Step 0.1 : One (un)fine day...
အမှတ်၈၀ ဘတ်စ်ကား၏ အိတ်ဇောသံက လွင်တီးခေါင်အရပ်၏ တိတ်ဆိတ်မှုကို အားပြင်းစွာ ဖြိုခွင်းသွား၏။
ကားရပ်လိုက်ကတည်းက လုံးထနေသည့် ဖုန်လုံးက လူတွေ တက်ကြဆင်းကြလုပ်လိုက်သည့်အခါ နှစ်ဆပိုထသည်။ ဦးလေးကြီးတစ်ယောက်က လက်ထဲက ခြင်းတောင်းကို မနိုင်မနင်း ပစ်ချလိုက်သည့်အခါတွင်တော့ သုံးဆပိုထသွား၏။
ကားဂိတ်တွင်ထိုင်နေသည့် ဆယ်ကျော်သက်လူငယ်အချို့လဲ ထိုကားပေါ်တက်သွားကြသည်။ စင်စစ်တော့ ဒါ သီခတို့ ကျောင်းက ကျောင်းသားများပင်။ အချိန်က နေ့လည် ၁၂နာရီမို့ ကျောင်းပြန်ချိန်မဟုတ်တာ အသိသာကြီးဖြစ်၏။ သို့ပေသော်ငြား ကိုယ်ထူကိုယ်ထ ကိုယ်သွားကိုယ်ပြန် တက္ကသိုလ်ဘဝမို့ ဘယ်ချိန်သွား၍ ဘယ်ချိန်ပြန်သည်က ပြဿနာမဟုတ်ပေ။
သူကိုယ်တိုင်တောင် အိမ်ပြန်ဖို့ရာ ကားထိုင်စောင့်နေချိန်တွင်တော့ ကျောင်းခေါ်ချိန်ကိစ္စနှင့်ပတ်သတ်၍ သီခ တကယ်ကို မဆွေးနွေးလိုပါပေ။
ကားပြန်ထွက်သွားသည့်အခါတွင်တော့ အရာအားလုံးက ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ဖုန်လုံးကတော့ အတော်နှင့်မစဲသေး။ ၂မိနစ်ခန့်ကြာပါမှ လမ်းတစ်ဖက်က ရထားလမ်းကို သဲကွဲစွာ ပြန်မြင်လာရ၏။
ကားဂိတ် မျက်စောင်းထိုးက တာယာဆိုင်က တလှုပ်လှုပ်အသံကို ခပ်သဲ့သဲ့ကြားရသည်။ ခပ်လှမ်းလှမ်းတွင်တော့ ကားအချို့က နာရီဝက်တစ်စီးလောက်နှုန်းနှင့် ဖြတ်သွားနေသည်ကိုမြင်ရသည်။
နာရီဝက်တစ်စီးဆိုသည်က တင်စားခြင်းမျှသာဖြစ်၏။ တကယ်ဟုတ်မဟုတ် သူလဲမသိ။ ရူပဗေဒပညာရှင်ရော သင်္ချာပညာရှင်ပါမဟုတ်တာကြောင့် သူသိစရာလဲမလိုပါပေ။
သီခသည် ကံ့ကော်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်၏။ အထူးပြုက Eco။ "ပြည်ထောင်စု သမ္မတ ဆရာဝန်-အင်ဂျင်နီယာ-စီးပွားရေး တစ်ခုမလုပ်လျင် လူလုံးမလှ-မြန်မာနိုင်ငံတော်ကြီး"တွင်တော့ အတော်လေး ပုံမှန်ဖြစ်သော၊ လူအများ၏ စံနှုန်းများနှင့် ကိုက်ညီသော မေဂျာတစ်ခုဖြစ်ပါ၏။
သူလည်း သည်လိုပင် လက်ခံခဲ့ကာ သည်လိုပင်ရွေးချယ်ခဲ့တာကြောင့် နှစ်အတန်ကြာပင် ခရီးပေါက်လို့ ဘွဲ့ရကာပင်နီးနေပြီ ဖြစ်သော်ငြား သီခမှာ ကြာလာလေလေ တစ်ခုခုက လွဲမှားနေသလို ခံစားလာနေရသည်။
ကျောင်းပြီးရင် ဘာဆက်လုပ်ရမှာလဲ?
အလုပ်ရှာရမှာလား? အလုပ်က ရရောရပါ့မလား?
ကျွမ်းကျင်တာရော ရှိလို့လား? ဘယ်အလုပ်ကို လျှောက်ရမှာလဲ?
ကျောင်းပဲဆက်တက်ရမလား?
ဒါ ဤလပိုင်းများတွင် သူ့ကိုယ်သူ တောက်လျှောက်မေးနေခဲ့မိသော မေးခွန်းများဖြစ်၏။
ငါလုပ်ချင်တာ ဒါရောဟုတ်လို့လား?
ငါ တကယ်လုပ်ချင်တာက ဘာလဲ?
ဤမေးခွန်းအတွက်ကတော့ သူ့တွင် အဖြေရှိပြီးသား ထင်ပါ၏။ ကနဦးအစကတည်းက သူကိုယ်တိုင်သိပြီးသော်ငြား မဖြစ်သင့်ဟုတွေးကာ သူကိုယ်တိုင် လျစ်လျူရှုထားခဲ့ဖြစ်သော အရာတစ်ခု။
သူစိတ်ဝင်စားသည်က ဂီတတစ်ခုသာဖြစ်၏။
သီခမှာ ငယ်စဉ်ကတည်းက စောင်းပညာရှင် အဘွားနှင့် လက်ပွန်းတတီးရှိခဲ့သူမို့ သိတတ်စအရွယ်ထဲကပင် ဂီတကိုချစ်တတ်ခဲ့၏။ မူလတန်းအရွယ်လောက်ကတည်းက စောင်းသံကို နားရည်ဝခဲ့ကာ ဆိုကရေးတီးပြိုင်ပွဲအချို့တွင် ဝင်တီးနိုင်သည်အထိ အထိုက်အလျောက် ပေါက်မြောက်ခဲ့သော်ငြား ဇောက်ချတော့ မလုပ်ဖြစ်ခဲ့။
ဂီတ၊အနုပညာဖက်တွက် ပံ့ပိုးမှုအားနည်းလှသော လူ့အသိုင်းအဝိုင်းပေမို့၊ "အနာဂတ်မရှိ" ဟု ကင်ပွန်းတပ်ခံရသော အလုပ်အကိုင်ဖြစ်သည်မို့ပင် ဖြစ်မည်ထင်ပါ၏။ သို့နှင့်ပင် သာမန်ဟုထင်ရသော အလုပ်တစ်ခုကိုလုပ်ကာ ဘဝကို သူလိုငါလို သာမန်ပင် ဖြတ်သန်းမည်ဟု တွေးခဲ့သော်ငြား အချိန်ကြာလာလေလေ တစ်ခုခုက မလုံလောက်သည်နေသည်ကို ခံစားလာရလေလေဖြစ်သည်။
ရင်ထဲက လစ်ဟာနေသော ဤကွက်လပ်ကို ကုစားပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့အတွက်တော့ ဂီတတစ်ခုသာရှိ၏။ အားလပ်ချိန်ဆိုလျင် သီချင်းလေးနားထောင်လိုက်၊ စောင်းကလေးတီးကာနေလိုက်လျင်တော့ တစ်ခဏမျှ စိတ်အေးချမ်းရသော်ငြား မအားမလပ်နိုင်သော ကျောင်းစာများနှင့်မို့ ကြာကြာမအေးချမ်းနိုင်ခဲ့။
သူသည်အတိုင်းဆက်သွားနေ၍ရော တကယ်ပဲ ဖြစ်ပါမည်လား... သည်အချိန်မှ ပြန်လှည့်၍ရော ဖြစ်ပါမည်လား တွေးကြည့်ပြန်တော့ ဦးနှောက်နှင့် နှလုံးသားက လွန်ဆွဲပြန်သည်။ သည်လိုနှင့်ပင် မေးခွန်းတွေက အစက တစ်ပတ်ပြန်လည်သွားပြန်၏။
မရေရာမှုတွေက တစ်စတစ်စ ပုံ၍လာသော်ငြား အဖြေကို သူကိုယ်တိုင်လဲ ရှာမရသေး။
ရှာမရသေးတာကြောင့်လည်း ဤနေရာတွင် ငုတ်တုတ်ထိုင်နေရတာဖြစ်၏။
ကားစောင့်ရင်း နီးစပ်ရာတွင် အအေးတစ်ပုလင်းလောက်ဝယ်သောက်ရန် နံဘေးက လွယ်အိတ်ဆီအလှည့် သူ့နံဘေးတွင် လွယ်အိတ်တစ်လုံးနှင့် ခပ်ကုပ်ကုပ်ထိုင်ကာ အလုပ်ရှုပ်နေသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
အသက်အစိတ်ဝန်းကျင်။ ထိုထက် ကြီးချင်လည်း ကြီးနိုင်သည်။ အသားဖြူဖြူ လူကောင်ခပ်သေးသေး၊ မျက်မှန်လည်း တပ်ထား၏။ ရှပ်အင်္ကျီအကွက်နှင့် ဂျင်းဘောင်းဘီအရောင်ရင့်ကို ခပ်ရိုးရိုးသာ ဝတ်ဆင်ထားသည်။ ကျောင်းသားဖြစ်ဟန်လည်းမတူ။ လက်လုပ်လက်စား သာမန်လူတစ်ယောက်နှင့်သာ တူ၏။ သူ၏ သာမန်ဆန်လွန်းမှု အစုစုကြားက ကွဲထွက်နေသည့် တစ်ခုတည်းသောအရာမှာတော့ သူ့လက်ထဲက တောက်ပနေသည့် နောက်ဆုံးပေါ် tablet ပင်ဖြစ်၏။ တိမ်ခသိသလောက်တော့ အတော်ဈေးကြီးသော အမျိုးအစားထဲက ဖြစ်ဖို့များသည်။
တိမ်ခမှာ အခုမှ တစ်စုံတစ်ခုကို သတိရသွား၏။ သူမနက်က အတန်းလစ်ဖို့ပြင်နေချိန်တုန်းကလည်း ကျောင်းနားတွင် ဤလူ့ကိုမြင်လိုက်ရသည်ဟုထင်သည်။ ကျောင်းသားတွေကို တစ်စုံတစ်ခုမေးနေဟန်ပေါ်သော်လည်း အားလုံးက ပတ်ပြေးနေကြတာကြောင့် သူသတိထားမိလိုက်ခြင်းဖြစ်၏။
မကောင်းသည့်လူတော့ ဟုတ်ဟန်မတူ။ မားကတ်တင်းလုပ်ရန်လာသည့် ကုမ္ပဏီဝန်ထမ်းလည်း ဖြစ်ပုံမရ။
သီခသည် ပျင်းပျင်းရှိသည်နှင့် ထိုလူ့ထံ ချဉ်းကပ်သွားကာ မေးလိုက်ဖြစ်သည်။
"မနက်ထဲက အစ်ကို့ကို ကျောင်းရှေ့မှာ တွေ့မိသလိုပဲနော်"
"ဗျာ ... ဟုတ် ဟုတ်ကဲ့"
တစ်စုံတစ်ယောက်က ကောက်ကာငင်ကာ စကားစလာမည်ဟု မျှော်လင့်ထားခဲ့ပုံမရသော အနှီလူမှာ ရုတ်တရက် အငိုက်မိကာ ဆတ်ကနဲ တုန်သွားရ၏။ သူနံဘေးကို လှည့်ကြည့်လိုက်သည့်အခါတွင်တော့ ပြုံးရင်း သူ့ကိုကြည့်နေသော လူငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
လူငယ်မှာ အသက်၂၀ ဝန်းကျင်ဖြစ်ပုံရကာ ဤတက္ကသိုလ်မှ ကျောင်းသားပင်ဖြစ်ဟန်တူ၏။ အသားအရေက ဗမာအသားအရေပီသစွာ အနည်းငယ် ညိုစိမ့်စိမ့်။ မျက်နှာပေါက်ကလည်း ဗမာဆန်ဆန်နှင့် အေးချမ်းသော အသွင်ရှိ၏။ ခြုံငုံ၍ဆိုရသော် အတော်လေး ခန့်ညားချောမောသော လူငယ်လေးတစ်ယောက်ပင်ဖြစ်လေသည်။
"ကျောင်းသားတွေကို လိုက်မေးနေတာလဲ တွေ့မိသလိုပဲ... စစ်တမ်းကောက်တာ ဘာညာများလားဗျ"
အထူးခြားဆုံးကတော့ အသံပင်။ အသံသည် မပျော့လွန်း၊ မမာလွန်း။ သူခွဲနေကျ အမျိုးအစားအတိုင်း ခွဲကြည့်ရလျင် ရွှေရင်အေးသဖွယ် အေးမြကြည်လင်သည့် အသံမျိုးဖြစ်သည်။ စကားပြောရာတွင် လုံးထွေးမှုလည်းမရှိသလို အသံကွဲအက်သွားချင်းလည်းမရှိ။ သူ စိတ်လှုပ်ရှားသွားရ၏။
"ဟိုဒင်း ... ခဏလောက် မတ်တပ်ရပ်ပေးလို့ရမလားဟင်?"
"ဗျာ...ဟုတ်...ဟုတ်"
သူကမေးလိုက်တော့ လူငယ်လေးက ကြောင်တက်တက်နှင့် မတ်တတ်ရပ်ပြရှာသည်။
အရပ်က ၅ပေ ၈... ၉ ဝန်းကျင်တော့ ရှိမယ်ထင်တာပဲ ...
အိုကေ နိုက်စ်!
သူစိတ်ထဲမှ ရေရွတ်ရင်း အနည်းငယ် ကြိတ်ကာ ပျော်သွားပြန်၏။
"ရပါပြီနော် ကျေးဇူးပါဗျ။ စစ်တမ်းကောက်တာလားဆိုတော့ အဲ့သဘောပဲပေါ့ညီရယ် ... ဘယ်လိုပြောရပါ့ ... နည်းနည်းတော့ရှုပ်တယ်။ ဒါနဲ့ ညီလေးက ဒီကျောင်းကပဲလား ဘယ်မေဂျာကလဲ"
"ဟုတ်ကဲ့ဗျ ... Ecoကပါခင်ဗျ"
"အိုး... ကောင်းတယ် ကောင်းတယ်"
လူစိမ်းမှာ ဖော်ရွေပုံတော့ပေါ်သော်ငြား သီခကတော့ ဤလူစိမ်းနှင့် စကားပြောမိသည်ကို တဖြည်းဖြည်းနောင်တရလာတာကြောင့် ထွက်သာပြေးချင်နေမိ၏။ စကားစလိုက်ကတည်းက လူကို သိမ်းကျုံးကြည့်နေလိုက်သည်မှာ ဒိုင်သို့ ရောင်းကာနီး နွားကို ဈေးကောင်းရနိုင် မရနိုင် အကဲဖြတ်သည်နှင့်ပင် တူသည်။ လူကိုလည်း မတ်တတ်ပါရပ်ခိုင်းကာ ခေါင်းစခြေဆုံးကြည့်လိုက်သေး။ ကြာလေလေ သံသယဖြစ်စရာလူလိုလိုခံစားလာရလေဖြစ်၏။ သီခသည် စိတ်ထဲတွင် ဖြစ်နိုင်ချေ အချို့ကို တွက်ဆလိုက်ကာ အနီးစပ်ဆုံး ကောက်ချက်ချလိုက်ဖြစ်သည်။
လူကုန်ကူးသမားများလား?
"ဪ ... ဒါ အစ်ကို့ လိပ်စာကတ်ပါ"
တိမ်ခသည် လွယ်အိတ်ကိုပိုက်ကာ အမြန်လစ်ပြေးရင် ပြင်လိုက်စဉ်မှာပင် ထိုသူက ကတ်ပြားတစ်ခုကို ထုတ်ပေးလာသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိပ်ဆုံးတွင်ရေးထားသည့် K limited ဆိုသည့် နာမည်တစ်ခုကိုသာ ဖတ်ရသေးချိန်မှာပင် ထိုသူက ထပ်၍ ထူးဆန်းသော စကားကို ဆိုလာပြန်လေ၏။
"ဒါနဲ့ ညီ သီချင်းရော ဆိုတတ်လား"
"ဗျာ .... ဟုတ် ... နည်းနည်း"
"ဒါဆို တစ်ချက် နားထောင်ကြည့်ရအောင် လာပါဦး ဘာဆိုခိုင်းရပါ့ ...... ဪ အိုကေ ..... စမယ်နော် 1...2...3 ... မင်းရည်းစားထက်ကို ငါပိုချစ်တာ မမျှော်လင့်ပဲ နင်သိရှိသွားတော့ ...."
လူစိမ်းက သီချင်းဆိုရင်း သူ့ကိုလည်း ခြေဟန်လက်ဟန်ဖြင့်ပြကာ ဆိုခိုင်းနေ၏။ သီခမှာလည်း စဉ်းစားရန်အချိန်ကမရသည့်အတွက် ရောသောဖောသောနှင့်ပါသွားကာ လိုက်ဆိုမိသွားတော့၏။
"မင်းရည်းစားတောင် သိရဲ့လား ... မင်းရည်းစားတောင် သိရဲ့လား ဟိုး ...."
ဘာတွေဖြစ်နေသည် သူတကယ်မသိတော့။ လူသူကင်းမဲ့သည့် ကားဂိတ်တွင်ထိုင်ရင်း တွေ့တာ၁၀မိနစ်ခန့်သာရှိသေးသည့် သူစိမ်းယောက်ျားနှင့်အတူ သီချင်းထိုင်ဆိုနေရသည်။ သီခသည် ဘာရယ်ညာရယ် သေချာစဉ်းစားမရသော်ငြား ဤနေရာမှ အမြန်ထွက်ပြေးသင့်နေပြီဟု တွေးမိတာကြောင့် လွယ်အိတ်ကိုပိုက်ကာ ထပြေးရန် ပြင်မိတော့၏။
"အိုခေ ...good!! Very nice!! ဒီလောက်ဆို အတော် အိုကေနေပြီ... ဒါနဲ့ ညီ သီချင်းဆို ဝါသနာပါလားဗျ"
"ဟုတ် ... ပါတော့ ပါပေမဲ့...."
"ဒါဆို idolလုပ်ဖို့ရော စိတ်ဝင်စားမလား?"
လစ်သည်နှင့် ချက်ချင်းထပြေးရန် ဟန်ပြင်နေသည့် သီခခြေထောက်များ ရပ်တန့်သွား၏။
"ခင်ဗျာ ... Idol?"
"အင်း တကယ်တော့ အစ်ကိုတို့ ကုမ္ပဏီက music production ဖက် လုပ်ငန်းချဲ့ပြီး idol groupတစ်ခု debutပေးဖို့ အစီအစဉ်ရှိလို့ အခု scoutingလုပ်နေတာရယ်။ scout ဆိုရင်တော့ သဇင်တက္ကသိုလ်ကစရမှာပဲဆိုပြီး မနက်ကထဲ ခြေတိုအောင်ရှာနေတာပေမဲ့ မတွေ့၊ အာ့နဲ့ ကားလာစောင့်ရင်း ကံ့ကော်ဖက်က ကလေးတွေကို မေးကြည့်ပြန်တော့လဲ အကုန်လုံးက ပတ်ပြေးနေကြ .... အခုဒီမှာ ညီနဲ့လာတွေ့မှ ကွက်တိဒက်ထိကိုဖြစ်သွားတော့တာပဲ"
လူစိမ်းက အတော်စကားများသည်။ သီခသည် သူ့စကားကို ကြားတစ်ချက် မကြားတစ်ချက် နားထောင်နေရင်း သူပေးသည့် လိပ်စာကတ်ကို ဖတ်ကြည့်လိုက်၏။
K Limited... နေပါဦး တစ်နေရာမှာ ကြားဖူးသလို ....
သီခ ထိုအခါမှ သတိရသွား၏။ ဒါ voice Actorတွေ vliverတွေ ထုတ်ပေးနေကျ ထို ကုမ္ပဏီမဟုတ်လား...။
Idol တဲ့လား။ စင်စစ်တော့ သီခဘဝတွင် idol ဖြစ်ရန်ဆိုသည့် စိတ်ကူးမျိုး တစ်ခါမှ မရှိခဲ့ဖူးတာကြောင့် ဘယ်ကအတွေးကို စကောက်ရမှန်းမသိပင်ဖြစ်နေရ၏။ ငယ်စဥ်ကတည်းက သီချင်းဆိုဝါသနာတော့ ပါခဲ့သည်မို့ တီဗီတွင်လာတတ်သည့် ပြိုင်ပွဲမျိုးပဲ ဝင်ပြိုင်ရကောင်းမည်လား တွေးခဲ့ဖူးသော်လည်း လက်တွေ့တွင်က မဖြစ်နိုင်လောက်ဟု တွေးမိတာကြောင့် မလုပ်ဖြစ်ခဲ့။ သို့သော်ငြား idol ဆိုသည်ကတော့ ....။
"... အဲ့တော့ကွာ ဥပမာ ညီဆိုရင် သီချင်းဆိုဝါသနာပါတယ်မလား... အရည်အချင်းကလည်း ရှိနေတာပဲ။ အခု အစ်ကိုတို့ကလည်း ညီ့ကို train ပေးတာကအစ အကုန်အစုံ တာဝန်ယူပြီးကို debut ပေးမှာဗျာ"
သီခသည် ကြားတစ်ချက် မကြားတစ်ချက်နှင့်ပင် အနှီလူ၏ လေကြောထဲတွင် မျောချင်လာ၏။
"......ဒီလောက်အရည်အချင်းရော အခွင့်အရေးရော ရှိနေလျက်သားနဲ့ကို ဒီတိုင်း လက်လွှတ်လိုက်ဖို့က နှမျောစရာမကောင်းလွန်းဘူးလား?"
သီခမှာ ရုတ်တရက် အံ့ဩရသည့်အထဲ ဘာတွေမှန်း လိုက်မမှီသည့် စကားအဆန်းတွေကြားနေရသည့်အပြင် အနာကိုပါ တုတ်နှင့်ထိုးခံနေရသလို ခံစားရတာကြောင့် ခေါင်းများပါ ချာချာလည်လာရသည်။ သို့သော်ငြား ဘာရယ်မသိ နောက်ဆုံးစကားတစ်ခွန်းကို ကြားရသည့်အခိုက်တွင် သူ့ရင်ထဲ ဒိတ်ကနဲ ခုန်သွားသည်ကိုတော့ ခံစားလိုက်မိ၏။
"ဆိုတော့ကား ညီအခုချက်ချင်း ဆုံးဖြတ်ချက်မချသေးရင်လဲ ရတယ်ပေါ့နော် ဒါပေမဲ့ စဉ်းစားပြီးလို့ စိတ်ဝင်စားတယ်ဆို အချိန်မရွေး အစ်ကို့ဆီဖုန်းပြန်ဆက်လိုက်လို့ရပါတယ်။ လိပ်စာကတ်ပေါ်မယ် ကုမ္ပဏီလိပ်စာလဲပါတယ်ဗျ။ စိတ်ရှိရင် ကုမ္ပဏီကို တန်းလာလဲရတယ်"
သီခသည် လိပ်စာကတ်ကို တစ်ခါပြန်ကြည့်မိမှ ကတ်ပေါ်ရေးထားသည့် ဂျင်မီဆိုသော နာမည်တစ်ခုကိုတွေ့ရသည်။ ဤလူ့ နာမည်ဖြစ်ဟန်တူ၏။
ရုတ်တရက်ဆိုသလိုပင် ကားတစ်စီးက သူတို့ရှေ့သို့ ဝေါကနဲဆိုက်ရောက်လာသည်။ သီခသည် မော့ကြည့်မိခိုက်တွင် မှင်သက်သွားရပြန်၏။ သူအခုချိန်ထိတစ်ခါမှ မမြင်ဖူးသေးသည့် တောက်ပကာ ပြောင်လက်နေသည့် အတော်အတန်ဈေးကြီးဟန်ရှိသော ကားအကောင်းစားကြီးက သူ့ရှေ့တွင် ရပ်နေတာကြောင့်ပင်ဖြစ်သည်။ ကားမှာ မှန်အနက်နှင့်ဖြစ်တာကြောင့် အတွင်းထိကိုတော့ မမြင်ရပေ။ ဤပတ်ဝန်းကျင်တွင် တစ်ခါမှ မမြင်ခဲ့ဖူးသော အနှီကားမှာ သူနှင့်ရော နံဘေးကလူနှင့်ပါ အပ်စပ်ပုံမပေါ်တာကြောင့် မစပ်စုတော့ပဲ ကိုယ့်ဘာသာဆက်စဉ်းစားရန် ပြင်လိုက်စဉ်မှာပင် ဂျင်မီဆိုသူက လွယ်အိတ်ကို ပိုက်ကာ ရုတ်တရက် ထရပ်ရင်း ဆိုလာ၏။
"ဒါဆို လောလောဆယ်တော့ အလုပ်ရှိသေးတာမို့ အစ်ကို့ကို ခွင့်ပြုဦးကွာနော်။ စဉ်းစားပြီး ဖုန်းပြန်ဆက်နော် ... အစ်ကိုက ၂၄နာရီ ဖုန်းဖွင့်ထားတယ်သိလား ည၁နာရီ စိတ်ကူးပေါက်လို့ထခေါ်လဲရတာမို့ ကျိန်းသေ ဆက်နော် နော်!!!"
ဂျင်မီသည် ထိုကားနောက်ခန်းတွင် ဝင်ထိုင်ရင်းနှင့်ပင် မှန်ဖွင့်ကာ ဆက်ပြောနေသေး၏။ လူကောင်သေးသေးတွင် သည်လောက် အားအင်တွေက ဘယ်လိုဘယ်ဝါ လာစုနေသည်ကို သီခ နားကိုမလည်ပါပေ။
သီခမှာ နာရီဝက်လောက်အချိန်အတွင်းတွင် တွေ့ကြုံလိုက်ရသည့်အရာတွေက များလွန်းတာကြောင့် အိမ်ရောက်မှ ဖြည်းဖြည်း ဆက်စဉ်းစားတော့မည်ဟု တွေးရင်း ကားအလာကိုသာ ထိုင်မျှော်နေဖြစ်တော့သည်။
ရာသီဥတုက အတော်ပူသည်။ သို့သော် အခုချိန်တွင်တော့ သူ့ခေါင်းက ပိုပူနေမည်ထင်၏။
×××
7/4/22
6:48pm
(ZawGyi)
Step 0.1 : One (un)fine day...
အမွတ္၈၀ ဘတ္စ္ကား၏ အိတ္ေဇာသံက လြင္တီးေခါင္အရပ္၏ တိတ္ဆိတ္မႈကို အားျပင္းစြာ ၿဖိဳခြင္းသြား၏။
ကားရပ္လိုက္ကတည္းက လုံးထေနသည့္ ဖုန္လုံးက လူေတြ တက္ၾကဆင္းၾကလုပ္လိုက္သည့္အခါ ႏွစ္ဆပိုထသည္။ ဦးေလးႀကီးတစ္ေယာက္က လက္ထဲက ျခင္းေတာင္းကို မႏိုင္မနင္း ပစ္ခ်လိုက္သည့္အခါတြင္ေတာ့ သုံးဆပိုထသြား၏။
ကားဂိတ္တြင္ထိုင္ေနသည့္ ဆယ္ေက်ာ္သက္လူငယ္အခ်ိဳ႕လဲ ထိုကားေပၚတက္သြားၾကသည္။ စင္စစ္ေတာ့ ဒါ သီခတို႔ ေက်ာင္းက ေက်ာင္းသားမ်ားပင္။ အခ်ိန္က ေန႔လည္ ၁၂နာရီမို႔ ေက်ာင္းျပန္ခ်ိန္မဟုတ္တာ အသိသာႀကီးျဖစ္၏။ သို႔ေပေသာ္ျငား ကိုယ္ထူကိုယ္ထ ကိုယ္သြားကိုယ္ျပန္ တကၠသိုလ္ဘဝမို႔ ဘယ္ခ်ိန္သြား၍ ဘယ္ခ်ိန္ျပန္သည္က ျပႆနာမဟုတ္ေပ။
သူကိုယ္တိုင္ေတာင္ အိမ္ျပန္ဖို႔ရာ ကားထိုင္ေစာင့္ေနခ်ိန္တြင္ေတာ့ ေက်ာင္းေခၚခ်ိန္ကိစၥႏွင့္ပတ္သတ္၍ သီခ တကယ္ကို မေဆြးေႏြးလိုပါေပ။
ကားျပန္ထြက္သြားသည့္အခါတြင္ေတာ့ အရာအားလုံးက ျပန္လည္တိတ္ဆိတ္ၿငိမ္သက္သြားၾက၏။ ဖုန္လုံးကေတာ့ အေတာ္ႏွင့္မစဲေသး။ ၂မိနစ္ခန႔္ၾကာပါမွ လမ္းတစ္ဖက္က ရထားလမ္းကို သဲကြဲစြာ ျပန္ျမင္လာရ၏။
ကားဂိတ္ မ်က္ေစာင္းထိုးက တာယာဆိုင္က တလႈပ္လႈပ္အသံကို ခပ္သဲ့သဲ့ၾကားရသည္။ ခပ္လွမ္းလွမ္းတြင္ေတာ့ ကားအခ်ိဳ႕က နာရီဝက္တစ္စီးေလာက္ႏႈန္းႏွင့္ ျဖတ္သြားေနသည္ကိုျမင္ရသည္။
နာရီဝက္တစ္စီးဆိုသည္က တင္စားျခင္းမွ်သာျဖစ္၏။ တကယ္ဟုတ္မဟုတ္ သူလဲမသိ။ ႐ူပေဗဒပညာရွင္ေရာ သခ်ၤာပညာရွင္ပါမဟုတ္တာေၾကာင့္ သူသိစရာလဲမလိုပါေပ။
သီခသည္ ကံ့ေကာ္တကၠသိုလ္မွ ေက်ာင္းသားတစ္ဦးျဖစ္၏။ အထူးျပဳက Eco။ "ျပည္ေထာင္စု သမၼတ ဆရာဝန္-အင္ဂ်င္နီယာ-စီးပြားေရး တစ္ခုမလုပ္လ်င္ လူလုံးမလွ-ျမန္မာႏိုင္ငံေတာ္ႀကီး"တြင္ေတာ့ အေတာ္ေလး ပုံမွန္ျဖစ္ေသာ၊ လူအမ်ား၏ စံႏႈန္းမ်ားႏွင့္ ကိုက္ညီေသာ ေမဂ်ာတစ္ခုျဖစ္ပါ၏။
သူလည္း သည္လိုပင္ လက္ခံခဲ့ကာ သည္လိုပင္ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ႏွစ္အတန္ၾကာပင္ ခရီးေပါက္လို႔ ဘြဲ႕ရကာပင္နီးေနၿပီ ျဖစ္ေသာ္ျငား သီခမွာ ၾကာလာေလေလ တစ္ခုခုက လြဲမွားေနသလို ခံစားလာေနရသည္။
ေက်ာင္းၿပီးရင္ ဘာဆက္လုပ္ရမွာလဲ?
အလုပ္ရွာရမွာလား? အလုပ္က ရေရာရပါ့မလား?
ကြၽမ္းက်င္တာေရာ ရွိလို႔လား? ဘယ္အလုပ္ကို ေလွ်ာက္ရမွာလဲ?
ေက်ာင္းပဲဆက္တက္ရမလား?
ဒါ ဤလပိုင္းမ်ားတြင္ သူ႔ကိုယ္သူ ေတာက္ေလွ်ာက္ေမးေနခဲ့မိေသာ ေမးခြန္းမ်ားျဖစ္၏။
ငါလုပ္ခ်င္တာ ဒါေရာဟုတ္လို႔လား?
ငါ တကယ္လုပ္ခ်င္တာက ဘာလဲ?
ဤေမးခြန္းအတြက္ကေတာ့ သူ႔တြင္ အေျဖရွိၿပီးသား ထင္ပါ၏။ ကနဦးအစကတည္းက သူကိုယ္တိုင္သိၿပီးေသာ္ျငား မျဖစ္သင့္ဟုေတြးကာ သူကိုယ္တိုင္ လ်စ္လ်ဴရႈထားခဲ့ျဖစ္ေသာ အရာတစ္ခု။
သူစိတ္ဝင္စားသည္က ဂီတတစ္ခုသာျဖစ္၏။
သီခမွာ ငယ္စဥ္ကတည္းက ေစာင္းပညာရွင္ အဘြားႏွင့္ လက္ပြန္းတတီးရွိခဲ့သူမို႔ သိတတ္စအ႐ြယ္ထဲကပင္ ဂီတကိုခ်စ္တတ္ခဲ့၏။ မူလတန္းအ႐ြယ္ေလာက္ကတည္းက ေစာင္းသံကို နားရည္ဝခဲ့ကာ ဆိုကေရးတီးၿပိဳင္ပြဲအခ်ိဳ႕တြင္ ဝင္တီးႏိုင္သည္အထိ အထိုက္အေလ်ာက္ ေပါက္ေျမာက္ခဲ့ေသာ္ျငား ေဇာက္ခ်ေတာ့ မလုပ္ျဖစ္ခဲ့။
ဂီတ၊အႏုပညာဖက္တြက္ ပံ့ပိုးမႈအားနည္းလွေသာ လူ႔အသိုင္းအဝိုင္းေပမို႔၊ "အနာဂတ္မရွိ" ဟု ကင္ပြန္းတပ္ခံရေသာ အလုပ္အကိုင္ျဖစ္သည္မို႔ပင္ ျဖစ္မည္ထင္ပါ၏။ သို႔ႏွင့္ပင္ သာမန္ဟုထင္ရေသာ အလုပ္တစ္ခုကိုလုပ္ကာ ဘဝကို သူလိုငါလို သာမန္ပင္ ျဖတ္သန္းမည္ဟု ေတြးခဲ့ေသာ္ျငား အခ်ိန္ၾကာလာေလေလ တစ္ခုခုက မလုံေလာက္သည္ေနသည္ကို ခံစားလာရေလေလျဖစ္သည္။
ရင္ထဲက လစ္ဟာေနေသာ ဤကြက္လပ္ကို ကုစားေပးႏိုင္သည့္ တစ္ခုတည္းေသာအရာမွာ သူ႔အတြက္ေတာ့ ဂီတတစ္ခုသာရွိ၏။ အားလပ္ခ်ိန္ဆိုလ်င္ သီခ်င္းေလးနားေထာင္လိုက္၊ ေစာင္းကေလးတီးကာေနလိုက္လ်င္ေတာ့ တစ္ခဏမွ် စိတ္ေအးခ်မ္းရေသာ္ျငား မအားမလပ္ႏိုင္ေသာ ေက်ာင္းစာမ်ားႏွင့္မို႔ ၾကာၾကာမေအးခ်မ္းႏိုင္ခဲ့။
သူသည္အတိုင္းဆက္သြားေန၍ေရာ တကယ္ပဲ ျဖစ္ပါမည္လား... သည္အခ်ိန္မွ ျပန္လွည့္၍ေရာ ျဖစ္ပါမည္လား ေတြးၾကည့္ျပန္ေတာ့ ဦးေႏွာက္ႏွင့္ ႏွလုံးသားက လြန္ဆြဲျပန္သည္။ သည္လိုႏွင့္ပင္ ေမးခြန္းေတြက အစက တစ္ပတ္ျပန္လည္သြားျပန္၏။
မေရရာမႈေတြက တစ္စတစ္စ ပုံ၍လာေသာ္ျငား အေျဖကို သူကိုယ္တိုင္လဲ ရွာမရေသး။
ရွာမရေသးတာေၾကာင့္လည္း ဤေနရာတြင္ ငုတ္တုတ္ထိုင္ေနရတာျဖစ္၏။
ကားေစာင့္ရင္း နီးစပ္ရာတြင္ အေအးတစ္ပုလင္းေလာက္ဝယ္ေသာက္ရန္ နံေဘးက လြယ္အိတ္ဆီအလွည့္ သူ႔နံေဘးတြင္ လြယ္အိတ္တစ္လုံးႏွင့္ ခပ္ကုပ္ကုပ္ထိုင္ကာ အလုပ္ရႈပ္ေနသည့္ လူတစ္ေယာက္ကိုေတြ႕လိုက္ရသည္။
အသက္အစိတ္ဝန္းက်င္။ ထိုထက္ ႀကီးခ်င္လည္း ႀကီးႏိုင္သည္။ အသားျဖဴျဖဴ လူေကာင္ခပ္ေသးေသး၊ မ်က္မွန္လည္း တပ္ထား၏။ ရွပ္အက်ႌအကြက္ႏွင့္ ဂ်င္းေဘာင္းဘီအေရာင္ရင့္ကို ခပ္႐ိုး႐ိုးသာ ဝတ္ဆင္ထားသည္။ ေက်ာင္းသားျဖစ္ဟန္လည္းမတူ။ လက္လုပ္လက္စား သာမန္လူတစ္ေယာက္ႏွင့္သာ တူ၏။ သူ၏ သာမန္ဆန္လြန္းမႈ အစုစုၾကားက ကြဲထြက္ေနသည့္ တစ္ခုတည္းေသာအရာမွာေတာ့ သူ႔လက္ထဲက ေတာက္ပေနသည့္ ေနာက္ဆုံးေပၚ tablet ပင္ျဖစ္၏။ တိမ္ခသိသေလာက္ေတာ့ အေတာ္ေဈးႀကီးေသာ အမ်ိဳးအစားထဲက ျဖစ္ဖို႔မ်ားသည္။
တိမ္ခမွာ အခုမွ တစ္စုံတစ္ခုကို သတိရသြား၏။ သူမနက္က အတန္းလစ္ဖို႔ျပင္ေနခ်ိန္တုန္းကလည္း ေက်ာင္းနားတြင္ ဤလူ႔ကိုျမင္လိုက္ရသည္ဟုထင္သည္။ ေက်ာင္းသားေတြကို တစ္စုံတစ္ခုေမးေနဟန္ေပၚေသာ္လည္း အားလုံးက ပတ္ေျပးေနၾကတာေၾကာင့္ သူသတိထားမိလိုက္ျခင္းျဖစ္၏။
မေကာင္းသည့္လူေတာ့ ဟုတ္ဟန္မတူ။ မားကတ္တင္းလုပ္ရန္လာသည့္ ကုမၸဏီဝန္ထမ္းလည္း ျဖစ္ပုံမရ။
သီခသည္ ပ်င္းပ်င္းရွိသည္ႏွင့္ ထိုလူ႔ထံ ခ်ဥ္းကပ္သြားကာ ေမးလိုက္ျဖစ္သည္။
"မနက္ထဲက အစ္ကို႔ကို ေက်ာင္းေရွ႕မွာ ေတြ႕မိသလိုပဲေနာ္"
"ဗ်ာ ... ဟုတ္ ဟုတ္ကဲ့"
တစ္စုံတစ္ေယာက္က ေကာက္ကာငင္ကာ စကားစလာမည္ဟု ေမွ်ာ္လင့္ထားခဲ့ပုံမရေသာ အႏွီလူမွာ ႐ုတ္တရက္ အငိုက္မိကာ ဆတ္ကနဲ တုန္သြားရ၏။ သူနံေဘးကို လွည့္ၾကည့္လိုက္သည့္အခါတြင္ေတာ့ ၿပဳံးရင္း သူ႔ကိုၾကည့္ေနေသာ လူငယ္ေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္။
လူငယ္မွာ အသက္၂၀ ဝန္းက်င္ျဖစ္ပုံရကာ ဤတကၠသိုလ္မွ ေက်ာင္းသားပင္ျဖစ္ဟန္တူ၏။ အသားအေရက ဗမာအသားအေရပီသစြာ အနည္းငယ္ ညိဳစိမ့္စိမ့္။ မ်က္ႏွာေပါက္ကလည္း ဗမာဆန္ဆန္ႏွင့္ ေအးခ်မ္းေသာ အသြင္ရွိ၏။ ၿခဳံငုံ၍ဆိုရေသာ္ အေတာ္ေလး ခန႔္ညားေခ်ာေမာေသာ လူငယ္ေလးတစ္ေယာက္ပင္ျဖစ္ေလသည္။
"ေက်ာင္းသားေတြကို လိုက္ေမးေနတာလဲ ေတြ႕မိသလိုပဲ... စစ္တမ္းေကာက္တာ ဘာညာမ်ားလားဗ်"
အထူးျခားဆုံးကေတာ့ အသံပင္။ အသံသည္ မေပ်ာ့လြန္း၊ မမာလြန္း။ သူခြဲေနက် အမ်ိဳးအစားအတိုင္း ခြဲၾကည့္ရလ်င္ ေ႐ႊရင္ေအးသဖြယ္ ေအးျမၾကည္လင္သည့္ အသံမ်ိဳးျဖစ္သည္။ စကားေျပာရာတြင္ လုံးေထြးမႈလည္းမရွိသလို အသံကြဲအက္သြားခ်င္းလည္းမရွိ။ သူ စိတ္လႈပ္ရွားသြားရ၏။
"ဟိုဒင္း ... ခဏေလာက္ မတ္တပ္ရပ္ေပးလို႔ရမလားဟင္?"
"ဗ်ာ...ဟုတ္...ဟုတ္"
သူကေမးလိုက္ေတာ့ လူငယ္ေလးက ေၾကာင္တက္တက္ႏွင့္ မတ္တတ္ရပ္ျပရွာသည္။
အရပ္က ၅ေပ ၈... ၉ ဝန္းက်င္ေတာ့ ရွိမယ္ထင္တာပဲ ...
အိုေက ႏိုက္စ္!
သူစိတ္ထဲမွ ေရ႐ြတ္ရင္း အနည္းငယ္ ႀကိတ္ကာ ေပ်ာ္သြားျပန္၏။
"ရပါၿပီေနာ္ ေက်းဇူးပါဗ်။ စစ္တမ္းေကာက္တာလားဆိုေတာ့ အဲ့သေဘာပဲေပါ့ညီရယ္ ... ဘယ္လိုေျပာရပါ့ ... နည္းနည္းေတာ့ရႈပ္တယ္။ ဒါနဲ႔ ညီေလးက ဒီေက်ာင္းကပဲလား ဘယ္ေမဂ်ာကလဲ"
"ဟုတ္ကဲ့ဗ် ... Ecoကပါခင္ဗ်"
"အိုး... ေကာင္းတယ္ ေကာင္းတယ္"
လူစိမ္းမွာ ေဖာ္ေ႐ြပုံေတာ့ေပၚေသာ္ျငား သီခကေတာ့ ဤလူစိမ္းႏွင့္ စကားေျပာမိသည္ကို တျဖည္းျဖည္းေနာင္တရလာတာေၾကာင့္ ထြက္သာေျပးခ်င္ေနမိ၏။ စကားစလိုက္ကတည္းက လူကို သိမ္းက်ဳံးၾကည့္ေနလိုက္သည္မွာ ဒိုင္သို႔ ေရာင္းကာနီး ႏြားကို ေဈးေကာင္းရႏိုင္ မရႏိုင္ အကဲျဖတ္သည္ႏွင့္ပင္ တူသည္။ လူကိုလည္း မတ္တတ္ပါရပ္ခိုင္းကာ ေခါင္းစေျခဆုံးၾကည့္လိုက္ေသး။ ၾကာေလေလ သံသယျဖစ္စရာလူလိုလိုခံစားလာရေလျဖစ္၏။ သီခသည္ စိတ္ထဲတြင္ ျဖစ္ႏိုင္ေခ် အခ်ိဳ႕ကို တြက္ဆလိုက္ကာ အနီးစပ္ဆုံး ေကာက္ခ်က္ခ်လိုက္ျဖစ္သည္။
လူကုန္ကူးသမားမ်ားလား?
"ဪ ... ဒါ အစ္ကို႔ လိပ္စာကတ္ပါ"
တိမ္ခသည္ လြယ္အိတ္ကိုပိုက္ကာ အျမန္လစ္ေျပးရင္ ျပင္လိုက္စဥ္မွာပင္ ထိုသူက ကတ္ျပားတစ္ခုကို ထုတ္ေပးလာသည္ကို ေတြ႕လိုက္ရသည္။ သို႔ေသာ္ ထိပ္ဆုံးတြင္ေရးထားသည့္ K limited ဆိုသည့္ နာမည္တစ္ခုကိုသာ ဖတ္ရေသးခ်ိန္မွာပင္ ထိုသူက ထပ္၍ ထူးဆန္းေသာ စကားကို ဆိုလာျပန္ေလ၏။
"ဒါနဲ႔ ညီ သီခ်င္းေရာ ဆိုတတ္လား"
"ဗ်ာ .... ဟုတ္ ... နည္းနည္း"
"ဒါဆို တစ္ခ်က္ နားေထာင္ၾကည့္ရေအာင္ လာပါဦး ဘာဆိုခိုင္းရပါ့ ...... ဪ အိုေက ..... စမယ္ေနာ္ 1...2...3 ... မင္းရည္းစားထက္ကို ငါပိုခ်စ္တာ မေမွ်ာ္လင့္ပဲ နင္သိရွိသြားေတာ့ ...."
လူစိမ္းက သီခ်င္းဆိုရင္း သူ႔ကိုလည္း ေျခဟန္လက္ဟန္ျဖင့္ျပကာ ဆိုခိုင္းေန၏။ သီခမွာလည္း စဥ္းစားရန္အခ်ိန္ကမရသည့္အတြက္ ေရာေသာေဖာေသာႏွင့္ပါသြားကာ လိုက္ဆိုမိသြားေတာ့၏။
"မင္းရည္းစားေတာင္ သိရဲ႕လား ... မင္းရည္းစားေတာင္ သိရဲ႕လား ဟိုး ...."
ဘာေတြျဖစ္ေနသည္ သူတကယ္မသိေတာ့။ လူသူကင္းမဲ့သည့္ ကားဂိတ္တြင္ထိုင္ရင္း ေတြ႕တာ၁၀မိနစ္ခန႔္သာရွိေသးသည့္ သူစိမ္းေယာက္်ားႏွင့္အတူ သီခ်င္းထိုင္ဆိုေနရသည္။ သီခသည္ ဘာရယ္ညာရယ္ ေသခ်ာစဥ္းစားမရေသာ္ျငား ဤေနရာမွ အျမန္ထြက္ေျပးသင့္ေနၿပီဟု ေတြးမိတာေၾကာင့္ လြယ္အိတ္ကိုပိုက္ကာ ထေျပးရန္ ျပင္မိေတာ့၏။
"အိုေခ ...good!! Very nice!! ဒီေလာက္ဆို အေတာ္ အိုေကေနၿပီ... ဒါနဲ႔ ညီ သီခ်င္းဆို ဝါသနာပါလားဗ်"
"ဟုတ္ ... ပါေတာ့ ပါေပမဲ့...."
"ဒါဆို idolလုပ္ဖို႔ေရာ စိတ္ဝင္စားမလား?"
လစ္သည္ႏွင့္ ခ်က္ခ်င္းထေျပးရန္ ဟန္ျပင္ေနသည့္ သီခေျခေထာက္မ်ား ရပ္တန႔္သြား၏။
"ခင္ဗ်ာ ... Idol?"
"အင္း တကယ္ေတာ့ အစ္ကိုတို႔ ကုမၸဏီက music production ဖက္ လုပ္ငန္းခ်ဲ႕ၿပီး idol groupတစ္ခု debutေပးဖို႔ အစီအစဥ္ရွိလို႔ အခု scoutingလုပ္ေနတာရယ္။ scout ဆိုရင္ေတာ့ သဇင္တကၠသိုလ္ကစရမွာပဲဆိုၿပီး မနက္ကထဲ ေျခတိုေအာင္ရွာေနတာေပမဲ့ မေတြ႕၊ အာ့နဲ႔ ကားလာေစာင့္ရင္း ကံ့ေကာ္ဖက္က ကေလးေတြကို ေမးၾကည့္ျပန္ေတာ့လဲ အကုန္လုံးက ပတ္ေျပးေနၾက .... အခုဒီမွာ ညီနဲ႔လာေတြ႕မွ ကြက္တိဒက္ထိကိုျဖစ္သြားေတာ့တာပဲ"
လူစိမ္းက အေတာ္စကားမ်ားသည္။ သီခသည္ သူ႔စကားကို ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ နားေထာင္ေနရင္း သူေပးသည့္ လိပ္စာကတ္ကို ဖတ္ၾကည့္လိုက္၏။
K Limited... ေနပါဦး တစ္ေနရာမွာ ၾကားဖူးသလို ....
သီခ ထိုအခါမွ သတိရသြား၏။ ဒါ voice Actorေတြ vliverေတြ ထုတ္ေပးေနက် ထို ကုမၸဏီမဟုတ္လား...။
Idol တဲ့လား။ စင္စစ္ေတာ့ သီခဘဝတြင္ idol ျဖစ္ရန္ဆိုသည့္ စိတ္ကူးမ်ိဳး တစ္ခါမွ မရွိခဲ့ဖူးတာေၾကာင့္ ဘယ္ကအေတြးကို စေကာက္ရမွန္းမသိပင္ျဖစ္ေနရ၏။ ငယ္စဥ္ကတည္းက သီခ်င္းဆိုဝါသနာေတာ့ ပါခဲ့သည္မို႔ တီဗီတြင္လာတတ္သည့္ ၿပိဳင္ပြဲမ်ိဳးပဲ ဝင္ၿပိဳင္ရေကာင္းမည္လား ေတြးခဲ့ဖူးေသာ္လည္း လက္ေတြ႕တြင္က မျဖစ္ႏိုင္ေလာက္ဟု ေတြးမိတာေၾကာင့္ မလုပ္ျဖစ္ခဲ့။ သို႔ေသာ္ျငား idol ဆိုသည္ကေတာ့ ....။
"... အဲ့ေတာ့ကြာ ဥပမာ ညီဆိုရင္ သီခ်င္းဆိုဝါသနာပါတယ္မလား... အရည္အခ်င္းကလည္း ရွိေနတာပဲ။ အခု အစ္ကိုတို႔ကလည္း ညီ့ကို train ေပးတာကအစ အကုန္အစုံ တာဝန္ယူၿပီးကို debut ေပးမွာဗ်ာ"
သီခသည္ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ႏွင့္ပင္ အႏွီလူ၏ ေလေၾကာထဲတြင္ ေမ်ာခ်င္လာ၏။
"......ဒီေလာက္အရည္အခ်င္းေရာ အခြင့္အေရးေရာ ရွိေနလ်က္သားနဲ႔ကို ဒီတိုင္း လက္လႊတ္လိုက္ဖို႔က ႏွေမ်ာစရာမေကာင္းလြန္းဘူးလား?"
သီခမွာ ႐ုတ္တရက္ အံ့ဩရသည့္အထဲ ဘာေတြမွန္း လိုက္မမွီသည့္ စကားအဆန္းေတြၾကားေနရသည့္အျပင္ အနာကိုပါ တုတ္ႏွင့္ထိုးခံေနရသလို ခံစားရတာေၾကာင့္ ေခါင္းမ်ားပါ ခ်ာခ်ာလည္လာရသည္။ သို႔ေသာ္ျငား ဘာရယ္မသိ ေနာက္ဆုံးစကားတစ္ခြန္းကို ၾကားရသည့္အခိုက္တြင္ သူ႔ရင္ထဲ ဒိတ္ကနဲ ခုန္သြားသည္ကိုေတာ့ ခံစားလိုက္မိ၏။
"ဆိုေတာ့ကား ညီအခုခ်က္ခ်င္း ဆုံးျဖတ္ခ်က္မခ်ေသးရင္လဲ ရတယ္ေပါ့ေနာ္ ဒါေပမဲ့ စဥ္းစားၿပီးလို႔ စိတ္ဝင္စားတယ္ဆို အခ်ိန္မေ႐ြး အစ္ကို႔ဆီဖုန္းျပန္ဆက္လိုက္လို႔ရပါတယ္။ လိပ္စာကတ္ေပၚမယ္ ကုမၸဏီလိပ္စာလဲပါတယ္ဗ်။ စိတ္ရွိရင္ ကုမၸဏီကို တန္းလာလဲရတယ္"
သီခသည္ လိပ္စာကတ္ကို တစ္ခါျပန္ၾကည့္မိမွ ကတ္ေပၚေရးထားသည့္ ဂ်င္မီဆိုေသာ နာမည္တစ္ခုကိုေတြ႕ရသည္။ ဤလူ႔ နာမည္ျဖစ္ဟန္တူ၏။
႐ုတ္တရက္ဆိုသလိုပင္ ကားတစ္စီးက သူတို႔ေရွ႕သို႔ ေဝါကနဲဆိုက္ေရာက္လာသည္။ သီခသည္ ေမာ့ၾကည့္မိခိုက္တြင္ မွင္သက္သြားရျပန္၏။ သူအခုခ်ိန္ထိတစ္ခါမွ မျမင္ဖူးေသးသည့္ ေတာက္ပကာ ေျပာင္လက္ေနသည့္ အေတာ္အတန္ေဈးႀကီးဟန္ရွိေသာ ကားအေကာင္းစားႀကီးက သူ႔ေရွ႕တြင္ ရပ္ေနတာေၾကာင့္ပင္ျဖစ္သည္။ ကားမွာ မွန္အနက္ႏွင့္ျဖစ္တာေၾကာင့္ အတြင္းထိကိုေတာ့ မျမင္ရေပ။ ဤပတ္ဝန္းက်င္တြင္ တစ္ခါမွ မျမင္ခဲ့ဖူးေသာ အႏွီကားမွာ သူႏွင့္ေရာ နံေဘးကလူႏွင့္ပါ အပ္စပ္ပုံမေပၚတာေၾကာင့္ မစပ္စုေတာ့ပဲ ကိုယ့္ဘာသာဆက္စဥ္းစားရန္ ျပင္လိုက္စဥ္မွာပင္ ဂ်င္မီဆိုသူက လြယ္အိတ္ကို ပိုက္ကာ ႐ုတ္တရက္ ထရပ္ရင္း ဆိုလာ၏။
"ဒါဆို ေလာေလာဆယ္ေတာ့ အလုပ္ရွိေသးတာမို႔ အစ္ကို႔ကို ခြင့္ျပဳဦးကြာေနာ္။ စဥ္းစားၿပီး ဖုန္းျပန္ဆက္ေနာ္ ... အစ္ကိုက ၂၄နာရီ ဖုန္းဖြင့္ထားတယ္သိလား ည၁နာရီ စိတ္ကူးေပါက္လို႔ထေခၚလဲရတာမို႔ က်ိန္းေသ ဆက္ေနာ္ ေနာ္!!!"
ဂ်င္မီသည္ ထိုကားေနာက္ခန္းတြင္ ဝင္ထိုင္ရင္းႏွင့္ပင္ မွန္ဖြင့္ကာ ဆက္ေျပာေနေသး၏။ လူေကာင္ေသးေသးတြင္ သည္ေလာက္ အားအင္ေတြက ဘယ္လိုဘယ္ဝါ လာစုေနသည္ကို သီခ နားကိုမလည္ပါေပ။
သီခမွာ နာရီဝက္ေလာက္အခ်ိန္အတြင္းတြင္ ေတြ႕ႀကဳံလိုက္ရသည့္အရာေတြက မ်ားလြန္းတာေၾကာင့္ အိမ္ေရာက္မွ ျဖည္းျဖည္း ဆက္စဥ္းစားေတာ့မည္ဟု ေတြးရင္း ကားအလာကိုသာ ထိုင္ေမွ်ာ္ေနျဖစ္ေတာ့သည္။
ရာသီဥတုက အေတာ္ပူသည္။ သို႔ေသာ္ အခုခ်ိန္တြင္ေတာ့ သူ႔ေခါင္းက ပိုပူေနမည္ထင္၏။
×××
7/4/22
6:48pm