေး။ ချူကျုန်းထန်ပါ တစ်ခါတည်း ပွဲသိမ်းရင် ပိုတောင်ကောင်းသေးတယ်။ ဝမ်ယွီ မှာ အားကိုးစရာဘယ်သူမှ မရှိတော့ရင် သူ့ကို အသားယူအဟမ်း.. .အဟမ်း.. .သူ့ကို ဂရုစိုက်လို့ ရတာပေါ့"
ဇူအန် ထိုအရာကို ဘာမှ မပြောနိုင်ပေ။
ကိုယ့်လူပြောတာ အရမ်းအဓိပ္ပာယ်ရှိလွန်းနေတော့ ငါတောင် ဘယ်လိုပြန်ငြင်းရမလဲ မသိတော့ဘူး။
ကျီတန်ထု နဖူးကို ရိုက်လိုက်ပြီး
"ငါဘာတွေ တွေးနေတာပါလိမ့်။ ဟုတ်တယ် နွားသိုးနို့နှစ်။ အဲ့တာက ရဖို့ခက်ပေမဲ့ ပိုပြီး ရှာဖို့ခက်တာက နွေဦးလေ ၁၈ မျိုးပဲ။ နွားသိုးနို့နှစ်က ဖြေဆေးရှိသေးပေမဲ့ နွေဦးလေ ၁၈မျိုးကတော့ မိန်းမနဲ့ယောက်ျား ၁၈ကြိမ် ဆက်ဆံမှရတာ။ တစ်ခြားနည်းမရှိဘူး။
"ပမာဏနည်းနည်းလေး စားမိရင်က အဆိပ်ပြေအောင်လုပ်လို့ရသေးတယ်။ ငါ ရှောင်ချီကို နည်းသင်ထားပေးပြီးသား ဒါပေမဲ့ သူဘယ်တော့မှ မကြုံပါစေနဲ့လို့ ငါမျှော်လင့်တယ်။ နွေဦးလေ ၁၈မျိုး မိသွားရင် အတော်လေး မလွယ်ဘူး" ကျီတန်ထု စိတ်ပူနေပုံရသည်။
ဇူအန်မျက်နှာ ထူးဆန်းနေသည်။ ကျီရှောင်ချီ သူ့ဘာသာ အဆိပ်ဖြေလိုက်နိုင်တာ မဆန်းတော့ဘူး။ သူ့အဖေက သူ့ကို ဖြေနည်းသင်ပေးထားလို့ကိုး။
ကျီတန်ထုက တကယ့်အံမခန်းပဲ။ ဒီလိုဆေးမျိုးကိုတောင် သန့်စင်နိုင်သေးတယ်။ ဒါပေမဲ့ ဇူအန်စိတ်ထဲတွင် သူ့နှာဘူးကျကျပုံရိပ် ကျန်နေသေးသည်။...ကျီတန်ထုက ကိုယ်ကျင့်တရားနှင့် ထိန်းချုပ်မရသော ပါရမီရှင်မျိုးပင်။
"ဒီဆေးအကြောင်း မင်းတစ်ခုခုကြားရင် ငါ့ကိုပြောဦး ။ ငါက စျေးကြီးကြီး ပေးပြီး ဝယ်နိုင်တယ်"ဇူအန် ဒီလိုပစ္စည်းမျိုးရနိုင်မည်ဟု မထင်သော်လည်း ပြောလိုက်သေးသည်။ ဇူအန် ရနိုင်ပါစေလို့ မမျှော်လင့်ပေ။ လမ်းကြုံ၍ ပြောလိုက်ခြင်းသက်သက်ပင်။
ဇူအန်မျက်နှာတွင် ထူးဆန်းသောအရိပ်များ ပေါ်လာသည်။ သူ့မှာ ထိုပစ္စည်း တကယ်ရှိလေသည်။ သို့သော် လောကငြိမ်းချမ်းရေးနှင့် လပြည့်မြို့က မိန်းကလေးတိုင်း၏ အရှက်ကိုကာကွယ်ရန် ဒီလူ့လက်ထဲ အရောက်ခံ၍ မဖြစ်ပေ။
ကျီရှောင်ချီ နွေဦးလေ ၁၈မျိုးကိစ္စကို သူ့အဖေထံ မပြောပြသည်ကိုပင် အတော်လေး အံ့သြနေသည်။
ဒီလိုကိစ္စမျိုး သူ့အဖေကိုပြောပြဖို့ အတော်လေးရှက်လို့ ထင်ပါရဲ့။
ကျီရှောင်ချီ၏ နူးညံ့ပြီး ချစ်စရာအသွင်အပြင်ကို ပြန်မြင်ယောင်လိုက်မိသော် ဇူအန် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
ခေါင်းယမ်းမိသည်။ ဒီနေ့ ဘာတွေ တွေးမိနေတာလဲ။ ဒီမှာ သူ့အဖေနဲ့ စကားပြောနေတယ်လေ။ အတွေးများ ပြန်စုစည်း၍ ကျီတန်ထုနှင့် စကားဆက်လိုက်သည်။ သတိမထားမိဘဲ အချိန်ကုန်သွားလေသည်။
ရုတ်တရက် ကျီခနဲ တံခါးပွင့်လာပြီး ကျီရှောင်ချီ ထွက်လာသည်။
ဇူအန် ချက်ချင်း မတ်တပ်ရပ်ကာ ကျီရှောင်ချီလက်ကိုကိုင်လိုက်ပြီး
"ရှောင်ချီ ဘယ်လိုနေလဲ"
"ကောင်စုတ် မင်း ငါ့သမီးလက်ကို ငါ့ရှေ့မှာ ကိုင်ရဲတယ်လား" ကျီတန်ထု ဒေါသထွက်လာပြီး ဇူအန်လက်ကိုကိုင်ကာ လိမ်လိုက်သည်။
သူ အားပိုထည့်ရန် ပြင်လိုက်စဉ် ကျီရှောင်ချီ တအံ့တသြ အော်လိုက်သည်။
"ခဏလေး"
ကျီတန်ထု မျက်နှာ ခဲသွားသည်။ သူ့သမီးက သူ့ကို တားတယ်။
ဒီကောင်စုတ်က ငါ့နောက်ကွယ်မှာ ငါ့သမီးကို ချဉ်းကပ်ထားတာလား။
သင်သည် ကျီတန်ထု ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။
ကျီတန်ထု ဘာကြောင့်ဒီလောက် စိတ်တိုသွားလဲ ဇူအန် တွေးမရပေ။ သို့သော် ကျီရှောင်ချီ၏လက်သေးသေးလေးက အတော်သက်တောင့်သက်သာရှိသည်။ဇူအန် တကယ် သူ့ကို ရင်ခွင်ထဲထည့်၍ ပွတ်သပ်လိုက်ချင်မိ....
ဟမ် ငါဘာလို့ ဒီလို တွေးလိုက်မိတာလဲ။
ချင်ဝမ်ယွီကိုသယ်နေတုန်းကလည်း ငါ့အတွေးတွေက ပြန့်ကြဲနေတာ။ ငါက ပုံမှန် ဒီလိုမဟုတ်ပါဘူး..
ကျီရှောင်ချီ သူ့အတွေးကို ပြောပြလာသည်။
"ရှင်လည်း ဆေးမိထားတယ်"
"ဘာနဲ့လဲ" ဇူအန် ကြောင်သွားပြီး အခြေအနေကို နားမလည်နိုင်သေးပေ။
ကျီရှောင်ချီ မျက်နှာ အနည်းငယ် နီလာပြီး
"ဒါပေါ့ အဲ့တာ..အဲ့တာက ချူသခင်မမိတဲ့ ဆေးနဲ့ အတူတူလေ"
ဇူအန် လုံးဝ ဇဝေဇဝါဖြစ်သွားသည်။
ကျီတန်ထု ဇူအန်ကို ထူးထူးဆန်းဆန်း တစ်ချက်ကြည့်ကာ
"မင်းတို့နှစ်ယောက်ကြား ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဆေးတစ်ခုတည်။ အတူတူ မိတာလဲ"
ဇူအန် ပြောလာသည်။
"မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျီရှောင်ချီ ခေါင်းယမ်းလိုက်ပြီး
"အဲ့တာ မမှားဘူး။ ကျွန်မက ချူသခင်မကို အဆိပ်ဖြေပေးထားတော့ ဆေးရဲ့ လက္ခဏာတွေကို ရင်းနှီးတယ်"
ကျီတန်ထု လက်ကောက်ဝတ်ကိုဆွဲကာ သွေးကြောစမ်းလိုက်သည်။ သူ့မျက်နှာကလည်း ထူးဆန်းလာသည်။
"အမှန်ပဲ ။ မင်းလည်း နွားသိုးနို့နှစ်မိထားတာ။ မင်းမျက်နှာမှာ သွေးခြောက်တစ်ချို့ရှိတယ်။ ချင်ဝမ်ယွီ သွေးက ပြန့်ကြဲပြီး မင်းအရေပြားနဲ့ ပါးစပ်ထဲ ဝင်သွားတာဖြစ်ရမယ်။ အဲ့တာကြောင့် မင်းလည်း အဆိပ်မိလာတာ"
ကျီတန်ထုက နတ်ဆေးဆရာဘွဲ့ကို ထိုက်တန်လေသည်။ ပြဿနာအရင်းအမြစ်ကို ချက်ချင်းဖော်ထုတ်နိုင်လိုက်သည်။
ဇူအန် ကြောင်သွားသည်။
"ဒါဆို ယောက်ျားတစ်ယောက် အဆိပ်မိရင်ကျ ဘာလုပ်ရမလဲ"
"ကံကိုပုံလိုက်" ချက်ခြင်းပင် ဇူအန် ဒုက္ခကို အူးမြူးကာ ကျီတန်ထု ရယ်လိုက်သည်။
ဇူအန် ဆွံ့အကာ ငေးမိသွားသည်။
နတ်ဆေးဆရာက အကူအညီမရသဖြင့် ကျီရှောင်ချီလက်ကို ဆွဲလိုက်ပြီး
"ရှောင်ချီ ငါ့ကိုရော အဆိပ်ဖြေပေးလို့ရမလား"
အဲ့တာဆိုလည်း ခင်ဗျားသမီးကိုသုံးပြီး အဆိပ်ဖြေမယ်။
"ဘာရယ်" ကျီရှောင်ချီ ကြောင်သွားသည်။ သူ့ခေါင်းထဲ ဗလာကျင်း၍ ချက်ချင်းပြန် မတုံ့ပြန်နိုင်ပေ။
ချသ်စရာကောင်းသော သူ့အမူအရာမှ ဇူအန် မျက်စိကိုမခွာနိုင်ပေ။ ပိုပိုပြီး ချစ်စရာကောင်းလာသလိုပင်။
"အကောင်စုတ်" ကျီတန်ထု အော်ဟစ်လိုက်သည်။ ချက်ချင်း သူတို့နှစ်ယောက်ကို လူခွဲကာ ဇူအန်ပါးစပ်ထဲ ဆေးလုံးတစ်လုံး ထည့်သွင်းလိုက်သည်။
သင်သည် ကျီတန်ထု ထံမှ အမျက်ပွိုင့် ၆၆၆ ရယူလိုက်သည်။
ဇူအန် ချောင်းအသည်းအသန် ဆိုးကာ လည်ပင်းကို အုပ်လိုက်ပြီး
"ကျုပ်ကို ဘာကျွေးလိုက်တာလဲ"
ကျီတန်ထု နှာခေါင်းရှုံ့၍
"မင်းကို နလုံးငြိမ်ဆေး ပေးလိုက်တာ။ မင်းက တစ်ဆင့်ခံ အဆိပ်မိတာဆိုတော့ မင်းသွေးထဲမှာ အဆိပ် သိပ်မရှိဘူး။ ဒီဆေးသောက်ပြီးရင် ကောင်းသွားလိမ့်မယ်"
သေချာသည်။ ဇူအန်ကိုယ်အတွင်း အေမြလတ်ဆက်သော ခံစားချက်တစ်ခုပေါ်လာသည်။ သူခံစားနေရသော စိတ်မငြိမ်မသက်ဖြစ်နေခြင်းများ တဖြည်းဖြည်း ပျောက်သွားလေပြီ။
"ဘယ်လောက်တောင် အဆင်ပြေလိုက်တဲ့ဆေးလုံးလဲ။ အဲ့တာ နည်းနည်းဆောင်ထားရမယ်" ဇူအန် ဘာကြောင့်မှန်း မသိသော်လည်း ဒီလိုကိစ္စမျိုး သူ့ဘေးတွင် မကြာခဏဖြစ်တတ်သည်။ ဒီလိုဆေးမျိုးသာ ဆောင်ထားလျှင် တစ်ခုခုဆိုတိုင်း ကျီစံအိမ်ကို ပြေးလာစရာမလိုတော့ပေ။
ကျီတန်ထု တည့်ငြင်းလိုက်သည်။
"မင်းကို ငါမပေးပါဘူး"
"ခင်ဗျားကို ငွေပေးမယ်လေ" ဇူအန် မျက်နှာမည်းသွားသည်။
ဒီလူက အပေါစားဆန်ရုံတင်မက လောဘလည်း အရမ်းကြီးသေးတယ်။ဟမ်…ဘာလို့ ငါတို့စရိုက်တွေက ဆင်တူတယ်လို့ ခံစားနေရတာလဲ။
"ဒီပစ္စည်းက ရောင်းဖို့မဟုတ်ဘူး။ သူတို့က ငါ့ရဲ့ရှောင်ချီကို သူ့ကိုယ်သူ ကာကွယ်နိုင်အောင်လို့" ကျီတန်ထု စိတ်တိုတိုဖြင့် ပြောလာသည်။
ဒီလူက တကယ့်ကို သူ့သမီးရဲ့ကျွန်လိုပဲ။ဒါပေမဲ့ ဒါက သူ့ရဲ့ ကောင်းတာထဲက တစ်ခုလို့ ပြောရမယ်။
ကျီရှောင်ချီ စိတ်ပူလာသည်။
"အဖေတို့နှစ်ယောက် မငြင်းကြနဲ့တော့။ အရေးအကြီးဆုံးက အခု ချူသခင်မကို ကယ်ဖို့ပဲ။ သူ့ခန္ဓာကိုယ်က အဆိပ်ကို ဖယ်ရှားပြီးတာတောင် အသက်စွမ်းအားက အရမ်းနည်းနေတုန်းပဲ။ အချိန်မရွေး သေသွားနိုင်တယ်"
ဇူအန် ထိတ်လန့်သွားသည်။ သို့သော် ကျီတန်ထုက ပိုမြန်သည်။ အခန်းထဲ ဝင်ကာ ချင်ဝမ်ယွီ သွေးကြောကို စမ်းသပ်လိုက်သည်။ ထို့နောက် ဇူအန်ထံ လက်ဖြန့်၍
"ဝိညာဉ်ခေါ်ဆေးလုံးပေး အခု ငါဆေးဖော်ရင် အချိန်မီမှာ မဟုတ်တော့ဘူး"
ဒီနေရာက ဆေးလုံးအထုပ်လိုက် ဝယ်ဖူးကြောင်း ဇူအန် သတိရလိုက်သည်။ တန်ဖိုးအကြီးဆုံး ဆေးလုံးက ဝိညာဉ်ခေါ်ဆေးလုံးပင်။ ဒီဆေးလုံးက အသက်တစ်မျှင်ရှိသေးရင် လူတိုင်းကို သေရွာကပင် ပြန်ဆွဲခေါ်နိုင်သည်ဟု နာမည်ကြီးလေသည်။
သူ မတွေဝေရဲပေ။ တစ်လုံးထုတ်ကာ ချင်ဝမ်ယွီကို အမြန်ကျွေးလိုက်သည်။
"တစ်လုံးက မလုံလောက်ရင် နောက်တစ်လုံး ပေးသင့်လား"
ကျီတန်ထု တားလိုက်သည်။
"တစ်လုံးက လုံလောက်ပြီ။ ဆေးစွမ်းက အရမ်းပြင်းတယ်။ နောက်ထပ် ပေးလိုက်ရင် တန်ပြန်ပြီး ဆန့်ကျင်ဘက် သက်ရောက်သွားလိမ့်မယ်" ထိုသို့ပြောပြီးနောက် အာရုံစူးစိုက်ကာ အပ်စိုက်လေသည်။
ဇူအန် ကုသမှုကို နည်းနည်းလေးမှ မနှောင့်ယှက်ရဲပေ။ ဘေးမှ ပူပန်စွာ ကြည့်နေလိုက်သည်။
ကျီရှောင်ချီ သူ့အဖေကိုကူရန် ရှေ့တက်လိုက်သည်။
ကျီတန်ထုနဖူးတွင် ချွေးလုံးများ ဖြစ်ပေါ်လာသည်။ ဒီကုသမှုက အရမ်းခက်ခဲလွန်းသည်။
ကုသမှုက အမွှေးတိုင် တစ်တိုင်လောင်ကျွမ်းချိန်လောက် ကြာလေသည်။ ရုတ်တရက် ကျီတန်ထု မျက်နှာထား ပြောင်းသွားသည်။
"ဒါက ဆိုးတယ်။ သူက နှလုံးခြွေလက်သီးတစ်ခုတည်းသာဆို ငါသူ့ကို ပြန်ကယ်နိုင်ဦးမှာ။ အခု နွားသိုးနို့နှစ်ကြောင့် သွေးလည်ပတ်မှုနှုန်းအရမ်းမြန်လာပြီး ဒဏ်ရာကို ပိုဆိုးသွားစေတယ်။ အရမ်းနောက်ကျသွားလောက်ပြီ"
ဇူအန် သွေးများ ခေါင်းထဲ ဆောင့်တက်လာသလိုပင်။
"ခင်ဗျားက နတ်ဆေးဆရာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို မကယ်နိုင်ရတာလဲ။ အသက်တစ်မျှင် ရှိသေးသရွေ့ သေလူကိုတောင် ပြန်ကယ်နိုင်တယ်ဆိုတာ ကြွားတာလား။ ချူသခင်မက အသက်အများကြီးကျန်သေးတယ်။ ကျုပ်ကို ကစားနေတာလား"
----- -------------------------------- ----- - - - - - - - - - - ----- -
Chapter 372: သိပ္ေနာက္က်သြားၿပီ
ဇူအန္ ေျပာစရာမဲ့သြားသည္။ ဒါက နာမည္ေက်ာ္ နတ္ေဆးဆရာတစ္ေယာက္ပင္။ ဒါကိုေတာင္ သူက ကန့္သတ္စာအုပ္ေတြ လိုက္ရွာရင္ရွာ မဟုတ္ရင္ အတြင္းခံေတြရွာ။ အခု လိင္စိတ္ႂကြေဆးေတြ လိုက္ရွာေနတာတဲ့လား။.သူ႕အစားေတာင္ ရွက္လာၿပီ။
"ေကာင္စုတ္ အဲ့တာက ဘာအမူအရာလဲ" က်ီတန္ထု ဇူအန္မ်က္ႏွာထားကို သတိထားမိေသာ္ ႀကိမ္းေမာင္းလာသည္။
သို႔ေသာ္ ပညာရွိတစ္ေယာက္က အခ်ိန္အခါေ႐ြးတတ္သည္။ ဇူအန္ ခ်က္ခ်င္း ၿပဳံးလိုက္ၿပီး
"က်ဳပ္ရဲ႕ အႀကီးအကဲက်ီအေပၚ ေလးစားမႈကေတာ့ ျမစ္ထဲကေရလို တစ္သြင္သြင္စီးဆင္းေနၿပီး လျပည့္ျမစ္လို က်ယ္ေျပာပါတယ္။ လုံးဝ အဆုံးမရွိ ကုန္ခမ္းျခင္းမရွိပါပဲ..."
က်ီတန္ထု ေက်နပ္စြာ ေမးကိုပြတ္လိုက္သည္။
"မဆိုးဘူး ေကာင္ေလး မဆိုးဘူး။ မင္းမွာ ေရွ႕ေရးရွိတယ္။ မင္းက ငါ့ရဲ႕ အေကာင္းျမင္မႈနဲ႕ ထိုက္တန္တယ္"
ဇူအန္ စိတ္ထဲမွ သေရာ္လိုက္ေသာ္လည္း ေမးေလသည္။
"ဒါနဲ႕ ခင္ဗ်ားက သခင္မရဲ႕ မိတ္ေဆြဆိုေတာ့ ခ်ဴအိမ္ရဲ႕ သစၥာေဖာက္ႏွစ္ေယာက္ ခ်ဴတိုင္းရွန္ နဲ႕ ဟုန္က်ဳံးကို ကူရွင္းေပးလို႔ရမလား။ တစ္လက္စတည္း ခ်ဴတိုင္းရွန္ရဲ႕ ႏြားသိုးနို႔ႏွစ္လည္း ယူလိုက္လို႔ရတယ္ေလ"
"ငတုံးေကာင္" က်ီတန္ထု အထင္ေသးစြာ ေျပာလာသည္။
"ငါ့ကို ဘယ္ေလာက္အတယ္လို႔ ထင္ေနတာလဲ။ အဲ့ႏွစ္ေယာက္ ခ်ဴအိမ္ကို ေျပာင္းျပန္လွန္တာကို ငါကပိုေတာင္ ေမွ်ာ္လင့္ေသး။ ခ်ဴက်ဳန္းထန္ပါ တစ္ခါတည္း ပြဲသိမ္းရင္ ပိုေတာင္ေကာင္းေသးတယ္။ ဝမ္ယြီ မွာ အားကိုးစရာဘယ္သူမွ မရွိေတာ့ရင္ သူ႕ကို အသားယူအဟမ္း.. .အဟမ္း.. .သူ႕ကို ဂ႐ုစိုက္လို႔ ရတာေပါ့"
ဇူအန္ ထိုအရာကို ဘာမွ မေျပာနိုင္ေပ။
ကိုယ့္လူေျပာတာ အရမ္းအဓိပၸာယ္ရွိလြန္းေနေတာ့ ငါေတာင္ ဘယ္လိုျပန္ျငင္းရမလဲ မသိေတာ့ဘူး။
က်ီတန္ထု နဖူးကို ရိုက္လိုက္ၿပီး
"ငါဘာေတြ ေတြးေနတာပါလိမ့္။ ဟုတ္တယ္ ႏြားသိုးနို႔ႏွစ္။ အဲ့တာက ရဖို႔ခက္ေပမဲ့ ပိုၿပီး ရွာဖို႔ခက္တာက ႏြေဦးေလ ၁၈ မ်ိဳးပဲ။ ႏြားသိုးနို႔ႏွစ္က ေျဖေဆးရွိေသးေပမဲ့ ႏြေဦးေလ ၁၈မ်ိဳးကေတာ့ မိန္းမနဲ႕ေယာက္်ား ၁၈ႀကိမ္ ဆက္ဆံမွရတာ။ တစ္ျခားနည္းမရွိဘူး။
"ပမာဏနည္းနည္းေလး စားမိရင္က အဆိပ္ေျပေအာင္လုပ္လို႔ရေသးတယ္။ ငါ ေရွာင္ခ်ီကို နည္းသင္ထားေပးၿပီးသား ဒါေပမဲ့ သူဘယ္ေတာ့မွ မႀကဳံပါေစနဲ႕လို႔ ငါေမွ်ာ္လင့္တယ္။ ႏြေဦးေလ ၁၈မ်ိဳး မိသြားရင္ အေတာ္ေလး မလြယ္ဘူး" က်ီတန္ထု စိတ္ပူေနပုံရသည္။
ဇူအန္မ်က္ႏွာ ထူးဆန္းေနသည္။ က်ီေရွာင္ခ်ီ သူ႕ဘာသာ အဆိပ္ေျဖလိုက္နိုင္တာ မဆန္းေတာ့ဘူး။ သူ႕အေဖက သူ႕ကို ေျဖနည္းသင္ေပးထားလို႔ကိုး။
က်ီတန္ထုက တကယ့္အံမခန္းပဲ။ ဒီလိုေဆးမ်ိဳးကိုေတာင္ သန့္စင္နိုင္ေသးတယ္။ ဒါေပမဲ့ ဇူအန္စိတ္ထဲတြင္ သူ႕ႏွာဘူးက်က်ပဳံရိပ္ က်န္ေနေသးသည္။...က်ီတန္ထုက ကိုယ္က်င့္တရားႏွင့္ ထိန္းခ်ဳပ္မရေသာ ပါရမီရွင္မ်ိဳးပင္။
"ဒီေဆးအေၾကာင္း မင္းတစ္ခုခုၾကားရင္ ငါ့ကိုေျပာဦး ။ ငါက ေစ်းႀကီးႀကီး ေပးၿပီး ဝယ္နိုင္တယ္"ဇူအန္ ဒီလိုပစၥည္းမ်ိဳးရနိုင္မည္ဟု မထင္ေသာ္လည္း ေျပာလိုက္ေသးသည္။ ဇူအန္ ရနိုင္ပါေစလို႔ မေမွ်ာ္လင့္ေပ။ လမ္းႀကဳံ၍ ေျပာလိုက္ျခင္းသက္သက္ပင္။
ဇူအန္မ်က္ႏွာတြင္ ထူးဆန္းေသာအရိပ္မ်ား ေပၚလာသည္။ သူ႕မွာ ထိုပစၥည္း တကယ္ရွိေလသည္။ သို႔ေသာ္ ေလာကၿငိမ္းခ်မ္းေရးႏွင့္ လျပည့္ၿမိဳ႕က မိန္းကေလးတိုင္း၏ အရွက္ကိုကာကြယ္ရန္ ဒီလူ႕လက္ထဲ အေရာက္ခံ၍ မျဖစ္ေပ။
က်ီေရွာင္ခ်ီ ႏြေဦးေလ ၁၈မ်ိဳးကိစၥကို သူ႕အေဖထံ မေျပာျပသည္ကိုပင္ အေတာ္ေလး အံ့ၾသေနသည္။
ဒီလိုကိစၥမ်ိဳး သူ႕အေဖကိုေျပာျပဖို႔ အေတာ္ေလးရွက္လို႔ ထင္ပါရဲ႕။
က်ီေရွာင္ခ်ီ၏ ႏူးညံ့ၿပီး ခ်စ္စရာအသြင္အျပင္ကို ျပန္ျမင္ေယာင္လိုက္မိေသာ္ ဇူအန္ တစ္ကိုယ္လုံး ေတာင့္တင္းသြားရသည္။
ေခါင္းယမ္းမိသည္။ ဒီေန႕ ဘာေတြ ေတြးမိေနတာလဲ။ ဒီမွာ သူ႕အေဖနဲ႕ စကားေျပာေနတယ္ေလ။ အေတြးမ်ား ျပန္စုစည္း၍ က်ီတန္ထုႏွင့္ စကားဆက္လိုက္သည္။ သတိမထားမိဘဲ အခ်ိန္ကုန္သြားေလသည္။
႐ုတ္တရက္ က်ီခနဲ တံခါးပြင့္လာၿပီး က်ီေရွာင္ခ်ီ ထြက္လာသည္။
ဇူအန္ ခ်က္ခ်င္း မတ္တပ္ရပ္ကာ က်ီေရွာင္ခ်ီလက္ကိုကိုင္လိုက္ၿပီး
"ေရွာင္ခ်ီ ဘယ္လိုေနလဲ"
"ေကာင္စုတ္ မင္း ငါ့သမီးလက္ကို ငါ့ေရွ႕မွာ ကိုင္ရဲတယ္လား" က်ီတန္ထု ေဒါသထြက္လာၿပီး ဇူအန္လက္ကိုကိုင္ကာ လိမ္လိုက္သည္။
သူ အားပိုထည့္ရန္ ျပင္လိုက္စဥ္ က်ီေရွာင္ခ်ီ တအံ့တၾသ ေအာ္လိုက္သည္။
"ခဏေလး"
က်ီတန္ထု မ်က္ႏွာ ခဲသြားသည္။ သူ႕သမီးက သူ႕ကို တားတယ္။
ဒီေကာင္စုတ္က ငါ့ေနာက္ကြယ္မွာ ငါ့သမီးကို ခ်ဥ္းကပ္ထားတာလား။
သင္သည္ က်ီတန္ထု ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။
က်ီတန္ထု ဘာေၾကာင့္ဒီေလာက္ စိတ္တိုသြားလဲ ဇူအန္ ေတြးမရေပ။ သို႔ေသာ္ က်ီေရွာင္ခ်ီ၏လက္ေသးေသးေလးက အေတာ္သက္ေတာင့္သက္သာရွိသည္။ဇူအန္ တကယ္ သူ႕ကို ရင္ခြင္ထဲထည့္၍ ပြတ္သပ္လိုက္ခ်င္မိ....
ဟမ္ ငါဘာလို႔ ဒီလို ေတြးလိုက္မိတာလဲ။
ခ်င္ဝမ္ယြီကိုသယ္ေနတုန္းကလည္း ငါ့အေတြးေတြက ျပန့္ႀကဲေနတာ။ ငါက ပုံမွန္ ဒီလိုမဟုတ္ပါဘူး..
က်ီေရွာင္ခ်ီ သူ႕အေတြးကို ေျပာျပလာသည္။
"ရွင္လည္း ေဆးမိထားတယ္"
"ဘာနဲ႕လဲ" ဇူအန္ ေၾကာင္သြားၿပီး အေျခအေနကို နားမလည္နိုင္ေသးေပ။
က်ီေရွာင္ခ်ီ မ်က္ႏွာ အနည္းငယ္ နီလာၿပီး
"ဒါေပါ့ အဲ့တာ..အဲ့တာက ခ်ဴသခင္မမိတဲ့ ေဆးနဲ႕ အတူတူေလ"
ဇူအန္ လုံးဝ ဇေဝဇဝါျဖစ္သြားသည္။
က်ီတန္ထု ဇူအန္ကို ထူးထူးဆန္းဆန္း တစ္ခ်က္ၾကည့္ကာ
"မင္းတို႔ႏွစ္ေယာက္ၾကား ဘာေတြျဖစ္ေနတာလဲ။ ဘာလို႔ ေဆးတစ္ခုတည္။ အတူတူ မိတာလဲ"
ဇူအန္ ေျပာလာသည္။
"မျဖစ္နိုင္ဘူးေလ ဟုတ္တယ္မလား။ ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ"
က်ီေရွာင္ခ်ီ ေခါင္းယမ္းလိုက္ၿပီး
"အဲ့တာ မမွားဘူး။ ကြၽန္မက ခ်ဴသခင္မကို အဆိပ္ေျဖေပးထားေတာ့ ေဆးရဲ႕ လကၡဏာေတြကို ရင္းႏွီးတယ္"
က်ီတန္ထု လက္ေကာက္ဝတ္ကိုဆြဲကာ ေသြးေၾကာစမ္းလိုက္သည္။ သူ႕မ်က္ႏွာကလည္း ထူးဆန္းလာသည္။
"အမွန္ပဲ ။ မင္းလည္း ႏြားသိုးနို႔ႏွစ္မိထားတာ။ မင္းမ်က္ႏွာမွာ ေသြးေျခာက္တစ္ခ်ိဳ႕ရွိတယ္။ ခ်င္ဝမ္ယြီ ေသြးက ျပန့္ႀကဲၿပီး မင္းအေရျပားနဲ႕ ပါးစပ္ထဲ ဝင္သြားတာျဖစ္ရမယ္။ အဲ့တာေၾကာင့္ မင္းလည္း အဆိပ္မိလာတာ"
က်ီတန္ထုက နတ္ေဆးဆရာဘြဲ႕ကို ထိုက္တန္ေလသည္။ ျပႆနာအရင္းအျမစ္ကို ခ်က္ခ်င္းေဖာ္ထုတ္နိုင္လိုက္သည္။
ဇူအန္ ေၾကာင္သြားသည္။
"ဒါဆို ေယာက္်ားတစ္ေယာက္ အဆိပ္မိရင္က် ဘာလုပ္ရမလဲ"
"ကံကိုပုံလိုက္" ခ်က္ျခင္းပင္ ဇူအန္ ဒုကၡကို အူးျမဴးကာ က်ီတန္ထု ရယ္လိုက္သည္။
ဇူအန္ ဆြံ႕အကာ ေငးမိသြားသည္။
နတ္ေဆးဆရာက အကူအညီမရသျဖင့္ က်ီေရွာင္ခ်ီလက္ကို ဆြဲလိုက္ၿပီး
"ေရွာင္ခ်ီ ငါ့ကိုေရာ အဆိပ္ေျဖေပးလို႔ရမလား"
အဲ့တာဆိုလည္း ခင္ဗ်ားသမီးကိုသုံးၿပီး အဆိပ္ေျဖမယ္။
"ဘာရယ္" က်ီေရွာင္ခ်ီ ေၾကာင္သြားသည္။ သူ႕ေခါင္းထဲ ဗလာက်င္း၍ ခ်က္ခ်င္းျပန္ မတုံ႕ျပန္နိုင္ေပ။
ခ်သ္စရာေကာင္းေသာ သူ႕အမူအရာမွ ဇူအန္ မ်က္စိကိုမခြာနိုင္ေပ။ ပိုပိုၿပီး ခ်စ္စရာေကာင္းလာသလိုပင္။
"အေကာင္စုတ္" က်ီတန္ထု ေအာ္ဟစ္လိုက္သည္။ ခ်က္ခ်င္း သူတို႔ႏွစ္ေယာက္ကို လူခြဲကာ ဇူအန္ပါးစပ္ထဲ ေဆးလုံးတစ္လုံး ထည့္သြင္းလိုက္သည္။
သင္သည္ က်ီတန္ထု ထံမွ အမ်က္ပြိုင့္ ၆၆၆ ရယူလိုက္သည္။
ဇူအန္ ေခ်ာင္းအသည္းအသန္ ဆိုးကာ လည္ပင္းကို အုပ္လိုက္ၿပီး
"က်ဳပ္ကို ဘာေကြၽးလိုက္တာလဲ"
က်ီတန္ထု ႏွာေခါင္းရႈံ႕၍
"မင္းကို နလုံးၿငိမ္ေဆး ေပးလိုက္တာ။ မင္းက တစ္ဆင့္ခံ အဆိပ္မိတာဆိုေတာ့ မင္းေသြးထဲမွာ အဆိပ္ သိပ္မရွိဘူး။ ဒီေဆးေသာက္ၿပီးရင္ ေကာင္းသြားလိမ့္မယ္"
ေသခ်ာသည္။ ဇူအန္ကိုယ္အတြင္း ေအျမလတ္ဆက္ေသာ ခံစားခ်က္တစ္ခုေပၚလာသည္။ သူခံစားေနရေသာ စိတ္မၿငိမ္မသက္ျဖစ္ေနျခင္းမ်ား တျဖည္းျဖည္း ေပ်ာက္သြားေလၿပီ။
"ဘယ္ေလာက္ေတာင္ အဆင္ေျပလိုက္တဲ့ေဆးလုံးလဲ။ အဲ့တာ နည္းနည္းေဆာင္ထားရမယ္" ဇူအန္ ဘာေၾကာင့္မွန္း မသိေသာ္လည္း ဒီလိုကိစၥမ်ိဳး သူ႕ေဘးတြင္ မၾကာခဏျဖစ္တတ္သည္။ ဒီလိုေဆးမ်ိဳးသာ ေဆာင္ထားလွ်င္ တစ္ခုခုဆိုတိုင္း က်ီစံအိမ္ကို ေျပးလာစရာမလိုေတာ့ေပ။
က်ီတန္ထု တည့္ျငင္းလိုက္သည္။
"မင္းကို ငါမေပးပါဘူး"
"ခင္ဗ်ားကို ေငြေပးမယ္ေလ" ဇူအန္ မ်က္ႏွာမည္းသြားသည္။
ဒီလူက အေပါစားဆန္႐ုံတင္မက ေလာဘလည္း အရမ္းႀကီးေသးတယ္။ဟမ္ဘာလို႔ ငါတို႔စရိုက္ေတြက ဆင္တူတယ္လို႔ ခံစားေနရတာလဲ။
"ဒီပစၥည္းက ေရာင္းဖို႔မဟုတ္ဘူး။ သူတို႔က ငါ့ရဲ႕ေရွာင္ခ်ီကို သူ႕ကိုယ္သူ ကာကြယ္နိုင္ေအာင္လို႔" က်ီတန္ထု စိတ္တိုတိုျဖင့္ ေျပာလာသည္။
ဒီလူက တကယ့္ကို သူ႕သမီးရဲ႕ကြၽန္လိုပဲ။ဒါေပမဲ့ ဒါက သူ႕ရဲ႕ ေကာင္းတာထဲက တစ္ခုလို႔ ေျပာရမယ္။
က်ီေရွာင္ခ်ီ စိတ္ပူလာသည္။
"အေဖတို႔ႏွစ္ေယာက္ မျငင္းၾကနဲ႕ေတာ့။ အေရးအႀကီးဆုံးက အခု ခ်ဴသခင္မကို ကယ္ဖို႔ပဲ။ သူ႕ခႏၶာကိုယ္က အဆိပ္ကို ဖယ္ရွားၿပီးတာေတာင္ အသက္စြမ္းအားက အရမ္းနည္းေနတုန္းပဲ။ အခ်ိန္မေ႐ြး ေသသြားနိုင္တယ္"
ဇူအန္ ထိတ္လန့္သြားသည္။ သို႔ေသာ္ က်ီတန္ထုက ပိုျမန္သည္။ အခန္းထဲ ဝင္ကာ ခ်င္ဝမ္ယြီ ေသြးေၾကာကို စမ္းသပ္လိုက္သည္။ ထို႔ေနာက္ ဇူအန္ထံ လက္ျဖန့္၍
"ဝိညာဥ္ေခၚေဆးလုံးေပး အခု ငါေဆးေဖာ္ရင္ အခ်ိန္မီမွာ မဟုတ္ေတာ့ဘူး"
ဒီေနရာက ေဆးလုံးအထုပ္လိုက္ ဝယ္ဖူးေၾကာင္း ဇူအန္ သတိရလိုက္သည္။ တန္ဖိုးအႀကီးဆုံး ေဆးလုံးက ဝိညာဥ္ေခၚေဆးလုံးပင္။ ဒီေဆးလုံးက အသက္တစ္မွ်င္ရွိေသးရင္ လူတိုင္းကို ေသ႐ြာကပင္ ျပန္ဆြဲေခၚနိုင္သည္ဟု နာမည္ႀကီးေလသည္။
သူ မေတြေဝရဲေပ။ တစ္လုံးထုတ္ကာ ခ်င္ဝမ္ယြီကို အျမန္ေကြၽးလိုက္သည္။
"တစ္လုံးက မလုံေလာက္ရင္ ေနာက္တစ္လုံး ေပးသင့္လား"
က်ီတန္ထု တားလိုက္သည္။
"တစ္လုံးက လုံေလာက္ၿပီ။ ေဆးစြမ္းက အရမ္းျပင္းတယ္။ ေနာက္ထပ္ ေပးလိုက္ရင္ တန္ျပန္ၿပီး ဆန့္က်င္ဘက္ သက္ေရာက္သြားလိမ့္မယ္" ထိုသို႔ေျပာၿပီးေနာက္ အာ႐ုံစူးစိုက္ကာ အပ္စိုက္ေလသည္။
ဇူအန္ ကုသမႈကို နည္းနည္းေလးမွ မႏွောင့္ယွက္ရဲေပ။ ေဘးမွ ပူပန္စြာ ၾကည့္ေနလိုက္သည္။
က်ီေရွာင္ခ်ီ သူ႕အေဖကိုကူရန္ ေရွ႕တက္လိုက္သည္။
က်ီတန္ထုနဖူးတြင္ ေခြၽးလုံးမ်ား ျဖစ္ေပၚလာသည္။ ဒီကုသမႈက အရမ္းခက္ခဲလြန္းသည္။
ကုသမႈက အေမႊးတိုင္ တစ္တိုင္ေလာင္ကြၽမ္းခ်ိန္ေလာက္ ၾကာေလသည္။ ႐ုတ္တရက္ က်ီတန္ထု မ်က္ႏွာထား ေျပာင္းသြားသည္။
"ဒါက ဆိုးတယ္။ သူက ႏွလုံးေႁခြလက္သီးတစ္ခုတည္းသာဆို ငါသူ႕ကို ျပန္ကယ္နိုင္ဦးမွာ။ အခု ႏြားသိုးနို႔ႏွစ္ေၾကာင့္ ေသြးလည္ပတ္မႈႏႈန္းအရမ္းျမန္လာၿပီး ဒဏ္ရာကို ပိုဆိုးသြားေစတယ္။ အရမ္းေနာက္က်သြားေလာက္ၿပီ"
ဇူအန္ ေသြးမ်ား ေခါင္းထဲ ေဆာင့္တက္လာသလိုပင္။
"ခင္ဗ်ားက နတ္ေဆးဆရာ မဟုတ္ဘူးလား။ ဘာလို႔ သူ႕ကို မကယ္နိုင္ရတာလဲ။ အသက္တစ္မွ်င္ ရွိေသးသေ႐ြ႕ ေသလူကိုေတာင္ ျပန္ကယ္နိုင္တယ္ဆိုတာ ႂကြားတာလား။ ခ်ဴသခင္မက အသက္အမ်ားႀကီးက်န္ေသးတယ္။ က်ဳပ္ကို ကစားေနတာလား"
----- -------------------------------- ----- - - - - - - - - - - ----- -