Chapter 337: ခဲအို မျက်နှာဖျော့နေတယ်
"လပြည့်ဝန်းအကယ်ဒမီရဲ့ ကျောင်းအုပ်ပီသပါတယ်။ ကျုပ်က အတော်လေး ဂရုစိုက်ထားတာတောင် ပေါ်သွားသေးတယ်" သစ်ပင်တစ်ပင်နောက်မှာ ပိန်လှီသော အဖိုးကြီးတစ်ယောက် ထွက်လာသည်။
အနက်ရောင်ဝတ်ထားပြီး တစ်ကိုယ်လုံးခေါင်းအထိ ချပ်ရပ်ကာ ဖုံးအုပ်ထားပြီး မျက်လုံးနှစ်လုံးသာ ပေါ်နေသည်။ သူ့မျက်နှာအသွင်အပြင်မှ နောက်ကြောင်းစုံစမ်းရန် မဖြစ်နိုင်ပေ။ အသံနှင့် ခန္ဓာကိုယ်သွင်ပြင်မှသာ ခန့်မှန်းရသည်။
ကျန်းလော့ဖူ အေးစက်စက်ကြည့်လိုက်ပြီး
"ရှင်ကဘယ်သူလဲ။ ဘာလို့ ကျွန်မတို့ကျောင်းက ဆရာတွေကို စမ်းသပ်နေရတာလဲ"
အနက်ရောင်ဝတ်လူက သက်ပြင်းချပြီး
"ကျုပ်က ကျောင်းအုပ်ကို တော်တဲ့လူတစ်ယောက်လို့ထင်ထားတာ။ ကြည့်ရတာ ကျုပ်က တုံးသွားတာပဲ။ ဒီမေးခွန်းတွေ ကျုပ်မဖြေနိုင်တာ သိရဲ့သားနဲ့ မင်းက မေးနေသေးတယ်"
ကျန်းလော့ဖူ ခေါင်းငြိမ့်လေသည်။
"ရှင်ပြောတာမှန်တယ်။ ကျွန်မဘက်က စကားရွေးတာ မှားသွားတာ"
ဆံထိုးကို ဖြုတ်ချလိုက်သော် သန်စွမ်းနက်မှောင်သောဆံပင်များ ရေတံခွန်လို ဖြာကျလာသည်။
အနက်ရောင်ဝတ်လူက ကြောင်သွားသည်။ သူက ဆန့်ကျင်ဘက်လိင်ကို စိတ်မဝင်စားသော်လည်း သူ့ရှေ့က အမျိုးသမီးကတော့ အလွန်အင်မတန်လှကြောင်း ဝန်ခံရပေမည်။ လှပသော သူ့ခြေချောင်းများနှင့် သူ့ကိုယ်သူ ယုံကြည်မှုကြောင့် တော်ဝင်မိဖုရားများပင် မမီနိုင်အောင် လှလေသည်။
ကျန်းလော့ဖူ ထိုအာရုံလွှဲချိန်ခဏကို အခွင့်ကောင်းယူကာ လှုပ်ရှားလိုက်သည်။ ခြေမက မြေကြီးကို အသာထောက်၍ လျပ်စီးပမာ ရှေ့တက်လိုက်သည်။ ချက်ချင်း သူ့ကျောက်စိမ်းဆံထိုးကို အနက်ရောင်ဝတ်လူ၏ မျက်လုံးထံ ထိုးစိုက်လေသည်။
ပြိုင်ဘက်တစ်ယောက်ကို အားကုန်သုံး မတိုက်ခိုက်ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သို့သော် ဒီလူပေးသောဖိမားက ကြီးမားလွန်း၍ လျှိုမထားရဲပေ။
သို့သော် မျက်နှာရောက်ရန် နှစ်လက်မအလိုတွင် ဆံထိုးက ရပ်သွားသည်။
လက်ချောင်းနှစ်ချောင်းက ဆံထိုးကို နေရာတင် ချုပ်ကိုင်ထားလေသည်။ ပြိုင်ဘက်က လက်ချောင်းကို လှည့်လိုက်သည်။
မယှဉ်နိုင်သော အင်အားစုတစ်ခု သူမထံ ရောက်လာလေသည်။
ကျန်းလော့ဖူ ဆံထိုးကို မကိုင်နိုင်တော့မတတ်ပင်။ သို့သော် အမြန် လှုပ်ရှားလိုက်နိုင်သည်။ လက်ကောက်ဝတ်ကိုလိမ်၍ ဆံထိုးကို ပြန်လှည့်လိုက်သည်။
ဆံထိုး၏ လှည့်လိုက်သောအင်အားကြောင့် ထိုလူ့လက်နှစ်ချောင်းကြားမှ လွတ်သွားသည်။
ထိုအခွင့်အရေးကိုသုံးကာ ကျန်းလော့ဖူ နောက်ကျွမ်းထိုးလိုက်သည်။ ဝေဆောင်တစ်ချိန်လုံး သွားရည်ကျခဲ့ရသော ခြေထောက်များက အန္တရာယ်အများဆုံး လက်နက်ဖြစ်လာသည်။
သူ့ခြေထောက်သွယ်သွယ်များက အားကောင်းသော နဂါးတစ်ကောင်လို မြောက်တက်လာပြီး အနက်ရောင်ဝတ်လူ၏ အရေးကြီးအစိတ်အပိုင်းများကို ခြေကန်ချက်ဆယ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
ထိုလျင်မြန်သော တိုက်ချက်များကိုကာကွယ်ရန် ထိုလူက ခြေရောလက်ပါ သုံးလိုက်ရသည်။
ပြန်တိုက်ရန် အချိန်ရသောအခါတွင်ကား ကျန်းလော့ဖူမှာ လုံခြုံသောအကွာအဝေးကို နောက်ဆုတ်ပြီးနေပြီ။ ကျန်းလော့ဖူက သတိချပ်လျက် ကြည့်နေသည်။
"မင်းက ဒီလောက်ငယ်သေးတာတောင် ဒီလို အဆင့်မြင့်တဲ့ ကျင့်ကြံမှုပိုင်ဆိုင်နေပြီ။ တကယ့်ကို လေးစားရပါတယ် " အချိန်တစ်ခုတော့ အနက်ရောင်ဝတ်လူက ဂျူနီယာတစ်ယောက်ကို လေးစားသော စီနီယာပမာ ပြုမူနေသည်။ ထို့နောက် ချက်ချင်း တိုက်ခိုက်လာသည်။
သူ့လှုပ်ရှားမှုများက မမြန်ပေ။ အနည်းဆုံး အပေါ်ယံတွင် ထိုသို့ မြင်ရသည်။ သာမန်လူအိုကြီးတစ်ယောက်လို ထင်ရသော်လည်း သူ့နောက်တွင် ပုံရိပ်ယောင်များ အတန်းလိုက် ထင်ကျန်နေခဲ့သည်။
ဒါက ထိုလူအိုကြီးမြန်လွန်း၍ ပတ်ဝန်းကျင်အလင်းရောင်နှင့် အရိပ်များ တွန့်ခေါက်သွားခြင်းကြောင့် ဖြစ်လာမှန်း ကျန်းလော့ဖူ သိလေသည်။ သူမကျောက်စိမ်းဆံထိုးက သူ့ရှေ့က လေထဲတွင် ဝဲပျံနေသည်။ လက်တစ်ဖက် ခါလိုက်သော် ဆံထိုးက ပုံစံမျိုးစုံဖြင့် ကိုးခု ဖြစ်သွားသည်။
ဆံထိုးနောက်မြီးတိုင်းကို လက်ဖြင့် ထိလိုက်သော် အားလုံး အနက်ရောင်ဝတ်လူထံ ပြေးဝင်သွားကြသည်။
ဆံတိုးတစ်ခုတိုင်းက အစွမ်းတစ်မျိုးစီပါ၍ လေခွင်းသံများဖြင့် ပျံသွားချိန် အရောင်မျိုးစုံ ပေါ်ထွက်လာသည်။သူတို့က အနက်ရောင်ဝတ်လူထံ ဓားပျံကိုးခုလို ထိုးစိုက်လေသည်။
"စိတ်ဝင်စားစရာပဲ" အနက်ရောင်ဝတ်လာက ဝင်လာသောဆံထိုးတစ်ခုချင်းစီကို လက်ချောင်းများနှင့် ကာကွယ်နေသည်။
ဆံထိုးများကို အနိုင်တိုက်ရခြင်းက သူ့အတွက် မခက်ခဲသော်လည်း အရှိန်ကိုတော့ နှေးသွားစေသည်။
ကျန်းလော့ဖူက ထိုအရာကို ပျော်မနေပေ။ ဒီလူအိုကြီး ပိုနီးလေ ဖိအားပိုများလေပင်။
"ကစားပွဲကို ဒီမှာတင် ရပ်လိုက်ရအောင်။ ခြေထောက်လှတဲ့ မိန်းကလေး.." စကားပြောနေရင်းပင် ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။
မျက်နှာထား ဖြူဖျော့သွားပြီး ခြေတစ်ဖက်ထောက်ကန်ကာ လေထဲပျံသန်းလျှက် အမှောင်ထုအတွင်း ပျောက်ကွယ်သွားလေသည်။
ကျန်းလော့ဖူက ခေါင်းလောင်းလေးကို ထုတ်သုံးရန်ပြင်ထားသော်လည်း ပြိုင်ဘက်က ထွက်ပြေးသွားသောကြောင့် ပြန်သိမ်းလိုက်သည်။ ပျောက်ကွယ်သွားသော လားရာဘက်ကိုကြည့်ကာ လေးလံစွာ ရေရွတ်လိုက်မိသည်။
"သူက အဆင့် ၉လား အရှင်သခင်အဆင့်လား မသိဘူး"
အဆင့် ၉ရော ၁၀ရောက လေထဲသို့ ပျံနိုင်သော်လည်း အဆင့် ၉က အကြာကြီး ထိန်းမထားနိုင်ပေ။
ထိုလူက အစွမ်းချန်ထားပုံရ၍ ကျန်းလော့ဖူ သူ့ကျင့်ကြံမှုကို မခန့်မှန်းနိုင်ပေ။
အနက်ရောင်ဝတ်လူက လပြည့်ဝန်းအကယ်ဒမီမှထွက်လာပြီး ချောင်ကျကျနေရာတစ်ခုတွင်ရပ်ကာ ချောင်းအသည်းအသန် ဆိုးလိုက်သည်။ မျက်နှာဖုံးကိုချွတ်၍ လက်ကိုင်ပုဝါဖြင့် ပါးစပ်ကိုအုပ်လိုက်မှ ချောင်းဆိုးရပ်သွားလေသည်။
နီညိုညိုသွေးများ စွန်းထင်းနေသော လက်ကိုင်ပုဝါကိုကြည့်ကာ ရေရွတ်လိုက်သည်။
"ငါ့အသက်က ကုန်ဆုံးခါနီးနေပြီ...မင်း ဘယ်နားမှာ ပုန်းနေတာလဲ"
...
ဇူအန်သာ ထိုနေရာတွင် ရှိနေလျှင် ဝေအိမ်က ဆန်းကြယ်သော ပညာရှင်ဖြစ်ကြောင်း သိပေလိမ့်မည်။
လတ်တလော အကယ်ဒမီမှဆရာများ၏ မျက်ကွင်းညိုညိုများနောက်ကွယ်က အကြောင်းအရာကိုလည်း သိသွားလောက်သည်။ ဒီလူအိုကြီးက ထိုဆရာများကို သပ်သပ် စမ်းနေခြင်းပင်။
ထို့နောက် ဒီလူအိုကြီးက သူ့နောက်လိုက်နေတာ သဘောပေါက်သွားပြီး အချက်ပေးသံများ ပို၍ မြည်လာလိမ့်မည်။
သို့သော် အားလုံးကို သတိမထားမိသောကြောင့် ထုံးစံအတိုင်း ပျော်ရွှင်စွာ နေ့ရက်တိုင်း ဖြတ်သန်းနေလေသည်။
နေ့ပိုင်းတွင် သူနှင့်ကျန်းတန်က အကယ်ဒမီ၏ လူပြတ်သောနေရာတိုင်းတွင် အချစ်အမှတ်အသားများ ချန်ခဲ့သည်။ ညပိုင်းတွင် အသံမဲ့အိမ်ဆောင်အတွင်း ချူချူယန်နှင့် ဘဝအကြောင်း ဆွေးနွေးနေသည်။
ချူချူယန်က အစပိုင်းမှ အရှက်သည်းမှုနှင့် ဣနြေ္ဒရှိခြင်းကို ကျော်ဖြတ်ကာ အခုဆို တည်ငြိမ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လာသည်။
အတန်းပြီးသော တစ်ရက်တွင်ကား ချူဟွမ်ကျောက် ဇူအန်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။ သူ့ကိုပင် အကြိမ်တစ်ချို့ လှည့်ပတ်လိုက်သေးသည်။
"မင်းဘာလုပ်နေတာလဲ။ ငါ့မျက်နှာမှာ တစ်ခုခု ရှိနေလို့လား" ဇူအန် သူ့ပါးသူ ပြန်ပွတ်လိုက်မိသည်။
ချူဟွမ်ကျောက် စိတ်မထိန်းနိုင်တော့ဘဲ
"ခဲအို ရှင်က ဖြူဖျော့ပြီး ညှိုးနွမ်းနေတာပဲ"
ဇူအန် ပြောစရာစကားမရှိတော့ပေ။
ချူချူယန် နှင့် ကျန်းတန်က ပြိုင်ဘက်ကင်း အလှလေးများဖြစ်သည်။ သို့သော် ရှေးဟောင်းကီဖြင့် ပြုပြင်ထားသော ဇူအန်ခန္ဓာကိုယ်ပင် ဒီလို နေ့စဉ်ရက်ဆက်ကိစ္စကို မခံနိုင်တော့ပေ။
"ကျောင်းစာ အရမ်းများလို့လား။ ရှင်က တစ်ချိန်တည်းမှာ ကျောင်းသားရော ဆရာရောလုပ်နေရတာ။ ကျောင်းအုပ်ကို အတန်းချိန်လျှော့ပေးဖို့ စာတင်သင့်တယ်" ချူဟွမ်ကျောက် သူ့အတွက် စိုးရိမ်ပေးနေခြင်းဖြစ်သည်။
ဇူအန် ရှက်ရွံ့စွာ မျက်နှာပူလာသည်။
"စိတ်မပူနဲ့ ငါအကုန်လုံး ထိန်းချုပ်နိုင်ပါတယ်"
"ကျီရှောင်ချီ ကိုရှာပြီး ဆေးဝယ်ရအောင်။ သူရှင့်ကို လျစ်လျှူရှုနေသေးရင် ကျွန်မသူ့ကို သွားရှာလိုက်မယ်" ချူဟွမ်ကျောက် ပြောလိုက်သည်။
"ဟားဟား ရပါတယ်။ ငါ့ဘာသာ နတ်ဆေးဆရာ ကျီဆီကို သွားလိုက်မယ်။ အခုပဲ သွားတော့မှာ။ ငါမပါဘဲ အိမ်အရင်ပြန်နှင့်" ချူဟွမ်ကျောက်ကို အိမ်အရင်ပြန်စေရန် ဖျောင်းဖြလိုက်သည်။
ကျီတန်ထုနေရာထိ လိုက်လာပြီး သူ့မျက်နှာဖြူနေရတဲ့အကြောင်းအရင်းသိသွားပါက သူ့ကို သတ်ပေလိမ့်မည်။
သို့သော် နတ်ဆေးဆရာ ကျီထံ သွားရသောအဓိက အကြောင်းက ထိုဆေးကြောင့်မဟုတ်ပေ။ ထို့အစားဒဏ်ရာကုဆေးတစ်ချို့ ဝယ်ရန်ဖြစ်သည်။
သူ့ကျင့်စဉ်က ဇူအန်ကို ဒဏ်ရာများစွာရစေသည်။ နောက်ဆုံးသင်ခန်းစာတစ်ချို့က ကိုယ်တွင် ဆေးဆောင်ထားရန် မည်မျှအရေးပါကြောင်း သင်ပေးလိုက်သည်။
ကျီအိမ်အဝင်ဝက ခါတိုင်းလို လူအုံနေဆဲပင်။
သို့သော် ဇူအန်က အရေးကြီးဖောက်သည်ဖြစ်သည်။ အိမ်တော်နောက်ထဲသို့ တန်းဝင်သွားလိုက်သည်။
ရိုးရိုးသားသား ပြောရရင် အဲ့ဒီနှာဘူးအိုကြီးကို ဇူအန် မတွေ့ချင်ပေ။ နတ်ဆေးဆရာကို ဖောက်ပြန်ခံရသော စာအုပ်ပေးထားပြီး ပြဿနာရှာထားမိသည်။ ကျီရှောင်ချီနှင့်ကိစ္စလည်း အလားတူပဲ။ သူတို့တွေ့တွေ့ချင်း ဇူအန်ကို ကန်ပစ်ဖို့ များလေသည်။
သို့သော် ကျီရှောင်ချီက သူ့ကို လတ်တလော လျစ်လျူရှူထား၍ သူ့ဆီက ဆေးဝယ်ရန် မဖြစ်နိုင်ပေ။ ကျန်သော နည်းက ကျီတန်ထုကို ရှာရန်ဖြစ်သည်။
အထဲဝင်ရန်ပြင်လိုက်စဉ်ပင် ကျန်းလော့ဖူနှင့် ပက်ပင်းတိုးလေသည်။ တစ်ဖက်လူကလည်း အံ့သြသွားသည်။
"မင်းက ဘာလာလုပ်တာလဲ"
"ကျွန်တော်က ဆေးတစ်ချို့ ဝယ်ချင်လို့" သူ့ကို ဒီနေရာတွင် တွေ့ရသည်ကို ဇူအန် ထူးဆန်းမနေပေ။ သူက ကျီတန်ထု၏ အမျိုးဖြစ်နေသည်လေ။
ဒီလိုဖြစ်မယ်မှန်းသာသိရင် ခပ်မြန်မြန်ဝင်လိုက်ပြီး ရင်ဘတ်ချင်း တိုက်မိအောင်လုပ်လိုက်ပါတယ်။
ကျန်းလော့ဖူ သဘောပေါက်ကြောင်း ခေါင်းညိတ်ပြ၍ တင့်တယ်စွာ ဆက်လျှောက်သွားလေသည်။ ရုတ်တရက် နောက်လှည့်၍ ပြောလာသည်။
"အိုး ဒါနဲ့ မင်းအကယ်ဒမီမှာရှိနေတုန်း သတိထားနေပါ"
"ဘာလို့လဲ" ဇူအန် အံ့သြသွားသည်။ ဘာလို့ သူ့လေသံက သတိပေးသလိုဖြစ်နေတာလဲ။
ကျန်းတန်နဲ့ အပျော်ရှာတာ သိသွားတာလား။
"အခုတလော ဆန်းကြယ်တဲ့ပညာရှင်တစ်ယောက် အကယ်ဒမီကို လှည့်ပတ်နေတယ်။ သူ့ပစ်မှတ်ကို ငါတို့ခုချိန်ထိ မသိသေးဘူး။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်က မကောင်းတာတော့ သေချာတယ်" ထိုညက အဖြစ်အပျက်ကို ပြန်စဉ်းစား၍ ကျန်းလော့ဖူ မျက်ခုံးများ တွန့်ချိုးလာသည်။
ဇူအန် စိတ်အေးသွားရသည်။ ကျန်းတန်နဲ့ သူ့ကိစ္စ ခုထိ မပေါ်သေးတာ ဘုရားသိကြားမတာပဲ။
ဇူအန်ကို သတိပေးပြီးနောက် ကျန်းလော့ဖူ သူ့အတွေးနှင့်သူ အာရုံကပ်နေပြီး ထွက်သွားလေသည်။
ထိုအချိန်မှာပင် ကျီရှောင်ချီ ဆေးရွက်များတင်ထားသော ခြင်းကိုင်ကာ ထွက်လာသည်။ ဇူအန် မျက်လုံးအရောင်လက်သွားပြီး ကျီရှောင်ချီထံ သွားလိုက်သည်။
ဒါပေါ့ ကျီရှောင်ချီ ချက်ချင်းနောက်လှည့်ကာ သရဲတွေ့သလို ပြန်ပြေးသွားလေသည်။
ဇူအန် သူ့နောက်ကို လိုက်ရန်ပြင်လိုက်စဉ် ကျီတန်ထုသူ့ရှေ့ ရူတ်တရက်ပေါ်လာပြီး ဇူအန်ကို ဒေါသတကြီး မျက်စောင်းထိုး၍
"ကောင်စုတ် မင်း ငါ့ရှောင်ချီကို အနိုင်ကျင့်ထားတာလား"
---- - ----- --------------------------------- ----- - - - - - - -- ----- - - - -
Chapter 337: ခဲအို မ်က္ႏွာေဖ်ာ့ေနတယ္
"လျပည့္ဝန္းအကယ္ဒမီရဲ႕ ေက်ာင္းအုပ္ပီသပါတယ္။ က်ဳပ္က အေတာ္ေလး ဂ႐ုစိုက္ထားတာေတာင္ ေပၚသြားေသးတယ္" သစ္ပင္တစ္ပင္ေနာက္မွာ ပိန္လွီေသာ အဖိုးႀကီးတစ္ေယာက္ ထြက္လာသည္။
အနက္ေရာင္ဝတ္ထားၿပီး တစ္ကိုယ္လုံးေခါင္းအထိ ခ်ပ္ရပ္ကာ ဖုံးအုပ္ထားၿပီး မ်က္လုံးႏွစ္လုံးသာ ေပၚေနသည္။ သူ႕မ်က္ႏွာအသြင္အျပင္မွ ေနာက္ေၾကာင္းစုံစမ္းရန္ မျဖစ္နိုင္ေပ။ အသံႏွင့္ ခႏၶာကိုယ္သြင္ျပင္မွသာ ခန့္မွန္းရသည္။
က်န္းေလာ့ဖူ ေအးစက္စက္ၾကည့္လိုက္ၿပီး
"ရွင္ကဘယ္သူလဲ။ ဘာလို႔ ကြၽန္မတို႔ေက်ာင္းက ဆရာေတြကို စမ္းသပ္ေနရတာလဲ"
အနက္ေရာင္ဝတ္လူက သက္ျပင္းခ်ၿပီး
"က်ဳပ္က ေက်ာင္းအုပ္ကို ေတာ္တဲ့လူတစ္ေယာက္လို႔ထင္ထားတာ။ ၾကည့္ရတာ က်ဳပ္က တုံးသြားတာပဲ။ ဒီေမးခြန္းေတြ က်ဳပ္မေျဖနိုင္တာ သိရဲ႕သားနဲ႕ မင္းက ေမးေနေသးတယ္"
က်န္းေလာ့ဖူ ေခါင္းၿငိမ့္ေလသည္။
"ရွင္ေျပာတာမွန္တယ္။ ကြၽန္မဘက္က စကားေ႐ြးတာ မွားသြားတာ"
ဆံထိုးကို ျဖဳတ္ခ်လိဳက္ေသာ္ သန္စြမ္းနက္ေမွာင္ေသာဆံပင္မ်ား ေရတံခြန္လို ျဖာက်လာသည္။
အနက္ေရာင္ဝတ္လူက ေၾကာင္သြားသည္။ သူက ဆန့္က်င္ဘက္လိင္ကို စိတ္မဝင္စားေသာ္လည္း သူ႕ေရွ႕က အမ်ိဳးသမီးကေတာ့ အလြန္အင္မတန္လွေၾကာင္း ဝန္ခံရေပမည္။ လွပေသာ သူ႕ေျခေခ်ာင္းမ်ားႏွင့္ သူ႕ကိုယ္သူ ယုံၾကည္မႈေၾကာင့္ ေတာ္ဝင္မိဖုရားမ်ားပင္ မမီနိုင္ေအာင္ လွေလသည္။
က်န္းေလာ့ဖူ ထိုအာ႐ုံလႊဲခ်ိန္ခဏကို အခြင့္ေကာင္းယူကာ လႈပ္ရွားလိုက္သည္။ ေျခမက ေျမႀကီးကို အသာေထာက္၍ လ်ပ္စီးပမာ ေရွ႕တက္လိုက္သည္။ ခ်က္ခ်င္း သူ႕ေက်ာက္စိမ္းဆံထိုးကို အနက္ေရာင္ဝတ္လူ၏ မ်က္လုံးထံ ထိုးစိုက္ေလသည္။
ၿပိဳင္ဘက္တစ္ေယာက္ကို အားကုန္သုံး မတိုက္ခိုက္ရသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာေနၿပီ။ သို႔ေသာ္ ဒီလူေပးေသာဖိမားက ႀကီးမားလြန္း၍ လွ်ိုမထားရဲေပ။
သို႔ေသာ္ မ်က္ႏွာေရာက္ရန္ ႏွစ္လက္မအလိုတြင္ ဆံထိုးက ရပ္သြားသည္။
လက္ေခ်ာင္းႏွစ္ေခ်ာင္းက ဆံထိုးကို ေနရာတင္ ခ်ဳပ္ကိုင္ထားေလသည္။ ၿပိဳင္ဘက္က လက္ေခ်ာင္းကို လွည့္လိုက္သည္။
မယွဥ္နိုင္ေသာ အင္အားစုတစ္ခု သူမထံ ေရာက္လာေလသည္။
က်န္းေလာ့ဖူ ဆံထိုးကို မကိုင္နိုင္ေတာ့မတတ္ပင္။ သို႔ေသာ္ အျမန္ လႈပ္ရွားလိုက္နိုင္သည္။ လက္ေကာက္ဝတ္ကိုလိမ္၍ ဆံထိုးကို ျပန္လွည့္လိုက္သည္။
ဆံထိုး၏ လွည့္လိုက္ေသာအင္အားေၾကာင့္ ထိုလူ႕လက္ႏွစ္ေခ်ာင္းၾကားမွ လြတ္သြားသည္။
ထိုအခြင့္အေရးကိုသုံးကာ က်န္းေလာ့ဖူ ေနာက္ကြၽမ္းထိုးလိုက္သည္။ ေဝေဆာင္တစ္ခ်ိန္လုံး သြားရည္က်ခဲ့ရေသာ ေျခေထာက္မ်ားက အႏၱရာယ္အမ်ားဆုံး လက္နက္ျဖစ္လာသည္။
သူ႕ေျခေထာက္သြယ္သြယ္မ်ားက အားေကာင္းေသာ နဂါးတစ္ေကာင္လို ေျမာက္တက္လာၿပီး အနက္ေရာင္ဝတ္လူ၏ အေရးႀကီးအစိတ္အပိုင္းမ်ားကို ေျခကန္ခ်က္ဆယ္ခ်က္ျဖင့္ တိုက္ခိုက္လိုက္သည္။
ထိုလ်င္ျမန္ေသာ တိုက္ခ်က္မ်ားကိုကာကြယ္ရန္ ထိုလူက ေျခေရာလက္ပါ သုံးလိုက္ရသည္။
ျပန္တိုက္ရန္ အခ်ိန္ရေသာအခါတြင္ကား က်န္းေလာ့ဖူမွာ လုံၿခဳံေသာအကြာအေဝးကို ေနာက္ဆုတ္ၿပီးေနၿပီ။ က်န္းေလာ့ဖူက သတိခ်ပ္လ်က္ ၾကည့္ေနသည္။
"မင္းက ဒီေလာက္ငယ္ေသးတာေတာင္ ဒီလို အဆင့္ျမင့္တဲ့ က်င့္ႀကံမႈပိုင္ဆိုင္ေနၿပီ။ တကယ့္ကို ေလးစားရပါတယ္ " အခ်ိန္တစ္ခုေတာ့ အနက္ေရာင္ဝတ္လူက ဂ်ဴနီယာတစ္ေယာက္ကို ေလးစားေသာ စီနီယာပမာ ျပဳမူေနသည္။ ထို႔ေနာက္ ခ်က္ခ်င္း တိုက္ခိုက္လာသည္။
သူ႕လႈပ္ရွားမႈမ်ားက မျမန္ေပ။ အနည္းဆုံး အေပၚယံတြင္ ထိုသို႔ ျမင္ရသည္။ သာမန္လူအိုႀကီးတစ္ေယာက္လို ထင္ရေသာ္လည္း သူ႕ေနာက္တြင္ ပုံရိပ္ေယာင္မ်ား အတန္းလိုက္ ထင္က်န္ေနခဲ့သည္။
ဒါက ထိုလူအိုႀကီးျမန္လြန္း၍ ပတ္ဝန္းက်င္အလင္းေရာင္ႏွင့္ အရိပ္မ်ား တြန့္ေခါက္သြားျခင္းေၾကာင့္ ျဖစ္လာမွန္း က်န္းေလာ့ဖူ သိေလသည္။ သူမေက်ာက္စိမ္းဆံထိုးက သူ႕ေရွ႕က ေလထဲတြင္ ဝဲပ်ံေနသည္။ လက္တစ္ဖက္ ခါလိုက္ေသာ္ ဆံထိုးက ပုံစံမ်ိဳးစုံျဖင့္ ကိုးခု ျဖစ္သြားသည္။
ဆံထိုးေနာက္ၿမီးတိုင္းကို လက္ျဖင့္ ထိလိုက္ေသာ္ အားလုံး အနက္ေရာင္ဝတ္လူထံ ေျပးဝင္သြားၾကသည္။
ဆံတိုးတစ္ခုတိုင္းက အစြမ္းတစ္မ်ိဳးစီပါ၍ ေလခြင္းသံမ်ားျဖင့္ ပ်ံသြားခ်ိန္ အေရာင္မ်ိဳးစုံ ေပၚထြက္လာသည္။သူတို႔က အနက္ေရာင္ဝတ္လူထံ ဓားပ်ံကိုးခုလို ထိုးစိုက္ေလသည္။
"စိတ္ဝင္စားစရာပဲ" အနက္ေရာင္ဝတ္လာက ဝင္လာေသာဆံထိုးတစ္ခုခ်င္းစီကို လက္ေခ်ာင္းမ်ားႏွင့္ ကာကြယ္ေနသည္။
ဆံထိုးမ်ားကို အနိုင္တိုက္ရျခင္းက သူ႕အတြက္ မခက္ခဲေသာ္လည္း အရွိန္ကိုေတာ့ ႏွေးသြားေစသည္။
က်န္းေလာ့ဖူက ထိုအရာကို ေပ်ာ္မေနေပ။ ဒီလူအိုႀကီး ပိုနီးေလ ဖိအားပိုမ်ားေလပင္။
"ကစားပြဲကို ဒီမွာတင္ ရပ္လိုက္ရေအာင္။ ေျခေထာက္လွတဲ့ မိန္းကေလး.." စကားေျပာေနရင္းပင္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးလာသည္။
မ်က္ႏွာထား ျဖဴေဖ်ာ့သြားၿပီး ေျခတစ္ဖက္ေထာက္ကန္ကာ ေလထဲပ်ံသန္းလွ်က္ အေမွာင္ထုအတြင္း ေပ်ာက္ကြယ္သြားေလသည္။
က်န္းေလာ့ဖူက ေခါင္းေလာင္းေလးကို ထုတ္သုံးရန္ျပင္ထားေသာ္လည္း ၿပိဳင္ဘက္က ထြက္ေျပးသြားေသာေၾကာင့္ ျပန္သိမ္းလိုက္သည္။ ေပ်ာက္ကြယ္သြားေသာ လားရာဘက္ကိုၾကည့္ကာ ေလးလံစြာ ေရ႐ြတ္လိုက္မိသည္။
"သူက အဆင့္ ၉လား အရွင္သခင္အဆင့္လား မသိဘူး"
အဆင့္ ၉ေရာ ၁၀ေရာက ေလထဲသို႔ ပ်ံနိုင္ေသာ္လည္း အဆင့္ ၉က အၾကာႀကီး ထိန္းမထားနိုင္ေပ။
ထိုလူက အစြမ္းခ်န္ထားပုံရ၍ က်န္းေလာ့ဖူ သူ႕က်င့္ႀကံမႈကို မခန့္မွန္းနိုင္ေပ။
အနက္ေရာင္ဝတ္လူက လျပည့္ဝန္းအကယ္ဒမီမွထြက္လာၿပီး ေခ်ာင္က်က်ေနရာတစ္ခုတြင္ရပ္ကာ ေခ်ာင္းအသည္းအသန္ ဆိုးလိုက္သည္။ မ်က္ႏွာဖုံးကိုခြၽတ္၍ လက္ကိုင္ပုဝါျဖင့္ ပါးစပ္ကိုအုပ္လိုက္မွ ေခ်ာင္းဆိုးရပ္သြားေလသည္။
နီညိုညိုေသြးမ်ား စြန္းထင္းေနေသာ လက္ကိုင္ပုဝါကိုၾကည့္ကာ ေရ႐ြတ္လိုက္သည္။
"ငါ့အသက္က ကုန္ဆုံးခါနီးေနၿပီ...မင္း ဘယ္နားမွာ ပုန္းေနတာလဲ"
...
ဇူအန္သာ ထိုေနရာတြင္ ရွိေနလွ်င္ ေဝအိမ္က ဆန္းၾကယ္ေသာ ပညာရွင္ျဖစ္ေၾကာင္း သိေပလိမ့္မည္။
လတ္တေလာ အကယ္ဒမီမွဆရာမ်ား၏ မ်က္ကြင္းညိုညိုမ်ားေနာက္ကြယ္က အေၾကာင္းအရာကိုလည္း သိသြားေလာက္သည္။ ဒီလူအိုႀကီးက ထိုဆရာမ်ားကို သပ္သပ္ စမ္းေနျခင္းပင္။
ထို႔ေနာက္ ဒီလူအိုႀကီးက သူ႕ေနာက္လိုက္ေနတာ သေဘာေပါက္သြားၿပီး အခ်က္ေပးသံမ်ား ပို၍ ျမည္လာလိမ့္မည္။
သို႔ေသာ္ အားလုံးကို သတိမထားမိေသာေၾကာင့္ ထုံးစံအတိုင္း ေပ်ာ္႐ႊင္စြာ ေန႕ရက္တိုင္း ျဖတ္သန္းေနေလသည္။
ေန႕ပိုင္းတြင္ သူႏွင့္က်န္းတန္က အကယ္ဒမီ၏ လူျပတ္ေသာေနရာတိုင္းတြင္ အခ်စ္အမွတ္အသားမ်ား ခ်န္ခဲ့သည္။ ညပိုင္းတြင္ အသံမဲ့အိမ္ေဆာင္အတြင္း ခ်ဴခ်ဴယန္ႏွင့္ ဘဝအေၾကာင္း ေဆြးႏြေးေနသည္။
ခ်ဴခ်ဴယန္က အစပိုင္းမွ အရွက္သည္းမႈႏွင့္ ဣေျနၵရွိျခင္းကို ေက်ာ္ျဖတ္ကာ အခုဆို တည္ၿငိမ္စြာ ပူးေပါင္းေဆာင္႐ြက္နိုင္လာသည္။
အတန္းၿပီးေသာ တစ္ရက္တြင္ကား ခ်ဴဟြမ္ေက်ာက္ ဇူအန္ကို စူးစူးဝါးဝါးစိုက္ၾကည့္လိုက္သည္။ သူ႕ကိုပင္ အႀကိမ္တစ္ခ်ိဳ႕ လွည့္ပတ္လိုက္ေသးသည္။
"မင္းဘာလုပ္ေနတာလဲ။ ငါ့မ်က္ႏွာမွာ တစ္ခုခု ရွိေနလို႔လား" ဇူအန္ သူ႕ပါးသူ ျပန္ပြတ္လိုက္မိသည္။
ခ်ဴဟြမ္ေက်ာက္ စိတ္မထိန္းနိုင္ေတာ့ဘဲ
"ခဲအို ရွင္က ျဖဴေဖ်ာ့ၿပီး ညွိုးႏြမ္းေနတာပဲ"
ဇူအန္ ေျပာစရာစကားမရွိေတာ့ေပ။
ခ်ဴခ်ဴယန္ ႏွင့္ က်န္းတန္က ၿပိဳင္ဘက္ကင္း အလွေလးမ်ားျဖစ္သည္။ သို႔ေသာ္ ေရွးေဟာင္းကီျဖင့္ ျပဳျပင္ထားေသာ ဇူအန္ခႏၶာကိုယ္ပင္ ဒီလို ေန႕စဥ္ရက္ဆက္ကိစၥကို မခံနိုင္ေတာ့ေပ။
"ေက်ာင္းစာ အရမ္းမ်ားလို႔လား။ ရွင္က တစ္ခ်ိန္တည္းမွာ ေက်ာင္းသားေရာ ဆရာေရာလုပ္ေနရတာ။ ေက်ာင္းအုပ္ကို အတန္းခ်ိန္ေလွ်ာ့ေပးဖို႔ စာတင္သင့္တယ္" ခ်ဴဟြမ္ေက်ာက္ သူ႕အတြက္ စိုးရိမ္ေပးေနျခင္းျဖစ္သည္။
ဇူအန္ ရွက္႐ြံ႕စြာ မ်က္ႏွာပူလာသည္။
"စိတ္မပူနဲ႕ ငါအကုန္လုံး ထိန္းခ်ဳပ္နိုင္ပါတယ္"
"က်ီေရွာင္ခ်ီ ကိုရွာၿပီး ေဆးဝယ္ရေအာင္။ သူရွင့္ကို လ်စ္လ်ႉရႈေနေသးရင္ ကြၽန္မသူ႕ကို သြားရွာလိုက္မယ္" ခ်ဴဟြမ္ေက်ာက္ ေျပာလိုက္သည္။
"ဟားဟား ရပါတယ္။ ငါ့ဘာသာ နတ္ေဆးဆရာ က်ီဆီကို သြားလိုက္မယ္။ အခုပဲ သြားေတာ့မွာ။ ငါမပါဘဲ အိမ္အရင္ျပန္ႏွင့္" ခ်ဴဟြမ္ေက်ာက္ကို အိမ္အရင္ျပန္ေစရန္ ေဖ်ာင္းျဖလိုက္သည္။
က်ီတန္ထုေနရာထိ လိုက္လာၿပီး သူ႕မ်က္ႏွာျဖဴေနရတဲ့အေၾကာင္းအရင္းသိသြားပါက သူ႕ကို သတ္ေပလိမ့္မည္။
သို႔ေသာ္ နတ္ေဆးဆရာ က်ီထံ သြားရေသာအဓိက အေၾကာင္းက ထိုေဆးေၾကာင့္မဟုတ္ေပ။ ထို႔အစားဒဏ္ရာကုေဆးတစ္ခ်ိဳ႕ ဝယ္ရန္ျဖစ္သည္။
သူ႕က်င့္စဥ္က ဇူအန္ကို ဒဏ္ရာမ်ားစြာရေစသည္။ ေနာက္ဆုံးသင္ခန္းစာတစ္ခ်ိဳ႕က ကိုယ္တြင္ ေဆးေဆာင္ထားရန္ မည္မွ်အေရးပါေၾကာင္း သင္ေပးလိုက္သည္။
က်ီအိမ္အဝင္ဝက ခါတိုင္းလို လူအုံေနဆဲပင္။
သို႔ေသာ္ ဇူအန္က အေရးႀကီးေဖာက္သည္ျဖစ္သည္။ အိမ္ေတာ္ေနာက္ထဲသို႔ တန္းဝင္သြားလိုက္သည္။
ရိုးရိုးသားသား ေျပာရရင္ အဲ့ဒီႏွာဘူးအိုႀကီးကို ဇူအန္ မေတြ႕ခ်င္ေပ။ နတ္ေဆးဆရာကို ေဖာက္ျပန္ခံရေသာ စာအုပ္ေပးထားၿပီး ျပႆနာရွာထားမိသည္။ က်ီေရွာင္ခ်ီႏွင့္ကိစၥလည္း အလားတူပဲ။ သူတို႔ေတြ႕ေတြ႕ခ်င္း ဇူအန္ကို ကန္ပစ္ဖို႔ မ်ားေလသည္။
သို႔ေသာ္ က်ီေရွာင္ခ်ီက သူ႕ကို လတ္တေလာ လ်စ္လ်ဴရႉထား၍ သူ႕ဆီက ေဆးဝယ္ရန္ မျဖစ္နိုင္ေပ။ က်န္ေသာ နည္းက က်ီတန္ထုကို ရွာရန္ျဖစ္သည္။
အထဲဝင္ရန္ျပင္လိုက္စဥ္ပင္ က်န္းေလာ့ဖူႏွင့္ ပက္ပင္းတိုးေလသည္။ တစ္ဖက္လူကလည္း အံ့ၾသသြားသည္။
"မင္းက ဘာလာလုပ္တာလဲ"
"ကြၽန္ေတာ္က ေဆးတစ္ခ်ိဳ႕ ဝယ္ခ်င္လို႔" သူ႕ကို ဒီေနရာတြင္ ေတြ႕ရသည္ကို ဇူအန္ ထူးဆန္းမေနေပ။ သူက က်ီတန္ထု၏ အမ်ိဳးျဖစ္ေနသည္ေလ။
ဒီလိုျဖစ္မယ္မွန္းသာသိရင္ ခပ္ျမန္ျမန္ဝင္လိုက္ၿပီး ရင္ဘတ္ခ်င္း တိုက္မိေအာင္လုပ္လိုက္ပါတယ္။
က်န္းေလာ့ဖူ သေဘာေပါက္ေၾကာင္း ေခါင္းညိတ္ျပ၍ တင့္တယ္စြာ ဆက္ေလွ်ာက္သြားေလသည္။ ႐ုတ္တရက္ ေနာက္လွည့္၍ ေျပာလာသည္။
"အိုး ဒါနဲ႕ မင္းအကယ္ဒမီမွာရွိေနတုန္း သတိထားေနပါ"
"ဘာလို႔လဲ" ဇူအန္ အံ့ၾသသြားသည္။ ဘာလို႔ သူ႕ေလသံက သတိေပးသလိုျဖစ္ေနတာလဲ။
က်န္းတန္နဲ႕ အေပ်ာ္ရွာတာ သိသြားတာလား။
"အခုတေလာ ဆန္းၾကယ္တဲ့ပညာရွင္တစ္ေယာက္ အကယ္ဒမီကို လွည့္ပတ္ေနတယ္။ သူ႕ပစ္မွတ္ကို ငါတို႔ခုခ်ိန္ထိ မသိေသးဘူး။ ဒါေပမဲ့ သူ႕ရည္႐ြယ္ခ်က္က မေကာင္းတာေတာ့ ေသခ်ာတယ္" ထိုညက အျဖစ္အပ်က္ကို ျပန္စဥ္းစား၍ က်န္းေလာ့ဖူ မ်က္ခုံးမ်ား တြန့္ခ်ိဳးလာသည္။
ဇူအန္ စိတ္ေအးသြားရသည္။ က်န္းတန္နဲ႕ သူ႕ကိစၥ ခုထိ မေပၚေသးတာ ဘုရားသိၾကားမတာပဲ။
ဇူအန္ကို သတိေပးၿပီးေနာက္ က်န္းေလာ့ဖူ သူ႕အေတြးႏွင့္သူ အာ႐ုံကပ္ေနၿပီး ထြက္သြားေလသည္။
ထိုအခ်ိန္မွာပင္ က်ီေရွာင္ခ်ီ ေဆး႐ြက္မ်ားတင္ထားေသာ ျခင္းကိုင္ကာ ထြက္လာသည္။ ဇူအန္ မ်က္လုံးအေရာင္လက္သြားၿပီး က်ီေရွာင္ခ်ီထံ သြားလိုက္သည္။
ဒါေပါ့ က်ီေရွာင္ခ်ီ ခ်က္ခ်င္းေနာက္လွည့္ကာ သရဲေတြ႕သလို ျပန္ေျပးသြားေလသည္။
ဇူအန္ သူ႕ေနာက္ကို လိုက္ရန္ျပင္လိုက္စဥ္ က်ီတန္ထုသူ႕ေရွ႕ ႐ူတ္တရက္ေပၚလာၿပီး ဇူအန္ကို ေဒါသတႀကီး မ်က္ေစာင္းထိုး၍
"ေကာင္စုတ္ မင္း ငါ့ေရွာင္ခ်ီကို အနိုင္က်င့္ထားတာလား"
---- - ----- --------------------------------- ----- - - - - - - -- ----- - - - -