ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

50.3K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

353

184 20 0
By SoeHmue

Chapter 353: ဘာကြီးလဲ

“သူတို့တွေက ဆားတွင်းတွေကို လိုချင်တာလား” ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ရာကို အပေါင်ပစ္စည်းအဖြစ်ထားရှိရန် လိုအပ်ခြင်းသည် လုံးဝ သာမန်ဖြစ်သော အရာတစ်ခုဖြစ်သည်။ ချူကလန် ၏ အဖိုးအတန်ဆုံးသောပိုင်ဆိုင်မှုမှာ သူတို့၏ ဆားတွင်းများဖြစ်သည်။

ထို့အပြင် ချူကလန်က ယခုလို ခက်ခဲသောအရေးကိစ္စမျိုးကျရောက်နေချိန်တွင် ဝေကလန် က တော်ဝင်နန်းတော်၏ နောက်ခံနှင့်အတူ ၎င်းကမ်းလှမ်းမှုကို ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ထင်ရှားနေသော ဆက်သွယ်ချက်ကို ဆက်စပ်မိရန် မခက်ခဲလှပေ။
ဝေကလန် ကိုယ်တိုင်ကလည်း ထိုအချက်ကို သတိပြုမိ၍ ဤလောက် နိမ့်သော အတိုးနှုန်း ဖြင့် ကမ်းလှမ်းလာခြင်းလည်းဖြစ်နိုင်သည်။ မဟုတ်ပါက ချူကလန် က သူတို့၏ ကမ်းလှမ်းမှုကို ထည့်စဉ်းစားမည်မဟုတ်ပေ။

“သခင်မက ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ” ဇူအန် မေးလိုက်သည်။

ချင်ဝမ်ယွီ ခေါင်းခါလိုက်သည်။ “ငါလည်း မတွေးရသေးဘူး။ ပြန်ရောက်တော့မှပဲ လူတိုင်းနဲ့ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့”
သူမ၏ ကိုက်ခဲနေသော ဦးခေါင်းကို သက်သာလို့သက်သာငြား နားထင်နှစ်ဖက်ကို နှိပ်နယ်လိုက်သည်။ သူမ၏ ယောက်ျား ချုပ်နှောင်ခံရချိန်တွင် ဆက်တိုက်အလုပ်လုပ်နေခဲ့ရပြီး ကောင်းကောင်း အနားမယူရသေးသည်မှာ ထင်ရှားနေသည်။

ဇူအန် က သူမကို ဆက်လက်မနှောင့်ယှက်တော့ဘဲ လှည်းပေါ်မှ ဆုတ်ခွာလိုက်သည်။ သူ၏ အာရုံကို ဝေကလန်မှ ရခဲ့သော သတ္တာ အပေါ်ကို ပြောင်းလိုက်သည်။ ၎င်းကို လမ်းတစ်လျှောက်တွင် အကြိမ်ရေများစွာ စဉ်းစားခဲ့သော်လည်း အချိတ်အပိတ် စည်းကို ဖယ်ရန် နည်းလမ်း မရှာနိုင်ခဲ့ပေ။

ချင်ဝမ်ယွီ ကို ချူအိမ်တော်သို့ ပြန်ပို့ပြီးနောက် ဇူအန်က ဖေးမြန့်မုန် နှင့်သွားတွေ့ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း လောင်မိုင် နှင့် အရင်တွေ့လိုက်ရသည်။
ဇူအန်က ဥယျာဉ်မှူးအိုကြီးကို မြင်ရသောအခါ အရင်နှုတ်ဆက်လိုက်သည်။ “နှုတ်ဆက်ပါတယ် အကြီးအကဲ”

လောင်မိုင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကို ဘေးသို့ ခေါ်သွားသည်။ “နောင်အခါ ငါ့ကို အဲ့ဒီလို မခေါ်နဲ့။ အာရုံစိုက်ခံရတာကို ငါ မကြိုက်ဘူး”
“စိတ်ထဲမှာ မှန်သားထားပါ့မယ်” ဇူအန် ဖြေလိုက်သည်။

“ဝေကလန်ကို သခင်မနဲ့အတူ မင်းလိုက်သွားရတယ်လို့ ငါကြားတယ်” လောင်မိုင်က သူ့ကို ကြည့်လိုက်သည်။ သူ၏ အကြည့်က ဇူအန့်ကို ဖောက်မြင်နေရဟန်ရှိသည်။
ကံကောင်းသည်မှာ ဇူအန် က ဤအရာအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် လုံးဝ အမူအရာမပျက်ပေ။ “ဟုတ်တယ်။ သခင်မက ဝေကလန်ဆီကနေ ပိုက်ဆံ ချေးဖို့ သွားတာ။ အခုလေးတင် သူတို့အိမ်တော်ကနေ ပြန်ရောက်လာတာ”

“အရင်တစ်ခါက လူကြီးနဲ့ မင်း ပက်ပင်းတိုးခဲ့သေးလား” လောင်မိုင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“မတွေ့ဘူး။ သခင်မနဲ့ သူတို့ကလန်ရဲ့ သခင်က ဆွေးနွေးဖို့အရာတွေရှိတယ်။ ဒါကြောင့် သူတို့ ပြီးတဲ့အချိန်အထိ စောင့်နေရုံပဲ” ဇူအန် က အဘယ်ကြောင့် လောင်မိုင်က ထိုသိုင်းပညာရှင်အိုကို အလွန်ကြောက်လန့်နေရခြင်းကို အမှန်တကယ်ကို သိချင်နေသည်။

“အဲ့ဒါကောင်းတယ်” လောင်မိုင် စိတ်သက်သာရာရသွားသည်။ “ငါ မင်းကို ရှာခိုင်းထားတဲ့ သတ္တာကိုရော ရှာတွေ့ခဲ့လား”

ဇူအန် ခေါင်းခါလိုက်သည်။ “မတွေ့ဘူးလေ။ အဲ့ဒါကို ဆက်မရှာနဲ့တော့လို့ ပြောခဲ့တာမဟုတ်ဘူးလား”

လောင်မိုင် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မနှစ်မြို့ဖွယ် အေးစိမ့်သွားသည်ကို ဇူအန် ခံစားလိုက်ရသည်။ လောင်မိုင်က ဝိဉာဉ်အသိကို သုံးကာ သူ၏ ပိုင်ဆိုင်မှုများကို ရှာဖွေလိုက်ခြင်းဖြစ်သည်။
ကံကောင်းသည်မှာ ထို သတ္တာ ကို တောက်ပခြင်းဖန်လုံး ထဲတွင် သိမ်းထားလိုက်ခြင်းဖြစ်သည်။ မဟုတ်ပါက သတ္တာပေါ်ရှိ အချိတ်အပိတ်စည်း က သူ၏ ဝိဉာဉ်အသိကို သေချာပေါက် တုန့်ပြန်မည်ဖြစ်ကာ အလိမ်ပေါ်သွားမည်ဖြစ်သည်။

အခိုက်အတန့်တစ်ခု ကြာပြီးနောက် လောင်မိုင် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်သားပဲ။ ဟုတ်သားပဲ။ ကြည့်ရတာ ငါ့မှတ်ဉာဏ်က အသက်အရွယ်နဲ့လိုက်ပြီးတော့ ပိုဆိုးလာတာထင်တယ်...ဟဲဟဲ..”
ထို့နောက် သူ ထွက်သွားသည်။ သူ့ကို မည်မျှပင်ကြည့်စေကာမူ လုံးဝ ဥယျာဉ်မှူးအဖိုးကြီးတစ်ယောက် ဟုသာ ထင်စေရသည်။

ဇူအန်က လူအချို့နှင့် ကိစ္စရှိသလိုမျိုး အိမ်တော် တစ်ဝှမ်း လျှောက်သွားနေလိုက်သည်။ လောင်မိုင်၏ သံသယမှ လွတ်လောက်ပြီဟု ထင်ရမှသာ ချူအိမ်တော်မှ ခိုးထွက်လိုက်သည်။
လမ်းတစ်လျှောက်တွင် အကွေ့အကောက်များစွာ လုပ်ကာ တမင်သွားခဲ့သည်။ သူ၏ အနောက်သို့ မည်သူမှ လိုက်မလာကြောင်း သေချာမီ အကယ်ဒမီအနီးရှိ လေသာဆောင်ဆီသို့ ဦးတည်သွားလိုက်သည်။

ထိုရင်းနှီးသော လေသာဆောင်ကို ဇူအန် မြင်ရသောအခါ သက်ပြင်းမချဘဲ မနေနိုင်ပေ။ ဤနေရာတွင် ရှန်းလျှို့ယီ နှင့် ပထမဆုံး တွေ့ခဲ့သောနေရာဖြစ်သည်။ ဤနေရာတွင် အခြားမိန်းကလေးတစ်ယောက်နှင့် ထပ်တွေ့ရဦးမည်ကို ဇူအန် မထင်မှတ်ထားခဲ့ပေ။

“နင် တစ်ခုခုပြောလိုက်လား” ချိုသာ၍ သာယာဖွယ်ကောင်းသော အသံတစ်ခု တရွေ့ရွေ့ ရောက်လာသည်။ အမှောင်ထဲမှ ဖေးမြန့်မုန် ထွက်ပေါ်လာသည်။

ဇူအန် သက်ပြင်းချလိုက်သည်။ “မင်း အဆင်ပြေတာကို တွေ့ရတော့ ဝမ်းသာပါတယ်။ အဲ့ဒီလူလက်ကနေ မင်း ထွက်မပြေးနိုင်မှာကို စိုးရိမ်နေခဲ့တာ”

ဖေးမြန့်မုန် ပြုံးလိုက်သည်။ “ မီးကို စမွှေးပေးတဲ့အတွက် နင့်ကို ကျေးဇူးတင်ရမယ်။ အကယ်၍ နင်သာ အဲ့လိုမလုပ်ခဲ့ရင် ငါ ပြင်ဆင်ထားတာတောင် အဲ့လူရဲ့ အဖမ်းကို ခံရတော့မလို့”
ထိုလူကို တွေးမိရုံဖြင့် သူမ စိတ်ထဲတွင် တွယ်ကပ်နေသော အကြောက်တရားအချို့ကို လှုပ်နှိုးစေရန်ပင် လုံလောက်နေသည်။

“အဲ့ဒါကို စိတ်ကူးပေါက်ရာ လုပ်ခဲ့တာ။ မင်း ထွက်ပြေးနိုင်ခဲ့တာက မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစကြောင့်ပါ” ဇူအန် ရယ်လိုက်သည်။
အချက်ပေးမှုတစ်ခု ရုတ်တရက် ထွက်လာသည်။

သင်သည် ဝေတန် ထံမှ အမျက်ပွိုင့် ၃၅၈ ရရှိလိုက်သည်။

ဝေတန် တဲ့လား။ အဲ့ဒါက ဝေကလန်က ဟိုထူးဆန်းတဲ့လူကြီး ရဲ့ နာမည်ဖြစ်နိုင်တယ်။
၎င်းအမျက်ပွိုင့်များ သည် သူ၏ ခြံဝန်းကို မီးရှို့လိုက်ခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်နိုင်သည်။ ဝေကလန်၏ အစေခံများ၏ ကြိုးစားအားထုတ်မှု ကျေးဇူးကြောင့် ထိခိုက်မှုမှာ နည်းပါးပြီး မီးအလျှင်အမြန် ငြိမ်းသွားခဲ့သည်။
သတ္တာ အလဲခံထားရခြင်းကို သူ သတိမထားမိသေးတာလည်း ဖြစ်နိုင်သည်။ အကယ်၍ သိသွားပါက သူ၏ဒေါသမှာ ပိုမို ပြင်းထန်မည်ဖြစ်သည်။

“ငါ လိုချင်တာကို နင်ရှာလာခဲ့လား” ဖေးမြန့်မုန် က စိတ်ဖိစီးစွာ မေးလိုက်သည်။

ဇူအန်က သတ္တာကိုသာ ထုတ်လိုက်သည်။ “ဒီတစ်ခုကိုပဲ ရှာတွေ့ခဲ့တယ်”
သတ္တာအထဲတွင် ရှိနေမည့်အရာကို ဇူအန် သိချင်နေသည်။ သို့သော် ဖွင့်ရန် နည်းလမ်းတစ်ခုကို မရှာနိုင်ပေ။ သူမ၏ အတွေ့အကြုံဖြင့် ဖေးမြန့်မုန်က ထိုအရာကို သိကာ ဖွင့်ရန် နည်းလမ်းတစ်ခုကိုတောင် ရှာနိုင်မည်ဟု ဇူအန် တွေးလိုက်သည်။

“ဟမ်” ဖေးမြန့်မုန်က သူ့ဆီမှ သတ္တာကိုယူကာ စူးစမ်းကြည့်လိုက်သည်။

ဇူအန် ပြောလိုက်သည်။ “သတိထား။ အဲ့ဒီမှာ အချိတ်အပိတ်စည်းတစ်ခုရှိတယ်”

ဖေးမြန့်မုန် ပြုံးလိုက်သည်။ “အဲ့ဒါ ဘာမှမဟုတ်ပါဘူး”

သူမ၏ လက်ချောင်းထိပ်ပေါ်တွင် အနက်ရောင်မီးစငယ်လေးတစ်ခု ပေါ်လာသည်။ တစ်ချက်တို့လိုက်ရုံဖြင့် မီးစမှာ သတ္တာတစ်ခုလုံးအပေါ် အလွှာတစ်ခု ဖုံးသွားသည်။ ကာရံထားသော အလင်းလွှာလေးမှာလည်း အလျှင်အမြန် လောင်ကျွမ်းသွားသည်။

“ပြီးပြီ” ဖေးမြန့်မုန်၏ နှုတ်ခမ်းထောင့်များမှာ အပေါ်ဘက်သို့ ကွေးသွားသည်။ သတ္တာကို သူမ ဖွင့်ဟန်ပြင်လိုက်သည်။

“သတိထားဦး” ဇူအန် က သူမကို အမြန်တားလိုက်သည်။ ထိုအရာသည့ လောင်မိုင် အသည်းအသန်လိုချင်နေသော တစ်စုံတစ်ရာဖြစ်သည်။ ထိုအထဲတွင် လျှို့ဝှက်စက်ပစ္စည်းတစ်စုံတစ်ရာ ရှိနေမည်ကို ဇူအန် စိုးရိမ်ခဲ့သည်။

ဖေးမြန့်မုန် ခေါင်းညိတ်လိုက်သည်။ သတ္တာကို မြေပြင်ပေါ်ချကာ သူတို့နှစ်ဦး မှာ အနောက်သို့ မီတာအနည်းငယ် ဆုတ်လိုက်သည်။ ဖေးမြန့်မုန်က လက်တစ်ဖက်ယမ်းကာ ညင်သာသော အတွင်းအားလှိုင်းတစ်ခုဖြင့် သတ္တာအဖုံးလေးကို ဖွင့်လိုက်သည်။ သတ္တာ မှာ ကိုယ်ပျောက်လက်တစ်ခုပ ဖွင့်လိုက်သကဲ့သို့ ပွင့်သွားသည်။
သူတို့နှစ်ဦး အချိန်တခဏ စောင့်လိုက်ကြသည်။ မည်သည့်လျှို့ဝှက်စက်ယန္တရားမှ မလှုပ်နှိုးမိသည်ကို မြင်ရသောအခါမှ သတ္တာဆီသို့ အမြန်သွားကြည့်လိုက်ကြသည်။

ထိုသတ္တာလေး ကို ပျော့ပျောင်းသော အလွှာတစ်ခုဖြင့် အတွင်းတွင် ခံထားသည်။ အလယ်တွင် စျေးကြီးသော ပိုးထည်နှင့် အနီရောင်ချည်မျှင်တို့ဖြင့် ပတ်ထားသော အရာတစ်ခုရှိနေသည်။
ဖေးမြန့်မုန် နှလုံးနင့်သွားသည်။ အထုပ်အပိုး အရွယ်အစားကိုကြည့်ကာ ၎င်းသည် သူမ ရှာဖွေနေသော ရွှေပြားမဖြစ်နိုင်ပေ။

ဇူအန်က သိချင်စိတ်ဖြင့် အနီရောင်ကြိုးစကို ဖြည်လိုက်သည်။ ထို့နောက် ပိုးထည်ကို တဖြည်းဖြည်း ဖြန့်လိုက်သည်။ သူ ကြောင်သွားသည်။ “ဒါက ဘာလဲဟ”
ပိုးထည်ကို ဖြန့်လိုက်သောအခါ အမည်းရောင် အရာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် နေလှမ်း အခြောက်ခံထားရသော တီကောင်တစ်ကောင် နှင့်တူနေသည်။

ဤအရာကို ရရန် လောင်မိုင် မည်မျှလေးနက်နေသည်ကို ပြန်တွေးရင် သတ္တာကို အပေါ်သို့မကာ သူ၏ နှာခေါင်းဖြင့် ရှုကြည့်လိုက်သည်။ “ဒါက အံ့ဖွယ်ဆေး တစ်မျိုးလား”
၎င်းတွင် ဆေးအနံ့ အရိပ်အယောင် ရှိနေသော်လည်း အလွန်ထူးဆန်းနေသည်။ ၎င်းသည် သူ ရင်းနီးသော ကျီရှောင်ချီ တို့ နေရာ၏ ဆေးနံ့နှင့်မတူပေ။

သူ၏ ကောက်ချက်အောက်တွင် ဖေးမြန့်မုန်လည်း ရုတ်တရက် စိတ်ဝင်စားသွားသည်။ သူမလည်း အနားသို့တိုးကာ စူးစမ်းကြည့်လိုက်သည်။ “ငါတော့မထင်ဘူး။ ကီစွမ်းအင်လှိုင်းလေး အနည်းငယ်တောင် မတွေ့ရဘူး။ ကြည့်ရတာ ရတနာနဲ့ကို မတူဘူး”

“ဒီအရာက သေချာပေါက် ကိုအရေးကြီးမှာပဲ” ဇူအန် ပြတ်သားစွာ ပြောလိုက်သည်။ မဟုတ်ပါက လောင်မိုင် က ထိုအရာကို ဆက်တိုက်တပ်မက်နေမည်မဟုတ်ပေ။

“နင် အဲ့ဒါကို ဘယ်ကနေသွားတွေ့လာတာလဲ” ဖေးမြန့်မုန် မေးလိုက်သည်။

“သူ့ရဲ့ အိပ်ရာအောက်မှာ အံဝှက်တစ်ခုရှိတယ်။ အဲ့ဒါကို အတော်လေးကောင်းကောင်းမွန်မွန် ဝှက်ထားတာပဲ။ ဒါကြောင့် ဒါက အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်ရမယ်” ဇူအန် ပြောလိုက်သည်။

“အိပ်ရာ အောက်မှာ ဝှက်ထားတယ်...” ဖေးမြန့်မုန် ၏ မျက်မှောင်ကျုံ့သွားသည်။ အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။ သူမ၏ မျက်လုံး လုံးဝ နီရဲသွားသည်။ ထို သတ္တာ မှာ ပူလောင်နေသကဲ့သို့ သူမ လွှင့်ပစ်လိုက်သည်။

“ဟေ့ ဟေ့ ဟေ့ သတိထားဦး” ဇူအန် ကပျာကယာဖြင့် အမြန်ဖမ်းလိုက်သည်။ သူမကို ထိန်းမရဘဲ မေးလိုက်သည်။ “မင်း ဘာလုပ်နေတာလဲ”

ဖေးမြန့်မုန် လှည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ မျက်နှာမှာ နီရဲနေဆဲ ဖြစ်သည်။ “အဲ့ဒီအရာက နင်တို့ ယောက်ျားတွေ ရတနာလို့ ယူဆထားတဲ့အရာပဲ”

သူမ ရှက်ရွံနေမှုကို ဇူအန် မြင်ရခဲသည်။ ထိုအရာက သူ၏ သိချင်စိတ်ကို ပိုမိုနိုးထစေသည်။ “အဲ့ဒါက ဘာလဲဆိုတာကို မင်းသိလား”
ပြောရင်းဖြင့် ထိုအရာကို သူ၏ မျက်လုံးဖြင့် အနီးကပ်ကြည့်လိုက်သည်။

ထိုအရာကို နှာခေါင်းအနားထပ် ယူလိုက်သည်ကို ဖေးမြန့်မုန် မြင်လိုက်ရသောအခါ သူမ ကိုယ်သူမ မထိန်းနိုင်တော့ပေ။ “တော်တော့။ ရပ်လိုက်တော့။ အဲ့ဒါက...အဲ့ဒါက...မိန်းမစိုးတစ်ယောက်ရဲ့...မိန်းမစိုးတစ်ယောက်ရဲ့ သောက အရင်းအမြစ် ပဲ”

“သောက အရင်းအမြစ် ဟုတ်လား” ပထမတွင် ဇူအန် နားမလည်ပုံရသည်။ ထပ်မံ စူးစမ်းကြည့်တော့မည့်အချိန်တွင် ရုတ်တရက့ အမှန်သိသွားသည်။ ထိုသတ္တာကို သူလည်း ပစ်ချလိုက်သည်။

“သောက်ကျိုးနည်း လဗြွတ်ကြီးဟ”
ထိုအရာကို ထပ်ခါ ထပ်ခါ စူးစမ်းနေမိကာ ခပ်ပြင်းပြင်းလည်း အနံ့ရှုရှိုက်မိလိုက်သေးသည် ကို ပြန်တွေးကာ သူ၏ အစာအိမ် မှ ပျို့တက်လာသည်။ ချုံပုတ်ဆီသို့ ပြေးသွားကာ ထိုးအန်လိုက်တော့သည်။

သူ၏ အပြုအမူက ဖေးမြန့်မုန်၏ စိတ်ကို တစ်ဆစ်ချိုးပြောင်းသွားစေသည်။ သူမတောင်မှ သူ၏ကျောပြင်ကို လာပုတ်ပေးနေသေးသည်။
ဇူအန် ပြောစရာစကား ပျောက်လုနီးပါးဖြစ်သွားသည်။ “နင်ဟာ… ဒါကို နည်းနည်းလေး စောစောပြောခဲ့သင့်တယ်”

“ငါလည်း အခုလေးတင် သိလိုက်တာပဲ” ဖေးမြန့်မုန်၏ မျက်နှာ နီရဲနေသည်။ “ပြီးတော့ ဒီမှာ ယောက်ျားလေး က နင်လေ။ အဲ့ဒါကို ဘာဖြစ်လို့ အရင် သတိမထားမိရတာလဲ”

ဇူအန် ၏ မျက်နှာပိုမို မည်းမှောင်သွားသည်။ “ငါက သိမ်းငှက်ပျံတွေကိုပဲ မြင်နေကျလေ။ ဒီလို တီကောင် ခြောက်ကို ဘယ်လို သိမှာလဲ”
ပိုမိုပျို့တက်လာသည်ကို ခံစားလိုက်ရသည်။

ဖေးမြန့်မုန် ရယ်မောလိုက်သည်။ “အဲ့ဒါက ငယ်တဲ့အချိန်ကတည်းက တော်ဝင်မိန်းမစိုး ဖြစ်လာရလို့နေမယ်။ သူတို့တွေက သူတို့ရဲ့ဥစ္စာကို မပုပ်မသိုးအောင် ဆေးအမျိုးမျိုးနဲ့ ထိန်းသိမ်းထားကြတယ်။ အဲ့ဒါကို အခြောက်ခံပြီးသွားရင်...အခုလိုပဲ ကျန်တော့တာလို့ ထင်တယ်”

ဇူအန် အခိုက်အတန့် တခဏ ဆွံ့အ သွားသည်။
ထိုကဲ့သို့သော မိန်းမစိုးများ ရှိကြောင်းကိုသိနေရင်တောင်မှ သူနှင့် အလှမ်းဝေးသော အတွေးအခေါ်တစ်ခုဖြစ်နေသေးသည်။ အဘယ်ကြောင့် သူ သိခဲ့မည်နည်း။

ဖေးမြန့်မုန် ရုတ်တရက် စိတ်ဖိစီးသွားသည်။ “မိန်းမစိုးတွေက အဲ့ဒါက်ို အမြဲတမ်း ရတနာလိုမျိုး ဂရုစိုက်ကြတယ်။ သူတို့တွေ သေတဲ့အခါ အဲ့ဒီအရာတွေကိုလည်း အတူမြုပ်ဖို့လိုတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးပြည့်ပြည့်စုံစုံ ပြန်ဖြစ်သွားအောင်ပေါ့။ ဒါမှပဲ နောင်ဘဝမှာ အကောင်းအတိုင်းပြန်ဖြစ်မယ်ပေါ့။ ဒီအရာတွေကို နန်းတော်ထဲမှာ သေချာထိန်းသိမ်းထားလေ့ရှိပါတယ်။ ဘယ်သူမှ ဖယ်လို့မရဘူး။ မိန်းမစိုးဝေ က နန်းတော်ထဲမှာ ထူးခြားတဲ့ အဆင့်အတန်းရှိလို့နေမယ်။ ဘုရင်က သူ့ကို အခွင့်အရေးပေးပြီးတော့ ကိုယ့်ဘာသာ သိမ်းခွင့်ပေးထားတာနေမယ်။
ဒီလိုဆိုရင် နင်က သူ့ရဲ့ ရတနာကို ခိုးခဲ့တာပဲ။ သူသာ သိသွားရင် နင် မသေမချင်း အလွတ်ပေးမှာမဟုတ်လူး။ အဲ့ဒါကို အခွင့်အရေးရှာပြီးတော့ ပြန်ထားသင့်လား”

ဤအရာသည် မည်သူမဆိုအတွက် လုံးဝ အသုံးမဝင်ပေ။ သို့သော် မိန်းမစိုးတိုင်းအတွက် အထိမခံသော အရာဖြစ်သည်။ ၎င်းသည် သူတို့ကို လုံးဝ စိတ်တိုသွားအောင် လုပ်နိုင်စွမ်းရှိသည်။ ထိုအရာကို သိမ်းဆည်းထားရခြင်းက အကျိုးအမြတ်ထက် ဆိုးကျိုးက ပိုမိုအချိုးအစားများနေသည်။

“စိတ်မပူပါနဲ့။ အဲ့ဒါကို ချက်ချင်း မသိအောင် ငါတစ်စုံတစ်ခု လုပ်ထားခဲ့တယ်” ဇူအန်၏ မျက်နှာတွင် ထူးဆန်းသောအမူအရာရှိနေသည်။ ဤသဲလွန်စများကို ပေါင်းစည်းလိုက်ပါက ကိစ္စတစ်ခု ရုတ်တရက် ပေါ်လာသည်။ ယခင်က အရာများစွာမှာ သူ့အဖို့ နားလည်မှုအတိုင်းအတာ ကျော်နေခဲ့သော်လည်း ယခုအခါတွင် ပိုမိုရုပ်လုံးပေါ်လာဟန်ရှိသည်။

----- ---------------------------- ----- - - - - - - - - ----- -

Chapter 353: ဘာႀကီးလဲ

သူတို႔ေတြက ဆားတြင္းေတြကို လိုခ်င္တာလား ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ တစ္စုံတစ္ရာကို အေပါင္ပစၥည္းအျဖစ္ထားရွိရန္ လိုအပ္ျခင္းသည္ လုံးဝ သာမန္ျဖစ္ေသာ အရာတစ္ခုျဖစ္သည္။ ခ်ဴကလန္ ၏ အဖိုးအတန္ဆုံးေသာပိုင္ဆိုင္မႈမွာ သူတို႔၏ ဆားတြင္းမ်ားျဖစ္သည္။

ထို႔အျပင္ ခ်ဴကလန္က ယခုလို ခက္ခဲေသာအေရးကိစၥမ်ိဳးက်ေရာက္ေနခ်ိန္တြင္ ေဝကလန္ က ေတာ္ဝင္နန္းေတာ္၏ ေနာက္ခံႏွင့္အတူ ၎ကမ္းလွမ္းမႈကို ျပဳလုပ္လိုက္ျခင္းျဖစ္သည္။ ထင္ရွားေနေသာ ဆက္သြယ္ခ်က္ကို ဆက္စပ္မိရန္ မခက္ခဲလွေပ။
ေဝကလန္ ကိုယ္တိုင္ကလည္း ထိုအခ်က္ကို သတိျပဳမိ၍ ဤေလာက္ နိမ့္ေသာ အတိုးႏႈန္း ျဖင့္ ကမ္းလွမ္းလာျခင္းလည္းျဖစ္နိုင္သည္။ မဟုတ္ပါက ခ်ဴကလန္ က သူတို႔၏ ကမ္းလွမ္းမႈကို ထည့္စဥ္းစားမည္မဟုတ္ေပ။

သခင္မက ဘယ္လိုလုပ္ဖို႔ စဥ္းစားထားလဲ ဇူအန္ ေမးလိုက္သည္။

ခ်င္ဝမ္ယြီ ေခါင္းခါလိုက္သည္။ ငါလည္း မေတြးရေသးဘူး။ ျပန္ေရာက္ေတာ့မွပဲ လူတိုင္းနဲ႕ ဒီကိစၥကို ေဆြးႏြေးၾကတာေပါ့
သူမ၏ ကိုက္ခဲေနေသာ ဦးေခါင္းကို သက္သာလို႔သက္သာျငား နားထင္ႏွစ္ဖက္ကို ႏွိပ္နယ္လိုက္သည္။ သူမ၏ ေယာက္်ား ခ်ဳပ္ႏွောင္ခံရခ်ိန္တြင္ ဆက္တိုက္အလုပ္လုပ္ေနခဲ့ရၿပီး ေကာင္းေကာင္း အနားမယူရေသးသည္မွာ ထင္ရွားေနသည္။

ဇူအန္ က သူမကို ဆက္လက္မႏွောင့္ယွက္ေတာ့ဘဲ လွည္းေပၚမွ ဆုတ္ခြာလိုက္သည္။ သူ၏ အာ႐ုံကို ေဝကလန္မွ ရခဲ့ေသာ သတၱာ အေပၚကို ေျပာင္းလိုက္သည္။ ၎ကို လမ္းတစ္ေလွ်ာက္တြင္ အႀကိမ္ေရမ်ားစြာ စဥ္းစားခဲ့ေသာ္လည္း အခ်ိတ္အပိတ္ စည္းကို ဖယ္ရန္ နည္းလမ္း မရွာနိုင္ခဲ့ေပ။

ခ်င္ဝမ္ယြီ ကို ခ်ဴအိမ္ေတာ္သို႔ ျပန္ပို႔ၿပီးေနာက္ ဇူအန္က ေဖးျမန့္မုန္ ႏွင့္သြားေတြ႕ရန္ ဟန္ျပင္လိုက္သည္။ သို႔ေသာ္လည္း ေလာင္မိုင္ ႏွင့္ အရင္ေတြ႕လိုက္ရသည္။
ဇူအန္က ဥယ်ာဥ္မႉးအိုႀကီးကို ျမင္ရေသာအခါ အရင္ႏႈတ္ဆက္လိုက္သည္။ ႏႈတ္ဆက္ပါတယ္ အႀကီးအကဲ

ေလာင္မိုင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ႕ကို ေဘးသို႔ ေခၚသြားသည္။ ေနာင္အခါ ငါ့ကို အဲ့ဒီလို မေခၚနဲ႕။ အာ႐ုံစိုက္ခံရတာကို ငါ မႀကိဳက္ဘူး
စိတ္ထဲမွာ မွန္သားထားပါ့မယ္ ဇူအန္ ေျဖလိုက္သည္။

ေဝကလန္ကို သခင္မနဲ႕အတူ မင္းလိုက္သြားရတယ္လို႔ ငါၾကားတယ္ ေလာင္မိုင္က သူ႕ကို ၾကည့္လိုက္သည္။ သူ၏ အၾကည့္က ဇူအန့္ကို ေဖာက္ျမင္ေနရဟန္ရွိသည္။
ကံေကာင္းသည္မွာ ဇူအန္ က ဤအရာအတြက္ ျပင္ဆင္ထားၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ လုံးဝ အမူအရာမပ်က္ေပ။ ဟုတ္တယ္။ သခင္မက ေဝကလန္ဆီကေန ပိုက္ဆံ ေခ်းဖို႔ သြားတာ။ အခုေလးတင္ သူတို႔အိမ္ေတာ္ကေန ျပန္ေရာက္လာတာ

အရင္တစ္ခါက လူႀကီးနဲ႕ မင္း ပက္ပင္းတိုးခဲ့ေသးလား ေလာင္မိုင္က စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။

မေတြ႕ဘူး။ သခင္မနဲ႕ သူတို႔ကလန္ရဲ႕ သခင္က ေဆြးႏြေးဖို႔အရာေတြရွိတယ္။ ဒါေၾကာင့္ သူတို႔ ၿပီးတဲ့အခ်ိန္အထိ ေစာင့္ေန႐ုံပဲ ဇူအန္ က အဘယ္ေၾကာင့္ ေလာင္မိုင္က ထိုသိုင္းပညာရွင္အိုကို အလြန္ေၾကာက္လန့္ေနရျခင္းကို အမွန္တကယ္ကို သိခ်င္ေနသည္။

အဲ့ဒါေကာင္းတယ္ ေလာင္မိုင္ စိတ္သက္သာရာရသြားသည္။ ငါ မင္းကို ရွာခိုင္းထားတဲ့ သတၱာကိုေရာ ရွာေတြ႕ခဲ့လား

ဇူအန္ ေခါင္းခါလိုက္သည္။ မေတြ႕ဘူးေလ။ အဲ့ဒါကို ဆက္မရွာနဲ႕ေတာ့လို႔ ေျပာခဲ့တာမဟုတ္ဘူးလား

ေလာင္မိုင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
သူ၏ ခႏၶာကိုယ္တစ္ခုလုံး မႏွစ္ၿမိဳ႕ဖြယ္ ေအးစိမ့္သြားသည္ကို ဇူအန္ ခံစားလိုက္ရသည္။ ေလာင္မိုင္က ဝိဉာဥ္အသိကို သုံးကာ သူ၏ ပိုင္ဆိုင္မႈမ်ားကို ရွာေဖြလိုက္ျခင္းျဖစ္သည္။
ကံေကာင္းသည္မွာ ထို သတၱာ ကို ေတာက္ပျခင္းဖန္လုံး ထဲတြင္ သိမ္းထားလိုက္ျခင္းျဖစ္သည္။ မဟုတ္ပါက သတၱာေပၚရွိ အခ်ိတ္အပိတ္စည္း က သူ၏ ဝိဉာဥ္အသိကို ေသခ်ာေပါက္ တုန့္ျပန္မည္ျဖစ္ကာ အလိမ္ေပၚသြားမည္ျဖစ္သည္။

အခိုက္အတန့္တစ္ခု ၾကာၿပီးေနာက္ ေလာင္မိုင္ ေခါင္းၿငိမ့္လိုက္သည္။ ဟုတ္သားပဲ။ ဟုတ္သားပဲ။ ၾကည့္ရတာ ငါ့မွတ္ဉာဏ္က အသက္အ႐ြယ္နဲ႕လိုက္ၿပီးေတာ့ ပိုဆိုးလာတာထင္တယ္...ဟဲဟဲ..
ထို႔ေနာက္ သူ ထြက္သြားသည္။ သူ႕ကို မည္မွ်ပင္ၾကည့္ေစကာမူ လုံးဝ ဥယ်ာဥ္မႉးအဖိုးႀကီးတစ္ေယာက္ ဟုသာ ထင္ေစရသည္။

ဇူအန္က လူအခ်ိဳ႕ႏွင့္ ကိစၥရွိသလိုမ်ိဳး အိမ္ေတာ္ တစ္ဝွမ္း ေလွ်ာက္သြားေနလိုက္သည္။ ေလာင္မိုင္၏ သံသယမွ လြတ္ေလာက္ၿပီဟု ထင္ရမွသာ ခ်ဴအိမ္ေတာ္မွ ခိုးထြက္လိုက္သည္။
လမ္းတစ္ေလွ်ာက္တြင္ အေကြ႕အေကာက္မ်ားစြာ လုပ္ကာ တမင္သြားခဲ့သည္။ သူ၏ အေနာက္သို႔ မည္သူမွ လိုက္မလာေၾကာင္း ေသခ်ာမီ အကယ္ဒမီအနီးရွိ ေလသာေဆာင္ဆီသို႔ ဦးတည္သြားလိုက္သည္။

ထိုရင္းႏွီးေသာ ေလသာေဆာင္ကို ဇူအန္ ျမင္ရေသာအခါ သက္ျပင္းမခ်ဘဲ မေနနိုင္ေပ။ ဤေနရာတြင္ ရွန္းလွ်ို႔ယီ ႏွင့္ ပထမဆုံး ေတြ႕ခဲ့ေသာေနရာျဖစ္သည္။ ဤေနရာတြင္ အျခားမိန္းကေလးတစ္ေယာက္ႏွင့္ ထပ္ေတြ႕ရဦးမည္ကို ဇူအန္ မထင္မွတ္ထားခဲ့ေပ။

နင္ တစ္ခုခုေျပာလိုက္လား ခ်ိဳသာ၍ သာယာဖြယ္ေကာင္းေသာ အသံတစ္ခု တေ႐ြ႕ေ႐ြ႕ ေရာက္လာသည္။ အေမွာင္ထဲမွ ေဖးျမန့္မုန္ ထြက္ေပၚလာသည္။

ဇူအန္ သက္ျပင္းခ်လိဳက္သည္။ မင္း အဆင္ေျပတာကို ေတြ႕ရေတာ့ ဝမ္းသာပါတယ္။ အဲ့ဒီလူလက္ကေန မင္း ထြက္မေျပးနိုင္မွာကို စိုးရိမ္ေနခဲ့တာ

ေဖးျမန့္မုန္ ၿပဳံးလိုက္သည္။  မီးကို စေမႊးေပးတဲ့အတြက္ နင့္ကို ေက်းဇူးတင္ရမယ္။ အကယ္၍ နင္သာ အဲ့လိုမလုပ္ခဲ့ရင္ ငါ ျပင္ဆင္ထားတာေတာင္ အဲ့လူရဲ႕ အဖမ္းကို ခံရေတာ့မလို႔
ထိုလူကို ေတြးမိ႐ုံျဖင့္ သူမ စိတ္ထဲတြင္ တြယ္ကပ္ေနေသာ အေၾကာက္တရားအခ်ိဳ႕ကို လႈပ္ႏွိုးေစရန္ပင္ လုံေလာက္ေနသည္။

အဲ့ဒါကို စိတ္ကူးေပါက္ရာ လုပ္ခဲ့တာ။ မင္း ထြက္ေျပးနိုင္ခဲ့တာက မင္းရဲ႕ ကိုယ္ပိုင္အစြမ္းအစေၾကာင့္ပါ ဇူအန္ ရယ္လိုက္သည္။
အခ်က္ေပးမႈတစ္ခု ႐ုတ္တရက္ ထြက္လာသည္။

သင္သည္ ေဝတန္ ထံမွ အမ်က္ပြိုင့္ ၃၅၈ ရရွိလိုက္သည္။

ေဝတန္ တဲ့လား။ အဲ့ဒါက ေဝကလန္က ဟိုထူးဆန္းတဲ့လူႀကီး ရဲ႕ နာမည္ျဖစ္နိုင္တယ္။
၎အမ်က္ပြိုင့္မ်ား သည္ သူ၏ ၿခံဝန္းကို မီးရွို႔လိုက္ျခင္းေၾကာင့္ ထြက္ေပၚလာျခင္းျဖစ္နိုင္သည္။ ေဝကလန္၏ အေစခံမ်ား၏ ႀကိဳးစားအားထုတ္မႈ ေက်းဇူးေၾကာင့္ ထိခိုက္မႈမွာ နည္းပါးၿပီး မီးအလွ်င္အျမန္ ၿငိမ္းသြားခဲ့သည္။
သတၱာ အလဲခံထားရျခင္းကို သူ သတိမထားမိေသးတာလည္း ျဖစ္နိုင္သည္။ အကယ္၍ သိသြားပါက သူ၏ေဒါသမွာ ပိုမို ျပင္းထန္မည္ျဖစ္သည္။

ငါ လိုခ်င္တာကို နင္ရွာလာခဲ့လား ေဖးျမန့္မုန္ က စိတ္ဖိစီးစြာ ေမးလိုက္သည္။

ဇူအန္က သတၱာကိုသာ ထုတ္လိုက္သည္။ ဒီတစ္ခုကိုပဲ ရွာေတြ႕ခဲ့တယ္
သတၱာအထဲတြင္ ရွိေနမည့္အရာကို ဇူအန္ သိခ်င္ေနသည္။ သို႔ေသာ္ ဖြင့္ရန္ နည္းလမ္းတစ္ခုကို မရွာနိုင္ေပ။ သူမ၏ အေတြ႕အႀကဳံျဖင့္ ေဖးျမန့္မုန္က ထိုအရာကို သိကာ ဖြင့္ရန္ နည္းလမ္းတစ္ခုကိုေတာင္ ရွာနိုင္မည္ဟု ဇူအန္ ေတြးလိုက္သည္။

ဟမ္ ေဖးျမန့္မုန္က သူ႕ဆီမွ သတၱာကိုယူကာ စူးစမ္းၾကည့္လိုက္သည္။

ဇူအန္ ေျပာလိုက္သည္။ သတိထား။ အဲ့ဒီမွာ အခ်ိတ္အပိတ္စည္းတစ္ခုရွိတယ္

ေဖးျမန့္မုန္ ၿပဳံးလိုက္သည္။ အဲ့ဒါ ဘာမွမဟုတ္ပါဘူး

သူမ၏ လက္ေခ်ာင္းထိပ္ေပၚတြင္ အနက္ေရာင္မီးစငယ္ေလးတစ္ခု ေပၚလာသည္။ တစ္ခ်က္တို႔လိုက္႐ုံျဖင့္ မီးစမွာ သတၱာတစ္ခုလုံးအေပၚ အလႊာတစ္ခု ဖုံးသြားသည္။ ကာရံထားေသာ အလင္းလႊာေလးမွာလည္း အလွ်င္အျမန္ ေလာင္ကြၽမ္းသြားသည္။

ၿပီးၿပီ ေဖးျမန့္မုန္၏ ႏႈတ္ခမ္းေထာင့္မ်ားမွာ အေပၚဘက္သို႔ ေကြးသြားသည္။ သတၱာကို သူမ ဖြင့္ဟန္ျပင္လိုက္သည္။

သတိထားဦး ဇူအန္ က သူမကို အျမန္တားလိုက္သည္။ ထိုအရာသည့ ေလာင္မိုင္ အသည္းအသန္လိုခ်င္ေနေသာ တစ္စုံတစ္ရာျဖစ္သည္။ ထိုအထဲတြင္ လွ်ို႔ဝွက္စက္ပစၥည္းတစ္စုံတစ္ရာ ရွိေနမည္ကို ဇူအန္ စိုးရိမ္ခဲ့သည္။

ေဖးျမန့္မုန္ ေခါင္းညိတ္လိုက္သည္။ သတၱာကို ေျမျပင္ေပၚခ်ကာ သူတို႔ႏွစ္ဦး မွာ အေနာက္သို႔ မီတာအနည္းငယ္ ဆုတ္လိုက္သည္။ ေဖးျမန့္မုန္က လက္တစ္ဖက္ယမ္းကာ ညင္သာေသာ အတြင္းအားလွိုင္းတစ္ခုျဖင့္ သတၱာအဖုံးေလးကို ဖြင့္လိုက္သည္။ သတၱာ မွာ ကိုယ္ေပ်ာက္လက္တစ္ခုပ ဖြင့္လိုက္သကဲ့သို႔ ပြင့္သြားသည္။
သူတို႔ႏွစ္ဦး အခ်ိန္တခဏ ေစာင့္လိုက္ၾကသည္။ မည္သည့္လွ်ို႔ဝွက္စက္ယႏၱရားမွ မလႈပ္ႏွိုးမိသည္ကို ျမင္ရေသာအခါမွ သတၱာဆီသို႔ အျမန္သြားၾကည့္လိုက္ၾကသည္။

ထိုသတၱာေလး ကို ေပ်ာ့ေပ်ာင္းေသာ အလႊာတစ္ခုျဖင့္ အတြင္းတြင္ ခံထားသည္။ အလယ္တြင္ ေစ်းႀကီးေသာ ပိုးထည္ႏွင့္ အနီေရာင္ခ်ည္မွ်င္တို႔ျဖင့္ ပတ္ထားေသာ အရာတစ္ခုရွိေနသည္။
ေဖးျမန့္မုန္ ႏွလုံးနင့္သြားသည္။ အထုပ္အပိုး အ႐ြယ္အစားကိုၾကည့္ကာ ၎သည္ သူမ ရွာေဖြေနေသာ ေ႐ႊျပားမျဖစ္နိုင္ေပ။

ဇူအန္က သိခ်င္စိတ္ျဖင့္ အနီေရာင္ႀကိဳးစကို ျဖည္လိုက္သည္။ ထို႔ေနာက္ ပိုးထည္ကို တျဖည္းျဖည္း ျဖန့္လိုက္သည္။ သူ ေၾကာင္သြားသည္။ ဒါက ဘာလဲဟ
ပိုးထည္ကို ျဖန့္လိုက္ေသာအခါ အမည္းေရာင္ အရာတစ္ခုကို ေတြ႕လိုက္ရသည္။ ၎သည္ ေနလွမ္း အေျခာက္ခံထားရေသာ တီေကာင္တစ္ေကာင္ ႏွင့္တူေနသည္။

ဤအရာကို ရရန္ ေလာင္မိုင္ မည္မွ်ေလးနက္ေနသည္ကို ျပန္ေတြးရင္ သတၱာကို အေပၚသို႔မကာ သူ၏ ႏွာေခါင္းျဖင့္ ရႈၾကည့္လိုက္သည္။ ဒါက အံ့ဖြယ္ေဆး တစ္မ်ိဳးလား
၎တြင္ ေဆးအနံ႕ အရိပ္အေယာင္ ရွိေနေသာ္လည္း အလြန္ထူးဆန္းေနသည္။ ၎သည္ သူ ရင္းနီးေသာ က်ီေရွာင္ခ်ီ တို႔ ေနရာ၏ ေဆးနံ႕ႏွင့္မတူေပ။

သူ၏ ေကာက္ခ်က္ေအာက္တြင္ ေဖးျမန့္မုန္လည္း ႐ုတ္တရက္ စိတ္ဝင္စားသြားသည္။ သူမလည္း အနားသို႔တိုးကာ စူးစမ္းၾကည့္လိုက္သည္။ ငါေတာ့မထင္ဘူး။ ကီစြမ္းအင္လွိုင္းေလး အနည္းငယ္ေတာင္ မေတြ႕ရဘူး။ ၾကည့္ရတာ ရတနာနဲ႕ကို မတူဘူး

ဒီအရာက ေသခ်ာေပါက္ ကိုအေရးႀကီးမွာပဲ ဇူအန္ ျပတ္သားစြာ ေျပာလိုက္သည္။ မဟုတ္ပါက ေလာင္မိုင္ က ထိုအရာကို ဆက္တိုက္တပ္မက္ေနမည္မဟုတ္ေပ။

နင္ အဲ့ဒါကို ဘယ္ကေနသြားေတြ႕လာတာလဲ ေဖးျမန့္မုန္ ေမးလိုက္သည္။

သူ႕ရဲ႕ အိပ္ရာေအာက္မွာ အံဝွက္တစ္ခုရွိတယ္။ အဲ့ဒါကို အေတာ္ေလးေကာင္းေကာင္းမြန္မြန္ ဝွက္ထားတာပဲ။ ဒါေၾကာင့္ ဒါက အရမ္းအေရးႀကီးတဲ့ အရာတစ္ခုျဖစ္ရမယ္ ဇူအန္ ေျပာလိုက္သည္။

အိပ္ရာ ေအာက္မွာ ဝွက္ထားတယ္... ေဖးျမန့္မုန္ ၏ မ်က္ေမွာင္က်ဳံ႕သြားသည္။ အေတြးတစ္ခု ႐ုတ္တရက္ ဝင္လာသည္။ သူမ၏ မ်က္လုံး လုံးဝ နီရဲသြားသည္။ ထို သတၱာ မွာ ပူေလာင္ေနသကဲ့သို႔ သူမ လႊင့္ပစ္လိုက္သည္။

ေဟ့ ေဟ့ ေဟ့ သတိထားဦး ဇူအန္ ကပ်ာကယာျဖင့္ အျမန္ဖမ္းလိုက္သည္။ သူမကို ထိန္းမရဘဲ ေမးလိုက္သည္။ မင္း ဘာလုပ္ေနတာလဲ

ေဖးျမန့္မုန္ လွည့္ကာ ႏွာေခါင္းရႈံ႕လိုက္သည္။ သူမ၏ မ်က္ႏွာမွာ နီရဲေနဆဲ ျဖစ္သည္။ အဲ့ဒီအရာက နင္တို႔ ေယာက္်ားေတြ ရတနာလို႔ ယူဆထားတဲ့အရာပဲ

သူမ ရွက္႐ြံေနမႈကို ဇူအန္ ျမင္ရခဲသည္။ ထိုအရာက သူ၏ သိခ်င္စိတ္ကို ပိုမိုနိုးထေစသည္။ အဲ့ဒါက ဘာလဲဆိုတာကို မင္းသိလား
ေျပာရင္းျဖင့္ ထိုအရာကို သူ၏ မ်က္လုံးျဖင့္ အနီးကပ္ၾကည့္လိုက္သည္။

ထိုအရာကို ႏွာေခါင္းအနားထပ္ ယူလိုက္သည္ကို ေဖးျမန့္မုန္ ျမင္လိုက္ရေသာအခါ သူမ ကိုယ္သူမ မထိန္းနိုင္ေတာ့ေပ။ ေတာ္ေတာ့။ ရပ္လိုက္ေတာ့။ အဲ့ဒါက...အဲ့ဒါက...မိန္းမစိုးတစ္ေယာက္ရဲ႕...မိန္းမစိုးတစ္ေယာက္ရဲ႕ ေသာက အရင္းအျမစ္ ပဲ

ေသာက အရင္းအျမစ္ ဟုတ္လား ပထမတြင္ ဇူအန္ နားမလည္ပုံရသည္။ ထပ္မံ စူးစမ္းၾကည့္ေတာ့မည့္အခ်ိန္တြင္ ႐ုတ္တရက့ အမွန္သိသြားသည္။ ထိုသတၱာကို သူလည္း ပစ္ခ်လိဳက္သည္။

ေသာက္က်ိဳးနည္း လႁဗြတ္ႀကီးဟ
ထိုအရာကို ထပ္ခါ ထပ္ခါ စူးစမ္းေနမိကာ ခပ္ျပင္းျပင္းလည္း အနံ႕ရႈရွိုက္မိလိုက္ေသးသည္ ကို ျပန္ေတြးကာ သူ၏ အစာအိမ္ မွ ပ်ိဳ႕တက္လာသည္။ ခ်ဳံပုတ္ဆီသို႔ ေျပးသြားကာ ထိုးအန္လိုက္ေတာ့သည္။

သူ၏ အျပဳအမူက ေဖးျမန့္မုန္၏ စိတ္ကို တစ္ဆစ္ခ်ိဳးေျပာင္းသြားေစသည္။ သူမေတာင္မွ သူ၏ေက်ာျပင္ကို လာပုတ္ေပးေနေသးသည္။
ဇူအန္ ေျပာစရာစကား ေပ်ာက္လုနီးပါးျဖစ္သြားသည္။ နင္ဟာ ဒါကို နည္းနည္းေလး ေစာေစာေျပာခဲ့သင့္တယ္

ငါလည္း အခုေလးတင္ သိလိုက္တာပဲ ေဖးျမန့္မုန္၏ မ်က္ႏွာ နီရဲေနသည္။ ၿပီးေတာ့ ဒီမွာ ေယာက္်ားေလး က နင္ေလ။ အဲ့ဒါကို ဘာျဖစ္လို႔ အရင္ သတိမထားမိရတာလဲ

ဇူအန္ ၏ မ်က္ႏွာပိုမို မည္းေမွာင္သြားသည္။ ငါက သိမ္းငွက္ပ်ံေတြကိုပဲ ျမင္ေနက်ေလ။ ဒီလို တီေကာင္ ေျခာက္ကို ဘယ္လို သိမွာလဲ
ပိုမိုပ်ိဳ႕တက္လာသည္ကို ခံစားလိုက္ရသည္။

ေဖးျမန့္မုန္ ရယ္ေမာလိုက္သည္။ အဲ့ဒါက ငယ္တဲ့အခ်ိန္ကတည္းက ေတာ္ဝင္မိန္းမစိုး ျဖစ္လာရလို႔ေနမယ္။ သူတို႔ေတြက သူတို႔ရဲ႕ဥစၥာကို မပုပ္မသိုးေအာင္ ေဆးအမ်ိဳးမ်ိဳးနဲ႕ ထိန္းသိမ္းထားၾကတယ္။ အဲ့ဒါကို အေျခာက္ခံၿပီးသြားရင္...အခုလိုပဲ က်န္ေတာ့တာလို႔ ထင္တယ္

ဇူအန္ အခိုက္အတန့္ တခဏ ဆြံ႕အ သြားသည္။
ထိုကဲ့သို႔ေသာ မိန္းမစိုးမ်ား ရွိေၾကာင္းကိုသိေနရင္ေတာင္မွ သူႏွင့္ အလွမ္းေဝးေသာ အေတြးအေခၚတစ္ခုျဖစ္ေနေသးသည္။ အဘယ္ေၾကာင့္ သူ သိခဲ့မည္နည္း။

ေဖးျမန့္မုန္ ႐ုတ္တရက္ စိတ္ဖိစီးသြားသည္။ မိန္းမစိုးေတြက အဲ့ဒါက်ို အၿမဲတမ္း ရတနာလိုမ်ိဳး ဂ႐ုစိုက္ၾကတယ္။ သူတို႔ေတြ ေသတဲ့အခါ အဲ့ဒီအရာေတြကိုလည္း အတူျမဳပ္ဖို႔လိုတယ္။ သူတို႔ရဲ႕ ခႏၶာကိုယ္တစ္ခုလုံးျပည့္ျပည့္စုံစုံ ျပန္ျဖစ္သြားေအာင္ေပါ့။ ဒါမွပဲ ေနာင္ဘဝမွာ အေကာင္းအတိုင္းျပန္ျဖစ္မယ္ေပါ့။ ဒီအရာေတြကို နန္းေတာ္ထဲမွာ ေသခ်ာထိန္းသိမ္းထားေလ့ရွိပါတယ္။ ဘယ္သူမွ ဖယ္လို႔မရဘူး။ မိန္းမစိုးေဝ က နန္းေတာ္ထဲမွာ ထူးျခားတဲ့ အဆင့္အတန္းရွိလို႔ေနမယ္။ ဘုရင္က သူ႕ကို အခြင့္အေရးေပးၿပီးေတာ့ ကိုယ့္ဘာသာ သိမ္းခြင့္ေပးထားတာေနမယ္။
ဒီလိုဆိုရင္ နင္က သူ႕ရဲ႕ ရတနာကို ခိုးခဲ့တာပဲ။ သူသာ သိသြားရင္ နင္ မေသမခ်င္း အလြတ္ေပးမွာမဟုတ္လူး။ အဲ့ဒါကို အခြင့္အေရးရွာၿပီးေတာ့ ျပန္ထားသင့္လား

ဤအရာသည္ မည္သူမဆိုအတြက္ လုံးဝ အသုံးမဝင္ေပ။ သို႔ေသာ္ မိန္းမစိုးတိုင္းအတြက္ အထိမခံေသာ အရာျဖစ္သည္။ ၎သည္ သူတို႔ကို လုံးဝ စိတ္တိုသြားေအာင္ လုပ္နိုင္စြမ္းရွိသည္။ ထိုအရာကို သိမ္းဆည္းထားရျခင္းက အက်ိဳးအျမတ္ထက္ ဆိုးက်ိဳးက ပိုမိုအခ်ိဳးအစားမ်ားေနသည္။

စိတ္မပူပါနဲ႕။ အဲ့ဒါကို ခ်က္ခ်င္း မသိေအာင္ ငါတစ္စုံတစ္ခု လုပ္ထားခဲ့တယ္ ဇူအန္၏ မ်က္ႏွာတြင္ ထူးဆန္းေသာအမူအရာရွိေနသည္။ ဤသဲလြန္စမ်ားကို ေပါင္းစည္းလိုက္ပါက ကိစၥတစ္ခု ႐ုတ္တရက္ ေပၚလာသည္။ ယခင္က အရာမ်ားစြာမွာ သူ႕အဖို႔ နားလည္မႈအတိုင္းအတာ ေက်ာ္ေနခဲ့ေသာ္လည္း ယခုအခါတြင္ ပိုမို႐ုပ္လုံးေပၚလာဟန္ရွိသည္။

----- ---------------------------- ----- - - - - - - - - ----- -

Continue Reading

You'll Also Like

675K 30.9K 46
နှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စ...
289K 26.2K 192
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
791K 29.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...