Chapter 362: မမျှော်လင့်ထားသော
ချင်ဝမ်ယွီက သူ့ကို စိုက်သာကြည့်နေလိုက်သည်။
သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိလိုက်သည်။
ဒီကမ္ဘာမှာ ဒီလောက် စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ သူ ဘယ်လို ရှိနေရတာလဲ။
သူမက ဇူအန်၏ မျက်ခွက်ကို မြေပြင်နှင့် မိတ်ဆက်ပေးချင်နေမိသည်။
ခပ်ကျယ်ကျယ် နှာမှုတ်ကာ သူမ လှည့်ထွက်သွားသည်။ ဇူအန် ထံမှ အခြားစကားလုံးတစ်ခု ထွက်လာပါက သူမကိုယ်သူမ ထိန်းနိုင် မထိန်းနိုင်ကို သံသယရှိနေသည်။
ထိုစိတ်ညစ်စရာကောင်းသော သူ ကို မျက်ခြေဖျက်ရန် တမင်တကာ အမြန်လျှောက်လိုက်သည်။ သို့သော် သူမ လှည့်ကြည့်သောအခါတိုင်းတွင် သူမ၏ အနောက်တွင် အပူအပင်ကင်းသော အမူအရာဖြင့် ကပ်ပါလာသည်ကို မြင်ရသည်။
ဒီကလေးရဲ့ ကျင့်ကြံမှုအဆင့်က ဘာမှမထူးခြားပေမယ့် သူက တကယ်ကို မြန်မြန် လှုပ်ရှားနိုင်တာပဲ။ ချင်ဝမ်ယွီ အနည်းငယ် အံသြသွားသည်။ ထို့နောက် ချူချူယန် မသွားခင် ပြောခဲ့သောစကားများကို ရုတ်တရက် သတိရလိုက်သည်။ သူမ၏ သမီးဖြစ်သူ၏ လူအပေါ် အကဲဖြတ်မှုမှာ သူမထက် ပိုသာနေသည်ကို သူမ ဝန်ခံရပေမည်။
သူတို့နှစ်ဦးလုံး ချူအိမ်တော် သို့ လျှင်မြန်စွာ ပြန်ရောက်လာကြသည်။
ဇူအန်က သူမကို ဆားလက်မှတ်များကို ချက်ချင်း ပြန်ပေးချင်လိုက်သော်လည်း လေဗလာထဲမှ ရုတ်တရက် ဆွဲထုတ်လိုက်ပါက အနည်းငယ် ထူးဆန်းနေမည်ဖြစ်သည်။
ထို့ကြောင့် သူ၏ အခန်းသို့ အရင် ပြန်ကာ အနားယူရန် ဆုံးဖြတ်လိုက်သည်။ ချူချူယန်၏ ရနံ့သင်းသော စောင်ထည်များက သူ၏ အခန်းထက် အဆသန်းပေါင်းများစွာသာလွန်သောကြောင့် အသံမဲ့အဆောင်တွင် အိပ်ချင်ခဲ့သည်။ သို့သော် ထိုအတွေးကို အမြန်ဖျောက်ပစ်လိုက်သည်။ သူ့အကြောင်း အမှန်တရားကို လောင်မိုင် အား ပေးမသိစေလိုပေ။
ဥယျာဉ်မှူးအိုကြီး၏ သရုပ်မှန်ကို ဇူအန် ကောင်းကောင်း ခန့်မှန်းထားမိပြီဖြစ်သည်။ လောင်မိုင် က တော်ဝင်မိန်းမစိုး တစ်ဦးဖြစ်ခဲ့ဟန်ရသည်။ ထိုလူအိုကြီးမှာ သူ့အပေါ် တွယ်ကပ်နေကာ ထူးဆန်းစွာ ပြုမူနေသေးသည်။ စိတ်ရောဂါ ပြဿနာအချို့ တောင် ရှိနေနိုင်သည်။
ဇူအန်က သူ၏ ချိတ်ပိတ်စည်းပြယ်သွားပြီဖြစ်ကြောင်းကို မပြောပြရသေးပေ။
သူ၏ စိတ်မှာ အဖြစ်အပျက်များကို ပြန်တွေးမိနေသည်။ ရှို့ဟုန်လေ က ယခုအကြိမ်တွင် သူ့ကို အမှန်တကယ်ကို လွှတ်ပေးခဲ့သည်။ အင်း ဒီမိန်းကလေးက ငါ့အပေါ် သစ္စာရှိတယ် ထင်တယ်။ အခွင့်တစ်ခုရှာပြီးတော့ သူ့ဆီသွားလည်ပြီးတော့ ကျေးဇူးတင်သင့်တယ်ထင်တယ်...
တစ်နေ့တာ ပင်ပန်းနွမ်းနယ်ဖွယ်ရာ အားစိုက်ထုတ်မှုများကြောင့် ၎င်း ကျပန်းအတွေးများဖြင့်ပင် အိမ်မက်ကမ္ဘာသို့ အမြန်ဝင်ရောက်သွားခဲ့သည်။
...
နောက်တစ်နေ့ မနက်တွင် ဇူအန်က ချင်ဝမ်ယွီ ကို သွားရှာလိုက်သည်။
သူ့တွင် ဤလောက် မနက်စောစော ထရန် ဆန္ဒမရှိသော်လည်း ချင်ဝမ်ယွီ က ဆားလက်မှတ်များကို စိုးရိမ်နေမည်မှာ သေချာနေသည်။
ထိုအရာအကြောင်းကို မေးရန် မနေ့က သူမ အလွန်စိတ်ရှုပ်ထွေးနေသဖြင့်် မမေးခဲ့ရပေ။
သို့သော် သူမက မနက်အစောကြီး လာက သူ့ကို မေးပါက ဇူအန်က လေထဲကနေ ၎င်းတို့ကို ပေါ်လာအောင် မည်သို့ လုပ်ပေးရမည်နည်း။
အသံမဲ့အဆောင် ဆီသို့ အရင်ဆုံး ပြေးသွားလိုက်သည်။ တောက်ပခြင်းဖန်လုံး မှ သေတ္တာကြီးများကို ထုတ်လိုက်သည်။ ထို့နောက်မှ ချင်ဝမ်ယွီ ကို သွားရှာလိုက်သည်။
သူ ရောက်သည်နှင့် သူမ အခန်းထဲမှ အလောတကြီး ထွက်လာသည်ကို မြင်လိုက်ရသည်။ အနောက်တွင် မည်သည့်အစေခံကိုမှ မလိုက်ခိုင်းခဲ့ပေ။
မိတ်ကပ် လည်း သိပ်မလိမ်းထားပေ။ သူမ၏ ပုံမှန်အချိန် ကြီးကျယ်သော ပုံစံ နှင့်ယှဉ်လျှင် လက်ရှိအသွင်အပြင်မှာ ရိုးရှင်းစွာ တင့်တယ်နေသည်။
တစ်ခုရှိသည်မှာ သူမ၏ မျက်နှာအမူအရာ မှာ အနည်းငယ် ဖြူရော်နေသည်။ မနေ့ညက ကောင်းကောင်း မအိပ်စက်ရသောကြောင့် ဖြစ်နိုင်သည်။
ဇူအန် ကို မြင်ရသောအခါ သူမ အံသြသွားသည်။ “အခုပဲ နင့်ကို လာရှာတော့မလို့ပဲ။ အဲ့ဒီ ဆားလက်မှတ်တွေ အကြောင်းကို တစ်ညလုံးတွေးနေခဲ့တာ။ အဲ့ဒါတွေကို ဘယ်မှာထားထားလဲ”
ဇူအန်က သူ့ဟာသူ စောစော နိုးလာခြင်းကို ကျေးဇူးတင်လိုက်သည်။ “ကျုပ်လည်း အခုပဲ လာသတင်းပို့တော့မလို့” ဇူအန် အမြန်ပြောလိုက်သည်။
သူမကို အသံမဲ့ဆောင်သို့ ခေါ်သွားကာ သေတ္တာများကို ညွှန်ပြလိုက်သည်။ “ဒီမှာပဲ”
ချင်ဝမ်ယွီ က ပစ္စည်းများကို စစ်ဆေးလိုက်သည်။ အစီအရီ စီစဉ်ထားသော ဆားခွင့်ပြုမိန့်များကို မြင်လိုက်ရသောအခါ သူမ တင်းထားသော အရာများ လျော့ကျသွားသည်။ “ဒါတွေက အခိုးခံလိုက်ရတဲ့ ဆားလက်မှတ်တွေ အတိအကျပဲ။ ချူကလန် ကို ကယ်တင်လို့ရပြီ။ ကျုန်းထန် ကို ကယ်လို့ရပြီ...”
ဇူအန် ဘက်သို့ လှည့်လိုက်သည်။ “အားဇူ ကျေးဇူးတင်ပါတယ်” သူမ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။
ဇူအန် ပြုံးလိုက်သည်။ “အဲ့ဒါ ကျုပ်ရဲ့ တာဝန် တစ်ခုပါပဲလေ”
ချင်ဝမ်ယွီ ပါးစပ်ဟ လိုက်သည်။ မနေ့ညက သူတို့၏ စကားဝိုင်းကို ပြန်တွေးမိကာ သူ့ကို မည်သည့်ဆုပေးရမည်ကို တွေးလိုက်သည်။ သို့သော်လည်း သူ့ကို ဆုချရန် အရာတစ်ခုမှ တွေးမရပေ။ သူ့တွင် ပိုက်ဆံလည်း မရှားပေ။ သူမ၏ အဖိုးတန်သမီးတောင် ရှိနေသေးသည်။ ဟွမ်ကျောက်ကိုလည်း သူ့ကို ပေးရန် မဖြစ်နိုင်ပေ။
“အို ဟုတ်သားပဲ။ ဒီမျက်နှာဖုံး နင့်ကို ပြန်ပေးဖို့ မေ့နေတာ” သူမက အကြောင်းအရာပြောင်းကာ သူမ၏ တွေဝေမှုကို ဖုံးလိုက်သည်။ “ဒါက ရှားပါးတဲ့ ရတနာတစ်ခုပဲ။ အဲ့ဒါကို ကောင်းကောင်း ဂရုစိုက်ဖို့လိုမယ်”
“သတိပေးတဲ့အတွက် သခင်မကို ကျေးဇူးတင်ပါတယ်” ဇူအန်က ထို အသားကပ် မျက်နှာဖုံးကို သိမ်းဆည်းလိုက်သည်။ “ဒါနဲ့ ကျုပ်တို့ ဆားလက်မှတ်တွေကို ပြန်ရပြီဆိုတော့ ချူယန်ကို ပြန်လာဖို့ ခေါ်လိုက်လို့မရဘူးလား”
ချင်ဝမ်ယွီ ခေါင်းခါလိုက်သည်။ “ဆန်းကလန်က ငါတို့အပေါ်ကို လုံး၀ပစ်မှတ်ထားပြီးသားပဲ။ ခုခံတဲ့ဘက်မှာ နေနေလို့ အကျိုးမထူးဘူး။ ဒါကြောင့် ဒီအခွင့်အရေးကို သုံးပြီးတော့ နောင်ဖြစ်လာမယ့် ပြဿနာတွေကို တစ်ခါတည်း အပြီးရှင်းပစ်ရမယ်။ ဒါပေမယ့် ချူယန်ကို ငါတို့ ပေးသိလို့ရပါသေးတယ်။ အဲ့ဒါက သူ့စိတ်ကို သက်သာစေလိမ့်မယ်”
“သူမကို ဘယ်လိုဆက်သွယ်ရမလဲ။ စာပို့ခို တွေနဲ့လား” ဇူအန် က ကြောင်တောင်တောင် ငေးကြည့်လိုက်သည်။
ချင်ဝမ်ယွီ မျက်လုံးလှန်လိုက်သည်။ သူမ၏ အင်္ကျီလက်ထဲမှ မှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းမှန်အတွင်းသို့ ဝိဉာဉ်ကီတစ်ချို့ ပို့လွှတ်လိုက်သည်။ မှန်၏ မျက်နှာပြင်မှာ လှိုင်းတွန့်သွားပြီး မြူလွှာတစ်ခု ပေါ်လာသည်။
ဇူအန် မျက်လုံးပြူးကျယ်သွားသည်။ မှန်ထဲတွင် ချူချူယန်၏ မျက်နှာပေါ်လာလေသည်။
“အမေ အိမ်မှာ ဘာတွေဖြစ်နေလို့လဲ။ ဘာဖြစ်လို့ ဒီမှန်ကို သုံးပြီးတော့ သမီးကို ဆက်သွယ်ရတာလဲ” ချူချူယန်၏ အသံမှာ စိုးရိမ်မှု လွှမ်းမိုးနေသည်။
ချင်ဝမ်ယွီ အမြန်ပြောလိုက်သည်။ “ချူယန် ဘာမှ စိတ်ပူစရာမရှိပါဘူး။ တကယ်တော့ သတင်းကောင်းတစ်ခု ပေးချင်လို့ ခေါ်လိုက်တာ။ အမေတို့တွေ ချန်ရွှမ်း ခိုးသွားတဲ့ ဆားလက်မှတ်တွေကို ရှာတွေ့ထားပြီ”
သူမ ပြောရင်းဖြင့် မှန်ကို ဆားခွင့်ပြုမိန့် သေတ္တာများ ဘက်သို့ လှည့်ပြလိုက်သည်။
ဇူအန် လုံးဝ ကြောင်အနေသည်။ ထိုအရာက သူ၏ ယခင်ကမ္ဘာက video call နှင့် ဆင်တူနေသည်။
ဤကမ္ဘာသို့ ရောက်ပြီးနောက်တွင် ယခင်ကမ္ဘာ တွင် အသုံးပြုနေသော နည်းစနစ် အများအပြားကို ဤကမ္ဘာတွင် ကျင့်ကြံမှုနှင့် မှော်မျဉ်းများ ကို အသုံးချကာ လုပ်ဆောင်နိုင်သည်ကို ရှာတွေ့ခဲ့ရသည်။
“တကယ်လား။ အဲ့ဒါတွေကို ဘယ်လိုရှာနိုင်ခဲ့တာလဲ” ချူချူယန်၏ အသံတွင် အံသြမှုအပြည့်ပါနေသည်။
ဇူအန် ရှေ့တိုးသွားကာ မှန်အရှေ့တွင် ပြုံးပြလိုက်သည်။ “သေချာပေါက်ကို မင်းရဲ့ အရည်အချင်းရှိတဲ့၊ ရဲရင့်တဲ့၊ အရမ်းတော်တဲ့၊ စကားပြောကောင်းတဲ့ ခင်ပွန်းကြောင့်ပေါ့”
ချူချူယန် ချက်ချင်း ရှက်သွေးဖြာသွားသည်။ “နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်း မနေနိုင်ဘူးလား။ ဒီမှာ အမေရှိနေသေးတယ်လေ”
ချင်ဝမ်ယွီ ပြုံးလိုက်သည်။ “အားဇူ ပြောတာဟုတ်တယ်။ အဲ့ဒါကို သူ ရှာတွေ့ခဲ့တာပဲ။ သူ့အကြောင်း သမီးပြောတာမှန်တယ်”
ဇူအန်က ချင်ဝမ်ယွီ ကို တအံ့တသြ ကြည့်လိုက်သည်။ ဒီနေ့ နေက အနောက်အရပ်ကနေများ စထွက်လာသလားပဲ။ သူ့ယောက္ခမဆီကနေ ချီးမွှမ်းခံလိုက်ရတာ ဟုတ်ရဲ့လား။
“အို ခံစားလို့ အရမ်းကောင်းတာပဲ။ သခင်မ။ အကြိမ်အနည်းငယ်လောက် ထပ်ချီးမွှမ်းပေးလို့ရမလား” ဇူအန် ရယ်ရင်းပြောလိုက်သည်။
ချင်ဝမ်ယွီက သက်ပြင်းချလိုက်ကာ သူ့ကို မျက်လုံးကျဉ်းကာ ကြည့်လိုက်သည်။
ချူချူယန် လည်း သူမ၏ လက်ဖဝါးနှင့် မျက်နှာအပ်လိုက်သည်။ သူ၏ အရှက်မရှိမှုကို သူမလည်း မကိုင်တွယ်နိုင်သည်မှာ ရှင်းနေသည်။
ချင်ဝမ်ယွီ က သူ နှင့် အလုပ်မရှုပ်တော့ပေ။ သူမ၏ သမီးဖြစ်သူကိုသာ ပြောလိုက်သည်။ “ချူယန် အစီအစဉ်အတိုင်းပဲ ဆက်သွားကြမယ်။ ဒါကို ပြောပြရတာက သမီးရဲ့ စိုးရိမ်မှုတွေကို လျော့ပေးစေချင်လို့ပဲ။ အရမ်းကြီး မစွန့်စားနေနဲ့ဦး”
ချူချူယန် ခေါင်းညိတ်လိုက်သည်။ “နားလည်ပါပြီ။ အားဇူကို သမီးအစား ကျေးဇူးတင်လို့ ပြောပေးပါဦး”
ချင်ဝမ်ယွီ ခေါင်းညိတ်ပြလိုက်သည်။ ချူချူယန်၏ ပုံရိပ်မှာ အကြိမ်အနည်းငယ် လှိုင်းတွန့်ကာ ပျောက်ကွယ်သွားပြီး မှန်မျက်နှာပြင်မှာလည်း နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
ဇူအန် ပြောလိုက်သည်။ “ကျုပ်မှာ ချူယန်နဲ့ ပြောစရာတွေ ရှိသေးတယ်လေ။ ဘာဖြစ်လို့ ဆက်သွယ်မှုကို ဖြတ်လိုက်ရတာလဲ”
ချင်ဝမ်ယွီ စိတ်ကသိကအောင့် ဖြစ်နေသည်မှာ ရှင်းနေသည်။ “ဒီမှန်ကို တစ်ခါသုံးတိုင်း ကီကျောက်တုံး အရေအတွက်အများကြီးလိုတယ်။ အဲ့ဒါကို ပြန်သုံးလို့ရဖို့ကို အချိန်တစ်လ အပြည့်စောင့်ရသေးတယ်။ ပြီးတော့ အသုံးပြုချိန်ကလည်း အကန့်အသတ်ရှိတယ်။ ဒါကို အရေးပေါ်ကိစ္စတွေအတွက်ပဲ သုံးကြတာ။ အဲ့ဒါကို နင့်ရဲ့ အရည်မရအဖတ်မရ စကားတွေအတွက် ဘယ်လို သုံးခွင့်ပေးရမှာလဲ”
ဇူအန် တွင် စိတ်ပျက်မှုများ ပြည့်နေသည်။ “ကျွတ်။ ခင်ဗျားတို့တွေကို အတော် အထင်ကြီးမိသွားတာပဲ။ ဒီကမ္ဘာက အတော်လေး ခေတ်နောက်ကျနေသေးတယ်”
သူ၏ အသံနှုန်းက သူမကို ပိုမို မျက်မှောင်ကျုံ့သွားစေသည်။ “ဒီလိုပြောလို့ အပြစ်မတင်တော့ဘူး။ ဒီလောက် အဖိုးတန်တဲ့အရာကို ပထမဆုံးမြင်ဖူးတဲ့အကြိမ်ဖြစ်လို့ပဲ။ နောင်အနာဂတ်မှာ ဒါက ဘယ်လောက်အဖိုးတန်သလဲဆိုတာကို နင် နားလည်လာလိမ့်အယ်။ ဒါက လပြည့်မြို့မှာ တစ်ခုတည်းပဲရှိမယ်။ အဲ့ဒါက ချူကလန်ရဲ့ ဘိုးဘေးတွေက ကံကောင်းတိုက်ဆိုင်လို့ ရလာခဲ့တဲ့အရာတစ်ခုပဲ”
“အဲ့ဒီလို အသုံးမကျတဲ့ ကစားစရာမျိုးကို ရတနာလို ဆက်ဆံနေသေးတယ်” ဇူအန်က နှုတ်ခမ်းတွန့်ကာ လှောင်လိုက်သည်။ “ကျုပ်ရဲ့ မွေးရပ်မြေမှာဆိုရင် လူတိုင်းမှာ တစ်ခုစီရှိပြီးတော့ သူတို့ စိတ်ကြိုက် ကြိုက်သလောက် စကားပြောလို့ရတယ်”
“ဟ နင် တကယ်ကို ဘာမှမသိတာပဲ”
ဇူအန် ပိုမိုရယ်ချင်သွားသည်။
အင်း။ ဘဝက တကယ်ကို အထီးကျန်ဆန်တာပဲ။ နှင်းတွေကျနေတဲ့ လွင်ပြင်လိုပဲ။ ဘယ်သူမှ ငါ့ကို မယုံကြည်ကြဘူး။
ချင်ဝမ်ယွီ က ဆားလက်မှတ်များကို ယခုအခါ လျှို့ဝှက်ထားရန် ပြောခဲ့သည်။ ၎င်းတို့ကို သူတို့၏ အကြီးမားဆုံးသော သက်ရောက်မှုအဖြစ် သုံးနိုင်မည့် နည်းတစ်ခု သူမတွင် ရှိနေသည်။
...
ပြဿနာကြီး ဖြေရှင်းပြီးသားဖြစ်သွားသောကြောင့် ဇူအန် စိတ်ချမ်းသာသွားသည်။
သူ၏ စိတ်နှင့်ကိုယ်မှာ လုံးဝ အေးဆေးနေသည်။
အကယ်ဒမီ ကို ပုံမှန်အတိုင်း ဦးတည်လိုက်သည်။ ချူဟွမ်ကျောက် ကို စနောက်လိုက် ဆရာမ များနှင့် နောင်ပြောင်လိုက်ဖြင့် သူ၏ နေ့ရက်များမှာ ငြိမ်းချမ်း၍ သက်တောင့်သက်သာရှိနေသည်။
နောင်တရစရာ တစ်ခုတည်းသာရှိသည်။ ရှို့ဟုန်လေကို ကျေးဇူးတင်ရန် အင်မော်တယ်ဗိမ္မာန်သို့ သွားသောအခါ ဝန်ထမ်းတစ်ဦးက သူမ ထွက်သွားပြီဟု သတင်းလာပို့ခဲ့သည်။
သူမ သွားသောအရပ်ကိုမူ မည်သူမှ မသိကြပေ။
ထိုည မှာ သူတို့၏ နောက်ဆုံးဆုံတွေ့မှု ဖြစ်မည်ဝု ဇူအန် မထင်မှတ်ထားခဲ့ပေ။ သူတို့ နောက်ထပ်တွေ့နိုင် မနိုင်ကို ဇူအန် မသိပေ။ သူတို့ အတူကုန်လွန်ခဲ့သော အချိန်များကို တွေးမိကာ သူ၏ စိတ်ပျက်၍ ဒေါသထွက်စရာ ခံစားချက်များကို မထိန်းနိုင်ခဲ့ပေ။
သို့သော်လည်း များမကြာခင်တွင် သူမ ထွက်သွားရသည့် အကြောင်းအရင်းကို ဇူအန် ရှာတွေ့လိုက်ရသည်။ တစ်နေ့ ချင်ဝမ်ယွီ က ဇူအန့်ကို သီးသန့် ခေါ်တွေ့ခဲ့သည်။ သူမ၏ မျက်နှာ မှာ လေးနက်နေသည်။ “အဲ့ဒီ အနက်ရောင်ဝတ်လူတွေ က ဆန်းကြယ်ပြီးတော့ ရက်စက်တယ်။ သူတို့တွေက ဆန်းရှန် ကို ကိုင်တွယ်တာတောင် ထိန်းချုပ်မထားဘူး”
“သူသေပြီလား” သူမ၏ စကားကြောင့် ဇူအန် တုန်လှုပ်သွားသည်။
“သူတို့က အဲ့ဒီလောက်တော့ မလုပ်ဘူး” ချင်ဝမ်ယွီ ပြောလိုက်သည်။ “ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ ဆန်းဟုန်က ကျီတန်ထု ကိုတောင် ဖိတ်ခေါ်ရတဲ့အထိပဲ။ အခုတော့ နတ်ဆေးဆရာ က သူ့ကို အသက်ရှင်အောင်ပဲ လုပ်ပေးထားနိုင်တယ်။ အရေးကြီးတဲ့ အခြေအနေမှာ ပဲဆက်ရှိနေဦးမလား ပြန်ကောင်းလာနိုင်မလား ဆိုတာက ၅၀ ၅၀ ပဲ”
“နတ်ဆေးဆရာကျီ ကိုယ်တိုင် သွားကြည့်တယ်ဆိုတော့ သူ သေချာပေါက်ကို ပြန်ကောင်းသွားမှာပါ” ဇူအန် တွေးနေဆဲ ဖြစ်သည်။ ရှို့ဟုန်လေ ရဲ့ အဖွဲ့အစည်းက ဘယ်လိုမျိုးလဲဟ။ သူတို့တွေက အဲ့ဒီလိုမျိုးတောင် လုပ်ရဲကြတယ်ပေါ့။
သူတို့တွေက ဆားလက်မှတ်တွေကို ဆုံးရှုံးရလို့ ဆန်းရှန် အပေါ်မှာ ဒေါသဖြေလိုက်တာလား။
“အာမခံချက်မရှိဘူး။ ဆန်းကလန်က သူနဲ့ ကျန်းတန် ရဲ့ မင်္ဂလာပွဲကို အရှေ့တိုးလိုက်ပြီ။ ကံဆိုးမှုကို နှင်ထုတ်ဖို့အတွက်ပေါ့။ ဆိုလိုတာက သူတို့က သူ့ရဲ့ အခြေအနေကို အကောင်းမမြင်ဘူးပဲ” ချင်ဝမ်ယွီပြောလိုက်သည်။
ဇူအန် ဖင်အပ်စူးသလို ရုတ်တရက် ထရပ်လိုက်သည်။ “ဘာ”
----- ---------------------------- ----- -------------------------- ----- -
Chapter 362: မေမွ်ာ္လင့္ထားေသာ
ခ်င္ဝမ္ယြီက သူ႕ကို စိုက္သာၾကည့္ေနလိုက္သည္။
သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိလိုက္သည္။
ဒီကမၻာမွာ ဒီေလာက္ စိတ္အႏွောင့္အယွက္ေပးနိုင္တဲ့ သူ ဘယ္လို ရွိေနရတာလဲ။
သူမက ဇူအန္၏ မ်က္ခြက္ကို ေျမျပင္ႏွင့္ မိတ္ဆက္ေပးခ်င္ေနမိသည္။
ခပ္က်ယ္က်ယ္ ႏွာမႈတ္ကာ သူမ လွည့္ထြက္သြားသည္။ ဇူအန္ ထံမွ အျခားစကားလုံးတစ္ခု ထြက္လာပါက သူမကိုယ္သူမ ထိန္းနိုင္ မထိန္းနိုင္ကို သံသယရွိေနသည္။
ထိုစိတ္ညစ္စရာေကာင္းေသာ သူ ကို မ်က္ေျခဖ်က္ရန္ တမင္တကာ အျမန္ေလွ်ာက္လိုက္သည္။ သို႔ေသာ္ သူမ လွည့္ၾကည့္ေသာအခါတိုင္းတြင္ သူမ၏ အေနာက္တြင္ အပူအပင္ကင္းေသာ အမူအရာျဖင့္ ကပ္ပါလာသည္ကို ျမင္ရသည္။
ဒီကေလးရဲ႕ က်င့္ႀကံမႈအဆင့္က ဘာမွမထူးျခားေပမယ့္ သူက တကယ္ကို ျမန္ျမန္ လႈပ္ရွားနိုင္တာပဲ။ ခ်င္ဝမ္ယြီ အနည္းငယ္ အံၾသသြားသည္။ ထို႔ေနာက္ ခ်ဴခ်ဴယန္ မသြားခင္ ေျပာခဲ့ေသာစကားမ်ားကို ႐ုတ္တရက္ သတိရလိုက္သည္။ သူမ၏ သမီးျဖစ္သူ၏ လူအေပၚ အကဲျဖတ္မႈမွာ သူမထက္ ပိုသာေနသည္ကို သူမ ဝန္ခံရေပမည္။
သူတို႔ႏွစ္ဦးလုံး ခ်ဴအိမ္ေတာ္ သို႔ လွ်င္ျမန္စြာ ျပန္ေရာက္လာၾကသည္။
ဇူအန္က သူမကို ဆားလက္မွတ္မ်ားကို ခ်က္ခ်င္း ျပန္ေပးခ်င္လိုက္ေသာ္လည္း ေလဗလာထဲမွ ႐ုတ္တရက္ ဆြဲထုတ္လိုက္ပါက အနည္းငယ္ ထူးဆန္းေနမည္ျဖစ္သည္။
ထို႔ေၾကာင့္ သူ၏ အခန္းသို႔ အရင္ ျပန္ကာ အနားယူရန္ ဆုံးျဖတ္လိုက္သည္။ ခ်ဴခ်ဴယန္၏ ရနံ႕သင္းေသာ ေစာင္ထည္မ်ားက သူ၏ အခန္းထက္ အဆသန္းေပါင္းမ်ားစြာသာလြန္ေသာေၾကာင့္ အသံမဲ့အေဆာင္တြင္ အိပ္ခ်င္ခဲ့သည္။ သို႔ေသာ္ ထိုအေတြးကို အျမန္ေဖ်ာက္ပစ္လိုက္သည္။ သူ႕အေၾကာင္း အမွန္တရားကို ေလာင္မိုင္ အား ေပးမသိေစလိုေပ။
ဥယ်ာဥ္မႉးအိုႀကီး၏ သ႐ုပ္မွန္ကို ဇူအန္ ေကာင္းေကာင္း ခန့္မွန္းထားမိၿပီျဖစ္သည္။ ေလာင္မိုင္ က ေတာ္ဝင္မိန္းမစိုး တစ္ဦးျဖစ္ခဲ့ဟန္ရသည္။ ထိုလူအိုႀကီးမွာ သူ႕အေပၚ တြယ္ကပ္ေနကာ ထူးဆန္းစြာ ျပဳမူေနေသးသည္။ စိတ္ေရာဂါ ျပႆနာအခ်ိဳ႕ ေတာင္ ရွိေနနိုင္သည္။
ဇူအန္က သူ၏ ခ်ိတ္ပိတ္စည္းျပယ္သြားၿပီျဖစ္ေၾကာင္းကို မေျပာျပရေသးေပ။
သူ၏ စိတ္မွာ အျဖစ္အပ်က္မ်ားကို ျပန္ေတြးမိေနသည္။ ရွို႔ဟုန္ေလ က ယခုအႀကိမ္တြင္ သူ႕ကို အမွန္တကယ္ကို လႊတ္ေပးခဲ့သည္။ အင္း ဒီမိန္းကေလးက ငါ့အေပၚ သစၥာရွိတယ္ ထင္တယ္။ အခြင့္တစ္ခုရွာၿပီးေတာ့ သူ႕ဆီသြားလည္ၿပီးေတာ့ ေက်းဇူးတင္သင့္တယ္ထင္တယ္...
တစ္ေန႕တာ ပင္ပန္းႏြမ္းနယ္ဖြယ္ရာ အားစိုက္ထုတ္မႈမ်ားေၾကာင့္ ၎ က်ပန္းအေတြးမ်ားျဖင့္ပင္ အိမ္မက္ကမၻာသို႔ အျမန္ဝင္ေရာက္သြားခဲ့သည္။
...
ေနာက္တစ္ေန႕ မနက္တြင္ ဇူအန္က ခ်င္ဝမ္ယြီ ကို သြားရွာလိုက္သည္။
သူ႕တြင္ ဤေလာက္ မနက္ေစာေစာ ထရန္ ဆႏၵမရွိေသာ္လည္း ခ်င္ဝမ္ယြီ က ဆားလက္မွတ္မ်ားကို စိုးရိမ္ေနမည္မွာ ေသခ်ာေနသည္။
ထိုအရာအေၾကာင္းကို ေမးရန္ မေန႕က သူမ အလြန္စိတ္ရႈပ္ေထြးေနသျဖင့္္ မေမးခဲ့ရေပ။
သို႔ေသာ္ သူမက မနက္အေစာႀကီး လာက သူ႕ကို ေမးပါက ဇူအန္က ေလထဲကေန ၎တို႔ကို ေပၚလာေအာင္ မည္သို႔ လုပ္ေပးရမည္နည္း။
အသံမဲ့အေဆာင္ ဆီသို႔ အရင္ဆုံး ေျပးသြားလိုက္သည္။ ေတာက္ပျခင္းဖန္လုံး မွ ေသတၱာႀကီးမ်ားကို ထုတ္လိုက္သည္။ ထို႔ေနာက္မွ ခ်င္ဝမ္ယြီ ကို သြားရွာလိုက္သည္။
သူ ေရာက္သည္ႏွင့္ သူမ အခန္းထဲမွ အေလာတႀကီး ထြက္လာသည္ကို ျမင္လိုက္ရသည္။ အေနာက္တြင္ မည္သည့္အေစခံကိုမွ မလိုက္ခိုင္းခဲ့ေပ။
မိတ္ကပ္ လည္း သိပ္မလိမ္းထားေပ။ သူမ၏ ပုံမွန္အခ်ိန္ ႀကီးက်ယ္ေသာ ပုံစံ ႏွင့္ယွဥ္လွ်င္ လက္ရွိအသြင္အျပင္မွာ ရိုးရွင္းစြာ တင့္တယ္ေနသည္။
တစ္ခုရွိသည္မွာ သူမ၏ မ်က္ႏွာအမူအရာ မွာ အနည္းငယ္ ျဖဴေရာ္ေနသည္။ မေန႕ညက ေကာင္းေကာင္း မအိပ္စက္ရေသာေၾကာင့္ ျဖစ္နိုင္သည္။
ဇူအန္ ကို ျမင္ရေသာအခါ သူမ အံၾသသြားသည္။ အခုပဲ နင့္ကို လာရွာေတာ့မလို႔ပဲ။ အဲ့ဒီ ဆားလက္မွတ္ေတြ အေၾကာင္းကို တစ္ညလုံးေတြးေနခဲ့တာ။ အဲ့ဒါေတြကို ဘယ္မွာထားထားလဲ
ဇူအန္က သူ႕ဟာသူ ေစာေစာ နိုးလာျခင္းကို ေက်းဇူးတင္လိုက္သည္။ က်ဳပ္လည္း အခုပဲ လာသတင္းပို႔ေတာ့မလို႔ ဇူအန္ အျမန္ေျပာလိုက္သည္။
သူမကို အသံမဲ့ေဆာင္သို႔ ေခၚသြားကာ ေသတၱာမ်ားကို ၫႊန္ျပလိုက္သည္။ ဒီမွာပဲ
ခ်င္ဝမ္ယြီ က ပစၥည္းမ်ားကို စစ္ေဆးလိုက္သည္။ အစီအရီ စီစဥ္ထားေသာ ဆားခြင့္ျပဳမိန့္မ်ားကို ျမင္လိုက္ရေသာအခါ သူမ တင္းထားေသာ အရာမ်ား ေလ်ာ့က်သြားသည္။ ဒါေတြက အခိုးခံလိုက္ရတဲ့ ဆားလက္မွတ္ေတြ အတိအက်ပဲ။ ခ်ဴကလန္ ကို ကယ္တင္လို႔ရၿပီ။ က်ဳန္းထန္ ကို ကယ္လို႔ရၿပီ...
ဇူအန္ ဘက္သို႔ လွည့္လိုက္သည္။ အားဇူ ေက်းဇူးတင္ပါတယ္ သူမ က လွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္လိုက္သည္။
ဇူအန္ ၿပဳံးလိုက္သည္။ အဲ့ဒါ က်ဳပ္ရဲ႕ တာဝန္ တစ္ခုပါပဲေလ
ခ်င္ဝမ္ယြီ ပါးစပ္ဟ လိုက္သည္။ မေန႕ညက သူတို႔၏ စကားဝိုင္းကို ျပန္ေတြးမိကာ သူ႕ကို မည္သည့္ဆုေပးရမည္ကို ေတြးလိုက္သည္။ သို႔ေသာ္လည္း သူ႕ကို ဆုခ်ရန္ အရာတစ္ခုမွ ေတြးမရေပ။ သူ႕တြင္ ပိုက္ဆံလည္း မရွားေပ။ သူမ၏ အဖိုးတန္သမီးေတာင္ ရွိေနေသးသည္။ ဟြမ္ေက်ာက္ကိုလည္း သူ႕ကို ေပးရန္ မျဖစ္နိုင္ေပ။
အို ဟုတ္သားပဲ။ ဒီမ်က္ႏွာဖုံး နင့္ကို ျပန္ေပးဖို႔ ေမ့ေနတာ သူမက အေၾကာင္းအရာေျပာင္းကာ သူမ၏ ေတြေဝမႈကို ဖုံးလိုက္သည္။ ဒါက ရွားပါးတဲ့ ရတနာတစ္ခုပဲ။ အဲ့ဒါကို ေကာင္းေကာင္း ဂ႐ုစိုက္ဖို႔လိုမယ္
သတိေပးတဲ့အတြက္ သခင္မကို ေက်းဇူးတင္ပါတယ္ ဇူအန္က ထို အသားကပ္ မ်က္ႏွာဖုံးကို သိမ္းဆည္းလိုက္သည္။ ဒါနဲ႕ က်ဳပ္တို႔ ဆားလက္မွတ္ေတြကို ျပန္ရၿပီဆိုေတာ့ ခ်ဴယန္ကို ျပန္လာဖို႔ ေခၚလိုက္လို႔မရဘူးလား
ခ်င္ဝမ္ယြီ ေခါင္းခါလိုက္သည္။ ဆန္းကလန္က ငါတို႔အေပၚကို လုံး၀ပစ္မွတ္ထားၿပီးသားပဲ။ ခုခံတဲ့ဘက္မွာ ေနေနလို႔ အက်ိဳးမထူးဘူး။ ဒါေၾကာင့္ ဒီအခြင့္အေရးကို သုံးၿပီးေတာ့ ေနာင္ျဖစ္လာမယ့္ ျပႆနာေတြကို တစ္ခါတည္း အၿပီးရွင္းပစ္ရမယ္။ ဒါေပမယ့္ ခ်ဴယန္ကို ငါတို႔ ေပးသိလို႔ရပါေသးတယ္။ အဲ့ဒါက သူ႕စိတ္ကို သက္သာေစလိမ့္မယ္
သူမကို ဘယ္လိုဆက္သြယ္ရမလဲ။ စာပို႔ခို ေတြနဲ႕လား ဇူအန္ က ေၾကာင္ေတာင္ေတာင္ ေငးၾကည့္လိုက္သည္။
ခ်င္ဝမ္ယြီ မ်က္လုံးလွန္လိုက္သည္။ သူမ၏ အကၤ်ီလက္ထဲမွ မွန္တစ္ခ်ပ္ကို ထုတ္ယူလိုက္သည္။ ထို႔ေနာက္ ၎မွန္အတြင္းသို႔ ဝိဉာဥ္ကီတစ္ခ်ိဳ႕ ပို႔လႊတ္လိုက္သည္။ မွန္၏ မ်က္ႏွာျပင္မွာ လွိုင္းတြန့္သြားၿပီး ျမဴလႊာတစ္ခု ေပၚလာသည္။
ဇူအန္ မ်က္လုံးျပဴးက်ယ္သြားသည္။ မွန္ထဲတြင္ ခ်ဴခ်ဴယန္၏ မ်က္ႏွာေပၚလာေလသည္။
အေမ အိမ္မွာ ဘာေတြျဖစ္ေနလို႔လဲ။ ဘာျဖစ္လို႔ ဒီမွန္ကို သုံးၿပီးေတာ့ သမီးကို ဆက္သြယ္ရတာလဲ ခ်ဴခ်ဴယန္၏ အသံမွာ စိုးရိမ္မႈ လႊမ္းမိုးေနသည္။
ခ်င္ဝမ္ယြီ အျမန္ေျပာလိုက္သည္။ ခ်ဴယန္ ဘာမွ စိတ္ပူစရာမရွိပါဘူး။ တကယ္ေတာ့ သတင္းေကာင္းတစ္ခု ေပးခ်င္လို႔ ေခၚလိုက္တာ။ အေမတို႔ေတြ ခ်န္႐ႊမ္း ခိုးသြားတဲ့ ဆားလက္မွတ္ေတြကို ရွာေတြ႕ထားၿပီ
သူမ ေျပာရင္းျဖင့္ မွန္ကို ဆားခြင့္ျပဳမိန့္ ေသတၱာမ်ား ဘက္သို႔ လွည့္ျပလိုက္သည္။
ဇူအန္ လုံးဝ ေၾကာင္အေနသည္။ ထိုအရာက သူ၏ ယခင္ကမၻာက video call ႏွင့္ ဆင္တူေနသည္။
ဤကမၻာသို႔ ေရာက္ၿပီးေနာက္တြင္ ယခင္ကမၻာ တြင္ အသုံးျပဳေနေသာ နည္းစနစ္ အမ်ားအျပားကို ဤကမၻာတြင္ က်င့္ႀကံမႈႏွင့္ ေမွာ္မ်ဥ္းမ်ား ကို အသုံးခ်ကာ လုပ္ေဆာင္နိုင္သည္ကို ရွာေတြ႕ခဲ့ရသည္။
တကယ္လား။ အဲ့ဒါေတြကို ဘယ္လိုရွာနိုင္ခဲ့တာလဲ ခ်ဴခ်ဴယန္၏ အသံတြင္ အံၾသမႈအျပည့္ပါေနသည္။
ဇူအန္ ေရွ႕တိုးသြားကာ မွန္အေရွ႕တြင္ ၿပဳံးျပလိုက္သည္။ ေသခ်ာေပါက္ကို မင္းရဲ႕ အရည္အခ်င္းရွိတဲ့၊ ရဲရင့္တဲ့၊ အရမ္းေတာ္တဲ့၊ စကားေျပာေကာင္းတဲ့ ခင္ပြန္းေၾကာင့္ေပါ့
ခ်ဴခ်ဴယန္ ခ်က္ခ်င္း ရွက္ေသြးျဖာသြားသည္။ နည္းနည္းေလာက္ ထိန္းထိန္းသိမ္းသိမ္း မေနနိုင္ဘူးလား။ ဒီမွာ အေမရွိေနေသးတယ္ေလ
ခ်င္ဝမ္ယြီ ၿပဳံးလိုက္သည္။ အားဇူ ေျပာတာဟုတ္တယ္။ အဲ့ဒါကို သူ ရွာေတြ႕ခဲ့တာပဲ။ သူ႕အေၾကာင္း သမီးေျပာတာမွန္တယ္
ဇူအန္က ခ်င္ဝမ္ယြီ ကို တအံ့တၾသ ၾကည့္လိုက္သည္။ ဒီေန႕ ေနက အေနာက္အရပ္ကေနမ်ား စထြက္လာသလားပဲ။ သူ႕ေယာကၡမဆီကေန ခ်ီးမႊမ္းခံလိုက္ရတာ ဟုတ္ရဲ႕လား။
အို ခံစားလို႔ အရမ္းေကာင္းတာပဲ။ သခင္မ။ အႀကိမ္အနည္းငယ္ေလာက္ ထပ္ခ်ီးမႊမ္းေပးလို႔ရမလား ဇူအန္ ရယ္ရင္းေျပာလိုက္သည္။
ခ်င္ဝမ္ယြီက သက္ျပင္းခ်လိဳက္ကာ သူ႕ကို မ်က္လုံးက်ဥ္းကာ ၾကည့္လိုက္သည္။
ခ်ဴခ်ဴယန္ လည္း သူမ၏ လက္ဖဝါးႏွင့္ မ်က္ႏွာအပ္လိုက္သည္။ သူ၏ အရွက္မရွိမႈကို သူမလည္း မကိုင္တြယ္နိုင္သည္မွာ ရွင္းေနသည္။
ခ်င္ဝမ္ယြီ က သူ ႏွင့္ အလုပ္မရႈပ္ေတာ့ေပ။ သူမ၏ သမီးျဖစ္သူကိုသာ ေျပာလိုက္သည္။ ခ်ဴယန္ အစီအစဥ္အတိုင္းပဲ ဆက္သြားၾကမယ္။ ဒါကို ေျပာျပရတာက သမီးရဲ႕ စိုးရိမ္မႈေတြကို ေလ်ာ့ေပးေစခ်င္လို႔ပဲ။ အရမ္းႀကီး မစြန့္စားေနနဲ႕ဦး
ခ်ဴခ်ဴယန္ ေခါင္းညိတ္လိုက္သည္။ နားလည္ပါၿပီ။ အားဇူကို သမီးအစား ေက်းဇူးတင္လို႔ ေျပာေပးပါဦး
ခ်င္ဝမ္ယြီ ေခါင္းညိတ္ျပလိုက္သည္။ ခ်ဴခ်ဴယန္၏ ပုံရိပ္မွာ အႀကိမ္အနည္းငယ္ လွိုင္းတြန့္ကာ ေပ်ာက္ကြယ္သြားၿပီး မွန္မ်က္ႏွာျပင္မွာလည္း နဂိုအတိုင္း ျပန္ျဖစ္သြားသည္။
ဇူအန္ ေျပာလိုက္သည္။ က်ဳပ္မွာ ခ်ဴယန္နဲ႕ ေျပာစရာေတြ ရွိေသးတယ္ေလ။ ဘာျဖစ္လို႔ ဆက္သြယ္မႈကို ျဖတ္လိုက္ရတာလဲ
ခ်င္ဝမ္ယြီ စိတ္ကသိကေအာင့္ ျဖစ္ေနသည္မွာ ရွင္းေနသည္။ ဒီမွန္ကို တစ္ခါသုံးတိုင္း ကီေက်ာက္တုံး အေရအတြက္အမ်ားႀကီးလိုတယ္။ အဲ့ဒါကို ျပန္သုံးလို႔ရဖို႔ကို အခ်ိန္တစ္လ အျပည့္ေစာင့္ရေသးတယ္။ ၿပီးေတာ့ အသုံးျပဳခ်ိန္ကလည္း အကန့္အသတ္ရွိတယ္။ ဒါကို အေရးေပၚကိစၥေတြအတြက္ပဲ သုံးၾကတာ။ အဲ့ဒါကို နင့္ရဲ႕ အရည္မရအဖတ္မရ စကားေတြအတြက္ ဘယ္လို သုံးခြင့္ေပးရမွာလဲ
ဇူအန္ တြင္ စိတ္ပ်က္မႈမ်ား ျပည့္ေနသည္။ ကြၽတ္။ ခင္ဗ်ားတို႔ေတြကို အေတာ္ အထင္ႀကီးမိသြားတာပဲ။ ဒီကမၻာက အေတာ္ေလး ေခတ္ေနာက္က်ေနေသးတယ္
သူ၏ အသံႏႈန္းက သူမကို ပိုမို မ်က္ေမွာင္က်ဳံ႕သြားေစသည္။ ဒီလိုေျပာလို႔ အျပစ္မတင္ေတာ့ဘူး။ ဒီေလာက္ အဖိုးတန္တဲ့အရာကို ပထမဆုံးျမင္ဖူးတဲ့အႀကိမ္ျဖစ္လို႔ပဲ။ ေနာင္အနာဂတ္မွာ ဒါက ဘယ္ေလာက္အဖိုးတန္သလဲဆိုတာကို နင္ နားလည္လာလိမ့္အယ္။ ဒါက လျပည့္ၿမိဳ႕မွာ တစ္ခုတည္းပဲရွိမယ္။ အဲ့ဒါက ခ်ဴကလန္ရဲ႕ ဘိုးေဘးေတြက ကံေကာင္းတိုက္ဆိုင္လို႔ ရလာခဲ့တဲ့အရာတစ္ခုပဲ
အဲ့ဒီလို အသုံးမက်တဲ့ ကစားစရာမ်ိဳးကို ရတနာလို ဆက္ဆံေနေသးတယ္ ဇူအန္က ႏႈတ္ခမ္းတြန့္ကာ ေလွာင္လိုက္သည္။ က်ဳပ္ရဲ႕ ေမြးရပ္ေျမမွာဆိုရင္ လူတိုင္းမွာ တစ္ခုစီရွိၿပီးေတာ့ သူတို႔ စိတ္ႀကိဳက္ ႀကိဳက္သေလာက္ စကားေျပာလို႔ရတယ္
ဟ နင္ တကယ္ကို ဘာမွမသိတာပဲ
ဇူအန္ ပိုမိုရယ္ခ်င္သြားသည္။
အင္း။ ဘဝက တကယ္ကို အထီးက်န္ဆန္တာပဲ။ ႏွင္းေတြက်ေနတဲ့ လြင္ျပင္လိုပဲ။ ဘယ္သူမွ ငါ့ကို မယုံၾကည္ၾကဘူး။
ခ်င္ဝမ္ယြီ က ဆားလက္မွတ္မ်ားကို ယခုအခါ လွ်ို႔ဝွက္ထားရန္ ေျပာခဲ့သည္။ ၎တို႔ကို သူတို႔၏ အႀကီးမားဆုံးေသာ သက္ေရာက္မႈအျဖစ္ သုံးနိုင္မည့္ နည္းတစ္ခု သူမတြင္ ရွိေနသည္။
...
ျပႆနာႀကီး ေျဖရွင္းၿပီးသားျဖစ္သြားေသာေၾကာင့္ ဇူအန္ စိတ္ခ်မ္းသာသြားသည္။
သူ၏ စိတ္ႏွင့္ကိုယ္မွာ လုံးဝ ေအးေဆးေနသည္။
အကယ္ဒမီ ကို ပုံမွန္အတိုင္း ဦးတည္လိုက္သည္။ ခ်ဴဟြမ္ေက်ာက္ ကို စေနာက္လိုက္ ဆရာမ မ်ားႏွင့္ ေနာင္ေျပာင္လိုက္ျဖင့္ သူ၏ ေန႕ရက္မ်ားမွာ ၿငိမ္းခ်မ္း၍ သက္ေတာင့္သက္သာရွိေနသည္။
ေနာင္တရစရာ တစ္ခုတည္းသာရွိသည္။ ရွို႔ဟုန္ေလကို ေက်းဇူးတင္ရန္ အင္ေမာ္တယ္ဗိမၼာန္သို႔ သြားေသာအခါ ဝန္ထမ္းတစ္ဦးက သူမ ထြက္သြားၿပီဟု သတင္းလာပို႔ခဲ့သည္။
သူမ သြားေသာအရပ္ကိုမူ မည္သူမွ မသိၾကေပ။
ထိုည မွာ သူတို႔၏ ေနာက္ဆုံးဆုံေတြ႕မႈ ျဖစ္မည္ဝု ဇူအန္ မထင္မွတ္ထားခဲ့ေပ။ သူတို႔ ေနာက္ထပ္ေတြ႕နိုင္ မနိုင္ကို ဇူအန္ မသိေပ။ သူတို႔ အတူကုန္လြန္ခဲ့ေသာ အခ်ိန္မ်ားကို ေတြးမိကာ သူ၏ စိတ္ပ်က္၍ ေဒါသထြက္စရာ ခံစားခ်က္မ်ားကို မထိန္းနိုင္ခဲ့ေပ။
သို႔ေသာ္လည္း မ်ားမၾကာခင္တြင္ သူမ ထြက္သြားရသည့္ အေၾကာင္းအရင္းကို ဇူအန္ ရွာေတြ႕လိုက္ရသည္။ တစ္ေန႕ ခ်င္ဝမ္ယြီ က ဇူအန့္ကို သီးသန့္ ေခၚေတြ႕ခဲ့သည္။ သူမ၏ မ်က္ႏွာ မွာ ေလးနက္ေနသည္။ အဲ့ဒီ အနက္ေရာင္ဝတ္လူေတြ က ဆန္းၾကယ္ၿပီးေတာ့ ရက္စက္တယ္။ သူတို႔ေတြက ဆန္းရွန္ ကို ကိုင္တြယ္တာေတာင္ ထိန္းခ်ဳပ္မထားဘူး
သူေသၿပီလား သူမ၏ စကားေၾကာင့္ ဇူအန္ တုန္လႈပ္သြားသည္။
သူတို႔က အဲ့ဒီေလာက္ေတာ့ မလုပ္ဘူး ခ်င္ဝမ္ယြီ ေျပာလိုက္သည္။ ဒါေပမယ့္ သူ႕ရဲ႕ ဒဏ္ရာေတြက အရမ္းျပင္းထန္တယ္။ ဆန္းဟုန္က က်ီတန္ထု ကိုေတာင္ ဖိတ္ေခၚရတဲ့အထိပဲ။ အခုေတာ့ နတ္ေဆးဆရာ က သူ႕ကို အသက္ရွင္ေအာင္ပဲ လုပ္ေပးထားနိုင္တယ္။ အေရးႀကီးတဲ့ အေျခအေနမွာ ပဲဆက္ရွိေနဦးမလား ျပန္ေကာင္းလာနိုင္မလား ဆိုတာက ၅၀ ၅၀ ပဲ
နတ္ေဆးဆရာက်ီ ကိုယ္တိုင္ သြားၾကည့္တယ္ဆိုေတာ့ သူ ေသခ်ာေပါက္ကို ျပန္ေကာင္းသြားမွာပါ ဇူအန္ ေတြးေနဆဲ ျဖစ္သည္။ ရွို႔ဟုန္ေလ ရဲ႕ အဖြဲ႕အစည္းက ဘယ္လိုမ်ိဳးလဲဟ။ သူတို႔ေတြက အဲ့ဒီလိုမ်ိဳးေတာင္ လုပ္ရဲၾကတယ္ေပါ့။
သူတို႔ေတြက ဆားလက္မွတ္ေတြကို ဆုံးရႈံးရလို႔ ဆန္းရွန္ အေပၚမွာ ေဒါသေျဖလိုက္တာလား။
အာမခံခ်က္မရွိဘူး။ ဆန္းကလန္က သူနဲ႕ က်န္းတန္ ရဲ႕ မဂၤလာပြဲကို အေရွ႕တိုးလိုက္ၿပီ။ ကံဆိုးမႈကို ႏွင္ထုတ္ဖို႔အတြက္ေပါ့။ ဆိုလိုတာက သူတို႔က သူ႕ရဲ႕ အေျခအေနကို အေကာင္းမျမင္ဘူးပဲ ခ်င္ဝမ္ယြီေျပာလိုက္သည္။
ဇူအန္ ဖင္အပ္စူးသလို ႐ုတ္တရက္ ထရပ္လိုက္သည္။ ဘာ
----- ---------------------------- ----- -------------------------- ----- -