DΙͺᴠᴏʀᴄᴇ SᴄᴇɴᴀʀΙͺᴏ [KOOα—°OՏ]

By JeonKooKooD

71.9K 3.3K 139

πŸŒ³α€œα€™α€Ία€Έα€α€½α€²α€•α€Όα€α€Ία€†α€²α€α€Όα€„α€Ία€Έα€‡α€¬α€α€Ία€œα€™α€Ία€ΈπŸŒ³ 🌳Divorce Scenario 🌳 α€„α€«α€α€­α€―α€·α€α€»α€…α€Ία€α€²α€·α€€α€Όα€α€šα€Ί α€„α€«α€α€­α€―α€·α€α€½α€±α€·α€†α€―α€Άα€α€²α€·α€€α€Όα€α€šα€Ί α€™α€–α€»α€±... More

🧷Introduction 🧷
🌳Episode 1🌳
🌳Episode 2🌳
🌳Episode 3🌳
🌳Episode 4🌳
🌳Episode 5🌳
🌳Episode 6🌳
🌳Episode 7🌳
🌳Episode 8🌳
🌳Episode 9🌳
🌳Episode 10🌳
🌳Episode 11🌳
🌳Episode 12🌳
🌳Episode 13🌳
🌳Episode 14🌳
🌳Episode 15🌳
🌳Episode 16🌳
🌳Episode 17🌳
🌳Episode 18🌳
🌳Episode 19🌳
🌳Episode 20🌳
πŸ§·α€€α€»α€±α€Έα€‡α€°α€Έα€α€„α€Ία€œα€½α€Ύα€¬πŸ§·

🌳 Ending 21🌳

4.8K 118 11
By JeonKooKooD

ဟုတ်တာပေါ့...
လမ်းခွဲပါတယ်ဆိုမှ သဘောထားမတိုက်ဆိုင်လို့ ရှေ့ဆက်လို့မရလို့လမ်းခွဲခဲ့ကြတာလေ။နောက်တကြိမ်ပတ်သတ်ရမယ်ဆိုရင် အရင်ကလို ဖြစ်မှာပဲဆိုတဲ့စိတ်နဲ့ ကျနော်တို့ တွေးကြောက်လေ့ရှိတယ်။

ကျနော်ပြောချင်တာကဗျာ...
တကယ်ချစ်တယ်ဆိုရင် လူသားဆန်ပလိုက်...
ချစ်ရင်ချစ်တယ်ပေါ့ ညာမနေနဲ့တော့...
အကောင်းဆုံးဖြစ်ဖို့သာစဉ်းစားပြီးလုပ်ဆောင်သွား...
အရင်ကလိုပြန်ဖြစ်ခဲ့မယ်ဆိုရင်တောင် ယုံကြည်မှုနဲ့ကြံ့ကြံ့ခံနိုင်ရမယ်....
အချစ်အတွက် လူသားဆန်သင့်ရင်ဆန်ပစ်လိုက်ပေါ့ဗျာ...
စနိုက်ကျော်မတွေကိုလည်း ဇွတ်ကြောက်မနေနဲ့...
သူဖြဲ ကိုယ်ဖြဲပဲဗျာ...အိုခေ

            🌳 Divorce Scenario 🌳

အရမ်းလှတယ်...
ထယ် ကကျနော်စီစဉ်ပေးထားတဲ့ဝတ်စုံနဲ့တကယ်လိုက်ဖက်တယ်ဗျာ။ကျနော်က"အချစ်ရေ" လို့ခေါ််လိုက်တော့ အံ့ဩနေပုံလေးကလည်း တကယ့်ကို ထယ့်ရဲ့ကျနော်မမြင်ဖူးတဲ့ တဖက်ခြမ်းလေးထင်တယ်။

အမြဲထယ့်ရဲ့ လူကြီးလူကောင်းဆန်တဲ့ပုံစံမျိုးမြင်ဖူးနေကျမို့ ထယ်ကချစ်စရာကလေးပုံစံလေး ရှိမယ်မထင်ခဲ့ဘူး။အခု အဖေနဲ့ပြောနေတဲ့ပုံစံလေးကို အဝေးကကြည့်ရတာ တကယ့်ကိုချစ်စရာလေး။

ဘေးပတ်လည်ကအပြင်အဆင်တွေကကော်ဖီရောင်တွေနဲ့ရယ်။Jeon ရပ်နေတဲ့ စဉ်ပေါ်ကိုကြည့်လိုက်တော့ စတော်ဘယ်ရီသီးတွေနဲ့ထူးထူးစမ်းစမ်းအလှဆင်ထားသည်လေ။တကယ်ပဲ Jeon ကကျနော့စိတ်ကြိုက်လုပ်ပေးထားတာပဲ။

နောက်လမှလို့ကျနော်ထင်ခဲ့တာ။အခုကချက်ချင်းကြီးဆိုတော့ ဘယ်လိုပြောရမလဲ...ရင်ခုန်နေတယ်...အရမ်းကိုပဲ...ပြောမပြတတ်အောင်ကိုလေ....

ဘယ်လိုဘယ်လို ကျနော်အံ့ဩရင်း Jeon ရှေ့ရောက်သွားသည်မှန်းမသိလိုက်ပါပေ။Jeon ၏မျက်လုံးဝိုင်းတွေကိုမြင်မှပြန်သတိရလာတယ်...

"သမက်လေးကို ဒီက အဖေ့သားအဆိုးလေးကိုအပ်ပါတယ်"

"ဟုတ်ကဲ့အဖေ ကျနော်ကတာဝန်ကျေပွန်မှာပါ"

Jeon ကကျနော့ကို ပြန်ပြုံးပြတယ်...
နူးညံ့တဲ့မျက်ဝန်းတွေနဲ့ကြည့်လာတယ်...

"အချိန်ကျရောက်လာပါပြီ"

ဒါကတော့ဘုန်းတော်ကြီး၏အသံ....

"သတို့သား ကင်မ်ထယ်ယောင်းမှ သတို့သားJeon Jungkook ကို လင်ယောကျာ်းအဖြစ် ရိုးမြေကျပေါင်းဖက်မည်လော"

"ဟုတ်ကဲ့ သေချာပေါက်ကတိပေးပါတယ်။လက်ခံပါတယ်"

"သတို့သား Jeon Jungkook မှ သတို့သားကင်မ်ထယ်ယောင်း ကို လင်ယောကျာ်းအဖြစ် ရိုးမြေကျပေါင်းဖက်မည်လော"

"ဟုတ်ကဲ့ သေချာပေါက်ကတိပေးပါတယ်။လက်ခံပါတယ်"

"အနမ်းပေးနိုင်ပါပြီ"

ထိကပ်သွားသောနှုတ်ခမ်းနှစ်စုံ...
ကြည်နူးမှု၊မြတ်နိုးမှုများစွာဖြင့်......

အချိန်တခုရောက်တော့ ထိုနှစ်ခမ်းနှစ်လွှာအား ဖယ်ခွာ၍ တယောက်လက်ကိုတယောက်သေချာစွာဆုပ်ကိုင်ထားသည်။

"အချစ်ရေ
Jeon ကဒီလိုလက်ထပ်ပွဲကိုမြန်မြန်လုပ်လိုက်လို့ စိတ်ဆိုးနေလားဟင်?
Jeon က ထယ်နဲ့ တမိနစ်စာ အချိန်လေးတောင်မခွဲနိုင်တော့တာမို့ အခုလိုစီစဉ်ဖြစ်ခဲ့တာပါ။အချစ်ကနားလည်ပေးပါနော်။ထယ့်ကိုသိပ်ချစ်တယ်ထယ်ရယ်။ Jeon တသက်တာမှာရော၊နောင်ဘဝမှာပါ ထယ့်ကိုချစ်သွားပေးမှာမို့ Jeon လက်ကိုသာဆုပ်ကိုင်ထားလိုက်ပါနော်"

Jeon က Mic ကြီးနှင့်အကျယ်ကြီးပြောလာတော့ ကျနော့မှာဘာပြောရမယ်မသိ။အရမ်းပျော်မိတယ်။ကျနော့်ကိုချစ်ပေးလို့....ကျနော့်အချစ်ထက်ပိုချစ်ပေးလို့လည်း ကျေးဇူးတင်မိတယ်။

"အွန်း...
ငါကစိတ်မဆိုးပါဘူး နားလည်ပေးတယ်။ငါ့ကိုဒီ့ထက်ပိုချစ်ပေးပါဦး Jeon.Jeon ကိုသိပ်ချစ်တယ်"

ရေး!!

မိုက်လိုက်တာ!!

ဂုဏ်ပြုပါတယ်!!

အားလုံး၏တခဲနက် အားပေးစကားတွေကြောင့် ကျနော်တို့လည်းပီတိဖြစ်ကာ တယောက်ကိုတယောက်တင်းကြပ်စွာဖက်ထားလိုက်သည်။

Jeon ရဲ့ရင်ခွင်ထဲမှာ ထယ်ဆိုတဲ့ ယောကျာ်းလေးပေါ့......

ထယ့်ရဲ့လက်သွယ်သွယ်တွေယှက်သွယ်ထားတဲ့ခါးတစုံကတော့ Jeon ဆိုတဲ့ယောကျာ်းလေးရဲ့ပိုင်ဆိုင်မှုပေါ့....

အခက်အခဲတွေ သဘောထားမတိုက်ဆိုင်မှုတွေပြီးတဲ့နောက်မှာ ဒီလိုကြည်နူးစရာနေ့ရက်လေးကိုကျနော်တို့ရောက်လာကြပြီလေ။

ကျနော်တို့မထင်ခဲ့ဘူး...
လမ်းခွဲပီးသားလူနှစ်ယောက်ဟာ နောက်တကြိမ်ပြန်ချစ်ကြတဲ့အခါ အဖုအထစ်တွေဖြစ်နေကြမယ်လို့ပဲတွေးထားခဲ့ကြတာလေ။အခုလိုဇာတ်သိမ်းကောင်းလေးဖြစ်နေလိမ့်မယ်လို့မတွေးမိခဲ့ဘူး...

ကျနော်တို့တွေက ပထမအကြိမ်လမ်းခွဲပြီးသားလူတယောက်ကို နောက်တကြိမ်ပြန်ပတ်သတ်ဖို့ အရမ်းကြောက်နေတတ်ကြတယ်။

ဟုတ်တာပေါ့...
လမ်းခွဲပါတယ်ဆိုမှ သဘောထားမတိုက်ဆိုင်လို့ ရှေ့ဆက်လို့မရလို့လမ်းခွဲခဲ့ကြတာလေ။နောက်တကြိမ်ပတ်သတ်ရမယ်ဆိုရင် အရင်ကလို ဖြစ်မှာပဲဆိုတဲ့စိတ်နဲ့ ကျနော်တို့ တွေးကြောက်လေ့ရှိတယ်။

ကျနော်ပြောချင်တာကဗျာ...
တကယ်ချစ်တယ်ဆိုရင် လူသားဆန်ပလိုက်...
ချစ်ရင်ချစ်တယ်ပေါ့ ညာမနေနဲ့တော့...
အကောင်းဆုံးဖြစ်ဖို့သာစဉ်းစားပြီးလုပ်ဆောင်သွား...
အရင်ကလိုပြန်ဖြစ်ခဲ့မယ်ဆိုရင်တောင် ယုံကြည်မှုနဲ့ကြံ့ကြံ့ခံနိုင်ရမယ်....
အချစ်အတွက် လူသားဆန်သင့်ရင်ဆန်ပစ်လိုက်ပေါ့ဗျာ...
စနိုက်ကျော်မတွေကိုလည်း ဇွတ်ကြောက်မနေနဲ့...
သူဖြဲ ကိုယ်ဖြဲပဲဗျာ...အိုခေ

ကျနော်တို့ ရဲ့ Divorce Scenario လေးဟာအခုတော့ Love Scenario လေးအဖြစ်ပြောင်းလဲ သွားခဲ့ပါပြီ။

အားလုံးလည်း Love Scenario လေးကိုပိုင်ဆိုင်နိုင်ပါစေနော်။အပျိုရီး/လူပျိုရီးတွေကတော့ ဆိုးဆလက် ဟက် ဟက်...

***ပြီးပါပြီ***

🌳 Divorce Scenario 🌳
Ending...
Thanks You

🧸စာဖတ်သူ တယောက်စီတိုင်းကိုကျေးဇူးတင်လျက်.....🧸

KooMos {ကူးမိုစ် }

🛸Sat/April 🛸

     🎡10:35🎡

Continue Reading

You'll Also Like

5.9K 77 10
Naruto meets the Kyuubi after Jiraiya pushes him off the cliff. Read along to see Naruto's journey of becoming a legendary ninja Naruto x fem Kyuubi
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
4.5M 283K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.2M 66K 59
π’πœπžπ§π­ 𝐨𝐟 π‹π¨π―πžγ€’ππ² π₯𝐨𝐯𝐞 𝐭𝐑𝐞 𝐬𝐞𝐫𝐒𝐞𝐬 γ€ˆπ›π¨π¨π€ 1〉 π‘Άπ’‘π’‘π’π’”π’Šπ’•π’†π’” 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...