Purple Dream [Complete]
By Sakawar-Hlaing
79.4K 6.6K 1.1K
အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More
ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ
မြတ်နိုးရလွန်းတဲ့ထယ်....
1.4K 146 8
By Sakawar-Hlaing
Unicode
အိမ်ကိုရောက်လျင်အမြန်ပင် အိပ်ခန်းထဲသို့လျှောက်သွားသောjimin။
နာကျင်မူများဖြင့်ပြိုလဲနေသောသူ့မှာ အခုချိန်အဆင်ပြေချင်ယောင်ပင် မဆောင်နိုင်တော့တဲ့အထိ။
တစ်ဆစ့်ဆစ့်ကိုက်ခဲနေသောဝဲဘက်ရင်အုံ့ကလည်း ဒဏ်ရာဟောင်းများဖြင့်ပေါင်းကာ သေအောင်နှိတ်စက်နေကြသည်။
အနာပေါ်အနာဆင့်ဖြင့်လှိုက်စားနေတဲ့ ဝေဒနာတွေအား မည်သူမှမသိခဲ့ပေမဲ့နှလုံးသားတစ်ခုလုံးဒဏ်ရာဗလပွဖြင့်သွေးစိမ်းရှင်ရှင်ကျနေခဲ့ပြီဆိုတာ ခံစားနေရသောသူကိုယ်တိုင်သာသိပါ၏။
အမြဲသန်မာချက်ယောင်ဆောင် မြဲမြဲရပ်နေခဲ့ရတဲ့ သူ့ခြေထောက်တွေကအခုတော့ခွန်အားမဲ့စွာ ရပ်တည်နိုင်စွမ်းတွေမဲ့သွားခဲ့ပြီ.....။
အကြင်သူအားအမြဲလိုထွေးပွေ့အားပေးစေနိုင်ခဲ့တဲ့ သူ့လက်တွေဟာလည်း အခုတော့မိမိကိုယ်ကိုယ်အားပေးဖို့ လက်သီးတင်းတင်းဆုတ်ထားခဲ့ရပြီ...။
နာကျင်လွန်းလို့ငိုလိုက်ချင်တိုင်း အမြဲဟန်ဆောင်ကောင်းပြီးကွေးညွန့်နေတဲ့နှုတ်ခမ်းပါးတွေကအခုခါမှာတော့ အင်အားချည့်နဲ့စွာတဆတ်ဆတ်တုန်ရီနေခဲ့ပြီ....။
အကြင်သူ၏ဆန္ဒဆိုတဲ့အကြောင်းအရာမှာဟန်မဆောင်နိုင်အောင်အထိ သူပြိုလဲခဲ့ပြီ။
အခန်းထဲသို့ရောက်ရောက်ချင်းတံခါးပိတ်ကာ ထိုတံခါးပေါ်မှာမှီ၍ထိုင်ချပစ်လိုက်ပြီး ပြင်းစွာနာကျင်နေသောဝဲဘက်ကိုရင်ဘတ်ကိုလည်းလက်ဖြင့်တင်းတင်းဖိဆုတ်ထားမိသည်။
ထို့အတူမျက်ဝန်းအိမ်မှ ကြွေဆင်းသွားသောမျက်ရည်စများ...။
ထိုမျက်ရည်များက နှလုံးသားမှစိမ့်ထွက်လာသောသွေးစက်များငွေ့ပျံ့ပြီး မျက်ဝန်းအိမ်တွင်ငွေ့ရည်ဖွဲ့လာခဲ့သည့်အလား...။
မျက်ရည်များနည်းတူ နှလုံးသွေးများကလည်းနာနာကျင်ကျင်စီးကျနေခဲ့သည်။
"မင်းလုပ်ရက်တယ်ထယ်...."
ထယ်ရယ်.... ဘာလို့များငါ့စေတနာတွေကိုမြင်အောင်မကြည့်တတ်ခဲ့ရတာလဲ။ ငါမင်း အပေါ်ထားခဲ့တာ ဘာအတ္တမှမပါတဲ့ဖြူစင်တဲ့မေတ္တာသက်သက်ပါ။ ​
ပိုင်ဆိုင်ဖို့ဆိုတာထက် မင်းပျော်ရွှင်ဖို့ကိုပဲ ငါကပိုပြီးလိုလားခဲ့သူပါထယ်ရယ်။
ငါကမင်းပျော်ရွှင်မယ်ဆို ရင်ကွဲရမယ်ဆိုရင်တောင်ကျေကျေနပ်နပ်ကြီးရင်ကွဲခံမဲ့ကောင်ပါကွာ... ချစ်တယ်ဆိုတာထက် ပိုမြတ်နိုးတာမို့ပိုင်ဆိုင်ရမှမဟုတ်ဘူး မင်းပြုံးပျော်နေတာမြင်နေရရင်လည်း ငါကကျေနပ်နေမှာပါထယ်ရယ်....
အခုငါဝင်စွက်ဖက်တာကလည်း မင်းအတွက်ပါပဲ။ ချစ်ခြင်းမပါ အတ္တအတိလွှမ်းနေတဲ့ရင်ခွင်တစ်ခုမှာ မင်းပျော်နေနိုင်ပါ့မလား...
ငါသိပ်မြတ်နိုးရတဲ့ပြုံးလေးတွေက မင်းပါးပြင်နုနုထက်ခိုတွဲနေနိုင်ပါ့မလား....။
ငါစိတ်ပူတယ်ထယ်ရဲ့... မင်းဝမ်းနည်းပြီးငိုကြွေးနေရမှာမျိုးကိုငါက တွေးတောင်မတွေးရက်ဘူး။ မင်းမျက်ရည်ကျရင် အရင်ဆုံးနာကျင်ရမဲ့သူကငါပဲဖြစ်မှာ။
မင်းသိရဲ့လားထယ်... မင်းရဲ့အပြုံးလေးတွေကိုငါကစိတ်ကူးရင်နဲ့တင်ရူးနေအောင်မြတ်နိုးရတာ...။ မင်းကအပြုံးလေးတွေနဲ့သိပ်လိုက်ဖက်တာထယ်ရဲ့....
မင်းမျက်နှာတစ်ချက်ညိုးရင်တောင်သေမလိုဖြစ်နေတဲ့ငါက မင်းကိုjungkookနဲ့တစ်ကယ်စိတ်မချနိုင်ဘူး။မင်းစကားတစ်ခွန်းနဲ့တင် ငါကအကုန်လုံးကိုရင်ဆိုင်ဖို့အထိတွေးထားခဲ့တာ... ဒါပေမဲ့...အဲဒါကမင်းဆန္ဒဆိုတော့လည်းရင်ကွဲရုံကလွဲပြီး ငါဘာမှမတတ်နိုင်ခဲ့ပါဘူး။ သေရမှာသိသိရက်နဲ့မီးထဲတိုးဝင်သွားတဲ့ပိုးဖလံလေးလို အဲဒီရင်ခွင်ကအချစ်မရှိမှန်းသိရက်နဲ့မင်းကတိုးဝင်သွားခဲ့တာ။
မင်းကအချစ်အတွက်နဲ့ ဘာကိုမှမကြောက်ခဲ့ပေမဲ့ ငါကတော့ကြောက်တယ်ထယ်..... မင်းအတ္တမီးတွေကြားလောင်မြိုက်ခံနေရမှာကိုငါသိပ်ကြောက်တယ်....
အခုတော့မင်းအဲဒီလမ်းကိုရွေးသွားပြီဆိုတော့လည်း မင်းပျော်ရွှင်ရပါစေထယ်...
ငါရဲ့စေတနာတွေကိုလျစ်လျူပြုခဲ့တဲ့ မင်းကိုစိတ်ပျက်မိပေမဲ့ ငါစိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်... ငါထင်သလိုမဖြစ်ပဲငါသိပ်ချစ်ရတဲ့မင်းပျော်ရွှင်ပါစေ....။
"ပိုင်ဆိုင်ဖို့အတွက်ဆန္ဒမရှိပေမဲ့ မင်းပျော်နေဖို့ကိုတော့ငါဆန္ဒရှိတယ်ထယ်...
မင်းကိုယ်တိုင်လိုလိုလားလားရွေးချယ်လိုက်တဲ့လမ်းမှာ မင်းပြုံးပျော်နိုင်ပါစေငါဆုတောင်းပါတယ်"
Purple Dream
အချိန်တွေကသိပ်အကုန်မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်းလောက်မှာပဲ တစ်ပတ်ဆိုတဲ့အချိန်တစ်ခုကကုန်လွန်သွားခဲ့ပြီဖြစ်၏။ သူနဲ့ဂျွန်နဲ့တရားဝင်လက်ထပ်စာချုပ်မှာလက်မှတ်ထိုးခဲ့တာတောင်တစ်ပတ်​ပြည့်တော့မည်။ ဘာတွေပြောင်းလဲမူရှိခဲ့လည်းဆိုတော့ ထွေထွေထူးထူးမရှိ။ ဂျွန်ကလည်းအရင်တိုင်း၊ သူကလည်းထိုနည်းတူပါပဲ....။
ပြောင်းလဲခဲ့တာကဂျွန့်သဘောအတိုင်းသူတို့ သတ်သတ်အိမ်ခွဲနေခဲ့ကြခြင်းသာ။
အိမ်မူကိစ္စနဲ့အချက်အပြုတ်ကိုတော့ နေ့ခင်းဘက်အိမ်အကူခေါ်ထားတဲ့အဒေါ်ကြီးကလုပ်ပြီးသူကအဲဒီကိစ္စတွေကို ဘာမှလုပ်စရာမလို။
တက္ကသိုလ်လည်းဆက်တက်ဖြစ်ခဲ့ပေမဲ့ အရင်လိုပျော်စရာမကောင်းတော့။
အရင်ကသူတို့သုံးယောက်လုံးရှိနေတဲ့အခန်းထဲမှာ အခုတော့သူတစ်ယောက်တည်း။
ဂျွန်က အရင်တည်းကကျောင်းပျက်များသူဖြစ်သလို သူနဲ့လက်ထပ်ပြီးတဲ့နောက်ဒီနှစ်ကျောင်းနားလိုက်မည်ဟူ၍ ဆိုလာကာသူ့ကိုသာဆက်တက်စေခဲ့သည်။
ကျောင်းပျက်ရက်နည်းလှပါတယ်ဆိုတဲ့minieကလည်း သူကျောင်းပြန်တက်တဲ့သုံးရက်လုံးမတွေ့မရ။
M
inieဆိုပြီးတွေးမိတော့ အတွေးထဲခပ်အက်အက်စကားသံတစ်ချို့ကိုနားထဲပြန်ကြားယောင်လာရသည်။
"ထယ်... ဒီတစ်ကြိမ်မှာတော့ငါမင်းကိုသိပ်စိတ်ပျက်မိတယ်"
ငါတောင်းပန်ပါတယ်minie....
မင်းစေတနာတွေကိုငါနားလည်ပေမဲ့ ဦးနှောက်မရှိတဲ့ငါကမင်းစေတနာတွေကိုပစ်ပယ်ခဲ့မိတယ်။
ဂျွန့်ဖြစ်ချင်တဲ့အတိုင်း ငါကဂျွန့်အပိုင်အဖြစ်နေပေးချင်ခဲ့တယ်။ ဂျွန်ကငါ့ကိုအရုပ်လေးတစ်ရုပ်လိုသဘောထားတယ်ဆိုရင်တောင် ငါကဂျွန့်အပိုင်အရုပ်လေးဖြစ်ချင်ခဲ့မိတာ....။
ငါ့လိုလူမျိုးအတွက် မင်းရဲ့စိုးရိမ်ပူပန်မူတွေကမထိုက်တန်ပါဘူးminie...
မင်းငါ့ကို စိတ်ပျက်သွားတာကောင်းပါတယ်။
အနည်းဆုံးတော့ ဒီတစ်ကြိမ်နာကျင်ပြီးရင်းမင်းမနာကျင်ရတော့ဘူးပေါ့။
ထိုအချိန် သူ့မျက်ဝန်းထဲရစ်သိုင်းလာတဲ့မျက်ရည်စတွေ။ ရင်တွေလည်းနာရပါ၏။
ငယ်သူငယ်ချင်းဆိုတာထက် သူ့ဘဝအတွက်ရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေခဲ့တဲ့ minieနဲ့အခုလိုမျိုးဖြစ်သွားရတာ သိပ်ကိုဝမ်းနည်းရပါသည်။ ငယ်ငယ်တည်းကဖွဲ့နှောင်ခဲ့တဲ့ သံယောဇဉ်ကြိုးတွေက လွယ်လွယ်ဖြတ်လို့ရတဲ့ကြိုးစတွေမှမဟုတ်ခဲ့ပဲ။
သိပ်ကိုခိုင်မာခဲ့တဲ့ကြိုးတွေက သူတို့နှလုံးသားတွေကိုအထပ်ထပ်ချည်နှောင်နေခဲ့ကြတာမလား....။
မင်းသိလားminie... မင်းကလည်းငါရဲ့အဖိုးဖြတ်လို့မရတဲ့အစိတ်အပိုင်းတစ်ခုပါ။
ငါ့ကြောင့်အများကြီးနာကျင်နေရပြီးပြီးမို့ အခုချိန်မှာတော့မင်းကောင်းကောင်းပျော်နေတော့နော်။ မင်းရဲ့အရှုပ်ထုပ်လေးငါက မင်းကိုဒုက္ခတွေမပေးတော့ပါဘူး။
"ယောင်း...."
"ဟင် ဂျွန်..."
နေဝင်ကာနီးလိမ္မော်ရင့်ရင့်ကောင်းကင်ပြင်ကြီး၏ အလှအားငေးကြည့်နေမိရင်း အတွေးလွန်နေမိတာအခုနေမင်းကြီးပင်ငုပ်လျိုးပျောက်ကွယ်ခဲ့ပြီဖြစ်သည်။
ဂျွန်ခေါ်သံကြားမှပစ္စုပ္ပန်ထဲပြန်ရောက်လာတဲ့သူ့မှာလည်း ရစ်ဝဲနေတဲ့မျက်ရည်စတွေကိုမျက်တောင်များဖြင့်ပုတ်ခပ်ပုတ်ခပ်လုပ်ရင်းသိမ်းဆည်းရ၏။
"အင်း... ဒီမှာဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး။ ဒီတိုင်းတွေးနေမိတာ"
ဂျွန်ကဘာမှမပြောပဲ သူ့မျက်နှာကိုစိုက်ကြည့်လာသည်။ ဂျွန်နှင့်မျက်လုံးချင်းဆုံမိတော့ ခံစားချက်မျိုးစုံတို့ကြောင့်ရင်ထဲပို၍ပင်ဝမ်းနည်းလာရ၏။ ဝမ်းနည်းခြင်းများရင်ထဲတလှိုက်လှိုက်ဖြစ်တည်လာလျှင် မျက်လုံးများကိုလွဲလိုက်မိသည်။
လွဲလိုက်မိတဲ့အချိန်မြင်ကွင်းထဲရောက်လာတဲ့ ဂျွန့်ရဲ့သွေးကြောစိမ်းတွေယှက်သိုင်းနေတဲ့လက်ကောက်ဝပေါ်က ငွေရောင်လက်ပတ်ကြိုးလေး....။ တစ်ဆက်စပ်ထဲပြန်ကြားယောင်လိုက်မိတဲ့စကားသံ....
"ဒါက ငါတို့သူငယ်ချင်းသုံးယောက် ဘယ်တော့မှမခွဲရအောင်ချည်နှောင်မဲ့ကြိုးလေးတွေပေါ့"
ရင်ထဲမှဆစ့်ခနဲ့။ ထိုလက်ပတ်ကြိုးလေးရှိရာဂျွန့်ဘယ်ဘက်လက်ကို ဆုတ်ကိုင်ကာရှေ့သို့ဆွဲယူလိုက်ပြီး သူ့ဘယ်ဘက်လက်လေးကိုလည်းဂျွန့်လက်နားမှာဘေးချင်ယှဥ်ထားလိုက်မိသည်။ ထိုအခါ ဆင်တူလက်ပတ်ကြိုးလေးတွေကသူ့နှစ်ယောက်ရဲ့လက်တွေမှာလိုက်ဖက်စွာပင် လှပလို့...။
သို့ပေမဲ့ လှပနေတဲ့လက်ပတ်ကြိုးလေးတွေကိုကြည့်ရတာဝမ်းနည်းစရာကောင်းလွန်းနေသည်။
လိုနေခဲ့တာ.... ဟုတ်တယ်နောက်ထပ်တစ်ခုသောလက်ပတ်ကြိုးလေးလိုနေခဲ့တာ....။
မျက်ရည်တစ်စက်ကပါးပြင် ပေါ်မှပေါက်ခနဲ့ကြွေဆင်းသွားခဲ့သည်။
"ငါ...ငါminieကိုသတိရလိုက်တာဂျွန်။ အခုချိန်ဆိုဒီလိုလက်ပတ်လေးကminieလက်မှာရှိနေပါအုံးမလား မသိဘူးနော်....
minieက ဒီလက်ပတ်လေးကိုချွတ်ပစ်လိုက်လောက်ပြီထင်တယ် "
taehyungမှာပြောနေရင်းမှမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျဆင်းလာတော့သည်။
ထိုအခါtaehyungပခုံးတွေကိုဆုတ်ကိုင်လာတဲ့jungkookက မျက်နှာကိုသေချာငေးစိုက်ကြည့်ပြီး မေးလာ၏။
"ယောင်း... "
"..........."
"မင်း ငါနဲ့လက်ထပ်လိုက်ရတာကိုနောင်တရနေပြီလား"
"ဟင့်အင်း ငါနောင်တမရပါဘူး။ မင်းဖြစ်စေချင်သလို ငါကမင်းအပိုင်ဖြစ်ချင်ပါတယ်ဂျွန်..."
ထိုအဖြေကြောင့် ခဏငြိမ်သွားရသူမှာjungkookသာဖြစ်သည်။ မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းများကိုကြည့်မိတော့ သူ့ရင်ထဲခံစားချက်တစ်မျိုးကတိုးဝင်လာ၏။နာကျင်သလိုလို အားနာသလိုလိုခံစားချက်တွေအား သူအမည်တတ်မရတော့ပါ။
သူ့လုပ်ရပ်ကမှားသွားပြီလားဟူ၍
အတွေးက ဦးနှောက်ထဲနေရာယူလာသည်။
"jiminကိုကျောင်းမှာမတွေ့ဘူးလားယောင်း... သူကျောင်းမလာဘူးလား"
"minieကတစ်ကယ်ငါ့ကိုစိတ်ပျက်သွားပြီထင်တယ်ဂျွန်... သူငါ့ကိုရှောင်နေတာထင်တယ်။ ငါminieကိုမတွေ့ဘူး  "
မျက်ရည်များကပါးပြင်ထက်ရပ်တန့်မရှိသည့်မိုးစက်တွေအလား တစ်ပေါက်ပေါက်ကျဆင်းလာကြလျှင် jungkookကထိုမျက်ရည်များကိုလက်ဖြင့်ခပ်ဖွဖွဖိသုတ်ပေးကာ စကားဆိုသည်။
"အဆင်ပြေသွားမှာယောင်း... jiminလည်းမင်းကိုအကြာကြီးပစ်မထားပါဘူး။ သူအခုခဏစိတ်ဆိုးနေလို့နေမှာပါ...
မငိုနဲ့တော့... နောက်ကျအကုန်အရင်အတိုင်းပြန်ဖြစ်သွားလိမ့်မယ်"
သူတတ်သလောက်ဖြင့်ယောင်းအား နှစ်သိမ့်ပေးမိသည်။ သူရဲ့စကားတွေကယောင်းကို တစ်ကယ်စိတ်သက်သာရာရစေရဲ့လား သူသေချာမသိပေမဲ့ သူတစ်ကယ်ကိုကြိုးစားပြီးနှစ်သိမ့်ပေးမိခြင်းပင်။
သူတစ်ခါမှအခုလိုနှစ်သိမ့်ပေးတာမျိုးမလုပ်ဖူးသလို ဒီတစ်ခါကသူ့အတွက်ပထဆုံး။
အခုချိန်ပထမဆုံးနှစ်သိမ့်ပေးမိတာကလည်း ရင်ထဲခံစားနေရသောအမျိုးအမည်သည့်ခံစားချက်ကြောင့်ပင်ဖြစ်လိမ့်မည်။
"အင်း တစ်ချိန်ကျရင်တော့အကုန်အဆင်ပြေသွားမှာပါ။ ငါတို့သုံးယောက်အရင်လိုပြန်နေနိုင်မှာပါ"
ယောင်းကကိုယ့်ကိုယ်နှစ်သိမ့်သလိုပြောရင်းလက်ကျန်မျက်ရည်စများအား လက်ဖြင့်ဖိသုတ်၍ စကားဆိုလာလျှင်ဘာလို့လဲမသိ သူရင်ထဲတင်းကျပ်လာရသည်။
အခုလိုကိစ္စတွေဖြစ်အောင်လုပ်ခဲ့တာ သူကိုယ်တိုင်ဖြစ်နေခဲ့တယ်ဆိုတာတွေးမိတော့လည်း နေရတာအဆင်မပြေတော့။
သူယောင်းကို အားနာနေမိတာလား....။
"ဂျွန်..."
jungkookငြိမ်သွားတော့ taehyungက ခေါ်လာခြင်းဖြစ်သည်။
"အင်း ပြောလေယောင်း..."
"ညနေစာစားလာပြီးပြီလားဂျွန်... မစားရသေးဘူးဆိုငါနဲ့အတူစားကြတော့မလားလို့... အဒေါ်ကြီးကတော့အကုန်ချက်ပြီးလို့ပြန်သွားပြီ"
"ရေသွားချိုးရအုံးမယ်ယောင်း..."
"အင်းသွားလေ စားဖို့ငါပြင်ထားလိုက်မယ်"
.
.
.
.
ညစာပြင်ဆင်ပြီးစောင့်နေတဲ့ယောင်းက သူဆင်းလာတော့မှထမင်းခူးပေးပြီး ဟင်းတွေတစ်မျိုးပြီးတစ်မျိုးသူ့ပန်းကန်ထဲထည့်ပေးလာသည်။ ပါးစပ်ကလည်းတစ်တွတ်တွတ်ပြောရင်း သူ့ကိုပဲဟင်းတွေထည့်ပေးနေတာ ကိုယ်တိုင်က ထမင်းတစ်လုပ်မှမစားရသေး။
အရာမယွင်းသေးသော ထမင်းပန်းကန်ကအေးတော့မည်။
"ဒါလေးရောပဲဂျွန်... မင်းဟိုနေ့ကစားချင်တယ်ပြောလို့လေ ငါဒေါ် ကြီးကိုကူညီခိုင်းထားတာ။ ဒီကင်ချီအရသာကတစ်ကယ် စားကောင်းတာ စားကြည့် "
နောက်ထပ်သူ့ပန်းကန်ထဲရောက်လာတဲ့ ကင်ချီဖတ်အနည်းငယ်။ ဟင်းများဖြင့်ဖုံးနေသော သူ့ပန်းကန်မှာထမင်းပင်မမြင်ရတော့။
"တော်ပြီယောင်း... ငါ့ပန်းကန်ထဲဟင်းတွေပြည့်နေပြီ"
"အာ ဟုတ်သားပဲ။ မင်းအကြိုက်တွေပဲဆိုတော့ထည့်ပေးနေမိတာ"
ဟုတ်ပါ၏။
ထမင်းဝိုင်းထဲမှဟင်းတွေအကုန် သူ့အကြိုက်တွေချည်းသာဖြစ်သည်။ သူ့အတွက်ဦးစားပေးပြင်ဆင်ထားသော ထမင်းဝိုင်းကိုကြည့်ပြီးသူစိတ်မသက်မသာဖြစ်လာပြန်သည်။
အမှန်ဆို သူဟာယောင်းဆန္ဒမပါပဲအတင်းခိုးယူခဲ့သူမလား။
ဒါကိုတောင်ယောင်းကသူ့အတွက်ကို​သာအရာရာမှာဦးစားပေးနေတော့ကိုယ့်ကိုယ်ကိုယ်ပင် ရှက်စရာကောင်းလာသလို။
နောက်ပြီး သူဘက်ကပဲယောင်းကိုအတင်းခိုးယူသွားတယ်ဆိုတာမိဘတွေရှေ့မှာမပြောခဲ့သလို jiminကမေးတော့လည်းမပြောခဲ့။
ထိုမျှအထိယောင်းကသူ့အတွက်တွေးပေးခဲ့၊ကောင်းပေးခဲ့သည်။ သူကတော့ယောင်းအပေါ်ဘာတွေများကောင်းပေးနိုင်ခဲ့လို့လဲ။
မချစ်ပဲနဲ့တောင် သူ့အတ္တအတွက်နဲ့သက်သက်လက်ထပ်လိုက်မိတာ။ ယောင်းရဲ့လူပျိုဘဝနဲ့တက်လမ်းတွေအကုန်ဘာမှမတွေးခဲ့မိပဲ ခိုးယူလိုက်မိတာ။
သူကတစ်ကယ် အမှားတွေဆက်တိုက်လုပ်ခဲ့မိတာလား....။
သူယောင်းကိုခိုးယူလာတဲ့နေ့က ပြိုလဲထိန့်လန့်သွားတဲ့ယောင်းပုံစံကိုပြန်မြင်ယောင်လာမိသလို တစ်ချိန်ကjiminစကားတွေကိုပြန်ကြားယောင်လာမိသည်။
"မင်းကဘာများထယ့်အတွက် ကောင်းတာ
လုပ်ပေးခဲ့တာရှိလဲjungkook... ဟမ်
မင်းပြောစမ်းပါ....
မပြောနိုင်ဘူးမလား။
ဘယ်ပြောနိုင်မလဲ... မရှိဘူး...ဘာမှမရှိဘူး...
မင်းလုပ်ခဲ့သမျှကထယ်ငိုရအောင် နာကျင်ရအောင်ပဲလုပ်နေခဲ့တာ....
မင်းကထယ့်ရဲ့သူငယ်ချင်းတောင်ဖြစ်ဖို့မထိုက်တန်တဲ့ကောင်...."
တစ်ကယ်ပဲသူကယောင်းအတွက်ဘာကောင်းတာများလုပ်ပေးခဲ့လို့လဲ။ jiminပြောသလို တစ်ခုမှမရှိခဲ့ဘူးမလား....။
"ဂျွန်"
အတိတ်တွေထဲကူးလွင့်နေတဲ့စိတ်တွေကယောင်းခေါ်သံကြားမှ ပစ္စုပ္ပန်ထဲပြန်လည်ရောက်ရှိလာသည်။ သူယောင်းဘက်ကိုကြည့်လိုက်တော့မှ ယောင်းကထပ်ပြီးစကားဆိုလာ၏။
"ဘာလို့လဲ စားမကောင်းလို့လား။ ငြိမ်သွားတာပဲဂျွန်"
"စားမကောင်းလို့မဟုတ်ပါဘူး။ ဒီအတိုင်းအတွေးလွန်သွားတာ။ မင်းရော ဟင်းတွေထည့်စားလေ... အခုထိထမင်းကအရာမယွင်းသေးဘူး"
"အင်းပါဂျွန်ရဲ့... ငါစားနေပါတယ်။
ဪ... ဂျွန်ငါ့ကိုမနက်ဖန်လာကြိုပါလား...။ ငါနောက်ဆုံးအချိန်အတန်းမတက်တော့ဘူး။ shoppingထွက်ရအောင်လေ။ လိုတာလေးတွေဝယ်ရင်း ခြံထဲစိုက်ရအောင်ပန်းပင်လေးတွေလည်းဝယ်ချင်လို့"
"အင်း ဒါဆိုလည်းသွားကြတာပေါ့။ မင်းအတန်းချိန်ပြီးမှခါနီး ငါ့ဆီစာပို့လိုက်လေယောင်း"
"အင်း"
နူတ်ခမ်းတွေကွေးညွန့်အောင်အထိပြုံးသွားတဲ့ယောင်း...။ သူဒီလောက်လေးလိုက်ရောပေးတာကို အရမ်းပျော်သွားပုံရသည်။
ရှုပ်ထွေးနေတဲ့ငါ့စိတ်တွေက ငါ့ကိုနေရခက်စေတယ်။ ငါတစ်ကယ်မင်းအပေါ်အမှားတွေကျူးလွန်ခဲ့မိပြီထင်တယ်ယောင်း...
မင်းငါ့ကိုအလေးပေးဆက်ဆံတိုင်း ငါနေလို့မရအောင်ရှက်နေမိပြီ
Purple Dream
Updated 10.04.2022
Sakawar
Please Votes and comments🥺
Zawgyi
"မင်းလုပ်ရက်တယ်ထယ်...."
Purple Dream
"ယောင်း...."
"ဟင် ဂျွန်..."
"ဘာမှမလုပ်ပါဘူး။ ဒီတိုင်းတွေးနေမိတာ"
"ယောင်း... "
"..........."
အေတြးက ဦးနှောက်ထဲနေရာယူလာသည်။
"ဂျွန်..."
"အင်း ပြောလေယောင်း..."
.
.
.
.
ဟုတ်ပါ၏။
အမွန်ဆို သူဟာယောင်းဆန္ဒမပါပဲအတင်းခိုးယူခဲ့သူမလား။
မင်းပြောစမ်းပါ....
မပြောနိုင်ဘူးမလား။
ဘယ်ပြောနိုင်မလဲ... မရွိဘူး...ဘာမွမရွိဘူး...
"ဂျွန်"
"အင်း"
Purple Dream
Updated 10.04.2022
Sakawar
Please votes and comments🥺
Continue Reading
You'll Also Like
700K 23.8K 70
A story where a girl would do anything to get rid of her studies including getting married with a Mafia king but fate played opposite of it even afte...
24K 308 5
Short Title : MA80YM Alternate Title : 嫁给八零老男人[重生] Status : Completed Author : Colorful Source : MTLNovel Novel Summary All her bad luck started fro...
270K 6.3K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
2.1M 108K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...