ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ

By ANawLay

112K 9.6K 300

ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ေကာ္ေတြပြင့္တာျမင္ေ... More

Intro
Part 1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24 (End)

Part 3

4.4K 413 6
By ANawLay


Uni
ဆေးခန်းမှာ အစ်ကိုဖြစ်သူကို အလုပ်တွေကူလုပ်ပေးနေပေမယ့် ခင်ထွေးမွန်စိတ်တွေက ဆေးခန်းမှာမရှိ ။ ညနေစောင်းကိုသာ မြန်မြန်ရောက်စေချင်နေသည် ။

ငေးငေးငိုင်ငိုင်ဖြစ်နေတဲ့ ညီမကို မင်းလွင်သတိထားပြီးကြည့်နေမိသည် ။

စားပွဲခုံကိုလက်ထောက်ကာ ခေါင်းကို ဟိုဘက်စောင်းလိုက် ၊ ဒီဘက်စောင်းလိုက် ၊ အပေါ်မော့လိုက် ၊ အောက်ပြန်ချလိုက်လုပ်နေသည့် ထွေးကိုကြည့်ကာ မင်းလွင်ခေါင်းကိုကုတ်နေမိသည် ။

" ဟဲ့ အငယ်မ "

" ရှင် အစ်ကို "

" နင် ဘာတွေများ အဲ့လောက်ထိတွေးတောနေတာရတာတုန်း "

" မကံ့ကော် ...သြော် ယောင်လို့ ..ကံ့ကော်ပန်းတွေမနေ့က ဘုရားကိုကပ်ဖြစ်လားလို့ပြန်စဥ်းစားနေတာ .... "

" ငယ်ငယ်ရွယ်ရွယ်နဲ့ သတိတွေကောင်းနေတာပေါ့ "

" အဟီး "

​ထွေး အစ်ကိုဖြစ်သူကို ပြုံးပြလိုက်သည် ။ 

ညနေစောင်းလို့ ဆေးခန်းပိတ်ချိန်ရောက်တော့ ထွေးမျက်နှာက ပြုံးပျော်နေသည် ။

မင်းလွင်ကတော့ သူ့ညီမကိုကြည့်ပြီး ခေါင်းကိုသာခါရမ်းလိုက်သည် ။

" ဟဲ့ အဲ့ဒါငါ့နားကြပ်ဟ ..." မင်းလွင် အလန့်တကြားအော်လိုက်သည် ။

အမှိုက်ပုံးထဲထည့်ဖို့လုပ်နေတဲ့ လက်ထဲကပစ္စည်းကို ခင်ထွေးမွန်ပြန်ကြည့်လိုက်သည် ။ နောက်မှ မင်းလွင်ကိုရှက်ပြုံးပြုံးပြကာ နားကြပ်လေးပေးလိုက်သည် ။

" တစ်နေကုန် ဘာတွေဖြစ်နေမှန်းကိုမသိဘူး " မင်းလွင် ထွေးခေါင်းကို ခပ်ဖွဖွလေးခေါက်လိုက်သည် ။
ထွေးကတော့ မျက်လုံးလေး ပေကလပ်ပေကလပ်သာလုပ်နေသည် ။

အိမ်ပြန်ရောက်တော့ ထွေး အခန်းထဲမှာ အဝတ်အစားလဲလိုက်သည် ။ အဝတ်စားလဲပြီး
ထွေးဗိုက်ဆာနေတာကြောင့် ထမင်းစားခန်းထဲဝင်လိုက်သည် ။ စားပွဲပေါ်ကိုကြည့်လိုက်တော့ လေးဆင့်ချိုင့်တစ်လုံး..

" မေမေရေ.. ဒီချိုင့်ထဲက ဘာတွေလဲဟင် " ထွေးအော်မေးလိုက်သော်လည်း အမေဖြစ်သူကဘာမှပြန်မဖြေ ။
" အမေကလည်း ဘယ်သွားနေမှန်းကိုမသိဘူး " ​​​နှုတ်ခမ်းလေးစူကာပြောလိုက်သည် ။

" ကျောက်ကျော... ၊ ကောက်ညှင်းရွေကြည်... ၊ မုန့်ကျွဲသဲ.. ၊ ဟင်...ကြက်ဥပူတင်းလေးထင်တယ် " ထွေး လေးဆင့်ချိုင့်ထဲက မုန့်တွေကို တစ်ခုချင်းကြည့်ပြီးပြောနေသည် ။ ပြီးတော့ တစ်ခုခုကို သတိရသွားသည် ။

" မမလှိုင်ကို သွားပေးရင်ကောင်းမလား ။ မုန့်ကျွေးတဲ့သူကိုတော့ ပြန်ခင်လောက်မယ်ထင်တယ် ။ ကလေးကို မုန့်ပေးကြိုက်သလို ဖြစ်သွားမလား.... ။ ဟင်...မဟုတ်သေးပါဘူး ... လူကြီးကို မုန့်ပေးခင်သလို ... " ထွေး တစ်ယောက်တည်း တတွတ်တွတ်ပြောနေလေသည် ။ ပြီးတော့ မှိုရတဲ့အမျိုးကြီးနဲ့ ချိုင့်ကိုဆွဲကာ ဘေးအိမ်ကိုသွားလိုက်သည် ။

​ခြံထဲကို လှမ်းကြည့်လိုက်တော့ ခုံရှည်ပေါ်မှာ ထိုင်နေတဲ့မမလှိုင်ကို တွေ့လိုက်ရတာကြောင့် ထွေးပြုံးသွားသည် ။ ခြံတံခါးဖွင့်ထားတာကြောင့် ထွေးခြံထဲကို ဝင်လာလိုက်သည် ။

" မမလှိုင် "
ထွေးခေါ်သံကြောင့် လှိုင် ထွေးဘက်ကို ခေါင်းလှည့်ပြီးကြည့်လိုက်သည် ။

ထွေး မမလှိုင်နားကို မြန်မြန်လမ်းလျှောက်လာလိုက်ပြီး လှိုင့်ဘေးကို ဝင်ထိုင်လိုက်သည် ။

ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီး  ၊ နှုတ်ခမ်းရဲရဲတို့နဲ့ လှလွန်းတဲ့ မမလှိုင်...
မမလှိုင်ရဲ့ နားမှာ ဆွဲထားတဲ့ နားဆွဲကြီးကြီးတွေ...
ထွေး တစ်ခါမှပင် သုံးဖို့မစဥ်းစားကြည့်ဖူးတဲ့ အပြင်အဆင်တွေကို ထွေးသေချာကြည့်နေမိသည် ။ ဒေါ်ကံ့ကော်လှိုင်က ဒီလိုအပြင်အဆင်မျိုးနဲ့လည်း လိုက်ပြန်သေးတာပဲလားဟု ထွေး
တွေးနေမိသည် ။

ကံ့ကော်လှိုင်ကတော့ ထွေးကို " ဘာလဲ " ဆိုတဲ့အကြည့်နဲ့ကြည့်နေသည် ။ လှိုင့်ပုံစံက တစ်စုံတစ်ဦးကို အမိန့်ပေးတော့မည့် ဘုရင်မတစ်ပါးဟန်ရှိသည် ။ ထွေးကတော့ ဘုရင်းမအပါးအခစားဝင်လာသည့် နန်တွင်းသူတစ်ယောက်သဖွယ် ။

" ဟို...မမလှိုင်ကို ဒါလေးလာပေးတာ ...  "

" ဘာလေးကိုပြောတာလဲ " ထွေးလက်ထဲကချိုင့်ကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည် ။

" ရွှေကြည်တို့ ၊ မုန့်ကျွဲသဲတို့ ၊ ကျောက်ကျောတို့လေ ... မမလှိုင်ကို စားစေချင်လို့ " ထွေး ချိုင့်ထဲကမုန့်တွေကို ချိုင့်ဖွင့်ပြီးပြလိုက်သည် ။

ကံ့ကော်လှိုင် တစ်ယောက် ထွေးကိုကြည့်ပြီး အတော်လေးရယ်ချင်သွားသည် ။ ခေါင်းကို အပေါ်အနည်းငယ်စောင်းကာ နှုတ်ခမ်းတို့ကိုလည်း လက်သွယ်သွယ်တို့နဲ့ကာပြီး ရယ်ချပစ်လိုက်သည် ။

" မုန့်စားရတာကိုသဘောကျတာများလား " ထွေး
စိတ်ထဲကနေ တွေးလိုက်သည် ။

" မင်းအမေက ဒီမုန့်တွေကို ဘယ်ကရတယ်ပြောလဲ "

" အဲ့ဒါတော့ ထွေးလည်း မသိဘူး မမလှိုင် "

" မင်းမသိရင် တို့ပြောပြမယ်လေကွယ် "

" ရှင် "

" အဲ့ဒီမုန့်တွေက တို့အိမ်ကလုပ်တာ ။ နေ့လည်က တို့ဦးလေးကိုယ်တိုင် မင်းတို့အိမ်ကို ပို့ပေးထားတာ " လှိုင့်အသံက ရယ်သံပါနေသည် ။

" ရှင် " ထွေး ရှက်လွန်းလို့ ပါးတွေပင်နီလာသည် ။ ပင်ကိုကပင် ဖြူဥနေသူမို့ ပါးရဲရဲတွေက သိသိသာသာပေါ်နေသည် ။

" မရှင်နဲ့ ကလေးမ.. တို့ကအတည်ပြောနေတာ "

" ထွေးက အခုမှ ဆေးခန်းကပြန်လာတာ။ ဗိုက်လည်း အရမ်းဆာနေလို့ အိမ်ရောက်တော့ အဲ့တာတွေတွေ့တာနဲ့ စားမလို့လုပ်နေတာ။ ဒါပေမယ့် မမလှိုင်ကိုလည်း စားစေချင်လို့ ထွေးမစားရသေးဘဲ လာပို့တာ ။ မေမေ့ကိုလည်း အိမ်မှာမတွေ့တော့ ဘယ်ကမုန့်တွေမှန်း ထွေးမသိဘူးလေ " ထွေး ရှက်ရှက်နှင့် ပြောချင်ရာတွေပြောနေသည် ။

" မင်းက တကယ့်ကို စကားများလွန်းတဲ့ကြက်တူရွေးပိစိပဲ ကောင်မလေးရဲ့ "

တဂွီဂွီထမြည်လာတဲ့ ထွေးရဲ့ဗိုက်ကိုကြည့်ကာ လှိုင် ရယ်ချင်စိတ်ကိုအတော်လေးထိန်းထားရသည် ။ ထွေးပုံစံကလည်း အပြစ်ကင်းတဲ့ကလေးတစ်ယောက်သဖွယ်..

" ဒါကြီးကို ထွေးပြန်ယူသွားရမှာလားဟင် "

" ဒါတော့ မင်းသဘောပေါ့ "

" မမလှိုင်နဲ့အတူတူ ဒီမှာပဲစားလိုက်လို့မရဘူးလားဟင် "

" မင်းစားချင်ရင် စားလေကွယ် "

" မမလှိုင်ကရော "

" အင်း စားတာပေါ့ "

ချိုင့်ထဲမှာ ခက်ရင်းနှစ်ခုပါ ပါလာတာမို့ ထွေးရော ၊ လှိုင်ရောအတွက်အဆင်ပြေသွားသည် ။

" မမလှိုင် ထွေးနဲ့ခင်ပေးမယ်မဟုတ်လားဟင် " မုန့်စားရင်းပြောလိုက်သည် ။

" ခင်မိတော့မယ် ထင်တယ် "

" မမလှိုင်စကားကြီးကလည်း ဘယ်လိုကြီးလဲ "

" မင်းက စကားတတွတ်တွတ်လာပြောနေတဲ့ ကြက်တူရွေးပိစိလုပ်နေတာကိုး ။ တို့ ခင်မိတော့မပေါ့ "

" ဟုတ်ကဲ့ မမလှိုင် ... ဒါနဲ့ နားဆွဲအကြီးကြီးတွေ ဝတ်ရတာလည်းကြိုက်တာပဲလားဟင် "

" ဆိုပါတော့... ဘာလဲ ။ ကြည့်ရသိပ်ဆိုးနေလို့လား "

"  မဟုတ်ပါဘူး ။ အဲ့လို နားဆွဲကြီးတွေကို ရုပ်ဆိုးတယ်ပဲ ထင်နေတာ ။ မမလှိုင်နဲ့ကျပြန်တော့လည်း လှနေပြန်ရောပဲ "

" တို့က လှတာကိုကွယ့် ။ မင်းတို့ကို အနီးကပ်လာကြည့်ကြည့်ပါလား ။ တစ်စက္ကန့်လေးတောင် မခွဲနိုင် ၊ မခွာနိုင်ဖြစ်သွားဦးမယ် " လှိုင် ရယ်ပြီးပြောလိုက်သည် ။

ထွေးကတော့ လှိုင်ရယ်နေပုံကိုကြည့်ကာ သဘောကျနေပြန်သည် ။

" မမလှိုင်က အဲ့လိုလည်းနောက်တတ်သေးတာပဲနော် "

" ဟုတ်ပါရဲ့ ။ တို့ မင်းကိုနောက်နေတာပဲ ။ မင်းကိုခင်မိပြီထင်တယ် "
လူတွေကို လွယ်လွယ်နဲ့မခင်တတ်တဲ့ လှိုင်တစ်ယောက် ထွေးပြောမှ ကိုယ့်ကိုယ်ကိုယ်သတိထားမိသွားသည် ။

" ပျော်လိုက်တာ မမလှိုင်ရယ် "

" တို့ရဲ့ခင်မင်မှုကိုရတာ အဲ့သည်လောက်ပျော်ဖို့ကောင်းသလား "

" ဒါပေါ့ မမလှိုင်လို အမျိုးသမီးလှလှမျိုးကို ခင်ရတာ ပျော်စရာပေါ့ "

" ဟုတ်ပါပြီကွယ်... မင်းစားပြီးရင် ပြန်တော့လေ.. မှောင်တော့မယ် "

" ဟုတ်မမ စားလို့ပြီးတော့မှာပါ "

" အင်း.. မင်း အတော်စားနိုင်တယ်နော် "

" ဗိုက်ဆာနေလို့ပါ မမလှိုင်ရဲ့ "

လှိုင်ပြောလျှင်လည်းပြောချင်စရာပင် ။ လေးဆင့်ချိုင့်က မုန့်တွေအကုန် ထွေးချည်းစားနေတာဖြစ်သည် ။

" မမလှိုင် မုန့်တွေလည်း ကုန်ပြီဆိုတော့ ထွေးပြန်တော့မယ်နော် " ထွေး ချိုင့်ကိုကိုင်ကာပြောလိုက်သည် ။

" အင်း " လှိုင်ကတော့ တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည် ။

" ခင်ထွေးမွန်... အဲ့ချိုင့်က ထားခဲ့တော့လေကွယ် "
ချိုင့်ကိုဆွဲကာ အိမ်ပြန်တော့မည် ထွေးကို လှိုင်​ပြောလိုက်သည် ။

" ရှင်.. သြော်  ဟုတ်သားပဲ ။ ချိုင့်က မမလှိုင်တို့အိမ်ကမလား "
ထွေး လှိုင့်ကို ချိုင့်လေးပေးပြီး ပြုံးစိစိလုပ်နေသည် ။

ခြံထဲကနေထွက်သွားတဲ့ ခင်ထွေးမွန်ရဲ့ကျောပြင်သေးသေးကိုကြည့်ကာ လှိုင်ပြုံးနေမိသည် ။

ထွေးကတော့ ညရောက်သည်အထိ ညနေစောင်းကအဖြစ်အပျက်တွေကို ပြန်တွေးမိပြီးရှက်နေသည် ။ အမေဖြစ်သူကိုတော့ သူမုန့်တွေစားပြီးတာကြောင့် ချိုင့်ပြန်ပေးလိုက်တယ်လို့ပြောထားလိုက်သည် ။

" ရှက်ဖို့ကောင်းလိုက်တာ..ရှက်ဖို့ကောင်းလိုက်တာ " တွေး အိပ်ယာထဲကနေ တတွတ်တွတ်ပြောနေပြန်သည် ။ ​မျက်နှာကိုလည်း လက်နဲ့အုပ်ကာ ခေါင်းတရမ်းရမ်းလုပ်နေပြန်သည် ။

ကံ့ကော်လှိုင်ကတော့ ပြတင်းပေါက်ကနေတစ်ဆင့် ကောင်းကင်ကိုမော့ကြည့်နေမိသည် ။ ထို့နောက် ဘာရယ်မဟုတ် ထွေးတို့ခြံဘက်ကို ကြည့်ပြီး ပြုံးလိုက်ပြန်သည် ။ ညနေကအဖြစ်အပျက်ကို ပြန်တွေးမိပြီး ခပ်ယဲ့ယဲ့လေးရယ်လိုက်သည် ။ ထိုသို့ရယ်နေပုံကို ကံ့ကော်လှိုင်တစ်ယောက် ကိုယ့်ကိုယ့်ကိုယ်သတိထားမိဟန်မပေါ် ။

Zg
ေဆးခန္းမွာ အစ္ကိုျဖစ္သူကို အလုပ္ေတြကူလုပ္ေပးေနေပမယ့္ ခင္ေထြးမြန္စိတ္ေတြက ေဆးခန္းမွာမရွိ ။ ညေနေစာင္းကိုသာ ျမန္ျမန္ေရာက္ေစခ်င္ေနသည္ ။

ေငးေငးငိုင္ငိုင္ျဖစ္ေနတဲ့ ညီမကို မင္းလြင္သတိထားၿပီးၾကည့္ေနမိသည္ ။

စားပြဲခုံကိုလက္ေထာက္ကာ ေခါင္းကို ဟိုဘက္ေစာင္းလိုက္ ၊ ဒီဘက္ေစာင္းလိုက္ ၊ အေပၚေမာ့လိုက္ ၊ ေအာက္ျပန္ခ်လိဳက္လုပ္ေနသည့္ ေထြးကိုၾကည့္ကာ မင္းလြင္ေခါင္းကိုကုတ္ေနမိသည္ ။

" ဟဲ့ အငယ္မ "

" ရွင္ အစ္ကို "

" နင္ ဘာေတြမ်ား အဲ့ေလာက္ထိေတြးေတာေနတာရတာတုန္း "

" မကံ့ေကာ္ ...ေၾသာ္ ေယာင္လို႔ ..ကံ့ေကာ္ပန္းေတြမေန႕က ဘုရားကိုကပ္ျဖစ္လားလို႔ျပန္စဥ္းစားေနတာ .... "

" ငယ္ငယ္႐ြယ္႐ြယ္နဲ႕ သတိေတြေကာင္းေနတာေပါ့ "

" အဟီး "

ေထြး အစ္ကိုျဖစ္သူကို ၿပဳံးျပလိုက္သည္ ။ 

ညေနေစာင္းလို႔ ေဆးခန္းပိတ္ခ်ိန္ေရာက္ေတာ့ ေထြးမ်က္ႏွာက ၿပဳံးေပ်ာ္ေနသည္ ။

မင္းလြင္ကေတာ့ သူ႕ညီမကိုၾကည့္ၿပီး ေခါင္းကိုသာခါရမ္းလိုက္သည္ ။

" ဟဲ့ အဲ့ဒါငါ့နားၾကပ္ဟ ..." မင္းလြင္ အလန့္တၾကားေအာ္လိုက္သည္ ။

အမွိုက္ပုံးထဲထည့္ဖို႔လုပ္ေနတဲ့ လက္ထဲကပစၥည္းကို ခင္ေထြးမြန္ျပန္ၾကည့္လိုက္သည္ ။ ေနာက္မွ မင္းလြင္ကိုရွက္ၿပဳံးၿပဳံးျပကာ နားၾကပ္ေလးေပးလိုက္သည္ ။

" တစ္ေနကုန္ ဘာေတြျဖစ္ေနမွန္းကိုမသိဘူး " မင္းလြင္ ေထြးေခါင္းကို ခပ္ဖြဖြေလးေခါက္လိုက္သည္ ။
ေထြးကေတာ့ မ်က္လုံးေလး ေပကလပ္ေပကလပ္သာလုပ္ေနသည္ ။

အိမ္ျပန္ေရာက္ေတာ့ ေထြး အခန္းထဲမွာ အဝတ္အစားလဲလိုက္သည္ ။ အဝတ္စားလဲၿပီး
ေထြးဗိုက္ဆာေနတာေၾကာင့္ ထမင္းစားခန္းထဲဝင္လိုက္သည္ ။ စားပြဲေပၚကိုၾကည့္လိုက္ေတာ့ ေလးဆင့္ခ်ိဳင့္တစ္လုံး..

" ေမေမေရ.. ဒီခ်ိဳင့္ထဲက ဘာေတြလဲဟင္ " ေထြးေအာ္ေမးလိုက္ေသာ္လည္း အေမျဖစ္သူကဘာမွျပန္မေျဖ ။
" အေမကလည္း ဘယ္သြားေနမွန္းကိုမသိဘူး " ႏႈတ္ခမ္းေလးစူကာေျပာလိုက္သည္ ။

" ေက်ာက္ေက်ာ... ၊ ေကာက္ညွင္းေ႐ြၾကည္... ၊ မုန့္ကြၽဲသဲ.. ၊ ဟင္...ၾကက္ဥပူတင္းေလးထင္တယ္ " ေထြး ေလးဆင့္ခ်ိဳင့္ထဲက မုန့္ေတြကို တစ္ခုခ်င္းၾကည့္ၿပီးေျပာေနသည္ ။ ၿပီးေတာ့ တစ္ခုခုကို သတိရသြားသည္ ။

" မမလွိုင္ကို သြားေပးရင္ေကာင္းမလား ။ မုန့္ေကြၽးတဲ့သူကိုေတာ့ ျပန္ခင္ေလာက္မယ္ထင္တယ္ ။ ကေလးကို မုန့္ေပးႀကိဳက္သလို ျဖစ္သြားမလား.... ။ ဟင္...မဟုတ္ေသးပါဘူး ... လူႀကီးကို မုန့္ေပးခင္သလို ... " ေထြး တစ္ေယာက္တည္း တတြတ္တြတ္ေျပာေနေလသည္ ။ ၿပီးေတာ့ မွိုရတဲ့အမ်ိဳးႀကီးနဲ႕ ခ်ိဳင့္ကိုဆြဲကာ ေဘးအိမ္ကိုသြားလိုက္သည္ ။

ၿခံထဲကို လွမ္းၾကည့္လိုက္ေတာ့ ခုံရွည္ေပၚမွာ ထိုင္ေနတဲ့မမလွိုင္ကို ေတြ႕လိုက္ရတာေၾကာင့္ ေထြးၿပဳံးသြားသည္ ။ ၿခံတံခါးဖြင့္ထားတာေၾကာင့္ ေထြးၿခံထဲကို ဝင္လာလိုက္သည္ ။

" မမလွိုင္ "
ေထြးေခၚသံေၾကာင့္ လွိုင္ ေထြးဘက္ကို ေခါင္းလွည့္ၿပီးၾကည့္လိုက္သည္ ။

ေထြး မမလွိုင္နားကို ျမန္ျမန္လမ္းေလွ်ာက္လာလိုက္ၿပီး လွိုင့္ေဘးကို ဝင္ထိုင္လိုက္သည္ ။

ဆံပင္ကို ခပ္ျမင့္ျမင့္စည္းထားၿပီး  ၊ ႏႈတ္ခမ္းရဲရဲတို႔နဲ႕ လွလြန္းတဲ့ မမလွိုင္...
မမလွိုင္ရဲ႕ နားမွာ ဆြဲထားတဲ့ နားဆြဲႀကီးႀကီးေတြ...
ေထြး တစ္ခါမွပင္ သုံးဖို႔မစဥ္းစားၾကည့္ဖူးတဲ့ အျပင္အဆင္ေတြကို ေထြးေသခ်ာၾကည့္ေနမိသည္ ။ ေဒၚကံ့ေကာ္လွိုင္က ဒီလိုအျပင္အဆင္မ်ိဳးနဲ႕လည္း လိုက္ျပန္ေသးတာပဲလားဟု ေထြး
ေတြးေနမိသည္ ။

ကံ့ေကာ္လွိုင္ကေတာ့ ေထြးကို " ဘာလဲ " ဆိုတဲ့အၾကည့္နဲ႕ၾကည့္ေနသည္ ။ လွိုင့္ပုံစံက တစ္စုံတစ္ဦးကို အမိန့္ေပးေတာ့မည့္ ဘုရင္မတစ္ပါးဟန္ရွိသည္ ။ ေထြးကေတာ့ ဘုရင္းမအပါးအခစားဝင္လာသည့္ နန္တြင္းသူတစ္ေယာက္သဖြယ္ ။

" ဟို...မမလွိုင္ကို ဒါေလးလာေပးတာ ...  "

" ဘာေလးကိုေျပာတာလဲ " ေထြးလက္ထဲကခ်ိဳင့္ကိုၾကည့္ကာ မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္လိုက္သည္ ။

" ေ႐ႊၾကည္တို႔ ၊ မုန့္ကြၽဲသဲတို႔ ၊ ေက်ာက္ေက်ာတို႔ေလ ... မမလွိုင္ကို စားေစခ်င္လို႔ " ေထြး ခ်ိဳင့္ထဲကမုန့္ေတြကို ခ်ိဳင့္ဖြင့္ၿပီးျပလိုက္သည္ ။

ကံ့ေကာ္လွိုင္ တစ္ေယာက္ ေထြးကိုၾကည့္ၿပီး အေတာ္ေလးရယ္ခ်င္သြားသည္ ။ ေခါင္းကို အေပၚအနည္းငယ္ေစာင္းကာ ႏႈတ္ခမ္းတို႔ကိုလည္း လက္သြယ္သြယ္တို႔နဲ႕ကာၿပီး ရယ္ခ်ပစ္လိုက္သည္ ။

" မုန့္စားရတာကိုသေဘာက်တာမ်ားလား " ေထြး
စိတ္ထဲကေန ေတြးလိုက္သည္ ။

" မင္းအေမက ဒီမုန့္ေတြကို ဘယ္ကရတယ္ေျပာလဲ "

" အဲ့ဒါေတာ့ ေထြးလည္း မသိဘူး မမလွိုင္ "

" မင္းမသိရင္ တို႔ေျပာျပမယ္ေလကြယ္ "

" ရွင္ "

" အဲ့ဒီမုန့္ေတြက တို႔အိမ္ကလုပ္တာ ။ ေန႕လည္က တို႔ဦးေလးကိုယ္တိုင္ မင္းတို႔အိမ္ကို ပို႔ေပးထားတာ " လွိုင့္အသံက ရယ္သံပါေနသည္ ။

" ရွင္ " ေထြး ရွက္လြန္းလို႔ ပါးေတြပင္နီလာသည္ ။ ပင္ကိုကပင္ ျဖဴဥေနသူမို႔ ပါးရဲရဲေတြက သိသိသာသာေပၚေနသည္ ။

" မရွင္နဲ႕ ကေလးမ.. တို႔ကအတည္ေျပာေနတာ "

" ေထြးက အခုမွ ေဆးခန္းကျပန္လာတာ။ ဗိုက္လည္း အရမ္းဆာေနလို႔ အိမ္ေရာက္ေတာ့ အဲ့တာေတြေတြ႕တာနဲ႕ စားမလို႔လုပ္ေနတာ။ ဒါေပမယ့္ မမလွိုင္ကိုလည္း စားေစခ်င္လို႔ ေထြးမစားရေသးဘဲ လာပို႔တာ ။ ေမေမ့ကိုလည္း အိမ္မွာမေတြ႕ေတာ့ ဘယ္ကမုန့္ေတြမွန္း ေထြးမသိဘူးေလ " ေထြး ရွက္ရွက္ႏွင့္ ေျပာခ်င္ရာေတြေျပာေနသည္ ။

" မင္းက တကယ့္ကို စကားမ်ားလြန္းတဲ့ၾကက္တူေ႐ြးပိစိပဲ ေကာင္မေလးရဲ႕ "

တဂြီဂြီထျမည္လာတဲ့ ေထြးရဲ႕ဗိုက္ကိုၾကည့္ကာ လွိုင္ ရယ္ခ်င္စိတ္ကိုအေတာ္ေလးထိန္းထားရသည္ ။ ေထြးပုံစံကလည္း အျပစ္ကင္းတဲ့ကေလးတစ္ေယာက္သဖြယ္..

" ဒါႀကီးကို ေထြးျပန္ယူသြားရမွာလားဟင္ "

" ဒါေတာ့ မင္းသေဘာေပါ့ "

" မမလွိုင္နဲ႕အတူတူ ဒီမွာပဲစားလိုက္လို႔မရဘူးလားဟင္ "

" မင္းစားခ်င္ရင္ စားေလကြယ္ "

" မမလွိုင္ကေရာ "

" အင္း စားတာေပါ့ "

ခ်ိဳင့္ထဲမွာ ခက္ရင္းႏွစ္ခုပါ ပါလာတာမို႔ ေထြးေရာ ၊ လွိုင္ေရာအတြက္အဆင္ေျပသြားသည္ ။

" မမလွိုင္ ေထြးနဲ႕ခင္ေပးမယ္မဟုတ္လားဟင္ " မုန့္စားရင္းေျပာလိုက္သည္ ။

" ခင္မိေတာ့မယ္ ထင္တယ္ "

" မမလွိုင္စကားႀကီးကလည္း ဘယ္လိုႀကီးလဲ "

" မင္းက စကားတတြတ္တြတ္လာေျပာေနတဲ့ ၾကက္တူေ႐ြးပိစိလုပ္ေနတာကိုး ။ တို႔ ခင္မိေတာ့မေပါ့ "

" ဟုတ္ကဲ့ မမလွိုင္ ... ဒါနဲ႕ နားဆြဲအႀကီးႀကီးေတြ ဝတ္ရတာလည္းႀကိဳက္တာပဲလားဟင္ "

" ဆိုပါေတာ့... ဘာလဲ ။ ၾကည့္ရသိပ္ဆိုးေနလို႔လား "

"  မဟုတ္ပါဘူး ။ အဲ့လို နားဆြဲႀကီးေတြကို ႐ုပ္ဆိုးတယ္ပဲ ထင္ေနတာ ။ မမလွိုင္နဲ႕က်ျပန္ေတာ့လည္း လွေနျပန္ေရာပဲ "

" တို႔က လွတာကိုကြယ့္ ။ မင္းတို႔ကို အနီးကပ္လာၾကည့္ၾကည့္ပါလား ။ တစ္စကၠန့္ေလးေတာင္ မခြဲနိုင္ ၊ မခြာနိုင္ျဖစ္သြားဦးမယ္ " လွိုင္ ရယ္ၿပီးေျပာလိုက္သည္ ။

ေထြးကေတာ့ လွိုင္ရယ္ေနပုံကိုၾကည့္ကာ သေဘာက်ေနျပန္သည္ ။

" မမလွိုင္က အဲ့လိုလည္းေနာက္တတ္ေသးတာပဲေနာ္ "

" ဟုတ္ပါရဲ႕ ။ တို႔ မင္းကိုေနာက္ေနတာပဲ ။ မင္းကိုခင္မိၿပီထင္တယ္ "
လူေတြကို လြယ္လြယ္နဲ႕မခင္တတ္တဲ့ လွိုင္တစ္ေယာက္ ေထြးေျပာမွ ကိုယ့္ကိုယ္ကိုယ္သတိထားမိသြားသည္ ။

" ေပ်ာ္လိုက္တာ မမလွိုင္ရယ္ "

" တို႔ရဲ႕ခင္မင္မႈကိုရတာ အဲ့သည္ေလာက္ေပ်ာ္ဖို႔ေကာင္းသလား "

" ဒါေပါ့ မမလွိုင္လို အမ်ိဳးသမီးလွလွမ်ိဳးကို ခင္ရတာ ေပ်ာ္စရာေပါ့ "

" ဟုတ္ပါၿပီကြယ္... မင္းစားၿပီးရင္ ျပန္ေတာ့ေလ.. ေမွာင္ေတာ့မယ္ "

" ဟုတ္မမ စားလို႔ၿပီးေတာ့မွာပါ "

" အင္း.. မင္း အေတာ္စားနိုင္တယ္ေနာ္ "

" ဗိုက္ဆာေနလို႔ပါ မမလွိုင္ရဲ႕ "

လွိုင္ေျပာလွ်င္လည္းေျပာခ်င္စရာပင္ ။ ေလးဆင့္ခ်ိဳင့္က မုန့္ေတြအကုန္ ေထြးခ်ည္းစားေနတာျဖစ္သည္ ။

" မမလွိုင္ မုန့္ေတြလည္း ကုန္ၿပီဆိုေတာ့ ေထြးျပန္ေတာ့မယ္ေနာ္ " ေထြး ခ်ိဳင့္ကိုကိုင္ကာေျပာလိုက္သည္ ။

" အင္း " လွိုင္ကေတာ့ တိုတိုတုတ္တုတ္သာ ျပန္ေျဖလိုက္သည္ ။

" ခင္ေထြးမြန္... အဲ့ခ်ိဳင့္က ထားခဲ့ေတာ့ေလကြယ္ "
ခ်ိဳင့္ကိုဆြဲကာ အိမ္ျပန္ေတာ့မည္ ေထြးကို လွိုင္ေျပာလိုက္သည္ ။

" ရွင္.. ေၾသာ္  ဟုတ္သားပဲ ။ ခ်ိဳင့္က မမလွိုင္တို႔အိမ္ကမလား "
ေထြး လွိုင့္ကို ခ်ိဳင့္ေလးေပးၿပီး ၿပဳံးစိစိလုပ္ေနသည္ ။

ၿခံထဲကေနထြက္သြားတဲ့ ခင္ေထြးမြန္ရဲ႕ေက်ာျပင္ေသးေသးကိုၾကည့္ကာ လွိုင္ၿပဳံးေနမိသည္ ။

ေထြးကေတာ့ ညေရာက္သည္အထိ ညေနေစာင္းကအျဖစ္အပ်က္ေတြကို ျပန္ေတြးမိၿပီးရွက္ေနသည္ ။ အေမျဖစ္သူကိုေတာ့ သူမုန့္ေတြစားၿပီးတာေၾကာင့္ ခ်ိဳင့္ျပန္ေပးလိုက္တယ္လို႔ေျပာထားလိုက္သည္ ။

" ရွက္ဖို႔ေကာင္းလိုက္တာ..ရွက္ဖို႔ေကာင္းလိုက္တာ " ေတြး အိပ္ယာထဲကေန တတြတ္တြတ္ေျပာေနျပန္သည္ ။ မ်က္ႏွာကိုလည္း လက္နဲ႕အုပ္ကာ ေခါင္းတရမ္းရမ္းလုပ္ေနျပန္သည္ ။

ကံ့ေကာ္လွိုင္ကေတာ့ ျပတင္းေပါက္ကေနတစ္ဆင့္ ေကာင္းကင္ကိုေမာ့ၾကည့္ေနမိသည္ ။ ထို႔ေနာက္ ဘာရယ္မဟုတ္ ေထြးတို႔ၿခံဘက္ကို ၾကည့္ၿပီး ၿပဳံးလိုက္ျပန္သည္ ။ ညေနကအျဖစ္အပ်က္ကို ျပန္ေတြးမိၿပီး ခပ္ယဲ့ယဲ့ေလးရယ္လိုက္သည္ ။ ထိုသို႔ရယ္ေနပုံကို ကံ့ေကာ္လွိုင္တစ္ေယာက္ ကိုယ့္ကိုယ့္ကိုယ္သတိထားမိဟန္မေပၚ ။

Continue Reading

You'll Also Like

344K 20.5K 28
"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
338K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
242K 36.2K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest