Chapter 352: ညှိနှိုင်းမှု
လမ်းတစ်လျှောက်တွင် ဝေအိမ်တော်၏ အစောင့်များ စတင်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ သို့သော် သူတို့အားလုံးမှာ လုပ်ကြံသူဟု ယူဆရသော အရပ်မျက်နှာဘက်သို့ ဦးတည်သွားကြသည်။ ဤအခွင့်အရေးကို သုံးကာ အလင်းရောင်အားနည်းသော ခြံဝန်းထဲသို့ ဇူအန် ခိုးဝင်လိုက်သည်။
ခြံဝန်းထဲသို့ ဒုတိယအကြိမ် ဝင်ရောက်သွားသောအခါ ကျောချမ်းစရာ ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။ ဤနေရာရှိ အလင်းရောင်မှာ မှေးမှိန်နေသည်။ ဝေအိမ်တော် အတွင်းရှိ အခြားနေရာများနှင့် နှိုင်းစာလျှင် ဤနေရာမှာ ပိုမိုချောင်ကျနေသည်။
အထဲတွင် မည်သည့်အစေခံမှ မရှိနေပေ။ အစောင့်အကြပ်များ လည်းမရှိပေ။ လူတစ်ဦးတစ်ယောက်ပင် မြင်ကွင်းထဲတွင် မရှိပေ။
အဆောက်အအုံ၏ အသွင်အပြင်မှာလည်း တစ္ဆေခြောက်သောအိမ်ကြီးကဲ့သို့ ခံစားချက်ပေးနေသည်။ ၎င်းသည် လုံးဝ အသက်မဲ့နေဟန်ရှိသည်။
ဇူအန်က သူ၏ အတွေးများကို မပြန့်စေခဲ့ပေ။ အချိန်မှာ အရေးကြီးသည်ကို သိနေကာ သူရှာဖွေရန်လိုအပ်သည့် အရာကို အတတ်နိုင်ဆုံး မြန်မြန်ရှာရမည်ဖြစ်သည်။
ဖေးမြန့်မုန်ကို ကူညီကာ သူမ၏ ရွှေပြားကို ရှာမည်သာမက လောင်မိုင် စိတ်ဝင်စားနေသော သတ္တာ ကိုလည်း ရှာရဦးမည်ဖြစ်သည်။
လောင်မိုင်က ရှာဖွေမှုကို လက်လျော့လိုက်ရန် ပြောခဲ့သော်လည်း အထဲတွင် မည်သည့်အရာရှိနေသည်ကို ဇူအန် သိချင်နေဆဲ ဖြစ်သည်။
သေချာသည်မှာ ပုံမှန်ဆိုလျှင် စွန့်စားမှုကြီးယူမည်မဟုတ်ဘဲ သူ၏ သိချင်စိတ်ကို လွှတ်ပေးလိုက်မည်ဖြစ်သည်။ သို့သော်လည်း ရှားပါးသောအခွင့်အရေးတစ်ခု ရနေသောကြောင့် ထိုအရာကို မရှာဖွေနိုင်ပါက နှမြောစရာကောင်းပေတော့မည်။
ဤကလန်ကြီးများ၏ အဆောက်အဦး ဖွဲ့စည်းတည်ဆောက်ပုံမှာ အားလုံး ခပ်ဆင်ဆင်တူကြသည်။ ဇူအန်က ချူကလန် ရှိ အခန်းများဖွဲ့စည်းပုံ နှင့် အကျွမ်းတဝင်ရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင်လည်း စာကြည့်ခန်းကို အလွယ်တကူ ရှာလိုက်နိုက်သည်။
ဇူအန်က သာမန်ကာလျှံကာ တစ်ချက် လေ့လာလိုက်ပြီးနောက် ခပ်တည်တည်ဖြင့် စာအုပ်စင်များ အပေါ် အထူးအာရုံစိုက်လိုက်သည်။ သူ ကြည့်ဖူးခဲ့သော တီဗီဒရမ်မာများအရ ထိုနေရာများတွင် လျှို့ဝှက်စက်ခလုတ်များ အများဆုံး ထားရှိတတ်ကြသည်။
သို့သော်လည်း စာကြည့်ခန်းထဲတွင် မည်သည့်စက်ခလုတ်ကိုမှ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် အိပ်ခန်းကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ စာကြည့်ခန်းကိုလွန်ကာ အိပ်ခန်းထဲသို့ အမြန်ဝင်သွားလိုက်သည်။
ဝင်သွားပြီးနောက် ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ နှာခေါင်းအရှေ့တွင် ရှိနေသော လေကို လက်ဖြင့်ယမ်းလိုက်သည်။ ဒါက ဘာအနံ့ ကြီးလဲဟ။
အခန်းထဲတွင် ထူးဆန်းသော အနံ့တစ်ခု ရှိနေသည်။ ၎င်းသည် စျေးကြီးသော အမွှေးတိုင်အမျိုးအစားတစ်ချို့ဖြစ်မည်ကို ဇူအန်ပြောနိုင်သည်။ သို့သော်လည်း ဤသို့ အနံ့ထွက်စရာအကြောင်းမရှိပေ။
ဤအမွှေးတိုင်၏ အနံ့တွင် သေးနံ့ကဲ့သို့ ချဉ်စုတ်စုတ်အနံ့တစ်ခု ပါဝင်နေသည်။ ၎င်းသည် ရွံစရာကောင်းသော လက္ခဏာရှိသည့် အနံ့တစ်ခုကို ပေးနေသည်။
၎င်းသည် လုံးဝ ရနံ့သင်းနေသည် မဟုတ်ပေ။ ပုပ်စပ်နေသည်လည်း မဟုတ်ပေ။ ၎င်းသည် ရှင်းပြ၍မရနိုင်အောင် အော့အန်ချင်စရာကောင်းနေသည်။
ဒီဝေကလန်က ဘာတွေ လုပ်နေတာလဲ။ သူတို့တွေက အခန်းတစ်ခုကိုတောင် သေချာသန့်ရှင်းရေးမလုပ် နိုင်ဘူးလား။ ဇူအန် ကျိန်ဆဲလိုက်သော်လည်း သူ၏ ရှာဖွေမှုကို မရပ်တန့်ပေ။
အခန်းတစ်ခုလုံးကို လျှင်မြန်စွာ ရှာဖွေလိုက်ပြီးနောက် အိပ်ရာဆီသို့ သွားလိုက်သည်။
အိပ်ရာခင်းကို ဖယ်လိုက်ကာ ခုတင် ကို တီးခေါက်ကြည့်လိုက်သည်။
၎င်းတွင် အခေါင်းပေါက်ရှိနေဟန်ဖြင့် လှိုဏ်သံထွက်နေသည်။
အင်း ဒီလူတွေမှာ ပစ္စည်းကို ဖွက်တဲ့နေရာမှာ တကယ်ကို ဖန်တီးတီထွင်မှုတွေ မရှိတာပဲ။... ဇူအန် က စိတ်ထဲတွင် ခေါင်းခါလိုက်သည်။ ၎င်းသည် အဖန်တစ်ရာထပ်နေပြီဖြစ်သည်။ ဤကမ္ဘာမှ လူများက ဤကဲ့သို့ လျှို့ဝှက်နေရာကို ဖုံးထားမည်ဟု မည်သူ ထင်မိမည်နည်း။
လျှို့ဝှက်ခလုတ်ကို လျှင်မြန်စွာ ရှာတွေ့လိုက်သည်။ ၎င်းကို နှိပ်လိုက်သောအခါ ဖုံးကွယ်ထားသော အခန်းတစ်ခုပေါ်လာကာ အထဲတွင် သတ္တာလေး တစ်ခု ရှိနေသည်။ ၎င်းသည် လောင်မိုင် သူ့ကိုပြဖူးသော တစ်ခုနှင့် လုံးဝ ဆင်တူနေသည်။ ပုံစံနှင့် အလှဆင်ထားထားသော အသေးစိတ်ကအစ တူနေသည်။ လောင်မိုင် သူ့ကို ပေးခဲ့သော သတ္တာကို အမြန်ထုတ်လိုက်သည်။ ၎င်းကို ခိုးယူလိုက်သော သေတ္တာနေရာတွင် ထားလိုက်သည်။ ဤနည်းဖြင့် အခန်းကို ဖွင့်သော မည်သူမဆို ပစ္စည်းအခိုးခံလိုက်ရသည်ကို ချက်ချင်း သတိပြုမိနိုင်မည်မဟုတ်ပေ။
အထဲတွင် မည်သည့်အရာရှိနေမည်ကို ဇူအန် သိချင်နေသည်။ တစ်ချက်ချောင်းကြည့်ရန်အတွက် ဖွင့်ချင်နေသည်။ ၎င်း သတ္တာ၏ ထုဆစ်မှုပုံစံမှာ အလွန်အမင်း လက်ရာ မြောက်လှသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အလင်းလွှာတစ်ခု ဖျပ်ခနဲဖြတ်သွားကာ ၎င်းသည် အချိတ်အပိတ် စည်းတစ်ချို့ ဖြစ်ဟန်ရသည်။
သေချာစူးစမ်းရန် အချိန်မရှိပေ။ ၎င်းကို သိမ်းဆည်းလိုက်ပြီးနောက် ဖေးမြန့်မုန်၏ ရွှေပြားကို စတင်ရှာဖွေတော့သည်။
ကံမကောင်းသည်မှာ ထို tile ၏ သဲလွန်စ အရိပ်အယောင်တောင် မတွေ့ရပေ။
သူ၏ အချိန် ပြည့်လုနီးပါးဖြစ်သွားသည်။ အနီးနားတွင် ခြေလှမ်းသံများကို ကြားလိုက်ရသည်။
သူ့တွင်လည်း ရွေးချယ်စရာမရှိဘဲ သူ၏ ရှာဖွေမှုကို အဆုံးသတ်ကာ ထွက်ခွာလာလိုက်ရသည်။
မြန့်မြန့်ကြီး က ဟိုလူလက်ထဲကနေ လွတ်နိုင်ပါ့မလား။ ဇူအန် အနည်းငယ် ပိုမို စိုးရိမ်သွားသည်။ အခန်းငယ်တစ်ခုဆီသို့ သွားကာ ဆီမီးအိမ်တစ်ခုကို တိုက်ချလိုက်သည်။ ထိုအခါ မီးတောက်များ ထွက်လာကာ မီးခိုးများလည်း ထွက်လာသည်။
ဖရိုဖရဲအခြေအနေကို အကာအကွယ်ယူကာ သူ၏ အခန်းဆီသို့ အမြန်ပြန်လိုက်သည်။
“မီးဟေ့ မီး”
တခဏအကြာတွင် ဝေအိမ်တော်ထဲတွင် အချက်ပေးသံ အော်သံများ ပြည့်နှက်သွားသည်။ အစေခံများ အမြန်ထွက်လာကာ ရေပုံးများဖြင့် မီးငြှိမ်းနေကြသည်။
ဇူအန်က ဘေးမှရပ်ကြည့်သူတစ်ဦးအနေဖြင့် ဟန်ဆောင်လိုက်သည်။ အစေခံအချို့ကိုတောင် ဆွဲခေါ်ကာ ဘယ်တွေဖြစ်နေသလဲ ဟု မေးလိုက်သေးသည်။
သူ၏ အမူအရာမှာ အလွန်လက်တွေ့ဆန်လှသဖြင့် အော်စကာ ဆု တစ်ခုတောင် ထိုက်တန်နေသည်ဟု ထင်မိသေး၏။
အချိန်တခဏ ကြာပြီးနောက် ဝေကလန်၏ စာကြည့်ခန်း ဆီသို့ စိုးရိမ်သောမျက်နှာအမူအရာဖြင့် ပြေးသွားလိုက်သည်။ ချင်ဝမ်ယွီ နှင့် ကြုံလိုက်ရသည်။
“သခင်မ အဆင်ပြေရဲ့လား” ဇူအန် စိုးရိမ်စွာ မေးလိုက်သည်။
“ငါ အဆင်ပြေပါတယ် “ ချင်ဝမ်ယွီ က ဝေအိမ်တော်ရှိ ဖရိုဖရဲဖြစ်မှုကို ဇဝေဇဝါကြည့်လိုက်သည်။
တစ်စုံတစ်ဦးက ဝေတပေါင်း ဆီသို့လာကည သတင်းပို့လိုက်သည်။ သတင်းကိုကြားရသောအခါ သူ၏ မျက်နှာ မည်းမှောင်သွားသည်။ ချင်ဝမ်ယွီ ဘက်သို့ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ချူသခင်မကို တကယ်ပဲ တောင်းပန်ရမှာပဲ။ ကလန်အိမ်တော်ထဲမှာ တစ်စုံတစ်ခု ဖြစ်နေလို့ပါ။ ကျုပ်တို့ ဒီနေ့ အရှက်ရအောင်လုပ်မိပြီ”
“ဒီလိုပြင်းထန်တဲ့ စကားလုံးတွေ မလိုအပ်ပါဘူး။ သခင်ဝေ” ချင်ဝမ်ယွီ ပြောလိုက်သည်။ “ရှင့် အိမ်မှာ တစ်ခုခုဖြစ်နေတော့ ကျွန်မတို့လည်း ရှင့်ကို ဆက်မနှောက်ယှက်တော့ပါဘူး။ နှုတ်ဆက်ခဲ့ပါတယ်”
ဝေတပေါင်း ခေါင်းငြိမ့်လိုက်သည်။ “ကျုပ် ပြောစရာရှိတာတွေ အားလုံး မဒမ်ကို ပြောခဲ့ပြီးပြီ။ ကျုပ်တို့ ဆွေးနွေးခဲ့တာကို သေချာ စဉ်းစားပေးပါ။ ကျုပ်တို့ရဲ့ ဝေကလန်က ဒီကမ်းလှမ်းမှုကို စေတနာသန့်သန့်နဲ့ လုပ်ခဲ့တာပဲ”
ချင်ဝမ်ယွီ က သူ့ကို ပြုံးပြလိုက်ပြီး နောက်တစ်ကြိမ် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်လဇူအန်နှင့် အတူ ထွက်သွားတော့သည်။
ချင်ဝမ်ယွီ က သူမ၏ လှည်းပေါ်သို့ တက်သွားသည်။ ဇူအန် က လှည်းဘေးတွင် မြင်းတစ်ကောင် စီး၍ လိုက်ပါလာသည်။
အဆုံးတွင် သူ၏ သိချင်စိတ်က ကျော်လွန်သွားသည်။ သူ၏ မြင်းကို လှည်းဘေးသို့ လမ်းပြကာ မေးလိုက်သည်။ “သခင်မ။ ဝေကလန်နဲ့ စကားပြောတာ ဘယ်လိုဖြစ်သွားလဲ”
ချင်ဝမ်ယွီ က လိုက်ကာထောင့်ကို မ တင်လိုက်သည်။ သူမ၏ မျက်နှာကို ဖတ်၍မရပေ။ “အထဲမှာ စကားပြောရအောင်”
သူတို့ကို လိုက်ပို့ဆောင်ပေးနေသော အစောင့်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သခင်မက သခင်လေးကို ပိုပိုပြီးတော့ သဘောကျလာပုံရတယ်။ နောက်ခါကျရင် သခင်လေးကို ပုံမှန်အတိုင်း အပြစ်မလုပ်ရဲတော့ဘူး။
ချန်းရှို့ပင်း နှင့် ဆန့်ကျင်၍လောင်းထားသော အစောင့်များအားလုံး သနားစရာကောင်းလောက်အောင် မျက်နှာသုန်မှုန်သွားသည်။ ထိုလောင်းကြေးကို သူတို့ အမှန်တကယ် ရှုံးရတော့မည့်ဟန် ရှိနေသည်။
ဇူအန်က သူမ၏ ဖိတ်ခေါ်မှုကြောင့် အံသြ သွားသည်။ ယခင်က သူ့ကို စိတ်မတိုနေလျှင်တောင် အဖက်မလုပ်တတ်ပေ။
ယခုကဲ့သို့သော ဖိတ်ခေါ်မှုမှာ ရှားပါးလှသည်။
လှည်းအတွင်းသို့ ဝင်လိုက်သောအခါ လန်းဆန်းဖွယ် ရနံ့တစ်ခုက သူ့ကို နှုတ်တက်လိုက်သည်။ ကြွယ်ဝသောရနံ့သည် ချူချူယန် နှင့် လုံးဝ ခြားနားသည်။ ၎င်းသည် ချင်ဝမ်ယွီ ၏ ကိုယ်ပိုင်ရနံ့ဖြစ်သည်။
ဇူအန် က ခုတင်အောက်ရှိ အခန်းမှ အနံ့ကို ပြန်တွေးမိလိုက်သည်။ စျေးကြီးသော အမွှေးတိုင် မှလာသည်မှလွဲ၍ ၎င်းသည် လုံးဝ မနှစ်မြို့ဖွယ် ကောင်းလှသည်။ ယခုအခါ သူ၏ နှာခေါင်းထဲတွင် ပြည့်နေသော ရနံ့မှာ ကမ္ဘာပိုကောင်းနေသည်။
သူ၏ နှာခေါင်းရှုရှိုက်မှုကို မြင်ရသောအခါ ချင်ဝမ်ယွီ မျက်မှောင်ကျုံ့လိုက်သည်။ ဒီကောင့်မှာ တကယ့်ကို ထုံးတမ်း ကျင့်ဝတ် မရှိဘူးပဲ။
သို့သော်လည်း မိန်းမတစ်ယောက် အနေဖြင့် ယောက်ျားတစ်ယောက်က သူမ၏ အနံ့ကို နှစ်သက်ခြင်းအပေါ် စိတ်ဆိုးရန် ခက်ခဲနေသည်။
သူ၏ အာရုံကိုပြန်ရရန် သူမ ချောင်းဟန့်လိုက်သည်။ “ မထွက်သွားခင် ချူချူယန် က ငါ့ကို ထပ်ခါထပ်ခါ ပြောခဲ့တယ်။ သူက နင့်ကို ဘာကြောင့်အရမ်းယုံနေသလဲ ဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမယ့် ချူချူယန်က အကြောင်းအရင်းမရှိလဲ ဒီလိုပြောမှာ မဟုတ်ဘူးဆိုတာကို ငါသိတယ်။
နင်က ဒီဝေကလန်နဲ့ ကိစ္စကို ဆက်သွယ်ပေးတဲ့သူတစ်ယောက်ပဲ။ ဒါကြောင့် ငါတို့ရဲ့ ဆွေးနွေးမှုကို နင့်ကို ဖုံးကွယ်ထားစရာမလိုပါဘူး”
ဇူအန် စိတ်သက်သာရာရသွားသည်။ သူ၏ ဇနီးက သူ့ကို ထိုလောက် ဂရုစိုက်မည်ဟု မထင်ထားခဲ့ပေ။ လက်သီးဆုပ်လိုက်သည်။ “ကျေးဇူးပါ သခင်မ” လေးစားစွာ ပြောလိုက်သည်။
ချင်ဝမ်ယွီ ဆက်ပြောသည်။ “ဝေကလန်က ငါတို့ကို အတိုး ၈.၈ ရာခိုင်နှုန်းနဲ့ ငွေချေးဖို့ ကမ်းလှမ်းတယ်”
ဇူအန်က အပေးအယူ၏ အရေးကြီးဆုံးအပိုင်းကို အာရုံစိုက်လိုက်သည်။ “သူတို့က ကျုပ်တို့ကို ဘယ်လောက် ချေးပေးမှာလဲ”
“အကန့်အသတ်မရှိ” ချင်ဝမ်ယွီ ပြောလိုက်သည်။
“အကန့်အသတ်မရှိဘူးလား” ဇူအန် ဇဝေဇဝါ ဖြစ်သွားသည်။
“ဟုတ်တယ်။ သူတို့တွေက ငါတို့ လိုချင်သလောက် ပေးလိမ့်မယ်” ချင်ဝမ်ယွီ ၏ အသံတွင် အံသြမှုပါဝင်နေသည်။ ဝေကလန် ၏ ကြွယ်ဝမှုကြောင့် သူမလည်း ထိတ်လန့်သွားသည်မှာ ရှင်းနေသည်။
“သူတို့တွေမှာ ရွှေတွင်းတွေ ဘာတွေ ရှိနေသလား” ဇူအန် ကြောင်တောင်တောင် ဖြစ်နေသည်။
“သူတို့တွေက အရာရှိအထက်ပိုင်း တစ်ချို့ရဲ့ မျက်နှာစာတစ်ခု ဖြစ်ပုံရတယ်” ချင်ဝမ်ယွီ ပြောလိုက်သည်။
“အကယ်၍ ဒါသာ အမှန်ဆိုရင် ဒီအတိုးနှုန်း က အပေးအယူကောင်းတစ်ခုပဲ” ဇူအန် ပြောလိုက်သည်။
ယခင်ကမ္ဘာ၏ စံနှုန်းဖြင့်ဆိုရင်တောင် ၈.၈ ရာခိုင်နှုန်း အတိုးနှုန်းမှာ နိမ့်သည်ဟု ဆိုနိုင်သည်။ ဘဏ်များက အတိုးနှုန်း ၆ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် အများအားဖြင့် ကမ်းလှမ်းတတ်ကြသည်။ သို့သော် ထိုနှုန်းထားဖြင့် ချေးငွေရနိုင်သူမှာ အလွန်ရှားပါးလှသည်။ အဆက်အသွယ်ရှိသူများကိုသာ ထိုအတိုးနှုန်းဖြင့် ကမ်းလှမ်းတတ်ကြသည်။ ၁၂ရာခိုင်နှုန်း ဖြင့် ချေးငွေယူနိုင်ရင်ပင် သူတို့၏ ကံကောင်းခြင်းဖြစ်သည်ဟု ကုမ္ပဏီအများစုက ယူဆထားကြသည်။ ထို့အပြင် ချူကလန် ကိစ္စတွင် သူတို့ ချေးယူနိုင်မည့် ငွေပမာဏပင်ဖြစ်သည်။
ရှု့ထောင့်မျိုးစုံမှ ကြည့်မည်ဆိုပါက ဝေကလန်၏ အခြေအနေများမှာ လုံးဝ အခွင့်သာပေးနေသည်။
ချင်ဝမ်ယွီ သက်ပြင်းချလိုက်သည်။ “ အဲ့ဒီလိုသာ ရိုးရှင်းနေရင် အရမ်းကောင်းမှာပဲ။ ဒါပေမယ့် သူတို့တွေက ငါတို့ ချူကလန်ရဲ့ ဆားတွင်းတွေကို အပေါင်ပစ္စည်း အဖြစ်ထားစေချင်နေတယ်။ ငါ စိုးရိမ်နေတာက ဒါတွေအားလုံးက ငါတို့ရဲ့ ဆားတွင်းတွေကို လုယူဖို့ အကြံအစည်တစ်ချို့ဖြစ်နေမှာကိုပဲ”
----- -------------------------------- ----- - - - - - - - - - - - - ----- -
Chapter 352: ညွိႏွိုင္းမႈ
လမ္းတစ္ေလွ်ာက္တြင္ ေဝအိမ္ေတာ္၏ အေစာင့္မ်ား စတင္လႈပ္ရွားေနသည္ကို ျမင္လိုက္ရသည္။ သို႔ေသာ္ သူတို႔အားလုံးမွာ လုပ္ႀကံသူဟု ယူဆရေသာ အရပ္မ်က္ႏွာဘက္သို႔ ဦးတည္သြားၾကသည္။ ဤအခြင့္အေရးကို သုံးကာ အလင္းေရာင္အားနည္းေသာ ၿခံဝန္းထဲသို႔ ဇူအန္ ခိုးဝင္လိုက္သည္။
ၿခံဝန္းထဲသို႔ ဒုတိယအႀကိမ္ ဝင္ေရာက္သြားေသာအခါ ေက်ာခ်မ္းစရာ ခံစားခ်က္တစ္ခုက သူ႕ကို လႊမ္းၿခဳံသြားသည္။ ဤေနရာရွိ အလင္းေရာင္မွာ ေမွးမွိန္ေနသည္။ ေဝအိမ္ေတာ္ အတြင္းရွိ အျခားေနရာမ်ားႏွင့္ ႏွိုင္းစာလွ်င္ ဤေနရာမွာ ပိုမိုေခ်ာင္က်ေနသည္။
အထဲတြင္ မည္သည့္အေစခံမွ မရွိေနေပ။ အေစာင့္အၾကပ္မ်ား လည္းမရွိေပ။ လူတစ္ဦးတစ္ေယာက္ပင္ ျမင္ကြင္းထဲတြင္ မရွိေပ။
အေဆာက္အအုံ၏ အသြင္အျပင္မွာလည္း တစ္ေဆေျခာက္ေသာအိမ္ႀကီးကဲ့သို႔ ခံစားခ်က္ေပးေနသည္။ ၎သည္ လုံးဝ အသက္မဲ့ေနဟန္ရွိသည္။
ဇူအန္က သူ၏ အေတြးမ်ားကို မျပန့္ေစခဲ့ေပ။ အခ်ိန္မွာ အေရးႀကီးသည္ကို သိေနကာ သူရွာေဖြရန္လိုအပ္သည့္ အရာကို အတတ္နိုင္ဆုံး ျမန္ျမန္ရွာရမည္ျဖစ္သည္။
ေဖးျမန့္မုန္ကို ကူညီကာ သူမ၏ ေ႐ႊျပားကို ရွာမည္သာမက ေလာင္မိုင္ စိတ္ဝင္စားေနေသာ သတၱာ ကိုလည္း ရွာရဦးမည္ျဖစ္သည္။
ေလာင္မိုင္က ရွာေဖြမႈကို လက္ေလ်ာ့လိုက္ရန္ ေျပာခဲ့ေသာ္လည္း အထဲတြင္ မည္သည့္အရာရွိေနသည္ကို ဇူအန္ သိခ်င္ေနဆဲ ျဖစ္သည္။
ေသခ်ာသည္မွာ ပုံမွန္ဆိုလွ်င္ စြန့္စားမႈႀကီးယူမည္မဟုတ္ဘဲ သူ၏ သိခ်င္စိတ္ကို လႊတ္ေပးလိုက္မည္ျဖစ္သည္။ သို႔ေသာ္လည္း ရွားပါးေသာအခြင့္အေရးတစ္ခု ရေနေသာေၾကာင့္ ထိုအရာကို မရွာေဖြနိုင္ပါက ႏွေျမာစရာေကာင္းေပေတာ့မည္။
ဤကလန္ႀကီးမ်ား၏ အေဆာက္အဦး ဖြဲ႕စည္းတည္ေဆာက္ပုံမွာ အားလုံး ခပ္ဆင္ဆင္တူၾကသည္။ ဇူအန္က ခ်ဴကလန္ ရွိ အခန္းမ်ားဖြဲ႕စည္းပုံ ႏွင့္ အကြၽမ္းတဝင္ရွိေနၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ ဤေနရာတြင္လည္း စာၾကည့္ခန္းကို အလြယ္တကူ ရွာလိုက္နိုက္သည္။
ဇူအန္က သာမန္ကာလွ်ံကာ တစ္ခ်က္ ေလ့လာလိုက္ၿပီးေနာက္ ခပ္တည္တည္ျဖင့္ စာအုပ္စင္မ်ား အေပၚ အထူးအာ႐ုံစိုက္လိုက္သည္။ သူ ၾကည့္ဖူးခဲ့ေသာ တီဗီဒရမ္မာမ်ားအရ ထိုေနရာမ်ားတြင္ လွ်ို႔ဝွက္စက္ခလုတ္မ်ား အမ်ားဆုံး ထားရွိတတ္ၾကသည္။
သို႔ေသာ္လည္း စာၾကည့္ခန္းထဲတြင္ မည္သည့္စက္ခလုတ္ကိုမွ ရွာမေတြ႕ခဲ့ေပ။
ထို႔ေၾကာင့္ အိပ္ခန္းကို ရွာေဖြရန္ ဆုံးျဖတ္လိုက္သည္။ စာၾကည့္ခန္းကိုလြန္ကာ အိပ္ခန္းထဲသို႔ အျမန္ဝင္သြားလိုက္သည္။
ဝင္သြားၿပီးေနာက္ ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သူ၏ ႏွာေခါင္းအေရွ႕တြင္ ရွိေနေသာ ေလကို လက္ျဖင့္ယမ္းလိုက္သည္။ ဒါက ဘာအနံ႕ ႀကီးလဲဟ။
အခန္းထဲတြင္ ထူးဆန္းေသာ အနံ႕တစ္ခု ရွိေနသည္။ ၎သည္ ေစ်းႀကီးေသာ အေမႊးတိုင္အမ်ိဳးအစားတစ္ခ်ိဳ႕ျဖစ္မည္ကို ဇူအန္ေျပာနိုင္သည္။ သို႔ေသာ္လည္း ဤသို႔ အနံ႕ထြက္စရာအေၾကာင္းမရွိေပ။
ဤအေမႊးတိုင္၏ အနံ႕တြင္ ေသးနံ႕ကဲ့သို႔ ခ်ဥ္စုတ္စုတ္အနံ႕တစ္ခု ပါဝင္ေနသည္။ ၎သည္ ႐ြံစရာေကာင္းေသာ လကၡဏာရွိသည့္ အနံ႕တစ္ခုကို ေပးေနသည္။
၎သည္ လုံးဝ ရနံ႕သင္းေနသည္ မဟုတ္ေပ။ ပုပ္စပ္ေနသည္လည္း မဟုတ္ေပ။ ၎သည္ ရွင္းျပ၍မရနိုင္ေအာင္ ေအာ့အန္ခ်င္စရာေကာင္းေနသည္။
ဒီေဝကလန္က ဘာေတြ လုပ္ေနတာလဲ။ သူတို႔ေတြက အခန္းတစ္ခုကိုေတာင္ ေသခ်ာသန့္ရွင္းေရးမလုပ္ နိုင္ဘူးလား။ ဇူအန္ က်ိန္ဆဲလိုက္ေသာ္လည္း သူ၏ ရွာေဖြမႈကို မရပ္တန့္ေပ။
အခန္းတစ္ခုလုံးကို လွ်င္ျမန္စြာ ရွာေဖြလိုက္ၿပီးေနာက္ အိပ္ရာဆီသို႔ သြားလိုက္သည္။
အိပ္ရာခင္းကို ဖယ္လိုက္ကာ ခုတင္ ကို တီးေခါက္ၾကည့္လိုက္သည္။
၎တြင္ အေခါင္းေပါက္ရွိေနဟန္ျဖင့္ လွိုဏ္သံထြက္ေနသည္။
အင္း ဒီလူေတြမွာ ပစၥည္းကို ဖြက္တဲ့ေနရာမွာ တကယ္ကို ဖန္တီးတီထြင္မႈေတြ မရွိတာပဲ။... ဇူအန္ က စိတ္ထဲတြင္ ေခါင္းခါလိုက္သည္။ ၎သည္ အဖန္တစ္ရာထပ္ေနၿပီျဖစ္သည္။ ဤကမၻာမွ လူမ်ားက ဤကဲ့သို႔ လွ်ို႔ဝွက္ေနရာကို ဖုံးထားမည္ဟု မည္သူ ထင္မိမည္နည္း။
လွ်ို႔ဝွက္ခလုတ္ကို လွ်င္ျမန္စြာ ရွာေတြ႕လိုက္သည္။ ၎ကို ႏွိပ္လိုက္ေသာအခါ ဖုံးကြယ္ထားေသာ အခန္းတစ္ခုေပၚလာကာ အထဲတြင္ သတၱာေလး တစ္ခု ရွိေနသည္။ ၎သည္ ေလာင္မိုင္ သူ႕ကိုျပဖူးေသာ တစ္ခုႏွင့္ လုံးဝ ဆင္တူေနသည္။ ပုံစံႏွင့္ အလွဆင္ထားထားေသာ အေသးစိတ္ကအစ တူေနသည္။ ေလာင္မိုင္ သူ႕ကို ေပးခဲ့ေသာ သတၱာကို အျမန္ထုတ္လိုက္သည္။ ၎ကို ခိုးယူလိုက္ေသာ ေသတၱာေနရာတြင္ ထားလိုက္သည္။ ဤနည္းျဖင့္ အခန္းကို ဖြင့္ေသာ မည္သူမဆို ပစၥည္းအခိုးခံလိုက္ရသည္ကို ခ်က္ခ်င္း သတိျပဳမိနိုင္မည္မဟုတ္ေပ။
အထဲတြင္ မည္သည့္အရာရွိေနမည္ကို ဇူအန္ သိခ်င္ေနသည္။ တစ္ခ်က္ေခ်ာင္းၾကည့္ရန္အတြက္ ဖြင့္ခ်င္ေနသည္။ ၎ သတၱာ၏ ထုဆစ္မႈပုံစံမွာ အလြန္အမင္း လက္ရာ ေျမာက္လွသည္။ ၎၏ မ်က္ႏွာျပင္ေပၚတြင္ အလင္းလႊာတစ္ခု ဖ်ပ္ခနဲျဖတ္သြားကာ ၎သည္ အခ်ိတ္အပိတ္ စည္းတစ္ခ်ိဳ႕ ျဖစ္ဟန္ရသည္။
ေသခ်ာစူးစမ္းရန္ အခ်ိန္မရွိေပ။ ၎ကို သိမ္းဆည္းလိုက္ၿပီးေနာက္ ေဖးျမန့္မုန္၏ ေ႐ႊျပားကို စတင္ရွာေဖြေတာ့သည္။
ကံမေကာင္းသည္မွာ ထို tile ၏ သဲလြန္စ အရိပ္အေယာင္ေတာင္ မေတြ႕ရေပ။
သူ၏ အခ်ိန္ ျပည့္လုနီးပါးျဖစ္သြားသည္။ အနီးနားတြင္ ေျခလွမ္းသံမ်ားကို ၾကားလိုက္ရသည္။
သူ႕တြင္လည္း ေ႐ြးခ်ယ္စရာမရွိဘဲ သူ၏ ရွာေဖြမႈကို အဆုံးသတ္ကာ ထြက္ခြာလာလိုက္ရသည္။
ျမန့္ျမန့္ႀကီး က ဟိုလူလက္ထဲကေန လြတ္နိုင္ပါ့မလား။ ဇူအန္ အနည္းငယ္ ပိုမို စိုးရိမ္သြားသည္။ အခန္းငယ္တစ္ခုဆီသို႔ သြားကာ ဆီမီးအိမ္တစ္ခုကို တိုက္ခ်လိဳက္သည္။ ထိုအခါ မီးေတာက္မ်ား ထြက္လာကာ မီးခိုးမ်ားလည္း ထြက္လာသည္။
ဖရိုဖရဲအေျခအေနကို အကာအကြယ္ယူကာ သူ၏ အခန္းဆီသို႔ အျမန္ျပန္လိုက္သည္။
မီးေဟ့ မီး
တခဏအၾကာတြင္ ေဝအိမ္ေတာ္ထဲတြင္ အခ်က္ေပးသံ ေအာ္သံမ်ား ျပည့္ႏွက္သြားသည္။ အေစခံမ်ား အျမန္ထြက္လာကာ ေရပုံးမ်ားျဖင့္ မီးျငႇိမ္းေနၾကသည္။
ဇူအန္က ေဘးမွရပ္ၾကည့္သူတစ္ဦးအေနျဖင့္ ဟန္ေဆာင္လိုက္သည္။ အေစခံအခ်ိဳ႕ကိုေတာင္ ဆြဲေခၚကာ ဘယ္ေတြျဖစ္ေနသလဲ ဟု ေမးလိုက္ေသးသည္။
သူ၏ အမူအရာမွာ အလြန္လက္ေတြ႕ဆန္လွသျဖင့္ ေအာ္စကာ ဆု တစ္ခုေတာင္ ထိုက္တန္ေနသည္ဟု ထင္မိေသး၏။
အခ်ိန္တခဏ ၾကာၿပီးေနာက္ ေဝကလန္၏ စာၾကည့္ခန္း ဆီသို႔ စိုးရိမ္ေသာမ်က္ႏွာအမူအရာျဖင့္ ေျပးသြားလိုက္သည္။ ခ်င္ဝမ္ယြီ ႏွင့္ ႀကဳံလိုက္ရသည္။
သခင္မ အဆင္ေျပရဲ႕လား ဇူအန္ စိုးရိမ္စြာ ေမးလိုက္သည္။
ငါ အဆင္ေျပပါတယ္ ခ်င္ဝမ္ယြီ က ေဝအိမ္ေတာ္ရွိ ဖရိုဖရဲျဖစ္မႈကို ဇေဝဇဝါၾကည့္လိုက္သည္။
တစ္စုံတစ္ဦးက ေဝတေပါင္း ဆီသို႔လာကည သတင္းပို႔လိုက္သည္။ သတင္းကိုၾကားရေသာအခါ သူ၏ မ်က္ႏွာ မည္းေမွာင္သြားသည္။ ခ်င္ဝမ္ယြီ ဘက္သို႔ လက္သီးဆုပ္ကာ ေျပာလိုက္သည္။ ခ်ဴသခင္မကို တကယ္ပဲ ေတာင္းပန္ရမွာပဲ။ ကလန္အိမ္ေတာ္ထဲမွာ တစ္စုံတစ္ခု ျဖစ္ေနလို႔ပါ။ က်ဳပ္တို႔ ဒီေန႕ အရွက္ရေအာင္လုပ္မိၿပီ
ဒီလိုျပင္းထန္တဲ့ စကားလုံးေတြ မလိုအပ္ပါဘူး။ သခင္ေဝ ခ်င္ဝမ္ယြီ ေျပာလိုက္သည္။ ရွင့္ အိမ္မွာ တစ္ခုခုျဖစ္ေနေတာ့ ကြၽန္မတို႔လည္း ရွင့္ကို ဆက္မႏွောက္ယွက္ေတာ့ပါဘူး။ ႏႈတ္ဆက္ခဲ့ပါတယ္
ေဝတေပါင္း ေခါင္းၿငိမ့္လိုက္သည္။ က်ဳပ္ ေျပာစရာရွိတာေတြ အားလုံး မဒမ္ကို ေျပာခဲ့ၿပီးၿပီ။ က်ဳပ္တို႔ ေဆြးႏြေးခဲ့တာကို ေသခ်ာ စဥ္းစားေပးပါ။ က်ဳပ္တို႔ရဲ႕ ေဝကလန္က ဒီကမ္းလွမ္းမႈကို ေစတနာသန့္သန့္နဲ႕ လုပ္ခဲ့တာပဲ
ခ်င္ဝမ္ယြီ က သူ႕ကို ၿပဳံးျပလိုက္ၿပီး ေနာက္တစ္ႀကိမ္ ေခါင္းၿငိမ့္ျပလိုက္သည္။ ထို႔ေနာက္လဇူအန္ႏွင့္ အတူ ထြက္သြားေတာ့သည္။
ခ်င္ဝမ္ယြီ က သူမ၏ လွည္းေပၚသို႔ တက္သြားသည္။ ဇူအန္ က လွည္းေဘးတြင္ ျမင္းတစ္ေကာင္ စီး၍ လိုက္ပါလာသည္။
အဆုံးတြင္ သူ၏ သိခ်င္စိတ္က ေက်ာ္လြန္သြားသည္။ သူ၏ ျမင္းကို လွည္းေဘးသို႔ လမ္းျပကာ ေမးလိုက္သည္။ သခင္မ။ ေဝကလန္နဲ႕ စကားေျပာတာ ဘယ္လိုျဖစ္သြားလဲ
ခ်င္ဝမ္ယြီ က လိုက္ကာေထာင့္ကို မ တင္လိုက္သည္။ သူမ၏ မ်က္ႏွာကို ဖတ္၍မရေပ။ အထဲမွာ စကားေျပာရေအာင္
သူတို႔ကို လိုက္ပို႔ေဆာင္ေပးေနေသာ အေစာင့္မ်ား တစ္ဦးကိုတစ္ဦး ၾကည့္လိုက္ၾကသည္။ သခင္မက သခင္ေလးကို ပိုပိုၿပီးေတာ့ သေဘာက်လာပုံရတယ္။ ေနာက္ခါက်ရင္ သခင္ေလးကို ပုံမွန္အတိုင္း အျပစ္မလုပ္ရဲေတာ့ဘူး။
ခ်န္းရွို႔ပင္း ႏွင့္ ဆန့္က်င္၍ေလာင္းထားေသာ အေစာင့္မ်ားအားလုံး သနားစရာေကာင္းေလာက္ေအာင္ မ်က္ႏွာသုန္မႈန္သြားသည္။ ထိုေလာင္းေၾကးကို သူတို႔ အမွန္တကယ္ ရႈံးရေတာ့မည့္ဟန္ ရွိေနသည္။
ဇူအန္က သူမ၏ ဖိတ္ေခၚမႈေၾကာင့္ အံၾသ သြားသည္။ ယခင္က သူ႕ကို စိတ္မတိုေနလွ်င္ေတာင္ အဖက္မလုပ္တတ္ေပ။
ယခုကဲ့သို႔ေသာ ဖိတ္ေခၚမႈမွာ ရွားပါးလွသည္။
လွည္းအတြင္းသို႔ ဝင္လိုက္ေသာအခါ လန္းဆန္းဖြယ္ ရနံ႕တစ္ခုက သူ႕ကို ႏႈတ္တက္လိုက္သည္။ ႂကြယ္ဝေသာရနံ႕သည္ ခ်ဴခ်ဴယန္ ႏွင့္ လုံးဝ ျခားနားသည္။ ၎သည္ ခ်င္ဝမ္ယြီ ၏ ကိုယ္ပိုင္ရနံ႕ျဖစ္သည္။
ဇူအန္ က ခုတင္ေအာက္ရွိ အခန္းမွ အနံ႕ကို ျပန္ေတြးမိလိုက္သည္။ ေစ်းႀကီးေသာ အေမႊးတိုင္ မွလာသည္မွလြဲ၍ ၎သည္ လုံးဝ မႏွစ္ၿမိဳ႕ဖြယ္ ေကာင္းလွသည္။ ယခုအခါ သူ၏ ႏွာေခါင္းထဲတြင္ ျပည့္ေနေသာ ရနံ႕မွာ ကမၻာပိုေကာင္းေနသည္။
သူ၏ ႏွာေခါင္းရႈရွိုက္မႈကို ျမင္ရေသာအခါ ခ်င္ဝမ္ယြီ မ်က္ေမွာင္က်ဳံ႕လိုက္သည္။ ဒီေကာင့္မွာ တကယ့္ကို ထုံးတမ္း က်င့္ဝတ္ မရွိဘူးပဲ။
သို႔ေသာ္လည္း မိန္းမတစ္ေယာက္ အေနျဖင့္ ေယာက္်ားတစ္ေယာက္က သူမ၏ အနံ႕ကို ႏွစ္သက္ျခင္းအေပၚ စိတ္ဆိုးရန္ ခက္ခဲေနသည္။
သူ၏ အာ႐ုံကိုျပန္ရရန္ သူမ ေခ်ာင္းဟန့္လိုက္သည္။ မထြက္သြားခင္ ခ်ဴခ်ဴယန္ က ငါ့ကို ထပ္ခါထပ္ခါ ေျပာခဲ့တယ္။ သူက နင့္ကို ဘာေၾကာင့္အရမ္းယုံေနသလဲ ဆိုတာကိုေတာ့ ငါမသိဘူး။ ဒါေပမယ့္ ခ်ဴခ်ဴယန္က အေၾကာင္းအရင္းမရွိလဲ ဒီလိုေျပာမွာ မဟုတ္ဘူးဆိုတာကို ငါသိတယ္။
နင္က ဒီေဝကလန္နဲ႕ ကိစၥကို ဆက္သြယ္ေပးတဲ့သူတစ္ေယာက္ပဲ။ ဒါေၾကာင့္ ငါတို႔ရဲ႕ ေဆြးႏြေးမႈကို နင့္ကို ဖုံးကြယ္ထားစရာမလိုပါဘူး
ဇူအန္ စိတ္သက္သာရာရသြားသည္။ သူ၏ ဇနီးက သူ႕ကို ထိုေလာက္ ဂ႐ုစိုက္မည္ဟု မထင္ထားခဲ့ေပ။ လက္သီးဆုပ္လိုက္သည္။ ေက်းဇူးပါ သခင္မ ေလးစားစြာ ေျပာလိုက္သည္။
ခ်င္ဝမ္ယြီ ဆက္ေျပာသည္။ ေဝကလန္က ငါတို႔ကို အတိုး ၈.၈ ရာခိုင္ႏႈန္းနဲ႕ ေငြေခ်းဖို႔ ကမ္းလွမ္းတယ္
ဇူအန္က အေပးအယူ၏ အေရးႀကီးဆုံးအပိုင္းကို အာ႐ုံစိုက္လိုက္သည္။ သူတို႔က က်ဳပ္တို႔ကို ဘယ္ေလာက္ ေခ်းေပးမွာလဲ
အကန့္အသတ္မရွိ ခ်င္ဝမ္ယြီ ေျပာလိုက္သည္။
အကန့္အသတ္မရွိဘူးလား ဇူအန္ ဇေဝဇဝါ ျဖစ္သြားသည္။
ဟုတ္တယ္။ သူတို႔ေတြက ငါတို႔ လိုခ်င္သေလာက္ ေပးလိမ့္မယ္ ခ်င္ဝမ္ယြီ ၏ အသံတြင္ အံၾသမႈပါဝင္ေနသည္။ ေဝကလန္ ၏ ႂကြယ္ဝမႈေၾကာင့္ သူမလည္း ထိတ္လန့္သြားသည္မွာ ရွင္းေနသည္။
သူတို႔ေတြမွာ ေ႐ႊတြင္းေတြ ဘာေတြ ရွိေနသလား ဇူအန္ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနသည္။
သူတို႔ေတြက အရာရွိအထက္ပိုင္း တစ္ခ်ိဳ႕ရဲ႕ မ်က္ႏွာစာတစ္ခု ျဖစ္ပုံရတယ္ ခ်င္ဝမ္ယြီ ေျပာလိုက္သည္။
အကယ္၍ ဒါသာ အမွန္ဆိုရင္ ဒီအတိုးႏႈန္း က အေပးအယူေကာင္းတစ္ခုပဲ ဇူအန္ ေျပာလိုက္သည္။
ယခင္ကမၻာ၏ စံႏႈန္းျဖင့္ဆိုရင္ေတာင္ ၈.၈ ရာခိုင္ႏႈန္း အတိုးႏႈန္းမွာ နိမ့္သည္ဟု ဆိုနိုင္သည္။ ဘဏ္မ်ားက အတိုးႏႈန္း ၆ ရာခိုင္ႏႈန္း ဝန္းက်င္ျဖင့္ အမ်ားအားျဖင့္ ကမ္းလွမ္းတတ္ၾကသည္။ သို႔ေသာ္ ထိုႏႈန္းထားျဖင့္ ေခ်းေငြရနိုင္သူမွာ အလြန္ရွားပါးလွသည္။ အဆက္အသြယ္ရွိသူမ်ားကိုသာ ထိုအတိုးႏႈန္းျဖင့္ ကမ္းလွမ္းတတ္ၾကသည္။ ၁၂ရာခိုင္ႏႈန္း ျဖင့္ ေခ်းေငြယူနိုင္ရင္ပင္ သူတို႔၏ ကံေကာင္းျခင္းျဖစ္သည္ဟု ကုမၸဏီအမ်ားစုက ယူဆထားၾကသည္။ ထို႔အျပင္ ခ်ဴကလန္ ကိစၥတြင္ သူတို႔ ေခ်းယူနိုင္မည့္ ေငြပမာဏပင္ျဖစ္သည္။
ရႈ႕ေထာင့္မ်ိဳးစုံမွ ၾကည့္မည္ဆိုပါက ေဝကလန္၏ အေျခအေနမ်ားမွာ လုံးဝ အခြင့္သာေပးေနသည္။
ခ်င္ဝမ္ယြီ သက္ျပင္းခ်လိဳက္သည္။ အဲ့ဒီလိုသာ ရိုးရွင္းေနရင္ အရမ္းေကာင္းမွာပဲ။ ဒါေပမယ့္ သူတို႔ေတြက ငါတို႔ ခ်ဴကလန္ရဲ႕ ဆားတြင္းေတြကို အေပါင္ပစၥည္း အျဖစ္ထားေစခ်င္ေနတယ္။ ငါ စိုးရိမ္ေနတာက ဒါေတြအားလုံးက ငါတို႔ရဲ႕ ဆားတြင္းေတြကို လုယူဖို႔ အႀကံအစည္တစ္ခ်ိဳ႕ျဖစ္ေနမွာကိုပဲ
----- -------------------------------- ----- - - - - - - - - - - - - ----- -