ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

45.1K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

371

152 23 0
By SoeHmue

Chapter 371: ငါကုမှရမှာ

ခန္ဓာကိုယ်သေးသေးလေးတစ်ခု နောက်လန်ကျသွားတာ တွေ့လိုက်ရသည်။ အမြန်တုံ့ပြန်လိုက်ပြီး ဇူအန်လက်ထုတ်ကာ လှမ်းဆွဲလိုက်သည်။ သူ့လက်ချောင်းများက အေးမြသောလက်တစ်ဖက်ကို ဆုတ်ကိုင်လိုက်မိပြီး ခံစားရကောင်းလေသည်။

တစ်လမ်းလုံးပြေးလာရ၍ သူ့ကိုယ်အပူချိန်က မြင့်တက်လာသောကြောင့်လည်း ဖြစ်နိုင်သည်။
ထို့ကြောင့် ဒီလက်က အလွန် ထိတွေ့ရတာကောင်းနေသည်။ လက်ပင် မလွှတ်ချင်တော့ပေ။

သူဘယ်သူ့ကိုကိုင်ထားလဲ သိလိုက်ရသော် ဇူအန် စိတ်လှုပ်ရှားသွားသည်။
"ရှောင်ချီ ဘုရားမလို့ မင်းနဲ့ကြုံတာပဲ. ။ငါမင်းကို..."
သူ့စကားမဆုံးခင်မှာပင် ကျီရှောင်ချီ မျက်နှာရဲလာပြီး လက်ကိုရုန်းကာ ပြန်ပြေးရန်ပြင်လိုက်သည်။

နွေဦးလေ ၁၈မျိုး ကိစ္စကြောင့် သူ့ကိုစိတ်ဆိုးနေသေးကြောင်း ဇူအန် သတိရလိုက်သည်။ သို့သော် ဒီလောက်အကြာကြီး အငြှိုးထားမည်ဟုတော့ မထင်ပေ။
"ရှောင်ချီ ငါ မင်းအကူအညီ တကယ်လိုလို့ပါ" ဇူအန် ကဗျာကယာ ပြောလိုက်သည်။ ချင်ဝမ်ယွီက သတိမေ့ခါနီးပြီ။ သူ့ရင်ခွင်ထဲတွင် ပျော့ခွေနေလေသည်။

"ရှင့်ကို မကူညီဘူး" ကျီရှောင်ချီ သူ့ရင်ခွင်ထဲက မိန်းမကို တစ်ချက်ကြည့်လိုက်သည်။ ချင်ဝမ်ယွီ မျက်နှာက ဇူအန်ရင်ဘတ်ကို အပ်ထားလေသည်။
ဒီလူက တစ်ခြားမိန်းမတစ်ယောက်ကို ပွေ့ရင်း ငါ့ဆီရောက်လာသေးတယ်..

သင်သည် ကျီရှောင်ချီ ထံမှ အမျက်ပွိုင့် ၃၃..၃၃..၃၃..ရယူလိုက်သည်။

အမျက်ပွိုင့်ကိုမြင်သော် ဇူအန်လုံးဝ ကြောက်အသွားသည်။ ဒီကလေးမက ပုံမှန်ဆို သဘောကောင်းပါတယ်။ ဒီလို ပြုမူမည်ဟု ထင်မထားမိပေ။

"ရှောင်ချီ နွေဦးလေ ၁၈မျိုးကိစ္စက ငါမှားတာပါ။ မင်းငါ့ကို ကြိုက်သလို ဆူနိုင် ရိုက်နိုင်တယ်။ ဒါပေမဲ့ ဒီနေ့တော့ မင်းငါ့ကို လူတစ်ယောက်ကို ကူညီပြီး ကယ်ပေးဖို့လိုတယ်" ဇူအန် တကယ်ကို စိတ်ပူပန်နေသည်။

ကျီရှောင်ချီ မျက်နှာရဲသွားသည်။ မတော်တဆ နွေဦးလေ ၁၈မျိုးကို စမ်းခိုင်းရုံလောက်ကတော့ ဤမျှ စိတ်ဆိုးမည်မဟုတ်ပေ။ သူမကိုတကယ် စိတ်ဆိုးစေတာက သူအဝတ်ချွတ်ပြီး ရေစိမ်နေတဲ့အချိန်ပြီးတော့ ဇူအန်က သူမကိုမြင်ရုံမက ထိပါ ထိတွေ့လိုက်သေးသည်။ထို့နောက် ချူဟွမ်ကျောက်၏ အထင်လွဲခံရခြင်းက ကိစ္စကို ပိုဆိုးသွားစေသည်။
သူမက အမြဲတမ်း ဖြူစင်ခဲ့သည်။ ဒီလိုကိစ္စမျိုး ဘယ်တုန်းက ကြုံဖူးလို့လဲ။ ဒါ့ကြောင့် တစ်ချိန်လုံး အငြှိုးထားမိနေပြီး ဇူအန်ကိုမြင်တိုင်း ခံစားချက်များ ရှုပ်ထွေးနေခြင်းပင်။

သူ့ကို ငြင့်းလိုက်ချင်သော်လည်း ကြင်နာနူးညံ့သော သူ့စိတ်တစ်ခြမ်းက ဇူအန်ရင်ခွင်ထဲကအမျိုးသမီးတွင် တစ်ခုခုဖြစ်နေမှန်း သတိထားမိလိုက်သည်။ တစ်ခုခုပြောရန်ပြင်လိုက်စဉ်ပင် အိမ်နောက်ဖေးမှ ဒေါသတကြီးအော်ဟစ်သံတစ်ခု ပေါ်လာသည်။
"နွေဦးလေ ၁၈ မျိုးလား။ မင်း ငါ့သမီးကို အနိုင်ကျင့်ရဲတယ်ပေါ့"

သင်သည် ကျီတန်ထု ထံမှ အမျက်ပွိုင့် ၆၇၈ ရယူလိုက်သည်။

ကျီတန်ထု အော်ဟစ်၍ ထွက်လာသည်။ သူ့ကြည့်ရတာ ဇူအန်ကို တစ်စစီ ဆွဲဖြဲပစ်မည့်ပုံပင်။
ဇူအန် ကြောက်လန့်ကာ နောက်ကို ခုန်မိသွားသည်။

သူဘာမှ မရှင်းပြနိုင်ခင် ကျီရှောင်ချီက အသည်းအသန် ထတားသည်။
"အဖေ အဖေထင်သလိုမဟုတ်ဘူး"

"ဘာလို့ ငါထင်သလိုမဟုတ်ရမှာလဲ။ မင်းတို့ နွေဦးလေ ၁၈ မျိုးလို့ ပြောနေတာ ငါ ကြားတယ်။ ဒီတိရိစ္ဆာန်က ဘယ်လိုလုပ် ဒီလောက်ရက်စက်တဲ့ဆေးကို မင်းအပေါ် သုံးရဲရတာလဲ။ သူ့ကို အရှင်လတ်လတ် အရေခွံ ခွာမှာ"ကျီတန်ထုက သူ့သမီးအပေါ် ချစ်လွန်းသော အကာအကွယ်ကြီးသည့် ဖခင်တစ်ယောက်ပင်။

ဒီလောက် နှစ်တွေအများကြီး ဂရုတစိုက်စောင့်ရှောက်လာတာတောင် သူ့ပုလဲလုံးလေးက ဝက်စားတာ ခံလိုက်ရတယ်။ နေဦး…အဲ့ဒီဆေးက ၁၈ကြိမ် ပြီးမှ ဆေးစွမ်းပြယ်တာမလား။  သူတော့ ဒေါသထွက်၍ သေတော့မည်။

သင်သည် ကျီတန်ထုထံမှ အမျက်ပွိုင့် ၉၉၉...၉၉၉...၉၉၉...ရယူလိုက်သည်။

ကျီတန်ထု မျက်နှာလေးက အတော်လေး နီရဲလာသည်။ သူရှင်းပြချင်သော်လည်း ဘယ်က စတင် ရှင်းပြရမလဲ မသိပေ။

ကျီတန်ထု ဒေါသမိုးထိတက်လာတာသိလိုက်သော် အခြေအနေကိုချက်ချင်း မထိန်းပါက သူဆုတ်ဖြဲခံရမည်ဖြစ်ကြောင်း ဇူအန်သိလိုက်သည်။ ပါးစပ်က လွှတ်ခနဲထွက်သွားသည်။
"နတ်ဆေးဆရာကျီ အထင်လွဲနေပြီ။ ကျုပ်တို့ ရှောင်ချီအကြောင်းပြောနေတာ မဟုတ်ဘူး။ နွေဦးလေ ၁၈မျိုး မိထားတာ ချူသခင်မပါ"

ပြောရင်း ချင်ဝမ်ယွီကို လှည့်ပြလိုက်သည်။ လတ်တလော သတိမေ့နေ၍ မျက်နှာတစ်ခုလုံး နီရဲနေသည်။ ကိုယ်အပူချိန်က ကြောက်စရာကောင်းလောက်အောင် ပူလောင်နေပြီး အဝတ်မှတစ်ဆင့်ပင် ဇူအန် အပူကို ခံစားနိုင်လေသည်။
ဆေးအစွမ်းကြောင့်လားမသိ ။ သူ့တစ်ကိုယ်လုံး ရနံ့ သင်းကြိုင်နေသည်။ နှင်းဆီနံနှင့် ဆင်သော်လည်း မတူထူးခြားနေသေးသည်။

"ဝမ်ယွီလား" ဇူအန်ရင်ခွင်ထဲမှ လှရက်လွန်းသော မိန်းမကိုမြင်သော် ကျီတန်ထု မျက်လုံး အရောင်တောက်လာသည်။
"ကိစ္စမရှိဘူး။ ငါသူ့ကို ကုပေးမယ်"

ချက်ချင်း ချင်ဝမ်ယွီကို ယူရန် လက်ဆန့်ထုတ်လာသည်။

ဇူအန် အမြန်နောက်တစ်လှမ်းဆုတ်လိုက်သည်။ ကျီတန်ထုကို ခုခံကာကွယ်ဟန် ကြည့်လိုက်ပြီး
"ဒီကိစ္စကို နတ်ဆေးဆရာကျီကို အပူပေးဖို့မလိုဘူးထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းမနဲ့ယောက်ျားက ကွာတယ်လေ။ ဒီကိစ္စမှာ ရှောင်ချီရဲ့ အကူအညီလိုတယ်"

နောက်နေတာလား။ ခင်ဗျား ဘယ်လိုလူစားမျိုးလဲ ကျုပ်မသိဘူး ထင်နေလား။
ဒီလူက ငါ့ကို ချင်ဝမ်ယွီအတွင်းခံ တောင်းဖူးတယ်လေ။ ဒီလိုလူမျိုးဆီ ချင်ဝမ်ယွီကို ဘယ်လိုပေးလို့ ရမှာလဲ။ ဒါက သိုးတစ်ကောင်ကို ကျားဂူထဲ ပို့လိုက်တာနဲ့ အတူတူပဲလေ။

ကျီတန်ထု ပြုံးလိုက်ပြီး
"အဲ့တာမဖြစ်ဘူး မဖြစ်ဘူး။ ရှောင်ချီက အဲ့တာမျိုးကို ဘယ်လိုကုသရမလဲ မသိဘူး။ အဲ့တာက ငါကုမှရမှာ"

ဇူအန် လှောင်လိုက်သည်။
ပေါက်ကရတွေ ။ ခင်ဗျားတွေးနေတဲ့ နည်းလမ်းကတော့ ကျုပ်လည်း လုပ်နိုင်တာပေါ့။ အဲ့လိုသာဆို ဘာလို့ ဒီအထိ လာနေဦးမှာလဲ။
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ဘယ်သူကမှ အလျော့မပေးချေ။

ကျီရှောင်ချီ ဆက်မကြည့်နိုင်တော့၍ ရှေ့တက်ကာ ပြောလိုက်သည်။
"ကျွန်မ စမ်းကြည့်မယ်"

သူက နဂိုတည်းက စိတ်ထားကောင်းသူပင်။ ချင်ဝမ်ယွီ ဘယ်လိုအဆိပ်မျိုးမိထားလဲ သိလိုက်သော် သူလည်း တူညီသောအရာကို တွေ့ကြုံဖူး၍ သနားမိသွားသည်။

ကျီရှောင်ချီ ကုသမည်ဟုကြားသော် ဇူအန် စိတ်အေးသွားရသည်။ ချင်ဝမ်ယွီကို လက်လွှဲပေးမည်ကြံလိုက်ချိန် ကျီရှောင်ချီ၏ ကိုယ်သေးသေးကို မြင်လိုက်ရသည်။ သူမနိုင်မည် စိုးသဖြင့် ချင်ဝမ်ယွီကို အထဲသို့ပို့ရန် ဆုံးဖြတ်လိုက်သည်။

ဇူအန် လမ်းလျှောက်ရင်း ပြောလာသည်။
"သူက ဒဏ့်ရာအပြင်းအထန်လည်း ရထားတယ်။ အချိန်မရွေး အသက်ဆုံးရှုံးနိုင်တယ်"

ကျီတန်ထု၏ ပေါ့ပျက်ပျက် အပြုံးလည်း ပျောက်ကွယ်သွားသည်။ မျက်မှောင်ကြုံ့၍ လျှောက်လိုက်လာသည်။ ချင်ဝမ်ယွီ နောက်ကျောက ဒဏ်ရာကိုကြည့်၍ ပြောလာသည်။
"နှလုံးခြွေလက်သီးလား ဟုန်ကျုံး ပုန်ကန်တာလား။ ဒါက လုံးဝ မထင့်မှတ်ထားစရာပဲ"

ဇူအန် အံ့သြသွားသည်။
ဒီလူက ချူအိမ်ကို တကယ်အတော်လေး သိပုံပဲ။

ကျီတန်ထု ဆေးလုံးတစ်ခု ထုတ်လိုက်ပြီး ချင်ဝမ်ယွီကို ကျွေးလိုက်သည်။
"ဒီဆေးက သူ့နှလုံးဘေးက သွေးကြောတွေကို ယာယီ ကာကွယ်ပေးလိမ့်မယ်။ သူ့ကို အရင်အဆိပ်ဖြေပြီးမှ ဒဏ်ရာကုကြတာပေါ့။ တစ်ခြားဆေးတွေ ပေးလိုက်တာက သူ့အခြေအနေကို ပိုဆိုးစေလိမ့်မယ်။ ငါတို့ အမြန်လုပ်မှရမယ်"

ကျီတန်ထုမျက်နှာ အရမ်းတည်နေသောကြောင့် ဇူအန် ထိတ်လန့်သွားသည်။
"တကယ် အဲ့လောက် ဆိုးလို့လား"

"မင်းထင်ထားတာထက် ပိုဆိုးတယ်" ကျီတန်ထုမျက်နှာက ညှို့မှိုင်းနေသည်။ ထို့နောက် ကျီရှောင်ချီကို ပြောလာသည်။
"ရှောင်ချီ သူမိနေတဲ့အဆိပ်က နွေဦးလေ ၁၈မျိုး မဟုတ်ဘူး။ နွားသိုးနို့နှစ်ပဲ။ ငါသင်ထားတဲ့ ဖြေနည်းကိုသုံး။နှလုံးငြိမ်ဆေးကိုရောပြီး တော်ဝင်ဝါးဆေးရွက်၊ အမြစ်မဲ့ရေ..."

"ဟုတ်ပြီ ဟုတ်ပြီ အဖေတို့ယောက်ျားသားတွေ သွားကြတော့" ကျီရှောင်ချီ နှစ်ယောက်လုံး၏နောက်ကျောကို လက်တစ်ဖက်စီဖြင့် တွန်းကာ တံခါးပိတ်လိုက်သည်။

ကျီတန်ထုက နောက်လှည့်၍ တစ်ခုခုပြောရန်ပြင်မလို့ပင်။ တံခါးက သူ့နှာခေါင်းကို ရိုက်မိသွားသည်။ ချက်ချင်း ဝမ်းနည်းသွားသည်။
"ဘာလို့ ဒီလောက်ကာကွယ်နေရတာလဲ။ မိန်းကလေးတွေက သူ့အဖေကို ကပ်တွယ်ပြီး မင်းသမီးလေးတစ်ယောက်လို ပြုမူမယ်လို့ မပြောကြဘူးလား။ ငါ့သမီးက အဲ့လိုကို မဟုတ်ဘူး"

ဇူအန် သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
ဒီလူ တကယ်ပဲ ကိုယ့်ကိုကိုယ် မသိဘူးလား။
ထိုသို့ပြောမိသော်လည်း စိတ်ထဲမှ မလေးစားဘဲ မနေနိုင်ပင်။ ချင်ဝမ်ယွီက နွေဦးလေ ၁၈မျိုးမိတာ မဟုတ်ဘူးလို့ ကျီရှောင်ချီကို သတိပေးရန်ပြင်တုန်းရှိသေး ကျီတန်ထုက ထိုးဖောက်မြင်နိုင်သွားသည်။ နတ်ဆေးဆရာ ဂုဏ်သတင်းနှင့် ကိုက်ညီပေသည်။

"ချူအိမ်မှာ ဘာဖြစ်သွားတာလဲ ပြောပြ" ကျီတန်ထု သူ့ကို ဘေးသို့ဆွဲကာ အပြင်က လှေကားတွင် ထိုင်လိုက်သည်။
ဇူအန် အဖြစ်အပျက်အလုံးစုံကို ပြန်ပြောပြလိုက်သည်။

"ချူကျုန်းထန် မင်း သတ္တိမရှိတဲ့ အလကားကောင်" ကျီတန်ထု စိတ်တိုစွာ ပြောလာသည်။
"အပြင်က ပြဿနာကိုလည်း မဖြေရှင်းနိုင်ဘူး။ အိမ်တွင်းမှာ မင်းမိန်းမကိုတောင် မကာကွယ်နိုင်ဘူး။ ဝမ်ယွီ အရင်တုန်းက မင်းကိုရွေးတာ ကန်းနေလို့ပဲ"

"အရင်တုန်းက သခင်မနဲ့ ဇာတ်လမ်း ရှိခဲ့လို့လား" ဇူအန် မေးစမ်းလိုက်သည်။
ကျီတန်ထု မြောက်ကြွကြွ ပြန်ဖြေသည်။
"ငါတို့နှစ်ယောက်က အင်မတန် လိုက်ဖက်တဲ့စုံတွဲပဲ။ ဒါပေမဲ့ ချူကျုန်းထန်က မြို့တော်ဝန်ရာထူးသုံးပြီး လုသွားတာ။ ချင်အိမ်ကလည်း သူတို့အကျိုးကို ကြည့်တာလေ။ အဲ့တာကြောင့် ငါတို့ အချစ်ငှက်တွေက ဘာမှပြောစရာမရှိလိုက်ဘဲ ကွဲကွာသွားရတာ"

ဇူအန် ကြောင်တောင်တောင် ငေးကြည့်မိသည်။
ကိုယ့်လူ ကိုယ့်စကားကိုယ်ရော ပြန်နားထောင်မိလား ။ ခင်ဗျားက ရူးနေတာပဲ။
ချင်ဝမ်ယွီက ကျီတန်ထုအကြောင်းပြောတိုင်း အထင်သေးမှုအပြည့်ပင်။ ကျီတန်ထုကို တွေ့ချိန်တိုင်း ချစ်ခင်စိတ် တစ်စက်လေးမှ မရှိပေ။

"ပြောရရင် အဲ့ဒီ ချူတိုင်းရှန်က ကြည့်တော့ဖြင့် ငကြောက်လိုလို ငတုံးလိုလိုနဲ့။ ဒီလိုအစွမ်းအစ ရှိမယ် မထင်ထားမိဘူး" ကျီတန်ထု အထင်ကြီးသောလေသံဖြင့် ပြောလာသည်။

ဇူအန် သိချင်သွားသည်။
"အစွမ်းအစလား။ ချူအိမ်ကို သူလက်လွှဲယူနိုင်တာကို ပြောတာလား"

"မင်းက အဲ့တာကို အစွမ်းအစ ထင်နေလား" ကျီတန်ထုက ဇူအန်ကို ငတုံးတစ်ယောက်လို ကြည့်လာသည်။
"သူ နွားသို့နို့နှစ် ရနိုင်တဲ့ အချက်ကို ပြောနေတာ။ ငါ ဒီမြေပေါ်အသက်ရှင်နေတဲ့တစ်လျှောက်လုံး အငယ်တုန်းက ပမာဏနည်းနည်းလေးပဲ ကြုံခဲ့ဖူးတာ။ ဟင်း..ကလေးတွေက ခပ်နုံနုံတွေလုပ်တတ်ကြတယ်။ နောက်တော့ ငါဘယ်လောက် ကြိုးစားပြီးရှာရှာ မတွေ့တော့ဘူး။ ဟမ့် ချူအိမ် ဒုတိယသခင်မှာ ရှိမယ် မထင်ထားဘူး။ အခွင့်အရေးရရင် သူ့ဆီက ခိုးသင့် ခိုးရဦးမယ်"

------ -------------------------------------------- ----- - - - - - - ----- -

Chapter 371: ငါကုမွရမွာ

ခႏၶာကိုယ္ေသးေသးေလးတစ္ခု ေနာက္လန္က်သြားတာ ေတြ႕လိုက္ရသည္။ အျမန္တုံ႕ျပန္လိုက္ၿပီး ဇူအန္လက္ထုတ္ကာ လွမ္းဆြဲလိုက္သည္။ သူ႕လက္ေခ်ာင္းမ်ားက ေအးျမေသာလက္တစ္ဖက္ကို ဆုတ္ကိုင္လိုက္မိၿပီး ခံစားရေကာင္းေလသည္။

တစ္လမ္းလုံးေျပးလာရ၍ သူ႕ကိုယ္အပူခ်ိန္က ျမင့္တက္လာေသာေၾကာင့္လည္း ျဖစ္နိုင္သည္။
ထို႔ေၾကာင့္ ဒီလက္က အလြန္ ထိေတြ႕ရတာေကာင္းေနသည္။ လက္ပင္ မလႊတ္ခ်င္ေတာ့ေပ။

သူဘယ္သူ႕ကိုကိုင္ထားလဲ သိလိုက္ရေသာ္ ဇူအန္ စိတ္လႈပ္ရွားသြားသည္။
"ေရွာင္ခ်ီ ဘုရားမလို႔ မင္းနဲ႕ႀကဳံတာပဲ. ။ငါမင္းကို..."
သူ႕စကားမဆုံးခင္မွာပင္ က်ီေရွာင္ခ်ီ မ်က္ႏွာရဲလာၿပီး လက္ကို႐ုန္းကာ ျပန္ေျပးရန္ျပင္လိုက္သည္။

ႏြေဦးေလ ၁၈မ်ိဳး ကိစၥေၾကာင့္ သူ႕ကိုစိတ္ဆိုးေနေသးေၾကာင္း ဇူအန္ သတိရလိုက္သည္။ သို႔ေသာ္ ဒီေလာက္အၾကာႀကီး အျငႇိုးထားမည္ဟုေတာ့ မထင္ေပ။
"ေရွာင္ခ်ီ ငါ မင္းအကူအညီ တကယ္လိုလို႔ပါ" ဇူအန္ ကဗ်ာကယာ ေျပာလိုက္သည္။ ခ်င္ဝမ္ယြီက သတိေမ့ခါနီးၿပီ။ သူ႕ရင္ခြင္ထဲတြင္ ေပ်ာ့ေခြေနေလသည္။

"ရွင့္ကို မကူညီဘူး" က်ီေရွာင္ခ်ီ သူ႕ရင္ခြင္ထဲက မိန္းမကို တစ္ခ်က္ၾကည့္လိုက္သည္။ ခ်င္ဝမ္ယြီ မ်က္ႏွာက ဇူအန္ရင္ဘတ္ကို အပ္ထားေလသည္။
ဒီလူက တစ္ျခားမိန္းမတစ္ေယာက္ကို ေပြ႕ရင္း ငါ့ဆီေရာက္လာေသးတယ္..

သင္သည္ က်ီေရွာင္ခ်ီ ထံမွ အမ်က္ပြိုင့္ ၃၃..၃၃..၃၃..ရယူလိုက္သည္။

အမ်က္ပြိုင့္ကိုျမင္ေသာ္ ဇူအန္လုံးဝ ေၾကာက္အသြားသည္။ ဒီကေလးမက ပုံမွန္ဆို သေဘာေကာင္းပါတယ္။ ဒီလို ျပဳမူမည္ဟု ထင္မထားမိေပ။

"ေရွာင္ခ်ီ ႏြေဦးေလ ၁၈မ်ိဳးကိစၥက ငါမွားတာပါ။ မင္းငါ့ကို ႀကိဳက္သလို ဆူနိုင္ ရိုက္နိုင္တယ္။ ဒါေပမဲ့ ဒီေန႕ေတာ့ မင္းငါ့ကို လူတစ္ေယာက္ကို ကူညီၿပီး ကယ္ေပးဖို႔လိုတယ္" ဇူအန္ တကယ္ကို စိတ္ပူပန္ေနသည္။

က်ီေရွာင္ခ်ီ မ်က္ႏွာရဲသြားသည္။ မေတာ္တဆ ႏြေဦးေလ ၁၈မ်ိဳးကို စမ္းခိုင္း႐ုံေလာက္ကေတာ့ ဤမွ် စိတ္ဆိုးမည္မဟုတ္ေပ။ သူမကိုတကယ္ စိတ္ဆိုးေစတာက သူအဝတ္ခြၽတ္ၿပီး ေရစိမ္ေနတဲ့အခ်ိန္ၿပီးေတာ့ ဇူအန္က သူမကိုျမင္႐ုံမက ထိပါ ထိေတြ႕လိုက္ေသးသည္။ထို႔ေနာက္ ခ်ဴဟြမ္ေက်ာက္၏ အထင္လြဲခံရျခင္းက ကိစၥကို ပိုဆိုးသြားေစသည္။
သူမက အၿမဲတမ္း ျဖဴစင္ခဲ့သည္။ ဒီလိုကိစၥမ်ိဳး ဘယ္တုန္းက ႀကဳံဖူးလို႔လဲ။ ဒါ့ေၾကာင့္ တစ္ခ်ိန္လုံး အျငႇိုးထားမိေနၿပီး ဇူအန္ကိုျမင္တိုင္း ခံစားခ်က္မ်ား ရႈပ္ေထြးေနျခင္းပင္။

သူ႕ကို ျငင့္းလိုက္ခ်င္ေသာ္လည္း ၾကင္နာႏူးညံ့ေသာ သူ႕စိတ္တစ္ျခမ္းက ဇူအန္ရင္ခြင္ထဲကအမ်ိဳးသမီးတြင္ တစ္ခုခုျဖစ္ေနမွန္း သတိထားမိလိုက္သည္။ တစ္ခုခုေျပာရန္ျပင္လိုက္စဥ္ပင္ အိမ္ေနာက္ေဖးမွ ေဒါသတႀကီးေအာ္ဟစ္သံတစ္ခု ေပၚလာသည္။
"ႏြေဦးေလ ၁၈ မ်ိဳးလား။ မင္း ငါ့သမီးကို အနိုင္က်င့္ရဲတယ္ေပါ့"

သင္သည္ က်ီတန္ထု ထံမွ အမ်က္ပြိုင့္ ၆၇၈ ရယူလိုက္သည္။

က်ီတန္ထု ေအာ္ဟစ္၍ ထြက္လာသည္။ သူ႕ၾကည့္ရတာ ဇူအန္ကို တစ္စစီ ဆြဲၿဖဲပစ္မည့္ပုံပင္။
ဇူအန္ ေၾကာက္လန့္ကာ ေနာက္ကို ခုန္မိသြားသည္။

သူဘာမွ မရွင္းျပနိုင္ခင္ က်ီေရွာင္ခ်ီက အသည္းအသန္ ထတားသည္။
"အေဖ အေဖထင္သလိုမဟုတ္ဘူး"

"ဘာလို႔ ငါထင္သလိုမဟုတ္ရမွာလဲ။ မင္းတို႔ ႏြေဦးေလ ၁၈ မ်ိဳးလို႔ ေျပာေနတာ ငါ ၾကားတယ္။ ဒီတိရိစ္ဆာန္က ဘယ္လိုလုပ္ ဒီေလာက္ရက္စက္တဲ့ေဆးကို မင္းအေပၚ သုံးရဲရတာလဲ။ သူ႕ကို အရွင္လတ္လတ္ အေရခြံ ခြာမွာ"က်ီတန္ထုက သူ႕သမီးအေပၚ ခ်စ္လြန္းေသာ အကာအကြယ္ႀကီးသည့္ ဖခင္တစ္ေယာက္ပင္။

ဒီေလာက္ ႏွစ္ေတြအမ်ားႀကီး ဂ႐ုတစိုက္ေစာင့္ေရွာက္လာတာေတာင္ သူ႕ပုလဲလုံးေလးက ဝက္စားတာ ခံလိုက္ရတယ္။ ေနဦးအဲ့ဒီေဆးက ၁၈ႀကိမ္ ၿပီးမွ ေဆးစြမ္းျပယ္တာမလား။  သူေတာ့ ေဒါသထြက္၍ ေသေတာ့မည္။

သင္သည္ က်ီတန္ထုထံမွ အမ်က္ပြိုင့္ ၉၉၉...၉၉၉...၉၉၉...ရယူလိုက္သည္။

က်ီတန္ထု မ်က္ႏွာေလးက အေတာ္ေလး နီရဲလာသည္။ သူရွင္းျပခ်င္ေသာ္လည္း ဘယ္က စတင္ ရွင္းျပရမလဲ မသိေပ။

က်ီတန္ထု ေဒါသမိုးထိတက္လာတာသိလိုက္ေသာ္ အေျခအေနကိုခ်က္ခ်င္း မထိန္းပါက သူဆုတ္ၿဖဲခံရမည္ျဖစ္ေၾကာင္း ဇူအန္သိလိုက္သည္။ ပါးစပ္က လႊတ္ခနဲထြက္သြားသည္။
"နတ္ေဆးဆရာက်ီ အထင္လြဲေနၿပီ။ က်ဳပ္တို႔ ေရွာင္ခ်ီအေၾကာင္းေျပာေနတာ မဟုတ္ဘူး။ ႏြေဦးေလ ၁၈မ်ိဳး မိထားတာ ခ်ဴသခင္မပါ"

ေျပာရင္း ခ်င္ဝမ္ယြီကို လွည့္ျပလိုက္သည္။ လတ္တေလာ သတိေမ့ေန၍ မ်က္ႏွာတစ္ခုလုံး နီရဲေနသည္။ ကိုယ္အပူခ်ိန္က ေၾကာက္စရာေကာင္းေလာက္ေအာင္ ပူေလာင္ေနၿပီး အဝတ္မွတစ္ဆင့္ပင္ ဇူအန္ အပူကို ခံစားနိုင္ေလသည္။
ေဆးအစြမ္းေၾကာင့္လားမသိ ။ သူ႕တစ္ကိုယ္လုံး ရနံ႕ သင္းႀကိဳင္ေနသည္။ ႏွင္းဆီနံႏွင့္ ဆင္ေသာ္လည္း မတူထူးျခားေနေသးသည္။

"ဝမ္ယြီလား" ဇူအန္ရင္ခြင္ထဲမွ လွရက္လြန္းေသာ မိန္းမကိုျမင္ေသာ္ က်ီတန္ထု မ်က္လုံး အေရာင္ေတာက္လာသည္။
"ကိစၥမရွိဘူး။ ငါသူ႕ကို ကုေပးမယ္"

ခ်က္ခ်င္း ခ်င္ဝမ္ယြီကို ယူရန္ လက္ဆန့္ထုတ္လာသည္။

ဇူအန္ အျမန္ေနာက္တစ္လွမ္းဆုတ္လိုက္သည္။ က်ီတန္ထုကို ခုခံကာကြယ္ဟန္ ၾကည့္လိုက္ၿပီး
"ဒီကိစၥကို နတ္ေဆးဆရာက်ီကို အပူေပးဖို႔မလိုဘူးထင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ မိန္းမနဲ႕ေယာက္်ားက ကြာတယ္ေလ။ ဒီကိစၥမွာ ေရွာင္ခ်ီရဲ႕ အကူအညီလိုတယ္"

ေနာက္ေနတာလား။ ခင္ဗ်ား ဘယ္လိုလူစားမ်ိဳးလဲ က်ဳပ္မသိဘူး ထင္ေနလား။
ဒီလူက ငါ့ကို ခ်င္ဝမ္ယြီအတြင္းခံ ေတာင္းဖူးတယ္ေလ။ ဒီလိုလူမ်ိဳးဆီ ခ်င္ဝမ္ယြီကို ဘယ္လိုေပးလို႔ ရမွာလဲ။ ဒါက သိုးတစ္ေကာင္ကို က်ားဂူထဲ ပို႔လိုက္တာနဲ႕ အတူတူပဲေလ။

က်ီတန္ထု ၿပဳံးလိုက္ၿပီး
"အဲ့တာမျဖစ္ဘူး မျဖစ္ဘူး။ ေရွာင္ခ်ီက အဲ့တာမ်ိဳးကို ဘယ္လိုကုသရမလဲ မသိဘူး။ အဲ့တာက ငါကုမွရမွာ"

ဇူအန္ ေလွာင္လိုက္သည္။
ေပါက္ကရေတြ ။ ခင္ဗ်ားေတြးေနတဲ့ နည္းလမ္းကေတာ့ က်ဳပ္လည္း လုပ္နိုင္တာေပါ့။ အဲ့လိုသာဆို ဘာလို႔ ဒီအထိ လာေနဦးမွာလဲ။
သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ၿပီး ဘယ္သူကမွ အေလ်ာ့မေပးေခ်။

က်ီေရွာင္ခ်ီ ဆက္မၾကည့္နိုင္ေတာ့၍ ေရွ႕တက္ကာ ေျပာလိုက္သည္။
"ကြၽန္မ စမ္းၾကည့္မယ္"

သူက နဂိုတည္းက စိတ္ထားေကာင္းသူပင္။ ခ်င္ဝမ္ယြီ ဘယ္လိုအဆိပ္မ်ိဳးမိထားလဲ သိလိုက္ေသာ္ သူလည္း တူညီေသာအရာကို ေတြ႕ႀကဳံဖူး၍ သနားမိသြားသည္။

က်ီေရွာင္ခ်ီ ကုသမည္ဟုၾကားေသာ္ ဇူအန္ စိတ္ေအးသြားရသည္။ ခ်င္ဝမ္ယြီကို လက္လႊဲေပးမည္ႀကံလိုက္ခ်ိန္ က်ီေရွာင္ခ်ီ၏ ကိုယ္ေသးေသးကို ျမင္လိုက္ရသည္။ သူမနိုင္မည္ စိုးသျဖင့္ ခ်င္ဝမ္ယြီကို အထဲသို႔ပို႔ရန္ ဆုံးျဖတ္လိုက္သည္။

ဇူအန္ လမ္းေလွ်ာက္ရင္း ေျပာလာသည္။
"သူက ဒဏ့္ရာအျပင္းအထန္လည္း ရထားတယ္။ အခ်ိန္မေ႐ြး အသက္ဆုံးရႈံးနိုင္တယ္"

က်ီတန္ထု၏ ေပါ့ပ်က္ပ်က္ အၿပဳံးလည္း ေပ်ာက္ကြယ္သြားသည္။ မ်က္ေမွာင္ႀကဳံ႕၍ ေလွ်ာက္လိုက္လာသည္။ ခ်င္ဝမ္ယြီ ေနာက္ေက်ာက ဒဏ္ရာကိုၾကည့္၍ ေျပာလာသည္။
"ႏွလုံးေႁခြလက္သီးလား ဟုန္က်ဳံး ပုန္ကန္တာလား။ ဒါက လုံးဝ မထင့္မွတ္ထားစရာပဲ"

ဇူအန္ အံ့ၾသသြားသည္။
ဒီလူက ခ်ဴအိမ္ကို တကယ္အေတာ္ေလး သိပုံပဲ။

က်ီတန္ထု ေဆးလုံးတစ္ခု ထုတ္လိုက္ၿပီး ခ်င္ဝမ္ယြီကို ေကြၽးလိုက္သည္။
"ဒီေဆးက သူ႕ႏွလုံးေဘးက ေသြးေၾကာေတြကို ယာယီ ကာကြယ္ေပးလိမ့္မယ္။ သူ႕ကို အရင္အဆိပ္ေျဖၿပီးမွ ဒဏ္ရာကုၾကတာေပါ့။ တစ္ျခားေဆးေတြ ေပးလိုက္တာက သူ႕အေျခအေနကို ပိုဆိုးေစလိမ့္မယ္။ ငါတို႔ အျမန္လုပ္မွရမယ္"

က်ီတန္ထုမ်က္ႏွာ အရမ္းတည္ေနေသာေၾကာင့္ ဇူအန္ ထိတ္လန့္သြားသည္။
"တကယ္ အဲ့ေလာက္ ဆိုးလို႔လား"

"မင္းထင္ထားတာထက္ ပိုဆိုးတယ္" က်ီတန္ထုမ်က္ႏွာက ညွို႔မွိုင္းေနသည္။ ထို႔ေနာက္ က်ီေရွာင္ခ်ီကို ေျပာလာသည္။
"ေရွာင္ခ်ီ သူမိေနတဲ့အဆိပ္က ႏြေဦးေလ ၁၈မ်ိဳး မဟုတ္ဘူး။ ႏြားသိုးနို႔ႏွစ္ပဲ။ ငါသင္ထားတဲ့ ေျဖနည္းကိုသုံး။ႏွလုံးၿငိမ္ေဆးကိုေရာၿပီး ေတာ္ဝင္ဝါးေဆး႐ြက္၊ အျမစ္မဲ့ေရ..."

"ဟုတ္ၿပီ ဟုတ္ၿပီ အေဖတို႔ေယာက္်ားသားေတြ သြားၾကေတာ့" က်ီေရွာင္ခ်ီ ႏွစ္ေယာက္လုံး၏ေနာက္ေက်ာကို လက္တစ္ဖက္စီျဖင့္ တြန္းကာ တံခါးပိတ္လိုက္သည္။

က်ီတန္ထုက ေနာက္လွည့္၍ တစ္ခုခုေျပာရန္ျပင္မလို႔ပင္။ တံခါးက သူ႕ႏွာေခါင္းကို ရိုက္မိသြားသည္။ ခ်က္ခ်င္း ဝမ္းနည္းသြားသည္။
"ဘာလို႔ ဒီေလာက္ကာကြယ္ေနရတာလဲ။ မိန္းကေလးေတြက သူ႕အေဖကို ကပ္တြယ္ၿပီး မင္းသမီးေလးတစ္ေယာက္လို ျပဳမူမယ္လို႔ မေျပာၾကဘူးလား။ ငါ့သမီးက အဲ့လိုကို မဟုတ္ဘူး"

ဇူအန္ သူ႕ကို ထူးထူးဆန္းဆန္း ၾကည့္လိုက္သည္။
ဒီလူ တကယ္ပဲ ကိုယ့္ကိုကိုယ္ မသိဘူးလား။
ထိုသို႔ေျပာမိေသာ္လည္း စိတ္ထဲမွ မေလးစားဘဲ မေနနိုင္ပင္။ ခ်င္ဝမ္ယြီက ႏြေဦးေလ ၁၈မ်ိဳးမိတာ မဟုတ္ဘူးလို႔ က်ီေရွာင္ခ်ီကို သတိေပးရန္ျပင္တုန္းရွိေသး က်ီတန္ထုက ထိုးေဖာက္ျမင္နိုင္သြားသည္။ နတ္ေဆးဆရာ ဂုဏ္သတင္းႏွင့္ ကိုက္ညီေပသည္။

"ခ်ဴအိမ္မွာ ဘာျဖစ္သြားတာလဲ ေျပာျပ" က်ီတန္ထု သူ႕ကို ေဘးသို႔ဆြဲကာ အျပင္က ေလွကားတြင္ ထိုင္လိုက္သည္။
ဇူအန္ အျဖစ္အပ်က္အလုံးစုံကို ျပန္ေျပာျပလိုက္သည္။

"ခ်ဴက်ဳန္းထန္ မင္း သတၱိမရွိတဲ့ အလကားေကာင္" က်ီတန္ထု စိတ္တိုစြာ ေျပာလာသည္။
"အျပင္က ျပႆနာကိုလည္း မေျဖရွင္းနိုင္ဘူး။ အိမ္တြင္းမွာ မင္းမိန္းမကိုေတာင္ မကာကြယ္နိုင္ဘူး။ ဝမ္ယြီ အရင္တုန္းက မင္းကိုေ႐ြးတာ ကန္းေနလို႔ပဲ"

"အရင္တုန္းက သခင္မနဲ႕ ဇာတ္လမ္း ရွိခဲ့လို႔လား" ဇူအန္ ေမးစမ္းလိုက္သည္။
က်ီတန္ထု ေျမာက္ႂကြႂကြ ျပန္ေျဖသည္။
"ငါတို႔ႏွစ္ေယာက္က အင္မတန္ လိုက္ဖက္တဲ့စုံတြဲပဲ။ ဒါေပမဲ့ ခ်ဴက်ဳန္းထန္က ၿမိဳ႕ေတာ္ဝန္ရာထူးသုံးၿပီး လုသြားတာ။ ခ်င္အိမ္ကလည္း သူတို႔အက်ိဳးကို ၾကည့္တာေလ။ အဲ့တာေၾကာင့္ ငါတို႔ အခ်စ္ငွက္ေတြက ဘာမွေျပာစရာမရွိလိုက္ဘဲ ကြဲကြာသြားရတာ"

ဇူအန္ ေၾကာင္ေတာင္ေတာင္ ေငးၾကည့္မိသည္။
ကိုယ့္လူ ကိုယ့္စကားကိုယ္ေရာ ျပန္နားေထာင္မိလား ။ ခင္ဗ်ားက ႐ူးေနတာပဲ။
ခ်င္ဝမ္ယြီက က်ီတန္ထုအေၾကာင္းေျပာတိုင္း အထင္ေသးမႈအျပည့္ပင္။ က်ီတန္ထုကို ေတြ႕ခ်ိန္တိုင္း ခ်စ္ခင္စိတ္ တစ္စက္ေလးမွ မရွိေပ။

"ေျပာရရင္ အဲ့ဒီ ခ်ဴတိုင္းရွန္က ၾကည့္ေတာ့ျဖင့္ ငေၾကာက္လိုလို ငတုံးလိုလိုနဲ႕။ ဒီလိုအစြမ္းအစ ရွိမယ္ မထင္ထားမိဘူး" က်ီတန္ထု အထင္ႀကီးေသာေလသံျဖင့္ ေျပာလာသည္။

ဇူအန္ သိခ်င္သြားသည္။
"အစြမ္းအစလား။ ခ်ဴအိမ္ကို သူလက္လႊဲယူနိုင္တာကို ေျပာတာလား"

"မင္းက အဲ့တာကို အစြမ္းအစ ထင္ေနလား" က်ီတန္ထုက ဇူအန္ကို ငတုံးတစ္ေယာက္လို ၾကည့္လာသည္။
"သူ ႏြားသို႔နို႔ႏွစ္ ရနိုင္တဲ့ အခ်က္ကို ေျပာေနတာ။ ငါ ဒီေျမေပၚအသက္ရွင္ေနတဲ့တစ္ေလွ်ာက္လုံး အငယ္တုန္းက ပမာဏနည္းနည္းေလးပဲ ႀကဳံခဲ့ဖူးတာ။ ဟင္း..ကေလးေတြက ခပ္ႏုံႏုံေတြလုပ္တတ္ၾကတယ္။ ေနာက္ေတာ့ ငါဘယ္ေလာက္ ႀကိဳးစားၿပီးရွာရွာ မေတြ႕ေတာ့ဘူး။ ဟမ့္ ခ်ဴအိမ္ ဒုတိယသခင္မွာ ရွိမယ္ မထင္ထားဘူး။ အခြင့္အေရးရရင္ သူ႕ဆီက ခိုးသင့္ ခိုးရဦးမယ္"

------ -------------------------------------------- ----- - - - - - - ----- -

Continue Reading

You'll Also Like

1.1M 65.7K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
1.7M 94.3K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
992K 76.7K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
378K 25.4K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"