Chapter 356: ငါဘယ်သူလဲ မင်းတို့သိလား
အမှန်တော့ ချင်ဝမ်ယွီ၏ မျက်နှာဖုံးက သူမကိုရုပ်မဆိုးစေပါ။ သမန်ကာလျှံကာ ဖြစ်သွားစေရုံပါ။ သို့သော် သူ့ခန္ဓာကိုယ်ကောက်ကြောင်းကိုကြည့်ပြီး စိတ်ရိုင်းဝင်နေကြလို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်သွားပြီး အကြီးအကျယ် စိတ်ပျက်သွားကြတာပဲဖြစ်သည်။ ထို့ကြောင့် အလိုလို ရုပ်ဆိုးတယ်လို့ ထင်ကြခြင်းပင်။
မြို့တော်ဝန်ကတော်တစ်ပါးအနေဖြင့် လူတိုင်းက သူမကိုအပြစ်ပြုမိမည်စိုးရိမ်ကာ သူမဘေးတွင် ဂရုစိုက်ကာ တရိုတသေ ဆက်ဆံကြသည်။
သာမန်ယောက်ျားများက သူမအနားကိုပင် ကပ်နိုင်မည်မဟုတ်သလို ဘယ်သူမှ သူ့ကို အချိန်ကြာအောင် မစိုက်ကြည့်ရဲပေ။ ဒီလို အုပ်စုလိုက် အရှက်ခွဲတာ ဘယ်တုန်းက ခံရဖူးလို့လဲ။
အဲ့တာအပြင် သူ့ကို ရုပ်ဆိုးတယ်လို့တောင် ပြောရဲသေးတယ်။ သူဝတ်ထားသော မျက်နှာဖုံးကြောင့်မှန်း သိနေသော်လည်း သည်းခံရန် အလွန်ခက်ခဲလေသည်။
ထိုအချိန်တွင် တစ်ယောက်က ပြောလာသည်။
"သူက ကြည့်ကောင်းတယ်လို့ ငါတော့ထင်တယ်။ အနည်းဆုံး မင်းတို့ပြောသလောက် မဆိုးပါဘူး။ သူ့ဆီက အမျိုးမြတ်အငွေ့အသက်တွေလည်း ရနေတယ်။ မိန်းမတစ်ယောက်မှာ..."
"ဒီလိုချီးထုတ်မျိုးကို ဘယ်လိုလုပ် အမျိုးမြတ်လို့ ခေါ်ရတာလဲ။ မင်းကန်းနေလား"
"မင်းပြောတာမှန်နိုင်တယ်...သူက သူ့ကိုယ်သူ တစ်ခြားမိန်းမတွေနဲ့မတူသလိုပဲ.."
"သွားစမ်းပါ ကိုယ့်လူရာ။ အဲ့ဒီခန္ဓာကိုယ်ရှိတာ ဘယ်သူက သူ့မျက်နှာကို ကြည့်မှာလဲ။ ငါတော့ ကြိုက်ပြီ"
ချင်ဝမ်ယွီ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ရင်နေတာ ဇူအန် မြင်နိုင်သည်။ သူ့စရိုက်အရ အခုချိန်ထိ မပေါက်ကွဲသေးတာ အံ့သြနေသေးသည်။ သူတို့ လာရင်း ပစ်မှတ်ကို လန့်ပြေးမသွားအောင် သူ့ကိုယ်သူ ထိန်းချုပ်နေပုံရသည်။
ဒါပေမဲ့ ဒီကောင်တွေက နည်းနည်းတော့ လွန်လာပြီ။ ဇူအန် ချောင်းဆိုးကာ ချင်ဝမ်ယွီ ရှေ့ ဝင်ရပ်လိုက်သည်။
"ကိုယ့်လူတို့ ဒီကိုမလာခင် ချီးစားခဲ့တာလား။ ဘာလို့ ပါးစပ်တွေက ဒီလောက် ရွံစရာကောင်းနေရတာလဲ"
ဒီလောက် ပြင်းထန်တဲ့စကားမျိုး ထိုလူများ မကြားဖူးချေ။ အကုန်လုံး ချက်ချင်းနီးပါး ပေါက်ကွဲလာကြသည်။
သင်သည် ကျီဝူလီ ထံမှ အမျက်ပွိုင့် ၇၆၅ ရယူလိုက်သည်။
သင်သည် ချန်းပေါင် ထံမှ အမျက်ပွိုင့် ၇၆၅ ရယူလိုက်သည်။
သင်သည် ကျင်းကျူး ထံမှ အမျက်ပွိုင့် ၇၆၅ ရယူလိုက်သည်။
သင်သည် လုံဇီ ထံမှ အမျက်ပွိုင့် ၇၆၅ ရယူလိုက်သည်။
ချင်ဝမ်ယွီက နှာခေါင်းနှင့် နားရွက်မှ အငွေ့များထွက်မတတ် ဒေါသဖြစ်နေသော်လည်း ထိုစကားကြားသော် ပြုံးလိုက်မိသည်။ ဇူအန်က ပါးစပ်သရမ်းတတ်သောကြောင့် အမြဲတမ်း မကြိုက်ခဲ့ပေ။ သို့သော် ဒီနေ့တော့ အတော် ချစ်စရာကောင်းနေသည်ဟု ထင်ရသည်။
"သွားစမ် ကောင်လေး မင်း ငါတို့ဘယ်သူလဲ သိလား" ဒေါသထွက်နေသော လူရမ်းကားလေးယောက်က သူတို့ထံ ရှေ့တိုးလာသည်။
"ပြောပြပါဦး" ချင်ဝမ်ယွီ အေးစက်စက် ပြောလိုက်သည်။ ဒီလေးယောက်က သိပ်အရေးပါဟန်မတူချေ။ သူမ ရိုက်နှက်လိုက်လဲ ပြဿနာမရှိမည့်ပုံပင်။
"ငါတို့က အရှေ့ပိုင်းလူမိုက်၊ အနောက်ပိုင်းငထန်၊ တောင်ပိုင်းနှာဘူး နဲ့ မြောက်ပိုင်းလူရမ်းကားတွေပဲ" သူတို့က မိတ်ဆက်ရင်း နေရာတွင်ပင် တူညီဟန်ရေးပြလိုက်သေးသည်။ ဒီဟာကို အချိန်အကြာကြီး လေ့ကျင့်ထားရတာ သေချာသည်။
ချင်ဝမ်ယွီ ဘာမှမပြောနိုင်အောင် ဆွံအသွားရသည်။
ဇူအန်ပင် ကြောင်ငေးနေမိသည်။
ဒီလောကမှာ ဒီလို ပေါတောတော ရယ်စရာစရိုက်မျိုးရှိမည်ဟု မထင်ထားပေ။
"အဲ့ဒီနာမည်တွေက ခင်ဗျားတို့လေးယောက်နဲ့ တကယ်လိုက်ဖက်တယ်လို့ ပြောနိုင်ပါတယ်" ဇူအန် သက်ပြင်းချသံက လေးစားမှုအပြည့်ပင်။
"အခု ငါတို့ဘယ်သူလဲ သိပြီဆိုတော့ ဒီမိန်းမကို ထားခဲ့ပြီး အမြန်ထွက်သွားတော့။ သူက နည်းနည်းရုပ်ဆိုးပေမဲ့ ကောက်ကြောင်းလှတယ်။ ငါတို့ညီအစ်ကိုတွေ အားနာနာနဲ့ လက်ခံလိုက်မယ်" ကျီဝူလီ ပြောလာသည်။
ချင်ဝမ်ယွီ တကယ် ပေါက်ကွဲတော့မည်။ ဒီလူတွေကို တကယ် နုပ်နုပ်စင်း၍ ခွေးကျွေးပစ်ချင်သည်။
ဇူအန် သူတို့မေးခွန်းကို ပြန်မေးလိုက်သည်။
"မင်းတို့လေးယောက်ကရော ငါဘယ်သူလဲသိလား" အေးစက်စက် မေးလိုက်သည်။
ရုတ်တရက် အထက်စီးဆန်သောလေသံကြောင့် ထိုသူများလည်း အံ့သြသွားကြသည်။
"မသိပါဘူး။ အသင်က.."
"မင်းတို့ငါ့ကို မသိမှတော့ ဘာမှ စိတ်ပူစရာမလိုတော့ဘူးလို့ ထင်တယ်" ဇူအန် စကားမဆုံးခင်ပင် လှုပ်ရှားလိုက်သည်။ သူ့ပုံရိပ်က အရိပ်များစွာကွဲထွက်သွားသည်။ သူတို့လေးယောက်လုံး မျက်နှာတွင် တစ်ချက်စီအရိုက်ခံလိုက်ရသည်။
မိန်လိ အဆင့်မြှင့်တင်ပေးပြီးနောက် နေကြာပန်းလှိုင်းမှာ ပို၍ အားကောင်းလာပြီး ဇူအန် လှုပ်ရှားမှုများ ပိုမြန်လာသည်။
သာမန်လူက ဘယ်လိုလုပ် ထိုးထွင်းမြင်နိုင်မှာလဲ။ အများဆုံးမှ ဝေဝေဝါးဝါးအရိပ်တစ်ခုမြင်လိုက်ရပြီး ပါးစပ်များ ရုတ်တရက် နာကျင်လာရသည်ပင်။ လေးယောက်သား လေထဲလွင့်သွားပြီး မြေပြင်ပေါ် ပြန်ပြုတ်ကျသွားသည်။
ချင်ဝမ်ယွီ မျက်လုံးပြူးထွက်နေသည်။ သူတောင် ဇူအန်ဘယ်လိုလုပ် တစ်စက္ကန့်အတွင်း ထိုသို့လုပ်နိုင်လဲ မမြင်နိုင်ပေ။
ဇူအန် ဒီလောက်မြန်မြန် လှုပ်ရှားမည်ဟုလည်း မထင်ထားပေ။ အာရုံစိုက်မခံရအောင် ဖာသိဖာသာနေမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။
လူမိုက်လေးယောက်လည်း ခေါင်းမူးပြီး ကြောင်သွားသည်။ သူတို့မေးရိုးများကို ကိုယ်တိုင်ပြန်တည့်လိုက်ပြီး တစ်ချို့ဆို သွားများပါ ကျွတ်သွားသည်။
"မင်း...မင်း...ငါတို့ညီအစ်ကိုလေးယောက်ကို တကယ်ရန်စရဲတယ်ပေါ့။ ငါတို့ လက်တုံ့ပြန်မှာ မကြောက်ဘူးလား" လေးယောက်လုံး ဇူအန်ကို လက်ညှိုးထိုးကာ ဆဲနေကြသည်။ မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း အရိုက်ခံထားရ၍ မူးနောက်နေတုန်းပင်။
ဒါက သူတို့ကို ပိုဒေါသထွက်စေသည်။
သက်သည် ကျီဝူလီ ထံမှ အမျက်ပွိုင့် ၈၈၈ ရယူလိုက်သည်။
သင်သည် ချန်ပေါင် ထံမှ အမျက်ပွိုင့် ၈၈၈ ရယူလိုက်သည်။
သင်သည် ကျင်းကျူး ထံမှ အမျက်ပွိုင့် ၈၈၈ ရယူလိုက်သည်။
သင်သည် လုံဇီ ထံမှ အမျက်ပွိုင့် ၈၈၈ ရယူလိုက်သည်။
ချင်ဝမ်ယွီ ဇူအန်ကိုအဖော်ပြုကာ အထဲဝင်လိုက်သည်။ လူအုပ်ကြားတွင် ထိုင်ရန်နေရာတစ်ခုရှာလိုက်ပြီး မေးလာသည်။
"ငါတို့ မသိသာအောင်နေပြီး ပြဿနာမဖြစ်အောင် ရှောင်ရမယ်လို့ နင်မပြောဘူးလား။ "
"သခင်မအနိုင်ကျင့်ခံနေရတာကို ကျုပ်က ဒီတိုင်းလက်ပိုက်ပြီး ကြည့်နေလို့မရဘူးလေ။ ဟုတ်တယ်မလား"
ချင်ဝမ်ယွီ ကြောင်သွားသည်။ သူ့အတွေ့နှင့်သူ မျောနေသည်။ ကုန်လွန်သွားသောအချိန်များနှင့် သူတို့ငယ်ရွယ်စဉ်ကလည်း ချူကျုန်းထန် သူမကို ဒီလိုကာကွယ်ပေးခဲ့ကြောင်း ပြန်သတိရလိုက်မိသည်။
သူ မြို့တော်ဝန်ကတော်ဖြစ်လာပြီးနောက် သူမအတွက် စွန့်စားရန် မလိုအပ်တော့ပေ။ ဒီလို ကာကွယ်ပေးခံရခြင်းမျိုး မခံစားရတာ နှစ်ချီနေပြီ။
အမြန် အတွေးများဖယ်ကာ ဆက်လက်စောဒကတက်လိုက်သည်။
"ဒါက ငါတို့ကို အာရုံစိုက်မလာနိုင်ဘူးလား"
ဇူအန်ပြောလိုက်သည်။
"စိတ်မပူနဲ့ အဲ့နားမှာ လူအများကြီးမရှိဘူး။ ပြီးတော့ ကျုပ်တို့အမြန် ရှောင်ထွက်လာနိုင်တာပဲ။ လူအများကြီး အာရုံစိုက်တာ ခံရမယ်မထင်ဘူး"
ချင်ဝမ်ယွီ စိတ်အေးသွားသည်။
ဧည့်သည်များစွာ လေလံပွဲခန်းမအတွင်း ဝင်လာကြပြီး သူတို့နှင့်ပြဿနာတက်သော လူမိုက်လေးယောက်ကလည်း သူတို့ကို လိုက်ရှာရင်း ဝင်လာသည်။
သို့သော် ဒီလေလံပွဲက ထူးခြား၍ လူတိုင်းတွင် သီးသန့်နေရာ ပေးထားသည်။ ထိုလေးယောက်၏ အပြုအမူက အစောင့်များကို မကျေမနပ်ဖြစ်စေသည်။ တစ်ချို့အစောင့်များက သူတို့ကို အပြင်ခေါ်ထုတ်သွားသည်။ သူတို့က ခန်းမ၏ အခြားနေရာတစ်ခုကို အပို့ခံရမည် သို့မဟုတ် အိမ်တော်အတွင်းမှ နှင်ထုတ်ခံရပေမည်။
မကြာခင် ပိန်လျလှပသော မိန်းမပျိုတစ်ဦးက လေလံပွဲစတင်ကြောင်း ကြေညာလိုက်သည်။ သူတို့မြင်သော် လူတစ်ချို့က လေချွန်လိုက်ကြသည်။
ဇူအန်ကတော့ ရင်ပင်မခုန်ချေ။ သူ့ဘေးတွင် မိန်းမလှပေါင်းစုံ ရှိလေသည်။ ဒီမိန်းကလေးက မဆိုးလှသော်လည်း သူ့မြင်နေကျ အလှထိပ်ခေါင်များနှင့်ယှဉ်လျှင် မှေးမှိန်နေသေးသည်။
သူ့ကိုယ်လုံးကိုယ်ပေါက်ကတောင် ချင်ဝမ်ယွီလောက် မလှဘူး။
ဟမ်…တစ်ခုခု ထူးဆန်းနေတယ်။
လေလံပွဲစတင်ရာ ပစ္စည်းမျိုးစုံ ထုတ်လာသည်။ လူအုပ်ကလည်း တစ်ယောက်နှင့်တစ်ယောက် ပြိုင်ဆိုင်စျေးတင်ပြီး ဆူပွက်လာသည်။ ဇူအန်ပင် တစ်ချို့ပစ္စည်းများ လေလံဆွဲချင်လာသည်။ သို့သော် ဒီနေရာကိုလာရသော အဓိကအကြောင်းအရင်းကို တွေး၍ စိတ်ထိန်းနေရသည်။
တစ်ချို့ကရှည်ကြာသော၊ တစ်ချို့က တိုတောင်းသော လေလံဆွဲမှုများ အပြီး နောက်ဆုံးတော့ သူတို့စောင့်နေသော ပစ္စည်းက ပေါ်လာလေပြီ။ ဒါက ဆားလက်မှတ်အများအပြားဖြစ်ကြောင်း လူတိုင်းသိသွားသော် နေရာပေါင်းစုံမှ ပင့်သက်ရှိုက်သံများ ကြားလာရသည်။
လူအုပ်က ချူအိမ်ရင်ဆိုင်နေရသော အခက်အခဲကို နားလည်လေသည်။ ထိုဆားလက်မှတ်များ လက်ခံတာက ချူအိမ်ကို ရန်စခြင်းပင်။
သို့သော် လေလံပွဲကိုအဖိတ်ခံရသူတိုင်းတွင် နောက်ခံကိုယ်စီ ရှိကြသည်။ တစ်ချို့ဆို ဆားလက်မှတ်များအကြောင်း ကြိုတင်သတင်းရထားပြီးဖြစ်သည်။
အချိန်တိုအတွင်း လူတစ်ယောက် စျေးစခေါ်သည်။ ဒုတိယလူတစ်ယောက်ပေါ်လာပြီး ထို့နောက် လေလံပွဲက သွေးပူလာလေသည်။
ဒီဆားလက်မှတ်များ ရလိုက်လျှင် မှောင်ခိုဆားကိုပင် တရားဝင်ရောင်းနိုင်သည်။ အရင်းအနှီးသိပ်မကုန်ဘဲ အမြတ်ကြီးကြီး ရနိုင်ပေသည်။
စျေးနှုန်းက တဖြည်းဖြည်း ပိုမြင့်လာပြီ။
ချင်ဝမ်ယွီပင် စျေးခေါ်ရန် စိတ်မထိန်းနိုင်တော့ပေ။ ဆားလက်မှတ်ပြန်ပေးတာက သူတို့အကြွေးတင်နေတဲ့ ငွေစ ၁၆သန်း ပြန်ပေးတာထက် ပိုတန်လေသည်။ ကုန်ကျစရိတ်က ဖာနိုင်သေးသည်။
ဇူအန် သူ့ကိုတားလိုက်သည်။
"ဒါတွေက အစတည်းက ကျုပ်တို့ပိုင်တာလေ။ ဘာလို့ ငွေပေးပြီး ပြန်ဝယ်ရမှာလဲ။ စိတ်မပူနဲ့ တစ်ယောက်ယောက်က ကျုပ်တို့ကိုယ်စား ယူပေးလိမ့်မယ်'
သူ့စကားဆုံးဆုံးချင်း ဆန်းရှန်ခေါင်းဆောင်သော လူကောင်ထွားထွားယောက်ျားသားများ အုပ်စုလိုက် အပြင်မှ ဝင်လာသည်။ ဘေးပတ်လည်ကို တစ်ချက်ကြည့်၍ ရှင်းလင်းကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။
"ဒီနေရာမှာ တရားမဝင် ကုန်သွယ်နေတယ်လို့ မြစ်ကမ်းစောင့်တပ်က တိုင်စာရထားတယ်။ ငါတို့က မှောင်ခိုပစ္စည်းတွေ သိမ်းဖို့ရောက်လာတာ။ မပတ်သက်တဲ့သူတွေ ချက်ချင်း ဘေးဖယ်နေကြ"
----- --------------------------- ----- - - - - - - - - - ----- -
Chapter 356: ငါဘယ္သူလဲ မင္းတို႔သိလား
အမွန္ေတာ့ ခ်င္ဝမ္ယြီ၏ မ်က္ႏွာဖုံးက သူမကို႐ုပ္မဆိုးေစပါ။ သမန္ကာလွ်ံကာ ျဖစ္သြားေစ႐ုံပါ။ သို႔ေသာ္ သူ႕ခႏၶာကိုယ္ေကာက္ေၾကာင္းကိုၾကည့္ၿပီး စိတ္ရိုင္းဝင္ေနၾကလို႔ မွန္းခ်က္နဲ႕ ႏွမ္းထြက္ မကိုက္ျဖစ္သြားၿပီး အႀကီးအက်ယ္ စိတ္ပ်က္သြားၾကတာပဲျဖစ္သည္။ ထို႔ေၾကာင့္ အလိုလို ႐ုပ္ဆိုးတယ္လို႔ ထင္ၾကျခင္းပင္။
ၿမိဳ႕ေတာ္ဝန္ကေတာ္တစ္ပါးအေနျဖင့္ လူတိုင္းက သူမကိုအျပစ္ျပဳမိမည္စိုးရိမ္ကာ သူမေဘးတြင္ ဂ႐ုစိုက္ကာ တရိုတေသ ဆက္ဆံၾကသည္။
သာမန္ေယာက္်ားမ်ားက သူမအနားကိုပင္ ကပ္နိုင္မည္မဟုတ္သလို ဘယ္သူမွ သူ႕ကို အခ်ိန္ၾကာေအာင္ မစိုက္ၾကည့္ရဲေပ။ ဒီလို အုပ္စုလိုက္ အရွက္ခြဲတာ ဘယ္တုန္းက ခံရဖူးလို႔လဲ။
အဲ့တာအျပင္ သူ႕ကို ႐ုပ္ဆိုးတယ္လို႔ေတာင္ ေျပာရဲေသးတယ္။ သူဝတ္ထားေသာ မ်က္ႏွာဖုံးေၾကာင့္မွန္း သိေနေသာ္လည္း သည္းခံရန္ အလြန္ခက္ခဲေလသည္။
ထိုအခ်ိန္တြင္ တစ္ေယာက္က ေျပာလာသည္။
"သူက ၾကည့္ေကာင္းတယ္လို႔ ငါေတာ့ထင္တယ္။ အနည္းဆုံး မင္းတို႔ေျပာသေလာက္ မဆိုးပါဘူး။ သူ႕ဆီက အမ်ိဳးျမတ္အေငြ႕အသက္ေတြလည္း ရေနတယ္။ မိန္းမတစ္ေယာက္မွာ..."
"ဒီလိုခ်ီးထုတ္မ်ိဳးကို ဘယ္လိုလုပ္ အမ်ိဳးျမတ္လို႔ ေခၚရတာလဲ။ မင္းကန္းေနလား"
"မင္းေျပာတာမွန္နိုင္တယ္...သူက သူ႕ကိုယ္သူ တစ္ျခားမိန္းမေတြနဲ႕မတူသလိုပဲ.."
"သြားစမ္းပါ ကိုယ့္လူရာ။ အဲ့ဒီခႏၶာကိုယ္ရွိတာ ဘယ္သူက သူ႕မ်က္ႏွာကို ၾကည့္မွာလဲ။ ငါေတာ့ ႀကိဳက္ၿပီ"
ခ်င္ဝမ္ယြီ ေဒါသထြက္လြန္း၍ တစ္ကိုယ္လုံးတုန္ရင္ေနတာ ဇူအန္ ျမင္နိုင္သည္။ သူ႕စရိုက္အရ အခုခ်ိန္ထိ မေပါက္ကြဲေသးတာ အံ့ၾသေနေသးသည္။ သူတို႔ လာရင္း ပစ္မွတ္ကို လန့္ေျပးမသြားေအာင္ သူ႕ကိုယ္သူ ထိန္းခ်ဳပ္ေနပုံရသည္။
ဒါေပမဲ့ ဒီေကာင္ေတြက နည္းနည္းေတာ့ လြန္လာၿပီ။ ဇူအန္ ေခ်ာင္းဆိုးကာ ခ်င္ဝမ္ယြီ ေရွ႕ ဝင္ရပ္လိုက္သည္။
"ကိုယ့္လူတို႔ ဒီကိုမလာခင္ ခ်ီးစားခဲ့တာလား။ ဘာလို႔ ပါးစပ္ေတြက ဒီေလာက္ ႐ြံစရာေကာင္းေနရတာလဲ"
ဒီေလာက္ ျပင္းထန္တဲ့စကားမ်ိဳး ထိုလူမ်ား မၾကားဖူးေခ်။ အကုန္လုံး ခ်က္ခ်င္းနီးပါး ေပါက္ကြဲလာၾကသည္။
သင္သည္ က်ီဝူလီ ထံမွ အမ်က္ပြိုင့္ ၇၆၅ ရယူလိုက္သည္။
သင္သည္ ခ်န္းေပါင္ ထံမွ အမ်က္ပြိုင့္ ၇၆၅ ရယူလိုက္သည္။
သင္သည္ က်င္းက်ဴး ထံမွ အမ်က္ပြိုင့္ ၇၆၅ ရယူလိုက္သည္။
သင္သည္ လုံဇီ ထံမွ အမ်က္ပြိုင့္ ၇၆၅ ရယူလိုက္သည္။
ခ်င္ဝမ္ယြီက ႏွာေခါင္းႏွင့္ နား႐ြက္မွ အေငြ႕မ်ားထြက္မတတ္ ေဒါသျဖစ္ေနေသာ္လည္း ထိုစကားၾကားေသာ္ ၿပဳံးလိုက္မိသည္။ ဇူအန္က ပါးစပ္သရမ္းတတ္ေသာေၾကာင့္ အၿမဲတမ္း မႀကိဳက္ခဲ့ေပ။ သို႔ေသာ္ ဒီေန႕ေတာ့ အေတာ္ ခ်စ္စရာေကာင္းေနသည္ဟု ထင္ရသည္။
"သြားစမ္ ေကာင္ေလး မင္း ငါတို႔ဘယ္သူလဲ သိလား" ေဒါသထြက္ေနေသာ လူရမ္းကားေလးေယာက္က သူတို႔ထံ ေရွ႕တိုးလာသည္။
"ေျပာျပပါဦး" ခ်င္ဝမ္ယြီ ေအးစက္စက္ ေျပာလိုက္သည္။ ဒီေလးေယာက္က သိပ္အေရးပါဟန္မတူေခ်။ သူမ ရိုက္ႏွက္လိုက္လဲ ျပႆနာမရွိမည့္ပုံပင္။
"ငါတို႔က အေရွ႕ပိုင္းလူမိုက္၊ အေနာက္ပိုင္းငထန္၊ ေတာင္ပိုင္းႏွာဘူး နဲ႕ ေျမာက္ပိုင္းလူရမ္းကားေတြပဲ" သူတို႔က မိတ္ဆက္ရင္း ေနရာတြင္ပင္ တူညီဟန္ေရးျပလိုက္ေသးသည္။ ဒီဟာကို အခ်ိန္အၾကာႀကီး ေလ့က်င့္ထားရတာ ေသခ်ာသည္။
ခ်င္ဝမ္ယြီ ဘာမွမေျပာနိုင္ေအာင္ ဆြံအသြားရသည္။
ဇူအန္ပင္ ေၾကာင္ေငးေနမိသည္။
ဒီေလာကမွာ ဒီလို ေပါေတာေတာ ရယ္စရာစရိုက္မ်ိဳးရွိမည္ဟု မထင္ထားေပ။
"အဲ့ဒီနာမည္ေတြက ခင္ဗ်ားတို႔ေလးေယာက္နဲ႕ တကယ္လိုက္ဖက္တယ္လို႔ ေျပာနိုင္ပါတယ္" ဇူအန္ သက္ျပင္းခ်သံက ေလးစားမႈအျပည့္ပင္။
"အခု ငါတို႔ဘယ္သူလဲ သိၿပီဆိုေတာ့ ဒီမိန္းမကို ထားခဲ့ၿပီး အျမန္ထြက္သြားေတာ့။ သူက နည္းနည္း႐ုပ္ဆိုးေပမဲ့ ေကာက္ေၾကာင္းလွတယ္။ ငါတို႔ညီအစ္ကိုေတြ အားနာနာနဲ႕ လက္ခံလိုက္မယ္" က်ီဝူလီ ေျပာလာသည္။
ခ်င္ဝမ္ယြီ တကယ္ ေပါက္ကြဲေတာ့မည္။ ဒီလူေတြကို တကယ္ ႏုပ္ႏုပ္စင္း၍ ေခြးေကြၽးပစ္ခ်င္သည္။
ဇူအန္ သူတို႔ေမးခြန္းကို ျပန္ေမးလိုက္သည္။
"မင္းတို႔ေလးေယာက္ကေရာ ငါဘယ္သူလဲသိလား" ေအးစက္စက္ ေမးလိုက္သည္။
႐ုတ္တရက္ အထက္စီးဆန္ေသာေလသံေၾကာင့္ ထိုသူမ်ားလည္း အံ့ၾသသြားၾကသည္။
"မသိပါဘူး။ အသင္က.."
"မင္းတို႔ငါ့ကို မသိမွေတာ့ ဘာမွ စိတ္ပူစရာမလိုေတာ့ဘူးလို႔ ထင္တယ္" ဇူအန္ စကားမဆုံးခင္ပင္ လႈပ္ရွားလိုက္သည္။ သူ႕ပုံရိပ္က အရိပ္မ်ားစြာကြဲထြက္သြားသည္။ သူတို႔ေလးေယာက္လုံး မ်က္ႏွာတြင္ တစ္ခ်က္စီအရိုက္ခံလိုက္ရသည္။
မိန္လိ အဆင့္ျမႇင့္တင္ေပးၿပီးေနာက္ ေနၾကာပန္းလွိုင္းမွာ ပို၍ အားေကာင္းလာၿပီး ဇူအန္ လႈပ္ရွားမႈမ်ား ပိုျမန္လာသည္။
သာမန္လူက ဘယ္လိုလုပ္ ထိုးထြင္းျမင္နိုင္မွာလဲ။ အမ်ားဆုံးမွ ေဝေဝဝါးဝါးအရိပ္တစ္ခုျမင္လိုက္ရၿပီး ပါးစပ္မ်ား ႐ုတ္တရက္ နာက်င္လာရသည္ပင္။ ေလးေယာက္သား ေလထဲလြင့္သြားၿပီး ေျမျပင္ေပၚ ျပန္ျပဳတ္က်သြားသည္။
ခ်င္ဝမ္ယြီ မ်က္လုံးျပဴးထြက္ေနသည္။ သူေတာင္ ဇူအန္ဘယ္လိုလုပ္ တစ္စကၠန့္အတြင္း ထိုသို႔လုပ္နိုင္လဲ မျမင္နိုင္ေပ။
ဇူအန္ ဒီေလာက္ျမန္ျမန္ လႈပ္ရွားမည္ဟုလည္း မထင္ထားေပ။ အာ႐ုံစိုက္မခံရေအာင္ ဖာသိဖာသာေနမယ္လို႔ သေဘာတူထားတာ မဟုတ္ဘူးလား။
လူမိုက္ေလးေယာက္လည္း ေခါင္းမူးၿပီး ေၾကာင္သြားသည္။ သူတို႔ေမးရိုးမ်ားကို ကိုယ္တိုင္ျပန္တည့္လိုက္ၿပီး တစ္ခ်ိဳ႕ဆို သြားမ်ားပါ ကြၽတ္သြားသည္။
"မင္း...မင္း...ငါတို႔ညီအစ္ကိုေလးေယာက္ကို တကယ္ရန္စရဲတယ္ေပါ့။ ငါတို႔ လက္တုံ႕ျပန္မွာ မေၾကာက္ဘူးလား" ေလးေယာက္လုံး ဇူအန္ကို လက္ညွိုးထိုးကာ ဆဲေနၾကသည္။ မတ္တပ္ရပ္ရန္ ႀကိဳးစားေသာ္လည္း အရိုက္ခံထားရ၍ မူးေနာက္ေနတုန္းပင္။
ဒါက သူတို႔ကို ပိုေဒါသထြက္ေစသည္။
သက္သည္ က်ီဝူလီ ထံမွ အမ်က္ပြိုင့္ ၈၈၈ ရယူလိုက္သည္။
သင္သည္ ခ်န္ေပါင္ ထံမွ အမ်က္ပြိုင့္ ၈၈၈ ရယူလိုက္သည္။
သင္သည္ က်င္းက်ဴး ထံမွ အမ်က္ပြိုင့္ ၈၈၈ ရယူလိုက္သည္။
သင္သည္ လုံဇီ ထံမွ အမ်က္ပြိုင့္ ၈၈၈ ရယူလိုက္သည္။
ခ်င္ဝမ္ယြီ ဇူအန္ကိုအေဖာ္ျပဳကာ အထဲဝင္လိုက္သည္။ လူအုပ္ၾကားတြင္ ထိုင္ရန္ေနရာတစ္ခုရွာလိုက္ၿပီး ေမးလာသည္။
"ငါတို႔ မသိသာေအာင္ေနၿပီး ျပႆနာမျဖစ္ေအာင္ ေရွာင္ရမယ္လို႔ နင္မေျပာဘူးလား။ "
"သခင္မအနိုင္က်င့္ခံေနရတာကို က်ဳပ္က ဒီတိုင္းလက္ပိုက္ၿပီး ၾကည့္ေနလို႔မရဘူးေလ။ ဟုတ္တယ္မလား"
ခ်င္ဝမ္ယြီ ေၾကာင္သြားသည္။ သူ႕အေတြ႕ႏွင့္သူ ေမ်ာေနသည္။ ကုန္လြန္သြားေသာအခ်ိန္မ်ားႏွင့္ သူတို႔ငယ္႐ြယ္စဥ္ကလည္း ခ်ဴက်ဳန္းထန္ သူမကို ဒီလိုကာကြယ္ေပးခဲ့ေၾကာင္း ျပန္သတိရလိုက္မိသည္။
သူ ၿမိဳ႕ေတာ္ဝန္ကေတာ္ျဖစ္လာၿပီးေနာက္ သူမအတြက္ စြန့္စားရန္ မလိုအပ္ေတာ့ေပ။ ဒီလို ကာကြယ္ေပးခံရျခင္းမ်ိဳး မခံစားရတာ ႏွစ္ခ်ီေနၿပီ။
အျမန္ အေတြးမ်ားဖယ္ကာ ဆက္လက္ေစာဒကတက္လိုက္သည္။
"ဒါက ငါတို႔ကို အာ႐ုံစိုက္မလာနိုင္ဘူးလား"
ဇူအန္ေျပာလိုက္သည္။
"စိတ္မပူနဲ႕ အဲ့နားမွာ လူအမ်ားႀကီးမရွိဘူး။ ၿပီးေတာ့ က်ဳပ္တို႔အျမန္ ေရွာင္ထြက္လာနိုင္တာပဲ။ လူအမ်ားႀကီး အာ႐ုံစိုက္တာ ခံရမယ္မထင္ဘူး"
ခ်င္ဝမ္ယြီ စိတ္ေအးသြားသည္။
ဧည့္သည္မ်ားစြာ ေလလံပြဲခန္းမအတြင္း ဝင္လာၾကၿပီး သူတို႔ႏွင့္ျပႆနာတက္ေသာ လူမိုက္ေလးေယာက္ကလည္း သူတို႔ကို လိုက္ရွာရင္း ဝင္လာသည္။
သို႔ေသာ္ ဒီေလလံပြဲက ထူးျခား၍ လူတိုင္းတြင္ သီးသန့္ေနရာ ေပးထားသည္။ ထိုေလးေယာက္၏ အျပဳအမူက အေစာင့္မ်ားကို မေက်မနပ္ျဖစ္ေစသည္။ တစ္ခ်ိဳ႕အေစာင့္မ်ားက သူတို႔ကို အျပင္ေခၚထုတ္သြားသည္။ သူတို႔က ခန္းမ၏ အျခားေနရာတစ္ခုကို အပို႔ခံရမည္ သို႔မဟုတ္ အိမ္ေတာ္အတြင္းမွ ႏွင္ထုတ္ခံရေပမည္။
မၾကာခင္ ပိန္လ်လွပေသာ မိန္းမပ်ိဳတစ္ဦးက ေလလံပြဲစတင္ေၾကာင္း ေၾကညာလိုက္သည္။ သူတို႔ျမင္ေသာ္ လူတစ္ခ်ိဳ႕က ေလခြၽန္လိုက္ၾကသည္။
ဇူအန္ကေတာ့ ရင္ပင္မခုန္ေခ်။ သူ႕ေဘးတြင္ မိန္းမလွေပါင္းစုံ ရွိေလသည္။ ဒီမိန္းကေလးက မဆိုးလွေသာ္လည္း သူ႕ျမင္ေနက် အလွထိပ္ေခါင္မ်ားႏွင့္ယွဥ္လွ်င္ ေမွးမွိန္ေနေသးသည္။
သူ႕ကိုယ္လုံးကိုယ္ေပါက္ကေတာင္ ခ်င္ဝမ္ယြီေလာက္ မလွဘူး။
ဟမ္တစ္ခုခု ထူးဆန္းေနတယ္။
ေလလံပြဲစတင္ရာ ပစၥည္းမ်ိဳးစုံ ထုတ္လာသည္။ လူအုပ္ကလည္း တစ္ေယာက္ႏွင့္တစ္ေယာက္ ၿပိဳင္ဆိုင္ေစ်းတင္ၿပီး ဆူပြက္လာသည္။ ဇူအန္ပင္ တစ္ခ်ိဳ႕ပစၥည္းမ်ား ေလလံဆြဲခ်င္လာသည္။ သို႔ေသာ္ ဒီေနရာကိုလာရေသာ အဓိကအေၾကာင္းအရင္းကို ေတြး၍ စိတ္ထိန္းေနရသည္။
တစ္ခ်ိဳ႕ကရွည္ၾကာေသာ၊ တစ္ခ်ိဳ႕က တိုေတာင္းေသာ ေလလံဆြဲမႈမ်ား အၿပီး ေနာက္ဆုံးေတာ့ သူတို႔ေစာင့္ေနေသာ ပစၥည္းက ေပၚလာေလၿပီ။ ဒါက ဆားလက္မွတ္အမ်ားအျပားျဖစ္ေၾကာင္း လူတိုင္းသိသြားေသာ္ ေနရာေပါင္းစုံမွ ပင့္သက္ရွိုက္သံမ်ား ၾကားလာရသည္။
လူအုပ္က ခ်ဴအိမ္ရင္ဆိုင္ေနရေသာ အခက္အခဲကို နားလည္ေလသည္။ ထိုဆားလက္မွတ္မ်ား လက္ခံတာက ခ်ဴအိမ္ကို ရန္စျခင္းပင္။
သို႔ေသာ္ ေလလံပြဲကိုအဖိတ္ခံရသူတိုင္းတြင္ ေနာက္ခံကိုယ္စီ ရွိၾကသည္။ တစ္ခ်ိဳ႕ဆို ဆားလက္မွတ္မ်ားအေၾကာင္း ႀကိဳတင္သတင္းရထားၿပီးျဖစ္သည္။
အခ်ိန္တိုအတြင္း လူတစ္ေယာက္ ေစ်းစေခၚသည္။ ဒုတိယလူတစ္ေယာက္ေပၚလာၿပီး ထို႔ေနာက္ ေလလံပြဲက ေသြးပူလာေလသည္။
ဒီဆားလက္မွတ္မ်ား ရလိုက္လွ်င္ ေမွာင္ခိုဆားကိုပင္ တရားဝင္ေရာင္းနိုင္သည္။ အရင္းအႏွီးသိပ္မကုန္ဘဲ အျမတ္ႀကီးႀကီး ရနိုင္ေပသည္။
ေစ်းႏႈန္းက တျဖည္းျဖည္း ပိုျမင့္လာၿပီ။
ခ်င္ဝမ္ယြီပင္ ေစ်းေခၚရန္ စိတ္မထိန္းနိုင္ေတာ့ေပ။ ဆားလက္မွတ္ျပန္ေပးတာက သူတို႔အေႂကြးတင္ေနတဲ့ ေငြစ ၁၆သန္း ျပန္ေပးတာထက္ ပိုတန္ေလသည္။ ကုန္က်စရိတ္က ဖာနိုင္ေသးသည္။
ဇူအန္ သူ႕ကိုတားလိုက္သည္။
"ဒါေတြက အစတည္းက က်ဳပ္တို႔ပိုင္တာေလ။ ဘာလို႔ ေငြေပးၿပီး ျပန္ဝယ္ရမွာလဲ။ စိတ္မပူနဲ႕ တစ္ေယာက္ေယာက္က က်ဳပ္တို႔ကိုယ္စား ယူေပးလိမ့္မယ္'
သူ႕စကားဆုံးဆုံးခ်င္း ဆန္းရွန္ေခါင္းေဆာင္ေသာ လူေကာင္ထြားထြားေယာက္်ားသားမ်ား အုပ္စုလိုက္ အျပင္မွ ဝင္လာသည္။ ေဘးပတ္လည္ကို တစ္ခ်က္ၾကည့္၍ ရွင္းလင္းက်ယ္ေလာင္ေသာအသံျဖင့္ ေျပာလိုက္သည္။
"ဒီေနရာမွာ တရားမဝင္ ကုန္သြယ္ေနတယ္လို႔ ျမစ္ကမ္းေစာင့္တပ္က တိုင္စာရထားတယ္။ ငါတို႔က ေမွာင္ခိုပစၥည္းေတြ သိမ္းဖို႔ေရာက္လာတာ။ မပတ္သက္တဲ့သူေတြ ခ်က္ခ်င္း ေဘးဖယ္ေနၾက"
----- --------------------------- ----- - - - - - - - - - ----- -