ကီးဘုတ်အင်မော်တယ်-ဇူအန်

By SoeHmue

50.3K 5.9K 37

အတွဲ(၂) More

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

342

182 23 0
By SoeHmue

Chapter 342: ဆက်ဆံရေးကောင်း

လီကျင်းချန် ၏ မျက်လုံးများတွင် ရမ္မက်များ ပြည့်နှက်နေသည်။ ဤအလှပဂေးကြီးကို စွဲလမ်းနေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူတို့၏ အဆင့်အတန်း ခြားနားမှုကို ရှင်းလင်းစွာ နားလည်သောကြောင့် သူ၏ လက်လှမ်းမမှီရာ တစ်စုံတစ်ရာကို မကြံရွယ်ရဲခဲ့ပေ။
သူ တတ်နိုင်သော တစ်ခုတည်းသောအရာမှာ ကိုယ်လုပ်တော်တစ်ယောက်ကို ချင်ဝမ်ယွီ ကဲ့သို့ ဝတ်စားစေပြီး ဆံပင်ပုံစံကိုလည်း သူမ နှင့်ဆင်တူလုပ်စေခဲ့သည်။ သူမကို ညအခါတွင် ဆင်တူသော ရနံ့တစ်ခုကိုပါ ဆွတ်စေခဲ့သည်။
ထိုအရာဖြင့် သူမကို ချင်ဝမ်ယွီ ဟူ၍ စိတ်ကူးပုံဖော်ကာ သူ၏ ဆန္ဒများကို ကျေနပ်စေခဲ့သည်။

ကံမကောင်းသည်မှာ ထိုသို့ အချိန်တိုင်း ခံစားပြီးနောက် ထိုအရာ၏ မိုက်မဲမှုကို အမြဲသတိရနေမိသည်။ အမှန်တွင် ၎င်းကိုယ်လုပ်တော်များက ချင်ဝမ်ယွီကိုယ်တိုင်၏ ပြိုင်ဘက်မဟုတ်ကြပေ။
နောက်ဆုံးတွင် မိုးကောင်းကင် က သူ့အပေါ် သနားစိတ်ဝင်လာပြီဖြစ်ကာ ယခုကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို ချီးမြှင့်ပေးခဲ့ခြင်းဖြစ်မည်။

ချူကလန်မှာ အလွန်ဆိုးရွားသော ပြဿနာကြီးတစ်ခုအလယ်တွင် ရောက်ရှိနေပြီး ချူကျုံးထန် မှာလည်း ယခုအခါတွင် သံတိုင်အနောက်သို့ ရောက်ရှိနေရသည်။ သူ၏ နတ်သမီးမှာ သူမကိုယ်တိုင် သူ့ဆီသို့ လာရောက်လည်ပတ်ခဲ့သည်။ ထိုအရာသည် မိုးကောင်းကင်၏ ကောင်းချီးတစ်ခုဖြစ်သည်မှလွဲ မည်သည်ဖြစ်နိုင်မည်နည်း။
ချည်းကပ်၍မရသော အထက်တန်းလွှာ မိန်းမတစ်ယောက်မှာ ယခုအခါတွင် သူ လက်လှမ်းမှီသော အနေအထားသို့ ရောက်လာခဲ့ပြီဖြစ်သည်။
သူ၏ လက်ဖဝါးက သူမ၏ လုံးဝန်းသော တင်ပါးသို့ ရောက်ခါနီးတွင် နာကျင်မှုတစ်ခုကို သူ၏လက်က ခံစားလိုက်ရသည်။ သူ၏လက်ကို သူမက ဖမ်းကိုင်လိုက်သည်။

ချင်ဝမ်ယွီ က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ “ဒါက ဘာအဓိပ္ပါယ်လဲ။ ခေါင်းဆောင် လီ“

လီကျင်းချန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ “အစ်မတော်ကို ကူညီဖို့ ကြိုးစားနေတာ အသိသာကြီးပဲလေ”

“ဒါက ရှင့်ရဲ့ အကူအညီကို ပေးတဲ့ပုံစံလား” ချင်ဝမ်ယွီ အေးစက်စွာပြောလိုက်သည်။

လီကျင်း ချန် ၏အပြုံး ပျောက်ကွယ်သွားသည်။ “အကယ်၍ အစ်မတော်က ကျုပ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရင် အစ်မတော်လိုချင်တဲ့ဆန္ဒကိုလည်း သေချာပေါက် ဖြည့်ဆည်းပေးမှာပေါ့”

“အရှက်ကင်းမဲ့တယ်” ချင်ဝမ်ယွီ အလွန်ဒေါသထွက်သွားသဖြင့် သူမ၏ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ သူမ လေးစားခဲ့ရသော ဤလူမှာ အလွန် စိတ်ထားသေးသိမ်၍ အလွန် ရွံစရာကောင်းသူ ဖြစ်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမ လီကျင်းချန်ကို ပါးရိုက်လိုက်သည်။
ထိုအရှက်မရှိသူ အတွက် အသက်တစ်ချက်ရှုချိန်ပင် အချိန်မဖြုန်းချင်တော့ပေ။ ဒေါသဖြင့် ဒုန်းစိုင်းထွက်သွားတော့သည်။

လီကျင်းချန် က သူ၏ ပါးကို ပွတ်သက်လိုက်ပြီးနောက် သူ၏ လက်ချောင်းများကို နှာခေါင်းသို့ ပို့လိုက်သည်။ “အနံ့အရမ်းကောင်းတာပဲ...”

အနောက်ခန်းထဲမှ အကြံပေး တစ်ယောက် ထွက်လာသည်။ “ဆရာ ချူကလန်က မှူးမတ်ရာထူးကလန်တစ်ခု ဖြစ်နေတုန်းပဲ။ ချူသခင်မကို အပြစ်လုပ်လိုက်တာ အကြံကောင်းတစ်ခုမဟုတ်ဘူးနော်” စိုးရိမ်သံအနည်းငယ်ရောကာ ပြောလိုက်သည်။

လီကျင်းချန် က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ “ဘာကို မှူးမတ်ကလန်လဲ။ သူတို့တွေက အတိတ်က အမွေအနှစ်တစ်ခု ဖြစ်ပြီးနေပြီ။ လွတ်တော် က ချူကလန်ကို ရှင်းဖို့ သတ်မှတ်ထားပြီးပြီ။ ပြီးတော့ အုပ်ချုပ်ရေးမှူး ဆန်း ကိုယ်တိုင် ပါဝင်ပတ်သက်နေတာပဲ။ ချူကလန် ဘာလုပ်နိုင်မှာမလို့လဲ”

အကြံပေး က အနည်းငယ် တွန့်ဆုတ်လိုက်သည်။ “ဒါပေမယ့် အကယ်၍ သူတို့တွေ တကယ်ပဲ စီမံနိုင်ခဲ့ရင်...” ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

“ အကယ်၍ ဆိုတာတွေ ဘယ်လောက်ရှိနိုင်မှာမလို့လဲ” လီကျင်းချန်လက်ရမ်းလိုက်သည်။ “ငါက အရူးနှာဗူးတစ်ယောက်လို့ တကယ်ပဲ မင်းထင်နေတာလား။ ဒီလိုသာမလုပ်ရင် ချင်ဝမ်ယွီကို ဘယ်လို ငြင်းလို့ရမှာလဲ။ အခု ဒီအခွင့်အရေးကို သုံးပြီးတော့ ချူကလန်နဲ့ အဆက်အသွယ်ဖြတ်ရမယ်။ ပြီးတော့ ငါတို့တွေက ချူကလန်နဲ့ မဟာမိတ်မဟုတ်တော့ဘူးဆိုတာကို လူတိုင်းသိအောင် ကြေညာရမယ်။ သူတို့ရဲ့ ကပ်ဘေးနဲ့အတူ ငါတို့ ပါမသွားစေဖို့ မိုးကောင်းကင်က တားမြစ်ပေးလိုက်တာပဲ”

“ဆရာက တကယ်ကို အမြော်အမြင်ရှိပြီး ဉာဏ်ထက်တာပဲ” အကြံပေး က အပြင်ပန်းတွင် ချီးကျူးမှုများ ပြည့်နေသော်လည်း သူ၏ နှလုံးသားတွင် အထင်သေးမှုများ ပြည့်နေသည်။ ခင်ဗျားရဲ့စကားတွေက အရမ်းကို ဟိတ်ဟန်ကြီးလွန်းတယ်။ ဒါပေမယ့် အခုနက ခင်ဗျားဘယ်လို ပြုမူလိုက်တယ်ဆိုတာကို ကျုပ်မမြင်ဘဲ နေမယ်လို့ ထင်သလား။

...

အခြားတစ်နေရာတွင် ဇူအန် တို့အဖွဲ့က လပြည့်အကယ်ဒမီ သို့ရောက်ရှိသွားပြီး ချူဟွမ်ကျောက်လည်း စာသင်ခန်းဆီသို့ သွားလိုက်သည်။
ဇူအန် နှင့် ချူချူယန် က ကျန်းလော့ဖူ ကို သွားတွေ့ကြသည်။

ချူချူယန်၏ ပြောစကားကို ကြားရပြီးနောက် ကျန်းလော့ဖူ မျက်နှာတည်သွားသည်။
သူမ အချိန်တခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ အရင်ဆုံး ပြောချင်တာက လပြည့်မြို့ဝန်အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီတစ်ခါမှာ ချူကလန်က ဥပဒေကို ဖောက်ဖျက်ထားတယ်လို့ ငါထင်တယ်။ အကယ်ဒမီက အုပ်ချူပ်ရေးအပိုင်းတွေမှာ ဝင်ရောက်ပတ်သက်ခြင်း တစ်ခါမှ မရှိခဲ့ဖူးဘူးဆိုတာ သိတယ်မလား။ ဒီအခြေအနေမှာ ငါတို့ အကူအညီမပေးနိုင်မှာကို စိုးရိမ်မိတယ်”

ဤစကားမျိုးဖြစ်လာမည်ကို ချူချူယန် အပြည့်အဝ ထင်မှတ်ထားခဲ့သည်။ လပြည့်အကယ်ဒမီက သူတို့ကို ကူညီပေးပါက တော်ဝင်အိမ်တော်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
သို့သော်လည်း အကယ်ဒမီ က ၎င်း၏ လွတ်လပ်မှု အရှိန်အဝါကို သုံးကာ ဤကိစ္စကို စဉ်းစားပေးမည်ဟု သူမ မျှော်လင့်ထားခဲ့သည်။
ချူကလန်နှင့် အလွန်ရင်းနှီးကျွမ်းဝင်မှု ကို ထည့်စဉ်းစားပါက အထောက်အပံ့အချို့ ရနိုင်မည့် ဖြစ်နိုင်ချေတစ်ခု ရှိနေဆဲ ဖြစ်သည်။
ကံမကောင်းသည်မှာ ရလဒ်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။

“ဒါဆိုလည်း ကျောင်းအုပ် ကို အနှောင့်အယှက်ပေးမိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်” ချူချူယန် ကြိုးစားပြုံးလိုက်သည်။ သူတို့နှင့် ဆက်ဆံရေးကောင်းသည့် အကယ်ဒမီကတောင် မကူညီချင်နေပေ။ သူတို့၏ အခြားရွေးချယ်စရာများမှာလည်း ကျရှုံးလုနီးပါးဖြစ်တော့မည်ဖြစ်သည်။

ဇူအန် ခေါင်းခါလိုက်သည်။ ချူချူယန် မှာ အချို့ရှု့ထောင့်များတွင် အမှန်တကယ်ကို ချီးကျူးစရာကောင်းသည်။ သို့သော် သူမသည် ငယ်စဉ်ကတည်းက အလွန်ထူးချွန်ခဲ့သောကြောင့် သူမ၏ ဂုဏ်သိက္ခာ ကိုအလွန်ဂရုစိုက်သည်မှာ ထင်ရှားနေသည်။
သူတို့ ယခုရောက်ရှိနေသောအခြေအနေတွင် ကျင့်ဝတ်ထုံးတမ်းအတွက် နေရာမရှိပေ။

သူမကို အနောက်သို့ ဆွဲကာ ကျန်းလော့ဖူ အရှေ့တွင် ဇူအန် ရပ်လိုက်သည်။ “ကျောင်းအုပ်မမ က အမှားတစ်ခု လုပ်မိနေပြီနော်”

“အားဇူ” ချူချူယန် က သူ၏လက်မောင်းကို ဆွဲလိုက်သည်။ ကျောင်းအုပ်ကျန်းမှာ သန်မာပြီး လပြည့်မြို့တွင် အလွန်တရာကြီးမားသော အဆင့်အတန်းရှိသည်။ သူမက သူတို့ကို မကူညီချင်သော်လည်း ချူကလန်ကို ဒုက္ခပေးမည့်စိတ်မရှိပေ။ သူမကို အပြစ်လုပ်မိသွားပါက ကိစ္စများ အလွန်ဆိုးရွားသွားတော့မည်ဖြစ်သည်။
ဇူအန်က သူမကို မစိုးရိမ်ရန် လက်ပုတ်လိုက်သည်။

“ဒါဆို အဲ့ဒီအမှားက ဘာလဲ” ကျန်းလော့ဖူက သူမ၏ ထိုင်ခုံနေရာမှ အမူအရာမပျက်မေးလိုက်သည်။

ဇူအန် က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ကျန်းလော့ဖူမှာ ယနေ့တွင် ရောင်ပြန် အသားရောင် အသားကပ်တစ်စုံကို ဝတ်ထားကာ သူမ၏ အာရုံဖမ်းစားဖွယ်ရာ ခြေတံရှည်ရှည် မှ မူးယစ်စေသော အရောင်တစ်ခုဖြာထွက်နေစေသည်။ သူမ၏ အလှဆင်ထားသော မျက်မှန်၊ အချိုးအစားကျသော ဝတ်စုံတို့နှင့် လုံးဝ လိုက်ဖက်ညီနေသည်။
တကယ်ကို သေလောက်အောင် ဆွဲဆောင်မှုရှိတဲ့ အလှပဂေးတစ်ယောက်ပဲ။

သူ့ကို အာရုံထွေပြားစေသည့် အတွေးများကို အမြန်တည်ငြိမ်စေလိုက်သည်။ လေးနက်သောအသံတစ်ခုဖြင့် ပြောလိုက်သည်။ “ကျုပ်သိရသလောက်ဆိုရင် လပြည့်မြို့တော်ဝန် က ကျောင်းအုပ်ကျန်းကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာပဲ။ ပြီးတော့ ချူကလန်ကလည်း အကယ်ဒမီကို လှူဒါန်းမှုကြီးတွေ လုပ်ခဲ့တာတွေရှိတယ်။ ငွေကြေးအထောက်အပံ့ရော အရင်းအမြစ်အထောက်အပံ့တွေကိုရောပဲ။ အခု ချူကလန်က အခက်အခဲတွေ ရင်ဆိုင်နေရတယ်။ ဒါကို ကျောင်းအုပ်ကျန်းက ဘေးကနေ ရပ်ကြည့်နေနိုင်တယ်။ ဒါက မဖြစ်သင့်ဘူးလေ”
“ကျုပ်က လပြည့်အကယ်ဒမီမှာ အချိန်သိပ်မကြာခဲ့ပေမယ့် ကျုပ်သိတာကတော့ အကယ်ဒမီက ကျေးဇူးတရားကို ဆုပ်ကိုင်ထားတာပဲ။ အခု လုပ်ရပ်က အကယ်ဒမီရဲ့ ဂုဏ်သိက္ခာ ကို မယိုယွင်းစေဘူးလား။ နောင်အနာဂတ်မှာ ဒီလို ကျင့်ဝတ်တွေကို အကယ်ဒမီက ကျောင်းသားတွေကို ဘယ်လို ဆက်လက် ဟောပြောနိုင်တော့မှာလဲ”

“အားဇူ...” ချူချူယန်၏ နှလုံးမှာ သူမ၏ လည်ပင်းတစ်လျှောက် ခုန်တက်လာသည်။ သူ၏ စကားလုံးများ အလွန်ခက်ထန်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။  ယခုအခါတွင် ဇူအန့်ကို တားရန် အလွန်နောက်ကျသွားပြီဖြစ်သည်။

ကျန်းလော့ဖူ မျက်လုံးကျဉ်းသွားကာ မတ်တပ်ထရပ်လိုက်သည်။ သူမ၏ အရပ်ရှည်၍ တင့်တယ်သော ရုပ်ပုံမှာ ဇူအန်၏ လေလုံးထွားမှုထက် ပိုနေပြီး သူမ၏ အော်ရာမှာ စွမ်းအားကြီးစွာ လိမ့်တက်လာသည်။ “အရမ်းကောင်းတယ်။ ငါ့ကို ဒီလို ပြန်ပြောရဲတဲ့သူ မရှိတာတောင် အတော်ကြာခဲ့ပြီပဲ”
စကားပြောရင်း ဇူအန် ဆီသို့ လျှောက်လှမ်းလာသည်။ သူမ ထုတ်ဖော်လိုက်သောဖိအားမှာ အလွန်ကြီးမားနေပြီး ချူချူယန်တောင်မှ ခြေတစ်လှမ်း ဆုတ်မိလိုက်သည်။

ဇူအန် ခက်ခက်ခဲခဲ တံတွေးမျိုချနေရသည်။ သို့သော်လည်း ခေါင်းမာစွာပင် နောက်မဆုတ်ရန်ရွေးချယ်ခဲ့သည်။ မိန်းမတစ်ဦး၏ အရှေ့တွင် သူ၏ အားနည်းပုံကို မပြချင်ခဲ့ပေ။
ရင်ကိုကော့ထားကာ ခြေဖဝါးမှာ မြေကြီးနှင့် သံရိုက်ထားသကဲ့သို့ မတ်တပ်ရပ်နေလိုက်သည်။ တစ်လက်မ ပင် မရွေ့ခဲ့ပေ။
ကျန်းလော့ဖူ ထုတ်လွှင့်ထားသော ဖိအားမှာ ပိုမိုအားကောင်းလာသော်လည်း ၎င်းမှာ မိန်လိ ကို မယှဉ်နိုင်သေးပေ။
မိန်လိ၏ စမ်းသပ်မှုကိုတောင် ရှင်သန်နိုင်ခဲ့သေးသဖြင့် ဤနေရာတွင် ကျရှုံးစရာအကြောင်းမရှိပေ။

ကျန်းလော့ဖူက ဇူအန် နောက်ဆုတ်ရန် အပြည့်အဝ မျှော်လင့်ထားခဲ့သော်လည်း တစ်နည်းနည်းဖြင့် ဆက်လက်ရပ်တည်နိုင်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ၏ နောက်ဆုံးခြေလှမ်းမှာ သူ့အနားရောက်သွားပြီး ရင်ဘတ်ချင်း ထိလုနီးပါးဖြစ်သွားရသည်။
သူမ၏ တုန့်ပြန်မှုမှာ မြန်ဆန်လှသည်။ လှုပ်ရှားမှု အနည်းငယ်ဖြင့် ဇူအန် နှင့် အကွာအဝေးတစ်ခု ခြားသွားသည်။
အခိုက်အတန့်တခဏ သူမ၏ ရင့်ကျက်သော မျက်နှာပေါ်တွင် နီရဲမှု တစ်ကြောင်းရှိနေသည်။ ၎င်းမှာ ရှက်ရွံမှုကြောင့်လော ဒေါသကြောင့်လော ဟူ၍ မရှင်းလင်းပေ။

ချူချူယန် က သူမဆီသို့ အမြန် လျှောက်သွားလိုက်သည်။ “ကျောင်းအုပ် အားဇူက မရိုမသေလုပ်ချင်လို့မဟုတ်ပါဘူး။ ကျေးဇူးပြုပြီးတော့ ဗွေမယူပါနဲ့”

ကျန်းလော့ဖူ လက်ရမ်းလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ ငါက အဲ့ဒီလောက် အမြင်မကျဉ်းပါဘူး။ ငါတို့နှစ်ယောက်က နင် ထင်ထားတာထက် ပိုရင်းနှီးကြပါတယ်”

ချူချူယန် ကြောင်သွားသည်။ ကျန်းလော့ဖူက မိတ်ဆွေဟောင်းတစ်ယောက် အကြောင်းပြောနေဟန်ရှိသည်။ အားဇူက ဒီလို အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်နဲ့ ဘယ်လို ဆက်ဆံရေးတည်ဆောက်လိုက်တာလဲ။

ဇူအန်လည်း ပြုံးလိုက်သည်။ “ကျောင်းအုပ်မမက တကယ်သွေးအေးအေး ပြုမူခဲ့တာပဲ။ ကျုပ်တို့တွေ ရန်သူတွေဖြစ်လာပြီလို့တောင် ထင်ခဲ့တယ်”

ကျန်းလော့ဖူ က သူ့ကို စိုက်ကြည့်လိုက်သည်။ “ဒါကို နင်နဲ့ နောက်မှ စာရင်းရှင်းမယ်”

ချူချူယန် ဘက်သို့ ပြန်လှည့်လိုက်သည်။ “ချူယန် အစကတော့ အကယ်ဒမီရဲ့ နာမည်မပတ်သက်စေဘဲနဲ့ ပုဂ္ဂိုလ်ရေးအရပဲ အကူအညီပေးဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမယ့် အားဇူ က အကယ်ဒမီ အနေနဲ့ ဝင်ပါဖို့ မှန်တဲ့ အကြောင်းပြချက်တစ်ခု သတိပေးခဲ့တယ်။
ဒါပေမယ့် အကယ်ဒမီ က ငါတစ်ယောက်တည်း မဟုတ်ဘူးလေ။ ပြီးတော့ အကယ်ဒမီရဲ့ ကိစ္စအတော်များများကို နောက်ဆုံးစကား ပြောပေးလို့မရဘူး။ ငါ ကူညီပေးနိုင်တဲ့ အကန့်အသတ်တော့ရှိတယ်။ အများဆုံးတော့ ငွေစ တစ်သန်းလောက် ကူညီပေးနိုင်တယ်”

ချူချူယန် အံအားသင့်ပြီး အပျော်လွန်သွားသည်။ “ကျေးဇူးတင်ပါတယ် ကျောင်းအုပ်”
ဤပမာဏမှာ သူမ မျှော်မှန်းထားသည်ထက် များစွာ ပိုနေပြီဖြစ်သည်။

ကျန်းလော့ဖူ ပြုံးလိုက်သည်။ “ငါကိုယ်တိုင်လဲ လည်း နေ၀န်းမြို့ ကို သွားလည်ပြီးတော့ အုပ်ချုပ်ရေးမှူးဆန်းကို သွားတွေ့ပါဦးမယ်။ အပြစ်ကို လျော့ပေါ့လို့ရနိုင်မယ့် နည်းတစ်ခုခုများ ရှိလို့ရှိငြားပေါ့”

ချူချူယန် မျက်ရည်ဝဲလာသည်။ “ကျောင်းအုပ်ကျန်းကို ဘယ်လိုတောင် ကျေးဇူးတင်ရမလဲ ကျွန်မ မသိတော့ပါဘူး”

ကျန်းလော့ဖူ ပြောလိုက်သည်။ “ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ နင့်မှာ ခင်ပွန်းကောင်းတစ်ယောက် ရှိတာကိုပဲ ဝမ်းသာသင့်တယ်”

သူတို့နှစ်ဦး ရုံးခန်းမှ ထွက်ခွာသွားသောအခါ ချူချူယန်က ဇူအန်ကို ကြည့်လိုက်သည်။ သူမ၏ အကြည့်မှာ ဘယ်နှင့်ညာ ရွေ့နေသည်။ သူမ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးလာပြီး အဆုံးတွင် ပြောလိုက်သည်။ “ရှင်နဲ့ ကျောင်းအုပ်ကျန်း ကြားထဲမှာ ကျွန်မ မသိထားတဲ့ တစ်ခုခုများ ရှိနေသလား”

----- ----------------------------- ----- - - - - - - - - - ----- -

Chapter 342: ဆက္ဆံေရးေကာင္း

လီက်င္းခ်န္ ၏ မ်က္လုံးမ်ားတြင္ ရမၼက္မ်ား ျပည့္ႏွက္ေနသည္။ ဤအလွပေဂးႀကီးကို စြဲလမ္းေနသည္မွာ အခ်ိန္အေတာ္ၾကာခဲ့ၿပီျဖစ္သည္။ သို႔ေသာ္လည္း သူတို႔၏ အဆင့္အတန္း ျခားနားမႈကို ရွင္းလင္းစြာ နားလည္ေသာေၾကာင့္ သူ၏ လက္လွမ္းမမွီရာ တစ္စုံတစ္ရာကို မႀကံ႐ြယ္ရဲခဲ့ေပ။
သူ တတ္နိုင္ေသာ တစ္ခုတည္းေသာအရာမွာ ကိုယ္လုပ္ေတာ္တစ္ေယာက္ကို ခ်င္ဝမ္ယြီ ကဲ့သို႔ ဝတ္စားေစၿပီး ဆံပင္ပုံစံကိုလည္း သူမ ႏွင့္ဆင္တူလုပ္ေစခဲ့သည္။ သူမကို ညအခါတြင္ ဆင္တူေသာ ရနံ႕တစ္ခုကိုပါ ဆြတ္ေစခဲ့သည္။
ထိုအရာျဖင့္ သူမကို ခ်င္ဝမ္ယြီ ဟူ၍ စိတ္ကူးပုံေဖာ္ကာ သူ၏ ဆႏၵမ်ားကို ေက်နပ္ေစခဲ့သည္။

ကံမေကာင္းသည္မွာ ထိုသို႔ အခ်ိန္တိုင္း ခံစားၿပီးေနာက္ ထိုအရာ၏ မိုက္မဲမႈကို အၿမဲသတိရေနမိသည္။ အမွန္တြင္ ၎ကိုယ္လုပ္ေတာ္မ်ားက ခ်င္ဝမ္ယြီကိုယ္တိုင္၏ ၿပိဳင္ဘက္မဟုတ္ၾကေပ။
ေနာက္ဆုံးတြင္ မိုးေကာင္းကင္ က သူ႕အေပၚ သနားစိတ္ဝင္လာၿပီျဖစ္ကာ ယခုကဲ့သို႔ေသာ အခြင့္အေရးေကာင္းတစ္ခုကို ခ်ီးျမႇင့္ေပးခဲ့ျခင္းျဖစ္မည္။

ခ်ဴကလန္မွာ အလြန္ဆိုး႐ြားေသာ ျပႆနာႀကီးတစ္ခုအလယ္တြင္ ေရာက္ရွိေနၿပီး ခ်ဴက်ဳံးထန္ မွာလည္း ယခုအခါတြင္ သံတိုင္အေနာက္သို႔ ေရာက္ရွိေနရသည္။ သူ၏ နတ္သမီးမွာ သူမကိုယ္တိုင္ သူ႕ဆီသို႔ လာေရာက္လည္ပတ္ခဲ့သည္။ ထိုအရာသည္ မိုးေကာင္းကင္၏ ေကာင္းခ်ီးတစ္ခုျဖစ္သည္မွလြဲ မည္သည္ျဖစ္နိုင္မည္နည္း။
ခ်ည္းကပ္၍မရေသာ အထက္တန္းလႊာ မိန္းမတစ္ေယာက္မွာ ယခုအခါတြင္ သူ လက္လွမ္းမွီေသာ အေနအထားသို႔ ေရာက္လာခဲ့ၿပီျဖစ္သည္။
သူ၏ လက္ဖဝါးက သူမ၏ လုံးဝန္းေသာ တင္ပါးသို႔ ေရာက္ခါနီးတြင္ နာက်င္မႈတစ္ခုကို သူ၏လက္က ခံစားလိုက္ရသည္။ သူ၏လက္ကို သူမက ဖမ္းကိုင္လိုက္သည္။

ခ်င္ဝမ္ယြီ က သူ႕ကို ေအးစက္စြာ ၾကည့္လိုက္သည္။ ဒါက ဘာအဓိပ္ပါယ်လဲ။ ေခါင္းေဆာင္ လီ

လီက်င္းခ်န္ ရွက္ကိုးရွက္ကန္း ၿပဳံးလိုက္သည္။ အစ္မေတာ္ကို ကူညီဖို႔ ႀကိဳးစားေနတာ အသိသာႀကီးပဲေလ

ဒါက ရွင့္ရဲ႕ အကူအညီကို ေပးတဲ့ပုံစံလား ခ်င္ဝမ္ယြီ ေအးစက္စြာေျပာလိုက္သည္။

လီက်င္း ခ်န္ ၏အၿပဳံး ေပ်ာက္ကြယ္သြားသည္။ အကယ္၍ အစ္မေတာ္က က်ဳပ္ရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးရင္ အစ္မေတာ္လိုခ်င္တဲ့ဆႏၵကိုလည္း ေသခ်ာေပါက္ ျဖည့္ဆည္းေပးမွာေပါ့

အရွက္ကင္းမဲ့တယ္ ခ်င္ဝမ္ယြီ အလြန္ေဒါသထြက္သြားသျဖင့္ သူမ၏ တစ္ကိုယ္လုံး တဆတ္ဆတ္ တုန္ေနသည္။ သူမ ေလးစားခဲ့ရေသာ ဤလူမွာ အလြန္ စိတ္ထားေသးသိမ္၍ အလြန္ ႐ြံစရာေကာင္းသူ ျဖစ္မည္ဟု သူမ မထင္ထားခဲ့ေပ။
သူမ လီက်င္းခ်န္ကို ပါးရိုက္လိုက္သည္။
ထိုအရွက္မရွိသူ အတြက္ အသက္တစ္ခ်က္ရႈခ်ိန္ပင္ အခ်ိန္မျဖဳန္းခ်င္ေတာ့ေပ။ ေဒါသျဖင့္ ဒုန္းစိုင္းထြက္သြားေတာ့သည္။

လီက်င္းခ်န္ က သူ၏ ပါးကို ပြတ္သက္လိုက္ၿပီးေနာက္ သူ၏ လက္ေခ်ာင္းမ်ားကို ႏွာေခါင္းသို႔ ပို႔လိုက္သည္။ အနံ႕အရမ္းေကာင္းတာပဲ...

အေနာက္ခန္းထဲမွ အႀကံေပး တစ္ေယာက္ ထြက္လာသည္။ ဆရာ ခ်ဴကလန္က မႉးမတ္ရာထူးကလန္တစ္ခု ျဖစ္ေနတုန္းပဲ။ ခ်ဴသခင္မကို အျပစ္လုပ္လိုက္တာ အႀကံေကာင္းတစ္ခုမဟုတ္ဘူးေနာ္ စိုးရိမ္သံအနည္းငယ္ေရာကာ ေျပာလိုက္သည္။

လီက်င္းခ်န္ က အထင္ေသးစြာ ႏွာေခါင္းရႈံ႕လိုက္သည္။ ဘာကို မႉးမတ္ကလန္လဲ။ သူတို႔ေတြက အတိတ္က အေမြအႏွစ္တစ္ခု ျဖစ္ၿပီးေနၿပီ။ လြတ္ေတာ္ က ခ်ဴကလန္ကို ရွင္းဖို႔ သတ္မွတ္ထားၿပီးၿပီ။ ၿပီးေတာ့ အုပ္ခ်ဳပ္ေရးမႉး ဆန္း ကိုယ္တိုင္ ပါဝင္ပတ္သက္ေနတာပဲ။ ခ်ဴကလန္ ဘာလုပ္နိုင္မွာမလို႔လဲ

အႀကံေပး က အနည္းငယ္ တြန့္ဆုတ္လိုက္သည္။ ဒါေပမယ့္ အကယ္၍ သူတို႔ေတြ တကယ္ပဲ စီမံနိုင္ခဲ့ရင္... ထစ္ထစ္ေငါ့ေငါ့ ေျပာလိုက္သည္။

အကယ္၍ ဆိုတာေတြ ဘယ္ေလာက္ရွိနိုင္မွာမလို႔လဲ လီက်င္းခ်န္လက္ရမ္းလိုက္သည္။ ငါက အ႐ူးႏွာဗူးတစ္ေယာက္လို႔ တကယ္ပဲ မင္းထင္ေနတာလား။ ဒီလိုသာမလုပ္ရင္ ခ်င္ဝမ္ယြီကို ဘယ္လို ျငင္းလို႔ရမွာလဲ။ အခု ဒီအခြင့္အေရးကို သုံးၿပီးေတာ့ ခ်ဴကလန္နဲ႕ အဆက္အသြယ္ျဖတ္ရမယ္။ ၿပီးေတာ့ ငါတို႔ေတြက ခ်ဴကလန္နဲ႕ မဟာမိတ္မဟုတ္ေတာ့ဘူးဆိုတာကို လူတိုင္းသိေအာင္ ေၾကညာရမယ္။ သူတို႔ရဲ႕ ကပ္ေဘးနဲ႕အတူ ငါတို႔ ပါမသြားေစဖို႔ မိုးေကာင္းကင္က တားျမစ္ေပးလိုက္တာပဲ

ဆရာက တကယ္ကို အေျမာ္အျမင္ရွိၿပီး ဉာဏ္ထက္တာပဲ အႀကံေပး က အျပင္ပန္းတြင္ ခ်ီးက်ဴးမႈမ်ား ျပည့္ေနေသာ္လည္း သူ၏ ႏွလုံးသားတြင္ အထင္ေသးမႈမ်ား ျပည့္ေနသည္။ ခင္ဗ်ားရဲ႕စကားေတြက အရမ္းကို ဟိတ္ဟန္ႀကီးလြန္းတယ္။ ဒါေပမယ့္ အခုနက ခင္ဗ်ားဘယ္လို ျပဳမူလိုက္တယ္ဆိုတာကို က်ဳပ္မျမင္ဘဲ ေနမယ္လို႔ ထင္သလား။

...

အျခားတစ္ေနရာတြင္ ဇူအန္ တို႔အဖြဲ႕က လျပည့္အကယ္ဒမီ သို႔ေရာက္ရွိသြားၿပီး ခ်ဴဟြမ္ေက်ာက္လည္း စာသင္ခန္းဆီသို႔ သြားလိုက္သည္။
ဇူအန္ ႏွင့္ ခ်ဴခ်ဴယန္ က က်န္းေလာ့ဖူ ကို သြားေတြ႕ၾကသည္။

ခ်ဴခ်ဴယန္၏ ေျပာစကားကို ၾကားရၿပီးေနာက္ က်န္းေလာ့ဖူ မ်က္ႏွာတည္သြားသည္။
သူမ အခ်ိန္တခဏ စဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။  အရင္ဆုံး ေျပာခ်င္တာက လျပည့္ၿမိဳ႕ဝန္အတြက္ တကယ္ကို စိတ္မေကာင္းျဖစ္ရပါတယ္။ ဒီတစ္ခါမွာ ခ်ဴကလန္က ဥပေဒကို ေဖာက္ဖ်က္ထားတယ္လို႔ ငါထင္တယ္။ အကယ္ဒမီက အုပ္ခ်ဴပ္ေရးအပိုင္းေတြမွာ ဝင္ေရာက္ပတ္သက္ျခင္း တစ္ခါမွ မရွိခဲ့ဖူးဘူးဆိုတာ သိတယ္မလား။ ဒီအေျခအေနမွာ ငါတို႔ အကူအညီမေပးနိုင္မွာကို စိုးရိမ္မိတယ္

ဤစကားမ်ိဳးျဖစ္လာမည္ကို ခ်ဴခ်ဴယန္ အျပည့္အဝ ထင္မွတ္ထားခဲ့သည္။ လျပည့္အကယ္ဒမီက သူတို႔ကို ကူညီေပးပါက ေတာ္ဝင္အိမ္ေတာ္ကို ပြင့္ပြင့္လင္းလင္း ဆန့္က်င္လိုက္ျခင္းႏွင့္ အတူတူပင္ ျဖစ္သည္။
သို႔ေသာ္လည္း အကယ္ဒမီ က ၎၏ လြတ္လပ္မႈ အရွိန္အဝါကို သုံးကာ ဤကိစၥကို စဥ္းစားေပးမည္ဟု သူမ ေမွ်ာ္လင့္ထားခဲ့သည္။
ခ်ဴကလန္ႏွင့္ အလြန္ရင္းႏွီးကြၽမ္းဝင္မႈ ကို ထည့္စဥ္းစားပါက အေထာက္အပံ့အခ်ိဳ႕ ရနိုင္မည့္ ျဖစ္နိုင္ေခ်တစ္ခု ရွိေနဆဲ ျဖစ္သည္။
ကံမေကာင္းသည္မွာ ရလဒ္မွာ စိတ္ပ်က္ဖြယ္ျဖစ္သည္။

ဒါဆိုလည္း ေက်ာင္းအုပ္ ကို အႏွောင့္အယွက္ေပးမိတဲ့အတြက္ ကြၽန္မ ေတာင္းပန္ပါတယ္ ခ်ဴခ်ဴယန္ ႀကိဳးစားၿပဳံးလိုက္သည္။ သူတို႔ႏွင့္ ဆက္ဆံေရးေကာင္းသည့္ အကယ္ဒမီကေတာင္ မကူညီခ်င္ေနေပ။ သူတို႔၏ အျခားေ႐ြးခ်ယ္စရာမ်ားမွာလည္း က်ရႈံးလုနီးပါးျဖစ္ေတာ့မည္ျဖစ္သည္။

ဇူအန္ ေခါင္းခါလိုက္သည္။ ခ်ဴခ်ဴယန္ မွာ အခ်ိဳ႕ရႈ႕ေထာင့္မ်ားတြင္ အမွန္တကယ္ကို ခ်ီးက်ဴးစရာေကာင္းသည္။ သို႔ေသာ္ သူမသည္ ငယ္စဥ္ကတည္းက အလြန္ထူးခြၽန္ခဲ့ေသာေၾကာင့္ သူမ၏ ဂုဏ္သိကၡာ ကိုအလြန္ဂ႐ုစိုက္သည္မွာ ထင္ရွားေနသည္။
သူတို႔ ယခုေရာက္ရွိေနေသာအေျခအေနတြင္ က်င့္ဝတ္ထုံးတမ္းအတြက္ ေနရာမရွိေပ။

သူမကို အေနာက္သို႔ ဆြဲကာ က်န္းေလာ့ဖူ အေရွ႕တြင္ ဇူအန္ ရပ္လိုက္သည္။ ေက်ာင္းအုပ္မမ က အမွားတစ္ခု လုပ္မိေနၿပီေနာ္

အားဇူ ခ်ဴခ်ဴယန္ က သူ၏လက္ေမာင္းကို ဆြဲလိုက္သည္။ ေက်ာင္းအုပ္က်န္းမွာ သန္မာၿပီး လျပည့္ၿမိဳ႕တြင္ အလြန္တရာႀကီးမားေသာ အဆင့္အတန္းရွိသည္။ သူမက သူတို႔ကို မကူညီခ်င္ေသာ္လည္း ခ်ဴကလန္ကို ဒုကၡေပးမည့္စိတ္မရွိေပ။ သူမကို အျပစ္လုပ္မိသြားပါက ကိစၥမ်ား အလြန္ဆိုး႐ြားသြားေတာ့မည္ျဖစ္သည္။
ဇူအန္က သူမကို မစိုးရိမ္ရန္ လက္ပုတ္လိုက္သည္။

ဒါဆို အဲ့ဒီအမွားက ဘာလဲ က်န္းေလာ့ဖူက သူမ၏ ထိုင္ခုံေနရာမွ အမူအရာမပ်က္ေမးလိုက္သည္။

ဇူအန္ က ေရွ႕သို႔ ေျခတစ္လွမ္းလွမ္းလိုက္သည္။ ႐ုတ္တရက္ သူ၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားသည္။ က်န္းေလာ့ဖူမွာ ယေန႕တြင္ ေရာင္ျပန္ အသားေရာင္ အသားကပ္တစ္စုံကို ဝတ္ထားကာ သူမ၏ အာ႐ုံဖမ္းစားဖြယ္ရာ ေျခတံရွည္ရွည္ မွ မူးယစ္ေစေသာ အေရာင္တစ္ခုျဖာထြက္ေနေစသည္။ သူမ၏ အလွဆင္ထားေသာ မ်က္မွန္၊ အခ်ိဳးအစားက်ေသာ ဝတ္စုံတို႔ႏွင့္ လုံးဝ လိုက္ဖက္ညီေနသည္။
တကယ္ကို ေသေလာက္ေအာင္ ဆြဲေဆာင္မႈရွိတဲ့ အလွပေဂးတစ္ေယာက္ပဲ။

သူ႕ကို အာ႐ုံေထြျပားေစသည့္ အေတြးမ်ားကို အျမန္တည္ၿငိမ္ေစလိုက္သည္။ ေလးနက္ေသာအသံတစ္ခုျဖင့္ ေျပာလိုက္သည္။ က်ဳပ္သိရသေလာက္ဆိုရင္ လျပည့္ၿမိဳ႕ေတာ္ဝန္ က ေက်ာင္းအုပ္က်န္းကို အၿမဲတမ္း ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးခဲ့တာပဲ။ ၿပီးေတာ့ ခ်ဴကလန္ကလည္း အကယ္ဒမီကို လႉဒါန္းမႈႀကီးေတြ လုပ္ခဲ့တာေတြရွိတယ္။ ေငြေၾကးအေထာက္အပံ့ေရာ အရင္းအျမစ္အေထာက္အပံ့ေတြကိုေရာပဲ။ အခု ခ်ဴကလန္က အခက္အခဲေတြ ရင္ဆိုင္ေနရတယ္။ ဒါကို ေက်ာင္းအုပ္က်န္းက ေဘးကေန ရပ္ၾကည့္ေနနိုင္တယ္။ ဒါက မျဖစ္သင့္ဘူးေလ
က်ဳပ္က လျပည့္အကယ္ဒမီမွာ အခ်ိန္သိပ္မၾကာခဲ့ေပမယ့္ က်ဳပ္သိတာကေတာ့ အကယ္ဒမီက ေက်းဇူးတရားကို ဆုပ္ကိုင္ထားတာပဲ။ အခု လုပ္ရပ္က အကယ္ဒမီရဲ႕ ဂုဏ္သိကၡာ ကို မယိုယြင္းေစဘူးလား။ ေနာင္အနာဂတ္မွာ ဒီလို က်င့္ဝတ္ေတြကို အကယ္ဒမီက ေက်ာင္းသားေတြကို ဘယ္လို ဆက္လက္ ေဟာေျပာနိုင္ေတာ့မွာလဲ

အားဇူ... ခ်ဴခ်ဴယန္၏ ႏွလုံးမွာ သူမ၏ လည္ပင္းတစ္ေလွ်ာက္ ခုန္တက္လာသည္။ သူ၏ စကားလုံးမ်ား အလြန္ခက္ထန္လိမ့္မည္ဟု သူမ မထင္မွတ္ထားခဲ့ေပ။ ယခုအခါတြင္ ဇူအန့္ကို တားရန္ အလြန္ေနာက္က်သြားၿပီျဖစ္သည္။

က်န္းေလာ့ဖူ မ်က္လုံးက်ဥ္းသြားကာ မတ္တပ္ထရပ္လိုက္သည္။ သူမ၏ အရပ္ရွည္၍ တင့္တယ္ေသာ ႐ုပ္ပုံမွာ ဇူအန္၏ ေလလုံးထြားမႈထက္ ပိုေနၿပီး သူမ၏ ေအာ္ရာမွာ စြမ္းအားႀကီးစြာ လိမ့္တက္လာသည္။ အရမ္းေကာင္းတယ္။ ငါ့ကို ဒီလို ျပန္ေျပာရဲတဲ့သူ မရွိတာေတာင္ အေတာ္ၾကာခဲ့ၿပီပဲ
စကားေျပာရင္း ဇူအန္ ဆီသို႔ ေလွ်ာက္လွမ္းလာသည္။ သူမ ထုတ္ေဖာ္လိုက္ေသာဖိအားမွာ အလြန္ႀကီးမားေနၿပီး ခ်ဴခ်ဴယန္ေတာင္မွ ေျခတစ္လွမ္း ဆုတ္မိလိုက္သည္။

ဇူအန္ ခက္ခက္ခဲခဲ တံေတြးမ်ိဳခ်ေနရသည္။ သို႔ေသာ္လည္း ေခါင္းမာစြာပင္ ေနာက္မဆုတ္ရန္ေ႐ြးခ်ယ္ခဲ့သည္။ မိန္းမတစ္ဦး၏ အေရွ႕တြင္ သူ၏ အားနည္းပုံကို မျပခ်င္ခဲ့ေပ။
ရင္ကိုေကာ့ထားကာ ေျခဖဝါးမွာ ေျမႀကီးႏွင့္ သံရိုက္ထားသကဲ့သို႔ မတ္တပ္ရပ္ေနလိုက္သည္။ တစ္လက္မ ပင္ မေ႐ြ႕ခဲ့ေပ။
က်န္းေလာ့ဖူ ထုတ္လႊင့္ထားေသာ ဖိအားမွာ ပိုမိုအားေကာင္းလာေသာ္လည္း ၎မွာ မိန္လိ ကို မယွဥ္နိုင္ေသးေပ။
မိန္လိ၏ စမ္းသပ္မႈကိုေတာင္ ရွင္သန္နိုင္ခဲ့ေသးသျဖင့္ ဤေနရာတြင္ က်ရႈံးစရာအေၾကာင္းမရွိေပ။

က်န္းေလာ့ဖူက ဇူအန္ ေနာက္ဆုတ္ရန္ အျပည့္အဝ ေမွ်ာ္လင့္ထားခဲ့ေသာ္လည္း တစ္နည္းနည္းျဖင့္ ဆက္လက္ရပ္တည္နိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္ သူမ၏ ေနာက္ဆုံးေျခလွမ္းမွာ သူ႕အနားေရာက္သြားၿပီး ရင္ဘတ္ခ်င္း ထိလုနီးပါးျဖစ္သြားရသည္။
သူမ၏ တုန့္ျပန္မႈမွာ ျမန္ဆန္လွသည္။ လႈပ္ရွားမႈ အနည္းငယ္ျဖင့္ ဇူအန္ ႏွင့္ အကြာအေဝးတစ္ခု ျခားသြားသည္။
အခိုက္အတန့္တခဏ သူမ၏ ရင့္က်က္ေသာ မ်က္ႏွာေပၚတြင္ နီရဲမႈ တစ္ေၾကာင္းရွိေနသည္။ ၎မွာ ရွက္႐ြံမႈေၾကာင့္ေလာ ေဒါသေၾကာင့္ေလာ ဟူ၍ မရွင္းလင္းေပ။

ခ်ဴခ်ဴယန္ က သူမဆီသို႔ အျမန္ ေလွ်ာက္သြားလိုက္သည္။ ေက်ာင္းအုပ္ အားဇူက မရိုမေသလုပ္ခ်င္လို႔မဟုတ္ပါဘူး။ ေက်းဇူးျပဳၿပီးေတာ့ ေဗြမယူပါနဲ႕

က်န္းေလာ့ဖူ လက္ရမ္းလိုက္သည္။ ဘာမွမဟုတ္ပါဘူး။ ငါက အဲ့ဒီေလာက္ အျမင္မက်ဥ္းပါဘူး။ ငါတို႔ႏွစ္ေယာက္က နင္ ထင္ထားတာထက္ ပိုရင္းႏွီးၾကပါတယ္

ခ်ဴခ်ဴယန္ ေၾကာင္သြားသည္။ က်န္းေလာ့ဖူက မိတ္ေဆြေဟာင္းတစ္ေယာက္ အေၾကာင္းေျပာေနဟန္ရွိသည္။ အားဇူက ဒီလို အဆင့္အတန္းျမင့္တဲ့သူတစ္ေယာက္နဲ႕ ဘယ္လို ဆက္ဆံေရးတည္ေဆာက္လိုက္တာလဲ။

ဇူအန္လည္း ၿပဳံးလိုက္သည္။ ေက်ာင္းအုပ္မမက တကယ္ေသြးေအးေအး ျပဳမူခဲ့တာပဲ။ က်ဳပ္တို႔ေတြ ရန္သူေတြျဖစ္လာၿပီလို႔ေတာင္ ထင္ခဲ့တယ္

က်န္းေလာ့ဖူ က သူ႕ကို စိုက္ၾကည့္လိုက္သည္။ ဒါကို နင္နဲ႕ ေနာက္မွ စာရင္းရွင္းမယ္

ခ်ဴခ်ဴယန္ ဘက္သို႔ ျပန္လွည့္လိုက္သည္။ ခ်ဴယန္ အစကေတာ့ အကယ္ဒမီရဲ႕ နာမည္မပတ္သက္ေစဘဲနဲ႕ ပုဂၢိုလ္ေရးအရပဲ အကူအညီေပးဖို႔ စီစဥ္ထားခဲ့တာ။ ဒါေပမယ့္ အားဇူ က အကယ္ဒမီ အေနနဲ႕ ဝင္ပါဖို႔ မွန္တဲ့ အေၾကာင္းျပခ်က္တစ္ခု သတိေပးခဲ့တယ္။
ဒါေပမယ့္ အကယ္ဒမီ က ငါတစ္ေယာက္တည္း မဟုတ္ဘူးေလ။ ၿပီးေတာ့ အကယ္ဒမီရဲ႕ ကိစၥအေတာ္မ်ားမ်ားကို ေနာက္ဆုံးစကား ေျပာေပးလို႔မရဘူး။ ငါ ကူညီေပးနိုင္တဲ့ အကန့္အသတ္ေတာ့ရွိတယ္။ အမ်ားဆုံးေတာ့ ေငြစ တစ္သန္းေလာက္ ကူညီေပးနိုင္တယ္

ခ်ဴခ်ဴယန္ အံအားသင့္ၿပီး အေပ်ာ္လြန္သြားသည္။ ေက်းဇူးတင္ပါတယ္ ေက်ာင္းအုပ္
ဤပမာဏမွာ သူမ ေမွ်ာ္မွန္းထားသည္ထက္ မ်ားစြာ ပိုေနၿပီျဖစ္သည္။

က်န္းေလာ့ဖူ ၿပဳံးလိုက္သည္။ ငါကိုယ္တိုင္လဲ လည္း ေန၀န္းၿမိဳ႕ ကို သြားလည္ၿပီးေတာ့ အုပ္ခ်ဳပ္ေရးမႉးဆန္းကို သြားေတြ႕ပါဦးမယ္။ အျပစ္ကို ေလ်ာ့ေပါ့လို႔ရနိုင္မယ့္ နည္းတစ္ခုခုမ်ား ရွိလို႔ရွိျငားေပါ့

ခ်ဴခ်ဴယန္ မ်က္ရည္ဝဲလာသည္။ ေက်ာင္းအုပ္က်န္းကို ဘယ္လိုေတာင္ ေက်းဇူးတင္ရမလဲ ကြၽန္မ မသိေတာ့ပါဘူး

က်န္းေလာ့ဖူ ေျပာလိုက္သည္။ ငါ့ကို ေက်းဇူးတင္စရာမလိုပါဘူး။ နင့္မွာ ခင္ပြန္းေကာင္းတစ္ေယာက္ ရွိတာကိုပဲ ဝမ္းသာသင့္တယ္

သူတို႔ႏွစ္ဦး ႐ုံးခန္းမွ ထြက္ခြာသြားေသာအခါ ခ်ဴခ်ဴယန္က ဇူအန္ကို ၾကည့္လိုက္သည္။ သူမ၏ အၾကည့္မွာ ဘယ္ႏွင့္ညာ ေ႐ြ႕ေနသည္။ သူမ၏ မ်က္ႏွာအမူအရာမွာ ရႈပ္ေထြးလာၿပီး အဆုံးတြင္ ေျပာလိုက္သည္။ ရွင္နဲ႕ ေက်ာင္းအုပ္က်န္း ၾကားထဲမွာ ကြၽန္မ မသိထားတဲ့ တစ္ခုခုမ်ား ရွိေနသလား

----- ----------------------------- ----- - - - - - - - - - ----- -

Continue Reading

You'll Also Like

224K 5.8K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
512K 59.4K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
427K 27.2K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"