Chapter 347: သဝန်တိုမှု ပင်လယ်
ဇူအန်က သူမကို မျက်လုံးစွေစောင်းကြည့်လိုက်သည်။ “ဘယ်ကလန်ရဲ့ ခွေးက အရမ်းအသံဆူညံနေတာလဲမသိဘူး”
ဝူချင်း ဒေါသပေါက်ကွဲသွားသည်။ စားပွဲကို ရိုက်ကာ ခြေဆောင့်လိုက်သည်။ “ဘယ်သူ့ကို ပြောချင်တာလဲ”
သင်သည် ဝူချင်း ထံမှ အမျက်ပွိုင့် ၃၃၅ ရရှိလိုက်သည်။
အနားတွင်ရှိနေသော ပန်လုန် နှင့် ဖူဖုန်း တို့လည်း သူမကို ကူလိုက်ကြသည်။
“မင်းက ငါတို့မမလေးဝူကို ခွေးတစ်ကောင်လို့ ခေါ်တယ်ရဲပေါ့။ မင်း တကယ် အတင့်ရဲတာပဲ”
“အမှန်ပဲ။ မင်းရဲ့ စကားလုံးတွေက အရမ်းရိုင်းတယ်။ သာမန်လူတစ်ယောက်ဆီကနေ ဒီလိုစကားတွေထွက်လာမယ်လို့ ထင်သားပဲ။ ချူကလန်က မင်းကို ခေါ်သွင်းထားတာတောင် အထက်တန်းလွှာ တစ်ယောက်လိုမျိုး ဘယ်လိုပြုမူရမလဲဆိုတာကို မသင်ယူနိုင်ဘူး”
သင်သည် ပန်လုန် ထံမှအမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။
သင်သည် ဖူဖုန်း ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။
ဇူအန် နှာခေါင်းရှုံ့လိုက်သည်။ “ဘယ်သူက သူ့ကို ခွေးလို့ ပြောလို့လဲ။ ဒါပေမယ့် မင်းတို့နှစ်ယောက် က ဆတ်ဆတ်ထိမခံဖြစ်နေတော့...ရိုးရိုးသားသားပြောရရင် မင်းတို့နှစ်ယောက် က မင်းတို့ သခင်မလေးကို ခွေးတစ်ကောင်နဲ့ ဘယ်လိုတောင် ခိုင်းနှိုင်းရဲတာလဲ။ သူ့ကို အဲ့ဒီလောက်တောင် မုန်းကြတာလား။ နောက်ဆုံးတော့ မင်းတို့ရဲ့ အငြိုးတွေကို မထိန်းထားနိုင်တော့ဘူးလား”
ဝူချင်း၏ အာရုံမှာ ထိုသူတို့ဘက်သို့ လှည့်သွားသည်။ သူမ၏ အဖော်နှစ်ယောက်ကို သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ဇူအန်က ၎င်းမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။ သူ၏ ယခင်ကမ္ဘာမှ အွန်လိုင်းဆွေးနွေးပွဲများ၏ ဆရာတစ်ဆူအနေဖြင့် သူ၏လက်ထဲတွင် လှည့်ကွက်များ လုံလောက်သည်ထက် ပိုနေသေးသည်။
“လုံးဝမဟုတ်ဘူး။ ငါတို့တွေက သခင်မလေးဝူကို ဘယ်တော့မှ မလေးမစားလုပ်ရဲမှာ မဟုတ်ဘူး” ပန်လုန်နှင့် ဖူဖုန်းတို့ က ချက်ချင်း ပျာယာခတ်ကာ ခုခံလိုက်ကြသည်။
ဇူအန်က သူတို့နှစ်ယောက်အပေါ် စိတ်မဝင်စားတော့ပေ။ “ကျောင်းသားကျန်း က ဂဏန်းသင်္ချာတွေမှာ အတော်လေး ပါရမီပါတာကို တွေ့ရတယ်။ ဒီလို ပါရမီမျိုးကို သေချာ ပျိုးထောင်ပေးရမယ်။ မင်းကို လက်ထောက်ဆရာ လုပ်ပေးချင်လို့ ရုံးခန်းကို ခဏလိုက်ခဲ့ပါလား”
ကျန်းတန်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဆရာဇူ”
ယခုအခါတွင် သူမ၌ တရားဝင်အကြောင်းပြချက်တစ်ခုရှိသောကြောင့် တွန့်ဆုတ်မနေတော့ပေ။ သူမ၏ ခြေဖဝါးကိုကြွကာ ဇူအန်နှင့်အတူ ရုံးခန်းသို့ လျှောက်လှမ်းသွားလိုက်သည်။
ဝူချင်းနှင့် သူမတပည့်နှစ်ယောက်မှာ အချင်းချင်း ငြင်းခုံကာ ကျန်ရစ်နေခဲ့သည်။
စာသင်ခန်းထဲရှိ အခြားကျောင်းသားများလည်း ဆွေးနွေးနေကြသည်။
“လက်ထောက်ဆရာ ဟုတ်လား။ ကျောင်းသားတစ်ယောက်ကို ဒီလိုခေါ်တာ ပထမဆုံးကြားဖူးတာပဲ”
“ကျန်းတန်က တကယ်ပဲ ကံကောင်းတာပဲ”
“ကျွတ်။ အဲ့ဒါက သင်္ချာအချိန် တစ်ခုပဲလေ။ ငါ့ကို ရွေးရင်တောင် အဲ့ဒီလို လက်ထောက်ဖြစ်ချင်မှာမဟုတ်ဘူး”
“အမှန်ပဲ”
“အဲ့ဒီကောင်က ဒီလိုလုပ်ရတာ ကျန်းတန်အပေါ်ကို စိတ်ဝင်စားနေလို့လားလို့ ဘာဖြစ်လို့ ငါ ခံစားနေရတာလဲ”
“ငါတော့မထင်ဘူး။ သူ့မိန်းမကလည်း အတော်လှနေပြီးသားကို”
ထိုစကားကြားပြီးနောက် ဇူအန်ကဲ့သို့ ဝက်တစ်ကောင်က နတ်သမီး ချူချူယန်ကို ထောင်ဖမ်းနိုင်ခဲ့သည်ကိုတွေးမိပြီး သူတို့အားလုံး တစ်ပြိုင်နက်တည်း ကျိန်ဆဲလိုက်ကြသည်။
“တောက်”
...
မြင့်တက်လာသော အမျက်ပွိုင့်များက ဇူအန်ကို ဝမ်းသာ ပီတိ ဖြစ်စေသည်။ ဒီကျောင်းသားတွေက တကယ်ကို ချစ်စရာကောင်းတာပဲ။ သူတို့တွေက ငါ့ကို အမြဲတမ်း အမျက်ပွိုင့်တွေ အများကြီး ပေးလှူနေကြတယ်။
ကျန်းတန် က ဇူအန် ၏ အနောက်တွင် ခြေလှမ်းအနည်းငယ်ခွာကာ လိုက်ပါလာသည်။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး ထားသင့်သော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသည်။
လမ်းတစ်လျှောက်တွင် သူတို့ကို မြင်ရသော ကျောင်းသားများက သူမကို ချီးကျူးကြသည်။ မိန်းကလေးကျန်းက တကယ်ကို ကျက်သရေရှိမှုရဲ့ ပြယုဒ်တစ်ခုပဲ။ သူမရဲ့ အနေအထိုင်အပြုအမူနဲ့ အပြောအဆိုက တကယ်ကို ပြောစရာရှိဘူး။
နောက်ဆုံးတွင် သူတို့သည် ဘေးလူများကို ရှောင်နိုင်သော နေရာတစ်ခုသို့ရောက်သွားသည်။ ကျန်းတန်က သူမ၏ သင့်တော်လျောက်ပတ်သော ပုံသဏ္ဍာန်မှ ချက်ချင်းပြောင်းသွားကာ ဇူအန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ကို အနမ်းတစ်ပွင့်ပေးလိုက်သည်။
ဇူအန်က သူမကို ဆိတ်လိုက်သည်။ “အခုနကပဲ ငါ့ကို လှောင်နေတာမဟုတ်ဘူးလား”
ကျန်းတန် ငြီးလိုက်သည်။ သူ့ကို တဖိတ်ဖိတ်တောက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ “အခုနက လူတွေအရှေ့မှာလေ။ သူတို့ကို ငါတို့ ဘယ်လောက် ရင်းနှီးသလဲဆိုတာကို အကုန်ချပြလို့မရဘူးမလား”
“ဒါဆိုလည်း ငါ့ရဲ့ နာကျင်သွားတဲ့ ခံစားချက်ကို ဘယ်လို ဖြေသိမ့်ပေးမှာလဲ” ဇူအန် ပြောလိုက်သည်။
“ဘယ်လို ဖြေသိမ့်စေချင်လို့လဲ” ကျန်းတန်က သူမ၏ နှုတ်ခမ်းရဲရဲကို သပ်ကာ မေးလိုက်သည်။ သူမ၏ အမူအရာမှာ ညို့ငင်ဖမ်းစားဖွယ် ရှိနေသည်။
ဇူအန်က ကိုယ်ထဲတွင် မီးတောက်တစ်ခု လင်းလာသည်ကို ခံစားလိုက်ရသည်။ သူမ၏ ဂါ၀န်ကို ချက်ချင်း မလိုက်သည်။
ကျန်းတန်က သူ၏လက်များကို အမြန် တွန်းချလိုက်သည်။ ဇူအန်က သူမကို ဇဝေဇဝါကြည့်လိုက်သည်။ သူမ၏မျက်နှာမှာ နီရဲနေသည်။ “ဒီနေ့က...မကောင်းတဲ့နေ့ပဲ”
ဇူအန်၏ အမူအရာ ပြုတ်ကျသွားသည်။ “ဒါဆိုလည်း ငါ့ကို ဘာဖြစ်လို့ လာဆွနေသေးလဲ။ ဒါက တကယ်ကို တာဝန်ယူမှုမရှိတာပဲ”
ကျန်းတန် နှုတ်ခမ်းစူလိုက်သည်။ သူမ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အံအားသင့်စွာပင် သူမ ဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။
ဇူအန် တံတွေးမျိုချလိုက်သည်။ သူ၏ အသံရှုနှုန်း မြန်ဆန်လာသည်။
ဒီမိန်းမက တကယ်ကို မိစ္ဆာတစ်ယောက်ပဲ။ သူမက နယ်ပယ်အမျိုးမျိုးမှာ ကိုယ့်ကိုယ်ကို သင်ယူထားတာပဲ။ ပြီးတော့ ကျင့်ဝတ်ထုံးတမ်းနဲ့ ယဉ်ကျေးသိမ်မွေ့မှုမှာလည်း တစ်နည်းတစ်ဖုံ ကျော်ကြာတယ်။ ဒီလို ကြီးမားတဲ့ ဆန့်ကျင်ဘက်မျိုးက တကယ်ကို အံသြစရာကောင်းတယ်။
ထိုစဉ်မှာပင် ချည်းကပ်လာနေသော ခြေလှမ်းသံများကို ရုတ်တရက် ကြားလိုက်ရသည်။ သူတို့နှစ်ယောက်လည်း ပျာယာခတ်ကာ အမြန်ခွာလိုက်ကြသည်။
“ဟမ်။ အားဇူ၊ ကျန်းတန် မင်းတို့နှစ်ယောက် ဒီမှာ ဘာလုပ်နေကြတာလဲ” စည်းကမ်းထိန်းသိမ်းရေးဆရာ လုဒီ က သူတို့နှစ်ဦးကို ဇဝေဇဝါ ကြည့်လိုက်သည်။
ဇူအန် ရယ်လိုက်သည်။ “ဟဲဟဲ။ ဘာမှမဟုတ်ပါဘူး။ ကျုပ်တို့တွေက သင်္ချာအတန်းနဲ့ ဆိုင်တဲ့ ကိစ္စတစ်ချို့ဆွေးနွေးနေရုံပါ”
လုဒီ က ကျန်းတန် ကို သံသယအကြည့်တစ်ချက် ကြည့်လိုက်သည်။ “ကျန်းတန် သူက မင်းကို အနိုင်ကျင့်ခဲ့သေးလား”
ကျန်းတန်က သူမ၏ နှုတ်ခမ်းထောင့်ကို အလျှင်အမြန်သုတ်လိုက်သည်။ သူမ၏ မျက်နှာ နီရဲနေသည်။ သူမ ခေါင်းခါလိုက်သည်။
လုဒီ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဒီကျန်းကလန်ရဲ့ မိန်းကလေး က တကယ်ပဲ မိန်းကလေးတွေထဲက မိန်းကလေးပဲ။ သူမရဲ့ အပြုအမူတွေက တကယ်ကို. ပြည့်ပြည့်စုံစုံ ကျက်သရေရှိတယ်။
သူ၏ အိမ်တွင်ကျန်ခဲ့သော ကြမ်းတမ်းသည့် သားဖြစ်သူကို သတိရလိုက်ကာ သူ၏ ဒေါသများ ဆူပွက်နေသည်။ ဒီကလေး ဘယ်လောက် လိမ္မာလိုက်သလဲ။ ကြည့်စမ်း။
ကျန်းတန် အပေါ် အထင်အမြင်ကောင်းတစ်ခု စိတ်ထဲတွင်ရှိကာ ဇူအန်ကို ဘေးသို့ ဆွဲခေါ်လိုက်သည်။ “ဆရာဇူ မင်းတို့ရဲ့ ချူကလန်နဲ့ ကျန်းကလန် ကြားမှာ မသင့်မမြတ်တာတွေ ရှိတာကို ငါသိပေမယ့် ဆရာဆိုတဲ့ မင်းရဲ့ အခွင့်အာဏာကို သုံးပြီးတော့ သူတို့ရဲ့ သခင်မလေးကို အနိုင်မကျင့်သင့်ဘူး။ ရှင်းရဲ့လား”
“ဒါပေမယ့် ကျုပ်လည်း သူမကို အနိုင်မကျင့်ခဲ့ပါဘူး” ဇူအန် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။သူ လုပ်ဖူးခဲ့သော ကိစ္စများမှာ အနိုင်ကျင့်သည်ဟု ယူဆ၍ရသလော။
“ခုနက သူ မင်းအရှေ့မှာ ဒူးထောက်နေတာလားလို့” လုဒီ က သူ့ကို စိုက်ကြည့်လိုက်သည်။ ထိုသို့ ယဉ်ကျေးမှုရှိသော မိန်းကလေးတစ်ဦး အနိုင်ကျင့်ခံနေရသည့် အဖြစ်ကို မြင်ရသော မည်သူမဆို မတရားမှု ခံစားချက်များ တောက်လောင်နေမည်ဖြစ်သည်။
သင်သည် လုဒီ ထံမှ အမျက်ပွိုင့် ၁၃၈ ရရှိလိုက်သည်။
ဇူအန် ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ “ကျုပ်က သူ့ကို ပြန်ထူပေးမလို့ပဲ။ သူ မတော်တဆ ချော်ကျသွားတာပါ”
လုဒီက သူ၏ အဓိပ္ပါယ်မရှိသော စကားကို နားထောင်ချင်စိတ် မရှိပေ။ ကျန်းတန်ကို ကြည့်ကာ မေးလိုက်သည်။ “အဲ့ဒါ အမှန်ပဲလား”
ကျန်းတန် ခေါင်းညိတ်ပြလိုက်သည်။
လုဒီ ဇူအန့်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။ “ဒီကောင်မလေးက အရမ်းလိမ္မာလွန်းတယ်။ သူက သူ့ကိုယ်သူ ပြန်မခုခံရဲလောက်တဲ့အထိ အနိုင်ကျင့်ခံထားရတာ ရှင်းနေတာပဲ။ ထားလိုက်တော့။ မင်း ပုံစံပြန်ပြင်သင့်တယ်။ ကျန်းကလန်က အလွယ်တကူ အပြစ်လုပ်ခံမှာမဟုတ်ဘူး။ ပြီးတော့ သူ့ရဲ့ သတို့သားလောင်းက ဆန်းကလန်ရဲ့ သားပဲ။ ဒီကိစ္စကိုသာ သူတို့သိသွားရင် အကယ်ဒမီရဲ့ နာမည်ကို ပျက်စီးစေလိမ့်မယ်”
“စည်းကမ်းရေးမှူးရဲ့ သင်ပြမှုကို ကျုပ်လက်ခံပါတယ်” ဇူအန် ဖြေလိုက်ကာ ကျန်းတန်ကို တိတ်တိတ်လေး မျက်လုံးမှိတ်ပြလိုက်သည်။
ဇူအန်၏ မျက်နှာပေါ်ရှိ အပြုံးက လုဒီ၏ စိတ်ပျက်မှု ပိုမိုလေပင့်စေသည်။ သို့သော်လည်း ဇူအန်မှာလည်း ဆရာတစ်ဦးဖြစ်နေပြီး ကျောင်းအုပ်ကျန်း၏ နောက်ခံရထားပုံရှိနေသောကြောင့် သူ ရှေ့မဆက်နိုင်တော့ပေ။ စိတ်တိုသော အသံတစ်ခုလုပ်ကာ လျှောက်လှမ်းထွက်ခွာသွားသည်။
သူ ထွက်သွားပြီးနောက် ကျန်းတန် အလိုမကျစွာ ပြောလိုက်သည်။ “အဲ့ဒါ ရှင့်ရဲ့ အမှားတွေပဲ။ ကျွန်မတို့ကို လူမိတော့မလို့”
“အဲ့ဒါက ဘယ်လိုလုပ် ငါ့အမှားဖြစ်ရမှာလဲ” ဇူအန် မျက်နှာအုံ့ဆိုင်းသွားသည်။ သူ၏ စိတ်ထဲတွင် တစ်စုံတစ်ရာ ကလိကလိဖြစ်လာကာ သူမကို ကြည့်လိုက်သည်။ “မင်း ပြန်ပြောစမ်း။ ပြောချင်တာက...”
ကျန်းတန်၏ မျက်နှာမှာ အလွန်နီရဲသွားသည်။ “စည်းကမ်းရေးမှူး လုဒီက မေးခွန်းတွေ ဆက်တိုက် မေးနေတာကိုး။ ကျွန်မတစ်ချိန်လုံး တိတ်တိတ်နေနေရင် သံသယဖြစ်စရာ ပိုကောင်းသွားတော့မှာပေါ့။ ဒါကြောင့်် ကျွန်မ...ကျွန်မ...”
ရှက်ရွံမှုကြောင့် သူမ ပေါက်ကွဲထွက်တော့မည်ဟု ထင်နေရသည်။
ဇူအန်လည်း သူ၏ ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။ သူမကို သူ၏ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ကျန်းတန်က သူ့ကို ညင်သာစွာ ဖက်ထားသည်။ “အားဇူ ကျွန်မကို ဘာဖြစ်လို့ တွေ့ချင်ရတာလဲ”
“ချန်ရွှမ်း နဲ့ မင်းတို့ ရဲ့ အပေးအယူကို ငါ မေးချင်နေလို့။ သူခိုးထားတဲ့ အဲ့ဒီဆားခွင့်ပြုမိန့်တွေ ဘယ်ရောက်သွားလဲ” ဇူအန် မေးလိုက်သည်။
ယခုအကြိမ် ချူကလန်၏ ပြဿနာအားလုံးတွင် အခိုးခံလိုက်ရသော ဆားခွင့်ပြုမိန့်များက အဓိက သော့ချက် အကြောင်းအရင်းဖြစ်သည်။ ၎င်းတို့ကို ပြန်ယူနိုင်ပါက အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲပေးနိုင်မည်ဖြစ်ပြီး ထိုကဲ့သို့သော ဒဏ်ကြေး ကြီးကြီးမားမားလည်း ပေးစရာ လိုအပ်တော့မည်မဟုတ်ပေ။
ယခင်က ချန်ရွှမ်း နှင့် ဝေလဂိုဏ်းတို့ အပေးအယူလုပ်ခဲ့သည်ကို ဇူအန်သိနေသည်။ သို့သော် ဆားခွင့်ပြုမိန့်များ မပို့ဆောင်ခင်တွင် နှစ်ဖက်လုံး အချင်းများခဲ့ကြသည်။
ကျန်းတန်၏ အမူအရာ အေးစက်သွားသည်။ သူ့ကို ဘေးသို့ တွန်းလိုက်သည်။ “ဟွန့်။ တကယ်တော့ အဲ့ဒီ ချူကလန်မိန်းမကို ကူညီပေးဖို့ လိုအပ်လို့ ကျွန်မကို တွေ့ချင်နေတာပဲ”
သင်သည် ကျန်းတန် ထံမှ အမျက်ပွိုင့် ၅၆၇ ရရှိလိုက်သည်။
သူမ ချက်ချင်းလှည့်ကာ ထွက်သွားတော့သည်။
----- --------------------------- ----- - - - - - - - - ----- -
Chapter 347: သဝန္တိုမႈ ပင္လယ္
ဇူအန္က သူမကို မ်က္လုံးေစြေစာင္းၾကည့္လိုက္သည္။ ဘယ္ကလန္ရဲ႕ ေခြးက အရမ္းအသံဆူညံေနတာလဲမသိဘူး
ဝူခ်င္း ေဒါသေပါက္ကြဲသြားသည္။ စားပြဲကို ရိုက္ကာ ေျခေဆာင့္လိုက္သည္။ ဘယ္သူ႕ကို ေျပာခ်င္တာလဲ
သင္သည္ ဝူခ်င္း ထံမွ အမ်က္ပြိုင့္ ၃၃၅ ရရွိလိုက္သည္။
အနားတြင္ရွိေနေသာ ပန္လုန္ ႏွင့္ ဖူဖုန္း တို႔လည္း သူမကို ကူလိုက္ၾကသည္။
မင္းက ငါတို႔မမေလးဝူကို ေခြးတစ္ေကာင္လို႔ ေခၚတယ္ရဲေပါ့။ မင္း တကယ္ အတင့္ရဲတာပဲ
အမွန္ပဲ။ မင္းရဲ႕ စကားလုံးေတြက အရမ္းရိုင္းတယ္။ သာမန္လူတစ္ေယာက္ဆီကေန ဒီလိုစကားေတြထြက္လာမယ္လို႔ ထင္သားပဲ။ ခ်ဴကလန္က မင္းကို ေခၚသြင္းထားတာေတာင္ အထက္တန္းလႊာ တစ္ေယာက္လိုမ်ိဳး ဘယ္လိုျပဳမူရမလဲဆိုတာကို မသင္ယူနိုင္ဘူး
သင္သည္ ပန္လုန္ ထံမွအမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။
သင္သည္ ဖူဖုန္း ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။
ဇူအန္ ႏွာေခါင္းရႈံ႕လိုက္သည္။ ဘယ္သူက သူ႕ကို ေခြးလို႔ ေျပာလို႔လဲ။ ဒါေပမယ့္ မင္းတို႔ႏွစ္ေယာက္ က ဆတ္ဆတ္ထိမခံျဖစ္ေနေတာ့...ရိုးရိုးသားသားေျပာရရင္ မင္းတို႔ႏွစ္ေယာက္ က မင္းတို႔ သခင္မေလးကို ေခြးတစ္ေကာင္နဲ႕ ဘယ္လိုေတာင္ ခိုင္းႏွိုင္းရဲတာလဲ။ သူ႕ကို အဲ့ဒီေလာက္ေတာင္ မုန္းၾကတာလား။ ေနာက္ဆုံးေတာ့ မင္းတို႔ရဲ႕ အၿငိဳးေတြကို မထိန္းထားနိုင္ေတာ့ဘူးလား
ဝူခ်င္း၏ အာ႐ုံမွာ ထိုသူတို႔ဘက္သို႔ လွည့္သြားသည္။ သူမ၏ အေဖာ္ႏွစ္ေယာက္ကို သံသယမ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။
ဇူအန္က ၎ျမင္ကြင္းကို ၾကည့္ကာ ၿပဳံးလိုက္သည္။ သူ၏ ယခင္ကမၻာမွ အြန္လိုင္းေဆြးႏြေးပြဲမ်ား၏ ဆရာတစ္ဆူအေနျဖင့္ သူ၏လက္ထဲတြင္ လွည့္ကြက္မ်ား လုံေလာက္သည္ထက္ ပိုေနေသးသည္။
လုံးဝမဟုတ္ဘူး။ ငါတို႔ေတြက သခင္မေလးဝူကို ဘယ္ေတာ့မွ မေလးမစားလုပ္ရဲမွာ မဟုတ္ဘူး ပန္လုန္ႏွင့္ ဖူဖုန္းတို႔ က ခ်က္ခ်င္း ပ်ာယာခတ္ကာ ခုခံလိုက္ၾကသည္။
ဇူအန္က သူတို႔ႏွစ္ေယာက္အေပၚ စိတ္မဝင္စားေတာ့ေပ။ ေက်ာင္းသားက်န္း က ဂဏန္းသခၤ်ာေတြမွာ အေတာ္ေလး ပါရမီပါတာကို ေတြ႕ရတယ္။ ဒီလို ပါရမီမ်ိဳးကို ေသခ်ာ ပ်ိဳးေထာင္ေပးရမယ္။ မင္းကို လက္ေထာက္ဆရာ လုပ္ေပးခ်င္လို႔ ႐ုံးခန္းကို ခဏလိုက္ခဲ့ပါလား
က်န္းတန္က အၿပဳံးတစ္ခုျဖင့္ ေျပာလိုက္သည္။ ေက်းဇူးတင္ပါတယ္။ ဆရာဇူ
ယခုအခါတြင္ သူမ၌ တရားဝင္အေၾကာင္းျပခ်က္တစ္ခုရွိေသာေၾကာင့္ တြန့္ဆုတ္မေနေတာ့ေပ။ သူမ၏ ေျခဖဝါးကိုႂကြကာ ဇူအန္ႏွင့္အတူ ႐ုံးခန္းသို႔ ေလွ်ာက္လွမ္းသြားလိုက္သည္။
ဝူခ်င္းႏွင့္ သူမတပည့္ႏွစ္ေယာက္မွာ အခ်င္းခ်င္း ျငင္းခုံကာ က်န္ရစ္ေနခဲ့သည္။
စာသင္ခန္းထဲရွိ အျခားေက်ာင္းသားမ်ားလည္း ေဆြးႏြေးေနၾကသည္။
လက္ေထာက္ဆရာ ဟုတ္လား။ ေက်ာင္းသားတစ္ေယာက္ကို ဒီလိုေခၚတာ ပထမဆုံးၾကားဖူးတာပဲ
က်န္းတန္က တကယ္ပဲ ကံေကာင္းတာပဲ
ကြၽတ္။ အဲ့ဒါက သခၤ်ာအခ်ိန္ တစ္ခုပဲေလ။ ငါ့ကို ေ႐ြးရင္ေတာင္ အဲ့ဒီလို လက္ေထာက္ျဖစ္ခ်င္မွာမဟုတ္ဘူး
အမွန္ပဲ
အဲ့ဒီေကာင္က ဒီလိုလုပ္ရတာ က်န္းတန္အေပၚကို စိတ္ဝင္စားေနလို႔လားလို႔ ဘာျဖစ္လို႔ ငါ ခံစားေနရတာလဲ
ငါေတာ့မထင္ဘူး။ သူ႕မိန္းမကလည္း အေတာ္လွေနၿပီးသားကို
ထိုစကားၾကားၿပီးေနာက္ ဇူအန္ကဲ့သို႔ ဝက္တစ္ေကာင္က နတ္သမီး ခ်ဴခ်ဴယန္ကို ေထာင္ဖမ္းနိုင္ခဲ့သည္ကိုေတြးမိၿပီး သူတို႔အားလုံး တစ္ၿပိဳင္နက္တည္း က်ိန္ဆဲလိုက္ၾကသည္။
ေတာက္
...
ျမင့္တက္လာေသာ အမ်က္ပြိုင့္မ်ားက ဇူအန္ကို ဝမ္းသာ ပီတိ ျဖစ္ေစသည္။ ဒီေက်ာင္းသားေတြက တကယ္ကို ခ်စ္စရာေကာင္းတာပဲ။ သူတို႔ေတြက ငါ့ကို အၿမဲတမ္း အမ်က္ပြိုင့္ေတြ အမ်ားႀကီး ေပးလႉေနၾကတယ္။
က်န္းတန္ က ဇူအန္ ၏ အေနာက္တြင္ ေျခလွမ္းအနည္းငယ္ခြာကာ လိုက္ပါလာသည္။ ေယာက္်ားတစ္ဦးႏွင့္ မိန္းမတစ္ဦး ထားသင့္ေသာ အကြာအေဝးတစ္ခုကို ထိန္းသိမ္းထားသည္။
လမ္းတစ္ေလွ်ာက္တြင္ သူတို႔ကို ျမင္ရေသာ ေက်ာင္းသားမ်ားက သူမကို ခ်ီးက်ဴးၾကသည္။ မိန္းကေလးက်န္းက တကယ္ကို က်က္သေရရွိမႈရဲ႕ ျပယုဒ္တစ္ခုပဲ။ သူမရဲ႕ အေနအထိုင္အျပဳအမူနဲ႕ အေျပာအဆိုက တကယ္ကို ေျပာစရာရွိဘူး။
ေနာက္ဆုံးတြင္ သူတို႔သည္ ေဘးလူမ်ားကို ေရွာင္နိုင္ေသာ ေနရာတစ္ခုသို႔ေရာက္သြားသည္။ က်န္းတန္က သူမ၏ သင့္ေတာ္ေလ်ာက္ပတ္ေသာ ပုံသ႑ာန္မွ ခ်က္ခ်င္းေျပာင္းသြားကာ ဇူအန္၏ ရင္ခြင္ထဲသို႔ တိုးဝင္ကာ သူ႕ကို အနမ္းတစ္ပြင့္ေပးလိုက္သည္။
ဇူအန္က သူမကို ဆိတ္လိုက္သည္။ အခုနကပဲ ငါ့ကို ေလွာင္ေနတာမဟုတ္ဘူးလား
က်န္းတန္ ၿငီးလိုက္သည္။ သူ႕ကို တဖိတ္ဖိတ္ေတာက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လိုက္သည္။ အခုနက လူေတြအေရွ႕မွာေလ။ သူတို႔ကို ငါတို႔ ဘယ္ေလာက္ ရင္းႏွီးသလဲဆိုတာကို အကုန္ခ်ျပလို႔မရဘူးမလား
ဒါဆိုလည္း ငါ့ရဲ႕ နာက်င္သြားတဲ့ ခံစားခ်က္ကို ဘယ္လို ေျဖသိမ့္ေပးမွာလဲ ဇူအန္ ေျပာလိုက္သည္။
ဘယ္လို ေျဖသိမ့္ေစခ်င္လို႔လဲ က်န္းတန္က သူမ၏ ႏႈတ္ခမ္းရဲရဲကို သပ္ကာ ေမးလိုက္သည္။ သူမ၏ အမူအရာမွာ ညို႔ငင္ဖမ္းစားဖြယ္ ရွိေနသည္။
ဇူအန္က ကိုယ္ထဲတြင္ မီးေတာက္တစ္ခု လင္းလာသည္ကို ခံစားလိုက္ရသည္။ သူမ၏ ဂါ၀န္ကို ခ်က္ခ်င္း မလိုက္သည္။
က်န္းတန္က သူ၏လက္မ်ားကို အျမန္ တြန္းခ်လိဳက္သည္။ ဇူအန္က သူမကို ဇေဝဇဝါၾကည့္လိုက္သည္။ သူမ၏မ်က္ႏွာမွာ နီရဲေနသည္။ ဒီေန႕က...မေကာင္းတဲ့ေန႕ပဲ
ဇူအန္၏ အမူအရာ ျပဳတ္က်သြားသည္။ ဒါဆိုလည္း ငါ့ကို ဘာျဖစ္လို႔ လာဆြေနေသးလဲ။ ဒါက တကယ္ကို တာဝန္ယူမႈမရွိတာပဲ
က်န္းတန္ ႏႈတ္ခမ္းစူလိုက္သည္။ သူမ၏ မ်က္လုံးမ်ားက ပတ္ဝန္းက်င္ကို ၾကည့္လိုက္ၿပီးေနာက္ အံအားသင့္စြာပင္ သူမ ျဖည္းျဖည္းခ်င္း ဒူးေထာက္လိုက္သည္။
ဇူအန္ တံေတြးမ်ိဳခ်လိဳက္သည္။ သူ၏ အသံရႈႏႈန္း ျမန္ဆန္လာသည္။
ဒီမိန္းမက တကယ္ကို မိစ္ဆာတစ္ေယာက္ပဲ။ သူမက နယ္ပယ္အမ်ိဳးမ်ိဳးမွာ ကိုယ့္ကိုယ္ကို သင္ယူထားတာပဲ။ ၿပီးေတာ့ က်င့္ဝတ္ထုံးတမ္းနဲ႕ ယဥ္ေက်းသိမ္ေမြ႕မႈမွာလည္း တစ္နည္းတစ္ဖုံ ေက်ာ္ၾကာတယ္။ ဒီလို ႀကီးမားတဲ့ ဆန့္က်င္ဘက္မ်ိဳးက တကယ္ကို အံၾသစရာေကာင္းတယ္။
ထိုစဥ္မွာပင္ ခ်ည္းကပ္လာေနေသာ ေျခလွမ္းသံမ်ားကို ႐ုတ္တရက္ ၾကားလိုက္ရသည္။ သူတို႔ႏွစ္ေယာက္လည္း ပ်ာယာခတ္ကာ အျမန္ခြာလိုက္ၾကသည္။
ဟမ္။ အားဇူ၊ က်န္းတန္ မင္းတို႔ႏွစ္ေယာက္ ဒီမွာ ဘာလုပ္ေနၾကတာလဲ စည္းကမ္းထိန္းသိမ္းေရးဆရာ လုဒီ က သူတို႔ႏွစ္ဦးကို ဇေဝဇဝါ ၾကည့္လိုက္သည္။
ဇူအန္ ရယ္လိုက္သည္။ ဟဲဟဲ။ ဘာမွမဟုတ္ပါဘူး။ က်ဳပ္တို႔ေတြက သခၤ်ာအတန္းနဲ႕ ဆိုင္တဲ့ ကိစၥတစ္ခ်ိဳ႕ေဆြးႏြေးေန႐ုံပါ
လုဒီ က က်န္းတန္ ကို သံသယအၾကည့္တစ္ခ်က္ ၾကည့္လိုက္သည္။ က်န္းတန္ သူက မင္းကို အနိုင္က်င့္ခဲ့ေသးလား
က်န္းတန္က သူမ၏ ႏႈတ္ခမ္းေထာင့္ကို အလွ်င္အျမန္သုတ္လိုက္သည္။ သူမ၏ မ်က္ႏွာ နီရဲေနသည္။ သူမ ေခါင္းခါလိုက္သည္။
လုဒီ စိတ္ထဲတြင္ သက္ျပင္းခ်လိဳက္သည္။ ဒီက်န္းကလန္ရဲ႕ မိန္းကေလး က တကယ္ပဲ မိန္းကေလးေတြထဲက မိန္းကေလးပဲ။ သူမရဲ႕ အျပဳအမူေတြက တကယ္ကို. ျပည့္ျပည့္စုံစုံ က်က္သေရရွိတယ္။
သူ၏ အိမ္တြင္က်န္ခဲ့ေသာ ၾကမ္းတမ္းသည့္ သားျဖစ္သူကို သတိရလိုက္ကာ သူ၏ ေဒါသမ်ား ဆူပြက္ေနသည္။ ဒီကေလး ဘယ္ေလာက္ လိမၼာလိုက္သလဲ။ ၾကည့္စမ္း။
က်န္းတန္ အေပၚ အထင္အျမင္ေကာင္းတစ္ခု စိတ္ထဲတြင္ရွိကာ ဇူအန္ကို ေဘးသို႔ ဆြဲေခၚလိုက္သည္။ ဆရာဇူ မင္းတို႔ရဲ႕ ခ်ဴကလန္နဲ႕ က်န္းကလန္ ၾကားမွာ မသင့္မျမတ္တာေတြ ရွိတာကို ငါသိေပမယ့္ ဆရာဆိုတဲ့ မင္းရဲ႕ အခြင့္အာဏာကို သုံးၿပီးေတာ့ သူတို႔ရဲ႕ သခင္မေလးကို အနိုင္မက်င့္သင့္ဘူး။ ရွင္းရဲ႕လား
ဒါေပမယ့္ က်ဳပ္လည္း သူမကို အနိုင္မက်င့္ခဲ့ပါဘူး ဇူအန္ အနည္းငယ္ အျပစ္ရွိသလို ခံစားလိုက္ရသည္။သူ လုပ္ဖူးခဲ့ေသာ ကိစၥမ်ားမွာ အနိုင္က်င့္သည္ဟု ယူဆ၍ရသေလာ။
ခုနက သူ မင္းအေရွ႕မွာ ဒူးေထာက္ေနတာလားလို႔ လုဒီ က သူ႕ကို စိုက္ၾကည့္လိုက္သည္။ ထိုသို႔ ယဥ္ေက်းမႈရွိေသာ မိန္းကေလးတစ္ဦး အနိုင္က်င့္ခံေနရသည့္ အျဖစ္ကို ျမင္ရေသာ မည္သူမဆို မတရားမႈ ခံစားခ်က္မ်ား ေတာက္ေလာင္ေနမည္ျဖစ္သည္။
သင္သည္ လုဒီ ထံမွ အမ်က္ပြိုင့္ ၁၃၈ ရရွိလိုက္သည္။
ဇူအန္ ရွက္ကိုးရွက္ကန္း ရယ္လိုက္သည္။ က်ဳပ္က သူ႕ကို ျပန္ထူေပးမလို႔ပဲ။ သူ မေတာ္တဆ ေခ်ာ္က်သြားတာပါ
လုဒီက သူ၏ အဓိပ္ပါယ်မရှိသော စကားကို နားေထာင္ခ်င္စိတ္ မရွိေပ။ က်န္းတန္ကို ၾကည့္ကာ ေမးလိုက္သည္။ အဲ့ဒါ အမွန္ပဲလား
က်န္းတန္ ေခါင္းညိတ္ျပလိုက္သည္။
လုဒီ ဇူအန့္ကို ျပန္ၾကည့္ကာ ေျပာလိုက္သည္။ ဒီေကာင္မေလးက အရမ္းလိမၼာလြန္းတယ္။ သူက သူ႕ကိုယ္သူ ျပန္မခုခံရဲေလာက္တဲ့အထိ အနိုင္က်င့္ခံထားရတာ ရွင္းေနတာပဲ။ ထားလိုက္ေတာ့။ မင္း ပုံစံျပန္ျပင္သင့္တယ္။ က်န္းကလန္က အလြယ္တကူ အျပစ္လုပ္ခံမွာမဟုတ္ဘူး။ ၿပီးေတာ့ သူ႕ရဲ႕ သတို႔သားေလာင္းက ဆန္းကလန္ရဲ႕ သားပဲ။ ဒီကိစၥကိုသာ သူတို႔သိသြားရင္ အကယ္ဒမီရဲ႕ နာမည္ကို ပ်က္စီးေစလိမ့္မယ္
စည္းကမ္းေရးမႉးရဲ႕ သင္ျပမႈကို က်ဳပ္လက္ခံပါတယ္ ဇူအန္ ေျဖလိုက္ကာ က်န္းတန္ကို တိတ္တိတ္ေလး မ်က္လုံးမွိတ္ျပလိုက္သည္။
ဇူအန္၏ မ်က္ႏွာေပၚရွိ အၿပဳံးက လုဒီ၏ စိတ္ပ်က္မႈ ပိုမိုေလပင့္ေစသည္။ သို႔ေသာ္လည္း ဇူအန္မွာလည္း ဆရာတစ္ဦးျဖစ္ေနၿပီး ေက်ာင္းအုပ္က်န္း၏ ေနာက္ခံရထားပုံရွိေနေသာေၾကာင့္ သူ ေရွ႕မဆက္နိုင္ေတာ့ေပ။ စိတ္တိုေသာ အသံတစ္ခုလုပ္ကာ ေလွ်ာက္လွမ္းထြက္ခြာသြားသည္။
သူ ထြက္သြားၿပီးေနာက္ က်န္းတန္ အလိုမက်စြာ ေျပာလိုက္သည္။ အဲ့ဒါ ရွင့္ရဲ႕ အမွားေတြပဲ။ ကြၽန္မတို႔ကို လူမိေတာ့မလို႔
အဲ့ဒါက ဘယ္လိုလုပ္ ငါ့အမွားျဖစ္ရမွာလဲ ဇူအန္ မ်က္ႏွာအုံ႕ဆိုင္းသြားသည္။ သူ၏ စိတ္ထဲတြင္ တစ္စုံတစ္ရာ ကလိကလိျဖစ္လာကာ သူမကို ၾကည့္လိုက္သည္။ မင္း ျပန္ေျပာစမ္း။ ေျပာခ်င္တာက...
က်န္းတန္၏ မ်က္ႏွာမွာ အလြန္နီရဲသြားသည္။ စည္းကမ္းေရးမႉး လုဒီက ေမးခြန္းေတြ ဆက္တိုက္ ေမးေနတာကိုး။ ကြၽန္မတစ္ခ်ိန္လုံး တိတ္တိတ္ေနေနရင္ သံသယျဖစ္စရာ ပိုေကာင္းသြားေတာ့မွာေပါ့။ ဒါေၾကာင့္္ ကြၽန္မ...ကြၽန္မ...
ရွက္႐ြံမႈေၾကာင့္ သူမ ေပါက္ကြဲထြက္ေတာ့မည္ဟု ထင္ေနရသည္။
ဇူအန္လည္း သူ၏ ရယ္ခ်င္စိတ္ကို မထိန္းနိုင္ခဲ့ေပ။ သူမကို သူ၏ ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။
က်န္းတန္က သူ႕ကို ညင္သာစြာ ဖက္ထားသည္။ အားဇူ ကြၽန္မကို ဘာျဖစ္လို႔ ေတြ႕ခ်င္ရတာလဲ
ခ်န္႐ႊမ္း နဲ႕ မင္းတို႔ ရဲ႕ အေပးအယူကို ငါ ေမးခ်င္ေနလို႔။ သူခိုးထားတဲ့ အဲ့ဒီဆားခြင့္ျပဳမိန့္ေတြ ဘယ္ေရာက္သြားလဲ ဇူအန္ ေမးလိုက္သည္။
ယခုအႀကိမ္ ခ်ဴကလန္၏ ျပႆနာအားလုံးတြင္ အခိုးခံလိုက္ရေသာ ဆားခြင့္ျပဳမိန့္မ်ားက အဓိက ေသာ့ခ်က္ အေၾကာင္းအရင္းျဖစ္သည္။ ၎တို႔ကို ျပန္ယူနိုင္ပါက အေျခအေနကို ႀကီးႀကီးမားမား ေျပာင္းလဲေပးနိုင္မည္ျဖစ္ၿပီး ထိုကဲ့သို႔ေသာ ဒဏ္ေၾကး ႀကီးႀကီးမားမားလည္း ေပးစရာ လိုအပ္ေတာ့မည္မဟုတ္ေပ။
ယခင္က ခ်န္႐ႊမ္း ႏွင့္ ေဝလဂိုဏ္းတို႔ အေပးအယူလုပ္ခဲ့သည္ကို ဇူအန္သိေနသည္။ သို႔ေသာ္ ဆားခြင့္ျပဳမိန့္မ်ား မပို႔ေဆာင္ခင္တြင္ ႏွစ္ဖက္လုံး အခ်င္းမ်ားခဲ့ၾကသည္။
က်န္းတန္၏ အမူအရာ ေအးစက္သြားသည္။ သူ႕ကို ေဘးသို႔ တြန္းလိုက္သည္။ ဟြန့္။ တကယ္ေတာ့ အဲ့ဒီ ခ်ဴကလန္မိန္းမကို ကူညီေပးဖို႔ လိုအပ္လို႔ ကြၽန္မကို ေတြ႕ခ်င္ေနတာပဲ
သင္သည္ က်န္းတန္ ထံမွ အမ်က္ပြိုင့္ ၅၆၇ ရရွိလိုက္သည္။
သူမ ခ်က္ခ်င္းလွည့္ကာ ထြက္သြားေတာ့သည္။
----- --------------------------- ----- - - - - - - - - ----- -