အချိန်တွေကုန်လာတာနဲ့အမျှ ကျုပ်နှင့်
ကြွေရုပ်တို့ရဲ့ မင်္ဂလာဆောင်မယ့်ရက်သို့ရောက်လာခဲ့တယ်။ ယောကျာ်းလေးနှစ်ယောက် လက်ထပ်ရင် ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်း ပြောသံတွေကို ကြွေရုပ်က သိပ်ကြောက်တာ။ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနားလုပ်ဖို့စီစဉ်
ထားသော်လည်း "ကြွေရုပ်က ပိုက်ဆံတွေ
အရမ်းတွေ ကုန်နေမယ် ကိုစိုင်း..ရုံးတက်
လက်မှတ်ထိုးပြီး မင်္ဂလာဆွမ်းကျွေးလုပ်မယ်
လေ" လို့ပြောလို့ သဘောတူလိုက်ရတယ်။
"ကိုစိုင်းမင်္ဂလာဆွမ်းကျွေးပြီးပြီဆိုတော့
ကျနော်တို့ဘုရားသွားပြီး ကောင်းမှုကုသိုလ်
လေး လုပ်ရအောင်"
"ကိုယ့်အချစ်လေးရဲ့ သဘောပါဗျ..ခုတော့ ကြွေရုပ်ရဲ့ ပါးပါးကိုနှုတ်ဆက်လိုက်အုန်း
ဒီနေ့ကစပြီးကြွေရုပ်က ကိုယ့်အိမ်မှာလိုက်နေရမှာ"
"ကိုစိုင်းအိမ်မှာ လိုက်နေတယ်ဆိုပြီး ကျနော့်ကို မနှိပ်ဆက်နဲ့ ..နှိပ်ဆက်ရင် ကျနော်က ကိုစိုင်းစီကနေ ထွက်ပြေးလာမှာ ဟွန်း..."
"ကိုယ့်ရဲ့ ဒီချစ်မဝလေးကို နှိပ်ဆက်ရအောင် ကိုယ်ကအရှုးမဟုတ်ပါဘူး"
ကိုစိုင်းနှင့် စကားပြောပြီးတာနဲ့ အိမ်ထဲသို့
ဝင်ကာ ပါးပါးကိုနှုတ်ဆက်စကားပြောလိုက်
သည်။ပါးပါးကလည်း ကျနော့်ကို ဆုံးမစကားတွေပြောလိုက်ပြီး လိမ်လိမ်မာမာနေဖို့လည်း ထပ်ဆုံးမလိုက်သေးသည်။ပါးပါးရဲ့ ဆုံးမစကားတွေကို နားထောင်ပြီးတာနဲ့ ဒေါ်ကျင်နှင့် ဦးကောင်းကိုနှုတ်ဆက်ကာ ကိုစိုင်းရဲ့ ကားပေါ်တက်လာလိုက်သည်။
ကြွေရုပ်နှင့်အတူတူ ကောင်းမှုကုသိုလ်လုပ်ဖို့ ဘုရားကို လာခဲ့လိုက်သည်။ ကားမောင်းလာတဲ့ လမ်းတစ်လျှောက် ဘေးနားကနေ အပြင်ဘက် ကိုငေးနေတဲ့ ကောင်လေးပျင်းနေမှာဆိုးလို့ ကားထဲကနေ သီချင်းလေး ဖွင့်ပေးလိုက်တယ်။
🎶ဟူး ဟူး ဟူ သွားကြမယ့်ချစ်ကမ္ဘာဘုံ...
လိုက် မလားကွယ် ခရီးကြမ်းတဲ့မေတ္တာဘုံ...
သီတာရေမြေ ခြားနေပါတယ် ထူးခြားတဲ့
သစ္စာဘုံ...
ယူဇနာတစ်ရာဝေးကွာရာကွယ် ဆန်းပြားတဲ့ မေတ္တာဘုံ...
ဟူ ဟူး ဟူး လိုက်ခဲ့မကွယ့်သည်းညှာပုံ...
မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်ယုံ...
အန္တရာယ်ရန်စွယ်မမူပါကွယ်...
မောင့်တစ်ယောက်အတွက် အသက်ကိုပုံ...
အချိန်နာရီတွေ မရွေးပါရှင်ရယ်...
မောင့်နောက်က လိုက်မယ်ယုံ...
မောင်သွားမှာ ဆန်းပြားတဲ့အရပ်ကိုပါ...
ဘယ်ကိုလဲကွယ် ပြောစမ်းကွယ့် မောင့်နေရာ...🎶
'ကမ္ဘာ့အပြင်ဘက်'သီချင်းလေးက ကားထဲသို့ပျံ့နှံ့လို့နေသည်။
ကြွေရုပ်က ကျုပ်ကိုခိုးကြည့်နေရင်း ကျုပ်နဲ့ အကြည့်ချင်းဆုံပြီး ရှက်နေရှာတယ်။
"ကိုစိုင်း ဘုရားမှာကပ်ဖို့ သပြေပန်းနှင့်နှင်းဆီ
ပန်းသွားဝယ်လိုက်အုန်းမယ်"
"ကိုယ် ဒီကစောင့်နေမယ်"
ဘုရားမှာကပ်လှူဖို့အတွက် သပြေပန်းနှင့် နှင်းဆီနီ နှစ်စည်းဝယ်ကာ ကိုစိုင်းစီပြန်လာခဲ့သည်။
ကိုစိုင်းအတွက် တစ်စည်းပေးကာ ကျနော်က တစ်စည်းယူပြီး ဘုရားရှိခိုးဖို့ပြင်ဆင်လိုက်
တယ်။
ဘေးမှာထိုင်ပြီး လက်အုပ်ချီရင်းဘုရားရှိခိုးနေတဲ့ ကောင်လေးကိုကြည့်ကာ ပြုံးနေမိသည်။ ဒီကောင်လေး ဘုရားရှိခိုးနေတာမိနစ်၂၀လောက်ရှိပြီ။ ခုထိမပြီးသေး..ဘာတွေ ရှိခိုးနေလို့ ဒီလောက်ကြာနေတာလဲ။
"ကိုစိုင်းပြန်ရအောင်လေ ညနေစောင်းတော့
မယ်"
"ဟုတ်ပြီ ပြန်ကြမယ်"
ဘုရားကနေ အိမ်သို့ပြန်လာခဲ့သည်။ ကျနော်က ပါးပါးအိမ်ကိုပြန်ရမယ်ထင်နေတာ
ဘယ်ဟုတ်မလဲကိုစိုင်းအိမ်ကိုသွားရမှာလေ။ အိမ်ထောင်ကျပြီးပြီဆိုတော့ မိဘနဲ့ခွဲနေရတာ ပဲ ကောင်းပါတယ်။ ၁နာရီကျော်လောက် ကားစီးပြီးနောက် ကိုစိုင်းရဲ့ အိမ်ကိုရောက်လာခဲ့
တယ်။
မပြောင်းလဲပဲရှိနေသော Maple(မေဘယ်လ်) ပင်နှင့် တစ်ခြားပန်းပင်တွေ။ ခြံထဲကို
ကြည့်လိုက်တော့ လွတ်နေတဲ့ မြေနေရာတွေ ရှိနေသေးသည်။ထိုလွတ်နေတဲ့နေရာမှာ
ကျူးလစ်မျိုးစေ့တွေဝယ်ပြီး ကျူးလစ်ပန်းတွေ စိတ်ရမယ်။
"ကိုယ့်ရဲ့ချစ်မဝလေးရေ အိမ်ထဲဝင်ကြရ
အောင်"
"အဲ့နာမ်စားကြီးကိုမခေါ်နဲ့ ကျနော်ရှက်တယ်"
"ကိုယ့်လင်ကို ချစ်မဝလေးလို့ခေါ်တာ ဘယ်သူ့ကိုစောက်ဂရုစိုက်ရမှာလဲ...စိုင်းထက်ဉာဏ်တဲ့ တစ်ဉာဏ်ထဲရှိတယ် ဘာမှတ်နေလဲ"
"တိုးတိုးပြောပါ"
အော်ကြီးဟစ်ကျယ်နဲ့ အော်ပြောနေတာကြောင့် ကိုစိုင်းရဲ့ပါးစပ်ကို လက်နှင့်ပိတ်ကာ တားလိုက်
ရတော့သည်။
"အိမ်ထဲသွားမယ် အကုန်လုံးစောင့်နေကြတယ်"
ကိုစိုင်းခေါ်ရာနောက်လိုက်လာပြီး အိမ်တံခါးဝရှေ့ရောက်တော့ အိမ်ထဲကလူတွေအားလုံးက ကျနော်တို့ကိုအရိုအသေပြုနေကြတယ်။ဒီလို
ပုံစံကြီးက ကျနော့်အတွက်နေရခက်လွန်းတယ်။
"ကြွေရုပ် ဒါက ကိုယ့်ရဲ့အတွင်းရေးမှူး၊ ဒါက ကြီးမြိုင်တဲ့ အိမ်တော်ထိန်း၊ကျန်တဲ့သူတွေက အိမ်ရဲ့အလုပ်သမားတွေ"
"ကျနော်ရော မိတ်ဆက်ပေးရအုန်းမလား"
ဆိုပြီး နားနားကပ်ပြီး တိုးတိုးလေးမေးလာသော ကြွေရုပ်ကြောင့် ဟက်ခနဲရီကာ ခေါင်းခါယမ်းလိုက်သည်။
"သားကြီးစိုင်းက ကြွေရုပ်ရဲ့အကြောင်းပြောပြပြီးပြီ သားမိတ်ဆက်စရာမလိုတော့ဘူး"
"ဟုတ်ကဲ့ ကြီးမြိုင်..ကိုစိုင်းနော်ဘာတွေ
လျှောက်ပြောထားမှန်းမသိဘူး"
နှုတ်ခမ်းလေးထော်ကာ ဆူပုတ်ပုတ်နဲ့ပြောလာသော ကြွေရုပ်ကိုစိတ်မရှည်စွာနဲ့ ပွေ့ချီ၍ အခန်းစီသို့တက်လာလိုက်သည်။ကြွေရုပ်ကတော့ ကျုပ်ရင်ခွင်ထဲတိုးဝင်၍ငြိမ်ငြိမ်လေး လိုက်လာသည်။အခန်းကိုလက်ဗွေရာနဲ့လုပ်ထားတာကြောင့် ကျုပ်နဲ့ ကြွေရုပ်ကလွဲလို့ ဘယ်သူမှအခန်းထဲဝင်လို့မရ။အခန်းတံခါးပွင့်သွားတာနဲ့ မွေ့ယာပေါ်ကိုပစ်ချလိုက်သည်။
မြုပ်သွားသောခန္ဓာကိုယ်လေးပြန်ပေါ်လာချိန် အောက်က ကလေးငယ်က ကျုပ်ကိုတွန်းကာ ကုတင်ပေါ်မှဆင်းဖို့လုပ်နေတာကြောင့် အပေါ်ကနေ အုပ်မိုးလိုက်သည်။
"ကိုစိုင်း..ဖယ်..ဖယ်ပါ"
"ဟင့်အင်း မဖယ်ချင်ပါဘူး"
ကိုစိုင်း ရင်ဘတ်ကို လက်နဲ့ထုကာ တွန်းဖယ်
သော်လည်း ကိုစိုင်းရဲ့ခန္ဓာကိုယ်က နည်းနည်းလေးမှမရွေ့။
ကျုပ်ရင်ဘတ်ကို လက်နဲတွန်းထုတ်နေသော ကြွေရုပ်ရဲ့လက်နှစ်ဖက်ကို ကိုင်ကာ အပေါ်သို့ မြှောက်လ်ိုက်သည်။
"ဘယ်လိုလဲ မင်္ဂလာခန်းဝင်ပစ္စည်းတွေကို
ကြိုက်ရဲ့လား"
ကိုစိုင်းပြောမှ အခန်းထဲကိုကြည့်မိတယ်... အသုံးအဆောင်တွေ၊စောင်တွေ၊ခေါင်းအုံးတွေက အစ..အဝါရောင်တွေဖြစ်နေတယ်။
"ကဲ ဖြည်းဖြည်းချင်းကြည့်...ကိုယ်ရေချိုး
လိုက်အုန်းမယ် ကြွေရုပ်ရောမချိုးသေးဘူးလား"
"မချိုးချင်သေးလို့ပါ"
"ဒါမှ မဟုတ် အတူတူချိုးကြမလား"
"ကိုစိုင်း...!"
"ဟုတ်ပါပြီ မစတော့ပါဘူး"
ကိုစိုင်းရေချိုးခန်းထဲသို့ သွားချိန် အခန်းထဲသို့ လျှောက်ပတ်ကြည့်ကာ ကိုစိုင်းအတွက် အဝတ်အစားထုတ်ပေးပြီး ပြတင်းပေါက်ကနေ ခြံထဲကိုကြည့်နေမိသည်။ အလုပ်သမားတွေကတော့ အလုပ်တွေကိုယ်စီလုပ်နေကြတာပေါ့။ ပျင်းတာနဲ့ ကုတင်ပေါ်မှာထိုင်ကာ ကိုစိုင်းကို စောင့်နေလိုက်သည်။
ရေချိုးခန်းထဲက ထွက်လာသော ကိုစိုင်း က်ို
ငေးရင်း အသက်ရှုဖို့ပါမေ့။ ကိုစိုင်းရဲ့
ယောကျာ်းပီသလှသော ခန္ဓာကိုယ်၊ ရိတ်ထားခါစ နှုတ်ခမ်းမွေးစိမ်းစိမ်း၊ ရေစိုနေသော ဆံပင် ကအစ ကြည့်လို့ကောင်းနေသည်။
"ကြွေရုပ်နော် ကိုယ်ရှက်လာပြီ ဘာမှန်းလဲမသိဘူး လူကိုစိုက်ကြည့်နေတာ ဟွန်း..!"
ဒီလူကြီးက မုန်းဖို့ကောင်းလိုက်တာ...သူကပဲ ကျနော့်ကိုပြောရတယ်ရှိသေး...။
"မဟုတ်တာတွေပြောမနေနဲ့ မြန်မြန်အဝတ်လဲ ညစာစားကျမယ်"
"ညစာ..လား အစောကြီးပဲရှိသေးတယ်
စား ခံ ချင် နေတာလား ကိုယ်က ဘယ် ချိန် ဖြစ်ဖြစ် ရတယ်နော်"
လူကို အပေါ်အောက် သေချာကြည့်ကာ တစ်လုံးချင်းပြောလာသော ကိုစိုင်းကြောင့် ကြက်သီးတွေတောက်ထမိတယ်။
"နှာဘူးကြီး အောက်ထပ်ကိုအရင်ဆင်းပြီ အကျီဝတ်ပြီး လာခဲ့တော့"
"ဟုတ်ပါပြီဗျ"
ရှက်ပြီး အခန်းထဲကထွက်သွားသော
ကောင်လေးကို မနာလိုစိတ်နဲ့ ကြည့်နေသော မျက်လုံးတစ်စုံရှိတယ်ဆိုတာကို
ကြွေရုပ်တစ်ယောက်သိနိုင်ပါ့မလား...?
အိပ်ကပ်ထဲက ဖုန်းကိုထုတ်ကာ ဖုန်းနံပါတ်အချို့ကို ရိုက်နှိပ်ပြီး ဖုန်းခေါ်နေတဲ့အသံကိုကြားလိုက်ရတယ်။ တစ်ဖက်လူရဲ့ ပြောသံကို မကြားရပေမယ့် ထိုကောင်မလေးပြောသံကိုတော့ သေသေချာချာကြားနေရသည်။
"ဟုတ်ကဲ့..သေချာစောင့်ကြည့်ထားလိုက်ပါ
မယ်" "မမလေး..ဘာမှစိတ်မပူနဲ့"
"အကြောင်းအရာမှန်သမျှကို ပြန်ပြီးအစီအရင် ခံပါ့မယ် မမလေး"
ဘာကိုစောင့်ကြည့်မှာလဲ...?
မမလေးဆိုတဲ့သူက ဘယ်သူလဲ...?
"ရော့..ကိိုစိုင်းက အသက်ကြီးလို့ အရင်ဦးချတာ"
"ဟာ...ကိုယ့်အသက်က အဲ့လောက်လဲမကြီးသေးပါဘူး"
"ဘာလဲ ကျနော်ဦးချတဲ့ ဟင်းတွေမစားချင်လို့လား"
ဟင်းခွက်ထဲက ဟင်းတွေကိုနှိုက်ကာ ကျုပ်
ပန်းကန်ထဲ လာထည့်နေသော ကြွေရုပ်ကိုပြောလို့မနိုင်ပါ။ ပြောလိုက်ရင်နှုတ်ခမ်းစူပြီး
စိတ်ကောက်သေးသည်။
"ကြီးမြိုင်ချက်တဲ့ဟင်းတွေက ကောင်းလွန်းလို့ အိမ်က ဒေါ်ကျင်ကိုတောင်သတိရလာပြီ"
"ဟုတ်လား နောက်ဆို ကြီးမြိုင်ကချက်ကျွေး
မယ်လေ"
"ကတိနော်..."
အဟမ်း...!
ကြီးမြိုင်နဲ့ ကျနော့်ရဲ့ စကားဝိုင်းလေးကို
ချောင်းဟန့်သံတစ်ခုက ဖျက်စီးလိုက်သည်။ အဲ့ချောင်းဟန့်သံရဲ့ပိုင်ရှင်က ကိုစိုင်းပေါ့ မျက်မှောင်ကြီး ကျုံ့ကာ စားပွဲဝိုင်းမှာထိုင်နေ သော ကိုစိုင်းကို ဘာစကားမှဆက်မပြောဘဲ ထမင်းသာဆက်စားလိုက်သည်။
ဒီကောင်လေး ဘယ်ရောက်သွားလဲမသိဘူး။ ထမင်းစားပြီးကတည်းက ပျောက်သွားတာ ခုထိပဲ။ ဧည့်ခန်းထဲမှာလည်းမရှိ၊မီးဖိုချောင်ထဲမှာလဲမရှိ၊ခြံထဲမှာလည်းမရှိ ရှာနေတာနှံ့နေပြီ ရှာမတွေ့ဘူး။ အပေါ်ထပ်ကအခန်းထဲမှာလား။
အပေါ်ထပ်အခန်းထဲရှာကြည့်တော့လဲမတွေ့ အခန်းထဲက ပြန်ထွက်မယ်ပြင်တုန်း ရေချိုးခန်းတံခါးဖွင့်သံကြားလိုက်ရတယ်။
ချက်!
တံခါးဖွင့်သံနဲ့အတူထွက်ပေါ်လာသော ပေါင်တံဖြူဖြူလေး။ အောက်ပိုင်းသပတ်တစ်ထည်ကို
ပတ်ကာ ဖြူစွတ်စွတ်အသားအရေ၊ချယ်ရီသီိးလို နီရဲနေသော နှုတ်ခမ်းသား၊ရေစိုနေသော ဆံနွယ်၊ ကော့ပြောင်းနေသော မျက်တောင်မွေး ကိုပိုင်ဆိုင်ထားတဲ့ ကြွေရုင်ကိုမြင်ကာ ကျုပ်သူ့ကိုပြေးဖက်ပြီး မွေ့ယာပေါ်ပစ်တင်လိုက်တယ်။
ကြွေရုပ်ရဲ့ ပြောသံတွေကို နားမထောင်ဘဲ
နှုတ်ခမ်းသားတွေကို စုပ်ယူလိုက်တယ်။ အချိန် အတော်ကြာ လွတ်မပေးဘဲ အငမ်းမရနမ်းပြီးနောက် ဖြူဖွေးနေသော လည်တိုင်ဆီသို့...။
ကြွေရုပ်ရဲ့ လည်တိုင်မှာ အမှတ်ရာတွေလုပ်ပြီးနောက် တစ်ဖြည်းဖြည်းအောက်သို့ဆင်းကာ ဆီးခုံဆီသို့...
"အ့ ကိုစိုင်း..အဲ့ကိုမလုပ်ပါနဲ့.."
"ကိုယ်ကမလုပ်ရင် ဘာလုပ်ရမှာလဲ"
ကျုပ်ခေါင်းကို အတင်းတွန်းထုတ်နေသော ကြွေရုပ်လက်ကို ဆွဲကာ ကျုပ်ရဲ့ တာဝန်ကို
ပြန်စလိုက်သည်။
အခန်းလေးကတော့ အော်သံ၊ငြီးသံတွေနဲ့အတူ ပြည့်နှက်လို့နေခဲ့သည်။အဲ့လိုနဲ့ မင်္ဂလာဦးညလေး ကုန်ဆုံးလို့သွားခဲ့သည်။
မင်္ဂလာဦးညဆိုသည်မှာ အကြင်လင်မယားတွအတွက် အဓိပ္ပာယ်အရှိဆုံးညတစ်ည ဖြစ်သည်။
La Yaung Nge( 8 .4.2022)
အကြောင်းအမျိုးမျိုးကြောင့် 'ဝဲ'လေး
up တာကြာသွားတဲ့အတွက်တောင်းပန်ပါတယ်။
မင်္ဂလာအခန်းလေးပါ ကြွေရုပ်ရဲ့fav colour လေး
အခ်ိန္ေတြကုန္လာတာနဲ႔အမွ် က်ဳပ္ႏွင့္
ေႂကြ႐ုပ္တို႔ရဲ႕ မဂၤလာေဆာင္မယ့္ရက္သို႔ေရာက္လာခဲ့တယ္။ ေယာက်ာ္းေလးႏွစ္ေယာက္ လက္ထပ္ရင္ ပတ္ဝန္းက်င္ရဲ႕ အတင္းအဖ်င္း ေျပာသံေတြကို ေႂကြ႐ုပ္က သိပ္ေၾကာက္တာ။ မဂၤလာေဆာင္ကို ခမ္းခမ္းနားနားလုပ္ဖို႔စီစဥ္
ထားေသာ္လည္း "ေႂကြ႐ုပ္က ပိုက္ဆံေတြ
အရမ္းေတြ ကုန္ေနမယ္ ကိုစိုင္း..႐ုံးတက္
လက္မွတ္ထိုးၿပီး မဂၤလာဆြမ္းေကြၽးလုပ္မယ္
ေလ" လို႔ေျပာလို႔ သေဘာတူလိုက္ရတယ္။
"ကိုစိုင္းမဂၤလာဆြမ္းေကြၽးၿပီးၿပီဆိုေတာ့
က်ေနာ္တို႔ဘုရားသြားၿပီး ေကာင္းမႈကုသိုလ္
ေလး လုပ္ရေအာင္"
"ကိုယ့္အခ်စ္ေလးရဲ႕ သေဘာပါဗ်..ခုေတာ့ ေႂကြ႐ုပ္ရဲ႕ ပါးပါးကိုႏႈတ္ဆက္လိုက္အုန္း
ဒီေန႔ကစၿပီးေႂကြ႐ုပ္က ကိုယ့္အိမ္မွာလိုက္ေနရမွာ"
"ကိုစိုင္းအိမ္မွာ လိုက္ေနတယ္ဆိုၿပီး က်ေနာ့္ကို မႏွိပ္ဆက္နဲ႔ ..ႏွိပ္ဆက္ရင္ က်ေနာ္က ကိုစိုင္းစီကေန ထြက္ေျပးလာမွာ ဟြန္း..."
"ကိုယ့္ရဲ႕ ဒီခ်စ္မဝေလးကို ႏွိပ္ဆက္ရေအာင္ ကိုယ္ကအရႈးမဟုတ္ပါဘူး"
ကိုစိုင္းႏွင့္ စကားေျပာၿပီးတာနဲ႔ အိမ္ထဲသို႔
ဝင္ကာ ပါးပါးကိုႏႈတ္ဆက္စကားေျပာလိုက္
သည္။ပါးပါးကလည္း က်ေနာ့္ကို ဆုံးမစကားေတြေျပာလိုက္ၿပီး လိမ္လိမ္မာမာေနဖို႔လည္း ထပ္ဆုံးမလိုက္ေသးသည္။ပါးပါးရဲ႕ ဆုံးမစကားေတြကို နားေထာင္ၿပီးတာနဲ႔ ေဒၚက်င္ႏွင့္ ဦးေကာင္းကိုႏႈတ္ဆက္ကာ ကိုစိုင္းရဲ႕ ကားေပၚတက္လာလိုက္သည္။
ေႂကြ႐ုပ္ႏွင့္အတူတူ ေကာင္းမႈကုသိုလ္လုပ္ဖို႔ ဘုရားကို လာခဲ့လိုက္သည္။ ကားေမာင္းလာတဲ့ လမ္းတစ္ေလွ်ာက္ ေဘးနားကေန အျပင္ဘက္ ကိုေငးေနတဲ့ ေကာင္ေလးပ်င္းေနမွာဆိုးလို႔ ကားထဲကေန သီခ်င္းေလး ဖြင့္ေပးလိုက္တယ္။
🎶ဟူး ဟူး ဟူ သြားၾကမယ့္ခ်စ္ကမာၻဘုံ...
လိုက္ မလားကြယ္ ခရီးၾကမ္းတဲ့ေမတၱာဘုံ...
သီတာေရေျမ ျခားေနပါတယ္ ထူးျခားတဲ့
သစၥာဘုံ...
ယူဇနာတစ္ရာေဝးကြာရာကြယ္ ဆန္းျပားတဲ့ ေမတၱာဘုံ...
ဟူ ဟူး ဟူး လိုက္ခဲ့မကြယ့္သည္းညႇာပုံ...
ေမာင္သြားရာ ဖဝါးထပ္မွ်လိုက္မယ္ယုံ...
အႏၲရာယ္ရန္စြယ္မမူပါကြယ္...
ေမာင့္တစ္ေယာက္အတြက္ အသက္ကိုပုံ...
အခ်ိန္နာရီေတြ မေ႐ြးပါရွင္ရယ္...
ေမာင့္ေနာက္က လိုက္မယ္ယုံ...
ေမာင္သြားမွာ ဆန္းျပားတဲ့အရပ္ကိုပါ...
ဘယ္ကိုလဲကြယ္ ေျပာစမ္းကြယ့္ ေမာင့္ေနရာ...🎶
'ကမာၻ႔အျပင္ဘက္'သီခ်င္းေလးက ကားထဲသို႔ပ်ံ႕ႏွံ႔လို႔ေနသည္။
ေႂကြ႐ုပ္က က်ဳပ္ကိုခိုးၾကည့္ေနရင္း က်ဳပ္နဲ႔ အၾကည့္ခ်င္းဆုံၿပီး ရွက္ေနရွာတယ္။
"ကိုစိုင္း ဘုရားမွာကပ္ဖို႔ သေျပပန္းႏွင့္ႏွင္းဆီ
ပန္းသြားဝယ္လိုက္အုန္းမယ္"
"ကိုယ္ ဒီကေစာင့္ေနမယ္"
ဘုရားမွာကပ္လႉဖို႔အတြက္ သေျပပန္းႏွင့္ ႏွင္းဆီနီ ႏွစ္စည္းဝယ္ကာ ကိုစိုင္းစီျပန္လာခဲ့သည္။
ကိုစိုင္းအတြက္ တစ္စည္းေပးကာ က်ေနာ္က တစ္စည္းယူၿပီး ဘုရားရွိခိုးဖို႔ျပင္ဆင္လိုက္
တယ္။
ေဘးမွာထိုင္ၿပီး လက္အုပ္ခ်ီရင္းဘုရားရွိခိုးေနတဲ့ ေကာင္ေလးကိုၾကည့္ကာ ၿပဳံးေနမိသည္။ ဒီေကာင္ေလး ဘုရားရွိခိုးေနတာမိနစ္၂၀ေလာက္ရွိၿပီ။ ခုထိမၿပီးေသး..ဘာေတြ ရွိခိုးေနလို႔ ဒီေလာက္ၾကာေနတာလဲ။
"ကိုစိုင္းျပန္ရေအာင္ေလ ညေနေစာင္းေတာ့
မယ္"
"ဟုတ္ၿပီ ျပန္ၾကမယ္"
ဘုရားကေန အိမ္သို႔ျပန္လာခဲ့သည္။ က်ေနာ္က ပါးပါးအိမ္ကိုျပန္ရမယ္ထင္ေနတာ
ဘယ္ဟုတ္မလဲကိုစိုင္းအိမ္ကိုသြားရမွာေလ။ အိမ္ေထာင္က်ၿပီးၿပီဆိုေတာ့ မိဘနဲ႔ခြဲေနရတာ ပဲ ေကာင္းပါတယ္။ ၁နာရီေက်ာ္ေလာက္ ကားစီးၿပီးေနာက္ ကိုစိုင္းရဲ႕ အိမ္ကိုေရာက္လာခဲ့
တယ္။
မေျပာင္းလဲပဲရွိေနေသာ Maple(ေမဘယ္လ္) ပင္ႏွင့္ တစ္ျခားပန္းပင္ေတြ။ ၿခံထဲကို
ၾကည့္လိုက္ေတာ့ လြတ္ေနတဲ့ ေျမေနရာေတြ ရွိေနေသးသည္။ထိုလြတ္ေနတဲ့ေနရာမွာ
က်ဴးလစ္မ်ိဳးေစ့ေတြဝယ္ၿပီး က်ဴးလစ္ပန္းေတြ စိတ္ရမယ္။
"ကိုယ့္ရဲ႕ခ်စ္မဝေလးေရ အိမ္ထဲဝင္ၾကရ
ေအာင္"
"အဲ့နာမ္စားႀကီးကိုမေခၚနဲ႔ က်ေနာ္ရွက္တယ္"
"ကိုယ့္လင္ကို ခ်စ္မဝေလးလို႔ေခၚတာ ဘယ္သူ႔ကိုေစာက္ဂ႐ုစိုက္ရမွာလဲ...စိုင္းထက္ဉာဏ္တဲ့ တစ္ဉာဏ္ထဲရွိတယ္ ဘာမွတ္ေနလဲ"
"တိုးတိုးေျပာပါ"
ေအာ္ႀကီးဟစ္က်ယ္နဲ႔ ေအာ္ေျပာေနတာေၾကာင့္ ကိုစိုင္းရဲ႕ပါးစပ္ကို လက္ႏွင့္ပိတ္ကာ တားလိုက္
ရေတာ့သည္။
"အိမ္ထဲသြားမယ္ အကုန္လုံးေစာင့္ေနၾကတယ္"
ကိုစိုင္းေခၚရာေနာက္လိုက္လာၿပီး အိမ္တံခါးဝေရွ႕ေရာက္ေတာ့ အိမ္ထဲကလူေတြအားလုံးက က်ေနာ္တို႔ကိုအ႐ိုအေသျပဳေနၾကတယ္။ဒီလို
ပုံစံႀကီးက က်ေနာ့္အတြက္ေနရခက္လြန္းတယ္။
"ေႂကြ႐ုပ္ ဒါက ကိုယ့္ရဲ႕အတြင္းေရးမႉး၊ ဒါက ႀကီးၿမိဳင္တဲ့ အိမ္ေတာ္ထိန္း၊က်န္တဲ့သူေတြက အိမ္ရဲ႕အလုပ္သမားေတြ"
"က်ေနာ္ေရာ မိတ္ဆက္ေပးရအုန္းမလား"
ဆိုၿပီး နားနားကပ္ၿပီး တိုးတိုးေလးေမးလာေသာ ေႂကြ႐ုပ္ေၾကာင့္ ဟက္ခနဲရီကာ ေခါင္းခါယမ္းလိုက္သည္။
"သားႀကီးစိုင္းက ေႂကြ႐ုပ္ရဲ႕အေၾကာင္းေျပာျပၿပီးၿပီ သားမိတ္ဆက္စရာမလိုေတာ့ဘူး"
"ဟုတ္ကဲ့ ႀကီးၿမိဳင္..ကိုစိုင္းေနာ္ဘာေတြ
ေလွ်ာက္ေျပာထားမွန္းမသိဘူး"
ႏႈတ္ခမ္းေလးေထာ္ကာ ဆူပုတ္ပုတ္နဲ႔ေျပာလာေသာ ေႂကြ႐ုပ္ကိုစိတ္မရွည္စြာနဲ႔ ေပြ႕ခ်ီ၍ အခန္းစီသို႔တက္လာလိုက္သည္။ေႂကြ႐ုပ္ကေတာ့ က်ဳပ္ရင္ခြင္ထဲတိုးဝင္၍ၿငိမ္ၿငိမ္ေလး လိုက္လာသည္။အခန္းကိုလက္ေဗြရာနဲ႔လုပ္ထားတာေၾကာင့္ က်ဳပ္နဲ႔ ေႂကြ႐ုပ္ကလြဲလို႔ ဘယ္သူမွအခန္းထဲဝင္လို႔မရ။အခန္းတံခါးပြင့္သြားတာနဲ႔ ေမြ႕ယာေပၚကိုပစ္ခ်လိုက္သည္။
ျမဳပ္သြားေသာခႏၶာကိုယ္ေလးျပန္ေပၚလာခ်ိန္ ေအာက္က ကေလးငယ္က က်ဳပ္ကိုတြန္းကာ ကုတင္ေပၚမွဆင္းဖို႔လုပ္ေနတာေၾကာင့္ အေပၚကေန အုပ္မိုးလိုက္သည္။
"ကိုစိုင္း..ဖယ္..ဖယ္ပါ"
"ဟင့္အင္း မဖယ္ခ်င္ပါဘူး"
ကိုစိုင္း ရင္ဘတ္ကို လက္နဲ႔ထုကာ တြန္းဖယ္
ေသာ္လည္း ကိုစိုင္းရဲ႕ခႏၶာကိုယ္က နည္းနည္းေလးမွမေ႐ြ႕။
က်ဳပ္ရင္ဘတ္ကို လက္နဲတြန္းထုတ္ေနေသာ ေႂကြ႐ုပ္ရဲ႕လက္ႏွစ္ဖက္ကို ကိုင္ကာ အေပၚသို႔ ေျမႇာက္လ္ိုက္သည္။
"ဘယ္လိုလဲ မဂၤလာခန္းဝင္ပစၥည္းေတြကို
ႀကိဳက္ရဲ႕လား"
ကိုစိုင္းေျပာမွ အခန္းထဲကိုၾကည့္မိတယ္... အသုံးအေဆာင္ေတြ၊ေစာင္ေတြ၊ေခါင္းအုံးေတြက အစ..အဝါေရာင္ေတြျဖစ္ေနတယ္။
"ကဲ ျဖည္းျဖည္းခ်င္းၾကည့္...ကိုယ္ေရခ်ိဳး
လိုက္အုန္းမယ္ ေႂကြ႐ုပ္ေရာမခ်ိဳးေသးဘူးလား"
"မခ်ိဳးခ်င္ေသးလို႔ပါ"
"ဒါမွ မဟုတ္ အတူတူခ်ိဳးၾကမလား"
"ကိုစိုင္း...!"
"ဟုတ္ပါၿပီ မစေတာ့ပါဘူး"
ကိုစိုင္းေရခ်ိဳးခန္းထဲသို႔ သြားခ်ိန္ အခန္းထဲသို႔ ေလွ်ာက္ပတ္ၾကည့္ကာ ကိုစိုင္းအတြက္ အဝတ္အစားထုတ္ေပးၿပီး ျပတင္းေပါက္ကေန ၿခံထဲကိုၾကည့္ေနမိသည္။ အလုပ္သမားေတြကေတာ့ အလုပ္ေတြကိုယ္စီလုပ္ေနၾကတာေပါ့။ ပ်င္းတာနဲ႔ ကုတင္ေပၚမွာထိုင္ကာ ကိုစိုင္းကို ေစာင့္ေနလိုက္သည္။
ေရခ်ိဳးခန္းထဲက ထြက္လာေသာ ကိုစိုင္း က္ို
ေငးရင္း အသက္ရႈဖို႔ပါေမ့။ ကိုစိုင္းရဲ႕
ေယာက်ာ္းပီသလွေသာ ခႏၶာကိုယ္၊ ရိတ္ထားခါစ ႏႈတ္ခမ္းေမြးစိမ္းစိမ္း၊ ေရစိုေနေသာ ဆံပင္ ကအစ ၾကည့္လို႔ေကာင္းေနသည္။
"ေႂကြ႐ုပ္ေနာ္ ကိုယ္ရွက္လာၿပီ ဘာမွန္းလဲမသိဘူး လူကိုစိုက္ၾကည့္ေနတာ ဟြန္း..!"
ဒီလူႀကီးက မုန္းဖို႔ေကာင္းလိုက္တာ...သူကပဲ က်ေနာ့္ကိုေျပာရတယ္ရွိေသး...။
"မဟုတ္တာေတြေျပာမေနနဲ႔ ျမန္ျမန္အဝတ္လဲ ညစာစားက်မယ္"
"ညစာ..လား အေစာႀကီးပဲရွိေသးတယ္
စား ခံ ခ်င္ ေနတာလား ကိုယ္က ဘယ္ ခ်ိန္ ျဖစ္ျဖစ္ ရတယ္ေနာ္"
လူကို အေပၚေအာက္ ေသခ်ာၾကည့္ကာ တစ္လုံးခ်င္းေျပာလာေသာ ကိုစိုင္းေၾကာင့္ ၾကက္သီးေတြေတာက္ထမိတယ္။
"ႏွာဘူးႀကီး ေအာက္ထပ္ကိုအရင္ဆင္းၿပီ အက်ီဝတ္ၿပီး လာခဲ့ေတာ့"
"ဟုတ္ပါၿပီဗ်"
ရွက္ၿပီး အခန္းထဲကထြက္သြားေသာ
ေကာင္ေလးကို မနာလိုစိတ္နဲ႔ ၾကည့္ေနေသာ မ်က္လုံးတစ္စုံရွိတယ္ဆိုတာကို
ေႂကြ႐ုပ္တစ္ေယာက္သိႏိုင္ပါ့မလား...?
အိပ္ကပ္ထဲက ဖုန္းကိုထုတ္ကာ ဖုန္းနံပါတ္အခ်ိဳ႕ကို ႐ိုက္ႏွိပ္ၿပီး ဖုန္းေခၚေနတဲ့အသံကိုၾကားလိုက္ရတယ္။ တစ္ဖက္လူရဲ႕ ေျပာသံကို မၾကားရေပမယ့္ ထိုေကာင္မေလးေျပာသံကိုေတာ့ ေသေသခ်ာခ်ာၾကားေနရသည္။
"ဟုတ္ကဲ့..ေသခ်ာေစာင့္ၾကည့္ထားလိုက္ပါ
မယ္" "မမေလး..ဘာမွစိတ္မပူနဲ႔"
"အေၾကာင္းအရာမွန္သမွ်ကို ျပန္ၿပီးအစီအရင္ ခံပါ့မယ္ မမေလး"
ဘာကိုေစာင့္ၾကည့္မွာလဲ...?
မမေလးဆိုတဲ့သူက ဘယ္သူလဲ...?
"ေရာ့..ကိိုစိုင္းက အသက္ႀကီးလို႔ အရင္ဦးခ်တာ"
"ဟာ...ကိုယ့္အသက္က အဲ့ေလာက္လဲမႀကီးေသးပါဘူး"
"ဘာလဲ က်ေနာ္ဦးခ်တဲ့ ဟင္းေတြမစားခ်င္လို႔လား"
ဟင္းခြက္ထဲက ဟင္းေတြကိုႏႈိက္ကာ က်ဳပ္
ပန္းကန္ထဲ လာထည့္ေနေသာ ေႂကြ႐ုပ္ကိုေျပာလို႔မႏိုင္ပါ။ ေျပာလိုက္ရင္ႏႈတ္ခမ္းစူၿပီး
စိတ္ေကာက္ေသးသည္။
"ႀကီးၿမိဳင္ခ်က္တဲ့ဟင္းေတြက ေကာင္းလြန္းလို႔ အိမ္က ေဒၚက်င္ကိုေတာင္သတိရလာၿပီ"
"ဟုတ္လား ေနာက္ဆို ႀကီးၿမိဳင္ကခ်က္ေကြၽး
မယ္ေလ"
"ကတိေနာ္..."
အဟမ္း...!
ႀကီးၿမိဳင္နဲ႔ က်ေနာ့္ရဲ႕ စကားဝိုင္းေလးကို
ေခ်ာင္းဟန႔္သံတစ္ခုက ဖ်က္စီးလိုက္သည္။ အဲ့ေခ်ာင္းဟန႔္သံရဲ႕ပိုင္ရွင္က ကိုစိုင္းေပါ့ မ်က္ေမွာင္ႀကီး က်ဳံ႔ကာ စားပြဲဝိုင္းမွာထိုင္ေန ေသာ ကိုစိုင္းကို ဘာစကားမွဆက္မေျပာဘဲ ထမင္းသာဆက္စားလိုက္သည္။
ဒီေကာင္ေလး ဘယ္ေရာက္သြားလဲမသိဘူး။ ထမင္းစားၿပီးကတည္းက ေပ်ာက္သြားတာ ခုထိပဲ။ ဧည့္ခန္းထဲမွာလည္းမရွိ၊မီးဖိုေခ်ာင္ထဲမွာလဲမရွိ၊ၿခံထဲမွာလည္းမရွိ ရွာေနတာႏွံ႔ေနၿပီ ရွာမေတြ႕ဘူး။ အေပၚထပ္ကအခန္းထဲမွာလား။
အေပၚထပ္အခန္းထဲရွာၾကည့္ေတာ့လဲမေတြ႕ အခန္းထဲက ျပန္ထြက္မယ္ျပင္တုန္း ေရခ်ိဳးခန္းတံခါးဖြင့္သံၾကားလိုက္ရတယ္။
ခ်က္!
တံခါးဖြင့္သံနဲ႔အတူထြက္ေပၚလာေသာ ေပါင္တံျဖဴျဖဴေလး။ ေအာက္ပိုင္းသပတ္တစ္ထည္ကို
ပတ္ကာ ျဖဴစြတ္စြတ္အသားအေရ၊ခ်ယ္ရီသီိးလို နီရဲေနေသာ ႏႈတ္ခမ္းသား၊ေရစိုေနေသာ ဆံႏြယ္၊ ေကာ့ေျပာင္းေနေသာ မ်က္ေတာင္ေမြး ကိုပိုင္ဆိုင္ထားတဲ့ ေႂကြ႐ုင္ကိုျမင္ကာ က်ဳပ္သူ႔ကိုေျပးဖက္ၿပီး ေမြ႕ယာေပၚပစ္တင္လိုက္တယ္။
ေႂကြ႐ုပ္ရဲ႕ ေျပာသံေတြကို နားမေထာင္ဘဲ
ႏႈတ္ခမ္းသားေတြကို စုပ္ယူလိုက္တယ္။ အခ်ိန္ အေတာ္ၾကာ လြတ္မေပးဘဲ အငမ္းမရနမ္းၿပီးေနာက္ ျဖဴေဖြးေနေသာ လည္တိုင္ဆီသို႔...။
ေႂကြ႐ုပ္ရဲ႕ လည္တိုင္မွာ အမွတ္ရာေတြလုပ္ၿပီးေနာက္ တစ္ျဖည္းျဖည္းေအာက္သို႔ဆင္းကာ ဆီးခုံဆီသို႔...
"အ့ ကိုစိုင္း..အဲ့ကိုမလုပ္ပါနဲ႔.."
"ကိုယ္ကမလုပ္ရင္ ဘာလုပ္ရမွာလဲ"
က်ဳပ္ေခါင္းကို အတင္းတြန္းထုတ္ေနေသာ ေႂကြ႐ုပ္လက္ကို ဆြဲကာ က်ဳပ္ရဲ႕ တာဝန္ကို
ျပန္စလိုက္သည္။
အခန္းေလးကေတာ့ ေအာ္သံ၊ၿငီးသံေတြနဲ႔အတူ ျပည့္ႏွက္လို႔ေနခဲ့သည္။အဲ့လိုနဲ႔ မဂၤလာဦးညေလး ကုန္ဆုံးလို႔သြားခဲ့သည္။
မဂၤလာဦးညဆိုသည္မွာ အၾကင္လင္မယားတြအတြက္ အဓိပၸာယ္အရွိဆုံးညတစ္ည ျဖစ္သည္။
La Yaung Nge( 8 .4.2022)
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ 'ဝဲ'ေလး
up တာၾကာသြားတဲ့အတြက္ေတာင္းပန္ပါတယ္။
မဂၤလာအခန္းေလးပါ ေႂကြ႐ုပ္ရဲ႕fav colour ေလး